← Chapters

အခန်း (၆၈၆)

Vol. 46 Ch. 686

အခန်း (၆၈၆)

Vol. 46 Ch. 686

လီယွင်၏ အကြည့်သည် သတ္တမဘိုးဘေးနှင့် တခြား​ဆီသို့ ရောက်ရှိသွား၏။

တခြားသော သူများသည်လည်း သတ္တမဘိုးဘေးကြီးကို ဇဝေဇဝါ နှင့် ပြန်လည်ကာ ကြည့်ရှုနေ၏။ ၎င်းတို့၏ မျက်နှာပေါ်တွင် စိတ်ဝင်စားမှုများနှင့် ပြည့်နှက်နေသည်။ "ကျုပ်သိတယ်ဟုတ်လား"

သတ္တမဘိုးဘေးကလည်း ဇဝေဇဝါ ဖြစ်သွား၏။ သူ မည်သို့သိသနည်း။ စီနီယာ၏ ပြောဆိုမှုအရဆိုလျှင် သူသည် တချို့သောအရာများကို ဖုံးကွယ်ထားပုံပင်။ သို့ပေမဲ့ အဘယ့်ကြောင့် သူ တကယ်တမ်း မသိရှိရသနည်း။

သတ္တမဘိုးဘေး က အချိန်အတော်ကြာ စဉ်းစားလိုက်၏။ တစ်စုံတစ်ခုကို ပြန်လည်ကာ စဉ်းစားမိပြီးနောက် သူသည် သံသယအပြ​ည့်နှင့် ပြန်လည် မေးမြန်းလိုက်၏။ "စီနီယာ ကျင့်ကြံခြင်း လောကကြီးရဲ့ လမ်းစဉ်တွေက ဖျက်ဆီးခြင်းခံထားရတယ်လို့ ပြောချင်နေတာလား"

"အမှန်ပဲ" လီယွင်က ခေါင်းညိတ်လိုက်သည်။

"ဒါပေမဲ့"

သတ္တမဘိုးဘေးကြီးသည် မြန်မြန်ဆန်ဆန် ထပ်ပြောလိုက်၏။ "ဒီတိုင်း အင်မော်တယ်လောကကြီးထဲမှာ ပျံ့နှံ့နေတဲ့ ကောလာဟလ မဟုတ်ဘူးလား"

ငရဲလောကကြီး ပျက်စီးသွားပြီးသည့်နောက် အင်မော်တယ်လောက၏ နတ်ဘုရား အင်ပါယာသည်လည်း ပျောက်ကွယ်သွားခဲ့၏။ ၎င်း ပျောက်ကွယ်သွားပြီးနောက် ကျင့်ကြံခြင်းလမ်းစဉ်များ၏ ထိပ်ပိုင်းနိယာမများ ဖျက်ဆီးခံလိုက်ရသည် ဟူသော ကောလာဟလ သတင်းများ ထွက်ပေါ်လာခဲ့သည်။

ဤအရာသည် ကွာစီအင်မော်တယ် အင်ပါယာအဆင့် ဖြစ်လာနိုင်မည့် လမ်းစဉ်ကို ပိုင်းဖြတ်ခဲ့ခြင်း ဖြစ်ပြီး အနာဂတ်တွင် ကွာစီအင်မော်တယ် အင်ပါယာဟူ၍ ထပ်မံ မွေးဖွား ဖြစ်တည်လာတော့မည် မဟုတ်ချေ။ အင်မော်တယ် အင်ပါယာ ဖြစ်ဖို့ဆိုလျှင် ဝေလာဝေးပင်။

ထိုသတင်းအချက်လက် အရင်ဆုံး ပျံ့နှံ့လာသည့် အချိန်တုန်းက အားလုံးသောသူတို့သည် မယုံသင်္ကာ ဖြစ်ခဲ့၏။ သို့ပေမဲ့ နှစ်ပေါင်းများစွာကြာမြင့်ပြီး အင်မော်တယ်အင်ပါယာ တစ်ယောက်မှ ပေါ်ပေါက်မလာသည့် အချိန်မှာတော့ တချို့သောသူများသည် ထိုအရာကို စတင်ကာ ယုံကြည်လာခဲ့ကြ၏။

တချို့သော လူများသည် ကွာစီအင်မော်တယ် အင်ပါယာ ဖြစ်ရန် ကြိုးစားခဲ့ကြ၏။ သို့ပေမဲ့ အတိတ်တုန်း ကနေ ယခုအထိ ကျင့်ကြံသူများသည် အင်မော်တယ်ဘုရင်အဆင့်၏ ထိပ်ဆုံးဆီသို့ လှမ်းတက်နိုင်ခဲ့သည် ဆိုလျှင်တောင်မှ ကွာစီ အင်မော်တယ် အင်ပါယာ အဆင့်ဆီကိုတော့ ရောက်ရှိမလာခဲ့ကြချေ။

ထိုအရာသည် အားလုံးသော သူတို့ကို အံ့အား သင့်စေခဲ့၏။ ကျိန်းသေပေါက် အရှေ့ဆီသို့ တက်လှမ်း နိုင်သည့် လမ်းစဉ်သည် ပိုင်းဖြတ်ခံထားရခြင်း ဖြစ်ရပေမည်။

"သတ္တမဘိုးဘေးကြီး အရင်တုန်းက ပေါ်ခဲ့တဲ့ သတင်းအချက်လက်တွေက အမှန်ပဲလား။ " လျှိုရွှမ်ချမ်သည် ဇဝေဇဝါ ဖြင့် ပြန်လည်ကာ မေးမြန်းလိုက်၏။

"အမှန်ပဲနေမယ်"

သတ္တမဘိုးဘေးကြီးက ခေါင်းညိတ်လိုက်၏။ ပြီးနောက်သူက ဆက်လက်ကာ ပြောဆိုလိုက်သည်။ "ဒါပေမဲ့ ဒီကိစ္စကို လူအနည်းငယ်ကပဲ သိတယ်။ အင်း ငါသိခဲ့တယ် ဆိုတာကလည်း မယုံရဲ၊ ယုံရဲပဲလေ။ ပြီးတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး မှန်ကန်တယ်လို့ တွက်ချက်ထားကြသူတွေကလည်း နတ်ဘုရားလောကနဲ့ အင်မော်တယ် လောက နှစ်ခုပေါင်းတောင် လူဆယ်ယောက် ပတ်ဝန်းကျင်ပဲရှိတယ်။ ဒါကြောင့် သတင်းကို သိတယ်ဆိုရင်တောင်မှ ငါမယုံခဲ့ဘူးလေ။ တခြားသူတွေလည်း ယုံချင်မှ ယုံလိမ့်မယ်။"

သတင်းအချက်လက်ကို သိရှိပြီးသည့်နောက် သူတို့၏ ကျင့်ကြံ​ခြင်းလမ်းစဉ်သည် ချောမွေ့လျက် ရှိနေ၏။ ထို့ကြောင့် ဤကိစ္စမှာ မဖြစ်နိုင်ဟု သုံးသပ်ခဲ့၏။ အင်မော်တယ် ဘုရင် ထိပ်ဆုံး အဆင့်သို့ ရောက်ရှိပြီး အတားအဆီး အပိတ်အပင်များနှင့် တွေ့နေရသည် ဆိုလျှင်တောင်မှ အားလုံးသောသူတို့သည် ထိုအရာမှာ ခဏတာဖြစ်ပြီး ဉာဏ်အလင်း ရရှိသည်ဆိုပါက ကျိန်းသေပေါက် အဆင့်ချိုးဖြတ်နိုင်မည်ဟု တွေးတောခဲ့ကြ၏၊

သို့ပေမဲ့ နှစ်ပေါင်းများစွာ ကြာမြင့်သည်အထိ ဘာမှ ထူးခြားမလာခဲ့ချေ။

"ကျုပ်နားလည်ပြီ"

တိုင်ချူး၏ မျက်လုံးများ၌ နားလည်သဘောပေါက်သည့် အရိပ်အယောင်များနှင့် ပြည့်နှက်နေသော မျက်လုံးများဖြင့် လီယွင်ကို လှမ်းကာ ကြည့်ရှု၏။ သူက တီးတိုး မေးမြန်းလိုက်သည်။ "စီနီယာ … ပျက်စီးသွားတဲ့လမ်းစဉ်ကို ပြန်လည် ပြင်ဆင်ဖို့ အတွက် စျေးနှုန်းက များလား"

လီယွင်သည် ခဏလောက်စဉ်းစားလိုက်သည်။ ပြီးနောက် ခေါင်းညိတ်လိုက်၏။ "အမှန်ပဲ"

​

ပြောရမည်ဆိုလျှင် စနစ်သည် ပျက်စီးသွားသည့် လမ်းစဉ်ကို ပြန်လည်ပြင်ဆင်ရန် တာဝန်ယူနိုင်၏။ သူ ဘာမှ လုပ်စရာ မလိုချေ။ သို့ပေမဲ့ တိုင်ချူး ဤကိစ္စကို မေးမြန်းချိန်မှာတော့ သူသည် ကျိန်းသေပေါက် နာမည်ကောင်း ဝင်ယူရပေမည်။ အဘယ့်ကြောင့်ဆိုသော် သူသည် ကောင်းကင် လျှို့ဝှက် နန်းဆောင်သခင် ဖြစ်သောကြောင့် ပင်။

"ကျုပ်နားလည်ပါပြီ"

လက်ရှိအခြေနေမှာတော့ တိုင်ချူးသည် သာမက သတ္တမဘိုးဘေးနှင့် လျှိုရွှမ်ချမ်တို့သည်လည်း ရုတ်တရက် နားလည်သွားခဲ့၏။ အားလုံးသည် အဓိပ္ပာယ်ရှိလို့နေခဲ့၏။ ထျန်းမင်တောင်သခင်သည် ကွာစီအင်မော်တယ် အင်ပါယာအဆင့် အခွင့်အရေးကို သိရှိနားလည်သွားပြီးနောက် ကိုယ်ကိုယ်တိုင် အသုံးပြုခြင်းမရှိဘဲ တခြားသောသူများ သိရှိရန် သတင်းဖြန့်ဝေ ခဲ့သညခြင်းမှာ အံ့အားသင့်စရာ မဟုတ်ခဲ့ချေ။

အဘယ့်ကြောင့်ဆိုသော် များပြားလွန်းသည့် ကုန်ကျစရိတ်ကို မတတ်နိုင်သောကြောင့်ပင်။ သတင်း အချက်လက်များကို သိရှိပြီးနောက် များပြားသည့် လောကအသီးသီးတွင်ရှိနေသည့် အင်မော်တယ် ဘုရင်များသည် ကျိန်းသေပေါက် စုစည်းပြီး အခွင့်အရေးရရှိရန် ကြိုးစားလာပေလိမ့်မည်။

ထိုသို့ဆိုလျှင် ထျန်းမင်တောင်သခင်တို့အား အရင်းအမြစ်များ လာရောက် ဆက်သသည် နှင့် တူညီနေမည် မဟုတ်ပါလား။

“အင်း ထျန်းမင်တောင်သခင်က တကယ့်ကို တွက်ချက်တတ်တာပဲ”

လျှိုရွှမ်ချမ်၏ မျက်လုံးများသည် တောက်ပလျက် ရှိ၏။ သူ၏ အသံက အေးစက်နေ၏။ “သူက တကယ်ပဲ အသင်္ချေများပြားတဲ့ လောကမှာရှိတဲ့ အင်မော်တယ် ဘုရင်တွေကို အသုံးပြုချင်နေတာပဲ။ ဒါပေမဲ့ သူ ကံဆိုးတာပဲ။ ကျုပ်တို့က သူ့ရဲ့ အကြံအစည်ကို နားလည်သွားခဲ့ပြီ။ ဒီတော့ သူ ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက် ဖြစ်လာဖို့ လမ်းစဉ် လုံးဝ မရှိတော့ဘူး”

“ဟုတ်တယ်” သတ္တမဘိုးဘေးကြီးသည်လည်း စိတ်အားတက်ကြွစွာဖြင့် ဝင်ရောက် ပြောဆိုလိုက်သည်။

ကွာစီအင်မော်တယ် အင်ပါယာအဆင့်ဖြစ်ဖို့ အခွင့်အရေးသည် လျှိုကလန်အတွက်ပင် ဖြစ်ရပေလိမ့်မည်။ တခြားသောသူများ၏ လက်ထဲသို့ ကျရောက်သွား၍ မဖြစ်ချေ။ အထူးသဖြင့် ငရဲလောကမှ လူများပင်။ ထျန်းမင်တောင်သခင်သည်သာ ကွာစီအင်မော်တယ် အင်ပါယာ ဖြစ်သွားသည်ဆိုပါက အသင်္ချေများပြားသည့် လောကအသီးသီးတို့သည် အန္တရာယ်များကို ကြုံရတော့မှာ သေချာ၏။

လက်ရှိ အခြေအနေ၌ ငရဲလောကကြီးတွင် ကွာစီအင်မော်တယ် အင်ပါယာနှင့် အင်မော်တယ် အင်ပါယာ တစ်ယောက်မှ မရှိခဲ့ကြချေ။ ရုတ်တရက် ငရဲလောကကြီးဆီမှ တစ်စုံတစ်ယောက်သည်သာ ကွာစီအင်မော်တယ် အင်ပါယာ ဖြစ်သွားသည်ဆိုပါက ကျိန်းသေပေါက် လူပေါင်းများစွာတို့သည် အလစ်အငိုက်မိ ကုန်ပေလိမ့်မည်။ ထို့ကြောင့် ၎င်းတို့သည် အခွင့်အရေးကို သေသေချာချာ ရယူရန် ကြိုးစားမှ ဖြစ်ပေလိမ့်မည်။

“စီနီယာ.. ကျုပ်မှတ်မိတာ မှန်မယ်ဆိုရင် ကွာစီအင်မော်တယ် အင်ပါယာ အခွင့်အရေး ဘယ်နေရာမှာ ရှိတယ်ဆိုတဲ့ သတင်းအချက်အလက်ကို ပြောဆိုခဲ့ဖူးတယ်။ ဒီအရာက အင်မော်တယ်ဘုရင်အဆင့် ပစ္စည်းသုံးခုပဲ လိုအပ်တာ မဟုတ်လား” သတ္တမဘိုးဘေးကြီးက သတိရစွာဖြင့် ပြောဆိုလိုက်၏။

“အမှန်ပဲ။ သုံးခုပဲလိုတယ်” လီယွင်က ခေါင်းညိတ်လိုက်၏။

သတ္တမဘိုးဘေးကြီး၏ အမူအရာက အေးခဲသွား၏။ သူ၏မျက်နှာပေါ်တွင် နှောင့်နှေးနေသည့် အရိပ်အယောင်များ ဖြစ်တည်လာခဲ့၏။ “ကံဆိုးတာက ကျုပ်ဆီမှာ အင်မော်တယ်ဘုရင်အဆင့် ပစ္စည်းနှစ်ခုပဲ ရှိတယ်။ ဒီနေ့မှာ တစ်ခု လိုအပ်နေတယ်လေ”

“သတ္တမဘိုးဘေးကြီး... ကျုပ်ဆီမှာ တခြား...”

လျှိုရွှမ်ချမ်သည် သတ္တမဘိုးဘေးကြီး အနားသို့ လျှောက်လာပြီး သူ၏လက်နက်ကို ထုတ်ပေးလိုက်၏။

All Chapters