← Chapters

အခန်း (၆၈၀)

Vol. 46 Ch. 680

အခန်း (၆၈၀)

Vol. 46 Ch. 680

“ဒါ.. ဒါ ကျုပ်နားလည်ပါတယ်”

သတ္တမဘိုးဘေးကြီးသည် မချင့်မရဲနှင့် ဝန်ခံလိုက်၏။ သူက ဆက်လက်ကာ ပြောဆိုလိုက်၏။ “ဒါပေမဲ့ လျှိုကလန်ရဲ့ အခြေခံတွေက အကန့်အသတ် ရှိနေတယ်”

အင်မော်တယ်ဘုရင်နှင့် ကွာစီအင်မော်တယ် အင်ပါယာ ဆိုသည်မှာ တကယ့်ကို မတူခြားနားလှသည့် တည်ရှိမှုမျိုးဖြစ်၏။ လျှိုကလန်သည် ဤကဲ့သို့သော အခြေခံ တည်ရှိသည်ဆိုပါက ကျိန်းသေပေါက် နှောင့်နှေးခြင်း တစ်ချက် မရှိဘဲ ယွမ်ဟောင် ရှေးကျမ်းစာကို ရရှိရန်အတွက် သတင်းအချက်အလက်များနှင့် လဲလှယ်မိ ပေလိမ့်မည်။

ကံဆိုးစွာဖြင့် ၎င်းတို့သည် အရင်းအမြစ်များ လိုအပ်လျက် ရှိနေ၏။ ထို့ကြောင့် ဤအကြံအစည်ကို ခဏလောက် မေ့ထားပြီး အနာဂတ် အခွင့်အရေးရရှိမှ ပြန်လာရန် ဆုံးဖြတ်လိုက်တော့သည်။

“ဒါဆိုရင် ပိုပြီး တိတိကျကျ မေးချင်ပါတယ် စီနီယာ။ ချင်းကျီက ယွမ်ဟောင် အင်မော်တယ်ရေကန်ထဲကို သွားမယ်ဆိုရင် ကုန်ကျစရိတ်က ဘယ်လောက်လဲ” သတ္တမဘိုးဘေးကြီးသည် နောက်ဆီသို့ ခြေလှမ်းအနည်းငယ် ဆုတ်ကာဖြင့် စိတ်ပျက်လက်ပျက်ဖြင့် မေးမြန်းလိုက်၏။

“အင်မော်တယ်ဘုရင်အဆင့် ပစ္စည်းသုံးခု” လီယွင်သည် လက်သုံးချောင်းကို ထောင်ပြလိုက်သည်။

“သုံးခုလား”

သတ္တမဘိုးဘေးက မျက်မှောင်ကုတ်လိုက်၏။ ဤဈေးနှုန်းသည် နည်းနည်းတော့ ကြီးမြင့်၏။ သို့ပေမဲ့ လက်ခံနိုင်လောက်၏။ အင်မော်တယ် အင်ပါယာ ယွမ်ဟောင်၏ ရှေးကျမ်းစာအပြည့်အစုံ အတွက် ဆိုလျှင် အင်မော်တယ်ဘုရင် အဆင့် ပစ္စည်း ငါးမျိုးပေးရမည်ဖြစ်ပြီး ချင်းကျီ အင်မော်တယ်ရေကန်ထဲ သွားစိမ်ဖို့ဆိုလျှင် အင်မော်တယ်ဘုရင်အဆင့် ပစ္စည်း သုံးမျိုး ကုန်ကျပေမည်။

ကံကောင်းစွာဖြင့် ဤတစ်ကြိမ်တွင် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် များပြားသည့် ပစ္စည်းများကို ထပ်တိုး မတောင်းခံခဲ့ချေ။ ထို့အပြင် ပစ္စည်းအမျိုးအစားကိုလည်း ကန့်သတ် မထားချေ။ ထို့ကြောင့်ပင်လျှင် ၎င်းတို့အနေနှင့် ပေးအပ်နိုင်စွမ်းတော့ ရှိနေသေး၏။

အကယ်၍ ထူးခြားသည့် အင်မော်တယ်ဘုရင်အဆင့် နည်းစနစ်များကို တောင်းခံသည်ဆိုပါက လျှိုကလန်အတွက် စိန်ခေါ်မှုတစ်ခု ဖြစ်လာပေလိမ့်မည်။

ခဏလောက် စဉ်းစားပြီးသည့်နောက် သတ္တမဘိုးဘေးကြီးသည် နည်းစနစ်တစ်ခုနှင့် စိတ်ဝိညာဉ်ဆေးပင် နှစ်ခုကို ထုတ်ယူကာ လီယွင်၏ ရှေ့တွင် ချပေးလိုက်၏။ ဤနည်းစနစ်သည် လျှိုကလန်၏ အမွေအနှစ် နည်းစနစ်တစ်ခု မဟုတ်ချေ။ အင်မော်တယ်ဘုရင်အဆင့်သို့ ရောက်အောင် ကျင့်ကြံနိုင်စွမ်း ရှိနေသည့် နည်းစနစ်တစ်ခုတော့ ဟုတ်သည်။

စိတ်ဝိညာဉ်ဆေးပင်သည် ပြန်လည် စိုက်ပျိုးနိုင်စွမ်းရှိသည့် အရာလည်း ဖြစ်၏။ တစ်ခု၊ နှစ်ခုလောက် ထုတ်ဖော်ပေးအပ်လိုက်ရခြင်းသည် ကြီးမားသည့် ဆုံးရှုံးမှုမျိုး မဟုတ်ချေ။ အကယ်၍ လက်နက်နှင့် တခြားသော ပစ္စည်းများဆိုပါက မတူညီသည့် ဇာတ်ကြောင်းများ ဖြစ်ပေလိမ့်မည်။

“စီနီယာ.. ပစ္စည်းတွေက ဒီမှာပါ။ ယွမ်ဟောင် အင်မော်တယ်ရေကန်ရဲ့ တည်နေရာက ဘယ်နေရာမှာလဲ သိချင်ပါတယ်” သတ္တမဘိုးဘေးကြီးသည် အားတက်သရော မေးမြန်းလိုက်၏။

“နတ်ဆိုးလောက” လီယွင်က ပြောဆိုလိုက်၏။

“နတ်ဆိုးလောက ဟုတ်လား” သတ္တမဘိုးဘေးက မျက်မှောင်ကုတ်သွား၏။ ရွှမ်ချမ်သည် ကျိန်းသေပေါက် တုန်လှုပ် သွားပုံပေါ်၏။ ကွာစီအင်မော်တယ် အင်ပါယာ ယွမ်ဟောင်သည် အင်မော်တယ်လောကထဲတွင် အသက်ရှင် နေထိုင်ခဲ့သည့် လူတစ်ယောက်ဖြစ်ပြီး ငရဲလောကထဲသို့ ဝင်ရောက်ခဲ့၏။ ၎င်း၏ အင်မော်တယ် ရေကန်သည် အင်မော်တယ်လောက သို့မဟုတ် ငရဲလောကထဲ၌သာ တည်ရှိရပေလိမ့်မည်။ အဘယ်ကြောင့် နတ်ဆိုးလောက ထဲသို့ ရောက်ရှိနေရသနည်း။

နတ်ဆိုးလောကကြီးသည် အင်မော်တယ်လောကနှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် အလုံးစုံသော အားအင်အဆင့်သည် အနည်းငယ်သာ နိမ့်ကျ၏။ ထိုကဲ့သို့ နိမ့်ကျသည် ဆိုခြင်းမှာ နတ်ဘုရားလောကထက် အားကောင်းသည့် ကျင့်ကြံသူ အရေအတွက်နိမ့်ကျသည်ဟု ဆိုလိုခြင်း မဟုတ်ချေ။ ၎င်းတို့၌ များပြားလှသည့် အင်မော်တယ်ဘုရင်များ တည်ရှိလို့နေပြီး ထိုအထဲတွင် ကွာစီ အင်မော်တယ် အင်ပါယာများပင်လျှင် တည်ရှိနေသည်ဟု တချို့သောသူများက တွက်ချက်ထားကြသည်။

ထိုတင်မကသေးချေ။ နတ်ဆိုးလောကကြီးသည် ငရဲလောကကြီး၏ လွှမ်းမိုးမှုအောက်သို့ ရောက်ရှိခဲ့သည့် အကြီးမားဆုံးသော လောကကြီးတစ်ခုဖြစ်ပြီး ငရဲလောက၏ ခံတပ်ဟုပင် အားလုံးသောသူတို့က သတ်မှတ်ခဲ့ ကြ၏။ နတ်ဆိုးလောက၏ အတွင်းတွင် များပြားလွန်းသည့် နတ်ဆိုးကျင့်ကြံသူများက တည်ရှိနေပြီး ကြောက်မက်ဖွယ်ရာ ကောင်းသည့် ကျင့်ကြံသူများကလည်း ဒုနှင့်ဒေးပင်။

ထို့အပြင် နတ်ဆိုးကျင့်ကြံသူ ဆိုသည်မှာ ကျိန်းသေပေါက် ကြောက်မက်ဖွယ်ရာ ကောင်းသည့် ကျင့်ကြံသူများ ဖြစ်သည်မဟုတ်ပါလား။ လူသားမျိုးနွယ် တစ်ယောက်ယောက် အနေနှင့် နတ်ဆိုးလောကထဲသို့ ဝင်ရောက်သည်ဆိုပါက ကျိန်းသေပေါက် အားလုံးသော သူတို့၏ ပစ်မှတ်ထားခြင်းကို ခံရမှာ သေချာလေ၏။ ၎င်းတို့ ရောက်ရှိလာသည်ကိုသာ သိရှိသည်ဆိုပါက ကျိန်းသေပေါက် အလုံးအရင်းနှင့် သတ်ဖြတ်မှာ သေချာလေ၏။ အင်မော်တယ်ဘုရင် တစ်ယောက်ဆိုလျှင်ပင် ကြောက်ရွံ့ကြလိမ့်မည် မဟုတ်ချေ။

“ဒါက တိကျတဲ့ တည်နေရာပဲ” လီယွင်သည် ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူကာဖြင့် သတ္တမဘိုးဘေးဆီ ကမ်းပေးလိုက်၏။

သတ္တမဘိုးဘေးကြီးသည် နတ်ဘုရားအသိအမြင်များကို ထည့်သွင်းကာဖြင့် အထဲတွင် ပါဝင်သည့် အကြောင်းအရာ များကို ကြည့်ရှုလိုက်၏။ ပြီးနောက် အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

“သတ္တမဘိုးဘေးကြီး ဘယ်လိုလဲ” လျှိုရွှမ်ချမ်သည် စိတ်ဝင်တစားဖြင့် မေးမြန်းလိုက်၏။

“ဒါ အရမ်း အန္တရာယ်များတယ်” သတ္တမဘိုးဘေးသည် ၎င်း၏ နတ်ဘုရားအသိအမြင်များကို ပြန်လည် ရုတ်သိမ်း ပြီးသည့်နောက် လေးလေးနက်နက်ဖြင့် ပြန်ဖြေလိုက်သည်။

ယွမ်ဟောင် အင်မော်တယ်ရေကန်သည် နတ်ဆိုးလောကကြီးထဲတွင် တည်ရှိ၏။ ထိုတည်နေရာသည် စွမ်းအားမြင့် နတ်ဆိုးများ တည်ရှိနေခဲ့သည့် တည်နေရာလည်း ဖြစ်၏။ သူသည် တစ်ခေတ်တစ်ခါတုန်းက ကွာစီ အင်မော်တယ် အင်ပါယာ၏ နောက်မှလိုက်၍ ထိုတည်နေရာဆီသို့ ရောက်ရှိခဲ့ဖူး၏။

ငရဲလောကကြီး ပျက်စီးသွားခဲ့သည့် အချိန်တွင် နတ်ဆိုးလောကကြီး တစ်ခုလုံးကလည်း ရှုပ်ထွေးသွားခဲ့၏။ နတ်ဆိုးလောကကြီးသည် ပြောင်းလဲမှု ကြီးကြီးမားမား ဖြစ်တည်ခဲ့သည် ဆိုလျှင်တောင်မှ သတ္တမ ဘိုးဘေးကြီး သည် တည်နေရာကို ရှာဖွေနိုင်လိမ့်မည်ဟု ယုံကြည်နေမိ၏။ ထို့အပြင် သူသည် မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရဖူးသည့် လူတစ်ယောက် ဖြစ်သည်။

ထိုနေရာဆီသို့ ဝင်ရောက်မည်ဆိုပါက အချိန် သိပ်ကြာလိမ့်မည် မဟုတ်ချေ။ တစ်လ၊ နှစ်လအတွင်း နတ်ဆိုး လောကကြီးဆီသို့ ရောက်ရှိနိုင်၏။ အင်မော်တယ်ဘုရင်တစ်ယောက်အတွက် တစ်လ၊ နှစ်လဆိုသည်မှာ သေးငယ်လွန်းသည့် အချိန်တစ်ခုသာလျှင်ဖြစ်၏။ သို့ပေမဲ့ အဓိကပြဿနာသည် သူတို့ ရှာဖွေတွေ့ရှိသည် ဆိုလျှင်တောင်မှ တကယ်တမ်း ဘာလုပ်နိုင်မည်နည်း။ ထိုနေရာဆီသို့ ဝင်ရောက်သွားနိုင်မည်လား။ ဤအရာမှာ သေလမ်းရှာခြင်းပင် ဖြစ်၏။

နတ်ဆိုးလောကကြီးသည် အပြင်လောကကြီးနှင့် သီးခြားနေထိုင်လျက် ရှိပြီး လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ဖြစ်တည်နေခဲ့သည့် အမုန်းရန်ငြှိုးများသည် ၎င်းတို့ နှလုံးသားထဲတွင် စိမ့်ဝင်လျက် ရှိနေ၏။ ထိုနေရာဆီသို့ အပြင်လူများ ရောက်ရှိလာပါက ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များသည် ကြောက်မက်ဖွယ်ရာ ကောင်းသည့် အခြေအနေမျိုးပင်။

“နတ်ဆိုးလောကကြီးရဲ့ အလယ်ဗဟို တည်နေရာမှာလား” လျှိုရွှမ်ချမ်၏ မျက်နှာသွင်ပြင် တစ်ခုလုံးက ဖြူလျော် သွားခဲ့လေ၏။

နတ်ဆိုးလောကကြီး၏ နယ်စပ်တည်နေရာ တစ်ခုခုသာ ဖြစ်သည်ဆိုပါက သူနှင့် သတ္တမ ဘိုးဘေးကြီးသည် ကျိန်းသေပေါက် အော်ရာများကို ထိန်းချုပ်ပြီး တိတ်တဆိတ် ခိုးကာ ဝင်ရောက်နိုင်၏။ သို့ပေမဲ့ နတ်ဆိုးလောကကြီး၏ ဗဟိုတည်နေရာတွင် ဖြစ်သောကြောင့် ဒုက္ခများလှ၏။ အောင်မြင်မှု အခြေအနေသည် ကျိန်းသေပေါက် နည်းပါးလွန်း၏။ ပြန်လာနိုင်စွမ်း ရှိနေသည့် အခွင့်အရေးပင် ပိုင်ဆိုင်လိမ့်မည် မဟုတ်ချေ။

“ဟုတ်တယ်” သတ္တမဘိုးဘေးကြီးသည် အကူအညီမဲ့စွာဖြင့် သက်ပြင်းချကာ ခေါင်းကိုခါယမ်းလိုက်မိသည်။

“စိတ်ပျက်မနေကြနဲ့ တာအိုရောင်းရင်းတို့.. စီနီယာက ခင်ဗျားတို့ကို နည်းလမ်းပေးပြီးပြီဆိုမှတော့ ကျိန်းသေပေါက် ခင်ဗျားတို့ကို လုံလုံခြုံခြုံနဲ့ နတ်ဆိုးလောကထဲကို ရောက်စမှာပါ” တိုင်ချူးက ပြုံးကာ ပြောလိုက်၏။

အတိတ်က တူညီသည့် အခြေအနေများကို ကြုံဆုံခဲ့ပြီးသည့်နောက် တိုင်ချူးသည် စီနီယာမှာ သတင်း အချက်အလက်များကို အလကားပေးခြင်း မဟုတ်ကြောင်း ကောင်းကောင်း နားလည်၏။ သတင်းအချက်အလက် များကို ရယူသည် ဆိုပါက ကျိန်းသေပေါက် ထိုအရာကို ရယူနိုင်စွမ်း ရှိနေသည့် စွမ်းဆောင်ရည်များ ရရှိအောင်လည်း ဖန်တီးပေးတတ်၏။ ထို့ကြောင့် အရေးအကြောင်း အခြေအနေမျိုးတွင် သူသည် သတ္တမဘိုးဘေးကြီး နှင့် တခြားသောသူများကို ဤအခွင့်အရေး မလွဲချော်စေရန် ဝင်ရောက် သတိပေးလိုက်ခြင်း ဖြစ်သည်။

All Chapters