အခန်း (၆၈၂)
Vol. 46 Ch. 682
“ဪ”
သတ္တမဘိုးဘေး၏ အမူအရာက ပြောင်းလဲသွားခဲ့၏။ သူသည် ပုံမှန်မဟုတ်သည့် အကြောင်းအရာကို အာရုံခံမိပုံပေါ်၏။ ထို့ကြောင့် မေးမြန်းလိုက်သည်။ “ဘာကြောင့် အဲလိုပြောရတာလဲ စီနီယာ။ ဒီအထဲမှာ ဖုံးကွယ်ထားတဲ့ အရာတွေ ရှိနေသေးလို့လား”
“အန္တိမအဆင့် ပစ္စည်းတစ်ခု” လီယွင်သည် စားပွဲပေါ်သို့ လက်ညှိုးညွှန်လိုက်၏။
လျှိုရွှမ်ချမ် ထုတ်ဖော်ပေးထားသည့် အန္တိမအဆင့် ပစ္စည်းဆယ်ခုထဲမှာ တစ်ခုသည် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ထိုအရာကို သိမ်းဆည်းခဲ့ပြီးသည့်နောက် လီယွင်သည် ကွေ့ဝိုက်ကာ ပြောဆိုမနေတော့ချေ။ လိုရင်း ကိုသာလျှင် တည့်တည့်ပြောဆိုလိုက်၏။
“အဓိက ရည်ရွယ်ချက်ကတော့ ခင်ဗျားတို့ သုံးယောက်ကို ခြုံခိုတိုက်ခိုက်ခဲ့တဲ့ သူတို့ရဲ့ အဓိက အချက်က နှစ်ခု ရှိတယ်။ တစ်ခုက လျှိုချင်းယုရဲ့ ပြဿနာ အကုန်လုံးကို ရှင်းလင်းပစ်ဖို့။ နောက်တစ်ခုက ကျင့်ကြံခြင်းအဆင့် တိုးတက်စေဖို့”
“လျှိုချင်းယုကို ပြဿနာတွေ အကုန်လုံးကနေ ရှင်းလင်းသွားစေဖို့ ကူညီတာလား” လျှိုရွှမ်ချမ်သည် မျက်ခုံးကို ပင့်လိုက်မိ၏။ သူ၏ မျက်လုံးထဲတွင် ဒေါသတရားများ ဖြစ်တည်လာခဲ့၏။ လျှိုချင်းယု၏ စီနီယာတစ်ယောက်၊ အမျိုးအဆွေ တစ်ယောက်အနေနှင့် ဤကဲ့သို့သော စကားများကို ကြားရချိန်မှာ ၎င်းသည် နှလုံးသားထဲတွင် နာကျင်ခံစားလို့ နေ၏။
ထိုစကားစုများသည် စီနီယာနန်းဆောင်သခင်၏ ပါးစပ်ဆီမှ ထွက်ပေါ်လာခြင်းသာ မဟုတ်ပါက သူ ယုံကြည်လိမ့်မည် မဟုတ်ချေ။
“အမှန်ပဲ”
လီယွင်က ခေါင်းညိတ်ကာ ဆက်ပြောလိုက်သည်။ “ဒုတိယ ရည်ရွယ်ချက်ကတော့ ထျန်းမင်တောင်သခင်နဲ့ လျှိုချင်းယုတို့က ငရဲလောကရဲ့ အမွေအနှစ်တွေကို ရယူဖို့ စီစဉ်ပြီးတဲ့နောက်မှာ ကွာစီအင်မော်တယ် အင်ပါယာ အဆင့်ကို တက်လှမ်းချင်ကြတယ်”
“ငရဲလောကရဲ့ အမွေအနှစ်တွေလား” သတ္တမဘိုးဘေးနှင့် တခြားသောသူများသည် တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်မိကြ၏။ ၎င်းတို့သည် နားလည်သွားမိကြ၏။
ထျန်းမင်တောင်သခင်၏ အခြေအနေကို ကြည့်ရှုရမည်ဆိုလျှင် ၎င်းတို့၏ အားအင်အဆင့်က အကန့်အသတ် ရှိလို့နေ၏။ လျှိုကလန် တစ်ခုလုံးကို ရန်ပြုနိုင်လိမ့်မည် မဟုတ်ချေ။ နောက်တဆင့်ဆီသို့ အဆင့်ချိုးဖြတ်ခြင်းသာ မရှိပါက ကျိန်းသေပေါက် ၎င်းတို့၏ အစီအစဉ်များကို အောင်မြင်အောင် ပြုလုပ်နိုင်လိမ့်မည် မဟုတ်ချေ။
သို့ပေမဲ့ အဆင့်ချိုးဖြတ်ခြင်း ဆိုသည်မှာ လွယ်ကူသည် မဟုတ်ပေ။ ပြောရမည်ဆိုလျှင် အင်မော်တယ်ဘုရင် အဆင့်ဆီမှ ကွာစီအင်မော်တယ် အင်ပါယာအဆင့်ဆီသို့ တက်လှမ်းနိုင်ဖို့ ဆိုသည်မှာ လုံးလုံး မဖြစ်နိုင်သည့် ကိစ္စရပ်ကဲ့သို့ပင်။ ငရဲလောက၏ များပြားလွန်းသည့် အမွေအနှစ်များကို ရရှိခဲ့သည် ဆိုလျှင်တောင်မှ ၎င်းတို့သည် အရှေ့ကို အနည်းငယ် လှမ်းရုံသာရှိသည်။ ကွာစီအင်မော်တယ် အင်ပါယာ အဆင့်ကို တက်လှမ်းနိုင်ဖို့ ဆိုသည်မှာ အခွင့်အရေး နည်းပါးလွန်းသည်။
“သိချင်ပါတယ် စီနီယာ... ထျန်းမင်တောင်သခင်က ဘယ်လိုတွေ စီစဉ်နေတာလဲ” တိုင်ချူးသည် လက်ရှိ အခြေအနေ၌ အချိန်ကိုက် ဝင်ရောက်ကာ မေးမြန်းလိုက်၏။
ထိုစကားကို ကြားရသည့်အချိန်မှာတော့ လီယွင်က ရယ်မောလိုက်၏။ သုံးယောက်လုံးကို လှမ်းကြည့် ပြီးသည့်နောက် စားပွဲပေါ်တွင် ရှိနေသည့် အန္တိမအဆင့် ပစ္စည်းငါးမျိုးကို သိမ်းဆည်းလိုက်သည်။
ဘေးတစ်ဖက်တွင် ရှိနေသည့် သတ္တမဘိုးဘေးနှင့် တခြားသောသူများက ထိုအရာကို ဂရုမစိုက်ကြချေ။ ပြန်လည် တုံ့ပြန်လာမည့် စကားစုကိုသာ မျှော်လင့်နေမိကြ၏။
“အချိန်ရောက်လာပြီဆိုတော့ ဒါ ခင်ဗျားရဲ့ တတိယမေးခွန်းပဲ” လီယွင်က ပြောဆိုလိုက်သည်။
“ဟမ်”
သတ္တမဘိုးဘေးကြီးသည် ထိုအရာကို ကြားသည့်အချိန်မှာတော့ နားလည်သွားခဲ့မိ၏။ သူသည် အံ့အားသင့်စွာဖြင့် ထုတ်ကာ မေးမြန်းလိုက်၏။ “စီနီယာ.. နတ်ဘုရားလောကမှာ ပျံ့နှံ့နေတဲ့ ကွာစီ အင်မော်တယ် အင်ပါယာအဆင့် သတင်းအချက်အလက်တွေက ထျန်းမင်တောင်သခင်ရဲ့ အစီအစဉ်လား”
“ဒါက ထျန်းမင်တောင်သခင်က ရည်ရွယ်ချက်ရှိရှိနဲ့ သတင်းအချက်အလက်တွေကို ဖြန့်ခဲ့တာလား။ ဒါမှ နတ်ဘုရား လောကမှာရှိတဲ့ လူတွေအားလုံးရဲ့ အာရုံကို ပြောင်းလဲသွားနိုင်မှာပေါ့” လျှိုရွှမ်ချမ်သည် တစ်ချိန်တည်းမှာပဲ ဝင်ရောက်ကာ ပြောဆိုလိုက်သည်။
“အမှန်ပဲကိုး။ ဒီလိုလုပ်မှ သူတို့က လွတ်မြောက်နိုင်မှာပဲ။ ကွာစီအင်မော်တယ် အင်ပါယာအဆင့်နဲ့ ပတ်သက်တဲ့ သတင်းအမှားတွေကို အသုံးပြုပြီး အားလုံး လမ်းလွှဲသွားအောင် ပြုလုပ်နိုင်တယ်။ တကယ့်ကို ကောင်းမွန်တဲ့ မဟာဗျူဟာ တစ်ခုပါလား”
"ခင်ဗျားမှားနေပြီ"
လျှိုရွှမ်ချမ်ပြော၍ ပြီးပြီးချင်းမှာပဲ လီယွင်က ဖြတ်ပြောလိုက်၏။ "တစ်ချို့သော အချိန်တွေမှာ ကောလာဟလဆိုတာ ကောလာဟလ သက်သက်မဟုတ်ဘူး။ အစစ်အမှန် တရားတွေလည်း ဖြစ်နိုင်တယ်။"
"တကယ်လား"
လျှိုချင်းယွမ်သည် ဇဝေဇဝါ ဖြစ်သွားမိ၏။ သူသည် တစ်စုံတစ်ခုကို နားမလည်သည့်ဟန် ဖြစ်လို့နေသေးသည်။
"အခု ထျန်းမင်တောင်သခင် ဖြန့်ထားတဲ့ ကောလာဟလတွေက အစစ်အမှန်ဖြစ်တယ်လို့ ဆိုလိုတာလား။ သူဘာကြောင့် အဲလိုလုပ်ရတာလဲ။ ကွာစီအင်ပါယာအဆင့်ကို ရောက်ရှိနိုင်မဲ့ အခွင့်ရေးတစ်ခု ရရှိမယ်ဆိုရင် လျှို့လျှို့ဝှက်ဝှက်ပဲ ထားသင့်တယ်မဟုတ်ဘူးလား။ ဒါသူ့အတွက်လည်း ကောင်းတယ်လေ။ အခုသူက ကွာစီအင်ပါယာဖြစ်ဖို့ အခွင့်အလမ်း အသစ်တွေနဲ့ ပတ်သက်ပြီး တစ်လောကလုံး သိအောင်လို့ ဖြန့်ဝေလိုက်တယ်။ ဒါဆိုရင် အခွင့်အရေးကို ရရှိဖို့ တခြားသောသူတွေနဲ့ လုယူဖို့ ခက်ခဲလာမယ်မဟုတ်လား။ သတင်းမှားကို ဖြန့်ဝေလိုက်တာကမှ သူ့အတွက် ကောင်းအုံးမယ်လေ။ "
"ဖြစ်နိုင်တာက"
သတ္တမအကြီးကဲသည် တွေဝေငေးငိုင်သွား၏။ သူသည် သေသေချာချာစဉ်းစားပြီးနောက် လီယွင်ကို ကြည့်ရှုကာဖြင့် တီးတိုးရေရွတ်လိုက်၏။ "သူက နတ်ဘုရားလောကကြီး၏ အကူအညီနဲ့ သူ့ရဲ့ရည်မှန်းချက်ကို ပြည့်စုံအောင် လုပ်ချင်တာပဲ။ "
ဤအခြေအနေသည် အခန်းတစ်ခုလုံးကို တိတ်ဆိတ်ငြိမ်သက်သွားစေခဲ့၏။ ကောင်းကင်လျှိုဝှက် နန်းဆောင်၏ အတွင်းရှိ လူပေါင်းများစွာတို့၏ မျက်နှာသွင်ပြင်က ပြောင်းလဲသွားခဲ့၏။ ထျန်းမင်တောင်သခင်သည် လီယွင်မှလွဲ၍ နတ်ဘုရားလောကကြီးတစ်ခုလုံးကို သူ၏ ကစားကွက်ထဲသို့ ထည့်သွင်းချင်နေသည်လား။
နတ်ဘုရားလောကထဲတွင် ရှိနေသည့် အင်မော်တယ် ဘုရင်ပေါင်းများစွာတို့သည်သာ စီစဉ်ထားသည့်အတိုင်း စစ်တုရင်ရုပ်များ ဖြစ်ခဲ့သည်ဆိုပါက အားလုံးသောသူတို့သည် ၎င်းတို့အတွက် လမ်းတစ်ခု ခင်းကျင်း ပေးရခြင်းနှင့် ဆင်တူပေမည်။
"ကျုပ်သိချင်တာက စီနီယာ …. နတ်ဘုရားလောကထဲမှာ ရှိနေတဲ့ ကွာစီအင်မော်တယ်အင်ပါယာနဲ့ ပတ်သက်တဲ့ ကောလာဟလတွေအကြောင်းပါ" တိုင်ချူးက မေးမြန်းလိုက်၏။
"ဒါက နတ်ဘုရားလောကရဲ့ တစ်၀က်လောက်ကိုတောင် ပျံ့နှံ့နှင့်နေပြီလေ။ နတ်ဘုရားလောက ထဲမှာရှိတဲ့ လူပေါင်းများစွာတို့ ဒီသတင်းကို ကြားဖို့ဆိုတာ သိပ်ကြာမှာ မဟုတ်ဘူး။ ပြီးတော့ "
သတ္တမဘိုးဘေးသည် ခဏလောက် ရပ်တန့်ကာဖြင့် လေးလေးနက်နက် သက်ပြင်းချကာ ပြောလိုက်၏။ "အင်မော်တယ်လောကကိုတောင်ရောက်သွားနိုင်တယ်။ ဒါဆိုရင် နတ်ဘုရားလောကတင် သက်ရောက်မှာ မဟုတ်ပဲ အင်မော်တယ်လောကပါ အရှုပ်ထွေးထဲ ၀င်လာလိမ့်မယ်။"
ကွာစီအင်မော်တယ်အင်ပါယာများ …။ ငရဲလောကကြီးနှင့် တိုက်ခိုက်သည့် နှစ်ပေါင်းများစွာက တိုက်ပွဲပြီးသည့်နောက် ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက် ထွက်ပေါ်လာသည့် သတင်းအချက် လက်ဟူ၍ မကြားရတော့ချေ။ အင်မော်တယ်ဘုရင်ပေါင်း မြောက်များစွာတို့သည် ၄င်းတို့၏ အဆင့်နောက်ဆုံးအခြေနေတွင် တစ်လို့နေခဲ့ကြ၏။
ကွာစီအင်မော်တယ်အင်ပါယာနှင့် ပတ်သက်သည့် သတင်းအချက်အလက် ပေါ်ပေါက်လာသည်နှင့် ကျိန်းသေပေါက် အင်မော်တယ်ဘုရင်အားလုံးတို့သည် မိမိတွင်ရှိသမျှ အရာအားလုံးကို စတေးကာ အခွင့်အရေးကို ရယူရန် ကြိုးစားကြမှာ သေချာ၏။ အင်မော်တယ်ဘုရင်များသည် ကွာစီအင်မော်တယ် အင်ပါယာဖြစ်ရန် အခွင့်ရေးကို ရရှိရန် ဘာမဆို ပြုလုပ်ကြမှာ သေချာသည်။
"ဒီလိုဆိုရင် ဒါကကပ်ဘေးကြီးပဲ"
တိုင်ချူး၏ မျက်နှာသွင်ပြင်တစ်ခုလုံးက ပြောင်းလဲသွား၏။ သူသည် အနာဂတ်ကို ကြိုတင်ကာ မမြင်နိုင်ပေ။ သို့ပေမဲ့ ထွက်ပေါ်နေသည့် ကွာစီအင်မော်တယ် အင်ပါယာသတင်းက အမှန်ဆိုပါက နတ်ဘုရားလောက နှင့်အင်မော်တယ် လောကတို့ကိုပင် သက်ရောက်ပေလိမ့်မည်။
ထိုသို့ဆိုလျှင် အင်မော်တယ် အင်ပါယာအားလုံးတို့သည် ကွာစီအင်မော်တယ်အဆင့် အင်ပါယာ အခွင့်အရေးတစ်ခုကို ရရှိရန်အတွက် ကျိန်းသေပေါက် ကြိုးစားကြမှာ သေချာ၏။ သို့ပေမဲ့ ထိုကဲ့သို့ ရရှိနိုင်ရန် အတွက် လူအရေအတွက် အကန့်အသတ် တည်ရှိနေသေး၏။ အားလုံးသော သူတို့သည် အခွင့်ရေးတစ်ခုတည်းကိုရရှိရန် သေမတတ် တိုက်ခိုက်ကြပေလိမ့်မည်။ သွေးချောင်းစီးသည့် တိုက်ပွဲကြီးသည် မခန့်မှန်းနိုင်စွာပင် ပေါ်ပေါက်လာမှာ သေချာလေ၏။
"စီနီယာ ဒါတွေအကုန်လုံးကို တားဖို့အတွက် နည်းလမ်းရှိရဲ့လား"
လျှိုရွှမ်ချမ်က မေးမြန်းလိုက်၏။
"ရှိတာပေါ့"
လီယွင်သည် တုံ့နှေးခြင်း တစ်ချက်မရှိဘဲ ပြန်လည်ကာ ပြောဆိုလိုက်သည်။
"ဒါဆိုအရမ်းကောင်းတယ်"
လျှိုရွှမ်ချမ်သည် မျက်လုံးများ လင်းလက်သွားခဲ့၏။ သူသည် ရှေ့ကိုလှမ်းလျှောက်ပြီး ဦးညွတ်ကာ လေးလေးစားစား ပြောလိုက်၏။ "ကျေးဇူးပြုပြီးစီနီယာ ဉာဏ်အလင်းပြပါအုံး"
"ဒါအရမ်းရိုးရှင်းတယ်"
လီယွင်သည် အသာပြုံးပြီးသည့်နောက် လက်ကို ယမ်းခါလိုက်သည်။
"ဒီသတင်းက ဘာမှမဟုတ်ဘူး။ ခင်ဗျားတို့ဘာသာ ခင်ဗျားတို့ စဉ်းစားကြည့် ။ ဒီသတင်းသိတဲ့ လူတွေရဲ့ မှတ်ဉာဏ်ကို ဖျက်ဆီးလိုက်ရုံပဲလေ။ဒါဆို အဆင်ပြေသွားလိမ့်မယ်။"
လီယွင်၏ မျက်နှာရှိ အပြုံးသည် မပျောက်ကွယ်ခဲ့ချေ။ သို့သော် အားလုံးသောသူတို့ကတော့ အံ့အားသင့်လျက် ရှိနေ၏။
မှတ်ဉာဏ်များကိုဖျက်ဆီးခြင်း
ဤအရာသည် သာမန်လူများအတွက် လွယ်ကူလှသည် ဆိုသော်လည်း ကွာစီအင်မော်တယ် အင်ပါယာအဆင့် သတင်းအချက်လက်ကို ရယူချင်သော လူများသည် အင်မော်တယ်ဘုရင်များသာလျှင် ရှိ၏။ ထိုသူတို့၏ မှတ်ဉာဏ်ကို မည်ကဲ့သို့ လွယ်လွယ်ကူကူ သွားရောက်ကာ ဖျက်ဆီးမည်နည်း။
ထိုကဲ့သို့ ပြုလုပ်နိုင်ခဲ့သည် ဆိုလျှင်တောင်မှ လျှိုကလန်တစ်ခုလုံးသည် အားလုံးသောသူတို့၏ ဝိုင်းဝန်း တိုက်ခိုက်မှုအောက်တွင် အသက်ရှင်ကျန်ရစ်ဖို့ပင် လွယ်ကူလိမ့်မည် မဟုတ်ပေ။ လျှိုကလန်အနေဖြင့် ဤအခွင့်အရေးကို မောင်ပိုင်စီးချင်သည်ဟူသော အဓိပ္ပာယ်ပင် သက်ရောက်သွားစေနိုင်၏။