အခန်း (၆၈၄)
Vol. 46 Ch. 684
ထိုအချိန်သို့ရောက်ရှိလျှင် လူပေါင်းများစွာတို့သည် လျှိုကလန် နောက်ကွယ်မှ ဖန်တီးသည့်အရာများအဖြစ် သိရှိသွားကြပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ကွာစီအင်မော်တယ်အင်ပါယာ သတင်း၏ မူလအရင်းအမြစ် သည် လျှိုကလန်ဆီမှ ထွက်ပေါ်လာသောကြောင့်ပင်။
ထိုအရာကို အတည်ပြုပြီးပြီဆိုသည်နှင့် လျှိုကလန်သည် ကျိန်းသေပေါက် မိမိကိုယ်ကို ခုခံကာကွယ်ရန် ကြိုးစားမည်ဆိုလျှင်တောင်မှ သိပ်အသုံးမ၀င်တော့ချေ။ ကလန်ထဲမှ လျှိုချင်းယုအား ထုတ်ပယ်ခဲ့သည် ဆိုလျှင်တောင်မှ တခြားသော သူများ အနေနှင့် လျှိူကလန်သည် အပြစ်ဟူသမျှကို လျှိုချင်းယုဆီသို့ ပုံချကာ ခေါင်းရှောင်ရန်ကြိုးစားခဲ့သည်ဟုသာ သတ်မှတ်ကြပေလိမ့်မည်။
ဤကဲ့သို့သော ဖြစ်နိုင်ချေအားလုံးကို လျှိုရွှမ်ချမ် က ကောင်းကောင်းနားလည်နေပြီဖြစ်၏။ သို့ပေမဲ့ သူက သတ္တမဘိုးဘေးကြီး ခေါင်းညိတ်မှုကို လိုအပ်လျက် ရှိနေလေ၏။ "သွား …. မင်းတွေးထားသလို လုပ်လိုက်တော့ "
သတ္တမဘိုးဘေးကြီးက ပြောဆိုလိုက်၏။ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အားအင်ဟူသမျှ ကုန်ဆုံးသွားသလို ခံစားနေမိ၏။ လျှိုကလန်အနေနှင့် ဤမျှများပြားသည့် ကိစ္စရပ်နှင့် အန္တရာယ်များကို ကြုံရလိမ့်မည်ဟု သူ မထင်မှတ်ခဲ့ချေ။
"ကောင်းပါပြီ"
လျှိုရွှမ်ချမ်က ခေါင်းညိတ်လိုက်၏။ ပြီးနောက် သူသည် ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူပြီး သတင်းအချက်လက်ကို ပေးပို့လိုက်၏။
မကြာခင်မှာပဲ နတ်ဘုရားလောကရှိ လျှိုကလန်၏ တောင်ကာကွယ်ခြင်း အစီအရင်သည် ပေါ်ပေါက်လာခဲ့၏။ အားလုံးသောသူတို့ မတုံ့ပြန်ရသေးခင်မှာပင် များပြားလှသည့် အကြီးအကဲများနှင့်အတူ ကလန်ခေါင်းဆောင် သည် ရုတ်ခြည်းဆိုသလိုပဲ လျှိုချင်းယု၏ မျိုးဆက်များ နေထိုင်ရာ အိမ်တော်ဆီသို့ အလျှင်အမြန် ရောက်ရှိလာခဲ့ကြသည်။
တစ်ချိန်တည်းမှာပဲ ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အတွင်းထဲမှာတော့ ….
လျှိုရွှမ်းရန်သည် အသံပို့လွှတ်ပြီးသည့်နောက် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်၏။ သတင်းပေးပို့ပြီးပြီ ဖြစ်သောကြောင့် မြန်မြန်ဆန်ဆန် တုံ့ပြန်ဖို့ဆိုသည်မှာ ကြာမြင့်လှမည် မဟုတ်ချေ။
ကျိန်းသေပေါက် လျှိုချင်းယု မျိုးဆက်များကို တစ်ပြိုင်နက်တည်း ဖမ်းဆီးနိုင်ပေလိမ့်မည်။ အခြေအနေတစ်ခုလုံး ပိုမိုဆိုးရွားသွားခြင်း မရှိခင် ထိန်းချုပ်နိုင်ဖို့လိုသည်။ ထို့ပြင် တခြားသော အင်အားစု များသည် ကွာစီအင်မော်တယ် အင်ပါယာအဆင့်သတင်းကို စုံစမ်းရန် အချိန်ကြာပေလိမ့်မည်။ နန်းဆောင်သခင်၏ ကူညီထောက်ပံ့မှုသာ မရှိသည်ဆိုပါက ၎င်းတို့သည် မြန်မြန်ဆန်ဆန်နှင့် စုံစမ်းရန် မဖြစ်နိုင်ချေ။
"စီနီယာ … လျှိုကလန်အနေနဲ့ ဒီကပ်ဘေးကနေ လုံလုံခြုံခြုံ ကျော်ဖြတ်နိုင်မလားဆိုတာကို တွက်ချက်ပေးနိုင်မလား" သတ္တမဘိုးဘေးကြီးသည် စိုးရိမ်ပူပန်စွာဖြင့် ပြောဆိုလိုက်၏။
တချို့သောအရာများကို သူပြုမူဆောင်ရွက်ခဲ့ပြီးပြီဆိုလျှင်တောင်မှ အနာဂတ်သည် မသေချာမရေရာသည့် အကြောင်းရာများနှင့် ပြည့်နှက်နေသည် မဟုတ်ပါလား။ မထင်မှတ်ထားသည့် ကိစ္စရပ်များ ဖြစ်သည်ဆိုပါက လျှိုကလန်သည် ခက်ခဲမှုပေါင်းများစွာနှင့် ရင်ဆိုင်ရပေလိမ့်မည်။ လက်ရှိအခြေနေကို သုံးသပ်ရမည်ဆိုလျှင် စီနီယာနန်းဆောင်သခင်မှလွဲ၍ ၄င်းတို့ကို လုံခြုံမှု ပေးအပ်နိုင်သူ ဟူ၍ မရှိတော့ချေ။
"အင်း … ဒါက … ဒီကပ်ဘေးတစ်ခုတည်းဆိုရင်တော့ လျှိုကလန်က ကျိန်းသေပေါက်လုံခြုံပါတယ် ။ နည်းနည်းလေးပဲ စိုးရိမ်ဖို့ ကောင်းတာမလား။"
လီယွင်သည် အမှတ်မထင် ပြောဆိုလိုက်၏။ ပြီးနောက် လျှိုရွှမ်ချမ် ထုတ်ပေးထားခဲ့သော စားပွဲပေါ်မှ ပစ္စည်းတစ်ချို့ကို သိမ်းဆည်းလိုက်၏။
"တော်သေးတာပေါ့ " သတ္တမဘိုးဘေးသည် စိတ်သက်သာရာရသလို သက်ပြင်းချလိုက်၏။ သူ၏ မျက်နှာပေါ်တွင် ရှိနေသော စိုးရိမ်ပူပန်မှုများသည် ပျောက်ကွယ်သွားခဲ့၏။ သူသည် အန္တိအဆင့်ပစ္စည်း ဆယ်မျိုး ပျောက်ကွယ်သွားခြင်းနှင့်ပတ်သက်၍ တစ်ချက်ကလေးမှ ဂရုမစိုက်ချေ။ လျှိုကလန်၏ လုံခြုံရေး အာမခံနိုင်ခဲ့ပြီ ဖြစ်သောကြောင့် ပျော်ရွှင်သွားမိသည်။
"စီနီယာ ကွာစီအင်မော်တယ် အင်ပါယာတွေ ပေါ်လာပြီဆိုရင် ကျုပ်တို့ လျှိုကလန်က အန္တရာယ်ကို ရင်ဆိုင်နိုင်ပါ့မလား။ ဥပမာအားဖြင့် အင်မော်တယ်ဘုရင် တစ်ယောက် သေဆုံးခြင်းမျိုးပေါ့။ "
လျှိုရွှမ်ချမ်သည် စိတ်၀င်တစားနှင့် မေးမြန်းလိုက်၏။ ကွာစီ အင်မော်တယ် အင်ပါယာ တစ်ယောက် ထွက်ပေါ်လာသည့် သတင်းသည် အစစ်အမှန် ဖြစ်သည်ဆိုသောကြောင့် လျှိုကလန်အနေနှင့် ထိုအရာကို လွဲလွှတ်ရန် အကြောင်းရင်း မရှိတော့ပေ။ ဖြစ်နိုင်သည်ဆိုပါက သတ္တမဘိုးဘေးကြီးသည် ထိုကဲ့သို့သော အခွင့်ရေးကို ရယူချင်မိ၏။
“အင်မော်တယ်ဘုရင်အဆင့် ပစ္စည်းငါးခု”
လီယွင်သည် လျှိုရွှမ်ချမ်ကို လှမ်းကြည့်ကာဖြင့် အမှတ်မထင် ပြောဆိုလိုက်သည်။
"ငါးခုဟုတ်လား" လျှိုရွှမ်ချမ်သည် အံ့အားသင့်သွားမိ၏။ သူသည် နူတ်ခမ်းကို တင်းတင်းစေ့ကာ နောက်ထပ် မမေးရန် ဆုံးဖြတ်ချက် ချလိုက်မိသည်။ အင်မော်တယ်ဘုရင်အဆင့် ပစ္စည်းငါးခုဆိုသည်မှာ သူ တတ်နိုင်သည်ထက် အများကြီး သာလွန်လျက် ရှိ၏။
လက်ရှိအခြေနေတွင် လျှိုချင်းယု၏ သစ္စာဖောက်ခြင်းကြောင့် လျှိုကလန်သည် ဘိုးဘေးအကြီးအကဲ ငါးယောက်သာလျှင် တည်ရှိတော့၏။ စီနီယာသည် အင်မော်တယ်ဘုရင် အဆင့်ငါးခုကို တောင်းဆိုနေခြင်းမှာ အင်မော်တယ်ဘုရင်အဆင့် တစ်ယောက်ချင်းစီတိုင်း၏ ပစ္စည်းများကို တောင်းဆိုခြင်း နှင့် ဆင်တူနေသည် မဟုတ်ပါလား။
"ရွှမ်ချမ် ဒီကိစ္စကို ခဏထားအုံး"
သတ္တမဘိုးဘေးကြီးသည် ခေါင်းကို ခါယမ်း လိုက်၏။ ကွာစီအင်မော်တယ် အင်ပါယာ တစ်ယောက် ဖြစ်လာနိုင်သည့် သတင်းအချက်အလက်သည် အတည်မပြုရသေးချေ။ ထို့ကြောင့် ၎င်းတို့အနေနှင့် အလျှင်စလို ဆုံးဖြတ်ချက်၍ မဖြစ်နိုင်ချေ။
မည်သည့် ကိစ္စရပ်ကိုမှ မလုပ်ခင် ကွာစီအင်မော်တယ် အင်ပါယာ တစ်ယောက်၏ သတင်းအချက်လက်ကို သေသေချာချာ သိရှိအောင် စောင့်ဆိုင်းခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
"စီနီယာအရင်တုန်းက ထန်းပင်တောင်သခင်နဲ့ တခြားသောသူတွေက ကွာစီအင်မော်တယ် အင်ပါယာအဆင့် အခွင့်ရေးအကြောင်းကို မေးမြန်းခဲ့ဖူးတာလား ။ အဲ့တာ ဘယ်နေရာမှာလဲ။ ဘယ်လိုရယူနိုင်မှာလဲ" သတ္တမ ဘိုးဘေးကြီးသည် ခဏလောက် စဉ်းစားပြီး ထပ်မံ မေးမြန်းလိုက်၏။
"အဲ့ဒီ ကွာစီအင်မော်တယ် အင်ပါယာ ဖြစ်လာနိုင်တဲ့ အခွင့်အရေးကို တခြားသောသူတွေရော အသုံးပြုလို့ရလား။ "
အသင်္ချေများပြားသည့် လောကရပ်များထဲတွင် အဆင့်တက်ခြင်းဆိုသည်မှာ ခက်ခဲသည့် အရာပင် ဖြစ်ပေ၏။ အားလုံးသောသူတို့သည် မိမိ၏ လမ်းစဉ်တွင် အကောင်းဆုံး ကြိုးစားလျက် ရှိနေသည် ဆိုလျှင်တောင်မှ တစ်ယောက်နှင့် တစ်ယောက် အဆင့်တက်ပုံသည် တူညီသည်မဟုတ်ပေ။ ထို့ကြောင့် တစ်စုံတစ်ယောက်နှင့် သင့်လျှော်သည့် အဆင့်တက်နိုင်သော နည်းလမ်းသည် အခြားသောသူများနှင့် ကိုက်ညီမှ ကိုက်ညီပေလိမ့်မည်။
ထို့ကြောင့်ကွာစီအင်မော်တယ် အင်ပါယာ အဆင့်ဆီသို့ ရောက်ရှိနိုင်သည့် နည်းလမ်းကို သိရှိသည် ဆိုလျှင်တောင်မှ မိမိနှင့် ကိုက်ညီရန် လိုအပ်နေသေး၏။
အစစ်အမှန်ပင်ဖြစ်လေ၏။ ထျန်းမင်တောင်သခင်သည် ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက်ဖြစ်ရန် စိတ်ပါဝင်စားမှု မရှိသည့် လူတစ်ယောက်မဟုတ်ချေ။ ထို့ကြောင့် တစ်ဖက်လူ၏ အ စီအစဉ်ကို ချိူးဖျက်ရန် အခွင့်အရေးပင် ဖြစ်သည်။
ထို့အပြင် ထိုသူတို့၏ လက်ထဲတွင်ရှိနေသည့် အခွင့်အရေးကိုသာ သူတို့ ရရှိမည်ဆိုပါက ထျန်းမင်တောင်သခင် သည် ကျိန်းသေပေါက် ရူးသွပ်သွားနိုင်သည်။ ထိုသို့ဆိုလျှင် မည်မျှ ပျော်စရာ ကောင်းလိမ့်မည်နည်း။
"အဲအခွင့်ရေး ဘယ်မှာလဲ ဆိုတာသိချင်ရင် အင်မော်တယ်ဘုရင်အဆင့် ပစ္စည်းသုံးမျိုး လိုအပ်လိမ့်မယ်။ " လီယွင်က အသာပြောဆိုလိုက်သည်။
"သုံးမျိုးလား"
သတ္တမဘိုးဘေးက ရေရွတ်လိုက်သည်။ သူသည် တခြားသော နှစ်ယောက်ဆီသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ သူတို့သုံးယောက်လုံးသည် အံ့အားသင့်လျက် ရှိမိနေ၏။ သို့ပေမဲ့ အရေအတွက် များပြားလွန်းသောကြောင့် မဟုတ်ပေ။ နည်းပါးလွန်းသောကြောင့်ဖြစ်၏။
ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက် ဖြစ်လာနိုင်သည့် နည်းလမ်း၏ လျှို့ဝှက်ချက်သည် တကယ်ပင် စျေးပေါလို့နေလေ၏။ သေသေချာချာ စဉ်းစား ကြည့်မည်ဆိုလျှင် ကောင်းကင်နန်းဆောင် သခင်၏ အမူအကျင့် နှင့် ပြုမူ ဆောင်ရွက်ပုံများအရ ဤနေရာတွင် အခက်အခဲနှင့် ထောင်ချောက်များ ရှိနေမည်မှာ သေချာသည်။
အနည်းဆုံးအနေနှင့် ကွာစီအင်မော်တယ် အင်ပါယာအဆင့် လျှို့ဝှက်ချက်ဆိုသည်မှာ တခြားသောသူများ လွယ်လွယ်ကူကူ မရရှိနိုင်သည့် အရာသာ ဖြစ်သင့်သည် မဟုတ်ပါလား။
"အင်း …. သူတို့စုံစမ်းနေတဲ့ အခွင့်အရေးတွေက ကွာစီအင်မော်တယ်တစ်ယောက်ဖြစ်ဖို့ နည်းလမ်းတွေပဲ ဖြစ်တယ်။ အသင်္ချေများပြားတဲ့ လောက အသီးသီးမှာ အင်မော်တယ်ဘုရင်အဆင့်ရှိတဲ့ ဘယ်သူမဆို ကွာစီအင်မော်တယ် အင်ပါယာ တစ်ယောက် ဖြစ်လာဖို့ အခွင့်အရေး ရလိမ့်မယ်။ "
လီယွင်သည် အချက်အလက်ကျကျ ပြန်လည် ပြောဆိုလိုက်၏။
ထိုစကားစုကို ကြားရချိန်မှာတော့ သုံးယောက်လုံးသည် အံ့အားသင့်သွားမိ၏။ အဆိုးဆုံး အနေနှင့် တိုင်ချူး သည် မည်သည့် တုံ့ပြန်မှုကိုမှ မပြုလုပ်နိုင်အောင် ဆွံ့အလျက် ရှိနေသည်။
"စီနီယာ ဘယ်လိုလူမျိုးကိုမဆို ပြောနေတာလား"
တိုင်ချူးက တီးတိုးရေရွတ်လိုက်၏။ ပြီးနောက် ထပ်မံကာ မေးမြန်းလိုက်၏။ "ကျုပ် အပါအဝင်လား"
အစပိုင်းတုန်းက တိုင်ချူးသည် ကွာစီ အင်မော်တယ် အင်ပါယာ ဖြစ်လာနိုင်သည့် သတင်း အချက်လက်နှင့် ပတ်သက်ပြီး တကယ်ဂရုမစိုက်ချေ။ ထို့အပြင် သူသည် အင်မော်တယ်ဘုရင်အဆင့်ကို ယခုမှ ချိုးဖျက် ရောက်ရှိထားသူဖြစ်၏။ သူ၏ ချိုးဖျက်နိုင်စွမ်းအားကို သူကကောင်းကောင်းသိ၏။ ထို့ကြောင့် လေးလေးနက်နက်နှင့် ဝင်ရောက်ပြောဆို ဆွေးနွေးခြင်း မပြုလုပ်ခဲ့ပေ။
သို့ပေမဲ့ သတ္တမဘိုးဘေးနှင့် တခြားသောသူများ မေးမြန်းပြီး စီနီယာ၏အဖြေကို ကြားရချိန်မှာတော့ သူသည် တကယ်ပင် ဆွံ့အနေခဲ့၏။ ကောင်းကင်လျှို့ဝှက် နန်းဆောင်၏ စကားလုံးများသည် သူ့ကို တကယ်ပင် စိတ်အားတက်ကြွမှုများ ဖြစ်စေခဲ့၏။
ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက် ဖြစ်လာနိုင်သည့် အခွင့်ရေးသည် မည်သူမဆို ရရှိနိုင်သည့် အရာဖြစ်ပြီး ထိုအရာကို ရရှိသည်ဆိုပါက မည်သူမဆိုသည် ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက် ဖြစ်လာနိုင်မည် မဟုတ်ပါလား။