← Chapters

အခန်း (၆၈၅)

Vol. 46 Ch. 685

အခန်း (၆၈၅)

Vol. 46 Ch. 685

ကွာစီအင်မော်တယ်အင်ပါယာ

ခေတ်ကာလတစ်ခုလုံးကို ဖိနှိပ်နိုင်စွမ်းရှိနေသည့် တကယ့်ကို စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက် ဖြစ်ပြီး လောကအသီးသီးတို့ကိုပါ လွှမ်းခြုံနိုင်စွမ်း ရှိသူပင်။ ၎င်းသာ အမိန့်ပေးလိုက်ပါက မျိုးနွယ်စုများ အားလုံးက အညံ့ခံရပေလိမ့်မည်။

ထိုကဲ့သို့သော ကျင့်ကြံခြင်းအဆင့်ကို မရရှိချင်သူဟူ၍ မည်သူ ရှိမည်နည်း။ တိုင်ချူးသည် ပုံမှန်အတိုင်း စဉ်းစား တွေးတောပြီး ရိုးဖြောင့်စွာနေတတ်သူတစ်ယောက် ဖြစ်သည် ဆိုလျှင်တောင်မှ ဤကဲ့သို့သော လိုအင်ဆန္ဒကို မစွန့်ပစ်နိုင်ချေ။

"အမှန်ပဲ" လီယွင်က ခေါင်းညိတ်လိုက်၏။

ထိုကဲ့သို့သော တုံ့ပြန်မှုကို ကြားရသည့် အချိန်မှာတော့ တိုင်ချူးသည် တံတွေးကိုပင် မျိုချလိုက်မိ၏။ သူသည် စတင်ကျင့်ကြံစဉ်တည်းက ယခုအချိန်ထိ ဤကဲ့သို့ စိတ်လှုပ်ရှားမှုမျိုးကို တစ်ကြိမ်မှ မကြုံခဲ့ဖူးချေ။

ဘေးတစ်ဖက်တွင်ရှိနေသည့် သတ္တမဘိုးဘေးနှင့် လျှိုရွှမ်းချန်တို့မှာလည်း ထပ်တူညီစွာပင် ကြောင်အလို့ နေ၏။ ဘာပဲဖြစ်ဖြစ် ထျန်းမင်တောင်သခင် ဖန်တီးထားခဲ့သည့် အစီအစဉ် နှင့် အကြံအစည်ထဲတွင် ဤမျှ ကြောက်မက်ဖွယ်ရာကောင်းသည့် အခွင့်အရေးများ အစစ်အမှန် တည်ရှိနေမည်ဟု သူတို့မထင်မှတ်ခဲ့ချေ။

အင်မော်တယ်ဘုရင် နောက်ဆုံးအဆင့်ကို တက်လှမ်းနိုင်သည့် လူများသည် ခြေတစ်လှမ်း လှမ်းလိုက်ရုံနှင့် ကွာစီအင်မော်တယ် အင်ပါယာအဆင့်ကို တက်လှမ်းနိုင်မည့် အခွင့်အရေးမျိုးဟု သူတို့ ထင်မှတ်ခဲ့၏။ တကယ်တော့ မဟုတ်ခဲ့ချေ။

ဤသတင်းအချက်လက်သည်သာ နတ်ဘုရားလောကဆီသို့ ပျံ့နှံ့သွားပါက အင်မော်တယ် ဘုရင်တိုင်း တို့သည် ရူးသွပ်သွားမလိုပင် ဤအခွင့်အရေး ရရန် ကြိုးစားကြမှာ သေချာ၏။

"ဘိုးဘေးကြီး ကျုပ်တို့ လျှိုကလန်က ဒီအခွင့်အရေးကို လက်လျှော့လို့မဖြစ်ဘူး။ လျှိုကလန်က ကွာစီ အင်မော်တယ် အင်ပါယာတစ်ယောက်ကို မွေးထုတ်ပေးနိုင်မယ်ဆိုရင် လောကအသီးသီးမှာရှိတဲ့ အင်မော်တယ် ဘုရင်အသီးသီးကို ဖိနှိပ်နိုင်မှာ သေချာတယ်။ "

လျှိုရွှမ်ချမ်သည် စိတ်ထဲမှ လှမ်းကာ ပြောဆိုလိုက်၏။ ပြီးသည့်နောက် သူသည် အမှတ်မထင် ဆိုသလိုပဲ တိုင်ချူးကို လှမ်းကာ ကြည့်ရှုလိုက်၏။ လက်ရှိအခြေနေတွင် တိုင်ချူးကို ခေါ်ဆောင်လာသည့် အတွက်ပင် သူနောင်တရသလို ဖြစ်နေ​သည်။

ကွာစီ အင်မော်တယ်အင်ပါယာနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ကြားရပါက သွေးသောက် ညီအစ်ကိုပင်လျှင် ယုံကြည်ရသည့်လူမျိုး မဟုတ်တော့ချေ။ မနေ့တစ်နေ့ကမှ တွေ့ဆုံခဲ့သည့် တစ်စုံတစ်ယောက် ဆိုလျှင် ပိုဆိုး၏။ သို့ပေမဲ့ လက်ရှိ အခြေအနေတွင် ထိုသူကို ထွက်ခွာသွားရန် ပြောဆိုခြင်းဆိုသည်မှာ အကြင်နာတရားနည်းပါးသော လုပ်ရပ်၊ ရိုင်းစိုင်းလွန်းသော လုပ်ရပ် ဖြစ်ပေလိမ့်မည်။

လျှိုကလန်အနေနှင့် သတင်းအချက်လက်များကို ရရှိပြီးနောက် အခွင့်အရေးများကို မရရှိလိုက်ဘဲ တိုင်ချူးကသာ အခွင့်​အရေး ရရှိသွားမည်ကို လျှိုရွှမ်ချမ်က စိုးရိမ်နေ၏။ ကံကောင်းစွာဖြင့် တိုင်ချူး၏ အဆင့်သည် သိပ်ပြီး နက်နဲသည်မဟုတ်ချေ။ လျှိုကလန်နှင့် မည်သို့မှ ယှဉ်ပြိုင်နိုင်လိမ့်မည် မဟုတ်ပေ။

"စိတ်ချပါ"

သတ္တမဘိုးဘေးသည် အသံပြန်လည် ပို့လွှတ်လိုက်၏။ "ငါတို့လျှိုကလန်က ဒါကို ကျိန်းသေပေါက် ရရမယ် "

လျှိုရွှမ်ချမ်၏ စိတ်ထဲတွင် ထိုအသံက ပဲ့တင်ထပ်လာခဲ့၏။ ထိုအသံသည် ကျိန်းသေပေါက် စိတ်ဆုံးဖြတ်ထားပြီးသော အရိပ်အယောင်များနှင့် ပြည့်နှက်လျက်ရှိသည်။

သူသည် ထျန်းမင်တောင်သခင်ကို အနည်းငယ် ကျေးဇူးတင်သလိုပင် ခံစားနေမိ၏။ ၎င်းသာ မရှိပါက ကောင်းကင်လျှို့ဝှက် နန်း​ဆောင်သခင် တည်ရှိသည်ကို မည်သို့ သိရှိမည်နည်း။ ထိုသို့ဆိုလျှင် အခွင့်ရေးကို မည်သို့ ရတော့မည်နည်း။

"စီနီယာ "

စိတ်ပိုင်းဖြတ်ပြီးနောက် သတ္တမဘိုးဘေးကြီးသည် တွန့်ဆုတ် မနေတော့ချေ။ တိုက်ရိုက်ဆိုသလိုပင် ပြောဆိုလိုက်၏။ "မေးချင်ပါတယ် ကွာစီအင်ပါယာ အင်မော်တယ် အခွင့်အရေးကိုရဖို့ သတင်း အချက်လက် က အရင်းအမြစ်ဘယ်လောက် လိုအပ်ပါသလဲ။"

မေးနေတုန်းမှာပဲ သတ္တမဘိုးဘေးကြီးသည် ကုန်ကျစရိတ်ကို ကြိုတင်ကာ တွက်ချက်ခဲ့ပြီးဖြစ်၏။ လျှိုကလန်တစ်ခုလုံး၏ နှစ်သန်း ထောင်နှင့်ချီသည့် အရင်းအမြစ်များသည် ဤကွာစီ အင်မော်တယ် အင်ပါယာအဆင့် အခွင့်အရေးကို ဝယ်ယူရန် မတတ်နိုင်ဘူးဆိုသည်ကို သူမယုံကြည်ပေ။

ဤသတင်းအချက်လက်ကိုရရှိသည်ဆိုပါက လျှိုကလန်သည် တပြားမကျန်အောင် မွဲပြာသွားလျှင်တောင်မှ သူ စိတ်ထဲ ထားလိမ့်မည် မဟုတ်ချေ။

"အရမ်းကြီး စျေးမကြီးပါဘူး" လီယွင်က ရယ်မောလိုက်၏။

ထိုစကားကို ကြားသည့် အချိန်မှာတော့ သတ္တမဘိုးဘေးနှင့် တခြားသော သူများသည် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်မိကြသည်။

စီနီယာ နန်းဆောင်သခင်သည် တကယ်ကို လိုက်လျောညီထွေ နေတတ်သူ တစ်ယောက်ဖြစ်၏။ တစ်စုံတစ်ယောက်၏ အရင်းအမြစ်များ အားလုံးကို မွဲပြာကျသည်အထိ ပြုလုပ်ရန် စိတ်ဆန္ဒရှိပုံတော့ မပေါ်ချေ။

"ကွာစီအင်မော်တယ်အင်ပါယာအဆင့် ပစ္စည်းဆယ်မျိုး" လီယွင်ကပြုံးလိုက်၏။

"ကွာစီအင်မော်တယ်အင်ပါယာအဆင့်လား" သတ္တမဘိုးဘေးကြီးသည် ရုတ်တရက် နားကြားလွဲသလိုပင် ခံစားလိုက်မိသည်။

"စီနီယာ တကယ်ပြောနေတာလား"

လျှိုရွှမ်ချမ်သည် အလျှော့မပေးဘဲ ထပ်မံကာ မေးမြန်းလိုက်၏။ အခြားသောအရာများ ဆိုပါက ကြိုးစား၍ ရသေး၏။ သို့ပေမဲ့ ကွာစီ အင်မော်တယ် အင်ပါယာအဆင့် ပစ္စည်း ဆယ်ခု ဆိုသည်မှာ သာမန်လူများ ထုတ်ဖော်နိုင်သည့် အရာမျိုး မဟုတ်ချေ။ ပြောရမည်ဆိုလျှင် အင်မော်တယ် အင်ပါယာတစ်ယောက်သည်ပင် ဤကဲ့သို့သော ချမ်းသာမှုမျိုး ရှိချင်မှရှိပေလိမ့်မည်။

အခြားစကားပြောရမည်ဆိုလျှင် ကောင်းကင် လျှို့ဝှက် နန်းဆောင်သခင် တောင်းဆိုမှုသည် သူတို့ တတ်နိုင်သည့် အရာမျိုးမဟုတ်ကြောင်း နားလည် လက်ခံလိုက်ရ၏။

လျှိုရွှမ်ချမ်၏ မျက်နှာပေါ်ရှိ ကြွက်သားများသည် တဆတ်ဆတ် နှင့် တုန်ခါနေသည်။ “အင်း ကွာစီအင်မော်တယ် အင်ပါယာအဆင့် ပစ္စည်း ဆယ်မျိုးကို ဘယ်လိုမှ ထုတ်ဖော်နိုင်မှာ မဟုတ်ဘူး။“

"အင်း ဒါခင်ဗျားတို့ဘာသာ ခင်ဗျားတို့ ဖြေရှင်းရမယ့် ကိစ္စလေ"

လီယွင်သည် အမှတ်မထင်ကာ ပြောဆိုလိုက်၏။ သူသည် ​စျေးနှုန်းကို ပြောဆိုခဲ့ပြီးသားဖြစ်၏။ တစ်ဖက်လူများ တတ်နိုင်ခြင်း မတတ်နိုင်ခြင်းသည် တစ်ဖက်လူများ၏ ကိစ္စသာလျှင် ဖြစ်၏။

"စီနီယာ ကျုပ်မေးချင်ပါတယ် ။ ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက်ဖြစ်ဖို့ ကုန်ကျစရိတ်က ဘာလို့ ဒီလောက်နည်းနေရတာလဲ" တိုင်ချူးသည် စိတ်ဝင်တစားဖြင့် မေးမြန်းလိုက်သည်။

သူ အင်မော်တယ်ဘုရင်တစ်ယောက် ဖြစ်ခဲ့ခြင်းသည် စီနီယာနန်းဆောင်သခင်၏ လမ်းညွှန်မှုကြောင့် ဖြစ်သည်။ အင်မော်တယ်ဘုရင်တစ်ယောက် ဖြစ်ရခြင်းသည် ဈေးနှုန်းကြီးမားလွန်းကြောင်း သူ သိရှိပြီးဖြစ်၏။ ဤယုတ္တိဗေဒကို ဆက်လက်ကာ စဉ်းစားရမည်ဆိုလျှင် ကွာစီအင်မော်တယ် အင်ပါယာ တစ်ယောက် ဖြစ်လာနိုင်သည့် စျေးနှုန်းသည် အဆမတန် များပြားသင့်သည် ဖြစ်ကြောင်း ထင်သာမြင်သာ ရှိနေ၏။

အင်မော်တယ်ဘုရင်တစ်ယောက် ဖြစ်လာဖို့ ဆိုသည်မှာ လွယ်ကူသော်လည်း ကွာစီအင်မော်တယ် အင်ပါယာ တစ်ယောက် ဖြစ်လာဖို့ဆိုသည်မှာ ခက်ခဲသည့် အကြောင်းအရာဖြစ်သည်။

"အကြောင်းအရင်းကရိုးရှင်းတယ် "

လီယွင်သည် သတ္တမဘိုးဘေးကို လှမ်းကြည့်ကာ ပြောလိုက်၏။ "ဘာလို့လဲဆိုတော့ အင်မော်တယ်ဘုရင်နဲ့ ကွာစီအင်ပါယာက အရမ်းကို ခြားနားတယ် ဆိုပေမဲ့ အကြောင်းအရင်းကို ခင်ဗျားတို့ သိပြီး ဖြစ်ပါလိမ့်မယ်။ နည်းနည်းလောက် စဉ်းစားကြည့်ပေါ့"

All Chapters