← Chapters

အခန်း (၆၈၈)

Vol. 46 Ch. 688

အခန်း (၆၈၈)

Vol. 46 Ch. 688

“ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက်တောင် သေဆုံးသွားနိုင်တယ် ဟုတ်လား”

ထိုစကားစုကို ကြားရချိန်မှာတော့ သတ္တမဘိုးဘေးကြီးနှင့် တိုင်ချူးတို့ နှစ်ယောက်လုံး၏ နှလုံးသားများသည် အေးခဲသွားခဲ့၏။ ၎င်းတို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်ရှုပြီးသည့်နောက် တစ်ယောက်၏ မျက်လုံးထဲတွင် ရှိနေသည့် ကြောက်လန့်မှုတရားကို တစ်ယောက်က မြင်နေရ၏။

ပြောဆိုရမည်ဆိုလျှင် စီနီယာနန်းဆောင်သခင်သည် အခွင့်အရေး၏ တည်နေရာကို ထုတ်ဖော် ပြောဆိုရန် မခက်ခဲခြင်းပင်။ ထို့ကြောင့် တည်နေရာ၏ တန်ဖိုးက မကြီးမားခြင်းဖြစ်သည်။

“ကျုပ်နားလည်ပါပြီ။ စီနီယာရဲ့ လမ်းညွှန်မှုကို အရမ်း ကျေးဇူးတင်ပါတယ်”

သတ္တမဘိုးဘေးကြီးသည် လေးလေးစားစားနှင့် ဦးညွတ်လိုက်၏။ “ကျုပ် နှလုံးသားထဲမှာရှိတဲ့ သံသယစိတ်တွေ အကုန်လုံး ပျောက်ကွယ်သွားခဲ့ပါပြီ။ အခု သွားလိုက်ပါအုံးမယ်”

“အင်း... လောကဝတ်တွေ မလိုဘူး” လီယွင်က ခေါင်းညိတ်လိုက်သည်။

.............

ကောင်းကင်လျှို့ဝှက်နန်းဆောင်မှ ထွက်ပြီး အပြင်သို့‌ ရောက်ရောက်ချင်းမှာပဲ သတ္တမဘိုးဘေးကြီးသည် ကျောက်စိမ်းပြားကို အသာထုတ်ယူကာဖြင့် အထဲတွင် ရှိနေသည့် အကြောင်းအရာများကို ဖတ်ရှုလိုက်၏။ နတ်ဘုရားအသိအမြင်များ ပြန်လည် ရုတ်သိမ်းပြီးသည့်နောက် သူသည် သက်ပြင်းရှည်ကြီးကို လေးပင်စွာ ချလိုက်၏။

“ဒီတော့ အင်မော်တယ် အင်ပါယာနှစ်ယောက် တိုက်ခိုက်ခဲ့တဲ့ တည်နေရာပဲလား” သတ္တမဘိုးဘေးက တီးတိုး‌ ရေရွတ်လိုက်သည်။

“ဘိုးဘေးကြီး .... ကျောက်စိမ်းပြားထဲမှာ ဘာတွေ ရေးထားတာလဲ” လျှိုရွှမ်ချမ်သည် စိတ်ဝင်တစားဖြင့် မေးမြန်းလိုက်၏။

သို့ပေမဲ့ တိုင်ချူးကို သတိပြုမိချိန်မှာတော့ သူ၏ ပါးစပ်ကို ချက်ချင်း ပိတ်လိုက်၏။ ကွာစီအင်မော်တယ် အင်ပါယာအဆင့် သတင်းအချက်အလက်နှင့် ပတ်သက်နေသည့် ကိစ္စရပ် ဖြစ်သောကြောင့် အပြင်လူများ သိရှိစေလို့ မဖြစ်ချေ။

အနည်းဆုံး ကွာစီအင်မော်တယ် အင်ပါယာအဆင့်သို့ ရောက်ရှိနိုင်သည့် သတင်း အချက်အလက်ကို အားလုံး သိရှိပြီးဖြစ်၏။ တိုင်ချူးအပါအဝင်ပင်။ သို့ပေမဲ့ မည်သည့်နေရာတွင် ရှိသည်ဟူသော သတင်းအချက်အလက်ကို ကြီးမားသည့် ပမာဏမျိုးဖြင့် သူတို့ ဝယ်ယူခဲ့ရသောကြောင့် တဖက်လူကို လွယ်လွယ်ကူကူနှင့် ပေးအပ်လိုက်ဖို့ မဖြစ်နိုင်ချေ။

“အင်း.. လုပ်စရာရှိတဲ့ ကိစ္စရပ်တစ်ခုကို ကျုပ် ရုတ်တရက် သတိရသွားတယ်။ ဒီမှာ ကြာကြာနေလို့ မဖြစ်တော့ဘူး။ ဒီတော့ ခင်ဗျားတို့ နတ်ဘုရားလောကကို ပြန်တဲ့အချိန်မှာ အဆင်ပြေချောမွေ့စေဖို့ မျှော်လင့်မိပါတယ်” တိုင်ချူးသည် ပြုံးကာ နှုတ်ဆက်လိုက်၏။

သူသည် အရူးတစ်ယောက် မဟုတ်ချေ။ ကောင်းကင်လျှို့ဝှက်နန်းဆောင်အတွင်း၌ ထျန်းမင်တောင် သခင်နှင့် ပတ်သက်သော သတင်းအချက်အလက်များကို ကြားပြီးတည်းက ဤနေရာတွင် ကြာကြာနေထိုင်ခြင်း သည် ဉာဏ်ကောင်းသည့် ကိစ္စမဟုတ်ကြောင်း သူက သိရှိနားလည်ပြီးသားဖြစ်၏။ ထို့အပြင် ထျန်းမင်တောင် သခင်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များသည် တကယ်ပင် ကြောက်မက်ဖွယ်ရာကောင်းသည့် အရာမျိုးပင်။

ထျန်းမင်တောင်သခင် ဘာတွေလုပ်နေမည်ကို သိရှိပြီးသည့်နောက် သူသည် ကွာစီအင်မော်တယ် အင်ပါယာအဆင့်သို့ တက်လှမ်းနိုင်မည့် နေရာဆီသို့ မျက်နှာပြောင်တိုက်ကာ လိုက်မသွားသင့်တော့ချေ။

သူသည် တစ်ဖက်လူများနှင့် ပတ်သက်၍ ကျိန်းသေပေါက် အသက်ကြွေးတင်လျက် ရှိ၏။ ထိုသို့ ဆိုလျှင်တောင်မှ ဘောင်ကျော်ကာဖြင့် ပြုမူဆောင်ရွက်ရန် မဖြစ်နိုင်ချေ။

“ကိစ္စ မရှိပါဘူး”

သတ္တမဘိုးဘေးကြီးသည် လက်ကို ဝှေ့ယမ်းလိုက်၏။ ပြီးနောက် သူသည် လျှိုရွှမ်ချမ်ကို သဘောမတွေ့သလိုပင် လှမ်းကာ ကြည့်ရှုလိုက်၏။ ပြီးနောက် တိုင်ချူးဆီသို့ လှည့်ကြည့်ပြီး ရိုရိုသေသေ လေးလေးစားစားဖြင့် ပြောဆိုလိုက်၏။ “အလျင်မလိုဘူးဆိုရင် တာအိုရောင်းရင်း ကျုပ်တို့နဲ့အတူ ရက်အနည်းငယ် လောက်နေဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ကျုပ်တို့က ကောင်းကင်မူလလောကကြီးရဲ့ နယ်မြေဒေသကို အရမ်းကြီး မရင်းနှီးသေးဘူးလေ။ ပြီးတော့ ကျုပ်တို့က ဒီလောကကြီးကို အနည်းငယ် လှည့်လည်သွားလာဖို့ လိုအပ်တယ်။ နောက်ဆိုရင်လည်း ဒီကို လာနေရမှာပဲ မဟုတ်လား”

အတိတ်တုန်းက သူတို့အနေနှင့် ကောင်းကင်မူလလောကကြီး ဆိုသည့်အရာအား ဒုတိယအကြိမ်ပင် လှည့်ကြည့်လိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင် တည်ရှိနေသောကြောင့် အရာအားလုံးက ပြောင်းလဲသွားခဲ့၏။ သူတို့အနေနှင့် ဤနန်းဆောင်ဆီသို့ ရံဖန်ရံခါဆိုသလို လာရောက်ရန် လိုအပ်နေသည်။

ကောင်းကင်မူလလောကသား တစ်ယောက်ဖြစ်သော တိုင်ချူးသည် သူတို့အတွက် အားကိုးရမည့် ဒေသခံ တစ်ယောက်ဖြစ်သည်။ ၎င်းသည်သာ ဆက်လက် အသက်ရှင်နေသည်ဆိုပါက သံသယ ရှိစရာမလိုအောင် ကောင်းကင်မူလလောကကြီး၏ အနှိုင်းမဲ့ ကျင့်ကြံသူတစ်ယောက် ဖြစ်လာမှာပင်။ ထို့ကြောင့် ထိုသူနှင့် ရင်းနှီး ပတ်သက်မှုကို တည်ဆောက်ထားခြင်းသည် ဉာဏ်ကောင်းသည့် ရင်းနှီးမြှုပ်နှံမှု တစ်ခုပင် ဖြစ်၏။

ကွာစီအင်မော်တယ် အင်ပါယာအဆင့် အခွင့်အရေး မည်သည့်နေရာတွင် ရှိသည်ကိုတော့ ကျိန်းသေပေါက် ထုတ်ဖော်ပြောဆို၍ မဖြစ်နိုင်ချေ။ တိုင်ချူးသည်လည်း ထိုအရာကို ကောင်းကောင်း နားလည်ပေလိမ့်မည်။ ထို့အပြင် တိုင်ချူးသည် သူတို့ဆီမှ လာရောက်လုယက်လိမ့်မည် မဟုတ်ချေ။

ခန့်မှန်း၍ မရအောင် အားကောင်းသည့် လျှိုကလန်၏ အားအင်အဆင့်ကို တိုင်ချူးက ကောင်းကောင်း နားလည်ပြီး ဖြစ်ပေလိမ့်မည်။ သတ္တမဘိုးဘေးကြီးအနေနှင့် များပြားသည့် အရင်းအမြစ်များကို ထုတ်ဖော်ကာ ဝယ်ယူခဲ့ရသောကြောင့် ထိုအရာပေါ်တွင် မည်မျှ စိတ်ဆန္ဒများ တည်ရှိနေမည်ကို ကောင်းကောင်း သိရှိရမည် မဟုတ်ပါလား။

“ကွာစီအင်မော်တယ် အင်ပါယာ သတင်းအချက်အလက်က ကိစ္စကြီး မဟုတ်ဘူး။ ကျုပ် ခင်ဗျားကို မျှဝေပေးလို့ ရတယ်။ မကြာခင်မှာလည်း ဒီကိစ္စက လျှို့ဝှက်ချက်ကြီး ဟုတ်တော့မှာ မဟုတ်ဘူး” သတ္တမဘိုးဘေးက ပြုံးလိုက်သည်။

..........

တိုင်ချူးသည် ထိုအရာကို ကြားသည့်အချိန်မှာတော့ ခဏလောက် တွန့်ဆုတ်သွားမိ၏။ သူသည် စိတ်ဝင်စားမှုများ ဖြစ်တည်လာခဲ့၏။ သူသည် သူ၏ စိတ်ဝင်စားမှုများကို ဖိနှိပ်သိမ်းဆည်းကာဖြင့်‌ ပြောဆိုလိုက်၏။ “တာအိုရောင်းရင်း.. ဒါ သင့်တော်လို့လား”

သူ့အနေနှင့် သူ့အခြေအနေအကြောင်းကို ကောင်းကောင်းသိ၏။ တချို့သော အရာများသည် သူ၏ လုပ်ပိုင်ခွင့် ထက် သာလွန်နေသည့် အရာမျိုးဖြစ်၏။ အင်မော်တယ်ဘုရင်တစ်ယောက် ဖြစ်သည်ဆိုလျှင်တောင်မှ သူသည် တစ်ဖက်သောသူများနှင့် နှိုင်းယှဉ်၍ ရသည့်လူမျိုး မဟုတ်ချေ။

ထို့အပြင် ထျန်းမင်တောင်သခင်သည် သူ့ကို လွယ်လွယ်ကူကူနှင့် အနိုင်ယူနိုင်စွမ်း ရှိသည့်လူတစ်ယောက် ဖြစ်၏။ ကွာစီအင်မော်တယ် အင်ပါယာအဆင့် သတင်းအချက်အလက်ကို သိရှိခြင်းသည် သူ့အတွက် ကောင်းမွန်သည့် အရာမျိုး ဟုတ်ချင်မှ ဟုတ်ပေလိမ့်မည်။

အထူးသဖြင့် လျှိုကလန်ဖြစ်၏။ အင်မော်တယ်ဘုရင်အဆင့် ပစ္စည်းသုံးမျိုးကို ပေးအပ်ခဲ့ရသောကြောင့် သူက ကြားဝင်ကာ လွယ်လွယ်ကူကူဖြင့် ရယူသွားမည်ဆိုလျှင် အဓိပ္ပာယ် မရှိလှချေ။ သူ့အနေနှင့် ယနေ့ ရရှိခဲ့သည့် အခွင့်အရေးကို လက်ခံလိုက်သည်ဆိုပါက ကျိန်းသေပေါက် အနာဂတ်တွင် ပြန်လည်ပေးဆပ်ရန် စိန်ခေါ်မှုကြီး တစ်ခု ဖြစ်လာမှာ သေချာ၏။

“အင်း... မသင့်လျော်တဲ့ အကြောင်းနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်နေဖို့ မလိုပါဘူး”

သတ္တမဘိုးဘေးကြီးက ဖျောင်းဖျ ပြောဆိုလိုက်သည်။ “တာအိုရောင်းရင်း တိုင်ချူး... အရမ်းကြီး တွေးမနေနဲ့။ ဒါ ကျုပ်က ခင်ဗျားကို လက်ဆောင်ပေးတယ်လို့ပဲ တွေးလို့ရတယ်။ အနာဂတ်မှာ ကျုပ်တို့က အတူပူးပေါင်းပြီးတော့ ထျန်းမင်တောင်သခင်ကို ရင်ဆိုင်ရမှာပဲလေ”

အင်မော်တယ်ဘုရင်အဆင့် ပစ္စည်းသုံးခုနှင့် လဲလှယ်ခဲ့သည့် သတင်းအချက်အလက်သည် သူ၏ မျက်လုံးထဲတွင် တန်ဖိုးအနည်းငယ်သာ ရှိနေသကဲ့သို့ ပုံစံမျိုးဖြင့် သတ္တမဘိုးဘေးကြီးက ပြောဆိုနေ၏။

“တာအိုရောင်းရင်း အကူအညီလိုတယ်ဆိုရင် ကျုပ် အကောင်းဆုံး လုပ်ပေးပါ့မယ်” တစ်ဖက်လူများက ထိုကဲ့သို့ ပြောဆိုနေပြီဆိုမှတော့ တိုင်ချူးအနေနှင့် ငြင်းပယ်နေ၍ မဖြစ်တော့ချေ။ ကွာစီအင်မော်တယ် အင်ပါယာသတင်း သည် ကျိန်းသေပေါက် အားလုံးသောသူတို့ စိတ်ဝင်စားသည့် အကြောင်းအရာဖြစ်၏။ သူ အပါအဝင်ပင်။

လက်ရှိအခြေအနေတွင် သူ၏ ပထမဦးဆုံး ရည်မှန်းချက်သည် ထျန်းမင်တောင်သခင်နှင့် ရင်ဆိုင်ရန်ဖြစ်၏။ ထိုကဲ့သို့ ရင်ဆိုင်သည့်နေရာတွင် ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက် ဖြစ်လာဖို့ အခွင့်အရေး ကို ပိုင်ဆိုင်နေသည်ဆိုပါက အကောင်းဆုံး ဖြစ်မည်မဟုတ်ပါလား။

“ကောင်းပြီ”

သတ္တမဘိုးဘေးကြီးက ရယ်မောလိုက်၏။ “ဒါဆိုရင် ခင်ဗျားကို ကျုပ် ဖုံးကွယ်မထားတော့ဘူး။ တာအို ရောင်းရင်း.. ကွာစီအင်မော်တယ် အင်ပါယာ အခွင့်အရေး ရနိုင်တဲ့ တည်နေရာက နတ်ဆိုးလောကရဲ့ အရှေ့ဘက် ရှုပ်ထွေးတဲ့ တည်နေရာ လေဟာနယ်လမ်းကြောင်းထဲမှာပဲ။ အဲနေရာမှာ အင်မော်တယ်အင်ပါယာ နှစ်ယောက်က ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြဖူးတယ်”

“အင်မော်တယ် အင်ပါယာတွေရဲ့ တိုက်ပွဲတည်နေရာလား”

လျှိုရွှမ်ချမ်သည် လေးနက်တည်ကြည်စွာဖြင့် ဝင်ရောက်ကာ မေးမြန်းလိုက်သည်။ “နတ်ဘုရားအင်ပါယာနဲ့ ငရဲလောကအရှင်တို့ တိုက်ခိုက်ခဲ့ကြတဲ့ တိုက်ပွဲတည်နေရာလား”

All Chapters