← Chapters

အခန်း (၁၃၆၆-၁၃၆၈)

Vol. 92 Ch. 1366-1368

အခန်း (၁၃၆၆-၁၃၆၈)

Vol. 92 Ch. 1366-1368

အခန်း(၁၃၆၆)

သွေးနတ်ဆိုးနန်းတော်၏ ထိပ်တန်း သွေးဧကရာဇ်ဆယ်ပါးထဲတွင် ဒုတိယနေရာတွင် ရှိသည့် သွေးကိုးလွှာဧကရာဇ်။

သွေးကိုးလွှာ ဧကရာဇ်သည် သူ၏ အထွတ်အထိပ် ကာလကဆိုလျှင် ရှန်းဝူတိုက်ကြီး၏ ထိပ်ဆုံးတွင် ရပ်တည်နေသည့် နတ်သန္ဓေအင်ပါယာတစ်ပါး ဖြစ်သည်။

ရှန်းဝူကုန်းမြေ တစ်ခုလုံးမှာပင် သွေးကိုးလွှာဧကရာဇ်ကို ယှဥ်နိုင်သူ အနည်းငယ်မျှသာ ရှိ၏။

ပြန်လည် မွေးဖွားလာပြီးနောက်တွင် သွေးကိုးလွှာ ဧကရာဇ်သည် သူ၏ အထွတ်အထိပ်ကာလ အခြေအနေနှင့် အလှမ်းဝေးနေသေးသော်လည်း အနည်းဆုံးတော့ အထွတ်အထိပ် နတ်သန္ဓေအင်ပါယာ စာရင်း၏ ထိပ်ဆုံးအယောက်နှစ်ဆယ်နှင့် ယှဥ်နိုင်နေပြီ ဖြစ်သည်။

ဤကဲ့သို့ အထွတ်အထိပ် ကျင့်ကြံသူတစ်ယောက်၏ ဖိအားကို သာမန် နတ်သန္ဓေအင်ပါယာ အဆင့် ကျင့်ကြံသူတစ်ယောက်သည် မည်ကဲ့သို့ ခံနိုင်ရည်ရှိပါမည်နည်း။

မျက်စိတစ်မှိတ်အတွင်းမှာပင် ကျန်းချန်နှင့်အတူ လိုက်ပါလာကြသော နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့် ကျင့်ကြံသူ အားလုံးနီးပါးသည် သွေးကိုးလွှာဧကရာဇ်၏ ဖိအားကြောင့် တုန်လှုပ်ကုန်ကြသည်။

ထိုဖိအားကို ခက်ခက်ခဲခဲ ခုခံနိုင်ခဲ့သည့် ရှောင်ပိုင်ရီနှင့် အခြားသော နတ်သန္ဓေအင်ပါယာနယ်ပယ် စတုတ္ထအဆင့် ကျင့်ကြံသူနှစ်ဦးက လွဲလျှင် ကျန်ရှိသည့် နတ်သန္ဓေအင်ပါယာ အဆင့် ကျင့်ကြံသူအားလုံးသည် လေထုထဲတွင် ပေ ၁၀၀ ခန့် နောက်ဆုတ်လိုက်ရ၏။

"ဒီသွေးကိုးလွှာဧကရာဇ်က အရမ်းကို သန်မာလွန်းတယ်.. ဘာမှမလုပ်ဘဲ အနည်းငယ်အော်လိုက်ရုံနဲ့တင် နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့် ကျင့်ကြံသူတွေကို တုန်လှုပ်အောင် လုပ်နိုင်ခဲ့တယ်.. တစ်ချိန်က ရှန်းဝူတိုက်ကြီးရဲ့အထွတ်အထိပ်မှာ ရပ်တည်နိုင်ခဲ့တဲ့ ပုဂ္ဂိုလ်လို့ မပြောရဘူး တကယ်ကို အစွမ်းထက်လွန်းတာပဲ"

"........"

လူတိုင်းသည် သွေးကိုးလွှာ ဧကရာဇ်ကို ကြည့်ကာ ၎င်းတို့၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့သည်။

သွေးကိုးလွှာဧကရာဇ် တစ်ပါးထဲကပင် ဤမျှအထိ အစွမ်းထက်နေခဲ့သည် ဖြစ်ရာ ကျန်ရှိသည့် သွေးဧကရာဇ်နှစ်ပါးပါ ထပ်မံ ပေါင်းထည့်လိုက်လျှင် မည်မျှပင် ကြောက်မက်ဖွယ်ရာ ကောင်းလိုက်ပါသနည်း။

ကြောက်မက်ဖွယ် အရှိန်အဝါများကို ထုတ်လွှတ်နေသည့် သွေးကိုးလွှာဧကရာဇ်ကို ရင်ဆိုင်နေရသော်လည်း ကျန်းချန်၏ အမူအရာသည် တည်တည်ငြိမ်ငြိမ်ပင် ရှိနေခဲ့သည်။

"ဟားဟား.. သွေးကိုးလွှာဧကရာဇ် ဒီလောက် အင်အားလောက်နဲ့တော့ ငါ့ကိုသတ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး.. မင်းတို့ သွေးဧကရာဇ် ဆယ်ပါးထဲမှာ ခုနစ်ပါးပဲ ယနေ့အထိ အသက်ရှင်ကျန်ရစ်ခဲ့တယ်.. အဲဒီအထဲက တစ်ယောက်ကို ငါနှိမ်နင်းခဲ့ပြီး ကျန်တဲ့သုံးယောက်က ငါ့ကိုသတ်ချင်ခဲ့ပေမဲ့ ငါကပဲ သူတို့အားလုံးကို သတ်ပစ်ခဲ့တယ်.. ဒီနေ့ ငါက မင်းတို့ သုံးယောက်ကိုသတ်ပြီး သွေးနတ်ဆိုးနန်းတော်ရဲ့ သွေးဧကရာဇ်ဆယ်ပါးလုံးကို ရှန်းဝူကုန်းမြေကနေ ထာဝရ ပျောက်ကွယ်သွားစေမယ်"

ကျန်းချန်၏ မောက်မာသော လေသံသည် ပတ်ဝန်းကျင်တွင် ချက်ချင်းပင် ပဲ့တင်ထပ်သွားခဲ့သည်။

"မလောက်လေးမလောက်စားကများ ငါ့ရှေ့မှာ မောက်မာရဲတယ် သွားသေလိုက်စမ်း"

ကျန်းချန်၏ မောက်မာသော လေသံကိုကြားလျှင် သွေးတိမ်တိုက် ဧကရာဇ်သည် ဒေါသအိုး ပေါက်ကွဲသွားခဲ့သည်။

သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ တိမ်တိုက်များကိုပင်လွှမ်းခြုံထားနိုင်သည့် ဧရာမ သွေးလက်ဝါးကြီးသည် လေထုထဲကနေ ရုတ်တရက် သက်ဆင်းလာခဲ့သည်။

"ဝုန်း.."

ထိုလက်ဝါး၏ ဖိအားအောက်တွင် လေထုပင် ပြိုကွဲသွားခဲ့သည်။

အချင်းမီတာ ရာပေါင်းများစွာ ရှိသည့် နေရာလွတ်ပင် ထိုဧရာမသွေးလက်ဝါး၏ အောက်တွင် ပျက်စီးသွားခဲ့သည်။

"ချေမှုန်းစမ်း"

ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် ဓားနယ်မြေ၏ စွမ်းအားကို လှုံ့ဆော်ကာ လက်ညှိုးမှ ဓားစွမ်းအားဖြင့် ပစ်ခတ်လိုက်သည်။

ထိုအခါ ကြောက်မက်ဖွယ်ရာကောင်းသော ဓားစွမ်းအင်သည် ဧရာမသွေးလက်ဝါးကို တစ်ချက်တည်းဖြင့် ဖောက်ထွင်းသွားခဲ့ပြီး ဧရာမ သွေးလက်ဝါးကြီးသည် အလယ်ဗဟိုကနေ မှန်ကဲ့သို့ ကြေမွသွားခဲ့သည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် ပင့်ကူမျှင်ကဲ့သို့ အက်ကွဲကြောင်းများသည် ဧရာမ သွေးလက်ဝါးပေါ်တွင် ပျံ့နှံ့သွားခဲ့၏။

အဆုံးသတ်တွင် သွေးလက်ဝါး တစ်ခုလုံးသည် လေထဲတွင် ပေါက်ကွဲထွက်သွားခဲ့သည်။

ထိုဧရာမ သွေးလက်ဝါး ပျက်စီးသွားသောအချိန်မှာပင် သွေးတိမ်တိုက်သည် စိတ်နှလုံးထဲကနေ အန္တရာယ် အငွေ့အသက်ကို ပင်ကိုဗီဇအရ ခံစားမိလိုက်သည်။

သူ၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့ပြီး ချက်ချင်းပင် ဆုတ်ခွာရန် ပြင်ဆင်လိုက်၏။

ထိုအချိန်မှာပင် သူနှင့် မနီးမဝေးတွင် ရှိနေသာ ကျန်းချန်သည် သူ၏ရှေ့တွင် တစ္ဆေကဲ့သို့ ရိပ်ခနဲ ပေါ်လာခဲ့ပြီး ရွှေရောင်လက်သီးချက်ဖြင့် သွေးတိမ်တိုက် ဧကရာဇ်၏ ရင်ဘတ်ကို ထိုးချလိုက်သည်။

မျက်တောင်တစ်ခတ် အတွင်းမှာပင် သွေးတိမ်တိုက်၏ ရင်ဘတ်ရှိ အရိုးနှင့် ကြွက်သား အများအပြားသည် ကျိုးကြေသွားခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံးသည် ကြိုးပြတ်သွား‌သော စွန်တစ်ကောင်နှယ် လေထဲကနေ ပြုတ်ကျလာခဲ့ကာ တွင်းနက်ကြီး တစ်ခုကိုပင် မြေပြင်ထက်၌ ဖြစ်ပေါ်စေခဲ့သည်။

"ဒါက နန်းတော်သခင်ကျန်းရဲ့ စွမ်းအားလား.. အရမ်းကို သန်မာလွန်းတာပဲ"

ထိုအချိန်တွင် လေထုထဲရှိ နတ်သန္ဓေအင်ပါယာအဆင့် ကျင့်ကြံသူများဖြစ်စေ၊ အောက်ဘက်ရှိ ကျင့်ကြံသူထောင်ပေါင်းများစွာ ဖြစ်စေ အားလုံးသည် စိတ်လှုပ်ရှား‌နေခဲ့ကြသည်။

လူသားဧကရာဇ်နန်းတော်သခင် ကျန်းချန်၏ ခွန်အားသည် အလွန်ပင် သန်မာ၏။

ပြန်လည် မွေးဖွားလာသော သွေးနတ်ဆိုးနန်းတော်၏ သွေးတိမ်တိုက် အရှင်သခင်ပင်လျှင် နန်းတော်သခင် ကျန်းချန်၏ လက်သီးချက်အောက်တွင် ရှုံးနိမ့်ခဲ့ရသည်။

လူသားဧကရာဇ် နန်းတော်သခင်သည် သွေးနတ်ဆိုးနန်းတော်ကို နှိမ်နင်းရန် သူတို့ကို အမှန်တကယ် ဦးဆောင်နေပြီ ဖြစ်၏။

"ကျန်းချန် မင်းကိုငါသတ်မယ်"

ထိုအချိန်မှာပင် တွင်းပေါက်ထဲကနေ ရုတ်တရက် အော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။

ချက်ချင်းဆိုသလိုပင် သွေးတိမ်တိုက်အရှင်သခင်သည် သွေးနီရောင်အလင်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး တွင်းနက်ထဲကနေ ကောင်းကင်ပေါ်သို့ ပျံသန်းလာခဲ့သည်။

သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ကြောက်မက်ဖွယ် သွေးစွမ်းအားများကို ထုတ်လွှတ်နေခဲ့ပြီး လေထုကိုပင် တုန်ခါစေခဲ့သည်။

သူ၏ နှုတ်ခမ်းထောင့်တွင် သွေးများက ဆက်လက် စီးကျနေသော်လည်း စွမ်းအားကမူ ပိုမို၍ပင် ကြောက်မက်ဖွယ်ရာ ကောင်းလာခဲ့သည်။

"အချိန်နှင့်အာကာသ ဓားနယ်မြေ အသက်ဝင်"

ကျန်းချန်သည် သွေးတိမ်တိုက် ဧကရာဇ်ကို လုံးဝ အရေးမစိုက်ခဲ့ပေ။

သူက လက်ထဲမှ ဥက္ကာခဲဓားကို ဝှေ့ယမ်းလိုက်ရာ အချိန်နှင့်အာကာသ ဓားနယ်မြေသည် သွေးတိမ်တိုက် ဧကရာဇ်ကို ချက်ချင်းပင် လွှမ်းခြုံသွားခဲ့သည်။

အချိန်နှင့်အာကာသ ဓားနယ်မြေ၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ခံစားမိလျှင် သွေးတိမ်တိုက်ဧကရာဇ်သည် ချက်ချင်းပင် ထိတ်လန့်သွားခဲ့၏။

သူက အချိန်နှင့်အာကာသ ဓားနယ်မြေ၏ အတားအဆီးကို ချိုးဖျက်ရန် သူ၏ စွမ်းအားများကို အပြည့်အဝ ထုတ်သုံးလိုက်သည်။

သို့သော်လည်း ယခုအခါတွင် ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် နတ်သန္ဓေအင်ပါယာနယ်ပယ် ဆဋ္ဌမအဆင့်ကို ရောက်ရှိနေပြီ ဖြစ်သလို အချိန်နှင့်အာကာသ ဓားနယ်မြေကိုလည်း လုံးဝနီးပါး ကျွမ်းကျင်နေခဲ့ပြီ ဖြစ်သည်။

ထို့အပြင် ဥက္ကာခဲဓား၏ စွမ်းအားကလည်း အလွန်တရာပင် ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။

ထို့ကြောင့် နတ်သန္ဓေအင်ပါယာ နယ်ပယ် နဝမအဆင့် ကျင့်ကြံသူဖြစ်သည့် သွေးတိမ်တိုက် ဧကရာဇ်သည် အချိန်နှင့်အာကာသ ဓားနယ်မြေ၏ အတားအဆီးကို အလွယ်တကူ မထိုးဖောက်နိုင်ခဲ့ပေ။

သွေးတိမ်တိုက် ဧကရာဇ်က ကျန်းချန်၏ ဆန်းကြယ်သောအချိန်နှင့်အာကာသ ဓားနယ်မြေအတွင်း ပိတ်မိနေသည်ကိုမြင်လျှင် သွေးကျီးကန်း၏ မျက်နှာအမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

ထို့နောက်တွင် သူ၏ ခန္ဓာကိုယ်ကနေ ကြောက်မက်ဖွယ်ရာကောင်းသော သွေးလှိုင်းကြီး တစ်ခုသည် ထွက်ပေါ်လာခဲ့သည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် ထိုသွေးလှိုင်းကြီးသည် ရုန့်ရင်းသော စွမ်းအင်များကို ထုတ်လွှတ်နေသည့် သွေးနဂါးကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ထိုသွေးနဂါးကြီးသည် ကမ္ဘာပေါ်တွင် အအေးဆုံးသော သွေးအဆိပ်ဖြင့် တည်ဆောက်ထားသကဲ့သို့ ကြောက်မက်ဖွယ်ရာအရှိန်အဝါများကို ထုတ်လွှတ်နေခဲ့သည်။

သွေးနဂါးကြီးနှင့် ပေပေါင်းများစွာ အကွာမှ ကျင့်ကြံသူများပင် ၎င်းတို့၏သွေးများခဲတော့မလို ခံစားခဲ့ရသည်။

"သွားစမ်း"

သွေးကျီးကန်း ဧကရာဇ်၏ ထိန်းချုပ်မှုအောက်တွင် သွေးနဂါးကြီးသည် ကျန်းချန်ကို နှိမ်နင်းရန် ပျံသန်းလာခဲ့သည်။

မီတာထောင်ချီ အချင်းဝက်ရှိသည့် နေရာလွတ် အားလုံးသည် ထိုသွေးနဂါးကြီး၏ ရှေ့တွင် ပေါက်ကွဲထွက်သွားခဲ့သည်။

"သဘာဝလွန် သွေးမျိုးဆက်စွမ်းရည် ကမ္ဘာဖျက်ဆီးနဂါးမီးလျှံ"

သွေးကျီးကန်း ဧကရာဇ်၏ ကြောက်မက်ဖွယ်ရာ ကောင်းသော တိုက်ခိုက်မှုကို ရင်ဆိုင်ရလျှင် ကျန်းချန်သည် သဘာဝလွန်သွေးမျိုးဆက် စွမ်းရည်ကို ချက်ချင်းပင် ဖော်ထုတ်လိုက်ရာ ရွှေရောင်နဂါးကြီးက ထွက်ပေါ်လာခဲ့ပြီး ရွှေရောင်မီးလျှံများကို မှုတ်ထုတ်လိုက်သည်။

ထို့နောက်တွင် ရွှေရောင်မီးလျှံသည် သွေးကျီးကန်းဧကရာဇ်၏ သွေးနဂါးကို လုံးဝ လောင်ကျွမ်းသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ကျန်းချန်သည် သူ၏ ခြေဖဝါးကို လေထဲတွင် ဆောင့်နင်းလိုက်ရာ ခန္ဓာကိုယ် တစ်ခုလုံးသည် သွေးကျီးကန်းဧကရာဇ် ဆီသို့ ပြေးဝင်သွားခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် လေထုထဲ၌ ကျန်းချန်၏ ပုံရိပ်ကလွဲလျှင် အရာအားလုံးသည် ရပ်တန့်နေခဲ့သည်။

သွေးကျီးကန်း ဧကရာဇ်ပင် ထိုအချိန်၌ ရှင်းပြ၍ မရနိုင်သည့်အင်အားဖြင့် ချည်နှောင်ခံထားရပြီး လုံးဝ လှုပ်ရှား၍ မရခဲ့ပေ။

ချက်ချင်းဆိုသလိုပင် သွေးကျီးကန်း ဧကရာဇ်၏ အမူအရာသည် အပြင်းအထန် ပြောင်းလဲသွားခဲ့သည်။

သူက လျှို့ဝှက်ဆန်းကြယ်သော စွမ်းအား၏ ချည်နှောင်မှုကနေ လွတ်မြောက်ရန် ပြင်ဆင်နေစဥ်မှာပင် တောက်ပသော ဓားအလင်းတစ်ခုသည် သူ၏ မျက်လုံးထဲတွင် လျင်မြန်စွာ ချဲ့ထွင်လာခဲ့ပြီး သူ၏ ထိတ်လန့်တကြား အကြည့်အောက်မှာပင် သူ၏ မျက်ခုံးနှစ်ခုကြားထဲကို ဖြတ်သန်းသွားခဲ့သည်။

"ဝုန်း.."

ရွှေကျီးကန်းဧကရာဇ်၏ ခန္ဓာကိုယ်က ချက်ချင်းပင် ပေါက်ကွဲထွက်သွားခဲ့ပြီး ထိုဓားချက်အောက်တွင် သူ၏ ဝိညာဥ်ပါ လုံးဝ ပျက်စီးသွားခဲ့သည်။

ထိုမြင်ကွင်းကြောင့် ပတ်ဝန်းကျင် တစ်ခုလုံးသည် ချက်ချင်းပင် တစပြင်နှယ် တိတ်ဆိတ်သွားခဲ့သည်။

ကျင့်ကြံသူ အားလုံးသည် လေထဲတွင် ဝင့်ကြွားစွာ ရပ်နေသည့် ကျန်းချန်ကို မှင်တက်၍ ငေးကြည့်နေခဲ့ကြပြီး ပြန်လည်သတိဝင်လာရန် အချိန်အတော်ကြာ ယူခဲ့ရသည်။

"သွေးတိမ်တိုက် ဧကရာဇ်ကို တစ်ကွက်တည်းနဲ့ အနိုင်ယူပြီး သွေးကျီးကန်း ဧကရာဇ်ကိုလည်း ဓားကွက်တစ်ကွက်တည်းနဲ့ ဖျက်ဆီးပစ်လိုက်တယ်.. ဘယ်လောက်တောင် အင်အားကောင်းပြီး လွှမ်းမိုးနိုင်တဲ့ ကျင့်ကြံသူလဲ"

"လူသားဧကရာဇ် ပြိုင်ဘက်ကင်းတယ်"

"လူသားဧကရာဇ် ပြိုင်ဘက်ကင်းတယ်"

"........"

ထိုအချိန်တွင် ကျင့်ကြံသူ ထောင်ပေါင်းများစွာသည် စိတ်လှုပ်ရှားလာခဲ့ကြပြီး လူအများအပြားသည် တစ်ခဲနက် အော်ဟစ် ကြွေးကြော်လိုက်ကြသည်။

အခန်း(၁၃၆၆)ပြီး၏။

အခန်း(၁၃၆၇)

"လူသားဧကရာဇ် ပြိုင်ဘက်ကင်းတယ်"

"လူသားဧကရာဇ် ပြိုင်ဘက်ကင်းတယ်"

"........."

ကျင့်ကြံသူ ထောင်ပေါင်းများစွာသည် လေထုထဲတွင် ဝင့်ကြွားစွာ ရပ်နေသည့် ကျန်းချန်ကို ကြည်ညိုလေးစားစွာ ကြည့်ရင်း စိတ်လှုပ်ရှားစွာ ကြွေးကြော်နေခဲ့ကြသည်။

ဆက်တိုက်ဆိုသလို ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ရာကောင်းသည့် အသံများကြောင့် လေထု တစ်ခုလုံးသည်ပင် တုန်ခါနေခဲ့သည်။

ယခုတစ်ကြိမ် သွေးနတ်ဆိုးနန်းတော် ပေါ်ထွက်လာသောအခါတွင် ကျုံးကျိုးကုန်းမြေသည် ချက်ချင်းဆိုသလိုပင် ရှုပ်ထွေးမှုများစွာ ဖြစ်ပေါ်ခဲ့ပြီး မြို့တော်ငါးခုပင် ထိုအရှုပ်အထွေး၌ မပါဝင်လိုဘဲ ကျုံးကျိုးကုန်းမြေကို စွန့်ပစ်ခဲ့ကြသည်။

ဤကဲ့သို့ အရေးကြီးသောအချိန်တွင် ကျန်းချန်သည် ရှေ့ထွက်လာခဲ့ပြီး တစ်ကိုယ်တော်စွမ်းရည်ဖြင့် သွေးနတ်ဆိုးနန်းတော်မှ ပြန်လည် မွေးဖွားလာသော သွေးဧကရာဇ်ကို သတ်ဖြတ်ကာ သွေးနတ်ဆိုးနန်းတော်၏ ဌာနခွဲများကို နှိမ်နင်းခဲ့သည်။

ဤမျှ ကြီးမားသော အောင်မြင်မှုကြောင့် ပြိုင်ဘက်ကင်းဟု ခေါ်ဆိုခံရလျှင်ပင် ချဲ့ကားခြင်း မဟုတ်ပေ။

ကျန်းချန်သည် လူသားဧကရာဇ်နန်းတော်၏ နန်းတော်သခင်ဖြစ်သောကြောင့် လူတိုင်းသည် ကျန်းချန်ကို လက်ရှိအချိန်တွင် လူသားဧကရာဇ် ဟုသာ ခေါ်ဝေါ်ခဲ့ကြသည်။

ယနေ့ ကျန်းချန်သည် လူတိုင်း၏ စိတ်နှလုံးထဲတွင် ရှန်းဝူကုန်းမြေ၏ လူသားဧကရာဇ်တစ်ပါး ဖြစ်လာသည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ။

"အစ်ကို သွေးကိုးလွှာဧကရာဇ်.. ငါ့ကို ကူညီပါဦး"

လူတိုင်းက စိတ်လှုပ်ရှားနေသော အချိန်မှာပင် ကျန်းချန်၏ အချိန်နှင့်အာကာသ ဓားနယ်မြေထဲတွင် ပိတ်မိနေသော သွေးတိမ်တိုက် ဧကရာဇ်သည် ထိတ်လန့်တကြား အော်ဟစ်အကူအညီတောင်းခဲ့သည်။

အချိန်နှင့်အာကာသ ဓားနယ်မြေ၏ အတားအဆီးက အလွန်တရာပင် အားကောင်းသောကြောင့် သွေးတိမ်တိုက်ဧကရာဇ်သည် သူ၏ ခွန်အားအပြည့်အဝကို အသုံးပြုခဲ့သည့်တိုင် ချိုးဖျက်ရန် ခက်ခဲနေခဲ့သည်။

ဤသည်ကပင် သွေးတိမ်တိုက် ဧကရာဇ်ကို ပို၍ကြောက်လန့်စေခဲ့၏။

ဤအချိန်နှင့်အာကာသ ဓားနယ်မြေ၏ စွမ်းအားသည် အလွန်တရာပင် ထူးဆန်းပြီး တစ်ခဏ အတွင်းမှာပင် သူ၏ သက်တမ်း ဆယ်ပုံတစ်ပုံခန့်ကို ဝါးမျိုသွားသည်ဟု ခံစားမိလိုက်သည်။

ဤအတိုင်းသာ ဆက်သွားနေမည်ဆိုလျှင် ဤလျှို့ဝှက်ဆန်းကြယ်သော ဓားနယ်မြေသည် သူ့ကို မကြာခင်မှာပင် သတ်ဖြတ်သွားပေလိမ့်မည်။

ထို့ကြောင့် သွေးတိမ်တိုက် ဧကရာဇ်က အချိန်မဆွဲဝံ့ဘဲ သွေးကိုးလွှာဧကရာဇ်ကို အလျင်အမြန် အကူအညီ တောင်းလိုက်သည်။

ဤအချိန်တွင် သွေးကိုးလွှာဧကရာဇ်သည် ကျန်းချန်ကို စူးစိုက်၍ ကြည့်နေခဲ့သည်။

သူ၏ မျက်နှာထက်တွင် အံ့သြထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။

ထိုကောင်လေးသည် အချိန်တစ်ခဏအတွင်းမှာပင် သွေးတိမ်တိုက် ဧကရာဇ်ကို လျှို့ဝှက်ဆန်းကြယ်သော နယ်မြေထဲတွင် ပိတ်ဆို့ခဲ့ပြီး သွေးကျီးကန်း ဧကရာဇ်ကို သတ်ဖြတ်ခဲ့သည်။

သွေးကိုးလွှာဧကရာဇ်သည် ကျန်းချန်က နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့်ကျင့်ကြံသူကို သတ်ဖြတ်နိုင်သည့်စွမ်းအားရှိမှန်း သိသော်လည်း ဤမျှအထိ အင်အားကြီးမားလိမ့်မည်ဟု မထင်ထားခဲ့ပေ။

"ကျန်းချန် မင်းက ရှန်းဝူတိုက်ရဲ့ နံပါတ်(၁) ပါရမီရှင်ဆိုတဲ့ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ်.. မင်းတစ်ယောက်တည်းနဲ့တင် ငါတို့ သွေးနတ်ဆိုးနန်းတော်ကို ရင်ဆိုင်နိုင်ခဲ့တယ်.. မင်းရဲ့ပါရမီက ကောင်းကင်ကိုတောင် တုန်လှုပ်စေတယ် ဆိုပေမဲ့ ငါသွေးကိုးလွှာ ဧကရာဇ် ရှေ့မှာတော့ ပျက်စီးဖို့ တစ်လမ်းပဲ ရှိတယ်"

သွေးကိုးလွှာဧကရာဇ်က ကြုံးဝါးလိုက်ပြီးနောက်တွင် ဆန်းကြယ်သော လက်ဟန်များကို ပြုလုပ်လိုက်သည်။

ထို့နောက်တွင် သူ၏ ခန္ဓာကိုယ်ကနေ ဖျက်ဆီးခြင်းစွမ်းအားများ ပါဝင်နေသော သွေးစွမ်းအား တစ်ခုသည် ပေါက်ကွဲ၍ ထွက်လာခဲ့၏။

သွေးကိုးလွှာဧကရာဇ်၏ ဖျက်ဆီးခြင်း သွေးစွမ်းအားသည် လေထုထဲတွင် ပြည့်နှက်သွားသည်နှင့်အမျှ အောက်ဘက်ရှိ ကျင့်ကြံသူ အများစု၏ မျက်နှာအမူအရာများသည်လည်း ပြောင်းလဲသွားခဲ့သည်။

သွေးကိုးလွှာဧကရာဇ်၏ ဖျက်ဆီးခြင်းစွမ်းအားများ ပါဝင်နေသော သွေးစွမ်းအားများ၏ လွှမ်းခြုံမှုအောက်တွင် ၎င်းတို့၏ နှလုံးသားသည် ကမ္ဘာတစ်ခုလုံး ဖျက်ဆီးခံရတော့မည်ဟု ခံစားခဲ့ရပြီး အလွန်အမင်း စိတ်ပျက်အားငယ်သော ခံစားချက်များသည် ခန္ဓာကိုယ် တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့သည်။

"ဒါက ဘယ်လိုတိုက်ခိုက်ရေးစွမ်းရည်လဲ.. တကယ်ကို ကြောက်ဖို့ကောင်းတာပဲ"

ကျင့်ကြံသူများစွာသည် သွေးကိုးလွှာ ဧကရာဇ်ထံမှ ဆန်းကြယ်သော စွမ်းအားကို ခံစားမိလိုက်ကြပြီး ၎င်းတို့၏ နဖူးပေါ်တွင် ချွေးစေးများပင် ထွက်လာခဲ့ကြသည်။

သူတို့က ပေထောင်ချီ အကွာအဝေးတွင် ရှိနေသည့်တိုင် သွေးကိုးလွှာ ဧကရာဇ်၏ ဖျက်ဆီးခြင်းစွမ်းရည်များ ပါဝင်နေသော သွေးစွမ်းအား လွှမ်းမိုးမှုအောက်တွင် သူတို့၏ စိတ်နှလုံးထဲ၌ အဆုံးမဲ့ အနှုတ်လက္ခဏာဆောင်သည့် ခံစားချက်များ ဖြစ်ပေါ်လာခဲ့ပြီး မိမိကိုယ်ကို သတ်သေချင်စိတ်များပင် ဖြစ်ပေါ်လာခဲ့သည်။

"ကျန်းချန် ဒီဧကရာဇ်က ရှန်းဝူတိုက်မှာ နှစ်‌ပေါင်းများစွာ ကျင်လည်ခဲ့တယ်.. ဒီဖျက်ဆီးခြင်းနည်းစနစ်က နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့် ကျင့်ကြံသူ အများအပြားကို သတ်ဖြတ်နိုင်ခဲ့တယ်.. ဒီနေ့တော့ ဒီနည်းစနစ်ကို အသုံးပြုပြီး ရှန်းဝူတိုက်ရဲ့ နံပါတ်(၁) ပါရမီရှင်ဖြစ်တဲ့ မင်းကို ဖျက်ဆီးပစ်မယ်"

သွေးကိုးလွှာဧကရာဇ်က အေးစက်စက် ရေရွတ်လိုက်ပြီးနောက်တွင် ကျန်းချန်ကို လက်ညှိုးဖြင့် ညွှန်လိုက်သည်။

နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့် ကျင့်ကြံသူ ဖြစ်သည့် သွေးဧကရာဇ်ကို သတ်ဖြတ်နိုင်သော ကျန်းချန်ကို ရင်ဆိုင်ရာ၌ သွေးကိုးလွှာ ဧကရာဇ်သည် အနည်းငယ်မျှပင် မပေါ့ဆဝံ့ဘဲ သူ၏ အစွမ်းအထက်ဆုံး သွေးနည်းစနစ်ကို ထုတ်သုံးခဲ့သည်။

သွေးကိုးလွှာ ဧကရာဇ်က လက်ညှိုးညွှန်လိုက်သည်နှင့် တစ်ပြိုင်နက် ကမ္ဘာတစ်ခုလုံးသည် ကမ္ဘာပျက်မည့်နေ့ ကဲ့သို့ ဖြစ်သွားခဲ့ပြီး ဖျက်စီးခြင်း သွေးမုန်တိုင်းကြီးတစ်ခုသည် သွေးကိုးလွှာဧကရာဇ်၏ လက်ညှိုးကနေ ဟာရီကိန်းမုန်တိုင်းကဲ့သို့ ထွက်‌ပေါ်လာခဲ့သည်။

ထိုသွေးမုန်တိုင်းသည် အလွန်တရာ ကြောက်မက်ဖွယ် ကောင်းသော ဖျက်ဆီးခြင်းစွမ်းအင်များဖြင့် ပြည့်နှက်နေပြီး ထိုသွေးမုန်တိုင်းအောက်တွင် သက်ရှိမှန်သမျှ အားလုံးသည် အမှုန့် ဖြစ်သွားတော့မည်နှယ် ဖြစ်နေခဲ့၏။

သွေးမုန်တိုင်း ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်ရှိ နေရာလွတ်များသည် အက်ကွဲသွားခဲ့ပြီး မီတာထောင်ပေါင်းများစွာ အကွာအဝေးရှိ နေရာလွတ်များပင် အက်ကွဲကြောင်းများ တိုက်ရိုက် ဖြစ်ပေါ်လာခဲ့သည်။

ကောင်းကင်တစ်ခွင်လုံးကို လွှမ်းမိုးနေသည့် ဖျက်ဆီးခြင်း သွေးမုန်တိုင်းကို ကြည့်ရင်း ကျန်းချန်၏ မျက်နှာထက်တွင် လေးနက်သော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။

ဤသွေးကိုးလွှာ ဧကရာဇ်သည် သွေးနတ်ဆိုးနန်းတော်မှ ထိပ်တန်း သွေးဧကရာဇ်ဆယ်ပါး၏ ဒုတိယနေရာနှင့်ထိုက်တန်ပြီး ၎င်း၏ စွမ်းအားသည် အလွန်တရာပင် အားကောင်းလွန်းသည်ဟု ဆိုနိုင်သည်။

ကျန်းချန်၏ လက်ရှိစွမ်းအားဖြင့်ပင် ထိုသွေးမုန်တိုင်းကနေ အန္တရာယ် အရိပ်အ‌ငွေ့ကို ခပ်ရေးရေး ခံစားမိခဲ့သည်။

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ပြီးနောက်တွင် တိမ်တိုက်ဝါးမျို နည်းစနစ်ကို ချက်ချင်းပင် လှုံ့ဆော်လိုက်သည်။

ထို့အပြင် နယ်မြေငါးမျိုး ပေါင်းစပ်ဖွဲ့စည်းထားသော ငါးရောင်ခြယ် အလင်းတန်းကို ထုတ်ဖော်ကာ သွေးမုန်တိုင်းနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်၏။

"ဝုန်း.."

ဥက္ကာခဲများ တိုက်မိသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ထိပ်တိုက် တွေ့ဆုံမှုသည် လေထုထဲတွင် ကျယ်လောင်သောပေါက်ကွဲသံကို ထွက်လာစေခဲ့သည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် ကမ္ဘာကိုပင် ဖျက်ဆီးနိုင်သော စွမ်းအင်မုန်တိုင်း တစ်ခုသည် သွေးမုန်တိုင်းနှင့် ငါးရောင်ခြယ် အလင်းတန်းတို့ ထိပ်တိုက်တွေ့ဆုံသော နေရာကို ဗဟိုပြုကာ ကောင်းကင် တစ်ခွင်လုံးကို ချက်ချင်းပင် လွှမ်းမိုးသွားခဲ့သည်။

ရှောင်ကျင့်ယွင်နှင့်‌ ရှောင်ပိုင်ရီတို့ အပါအဝင် ကျင့်ကြံသူအားလုံးသည် ဤဖျက်ဆီးခြင်း သွေးမုန်တိုင်းကြောင့် ခြေလှမ်း ရာပေါင်းများစွာ နောက်သို့ ဆုတ်လိုက်ရ၏။

"ဒါက နတ်သန္ဓေအင်ပါယာ နယ်ပယ် နဝမအဆင့် ကျင့်ကြံသူတွေရဲ့ တိုက်ပွဲလား တကယ်ကို ကြောက်စရာကောင်းတာပဲ"

လူတိုင်း၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်သော အံ့အားသင့်သည့် အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့သည်။

ကျင့်ကြံသူ အားလုံးသည် ဖျက်ဆီးခြင်းမုန်တိုင်းများ ဖုံးလွှမ်းနေသော နေရာသို့ အလွန် စိုးရိမ်ပူပန်သော မျက်ဝန်းများဖြင့် ကြည့်ရှုနေခဲ့ကြသည်။

ဤတိုက်ပွဲသည် ကျုံးကျိုးကုန်းမြေတစ်ခုလုံး၏ ကံကြမ္မာနှင့်ဆက်စပ်နေ၏။

အကယ်၍ သူတို့သာအနိုင်ရခဲ့လျှင် သွေးနတ်ဆိုးနန်းတော်ကို တစ်ချီတည်းဖြင့် နှိမ်နင်းနိုင်မည်ဖြစ်ပြီး အကယ်၍ ရှုံးနိမ့်ခဲ့လျှင် ကျုံးကျိုးကုန်းမြေတစ်ခုလုံးပျက်စီးသွားမည်ကိုပင် စိုးရိမ်ရ၏။

ကြောက်မက်ဖွယ်ကောင်းသော ဖျက်စီးခြင်း သွေးမုန်တိုင်းသည် လေထဲတွင် ခဏမျှ ရှိနေခဲ့ပြီး အဆုံးသတ်၌ ဖြည်းဖြည်းချင်း လွင့်ပါးသွားခဲ့သည်။

ခဏအကြာတွင် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ပိန်ပါးပါး လူငယ်တစ်ဦးသည် အဆုံးသတ်၌ လေထုထဲကနေ ထွက်ပေါ်လာခဲ့၏။

ထိုအနက်ရောင်ဝတ်စုံဝတ် လူငယ်မှ လွဲ၍ ပတ်ဝန်းကျင်တွင် ဒုတိယမြောက် ပုံရိပ်မရှိပေ။

အချိန်နှင့်အာကာသ ဓားနယ်မြေထဲတွင် ပိတ်မိနေသော သွေးတိမ်တိုက် ဧကရာဇ်ဖြစ်စေ၊ သွေးကိုးလွှာဧကရာဇ်ဖြစ်စေ၊ ၎င်းတို့အားလုံးသည် ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးခြင်းမုန်တိုင်းအောက်တွင် လုံးဝ ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့ပုံရသည်။

"နိုင်ပြီဟေ့.. ငါတို့ရဲ့ လူသားဧကရာဇ် အနိုင်ရသွားခဲ့ပြီ"

အနက်ရောင်ဝတ်စုံဝတ် လူငယ် လေထုထဲတွင် ထွက်ပေါ်လာသော အချိန်မှာပင် အောက်ဘက်ရှိ ကျင့်ကြံသူများစွာသည် စိတ်လှုပ်ရှားစွာဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။

"အားလုံးပဲ ငါနဲ့အတူ ငါတို့ရှေ့မှာ ရှိတဲ့ သွေးနတ်ဆိုးနန်းတော်ကို ချေမှုန်းကြစို့"

ကျန်းချန်၏ ကျယ်လောင်သော အမိန့်ပေးသံသည် ပတ်ဝန်းကျင် တစ်ခွင်တွင် ပဲ့တင်ထပ်သွားခဲ့သည်။

"လူသားဧကရာဇ်ရဲ့ အမိန့်ကို လိုက်နာပါ့မယ်"

လူတိုင်းက တညီတညွတ်တည်း ပြန်ဖြေလိုက်ကြ၏။

၎င်းတို့၏ အသံများသည် ကောင်းကင်နှင့်မြေကြီးကြားရှိ တိမ်တိုက်များကိုပင် ပျောက်ကွယ်သွားစေနိုင်လောက်သည်အထိ ကျယ်လောင်လှ၏။

‌ရှောင်ပိုင်ရီ၊ ရှောင်ကျင့်ယွင်နှင့် နတ်သန္ဓေအင်ပါယာအဆင့် ကျင့်ကြံသူများ အားလုံးသည် တစ်ချိန်တည်းမှာပင် စတင်လှုပ်ရှားခဲ့ကြပြီး ကျန်းချန်၏ အနောက်ကို လိုက်ပါကာ ၎င်းတို့အရှေ့ရှိ သွေးနတ်ဆိုးနန်းတော်ကို သတ်ဖြတ်ရန် ဦးတည်ခဲ့ကြသည်။

"သတ်ကြဟေ့"

"သွေးနတ်ဆိုးနန်းတော်ကို ချေမှုန်းကြ"

ကျင့်ကြံသူ ထောင်ပေါင်းများစွာသည် သွေးနတ်ဆိုးနန်းတော်ကို အင်အားအပြည့်ဖြင့် တိုက်ခိုက်ခဲ့သည်။

ယခုအခါတွင် သွေးနတ်ဆိုးနန်းတော်သည် ၎င်းတို့၏ ခေါင်းဆောင်သုံးဦး ဖြစ်သည့် သွေးဧကရာဇ်သုံးပါး သတ်ဖြတ်ခံလိုက်ရပြီ ဖြစ်ရာ လုံးဝ ခုခံနိုင်စွမ်းမရှိတော့ပေ။

ကျန်းချန်က သွေးနတ်ဆိုးနန်းတော်မှ နတ်သန္ဓေအင်ပါယာနယ်ပယ် ပဉ္စမအဆင့် အထက်ရှိ အင်အားကြီးမားသော ကျင့်ကြံသူများကို ရင်ဆိုင်ခဲ့ပြီး ရှောင်ကျင့်ယွင်၊ ရှောင်ပိုင်ရီနှင့်အခြားသူများသည် ကျင့်ကြံသူ ထောင်ပေါင်းများစွာကို ဦးဆောင်ကာ သွေးနတ်ဆိုးနန်းတော်ကို လုံးဝ ဖြိုခွင်းခဲ့ကြသည်။

ဤသို့ဖြင့် ကျုံးကျိုးကုန်းမြေတွင် ပေါ်ထွက်လာသော သွေးနတ်ဆိုးနန်းတော်၏ အဓိကဌာနခွဲ ခြောက်ခုကို လဝက်မပြည့်သော အချိန်အတွင်းမှာပင် ကျန်းချန်က ဖြိုခွင်းနိုင်ခဲ့သည်။

အခန်း(၁၃၆၇)ပြီး၏။

အခန်း(၁၃၆၈)

သွေးနတ်ဆိုးနန်းတော်ကို နှိမ်နင်းလိုက်နိုင်ပြီ ဖြစ်သည်။

လူသားဧကရာဇ်ကျန်းချန်သည် လဝက်မပြည့်မီ အချိန်အတွင်းမှာပင် သွေးနတ်ဆိုးနန်းတော်မှ သွေးဧကရာဇ်များကို အနိုင်ယူကာ ၎င်းတို့၏ ဌာနခွဲခြောက်ခု စလုံးကို ဖျက်ဆီးနိုင်ခဲ့သည်။

ဤသတင်း ပျံ့နှံ့သွားသည်နှင့် တစ်ပြိုင်နက် ကျုံးကျိုးကုန်းမြေ တစ်ခုလုံးသည် တုန်လှုပ်သွားခဲ့ကြ၏။

အထူးသဖြင့် လဝက် အတောအတွင်း ထိုကဲ့သို့သော အောင်မြင်မှုမျိုးကို အမှန်တကယ် လုပ်ဆောင်နိုင်လိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ကြပေ။

ယခုအခါတွင် ကျုံးကျိုးကုန်းမြေမှ ကျင့်ကြံသူ အများအပြားသည် ဤကြီးမားသော အောင်ပွဲကြီး၏ ရလဒ်ကြောင့် တိုက်ပွဲဝင်စိတ်များ နိုးကြားလာကြသည်။

ကျုံးကျိုးကုန်းမြေရှိ သူတော်စင်မြို့တော် ငါးမြို့အပြင် အင်အားစုများ အားလုံးသည် သွေးနတ်ဆိုးနန်းတော်၏ ကျန်ရှိနေသေးသော အကြွင်းအကျန်များကို ဖယ်ရှားရန် စတင်လှုပ်ရှားခဲ့ကြသည်။

လွန်ခဲ့သည့်လဝက်က လျှပ်စီးလျှပ်သကဲ့သို့ မြန်ဆန်လွန်းသော အရှိန်အဟုန်ဖြင့် ကျုံးကျိုးကုန်းမြေ တစ်ခုလုံးကို လွှမ်းမိုးခဲ့သည့် သွေးနတ်ဆိုးနန်းတော်သည် လုံးဝ နှိမ်နင်းခံလိုက်ရသည်။

ကျုံးကျိုးကုန်းမြေရှိ အင်အားစုများက သွေးနတ်ဆိုးနန်းတော်၏ ကြွင်းကျန်ရစ်သော အခြေစိုက်စခန်းများကို ရှင်းလင်းနေစဥ်မှာပင် ကျန်းချန်သည် ကျင့်ကြံသူ ထောင်ပေါင်းများစွာကို လူသားဧကရာဇ်နန်းတော် ဆီသို့ တိုက်ရိုက်ဦးဆောင်၍ ခေါ်လာခဲ့သည်။

ထိုကျင့်ကြံသူများသည် ကျန်းချန်၏ နောက်သို့ ဆက်လက်လိုက်ပါရန်နှင့် လူသားဧကရာဇ် နန်းတော်တွင် ပါဝင်ရန် စိတ်အားထက်သန်နေခဲ့ကြ၏။

ကျန်းချန်က ၎င်းတို့ကို ဝမ်းမြောက်ဝမ်းသာပင် လက်ခံခဲ့သည်။

သူက သွေးနတ်ဆိုးနန်းတော်ကို အလွယ်တကူ နှိမ်နင်းနိုင်ခဲ့သော်လည်း ရှန်းဝူတိုက်တွင် အမြဲတစေ အေးချမ်းနေမည် မဟုတ်ပေ။

ထို့ကြောင့် ဤအင်အားစုများကို စုစည်းကာ လူသားဧကရာဇ်နန်းတော်၏ ခွန်အားကို မြှင့်တင်ခြင်းသည် သံသယဖြစ်ဖွယ်ရာမရှိ အကောင်းဘက်သို့ ဦးတည်သော လုပ်ဆောင်ချက်ပင် ဖြစ်သည်။

ထိုကျင့်ကြံသူ ထောင်ပေါင်းများစွာနှင့် အတူ လူသားဧကရာဇ်နန်းတော်သို့ ပြန်ရောက်သောအခါတွင် ကျန်းချန်သည် လူသားဧကရာဇ် နန်းတော်၏ အကြီးအကဲများကို ၎င်းတို့အား နေရာချထားပေးရန် လွှဲအပ်ခဲ့သည်။

ကျန်းချန် ပြန်လည် ရောက်ရှိလာပြီးနောက်တွင် ကျုံးကျိုးကုန်းမြေ၏ မြောက်ပိုင်းကမ်းရိုးတန်း ဒေသတစ်ခုလုံးသည် ယခင်ကထက် ပိုမို စည်းကားလာခဲ့သည်။

ဤတိုက်ပွဲပြီးနောက်တွင် လူသားဧကရာဇ်ကျန်းချန် ဟူသော အမည်သည် ကမ္ဘာတစ်ခွင် ပဲ့တင်ထပ်ခဲ့ပြီး လူသားဧကရာဇ်နန်းတော်သည်လည်း ကျုံးကျိုးကုန်းမြေတွင် ကြီးမားသောဂုဏ်သတင်းကို ရရှိခဲ့ကာ ကျုံးကျိုးကုန်းမြေရှိ မြို့တော်ငါးခုကိုပင် လုံးဝ ကျော်လွန်သွားခဲ့သည်။

ကျုံးကျိုးကုန်းမြေမှ အင်အားစု များစွာသည် ကျန်းချန်ကို ဂါဝရပြုရန် အတွက် လူသားဧကရာဇ် နန်းတော်သို့ စိတ်အားထက်သန်စွာ လာရောက်ခဲ့ကြသည်။

ကြယ်နှစ်ပွင့်နှင့် ကြယ်သုံးပွင့်အဆင့် အင်အားစုများစွာပင် မြောက်ပိုင်းကမ်းရိုးတန်း ဒေသသို့ ပြောင်း‌ရွှေ့ရန် ဆုံးဖြတ်ခဲ့ကြပြီး လူသားဧကရာဇ် နန်းတော်ကို သစ္စာခံခဲ့ကြသည်။

ထို့ကြောင့် မူလက ကျုံးကျိုးကုန်းမြေတွင် အထီးကျန်ဆန်ဆုံးဖြစ်ခဲ့သော မြောက်ပိုင်းကမ်းရိုးတန်း‌ ဒေသသည် လျင်မြန်စွာပင် စည်ပင်ဖွံ့ဖြိုးလာခဲ့သည်။

ကြယ်နှစ်ပွင့်နှင့် ကြယ်သုံးပွင့်အဆင့် အင်အားစုများစွာ အခြေချလာသောကြောင့် မြောက်ပိုင်းကမ်းရိုးတန်း ဒေသသည် ယခုအခါတွင် ကျုံးကျိုးကုန်းမြေ၏ သူတော်စင်မြို့တော် ငါးမြို့ထက်ပင် ခွန်အားနှင့် စည်ပင်သာယာမှု နှစ်ခုလုံး၌ သာလွန်နေခဲ့ပြီ ဖြစ်၏။

သို့သော်လည်း ကျန်းချန်သည် ဤတိုးတက်မှုများ အပေါ်တွင် အနည်းငယ်မျှ ဂရုမစိုက်အားခဲ့ပေ။

သူက လူသားဧကရာဇ် နန်းတော်သို့ ပြန်ရောက်ပြီးနောက်တွင် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များ အားလုံးကို ယဲ့ချန်ကျွင်းနှင့်အခြားသူများအား လွှဲအပ်ခဲ့သည်။

ကျန်းချန်သည် လူသားဧကရာဇ်နန်းတော်နှင့် အင်ပါယာမြှုပ်နှံခြင်းချောက်နက်ကို ဆက်သွယ်ထားသည့် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို ကြည့်ရှုစစ်ဆေးပြီးနောက်တွင် သူ၏ အချိန်များစုကို ကျင့်ကြံခြင်းတွင်သာ မြှုပ်နှံခဲ့သည်။

ကျန်းချန်၏ လက်ရှိ တိုက်ခိုက်ရေးစွမ်းအင်သည် ကျုံးကျိုးကုန်းမြေရှိ နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့် ကျင့်ကြံသူများနှင့် ယှဥ်ပြိုင်နိုင်လောက်သည်အထိ လုံလောက်သော်လည်း ကျန်းချန်သည် မပေါ့ဆဝံ့ပေ။

အဘယ်ကြောင့်ဆိုသော် နှစ်(၁၀၀၀၀) ဟူသော ကာလသည် လျင်မြန်စွာ ချဥ်းကပ်လာနေသောကြောင့်ပင်။

ဆိုရလျှင် အင်ပါယာမြှုပ်နှံခြင်းချောက်နက်ထဲရှိ ရွှမ်းဝူ ကောင်းကင်အစီအရင်၏ စွမ်းအားသည် အချိန်မရွေး ပျောက်ကွယ်သွားနိုင်ပေသည်။

ထိုအချိန်သို့ရောက်လျှင် ရှန်းဝူတိုက်နှင့် ရွှယ်လင်ကုန်းမြေတိုက်တို့ အကြားရှိ တည်နေရာ‌ရွှေ့ပြောင်းခြင်း အစီအရင်က ပွင့်လာမည်ဖြစ်ပြီး သွေးဝိညာဥ်မျိုးနွယ်စု၏ တပ်မှုးချုပ် ဖြစ်သည့် ကျိုးယိုသည်လည်း လွတ်မြောက်လာလိမ့်မည်ဖြစ်သည်။

ဤအဖြစ်အပျက်များသာ ဖြစ်ပေါ်လာခဲ့လျှင် ကျန်းချန်၏ လက်ရှိ ကိုင်တွယ်နိုင်စွမ်းထက် များစွာ ကျော်လွန်သွားမည်ဖြစ်သည်။

ထို့ကြောင့် ကျန်းချန် လုပ်‌ဆောင်နိုင်သည့် တစ်ခုတည်းသောအရာမှာ သူ၏ ခွန်အားကိုမြှင့်တင်ရန် အချိန်အများစုကို အကျိုးရှိရှိ အသုံးချပြီး အင်ပါယာနယ်ပယ်သို့ အလျင်မြန်ဆုံး ထိုးဖောက်နိုင်ရန် ကြိုးစားခြင်းပင် ဖြစ်သည်။

ကျန်းချန်သည် ရွှယ်မင်ကျောင်းဆောင်ကို အပြည့်အဝထိန်းချုပ်ပြီးနောက်တွင် ကျောင်းဆောင်၏ ပဉ္စမထပ်ရှိ သူတော်စင်ရွှယ်မင် ချန်ထားရစ်ခဲ့သော အင်ပါယာနယ်ပယ်အဆင့်သို့ ထိုးဖောက်နိုင်မည့် လျှို့ဝှက်ချက်ကို ရရှိခဲ့သည်။

သို့သော်လည်း အင်ပါယာနယ်ပယ် အဆင့်သို့ ထိုးဖောက်နိုင်မည့် လျှို့ဝှက်ချက်သည် ရှန်းဝူတိုက်မှ ကျင့်ကြံသူများ အတွက် ယနေ့ခေတ်တွင် အသုံးမဝင်ပေ။

အဘယ်ကြောင့်ဆိုသော် အင်ပါယာနယ်ပယ် အဆင့်သို့ ထိုးဖောက်ရန် အတွက် ရှန်းဝူကုန်းမြေတိုက်၏ မူလစွမ်းအားကို လိုအပ်သောကြောင့်ပင်။

ဂြိုဟ်၏ မူလစွမ်းအားတွင် ကမ္ဘာ၏ မူလ ဥပဒေသများ ပါဝင်နေသည်။

ရှန်းဝူတိုက်ကြီးတွင် အဆင့်တစ်ခုသို့ ရောက်ရှိပြီးနောက်တွင် နတ်သန္ဓေအင်ပါယာနယ်ပယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူသည် ဂြိုဟ်၏ မူလအစနှင့် ဆက်သွယ်မှု တည်ဆောက်ပြီး ကောင်းကင်နှင့်မြေကြီး၏ ကပ်ဘေးကို ဖြစ်ပေါ်စေနိုင်သည်။

ထိုကပ်ဘေးကို ရှန်းဝူတိုက်မှ ကျင့်ကြံသူများသည် အင်ပါယာကပ်ဘေးဟုလည်း ခေါ်ဆိုကြ၏။

နတ်သန္ဓေအင်ပါယာနယ်ပယ်အဆင့် အထွတ်အထိပ် ကျင့်ကြံသူသည် အင်ပါယာကပ်ဘေးကို ကျော်ဖြတ်ပြီးသည်နှင့် ၎င်းတို့၏ ခန္ဓာကိုယ်၊အရိုး၊ဝိညာဥ် သို့မဟုတ် တိုက်ခိုက်ရေးစွမ်းအားတို့သည် အဆုံးစွန်အထိ မြှင့်တင်ခံရမည် ဖြစ်ပြီး နယ်ပယ် အဆင့် အသစ် တစ်ခုသို့ ရောက်ရှိသွားလိမ့်မည် ဖြစ်သည်။

ဤနယ်ပယ်အဆင့်ကို ကွေရှဟု ခေါ်ပြီး ရှန်းဝူတိုက်တွင်မူ အင်ပါယာနယ်ပယ် အဆင့်ဟု ခေါ်ဆိုကြ၏။

လက်ရှိတွင် ရှန်းဝူတိုက်၏ မူလစွမ်းအားကို ရှန်းဝူကောင်းကင်အစီအရင်က ကြားဖြတ် ယူသုံးထားသောကြောင့် ကျင့်ကြံသူများသည် ကောင်းကင်နှင့် မြေကြီး၏ ကပ်ဘေးကို ဖြစ်ပေါ်ရန် မဆိုထားနှင့်၊ မူလစွမ်းအား၏ တည်ရှိမှုကိုပင် လုံးဝ မခံစားနိုင်တော့ပေ။

ထို့ကြောင့် လွန်ခဲ့သည့် နှစ်(၁၀၀၀၀)က စစ်ပွဲကြီး ပြီးသည့်အချိန်မှစ၍ ရှန်းဝူတိုက်ကြီးတွင် အင်ပါယာတစ်ပါးမှ ထွက်ပေါ်ခဲ့ခြင်း မရှိသေးပေ။

သို့သော်လည်း ကျန်းချန်ကမူ ရှန်းဝူတိုက်မှ အခြားသောကျင့်ကြံသူများနှင့် ကွဲပြား၏။

သူ၏ခန္ဓာကိုယ်တွင် စနစ်တစ်ခု ပိုင်ဆိုင်ထားသောကြောင့် အဆင့်တက်လှမ်းရန် မည်သည့် ကန့်သတ်ချက်မှ မရှိပေ။

လုံလောက်သော အတွေ့အကြုံရမှတ်များသာ စုဆောင်းမိလျှင် ရွှမ်းဝူကောင်းကင် အစီအရင် မပျက်စီးမီ ရှန်းဝူတိုက်၏ တစ်ဦးတည်းသော အင်ပါယာနယ်ပယ်အဆင့် ကျင့်ကြံသူ ဖြစ်လာလိမ့်မည်ဟု ကျန်းချန် ယုံကြည်မှုရှိခဲ့သည်။

သူ့အတွက် အကြီးမားဆုံး စိန်ခေါ်မှုမှာ ကျင့်ကြံခြင်းအဆင့် တိုးမြှင့်လာသည်နှင့်အမျှ အဆင့်တိုင်းတွင် ကြောက်မက်ဖွယ်ကောင်းသော အတွေ့အကြုံ ရမှတ်များ လိုအပ်လာခြင်းပင်။

ကံကောင်းထောက်မစွာပင် ကျန်းချန်သည် အင်ပါယာအမွေအနှစ် နယ်မြေတွင် ရွှယ်မင်ကျောင်းဆောင်ကို ရရှိခဲ့ပြီး အင်ပါယာတစ်ပိုင်း ကျင့်ကြံသူ၏ ကျင့်ကြံခြင်း အရင်းအမြစ်များ အားလုံးကို လက်ဝယ်ပိုင်ဆိုင်ခဲ့သည်။

အရေးပါဆုံးအချက်မှာ ဝိညာဥ်ကျောက်တုံးများကို ထုတ်လုပ်နိုင်သည့် ဝိညာဥ်သတ္တုမိခင်ကိုပါ ရရှိခဲ့ခြင်း ဖြစ်သည်။

ယင်းက ကျန်းချန်၏ ကျင့်ကြံခြင်း အတွေ့အကြုံရမှတ်များကို သိသိသာသာပင် အရှိန်မြှင့်တင်ပေးနိုင်ခဲ့သည်။

"သင်က ဝိညာဥ်ကျောက်တုံး တစ်တုံးကို စုပ်ယူပြီး ကျင့်ကြံခြင်း အတွေ့အကြုံရမှတ် (၈၀၀)ကို အဆ ၁၀၀ ရရှိပါတယ်"

"သင်က ဝိညာဥ်ကျောက်တုံး တစ်တုံးကို စုပ်ယူပြီး ကျင့်ကြံခြင်း အတွေ့အကြုံရမှတ် (၈၀၀)ကို အဆ ၁၀၀ ရရှိပါတယ်"

"သင်က ဝိညာဥ်ကျောက်တုံး တစ်တုံးကို စုပ်ယူပြီး ကျင့်ကြံခြင်း အတွေ့အကြုံရမှတ် (၈၀၀)ကို အဆ ၁၀၀ ရရှိပါတယ်"

"............"

သို့သော်လည်း ကျန်းချန်၏ သူရရှိထားသော အရင်းအမြစ်များဖြင့် ကြိုးကြိုးစားစား ကျင့်ကြံမှုသည် အချိန်အကြာကြီး မခံခဲ့ပေ။

အကြောင်းအရင်းမှာ လူသား ဧကရာဇ်နန်းတော်သို့ သူပြန်ရောက်ပြီး ဆယ်ရက်မြောက်နေ့တွင် နိဗ္ဗာန်မြို့တော်ကနေ သတင်းတစ်ရပ်က ရုတ်တရက် ရောက်ရှိလာခဲ့သောကြောင့် ဖြစ်သည်။

လျှို့ဝှက်နယ်မြေ ရှစ်ခုနှင့် ရှေးဟောင်း အင်ပါယာ၏ သန္ဓေပြောင်း သင်္ချိုင်းဂူမှ ကျင့်ကြံသူများ အကြားတွင် ပြင်းထန်သော တိုက်ပွဲတစ်ပွဲ ဖြစ်ပွားခဲ့သည်။

ထိုတိုက်ပွဲအတွင်း နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့် ကျင့်ကြံသူတစ်ဦး ကျဆုံးခဲ့ပြီး အခြေအနေက အလွန်ဆိုးရွားကြောင်း ဖော်ပြနေခဲ့သည်။

ထိုသတင်းကို ရရှိသောအခါတွင် ကျန်းချန်သည် လျှို့ဝှက်နယ်မြေ ရှစ်ခုကို ကူညီရန်အတွက် ဆိတ်ငြိမ်နယ်မြေသို့ အလျင်အမြန်ပင် ထွက်ခွာလာခဲ့သည်။

ရှေးဟောင်း အင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူက ရှန်းဝူတိုက်ကြီးအား ခြိမ်းခြောက်မှုသည် သွေးနတ်ဆိုးနန်းတော်ထက်ပင် ဆယ်ဆ ပိုမိုကြီးမား၏။

အကယ်၍ ၎င်းတို့ကို လျှို့ဝှက်နယ်မြေ ရှစ်ခုသာ မကိုင်တွယ်နိုင်တော့လျှင် ဖြစ်ပေါ်လာမည့် အကျိုးဆက်များသည် စိတ်ကူး၍ပင် မရနိုင်ပေ။

ထို့အပြင် အင်ပါယာ နယ်ပယ်အဆင့်သို့ ထိုးဖောက် ဝင်ရောက်ရန်အတွက် သူ၏ ကျင့်ကြံခြင်းအဆင့်သည် နတ်သန္ဓေအင်ပါယာနယ်ပယ် အထွတ်အထိပ် အဆင့်ကို ရောက်ရှိနေရန် လိုအပ်ရုံသာမက သူ၏ နယ်မြေစွမ်းအားသည်လည်း ပြီးပြည့်စုံသော နယ်မြေစွမ်းအား အဆင့်သို့ ရောက်ရှိရမည်ဖြစ်သည်။

လက်ရှိတွင် ကျန်းချန်၏ အစွမ်းအထက်ဆုံး နယ်မြေ ဖြစ်သည့် ဓားနယ်မြေသည် အဆင့်မြင့် နယ်မြေအဆင့်ကို ရောက်ရှိနေသေးပြီး ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိရန် များစွာ လိုအပ်နေသေးသည်။

ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်း သင်္ချိုင်းဂူအတွင်းရှိ နတ်သန္ဓေအင်ပါယာ နယ်ပယ် စွမ်းအင်ခန္ဓာကိုယ်များသည် ကျင့်ကြံခြင်း အဆင့်ကို မြှင့်တင်ပေးနိုင်ရုံသာမက နယ်မြေစွမ်းအားကိုပါ မြှင့်တင်ပေးနိုင်သောကြောင့် ကျန်းချန် အတွက် ကြီးမားသော ဆွဲဆောင်မှုတစ်ခု ဆိုလည်းမမှားပေ။

ထို့ကြောင့် ကျန်းချန်သည် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူထဲသို့ ထပ်မံ ဝင်ရောက်ကာ အဆင့်မြင့် နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့် စွမ်းအင်ခန္ဓာကိုယ် အချို့ကို အမဲလိုက်ရန် စဥ်းစားထားခဲ့သည်။

သူ၏ လက်ရှိစွမ်းရည်ဖြင့်ဆိုလျှင် သာမန် နတ်သန္ဓေအင်ပါယာ နယ်ပယ် နဝမအဆင့် စွမ်းအင်ခန္ဓာကိုယ်ကိုပင် အလွယ်တကူ အမဲလိုက်နိုင်နေပြီ ဖြစ်သည်။

အကယ်၍ သူသာ လုံလောက်သော နတ်သန္ဓေအင်ပါယာနယ်ပယ် စွမ်းအင်ခန္ဓာကိုယ်များကို ရရှိနိုင်ခဲ့လျှင် သူ၏ ကျင့်ကြံခြင်းအဆင့်သည် နယ်ပယ် နှစ်ရပ်လုံးတွင် မြင့်တက်လာပြီး လူသားဧကရာဇ် နန်းတော်တွင် ကျင့်ကြံနေသည်ထက် များစွာ ပို၍ လျင်မြန်စွာ တိုးတက်လာလိမ့်မည် ဖြစ်၏။

ဤဆုံးဖြတ်ချက်ကို ခိုင်မာစွာ ချမှတ်ပြီးနောက်တွင် ကျန်းချန်သည် အချိန်ဖြုန်းမနေတော့ဘဲ လူသားဧကရာဇ်နန်းတော်ကနေ တစ်ဦးတည်း ထွက်ခွာလာကာ ဆိတ်ငြိမ်နယ်မြေသို့ တိုက်ရိုက် ဦးတည်ခဲ့သည်။

အခန်း(၁၃၆၈)ပြီး၏။

All Chapters