Chapter 51
Vol. 6 Ch. 51
ဒါရိုက်တာ ယွီသည် ကြက်သီးမွေးညင်းများပင် ထူထောင်လာသကဲ့သို့ ခံစားရသည်။
လင်းရန်ရန် သူမကိုယ်သူမ မိတ်ဆက်သည့်အချိန်မှစ၍ တစ်စုံတစ်ယောက်အကြောင်းကိစ္စ ပြဿနာကြီးကြီးမားမား ဖြစ်လာတော့မည်ဟု သူခန့်မှန်းမိသည်။ယခုတော့ ဈေးကြီးသော သူ၏ကင်မရာ ပျက်စီးသွားသည်ကိုကြည့်၍ ပြဿနာတက်ပြီဖြစ်ကြောင်း သိလိုက်သည်။ အမျိုးသမီးငယ်မှာ စိတ်ဆိုးသွားလေပြီ။
“မစ္စ... မစ္စလင်းနဲ့ ယန်ရှီကြားက ဆက်ဆံရေးကို ကျွန်တော်မသိခဲ့ဘူး”
ဒါရိုက်တာ ယွီသည် အသံနိမ့်၍ ပြောသည်။
လင်းရန်ရန်သည် ရုပ်သံအစီအစဉ်၌ မပါဝင်ခြင်းမရှိသေးခင်အခါက သူမသည် ချမ်းသာသည့်မိသားစုမှ အသိအမှတ်ပြုခံရသည့် တရားဝင်သမီးဖြစ်ကြောင်းနှင့် လွန်ခဲ့သော ငါးနှစ်ခန့်တွင် ပြန်လည်ရှာတွေ့ခဲ့သည့် သမီးအရင်းတစ်ယောက်ဖြစ်ကြောင်း ဒါရိုက်တာယွီအား ပြောပြခဲ့သည်။ဒါရိုက်တာယွီသည်လည်း ဤပုံစံမှာ လူများစိတ်ဝင်စားလိမ့်မည်ဟု ထင်ခဲ့သည်။
ချမ်းသာသည့်လူကုန်ထံအသိုင်းအဝိုင်းမှ သမီးတစ်ယောက်ပြန်လာခြင်းသည် လူအများ၏ အာရုံစိုက်မှုများကို လွန်စွာရရှိပေလိမ့်မည်။
အစားထိုးသမီးသည် ယန်ရှီဖြစ်လိမ့်မည်ဟု သူသည် လုံးဝထင်မထားခဲ့ချေ။
ယန်ရှီသည်လည်း ဤသတင်းအား မည်သူကိုမျှမပြောဘဲနှင့် လျှို့ဝှက်ထားသည်။ ရသစုံရှိုးတောင် ဤအကြောင်းအား မည်သည့်မီဒီယာကမျှ မဖော်ထုတ်နိုင်ခဲ့ပေ။ သူမ၏ လျှို့ဝှက်နိုင်စွမ်းမှာ လက်ဖျားချာချင်စဖွယ် ကောင်းလှပါသည်။
ဒါရိုက်တာယွီသည် လင်းရန်ရန်အား ကြည့်၍ မကျေမနပ်စွာဖြင့် ပြောလိုက်သည်။
“မစ္စလင်း၊ မင်းလည်း အပြစ်ရှိတယ်၊ မင်းဒီလိုလုပ်ရပ်မျိုး ဘာလို့လုပ်နိုင်ရတာလဲ အခြေအမြစ်မရှိလိုက်တာ”
လင်းရန်ရန်သည် မျက်ခုံးပင့်လိုက်သည်
“ကျွန်မက ကိုယ့်ဘာသာကိုယ် မိတ်ဆက်လိုက်ရုံပါ။ဘာများ မှားသွားလို့လဲ”
သူမသည် ယန်ရှီအား ပြဿနာမဖြစ်ချင်သည့်ပုံစံမျိူးဖြင့် ကြည့်လိုက်သည်။
“နင်က လင်းမိသားစုရဲ့ သမီးအစစ်မှမဟုတ်တာ၊ ငါ့ရဲ့အထောက်အထားတွေကို ဆယ်စုနှစ်နဲ့ချီအောင် ယူသုံးထားတာမလား”
ယန်ရှီသည် တည်ငြိမ်နေပြီး၊ သူမ၏လှပသည့်မျက်နှာပေါ်တွင် မည်သည့်စိတ်ခံစားမှုမျှ မဖော်ပြထားချေ။
အကယ်၍ သူမနှင့်လင်းရန်ရန် နှစ်ယောက်တည်းသာရှိမည်ဆိုလျှင် သူမ ပြန်ပြောပြီးလောက်ပြီဖြစ်သည်။ လင်းရန်ရန်သည် အငြင်းပွားရခြင်းအား ကြိုက်နှစ်သက်သော်လည်း ယန်ရှီနှင့်တော့ မငြင်းခုံချင်ပေ။
သို့သော် ယနေ့လို လူအများကြီးရှိနေသည့်အချိန်…
ပတ်ဝန်းကျင်မှ မည်သူမျှ သတိမထားမိသည်ကိုအခွင့်ကောင်းယူ၍ ယန်ရှီသည် မျက်လုံးကို နှစ်ချက်ခန့် နာနာလေးပွတ်ဆွဲလိုက်ပြီး နီရဲသွားအောင် ပြုလုပ်လိုက်သည်။
သူမသည် မျက်ရည်များပြည့်နှက််ေနသည့်မျက်လုံးဖြင့် ကြည့်လိုက်သည်။
“ဒါရိုက်တာ ယွီ၊ ချင်းယွီ၊ ရန်ရန်ကို အပြစ်မတင်ပါနဲ့၊ သူက အရင်တုန်းက အဖြစ်အပျက်တွေကြောင့် စိတ်တိုနေတာပါ၊ ဒါအားလုံး ငါ့အပြစ်တွေပါ၊ ငါ့ကြောင့် တစ်ခြားသူတွေ အဆင်မပြေရင် ငါထွက်သွားပေးပါ့မယ်”
ကျုံချင်းယွီ ဒေါသထွက်သွားသည်။ ပြောရမည်ဆိုလျှင် အပြစ်တင်ခံရသူမှာ ယန်ရှီဖြစ်သည်။သူမက အဘယ်ကြောင့်ထွက်သွားရမည်နည်း။
သူမစကားပြောတော့မည့်အချိန်တွင် ဆုလင်းလင်းမှ စကားဖြတ်ပြောသည်။
“လင်းရန်ရန်၊နည်းနည်းလေး တော့ ရှက်တက်စမ်းပါ၊ လင်းတို့လင်းမိသားစုအကြောင်းကို ဘယ်သူမှ မသိဘူးလို့ နင်ထင်နေတာလား”
တစ်ခါတုန်းက လင်းမိသားစုတွင် ဖြစ်ပျက်ခဲ့သည့် သမီးအတု၊အစစ်ပြဿနာသည် ဘိုဝေါန် အလယ်တန်းကျောင်း၌ အတော်လေး ရေပန်းစားခဲ့သောသတင်းဖြစ်သည်။
အတင်းအဖျင်းပြောဆိုရသည်ကို သဘောကျသည့် ဆုလင်းလင်းသည် ဖြစ်စဉ်တစ်ခုလုံးအား နှံစပ်စွာ သိပေသည်။
ဆုလင်းလင်းမှ ဆက်ပြောလိုက်သည်။
“ယန်ရှီက နင့်နေရာကိုလုတာလို့ လာမပြောနဲ့ ၊အဲတုန်းက သူ ကလေးပဲရှိသေးတယ်၊ သူကဘာသိမှာလဲ ပြီးတော့ နင်တို့အိမ်ရဲ့ကလေးထိန်းကပဲ ကလေးတွေကို လဲခဲ့တာ၊ သူမက လင်းမိသားစုကို မုန်းလို့ ခပ်ပျော့ပျော့လေး လက်စားချေခဲ့ရုံပဲ၊ ဒါက နင့်မိဘတွေရဲ့အပြစ်တွေလေ ယန်ရှီနဲ့ ဘာဆိုင်လို့လဲ၊ ကံမကောင်းတဲ့လူကိုပြပါဆိုရင် အဲဒါနင်ပဲ”
ဆုလင်းလင်းသည် အမှားအမှန်ခွဲခြားတက်သူဖြစ်ပြီး သူနှစ်သက်ခြင်း၊မနှစ်သက်ခြင်းများသည်လည်း ရိုးရှင်းသော လူတစ်ယောက်ဖြစ်သည်။ သူမသည် ကျုံချင်းယွီကို မကြိုက်သကဲ့သို့ ကျုံချင်းယွီ၏အချစ်ဆုံးသူငယ်ချင်းဖြစ်သည့် ယန်ရှီကိုလည်း မကြိုက်ပေ။ သို့သော် သမီးအတု၊အစစ်ကိစ္စတွင် ယန်ရှီအပြစ်မရှိကြောင်း သူမ သိသည်။ သူမသည် အမှန်တရားအား သိသော်လည်းယခုအချိန်တွင် တစ်စုံတစ်ယောက်သည် အဖြစ်အမှန်ကို ပြောင်းပြောနေခြင်းကြောင့် အမှန်ကိုရှင်းပြရန်အလို့ငှာ ဆုလင်းလင်း ဝင်ရောက်ပြောဆိုခဲ့သည်။
ကျုံချင်းယွီသည် ခဏတာ အံ့ဩမှင်သက်သွားသည်။သူမနှင့် ဆုလင်းလင်းသည် ရန်ဖြစ်နေတာ တစ်ရက်နှစ်ရက်တင်မဟုတ်၊ခုနှစ်/ရှစ်နှစ်လောက်ရှိနေပြီ ဖြစ်သည်။ယခုကဲ့သို့ ဆုလင်းလင်းသည် သူမဘက်မှ ဝင်ရောက်ပြောဆိုသည်ကို ကျုံချင်းယွီ တစ်ခါမျှ မကြုံဖူးပေ။ဆုလင်းလင်းသည် ကျုံချင်းယွီအား တစ်ချက်ကြည့်လိုက်ပြီး
"နင် ဘာလုပ်နေတာလဲ ငါ့ကို အဲ့လိုလာမကြည့်နဲ့ ရွံဖို့ကောင်းတယ်၊ ငါနင့်ကိုမကြိုက်တာနဲ့ လင်းရန်ရန်ကိုမကြိုက်တာက မတူဘူး၊ လျှောက်တွေးမနေနဲ”ဟု ပြောလိုက်သည်။
ကျုံချင်းယွီသည်ပြုံးလိုက်သည်။
“ဟုတ်မှာပါလေ”
လင်းရန်ရန်သည် အံကြိတ်လိုက်သည်။ သူမသည် ဆုလင်းလင်း ယန်ရှီဘက်၌နေ၍ ပြောလိမ့်မည်ဟု မထင်ထားခဲ့ပေ။ယန်ရှီသည် နစ်နာသူဟန်ဆောင်ရာ၌ အမှန်တကယ် တော်လွန်းသည်။သူမအတွက်တော့ ယန်ရှီကို ထိုသို့မမြင်ချေ။ ကျုံချင်းယွီသည် လင်းရန်ရန်ကို ကြည့်လိုက်သည်။
“အချိန်တွေလည်းကြာခဲ့ပြီပဲ ပြီးတော့ ယန်ရှီလည်း လင်းမိသားစုနဲ့မပတ်သက်တော့ဘူးလေ၊ နင်ဆက်ပြီး ပြဿနာရှာနေမယ်ဆိုရင် ငါနင့်နေရာကို အစားထိုးရလိမ့်မယ်”
လင်းရန်ရန် မခံမရပ်နိုင် ဖြစ်သွားသည်။
“ငါတို့မိသားစုက ရိုက်ကူးဖို့ မီလီယမ်နဲ့ချီ ရင်းနှီးမြှုပ်နှံထားတာ နင်ဒီလိုလုပ်လို့မရဘူး”
“မီလီယမ်လေးနည်းနည်းလောက်ရင်းနှီးရုံနဲ့ ကိုယ့်ကိုကိုယ် ဟုတ်လှပြီ ထင်နေတာလား”
ကျုံချင်းယွီခနဲ့လိုက်သည်
“ဒီမှာ မီလီယမ်လောက် မသုံးနိုင်တဲ့သူ မရှိဘူး”
သူမသည် အိတ်ကပ်ထဲတွင် ငွေသုံးလေးထောင်လောက်သာရှိသော လုပေယွီအားလျစ်လျူရှုပြီး သူ၏ဘေးတွင် အမြီးနှံနေသော ယောင်ဇူကို လက်ညိုးထိုးပြလိုက်သည်။
“ဒီခွေးရဲ့ကားက မေလထုတ်နောက်ဆုံးပေါ်လေ အပြင်သွားဖို့ လေယာဉ်လည်းရှိတယ်၊ ခွေးကမှ နင့်ထက်တန်ဖိုးရှိသေးတယ်၊ မီလီယမ်လောက်ကများ ဘာအရေးပါလို့လဲ”
လင်းရန်ရန်သည် နောက်ဆုံးတွင် ဆက်၍ သည်းမခံနိုင်တော့ချေ။
သူမသည် ယန်ရှီအား နှိမ့်ကျသည်ဟု ပြောခဲ့သည်။ သိူ့သော် ယခုတွင် လူများမှာ သူမကို ခွေးထက်နှိမ့်ကျသည်ဟုပြောနေကြသည်။ တိုက်ရိုက်ထုတ်လွှင့်မှုသည် အဆင်မပြေနေတာ ကြာလှပြီဖြစ်သည်။ ထိုအတိုင်းသာဆက်သွားနေမည်ဆိုလျှင် ရသစုံရှိုး ရိုက်ကူးနိုင်တော့မည်မဟုတ်နိုင်ဟု ဒါရိုက်တာယွီထင်မိသည်။
“မစ္စ၊ဒီမှာ ရသစုံရှိုးကရိုက်နေပြီ အခုမှ အသစ်ရှာဖို့မလွယ်တော့ဘူး၊ အဲတာကြောင့်…”
ကျုံချင်းယွီ အခြားပြောသည်ကို လက်မခံတက်ချေ။
“ဘာများခက်လို့လဲ၊ S-class ရသစုံရှိုးမှာ ရိုက်ကူးချင်တဲ့သူတွေမှ အများကြီးပဲ၊ လူရှာဖို့ ဘာလို့စိတ်ပူနေမှာလဲ၊ မီလီယမ်အနည်းငယ်လောက်ပဲရင်းနှီးဖို့လိုတဲ့ ကြေညာအတွက် ငါလူသစ်ရှာဖို့ ကူညီပေးမယ်၊ လုပ်ငန်းစုများ လူတွေပေါမှပေါပဲ”
ဒါရိုက်တာယွီသည် ရှက်ကိုးရှက်ကန်းဖြင့် နှာခေါင်းကိုပွတ်လိုက်သည်။ကျုံချင်းယွီအား ယန်ရှီကဲ့သို့ သိမ်းသွင်းရန် ထိုသို့မလွယ်ကူကြောင်း သူသတိထားခဲ့လိုက်ရမည်ဖြစ်သည်။
ထို့နောက် သူသည် လင်းရန်ရန်အား ကြည့်လိုက်သည်။
“မစ္စလင်း၊ သူလည်း ပြောနေပြီပဲ၊ သမီးအတု၊အစစ်ကိစ္စကို ခေါက်ထားလိုက်ရအောင် မဟုတ်ရင် ငါတို့အစီအစဉ်ပျက်တော့မယ်”
၎င်းဟာ ကျုံချင်းယွီ ရပ်စဲမည်မဟုတ်သည့်ကိစ္စအတွက် လင်းရန်ရန် ရပ်စဲပေးရမည့်သဘောပင် ဖြစ်သည်။ လင်းရန်ရန်သည် လက်သည်းများကိုသာ ထိုးဆိတ်နေမိသည်။
သူမ နားမလည်နိုင်ပေ။ သူမသည် ချမ်းသာသည့်မိသားစု၏ သမီးဖြစ်ကြောင်း လူတိုင်းသေချာစွာသိသည်။အဘယ့်ကြောင့် ယန်ရှီဘက်တွင်သာ နေကြသနည်း။
နောက်ဆုံး၌ လင်းရန်ရန်သည် လင်းမိသားစုအပေါ် မှီခိုနေရသည်သာဖြစ်သည်။ သူမသည် လင်းမိသားစု၏စီးပွားရေးကို ဦးဆောင်ရန် အရည်အချင်းမရှိချေ။
သူမ ညှိနှိုင်းဖြေရှင်းလိုက်သည်။
“ကျွန်မ သမီးအတုအစစ်ကိစ္စ ကို ထပ်မပြောတော့ဘူး”
ရိုက်ကူးရေးအဖွဲ့သည် တစ်နာရီခန့်အနားယူပြီးသည့်အချိန်တွင် ရသစုံရှိုးအားပြန်လည်ထုတ်လွှင့်သည်။ထုတ်လွှင့်နေစဉ် “ခရီးသွားကြစို့”၏ တိုက်ရိုက်ပြသမှုသည် ရှာဖွေမှုအများဆုံးကိုနေရာကို ရရှိထားသည်။ သို့သော် မည်သူမျှ အကြောင်းအရင်းအားမသိကြချေ။ အဘယ်ကြောင့်ဆိုသော် သူတို့နောက်ဆုံးရိုက်ကူးလိုက်သည်မှာ လင်းရန်ရန်၏ မျက်နှာဖြစ်ကြောင်းသာ မှတ်မိကြတော့သည်။
ထုတ်လုပ်ရေးအဖွဲ့သည် “H နိုင်ငံက အင်တာနက်ဆက်သွယ်ရေးမကောင်းသောကြောင့် ပြသမှုအခက်အခဲ ဖြစ်ခဲ့တာပါ" ဟု တရားဝင်ဖော်ထုတ်တောင်းပန်ခဲ့သည်။
「H နိုင်ငံမှာ ဆက်သွယ်ရေးလိုင်းတွေကတကယ်ဆိုးတယ်၊ Hနိုင်ငံက Korean drama တွေမှာ အမြဲတမ်းပါတယ်လေ」
「ငါတို့နိုင်ငံထက်တော့ ပိုကောင်းပုံပါပဲ၊ အခု ဟန်မြို့မှာ ရိုက်ကူးရေးအဖွဲ့ကဘယ်လိုအံ့ဩ စရာတွေပေးမလဲဆိုတာ စောင့်ကြည့်ရအောင်」
「H နိုင်ငံရဲ့ အနုပညာရှင်တွေနဲ့ ပူးပေါင်းတင်ဆက်မှာလား သူတို့က အဲလောက် နာမည်မကြီးဘူးမလား」
ကင်မရာရှေ့ရောက်သည့်အချိန်တွင်တော့ လင်းရန်ရန်သည် ကောင်းမွန်စွာပြုမူလိုက်သည်။
"ဟယ်လို ပရိသတ်တို့ ကျွန်မက လင်းရန်ရန်ပါ ပြီးတော့ ဒီအပိုင်းမှာဧည့်သည်အဖြစ်ပါဝင်သွားမှာဖြစ်ပါတယ်”
ပရိသတ်များစိတ်ဝင်စားလာကြသည်။
[လင်းရန်ရန်က ယန်ရှီကို "အစ်မ" လို့ခေါ်တာကို ကြားဖူးတယ်၊ သူတို့နှစ်ယောက်က ဘယ်လိုဆက်ဆံရေးရှိနေတာလဲ]
လင်းရန်ရန်သည် စိတ်ရှည်စွာဖြေကြားသည်။
"ကျွန်မတို့နှစ်ယောက်လုံး ဘိုဝေါန်အလယ်တန်းကျောင်းမှာတူတူတက်ခဲ့တာ၊ ယန်ရှီက စီနီယာ ဖြစ်လို့ အစ်မလို့ခေါ်တယ်ပါ"
ယခုဖြေကြားချက်သည် ရူးကြောင်ေကြာင်နိုင်ပြီး မပြည့်စုံသော်လည်း အကျိုးအကြောင်းသင့်သောကြောင့် ပရိသတ်များ မည်သည်မေးခွန်းမျှ မေးမလာတော့ချေ။ဗီလာ၏ဧည့်ခန်းသည် မြင့်မားသည့် အထပ်မြင့်မျက်နှာကျက်ပုံစံဖြစ်ပြီး ပထမထပ်နှင့် ဒုတိယထပ်အား ဆက်သွယ်ဆောက်လုပ်ထားသည်။ထို့ကြောင့် ဒုတိယထပ်လျှောက်လမ်းမှ ပထမထပ်ဧည့်ခန်းသို့ တန်းမြင်နိုင်သည်။
ယန်ရှီနှင့် ကျုံချင်းယွီသည် မိမိတို့၏အခန်းထံသို့ပြန်မသွားခင် ဧည့်ခန်းထဲရှိ လင်းရန်ရန်အား တစ်ချက်ကြည့်လိုက်သည်။ကျုံချင်းယွီပြောလိုက်သည်။
“ငါအခုထိ သူထွက်သင့်တယ်လို့ထင်နေသေးတယ်၊ အဲဒီ ခေါင်းမပါတဲ့ဒါရိုက်တာယွီက ဘယ်လိုဧည့်သည်ေတွကိုရွေးထားတာလဲ၊ ဘာလို့လင်းရန်ရန်ကိုရွေးရတာလဲ"
ယန်ရှီသည် တည်ငြိမ်စွာဖြေလိုက်သည်။
"ရပါတယ်၊ ပြီးသွားပြီလေ"
သူမအနေဖြင့် ရသစုံရှိုးတွင် မပါဝင်ခင်ကတည်းက အချို့အရာတွေသည် ဖုံးကွယ်ထား၍မရနိုင်သည်ကို သိပြီးသားဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ သူမ ဘာကိုမျှမကြောက်တော့ချေ။
"ဘာလိုလုပ်အဆင်ပြေမှာလဲ”
ကျုံချင်းယွီ မကျေနပ်သကဲ့သို့ပြောသည်။
ဘိုဝေါန်အလယ်တန်းကျောင်းစာသင်နှစ်တွင် ယန်ရှီအကြောင်းအား လူတွေပြောကြသည်ကို သူမ မှတ်မိပါသည်။ ယန်ရှီမှ အဆင်ပြေသည်ပြောသော်လည်း သူမ ထိုကဲ့သို့ မထင်ချေ။
ကိုယ်စီ နှုတ်ဆက်ပြီးနောက် ဧည့်သည်များအကြားရှိဆက်ဆံရေးသည် ထပ်မံ ပြင်းထန်လာသည်။ဒါရိုက်တာ ယွီသည် ဧည့်သည်များအားလုံးအတူတူ ညစာစားမည့်အစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီး ကိုယ်ပိုင်လွတ်လပ်ချိန်ပေးလိုက်သည်။ဟန်မြို့ခရီးသည် လိုင်မြို့ခရီးထက် သွားရသည်မှာ ပို၍ လွယ်ကူသည်။ညနေခင်းတွင် အားလပ်ချိန်ရလိုက်သောကြောင့် လူတိုင်းသည် အပြင်ထွက်လည်ရန် သဘောတူကြသည်။
ဆုလင်းလင်း အင်္ကျီလဲသည်။ ရဲ့လော့ယီ၏ အင်္ကျီအား ဖက်ရှင်စတိုင်လစ်မှ ပြင်ဆင်ပေးပြီးသားဖြစ်သောကြောင့် သူမကတော့ ဝတ်စုံလှည့်လိုက်ရုံပဲ ဖြစ်သည်။
သူမ၏စူစမ်းလိုစိတ်အား မထိန်းနိုင်သည့်အတွက် ကင်မရာမရှိသည့်ဘက်သို့သွားကာ ဆန်ချိိီအား ဆက်သွယ်ခဲ့သည်။သူမသည် အင်တာနက်ပေါ်တွင်ဖြစ်ပျက်နေသည့် အရာများကို သိချင်မိသည်။
ယခုလက်ရှိတွင် Weibo ၏ ထိပ်တန်းနာမည်ကြီးသော ခေါင်းစဉ်များသည် ရဲ့လော့ယီ ပေယွဲ့ပိုင်နှင့် ကျုံချင်းယွီတို့ ဖြစ်သည်။
“လှည့်စားတတ်ပြီး ညစ်ပတ်သော ပေ”၊ “အနိုင်ကျင့်ခြင်းခံနေရသောကျုံ”၊ “ဖော်ပြရန်ခက်ခဲသော ရဲ့” စသည့်ခေါင်းစဉ်များဖြစ်ပြီး ရဲ့လော့ယီသည်လည်း အမှန်ပင် ဖော်ပြရန် အလွန်ခက်ခဲနေပြီ ဖြစ်သည်။
ရဲ့လော့ယီသည် မူလတွင် ပရိတ်သတ်များစွာရှိသူဖြစ်သည်။ CP များနှင့် နာမည်ကြီးသရုပ်ဆောင်ဇာတ်လမ်းများကြောင့် မြန်မြန်ဆန်ဆန် နာမည်ကြီးလာခဲ့သည်။ အစတွင် သူမသည် CP ပရိသတ်များအား ရှင်းပြရန် မတွေးဖူးခဲ့ချေ။အဘယ်ကြောင့်ဆိုသော် သူမနှင့် ပေယွဲ့ပိုင်တို့ အချစ်သည်ကြာရှည်ခံမည်ဟုထင်ခဲ့သည်။
ထို့ကြောင့် ပေယွဲ့ပိုင်ဖွင့်ပြောလိုက်သည်နှင့်တပြိုင်နက် CP ပရိတ်သတ်အများကြီးက သူမကို အလိုအလျောက် Unfollow လုပ်လိုက်ကြသည်။ မနေ့ကအထိ သူမသည် ကိုယ်ပိုင်ဂျက်လေယာဉ်ထဲတွင် ဘာမျှမသိသော်လည်း ယခုတွင်တော့ Weibo ပရိတ်သတ်အရေအတွက်ကို ကြည့်လိုက်တဲ့အခါတွင် တစ်ခါတည်းနှင့် ပရိသတ် ရာထောင်နှင့် ချီပြီး followerများ ဆုံးရှုံးသွားသည်ကို တွေ့လိုက်ရသည်။
ပရိသတ်အုပ်စုအများအပြားသည်လည်း သူတို့သည် သူမအား Unfollow လုပ်လိုက်ကြပြီး ဆက်၍အားမပေတော့ကြောင်း တရားဝင်ထုတ်ပြန်လိုက်သည်။
ဆွန်းချီသည်လည်း သူမ၏လက်ရှိအခြေအနေကို ပြောပြလိုက်သည်။ သုံးသပ်ချက်အရ ရဲ့လော့ယီသည် ယခုတွင် ဒုတိယအဆင့်အနုပညာရှင်တစ်ယောက်အဖြစ်သို့ကျဆင်းသွားပြီ ဖြစ်သည်။
ရဲလော့ယီ ဒေါသထွက်သွားပြီး လက်များပင် တုန်နေသည်။
အနည်းဆုံးတော့ ငါ့မှာ အနုပညာလက်ရာတွေရှိသေးတယ်။ ဒါပေမယ့် အခုတော့ ငါ့ရဲ့နာမည်ကျော်ကြားမှုက ကျုံချင်းယွီနဲ့အတူတူပဲလား။ဒီလိုမဖြစ်သင့်ဘူး။
ဆွန်းချီသည် ခဏတာစိတ်ညစ်သွားသည်။
သူမကိုနာကျင်စေချင်တာမဟုတ်သော်လည်း အဖြစ်အပျက်အခြေအနေအရ ပရိသတ်၏ထင်မြင်ချက်သည်အရေးအကြီးဆုံးဖြစ်ပြီး ကျုံချင်းယွီသည် အခုရက်ပိုင်းမှာ ကောင်းမွန်သည့်မှတ်ချက်များစွာ ရရှိထားသည်။
ဆွန်းချီပြောလိုက်သည်။
“ကျုံချင်းယွီကို တောင်းပန်လိုက်ရင်ရော ဘယ်လိုလဲ”
ရဲ့လော့ယီသည် မယုံနိုင်သကဲ့သို့ ပြန်ပြောသည်။
“ကျွန်မက နစ်နာသူသူနော်၊ ပေယွဲ့ပိုင်ကလည်း ကျွန်မကို လှည့်စားသွားတာ၊ ဘာလို့ ကျွန်မက တောင်းပန်ရမှာလဲ”
ရုတ်တရတ် ရဲ့လော့ယီသည် အကြောင်းအရာတစ်ခုအားသတိရသွားပြီး ဆွန်းချီအားမေးလိုက်သည်။
“ဆွန်းချီ၊ ရှင်က ထျန်းဟွေ့ရဲ့လုပ်ငန်းညှိနှိုင်းရေးဒါရိုက်တာဖြစ်ပြီး ကျုံလုပ်ငန်းစုနဲ့ ပူးပေါင်းထားတဲ့ပရောဂျက်တွေအများကြီး ကိုင်တွယ်ဖူးတယ်နော်၊ ဒါတောင် ကျုံချင်းယွီနဲ့ပေယွဲ့ပိုင်တို့ရဲ့ ဆက်ဆံရေးကို မသိဘူးလား”
ဆွန်းချီသည် ရင်တလှပ်လှပ်ဖြစ်သွားသည်။ ဟုတ်ပါသည်၊သူသိသည်။
ပေယွဲ့ပိုင်သည် တိတိကျကျမပြောသော်လည်း သူသည် အရိပ်အမြွတ်နားလည်သူတစ်ယောက်ဖြစ်သည်။ရဲ့လော့ယီသည် ဆွန်းချီဖြေရန် တုံ့ဆိုင်းနေသည်ကိုကြည့်၍ လှောင်ပြောင်လိုက်သည်
“ရှင်တို့အားလုံးတူတူပဲ ကျွန်မကိုလှည့်စားနေတာ”
ဆွန်းချီစိတ်ညစ်လာသည်။ ယခုအချိန်တွင် ပေယွဲ့ပိုင်သည် ထျန်းဟွေ့၏ ပြစ်မှုဆိုင်ရာ လူမှုဆက်ဆံရေးပြဿနာတွေနှင့် ရင်ဆိုင်နေရချိန် သူတစ်ယောက်တည်းသည်သာ ရဲ့လော့ယီအား ဂရုစိုက်ပေးနေသည်။ ဒါတောင် သူမက ဤသို့ပြောနိုင်သေးသည်။ဆွန်းချီ စိတ်ညစ်သကဲ့သို့ ပြောသည်။
“ကျွန်တော်သိတယ်၊ ဒါပေမယ့် ရဲ့လော့ယီ မင်းဘာမှ မခံစားမိဘူးလား၊ မခန့်မှန်းမိရင်တောင် ဝိုင်စက်ရုံမှာတုန်းက ခံစားမိရမယ်၊ မဟုတ်ဘူးလား”
ရဲ့လော့ယီ စိတ်မပါဟန် ပြန်ပြောလိုက်သည်“ကျွန်မ မသိဘူး”
ဆွန်းချီရယ်လိုက်သည်“ဟန်ဆောင်နေတာ ရပ်လိုက်တော့”
ရဲ့လော့ယီသည် လက်မကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ သူမသည် ဆွန်းချီအား လိမ်နေခြင်းမဟုတ်ချေ။ အမှန်အတိုင်းပြောနေခြင်းဖြစ်သည်။
အကယ်၍ သူမသာ ကျုံချင်းယွီနှင့် ပေယွဲ့ပိုင်တို့ စေ့စပ်ထားကြသည်ကို သိခဲ့လျှင် သူမ ပေယွဲ့ပိုင်အား သဘောကျမည်မဟုတ်ချေ။
သူမတွင် အသိတရားရှိသည်။သူမသည် ပိုင်ရှင်ရှိသည့်ယောကျာ်းများနှင့် ဘယ်တော့မျှအရောတဝင်ေနမည်မဟုတ်ချေ။
သူမ၏အနီးတွင် ဝန်းရံခဲ့သောယောကျာ်း အများကြီးရှိသော်လည်း သူမသည် တစ်ယောက်နှင့်မျှ အရောတဝင်ဆက်ဆံဖူးခြင်းမရှိပေ။ ၎င်းသည် တချို့သူများကဲ့သို့ Blind date သွားတာ၊ အလုပ်လျှောက်သည့်အချိန်တွင် Resume (အချက်အလက်)များများပေးတာနှင့် အနည်းငယ်ဆင်တူသည်။ နောက်ဆုံးဆုံးဖြတ်ချက်မချင်ခင်အချိန်အထိ လူပြောင်းလဲ၍ရသည်ဖြစ်သည်။ ကျုံချင်းယွီသည် ပေယွဲ့ပိုင်အား သဘောကျနေသည်ကို ရဲ့လော့ယီ သိသည်။ ထို့ပြင် သူမရရှိခဲ့သောအရာများသည်လည်း ပေယွဲ့ပိုင် ကျုံချင်းယွီထံမှ ရရှိလာသည်ကိုလည်း သိသည်။
ပေယွဲ့ပိုင်သည် ကျုံချင်းယွီအားချော့မော့ပြီး အရင်းအနှီးများရယူကာ ရဲ့လော့ယီကို ရင်းနှီးပေးသည်နှင့် သဘောချင်း သိပ်၍ မတူပေ။
၎င်းသည် သူမ မဟုတ်လျှင်တောင် တစ်ခြားသူတစ်ယောက်ဖြစ်ပေလိမ့်မည်။
ဆွန်းချီ၏ဖုန်းခေါ်ဆိုမှုသည် ထိုသို့ ပြီးဆုံးသွားလေသည်။ နောက်ဆုံးတွင် ဆွန်းချီသည် ရဲ့လော့ယီအား ကျုံချင်းယွီကိုတောင်းပန်ပြီး သူငယ်ချင်းအဖြစ်သို့ပြန်သွားရန် အကြံပြုသော်လည်း ရဲ့လော့ယီ ထိုကဲ့သို့ မလုပ်ချင်ပေ။သူမသည် ကျုံချင်းယွီ သူမအား “ခွင့်လွှတ်”ပေးရန်အထိ သဘောထားကြီးမည်ဟု မထင်ပေ။ဆုလင်းလင်းအင်္ကျီလဲပြီးသည်နှင့်တပြိုင်နက် သူတို့အပြင်ထွက်စားရန် ပြန်ဆင်ကြသည်။
၎င်းတွင် လုပေယွီနှင့် ယောင်ဇူလည်း ပါဝင်သည်။
ယောင်ဇူသည် လူစားသည့် အစာများကို မစားပေ။ အန်တီချန်းသည် သူ့အတွက် နေ့လည်စာဘူးပြင်ဆင်ပေးပြီး ကျောပိုးအိတ်ထဲ ထည့်ပေးထားသည်။ထိုအိတ်ထဲတွင် သန့်ရှင်းရေးပစ္စည်းများ၊ရေဘူးနှင့် ခွေးစာအချို့ပါဝင်သည်။
တစ်ချို့အချိန်များတွင် အန်တီချန်း လိုက်လေ့ရှိသည်။သို့သော် ပုံမှန်နေ့တွေဆိုလျှင် ရိုက်ကူးရေးမရှိသည့်အတွက် PDနှင့် အခြားအဖွဲ့သားနှင့်သာ နေပေးရမည်ဖြစ်သည်။
ယောင်ဇူသည် အပြင်သွားရမည်ကို သိသည့်အလား အလွန်ပင် ပျော်ရွင်နေသည်။ စိမ်းစိုမှုများနှင့်ဖုံးလွှမ်းနေသကဲ့သို့ပင် ပျော်ရွင်နေသည်။ နွေလယ်ခေါင်ပူပူတွင် လေအေးပေးစက်ဖွင့်လိုက်သည်နှင့် လေပူများလွှင့်စင်သွားသည်။ယောင်ဇူသည် သူ၏လျှာကိုထုတ်ကာ ငြိမ်ငြိမ်လေးနေ၍ အအေးခံနေသော်လည်း မျက်နှာမှာ ပျော်ရွင်နေဆဲဖြစ်သည်။
လူသုံးယောက်နှင့် ခွေးတစ်ကောင်သည် ဟန်မြို့ရှိ စားသောက်ဆိုင်လေးဆီသို့ ရောက်ရှိလာသည်။ဤနေရာသည် ရဲ့လော့ယီစီစဉ်ထားသည့် ခရီးစဉ်နေရာတစ်ခုပင်ဖြစ်သည်။
သူတို့သည် လုပေယွီအား အခွင့်ကောင်းမယူနိုင်သည့်အတွက် မူလအစီအစဉ်တိုင်းသာ သွားလိုက်ကြသည်။ကံကောင်းစွာဖြင့် စားသောက်ဆိုင်၏အနံ့အသက်မှာ မွှေးကြိုင်နေပြီး အစားအစာများမှာလည်း အရသာရှိလှသည်။ လုပေယွီသည် ယောင်ဇူ၏ကျောပိုးအိတ်ထဲရှိ အစာဘူးကိုထုတ်လိုက်ပြီး စား၍အဆင်ပြေအောင် ပြုလုပ်ပေးလိုက်သည်။ထို့နောက် သူသည် ရဲ့လော့ယီနှင့်အတူ ဟန်မြို့၏ ကိုရီးယားစတိုင်လ် ဘာလီကျူအား မြည်းစမ်းကြည့်လေသည်။စားသောက်နေစဉ်တွင် အနုပညာရှင်များ၏ အတင်းအဖျင်းများကိုလည်း ရောက်တက်ရာရာပြောဆိုကြသည်။
စားသောက်နေစဉ်အတွင်း၌ လုပေယွီသည် မေးလိုသည့်အကြောင်းကိုမေးလိုက်သည်။
“အစ်မလင်းလင်း တကယ်လို့ ယန်ရှီနဲ့ လင်းရန်ရန်က မွေးတုန်းက အလဲခံရတယ် လင်းရန်ရန်က လင်းမိသားစုကိုပြန်တယ်၊ယန်ရှီကရော ယန်မိသားစုကို မပြန်ဘူးလား”
ငြင်းခုံနေစဉ်အတွင်း ရဲ့လော့ယီတိတ်ဆိတ်နေချိန်တွင် ဆုလင်းလင်းသည် ယန်ရှီဘက်သို့ ကာကွယ်ပြောဆိုသည်ကို သူမြင်ခဲ့သည်။ထို့ကြောင့် ဆုလင်းလင်းသည် ယန်ရှီနှင့် နီးစပ်လိမ့်မည်ဟု သူထင်ခဲ့သည်။
သုံးယောက်သား အတင်းအဖျင်းပြောနေကြသည်ဖြစ်သောကြောင့် ဆုလင်းလင်းသည်လည်း သူ အတင်းအဖျင်းပြောနေသည်ဟုသာ ထင်သွားသည်။
“ပြောရရင်လား နောက်တော့ ယန်ရှီ လင်းမိသားစုကနေ ထွက်လာတယ် အဲတုန်းက သူ၁၅နှစ်ပဲရှိသေးတာ၊ သူက ယန်မိသားစုကိုပြန်မသွားဘဲ လမ်းမှာနေရမှာလား”
“ကျွန်တော်…”
လုပေယွီသည် စဉ်းစားဟန်ပေါ်သွားပြီး သူ၏အသံသည် အနည်းငယ်စိတ်ပျက်သွားသည်။
အမှန်တွင် ဆုလင်းလင်းလည်း ရှင်းလင်းစွာ သိပ်၍မမှတ်မိချေ။ဒရမ်မာအကြီးစားဖြစ်သည့် သမီးအတု၊အစစ်ကိစ္စတွင် လူတိုင်းသည် ချမ်းသာသည့်မိသားစုအပေါ်သို့ အာရုံစိုက်လာကြသည်။ မည်သူက သာမာန်မိသားစုအား ဂရုစိုက်မည်နည်း။လင်းရန်ရန်သည် လင်းမိသားစုသို့ပြန်သွားသော်လည်း ယန်ရှီသည် ယန်မိသားစုကိုမပြန်ဘဲနှင့် အရာအားလုံး နေရာမှန်ဖြစ်နေသင့်တာ ဖြစ်သည်။ လုပေယွီ အတင်းပြုံးလိုက်သည်။ ယန်ရှီသည် လဲလှယ်ခံခဲ့ရသည့် ကလေးမှန်းသိလိုက်သည့်အချိန် လုပေယွီသည် မျက်လုံးပြူးသွားခဲ့သည်။သို့သော် သူသည် ယန်ရှီအား နှောင့်ယှက်သကဲ့သို့ ဖြစ်မည်စိုးရိမ်သောကြောင့် တိုက်ရိုက်ကြီးမမေးရဲချေ။
လင်းရန်ရန်သည်လည်း သူ့အား ဖြေကြားမည်မဟုတ်မှန်းသိသောကြောင့် ဆုလင်းလင်းကိုသာ မေးရခြင်းဖြစ်သည်။သို့သော် ရရှိလာသည့်အဖြေသည် သူ၏မျက်လုံးထဲရှိ ယုံကြည်မှုများအား အနည်းငယ်စီ ပျောက်ကွယ်သွားစေသည်။ရဲ့လော့ယီသည် သူ၏ဘေး၌ ထိုင်နေပြီး ဘာဘီကျု့အား တိတ်ဆိတ်စွာစားနေသည်။
ယန်ရှီသည် လင်းမိသားစုမှ ထွက်ခွာရန် ကျုံမိသားစုထံမှ ငွေတစ်ဆယ်မီလီယမ် ချေးခဲ့သည့်အကြောင်းကို ပေယွဲ့ပိုင်ပြောဖူးသည်ကို ရဲ့လော့ယီ ရှင်းလင်းစွာမှတ်မိပါသည်။
အကယ်၍ ယန်ရှီသာ သူမ၏မိသားစုထံသို့ ပြန်ခဲ့လျှင် သူမ၏ မွေးမိဘများသည် လင်းရန်ရန်ကို ပျိုးထောင်ခဲ့ပြီး လင်းမိသားစုသည် ယန်ရှီအား ပျိုးထောင်ခဲ့ပေသည်။ထို့အပြင် လင်းမိသားစုကြောင့် ကလေးလဲခံရခြင်းသာ ဖြစ်သည်။
အဲတာကြောင့် ဘာငွေမှ ပေးစရာမလိုဘူးလေ၊ဟုတ်တယ်မလား။
လုမိသားစု၏ ပျောက်ဆုံးသွားသည့်သမီးသည် ယခုနှစ်တွင် အသက်၂၂နှစ်ပြည့်မည်ဖြစ်သည်။ပြီးနောက် ယန်ရှီသည်လည်း အတူတူပင်ဖြစ်သည်။
“ယီယီ၊ မင်းဘာတွေဒီလောက်တွေးနေတာလဲ”
ဆုလင်းလင်းသည် ရဲ့လော့ယီအတွေးထဲနစ်နေသည်ကို သတိပြုမိသည်။ သူမရှေ့ရှိ အသားကင်သည်လည်း တူးသွားပြီဖြစ်သည်။ထို့ကြောင့် သူမသည် ရဲ့လော့ယီအား နှစ်ခါလောက်ခေါ်လိုက်ရသည်။
ရဲ့လော့ယီသည် အိမ်မက်ထဲမှ နိုးထလာသကဲ့သို့ သတိဝင်လာသည်။သူမ လုပေယွီကို ကြည့်လိုက်သည့်အခါ သူမ၏မျက်လုံးထဲတွင် မလုံမလဲဖြစ်ခြင်းကို ခံစားလိုက်ရသည်။
သူမသည် နူးညံ့စွာပြုံးလိုက်သည်။
“ဘာမှမဟုတ်ပါဘူး၊ မြန်မြန်စားကြလေ ကျက်နေပြီ”
ယန်ရှီနှင့် ကျုံချင်းယွီတို့သည် ပြောင်ပေါင်ယွမ် ညွှန်းသည့်စားသောက်ဆိုင်သို့ ရောက်လာကြသည်။
Express Bank၏ ခရီးသွားလမ်းညွှန်များသည် ယုံကြည်ရသည်ဟု ပြောကြသည်။လူးဝစ်လည်း ထိုကဲ့သို့ပင်ဖြစ်ပြီး ပြောင်ပေါင်ယွမ်လည်း အတူတူပင်ဖြစ်သည်။
ပြောင်ပေါင်ယွမ်သည် အသက်၃၀အရွယ် တက်ကြွသည့်အမျိုးသမီးတစ်ဦးဖြစ်ပြီး သူမ၏ တရုတ်စကားပြောစွမ်းရည်မှာ ကျွမ်းကျင်လှသည်။အချိန်တွေကြာလာသည်နှင့်အမျှ လူသစ်များသည် သူမအား တရုတ်အစစ်ဟုပင် ထင်ကြကုန်သည်။
ယန်ရှီနှင့် ကျုံချင်းယွီတို့သည် ကောင်းမွန်သည့်အစားအစာများကို စားသောက်ကြသည်။
ထို့နောက် သူတို့နှစ်ယောက်သည် ဟန်မြို့၏ လမ်းသွယ်လေးများသို့ လျှောက်သွားကြသည်။ရံဖန်ရံခါ ကိုရီးယားပရိသတ်များနှင့်တွေ့ဆုံသောကြောင့် ကျုံချင်းယွီသည် ရပ်၍ အတူတကွ ဓါတ်ပုံရိုက်ကာ လက်မှတ်ပင်ထိုးပေးရသေးသည်။
လင်းရန်ရန်နှင့်ချူးမိုကို တွေ့ခဲ့ခြင်းမှလွဲ၍ ညတစ်ညလုံးသည် သာယာနေခဲ့သည်။ ကျုံချင်းယွီသည် ရန်သူ၏ကိစ္စသေးသေးလေးကိုပင် စောဒကတက်ချင်နေသည်။
ပြောင်ပေါင်ယွမ်သည် နှိမ့်ချစွာ ပြောလိုက်သည်
“ဟန်မြို့က ကျဉ်းကျဉ်းလေးပဲ”
အဖွဲ့နှစ်ဖွဲ့သည် ချိန်းဆိုမှုမရှိဘဲနှင့် တွေ့ဆုံမိကြသည်။ကျုံချင်းယွီသည် ယန်ရှီ၏လက်ကိုဆွဲအား ရေခဲမုန့်ဆိုင်သို့ ဦးတည်ခေါ်ဆောင်သွားပြီး လင်းရန်ရန်သည်လည်း ချူးမို၏ပခုံးကိုဖက်ကာ အခြားဖက်သို့ လှည့်ထွက်သွားသည်။ချူးမိုတစ်ယောက်သည်သာလျှင် ယန်ရှီအား ဆက်တိုက်ကြည့်နေသည်။
ရင့်ကျက်သော ကျုံချင်းယွီ၏အလှနှင့်ယှဉ်လျှင် ချူးမိုသည် ယန်ရှီ၏ ဖြူစင်ပြီး အပြစ်ကင်းသည့် မိန်းကလေးပုံစံကို ပို၍သဘောကျသည်။
ယန်ရှီသည် ယနေ့ လှပသည့်ဝတ်စုံကို ဝတ်ဆင်ထားသည်။ပခုံးကြိုးပါးပါးသည် သူမ၏သွယ်လျသည့်ပခုံးအား ပေါ်လွင်စေပြီး စကတ်သည် လေပြေထဲ၌လွင့်မျောနေသည်။ချူးမို၏ မျက်လုံးများသည် သူမအပေါ်၌သာ ရောက်ရှိနေပြီး သူသည် မသိမသာဖြင့် လျှာကိုထုတ်ကာ နှုတ်ခမ်းအားပွတ်သပ်လိုက်သည်။
လင်းရန်ရန်၏မျက်နှာသည် ရုတ်ချည်းပြောင်းလဲသွားသည်။
ငါးနှစ်ခန့်ကြာပြီးသည့်နောက်တွင် ယန်ရှီသည်သူမဘဝထဲမှ ပျောက်ကွယ်သွားပြီဖြစ်သည်။ယန်ရှီသည် သူမကို ရင့်ကျက်စေပြီး အထီးကျန်စေသည့်သူတစ်ယောက် မဟုတ်သည်ကိုလည်း လင်းရန်ရန်ကောင်းကောင်းသိသည်။
ယန်ရှီသည် လင်းမိသားစုမှ ထွက်သွားသော်လည်း မစ္စလင်းသည် လင်းရန်ရန်အား ယန်ရှီနှင့် နှိုင်းယှဥ်ပြောဆိုတက်သည်။သူမသည် လင်းရန်ရန်၏ အမှတ်မကောင်းသည်ကို အမြဲဆူပူပြီး ယန်ရှီနှင့် မယှဉ်နိုင်ဘူးဟူ၍ပြောသည်။ယန်ရှီသုံးရက်သာ သင်ယူခဲ့သည့်Ballroomအကနှင့်ယှဉ်၍ သူမ၏ အကစွမ်းရည်ကို လှောင်ပြောင်ခဲ့သည်။သူမအား ကာကွယ်ပေးချင်သည့် ချူးမိုတောင် တစ်ခြားအမျိုးသမီးများနှင့်အတင်းပြောလေ့ရှိပြီး ယန်ရှီ၏ပုံများပင် ဖုန်းထဲ၌သိမ်းဆည်းထားတက်သည်။
လင်းရန်ရန်သည် မစ္စလင်းအပါအဝင် ချူးလီကိုလည်း အပြစ်မတင်ရက်ပေ။သူမသည် ယန်ရှီ၏ဘဝပျက်စီးစေရန်သာ တိတိတ်လေး ဆုတောင်းနေမိသည်။
ယန်ရှီ၏ဘဝသည် ခက်ခဲသည်ဟုထင်ခဲ့သော်လည်း ၎င်းကပင် သူမ၏ဘဝကို ပို၍တောက်ပစေခဲ့သည်။သို့သော် ယန်ရှီတွင် ကောင်းမွန်သည့်ဘဝရှိပြီး သူမနှင့်ပတ်သက်၍ မည့်သည့်မကောင်းသည့်မှတ်ချက်မှ အွန်လိုင်းပေါ်တွင် ရှိမနေချေ။လင်းရန်ရန်မှတ်မိသည့် ယန်ရှီအဆူခံရသည့်အချိန်မှာ သူမသည် လင်းမိသားစုဝင်မဟုတ်သောကြောင့်ပင် ဖြစ်သည်။ ဘိုဝေါန်အလယ်တန်းကျောင်းစာသင်နှစ်သည် သူမ၏ အလှောင်ရယ်ခံရဆုံးနှစ်ဖြစ်သည်။အာဏာရှိသူများကိုမြှောက်ပင့်ပြီး အားနည်းသူများအား ဖိနှိပ်ခြင်းသည် လူကုန်ထံတို့၏အကျင့်စရိုက်ပင် ဖြစ်သည်။
အနုပညာလောကသည်လည်း အတူတူပင်ဖြစ်သည်။
လင်းရန်ရန်၏ဖုန်းမီးလင်းလာသည်။ သူမ၏ အတန်းဖော်အုပ်စုမှ မက်ဆေ့ခ်ျပို့လိုက်ခြင်းဖြစ်ပြီး တစ်ယောက်ယောက်က သူမအား မန်းရှင်းခေါ်ထားသည်။လင်းရန်ရန်သည် လင်းမိသားစုသို့ ပြန်သွားပြီးနောက် သူမသည် ဘိုဝေါန်အလယ်တန်းကျောင်းသို့ ပြောင်းရွေ့ခဲ့သည်။ယန်ရှီသည် သူမ၏စီနီယာအထက်တန်းကျောင်းသူဖြစ်နေချိန် သူမသည် ဂျူနီယာတတိယနှစ်သာရှိသေးသည်။သူမသည် ယန်ရှီ၏ အရိပ်အောက်မှ ရုန်းထွက်ရန် အမြဲကြိုးစားခဲ့သည်။ကံကောင်းစွာဖြင့် ယန်ရှီကျောင်းပြီးသည့်အချိန်တွင် လင်းရန်ရန်သည် ဘိုဝေါန်အထက်တန်းကျောင်း၌ တဖြည်းဖြည်းနေရာရလာသည်။
[@ရန်ရန်၊ငါနင့်ကို ရသစုံရှိုးမှာတွေ့တယ်]
[ရန်ရန်က ရှိုးမှာလှသားပဲ]
[ငါကြည့်လိုက်တော့ အဲယန်ရှီက တော်တော်အဆင်ပြေနေပုံပဲ၊ သူက မင်းရဲ့ သမီးအတုဆိုတဲ့ အစ်မနဲ့တူတယ်]
[သူပဲ၊ရသစုံရှိုးရဲ့ အရင်အပိုင်းတုန်းက သူ့ရဲ့ အရင်နာမည်က လင်းရှီဆိုပြီး ပြောဖူးတယ်]
[ဒီအရှက်မရှိတဲ့မိန်းမက သာယာနေတာပဲ သူက နာမည်ကြီးချင်နေတာလား]
[သူက အခွင့်သာတုန်း လူချမ်းသာတစ်ယောက်ကို အမိဖမ်းချင်တာနေမှာပေါ့]
[ရွံ့စရာကောင်းလိုက်တာ စာကလေးက သစ်ကိုင်းပေါ်မှာပျံပြီး သိမ်းငှက်ဖြစ်ချင်နေပုံပဲ]
[သူမကို ဖော်ထုတ်လိုက် ဒီလိုလူက ချမ်းသာတဲ့မိသားစုကို ပြန်ရချင်သေးတယ်၊ စိတ်ကူးယဉ်နေလိုက်]
လင်းရန်ရန်အနည်းငယ် ဂုဏ်ဆာသကဲ့သို့ ခံစားလိုက်ရသည်။
အကယ်၍ ကျုံချင်းယွီ သူတို့ရဲ့ဆက်ဆံရေးကို မဖော်ထုတ်ချင်လည်း ဘာဖြစ်လဲ။သူမသာ ရသစုံရှိုးမှာ ပါဝင်နေသရွေ့ တစ်ယောက်ယောက်ကတော့ သူမနဲ့ ယန်ရှီကြားက အတိတ်ဖြစ်ရပ်တွေကို သတိပြုမိမှာပဲ။ဘိုဝေါန်အလယ်တန်းကျောင်းတွင် ကျောင်းသားများစွာရှိသော်လည်း ဤကိစ္စကို သိသူမှာ နည်းသည်။ယန်ရှီအပေါ်ဝေဖန်မှုမရှိသူများသည်လည်း အနုပညာရှင်များ၏အတင်းအဖျင်းများအား ဖော်ထုတ်လိုကြသည်။ သမီးအစစ်နှင့်အတု၏အမှန်တရားအား သိရန် အချိန်တစ်ခုသာလိုတော့သည်။
အိမ်ပြန်သည့်လမ်းတွင် လင်းရန်ရန်သည် အလွန်ပင် စိတ်လှုပ်ရှားနေသည်။အဖွဲ့ထဲရှိလူများသည်လည်း ဤကိစ္စအားပြောဆိုနေကြသည်။တစ်စုံတစ်ယောက်သည်ထိုကိစ္စအား တိတိကျကျခွဲခြမ်းနိုင်လိမ့်မည်ဟု လင်းရန်ရန်ယုံသည်။
အချိန်နည်းနည်းလေးဆက်စောင့်လိုက်ရင်ရပြီ၊ခဏလောက်ဆက်စောင့်လိုက်ရင်ရပြီ။
သူမ ဗီလာသို့ ပြန်လာသည့်အချိန်တွင် လင်းရန်ရန်သည် ယန်ရှီကို ဓါတ်လှေကား၌တွေ့လိုက်သည်။သူမသည် သူမ၏ခေါင်းအား တမင်တကာ မော့ထားပြီး ယန်ရှီအား နှာဖျားလေးမှတစ်ဆင့် ကြည့်လိုက်သည်။
ငါ နင့်ကို နောက်တစ်ညလောက် ထပ်ပျော်ခွင့်ပေးလိုက်မယ်။ ဟမ့်!!
ယန်ရှီ;??
သူမသည် ကျုံချင်းယွီကိုပြောလိုက်သည်။
“သူက ဆေးမှားသောက်ထားတာလား၊ အရူးလိုပဲ”
ကျုံချင်းယွီသည် နွားနို့သောက်လျက် ပြန်ပြောသည်။
“သူဘယ်တုန်းက ပုံမှန်ဖြစ်ဖူးလို့လဲ”
လင်းရန်ရန် “...”
လင်းရန်ရန်သည် ထိုနှစ်ယောက်အား လျစ်လျူရှုကာ ဖော်ထုတ်ဖို့ကိုသာ စောင့်ဆိုင်း၍ ဆက်သွားလိုက်သည်။
သူမသည် အချိန်မည်မျှကြာခဲ့ပြီမှန်းမသိတော့သည်အထိ အချိန်အတော်ကြာ စောင့်နေခဲ့သည်။သို့သော် အင်တာနက်ပေါ်၌ မည်သို့သောလှုပ်ခတ်မှုမျှ ရှိမနေချေ။
ဘာမှားနေတာလဲ။ဖော်ထုတ်ကြမယ်လို့ မပြောကြဘူးလား။
လင်းရန်ရန်သည် သူမ၏အိပ်ချင်စိတ်ကိုလျော့ချရန် ကော်ဖီတစ်ခွက်ပြီးတစ်ခွက်သာ သောက်နေခဲ့သည်။သူမ ဘယ်အချိန်လည်းဆိုတာကိုပင် မသိတော့ပေ။ တိုက်ရိုက်ထုတ်လွှင့်မှုပြီးနောက် အသီးသီးအိပ်ရာဝင်သွားကြသော်လည်း အင်တာနက်ပေါ်၌ မည်သည့်ပြောင်းလဲမှုမျှမရှိချေ။
သူတို့ဖော်ထုတ်မယ်လို့ ပြောခဲ့တယ်မဟုတ်လား။
လင်းရန်ရန်ဆက်၍ မစောင့်နိုင်တော့သောကြောင့် သူမသည် အမည်မသိအကောင့်တစ်ခုအား ဖွင့်လိုက်သည်။
အကယ်၍ နင်တို့မတင်ရင် ငါတင်မယ်။ စကရင်ရှော့ (Screenshot)ရိုက်လိုက်ပြီး တဒ်တွဲလိုက်သည်။ဒီလိုသတင်းမျိုးက အရမ်းကို ခေတ်စားသွားမှာပဲ။
ပြောနေစဉ်အတွင်းမှာပင် လင်းရန်ရန်သည် အုပ်စုဖွဲ့စကားပြောသည့်ပုံများအား တင်လိုက်သည်။သူမသည် အလွန်ပင် စိတ်လှုပ်ရှားနေပြီး ထိုသတင်းခေတ်စားလာမည့်နေ့ကို စောင့်နေမိသည်။
သူမသည် ပေ့ခ်ျအား ဆွဲတင်လိုက်သည်နှင့် သူမ၏အကောင့်သည် ဘလော့ခြင်းခံလိုက်ရသည်။
…..
ကျုံလုပ်ငန်းစု၏တရားဝင်ဆက်နွယ်မှုဌာနတွင် ဖြစ်သည်။
ကျုံယန်စီသည် အင်တာနက်ပေါ်ရှိ ယန်ရှီနှင့် လင်းရန်ရန်တို့၏ ပရိသတ်ထင်မြင်ချက်များကို LED မျက်နှာပြင်မှတစ်ဆင့် တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။
လွန်ခဲ့သည့် သုံးနာရီခန့်တွင် တရားဝင်ဆက်သွယ်ရေးဌာနမှ ယန်ရှီ၏အမည်အရင်းကို ရသစုံရှိုး၏ယခင်အပိုင်းတွင် ဖော်ထုတ်ခဲ့ကြောင်း လက်ထောက်ဆန်မှ ကျုံယန်စီအားပြောကြားသည်။ယန်ရှီနှင့်လင်းမိသားစု၏ အကြောင်းအား အင်တာနက်ပေါ်တွင် တင်ထားကြောင်းကိုလည်း တင်ပြသည်။
ယနေ့ ရသစုံရှိုး တိုက်ရိုက်ထုတ်လွှင့်မှုနှင့် ဆက်စပ်ကြည့်လျှင် လင်းရန်ရန်၏ပုံစံသည် ထိုကိစ္စများအား ပရိသတ်များထံ ဖော်ထုတ်ပစ်ချင်နေသကဲ့သို့ ဖြစ်နေသည်။
လက်ထောက်ဆန်သည် ဤကိစ္စအား ရေးကြီးခွင်ကျယ်မလုပ်ချေ။ထို့အပြင် နောက်ဆုံးတစ်ခေါက်တွင် ကျုံချင်းယွီသည် ယန်ရှီအတွက် ပရိသတ်ထောက်ခံမှုရရှိရန် ကျုံယန်စီနှင့် တော်ဝင်ဟော်တယ်၏ရှယ်ယာများကို လဲလှယ်သွားသည်။ယခုကိစ္စတွင် မမလေးသူတို့ထံ မလာသည့်အတွက်ကြောင့် စိတ်ပူစရာမလိုဘူး ဆိုသည့်သဘောပင်ဖြစ်သည်။
သို့သော် ကျုံယန်စီ ထိုအကြောင်းကို ကြားလျှင်ကြားချင်း သူ ချက်ချင်း ထကြည့်သည်။
လက်ထောက်ဆန်သည် လောနေသကဲ့သို့ပြောလိုက်သည်။
“မစ္စတာကျုံ၊ ပရောဂျက်အစည်းအဝေးစဖို့ ငါးမိနစ်ပဲလိုတော့တယ်”
ကျုံယန်စီ: “မနက်ဖြန်ကိုရွေ့လိုက် ပရိသတ်ဆက်သွယ်ရေးဌာနကို အရင်သွားမယ်”
လက်ထောက်ဆန်:???
ဘာတွေဖြစ်နေတာပါလိမ့်။ သူတို့မောင်နှမနှစ်ယောက် ဆက်ဆံရေးပြေလည်သွားတာလား။ ယခု မစ္စတာကျုံသည် after-sales service မှာပါ တာဝန်ရှိနေပြီလား။
ပရိသတ်ဆက်သွယ်ရေးဌာနတွင် ကျုံယန်စီသည် သင့်တော်သည့်သတင်းများတင်ရန် စာမျက်နှာအားလုံးအားညွှန်ကြားလိုက်သည်။ ရံဖန်ရံခါပို့စ်အသစ်များ တက်လာတက်သော်လည်း ကျုံလုပ်ငန်းစု၏ ပရိသတ်ဆက်သွယ်မှုရှာဖွေရေး စနစ်သည် အလွန်အားကောင်းလှသည်။ဤစနစ်သည် ကျုံယန်စီ ရင်းနှီးမြှုပ်နှံထားသည့် သိပ္ပံနှင့် နည်းပညာ ကုမ္ပဏီများမှ တီထွင်ထားခြင်းဖြစ်သည်။၎င်းသည် အချိန်တိုအတွင်း အုပ်စုဖွဲ့ မကောင်းသတင်းများအား ရှာဖွေရန် ဖန်တီးထားသည့်အတွက် လျင်မြန်စွာပင်ထိုသတင်းများအား ဖယ်ရှားနိုင်သည်။ယခုတွင်တော့ ဤစနစ်ကို ယန်ရှီကိစ္စအတွက် အသုံးပြုမည်ဖြစ်သည်။
ပရိသတ်ဆက်သွယ်ရေးဌာနမှ စတင်လှုပ်ရှားလိုက်သည်နှင့်တပြိုင်နက် ယန်ရှီနှင့် လင်းမိသားစုအကြောင်းတင်ထားသည့် သတင်းများအား ဘလော့ပြီးသားဖြစ်သွားသောကြောင့် ထိုကိစ္စအား ဆက်လက်၍ပြောကြားသူမရှိတော့ချေ။
ရုတ်တရတ် ကျုံယန်စီ၏ဖုန်းမြည်လာသည်။ ယန်ရှီသည် သူ့အား WeChat မှ မက်ဆေ့ခ်ျပို့လာသည်။
[ချစ်စရာကြောင်ပုံ]
[မစ္စတာကျုံ၊ဆယ်နာရီတောင် ထိုးတော့မယ်၊ ရှင်အိပ်သင့်ပြီ]
ကျုံယန်စီသည် မျက်ခုံးပင့်ပြီးနောက် ပြုံးလိုက်သည်။ သူ၏မျက်လုံးများသည်လည်း နူးညံ့ညင်သာနေသည်။
[ကိုယ်ဒီညမအိပ်နိုင်ဘူး၊ အလုပ်လုပ်ရဦးမယ်]
ယန်ရှီ:[!!!!]
[ရှေးအဆို: "သည်းမခံနိုင်သောညများနှင့် ကျန်းမာရေး၏ ပျောက်ဆုံးသွားသော အလှတရားများ"]
[ရှေးအဆို - "ညသည် လှပသော်လည်း နောက်ကျမှအိပ်ခြင်းသည် ဆိုးကျိုးဖြစ်စေတက်ပြီး ဘဝအား မှောင်မိုက်စေသည်"]
[ရှေးအဆို- "ညသည် မပြီးဆုံးသေးသော်လည်း ဝမ်းနည်းခြင်းမှာ ဖြစ်ပေါ်လာသည်၊ အိပ်စက်မှုနောက်ကျခြင်းသည် ခုခံရန်ခက်ခဲလှသည်]
ကျုံယန်စီသည် မနေနိုင်တော့ဘဲ မျက်ရည်များကျသည်အထိ တစ်ချယ်ရယ်လိုက်သည်။
ဒီကလေးမသည် နေ့တိုင်း မည်သည့်သောအရာများကို သယ်ဆောင်ထားသနည်း။
သူသည် လက်ထောက်ဆန်အား အချိန်ရွေ့ထားသော ပရောဂျက်အစည်းအဝေးအကြောင်းကို မေးမြန်းသည်။၎င်းသည် နောက်နေ့ နေ့လည်ခင်းဖြစ်ကြောင်း သေချာစွာသိပြီးနောက် ယန်ရှီထံသို့ အကြောင်းပြန်လိုက်သည်
[ကိုယ် ဒီည လုပ်မယ့်အရာတွေက အရေးကြီးတယ်၊ စိတ်မပူပါနဲ့ ကိုယ်မနက်ကျရင် အိပ်လိုက်ပါ့မယ်]
ယန်ရှီ:[အိုကေ…{ကြောင်ငိုနေသည့်ပုံ}.jpg]
[ကိုယ့်စကားကိုယ်တည်နော်]
[ကြောင်လေးက စောင့်ကြည့်နေတယ်]
ကျုံယန်စီသည် ပြုံးလျက်ပင် ဖုန်းအား ဘေးသို့ချလိုက်သည်။
လက်ထောက်ဆန်သည် အဘယ့်ကြောင့် ကျုံယန်စီသည် ဖုန်းကြည့်နေစဉ် ပြုံးနေသည်ကို နည်းမလည်နိုင်ချေ။ သူသည် နည်းနည်းလေး ထူးဆန်းနေသည်ဟု ထင်မိသည်။
သူသည် ပရိသတ်ဆက်သွယ်မှုဌာနမှ ဖျက်ချထားသော ပို့စ်၏ IP လိပ်စာကို ကျုံယန်စီအား လက်ကမ်းပေးလိုက်သည်။
“မစ္စတာကျုံ ၊လက်ရှိမှာ ပရိသတ်တွေက အပျော်သက်သက်သာပြောဆိုနေကြတာပါ၊ တင်ထားတဲ့ပို့စ်အပေါ် ဘာအာရုံစိုက်မှုမှ မရှိကြပါဘူး ဒါပေမယ့် ထူးဆန်းတဲ့ IP အကောင့်တစ်ခုက ဒါကိုပဲထပ်ခါထပ်ခါတင်နေပြီး ပို့စ်ရဲ့ ခေါင်းစဉ်ကလည်း အတော်ရိုင်းတယ်”
“ကျွန်တော်တို့စစ်ကြည့်လိုက်တော့ အဲဒီIP က ဟန်မြို့ကလာတာ၊ ဒါက လင်းရန်ရန်အကောင့်ဖြစ်မယ်ထင်တယ်”
ကျုံယန်စီသည် သတင်းစာစောင်များအားယူပြီး လင်းရန်ရန် အွန်လိုင်းပေါ်သို့တင်ရန် ရည်ရွယ်နေသော ပို့စ်အား ကြည့်လိုက်သည်။ အုပ်စုဖွဲ့စကားပြောထားသည့် ဓါတ်ပုံအပြင် ယန်ရှီအား ပရိသတ်များအထင်အမြင်လွဲစေရန်အတွက် အခြားသော ဝေဖန်မှုများလည်း ရှိသေးသည်။
လင်းရန်ရန်၊ လင်းမိသားစု။
ကျုံယန်စီသည် နာရီကြည့်လိုက်သည်။ ဆယ်နာရီထိုးပြီဖြစ်ပြီး U.S စတော့ဈေးကွက်ဖွင့်သည့်အချိန်ဖြစ်သည်။
“ငါသိသလောက်တော့ လင်းမိသားစုရဲ့ ကုမ္ပဏီက စာရင်းသွင်းခံထားရတာဆို၊ဟုတ်လား”
ကျုံယန်စီပြောလိုက်သည်။ လက်ထောက်ဆန် ခဏတာ ရပ်ဆိုင်းသွားပြီး
“ဟုတ်ပါတယ်”
ကျုံယန်စီသည် သူ၏ ရွှေရောင်ကွတ်ထားသော မျက်မှန်ကိုင်းအား ချွတ်လိုက်ပြီး တစ်ရှုးကိုယူကာ သူ၏မျက်မှန်အား အသာအယာ သုတ်လိုက်သည်။
“နောက်ဆုံးတစ်ခေါက် ငါတို့ချန်းမိသားစုကို ပျက်စီးစေဖို့ အချိန်ဘယ်လောက်ကြာခဲ့တာလဲ”
လက်ထောက်ဆန်မှ ပြန်ဖြေသည်
“သုံးရက်ပါ”
ကျုံယန်စီသည် မျက်မှန်ပြန်တပ်လိုက်သည်
“ဒီတစ်ခါတော့ ငါတို့အဲ့ထက်မြန်အောင်လုပ်ရမယ်”