Chapter 54
Vol. 6 Ch. 54
ကျုံချင်းယွီနှင့် လုပေယွီတို့သည် ပြုံးလိုက်ခဲ့သည်။
တစ်မိနစ်ကြာသောအခါ ကျုံချင်းယွီသည် လုပေယွီကို စတင်၍ ဆူပူတော့သည်။
ယန်ရှီသည် သူမကို မသွားစေရန် အားအကုန်သုံး၍ ဆွဲထားခဲ့သည်။
“ လုပေယွီ နင်က လူလိမ်ကောင်ပဲ နင်ဘာတွေဆွဲခဲ့လဲ ငါ့ကိုအခုချက်ချင်းရှင်းပြစမ်း၊ ငါက အဲလောက်တောင် ရုပ်ဆိုးနေတာလား ၊ မဟုတ်ဘူး ငါ နင့်ကို ပန်းချီသင်တန်းကောင်းကောင်းထားပေးမယ် နင် ငါ့ကို လှလှလေးဆွဲကိုဆွဲပေးရမယ်”
လုပေယွီသည် ကြောက်နေ၍ ပြောင်ပေါင်ယွမ်အနောက်တွင် ပုန်းနေခဲ့သည်။
ကျုံချင်းယွီသည် သူ(လုပေယွီ)၏မျက်နှာပေါ်၌ လိပ်သုံးကောင် ဆွဲပေးထားလေသည်၊ နဖူးပေါ်၌တစ်ကောင် ပါးပေါ်တွင်တစ်ကောင်နှင့် သူ့မေးစေ့ပေါ်တွင် တစ်ကောင်ဆွဲထားခဲ့သည်။
လုပေယွီသည် မျက်ရည်များဝဲကာ ပြောလာခဲ့သည်။
“ မစ္စ ကျွန်တော် သေချာဂရုစိုက်ပြီး ဆွဲခဲ့တာပါ၊ အစ်မတောင် ချစ်စရာလေးလို့ပြောခဲ့သေးတယ်လေ”
ကျုံချင်းယွီသည် အလွန်ပင် စိတ်တိုနေခဲ့သည်။
“ ပါးစပ်ပိတ်ထား”
နေ့လည်ပိုင်းတွင် ကျုံချင်းယွီသည် အိမ်ယာ၌ အိပ်စက်ရန်အတွက် ပြန်မသွားခဲ့ပေ။
သူမသည် လုပေယွီအား နှောက်ယှက်နေခြင်းဖြင့် အလွန်ပင်အလုပ်ရှုပ်နေခဲ့သည်။
လုပေယွီသည် သူ့ဘဝတွင် အကြီးမားဆုံး အမှားတစ်ခုသည် သခင်မလေးပုံကို ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း ကျိန်ဆိုခဲ့သည်။
နေ့လည်ပိုင်းအချိန်သည် လျင်မြန်စွာဖြင့် ကုန်ဆုံးသွားခဲ့သည်။
ပိုက်ဆံရှာရန် အလုပ်လုပ်နေသည့် ယောင်ကျူပင် မောပန်းနေခဲ့တော့သည်။
ယခင်လိုပင် သူ၏ အမြီးကို မလှုပ်နိုင်ခဲ့တော့ပေ။
သူတို့သုံးယောက်နှင့် ယောင်ကျူသည် ညစာစားပြီးနောက် အိမ်ယာသို့ ပြန်လာခဲ့သည်။
ညနေ 8နာရီအချိန်၌ ဒါရိုက်တာယွီသည် ရလဒ်များကို စစ်ဆေးရန် ရောက်ရှိလာခဲ့သည်။
နောက်ဆုံးအဆင့်ရရှိသည့် ဧည့်သည်အတွက် ပြစ်ဒဏ်ရှိသောကြောင့် လူများအားလုံးသည် ကြောက်ရွံ့နေခဲ့ကြသည်။
ချူမိုသည် သူ၏ရလဒ်များကို ပထမဆုံးပြခဲ့သူဖြစ်သည်။
ချူမို : “ ကျွန်ဝောာ် လိုင်းပေါ်မှာ ကျွမ်းကျွမ်းကျင်ကျင်နဲ့ဓာတ်ပုံရိုက်ပေးတဲ့ဝန်ဆောင်မှုတွေရှိကြောင်း postတင်လိုက်တော့ အတွဲတစ်တွဲက ကျွန်တော့်ကို ဆက်သွယ်လာတာမလို့ ကျွန်တော့်သူတို့ကို ပုံတွေရိုက်ပေးခဲ့တာ ဝမ် 400,000 ပေးသွားခဲ့ပါတယ်”
ချူမိုသည် သူရှာခဲ့သည့်ပိုက်ဆံများကို စားပွဲပေါ်သို့တင်လိုက်သည်။
ဒါရိုက်တာယွီသည် ရေတွက်ကြည့်ခဲ့ပြီး တကယ်ပင် ဝမ် 400,000 ဖြစ်၏။
[ ဝမ် 400,000 က ယွမ်2000 နဲ့တူတူပဲ မဟုတ်လား]
[ ချူမိုက တကယ်တော်တာပဲ]
[ ငါ ချူမိုရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ခဲ့တယ်၊ ကိုယ်ရေးကိုယ်တာ အကြောင်းအရာကြောင့် အဲအတွဲရဲ့ပုံတွေမပါပေမယ့် သူရိုက်ထားတဲ့ ရှူခင်းပုံတွေကိုတော့ ပြထားတယ် ၊ အဲပုံတွေက အရမ်းကိုလှလွန်းတယ်]
ချိုမိုအလှည့်ပြီးသွားပြီးနောက် ရဲ့လော့ယီနှင့် ဆုလင်းလင်းတို့၏ ရလဒ်ကို ပြသရန်ရောက်ရှိလာပြီဖြစ်သည်။
ရဲ့လော့ယီသည် တိုးလျသောအသံဖြင့် ပြောလိုက်သည်။
“ကျွန်မနဲ့လင်းလင်းကတော့ audio ပစ္စည်းတစ်ချို့ကို ငှားပြီး ညနေပိုင်းရောက်တော့ လမ်းပေါ်မှာ သီချင်းဆိုခဲ့တယ်၊ ကျွန်မတို့ စုစုပေါင်း ဝမ် 320,000 ရခဲ့ပြီး နောက်ထပ် အကြွေအနည်းငယ်လည်း ရခဲ့သေးတယ်”
ပိုက်ဆံများသည် ဆုချထားသည့် ငွေများဖြစ်၍ ရဲ့လော့ယီလက်ထဲတွင် ကိုင်ထားသည့် ပိုက်ဆံများသည် နည်းလွန်းသည့် ပမာဏဖြစ်ပြီး အများစုမှာ ဝမ် ထောင်ဂဏန်းများသာဖြစ်သည်။
ဒါရိုက်တာယွီသည် ဝမ် 325,000 ဖြစ်သည်ကို အတည်ပြုရန်အတွက် အချိန်အနည်းငယ် ယူခဲ့ရသည်။
[ ရဲ့လော့ယီက တကယ်တော်ဝာာပဲ]
[ သူတို့နှစ်ယောက် သီချင်းဆိုတာ တော်တော်ကောင်းလွန်းတယ်၊ ငါတော့ အရမ်းကြိုက်တာပဲ]
[ ရဲ့လော့ယီက မင်းသမီးလည်းဖြစ်ပြီး သီချင်းလည်း ကောင်းကောင်းဆိုနိုင်တာပဲ၊ သူ့ရဲ့အနာဂတ်ကတော့ တောက်ပနေပြီ]
“ ဝမ် 320,000 တည်းလား ကျွန်တော်က အဲထက်တောင်များမယ်ထင်ခဲ့တာ” ဟု လုပေယွီမှ ကြားဖြတ်ဝင်ပြောလာခဲ့သည်။
ရဲ့လော့ယီသည်လည်း သူမ အများကြီးမရှာနိုင်ခဲ့သည်ကို သိနေခဲ့သည်။
“ ဒါက ငါတို့မျှော်လင့်ထက်တာထက် ပိုနည်းနေခဲ့တာပဲ”
သူမသည် အစတွင် သူမ၏ အောင်မြင်မှုကြောင့် တစ်ညအတွင်း ယွမ် 3000 မှ 5000 အထိ ရှာနိုင်မည်ဟုထင်ခဲ့သည်။
“ ဒီ H နိုင်ငံမှာ idol အနုပညာကိစ္စတွေက အရမ်းကျော်ကြားတယ်လေ လူအုပ်တွေထဲမှာ သီချင်းဆိုတက်တဲ့သူ နဲ့ အက ကတက်တဲ့သူတွေကို လွယ်လွယ်ကူကူ ရှာလို့ရတယ်၊ နင်က သီချင်းဆိုတာလည်း မကျွမ်းကျင်သလို ကလည်း မကတက်ဘူး ဒီလိုလမ်းဘေးမှာ သီချင်းဆိုတာက ဘာအကျိုးရှိလို့လဲ”
ရဲ့လော့ယီသည် ရှက်နေသည့်ပုံ ပေါ်နေခဲ့သည်။
သူမသည် ထိုအရာကို သတိပြုမိခဲ့သော်လည်း ပစ္စည်းများကို ညဈေးသို့ ပြောင်းလဲပြီးသွားပြီဖြစ်တာကြောင့် သူတို့၏ အစီအစဉ်ကို ပြောင်းလဲရန် အချိန်မရှိတော့ပေ။
သူတို့သည် ဝမ် 320,000 ရရှိခဲ့သည့် အကြောင်းအရင်းမှာ ဖြတ်သွားကြသည့် လူအများစုသည် ရဲ့လော့ယီအား မှတ်မိခဲ့ကြပြီး သူမ၏ အောင်မြင်မှုကြောင့်ပင် ဆုချီးမြှင့်ခဲ့ခြင်း ဖြစ်၏။
ဆုလင်းလင်းသည် သူမ၏ ခေါင်းကိုမော့ကာ ပြောလာခဲ့သည်။
“ ကျုံချင်းယွီ၊ ငါတို့က အနည်းဆုံးတော့ ပိုက်ဆံရှာနိုင်ခဲ့တယ် နင်ကရော ဘယ်လောက်ရှာနိုင်ခဲ့လို့လဲ၊ နင်က ယန်ရှီကိုပဲ လုံးလုံး အားကိုးနေခဲ့တာမလား”
ဆုလင်းလင်းနှင့် ရဲ့လော့ယီတို့နှစ်ယောက်လုံးသည် ချမ်းသာသည့် မိသားစုများမှ ဆင်းသက်လာကြပြီး တစ်ခြားအလုပ်များ လုပ်ကိုင်ရခြင်းမှာ သူတို့အတွက် ဂုဏ်ယူစရာပင် ဖြစ်နေခဲ့သည်။
သူတို့သည် ကျုံချင်းယွီလည်း ထိုနည်းတူပင် ဖြစ်မည်ဟု ထင်ခဲ့ကြသည်။
ကျုံချင်းယွီသည် သူတို့ထက်ပင်ပို၍ ဂုဏ်ယူနေမည်ဟု ထင်နေခဲ့ကြသည်။
သူမသည် မည်သည့်အလုပ်လုပ်၍ ပိုက်ဆံရှာခဲ့သနည်း။
ကျုံချင်းယွီသည် သူမ၏ပုခုံးပေါ်တွင် ကျနေသည့် ဆံပင်များကို သပ်တင်ကာ ပြောလာခဲ့သည်။
“ ငါပြောလိုက်ရင် လန့်သွားကြဦးမယ်”
“ အိုခေ အိုခေ အစဉ်လိုက်လုပ်ကြရအောင်”
ဒါရိုက်တာယွီသည် သူတို့ကြားထဲဝင်၍ အချိန်မှီ တားဆီးလိုက်ခဲ့သည်။
“ နောက်တစ်ယောက်အလှည့်ကျတာက လုပေယွီပဲ”
လုပေယွီသည် သူ၏ရလဒ်ကို ပြသရန်အလှည့်ကျလာသည့်အခါ၌ သူသည် ဂုဏ်ယူစွာဖြင့် ယောင်ကျူကို ရှေ့ခေါ်ထုတ်လာခဲ့သည်။
ယောင်ကျူသည် သူ၏မျက်လုံးပေါ်တွင် တောက်ပနေသော ရေကာမျက်မှန်ကို ဝတ်ဆင်ထားပြီး သူ၏ခေါင်းကို မော့ထားခဲ့သည်။
လုပေယွီသည် ချောင်းအနည်းငယ်ဟန့်ကာ ပြောလာခဲ့သည်။
“ ကျွန်တော်တို့အဖွဲ့က စုစုပေါင်း ဝမ် 510,000 ရှာခဲ့ပါတယ်၊ ဒီမှာပါ ရေကြည့်လိုက်ပါဦး”
လုပေယွီသည် ပိုက်ဆံများကို စားပွဲခုံပေါ်သို့ တင်လိုက်သည်။
“ လုပေယွီ မင်း ဒီ ဝမ် 510,000 ကို ဘယ်လိုရှာခဲ့လဲ ပြောပြလို့ရမလား”
ဟု ဒါရိုက်တာယွီမှ စနောက်၍ မေးလာခဲ့သည်။
လုပေယွီ၏ မျက်နှာသည် ချက်ချင်းပင် နီရဲသွားခဲ့သည်။
“ ကောင်းပါပြီ ယောင်ကျူက ဝမ် 500,000 ရှာနိုင်ခဲ့ပြီးတော့ ကျွန်တော်က ဝမ် 10,000 ရှာနိုင်ခဲ့တာပါ၊ ဒါရိုက်တာယွီ ဘာလို့ကျွန်တော့်ကို ဒီလိုမျိုး ရှင်းပြခိုင်းရတာလဲ၊ ကျွန်တော့်မျက်နှာ ဘယ်နားထားရတော့မလဲ”
လူတိုင်းသည် သူတို့၏မျက်နှာများကိုကာ၍ ရီခဲ့ကြတော့သည်။
လုပေယွီသည် အလွန်ပင် ရှက်စရာကောင်းသည်ဟု ခံစားခဲ့ရသည်။
နောက်ဆုံးကျန်ရှိသည့်အဖွဲ့မှာ ယန်ရှီနှင့် ကျုံချင်းယွီတို့ပင် ဖြစ်သည်။
ယန်ရှီသည် ငွေများအားလုံးကို စားပွဲပေါ်သို့တင်ကာ ပြောလာခဲ့သည်။
“ ကျွန်မတို့ အလုပ်တစ်ခုကိုရှာတွေ့ခဲ့ပါတယ် ချင်းယွီက စားသောက်ဆိုင်မှာ celloတီးပြီး ဖျော်ဖြေခဲ့ပါတယ် ဒါကတော့ ငွေပေးချေထားတဲ့ဟာတွေပါ၊ စုစုပေါင်း ဝမ်770,000 ရှိပါတယ်”
“ ဝမ် 770,000 တောင်လား”
လူများအားလုံးသည် အံ့ဩသွားကာ အသက်ရှူပင်မှားကုန်ကြခဲ့သည်။
[ ဒါက ယွမ် 4ထောင်တောင်ကျော်သွားပြီ မဟုတ်လား ၊ သူတို့က လုပေယွီရှာတာထက် ပိုပြီးတောင် များနေသေးတာပဲ]
[ တိတိကျကျပြောရမယ်ဆိုရင် ဒါက ယောင်ကျူရှာခဲ့တာထက်တောင် ပိုများတာပဲ]
[ သူတို့ရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေခဲ့တုန်းကတောင် ဝမ် 300,000ပဲရသေးတာမဟုတ်ဘူးလား အခု ဘယ်လိုလုပ် ဒီလောက်များနေရတာလဲ]
[ စားသောက်ဆိုင်ထဲမှာရှိတဲ့ စားသုံးသူတွေက အများပြီး ဆုချခဲ့ကြတာပဲ]
ဟုံဆန်းစားသောက်ဆိုင်သည် မိချယ်လင်းကြယ်သုံးပွင် ရရှိထားသည့် စားသောက်ဆိုင်ဖြစ်ပြီး လူတစ်ယောက်လျှင် ပျမ်းမျှ ဝမ် 100,000 လောက် ကုန်ကျသည်။
စားသုံးသူများသည် ဆုချသည့်နေရာတွင် အလွန်ပင် ရက်ရောကြလေသည်။
ထို့သို့ ရက်ရက်ရောရောဆုချကြသည့် စားသုံးသူများကြောင့် စုစုပေါင်းပမာဏမှာ များလာခဲ့ခြင်းဖြစ်သည်။
ကျုံချင်းယွီသည် အလွန်ပင် ဂုဏ်ယူဝံ့ကြွားနေခဲ့သည်။
ဝမ် 770,000မှာ သူ့အတွက် ဘာမှမဟုတ်ပေမယ့်လည်း ပိုက်ဆံအကုန်လုံးက သူရှာခဲ့တာပဲ ပြီးတော့ သူတို့ အဖွဲ့က ငွေအများဆုံးရှာနိုင်ခဲ့တာလေ။
ကျုံချင်းယွီသည် ရဲ့လော့ယီကိုကြည့်လိုက်သောအခါတွင် သူမမျက်လုံးထဲ၌ ဒေါသထွက်နေသည့်ပုံရိပ်ကိုမြင်လိုက်ရလေသည်။ သူမ(ကျုံချင်းယွီ)သည် ပို၍ပင် ပျော်ရွှင်နေခဲ့တော့သည်။
နောက်ဆုံးအဆင့်ရရှိသူသည် ပြစ်ဒဏ်ခံယူရန် သတ်မှတ်ထားပြီးဖြစ်သည်။
ထိုသတ်မှတ်ချက်သည် အစကတည်းကပင် ပရိုဂရမ်အသင်းမှ ချမှတ်ထားခြင်းဖြစ်သည်။
ရဲ့လော့ယီနှင့် ဆုလင်းလင်းတို့သည် အပြစ်ဒဏ်ကိုသဘောတူလိုက်ပြီး သူတို့၏ခေါင်းများကို ငုံ့ထားခဲ့ကြသည်။
သူတို့သည် မည်သည့်ပြစ်ဒဏ်ခံရမည်ပင် မသိသော်လည်း ထိုအရာမှ ရှောင်လွဲ၍မရကြောင်း သိနေခဲ့သည်။
အလှည့်များအားလုံးပြီးသွားပြီးနောက် ဒါရိုက်တာယွီသည် ကျီစယ်သည့်သဘောဖြင့် ပြုံးလာခဲ့သည်။
“ နောက်ဆုံးအဆင့်ရတဲ့သူအတွက် ပြစ်ဒဏ်ရှိတယ်ဆိုပေမယ့် အဲတာက နောက်ဆုံးအဖွဲ့လား နောက်ဆုံးတစ်ဦးလားဆိုတာတော့ မပြောခဲ့ရသေးဘူးနော်၊ အခု တစ်ယောက်ချင်းစီရှာခဲ့တဲ့ ပမာဏကို ရေတွက်ပြီး အဆင့်သတ်မှတ်မှာဖြစ်ပါတယ်”
[ Damn! တစ်ယောက်ချင်းစီ ခွဲယူရမှာလား၊ ဒါက အရမ်းရက်စက်တာပဲ]
[ ဒါပေမယ့် လူတိုင်းက ညီတူညီမျှ ခွဲယူကြမှာပဲမဟုတ်လား၊ ဘယ်လိုပဲဖြစ်ဖြစ် ရဲ့လော့ယီနဲ့ဆုလင်းလင်းကပဲ ပြစ်ဒဏ်ခံယူရလောက်တယ်”
[ ဘယ်လိုပဲ ညီတူညီမျှ ခွဲယူဖို့ ပြောပေမယ့်လည်း ဒီအချက်က လုပ်ဖော်ကိုင်ဖက်တွေကြားက ဆက်ဆံရေးကို စစ်သပ်တဲ့ဟာပဲ]
ထိုအချိန်တွင် ဒါရိုက်တာယွီမှ သူ၏မျက်လုံးများကို လုပေယွီဘက်သို့ဦးစွာလှည့်လိုက်ပြီး သူတို့အဖွဲ့အား ဝေစုခွဲရန် ပြောလိုက်လေသည်။
လုပေယွီသည် ခေါင်းကိုမော့ကာ ပြောလာခဲ့သည်။
“ ကျွန်တော်နဲ့ယောင်ကျူကြားမှာ သူ့ဟာ ကျွန်တော့်ဟာဆိုပြီး ခွဲဖို့ မလိုအပ်ပါဘူး ဒါကြောင့် ကျွန်တော်တို့က ဒီပိုက်ဆံတွေကို ညီညီမျှမျှ ခွဲယူမှာပါ”
“ ငွေအများဆုံးရှာခဲ့တာက ယောင်ကျူဖြစ်တာမလို့ သူအရင်သဘောတူမှရမယ်နော်”
ထို့နောက် ဒါရိုက်တာယွီသည် လုပေယွီ၏အဖွဲ့မှရရှိထားသည့် ပိုက်ဆံများအားလုံးကို ယောင်ကျူ၏ ကျောပိုးအိတ်သေးသေးလေးထဲသို့ ထည့်လိုက်သည်။
“ လုပေယွီ တကယ်လို့ ယောင်ကျူက မင်းကို ပိုက်ဆံခွဲပေးဖို့ ဆန္ဒရှိတယ်ဆိုရင် အဲဝေစုက မင်းအပိုင်းပဲ၊ တကယ်လို့မဟုတ်ဘူးဆိုရင် မင်းရှာခဲ့တဲ့ ဝမ် 10,000ပဲ ရရှိမယ်”
လုပေယွီသည် ဂရုမစိုက်ပေ။
“ ငါ့ရဲ့ယောင်ကျူလေးက အကောင်းဆုံးပဲ ဒါပေါ့ သူက ဆန္ဒရှိ…”
သူ၏ စကားမဆုံးသေးခင်မှာပင် ဒါရိုက်တာယွီသည် ယောင်ကျူ၏ အကြိုက်ဆုံး မုန့်များအား ထုတ်ယူလိုက်သည်ကို မြင်လိုက်ရသည်။
“ ဒီကိုလာ ယောင်ကျူလေး မင်း ဒီကိုလာချင်လား ဒါမှမဟုတ် မင်းအစ်ကိုဆီသွားချင်လား”
ယောင်ကျူသည် သူ၏လျှာကို သပ်လိုက်သည် ထို့အပြင် တောက်ပနေသည့်မျက်လုံးများဖြင့် ဒါရိုက်တာယွီအား ကြည့်လိုက်ပြီး သွားရေများလည်း ကျလာခဲ့တော့သည်။
တကယ်ကို အရမ်းလောဘကြီးတာပဲ။
လုပေယွီသည် စိတ်တိုစွာဖြင့် သူ့ကိုခြေထောက်ကို ဆောင့်လိုက်သည်။
“ ဒါရိုက်တာယွီ ခင်ဗျားက လှည့်စားပြီး အရူးလုပ်တာပဲ ယောင်ကျူ ဒီကိုလာခဲ့ မင်းရဲ့အစ်ကိုဆီကိုလာခဲ့၊ မင်းရဲ့အစ်ကိုက မင်းကို အချစ်ဆုံးလေ လာလာ မြန်မြန်လာခဲ့”
“Siberian Huskies trio” ထဲမှ တစ်ကောင်ဖြစ်သည့် Samoyed ခွေးသည် အစားအသောက်နှင့်ပတ်သတ်၍ ခံနိုင်ရည်မရှိပေ။
လုပေယွီသည် အကူအညီမဲ့စွာဖြင့် ယောင်ကျူအားကြည့်နေခဲ့ပြီး ဒါရိုက်တာယွီဆီသို့ တစ်လှမ်းချင်း လျှောက်လာခဲ့သည်။
သူသည် မျက်ရည်များ ကျလုဆဲဆဲပင်ဖြစ်၏။
တကယ်လို့ သူက ဝမ် 10,000ပဲရတယ်ဆိုရင် အပြစ်ပေးခံရတဲ့သူက သူဖြစ်သွားတော့မှာပဲ။
အခုတော့ ဒါရိုက်တာယွီက ပရိုဂရမ်အဖွဲ့ကို ပိုးဟပ်တွေဖမ်းဖို့မေးနေတာကို သူမြင်လိုက်ရတယ်။
ဒီပြစ်ဒဏ်က သူတို့ရဲ့အကျီတွေထဲကို ပိုးဟပ်တွေထည့်မှာ သေချာနေပြီ။
သူ၏ဘေးတွင်ရှိသော ဧည့်သည်များသည် ထိန်းမနိုင်သိမ်းမနိုင်ပင် ရီနေကြတော့သည်။
အထူးသဖြင့် ကျုံချင်းယွီသည် အနာပေါ်သို့ ဆားပက်လိုက်သလိုပင် ပြောလာခဲ့သည်။
“ လုပေယွီ နင် ဒီအချိန်မှာ Border Collie ခွေးကို မွေးထားသင့်တယ် ၊ Border Collie တွေက ပိုလှပြီးတော့ နင့်ကိုလည်း ထားသွားမှာမဟုတ်ဘူး”
လုပေယွီ၏ မျက်လုံးများမှာ တည်ငြိမ်ပြတ်သားသွားခဲ့သည်။
“ မဟုတ်ဘူး ယောင်ကျူက ကျွန်တော့်ရဲ့ မိသားစုဝင်ပဲ၊ ကျွန်တော် အစားမထိုးနိုင်ဘူး
ယောင်ကျူသည် အချိန်အတော်ကြာ တုံ့ဆိုင်းနေခဲ့သည်။
ယောင်ကျူသည် လောဘစိတ်ကြောင့်ပင် ဒါရိုက်တာယွီထံသို့ သွားခဲ့ခြင်းဖြစ်သည်။
သို့သော် နောက်ဆုံးတွင် သူသည် လုပေယွီပြောခဲ့သည့်စကားကို နားလည်သည့်ပုံပေါ်နေခဲ့သည်။
ယောင်ကျူက ခွေးစာတွေကို မလိုတော့တဲ့ပုံစံနဲ့ကြည့်ပြီး လုပေယွီရဲ့ လက်မောင်းပေါ်ကို ပြေးပြီး ခုန်တက်လိုက်တယ်။
လုပေယွီသည် ယောင်ကျူ ပြန်လာမည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူသည် ကြီးမားသည့်ခွေးမှ ခုန်အုပ်လိုက်ခြင်းခံရသောကြောင့် မြက်ခင်းပေါ်သို့ လဲကျသွားတော့သည်။
နှစ်စက္ကန့်လောက် မှင်သက်သွားပြီးနောက် သူသည် ယောင်ကျူကို တင်းတင်းကြပ်ကြပ်ဖက်လိုက်သည်။
“ ဝူးး ယောင်ကျူ မင်းက အကောင်းဆုံးပဲ”
[ခွေးတွေအားလုံးက နတ်သားလေးတွေပဲ ၊ သူတို့က အစားစားရတယ် ကြိုက်ပေမယ့်လည်း လူတွေကို ပိုချစ်ကြတာပဲ]
[ ငါ့ရဲ့ခွေးကလည်း အဲလိုမျိုးပဲ ၊ ငါ စိတ်အခြေအနေမကောင်းဘူးဆိုရင် သူတို့ရဲ့ အစားအစာကို ထားခဲ့ပြီး ငါ့ဆီလာတယ် ခွေးတွေက စာနာစိတ်ရှိကြတယ်၊ သူတို့က အိမ်မွေးတိရစ္ဆာန်တွေမဟုတ်ဘူး မိသားစုဝင်တွေပဲ]
[ Ah! ငါလည်း ယောင်ကျူလို ချစ်စရာကောင်းတဲ့ ခွေးလေးတစ်ကောင်လောက်လိုချင်လိုက်တာ]
လုပေယွီသည် ယောင်ကျူနှင့်အတူ ရှာခဲ့သည့် ဝမ် 510,000ကို ညီတူညီမျှ ဝေစုခွဲရန်ရွေးချယ်လိုက်သည်။
နောက်တစ်တွဲမှာ ကျုံချင်းယွီနှင့် ယန်ရှီတို့ဖြစ်ကြသည်။
ကျုံချင်းယွီသည် တုံ့ဆိုင်းခြင်းမရှိဘဲ ပြောလာခဲ့သည်။
“ ယန်ရှီက ကျွန်မအတွက် ဒီအလုပ်ကို ရှာခဲ့ပေးတာပါ၊ ကျွန်မတို့ ညီတူညီမျှ ဝေစုခွဲယူမှာပါ”
ဒီတစ်ခေါက်တွင် ကျုံချင်းယွီနှင့် ယန်ရှီတို့ ပူးပေါင်းလုပ်ဆောင်သည့် အလုပ်သည် အနုပညာလောကထဲမှ အနုပညာကိုယ်စားလှယ်နှင့် အနုပညာရှင် တို့၏ ပူပေါင်းလုပ်ဆောင်မှုနှင့် တူညီသည်။
ကိုယ်စားလှယ်များသည် အရင်းအနှီးများကို ရှာဖွေပြီး အနုပညာရှင်များက အလုပ်လုပ်ရခြင်းဖြစ်သည်။ ထိုလောကတွင် ကျုံချင်းယွီ၏ အဆင့်အတန်းအနေဖြင့် ဝင်ငွေ၏ 30%ကို ယူလို့ရလေ၏။
အကယ်၍ အနုပညာရှင်၏အဆင့်အတန်းသည် ပို၍နိမ့်ပါက 50-50 ခွဲယူသည်မှာလည်း ပုံမှန်ပင်ဖြစ်သည်။
အဓိကအကြောင်းအရင်းမှာ အနုပညာရှင်များသည် ထူးချွန်ပြောင်မြောက်သည့်ကိုယ်စားလှယ်တစ်ဦး၏ အရေးပါပုံကို ကောင်းကောင်းသိရှိကြခြင်းဖြစ်သည်။
အရင်းအနှီးမရှိပါက မည်သို့ပင် ထူးချွန်ပြောင်မြောက်သည့် သူဖြစ်စေ ပျောက်ကွယ်သွားမည်ဖြစ်ပြီး အကယ်၍ ကိုယ်စားလှယ်သည် အစွမ်းအစနှင့်ပြည့်စုံနေပါက မည်သူမျှမသိသည့် သူတစ်ယောက်သည် ကျော်ကြားသည့်အနုပညာရှင်တစ်ဦးဖြစ်နိုင်သည်။
နောက်ထပ်အဖွဲ့သည် ရဲ့လော့ယီနှင့် ဆုလင်းလင်းတို့ဖြစ်ကြသည်။
“ ကျွန်မတို့က နောက်ဆုံးအဖွဲ့ပဲဖြစ်ပါတယ် ဖြစ်နိုင်ချေများတာကတော့ ကျွန်မတို့နှစ်ယောက်ထဲက တစ်ယောက်က ပြစ်ဒဏ်ခံယူရမယ်ထင်ပါတယ်”
ဟု ရဲ့လော့ယီမှ သက်ပြင်းချကာ ပြောလာသည်။
“ ဒါကြောင့် ကျွန်မနဲ့ ဆုလင်းလင်းမှာ တစ်ယောက်က ပိုက်ဆံအကြွေတွေပဲယူပြီး နောက်တစ်ယောက်က ပမာဏများတဲ့ပိုက်ဆံတွေကိုယူမယ်လို့ဆွေးနွေးထားခဲ့ပါတယ် ပြီးတော့ ဘယ်သူပြစ်ဒဏ်ခံယူရမလဲဆိုတာကို ကံတရားနံ့ပဲ ဆုံးဖြတ်ပါတော့မယ်”
ဆုလင်းလင်း အနည်းငယ်တုံ့ဆိုင်းနေသော်လည်း ခေါင်းငြိမ့်ခဲ့လေသည်။
[ ဒီလိုမျိုး ဝေစုခွဲတာက သင့်တော်တယ်]
[ နောက်ဆုံးတော့ တစ်ယောက်ယောက်က ပြစ်ဒဏ်ခံယူရတော့မယ် ၊ ပြစ်ဒဏ်ခံရတာ တစ်ယောက်လျှော့သွားတာကလည်း ပိုကောင်းပါတယ်]
[ တကယ်တော့ ယီယီ ရဲ့ အောင်မြင်မှုကြောင့် လူတွေက ဆုချကြတာပါ ၊ ငါ့အထင်တော့ ဒီဝေစုခွဲတာက ဆုလင်းလင်းအပေါ် အတော် အကျိုးသက်ရောက်သွားတော့မှာပဲ]
ရဲ့လော့ယီသည် အရှည်မတူညီသည့် စာရွက်နှစ်ရွက်ကို ပြုလုပ်ခဲ့ပြီး ဆုလင်းလင်းကို ရွေးခိုင်းလေသည်။
စာရွက်အတို ဆွဲမိသည့် သူသည် ပိုက်ဆံအကြွေတွေသာရရှိပြီး ပြစ်ဒဏ်ခံယူရမည် ဖြစ်သည်။
ဆုလင်းလင်းသည် အလွန်ပင် စိတ်လှုပ်ရှားနေခဲ့သည်။
သူမသည် လုပေယွီ၏ ပိုးဟပ်များနှင့် ဆက်စပ်သည့်ပြစ်ဒဏ်ခံယူရမည်ဟုပြောသည်ကို ကြားရှိခဲ့ပြီး သူမသည် ပိုးဟပ်များကို ကြောက်တက်သူလဲဖြစ်၏။
သူမသည် စာရွက်ဆွဲလိုက်သည့်အချိန်၌ ဆုလင်းလင်း ၏မျက်နှာအမူအရာသည် မှင်သက်သွားခဲ့ပြီး သူ၏ လက်ချောင်းများမှာ တုန်ရီနေခဲ့သည်။ ထိုအရာသည် စာရွက်အတိုပင်ဖြစ်သည်။
သူမသည် မှင်သက်သွားကာ လမ်းပျောက်သွားခဲ့သည်။
ဆုလင်းလင်း၏မျက်နှာသည် အဖြူရောင်ပင် ပြောင်းသွားခဲ့သည်။
သူမသည် ပိုးဟပ်များကို အလွန်ပင် မုန်းတီးလေသည်။
“ ဘာမှမဖြစ်ဘူးလင်းလင်း၊ ဒီအစီအစဉ်ကသိပ်ပြီး ပြင်းပြင်းထန်ထန်လုပ်မှာမဟုတ်ပါဘူး နင် နည်းနည်းသည်းခံလိုက်ရုံပါပဲ”
ရဲ့လော့ယီမှ ဆုလင်းလင်းကို နှစ်သိမ့်ပေးနေခဲ့သည်။
ယန်ရှီသည် သူတို့နှစ်ယောက်ကို စိုက်ကြည့်ခဲ့သည်။
မည်သည့်စကားမျှမပြောဘဲ သူမသည် ယောင်ကျူ၏ အစာကို ယူကာ ရဲ့လော့ယီ၏ အနောက်သို့ လှမ်းပစ်လိုက်သည်။
ယောင်ကျူသည် ယန်ရှီအား မကျေနပ်သည့်အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် ရဲ့လော့ယီနောက်တွင် အစာရှာရန် ပြေးသွားခဲ့သည်။
ရဲ့လော့ယီသည် ဆုလင်းလင်းအားနှစ်သိမ့်ပေးနေသည့်အချိန်၌ သူမ၏နောက်တွင် တစ်ခုခုထူးဆန်းနေသည်ဟု ခံစားလိုက်ရသည်။
သူမသည် နောက်သို့လှည့်ကြည့်လိုက်သောအခါ၌ ကြီးမား၍ အမွှေးထူသည့်အရာတစ်ခု သူမ၏နောက်တွင်ရောက်နေသည်ကို မြင်လိုက်လေသည်။
"Ahh!"
ရဲ့လော့ယီက အကျယ်ကြီးအော်ဟစ်ပြီး သူ့ရဲ့တည်ငြိမ်မှုတွေကလဲ မရှိတော့ဘဲ မြေကြီးပေါ်ကိုလဲကျသွားတယ်။
ယောင်ကျူသည် သူ၏ အစာကိုပါးစပ်ဖြင့်ကိုက်ကာ အရာအားလုံးကိုလျစ်လျူရှူ၍ လုပေယွီ၏ဘေးသို့ ပြန်သွားလေသည်။
“ မင်းဘာလို့ အစ်မယီယီရဲ့နောက်ကိုပြေးသွားတာလဲ၊ တကယ်လို့သူက မင်းကိုလန့်သွားရင်ဘယ်လိုလုပ်မလဲ”
လုပေယွီသည် ယောင်ကျူအား ဖြေးဖြေးလေးရိုက်တာ ပြောလိုက်သည်။
ယောင်ကျူသည် အသံတအီအီနှင့် နှစ်ခါပင် လုပ်ပြပြီး သူ၏ အစာကို မလွတ်ဘဲ ကိုက်ထားလေသည်။
အကယ်၍ သူလွှတ်လိုက်လျှင် ယန်ရှီသည် သူ၏အစာကို ထပ်၍ အဝေးကိုပစ်လိုက်မည်ကို ကြောက်နေခြင်းဖြစ်သည်။
ရဲ့လော့ယီသည် ဆုလင်းလင်း၏အကူအညီဖြင့် မတ်တပ်ရပ်လာခဲ့သော်လည်း ကြောက်နေဆဲ ဖြစ်သည်။
ရုတ်တရက်ပင် ကျုံချင်းယွီသည် မြေပြင်ပေါ်၌ ကျနေသည့် စာရွက်အပိုင်းအစကို လက်ညိုးထိုးပြလိုက်လေသည်။
“ အဲတာက ဘာလဲ”
သူမသည် ထိုအရာကိုကောက်ယူလိုက်ပြီးနောက် ဆုလင်းလင်း၏ လက်ထဲတွင်ရှိသော စာရွက်အပိုင်းအစ တစ်ဝက်ကို ကြည့်လိုက်သည်။
“ ဒီနှစ်ခုက အတူတူကွက်တိကျနေသလိုပဲ ရဲ့လော့ယီ နင် စာရွက်ဆွဲတဲ့အချိန်မှာ လိမ်ပြီး ဖြတ်ထားခဲ့တာမလား”
ရဲ့လော့ယီ၏ မျက်နှာသည် သိုးကဲ့သို့ပင် ချက်ချင်း အဖြူရောင်ပြောင်းသွားခဲ့သည်။
“ မဟုတ်ဘူး ငါမလုပ်ခဲ့ဘူး၊ လင်းလင်း နင်ငါ့ကိုယုံပါ ငါမလုပ်ခဲ့ဘူး”
သို့သော် ဆုလင်းလင်း၏ စိတ်ထဲတွင် အနည်းငယ် အေးစက်သွားသည်ဟု ခံစားခဲ့ရသည်။
“ မဲစာရွက် ပြန်ဆွဲမယ်”
ဆုလင်းလင်းသည် အေးစက်စွာဖြင့် ပြောလာခဲ့သည်။
“ ဒီတစ်ခါ နင်မလုပ်နဲ့ ကျုံချင်းယွီ နင်လုပ်လိုက်”
ရဲ့လော့ယီသည် ရှင်းပြချင်နေသော်လည်း ဆုလင်းလင်း မည်သည့်အရာများကိုမှ နားမထောင်ချင်တော့ပေ။
သူမသည် ကျုံချင်းယွီ ပြင်ဆင်ပေးသည့် မဲအသစ်များကို စောင့်ခဲ့ပြီးနောက် နှစ်ယောက်အတူတူ ပြန်ဆွဲခဲ့ကြသည်။
ရဲ့လော့ယီ၏ နှလုံးသည် အလွန်ပင် ခုန်နေသည်။
သူမသည်လည်း ပြစ်ဒဏ်မခံယူချင်ပေ။
ဘေးနားတွင် ဒါရိုက်တာယွီသည် ပိုးဟပ်များဖြင့် သူတို့ကို ကြောက်လန့်အောင် ခြောက်လှန့်နေခဲ့သည်။
ထိုအရာကို screenshot များယူ၍ ဟာသ ပုံများအဖြစ်သို့ ပြောင်းကြမည်မှာ သေချာပေါက်ပင်ဖြစ်သည်။
အနုပညာရှင်တစ်ယောက်အနေနဲ့ ဘယ်လောက်တောင် သိက္ခာကျလိုက်သလဲ။
ကံကောင်းစွာဖြင့်ပင် ဤတစ်ကြိမ်၌ ကံကောင်းခြင်းသည် သူမ၏ဘက်တွင် ရှိနေခဲ့သည်။
ရဲ့လော့ယီသည် စာရွက်အရှည်ကိုကြည့်၍ လွတ်လပ်စွာပင် သက်ပြချလိုက်တော့သည်။
ထို့နောက် ဆုလင်းလင်းသည် စာရွက်အတိုကိုကြည့်ကာ သူမ၏မျက်နှာသည် ပို၍ပင် ရုပ်ဆိုးလာခဲ့တော့သည်။
နောက်ဆုံးအဖွဲ့တွင် ချူမိုသာကျန်ရှိတော့သည်။
သူနှင့် လင်းရန်ရန်သည် စေ့စပ်ထားသူပင် ဖြစ်သည်။
လူတိုင်းသည် ပုံမှန်အတိုင်းပင် ချူမိုမှာ ညီတူညီမျှ ဝေစုခွဲမည်ဟု ထင်ခဲ့ကြသည်။
ပိုက်ဆံများ ဝေစုခွဲရန်အချိန်ရောက်လာသောအခါ ချူမိုသည် ရုတ်တရက်ပင် ပြောလာခဲ့သည်။
“ ဒီငွေက ကျွန်တော်အကုန်ရှာထားတာပါ၊ ဒါကြောင့် ကျွန်တော့်စိတ်ကြိုက်ခွဲပေးလို့ရမလား”
လင်းရန်ရန်သည် ခဏတာ ထိတ်လန့်သွားခဲ့သည်။
သူမသည် တိတ်ဆိတ်စွာဖြင့်နေခဲ့ပြီး သူမအား လူအများမှ အာရုံမစိုက်မိစေရန် အတက်နိုင်ဆုံး ကြိုးစားနေခဲ့သည်။
ချူမိုသည် မည်သည်ကိုဆိုလိုသနည်း၊ သူသည် လင်းရန်ရန်အား အပြစ်ခံယူစေချင်နေသလော။
လင်းရန်ရန်သည် သူမ၏နှုတ်ခမ်းကို ကိုက်လိုက်သည်။
ဒီနေ့တွင် သူမ၏ပါးပါးသည် လင်းရန်ရန်အားဆက်သွယ်ခဲ့ပြီး ကုမ္ပဏီသည် လတ်တလောတွင် ခက်ခဲသည့်အခြေအနေ ဖြစ်နေသောကြောင့် ချူမိုကို တင်းတင်းကြပ်ကြပ်ချုပ်ကိုင်ထားရန် ပြောခဲ့လေသည်။
လင်းရန်ရန်သည် သနားစရာကောင်းသည့်ပုံစံဖြင့် ကြည့်လာလေသည်။
“ အစ်ကိုချူမို ရှင်ကတကယ် အဲလိုဖြစ်စေချင်တာလား၊ ကျွန်မက ပိုးဟပ်တွေကို အရမ်းကြောက်တာလေ”
ချူမို၏ မျက်လုံးထဲတွင် လှည့်စားတက်သည့် အကြည့်တစ်ခုပြောင်းသွားခဲ့ချိန်သည် လင်းရန်ရန်၏ နှလုံးသားကို အလွန်ပင် ထိခိုက်စေသည်။
ခဏအကြာတွင် ချူမိုသည် လှည့်စားသည့်ပုံရိပ်မှ တည်တည်ငြိမ်ငြိမ်ပုံစံသို့ပြောင်းကာ ပြောလာခဲ့သည်။
“ ကျွန်တော်တို့ ဝေစုကို အညီအမျှခွဲလိုက်ပါပြီ”
ယခုတွင် အဖွဲ့သုံးဖွဲ့သည် ပိုက်ဆံကိုအညီအမျှခွဲယူခဲ့ပြီး ဆုလင်းလင်းတစ်ယောက်တည်းသာလျှင် ပြစ်ဒဏ်ကို ခံယူရမည်ဖြစ်သည်။
ဆုလင်းလင်း၏ ခန္ဓာကိုယ်ပေါ်တွင် ကြက်သီးများထလာတော့သည်။
သူမသည် ဒါရိုက်တာယွီ သယ်လာသည့် အနက်ရောင်အဝတ်အိတ်ကို မြင်လိုက်ရသည့်အခါ၌ အလွန်ပင်ကြောက်သွားကာ ငိုလိုက်လေသည်။
ရုတ်တရက်ပင် လုပေယွီသည် သူ၏လက်ကို မြှောက်လာခဲ့သည်။
“ လင်းလင်းရဲ့ ပြစ်ဒဏ်ကို ကျွန်တော်အစားခံလိုက်ရင်ရော ဘယ်လိုလဲ”
သူသည် သူ၏ခေါင်းကိုကုတ်ကာ ပြောလာခဲ့သည်။
သူသည် ပိုးဟပ်များကိုကြောက်တက်သော်လည်း မိန်းကလေးတစ်ယောက်ကို ပြစ်ဒဏ်ခံယူခိုင်းသည်မှာ မသင့်တော်သည်ဟု လုပေယွီမှ ခံစားနေခဲ့ရသည်။
ဆုလင်းလင်းသည် လုပေယွီအား ကျေးဇူးတင်သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
“ ပေယွီ ရှင်က အရမ်းကြင်နာတက်တာပဲ”
လုပေယွီသည် ပြုံးလိုက်လေ၏။
“ ဒါက ဘာမှမဟုတ်ပါဘူး ဒါပေမယ့် ဒါရိုက်တာယွီ ကျွန်တော့်ကို ငြင်ငြင်သာသာတော့လုပ်ပေးပါ၊ ပိုးဟပ်တွေက အရမ်းရွံစရာကောင်းလို့ဗျ”
ဒါရိုက်တာယွီသည် အနည်းငယ် တွေဝေသွားခဲ့သည်။
သူသည် အနက်ရောင် အဝတ်အိတ်ထဲမှ Polaroid ကင်မရာကို ထုတ်လိုက်လေသည်။
“ မင်းရဲ့ပြစ်ဒဏ်က ရုပ်ဆိုးတဲ့မျက်နှာပုံစံနဲ့ selfie တစ်ပုံရိုက်ပြီး Weiboမှာ postတင်ရမှာ အဲတာက ပိုးဟပ်တွေနဲ့ဘာဆိုင်လို့လဲ”
လုပေယွီ: ???
ဧည့်သည်များအားလုံး : ???
ပရိုဂရမ်အဖွဲ့သည်လည်း အလွန်တွေဝေသွားခဲ့သည်။
ထိုအချိန်တွင် စင်နောက်တွင်အလုပ်လုပ်ရသည့် အလုပ်သမား တစ်ယောက်သည် လက်မြှောက်လာခဲ့သည်။
“ ပေယွီက ကျွန်တော်ဖုန်းပြောတာကို ကြားသွားတာမလား ဒီနေ့ ကျွန်တော်တို့ ပစ္စည်းတွေထားတဲ့ အခန်းထဲမှာ ပိုးဟပ်တွေကို တွေ့ခဲ့တယ်၊ ကျွန်တော်တို့က ပစ္စည်းတွေကို ထိခိုက်ကုန်မှာစိုးရိမ်လို့ ပိုးဟပ်တွေဖမ်းဖို့လူတစ်ယောက်ခေါ်ခဲ့တာပါ ကျွန်တော်တို့က ဧည့်သည်တွေကို ပိုးဟပ်နဲ့ ခြောက်လန့်ဖို့မဟုတ်ပါဘူး ကျွန်တော်တို့က အဲလိုရွံစရာကောင်းတာတွေ မလုပ်ပါဘူး”
ဧည့်သည်များအားလုံး:....
[ ဒါက ဘယ်လိုတောင် ကြီးမားတဲ့ နားလည်မှုလွဲတာမျိုးလဲ၊ တကယ်တမ်းပြစ်ဒဏ်က ရုပ်ဆိုးတဲ့ပုံရိုက်ပြီး တင်ရုံပါပဲ]
[ ဒါပေမယ့် ဒီ နားလည်မှုလွဲတာက ကိစ္စတော်တော်များကို ဖော်ထုတ်ပေးခဲ့တာပဲ၊ တစ်ချို့သူငယ်ချင်းဆက်ဆံရေးတွေက သူငယ်ချင်းကောင်းတွေလို့ထင်ရပေမယ့် အတုအယောင်တွေကြည့်ပဲ ပြီးတော့ တစ်ချို့ စေ့စပ်ပြီးသား အတွဲတွေကလည်း စစ်မှန်ပြီး ချစ်ခြင်းမေတ္တာရှိတဲ့ပုံလဲမပေါ်ဘူး]
[ ဒီပရိုဂရမ် အစတုန်းက အရမ်းအေးချမ်းပြီး ချစ်ခြင်းမေတ္တာတွေနဲ့ပြည့်နေကြတာ၊ အခုတော့ ပြသာနာတွေစတက်ပြီ ပြသာနာတွေစတက်ပြီပဲ]
ရီစရာကောင်းသည့် မျက်နှာ selfie ရိုက်ရသည့် ပြစ်ဒဏ်သည် ပြင်းထန်သည့်အရာမဟုတ်ပေ။
ဆုလင်းလင်းသည် လုပေယွီ၏ အကူအညီကို မလိုအပ်တော့ပေ။
သူမသည် ဓာတ်ပုံရိုက်တာ Weibo ပေါ်သို့ postတင်လိုက်လေသည်။
ထို့နောက် သူမသည် ရဲ့လော့ယီ၏လက်မောင်းကို မချိတ်တော့ဘဲ အခန်းရှိရာသို့ တည့်တည့်မတ်မတ်လျှောက်သွားခဲ့သည်။
ရဲ့လော့ယီသည် ဆုလင်းလင်းနောက်သို့လိုက်ကာ သူမအား အရာအားလုံးကိုရှင်းပြချင်နေခဲ့သည်။
သို့သော်လည်း ဆုလင်းလင်းသည် လျင်မြန်စွာဖြင့်လမ်းလျှောက်ကာ တံခါးကို “ ဘမ်း!” ဟု မြည်အောင် ပိတ်ချလိုက်သောကြောင့် ရဲ့လော့ယီမှာ ခါးခါးသီးသီးငြင်းပယ်ခံလိုက်ရသည်ဟု ခံစားလိုက်ရသည်။
ထို့နောက် ကျုံချင်းယွီနှင့် ယန်ရှီတို့သည် သူ၏ရှေ့မှ ဖြတ်သွားခဲ့ကြသည်။
ကျုံချင်းယွီသည် သူမ၏လက်မောင်းကို ချိတ်ထားခဲ့ပြီး လှောင်သလိုလိုဖြင့် ပြောလာခဲ့သည်။
“ နင်က သစ္စာဖောက်ခဲ့ပြီးပြီလေ အခုကျ သူ့နောက်ကိုလိုက်ပြီး တောင်းပန်နေတာလား၊ ဘယ်လိုတောင် သူတော်ကောင်းယောင်ဆောင်နေတာလဲ”
ထိုအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှုပြီးဆုံးသွားသောကြောင့် အနားတစ်ဝိုက်တွင် မည်သည့် ကင်မရာများမှ မရှိပေ။
ရဲ့လော့ယီသည် ဒီထက်ပို၍ ယဉ်မကျေးနိုင်တော့ပေ။
သူမသည် ကျုံချင်းယွီအား စိတ်တိုစွာဖြင့် စိုက်ကြည့်ကာ ပြောလာခဲ့သည်။
“ နင်က ပိုက်ဆံပိုရှာနိုင်တဲ့အရာမှာပဲ မှီခိုနေတာမလား တကယ်လို့ နင်ဒီလို နောက်ဆုံးအဖွဲ့နေရာရောက်ပြီး ကိုယ့်ရဲ့ဝေစုကို ခွဲဝေပေးရတဲ့အခြေအနေမျိုးရင်ဆိုင်ရရင် နင်ဘယ်လိုလုပ်မှာလဲ”
သူမသည် ယန်ရှီကို ကြည့်ကာ ပြောလာခဲ့သည်။
“ ယန်ရှီကို ပြစ်ဒဏ်ခံရဖို့ ချန်ခဲ့မှာပဲမဟုတ်ဘူးလား”
ယခုအခါတွင် ရဲ့လော့ယီသည် ကံမကောင်းသည့် အချိန်ဖြစ်သောကြောင့် ဤသို့ ရှက်စရာကောင်းသည့် အခြေအနေနှင့် ကြုံတွေခဲ့လိုက်ရခြင်းဖြစ်၏။
အကယ်၍ ကျုံချင်းယွီ၏ အဖွဲ့သည် နောက်ဆုံးနေရာသို့ ရောက်သည့်အချိန်၌ သူမသည် ထိုထက်ကောင်းမွန်သည့်ပုံစံဖြင့် ကိုင်တွယ်နိုင်မည်ဟု ရဲ့လော့ယီမှ မယုံကြည်ခဲ့ပေ။
ထိုအရာသည် တကယ်ပင် ဖြေရှင်းလို့မရသည့် ပြသာနာတစ်ခုပင် ဖြစ်သည်။
“ တကယ်လို့ ငါတို့အဖွဲ့က နောက်ဆုံးနေရာကိုရောက်ခဲ့မယ်ဆိုရင်”
ကျုံချင်းယွီသည် ရဲ့လော့ယီကိုကြည့်ကာ တစ်လုံးချင်းစီ ပြောလာခဲ့သည်။
“ ငါက ယန်ရှီနဲ့အတူတူ ညီတူညီမျှ ဝေစုခွဲမှာ”
ညအချိန်ရောက်သွားသောကြောင့် အားလုံးသည် တိတ်ဆိတ်နေခဲ့သည်။
ယန်ရှီသည် ရေချိုးပြီးနောက် နူးညံ့သည့် အိပ်ယာပေါ်တွင် လှဲအိပ်နေခဲ့သည်။
ကျုံချင်းယွီသည် ရေချိုးပြီးပြီး ဖြစ်၍ မှန်တင်ခုံရှေ့တွင် ထိုင်ကာ သူမ၏ skincare လုပ်နေကြအတိုင်း လုပ်နေခဲ့ပြီး သူမ၏မျက်လုံးများသည် ဖုန်းပေါ်တွင် တစ်ချိန်လုံး ကြည့်နေခဲ့သည်။
ယန်ရှီသည် လျှပ်တစ်ပြတ် လှမ်းကြည့်လိုက်သည်။
Screen ပေါ်ရှိ WeChat မျက်နှာပြင်တွင်ပေါ်နေသည်မှာ ပေယွဲ့ပိုင် ဖြစ်၏။
ကျုံချင်းယွီသည် ယခင်နေ့ကတည်ကပင် ပေယွဲ့ပိုင်အား blacklist ထဲမှ ထုတ်ခဲ့သော်လည်း ပေယွဲ့ပိုင်သည် သူမကို ထပ်၍ မဆက်သွယ်လာခဲ့ပေ။
ကျုံချင်းယွီသည် စိတ်ညစ်ကာ အိပ်ယာပေါ်သို့လှဲချလာပြီးနောက် ပြောလာခဲ့သည်။
“ ရှီရှီ တကယ်လို့ ငါ သူနဲ့အချိန်တစ်ခုထိပြန်မတွဲခဲ့ဘူးဆိုရင် အစ်ကိုယွဲ့ပိုင်က ငါ့ကို ပိုချစ်လာမယ်လို့ နင်ပြောခဲ့တာမလား၊ ဒါပေမယ့် သူက ငါ့ကို ဆက်တောင် မဆက်သွယ်လာတော့ဘူး”
ယန်ရှီ: “ သူက ထျန်းဟွေ့ ကိစ္စတွေနဲ့ အလုပ်ရှုပ်နေတာဖြစ်နိုင်တယ်”
အမှန်တကယ်တွင် သူမသည် ပေယွဲ့ပိုင်မှ ကျုံချင်းယွီအား အချိန်မပေးနိုင်သည့်ကိစ္စကို မျှော်လင့်ထားပြီးဖြစ်သည်။
ပြီးခဲ့သည့်အချိန်တွင် ကျုံစီးပွားရေးလုပ်ငန်းစုသည် သူတို့၏ အရင်းအနှီးများကို ထုတ်ယူသွားခဲ့သောကြောင့် ထျန်းဟွေ့၏ ငွေကြေးစီးဆင်းမှုသည် ဆုတ်ယုတ်သွားခဲ့ပြီး ကြီးမားသည့်ငွေကြေးဆုံးရှုံးမှုပင်ဖြစ်ခဲ့သည်။
ပေယွဲ့ပိုင်သည် ထိုငွေကြေးဆုံးရှုံးမှုကို အရင်ဆုံး ဖြေရှင်းရန် နည်းလမ်းရှာဖွေနေခဲ့သည်။
ယခင်နေ့က လေဆိပ်တွင် ဝန်ခံခဲ့သော လူသုံးယောက်ပါဝင်သည့် သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းတွင် သူသည်ပါဝင်နေခဲ့သောကြောင့် ပေယွဲ့ပိုင်သည် ထိုအရာကို ခဏတာ ဖြေရှင်းရမည်ဖြစ်သည်။
ထိုကိစ္စနှစ်ခုလုံးတွင် ပေယွဲ့ပိုင်သည် အားနည်းသည့်အနေအထားတွင် ရှိနေခဲ့ပြီး အင်တာနက်ပေါ်ရှိ လူများသည်လည်း ပြင်းပြင်းထန်ထန်ဝေဖန်နေခဲ့ကြသည်။
သူတို့ တရုတ်နိုင်ငံသို့ပြန်ရောက်သည့်အချိန်တောင်ပင် ပေယွဲ့ပိုင်သည် ထို ပြသာနာများအားလုံးကို ရှင်းနိုင်သေးမည် မဟုတ်သည်မှာ သေချာလေသည်။
ကျုံချင်းယွီသည် အလွန်ပင် စိုးရိမ်နေခဲ့သည်။
“ ငါက အစ်ကိုယွဲ့ပိုင်အတွက် သတ်မှတ်ထားတဲ့ အရင်းအနှီးတွေကို ထုတ်ယူသွားတော့ ဒါက ထျန်းဟွေ့အတွက် မကောင်းနိုင်ဘူးမလား ၊ ဖြစ်နိုင်ရင် ငါ အဖွဲ့အစည်းကိုပြန်ဆက်သွယ်ပြီး အရင်းအနှီးတွေကို သူ့ကိုပြန်ပေးသင့်လား”
“ ဒါပေမယ့် အစ်မချောင်းယန်က အရင်းအနှီးအကုန်လုံးကို ခွဲဝေပြီးပါပြီ၊ နောက်ထပ် စာချုပ်အသစ်တွေကိုလည်း လာမယ့် 3ပတ်ပြီးရင် လက်မှတ်ထိုးရတော့မှာ၊ ချင်းချင်း နင် ဒုတိယသခင်လေးပေကို ယုံကြည်ထားသင့်တယ် သူက အရမ်း လုပ်နိုင်စွမ်းရှိတဲ့သူပဲလေ၊ ဒီလိုခက်ခဲတဲ့အခြေအနေကနေ ဘယ်လိုလုပ် ရုန်းမထွက်နိုင်ဘဲနေမှာလဲ”
“ ဟုတ်ပါပြီ”
ကျုံချင်းယွီသည် တုန့်ဆိုင်းနေဆဲပင် ဖြစ်သည်။
ယန်ရှီသည် သူမ၏မျက်ခုံးကို ပင့်ကာ ပြောလာခဲ့သည်။
“ နင်က ဒုတိယသခင်လေးပေရဲ့ ပြသာနာတွေကို ဖြေရှင်းနိုင်တဲ့စွမ်းရည်ကို မယုံကြည်ဘူးလား၊ သူက နင်ပေးသမျှအကူအညီကို အချိန်တိုင်းလိုအပ်နေတဲ့ အသုံးမကျတဲ့သူလို့ ထင်နေတာလား”
“ ဘယ်ဟုတ်မလဲ”
ကျုံချင်းယွီသည် ထိုအရာကို ချက်ချင်းပင် ငြင်းဆိုခဲ့သည်။
“ အစ်ကိုပေယဲ့ပိုင်က အရမ်းလုပ်နိုင်စွမ်းရှိတယ်၊ သူက ဒီကိစ္စတွေအကုန်လုံးကို သူကိုယ်တိုင် ဖြေရှင်းနိုင်တယ်”
ဇာတ်ညွှန်း၏ negative effect သက်ရောက်မှုကြောင့် ကျုံချင်းယွီ၏ အချစ်ရူးနေသည့် စိတ်ကို နောက်ဆုံးတွင် ပေယွဲ့ပိုင်၏ အရည်အချင်းအပေါ်ယုံကြည်မှုမှ အနိုင်ယူခဲ့သည်။
ကြည့်ရသလောက်တွင် ဇာတ်ညွှန်းသည် အမျိုးသားဇာတ်ဆောင်၏ အရှိန်အဝါကို ထောက်ပံ့ပေးနေချင်ဆဲ ဖြစ်၏။
ယန်ရှီသည် ကျုံချင်းယွီ၏ ယခု ကံကောင်းခြင်းအမှတ်သည် 52.2မှတ်သာ ရှိကြောင်းနားလည်ခဲ့ပြီး သူမသည် ဇာတ်ညွှန်း၏ ထိန်းချုပ်ခြင်းကို ခံနေရသေးကြောင်း သဘောပေါက်ခဲ့သည်။
သူမသည် ကျုံချင်းယွီ၏ အာရုံစိုက်မှုကို ပြောင်းလဲရန်အတွက် တမင်တကာပင် စကားလမ်းကြောင်းလွဲခဲ့သည်။
“ ငါလေ လင်းရန်ရန်က ဒီနေ့ အရမ်းထူးဆန်းနေတဲ့ပုံပေါက်တယ်လို့ သတိထားမိတယ်၊ ပြီးတော့ ချူမိုရဲ့ သူ့အပေါ်ထားတဲ့သဘောထားကလည်း ပြောင်းလဲနေတယ်၊ သူတို့နှစ်ယောက်ကြား ဘာတွေ ဖြစ်နေကြလဲမသိဘူး”
အတင်းစကားပြောလိုက်သည့်အချိန်တွင် ကျူံချင်းယွီ၏ အတင်းစကားအပေါ်ပြင်းထန်သည့် စိတ်ဝင်စားမှုကြောင့် စိတ်အားထက်သန်လာတော့သည်။
သူမသည် ချက်ချင်းပင် ပေယွဲ့ပိုင်အကြောင်းကို မေ့သွားခဲ့ပြီး သူရရှိထားသည့် သတင်းအသစ်များကို ယန်ရှီအား ပြောပြလေတော့သည်။
“ ငါ ဒီမနက် ယွီရှောင် ပြောတာကြားတာကတော့ လင်းမိသားစုကုမ္ပဏီရဲ့ ရှယ်ယာဈေးနှုန်းတွေက မနေ့ညကပဲ တစ်ဝက်လောက်ထိ ကျသွားခဲ့တာတဲ့”
ယန်ရှီသည် အံ့ဩသွားခဲ့သည်။
“ ဘာလို့ အဲလောက် ကျသွားရတာလဲ၊ ဒါက အဓိပ္ပာယ်မရှိဘူးလေ”
ကျုံချင်းယွီသည် ယုံကြည်မှုရှိရှိဖြင့် ပြုံးလာခဲ့သည်။
“ သူတို့က တစ်ယောက်ယောက်ကို စော်ကားခဲ့လို့ အခုလို ပြစ်ဒဏ်ခံရတာသေချာတယ်၊ သူတို့ကိုဒီလိုလုပ်တာပဲကောင်းတယ်”
ရုတ်တရက်ပင် ယန်ရှီသည် ကျုံယန်စီ မနေ့ညက ပို့လာသည့် message ကို သတိရသွားခဲ့သည်။
“ ကိုယ် ဒီည စောစော မအိပ်နိုင်တော့ဘူး အလုပ်လုပ်စရာတွေရှိသေးတယ်”
ယနေ့ နေ့လည်ပိုင်းတွင် ကျုံယန်စီသည် သူ၏ အိပ်ချိန်မှတ်တမ်းပုံတစ်ပုံအား ယန်ရှီထံသို့ ပို့ခဲ့သည်။
ကျုံယန်စီသည် ယခင်နေ့ညတွင် 7နာရီထပ် ပို၍ အိပ်ခဲ့သည်။
သူသည် တစ်နာရီခန့်တွင် နိုးလာခဲ့ပြီး သုံးနာရီ လေးနာရီ ဝန်းကျင်တွင် ပြန်၍ အိပ်သွားခဲ့သည်။
ယန်ရှီသည် ထိုကိစ္စမှာ လင်းမိသားစုနှင့် ဆက်စပ်နေမည်ဟု တွေးမိခဲ့သည်။
သို့သော် သူသည် အသေးစိတ်အကြောင်းအရာများကို မသဲ့ပေ။
ကျုံချင်းယွီနှင့် ယန်ရှီတို့သည် လင်းမိသားစု၏အကြောင်းကို အချိန်ခဏတာ အတင်းတုပ်ခဲ့ကြသည်။
နောက်ဆုံးတွင် မည်သည့်ပြောစရာအကြောင်းမှ မရှိတော့သောအခါ ကျုံချင်းယွီသည် ပေယွဲ့ပိုင်ထံမှ message မပို့လာသည့်အကြောင်းကို မေ့သွားခဲ့ပြီး ဇာတ်ညွှန်းစာအုပ်ကိုထုပ်ကာ သူမ၏ ဇာတ်ညွှန်းများကို မှတ်မိရန် လေ့လာနေလေသည်။
ယန်ရှီသည်လည်း အခြားအကြောင်းကို စ၍ တွေးခဲ့သည်။
ဥပမာအနေဖြင့် ပြောရမည်ဆိုလျှင် ညနေပိုင်းရောက်သွားပါက သူမသည် ပုံမှန်အားဖြင့် ကျုံယန်စီကို စောစောအိပ်ယာဝင်ရန် တိုက်တွန်းသည့် message ပို့သင့်သည်။
သို့သော် ယခင်ညတွင် ကျုံယန်စီသည် အိပ်ချိန် အပြည့်အဝ အိပ်ခဲ့သော်လည်း ကံကောင်းခြင်းအမှတ်နှင့်ပတ်သတ်၍ မည်သည့် သတိပေးချက်မျှ မရခဲ့သည်ကို ယန်ရှီမှ သတိထားမိခဲ့သည်။
ထိုအရာတွင် အမြင့်ဆုံးကန့်သတ်ချက်တစ်ခုရှိပုံ ပေါ်နေခဲ့သည်။
ဤအရာကို မြှင့်တင်ရန်အတွက် သူမသည် တစ်ခုခုကိုရှာဖွေရတော့မည်ပုံ ပေါ်နေခဲ့သည်။
ထိုအကြောင်းတွေးပြီးနောက် ယန်ရှီသည် ဒီညတွင် ကျုံယန်စီထံသို့ WeChatမှ message မပို့ရန် စီစဉ်လိုက်တော့သည်။
message များများပို့ခြင်းသည် သူ့အား စိတ်ရှုပ်စေမည်ဖြစ်သည်။
ယခုတွင် ညအလွန်နက်ပြီဖြစ်၏။
ကျုံချင်းယွီသည် သူမ အိပ်မငိုက်ခင်အချိန်ထိ ဇာတ်ညွှန်းစာမျက်နှာအနည်းငယ်ကို ဖတ်ရှုခဲ့သည်။
ထို့နောက် သမ်းလိုက်ပြီး သူတို့နှစ်ယောက်သည် အချင်းချင်း goodnight ဟု ပြောကာ အိပ်ယာထဲတွင် သက်တောင့်သက်သာဖြင့် အိပ်စက်သွားခဲ့ကြသည်။
ကျုံမိသားစု၏ စံအိမ်အဟောင်းတွင် ကျုံယန်စီသည် အနက်ရောင်ပိုးသားညဝတ်အိပ်စုံကို လဲ၍ အိပ်ယာပေါ်သို့ လှဲလိုက်သည်။
ယခင် ညတိုင်းတွင် ကျုံယန်စီသည် ယန်ရှီထံမှ ကြက်သားစွပ်ပြုတ်တစ်ပန်းကန်နှင့် WeChat message များရရှိခဲ့ပြီး “ Good night” ဟု သူမကိုယ်တိုင် ပြောသံများပို ကြားယောင်နေခဲ့သည်။
သူသည် ဒီညတွင်လည်း ချွင်းချက်မရှိနိုင်ဘူးဟု တွေးနေခဲ့သည်။
ကျုံယန်စီသည် သူ၏ဖုန်းကို ရင်ဘတ်ပေါ်တွင် တင်ထားပြီး သူ၏နှုတ်ခမ်းတွင် စိတ်ချမ်းသာသည့် အပြုံးလေးတစ်ခု ရှိနေခဲ့သည်။
ယန်ရှီဝယ်ပေးထားသည့် အိပ်ရာသည် အလွန်ပင် နူးညံ့နေ၏။
မီးအလင်းများကို ကောင်းကောင်းဖုံးပေးနိုင်သည့် eyemaskသည်လည်း ယန်ရှီမှ ဝယ်ပေးထားခြင်း ဖြစ်သည်။
ပြင်ပမှ ဆူညံသံများကို ကောင်းကောင်းပိတ်ဆို့ပေးထားသည့် နားအဆို့သည်လည်း ယန်ရှီမှ ဝယ်ပေးထားခြင်းပင်ဖြစ်သည်။
ကျုံယန်စီသည် အိပ်စက်ရန်အကုန်ပြင်ဆင်ပြီးသည်ဟုခံစားနေခဲ့ပြီး “ good-night” ဟုသည့် message ကိုသာ စောင့်နေဆဲဖြစ်သည်။
နားအဆို့ကို့ဝတ်ထားခြင်းကြောင့် ဖုန်းသံမကြားနိုင်မည်ကို စိုးရိမ်၍ ကျုံယန်စီသည် ဖုန်းကို သူ၏ရင်ဘတ်ပေါ်သို့ အလွယ်တကူတင်ထားခြင်းဖြစ်သည်။
သူသည် စောင့်နေရင်းစောင့်နေဆဲဖြစ်သည်။
ည 12နာရီပင် ရှိနေသောကြောင့် စံအိမ်ဟောင်းကြီးတစ်ခုလုံးသည် တိတ်ဆိတ်သွားခဲ့တော့သည်။
ကျုံယန်စီသည် စောင့်နေရင်းမှ စိတ်မရှည်ဖြစ်လာခဲ့တော့သည်။
ရုတ်တရက် သူ့ဖုန်းတုန်ခါလာတယ်။
ကျုံယန်စီသည် စိတ်လှုပ်ရှားစွာဖြင့် သူ၏ဖုန်းကိုဖွင့်လိုက်ပြီး message အသစ်ကို မြင်လိုက်သည်။
[ ချစ်ရပါသော အလွန်ကပ်စေးနည်းတဲ့ သူဌေးကျုံ Hello
ကျွန်တော်က Pinduoduoမှာ အရမ်းအကျိုးသက်ရောက်မှုရှိတဲ့ လျှော့ဈေး အစီအစဉ်မှာ ပါဝင်နေတာပါ၊ ကျွန်တော် အောင်မြင်ဖို့ခြေတစ်လှမ်းပဲကျန်တော့တာပါ ကျေးဇူးပြုပြီး ဈေးနှုန်းလျော့ဖို့ကူညီရန်အတွက် လက်ငှားပါရစေ]
[ ဈေးနှုန်းလျော့အောင် ကူညီရန်အတွက် အောက်က linkကို နှိပ်လိုက်ပါနော် [specific link]]
ကျုံယန်စီသည် သူ၏ မျက်လုံးမှေးမှေးလေးဖြင့် ကြည့်လိုက်သည့်အခါတွင် ပေးပို့သူသည် “ လက်ထောက်ဆွန်း” ဖြစ်ကြောင်းကို မြင်လိုက်ရသည်။
စက္ကန့်အနည်းငယ်ကြာပြီးနောက် လက်ထောက်ဆွန်းသည် message ကို ပြန်ဖျက်သွားခဲ့သည်။
[ တောင်းပန်ပါတယ် မစ္စကျုံ ကျွန်တော့်ရဲ့ကောင်မလေးက ဖုန်းကိုယူပြီး message မှားပို့မိသွားတာပါ]
[ မစ္စကျုံ သူဌေးအခုချိန် အိပ်နေပြီမလား သူဌေး ဘာမှမမြင်သွားဘူး ဟုတ်တယ်မလား]
[ ကပ်စေနည်းသည့် သူဌေးကျုံ ဆိုတာ ဘာကို.. ဆိုလို..တာလဲ] ဟု ကျုံယန်စီမှ သရော်လိုက်သည်။
လက်ထောက်ဆွန်း: [ !!!]
[ကျွန်တော်မှားသွားတာပါ မစ္စကျုံ]
[ ဟိုနေ့တုန်းက ယန်ရှီရဲ့ သူဌေးအပေါ်မှာ မကျေနပ်တဲ့အကြောင်းတွေကြားလိုက်တော့ ကျွန်တော်စိတ်ကူးပေါက်ပြီး သူဌေးနာမည်ကို ပြောင်းခဲ့မိတာပါ၊ ကျွန်တော်အခု ပြန်ပြီး ပြောင်းလိုက်ပါ့မယ်]
ကျုံယန်စီသည် ခဏရပ်တန့်သွားခဲ့ပြီးနောက် သူ၏စိတ်ထဲတွင်ရှိသော ဒေါသများသည် ချက်ချင်းပင် ပျောက်သွားခဲ့သည်။
[ Oh ဒါက အတော်လေးချစ်စရာကောင်းတဲ့နာမည်ပဲ]
ကျုံယန်စီမှ ဖြေးဖြေးချင်းစာရိုက်၍ပြောလာသည်။
လက်ထောက်ဆွန်း : [???]
လက်ထောက်ဆွန်းသည် အလွန်စိတ်ရှုပ်သွားခဲ့သည်။
ကျုံယန်စီအား တစ်ယောက်ယောက်မှ ဝင်ပူးနေတာလား။
ချစ်စရာကောင်းတာလား?
ခဏအကြာတွင် သူသည် ကျုံယန်စီဆီမှ နောက်ထပ် message တစ်ခု ထပ်ရရှိလာခဲ့သည်။
[ ရသစုံရှိုးအခြေအနေက ဘယ်လိုလဲ]
လက်ထောက်ဆွန်းသည် ချက်ချင်းပင် ပြန်ဖြေလာခဲ့သည်။
[ အကြီးဆုံးသခင်မလေးက အကောင်းဆုံးလုပ်ခဲ့ပါတယ် ဘာပြသာနာမှလည်း မရှိခဲ့ပါဘူး၊ သူမရဲ့ လိုင်းပေါ်က မှတ်ချက်တွေကလည်း အတော်လေးကောင်းပါတယ် ပြီးတော့ လူတော်တော်များများက သူ့ကိုချီးကူးနေကြတယ်၊ အခု တိုက်ရိုက်ထုတ်လွှင့်မှုက ပြီးသွားပြီဆိုတော့ အကြီးဆုံးသခင်မလေးက အိပ်ပျော်နေလောက်ပါပြီ]
“ ပြီးတော့ ယန်ရှီရော”
ကျုံယန်စီသည် ခဏတာ တိတ်ဆိတ်သွားပြီးနောက် မေးလာခဲ့သည်။
လက်ထောက်ဆွန်းသည် လွယ်လွယ်ကူကူပင် ပြန်ဖြေလာခဲ့သည်။
“ သူလည်း အိပ်နေပါပြီ”
ကျုံယန်စီသည် မည်သည့် စကားမျှ မပြောတော့ဘဲ တိတ်ဆိတ်စွာဖြင့် screen ပေါ်မှ စာများကို စိုက်ကြည့်နေခဲ့သည်။
ယန်ရှီသည် သူ့အားစောစောအိပ်ရန်တိုက်တွန်းဖို့ မေ့လျော့ပြီး အိပ်ပျော်သွားခဲ့သည်လား။
ယခုခေတ် မိန်းကလေးများသည် တကယ်ပင် ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်စွမ်း မရှိကြတော့ပေ။
ကျုံယန်စီသည် အလွန်ပင် စိတ်အနှောက်အယှက်ဖြစ်နေခဲ့သည်။
သူ၏ဖုန်း ၊ နားအဆို့နှင့် eyemaskများကို ဘေးတွင် ချထားလိုက်ပြီး စိတ်ဆိုးစွာဖြင့် စောင်ခြုံအိပ်လိုက်သည်။
သူသည် အိပ်ယာပေါ်တွင် အချိန်အတော်အကြာ လူးလှိမ့်နေသော်လည်း အိပ်မပျော်ခဲ့ပေ။
တစ်နာရီကြာပြီးနောက် ကျုံယန်စီသည် အိပ်ရာထဲမှ ပြန်ထလာပြီးနောက် ယန်ရှီကို စာလုံးလေးလုံး ပို့ခဲ့သည်။
【Good night】
[Sweet Dreams]