← Chapters

Chapter 56

Vol. 6 Ch. 56

Chapter 56

Vol. 6 Ch. 56

ယန်ရှီသည် ကြီးကြပ်ရေးမှူးအဖြစ် လုပ်ကိုင်နေသော်လည်း အစမ်းခန့်အလုပ်သင်အဆင့်သာ ရှိသေးသည်။ Starshine တွင် အစမ်းခန့်ကာလ တစ်လရှိပြီး သူမ ယခုထိ အစမ်းခန့်ကာလအား မကျော်ဖြတ်နိုင်သေးပေ။

သို့သော် ငွေရှာသည့်ကိစ္စဖြစ်သောကြောင့် ယန်ရှီသည် ဖန်းယွဲ့ငြင်းမည်မဟုတ်ကြောင်းသိ‌သည်။ထို့အပြင် ပရောဂျက်ဌာနသည်လည်း ကော်မရှင်းခရရှိမည့် ရင်းနှီးမြှုပ်နှံမှုအတွက် အလုပ်လုပ်ပေးရမည်ကိုလည်း ပျော်ရွင်နေပေလိမ့်မည်။

ဖန်းယွဲ့သည် ယန်ရှီထံမှ မက်ဆေ့ခ်ျရရှိသည့်အခါ(အမှန်တကယ်တွင် System ပို့လိုက်ခြင်းဖြစ်သည်) သူမသည် အကြံဉာဏ်ရသွားသည်: H နိုင်ငံမှာ အိုင်ဒေါလ်အဖွဲ့များဖြင့် အွန်လိုင်းမှ ဖျော်ဖြေပွဲပြုလုပ်ခြင်းသည် ရင်းနှီးမြှုပ်နှံသူများနှင့် စပွန်ဆာကြေးများ ရရှိရန် အကောင်းဆုံးစီမံကိန်းဖြစ်သည်။

ဖန်းယွဲ့သည် ဖရဲသီးဗီဒီယိုအဖွဲ့အား ရှေးဦးစွာ ဆက်သွယ်ခဲ့သည်။

“အတူခရီးသွားကြစို့” အစီအစဉ်သည် ဖရဲသီးဗီဒီယိုအဖွဲ့နှင့် သီးသန့်ထုတ်လွှင့်ရန် သဘောတူညီမှု စာချုပ်ချုပ်ဆိုခဲ့သည်။ဖျော်ဖြေပွဲတိုက်ရိုက်ထုတ်လွှင့်မှု၊နောက်ဆက်တွဲရိုက်ကူးမှုများနှင့် နောင်လာမည့်ဗီဒီယိုများအား ဖရဲသီးအဖွဲ့မှတိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်သည်။

ဖရဲသီးဗီဒီယိုအဖွဲ့သည် ကျုံချင်းယွီဖျော်ဖြေပွဲစီစဉ်နေသည်အား သိသည်နှင့်တပြိုင်နက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ကြသည်။ဖျော်ဖြေပွဲ၏တိုက်ရိုက်ထုတ်လွှင့်မှုစတင်သည်နှင့်အမျှ ကြည့်ရှုသူများပိုမိုများပြားလာမည်ဖြစ်သောကြောင့် “ခရီးစဉ်” အစီအစဉ်သည်လည်း ပို၍‌ကျော်ကြားလာမည်ဖြစ်သည်။

ထိုအချိန်တွင် ဖန်းယွဲ့၏ဖုန်းခေါ်ဆိုမှုသည် ပြတ်ပြတ်သားသားဖြင့် အလိုရှိသည်များအားပြောကြားခဲ့သည် : အကယ်၍ ဖရဲသီးဗီဒီယိုအဖွဲ့သည် ဖျော်ဖြေရေးအတွက် သီးသန့်အခွင့်အရေးလိုချင်ပါက ၎င်းတို့အတွက်ကုန်ကျစေလိမ့်မည်ဖြစ်သည်။

ဖရဲသီး‌ဗီဒီယိုအဖွဲ့၏ ခေါင်းဆောင် တန်ယီသည် လုပ်ဆောင်မှုများ ခေတ္တ ရပ်ဆိုင်းသွားသည်။ “ကျွန်တော်တို့ ‘ခရီးစဥ်’ နဲ့အရင်ကတည်းက စာချုပ်ချုပ်ထားပြီသား မဟုတ်ဘူးလား၊ ဒါက အစီအစဉ်ရဲ့ အရံအစီအစဉ်ဖြစ်တာမလို့ ငါတို့မှာ တိုက်ရိုက်ထုတ်လွှင့်ဖို့ အခွင့်အရေးရှိတယ်”

ဖန်းယွဲ့ ရယ်လိုက်သည် “တန်ယီ၊မင်း အသစ်လေးတွေကိုပဲ ဒီလိုလုပ်လို့ရမယ် ငါတို့တော့မရဘူး၊ သဘောတူစာချုပ်မှာ “ခရီးစဉ်”နဲ့ပတ်သတ်တဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကိုပဲ သဘောတူထားတာ၊ ဖျော်ဖြေပွဲက အစီအစဉ်နဲ့ပတ်သတ်တဲ့လူ ဒါမှမဟုတ် ပစ္စည်းတွေကို အသုံးမပြုဘဲ စတိတ်စင်တစ်ခုနဲ့ သီးသန့်ကင်မရာတွေသုံးပြီး ရိုက်ကူးမှာ၊ အဲတော့ ဒါကသီးသန့်စီမံကိန်းတစ်ခုပဲ၊ အစီအစဉ်ရဲ့ဧည့်သည်တွေ ဖျော်ဖြေပွဲမှာပါတာနဲ့ပဲ မင်းမှာလုပ်ပိုင်ခွင့်ရှိပြီ ထင်နေတာလား၊ ဘယ်လိုတွေတောင် စိတ်ကူးယဉ်နေတာလား၊ ဖျော်ဖြေပွဲနဲ့ပတ်သက်တဲ့ လုပ်ပိုင်ခွင့်က ပွဲစီစဉ်သူမှာပဲတာဝန်ရှိတာ၊အဲဒီတာဝန်ရှိသူက ကျုံချင်းယွီပဲ”

တန်ယီ အံကြိတ်လိုက်သည်၊သူမ မှန်သည်။

ရသစုံရှိုးရိုက်ကူးနေစဉ်တွင် အကယ်၍ ဧည့်သည်များ ဖျော်ဖြေပွဲ၌ပါဝင်မည်ဆိုလျှင် ရှိုးအဖွဲ့သားများသည် ထုတ်လွှင့်မှု အခွင့်အရေးအား ဝယ်ယူရပေမည်။သို့မှမဟုတ်လျှင် ဖျော်ဖြေပွဲရိုက်ကွင်းခွင့်မရှိချေ။သို့သော်လည်း ယခုတွင် ပွဲစီစဉ်သူသည် ကျုံချင်းယွီဖြစ်ပြီး တန်ယီသည်လည်း အသေးစိတ်အချက်အလက်များအား ဖတ်ရှုပြီးဖြစ်သည်။ မကျေမနပ်ဖြစ်မိသည့်ပုံစံဖြင့် တန်ယီ မေးလိုက်သည်။

“မင်းဘယ်လောက်လိုချင်တာလဲ”

ဖန်းယွဲ့ : ‘’၃၀မီလီယမ်”

တန်ယီ :???

“မင်းဘာလို့ ပြန်မဖြေတော့တာ‌လဲ၊ ‘ခရီးစဥ်’အတွက် လုပ်ပိုင်ခွင့်က သုံးဆယ်မီလီယမ်ထဲလေ၊ ဘာလို့လဲဆိုတော့ မင်းတို့က ‘ခရီးစဥ်’ကို အကျိုးအမြတ်ယူနေလို့ပဲ၊ ငါတို့က နည်းနည်းလေးပဲတောင်းဆိုတာပါ”

ဖုန်းခေါ်ဆိုမှု၏ အခြားတစ်ဖက်တွင် ဖန်းယွဲ့သည် သူမ၏လက်ချောင်းများအား ဆော့ကစားကာ ပိုမို၍သက်တောင့်သက်သာရှိသောပုံစံအနေအထားသို့ပြောင်းထိုင်၍ တန်ယီနှင့်အဆက်မပြတ်ငြင်းခုံနေခဲ့သည်။

“ငါတို့က ‘ခရီးစဥ်’ကို နှစ်ပိုင်းလောက်ပဲရိုက်ကူးရသေးတယ်၊ နိုင်ငံတစ်ဝန်းမှာ လူသိအများဆုံးရသစုံရှိုးဖြစ်နေပြီလေ ပြီးတော့ အရင်အပတ်က စံချိန်တွေကိုပါ ချိုးနိုင်လိုက်သေးတယ်လေ မင်းအများကြီး လုပ်ပြီးပါပြီ”

“အကြမ်းဖျင်းအားဖြင့် မစ္စကျုံက သူမရဲ့ကိုယ်ပိုင်ဖျော်ဖြေပွဲကို တည်ထောင်ခဲ့တာလေ ဘယ်လိုတောင် မိုက်လိုက်သလဲ၊ အောင်မြင်မှုတွေပဲ ဆက်တိုက်တိုးနေတာလေ၊ မင်းကြေညာဘယ်လောက်ထည့်နိုင်လဲ တိုက်ရိုက်လွှင့်နေတုန်း ပါဝင်သူတွေကို ခေါ်လိုက်ရင်ပဲ နာမည်က ကြီးနေပြီ ဘာများဆုံးရှုံးစရာရှိလို့လဲ”

ဖန်းယွဲ့ ပြောပြီးနောက် ဖုန်းချရန်ပြင်လိုက်သည်။

“နေဦး”

တန်ယီသည် သူမအား လျင်မြန်စွာ တားဆီးလိုက်သည်။ သုံးဆယ်မီလီယမ်သည် များလွန်းသည်၊သို့သော် ဖန်းယွဲ့ပြောတာ မှန်သည်။ ဤဖျော်ဖြေမှုသည် ကြီးမားသော အပြောင်းအလဲဖြစ်မှာ ဧကန်ပင်ဖြစ်သည်။

ပုံမှန်အားဖြင့် ပရိသတ်များနှင့်တွေ့ဆုံ၍ ဖျော်ဖြေပွဲပြုလုပ်လေ့ရှိသူများသည် အနုပညာကြယ်ပွင့်အများစုသာဖြစ်သည်။ ၎င်းဖျော်ဖြေပွဲမှာ အွန်လိုင်းမှလည်း ရိုက်ကူးထုတ်လွှင့်လေ့ရှိသည်။သိူ့သော် ကျုံချင်းယွီ၏ဖျော်ဖြေပွဲသည် ထူးခြားသည်။ သူမသည် ကိုယ်ပိုင်ငွေစိုက်ထုတ်၍ ဖျော်ဖြေပွဲပြုလုပ်ပြီး ယောကျာ်းလေး၊မိန်းကလေးအဆိုတော်များကို သူမအား ဖျော်ဖြေခိုင်းသည်။ဤသို့သော အခွင့်အရေးသည် ကြုံရခဲသည်; မည်သူမျှထိုသို့သော ဖျော်ဖြေမှုမျိုးကို မလုပ်ခဲ့ဖူးပေ။နောင်တွင်လည်း မည်သူမျှ ထိုသို့လုပ်လိမ့်မည်ဟု မထင်ချေ။

တိုက်ရိုက်ထုတ်လွှင့်မှုလုပ်ပိုင်ခွင့်အတွက် သုံးဆယ်မီလီယမ်သည် တကယ်ကိုပင် ဈေးကြီးသည်။ သို့သော် ကြေညာဝင်ငွေနှင့် ဖျော်ဖြေပွဲ၏ စီးပွားရေးအမြတ်ငွေများအား ထည့်သွင်းစဉ်းစားကြည့်လျှင် အမြတ်များစွာရရှိမည့် စီမံကိန်းပင်ဖြစ်သည်။

အကယ်၍ ဖရဲသီးဗီဒီယိုအဖွဲ့သည်သာ ဤလုပ်ပိုင်ခွင့်အား တစ်ခြားသူထံသို့ ဆုံးရှုံးသွားမည်ဆိုလျှင် အမှန်တကယ်ပင် နစ်နာပေလိမ့်မည်။

“သုံးဆယ်မီလီယမ်ပဲမလား”

တန်ယီအံကြိတ်၍ပြောလိုက်သည်။

“ငါ ဥပဒေဌာနကနေ စာချုပ်စာတမ်းရေးဆွဲလိုက်မယ်၊ မင်းတံဆိပ်တုံးထုလိုက်”

ဖန်းယွဲ့ ရယ်လိုက်သည် “ဘာလို့အလျင်လိုနေတာလဲ”

တန်ယီ ပြန်ပြောလိုက်သည်။

“ငါကဘာလို့ အလျင်မလိုရမှာလဲ၊ မင်းတို့ရဲ့ မစ္စက ပျက်စီးတော့မယ်လို့ပြောခဲ့‌တယ်လေ ပြီးတော့ တကယ်ကြီးပျက်စီးသွားခဲ့တာ၊ သူက ငါတို့ကို နေ့လည်က ပွဲကြည့်ဖို့ပြောခဲ့ပြီး ညနေရောက်တော့ ပျက်စီးသွားပြီလေ၊ ငါတို့မှာ ပြင်ဆင်ချိန်တောင်မရလိုက်ဘူး”

“တော်ပြီ၊မပြောတော့ဘူး၊ ငါတစ်ခြား စပွန်ဆာတွေကိုဖုန်းဆက်ရဦးမယ်”

အကယ်၍ သူတို့သာနှောင့်နှေးပြီး ရင်းနှီးသူအနည်းငယ်သာ မြှုပ်နှံခဲ့လျှင် ဖျက်သိမ်းတော့မည်မဟုတ်ချေ။

တစ်ဖက်တွင် ယန်ရှီသည် ချောင်ယန်အား ဆက်သွယ်ခဲ့သည်။

ချောင်ယန်သည်လည်း ကျုံချင်းယွီ၏ဖျော်ဖြေပွဲအကြောင်းကို သိသည်။ ဖန်းယွဲ့သည် ဥပဒေဌာနသို့ တံဆိပ်တုံးထုရန်သွားနှင့်နေပြီဖြစ်သည်။ထို့အပြင် ဤကိစ္စသည် သူမနှင့်ပတ်သက်လာလိမ့်မည်ဟုလည်း မထင်ခဲ့ချေ။

ယန်ရှီသည် မေးမြန်းလိုက်သည်။

“ဟန်မြို့မှာ Starshine ရဲ့ လေ့ကျင့်ပေးနေတဲ့သူတွေရှိတယ်ဆို၊ H နိုင်ငံမှာ အေးဂျင့်ရှိတယ်လို့ကြားတယ်၊ဟုတ်လား”

ချောင်ယန် ပြန်ဖြေလိုက်သည်။

“ဝိန်ရုံလည်းအဲမှာရှိတယ်၊ သူမက လက်ရှိမှာ သွက်သွက်လက်လက်နဲ့ သင်ယူလိုစိတ်ရှိတဲ့ အစမ်းခန့်ဝန်ထမ်းတစ်ယောက်ပဲ၊ သင်တန်းသားတွေ ပွဲဦးထွက်ပြီးတာနဲ့ ငါသူ့ကို H နိုင်ငံရဲ့အရေးကိစ္စတွေတာဝန်ယူဖို့ ရာထူးတိုးပေးမလို့ စီစဉ်ထားတယ်”

ယန်ရှီသည် အလုပ်တွင် အရည်အချင်းရှိသူတစ်ယောက်ရှိနေသည်ကို ဝမ်းသာမိသောကြောင့် သက်ပြင်းချလိုက်သည်။၎င်းသည် ဟန်မြို့မှ အခြားသူတစ်ယောက်အား စေလွှတ်ခြင်း သို့မဟုတ် သူမကိုယ်တိုင် ဝင်ပါရခြင်းထက် ပို၍ကောင်းမွန်လေသည်။

“ငါ အနုပညာရှင်တစ်ယောက်နဲ့လက်မှတ်ထိုးရဦးမယ်၊ တကယ်လို့ ဝိန်ရုံအဆင်ပြေရင် သူ့ကိုပဲ လက်မှတ်ထိုးတာ တာဝန်ယူခိုင်းလိုက်ပါ”

ချောင်ယန်သည် သိလိုစိတ်ပြင်းပြသွားသည်။ယန်ရှီ အမြင်ရှိသည်ကို သူမသိသည်။ သူမစာချုပ်ချုပ်ဆိုခဲ့သော ယခင်အနုပညာရှင် ရှန့်ရှင်းဟယ်သည် အလွန်အလားအလာရှိသူဖြစ်သည်။သူမသည် ယန်ရှီယခုတွင် မည်သူ့အပေါ်မျက်စိကျနေသည်ကို သိချင်မိသည်။

ယန်ရှီပြောလိုက်သည်

“သူက K Company က စာချုပ်ချုပ်ဆိုထားဆဲ အနုပညာရှင်တစ်ယောက်လေ”

ချောင်ယန်၏ အမူအရာသည် ချက်ချင်းပင် ပြောင်းလဲသွားသည်။

“အဲဒီကုမ္ပဏီက အဆိုတော်တွေအများကြီးနဲ့စာချုပ်ချုပ်ဆိုပြီး စာချုပ်ကြေးတွေမလျော်ဘူးဆိုပြီး နာမည်ကြီးနေတာနော်၊ စာချုပ်ကြေးပေးတဲ့ဘက်ကို မသွားဖို့ အကြံပေးပါရစေ၊ ငါ ဝိန်ရုံကို အနုပညာရှင်တွေရဲ့ စာချုပ်တွေ Starshine ဆီကို လွှဲပြောင်းပေးဖို့ ပြောလိုက်မယ်၊ အဲတာက ပိုပြီး အကုန်အကျသက်သာလိမ့်မယ်”

ယန်ရှီသည် အေးဂျင့်စာချုပ်များအကြောင်း သိပ်၍နားမလည်သော်လည်း ကံကောင်းစွာဖြင့် ချောင်ယန်နှင့် ဝိန်ရုံသည် ထိုအကြောင်းများအား နှံ့စပ်စွာနားလည်သည်။ယန်ရှီသည် ချောင်ယန်အား “ဟန်ရှု”အကြောင်း ပြောပြလိုက်ပြီး သူမအား ကိုင်တွယ်ပေးရန် အပ်နှံလိုက်သည်။သို့သော် ဟန်ရှု၏ ဖျော်ဖြေမှုဗီဒီယိုအား ကြည့်ပြီးသွားသည့်နောက်တွင် ချောင်ယန်အပါအဝင် ဝိန်ရုံသည်လည်း အတော်ကြာ ငြိမ်သက်သွားသည်။

ယခင်အခါက ရှန့်ရှင်းဟယ်၏ “Lian Cheng Jue " ဖျော်ဖြေမှုသည် အံ့ဩဖွယ်မကောင်းသော်လည်း မှတ်သွားဖွယ်ရာဖြစ်သည်။သူသည် သေဆုံးလုနီးပါးဖြစ်နေသော စစ်သားပုံစံသရုပ်ဆောင်ခဲ့သည်။ထို့နောက် ဒါရိုက်တာမှ သူ့အား မိတ်ကပ်လိမ်းရန် “Cut" ဟုအော်လိုက်သည့်အချိန်တွင် ဇာတ်ဆောင်များထံမှ အဓိကအခန်းဝင်ယူရမည်ကို စိုးရိမ်နေခဲ့သည်။

ဤဟန်ရှုသည်…ဘာများပါလိမ့်။ယန်ရှီ၏ မျက်လုံးများသည် ပျက်စီးသွားပြီလေ။ ယန်ရှီပြုံးလိုက်သည်။

“ငါ့ကိုယုံ၊သူနဲ့စာချုပ်ချုပ်လိုက်၊အဆင်ပြေသွားလိမ့်မယ်”

ညနေခင်း ၆နာရီ ၅၀မိနစ် အချိန်တွင် အရာအားလုံးအဆင်သင့်ဖြစ်နေခဲ့ပြီ။

ယန်ရှီနှင့်ကျုံချင်းယွီတို့သည် မိမိုက်သောအဝတ်အစားများကိုဝတ်ဆင်၍ “ရှေ့ဆက်တိုးလိုက်”ဟု ရေးသားထားသော ခေါင်းပတ်အားတပ်ဆင်ကာ အားပေးသည့်တောက်ပသောအရောင်မီးလင်းတုတ်ချောင်းအား ကိုင်ဆောင်ထားသည်။ ဖျော်ဖြေပွဲအား တက်ရောက်သူများမှာ သူတို့နှစ်ယောက်တည်းသာဖြစ်သော်လည်း အခမ်းအနားနှင့်သက်ဆိုင်သောခံစားချက်များ ပြည့်နှက်နေသည်။ ဗီလာမှထွက်လိုက်သည်နှင့် တစ်ခြားသောကမ္ဘာသို့ရောက်ရှိသွားသလိုပင်။ သူတို့၏ရှေ့တွင် ဖျော်ဖြေပွဲစတိတ်စင်ရှိပြီးမျက်စိကျိန်းလောက်အောင် တောက်ပသည့် အိမ်မက်စဖွယ် မီးရောင်စုံများသည် ထိုနေရာတစ်ခုလုံးအား တောက်ပစေသည်။

ရောင်စုံမီးတန်းများသည် ညကောင်းကင်၌တောက်ပ ကခုန်နေပြီး တစ်ခါတစ်ရံတွင် လှပသောပုံစံများဖြစ်ပေါ်လာပြီး တစ်ခါတစ်ရံတွင်ဉဣာပျံများ လွှင့်မျောနေသည့်ပုံစံများ ဖြစ်ပေါ်လာသည်။အနီးနားပတ်ဝန်းကျင်ရှိအသံများသည် နက်နဲစွာမြည်ဟိန်းနေပြီး လာမည့်ဖျော်ဖြေမှုအား ပိုမို၍မိမိုက်အောင် ဖန်တီးပေးနေသည်။

ပျော့ပျောင်းသည့်ဆိုဖာထိုင်ခုံများအား စတိတ်စင်ရှေ့ရှိ မြက်ခင်းပြင်ပေါ်၌ ဖျော်ဖြေပွဲလာကြည့်သည့်ပရိသတ်များအတွက် ခင်းကျင်းပြင်ဆင်ထားသည်။

ကျုံချင်းယွီနှင့်ယန်ရှီတို့သည် အလယ်တစ်နေရာ၌ထိုင်လိုက်ပြီး မကြာခင်တွင် လမ်းလျှောက်ပြန်လာကြသော ယောင်ဇူနှင့်လုပေယွီတို့သည်လည်း ပါဝင်လာကြသည်။ကျုံချင်းယွီသည် ယောင်ဇူအား အစာအနည်းငယ်ကျွေးလိုက်ပြီး ယန်ရှီသည် “ရှေ့ဆက်တိုးလိုက်”ဟုသည့် ခေါင်းပတ်အား ယောင်ဇူကို ပတ်ပေးလိုက်သည်။ဖရဲသီးဗီဒီယို၏ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင် ကြည့်ရှုသူများဖြင့် ပြည့်နှက်နေပြီး အရှိန်အဟုန်နှင့် ကြည့်ရှုသူအရေအတွက် တိုးလာနေသောကြောင့် လူတိုင်းသည် ဤထူးခြားသောဖျော်ဖြေပွဲကို စိတ်အားထက်သန်စွာ မျှော်လင့်နေကြသည်။ ည 7 နာရီတွင် ဖျော်ဖြေပွဲသည် တရားဝင် စတင်ခဲ့သည်။

ရုတ်ရတ်မီးလုံးများ မှိတ်လိုက်သည့်အချိန်တွင် ဗီလာရှေ့ရှိမြက်ခင်းပြင်သည် အမှောင်ဖုံးလွှမ်းသွားသည်။ ယောင်ဇူသည် အထိတ်တလန့်ဟောင်လိုက်ပြီး အမြီးကုပ်ကာ လုပေယွီ၏လက်မောင်းအတွင်းသို့ ပြေးဝင်သွားသည််။

မီးအလင်းရောင်များသည် စတိတ်စင်ပေါ်သို့ ကျရောက်လာသည်။

ဖွင့်ပွဲသည် Starshine မှ ပွဲဦးထွက်ရန် နှစ်နှစ်ခန့်ပြင်ဆင်ထားသည့် သင်တန်းသား ယောက်ျားလေးအဖွဲ့ဖြစ်သည်။ထိုအချိန်တွင် အမျိုးသားငါးဦးသည် အကျီဖြူနှင့်ဘောင်းဘီအကြပ်အား တူညီစွာဝတ်ဆင်ထားပြီး ထိုအသွင်သည် သူတို့၏အရပ်အမောင်းနှင့် ခန္ဓာကိုယ်အချိုးအစားကို ပေါ်လွင်စေသည်။ ထိုအမျိုးသားငါးဦးလုံးသည် ၁၈၀ စင်တီမီတာထက်ပို၍ရှည်လျားသောကြောင့် မီးရောင်အောက်တွင် ခြေတံရှည်များသည် ပို၍ ပေါ်လွင်နေသည်။

သီချင်းစတင်သည်နှင့် လေထဲတွင် အားပြင်းသည့် ဒရမ်ခတ်သံများ တုန်ခါနေပြီး အမျိုးသားများသည် အချိန်ကိုက်လှုပ်ရှားကပြကာ ကကွက်တစ်ခုချင်းစီသည် စည်းချက်ညီ၍အားပြင်းလှသည်။ဖျော်ဖြေပွဲ၏အဓိကဆွဲဆောင်မှုသည် မီးရောင်တောက်တောက်နှင့် ကျယ်လောင်သော သီချင်းသံများ၊ နားစည်တုန်ခါခြင်းနှင့် နှလုံးခုန်လှုပ်မှုများဖြစ်သည်။ထိုနေရာ၌ရှိနေခြင်းသည် ပရိသတ်များအား အလွယ်တကူခံစားမှုများ လွှမ်းခြုံသွားစေပြီး ၎င်းတို့မျက်လုံးများသည် စတိတ်စင်ပေါ်ရှိ ငယ်ရွယ်သောအမျိုးသားများထံ၌သာ ရောက်ရှိနေသည်။

ယန်ရှီသည် ဖျော်ဖြေပွဲ၏အရသာကို ခံစားမိလာပြီး သူမ၏အားပေးတုတ်ချောင်းအား သီချင်းနှင့် စည်းချက်မိမိ လှုပ်ခါနေမိသည်။

ထို့နောက် တိုက်ရိုက်ထုတ်လွှင့်မှုရှိ ပရိသတ်များ လှုပ်ခတ်သွားသည်။

【အားးးးးး】

【ချောလိုက်တာ】

[ကော ကော ဘက်ကိုကြည့်ပါဦး ဒီဘက်ကိုကြည့်ပါ]

[ဝိုး၊ Starshine ရဲ့အမျိုးသားအဖွဲ့က တကယ်မိုက်တာပဲ။သူတို့အောင်မြင်မှာသေချာတယ်]

[ဆံပင်အပြာနဲ့ကောင်လေးက ကင်မရာထဲမှာထင်းနေတာပဲ ကြည့်ရဆိုးမနေဘူး]

“သေပါပြီ၊အရမ်းချောတာပဲ”

US သီချင်းဖြင့် အစဖွင့်လိုက်ခြင်းသည်အောင်မြင်သွားလေသည်။ထိုသီချင်းတွင် နောင်တွင် သူတို့တင်ဆက်မည့် အဓိကသီချင်းတစ်ပုဒ်ဖြစ်ပြီး အကလေ့ကျင့်မှုများကိုလည်း အကြိမ်များစွာ လေ့ကျင့်ထားသည်။

ဖျော်ဖြေပြီးသွားသည့်နောက်တွင် သူတို့သည် မထွက်သွားသေးချေ။ ပွဲစီစဉ်သူသည် အစီအစဉ်များအားရွတ်ဖတ်နေစဉ် သူတို့သည် ကျုံချင်းယွီနှင့်ယန်ရှီထံသို့ ရောက်ရှိလာသည်။

ယနေ့ အစမ်းခန့်မန်နေဂျာ ဝိန်ရုံသည် သူတို့အား အဖွင့်သီချင်းသီဆိုပြီးသည်နှင့် ပရိသတ်နေရာအားသွားကာ တစ်ခြားသောအိုင်ဒေါလ်များ၏ဖျော်ဖြေမှုကို လေ့လာကြည့်ရှုရန် ပြောကြားခဲ့သည်။ကျုံချင်းယွီသည်လည်း ယန်ရှီကဲ့သို့ပင် အော်ဟစ်အားပေးနေသည်။သို့သော် USအဖွဲ့ဝင်များ ချဉ်းကပ်လာသည်ကို မြင်သည့်အခါ သူမသည် တည်ငြိမ်အေးဆေးသည့်ပုံစံသို့ပြောင်းလိုက်သည်။ သူမသည် US အဖွဲ့ဝင်များအား ကြည့်လျက်ပင် ယန်ရှီအားမေးလိုက်သည်

“သူတို့ရဲ့ဖျော်ဖြေမှုကို ဘယ်လိုထင်လဲ”

US အဖွဲ့ဝင်များသည် ငြိမ်ငြိမ်လေးရပ်နေပြီး အသက်ပင် ပြင်းပြင်းမရှုရဲချေ။ ယန်ရှီသည် ခဏတာစဉ်းစားလိုက်ပြီးနောက် ပြန်ဖြေသည်။

“မဆိုးပါဘူး၊ဒါပေမယ့် သူတို့ကြွက်သားတွေ နည်းနည်းပိုပေါ်ဖို့လိုသေးတယ်၊ အကျီဝတ်ရင် ပိန်ပါးနေဖို့လိုပေမယ့် ကြွက်သားမရှိလို့လည်းမဖြစ်ဘူးလေ၊ ဒါက ယောကျာ်းလေးအဖွဲ့တွေမှာ အရေးကြီးတယ်”

နောက်၌ရပ်နေသည့် ဆံပင်အပြာရောင်နှင့်ကောင်လေးသည် US အဖွဲ့တွင် အငယ်ဆုံးဖြစ်သည်။သူသည် ရှပ်အကျီထောင့်အား အသာအယာ မတင်ကာ သူ၏ကြွက်သားများအား ကြည့်၍ပြောသည်။

“ကျွန်တော့်မှာ ကြွက်သားအဖုအထစ်‌တွေရှိပါတယ်၊ဒီလောက်နဲ့ မရဘူးလား”

ဒါရိုက်တာသည် ဆံပင်အပြာနှင့်ကောင်လေး၏ ကြွက်သားထုတ်ပြသည့် ထိုအခိုက်အား အလျင်အမြန်ပင် ရိုက်ကူးလိုက်သည်။

[သူအကျီမတင်တာ အရမ်းမြန်တာပဲ၊ငါသေချာမမြင်လိုက်ဘူး]

[စီယဲ့၊ ရှင်ကျွန်မကိုမပြရင် ကြွက်သားရှိတယ်ဆိုတာ ကျွန်မယုံမှာ မဟုတ်ဘူးနော်]

[အပေါ်ကလူပြောတဲ့အတိုင်းပဲ ကျွန်မတို့ကိုပြပါ ၊မဟုတ်ရင် မယုံဘူးနော်]

စီယဲ့ သည် သူ့၏အနားရှိဝန်ထမ်းများ အဘယ့်ကြောင့်ရုတ်တရတ်ရယ်နေကြမှန်း နားမလည်ချေ။သူတို့၏ဖုန်းမှ တိုက်ရိုက်ထုတ်လွှင့်မှု မှတ်ချက်များအား လည်ပင်းဆန့်၍ကြည့်လိုက်သည့်အချိန်တွင် စီယဲ့ ၏မျက်နှာသည် နီရဲသွားသည်။

သူသည် ရှပ်အကျီအား အလျင်အမြန်ပင် အောက်သို့သပ်ချလိုက်ပြီး ကြယ်သီးအားလုံးကိုတပ်လိုက်သည်။

[စီယဲ့၊ ရှင်အဲလိုမလုပ်နဲ့လေ]

[ယောက်ျားလေးတစ်ယောက်က ကြွက်သားပြဖို့ ဘာလို့ဒီလောက်ဖြစ်နေရတာလဲ၊ကပ်စေးနည်းလိုက်တာ]

[ကြွက်သားတွေဆိုတာ ပြဖို့ပဲလေ၊မဟုတ်ရင် ဘာလို့လေ့ကျင့်ခန်းလုပ်နေမှာလဲ]

ယန်ရှီနှင့်ကျုံချင်းယွီသည် မနေနိုင်တော့ဘဲနှင့် ရယ်လိုက်မိသည်။

ယောကျာ်လေးများသည် တစ်ခါတစ်ရံတွင် အလွန်ပင် ရယ်စရာကောင်းလေသည်။

လုပေယွီသည် သူတို့ပြောသည့်စကားများကို နားထောင်နေရင်း သူ၏တီရှပ်အောက်ရှိကြွက်သားများအား မသိမသာခံစားလိုက်မိသည်။

မဟုတ်သေးပါဘူး၊ငါအရင်က ကြွက်သားရှိပါတယ်၊အခုတော့ မရှိလုနီးပါပင်ဖြစ်နေပြီ။ဖျော်ဖြေပွဲပြီးရင် ငါ အားကစားရုံသွားမှရမယ်။

စကားစမြည်ပြောဆိုမှုပြီးသွားသည့်အခါတွင် ပွဲစီစဉ်သူသည် တိုက်ရိုက်ကြည့်ရှုသူပရိသတ်များအတွက် ပွဲစဉ်ရွတ်ဖတ်မှုပြီးဆုံးသွားသည်။အထူးသဖြင့် ဖရဲသီးဗီဒီယိုအဖွဲ့သည် တိုက်ရိုက်ထုတ်လွှင့်မှုလုပ်ပိုင်ခွင့်အတွက် ငွေသုံးဆယ်မီလီယမ်ရင်းနှီးထားရသည့်အတွက် ငွေပြန်လည်ရရှိရန် ကြေညာများထည့်သွင်းရိုက်ကူးရပေမည်။

ဖွင့်ပွဲပြီးနောက် H နိုင်ငံမှ အိုင်ဒေါလ်များ စင်ပေါ်တက်ဖျော်ဖြေရမည့်အလှည့်ဖြစ်သည်။ အမျိုးမျိုးသောအဖွဲ့သည် မတူညီသည့်တောက်ပသောအသွင်အပြင်များရှိကြသည်။ ငယ်ရွယ်ချောမောသောအမျိုးသားအဖွဲ့၊ဘုရင်မကဲ့သို့ကျက်သရေရှိသောအဖွဲ့နှင့် ချစ်မိချင်စဖွယ် ချိုမြိန်သောမိန်းကလေးအဖွဲ့တို့ဖြစ်ကြသည်။ အစတွင် ကျုံချင်းယွီနှင့် သူ၏သူငယ်ချင်းနှစ်ယောက်အပြင် ခွေးတစ်ကောင်သည် ပရိသတ်များကြား၌ထိုင်နေပြီး US အဖွဲ့နှင့်ဝန်ထမ်းများ ပါဝင်လာသည့်အခါ ပွဲသည်ပို၍ အသက်ဝင်သွားသည်။

လူတိုင်းသည် ကကွက်များနှင့်စင်ပေါ်ရှိ အိုင်ဒေါလ်များအား အော်ဟစ်အားပေးကြသည်။ဖျော်ဖြေပွဲသည်အလွန်စိတ်ဝင်စားစရာကောင်းသည့်အတွက် အချိန်နှစ်နှစ်နာရီသည် လျင်မြန်စွာပင်ကုန်ဆုံးသွားလေသည်။

နောက်ဆုံးတွင် LMN အဖွဲ့သာဖျော်ဖြေကန် ကျန်ရှိတော့သည်။

စီနီယာများ၏ဖျော်ဖြေမှုများကို စင်နောက်၌ကြည့်ရှုနေသော LMN အဖွဲ့သည် အနည်းငယ်စိတ်လှုပ်ရှားနေသည်။ သင်တန်းသားအဆင့်သာရှိသေးသော US အမျိုးသားအဖွဲ့ပင်လျှင် အရည်အချင်းအားကောင်းမွန်စွာဖော်ပြနိုင်ခဲ့ပေသည်။ သင်တန်းသားတွေတောင် လုပ်နိုင်လျှင် အဘယ့်ကြောင့်သူတို့မလုပ်နိုင်ရမည်နည်း။လူအများကြီးနှင့် ကင်မရာပေါ်တွင် ပေါ်လာခြင်းသည် သူတို့အတွက် အောင်မြင်ကျော်ကြားရန် အခွင့်အလမ်းတစ်ခုဖြစ်သည်။

ယခုသည် LMN အဖွဲ့၏အလှည့်ပင်ဖြစ်သည်။ တောက်ပသည့်မီးရောင်များသည် သူတို့အပေါ်၌ဖြာကျနေပြီး အပူဒဏ်သည် လူတိုင်းအား ချွေးစီးများပင်ကျစေသည်။

ယခုသည် LMNအဖွဲ့၏ ခမ်းနားသောစတိတ်စင်ပေါ်သို့ ပထမဆုံးအကြိမ်တက်ဖူးခြင်းဖြစ်သည်။ LMNအဖွဲ့သည် ထိုသို့သော စတိတ်စင်ပေါ်တွင် ဖျော်ဖြေဖူးခြင်းမရှိချေ။ သီချင်းသံစတင်လိုက်သည့်အခါ အဖွဲ့ဝင်အချို့သည် စည်းချက်နှင့် မကိုက်ညီမှုများ ဖြစ်ပေါ်လာချေသည်။

【ဒီမိန်းကလေးအဖွဲ့က ဘာဖြစ်တာလဲ】

【သူတို့ရဲ့အဆင့်က စောနကအဖွဲ့တွေနဲ့မတူဘူး၊ဒါ့ကြောင့် ရှုက်ယှက်ခတ်နေတာ】

【ပြောင်ပေါင်ယွမ်၊ဘာလိုကြီးလဲ၊ သူဘယ်လို‌တောင် မသေသပ်တဲ့မိန်းကလေးအဖွဲ့ကိုခေါ်လာရတာလဲ 】

【ဘယ်သူက LMNအဖွဲ့ကို ညွှန်းတာလဲ၊ သူတို့ရဲ့ဖျော်ဖြေမှုက ညံ့လိုက်တာ】

ငါးမိနစ်ခန့်ကြာမြင့်‌သော ဖျော်ဖြေမှုသည်ပြီးဆုံးသွားသည်။

တစ်ခြားသော အိုင်ဒေါလ်များကဲ့သို့ပင် LMN အဖွဲ့သည် စင်အောက်ရှိ မန်နေဂျာထံသို့ သွားရန်ပြင်နေစဉ် ရုတ်တရတ်အသံတစ်ခုကြားလိုက်ရသည်။

“ခနနေပါဦး”

ကျုံချင်းယွီသည် စင်ပေါ်ရှိအိုင်ဒေါလ်များအားခေါ်ဆိုရန် ပြောင်ပေါင်ယွမ်စီစဉ်ပေးထားသော သူမ၏ဘေးရှိမိုက်ခရိုဖုန်းအား ဆွဲယူလိုက်သည်။ ၎င်းကိုအထောက်အကူပစ္စည်းအဖြစ်ထားရှိထားခြင်းဖြစ်ပြီး မမျှော်လင့်စွာဖြင့် ဤပစ္စည်းသည် အသုံးဝင်လာပေသည်။

LMN အဖွဲ့ဝင်များသည် ကျုံချင်းယွီ၏အသံကို ကြားသည်နှင့် လှည့်ကြည့်လိုက်ကြသည်။ သူတို့သည် တရုတ်စကားနားမလည်သည့်အတွက် ဟန်ရှုအားဘာသာပြန်‌ပေးရန် အကူအညီတောင်းခံခဲ့သည်။ခေါ်သံကိုကြားသည်နှင့် သူတို့၏မျက်နှာသည် အံ့ဩမှုများဖြင့် ပြည့်နှက်သွားသည်။

သူတို့သည် မှတ်ချက်များအားမမြင်နိုင်သည့်အတွက် ဖျော်ဖြေမှုမည်သို့ဖြစ်သွားခဲ့သည်ကို မသိချေ။သို့သော် ကျုံချင်းယွီသူမတို့အား ခေါ်လိုက်ခြင်းသည် ဖျော်ဖြေမှုကို ကြိုက်နှစ်သက်သောကြောင့်ဖြစ်မည် မဟုတ်ပေလော။

ထိုသို့ဖြစ်မည်ဆိုလျှင် အနာဂတ်တွင် သူတို့အတွက် အခွင့်အလမ်းများပို၍ များပြားလာမည်ဖြစ်သည်။ LMN အဖွဲ့ဝင်များသည် ယခင်ကထက်ပို၍ စိတ်လှုပ်ရှားနေကြသည်။

ကျုံချင်းယွီသည် LMN အဖွဲ့အားခေါ်ဆိုပြီးနောက်တွင် စတင်၍ဆူပူတော့သည်

“မင်းတို့ဟာက မိန်းကလေးအဖွဲ့ကောဟုတ်ရဲ့လား၊ နယ်ကတက်လာတဲ့ ကျပန်းအဖွဲ့ကျနေတာပဲ၊ ဖျော်ဖြေမှုကလည်းဆိုးလိုက်တာ ငါတို့ကုမ္ပဏီက rockerတွေတောင် မင်းတို့ထက်ပိုကတက်သေးတယ်”

“rocker” တွေသည် အပြင်းအထန်ခေါင်းညိတ်ထောက်ခံသည်။

“ဟုတ်တယ်၊ငါတို့က သူတို့ထက်ပိုကတက်တယ်”

ကျုံချင်းယွီသည် သူတို့အား ကြည့်လိုက်သည်။

“ငါမင်းတို့ကိုချီးကျူးနေတာမဟုတ်ဘူး”US ယောကျာ်းလေးအဖွဲ့”

LMNအဖွဲ့ဝင်များသည် နောက်ဆုံးတွက် ဟန်ရှု၏ရှင်းပြမှုကြောင့် နားလည်သွားကြသည်။

သူတို့၏မျက်နှာများသည် ရှက်ကိုးရှက်ကန်းဖြစ်နေကြပြီး တစ်ချို့သူများသည် ရှက်ရွံ့မှုကြောင့် ခေါင်းငုံ့နေကြသည်။

သို့သော် ကျုံချင်းယွီသည် ဆက်လက်၍ဆူပူနေဆဲဖြစ်သည်။

“မင်းတို့ရဲ့ဖျော်ဖြေမှုအဲ့လောက်ဆိုးရွားမယ်ဆိုတာသိရင် အိမ်မှာပဲနေပြီး ကိုယ့်ကိုကိုယ်မရှက်မခွဲပါနဲ့လား”

ခေါင်းဆောင် Cui Mengyan သည်လည်း ပြန်လည်ချေပသည်

“ကျွန်တော်တို့အကောင်းဆုံးကြိုးစားခဲ့ပါတယ်”

“ကျွန်တော်တို့ စတိတ်စင်အတွေ့အကြုံမရှိလို့ပါ”

ယန်ရှီသည် ရုတ်တရတ် ဝင်ရောက်ပြောဆိုလိုက်သည်။

“ဒါဆိုလည်း တစ်ယောက်ချင်းစီ ဖျော်ဖြေခိုင်းကြတာပေါ့၊ ဒါမှ ဘယ်သူ့အမှားလည်းသိရမှာ”

အုပ်စုဖွဲ့ဖျော်ဖြေမှုတွင် စတိတ်စင်ပေါ်၌ တစ်သားတည်းဖြစ်နေရန် အရေးကြီးသည်။ LMN အဖွဲ့တစ်ဖွဲ့လုံးသည် အစီအစဉ်မကျဖြစ်နေပြီး ၎င်းကပင် ပြဿနာအား တိကျစွာထောက်ပြရန်ခက်ခဲစေသည်။သို့သော် တစ်ကိုယ်တည်းဖျော်ဖြေမှုတွင် တစ်ယောက်ချင်းစီ၏ စွမ်းရည်များ၊အားသာချက်များနှင့် အားနည်းချက်များ ကွက်ကွင်းစွာ မြင်နိုင်ပေသည်။

ကျုံချင်းယွီ ၎င်းကိုစိတ်ဝင်စား‌သည်။အရှေ့ပိုင်းတွင် ကောင်းမွန်သည့်ဖျော်ဖြေမှုများအား ကြည့်ရှုပြီးဖြစ်သည့်အတွက် ကျုံချင်းယွီသည် မည်မျှဆိုးသည့်ဖျော်ဖြေမှုဖြစ်လောက်မည်လဲဟု သိလိုစိတ်ပြင်းပြနေခဲ့သည်။

LMN အဖွဲ့ဝင်များသည်လည်း ဖျော်ဖြေရန်ပြင်ဆင်ကြသည်။

နာမည်မကြီးချင်သည်လည်း ကျော်ကြားမှု၏ပုံစံတစ်မျိုးဖြစ်သည်။ ထို့သို့လူငယ်အနုပညာရှင်များအတွက် ဝေဖန်ခံရခြင်းသည် လျစ်လျူရှုခံရခြင်းထက် ပို၍ကောင်းမွန်သည်။ ပရိသတ်များပိုမိုသိရှိလာမည့် အခွင့်အရေးသည် သူတို့အတွက် နာမည်တစ်ခုဖန်တီးရန် အခွင့်အလမ်းတစ်ခုပင်ဖြစ်သည်။

မိန်းကလေးများသည် မည်သူကမျှ နောက်ဆုံးမဖြစ်လိုသောကြောင့် အလျင်လိုနေကြသည်။

အဖွဲ့ဝင်များ တစ်ယောက်ချင်းစီ၏ဖျော်ဖြေမှုများသည် ထိုအဖွဲ့ဝင်များ၏အသေးစိတ်လေ့ကျင့်မှု မရှိသည်ကို ဖော်ပြနေသည်။ အက၊သီချင်းနှင့် rapစာသားများ၊ မျက်နှာအမူအရာများသည် သူတို့၏‌အားနည်းချက်ကို ပရိသတ်များထံသို့ လျင်မြန်စွာဖော်ထုတ်ပြနေသကဲ့သို့ပင်ဖြစ်သည်။ယခင်အခေါက်တွင် LMN အဖွဲ့သည် ကြည့်ရှုသူများအားဆွဲဆောင်ရန် မော်လ်၌ ထိတ်လန့်ချောက်ခြားဖွယ်အကဖြင့် ဖျော်ဖြေခဲ့ရာ အမျိုးသားများသည် သူတို့အား စွဲမက်ဖွယ်အကြည့်များဖြင့် ကြည့်ရှုခဲ့ကြသည်။

သို့သော် ဤကဲ့သို့ခမ်းနားသည့် စတိတ်စင်ပေါ်၌ ထိုသို့သောအကမျိုး တင်ဆက်ခြင်းသည် အမြင်မသင့်တော်လှပေ။

ကျုံချင်းယွီသည် ယခင်တင်ဆက်မှုများအား မျက်မှောင်ကြုတ်၍ ကြည့်နေခဲ့သည်။

သူမ နောင်တရသွားသည်၊ဒါတွေက ဘာတွေလဲ။

ဟန်ရှုသည် စင်ပေါ်သို့မရောက်မီ ကျုံချင်းယွီ ခေတ္တရပ်ဆိုင်းရန်ပြောလိုက်သည်။

“တော်ပြီ၊ငါဆက်မကြည့်တော့ဘူး”

ဆက်ကြည့်ခြင်းသည် သူမ၏အမြင်အာရုံနှင့် အချိန်များကို ဖြုန်းတီးရာကျပေလိမ့်မည်။

တိုက်ရိုက်ကြည့်ရှုသူများသည်လည်း သဘောတူကြသည်

【တစ်ချို့ အိုင်ဒေါလ်တွေက ကိစ္စတစ်ခုကြောင့် အောင်မြင်လာတာ 】

【ကျွန်မအကြိုက်ဆုံးအိုင်ဒေါလ်ကလေ သင်တန်းသားဘဝတုန်းကဆို တစ်နေ့ကိုသုံးနာရီပဲအိပ်ပြီး အကစတူဒီယိုမှာ အမြဲလေ့ကျင့်တာ၊ အဲဒါကြောင့် သူမရဲ့ ဖျော်ဖြေမှုတွေက အမြဲလှပနေ‌တယ်လေ၊ အခုသူတို့က ဒီလိုကပြီး ကြိုးစားတယ်လို့ ပြောရဲသေးတာလား】

【ငါကြိုးစားအားထုတ်တာ‌တော့မမြင်ဘူး၊ဗရမ်းဗတာဖြစ်‌နေတာပဲ‌မြင်တယ်】

ကျုံချင်းယွီသည် ဒေါသအားထိန်းလိုက်ပြီး ပြောင်ပေါင်ယွမ်အား မေးလိုက်သည်

“ဒါနောက်ဆုံးအဖွဲ့မလား၊ သူတို့ဖျော်ဖြေမှုပြီးရင် ဒီနေ့ပွဲပြီးပြီမလား”

ပြောင်ပေါင်ယွမ်ပြန်ဖြေသည်။

“ဟုတ်ပါတယ်၊ဒါပြီးရင် ဘာဖျော်ဖြေမှုမှ မရှိတော့ပါဘူး”

ကျုံချင်းယွီသည် ထရပ်လိုက်သည်။

“ဒါဆိုလည်း ဒီလောက်နဲ့ပဲတော်ကြတာပေါ့၊ဆက်ကြည့်ဖို့မလိုတော့ဘူး”

အဖွဲ့ဝင်ရှစ်ဦးသည်အစဉ်လိုက်ဖျော်ဖြေခဲ့ကြသည်။ သူမသည် မည်သည့်အံ့ဖွယ်ကိုမျှမမျှော်လင့်ခဲ့ဘူးလား။ ဟန်ရှုသည် ဖျော်ဖြေရန်ကျန်ရှိသည့် နောက်ဆုံးတစ်ယောက်ဖြစ်သည်။

အဖွဲ့တွင် သူမသည် မည်သည့်အခါ၌မျှ ရှေ့မထွက်ရချေ။သူမသည် ထင်သလောက် နာမည်မကြီးသည့်အတွက် ကုမ္ပဏီသည် သူမအား သိပ်၍ သဘောမကျချေ။ တစ်ဦးတည်းသော တရုတ်လူမျိုးဖြစ်နေသည့်အတွက် အခြားသူများ အုပ်စုဖွဲ့ပျော်‌ပါးနေချိန် သူမသည် တစ်ကိုယ်တည်း သီးခြားဖြစ်နေခဲ့သည်။

ဟန်ရှူသည် နောက်၌သာ အမြဲနေခဲ့ရသည်။

တစ်ခြားအဖွဲ့ဝင်များ ဖျော်ဖြေနေစဉ်တွင် သူမသည် သီချင်းစာသားအား တိတ်ဆိတ်စွာအလွတ်ရွတ်ဆိုနေခဲ့ပြီး စိတ်ထဲ၌ ကကွက်များအား ပြန်လည်လေ့ကျင့်နေမိသည်။ သူမသည် စတိတ်စင်ပေါ်သို့ တက်တော့မည့်အချိန်တွင် ကျုံချင်းယွီ၏ ဖျော်ဖြေရန်မလိုတော့ဘူးဟူသည့် အသံအား ကြားလိုက်ရပေသည်။

သူမ၏ မျက်နှာပေါ်ရှိ အပြုံးများပျောက်ကွယ်သွားသည်။သူမ၏ မျှော်လင့်ချက်သည် ရေစုန်မျှောလေပြီ။ ဟန်ရှုငိုကြွေးလိုက်သည်။

သူမသည် အလွန်အံ့ဩဖွယ်ကောင်းသော ပွဲဦးထွက်မှုပြုလုပ်လိုသည်မဟုတ်ချေ။သူမ၏ ငယ်ရွယ်စဉ်အိမ်မက်အား ဖြည့်စည်းရန်အတွက် စင်ပေါ်တက်၍ သီချင်းတစ်ပုဒ်သီဆိုချင်ရုံသာ ဖြစ်သည်။ သူမတွင် အသံအဆက်ပြတ်သွားခြင်းမရှိဘဲနှင့် အမြင့်သံများအား နစ်မြှုပ်သီဆိုနိုင်သည့် အသံလေးရှိပေသည်။ယခု တစ်ကိုယ်တော်ဖျော်ဖြေမှုသည် သူမ၏အိမ်မက်နှင့် နီးစပ်ရန် အကောင်းဆုံးအခွင့်အရေးဖြစ်သည်။အမှောင်ထု အတွင်းရှိ အလင်းတန်းတစ်ခုသည် အတောက်ပဆုံးအလင်းစုဖြစ်ပြီး သူမအား ရှေ့ဆက်သွားစေလိမ့်မည်။ သို့သော် ထိုအလင်းတန်းသည် ပျောက်ကွယ်သွားချေပြီ။

ဖျော်ဖြေပွဲရှိ မီးအလင်းတန်းများသည် တစ်ခုချင်းပျောက်ကွယ်သွားပြီး လေပူများသည် အေးစက်သည့်ညတွင် တိုးဝှေ့တိုက်ခတ်နေသည်။တောက်ပမှုလျော့နည်းလာပြီး အမှောင်ထုသည် အရာအားလုံးအား လွှမ်းခြုံဖုံးလွှမ်းသွားလေသည်။

ဟန်ရှုသည် ဝန်ထမ်းနှင့်အတူ စတိတ်စင်မှ ထွက်ခွာလာခဲ့သည်။

မြက်ခင်းပြင်သည် နူးညံ့နေပြီး ဟန်ရှု၏ခြေထောက်များသည် အားပျော့နေသောကြောင့် မြေကြီးပေါ်သို့ ထိုင်လျက်လဲကျစေသည်။ စတိတ်စက်မီးရောင်များနှင့်ထိတွေ့ခဲ့ရသောကြောင့် သူမ၏ဝတ်စုံသည် ချွေးများဖြင့် ခန္ဓာကိုယ်အပေါ် စေးကပ်နေသည်။ယခုတွင် အလင်းတန်းများမှေးမှိန်သွားသည့်အတွက် သူမ၏အသားနှင့်ကပ်နေသော အထည်သားသည် အရိုးထဲထိပင် အေးစက်စေသည်။

ဟန်ရှုသည် သူမ၏လက်မောင်းများဖြင့်ပွေ့ဖက်ကာ အအေးဒဏ်အား ခုခံနေမိသည်။

သူမသည် ဆက်မလှုပ်ချင်တော့ဘဲ တွန့်လိပ်ခွေခေါက်၍သာ အိပ်လိုက်ချင်သည်။

ရုတ်တရတ် အနောက်မှ နွေး‌ထွေးသည့်စောင်ကဲ့သို့ သက်တောင့်သက်တာဖြစ်ကာ နူးညံ့လုံခြုံသော အမွေးနုများ၏ထိတွေ့မှုကို ခံစားလိုက်ရသည်။

ဟန်ရှုလှည့်ကြည့်လိုက်သည့်အခါ အဖြူရောင်နှင်းခွေးတစ်ကောင်သည် သူမအား ညင်သာစွာပွတ်သပ်နေသည်ကို တွေ့လိုက်ရသည်။

“မင်းက…”

ဟန်ရှုသည် “ခရီးသွားကြစို့” အစီအစဉ်၌ဧည့်သည်အဖြစ်ပါဝင်သော ဤခွေးကိုမှတ်မိပါသည်။ ရသစုံရှိုးတွင် ပါဝင်ပြီးသည့်နောက် ဤခွေးသည်နာမည်ကြီးလာပြီး Weibo ပေါ်တွင် ဖော်လိုဝါသန်းချီရှိသည်ဟု ပြောကြသည်။ဟန်ရှုသည် လက်ဆန့်ထုတ်လိုက်ပြီး ယောင်ဇူ၏ခေါင်းလေးအားအသာအယာ ကိုင်တွယ်လိုက်သည်။ခွေးလေးသည် လူယဉ်ပါးပြီး သူမ၏လက်အား လျက်ရန်အတွက် လျှာများပင်ထုတ်ထားသေးသည်။

ရုတ်တရတ် ဟန်ရှုသည် ယောင်ဇူ၏လည်ပင်းနားရှိ အစာခြင်းအား သတိပြုမိသွားသည်။ L brand မှ အလွန်လက်ရာမြောက်သော ရက်ကန်းခြင်းထဲတွင် ကြိုးမဲ့မိုက်ခရိုဖုန်းတစ်ခုအား တပ်ဆင်ထားသည်။ ၎င်းသည်ဖျော်ဖြေပွဲများ၌တွေ့ရများသော ခဲငွေရောင်‌တောက်ပသည့်သတ္တုစပ်ပုံစံမျိုးဖြစ်သည်။

စတိတ်စင်တွင် ပွဲစီစဉ်သူများသည် ကြေညာများအား ရွတ်ဖတ်ကြေညာနေပြီး တစ်ခြားသူများမှာတော့ ထွက်ခွာသွားကြပြီဖြစ်သည်။ စတိတ်စင်မီးသည် မှိန်ပျပျ‌ဖြစ်နေသော်လည်း တိုက်ရိုက်ထုတ်လွှင့်မှုနှင့် စပီကာသံများသည် ဖွင့်ထားဆံဖြစ်သည်။

ဟန်ရှုသည် မိုက်ခရိုဖုန်းအား အကြောင်းပြချက်မရှိဘဲနှင့် အချိန်အတော်ကြာကြည့်နေမိသည်။

သူမ၏ နှလုံးခုန်သံများ ထပ်မံမြည်ဟည်းလာပြန်သည်။

ကျုံချင်းယွီသည် သူမ၏ အားပေးသည့်ခေါင်းပတ်အားဖြုတ်လိုက်ပြီး မိတ်ကပ်ဖျက်ရန်အလို့ငှာ အခန်းပြန်ရန် ပြင်ဆင်လိုက်သည်။

ကြေညာများသည် တိုက်ရိုက်ကြည့်ရှုသူပရိသတ်များအတွက်ဖြစ်ပြီး ကင်မရာသည် သူမကိုမဟုတ်ဘဲ စတိတ်စင်အားရိုက်ကူးနေသည့်အတွက် ယခုချိန်ထွက်ခွာခြင်းသည် ပြဿနာမရှိချေ။သူမနှင့်ယန်ရှီသည် ပရိသတ်ထိုင်ခုံမှထွက်လာပြီး ရုတ်တရတ် စတိတ်စင်ပေါ်မှ မိန်းကလေးသီချင်းဆိုသံထွက်ပေါ်လာသည်။သူမ၏အသံသည် မတ်လ၏တောင်ရေစီးသံ သို့မဟုတ် လေညှင်းကဲ့သို့ပင် ထိုးဖောက်နိုင်ပြီး လူတိုင်းအား သူတို့၏လုပ်ငန်းဆောင်တာများကို ရပ်ဆိုင်းစေသည်။

ပွဲစီစဉ်သူသည် သူ၏ပြောဆိုရမည့်စကားများကိုပင် မေ့သွားပြီး ထွက်ခွာရန်ပြင်ဆင်နေသည့်သူတိုင်းသည် စင်ပေါ်သို့ အကြည့်ရောက်မိသွားကြသည်။

စတိတ်စင်ပေါ်တွင် မည်သူမျှရှိမနေပဲ စပီကာမှ သံစဉ်ကိုက်သီချင်းဆိုနေခြင်းဖြစ်သည်။အသံသည် ကွဲအက်နေသော်လည်း လှပမှုများပါဝင်နေသည်။ယန်ရှီသည် ထိုသို့လှပသောသီဆိုနေသောအသံပိုင်ရှင်သည် သီဆိုရုံဖြင့် လူတိုင်းကိုဆွဲဆောင်နိုင်သောကြောင့် အခြားသူများနှင့်ကွဲပြားလိမ့်မည်ဟု သူမ ယုံကြည်မိသည်။ ပြီးပြည့်စုံရန် သရုပ်ဆောင်တက်ရမည်ဖြစ်ပြီး အရည်အချင်းလိုအပ်သော်လည်း သီချင်းသီဆိုရုံပင်လည်း ထိုအရာတွေအားလုံးလုံလောက်ပေသည်။

ထိုမိန်းကလေးသည် သူမရပ်နေသည်မှာ စင်ပေါ်၌မဟုတ်ဘဲ သာမာန်မြက်ခင်းပြင်ဆိုသည်ကိုပင် မေ့လျော့သွားသည်။ သူမသည် သီချင်းအပေါ်တွင်သာ အာရုံစိုက်နေပြီး ယခင်ကထက်ပို၍ စိတ်ပြင်းပြစွာ သီဆိုရန်သာ ရည်ရွယ်ထားသည်။

ဒါရိုက်တာယွီသည် စကားပြောစက်အားလျင်မြန်စွာဖမ်းယူလိုက်ပြီး ရှေးဦးစွာပြောကြားသည်။

“ဟိုဘက်မှာ၊စတိတ်စင်ရဲ့ညာဘက် ယောင်ဇူနားမှာ၊ အဲဒီနားကိုမီးထိုးလိုက်၊ ကင်မရာမန်းတွေလိုက်ခဲ့ မြန်မြန်”

ချက်ချင်းပင် ဟန်ရှုရပ်နေသည့်နေရာသည် မီးရောင်များဖြင့်တောက်ပသွားသည်။စတိတ် မီးမောင်းများသည် နေရာပြောင်းကာ သူမ၏ခန္ဓာကိုယ်ပေါ်သို့ကျရောက်လာသည်။ ကင်မရာများသည် သူမ၏ သီဆိုမှုကိုရိုက်ကူးနေပြီးသူမ၏ပုံရိပ်သည် ကြီးမားသော LED မျက်နှာပြင်နှင့် တိုက်ရိုက်ထုတ်လွှင့်မှုတွင် ပေါ်လာသည်။

တိုက်ရိုက်ထုတ်လွှင့်သောအဖွဲ့သားများသည် နောက်ဆုံးတွင် အသံ၏အရင်းအမြစ်အား ရှာဖွေတွေ့ရှိခဲ့ကြပြီဖြစ်သည်။

ထိုအသံသည် ဤကမ္ဘာမှ မဟုတ်ဘဲ နတ်ဘုရားလက်ဆောင်ကဲ့သို့ပင် ချိုသာလှသည်။ သီဆိုနေသောမိန်းကလေးသည် စင်မြင့်ပေါ်၌ မဟုတ်ချေ။

သို့သော် သူမ သီချင်းသီဆိုလျှင် ထိုသီဆိုသည့်နေရာသည် သူမ၏ စင်မြင့်ပင် ဖြစ်သည်။

All Chapters