← Chapters

Chapter 57

Vol. 6 Ch. 57

Chapter 57

Vol. 6 Ch. 57

[အား ငါနားတွေကကောင်းချီးအပေးခံနေရတာပဲ]

[ငါ အစကတည်းစွဲသွားတာပဲ ဒီအသံကတကယ် အရမ်းကိုအံ့ဩစရာကောင်းတာပဲ]

[ဘယ်လိုတောင်ကောင်းလိုက်တဲ့အသံလဲ၊ သူသာမအောင်မြင်လာဘူးဆိုရင် လောကကြီးကမမျှတတာပဲ]

[ဒီနေ့ ဖျော်ဖြေခဲ့တဲ့အိုင်ဒေါလိုမျိုးသူရှိတာလား အရင်က လုံးဝသတိမထားမိခဲ့ဘူး]

တစ်ခဏမျှ တတ်ဆိတ်သွားပြီးနောက် ဖန်သားပြင်ပေါ်ရှိ ကန့်လန်ကာသည် ရုတ်တရက် မီးတောင်ပေါက်ကွဲသကဲ့သို့ ပွင့်လာကာ ဖန်သားပြင်ပေါ်တွင်မြင်နေရသော သီချင်းဆိုနေသည့်ကောင်မလေးအား ဖုံးအုပ်သွားလေသည်။ သို့ပေမဲ့ ပရိတ်သတ်များသည် ဖန်သားပြင်အားအနီးကပ်ကြည့်လိုက်ချိန်တွင် သူမသည် LMN ၏ ဝတ်စုံအားဝတ်ကာဖျော်ဖြေနေသည်ကိုတွေ့လိုက်ရသည်။

[LMN ရဲ့အဖွဲ့ဝင်လား ငါဘာလို့သူမကိုအရင်ကမမြင်ဖူးတာလဲ]

[ငါ့မှာသတိမေ့ရောဂါမြန်းရှိနေတာလား၊ ငါ LMN ရဲ့တစ်ကိုယ်တော်ဖျော်ဖြေမှုတွေအားလုံးကိုကြည့်ပြီးသွားပေမဲ့ ငါဒီမိန်းကလေးဖျော်ဖြေတာကိုလုံးဝမတွေ့ဘူး]

[ငါရေပြီးသွားပြီ LMN မှာအဖွဲ့ဝင်ကိုးယောက်ရှိတာ ရှစ်ယောက်ကဖျော်ဖြေပြီးသွားပြီ အခုဒီကောင်မလေးကနောက်ဆုံးပဲ]

အမှန်အားသိရှိပြီးနောက် တိုက်ရိုက်ထုတ်လွှင့်မှုအားကြည့်နေသည့် ပရိတ်သတ်များသည် ဟန်ရှူ၏သီချင်းဆိုသံအားရှင်းရှင်းလင်းလင်းကြားနိုင်ရန် ၎င်းတို့၏နားကြပ်များအား အလိုအလျောက်တတ်လိုက်ကြသည်။

ဖျော်ဖြေပွဲတွင်ရှိနေသည့် ပရိတ်သတ်များသည်လည်း အလားတူပင်ဖြစ်သည်။

ဟန်ရှူသည် အခြားသူများမပါဝင်ပဲ သူမတစ်ဦးတည်းသံပြိုင်ဆိုနေပါသော်ညား သူမ၏ညည်းသံမှာမူ နူးညံ့ပျော့ပြောင်းကာ နူးညံ့သည့်စည်းချက်နှင့်အတူ သံပြိုင်ဆိုနေသကဲ့သို့ဖြစ်လေသည်။

သူမသည် chorus အပိုင်းအားဆိုပြီးချိန်တွင် သီချင်း၏တစ်ပိုင်းပြီးသွားပြီဖြစ်သည်။

အခြားသူများမပါဝင်သည်ဖြစ်သောကြောင့် ထိုအချိန်တွင် လွန်စွာတိတ်ဆိတ်သွားလေသည်။

ဟန်ရှူသည် သူမ၏ကိုယ်ပေါ်တွင် စူးရှသောအလင်းရောင်များအားမြင်လိုက်ရသည်။ ပြီးနောက် စင်ပေါ်ရှိမီးအားလုံးသည် သူမအားထိုးထားသည်ဖြစ်သောကြောင့် သူမ၏အရှေ့တွင်ရှိနေသည့်အရာပင်ကို မြင်နိုင်ရန်ခက်ခဲစေသည်။ ဖျော်ဖြေပွဲတွင် ပရိတ်သတ်အနည်းငယ်သာရှိကာ မည်သူမျှစကားပြောကြပေ။ ထိုကြောင့်ဟန်ရှူသည် သူမ၏သီချင်းဆိုသံအား ပရိတ်သတ်များမည်သို့ထင်မြင်သည်ကိုမသိနိုင်ပေ။

ပရိတ်သတ်တွေ ကြိုက်ကြရဲ့လား။

သူမသည် ပွဲစီစဥ်သူ၏ကြေညာမှုအား နှောင့်ယှက်လိုက်မိသည်လား။

သခင်မလေး စိတ်ပျက်နေပြီလား။

အေ့ဂျင်သည်သူမအား နာမည်ပျက်စာရင်းသွင်းမည်လား။

ဟန်ရှူသည် လွန်စွာစိတ်လှုပ်ရှားနေခဲ့သည်။

သူမ၏ကမ္ဘာသည် တောက်ပသော်ညားတိတ်ဆိတ်နေလေသည်။ smoyed သာလျှင် အမြီးအားအဆက်မပြတ်လှုပ်ရမ်းနေကာ သူမ၏ပေါင်အားပွတ်တိုက်နေလေသည်။

ဟန်ရှူသည်အချိန်တစ်ခုအထိစောင့်ဆိုင်းပြီးသော်ညား ကျုံချင်းယွီ၏မှတ်ချက်အားမရရှိခဲ့ပေ။ သူမသည် သူမခေါင်းအားငုံ့လိုက်သည်။

သူမစင်ပေါ်မှဆင်းလာသည့်အခါတွင် ကျုံချင်းယွီမတ်တပ်ရလာသည်ကိုတွေ့လိုက်ရသည်။ အခြားမိန်းကလေးတစ်ဦးသည် အခန်းသို့ပြန်ကာ မိတ်ကပ်ဖျက်၍အိပ်တော့မည်ဖြစ်သည်။ သူမ သူ့အားမည်သို့တားနိုင်မည်နည်း။

စင်ပေါ်ရှိ ကန်လန့်ကာများကျလာခဲ့သည်။ ထိုနေရာတွင် ဝန်ထမ်းများမှလွဲ၍ ပရိတ်သတ်တစ်ဦးတစ်ယောက်မျှမရှိတော့ပေ။ ဟန်ရှူသည် မိုက်ခရိုဖုန်းအား တင်းကြပ်စွာဆုပ်ကိုင်လိုက်ပြီး အသက်ပြင်းပြင်းရှူကာ အတင်းအကြပ်ပြုံးလိုက်ရင်း မိုက်ခရိုဖုန်းအား ခြင်းတောင်းလေးထဲသို့ထည့်ပေးရန် ယောင်ကျူအားခေါ်လိုက်လေသည်။ ရုတ်တရက် အသံစနစ်မှသီချင်းသံထွက်ပေါ်လာခဲ့သည်။

သူမ၏မျက်လုံးအိမ်များသည် ဝိုင်းစက်သွားကာ ခေါင်းအား ရုတ်တရက်မော့ကြည့်လိုက်လေသည်။

ဤသည်မှာ စန္ဒရားသံဖြစ်ကာ သူမသီဆိုခဲ့သည့် “Chasing Dreams” ဟူသောသံပြိုင်သီချင်းဖြစ်သည်။ ထိုသူသည် အစမှစ၍တီးနေခြင်းမဟုတ်ပေ သူသည် သူမဆိုပြီးသည့် chorus ၏ နောက်အပိုင်းအားတီးနေခြင်းဖြစ်လေသည်။ စတိတ်မီးများသည် လင်းလက်လာကာ စင်ပေါ်ရှိစန္ဒရားသည် လင်းလက်တောက်ပနေလေသည်။

ကျုံချင်းယွီ၏သွယ်လျသောလက်ချောင်းလေးများသည် ကနေကြသည့်နတ်သူငယ်များကဲ့သို့ဖြစ်ကာ စန္ဒရားပေါ်တွင် လွတ်လပ်စွာလှုပ်ရှားနေကြလေသည်။ကျုံချင်းယွီ၏နောက်တွင် ဂစ်တာတီးသံတစ်သံ ထွက်လာလေသည်။ မီးရောင်သည် မြက်ခင်းပြင်ပေါ်သို့ရောက်သွားကာ US မှမထွက်သေးသည့် အငယ်ဆုံးအဖွဲ့ဝင် စီယဲ့သည် သူ၏ဂစ်တာအားကိုင်ထားလေသည်။ ဂစ်တာအသံသည် ကျုံချင်းယွီ၏ စန္ဒရားသံနှင့်ရေနှောသွားလေသည်။

မီးရောင်သည် မြက်ခင်းပြင်ပေါ်သို့ တစ်ခုပြီးတစ်ခုကျလာလေသည်။ ဘေ့စ်၊ ဒရမ်၊ ကီးဘုတ်နှင့်အခြားတူရိယာများပေါ်လာလေသည်။ မူလရိုးရှင်းသည့် အဆိုရှင်တစ်ဦးသာပါဝင်သည့် “Chasing Dreams” သည် ရုတ်တရက် ပြည့်စုံသွားကာ လိုအပ်သည့်အရာများစုံလင်သွားလေသည်။ ဟန်ရှူ၏ နှာခေါင်းသည်ယားယံလာကာ သူမ၏မျက်လုံးများသည် နီရဲလာလေသည်။

သူမ၏လက်ချောင်းများသည် အနည်းငယ်တုန်ရီလာကာ သူမမိုက်ခရိုဖုန်းအား လွှတ်ချမိမလိုပင်ဖြစ်သွားခဲ့သည်။

သီချင်းတွင်လိုအပ်နေသည့်အရာမှာ အဓိကအဆိုရှင်နှင့် သူမဆို၍မပြီးသေးသည့် ကျန်ရှိသည့်အပိုင်းပင်ဖြစ်လေသည်။ “travel” သီချင်းဗီဒီယိုနှင့် တစ်ဖွဲ့လုံးပါဝင်ထောက်ပံ့ပေးကာ ဟန်ရှူအားအဓိကအဆိုရှင်အနေနှင့်ထားလိုက်သည်မှာ လျင်မြန်စွာရေပန်းစားသည့်စာရင်းထဲဝင်သွားလေသည်။

မရောတွက်နိုင်သည့်စျေးကွက်ရှာဖွေရေးအကောင့်များသည် ဗီဒီယို၏ထိုနေရာအား တည်းဖြတ်ကြလေသည်။ ဖြေဖျော်ပွဲသည် ပြီးသွားပြီဖြစ်သော်ညား ဟန်ရှူသီချင်းဆိုနေသည့်အချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှု၏ ကျော်ကြားမှုသည် ကျဆင်းမသွားရုံသာမက နောက်ဆုံးအချိန်တွင်ထိုးတက်သွားလေသည်။

[ငါက သခင်မလေးကပထမဦးဆုံး ပါဝင်ပေးမဲ့သူဖြစ်မယ်လို့ မထင်ထားခဲ့ဘူး]

[သခင်မလေးက cello တီးတာကိုတော်ရုံတင်မကဘူး စန္ဒရားတီးတာလည်း တော်တာပဲ]

[သခင်မလေးကတကယ့်ကို tsudere ပဲ သူမက LMN ကိုအရင်ကပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပေမဲ့လည်း သီချင်းဆိုသံကိုကြားပြီးတဲ့အခါကျတော့ ပါဝင်ကူညီပေးခဲ့တယ် တအားချစ်စရာကောင်းတာပဲ]

{{[T/N- tsudere ဆိုတာက အစကတော့အေးစက်စက်နေပြပြီး နောက်ပိုင်းကျတော့နွေးထွေးပြတဲ့ သူမျိုးပါ anime ထဲမှာသုံးတာများပါတယ်ရှင့်]}}

[သီချင်းဆိုသွားတဲ့ကောင်မလေးကနာမည်က ဟန်ရှူပဲ သူမကတရုတ်လူမျိုးတစ်ယောက်ပဲ]

[သူမရဲ့အသံကတကယ့်ကိုနားထောင်ကောင်းတာပဲ]

[အားလုံးကနောက်ဆုံးမှာ သူမကို သံပြိုင်ဆိုဖို့အတွက်ကူညီပေးကြတာကို ငါတကယ်ရင်ထဲထိသွားခဲ့တာ]

[နောက်ဆုံးတော့လည်း စင်မြင့်ဆိုတာကအိုင်ဒေါတစ်ယောက်ရဲ့အိမ်မက်ပဲလေ၊ အားလုံးက ပန်းတိုင်တစ်ခုတည်းအတွက် ကြိုးစားနေကြတာပဲ]

အင်တာနက်သုံးစွဲသူများသည် သိချင်နေကြသည်။ ဟန်ရှူကဲ့သို့ အရည်အချင်းရှိသည့်အနုပညာရှင်တစ်ဦးအား လူအုပ်ထဲတွင်မဖုံးကွယ်ထားသင့်ပေ။ ၎င်းတို့သည် ဟန်ရှူသည်ယခင်ကမည်သို့ဖြစ်သည်ကိုသိရှိရန် LMN ၏ဖျော်ဖြေမှုများအားရှာဖွေခဲ့ကြသည်။

ကံမကောင်းစွာဖြင့် LMN သည်လွန်စွာမကျော်ကြားခဲ့သည်ဖြစ်ကာ ၎င်းတို့တွင် ပရိတ်သတ်အနည်းငယ်သာရှိပြီး ပုံရိုက်ကူးသည့်ပရိတ်သတ်များမရှိခဲ့ပေ။ကိုရီးယားဝက်ဆိုဒ်များတွင်သာ တစ်ခါတစ်ရံတင်သော ဗီဒီယိုများသာတွေ့နိုင်သည်။ ထိုဗီဒီယိုများတွင် ဟန်ရှူသည် အမြဲအနောက်တွင်သာရှိနေကာ တစ်ကိုယ်တော်အပိုင်းများ မရရှိခဲ့ပေ။ သူမသည် chorus အပိုင်းတွင်သာ ရောနှော၍သီဆိုခဲ့ကာ ကုမ္ပဏီအသေးလေး၏ အသံသွင်းကိရိယာများသည် ဆိုးရွားလွန်းကာ မည်သူမျှဟန်ရှူ၏ အသံမည်မျှကောင်းကြောင်းမသိနိုင်ပေ။

[အဲဒီ ကုမ္ပဏီက ဥာဏ်မရှိတာပဲမလား၊ ဒီလောက်ကောင်းတဲ့အရည်အချင်းကို ဒီလိုမျိုးဖြုန်းတီးပစ်လိုက်တာလား]

[ဖြစ်နိုင်တာက ဟန်ရှူကတရုတ်လူမျိုးဖြစ်နေလို့ထင်တယ်၊ အဲတာကြောင့် ကုမ္ပဏီကသူ့ကိုအခွင့်အရေးမပေးချင်တာဖြစ်နိုင်တယ်]

[အမှန်အတိုင်းပြောရမယ်ဆိုရင် LMN ရဲ့ပစ္စည်းတွေနဲ့ဆိုရင် ဟန်ရှူကအရည်အချင်းရှိတဲ့သူတစ်ယောက်ဆိုတာကို ပြောဖို့မဖြစ်နိုင်ဘူး]

[ဒါနဲ့ ဘယ်သူက LMN ကိုစပြီးညွှန်းပေးခဲ့တာလဲ၊ အရမ်းအံ့ဩဖို့ကောင်းတာပဲ]

အင်တာနက်သုံးစွဲသူများသည် ကျုံချင်းယွီ၏တိုက်ရိုက်ထုတ်လွှင့်မှုဆီသို့ပြန်သွားကာ နေ့လည်ခင်းတွင်မည်သူသည် LMN အားညွှန်းခဲ့သည်ကိုပြန်ရှာရန်သွားခဲ့ကြလေသည်။ သေချာပေါက် ၎င်းတို့ရှာတွေ့ခဲ့ကြလေသည်။

[ငါတို့တွေ LMN ရဲ့ဟန်ရှူကိုကောဖိတ်လို့ရမလား သူမသီချင်းဆိုတာအရမ်းတော်တယ်၊ ငါသူမသီချင်းဆိုတာကိုလိုက်ဖ်မှာတစ်ခါကြားဖူးတယ် ပြီးတော့ငါတကယ်ထပ်ကြားချင်သေးတယ်]

[တကယ့်ကို ဥာဏ်ကြီးရှင်ပဲ]

[ငါကတော့ အဲဒီညီအစ်မကို ခောတ်သစ်ရဲ့ပေါ်လဲ့ လို့ခေါ်ချင်တယ်]

[အဲဒီပစ္စည်းနည်းနည်းလေးနဲ့တောင် သူမကဟန်ရှူကိုရှာတွေ့ခဲ့တာ]

အင်တာနက်သုံးစွဲသူများထံမှာ ညီအစ်မဟုအခေါ်ခံလိုက်ရသည့် system: ဟီး ဟီး အဲတာကဥာဏ်ကောင်းတဲ့သူမဟုတ်ပေမဲ့ ဥာဏ်ကောင်းတဲ့ system လေးပါ

ဟန်ရှူသည် သီချင်းပြီးဆုံးအောင်ဆိုပြီးပြီ ဖြစ်သည်။

သူမ၏နှလုံးသည် လျင်မြန်စွာခုန်နေခဲ့သည်။ သူမ၏မျက်နှာသည် ချွေးများဖြင့်ဖုံးနေပါသော်လည်း သူမသုတ်ပစ်ရန်မေ့လျော့နေလေသည်။ ကျယ်လောင်သည့်အားပေးသံများသည် သူမအားဝန်းရံနေလေသည်။ ကွင်းထဲမှ မထွက်သွားသေးသည့် အိုင်ဒေါများနှင့် ဝန်ထမ်းများသည် သူမအားလက်ခုပ်တီးအားပေးနေကြသည်။

ကျုံချင်းယွီသည် ပရိတ်သတ်ထိုင်ခုံတွင်နေရာပြန်ယူလိုက်သည်။

“မဆိုးပါဘူး”

ကျုံချင်းယွီပြောလိုက်သည်။

ဤသည်မှာသူမတစ်စုံတစ်ယောက်အား သူမမှတ်ချက်ဖြင့် ချီးကျူးလိုက်သည်မှာ ပထမအကြိမ်ပင်ဖြစ်သည်။ ထိုမတိုင်ခင်တွင် သူမသည်ဝေဖန်ခဲ့သည် သာဖြစ်သည်။ ဟန်ရှူသည် ရှက်သွားလေသည်။ ထိုနေရာရှိသူများအားလုံးသည် သူမအားစိုက်ကြည့်နေလေသည်။ ဤသည်မှာ သူမပထမဆုံးအကြိမ် အာရုံအစိုက်ခံရခြင်းဖြစ်သည်။

ဝိန်ရုံသည် ဟန်ရှူအားသေချာကြည့်လိုက်သည်။ သူမချောင်ယန်ထံမှ မက်ဆေ့ချ်အားလက်ခံရရှိချိန်တွင် ငါးနာရီထိုးနေပြီဖြစ်သည်။ ဤသည်မှာ သူမ၏ပထမဆုံးအကြိမ် အပြောင်းအရွေ့စာချုပ်တွင် လက်မှတ်ရေးထိုးခြင်းဖြစ်သည်။ ချောင်ယန်သည် သူမအား K ကုမ္ပဏီလက်အောက်ရှိ အနုပညာရှင်တစ်ဦးအတွက် စာချုပ်ဖျက်သိမ်းခမှာယွမ်တစ်သန်းဖြစ်ပြီး ရွှေ့ပြောင်းစာချုပ်သည်လည်း တူညီသည့်ပမာဏခန့်ရှိနိုင်သည်ဟု ပြောလိုက်လေသည်။ ဤသည်မှာ ဝိန်ရုံမည်မျှကောင်းကောင်းကိုင်တွယ်နိုင်မည့်အပေါ်မူတည်လေသည်။

ဝိန်ရုံသည် ဤသည်မှာချောင်ယန်၏စစ်ဆေးမှုတစ်ခုဖြစ်သည်ဟုထင်လေသည်။ ထိုကြောင့်သူမသည် ဖျော်ဖြေရေးအား k ကုမ္ပဏီနှင့် ညှိနှိုင်းရန်အခွင့်အရေးအဖြစ်အသုံးချခဲ့လေသည်။ပြောင်ပေါင်ယွမ် သည် LMN အားဖျော်ဖြေဖို့ဖိတ်ခေါ်ရန် ဝမ်ငါးသန်းသုံးစွဲခဲ့သည်။ ဝိန်ရုံသည် နောက်ထပ် ဝမ်ဆယ်ငါးသန်းထပ်ထည့်ကာ ဟန်ရှူအား စာချုပ်ချုပ်ရန်တောင်းဆိုခဲ့သည်။ မဟုတ်ပါ ဖျော်ဖြေမှုသည် ရပ်ဆိုင်းသွားမည်ဖြစ်သည်။ LMN အေဂျင့်သည် လက်ထဲရောက်လာတော့မည်ဖြစ်သည့် ဝမ်နှစ်သန်းအားဆုံးရှုံးသွားမည်ကိုစိတ်ပူကာ အလျင်အမြန်ပဲစာချုပ်ချုပ်လိုက်လေသည်။

ဝမ်နှစ်သန်းသည် ယွမ်တစ်သိန်းခန့်ဖြစ်သည်။ ဝိန်ရံသည် ယခင်က ဖြုန်းတီးမှုတစ်ခုဟုထင်ခဲ့ဖူးသည်။ သူသည် ဟန်ရှူ၏ဖြစ်နိုင်ချေများအား မမြင်ဖူးပေ။ သို့သော် ယခုတွင်သူမသည် သူမ၏သူဌေးသည် ဥာဏ်ကြီးရှင်ဖြစ်သည်ကိုသဘောပေါက်သွားလေသည်။ ထိုကဲ့သို့အသံနှင့်ဆိုလျှင် ဟန်ရှူသည် ကျော်ကြားလာမည်မှာ အသေအချာပင်ဖြစ်သည်။

တစ်ခုတည်းသောချို့ယွင်းချက်မှာ ဟန်ရှူသည် သာမန်ရုပ်ရည်သာရှိလေသည်။ သူမ၏ထူထည်းသည့် မိတ်ကပ်သည်သာ သူမအားလှပနေစေလေသည်။

သို့သော် အဆိုတော်တစ်ဦးသည် အသံကောင်းကောင်းရှိလျှင်လုံလောက်ပြီဖြစ်သည်။ ရုပ်ရည်မှာအရေးမကြီးပေ။ ကျုံချင်းယွီသည်လည်း ဟန်ရှူအားစေ့စပ်စွာကြည့်လိုက်ကာ သူမ၏အကြည့်သည် ဟန်ရှူ၏မျက်နှာပေါ်ရှိ မိတ်ကပ်များအားအကြည့်ရောက်သွားလေသည်။

သူမသည်ဝိန်ရုံအား ပြောလိုက်လေသည်။

“မိတ်ကပ်ဖျက်ဖို့တစ်ခုခုယူပြီး သူမရဲ့မိတ်ကပ်တွေကိုဖျက်ပေးလိုက်”

ဝိန်ရုံသည် သူမပြောသည့်အတိုင်းလုပ်ပေးလိုက်လေသည်။ လက်ထောက်တစ်ဦးအနေနှင့် တစ်ခါတစ်ရံလုပ်သည့် အလုပ်သင်အေဂျင့်တစ်ဦးအနေနှင့် သူမ၏ဘေးတစ်စောင်းလွယ်အိတ်တွင် မိတ်ကပ်ပစ္စည်းများနှင့်ပြည့်နေလေသည်။

ဝိန်ရုံသည် ဟန်ရှူမျက်နှာပေါ်ရှိမိတ်ကပ်များအား မိတ်ကပ်ဖျက် pad ဖြင့် ဂရုတစိုက်ဖယ်ရှားပေးနေလေသည်။

ဟန်ရှူသည် ယခင်က သူမ၏မိတ်ကပ်အားသူမကိုယ်တိုင်အမြဲပြင်ခဲ့လေသည်။ သူမတို့၏မထင်မရှား မိန်းကလေးအဖွဲ့သည် မိတ်ကပ်ဆရာငှားရန်မတတ်နိုင်ခဲ့ပေ။ထိုကြောင့်သူမတို့သည် ကိုယ့်အားကိုယ်ကိုးခဲ့ရလေသည်။ ဤသည်မှာ သူမအားအခြားသူတစ်ဦးမှ မိတ်ကပ်ဖျက်ရန်ကူပေးသည်မှာပထမဆုံးအကြိမ်ဖြစ်လေသည်။ သို့ပေမဲ့ ဝိန်ရုံ၏အထိအတွေ့မှာ ငြင်သာသည်ဖြစ်ကာ အတွေ့အကြုံအား အံ့ဩဖွယ်ကောင်းအောင်ချော့မွေ့စေလေသည်။

မိတ်ကပ်များပျက်သွားချိန်တွင် ကြင်လင်ကာလန်းဆန်းသည့် မျက်နှာလေးအား ဝိန်ရုံမြင်လိုက်ရလေသည်။ ဤသည် ပထမတစ်ချက်တွင် အံ့အားသင့်သွားစေမည့်အလှမျိုးမဟုတ်ပါပဲ ကြည့်ရလျှင် ကြည်နူးသွားမည့်အလှမျိုးဖြစ်လေသည်။ သူမ၏မျက်ခုံးများသည် တောင်များကဲ့သို့မြင့်ကာ ထူထဲလွန်းသည်လည်း မဟုတ် ပါးလွန်းသည်လည်း မဟုတ်ပေ သပ်ရပ်စွာဘောင်ခပ်ထားသည့် လှပသည့်အကွေးလေးပင်ဖြစ်သည်။ သူမ၏မျက်လုံးများသည် ဆောင်းဦးရေကန်များကဲ့သို့ ကြည်လင်၍နက်နဲကာ ငြိမ်းချမ်း၍အေးမြသောအငွေ့အသက်များအား သယ်ဆောင်လာလေသည်။

တိုက်ရိုက်ထုတ်လွှင့်မှု၏ ပရိတ်သတ်များသည် အံ့ဩသွားကြလေသည်။

[သေစမ်း ဟန်ရှူကဒီလောက်တောင်လှတာလား]

[ကျဲကအရမ်းမိုက်တာပဲ ၊တကယ့်ကိုအေးချမ်းတဲ့အလှတရားမျိုးပဲ]

[ဝိုး သူမကတကယ့်ကိုရတနာတစ်ခုပဲ၊ သူမကသီချင်းကိုကောင်းကောင်းဆိုတတ်ရုံတင်မကဘူး သူမကအရမ်းလဲ ချောမောသေးတယ်]

[ငါဘယ်လိုသူမကို တစ်ချိန်လုံးမသိခဲ့တာလဲ ငါ kpop အဖွဲ့ကိုနောက်ကိုလိုက်နေတာအတော်ကြာခဲ့ပြီ]

ကျုံချင်းယွီသည် ဟန်ရှူ၏ မျက်နှာပြောင်အားမြင်လိုက်သည့်အခါ ကျေနပ်စွာဖြင့်ခေါင်းငြိမ့်လိုက်လေသည်။

“အွန်း အခုမှပဲပိုကြည့်ကောင်းသွားတော့တယ်”

ထိုအချိန်တွင် ချောင်ယန်သည် ယန်ရှီအားအရူးအမူးစာပို့နေလေသည်။

[ဘုရားရေ ဘုရားရေ]

[အဲဒီကောင်မလေးကအံ့ဩစရာပဲ သူကသီချင်းဆိုလဲကောင်းတယ် ပြီးတော့သူမကလှလည်း လှသေးတယ် ဝိန်ရုံကသူမကို ၁သိန်းထည်းနဲ့ စာချုပ်ချုပ်လာခဲ့တာ ငါတို့တော့ထီပေါက်ပြီပဲ]

ယန်ရှီသည်သူမဘာသာသူမရီမောလိုက်လေသည်။

ထီပေါက်သည်ထက်ကိုပိုလေသည်။ သူမသည် system ထံမှ အကြောင်းကြားချက်တစ်ခုကိုပင်ရရှိခဲ့လေသည်။

ဟန်ရှူနှင့်စာချုပ်ချုပ်လိုက်ခြင်းသည် သူမအား ကံကြမ္မာတန်ဖိုး၏ အမှတ် တစ်မှတ်အားရလိုက်စေကာ ဟန်ရှူ၏ ရုတ်တရက်ကျော်ကြားသွားမှုကြောင့် နှစ်မှတ်ထပ်ရလိုက်လေသည်။ ယခုတွင် ကျုံချင်းယွီ၏ ကံကြမ္မာတန်ဖိုးသည် ၅၅.၂ ရှိနေပြီဖြစ်သည်။

“system ဟန်ရှူရဲ့ကျော်ကြားမှုက ရှန့်ရှင်းဟယ်တုန်းကထက် ကံကြမ္မာတန်ဖိုးပိုရတာပဲ”

[သေချာတာပေါ့]

System ပြောလိုက်သည်။

[ရှန့်ရှင်းဟယ်က ဆုရသရုပ်ဆောင်တစ်ယောက်ဖြစ်ဖို့အတွက်အလားအလာရှိပေမဲ့ မူရင်းဝတ္ထုမှာဆိုရင် သူဘယ်တုန်းကမှ အကောင်းဆုံးဇာတ်ဆောင်ဆုကို မရခဲ့ဖူးဘူးလေ]

[ဒါပေမဲ့ ဟန်ရှူကတော့ သူမရဲ့ကံကြမ္မာကိုက ဂီတဘုရင်မ ဖြစ်ဖို့ကံပါလာခဲ့တာ]

ဟန်ရှူ၏ ဘဝသည်တောက်ပကာအောင်မြင်ဖို့ ကံပါလာပြီးဖြစ်သည်။

သူမ၏ကုမ္ပဏီသီလရှင် သူမအားဖျက်ဆီးလိုက်ခြင်းဖြစ်လေသည်။

ယန်ရှိသည်သူမအား straight entertainment နှင့်စာချုပ်ချုပ်ဆိုလိုက်ကာ ချောင်ယန်အား သူမ၏လုပ်ငန်းတာဝန်များအား စီစဥ်ပေးရန် တာဝန်ပေးခဲလေသည်။ ဝတ္ထုအထဲရှိ ဝမ်းနည်းစရာကိစ္စသည် ထပ်မဖြစ်လာနိုင်ပေ။ ခေါင်မိုးပေါ်မှခုန်ချခြင်းနှင့် သူမဘဝအားသုံးကာ K ကုမ္ပဏီ၏ အမှောင်ဘက်ခြမ်းအား ဖော်ထုတ်ခြင်းတို့သည်လည်း မဖြစ်လာနိုင်တော့ပေ။

ဟန်ရှူ၏ဖျော်ဖြေမှုပြီးနောက်တွင် ဖျော်ဖြေပွဲသည် တရားဝင်အဆုံးသတ်သို့ရောက်ရှိလာပြီဖြစ်သည်။ ပရိတ်သတ်များသည် တဖြေဖြေးခြင်းပေါက်ကွယ်သွားကြကာ အချို့အိုင်ဒေါများ ဟန်ရှူထံသို့ချဥ်းကပ်လာကာ သူမသီချင်းဆိုသံအားတက်သရော ချီးကျူးကြလေသည်။

ဝိန်ရုံသည် US အဖွဲ့ဝင်များအားအဆောင်သို့ပြန်ပို့ပေးရန် ဒါရိုက်ဘာအား ပြောလိုက်ပြီး ဟန်ရှူဘက်သို့လှည့်လာကာ။

“ဟယ်လို အစ်မကဝိန်ရုံပါ stralight ရဲ့ထရိန်နင်အေ့ဂျင်ပါ၊ ဒါကမင်းရဲ့အပြောင်းအရွေ့စာချုပ်ပါ အစ်မကမင်းကို k entertainment ကနေပြောင်းရွေ့ပေးဖို့ လက်မှတ်ရေးထိုးလာပေးတဲ့သူပါ”

ဟန်ရှူသည် အေးခဲသွားလေသည်။ သူမသည် နေ့လည်ခင်းတစ်ခင်းလုံးတွင် အကလေ့ကျင့်နေခဲ့သည်ဖြစ်ရာ ထိုကိစ္စများအား တစ်ခုမှမသိပေ။

စာချုပ်အားဆုပ်ကိုင်လိုက်ရင်း သူမလက်ချောင်းများတုန်ရီလာလေသည်။

“အစ်မဆိုလိုတာက အဲတာဆိုကျွန်မကုမ္ပဏီကိုပြန်သွားစရာမလိုတော့ဘူးပေါ့”

ဝိန်ရုံသည် သူမပုခုံးအားပုတ်ပေးလိုက်ကာ

“သေချာပေါက်မသွားရဘူးပေါ့ အခုမင်းကအစ်မတို့ထဲကတစ်ယောက်ပဲ”

ဟန်ရှူသည် ခံစားချက်များနှင့်ပြည့်နှက်သွားလေသည်။ သူမသည် ဖျော်ဖြေပွဲပြီးသွားချိန်တွင် သူမ၏မန်နေဂျာသည် လုပ်နေကျအတိုင်းသူမအားဖယ်ထားမည်ဟု ထင်ထားခဲ့လေသည်။

“အဲဒီကုမ္ပဏီအဟောင်းမှာ မင်းပိုင်တာတွေမြန်းရှိသေးလား”

ဝိန်ရံမေးလိုက်သည်။

“သွားပြီး ထုတ်ပိုးလိုက် အစ်မမင်းအတွက်ဒီည ဟိုတယ်အခန်းယူထားပေးမယ် မနက်ဖြန်အစ်မတို့ဟိုကိုပြန်ကြမယ်”

ဟန်ရှူသည် စိတ်အားထက်သန်စွာခေါင်းငြိမ့်လိုက်လေသည်။

သူမထွက်ခွာခါနီးအချိန်တွင် သူမသည် ပရိတ်သတ်နေရာရှိ အဖြူရောင်အမွှေးပွဘောလုံးလေးတစ်လုံးအား တွေ့လိုက်လေသည်။

Smoyed သည် ခေါင်းကုတ်ကာ မုန့်ခြင်းအားဖယ်နေရင်းသူမ၏လည်ပင်းရှိ မိုက်ခရိုဖုန်းအားဖြုတ်နေသည့် ယန်ရှီထံ ပျော်ရွှင်စွာလာနေလေသည်။

“တော်လိုက်တဲ့ကောင်လေး မင်းကောင်းကောင်းလုပ်နိုင်ခဲ့တာပဲ”

ယောင်ကျူသည် အားတက်တရော သူ၏အမြီးအား ရဟတ်ယာဥ်ကဲ့သို့ဝေ့ယမ်းလိုက်လေသည်။

“အာဝူး”

ဟန်ရှူသည် ယန်ရှီအားအဆက်မပြတ်ကြည့်နေကာ ဝိန်ရုံသည်လည်း သူမအကြည့်အားသတိထားမိသွားလေသည်။

“အဲတာက ယန်ရှီလေ အစ်မတို့ကုမ္ပဏီရဲ့ ပရောဂျက်ဌာနက အလုပ်သင်လေ သူမကသူဌေးနဲ့လဲ ရင်းနှီးတယ် ပြီးတော့သူမကမင်းနဲ့စာချုပ်ချုပ်ဆိုဖို့အတွက် အကြံပြုခဲ့တဲ့သူပဲ”

ဟန်ရှူ၏မျက်လုံးထဲတွင် အံ့ဩမှုများဖြတ်ပြေးသွားကာ ယန်ရှီ၏လက်ထဲမှ မိုက်ခရိုဖုန်းအားမြင်လိုက်ချိန်တွင် သူမနားလည်သွားခဲ့လေသည်။

ယန်ရှီသည် ထိုအချိန်တွင်ပဲ မော့ကြည့်လိုက်ကာ အခန်းတစ်ဖက်မှ ယန်ရှူ၏အကြည့်နှင့်ဆုံသွားလေသည်။

သူမသည် သူ့အားပြုံးပြလိုက်သည်။

ဟန်ရှူသည်လည်း ပြန်လည်ပြုံးပြခဲ့သည်။

သူမ၏နှလုံးသားထဲတွင်တော့ တီးတိုးလေးဖြင့်

“ကျေးဇူးပါ” ဟုနူးညံ့စွာပြောလိုက်လေသည်။

ကျုံချင်းယွီ၏ဖျော်ဖြေပွဲသည် အောင်မြင်ခဲ့သည်။ LMN အဖွဲ့၏ဖျော်ဖြေတင်ဆက်မှုမှာအားနည်း၍ ၎င်းတို့၏တစ်ကိုယ်တော်ဖျော်ဖြေမှုများသည် ပို၍ပင်ဆိုးလေသည်။ ဟန်ရှူ၏အသံသည် ယနေ့ညအားကယ်တင်လိုက်ကာ ပြီးပြည့်စုံသောအပိတ်ဖြစ်သွားစေခဲ့သည်။ ကျစ်မား music တွင်မူ သူမ၏ သီချင်း “ Chasing Dreams” အား ဒေါင်းလုဒ်ဆွဲသူများမြင့်တက်လျက်ရှိသည်။

မပျော်ရွှင်သည့်တစ်ဦးတည်းသောသူမှာ LMN ၏မန်နေဂျာပင်ဖြစ်သည်။

အဝတ်လဲခန်းအတွင်းတွင် ဒေါသတကြီးဖြင့်မိတ်ကပ်ထိုင်ခုံအားကန်လိုက်ကာ လွှင့်ထွက်သွားစေသည်။ LMN အဖွဲ့ဝင်များသည်လဲ အချင်းချင်းဖက်ထားကြကာ စကားပင်မပြောရဲကြပေ။

“သေစမ်း နှစ်သန်း နှစ်သန်းထည်းနဲ့ ငါဘာလို့ ဟန်ရှူကိုရောင်းပစ်လိုက်ရတာလဲ”

ဟန်ရှူသည် သာမာန်မိသားစုမှလာသူတစ်ဦးဖြစ်ကာ အမြဲတစေပင် လူကြိုက်အနည်းဆုံးအဖွဲ့ဝင်ဖြစ်လေသည်။ အောင်မြင်သွားဖို့ရာလည်း အခွင့်အရေးမရှိသကဲ့သို့ ထွက်ခွာသွားဖို့ရာလဲပေးစရာငွေမရှိပေ။ သူသည် သူမအားနှစ်သန်းဖြင့်ရောင်းလိုက်ခြင်းသည် LMN အား လူကြိုက်များသည့်ရသစုံရှိုးတစ်ခုတွင် နေရာတစ်ခုယူပေးနိုင်မည်ဟု တွေးခဲ့သည်။

သို့သော်ယခုတွင် ဟန်ရှူသည် နေရာတိုင်းတွင်ရေပန်းစားနေလေသည်။ သူမသည် တရုတ်တွင်သာမက ကိုရီးယားဖိုရမ်များတွင်ပါ ခောတ်စားနေလေသည်။ ဟန်ရှူသည် starlight နှင့် စာချုပ်ချုပ်လိုက်ပြီဖြစ်ကြောင်း မသိကြသေးသင့် အင်တာနက်သုံးစွဲသူများသည် ကိုရီးယား၏နောက်မျိုးဆက် ဂီတဘုရင်များ ရင်ခုန်နေကြလေသည်။ ကုမ္ပဏီ၏ စီအီးအိုကပင်သူအားကြိမ်းမောင်းကာ

“မင်းဘာလို့ ဒီလိုအရည်အချင်းမျိုးကို သူမအဖွဲ့ထဲရှိနေတုန်းမှာ မလေ့ကျင့်ပေးခဲ့ရတာလဲ”

မန်နေဂျာသည် ကူကယ်ရာမဲ့ကာ သူကမည်သို့သိနိုင်မည်နည်း။

သူတို့၏ သေးငယ်ကာ ခက်ခဲနေသည့် ကုမ္ပဏီသည် အခွင့်အလမ်းများလဲအလွန်နည်းပါးပြီး ရှိသည့်အနုပညာရှက်အနည်းငယ်သည်လဲ စီအီးအိုအားဖျော်ဖြေမည့် သူများဖြစ်သွားလေသည်။ ဟန်ရှူသည် ဆက်တိုက်ငြင်းဆိုနေခဲ့လေသည်။ အမှန်ဆိုလျှင် ယနေ့ညသည် သူမအလှည့်ဖြစ်လေသည်။

သို့ပေမဲ့ သူမအတင်းအကြပ်မလုပ်ခံရသေးချိန်တွင် အခြားကုမ္ပဏီသည် ဝင်ရောက်လာကာ သူမအားဝယ်ယူသွားလေသည်။

ဖုန်းခေါ်ဆိုမှုပြီးသွားချိန်တွင် ဟန်ရှူသည် အဝတ်လဲခန်းထဲသို့ ဝင်လာလေသည်။

“ကျန်းကော”

သူမသည် သူ့အားယဥ်ကျေးစွာနှုတ်ဆက်ပြီးနောက် သူမ၏ပစ္စည်းများမားသိမ်းနေခဲ့သည်။ ဤအဝတ်လဲခန်းသည် ပြောင်ပေါင်ယွမ်မှ ဖျော်ဖြေပွဲတွင်ဖျော်ဖြေသူများအတွက် စီစဥ်ပေးထားသည့် အခန်းဖြစ်သည်။ LMN သည်နောက်ဆုံးဖျော်ဖြေသည့်သူများဖြစ်သောကြောင့် အခြားသူများအားလုံးသည် ထွက်သွားကြပြီးဖြစ်သည်။

ကျန်းကောသည် သူ၏မျက်လုံးများအား ကျဥ်းမြောင်းလိုက်သည်။

ဖုန်းထဲတွင်သူဌေး၏ ဒေါသတကြီးအော်သံများနှင့်ပြည့်နှက်သွားကာ

“ငါဘာတွေလုပ်လိုက်လဲဆိုတာကို ဂရုမစိုက်ဘူး၊ မင်းဟန်ရှူကိုရအောင်ခေါ်ထားရမယ် ငါတို့မှာနောက်ဆုံးတော့ ကျော်ကြားမဲ့သူတစ်ယောက်ရှိလာတော့မှာကို မင်းကဒီတိုင်းသူမကိုသွားခွင့်ပြုလိုက်တယ်ပေါ့၊ အဲဒီအပြောင်းအရွေ့စာချုပ်လား ဒီတိုင်းငွေပြန်အမ်းပေးလိုက်စမ်းပါ”

ဟန်ရှူသည်အစိမ်းရောင်အခန်းထဲတွင် သူမ၏ပစ္စည်းများအားထုတ်ပိုးထားပြီးကျန်ရှိသည့် ပစ္စည်းများအားယူနိုင်ရန် LMN အဖွဲ့ဝင်များနှင့်အတူအဆောင်သို့ပြန်ဖို့ရာလုပ်နေလေသည်။

သူမ၏ ပတ်စ်ပို့စ်နှင့် အိုင်ဒီသည် အဆောင်တွင်ရှိနေဆဲဖြစ်၍ သူမသွားကိုသွားရမည်ပင်ဖြစ်သည်။

ရုတ်တရက် ကျန်းကောသည် သူမ၏လက်ကောက်ဝတ်အားဆွဲလိုက်လေသည်။

ဟန်ရှူသည် ဒေါသထွက်သွားလေသည်။

“ကျန်းကော ရှင်ဘာလုပ်နေတာလဲ လွှတ်လိုက်ပါ”

ကျန်းကောသည် မဲ့ပြုံးပြုံးလိုက်လေသည်။

“မင်းရဲအပြောင်းအရွေ့စာချုပ်က မနက်ဖြန်အထိအကျုံးမဝင်သေးဘူး ဒီညမှာတော့မင်းက ငါရဲ့အနုပညာရှင်ပဲ ဒီနေ့ပွဲတစ်ခုရှိတယ် ပြီးတော့ မင်းကလာရမယ်”

ဟန်ရှူသည် ဖြူဖျော့သွားလေသည်။ သူမသည် သူဆိုလိုချင်သည့်ပွဲအဓိပ္ပါယ်အား ကောင်းကောင်းသိလေသည်။ ထိုနေရာသို့ ခြေချလိုက်သည်နှင့်တစ်ပြိုင်နက် အမဲဖျက်ခံရမည်ဖြစ်သည်။ သူမသည်ပြင်းထန်စွာရုန်းကန်လိုက်ကာ

“ကျွန်မ မသွားဘူး”

“မင်းမှာရွေးချယ်စရာမရှိဘူး”

ကျန်းကောသည် အော်လိုက်ကာ LMN အဖွဲ့ဝင်များအား

“မင်းတို့ငတုံးတွေဘာလုပ်နေကြတာလဲ၊ သူ့ကိုချုပ်ထားပြီး အင်္ကျီချွတ်လိုက်ကြလေ”

သူ၏အကြည့်သည် အဆိပ်ပြင်းလှသည်။

“ငါအဲဒီ ဓါတ်ပုံတွေကိုရလိုက်တာနဲ့ မင်းငြင်းရဲတော့မှာမဟုတ်ဘူး”

ဟန်ရှူသည် သူမ K entertainment မှထွက်သွားနိုင်မည်ဟု ထင်နေခဲ့သည်လား။

“အိမ်မက်မက်နေလိုက်*

ထိုအပေးအယူလုပ်စရာပုံများနှင့်ဆိုလျှင် သူမအလျင်အမြန်ပဲ ပြန်လာမည်ဖြစ်သည်။ LMN အဖွဲ့ဝင်များသည် တုန့်ဆိုင်းနေကြလေသည့် သို့သော် သူမတို့၏ပုံများသည်လည်း ကျန်းကော၏လက်ထဲတွင်ရှိနေလေသည်။ သူမတို့သည် တုန့်ဆိုင်းစွာဖြင့်ရှေ့သို့တိုးလာကြကာ ဟန်ရှူအား ဖိထားလိုက်ကြလေသည်။

သူမတို့သည် တိုးတိုးတိတ်တိတ်တောင်းပန်စကားအားဆိုလိုက်ရင်း မျက်ရည်များသည်လဲ မျက်နှာပေါ်သို့စီးကျလာပါသော်ညား သူမတို့သည်မြဲမြံစွာဆုပ်ကိုင်ထားကြဆဲဖြစ်သည်။

ကျန်းကောသည် ကင်မရာအားမြှောက်လိုက်ကာ ရှေ့တိုး တစ်လှမ်းပြီးတစ်လှမ်းတိုးလာလေသည်။

ဟန်ရှူသည်စိတ်ထဲတွင်တုန်လှုပ်နေလေသည်။ သူမသည် k entertainment မှထွက်ပြီးဖြစ်ကာ သူမသည်ယခုအချိန်တွင် starlight နာမည်အောက်တွင်ရှိနေသင့်ပြီဖြစ်သည်။

“အဲတာက ဘယ်လိုဖြစ်သွားတာလဲ”

သူမသည် တွယ်ကပ်စရာမရှိသည့် ရေခဲရေကန်ထဲသို့ပြုတ်ကျသွားသကဲ့သို့ ပို၍နစ်မြုတ်လာကာ မှောင်မဲလာနေလေသည်။

လူများ ဝင်ရောက်လာသံ…..

အစိမ်းရောင်အခန်း၏တံခါးသည် အဖျက်ခံလိုက်ရလေသည်။

လုံခြုံရေးများဝင်ရောက်လာကာ ကျန်းကောအား ကြမ်းပြင်ပေါ်တွင်ချုပ်ထားလိုက်ကြသည်။

“ဘာလဲဟ မင်းတို့ဒီလိုလုပ်လို့မရဘူး အဲတာကတရားမဝင်ဘူး၊ ငါတရားစွဲမယ် ငါမင်းတို့အားလုံးတစ်ယောက်မကျန်ကို တရားစွဲပစ်မယ်”

“ငါတို့ကို တရားစွဲမယ်”

ပြောင်ပေါင်ယွမ်သည် ဝင်ရောက်လာကာ ကင်မရာအားယူလိုက်လေသည်။ သူမသည် gallery ထဲတွင် ဆွဲကြည့်လိုက်လေရာ မိန်းမငယ်လေးများ၏ ဒါဇင်နှင့်ချီသည့် အဝတ်မပါသည့်ပုံများအားတွေ့လိုက်ရလေသည်။ သူမ၏မေးရိုးသည် တင်းသွားကာ ရွံ့ရှာမှုသည် သူမမျက်လုံးထဲတွင်ဖြတ်ပြေးသွားလေသည်။

“ရှင်ကသာ တရားခွင်ကိုသွားရမဲ့တစ်ယောက်ဆိုတာ အသေအချာပဲလေ”

ထိန်းချုပ်နိုင်ရန်အတွက် ပြောင်ပေါင်ယွမ်သည် ကွင်းတစ်ခုလုံးအား စောင့်ကြည့်စစ်ဆေးမှုများအား တပ်ဆင်ထားလေသည်။ သူမသည် k entertainment ၏ယုတ်မှာမှုအား ဖမ်းမိရန်မမျှော်လင့်ထားခဲ့ပေ။

သူမသည် သူမ၏အပေါ်ထပ်အင်္ကျီအား ဟန်ရှူပုခုံးပေါ်သို့ တင်ပေးလိုက်ကာ

“မင်းအဆင်ပြေရဲ့လား”

ဟန်ရှူသည်ခေါင်းငြိမ့်လိုက်ကာ

“ပြေပါတယ်”

LMN သည်သူမအား အမှန်တကယ်မထိခိုက်စေလိုညား ပြောနိုင်လေသည် ၎င်းတို့၏လှုပ်ရှားမှုမှာ နှေးကွေးကာ လက်များသည်လဲတွန့်ဆုတ်နေခဲ့လေသည်။ သူမ၏အကြည့်သည် ပြောင်ပေါင်ယွမ်လက်ထဲရှိ ကင်မရာသို့ရောက်သွားလေသည်။

“ပေါင်ယွမ်ကျဲ အဲတာကိုလွှင့်ပစ်လိုက်ပါ”

ပြောင်ပေါင်ယွမ်သည် တင်းမာသွားလေသည်။

“ဒါကမင်းကို အရှုပ်တွေကြားထဲကိုရောက်သွားစေလိမ့်မယ်”

ဟန်ရှူ၏ အသံသည်ခိုင်မာနေလေသည်။

“သူတို့တွေ ဒါအတွက်ပေးဆပ်ရမယ်လေ”

ညနက်သည့်အချိန်တွင် ဖျော်ဖြေပွဲ၏ မီးအလင်းတန်းများသည် ဟိုတစ်ပျောက်ဒီတစ်ပျောက်ဖြစ်နေလေသည်။

ရှီကွား ဗီဒီယို၏ ရှူထောင်မျိုးစုံမှလွှင့်သည့် တိုက်ရိုက်ထုတ်လွှင့်မှုတွင် ပရိတ်သတ်များသည် ကင်မရာဆယ်ခုအားကြည့်ရှူနိုင်ကာ ၎င်းတို့အိုင်ဒေါ၏ ဖျော်ဖြေမှုအခိုက်အတန့်အားလုံးအားလဲ ကြည့်ရှုနိုင်မည်ဖြစ်သည်။ starlight သည် ပရိတ်သတ်များအတွက် တည်းဖြတ်ဖို့ရန် screenshot ရိုက်ခွင့်ပြုထားလေသည်။ မကြာမီအချိန်တွင် ဆိုရှယ်မီဒီယာပေါ်တွင် fancam များ ဓါတ်ပုံများနှင့် ပြည့်နှက်သွားလေသည်။ ဟယ်ယွီ၏ အိုင်ဒေါများသည် ၎င်းတို့၏ရုပ်ရည်နှင့်အသံပါဝါများနှင့်အတူ ရေပန်းစားသည့်စာရင်းအား ဦးဆောင်နေလေသည်။

[အား Shark queen ရဲ့မျက်နှာအလှတရားတွေက ငါ့ကိုသတ်နေတာပဲ စင်ပေါ်မှာ အရမ်းမိုက်တာပဲ]

[စီယဲ့က စင်အောက်မှာဆိုရင် လုံးဝတစ်ခြားသူလိုပဲ သူကဘယ်လိုလုပ် ဒီလောက်နူးညံ့နေရတာလဲ ပြောင်းလဲမှုကြီးပါပဲ]

[ဟန်ရှူရဲ့ “Chasing Dreams” ကိုပြန်ဖွင့်တာ အခါနှစ်ဆယ်ကျော်နေပြီ လုံးဝအမိုက်စားပဲ]

ထိုကဲ့သို့ တဟုန်းဟုန်းတောက်သည့်ကြားမှ hashtag အသစ်ပေါ်လာခဲ့လေသည်။

#Kentertainmentသည်အိုင်ဒေါများအားအတင်းအကြပ်လိင်ဆက်ဆံခိုင်းခဲ့သည်မှာပေါက်ကြားလာခြင်း

#ကျုံချင်းယွီ၏ဖျော်ဖြေပွဲသည်k entertainment ၏အမြတ်ထုတ်မှုအားပေါက်ကြားစေခဲ့

#Hနိုင်ငံ၏အေ့ဂျင်သည်အိုင်ဒေါများအားပြည့်တန်ဆာအဖြစ်အတင်းအကြပ်ခိုင်းစေ

ထိုကဲ့သို့ ရေပန်းစားနေသည့်ခေါင်းစဥ်များသည် အစိမ်းအရောင်းအခန်းအားအခြေခံလေသည်။ မျက်နှာများအားဝါးထားပါသော်ညား အင်တာနက်သုံးစွဲသူများသည် အသံအားချက်ချင်းမှတ်မိသွးကြလေသည်။

[ဘုရားရေ ငါကသူမရဲ့ သီချင်းကို stream လုပ်နေတုန်းရှိသေးတယ်လေ K entertainment ကပြိုကွဲတော့မှာလား]

[အဲဒီဗီဒီယိုကငါ့ကိုနေမကောင်းဖြစ်စေတယ် ရွံစရာကောင်းတဲ့ဝက်တွေ]

[မိန်းကလေးအိုင်ဒေါတွေကို အပေးအယူအဖြစ်နဲ့အသုံးချနေတာလား အရမ်းကိုရွံ့စရာကောင်းတာပဲ]

[ခဏနေဦး ဒါကမမလေးကျုံရဲ့ဖျော်ဖြေပွဲမှ ထွက်ပေါ်လာခဲ့တာလား]

[သူမဆီကသာမဟုတ်ခဲ့ဘူးဆိုရင် ဟန်ရှူက အမလေး ငါပြောတောင်မပြောနိုင်ဘူး]

[သူမ တရုတ်ဘက်ကိုပြန်ပြောင်းလာတာ တကယ်တော်သေးတယ်]

ထိုအရှုပ်တော်ပုံသည် တရုတ်နှင့် H-Country ကွန်ရက်နှစ်ခုလုံးတွင် ပေါက်ကွဲစေခဲ့သည်။ ဒေါသထွက်နေသည့် အင်တာနက်အသုံးပြုသူများသည် ရဲတပ်ဖွဲ့အား စုံစမ်းစစ်ဆေးရန် တောင်းဆိုခဲ့သည်။

K entertainment ၏အမှုဆောင်အရာရှိများတွင်မူ မထင်မရှားမိန်းကလေးအဖွဲ့များအား ဖမ်းစားကာ ၎င်းတို့၏ပွဲတွင်နားနေကြလေသည်။ ၎င်းတို့သည် ၎င်းတို့၏အိပ်ရာထဲတွင်ကစားမည့် ဟန်ရှူအား လာပို့မည့် ကျန်းကောအားစောင့်နေကြလေသည်။

ထို့နောက် ရဲများဝင်ရောက်လာကြလေသည်။

လက်ထိပ်အခပ်ခံလိုက်ရပြီးအရှက်တကွဲဖြင့် အမှုတောင်အရာရှိများသည် ထောင်ထဲသို့ခေါ်သွားခံလိုက်ရလေသည်။

အခြားနေရာတွင်မူ ရဲ့လော့ယီနှင့်ဆုလင်းလင်းသည် လိုင်းပေါ်ရှိမီးမှန်တိုင်းအား မသိရှိပါပဲ ရသစုံရှိုးတစ်ခုရိုက်ကူးနေလေသည်။

ဆုလင်းလင်းသည် သူမအလောင်းအစားရှုံးသွားသည်အားစိတ်ကောက်နေဆဲဖြစ်ကာ သူမအား သူမ၏အကြိုက်ဆုံးအိုင်ဒေါနှင့်တွေ့ဆုံနှုတ်ဆက်ခြင်းဖြင့် လာဘ်မထိုးသည့်အချိန်အထိ ရဲ့လော့ယီအားစိမ်းကားနေဆဲဖြစ်သည်။ MS entertainment တွင်ဆုလင်းလင်းသည် KY ယောက်ျားလေးအဖွဲ့နှင့် ပုံအတူရိုက်ခဲ့ရသည်ဖြစ်ကာ သူမှစိတ်အခြေအနေသည်ချက်ချင်းပြန်လည်ကောင်းမွန်သွားလေသည်။

ရဲ့လော့ယီအသက်ရှူသွင်းလိုက်သည်။ ၎င်းသည် လွယ်ကူသော အသုံးချမှုဖြစ်သည်။သူမသည် ယခင်နှစ်၌ ရှိုးတစ်ခုတွင် KY အဖွဲ့ဝင်များနှင့် မိတ်ဖွဲ့ခဲ့သည်။ အနည်းငယ်သော ပရိုမိုးရှင်းတစ်ခုသည် တိုက်ရိုက်ထုတ်လွှင့်မှုနံပါတ်များကို ထိခိုက်စေမည်မဟုတ်ပါ။

လက်မှတ်များမှာလုံခြုံပြီး ကြည့်ရှူမှုနှုန်းသည်လဲ တိုးလာသဖြင့် ၎င်းတို့သည်တက်စီတစ်စီးအားငှားလိုက်ကြလေသည်။

ရဲ့လော့ယီသည်နောက်ဆုံးတွင်တော့ သူမ၏ဖုန်းအားကြည့်လိုက်လေသည်။ KY သည် Hနိုင်တွင် ကြီးမားအဖွဲ့တစ်ဖွဲ့ဖြစ်၍ သူမ၏တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင်လဲ မှတ်ချက်များနှင့်ပြည့်နေလောက်မည်မလား။

သူမသည် ရှီကွား ဗီဒီယိုအားဖွင့်လိုက်လေသည်။

ကျံချင်းယွီ၏တိုက်ရိုက်ထုတ်လွှင့်မှုအခန်းသည် #1 ဖြစ်နေလေသည်။ လုပေယွီ(ခွေးကိုပဲတစ်နေကုန်လမ်းလျှောက်ထွက်ပေးနေတဲ့ကောင်) ပင်လျှင် သူမ၏ကျော်ကြားမှုထက်သုံးဆနီးနီးရှိလေသည်။

ရဲ့လော့ယီ၏မျက်လုံးများတုန်လှုပ်သွားလေသည်။

*ဘယ်လိုအောက်လမ်းမျိုးလဲ*

သူမသည် replay ကထပ်မံနှိပ်လိုက်လေသည်။

ကျုံချင်းယွီကဖျော်ဖြေပွဲတစ်ခု လုပ်ခဲ့သည်တဲ့လား။

အရည်အချင်းရှိသည့် အဆိုတော်တစ်ဦးအားလဲရှာတွေ့ခဲ့သည်။

ပြီးနောက်သူမသည် အေဂျင်စီတစ်ခုလုံးအား ဖယ်ရှားနေလေသည်။

ရဲ့လော့ယီ:??

ကျုံချင်းယွီသည် ရသစုံရှိုးအား ရိုက်ကူးနေသေးသည်လား။ သူမသည် မည်ကဲ့သို့ထိုမျှပြင်းထန်နိုင်ရသနည်း။ သူမ၏ထွက်ဆိုချက်အားပေးပြီးနောက် ဟန်ရှူသည်ရဲစခန်းထဲမှထွက်လာလေသည်။ ပတ်ဝန်းကျင်တစ်ခုလုံးသည် တိတ်ဆိတ်နေလေသည်။ ဟန်မြို့၏လမ်းမီးများမှာ မှိန်ဖျော့နေကာ ရဲစခန်းတစ်ခုတည်းသာတောက်ပနေသကဲ့သို့ဖြစ်စေပြီး အထီးကျန်သောလေထုအားဖြစ်ပေါ်စေလေသည်။

ဟန်ရှူသည် သူမ၏ဖုန်းအားထုတ်ကာတက်စီခေါ်ရန်ပြင်လိုက်လေသည်။

အိုင်ဒေါနှစ်နှစ်ဖြစ်လာပြီးနောက်တွင် သူမပိုက်ဆံသိပ်မရခဲ့ပေ ထို့ကြောင့်သူမတက်စီအားစီးလေ့မရှိပေ။ သို့ပေမဲ့ ယခုအချိန်တွင်မူ မြေအောက်ရထားများလဲမရှိတော့ပေ။

ဗန်ကားတစ်စီးသည် သူမ၏ရှေ့တွင်ဖြေးဖြေးချင်း ရပ်လိုက်လေသည်။ ဝိန်ရုံသည် ပြတင်းပေါက်အားချလိုက်ကာ ဒါရိုက်ဘာခုံမှထွက်လာလေသည်။

“အားလုံးပြီးသွားပြီလား မင်းလည်း ပင်ပန်းနေမှာပဲ အထဲကိုဝင်လိုက် အစ်မမင်းကိုဟိုတယ်ကိုခေါ်သွားပေးမယ်”

ဟန်ရှူသည် အံ့ဩသွားခဲ့သည်။

LMN တွင်လည်း မန်နေဂျာရှိပါသော်ညား သူသည်သူမတို့အား ဂရုမစိုက်ပေ။ သူမတို့၏ဗန်ကားမှာ ဟောင်းနွမ်းပြီး ခနောခနဲ့ဖြစ်ကာ ခရီးတစ်ဝက်တွင်ရပ်တန့်သွားမည်အား အမြဲစိုးရိမ်ခဲ့ရသည်။ ဤသည်မှာ ထိုကဲ့သို့ဇိမ်ခံကားပေါ်တွင် သူမစီးဖူးသည့်ပထမဆုံးအကြိမ်ပင်ဖြစ်သည်။ အထဲတွင်ထိုင်ပြီးနောက် သူမသည်

“ဝိန်ရုံကျဲ ကျွန်မကိုလိပ်စာပဲပေးလိုက်ပါ၊ ကျွန်မဘာသာသွားလိုက်လို့ရပါတယ်”

“မဖြစ်ဘူးလေ”

ဝိန်ရုံပြောလိုက်သည်။

“မင်းက အခု အစ်မရဲ့အနုပညာရှင်ပဲ မင်းကတရုတ်ကိုမကြာခင်မှာပြန်သွားပြီး ချောင်ယန်ကျဲကမင်းကိုမန်နေဂျာအသစ်ရှာပေးမှာဆိုပေမဲ့ H နိုင်ငံအထဲမှာတော့ အစ်မကမင်းရဲ့မန်နေဂျာပဲ”

“ဝန်မလေးနေပါနဲ့၊ US အဖွဲ့ဝင်တွေလည်း ဒီလိုဆက်ဆံခံရတာပါပဲ ဒါကသူတို့ရဲ့ဗန်ကားလေ အစ်မကမင်းကိုကြိုဖို့ငှားလာခဲ့တာ၊ မင်းပြန်သွားပြီးတာနဲ့ ချောင်ယန်ကျဲကမင်းကိုသေချာပေါက် အဖွဲ့သစ်ထဲမှာ ထည့်ပေးမှာပါ”

ကားနောက်ခုံတွင်ထိုင်နေရင်း ဟန်ရှူသည်ယနေ့ညအဖြစ်အပျက်များအားပြန်စဥ်းစားကြည့်ကာ တစ်ခုမှအစစ်အမှန်မဟုတ်ခဲ့ဟုခံစားနေရလေသည်။ ဗင်ကားသည် ဟန်မြို့၏ Royal ဟိုတယ်အားမရောက်မှီအချိန်ထိ ချော့မွေ့စွာမောင်းနှင်သွားခဲ့သည်။ ဟန်ရှူသည် ထိုနေရာတွင်တည်းခိုဖူးခြင်းမရှိသော်ညား ဤနေရာသည် ကြယ်ငါးပွင့်အဆင့်အဆောက်အအုံဖြစ်သည်ကို သူမသိလေသည်။ သူမသည်တုန့်ဆိုင်းသွားကာ တီးတိုးလေးဖြင့်

“ဒီဟိုတယ်က အရမ်းစျေးကြီးတယ်မလား”

ဝိန်ရုံသည် ရီမောလိုက်ကာ

“ဒါက အစ်မတို့မမလေးရဲ့မိသားစုဟိုတယ်လေ၊ အစ်မတို့အနုပညာရှင်တွေအားလုံးခရီးထွက်ရင်ဒီမှာပဲနေကြတာ ဘာမှကြီးကြီးမားမားမဟုတ်ပါဘူး”

ဟန်ရှုအား အခန်းကဒ်လှမ်းပေးလိုက်ရင်း ဝိန်ရုံသည်

“အခုကနောက်ကျနေပြီ မင်းမနက်ဖြန်မှကုမ္ပဏီကိုသွားပြီး ဆက်ထုပ်ပိုးလိုက်လို့ရတယ်၊ မမလေးကလည်း မနက်ဖြန်ပြန်မှာမလို့ မင်းသူရဲ့ကိုယ်ပိုင်လေယာဥ်နဲ့အတူလိုက်ပြန်လို့ရတယ်”

ဟန်ရှူသည်မျက်တောင်တစ်ချက်ခတ်လိုက်ကာ ရုတ်တရက်သူမပါးအားဆိတ်ဆွဲလိုက်လေသည်။

ဝိန်ရုံ:??

“မင်းဘာတွေလုပ်နေတာလဲ၊ မင်းရဲ့မျက်နှာကဘယ်လောက်တန်ဖိုးရှိလဲဆိုတာ မင်းသိရဲ့လား”

ဟန်ရှူသည်ဓါးနှင့်အထိုးခံလိုက်ရသကဲ့သို့ မျက်လုံးများနီရဲတက်လာလေသည်။

ပြီးနောက် ချိုမြိန်သည့်အပြုံးတစ်ခုပေါ်လာကာ သူမတခစ်ခစ်ရီမောလိုက်ရင်း

“အဲတာဆို ဒါတွေအားလုံးကအိမ်မက်မဟုတ်ဘူးပေါ့”

ဝိန်ရုံသည် အချိန်ကြာကြာအေးခဲသွားလေသည်။ သူမသည် ဟန်ရှူယခင်တွင် မည်သို့ဖြတ်သန်းခဲ့ရသည်ကိုမသိပေ သို့သော် ထိုကောင်မလေးမိုက်မဲစွာပြုံးနေသည်ကိုတွေ့လိုက်ရသောအခါ သူမ၏ရင်ထဲနာကျင်လာလေသည်။ သူမသည်လက်အားဆန့်တန်းလိုက်ကာ ဟန်ရှူ၏ဆံပင်အားပွတ်သပ်ပေးနေလိုက်သည်။

All Chapters