Chapter 12
Vol. 2 Ch. 12
ထျန်ရှန်း ဖျော်ဖြေရေးကုမ္ပဏီ၏ အထွေထွေမန်နေဂျာရုံးခန်းတွင် လက်ထောက် ကျုံး သည် ထိုဓာတ်ပုံကို မြင်လိုက်သည်နှင့် ယခုအကြိမ် ဖော်ထုတ်မှုသည် သာမန်မဟုတ်ကြောင်း ချက်ချင်း သိလိုက်သည်။
'လိမ်ညာသူများကို ဖော်ထုတ်သူ' သည် ရှဲ့ကျစ်ရှင်း၏ ပုံကို ရိုက်ကူးထားပြီးဖြစ်သည်။ သို့သော် ရှချန်းချန်း နှင့် တွဲရိုက်ထားသောပုံကို မဖော်ထုတ်ဘဲ ရှချန်းချန်း မပါဝင်သည့် ပုံကိုသာ ရွေးချယ်၍ ဖော်ထုတ်ခဲ့ခြင်း ဖြစ်၏။
ဤသည်မှာ ရှဲ့ကျစ်ရှင်းကို သတိပေးနေခြင်းလား၊ သို့မဟုတ် နောက်လာမည့် 'အချစ်ရေး' သတင်းအတွက် ကြိုတင် နာမည်ယူနေခြင်းလား?
ပရော်ဖက်ရှင်နယ်ဆန်သော လက်ထောက် ကျုံး သည် ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်သည်။ ရှဲ့ကျစ်ရှင်းကို အသိပေးပြီးနောက် သူသည် 'လိမ်ညာသူများကို ဖော်ထုတ်သူ' ကို ကိုယ်တိုင် ဆက်သွယ်ကာ ရှဲ့ကျစ်ရှင်းနှင့် ရှချန်းချန်းတို့ တွဲပါနေသည့် ဓာတ်ပုံများကို ဝယ်ယူရန် ကမ်းလှမ်းခဲ့သည်။
လက်ထောက် ကျုံး ၏ ကမ်းလှမ်းမှုမှာ ယွမ်ငါးသန်း ဖြစ်သည်။
ရှချန်းချန်း သည် မျက်ခုံးပင့်လိုက်ကာ ဂိမ်းကစားသည့် ကုလားထိုင်ပေါ်တွင် ပျင်းရိစွာ မှီလိုက်ပြီး စကားလုံးနှစ်လုံး ပြန်ပြောလိုက်သည်။ "သဘောတူတယ်!"
သူတို့နှစ်ဦးသည် အပိုစကားများပြောနေရန် မလိုပေ။ ယွမ်ငါးသန်းသည် စနစ်၏ ပြည်ပအကောင့်မှတစ်ဆင့် ရှချန်းချန်း ၏ အကောင့်ထဲသို့ အလျင်အမြန် ရောက်ရှိလာခဲ့သည်။
ဟဲဟဲ၊ ငါ့ယောကျာ်းက တော်တော် ပိုက်ဆံရှိတာပဲ ငါတော့ ထောပြီ!
ထိုအချိန်တွင် ဖုန်းမျက်နှာပြင်ပေါ်၌ "အထူး စိတ်ဝင်စားဖွယ်" အကြောင်းအရာတစ်ခု ပေါ်လာခဲ့သည်။
ရှဲ့ကျစ်ရှင်းသည် 'လိမ်ညာသူများကို ဖော်ထုတ်သူ' ၏ Weibo ကို အမှန်တကယ် Like ပေးထားခြင်းပင်။
ထို့မျှသာမက သူသည် မှတ်ချက်ပေးပြီး ထပ်ဆင့်မျှဝေထားသည်မှာ- {Chihuahua က ကွမ်ကျုံး၊ Corgi က ယောက်ကျူ၊ သူတို့က အိမ်ရဲ့ မိသားစုဝင် အသစ်တွေပါ}
{ကွမ်ကျုံး ယောက်ကျူ? ရှဲ့ကျစ်ရှင်း နောက်နေတာလား? ဟားဟားဟား၊ နာမည်တွေက ရယ်ရလွန်းလို့ အူတက်ပြီး သေတော့မှာပဲ!}
{ကွမ်ကျုံး ယောက်ကျူ: ဒီအိမ်ရဲ့ တာဝန်တွေကို ကျွန်တော်တို့ အတူတူ ထမ်းဆောင်ကြမှာပါ!}
{ဘယ်သူကများ ငါတို့ ကျစ်ရှင်း ကို အေးတိ အေးစက်လို့ ပြောတာလဲ? ငါတော့ တကယ် စိတ်ဆိုးပြီ! ကွမ်ကျုံး ယောက်ကျူ အပေါ် သူဘယ်လောက် နူးညံ့လဲ မမြင်ဘူးလား?}
{ရှဲ့ကျစ်ရှင်း၊ ရှင့်ရဲ့ ကွမ်ကျုံး ယောက်ကျူ မှာ အမေတစ်ယောက် လိုအပ်နေတယ်လို့ ထင်တယ် ကျွန်မကို ထည့်စဉ်းစားပေးပါဦး!}
{အိုးမိုင်ဂေါ့! ကျွန်မရဲ့ ကျစ်ရှင်းလေးက ပိုတောင် ချစ်ဖို့ကောင်းနေပြီ ထင်တယ် လူတွေရှေ့မှာတော့ အေးတိအေးစက်နေပြီး၊ နောက်ကွယ်မှာ ကြောင်လေးတွေ၊ ခွေးလေးတွေဆို ရူးရူးမိုက်မိုက် စွဲလန်းနေတာပဲ!}
…
ရှချန်းချန်း သည် Weibo မှတ်ချက်များကို ကြည့်ရှုနေစဥ် 'လိမ်ညာသူများကို ဖော်ထုတ်သူ' ၏ ပရိသတ်အရေအတွက်မှာ အဆမတန် တိုးလာသည်ကို သတိထားမိသည်။
ရှဲ့ကျစ်ရှင်းသည် အမှန်တကယ်ကို ရေပန်းစားမှု၏ သော့ချက် ဖြစ်သည်မှာ အသိအမှတ်ပြုသင့်သည်။ သူ Weibo ကို ထပ်ဆင့်မျှဝေပြီးနောက် သူမ၏ ပရိသတ်အရေအတွက်သည် သန်း ၅၀ ကျော်လွန်သွားခဲ့သည်။ သူမ၏ ဂုဏ်သတင်း တန်ဖိုးသည်လည်း သန်း ၅၀ ကို ကျော်လွန်သွားတော့သည်!
ရုတ်တရက်ဆိုသလို သူမသည် သူဌေးမလေး ဖြစ်သွားခဲ့၏!
ထိပ်တန်းအနုပညာရှင်ကို ကျေးဇူးတင်ရပေမည်!
စနစ်သည် စီးပွားရေးသမားစရိုက်ကို ထပ်မံထုတ်ပြခဲ့သည်။ "Host၊ ဒီလောက် ချမ်းသာနေပြီဆိုတော့ ‘ဂုဏ်သတင်း တန်ဖိုးပမာဏ ကြည့်ရှုခွင့်’ ကို ထည့်စဉ်းစားပါဦး!"
ရှချန်းချန်း သည် မေးစေ့ကို ပျင်းရိစွာ ထောက်ထားရင်း "တစ်သန်းလား?"
စနစ်သည် အံကြိတ်ကာ နာကျင်မှုပေါင်းများစွာဖြင့် ပြောလိုက်သည်။ "99% လျှော့ပေးလို့ ရပါသေးတယ်!"
ရှချန်းချန်း သည် ညင်သာစွာ ပြုံးလိုက်ပြီး "သွားစမ်းပါ!"
သူမသည် စနစ်ကို ဆက်လက် ဂရုမစိုက်တော့ဘဲ တက်ဘလက်ကို ကိုင်ကာ ဗီဒီယို ဝဘ်ဆိုက်တစ်ခုတွင် ဇာတ်လမ်းတွဲ ကြည့်နေလိုက်သည်။
စနစ်၏ တွန်းအားပေးမှုမှာ မအောင်မြင်တော့သောကြောင့် အပေါ်အောက် ခုန်နေမိသည်။ ရှချန်းချန်း ၏ နားထဲတွင် တရစပ် ပြောနေသည်။ "Host၊ လျစ်လျူမရှုပါနဲ့! ဈေးနှုန်းက ညှိလို့ရပါတယ်! ဒါတွေအားလုံးက စနစ်ဆိုင်က ထုတ်ကုန်တွေပါ။ ထုတ်ကုန်တွေ မလဲလှယ်ဘဲ အသက်တွေပဲ လဲလို့ မရဘူးလေ! ဆိုင်က ဒေဝါလီခံသွားလိမ့်မယ်ဗျ! ကျေးဇူးပြုပြီး ကျွန်တော့်လို ဈေးသည်လေးကို ထည့်စဉ်းစားပေးပါဦး!"
"ဆူညံနေတာပဲ!"
ရှချန်းချန်း သည် တက်ဘလက်ကို စားပွဲပေါ်သို့ ပြင်းပြင်းထန်ထန် ပစ်ချလိုက်ပြီး နားကို ပွတ်လိုက်ကာ "ယုံယုံ မယုံယုံ ငါတော့ နင့်ကို ဘမ်းပြီ!"
စနစ်သည် တုန်လှုပ်သွားပြီး တိုးတိုးလေး ပြောလိုက်သည်။ "......Host၊ ကျွန်တော် ဒီအလုပ်လေးနဲ့ပဲ ပိုက်ဆံရှာပြီး အသက်မွေးဝမ်းကျောင်း ပြုနေတာ မိန်းမအတွက်လည်း စုဆောင်းရဦးမှာဗျ… ကူညီပါဦးနော်…"
"မင်း အများဆုံး ဘယ်လောက်ထိ လျှော့စျေးပေးနိုင်လဲဆိုတာ တိုက်ရိုက်ပြော၊ ဝေ့လည်ကြောင်ပတ် လုပ်မနေနဲ့တော့" ရှချန်းချန်း က ပြောသည်။ "မင်းရဲ့ ဦးနှောက်သေးသေးလေးနဲ့ ငါ့ကို လှည့်စားဖို့ဆိုတာ မဖြစ်နိုင်သေးဘူး"
စနစ်သည် ခေတ္တမျှ စဉ်းစားလိုက်ကာ အံကြိတ်ရင်း " ‘ဂုဏ်သတင်း တန်ဖိုးပမာဏကို ကြည့်ရှုခွင့်’က တစ်သန်းကျမယ်၊ တစ်ချိန်တည်းမှာပဲ 'အမည်မသိပုဂ္ဂိုလ်' ရဲ့ ခွင့်ပြုချက်ကို ဖွင့်ပေးမယ် Host၊ 'အမည်မသိပုဂ္ဂိုလ်' ကို ဖွင့်ဖို့ တစ်သန်းလောက်ကုန်ကျတာနော် အဲဒါက ကျွန်တော် မင်းကို ၅၀% လျှော့စျေး ပေးလိုက်တာနဲ့ တူတူပဲ!"
ရှချန်းချန်း သည် ချက်ချင်းပင် စိတ်ဝင်စားသွားခဲ့သည်။ "ဒါဆို ဘယ်သူတွေ ငါ့ကို စိတ်ဝင်စားတယ်ဆိုတာ သိရတော့မှာလား?"
"အွန်း အွန်း အွန်း!" စနစ်သည် သူ၏ခေါင်းကို ကြက်သွန်ဖြူထောင်းသကဲ့သို့ ညိတ်လိုက်သည်။ "တော်တော် တန်နေပြီနော်!"
ရှချန်းချန်း သည် လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။ "ကောင်းပြီ၊ ဒါဆို တစ်ခု ယူလိုက်မယ်!"
‘ဂုဏ်သတင်း တန်ဖိုးပမာဏကို ကြည့်ရှုခွင့်’ ခွင့်ပြုချက်ကို မကြာခင်မှာပင် ရရှိခဲ့သည်။ ရှချန်းချန်း သည် Weibo ကို ဖွင့်လိုက်ရာ သူမ၏ ပရိသတ်များအားလုံးသည် သူမ၏ မျက်လုံးများထဲတွင် နံပါတ်စဉ်များအဖြစ် ရှိနေပြီ ဖြစ်သည်။
ထိုအထဲတွင် ထင်ပေါ်နေသည်မှာ “အတန်းဖော် ကျူ” အမည်ရှိသော အကောင့်တစ်ခု ဖြစ်သည်။
သူ၏ ဂုဏ်သတင်းတန်ဖိုး အဆင့်သည် သာမန်ပရိသတ်များထက် အဆတစ်သိန်း ပိုမြင့်သည်!
ရှချန်းချန်း သည် ထိုနာမည်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
ဝတ္ထုတစ်ပုဒ်လုံးကို ဖတ်ရှုပြီးနောက် မည်သို့သောဇာတ်ကောင်မှာ ထိုသို့ အမည်ကို သုံးမည်ကို သူမ တွေးမရပေ။
အထူးသဖြင့် ဤစိတ်အားထက်သန်သော အင်တာနက်အသုံးပြုသူသည် သူမကိုသာမက အခြားသော အတင်းအဖျင်းအကောင့်များကိုပါ စိတ်ဝင်စားကာ ထိုအကောင့်များအောက်တွင် စိတ်အားထက်သန်စွာ မှတ်ချက်ပေးထားသည်ကို တွေ့လိုက်ရသော်-
အတန်းဖော် ကျူ- [ကျင်ရိဖန် က ကျောင်းသားဇာတ်လမ်းမှာ သရုပ်ဆောင်မှာလား? သူ့သရုပ်ဆောင်မှုက မဆိုးဘူးနော်၊ ကောင်းတယ်! ^-^]
အတန်းဖော် ကျူ - [ကျောက်ချင်း နဲ့ ကျန်းစုန့် တို့ ပြတ်သွားပြီလား? ငါ့ရဲ့ CP ပြိုလဲပါပြီ… [ပုံ- ကြမ်းတမ်းတဲ့ ယောက်ျားငိုနေပုံ.jpg]
အတန်းဖော် ကျူ - [ပိုင်ရွှီချန်းမှာ ကလေးရှိတယ်လား? နောက်ဆုံးတစ်ခေါက်တုန်းက သူ့ကိုယ်သူ တစ်ကိုယ်တည်းသမားလို့ ပြောထားတာကို! လူလိမ်! 凸(艹皿艹)]
ရှချန်းချန်း: ???
ရှချန်းချန်း သည် တိတ်ဆိတ်သွားခဲ့သည်။
ဤကဲ့သို့ ဖရဲသီး ကြိုက်ကာ emoji များ သုံးရသည်ကို ကြိုက်သော ဇာတ်ကောင်မှာ မည်သူနည်း?
"Host၊ ဒီ 'အမည်မသိပုဂ္ဂိုလ်' ရဲ့ ခွင့်ပြုချက်ကို ဒီလူပေါ်မှာ သုံးတော့မှာလား?" စနစ်က သတိပေးလိုက်သည်။ "မင်း သေချာစဉ်းစားရမယ်နော်! နောက်ဆုံး မင်းကိုယ်တိုင် ဒီအခွင့်အရေးကို သွားဝယ်ရင် တစ်သန်း ကုန်ကျမှာ!"
ရှချန်းချန်း တွန့်ဆုတ်နေခဲ့သည်။
မူလတွင် သူမထင်ထားသည်မှာ -ဂုဏ်သတင်းတန်ဖိုး အဆတစ်သိန်း ပရိသတ်မှာ အနည်းဆုံး ရှယုံဒယ် ကဲ့သို့သော ထိပ်တန်းလူမျိုးမျှသာ ဖြစ်နိုင်မည်ဟူ၍ပင်။
သို့သော် ယခုအခါ သူမ၏ စိတ်ထဲတွင် သံသယများ များပြားနေပြီ ဖြစ်သည်။ ဝတ္ထုထဲတွင် နာမည်ပါခဲ့သူ မည်သူမဆို ဤမြင့်မားလှသော ဂုဏ်သတင်းတန်ဖိုး အဆင့်ကို ရရှိနိုင်သည်ဟု သူမ စတင်ယုံကြည်လာနေပြီ ဖြစ်သည်။
"မထူးတော့ပါဘူး၊ လူတိုင်း ဒီလောက် ဂုဏ်သတင်းတန်ဖိုး ရှိတယ်ဆိုရင် ငါ နောက်ပိုင်း 'သော့ဖွင့်' တာ မလုပ်တော့ဘူးပေါ့" ရှချန်းချန်း ဆုံးဖြတ်လိုက်သည်။ "စနစ်၊ ဖွင့်လိုက် ဒီနတ်ဆိုးက ဘယ်သူလဲဆိုတာ ငါ ကြည့်ချင်တယ်"
"လက်ခံရရှိပါပြီ! 'အမည်မသိပုဂ္ဂိုလ်' ကို ချက်ချင်း 'သော့ဖွင့်' လိုက်ပါပြီ!"
မကြာခင်မှာပင် "အတန်းဖော် ကျူ" ၏ အကောင့်ဘေးတွင် ရှချန်းချန်း အလွန်ရင်းနှီးသော အမည်တစ်ခု ပေါ်လာခဲ့သည်။
— ရှဲ့ကျစ်ရှင်း။
ရှချန်းချန်း: "……?”