← Chapters

အခန်း (၁၉)

Vol. 2 Ch. 19

အခန်း (၁၉)

Vol. 2 Ch. 19

ညဘက်တွင် ဗီလာရှိ ပန်းခြံသည် အလွန်တိတ်ဆိတ်နေသည်။

အန်တီလျူသည် ဧည့်ခန်းမထဲတွင် ညကောင်းကင်ပေါ်ရှိလကို ကြည့်ရင်းနှင့် နက်ရှိုင်းစွာ သက်ပြင်းချလိုက်သည်။

ဒီညတွင် ခင်ပွန်းသည် အိမ်မှာမရှိ ၊မထင်မှတ်ဘဲ ဇနီးသည်လည်း ပြန်မလာသေးပေ။ အိမ်တွင် ကွမ်ကျုံး နှင့် ယောက်ကျူ သာ ကျန်ရစ်ခဲ့သည်။

အန်တီလျူသည် စားပွဲပေါ်တွင် ညစာစားနေသော ကွမ်ကျုံး နှင့် ယောက်ကျူ ကို လှမ်းကြည့်လိုက်သည်။ ကွမ်ကျုံးသည် ဆာလောင်ပုံမပြပဲ ဖြည်းဖြည်းချင်း စားနေသည်။ရံဖန်ရံခါ သူ့ခြေထောက်များကို ပြန်လျက်နေသည်။

ယောက်ကျူမှာမူ အလွန်စိတ်လှုပ်ရှားနေပြီး သူ၏ခေါင်းကို အစာခွက်ထဲသို့ နှစ်ထားကာ တင်ပါးကို အမြင့်ကြီးမော့ထားပြီး ပါးစပ်ကို အလျင်အမြန် လှုပ်ရှားနေသည်။ နှေးပါက ခွက်ထဲရှိ ခွေးစာများ ကုန်သွားမည်ကို ကြောက်နေသကဲ့သို့ဖြစ်နေသည်။

ဤကဲ့သို့သော ကြီးမားသည့် ဗီလာတစ်လုံးတွင် အစေခံများမှလွဲ၍ ကြောင်တစ်ကောင်နှင့် ခွေးတစ်ကောင်သာ ရှိသည်။

အန်တီလျူသည် တစ်ခါတစ်ရံတွင် အင်တာနက်သုံးလေ့ရှိသည်။ နိုင်ငံခြားရှိ ချမ်းသာသောမိသားစုများသည် သူတို့၏ အိမ်မွေးတိရစ္ဆာန်များအတွက် ဗီလာကြီးများ ဝယ်ယူပြီး အစေခံများစွာဖြင့် ပြုစုစောင့်ရှောက်လေ့ရှိကြောင်း သူ(မ)သိသည်။

ဗီလာတွင် လူဦးရေဆယ်ကျော်ရှိပြီး အားလုံးသည် သူတို့၏ အိမ်မွေးတိရစ္ဆာန်များကို မွေးထားကြသည်။ အန်တီလျူသည် သူ(မ)၏အနာဂတ်သည်လည်း ထိုကဲ့သို့ဖြစ်လာမည်ဟု မကြာခဏ ခံစားမိသည်။

ရုတ်တရက် တံခါးအပြင်ဘက်တွင် ဘရိတ်အသံမြည်လာသည်။ အန်တီလျူသည် သူ(မ)၏အဝတ်အစားများကို ပြင်ဆင်ကာ ရိုသေစွာဖြင့် တံခါးဘက်သို့ လျှောက်သွားလိုက်သည်။

သူ(မ)၏မျက်လုံးများတွင် တောက်ပနေပြီး အလွန်နိုးကြားနေသည်။

ကောင်းပြီ။ သူ(မ)သည် ကြောင်နှင့်ခွေးများကို အစာကျွေးဖို့အတွက် အစေခံမဖြစ်တော့ဘူး။

ရှဲ့ကျစ်ရှင်းသည် ဧည့်ခန်းမထဲသို့ ဝင်လာပြီး သူ၏အင်္ကျီကို အန်တီလျူထံသို့ လှမ်းပေးလိုက်သည်။

"မဒမ်က ဘယ်မှာလဲ ၊ပြန်မလာသေးဘူးလား"

အန်တီလျူသည် ရှဲ့ကျစ်ရှင်းနှင့် ရှချန်းချန်းတို့၏ စာချုပ်လက်ထပ်မှုကို မသိရှိသောကြောင့် သူ(မ)၏ရှေ့တွင် ရှဲ့ကျစ်ရှင်းသည် ရှချန်းချန်းကို "မဒမ်" ဟုပင် ခေါ်ဆိုလေ့ရှိသည်။

အန်တီလျူသည် ရှဲ့ကျစ်ရှင်း၏အင်္ကျီကို ပြုံးရင်းဖြင့် ခေါက်လိုက်ပြီး သူ(မ)၏နောက်ရှိ အစေခံမိန်းကလေးထံသို့ လှမ်းပေးလိုက်သည်။

"ဟုတ်ကဲ့ မာစတာ ၊ အိမ်မှာ သခင်လေးနဲ့ သခင်မလေးပဲ ရှိပါတယ်”

ရှဲ့ကျစ်ရှင်း အံ့ဩသွားပြီး "သခင်မလေး ၊ သခင်လေး"

အန်တီလျူသည် ညစာစားနေသော ကွမ်ကျုံးနှင့် ယောက်ကျူကို ကောက်ယူလိုက်ကာ

"မာစတာ ရှဲ့ကျစ်ရှင်း ကွမ်ကျုံးနဲ့ ယောက်ကျူတို့ကိုပြောတာပါ”

ကွမ်ကျိုး သည် နည်းနည်းရှုပ်ထွေးနေပြီး သူ၏ကျယ်ပြန့်သောမျက်လုံးများတွင် ကြီးမားသော ရှုပ်ထွေးမှုများဖြင့်ပြည့်နေပြီး ခြေထောက်တိုတို‌လေများကို လေထဲတွင် လှုပ်ရှားကာ မှီခိုရာတစ်ခုကို ရှာဖွေနေသည်။ယောက်ကျူ မှာမူ သူ၏ပါးစပ်ထဲတွင် အသားတစ်တုံးကျန်နေပြီး ကောက်ယူခံရသည့်တိုင် ဝါးဖို့ မမေ့သေးပေ။

ရှဲ့ကျစ်ရှင်းသည် ကွမ်ကျုံးနှင့်ယောက်ကျူ တို့ကို ကြည့်ရင်း တိတ်ဆိတ်နေလိုက်သည်။

ဖခင်၏ မျိုးရိုးနာမည်ကို ပေးရန်မလိုအပ်ပါ။

နောက်ထပ် ဘရိတ်အသံတစ်ခု အပြင်ဘက်မှ ထပ်မံကြားလိုက်ရသည်။

ဘန်ထလီကားသည် ဗီလာ၏တံခါးဝတွင် ရပ်လိုက်သည်။ရှချန်းချန်းသည် ဝှက်ထားသော ကင်မရာပစ္စည်းများနှင့်အတူ ဧည့်ခန်းမထဲသို့ ဝင်လာပြီး စာကြည့်ခန်းသို့ ပြန်သွားရန် ပြင်ဆင်နေသော ရှဲ့ကျစ်ရှင်းနှင့် ရင်ဆိုင်တွေ့လိုက်ရသည်။

ရှဲ့ကျစ်ရှင်း သည် ရှချန်းချန်းကို ကြည့်နေပြီး ရှချန်းချန်းလည်း သူ့ကို ပြန်ကြည့်လိုက်သည်။

ရှချန်းချန်း- ???

သူဘာလို့ ငါ့ကိုကြည့်နေတာလဲ၊ ငါ ပုံမှန်အဝတ်အစားတွေ ပြန်မလဲရသေးဘူးလား။

ချက်ချင်းပင် ရှချန်းချန်းသည် ရှဲ့ကျစ်ရှင်းသည် သူ(မ)၏နောက်ကျောပေါ်ရှိ ကင်မရာကို ကြည့်နေသည်ကို သတိထားမိလိုက်သည်။

ရှဲ့ကျစ်ရှင်းသည် လူကြိုက်များသော ပရိသတ်ကြီးရှိသည့် သရုပ်ဆောင်တစ်ဦးဖြစ်သည်။ ကင်မရာကို မြင်လျှင် မကြာခဏ ဖျော်ဖြေရေးသတင်းထောက်များ သို့မဟုတ် လူငယ်မဂ္ဂဇင်းဓာတ်ပုံဆရာများကို စဉ်းစားမိသည်။

"မင်း ဖော်ထုတ်ခံရတော့မယ်!" စနစ်က ဝမ်းသာအားရဖြင့် ပြောလိုက်သည်။

"ကင်မရာ"

ရှချန်းချန်း၏မျက်နှာတွင် ထိတ်လန့်မှုကိုမပြပဲ မည်သည့်အရာမှ မဖြစ်သကဲ့သို့ အေးဆေးစွာဖြင့် ရှင်းပြလိုက်သည်။

"ကွမ်ကျုံးနဲ့ယောက်ကျူတို့ကို ဓာတ်ပုံ ရိုက်ဖို့ ဝယ်ထားတာ"

ပြောရင်းနှင့် ရှချန်းချန်းသည် ကင်မရာကို မြှောက်ကာ စားပွဲပေါ်တွင် ညစာကို မြိန်ရေရှက်ရေ စားနေသော ကွမ်ကျုံးနှင့် ယောက်ကျူတို့၏ ဓာတ်ပုံများကို ရိုက်ယူလိုက်ပြီး ရှဲ့ကျစ်ရှင်းထံသို့ ယူသွားကာ သူ့ကိုပြလိုက်သည်။

"ဟန်နီရေ ကြည့်ပါဦး ၊ ဘယ်ဓာတ်ပုံက လှတယ်လို့ ထင်လဲ!"

ရှဲ့ကျစ်ရှင်း "......"

အရင်က ဖုန်းထဲမှာ ပုံမှန်အတိုင်းပဲ သရုပ်ဆောင်နေပေမယ့် အိမ်ပြန်ရောက်တာနဲ့ ပြန်စနေပြီလား။

ရှဲ့ကျစ်ရှင်းသည် ဤအရာများကို အစကတည်းက စိတ်ဝင်စားမှုမရှိသော်လည်း ရှချန်းချန်း၏ ဓာတ်ပုံများကို လှမ်းကြည့်လိုက်သည်။ ရှချန်းချန်းသည် ဓာတ်ပုံရိုက်ရာတွင် အလွန်ကျွမ်းကျင်သည့်သူဟု ပြောရမည်။ ဓာတ်ပုံများကို ရိုးရိုးရှင်းရှင်းရိုက်ထားသော်လည်း ဖွဲ့စည်းပုံ၊ ဘောင်နှင့် ထောင့်များသည် လွန်စွာပြည့်စုံနေသည်။

ရှဲ့ကျစ်ရှင်းသည် ဓာတ်ပုံကို ရွေးချယ်ရန် ခလုတ်ကို နှိပ်လိုက်သည်။

စနစ်၏ နှလုံးခုန်သံသည် ရုတ်တရက် မြင့်တက်သွားသည်။

ရှချန်းချန်းသည် ဓာတ်ပုံသုံးပုံသာ ရိုက်ထားပြီး သူရှေ့သို့ လှန်လျှင် ယခင်က ပလက်တီနမ်ဟိုတယ်တွင် ရိုက်ထားသော ဓာတ်ပုံများ ထွက်လာလိမ့်မည်။

ကံကောင်းစွာဖြင့် သုံးကြိမ်နှိပ်ပြီးနောက် ရှဲ့ကျစ်ရှင်းသည် သူ၏လက်ကို ပြန်ဆုတ်လိုက်သည်။

"ပထမတစ်ပုံ”

"တကယ်လား" ရှချန်းချန်းက ပြုံးလိုက်ပြီး

"ကျွန်မလည်း ဒီလိုပဲထင်တယ် ၊ကျွန်မတို့က တကယ့်ကို လင်မယားဆိုတဲ့အတိုင်း ဒီလောက်တောင်အကြိုက်တူတာနော်"

အန်တီလျူက ဒီမြင်ကွင်းကိုမြင်တော့ နှုတ်ခမ်းထောင့်တွေမြှင့်လိုက်ကာ

လင်မယားနှစ်ယောက် အရမ်းချစ်ကြတာပဲ ၊ဒီအိမ်ကနေ မပြောင်းသွားတော့ဘူးထင်တယ်။ သူ(မ)လည်း ကြောင်ခွေးတွေကိုပဲဂရုစိုက်ရတဲ့ အိမ်တွင်းအစေခံဖြစ်မသွားတော့ဘူးပေါ့ ဟု အားရပါးရ‌တွေးနေသည်။

"မာစတာ ၊ သခင်မလေး ညစာပြင်ဆင်ပေးရမလား” အန်တီလျူက ရိုသေစွာမေးလိုက်သည်။

ရှဲ့ကျစိရှင်းက မဖြေပါ သို့သော် ရှချန်းချန်းရဲ့မျက်လုံးတွေတောက်လာပြီး

"ပုစွန်ဆီပြန်နဲ့ ငါးဖယ်ချဉ်ရှိလား"

အန်တီလျူက ပြုံးပြီး "ရှိပါတယ်"

"ကောင်းပြီ ၊ တစ်မျိုးတစ်ပွဲစီယူလာ”

ရှချန်းချန်းပြောပြီး ကင်မရာကိုဆွဲကာ အိမ်အဝတ်အစားလဲဖို့ ဒုတိယထပ်ကိုပြေးတက်သွားသည်။။

ရှဲ့ကျစ်ရှင်းက ရှချန်းချန်းရဲ့နောက်ကျောကို ကြည့်နေပြီးရှချန်းချန်းက တကယ်ပဲ မတူဘူး။အရင်တုန်းက ကြောင်ခွေးတွေရဲ့ဓာတ်ပုံတွေ ဒါမှမဟုတ် ပုစွန်ဆီပြန်ကို ဒီလောက်ဂရုစိုက်ဖူးသလား။

ရှဲ့ကျစ်ရှင်းက ရှချန်းချန်းအကြောင်း နက်နက်နဲနဲမမှတ်မိပေမယ့် အခုရှချန်းချန်းနဲ့ အရင်ရှချန်းချန်းကို တွဲမြင်လို့မရခဲ့ချေ။

အရင်က ရှချန်းချန်းနဲ့အတူမနေခဲ့လို့ သူ(မ)ရဲ့ပုံစံအစစ်အမှန်ကို မသိခဲ့တာများလား။

နာရီဝက်အကြာမှာ ရှချန်းချန်းနဲ့ ရှဲ့ကျစ်ရှင်းတို့ ဧည့်ခန်းသို့ပြန်ရောက်လာပြီး စားပွဲတစ်ဖက်တစ်ချက်စီမှာ ထိုင်နေကြသည်။ ပုစွန်ဆီပြန်နဲ့ ငါးဖယ်ချဉ်တွေအပြင် ကျန်းမာရေးနဲ့ညီတဲ့ ဆလပ်သုပ်လည်းရှိသည်။

ဆလပ်သုပ်သည် ရှဲ့ကျစ်ရှင်း၏ဟာ ဖြစ်ပြီး ရရှချန်းချန်းကတော့ ငါးဖယ်နဲ့ပုစွန်ကို ပျော်ပျော်ကြီးစားနေသည်။

ရှချန်းချန်းက ဆလပ်သုပ်ကိုကြည့်ပြီး အရသာမရှိဘူးထင်လို့ သူ့ဆီကြည့်တာရပ်လိုက်ပြီး iPad အသစ်နဲ့ ဇာတ်လမ်းတွဲကြည့်ရင်း တိတ်တိတ်လေးစားနေတယ်။

ရှဲ့ကျစ်ရှင်းကလည်း တိတ်ဆိတ်စွာပဲစားနေပြီး တစ်ခြားစကားလုံးမှမပြောခဲ့ချေ။

ရှချန်းချန်းက အခုခေတ်စားနေတဲ့ ကျောင်းဇာတ်လမ်းတွဲ "Sweet Time Between You and Me" ကိုကြည့်နေသည်။ ဇာတ်ဆောင်က ကျင်းရိဖန်ဖြစ်ပြ အခုနာမည်ကြီးနေတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်သည်။သူသည် ကိုယ်ခံပညာပြဇာတ်တွင် ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ခြင်းကြောင့် နာမည်ကြီးလာခဲ့သည်။ဒီစီးရီးသည် သူ၏ဒုတိယဇာတ်လမ်းတွဲလည်းဖြစ်သည်။

ဇာတ်လမ်းတွဲကြည့်ရင်း ရှချန်းချန်းသည် ရှဲ့ကျစ်ရှင်းကိုလှမ်းကြည့်မိသည်။

အရင်က အတန်းဖော် ကျိုး ၏ အွန်လိုင်းမက်ဆေ့ချ်ကို မှတ်မိနေသေးသည်။

[ကျင်းရိဖန် ကျောင်းဇာတ်လမ်းတွဲမှာပါမယ်ဆိုတာဟုတ်လား ၊ သူသရုပ်ဆောင်တာ ကောင်းတယ်! ^-^]

ရှချန်းချန်းက လည်ချောင်းရှင်းလိုက်ပြီး၊

"ယောက်ျားရေ ၊ "Sweet Time Between You and Me" ဇာတ်လမ်းတွဲကြည့်ဖူးလား”

ရှဲ့ကျင့်ရှင်းက ခဏရပ်ပြီး ရှချန်းချန်းကို စိတ်ရှုပ်ထွေးစွာမော့ကြည့်လိုက်ရင်း

"ကြည့်ဖူးတယ်လေ"

ရှချန်းချန်းရဲ့မျက်လုံးတွေတောက်လာပြီး စိတ်လှုပ်ရှားစွာ

"ဒါဆို ကျင်းရိဖန် ကိုကြိုက်လား ၊သူ့သရုပ်ဆောင်တာကို ဘယ်လိုထင်လဲ”

"သိပ်မကောင်းဘူး”

ရှီးကျင့်ရှင်းက

“ရှင်းရှင်းပြောရရင် Idol drama တွေနဲ့ပဲ လိုက်တယ်"

"တကယ်လား…" ရှချန်းချန်းက အသံဆွဲပြီးပြောလိုက်သည်။

"ဒါပေမယ့် ကျွန်မကတော့ သူသရုပ်ဆောင်တာ အရမ်းကောင်းတယ်လို့ ထင်တယ်၊ ပြီးတော့ ဧည့်သည်တော် TV King ကျန်းဆန်က အရင်တုန်းက လျိုနင်း နဲ့ကွဲသွားတယ်ဆိုတော့ ကျွန်မ CP ပျက်သွားတာ ဝမ်းနည်းစရာပဲ ၊ ပြီးတော့ OST ဆိုတဲ့ ပိုင်ရှုချန်း လူပျိုလို့ထင်ရပေမယ့် သားရှိနေပြီတဲ့ ၊ ဒါကတော့ မျှော်လင့်ထားပြီးသား”

ရှဲ့ကျစ်ရှင်းသည် ရှချန်းချန်း ပြောနေသည်များကို နားထောင်နေပေမယ့် မျက်နှာတွင် ဘာအမူအယာမှ မပြပေ။သူဆလပ်ကို ပုံမှန်စားပြီး ပါးစပ်ကိုလက်သုတ်ပဝါနှင့် သပ်သပ်ရပ်ရပ်သုတ်လိုက်သည်။

"မင်းက အွန်လိုင်းက အတင်းအဖျင်းတွေဖတ်ရတာကြိုက်တာလား"

"ရှင်ရော မကြိုက်ဘူးလား” ရှချန်းချန်းက ပြန်ပြုံးပြီး

“ဖရဲသီးကြိုက်တာက လူ့သဘာဝပဲ"

"စိတ်မဝင်စားဘူး၊ မင်းအေးဆေးစားနော်" ပြောပြီးသည်နှင့် ရှဲ့ကျစ်ရှင်း ထသွားလေသည်။

ရှချန်းချန်းက ရှဲ့ကျစ်ရှင်း၏နောက်ကျောကိုကြည့်ပြီးမကျေမနပ်ဖြင့် နှုတ်ခမ်းစူလိုက်တယ်။

"Hostရေ ရှဲ့ကျစ်ရှင်းက တကယ်ကောင်းတယ် ၊ သူဖရဲသီးစားရတာ လုံးဝမကြိုက်ဘူး”

စနစ်က မောက်မာစွာဖြင့်

"ဒါကြောင့် သူက အကောင်းဆုံးသရုပ်ဆောင်ပါလို့ ၊ မင်း သူ့ကိုဘယ်လိုဖမ်းမလဲ ၊ မင်းရဲ့သရုပ်ဆောင်စွမ်းရည်က ငါ့လိုလွယ်တဲ့သူတွေကိုပဲလှည့်ဖြားနိုင်တာ”

ရှချန်းချန်း - "..."

ဒီလိုအရာမျိုးအတွက် ဒီလောက်အပင်ပန်းခံစရာမလိုပါ။

"အဆင်ပြေပါတယ်၊ အချိန်ရှိသေးတယ်"

ရှချန်းချန်းက ပုစွန်ဆီပြန်ကိုဇွတ်စားရင်း ပြောလိုက်သည်။

"ငါသူ့ရဲ့အားနည်းချက်ကို တစ်နေ့တော့ရှာတွေ့မှာပါ"

အင်တာနက်ပေါ်မှာဖြင့် အခြားကမ္ဘာတစ်ခုကဲ့သို့ဖြစ်သည်။

" ရှန်းကျွယ်" ရဲ့ ပထမ၊ ဒုတိယနဲ့ တတိယ အမျိုးသမီးဇာတ်ဆောင်တွေကို ရွေးချယ်ပြီးသွားပြီဆိုတာ အွန်လိုင်းသုံးသူတွေ မသိကြသေးချေ။ယဲ့ရှီဝမ် ရဲ့ပရိသတ်တွေက ရှန်းကျွယ် ရဲ့ တရားဝင် Weibo စာမျက်နှာကို သွားပြီး ဇာတ်ကောင်ရဲ့ အပြီးသတ်မိတ်ဆက်ပုံများကို မြင်ချင်သည်ဟု တောင်းဆိုနေကြဆဲဖြစ်သည်။

[ဝမ်ဝမ် နဲ့ ယုစူစူ တို့က တကယ့်ကို လိုက်ဖက်တယ် ၊ငါတကယ်မျှော်လင့်နေတာ]

[ ရိုက်ကူးမှုနောက်ကွယ်တွေမှာ မြင်ခဲ့ရတာက ဒါရိုက်တာ ချန်း က ဝမ်ဝမ် ကို ဝင်ခွင့် ဖြေဖို့ အကြံပေးခဲ့တာ ၊ ဒါရိုက်တာ ချန် ရဲ့ အမြင်က တကယ့်ကို ကောင်းတယ်!]

[ငါတို့ ဝမ်ဝမ် က ယဉ်‌ကျေးပါတယ်၊ လူတိုင်းက သူ့ကိုကြိုက်တယ် ၊ ဒါကြောင့်မို့လို့ သူ့ကို ဇာတ်ကောင်တွေ မိတ်ဆက်ပေးတာ ၊ဝမ်ဝမ် ကိုယ်တိုင်လည်း စွမ်းဆောင်ရည်ရှိပြီး ဝင်ခွင့် တစ်ကြိမ်တည်းနဲ့ ဇာတ်ကောင်ရသွားတယ်]

[ယဲ့ရှီဝမ် ရဲ့ လုပ်ဆောင်မှုက တကယ့်ကို တည်ငြိမ်တယ်။ " ရှန်ကျွယ် " ပြီးရင် သူက ထိပ်တန်း လူကြိုက်အများဆုံး အမျိုးသမီးသရုပ်ဆောင် ပထမ ဖြစ်မှာပါ]

[တကယ့်ကို ပထမ ပါ! ယဲ့ရှီဝမ် က TV ဇာတ်လမ်းတွေမှာ သရုပ်ဆောင်မှုကောင်းခဲ့တယ်။ အခု လူကြိုက်များတဲ့ ရုပ်ရှင်တွေလည်း ရှိလာပြီ၊ သူ့ရဲ့အဆင့်အတန်းလည်း တက်လာတယ်၊ လူကြိုက်များမှုလည်း မနည်းဘူး။ ဖျော်ဖြေရေး လောကထဲက အခြားလူငယ်အမျိုးသမီးသရုပ်ဆောင်တွေကို အားလုံးကို ကျော်လွန်သွားပြီ!]

...

ယဲ့ရှီဝမ် က မှတ်ချက်တွေကို ကြည့်နေပေမယ့် အရင်လိုတော့ ပျော်မနေတော့ချေ။

" ထိပ်တန်း လူကြိုက်အများဆုံး ပထမ ဖြစ်မယ်" ဆိုသည့် သတင်းကို သူ့ရဲ့ စတူဒီယို က ဝယ်ခဲ့ခြင်းဖြစ်သည်။ ယခင်က အဆင့်မြင့် ဇိမ်ခံဘရန်း D က ယဲ့ရှီဝမ် ကို ကြော်ငြာသူအဖြစ် ရွေးချင်ခဲ့ပေမယ့် သူသည် ရုပ်ရှင်လောကတွင် တကယ့်အောင်မြင်မှု မရှိသေးသောကြောင့်တုံ့ဆိုင်းခဲ့ကြသည်။

ယဲ့ရှီဝမ် က ဒီသတင်းကို အရင်ထုတ်ပြန်လိုက်တာက ဇိမ်ခံဘရန်း D ကို သတင်းပို့ချင်သောကြောင့်ဖြစ်သည်။ အကယ်၍ သူတို့က သူနှင့်အရင်ပူးပေါင်းပြီး ပြောရေးဆိုခွင့်ရှိသူ အဖြစ် ရွေးချယ်မယ်ဆိုရင် သူက အနာဂတ်တွင် ထိပ်တန်းအဆင့် ဖြစ်လာမည်ဖြစ်ပြီး ဤလုပ်ဆောင်မှုက သူတို့အတွက် မရှုံးနိမ့်ဘူးဆိုတာ သိစေချင်‌သောကြောင့်ဖြစ်သည်။

သို့သော် ယခု ဇာတ်ကောင်ပါ ဆုံးရှုံးသွားပြီဖြစ်သည်။

ယဲ့ရှိဝမ် က လက်မခံနိုင်‌ပေ။

သူက ပြန်လည်မွေးဖွားလာသူပါ။ ဝတ္ထုထဲမှာဆိုရင် သူက အဓိကဇာတ်ဆောင်အဆင့်ဖြစ်သည်။! ဇာတ်ကောင်ဆုံးရှုံးတာ သည်းခံနိုင်သေး‌သော်လည်း အဆင့်မြင့် ဇိမ်ခံဘရန်း D ရဲ့ ကြော်ငြာသူအခွင့်အရေးပါ ဆုံးရှုံးရမည်ကို မည်သို့မျှလက်ခံနိုင်ပေ။!

ဘယ်လိုအခြေအနေမျိုးဖြစ်ဖြစ် သူက ပြန်လည်အောင်မြင်အောင် ကြိုးစားရမည်။

ကံကောင်းတာက ရှချန်းချန်းအား မုန်းတီးသူပရိတ်တွေ အင်တာနက်ပေါ်တွင် အများကြီးရှိနေသေးသည်။ ယဲ့ရှိဝမ် က " ရှန်းကျွယ် " ရဲ့ အဖွဲ့က သူ့ကို ဘာကြောင့် ထုတ်ပယ်လိုက်သည်ဆိုသည့် အကြောင်းရင်းကို ထုတ်ဖော်မပြောခင်မှာ အရှုံးကို အသုံးချပြီး ပရိသတ်တွေရဲ့ စာနာမှုကို ရယူဖို့ စီစဉ်နေခဲ့သည်။

ယဲ့ရှီဝမ် က စဉ်းစားပြီး မားကပ်တင်းအကောင့် တွေနဲ့ ဆက်သွယ်ကာ Weibo တွင် စာလုံးရေ တစ်ထောင်ကျော်သော ပို့စ်တစ်ခုကို ရေးသားလိုက်သည်။

ပို့စ်ထဲမှာ " ရှန်းကျွယ် မှာ ပါဝင်ခွင့်မရတော့တဲ့အတွက် ဝမ်းနည်းကြောင်း၊ ဒါရိုက်တာကျိုးနှင့် ဒါရိုက်တာချန်း တို့ရဲ့ ချီးကျူးမှုကိုခံခဲ့ရပေမယ့် ရှန်းကျွယ် ရဲ့ ထုတ်လုပ်သူ အသစ်က သူ့အကြိုက်မဟုတ်တော့လို့ ထုတ်ပယ်ခံလိုက်ရသည်ဟု ဖော်ပြလိုက်သည်။ ယဲ့ရှီဝမ် က မိတ်ကပ်ဓာတ်ပုံ အကြောင်း အသေးစိတ်မဖော်ပြဘဲ ဒီအရှုံးနဲ့ပတ်သက်ပြီး ဘယ်သူ့ကိုမှ အပြစ်မတင်ကြောင်း၊ ယခုထုတ်ပယ်ခံရခြင်းနှင့် အစားထိုးခြင်းတွင် ပုဂ္ဂိုလ်ရေးအရမုန်းတီမှုမရှိကြောင်းနှင့် သူ(မ)၏သရုပ်ဆောင်စွမ်းရည်ကို ဆက်လက်လေ့လာသင်ယူပြီး မြှင့်တင်သွားမယ်လို့ ထပ်လောင်းဖော်ပြထားသည်။

ပရိသတ်တွေက အရမ်းဒေါသထွက်နေကြသည်။ "ဇာတ်ကောင်ကို တရားဝင်ကြေညာပြီးသားနဲ့ ဘာလို့ အစားထိုးခံရတာလဲ!"

ပရိသတ်များက အချက်အလက်တွေကို မြန်မြန်ဆန်ဆန် ရှာဖွေတွေ့ရှိသွားကြသည်။

[ဝမ်ဝမ် က ဝင်ခွင့် မှာ အရမ်းကောင်းခဲ့တယ်လို့ ပြောထားပြီး ခေါင်းဆောင်ထုတ်လုပ်သူ ပြောင်းပြီးနောက် အစားထိုးခံလိုက်ရတယ်။ ဒါဆို ခေါင်းဆောင်ထုတ်လုပ်သူ က အစားထိုးလိုက်တာလား?]

[ခေါင်းဆောင်ထုတ်လုပ်သူ က သူ့သူငယ်ချင်းကို ထည့်လိုက်တာလား?! တရုတ် ဖျော်ဖြေရေး လောကက ဒီလိုပဲ၊ ဆွေမျိုးတွေချည်းပဲ၊ တကယ့်စွမ်းရည်ရှိသူတွေကို အခွင့်အလမ်းမပေးဘူး!]

[ထျန်းရှန် က "ရှန်းကျွယ်" ရဲ့ ရင်းနှီးမြှုပ်နှံသူ မဟုတ်လား၊ ထျန်းရှန် ကို ဒီလိုလုပ်ခွင့်ဘာလို့ပေးတာလဲ!]

[Chief Producer အသစ်က ဘယ်သူလဲဆိုတာ ဘယ်သူမှ မသိဘူးလား၊ ထျန်းရှန် မှာ အလုပ်လုပ်တဲ့ သူငယ်ချင်းတစ်ယောက်ကို မေးကြည့်တော့... အိုး... ရှချန်းချန်း ပါလားကွာ!]

[အပေါ်က ပြောတာက ဘယ်နိုင်ငံတကာပြက်လုံးလဲ?]

[ရှချန်းချန်း က သူ့မိသားစုဆက်ဆံရေးကို အသုံးချပြီး ဒုတိယအမျိုးသမီးဇာတ်ဆောင် ကို အတင်းရယူခဲ့တယ်၊ အခု ထုတ်လုပ်ရေး အဖွဲ့ရဲ့ အလုပ်တွေကိုပါ ဝင်စွက်ဖက်နေပြီလား ၊" ရှန်းကျွယ် " လို ကောင်းတဲ့ IP ကို ဖျက်ဆီးနေတယ်!]

[ရှချန်းချန်း က ဖျော်ဖြေရေး လောကကနေ ထွက်သွားပါ့လား၊ ဒီမိန်းမက တကယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စရာပဲ!]

...

ယဲ့ရှီဝမ် " ရှန်းကျွယ် " ကနေ အစားထိုးခံလိုက်ရတဲ့အကြောင်း ဆိုတဲ့ ဟက်ရှ်တက်ခ် တွေက ထရန်း ဖြစ်နေပြီး ရှချန်းချန်း လည်း ထရန်း ဖြစ်လို့နေသည်။

Trend ဖြစ်နေသော အကြောင်းအရာများတွင် ပရိသတ်များသည် ယဲ့ရှီဝမ် အား သနားကြင်နာကာ ရှချန်းချန်း ကို ဝေဖန်နေကြသည်။

မူလက ယဲ့ရှီဝမ် ၏ ပရိသတ်အများစုမှာ ယဲ့ရှီဝမ် နှင့် ဟန်ကျာလင်း တို့၏ CP ပရိသတ်များဖြစ်ပြီး ရှချန်းချန်း သည် သူတို့၏ ဆက်ဆံရေးကို နှောင့်ယှက်ခဲ့သည့် မသမာသော အမျိုးသမီးတစ်ဦးဟု အမြဲယူဆခဲ့ကြသည်။ယခုတွင် သူတို့ချစ်မြတ်နိုးရသည့် သရုပ်ဆောင်က ရှချန်းချန်း ကြောင့် အစားထိုးခံလိုက်ရသည်ဟု မြင်သောအခါ ဤအမျိုးသမီးသည် ရက်စက်ယုတ်မာသည့် လူတစ်ဦးဖြစ်သည်ဟု ထင်မြင်လာကြသည်။

မကြာမီ မားကပ်တင်းအကောင့် များကလည်း ယဲ့ရှိဝမ် အား သနားစရာကောင်းသည်ဟု ဖော်ပြသော ဘလော့ဂ်ပို့စ်များကို တစ်ဆက်တည်း တင်လာကြသည်။ ထိုဆောင်းပါးများတွင် " ရှန်းကျွယ်" ၏ ဒါရိုက်တာ လက်ထောက်နှင့် ဖုန်းစကားပြောဆိုမှု မှတ်တမ်းတစ်ခုကိုပါ ထည့်သွင်းထားသည်။

ထိုမှတ်တမ်းတွင် အချို့သော ရင်းနှီးမြှုပ်နှံသူများသည် ဒုတိယ အမျိုးသမီးဇာတ်ဆောင်နှင့် ထုတ်လုပ်သူဖြစ်လိုပြီး ကောင်းမွန်စွာ လုပ်ဆောင်နိုင်စွမ်းမရှိဘဲ ကောင်းမွန်သော ရုပ်ရှင်တစ်ကားကို ဖျက်ဆီးနေသည်ဟု သွယ်ဝိုက်ဖော်ပြထားသည်။

တရုတ်နိုင်ငံ၏ ဖျော်ဖြေရေးအီကိုစစ်စတမ် ကို ထိုကဲ့သို့သော လူများကြောင့် ပျက်စီးနေရသည်ဟု ဆိုထားသည်။

သူက ရှချန်းချန်း ၏ အမည်ကို လုံးဝမဖော်ပြသော်လည်း အွန်လိုင်းသုံးသူများသည် သူ၏ ဆိုလိုရင်းကို နားလည်သွားကြသည်။

တစ်ချိန်တည်းတွင် အွန်လိုင်းသုံးသူအများအပြားသည် ရှချန်းချန်း ၏ Weibo စာမျက်နှာသို့ သွားရောက်ကာ [ရှချန်းချန်း ဖျော်ဖြေရေး လောကမှ ထွက်သွား!] ဟု ရေးသားနေကြသည်။

All Chapters