အခန်း (၂၀)
Vol. 2 Ch. 20
အထူးလက်ထောက်ကျိုးသည် ရှဲ့ကျစ်ရှင်းထံ "ရှန်းကျွယ်" ဇာတ်ကားတွင် ယနေ့ဖြစ်ပျက်ခဲ့သည်များကို အစီရင်ခံနေသည်။
ရှချန်းချန်းမှ ဇာတ်ပို့မင်းသမီးအား အရန်သရုပ်ဆောင်ဖြင့် အစားထိုးခဲ့ခြင်းသည် အင်တာနက်နှင့် ဇာတ်ကားအဖွဲ့အတွင်း အုံကြွမှုတစ်ခုကို ဖြစ်စေခဲ့သော်လည်း ရှဲ့ကျစ်ရှင်း၏ အမြင်တွင် ဤကဲ့သို့သော ဇာတ်ကောင်အပြောင်းအလဲမျိုးသည် အရေးကြီးသည့်ကိစ္စတစ်ခုမဟုတ်ပေ။
ယနေ့ဇာတ်ကားအဖွဲ့တွင် ရှချန်းချန်း၏ အချိန်ဇယားများကို အစီရင်ခံပြီးနောက် အထူးလက်ထောက်ကျိုးသည် ရှဲ့ကျစ်ရှင်းထံ အသံသွင်းဖိုင်တစ်ခုကို ဖွင့်ပြခဲ့သည်။ ထိုအသံသွင်းဖိုင်တွင် ကျိုးရှင်းနန်နှင့် ဇာတ်ညွှန်းရေးဆရာများအကြား ဇာတ်ပို့မင်းသမီးရွေးချယ်ရာတွင် မည်သည့်အပိုင်းကို အသုံးပြုမည်၊ မည်သို့သော သရုပ်ဆောင်၏ သရုပ်ဆောင်စွမ်းရည်နှင့် ဇာတ်ကောင်အပေါ် နားလည်မှုကို ပိုမိုကောင်းမွန်စွာ ဖော်ပြနိုင်မည်ဆိုသည့် အကြောင်းအရာများ ဆွေးနွေးထားသည်ကို တွေ့ရသည်။
"ဒီအသံသွင်းဖိုင်မှာ ကျိုးရှန်းနန်က ဇာတ်ပို့မင်းသမီးရွေးချယ်ရာမှာ သူကြည့်ရှုခဲ့တဲ့ အဓိကအချက်တွေနဲ့ သူ့စိတ်ကူးထဲမှာရှိတဲ့ ယုစူစူဇာတ်ကောင်ကို ဘယ်လို အဓိပ္ပာယ်ဖွင့်ရမယ်ဆိုတာကို ရှဲ့ပြခဲ့ပါတယ်”
အထူးလက်ထောက် ကျိုးက ပြောပြရင်း ကျိုးရှန်းနန်၏ ရွေးချယ်မှုအကဲဖြတ်ရေးဖိုင်ကို စားပွဲပေါ်တင်လိုက်သည်၊
"ချန်းမင်ကျယ်က ဒီအသံသွင်းဖိုင်ကို ယဲ့ရှီဝမ်နား ပေးခဲ့တယ်ထင်တယ်၊ အဲတာကြောင့် ယဲ့ရှီဝမ်က "ရှန်းကျွယ်" ဇာတ်ကားရဲ့ ဇာတ်ပို့မင်းသမီးအဖြစ် အောင်မြင်စွာ ရခဲ့တာဖြစ်မယ်"
"ယဲ့ရှီဝမ် သရုပ်ဆောင်တာက အမှန်တကယ်တော့ သိပ်မဆိုးပါဘူး၊ အကယ်၍ ဒါရိုက်တာ ကျိုးရဲ့ လမ်းညွှန်မှုရမယ်ဆိုရင် ဇာတ်ပို့မင်းသမီးအဖြစ် သရုပ်ဆောင်ဖို့ ပြဿနာမရှိဘူး၊ ဒါပေမဲ့ ဒီနေ့ သူ(မ)က မဒမ် ထုတ်လုပ်ရေးမှူးချုပ်ဖြစ်လာသည့်အချက်နဲ့ ဇာတ်ပို့သရုပ်ဆောင် ရှုရှားယန်ရဲ့ သရုပ်ဆောင်မှုမှာ အမှန်တကယ်ကောင်းနေတဲ့အချက်တွေကြောင့် စိတ်ရှုပ်ထွေးနေပြီး VCRမှာ ဇာတ်ကောင်ရဲ့ သရုပ်ဆောင်မှု ညံ့ဖျင်းနေခဲ့တာဖြစ်မယ်၊ အင်တာနက်ပေါ်က အွန်လိုင်းအသုံးသူတွေက အမှန်တရားကို မသိဘဲ မဒမ့်ကို ဇာတ်ပို့မင်းသမီးအဖြစ်ကနေ အစားထိုးခံရတယ်လို့ ဝေဖန်နေကြပါတယ် ၊ မစ္စတာ ရှဲ့၊ပြည်သူ့ဆက်ဆံရေးဌာနကို ကိုင်တွယ်ခိုင်းဖို့ လိုအပ်ပါသလားခင်ဗျ"
"ဒါပေါ့”
ရှဲ့ကျစ်ရှင်းသည် သူ၏ဖုန်းပေါ်တွင် အွန်လိုင်းအသုံးပြုသူများ၏ ကဲ့ရဲ့ပြစ်တင်မှုများကို ကြည့်ရှုနေစဉ်
"ရှန်းကျွယ်”က ထျန်ရှန်းရဲ့ ဒီနှစ်အတွက် ပထမဆုံး ထုတ်လုပ်မှုဖြစ်တာကြောင့် အမှားအယွင်းဖြစ်လို့မရဘူး”
"ဟုတ်ကဲ့"
လက်ထောက် ကျိုးသည် စာရွက်စာတမ်းများကို စုစည်းပြီး ထွက်ခွာရန် အဆင်သင့်ဖြစ်နေသည်။
"ခဏလေး”
ရှဲ့ကျစ်ရှင်းသည် ရုတ်တရက် ထထိုင်လိုက်သည်။
သူသည် weibo ၏ Hot Search ကို ကြည့်ရှုနေစဉ် "လိမ်လည်မှုဖော်ထုတ်သူ" ဟူသော စကားလုံးတစ်ခု ရုတ်တရက် ပေါ်ထွက်လာပြီး weibo ၏ အhotဆုံးရှာဖွေမှုစာရင်း ထိပ်ဆုံး ၅၀တွင် ဝင်ရောက်လာခဲ့သည်။
ထို့အပြင် အဟော့ဆုံးရှာဖွေမှုသည်ဆက်လက်တိုးတက်နေဆဲဖြစ်သည်။
လိမ်လည်မှုဖော်ထုတ်သူ မှ ဗီဒီယိုတစ်ခုကို ထုတ်ပြန်ခဲ့ပြီး ထိုဗီဒီယိုအကြောင်းအရာမှာ ဘိုလီ ဟိုတယ်ရှေ့တွင် ချန်းမင်ကျယ်နှင့် လင်းရှီချန် အငြင်းပွားနေသည့် မြင်ကွင်းပင်ဖြစ်သည်။
ဗီဒီယိုတွင် ချန်းမင်ကျယ်နှင့် လင်းရှီချန်၏ မျက်နှာများကို ရှင်းရှင်းလင်းလင်း ဖမ်းယူနိုင်ခဲ့ပြီး အသံသွင်းဖိုင်လည်း ပါဝင်သည်။ ချန်းမင်ကျယ် ၏ လင်းရှီချန်အား စွပ်စွဲကဲ့ရဲ့သည့် စကားလုံးများမှာလည်း အလွန်ရှင်းလင်းစွာ ကြားရသည်။
[ဒီလူက ချန်းမင်ကျယ် မဟုတ်လား၊ ရှန်းကျွယ်ရဲ့ လက်ထောက်ဒါရိုက်တာလား]
[ဒီမိန်းကလေးက ဘယ်သူလဲ၊ အရင်က မမြင်ဖူးဘူး၊ အပြင်လူလား၊ လှတယ်နော်!]
[ဒီမိန်းကလေးကို ကျွန်တော်မှတ်မိတယ်၊ ကျင်းရိဖန်ရဲ့ ဇာတ်လမ်းအသစ်မှာ ဇာတ်ပို့သရုပ်ဆောင်တဲ့ နာမည်မကြီးတဲ့ သရုပ်ဆောင်တစ်ယောက်လေ ၊ သူသရုပ်ဆောင်မှုတာ တော်တယ်၊ မိနစ်နှစ်ဆယ်လောက်ပဲ ရှိပေမယ့် ကျွန်တော်မှတ်မိနေတယ်!]
[အပေါ်က လူရေ၊၊ လင်းရှိချန်ကို အားပေးတာထောက်ခံပါတယ် ၊ကွမ်ကွမ်က ၁၈လိုင်းသရုပ်ဆောင်ဆိုပေမယ့် အဆင့်မြင့်ပြီး သရုပ်ဆောင်မှုကောင်းတယ် ၊ သူ့ကို အားပေးဖို့ ထိုက်တန်တယ်]
[ဒါဆို ချန်းမင်ကျယ်က ဘာလုပ်နေတာလဲ၊ လင်းရှီချန်ကို ခန္ဓာကိုယ်ရောင်းဖို့ ဖိအားပေးနေတာလား]
...
ဗီဒီယိုတွင် စာကြောင်းအနည်းငယ်သာ ပါဝင်သော်လည်း အချက်အလက်များ အလွန်များပြားစွာ ပါဝင်နေသည်။
ချက်ချင်းဆိုသလို လိမ်လည်မှုဖော်ထုတ်သူမှ ဒုတိယဗီဒီယိုတစ်ခုကို ထုတ်ပြန်ခဲ့ပြီး ထိုဗီဒီယိုမှာ
"ချန်းမင်ကျယ်က လင်းရှီချန်ကို ခန္ဓာကိုယ်ရောင်းဖို့ ဖိအားပေးခဲ့သည်"
ဆိုသည့် အချက်ကို ပိုမိုခိုင်မာစေသည့် အထောက်အထားပင်ဖြစ်သည်။ဒုတိယဗီဒီယိုတွင် ပလက်တီနမ်ဟိုတယ်ရှိ အခန်းတစ်ခန်းအတွင်း ချန်းမင်ကျယ် သည် အလှမယ်တစ်ဦးနှင့် အခန်းထဲသို့ ပြန်ဝင်လာပြီး မစ္စတာကျိုး၏ ဆဲရေးတိုင်းထွာခြင်းကို ခံရသည်။
မစ္စတာကျိုးက မကြာသေးမီက ပို့လိုက်သည့် အမျိုးသမီးသရုပ်ဆောင်များမှာ တစ်ယောက်ထက်တစ်ယောက် ညံ့ဖျင်းနေပြီး အထူးသဖြင့် လင်းရှီချန်မှာ တစ်ဝက်တွင် ပြေးထွက်သွားခဲ့သည်ဟု ပြောဆိုခဲ့သည်။နောက်ထပ် အမျိုးသမီးသရုပ်ဆောင်များက ဤကဲ့သို့ပြုလုပ်ပါက ဤလောကထဲတွင် ဆက်လက်ရပ်တည်ရန် မေ့လိုက်ပါဟု ဆိုခဲ့သည်။
အမျိုးသမီးသရုပ်ဆောင်များအား ခန္ဓာကိုယ်ရောင်းဖို့ ဖိအားပေးခံရခြင်းသည် အမှန်တရားတစ်ခုဖြစ်သည်။ထို့အပြင် ဤသို့သော အဖြစ်အပျက်များမှာ တစ်ကြိမ်ထက်မက ဖြစ်ပျက်ခဲ့သည်။အင်တာနက်အသုံးပြုသူများသည် ဗီဒီယိုနှစ်ခုလုံး၏ အချက်အလက်များကို အမြန်ဆုံးရှာဖွေတွေ့ရှိခဲ့ပြီး အမှန်တရားတစ်ခုလုံးကို ပြန်လည်တည်ဆောက်နိုင်ခဲ့သည်။
ချန်းမင်ကျယ်သည် နာမည်ကြီး လက်ထောက်ဒါရိုက်တာတစ်ဦးဖြစ်သော်လည်း ပြည့်တမ်ဆာအရောင်းအဝယ်လုပ်ငန်းကို လုပ်ကိုင်နေခဲ့သည်။ အကယ်၍ သရုပ်ဆောင်အချို့သည် ဇာတ်ကောင်တစ်ခုရရှိလိုပါက ချန်းမင်ကျယ်၏ မဖော်ပြနိုင်သော စည်းမျဉ်းများကို လိုက်နာရမည်ဖြစ်သည်။
ယခင်က တရားဝင်ကြေညာခဲ့သည့် "ရှန်းကျွယ်" ဇာတ်ကား၏ တတိယမြောက် မင်းသမီး လင်းကွင်း သည် ချန်းမင်ကျွယ်မှ မစ္စတာကျိုး ထံသို့ မိတ်ဆက်ပေးခဲ့သောကြောင့် ဇာတ်ကောင်ရရှိခဲ့ခြင်းဖြစ်သည်။
သို့သော် နောက်ဆုံး မိတ်ကပ်ဓာတ်ပုံရိုက်ကူးရာတွင် ရှချန်းချန်း မှ လင်းရှီချန် ကို သဘောကျပြီး လင်းရှီချန်အား ထိပ်တန်းသို့ တင်ပေးခဲ့သည်။ လင်းရှီချန် သည် သဘာဝအတိုင်း လင်းကွင်း ကို အစားထိုးလိုက်သည်။
ဇာတ်ကောင်ဆုံးရှုံးသွားသည့် လင်းကွင်းသည်လည်း မစ္စတာကျိုး ၏ လက်အောက်ခံဖြစ်ရန် ငြင်းဆန်ခဲ့သဖြင့် ချန်းမင်ကျယ်မှ လင်းရှီချန် အား အစားထိုးပြီ အိပ်စေရန် ဆွဲခေါ်ခဲ့သည်။ အကယ်၍ သူ(မ)သည် မစ္စတာကျိုး နှင့် တစ်ညအတူနေရန် သဘောမတူခဲ့ပါက တတိယမြောက် ဇာတ်ပို့မင်းသမီးအဖြစ်မှ ဆုံးရှုံးရမည်ဖြစ်သည်။
နောက်ဆုံးတွင် လင်းရှီချန် သည် ချန်းမင်ကျယ်၏ လျှို့ဝှက်စည်းမျဉ်းများကို လိုက်နာရန် ငြင်းဆန်ခဲ့ပြီး ထွက်ပြေးခဲ့သည်။
[ချန်းမင်ကျယ် က တိရစ္ဆာန်တစ်ကောင်လား၊ ငါ့လက်သီးတွေ ယားနေပြီ!]
[သူက တိရစ္ဆာန်ထက်တောင် ဆိုးတယ်၊ သူတို့မျက်လုံးထဲမှာ အမျိုးသမီးတွေက ဘာလဲ၊ ကုန်ပစ္စည်းတွေလား?]
[လင်းရှီချန် အမျိုးသမီးလေး သနားစရာကောင်းလိုက်တာ ၊ ထွက်ပြေးနိုင်ခဲ့တာ တကယ် ကံကောင်းတယ်]
[ရှန်းကျွယ် မှာ ချန်းမင်ကျယ် ကို အမြန်ဆုံးအစားထိုးသင့်တယ်၊ ဒီလူက လက်ထောက်ဒါရိုက်တာဖြစ်ဖို့ မထိုက်တန်ဘူး!]
[အစားထိုးရုံတင်မကဘူး၊ ပြည့်တန်ဆာအရောင်းအဝယ်လုပ်ငန်းလုပ်တာနဲ့ ထောင်ထဲသွားရမှာပဲမလား၊ @ကျောက်မြို့ရဲ @မြောက်မြို့ရဲ @ပြည်သူ့နေ့စဉ်သတင်းစာ အလုပ်ထွက်ပါ!]
[ဟုတ်တယ်၊ ယဲ့ရှီဝမ် က ရှန်းကျွယ် ဇာတ်ကားရဲ့ ဇာတ်ပို့မင်းသမီးဖြစ်တာကို မှတ်မိသေးလား၊ ချန်းမင်ကျွယ် ကပဲ မိတ်ဆက်ပေးတာမလား]
[အမယ်လေး! ယဲ့ရှီဝမ် ကလည်း လျှို့ဝှက်စည်းမျဉ်းကိုလိုက်နာပြီး ဇာတ်ကောင်ရတာလား]
[ယဲ့ရှီဝမ်က ဇာတ်ပို့မင်းသမီးဖြစ်တာ ကျိုးရှန်းနန် က အတည်ပြုပေးမှရတာ၊ ချန်းမင်ကျယ် က ဝင်ရှုပ်လို့မရဘူး၊ ပြီးတော့ ယဲ့ရှီဝမ် က ပထမတန်းစား သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး သရုပ်ဆောင်မှုတွေက အတော်ကောင်းတယ်၊ ရုပ်ရှင်၊ ရုပ်မြင်သံကြားဇာတ်လမ်းတွေမှာ ကောင်းကောင်းသရုပ်ဆောင်ပြီး အများကြီးချီးကျူးခံရတဲ့သူပါ၊ သူက သူ့အရည်အချင်းနဲ့ ဇာတ်ကောင်ရတာ၊ ရှချန်းချန်းကသာ ထုတ်လုပ်ရေးမှူးချုပ်ရာထူးကို အခွင့်ကောင်းယူပြီး အစားထိုးခဲ့တာ!]
[အပေါ်က လူ၊ မင်းရဲ့ဝှက်ထားတဲ့အင်္ကျီကို ဖုံးဖို့ကြိုးစားနေတာက မင်းက "ယဲ့ရှီဝမ်ပရိသတ်" ဆိုတဲ့ စာလုံးကြီးတွေနဲ့ ရေးထားတာပဲ!]
[ဖုံးဖို့ကြိုးစားလေ ပိုပေါ်လေ၊ ဘယ်လိုပဲဖြစ်ဖြစ် ယဲ့ရှီဝမ် ရဲ့ဇာတ်ကောင်က ချန်းမင်ကျယ် နဲ့ ဆက်စပ်နေတယ်လို့ ငါထင်တယ်၊ မဆက်စပ်ရင်တောင် ယဲ့ရှီဝမ် နဲ့ ချန်းမင်ကျယ် တို့ အရမ်းရင်းနှီးတယ်ဆိုတော့ ချန်းမင်ကျယ်က လိင်အရောင်းအဝယ်လုပ်နေတာကို သူမသိဘူးလား]
[အမယ်လေး၊ သိရဲ့နဲ့ ဒီလိုလူစားမျိုးကို ကူညီနေတယ်ဆိုရင်တော့၊ လက်သီးတွေ ထပ်ယားလာပြန်ပြီ!]
...
အင်တာနက်ပေါ်တွင် ချန်းမင်ကျယ် အား ပြင်းထန်စွာ ဝေဖန်တိုက်ခိုက်မှုများ ပြည့်နှက်နေပြီး ယဲ့ရှီဝမ် သည်လည်း အနည်းငယ် ဝေဖန်ခံနေရသည်။Weibo ၏ အဟော့ဆုံးရှာဖွေမှုစာရင်းတွင် သက်ဆိုင်ရာ အကြောင်းအရာများအားလုံးတွင် "ဖော်ထုတ်မှု" ဟူသော စာလုံးဖြင့် အမှတ်အသားပြုထားသည်။
ထိုညတွင်ပင် ရှချန်းချန်း၏ ညွှန်ကြားချက်အရ ဇာတ်ကားအဖွဲ့မှ ပထမ၊ ဒုတိယနှင့် တတိယမြောက် မင်းသမီးများနှင့် လက်ထောက်ဒါရိုက်တာကို အစားထိုးမည့် အကြောင်းကို ဘလော့ဂ်တစ်ခု ထုတ်ပြန်ခဲ့သည်။
ကျိုးရှန်းနန် သည် ချန်းမင်ကျယ် အား အစားထိုးရန် အလွန်စိတ်အားထက်သန်နေသည်။ထိုလူသည် သူ၏ဂုဏ်သတင်းကို ပျက်စီးစေရုံသာမက "ရှန်းကျွယ်" ဇာတ်ကားကိုပါ ပျက်စီးလုနီးပါး ဖြစ်စေခဲ့သည်။
ကံကောင်းစွာပင် "ရှန်းကျွယ်” ဇာတ်ကားကို မရိုက်ကူးရသေးဘဲ ထုတ်လုပ်ရေးအဖွဲ့၏ ဖွဲ့စည်းပုံကို မကြေညာရသေးသောကြောင့် ကံကောင်းသည်ပြောရမည်။ မဟုတ်လျှင် သူဘယ်မှာ သွားငိုရမလဲ မသိတော့။
ကျိုးရှန်းနန် သည်လည်း မကြာမီ Weibo တွင် ပို့စ်တင်ခဲ့သည်။ ယခုအခေါက်သည် ချန်းမင်ကျွယ်နှင့်ပထမဆုံး အလုပ်တွဲပြီး လုပ်ဖူးတာဖြစ်ကြောင်း၊ ချန်းမင်ကျယ်၏ စရိုက်တွေကို သူ(မ)မသိရှိကြောင်း၊ ချန်းမင်ကျယ်နှင့် စာချုပ်ဖျက်သိမ်းရန် တောင်းဆိုထားပြီး ညစ်ညမ်းသော အနုပညာရှင်/ဝန်ထမ်းများအား ပရိသတ်များ၏ မျက်လုံးရှေ့တွင် ပေါ်ထွက်လာခြင်းကို အလေးအနက်ကန့်ကွက်ကြောင်း ဖော်ပြခဲ့သည်။
ထိုနည်းတူစွာ လိမ်လည်မှုဖော်ထုတ်သူနှင့် အင်တာနက်အသုံးပြုသူများ၏ ကြီးကြပ်မှုအတွက် ကျေးဇူးတင်ကြောင်းပြောကြားခဲ့ပြီး နောင်တွင် "ရှန်းကျွယ်”ဇာတ်ကားအဖွဲ့အား ဆက်လက်ကြီးကြပ်ပေးရန် တောင်းဆိုခဲ့သည်။
"ရှန်းကျွယ်”၏ မည်သည့်ဝန်ထမ်းမဆို ဥပဒေချိုးဖောက်မှုသို့မဟုတ် ကိုယ်ကျင့်တရားပျက်ပြားမှုများ ပြုလုပ်ပါက "ရှန်းကျွယ်" မှ ခန့်အပ်မည်မဟုတ်ကြောင်း ကြေညာခဲ့သည်။ အနုပညာရှင်များသည် ဖန်သားပြင်ပေါ်တွင် တစ်နှစ်ပတ်လုံး ပေါ်ထွက်နေသူများဖြစ်ပြီး ရိုးသားဖြောင့်မတ်ပြီး ဥပဒေနှင့်အညီ နေထိုင်သင့်ကြောင်း ဖော်ပြခဲ့သည်။
[ဒါရိုက်တာ ကျိုးရဲ့လုပ်ဆောင်ချက်က အခြေအနေအသစ်တစ်ခုကို ဖွင့်လိုက်တာပဲ!]
[ရှန်းကျွယ် က ဖြောင့်မတ်တယ်၊ ချန်းမင်ကျွယ်နဲ့ အတူ မဟုတ်ဘူး]
[ဒါရိုက်တာ ကျိုး က ရှေးကတည်းက ဂန္ထဝင်လက်ရာတွေ အများကြီးရိုက်ထားတာပဲ၊ သူရိုက်ထားတဲ့ "သံကြိုး" ဆိုတဲ့ ကျေးလက်ဒေသက အမျိုးသမီးလူကုန်ကူးမှုကို ဖော်ပြတဲ့ ရုပ်ရှင်က ငါ့ကို ငိုစေတယ်၊ ရှန်းကျွယ် ကို ငါထောက်ခံတယ်]
[ရှချန်းချန်းက ပရော်ဖက်ရှင်နယ် ထုတ်လုပ်သူကြီး တစ်ယောက်ဖြစ်မယ်လို့ မထင်ခဲ့ဘူး၊ ပြီးတော့ ဖျော်ဖြေရေးလောကကိုလည်း သန့်စင်ပေးနိုင်တယ်၊ တကယ်တော့ သူ(မ)က ထုတ်လုပ်သူကောင်း တစ်ယောက်ဖြစ်မယ်လို့ ကျွန်တော်ထင်တယ်]
[ရှန်ကျွယ် ရုပ်ရှင်က ဘယ်တော့မှ ရုံတင်မှာလဲ၊ အဲကျရင် ရုပ်ရှင်ရုံသွားပြီး အားပေးချင်လို့]
ရှချန်းချန်းနဲ့ ကျိုးရှန်းနန် တို့၏ လုပ်ဆောင်မှုကြောင့် ရှန်းကျွယ် ရုပ်ရှင်ဟာ ချန်းမင်ကျွယ် ၏ အရိပ်ကိုပင် မခံခဲ့ရချေ။ပြောင်းပြန်အားဖြင့် ဘာကြော်ငြာမှမလုပ်ဘဲ ချန်းမယ်ကျွယ် ၏ မကောင်းသတင်းတွေကို အခွင့်ကောင်းယူပြီး ပိုမိုကျော်ကြားလာခဲ့သည်။
လူတိုင်းက ချန်းမင်ကျွယ်ကို မုန်းတီးနေကြသော်လည်း ရှန်းကျွယ်ရုပ်ရှင်နှင့် ရှချန်းချန်းက ဖျော်ဖြေရေးလောကမှ အရှုပ်အထုတ်ကို ဖယ်ထုတ်နိုင်ခဲ့သည့်အတွက် ရုပ်ရှင်ရုံသွားပြီး အားပေးရန် ခိုင်ခိုင်မာမာဆုံးဖြတ်ထားကြသည်။
တခြားတစ်ဖက်၌ ဗီလာငယ်လေးတစ်လုံးထဲတွင် ချန်းမင်ကျယ်သည် အင်တာနက်ပေါ်မှ ထုတ်ဖော်ပြောဆိုမှုတွေကိုမြင်ပြီး စိတ်ရှုပ်ထွေးနေသည်။
သူ၏ ယခုကိစ္စတွင် ပါဝင်ခဲ့သူများမှာ ကျန်းချန် မြို့၏ အထင်ကရပုဂ္ဂိုလ်များဖြစ်နေတာကြောင့် သူတို့အားလုံး ဖော်ထုတ်ခံရမည်ဆိုလျှင် သူ့ဘဝဘယ်လိုအဆုံးသတ်သွားမလဲဆိုသည်ကို သူခန့်မှန်းမရတော့။
ချန်းမင်ကျယ်သည် စဉ်းစားရန်အချိန်မရှိတော့ဘဲ ခရီးဆောင်အိတ်တွေချက်ချင်းထုပ်ပြီး ထွက်ပြေးဖို့ အပြေးအလွှားပြင်ဆင်နေသည်။
ထိုအချိန်၌ တံခါးခေါက်သံကြားလိုက်ရသည်။
ချန်းမင်ကျယ် က ချက်ချင်းရပ်လိုက်သည်။ ဒီလိုညနက်ချိန်မှာ သူ့ကိုလာကြည့်မယ့်သူ ဘယ်သူရှိမည်နည်း။
သူက ချက်ချင်းပြန်လှည့်ပြီး ပြတင်းပေါက်ကို ဖျက်စီးကာ ထွက်ပြေးရန် နှစ်ထပ်တိုက်မှ ခုန်ချတော့မည့်အချိန်တွင် ရဲတပ်ဖွဲ့ဝင်များက သူ့ကိုဝိုင်းပြီး မြေကြီးပေါ်ဖိချလိုက်သည်။
ငွေရောင်လက်ထိတ်များဖြင့် ချန်းမင်ကျယ်၏ လက်ကောက်ဝတ်တွင် ချိတ် လက်ထိတ်ခတ်လိုက်လေသည်။
"ချန်းမင်ကျယ် မလား ၊ ကျွန်တော်တို့နဲ့အတူ ရဲစခန်းကို လိုက်ခဲ့ပေးပါ”
ကျန်းချန်ရဲတပ်ဖွဲ့က ချန်းမင်ကျယ်ကိုအောင်မြင်စွာ ဖမ်းရခဲ့ပြီး သူ့ဆီမှ ဖုန်း၊ ကွန်ပျူတာနဲ့ အခြားအီလက်ထရောနစ်ပစ္စည်းများကိုပါ ရှာဖွေတွေ့ရှိခဲ့သည်။ သတင်းအချက်အလက်ဌာန၏ စစ်ဆေးမှုအရ ချန်းမင်းကျယ်သည် ပြီးခဲ့သည့်2နှစ်အတွင်း အမျိုးသမီးသရုပ်ဆောင် အယောက် ၃၀ ကို ခန္ဓာကိုယ်ရောင်းဝယ်မှုအတွက် စည်းရုံးခဲ့ကြောင်းဆိုတာ သိရသည်။
ဤသရုပ်ဆောင်တွေထဲမှ အများစုဟာ သူတို့ကျရှုံးချိန်တွင် အဆင့် ၁၈ဆင့် သရုပ်ဆောင်များသာဖြစ်သော်လည်းဇာတ်ကောင်တွေရပြီးနောက်ပိုင်းတွင် ဖျော်ဖြေရေးလောက၌ တဖြည်းဖြည်းနေရာရလာခဲ့ကြသည်။
သူတို့ အတူနေပေးရသည့်သူများသည် ကျန်းချန်မြို့၏ အထင်ကရပုဂ္ဂိုလ်များဖြစ်ပြီး တခြားပြည်နယ်များမှ ချမ်းသာသူများပင် ပါဝင်သည်။
အကြမ်းဖျင်း ခန့်မှန်းကြည့်လျှင် တစ်နိုင်ငံလုံးမှ ချမ်းသာသည့်လူတန်းစားများ၏ အရှုပ်တော်ပုံဖြစ်လိမ့်မည်။
စစ်ဆေးခန်းထဲ၌ ချန်းမင်ကျယ်သည် သူ့၏ရှေ့တွင်ရှိနေသည့်ရဲကို ကြည့်ပြီး သူ့၏ကာကွယ်မှုများ တဖြည်းဖြည်းပြိုကွဲသွားသည်။ချမ်းသာသူများ၏စာရင်းကို ဖော်ထုတ်ပြီးနောက် ချန်းမင်ကျယ်သည် စိတ်ပျက်လက်ပျက်နှင့် မျှော်လင့်ချက်ကင်းမဲ့စွာ မျက်နှာကို သူ့လက်မောင်းကြားတွင် ဝှက်ထားလိုက်သည်။
ယခုအခေါက်မှာတော့ သူ့ဘဝ အဆုံးသတ်ပြီဆိုတာ သူကောင်းကောင်းသိသည်။
ဤသွေးထွက်သံယိုမှုကို ဖြစ်စေခဲ့သည့် ရှချန်းချန်းသည် အခုအခါ ချောမွေ့သော ပိုးချည်ထည်ပေါ့ပေါ့ပါးပါး ညအိပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး အေးအေးဆေးဆေး အောက်ထပ်သို့ ဆင်းလာနေသည်။
အန်တီလျူက ချောကလက်ကိတ်မုန့်ဖုတ်ပြီးပြီဆိုတာ ပြောလိုက်သည့်အခါ ဖရဲသီးကြိုက်သူတွေအတွက် ဖရဲသီးလည်း ဝေငှပြီးပြီမလို့ သူ(မ)သည် သူ့အစားအစာကို ပျော်ရွှင်စွာစားရန် အဆင်သင့်ဖြစ်နေသည်။
မကြာခင်မှာပင် ရှချန်းချန်း က စားဖိုမှူးရဲ့ လာဗာ ကိတ်မုန့်ကိုစားလိုက်သည်။ ချိုသော်လည်း မစေးကပ်ဘဲ ပါးစပ်ထဲတွင် အရည်ပျော်သွားသည်။
ဤစားဖိုမှူးဟာ ယခင်က Michelin ၏ ကြယ်သုံးပွင့်စာရင်းဝင် စားဖိုမှူးဖြစ်ခဲ့ပြီး လူချမ်းသာများအတွက် သီးသန့်စားဖိုမှူးဖြစ်ခဲ့သည်။ ရှချန်းချန်းက ဤစားဖိုမှူး၏လက်ရာကို အလွန်ကျေနပ်နေသည်။ အကယ်၍ ရှဲ့ကျစ်ရှင်း နှင့်ကွာရှင်းခဲ့သော် ဤစားဖိုမှူးကို သူ(မ)အမှန်တကယ် ခေါ်သွားမည်ဖြစ်သည်။
ရှချန်းချန်း ညစာစားနေတုန်း ရှဲ့ကျစ်ရှင်း ကလည်း ရေသန့်စက်မှ ရေခပ်ပြီး အောက်ထပ်သို့ဆင်းလာသည်။ နှစ်ယောက်လုံးက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ခေါင်းညိတ်ကာ နှုတ်ဆက်လိုက်ကြသည်။
ရှဲ့ကျစ်ရှင်းကလည်း ထမင်းစားပွဲ၌ထိုင်ပြီး ရေအေးသောက်ရင်း ဖုန်းကြည့်နေသည်။ ဤအချိန်တွင် သူသည် ဘာမှ ဝင်မစွက်ဖက် သကဲ့သို့ အေးဆေးတည်ငြိမ်နေသည်။
နောက်တစ်စက္ကန့်တွင် ရှချန်းချန်း၏ဖုန်းသတိပေးသံကြားလိုက်ရသည်။
ဤအရာသည် စနစ်က သူ(မ)အတွက် တပ်ဆင်ပေးထားသည့် ပရိုဂရမ်တစ်ခုဖြစ်သည်။အတန်းဖော်ကျိုးသည် Weibo တွင် မှတ်ချက်ပေးတိုင်း စနစ်က သူ(မ)ကို ချက်ချင်းသတိပေးမည်ဖြစ်သည်။
ရှချန်းချန်း၏ မျက်လုံးများ တောက်ပလာပြီး ဖုန်းကိုအမြန်ဖွင့်လိုက်သည်။
အတန်းဖော် ကျိုး : [နောက်ထပ်အကြောင်းအရာတွေရှိသေးလား၊ ဒီအကောင့်က တကယ်ဖော်ထုတ်နိုင်တာပဲ၊၊ ကြိုက်တယ်]
အတန်းဖော် ကျိုး: [ရှန်းကျွယ် ရဲ့ဒါရိုက်တာအဖွဲ့ဝင်က ခန္ဓာကိုယ်ရောင်းစားခိုင်းတဲ့လူလား ၊ ထျန်ရှန်း က ဒီမဖြောင့်မတ်တဲ့ဒါရိုက်တာကို ထိရောက်အောင် ကိုင်တွယ်နိုင်ပါ့မလား]
အတန်းဖော် ကျိုး [ အမှုအခင်းဗီဒီယိုတောင်ရှိတယ်လား၊ပေါက်ကွဲသွားပြီ၊ ကျီကျီက အရမ်းကောင်းတယ်၊ နောက်ထပ်အကြောင်းအရာတွေလည်း ကြည့်ချင်တယ်၊ မျှော်လင့်နေတယ်]
ကျီကျီဆိုသူသည် မကြာသေးခင်က လိမ်လည်မှုဖော်ထုတ်သူကို အင်တာနက်သုံးသူတွေက ပေးထားသည့်အမည်ဖြစ်သည်။ရှချန်းချန်းက ထိုမှတ်ချက်များကိုကြည့်ရင်း နှုတ်ခမ်းနှစ်လွှာကိုဖွင့်ကာ
"ယောက်ျား၊ ရှင်ဘာတွေကြည့်နေတာလဲ၊ ဘာလို့ဒီလောက်စိတ်လှုပ်ရှားနေရတာလဲ"
ရှဲ့ကျစ်ရှင်းသည် ဖုန်းကိုင်ရင်း ခဏရပ်တန့်သွားပြီး နှစ်စက္ကန့်မျှ တိတ်ဆိတ်နေပြီးနောက်
"ကုမ္ပဏီအီးမေးလ်"
ဟု အေးဆေးစွာဖြေလိုက်သည်။
"တကယ်လား"
ရှချန်းချန်းက မှတ်ချက်မပေးဘဲ လက်ထဲရှိဇွန်းနှင့်ဆော့ရင်း ပြုံးပြလျက် ရှဲ့ကျစ်ရှင်းအား
“ပြောရရင် မကြာခင်က အင်တာနက်မှာ 'ရှန်းကျွယ်’ အကြောင်း အပျက်သဘောဆောင်တဲ့သတင်း တွေအများကြီးတွေ့ရတယ်၊ အထူးသဖြင့် ဒါရိုက်တာအဖွဲ့ဝင် ချန်းမင်ကျွယ်ရဲ့ အကြောင်းပဲ ၊ ရှင်သတိထားမိလား"
ရှဲ့ကျစ်ရှင်းသည် မျက်နှာတွင် ဘာအမူအယာမှ မပြဘဲ
"ထျန်ရှန်း ရဲ့ကိစ္စတွေကို လက်ထောက်ကျိုး က ကိုင်တွယ်လိမ့်မယ်၊ ငါအရမ်းအလုပ်များလို့ စိတ်မဝင်စားဘူး" ဟုပြောလိုက်သည်။
ရှချန်းချန်းက နောင်တရဟန်ဖြင့် ဝမ်းနည်းစွာ
"အွန်း၊ ဒါဆို ချန်းမင်ကျွယ်နဲ့ ယဲ့ရှိဝမ် တို့ကြား အချစ်ဇာတ်လမ်းကို ဟန်ကျာလင်းက ဖမ်းမိတာကို ရှင်မသိသေးဘူးပေါ့"
ရှဲ့ကျစ်ရှင်း :!!!!
ရှဲ့ကျစ်ရှင်း၏ မျက်လုံးများမှာ ချက်ချင်းတောက်ပသွားပြီး အသံတွင် အနည်းငယ်ပျော်ရွှင်နေသကဲ့သို့
"ဒါဆို ဟန်ကျာလင်း လှည့်စားခံရတာလား” ဟုမေးလိုက်သည်။
ချက်ချင်းပင် သူ၏အသံထဲတွင် မူမမှန်တာကို သတိထားမိပြီး လေးနက်သောအသံဖြင့်
"ဟန်ကျယ်အန်တာတိန်းမန့်က ထျန်းရှန်ရဲ့ ပြိုင်ဘက်တွေထဲက တစ်ခုဖြစ်ပြီး ဖျော်ဖြေရေးလောကမှာလည်း သူတို့က သာလွန်းနေတယ် ၊ အဲတာကြောင့် သူတို့ရဲ့နည်းဗျူဟာတွေကို နားလည်ဖို့ လိုအပ်တယ်”
"ဟုတ်တယ်"
ရှချန်းချန်းက သဘောတူဟန်ဆောင်ကာ ခေါင်းငြိမ့်လိုက်ပြီး
"ဒါပေမယ့် ကျွန်မကတော့ ဒါကအတုပဲလို့ထင်တယ်၊ ကောလဟာလသက်သက်ပဲ၊ သက်သေလည်းမရှိဘူး"
ရှဲ့ကျစ်ရှင်းသည် ပြောစရားစကားပျောက်သွားပြီး ရှချန်းချန်းအား အေးစက်စွာကြည့်ကာ အနည်းငယ်စစ်ဆေးသကဲ့သို့ ကြည့်လိုက်သည်။
ရှချန်းချန်းကလည်း မကြောက်ဘဲ ရှဲ့ကျစ်ရှင်း၏မျက်လုံးများကို ပြန်ကြည့်လိုက်သည်။
နှစ်ဦးသား စက္ကန့်သုံးဆယ်လောက် မျက်နှာချင်းဆိုင်ကြည့်နေပြီးနောက် ရှဲ့ကျစ်ရှင်းသည် ဘာမှရှာမတွေ့ခဲ့ပေ။
"နောက်ကျနေပြီ စောစောအိပ်သင့်တယ်"
ရှဲ့ကျစ်ရှင်းက ပြောပြီး ရေခွက်နှင့်အတူ အလျင်အမြန် ဧည့်ခန်းမှထွက်ခွာသွားသည်။
ရှချန်းချန်းသည် ဧည့်ခန်းတွင်ထိုင်ပြီး ရှဲ့ကျစ်ရှင်း၏ အနည်းငယ်တုန်လှုပ်နေသော နောက်ကျောကိုကြည့်ကာ ပန်းကန်ထဲရှိ လာဗာ ကိတ်မုန့် နောက်ဆုံးတစ်ခုကို စားလိုက်ပြီး ကျေနပ်မှုအမူအရာပြလိုက်သည်။
ယနေ့ည၏ လုပ်ဆောင်မှုများကြောင့် ရှချန်းချန်းသည် ပရိသတ် ၅ သန်းကျော် တိုးလာပြီး သန်းဆယ်ဂဏန်းပရိသတ် အဆင့်ထဲ ရောက်ရှိသွားသည်။သူ(မ)၏ဂုဏ်သတင်းတန်ဖိုးလည်း ၁၀ သန်းကျော်သွားသည်။
ရှချန်းချန်းနှင့် စနစ်တို့သည် အလိုအလျောက်ဝယ်ယူမှုစနစ်ဖွင့်ထားသောကြောင့် အတော်ကြာကြာ သူ(မ)၏ဘဝအတွက် စိတ်ပူစရာမလိုတော့ပေ။
ထို့အပြင် ယနေ့ညတွင် သူမသည် ရှဲ့ကျစ်ရှင်း၏အားနည်းချက်ကိုပါ ဖမ်းမိသွားခဲ့သည်။
အေးစက်ပြီး အတ္တကြီးဟန်ရှိသော ရွှေသုံးဆုရ ရုပ်ရှင်သရုပ်ဆောင် ရှဲ့ကျစ်ရှင်းသည် တကယ်တော့ ကောလဟာလများဖတ်ပြီး CP တွဲများကြည့်ရတာ ကြိုက်နှစ်သက်သော ဖရဲသီးစားသူတစ်ဦးဖြစ်နေသည်။
ဤဆန့်ကျင်ဘက်ဖြစ်နေမှုများသည်လည်း ချစ်စရာကောင်းလှသည်။
ရှချန်းချန်းက ရှဲ့ကျစ်ရှင်းအား လှောင်ပြောင်နေစဉ် ကျန်းချန် ရဲတပ်ဖွဲ့က Weibo တွင် တစ်ခုထုတ်ပြန်ကာ အင်တာနက်သုံးစွဲသူများ၏တိုင်ကြားမှုများစွာရရှိကြောင်း၊ "လိမ်လည်မှုဖော်ထုတ်သူ" ဘလော့ဂါပေးသော ဗီဒီယိုနှင့်အခြားသဲလွန်စများအရ ချန်း ၊ ကျို့ နှင့်ဆက်စပ်သူများအား ဖမ်းစီးထားကြောင်း ၊အသေးစိတ်အချက်အလက်များကို ဆက်လက်စစ်ဆေးနေပြီး မကြာမီအချိန်တွင် ပြည်သူများအား ရှင်းလင်းဖော်ပြသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
တရားဥပဒေဘလော့ဂါများစွာက သူတို့၏အမြင်များကို ဖော်ပြကြသည်။လျှို့ဝှက်စည်းမျဉ်းများကို နေရာတွင်း စစ်ဆေးမှုမရှိသော်လည်း ကျီကျီပေးသောဗီဒီယိုသည် ချန်းမင်ကျယ် လိင်မှုအရောင်းအဝယ်လုပ်ကြောင်း သက်သေပြနိုင်သောကြောင့် ချန်းမင်ကျယ် ထောင်ကျမည့်ကိစ္စက အပြီးသတ်သွားပြီဖြစ်သည်။
[အရင်တုန်းက ကျီကျီ သည် ကျီကျင်းဟန် နဲ့ ဟုန်တော တို့ရဲ့မယားငယ်တွေက ဇနီးတွေကို အဆုံးစီရင်အောင်လုပ်တဲ့အကြောင်း ဖော်ထုတ်ခဲ့တယ်။ ဒီတစ်ခါတော့ ချန်းမင်ကျယ်ကို တိုက်ရိုက်ထောင်ပို့လိုက်တယ်၊ ကျီကျီတကယ်တော်တယ်နော်]
[သူ(မ)ဖော်ထုတ်တဲ့အရာတွေက ဘာမှမဖော်ထုတ်ဘူးဆိုရင် မဖော်ထုတ်ဘူး၊ ဖော်ထုတ်ရင် ဖျော်ဖြေရေးလောကကို လှုပ်ခတ်စေပြီး လူမှုရေးသတင်းများတောင်တက်နိုင်တဲ့ ကြီးမားတဲ့သတင်းတွေပဲ၊ အရမ်းကောင်းတယ်]
[အပေါ်ဆုံးက မန့်တွေရေ၊ ကျီကျီက ရှဲ့ကျစ်ရှင်း ရဲ့ဖရဲသီးကြိုက်သူဆိုတာကိုလည်း ဖော်ထုတ်ခဲ့တယ်ဆိုတာ မေ့သွားကြပြီလား】
[ရှဲ့ကျစ်ရှင်း: ထောင်ကျတဲ့သူတွေနဲ့တွဲပြီး မနေနိုင်ဘူး၊ ဒါကြောင့် မိသားစုဂုဏ်ကို မြှင့်တင်ပုံကို ပြမယ်]
[ကျီကျီက တခြားသူတွေရဲ့သတင်းတွေကို ဖော်ထုတ်တဲ့အခါ: ထောင်တစ်ဆင့်တည်းဝန်ဆောင်မှု၊
ကျီကျီက ရှီးကျင့်ရှင်းရဲ့သတင်းကို ဖော်ထုတ်တဲ့အခါ: အရမ်းချစ်စရာကောင်းတယ်]
[ဟားဟား၊ ငါ့ကိုရယ်မောပြီး သေသွားအောင် လုပ်မှာလား၊ ပြီးရင် ငါ့ အန့်ဟွာပေ ကို အမွေဆက်ခံမှာလား]
[ဘာပဲဖြစ်ဖြစ် အခုမှစပြီး ကျီကျီက ဖျော်ဖြေရေးနယ်ပယ်မှာ နံပါတ်တစ် ဖရဲသီးပိုင်ရှင်ပဲ၊ သူရဲ့ ဖရဲသီးတွေက အရမ်းအရသာရှိတယ်၊ တစ်လုံးချင်းဆီက ထိပ်တန်းအဆင့်တွေပဲ]
[လူတိုင်းသူ(မ)ကို ချီးမွမ်းကြသော်လည်း... ချန်းမင်ကျယ်ရဲ့ ၏အကူအညီနဲ့ အမျိုးသမီးဇာတ်ဆောင်ခန်းကို ရရှိခဲ့သူ ယဲ့ရှီဝမ် ကို မေ့သွားကြပြီလား]
...
ယဲ့ရှီဝမ် သည် အင်တာနက်ပေါ်ရှိ မှတ်ချက်များကို ဖတ်ရန် မဝံ့ရဲဖြစ်နေသည်။
ယခင်က သူ(မ)၏အခြေအနေများကို အသုံးချခဲ့သော ဘလော့ဂ်ပို့စ်သည် သူ(မ)အား လုံလောက်သော အာရုံစူးစိုက်မှုကို ရရှိစေခဲ့သည်။ ယဲ့ရှီဝမ်သည် ဇာတ်ကောင်နေရာဆုံးရှုံးသွားပေမဲ့ သူ(မ)ဟာ ရေပန်းစားနေဆဲဖြစ်ကြောင်း အင်တာနက် သုံးစွဲသူတွေ၏တုံ့ပြန်ချက်မှတဆင့် Dလည်း တွေ့ရှိခဲ့သည်။
D သည်လည်း ယဲ့ရှီဝမ်၏လက်ထောက်ကိုပင်ဆက်သွယ်ကာ ကျောက်မျက်ရတနာလိုင်းအတွက် ထိပ်တန်းပြောရေးဆိုခွင့်ရှ်ိသူကိုယ်စားလှယ်အဖြစ်ပေးရန် ပြင်ဆင်ခဲ့သည်။
သို့သော် ချန်းမင်ကျယ်သည် ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်ခဲ့သည်ဟု ဖော်ထုတ်ခံခဲ့ရသည်။
ယဲ့ရှီဝမ် သည် သူ(မ)၏ယခင်ဘဝတွင် ချန်းမင်ကျယ် သည် အချို့သော အနက်ရောင်ပစ္စည်းများကြောင့် ဖော်ထုတ်ခံခဲ့ရသော်လည်း ထိုအချိန်တွင် သူ(မ) ငြင်းပယ်ပြီးနောက် သူသည် အရက်မူးပြီး ရှောင်မင်ရှင်း ကို နှောင့်ယှက်ခဲ့သည်ဟုသာ မှတ်မိသည်။
ယခုအခါတွင် အဘယ်ကြောင့် ရှောင်မင်ရှင်းကို ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်ရန် အတင်းအကျပ်ခိုင်းစေခြင်း ဖြစ်သွားရတာလဲ။
ရှောင်မင်ရှင်း အား နှောင့်ယှက်ခြင်းနှင့် ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်ခြင်းသည် အလွန်ကွဲပြားသော အယူအဆများ ဖြစ်သည်။ရှောင်မင်ရှင်းအား နှောင့်ယှက်ခြင်းသည် အများဆုံး အွန်လိုင်းအများပြည်သူ၏ ထင်မြင်ချက်ကိုသာ ဖြစ်စေပြီး အမှန်တကယ်ဖြစ်ခဲ့ပါက သက်သေအထောက်အထား ရှာဖွေရန် ခက်ခဲသည်။ ယဲ့ရှီဝမ် ၏ယခင်ဘဝတွင် ချန်းမင်ကျယ် ကို ဖော်ထုတ်ခံရသော်လည်း သူ၏အဆင့်အတန်းမှာ အနည်းငယ်သာ ကျဆင်းသွားခဲ့သည်။အချိန်အနည်းငယ်ကြာပြီးနောက် အွန်လိုင်းအသုံးပြုသူများမှာ မေ့သွားကြပြီး ချန်းမင်ကျယ်သည် ဒါရိုက်တာအဖြစ် အသက်မွေးဝမ်းကျောင်း ဆက်လုပ်နိုင်ခဲ့သည်။
သို့သော် ယခုအခါတွင်၊ သူသည် အမှန်တကယ် ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်ခဲ့သည်။
ဒါဟာ ရာဇဝတ်မှုတစ်ခုဖြစ်သည်။
ယဲ့ရှီဝမ် သည် အလွန်စိတ်ပျက်မိသည်။သူ(မ)သည် ချန်းမင်ကျယ် သည် ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်ခဲ့သည်ကို သိခဲ့ပါက သူ့ကို ဘယ်သောအခါမှ ရှာဖွေမည် မဟုတ်။
ယဲ့ရှီဝမ်သည် လူကြိုက်များသော ရုပ်ရှင်မင်းသမီးတစ်ဦးဖြစ်ပြီး တစ်ချိန်က အသက်တူ အခြားရုပ်ရှင်မင်းသမီးသုံးဦးနှင့်အတူ
"နိုင်ငံတကာရုပ်ရှင်လောက၏ လေးဦးသော အရွယ်မရောက်သေးသော မင်းသမီးများ" တွင် တစ်ဦးအပါအဝင်ဖြစ်ခဲ့သည်။ ဤသည်မှာ ယဲ့ရှီဝမ် နှင့် အခြားမင်းသမီးသုံးဦးတို့သည် ပြိုင်ဆိုင်မှုတွင် ရှိနေသည်ဟု ဆိုလိုသည်။ ဥပမာအားဖြင့် "ရှန်းကျွယ်" ဇာတ်ကားတွင် ဇာတ်လိုက်အဖြစ် လုယန်ရန်၊ ရှုရှီကျင်း နှင့် မိန်းရုရန် တို့ထဲမှ နှစ်ဦးသည် စမ်းသပ်ရိုက်ကူးမှုများ ပြုလုပ်ခဲ့ကြသည်။
ချန်းမင်ကျယ် ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်ခဲ့သည့် အဖြစ်အပျက်ပြီးနောက် အင်တာနက်အသုံးပြုသူများစွာသည် ယဲ့ရှီဝမ် နှင့် ချန်းမင်ကျယ်တို့၏ ဆက်ဆံရေးကို နက်နက်ရှိုင်းရှိုင်း စူးစမ်းလာကြသည်။ လူများစွာက ယဲ့ရှီဝမ် သည် ပုံမှန်နည်းလမ်းများဖြင့် ဇာတ်ကောင်ကို မရရှိခဲ့ဟု ယုံကြည်ကြသည်။ထိုသို့သော သံသယများထဲတွင် အခြားမင်းသမီးသုံးဦး၏ ပရိသတ်များက ပထမဆုံး စွပ်စွဲခဲ့သည်။
ယဲ့ရှီဝမ် ၏ စိတ်ပျက်ဖွယ်အခြေအနေများသည် သူတို့ကြိုက်နှစ်သက်သော အရာဖြစ်သည်။
ဟန်တျန်းအန်တာတိန်းမန့်ခန်းမတွင် ယဲ့ရှီဝမ်၏လက်ထောက်သည်
"အစ်မ ဝမ်ဝမ်၊ အစ် မရဲ့ Weibo အကောင့်ကို အခုထိန်းလို့မရတော့ဘူး၊ အဆိုးမြင် ပရိသတ်တွေနဲ့ ပြည့်နှက်နေတယ်”
ဟုပြောလေသည်။
ယဲ့ရှီဝမ် သည် မျက်မှောင်ကြုတ်ကာ သူ(မ)၏မျက်လုံးများတွင် အေးစက်သောအရိပ်များ ဖြတ်သန်းသွားပြီး လက်ထောက်၏ မျက်နှာကို ရိုက်လိုက်သည်။
"ငါက ချန်းမင်ကျယ် ကတစ်ဆင့် ဇာတ်ကောင်နေရာကို ရခဲ့တာဆိုတဲ့ ခိုင်မာတဲ့ ဘာအထောက်အထား မရှိဘူး၊ငါက ချန်းမင်ကျယ် ဆီကနေ ရေထဲကို အတူ ဆွဲချခံခဲ့ရတာလေ မဟုတ်ဘူးလား၊သူနဲ့တူတူ ငါကဘာလို့ ကဲ့ရဲ့ခံနေရမှာလဲ”
ယဲ့ရှီဝမ်၏မျက်လုံးများတွင် ပြင်းထန်သောအရိပ်များ ရှိနေပြီး လက်ထောက်ကို ဒေါသထွက်ကာ ဆူပူခဲ့သည်။
"နင် အလုပ်လုပ်တတ်လား၊အဆိုးမြင်သူနည်းနည်းလေးကိုတောင် မကိုင်တွယ်တတ်ဘူးလား”
လက်ထောက်သည် ခေါင်းငုံ့ကာ ရိုက်နှက်ခံရသော မျက်နှာကို လက်ဖြင့် အုပ်ကာ ညင်သာစွာ ငိုကြွေးနေသည်။
"ငိုမနေနဲ့၊ စိတ်ရှုပ်တယ်”
ယဲ့ရှီဝမ် သည် နားရွက်များကို ပွတ်သပ်ကာ စိတ်မရှည်ဘဲ ထိုင်ခုံတစ်လုံးကို ဆွဲယူကာ ထိုင်လိုက်သည်။
ထိုအချိန်တွင် အေဂျင်စီ တျန်းကျင်းယိ သည် ရုံးခန်းထဲသို့ ဝင်ရောက်လာခဲ့သည်။သူ(မ)သည် ဘေးနားတွင် ရပ်နေသော လက်ထောက်ကို ပခုံးပေါ်မှ ပုတ်ကာ
"ဝမ်ဝမ်က ဒေါသထွက်နေလို့ပါ၊ သူ(မ)က ဘယ်သူ့ကိုမှ ထိခိုက်စေချင်တာမဟုတ်ပါဘူး၊မငိုပါနဲ့၊ ဝမ်ဝမ် နှင့် ချန်းမင်ကျယ် တို့ရဲ့ ဆက်ဆံရေးကို ရှင်းလင်းဖို့ မားကတ်တင်းအကောင့်ကိုသွားပြီ ဆက်သွယ်ချည်၊ ပြီးရင် ဝမ်ဝမ်ကို ချီးမွမ်းတဲ့မှတ်ချက်များရေးဖို့ အင်တာနက်အလိမ်အညာလုပ်သူတွေကို ရှာ ၊မြန်မြန်သွားနော်”
ဟု နှစ်သိမ့်ပေးခဲ့သည်။
လက်ထောက်သည် မျက်ရည်များကို သုတ်ပြီး ရုံးခန်းမှ ထွက်ခွာသွားခဲ့သည်။
"ကောင်းပြီ"
တျန်းကျင်းယိ သည် ထိုင်ခုံတစ်လုံးကို ဆွဲယူကာ ယဲ့ရှီဝမ်ဘေးတွင် ထိုင်လိုက်သည်၊
"ရှောင်ကျန်း က အပြင်လူ၊သူ့ရှေ့မှာ နင်က ဒီလို သတိမထားဘဲ နေမလို့လား၊ နင့်ရဲ့ပင်ကိုစရိုက်ကို မလိုချင်တော့ဘူးလား၊သူက နင့်ကို ဖော်ထုတ်လိုက်ရင် နင် ဒုက္ခရောက်ပြီပဲ"
ယဲ့ရှီဝမ် သည် အလွန်အထင်သေးစိတ်ရှိပြီး
"သူ(မ)က ဘာလုပ်ရဲမှာလဲ၊ ကျွန်မ သူ့ကို လစာအများကြီးပေးနေတာ၊သူ(မ) အလုပ်လုပ်သင့်တယ် မဟုတ်ဘူးလား”
"မင်း သူ(မ)ကိုအပြစ်တင်လို့မရဘူး၊ မင်းပထမဆုံး ဘလော့ပို့စ် မှာ ရှချန်းချန်းအကြောင်းမပြောခဲ့သင့်တာ၊ ချန်းမင်ကျယ် အကြောင်းလည်းမဖော်ပြသင့်ဘူး"
တျန်းကျင်းယိ သည် မအီမသာဖြစ်ကာ သက်ပြင်းချလိုက်သည်။
"အစက လူတိုင်းက ချန်းမင်ကျယ်ကိုပဲ အာရုံစိုက်နေတာ၊ မင်းရဲ့ ဘလော့ပို့စ် နဲ့ မားကပ်တင်းအကောင့် တွေက မီးမွှေးလိုက်လို့ ချန်းမင်ကျယ်ရဲ့မီးက မင်းကိုပါ ကူးလာတာ"
“ကျွန်မ ဘယ်လိုလုပ်ရမလဲ" ယဲ့ရှီဝမ် သည် အလွန်စိုးရိမ်နေသည်။
သူ(မ)သည် တရုတ်ရုပ်ရှင်လောက၏ လူကြိုက်များသော မင်းသမီးလေးဦးထဲမှ တစ်ဦးဖြစ်သည်။မူလက "ရှန်းကျွယ်" ဇာတ်ကားနှင့် D ၏ကြော်ငြာများဖြင့် လေးဦးထဲတွင် ဦးဆောင်သူဖြစ်လာနိုင်ခဲ့သည်။ သို့သော် ယနေ့ဖြစ်ရပ်ကြောင့် သူ(မ)သည် လေးဦးစာရင်းမှ ထုတ်ပယ်သွားနိုင်သည်!
ပိုဆိုးသည်မှာ နောင်တွင် ထုတ်လုပ်သူနှင့် ဒါရိုက်တာများက သူ(မ)နှင့် ချန်းမင်ကျွယ် တို့၏ အကြောင်းကို သတိရနေမည်ဖြစ်ပြီး သူ(မ)ကို ထပ်မံအလုပ်ခေါ်ပါတော့မလားဆိုတာ မသေချာချေ။
"ဒါကြောင့် လူတိုင်းသိအောင် မင်းက 'ရှန်းကျွယ်’ အခန်းကို မင်းရဲ့အစွမ်းအစကြောင့်ရတာလို့ ပြသရမှာပေါ့၊၊ ဒီလိုဆိုရင် ချန်းမင်ကျွယ် ကိုအားကိုးပြီးရတယ်ဆိုတဲ့ အပြစ်တင်မှုကို ရှင်းလင်းနိုင်လိမ့်မယ်၊ အခြားရင်းနှီးမြှုပ်နှံသူတွေလည်း မင်းရဲ့လုပ်နိုင်စွမ်းကို သိသွားမယ်”
တျန်းကျင်းယိ စဉ်းစားပြီး ဆက်ပြောသည်၊
"တကယ်တော့ မင်းရဲ့ 'ရှန်းကျွယ်' ဝင်ခွင့်ဗီဒီယိုကိုသာ ထုတ်ပြန်လိုက်မယ်ဆိုရင် ချန်းမင်ကျွယ်ကို အားကိုးပြီးရတယ်ဆိုတဲ့ သတင်းက မဟုတ်ဘူးဆိုတာ သူ့အလိုလို ပေါ်သွားလိမ့်မယ်”
အစကတည်းက ချန်းမင်ကျွယ်သည် ယဲ့ရှီဝမ်အား "ရှန်းကျွယ်” အမျိုးသမီးဇာတ်ဆောင် အခန်းအတွက် ကျိုးရှန်းနန် ရွေးချယ်မှုအဓိကအချက်များကို ရှင်းပြထားသော အသံဖိုင်ကိုပေးခဲ့သည်။ ထို့ကြောင့် ဝင်ခွင့် တွင် ကျိုးရှးန်နန်၏စိတ်ထဲရှိ ယုစူစူကဲ့သို့ သရုပ်ဆောင်နိုင်ခဲ့ပြီး အခန်းကို တစ်ခါတည်းရရှိခဲ့ခြင်းဖြစ်သည်။
ယဲ့ရှီဝမ် ၏ ဝင်ခွင့် သရုပ်ဆောင်မှုသည် အလွန်ကောင်းမွန်ခဲ့သည်မှာ ငြင်းမရပါ။ အွန်လိုင်းသုံးစွဲသူများသည် ချန်းမင်ကျွယ် က သူမကို အသံဖိုင် ပေးခဲ့သည်ကို မသိရှိနိုင်ပါ။ထို့ကြောင့် ဝင်ခွင့်ကို ထုတ်ပြန်လိုက်ပါက သူ(မ)၏စွမ်းရည်က ထိုလူများကို နှုတ်ပိတ်စေမည်။
"ဒါပေမဲ့ ပြဿနာက ကျိုးရှန်းနန် က ဝင်ခွင့် ထုတ်ပြန်ဖို့ သဘောတူမှာမဟုတ်ဘူး"
တျန်းကျင်းယိ သည် စိတ်ညစ်နေသည့်အသံဖြင့် ပြောသည်။
ဝင်ခွင့်ထုတ်ပြန်ပါက "ရှန်းကျွယ်" ဇာတ်ကားပြောင်းလဲရသည့် အကြောင်းရင်းကို လူတိုင်းမေးခွန်းထုတ်လာမည်ဖြစ်ပြီး ကျိုးရှန်း က လက်မခံနိုင်မည်မဟုတ်ပါ။ယခု "ရှန်းကျွယ်" ၏ အဓိကထုတ်လုပ်သူမှာ ရှချန်းချန်းဖြစ်နေပြီး ရှချန်းချန်းက ပို၍ထုတ်ပြန်ချင်မည်မဟုတ်။
"ဒါဆို ဝင်ခွင့်ဗီဒီယို ထုတ်ပြန်ဖို့ သူတို့ကို ဖိအားပေးလို့ရတာပဲ”
ယဲ့ရှီဝမ် ၏မျက်လုံးများတွင် ကြမ်းတမ်းသောအရိပ်များ ဖြတ်သန်းသွားသည်။
"ပြီးတော့ သူတို့က သရုပ်ဆောင်VCR ကိုပါ တစ်ချိန်တည်းထုတ်ပြန်ဖို့ ဖြစ်နိုင်တယ်၊အဲတာကြောင့် ကျွန်မရဲ့ ဒုတိယအကြိမ် သရုပ်ဆောင်မှု ဘာကြောင့်အရမ်းဆိုးသွားတာလဲဆိုတဲ့ အကြောင်းပြချက် တစ်ခုရှာဖို့လိုတယ်"
"ဘယ်လိုအကြောင်းပြချက်သုံးမလဲ"
တျန်းကျင်းယိမေးသည်၊
“ငါ မားကပ်တင်းအကောင့်တစ်ခုကို ကြိုတင်စီစဉ်ထားဖို့ စီစဉ်လိုက်မယ်"
ယဲ့ရှီဝမ်၏နှုတ်ခမ်းထောင့်တွင် လှည့်စားသောအပြုံးတစ်ခု ပေါ်လာသည်။
"ဥပမာ- ရှချန်းချန်း နဲ့ ရှ မိသားစုကြားက ပဋိပက္ခကို ဖော်ထုတ်ပြသမယ်၊ အစ်မလေးက အဖေနဲ့စကားများပြီး အိမ်မပြန်ချင်ဘူး၊ အစ်မကြီးဖြစ်တဲ့ကျွန်မက စိတ်ပူပြီး အိမ်ပြန်ဖို့အကြိမ်ကြိမ်တိုက်တွန်းပေမယ့် မအောင်မြင်ဘူး၊ ဒါကြောင့် သရုပ်ဆောင်အနေအထား ကျဆင်းသွားတယ်ဆိုတဲ့အကြောင်း ပြောမယ်"
"ကျွန်တော်နားလည်ပါပြီ"
တျန်းကျင်းယိသည် စိတ်လှုပ်ရှားစွာဖြင့်ထပြီး
"ကျွန်တော် အခုပဲပြင်ဆင်လိုက်မယ်"
ဟုပြောသည်။
နောက်တစ်နေ့တွင် ရှချန်းချန်းသည် ကျိုးရှန်းနန် ၏ စတူဒီယို သို့ အစောကြီးရောက်ရှိလာသည်။
လက်ထောက်ဒါရိုက်တာ ချန်းမင်ကျွယ်ကို အစားထိုးရန် လိုအပ်နေပြီး ယခုအခါတွင် လက်ထောက်ဒါရိုက်တာအသစ်ကို ရွေးချယ်ရန် လိုအပ်နေသည်။
ကျိုးရှန်းနန် သည် မနေ့ညက ရှချန်းချန်း ထံ ကိုယ်ရေးကိုယ်တာအကျဉ်းအချို့ကို ပေးပို့ခဲ့သည်။ သူတို့သည် လုပ်ငန်းခွင်အတွင်း ကောင်းမွန်သော ဒါရိုက်တာများဖြစ်ကြသည်။အချို့မှာ ကျိုးရှန်းနန်နှင့် အလုပ်လုပ်ဖူးပြီး သူတို့၏ အလုပ်လုပ်ပုံနှင့် စရိုက်လက္ခဏာများမှာ အာမခံချက်ရှိသည်။
ရှချန်းချန်းသည် တွေ့ဆုံမေးမြန်းမှုတွင် ပါဝင်ရန် စီစဉ်ထားသည်။အဘယ်ကြောင့်ဆိုသော် သူ(မ)သည် အဓိကထုတ်လုပ်သူဖြစ်သည်။အိမ်ထောင်ပြုပြီးနောက် ဇနီးမောင်နှံ၏ဘုံပိုင်ပစ္စည်းအရ "ရှန်းကျွယ်” ၏ အမြတ်ငွေ တစ်ဝက်ကို ရရှိမည်ဖြစ်သည်။ဝတ္ထုတွင် "ရှန်းကျွယ်" ၏ ဝင်ငွေ သည် ၅ ဘီလီယံရှိသည်... ထုတ်လုပ်သူ၏ ၃၀% အမြတ်အရ၊ သူ(မ)သည် သန်း ၇၅၀ရနိုင်သည်။
မင်းသား၏ လျှို့ဝှက်အိမ်ထောင်ပြုမှု ကောလာဟလအတွက်သာမက ၇၅၀ သန်းအတွက်ပါ "ရှန်းကျွယ်” မှထွက်ပြီးနောက် ကွာရှင်းရမည်။
ပန်းရောင်ဖာရာရီကားသည် စတူဒီယို အပြင်ဘက်တွင် ရပ်နေပြီး စတူဒီယို ၏တံခါးဝတွင် ပရိသတ်များ ပြည့်နှက်နေကြသည်။
ရှချန်းချန်းသည် ပရိသတ်များ အော်ဟစ်နေသော ဆောင်ပုဒ်များကို ကြားလိုက်ရသည်။ ထိုဆောင်ပုဒ်များမှာ အဖွဲ့အား ရှီဝမ်၏ စမ်းသပ်ရိုက်ကူးမှုဗီဒီယိုကို ထုတ်ပြရန်နှင့် ရှီဝမ်သည် သူ(မ)၏စွမ်းရည်ပေါ်မူတည်ပြီး ဇာတ်ရုပ်ရရှိခြင်းဖြစ်ကာ ချန်းမင်ကျွယ် နှင့် မည်သို့မျှ သက်ဆိုင်ခြင်းမရှိကြောင်း ရှင်းလင်းဖော်ပြရန် တောင်းဆိုနေဟန် ရှိသည်။ ထို့အပြင် အဖွဲ့သည် ရှီဝမ်အား တောင်းပန်ရမည်ဖြစ်ပြီး သဘောတူညီချက်ပြီးမြောက်ပြီးနောက် နောက်ပြန်ဆုတ်သွားခြင်းကြောင့် ရှီဝမ်၏ဂုဏ်သတင်းထိခိုက်မှုအတွက် တာဝန်ရှိသည်။
ရှချန်းချန်းသည် မနေသာဘဲ ရယ်မောမိသည်။
ကျိုးရှန်းနန်ကဲ့သို့သော ဒါရိုက်တာတစ်ဦးသည် စာချုပ်တွင် ဤသို့ဖြည့်စွက်ထားမည်မှာ - သရုပ်ဆောင်၏ကိုယ်ပိုင်အကြောင်းရင်းများ (ဥပမာ - သရုပ်ဆောင်မှုစွမ်းရည်၊ ကိုယ်ခန္ဓာပုံသဏ္ဍာန်) သည် ဒါရိုက်တာ၏လိုအပ်ချက်များနှင့် မကိုက်ညီပါက ဒါရိုက်တာတွင် စာချုပ်ဖျက်သိမ်းခွင့်ရှိသည်။
သို့သော် ရှချန်းချန်းသည် ရှီဝမ့်ပရိသတ်များ၏ အပြုအမူကို နားလည်ပေးနိုင်သည်။လက်ရှိအချိန်တွင် ရှီဝမ်အား အခြေအနေပြောင်းလဲနိုင်ရန် ကူညီနိုင်သည့် အရာမှာ စမ်းသပ်ရိုက်ကူးမှုဗီဒီယိုသာ ဖြစ်သည်။
ရှချန်းချန်းသည် ဖာရာရီကားကို အနီးရှိ ကားပါကင်တွင် ရပ်နားကာ နောက်တံခါးမှ စတူဒီယိုထဲသို့ ဝင်ရန် လမ်းလွှဲမည်ဆိုသည့်အချိန်တွင် မျက်စိလျင်သော ပရိသတ်တစ်ဦးက ရှချန်းချန်းကို သတိပြုမိပြီး
"ဟဲ့! ရှချန်းချန်း!"
ဟု အော်လိုက်သည်။
လူအားလုံး၏ မျက်လုံးများသည် ချက်ချင်း ရှချန်းချန်းအပေါ်သို့ စူးစိုက်သွားကာ ရွံရှာစက်ဆုပ်မှုနှင့် ဒေါသများ ပြည့်နှက်နေသည်။
ရှီးဝမ်၏ပရိသတ်များသည် ရှချန်းချန်းကို ဘယ်သောအခါမှ ကြိုက်နှစ်သက်ဖူးခြင်းမရှိပါ။ ဤဖြစ်ရပ်မဖြစ်မီကတည်းက သူတို့သည် ရှချန်းချန်းကို မုန်းတီးနေခဲ့ကြသည်။
မကြာမီ မည်သူမည်ဝါဟု မသိသော ပရိသတ်တစ်ဦးက
"ညစ်ပတ်တဲ့မိန်းမ! အရှက်မရှိတဲ့မိန်းမ!"
ဟု ကြိမ်းမောင်းလိုက်ပြီး ရှချန်းချန်းဆီသို့ ကြက်ဥပုပ်တစ်လုံး ပစ်လိုက်သည်။
ရှချန်းချန်းသည် မျက်စိလျင်ပြီး လက်မြန်သူဖြစ်၍ ဦးခေါင်းကိုငုံ့ကာ ကြက်ဥကို ရှောင်တိမ်းနိုင်ခဲ့သည်။
ကြက်ဥသည် ရှချန်းချန်း၏နောက်တွင် မြေကြီးပေါ်သို့ ကျပြီး ကွဲသွားကာ အနံ့ဆိုးထွက်လာသည်။
ထိုသူသည် အမျိုးသားပရိသတ်တစ်ဦးဖြစ်ပြီး ရန်စလိုဟန်ရှိသော်လည်း ရှချန်းချန်းက
"သေချာစဉ်းစား၊ကျွန်မက 'ရှန်းကျွယ်’ရဲ့ အထွေထွေထုတ်လုပ်သူ၊ရှီဝမ်ရဲ့ စမ်းသပ်ရိုက်ကူးမှုဗီဒီယိုကို ပြသမလား မပြသဘူးလား ဆိုတာကို ကျွန်မကပဲ ဆုံးဖြတ်မယ်"
ဟု အော်ပြောလိုက်သည်။
ထိုအမျိုးသားပရိသတ်သည် ပုပ်နေသော ကြက်ဥကို လက်တွင်ကိုင်ထားပြီး စိတ်တိုနေခဲ့သည်။နောက်ဆုံးတွင် သူသည် မကျေနပ်မှုကို ထိန်းချုပ်ကာ လက်ကိုရုပ်သိမ်းလိုက်ပြီး ပရိသတ်အုပ်စုထဲသို့ ပြန်သွားခဲ့သည်။
ရှချန်းချန်းသည် မျက်ခုံးမော့ကာ
"ဒါနဲ့တင်ပြီးပြီလို့ ထင်နေလား"
ဟု မေးလိုက်သည်။
"ဒါဆို နင်ဘာထပ်လိုချင်သေးလဲ"
သူသည် အလွန်ဒေါသထွက်နေပြီး ဒေါသထွက်နေသော မျက်လုံးများသည် ကြေးနီခေါင်းလောင်းကြီးများကဲ့သို့ ဖြစ်နေသည်။
ရှချန်းချန်းသည် အေးဆေးစွာဖြင့်
"ကျွန်မကို နှုတ်နဲ့ရှုတ်ချပြောဆိုတဲ့အတွက် ရှင်တောင်းပန်ဖို့ မလိုဘူးလား"
ဟု ပြောလိုက်သည်။
ထိုအမျိုးသားပရိသတ်သည် နောက်တွန့်သွားပြီး သူအစောက ရှချန်းချန်းအား ပြောခဲ့သော စကားများကို သတိရလိုက်သည်။ သူသည် ရှချန်းချန်းအား ဆဲရေးတိုင်းထွာခြင်းသည် မှားယွင်းသည်ဟု ဘယ်သောအခါမှ မတွေးဖူးသော်လည်း သူ၏စိတ်ထဲရှိ ကောင်းမြတ်သော၊ လှပသော ရှီးဝမ်အတွက် သူသည် ရှချန်းချန်းရှေ့တွင် ဦးညွှတ်ကာ ရှက်ရွံ့စွာဖြင့် တောင်းပန်လိုက်ရသည်။
"တောင်းပန်ပါတယ်။"
သူ၏အသံတွင် တောင်းပန်မှုမရှိဘဲ ပို၍အားနာမှုနှင့် မကျေနပ်မှုများသာ ပါဝင်နေသည်။
ထိုအချိန်တွင် ရှချန်းချန်းသည် လူအများ၏ မုန်းတီးသော မျက်လုံးများကို ခံစားရသည်။အကယ်၍ ဤမျက်လုံးများသည် ဓားများအဖြစ် ပြောင်းလဲသွားပါက ရှီးချန်းချန်းသည် ယခုအချိန်တွင် တစစီဖြစ်နေမည် ဖြစ်သည်။
"မြေကြီးပေါ်က အညစ်အကြေးတွေကို သန့်ရှင်းပစ်လိုက်နော်၊ သန့်ရှင်းရေးသမားတွေကို အလုပ်ပိုမပေးနဲ့"
ဤစကားများပြောပြီးနောက် ရှချန်းချန်းသည် ရှီးဝမ်၏ပရိသတ်များရှေ့မှ စတူဒီယိုထဲသို့ ဝင်သွားခဲ့သည်။
စနစ်သည် ရှချန်းချန်း၏ အပြုအမူကို ကြည့်ပြီး နှုတ်ခမ်းဖျားမှ မသက်မသာ အသံများ ထွက်လာခဲ့သည်။
"Host မင်းအခုနက အပြုအမူဟာ လုံးဝကို ဗီလိန်တစ်ယောက်ပါပုံပဲ၊ရှီးဝမ်ရဲ့ပရိသတ်တွေက မင်းကို အသေမုန်းတီးသွားမှာ အသေအချာပဲ"
ရှချန်းချန်းသည် အလွန်အမင်း မထီမဲ့မြင်ပြုလိုက်သည်။
"ရှီးဝမ်ရဲ့ပရိသတ်တွေက ငါ့ကို သဘောကျဖူးလို့လား”
"အဲဒါမျိုးမဟုတ်ဘူးလား"
စနစ်က အရှက်ရသလို ပြောလိုက်သည်၊
"ဒါပေမယ့် မင်းရဲ့အပြုအမူဟာ တကယ်ကို မသင့်လျော်ဘူး၊ အဲတာကြောင့် မင်းကို မကောင်းတဲ့ အမျိုးသမီး ဇာတ်ပို့အဖြစ် တာဝန်ပေးခံရတာ"
"သင့်တော်မှန်ကန်စွာ ပြုမူဖို့လား၊ ရှီးဝမ်လိုမျိုးလား"
၊အကယ်၍ အပြင်မှာရှိနေသူသည် ရှီဝမ်ဖြစ်ခဲ့လျှင် သူ(မ)သည် မည်သို့တုံ့ပြန်မည်ကို ရှချန်းချန်းသည် သူ့ကိုယ်သူ စိတ်ကူးကြည့်မိသည်။
"ရှီဝမ်ဖြစ်ခဲ့ရင် သူ(မ)က ဆဲခံရတာ၊ ပုပ်နေတဲ့ကြက်ဥပစ်ခံရတာတောင် ပြုံးပြီး မျက်နှာပေါ်က အညစ်အကြေးတွေကို သုတ်ပစ်ကာ 'ဘာမှမဖြစ်ပါဘူး၊
သူက ကလေးတစ်ယောက်ပါပဲ' ဆိုပြီး ပြောမှာပေါ့"
"အီး..."
စနစ်က အသက်ရှူကျပ်သလို ဖြစ်သွားသည်၊
"ငါ့ကို လှောင်ပြောင်နေတယ်လို့ ခံစားရတယ်”
ရှချန်းချန်းက ပြက်လုံးထုတ်ကာ
“အဲကတာ မင်းရဲ့ ဇာတ်လိုက်မိန်းကလေးပဲလေ”
ဟု ပြောလိုက်သည်။
မိနစ်အနည်းငယ်အကြာတွင် ရှချန်းချန်းသည် ကျိုးရှန်းနန်၏ ရုံးခန်းထဲသို့ ဝင်လာခဲ့သည်။လက်ထောက်ဒါရိုက်တာ အင်တာဗျူးမှာ မစတင်သေးချေ။ ရုံးခန်းထဲတွင် မြင်နေကျကျောပြင်နှင့် အမျိုးသမီးတစ်ဦး ထိုင်နေသည်။သူ(မ) လှည့်လာသောအခါ ရှချန်းချန်းသည် သူမ၏ ပိုမိုရင်းနှီးသော မျက်နှာကို တွေ့မြင်လိုက်ရသည်။
သူ၏ချစ်လှစွာသော ညီမဝမ်းကွဲ၊ ရှီဝမ်။
ပရိသတ်များ ဤမျှအဆင့်အထိ ဒုက္ခပေးနေပြီဖြစ်သောကြောင့် ရှီဝမ်သည် ထွက်ပေါ်ကာ သူ(မ)၏တောင်းဆိုချက်များကို ပြောကြားသင့်သည်။
သူ(မ)သည် မြန်မြန်လှမ်းသွားပြီး ရှချန်းချန်းကို ဟန်ဆောင်စိုးရိမ်မှုဖြင့် ကြည့်ကာ
"ချန်းချန်း၊ ပရိသတ်တစ်ယောက်က နင့်ကို ကြက်ဥနဲ့ပစ်တယ်ဆိုတာ ငါကြားလိုက်ရတယ်၊နင်အဆင်ပြေရဲ့လား" ဟု မေးလိုက်သည်။
ရှချန်းချန်း၏ ကိုယ်ပေါ်တွင် အညစ်အကြေးမရှိသည်ကို တွေ့မြင်ရသောအခါ သူ(မ)၏မျက်လုံးထဲတွင် နှမြောမှုအရိပ်အမြွက်ပေါ်လာပြီး စိုးရိမ်သောမျက်နှာအဖြစ် ပြောင်းလဲသွားကာ
"ချန်းချန်း ငါတောင်းပန်ပါတယ်၊ ငါ့ကိုကူညီဆန္ဒပြဖို့ ပရိသတ်တွေလာမယ်လို့ ငါမထင်ခဲ့ဘူး..."
ဟု သနားစရာကောင်းအောင် ပြောလိုက်သည်။
ရှီဝမ်၏ အသံထဲတွင် စိတ်လှုပ်ရှားမှုများပါဝင်ပြီး သူ(မ)၏ရှည်လျားသော မျက်တောင်မွှေးများသည် မျက်ရည်များဖြင့် ပြည့်နှက်နေဟန် ရှိသည်။
"သူတို့က ငါ့ကို မတရားခံရတာကို မကြည့်ရက်လို့ နည်းနည်းရိုင်းရိုင်းပြောမိတာပါ ၊ဒေါသမထွက်နဲ့နော်”
ရှီဝမ်၏ အေးဂျင့်ဖြစ်သူ တျန်းကျင်းယိသည်လည်း အမြန်ပါဝင်ဆွေးနွေးလိုက်သည်။
"တကယ်တော့ အဖွဲ့အပြင် ဘယ်သူ့ကိုမှ အပြစ်တင်စရာမလိုပါဘူး၊ အပြစ်တင်ရမယ်ဆိုရင် ချန်းမင်ကျယ်ကိုပဲ အပြစ်တင်သင့်တာ၊သူက သရုပ်ဆောင်ရွေးချယ်ရေးမှာ အခွင့်အရေးယူသုံးခဲ့တာကိုး၊ မစ္စရှ၊ ဒါရိုက်တာကျိုး၊ 'ရှန်းကျွယ်’ ရဲ့ အဓိကဇာတ်ဆောင်ရွေးချယ်မှုမှာ ပြဿနာရှိနေတယ်ဆိုတာ နောင်တစ်ချိန်မှာ ထွက်ပေါ်လာမှာကို မင်းတို့ မလိုချင်ကြဘူးလို့ ထင်ပါတယ်၊ ဒါကြောင့် ဝမ်ဝမ်ရဲ့ စမ်းသပ်ရိုက်ကူးမှုဗီဒီယိုကို ထုတ်ပြတာက အကောင်းဆုံးရွေးချယ်မှုပါပဲ၊ အပြင်က ပရိသတ်တွေရဲ့ဒေါသကို ငြိမ်းသတ်နိုင်ရုံသာမက ပရိသတ်တွေကိုလည်း အဖွဲ့ရဲ့ ဇာတ်ဆောင်ရွေးချယ်ရေး ရည်ရွယ်ချက်ကို သိစေနိုင်မှာပါ”
ရှီးဝမ်သည် ရှချန်းချန်း၏လက်ကို နူးညံ့စွာ ကိုင်ကာ
"ချန်းချန်း၊ နင်ငါ့ကို သိပ်မကြိုက်ဘူးဆိုတာ ငါသိပါတယ်၊၊အဲတာကြောင့် စမ်းသပ်ရိုက်ကူးမှုဗီဒီယိုကို မထုတ်ပြချင်တာလည်း သိပါတယ်၊ ဒါပေမယ့် ဒီကိစ္စက 'ရှန်းကျွယ်' အတွက်လည်း ဖြစ်နေတယ်”
ဟု ပြောလိုက်သည်။
"ငါမထုတ်ပြချင်ဘူးလို့ ဘယ်သူပြောလိုက်တာလဲ"
ရှချန်းချန်းက ရှီးဝမ်စကားကို ဖြတ်တောက်လိုက်ပြီး ဆွဲဆောင်မှုရှိသော ပြုံးရိပ်တစ်ခုဖြင့်
"နင် စောစောကြီးကတည်းက ပြောသင့်တာကို၊ ဒါက စမ်းသပ်ရိုက်ကူးမှုဗီဒီယိုလေးပဲ၊ နင်တိုက်ရိုက်အီးမေးလ်ပို့ပြီး တောင်းလို့ရတာပဲဟာ၊ ပရိသတ်တွေကို ဘာလို့ အချိန်ကုန်ခံပြီး ဒုက္ခပေးရတာလဲ”
သူ(မ)သည် ရှီးဝမ်နှင့် တျန်းကျင်းယိတို့၏ အစီအစဉ်ကို ချက်ချင်းဖော်ထုတ်လိုက်ပြီး သူတို့နှစ်ဦးသည် ချက်ချင်း အနည်းငယ်ရှက်သွားကြသည်။ပရိသတ်များ ဒုက္ခပေးခြင်းသည် ပထမအဆင့်သာဖြစ်သည်။ထို့နောက် ပုပ်နေသောကြက်ဥများသည် ရှချန်းချန်း၏ ရှက်ဖွယ်ပုံရိပ်ကို Weibo တွင် အဟော့ဆုံးသော ရှာဖွေမှုအဖြစ် ပြောင်းလဲစေနိုင်သည်။
အင်တာနက်သုံးသူများသည် ရှီးဝမ်၏ပရိသတ်များနှင့်အတူ စမ်းသပ်ရိုက်ကူးမှုကို တိုက်တွန်းရန် စိတ်အားထက်သန်မှုဖြင့် လိုက်ပါကြမည်။ရှချန်းချန်းကို ခြေကျင်းတစ်ခုအဖြစ် အသုံးပြုကာ ရှီးဝမ်၏ဤလှုပ်ရှားမှုသည် အလွန်တော်သည်ဟု ဆိုနိုင်သည်။
သို့သော် ကျိုးရှန်းနန်သည် နှစ်ဦး၏ ရှုပ်ထွေးသောအချက်များကို သတိမပြုမိခဲ့ပေ။သူသည် ရှချန်းချန်းထံချဉ်းကပ်ကာ "ရှန်းကျွယ်'' ထွက်ရှိချိန်တွင် ဤကဲ့သို့သော အမည်းစက်များ ပြေလည်သွားမည်ဖြစ်သည်။
"ကျွန်တော်တို့အနေဖြင့် စမ်းသပ်ရိုက်ကူးမှုဗီဒီယိုကို ထုတ်ပြဖို့မလိုအပ်ဘူး၊ အကယ်၍ ဗီဒီယိုကိုထုတ်ပြလိုက်ရင် ပရိသတ်တွေက ဇာတ်ဆောင်ပြောင်းလဲရခြင်းရဲ့ အကြောင်းရင်းကို မေးခွန်းထုတ်ကြလိမ့်မယ်"
ဟု တိုးတိုးပြောလိုက်သည်။
"ဒါပေမယ့် ရှီဝမ်ဟာ စမ်းသပ်ရိုက်ကူးမှုမှာ အရမ်းကောင်းတယ်ဆိုတာ အမှန်တရားပဲ"
ရှချန်းချန်းက ပခုံးလှုပ်ပြီး ကျိုးရှန်းနန်၏ပခုံးကို ပုတ်ကာ
"ငါတို့က အရိပ်တွေကို မကြောက်ဘူး၊ ဘာမှမဖြစ်ဘူး" ဟု နှစ်သိမ့်ပေးလိုက်သည်။
ရှို့ရှန်နန်သည် အလွန်တုံ့ဆိုင်းနေဆဲဖြစ်ပြီး ရှချန်းချန်း၏ အကြောင်းပြချက်ကို မှတ်ချက်မပေးခဲ့ပေ။
ရုတ်တရက် ရုံးခန်းတံခါးကို တွန်းဖွင့်လိုက်သံကြားပြီး ချောမောသော အမျိုးသားတစ်ဦး ရုံးခန်းထဲသို့ ဝင်လာသည်။ သူ၏မျက်လုံးများသည် အေးစက်ပြီး မာန်ထောင်လွှားသော်လည်း သူ၏ထူးခြားသော တော်ဝင်မင်းသားဆန်ဆန် စရိုက်လက္ခဏာကိုလည်း ပြသနေသည်။
ရှချန်းချန်း၏ ဦးနှောက်ထဲရှိ စနစ်သည် ချက်ချင်းအသက်ဝင်လာသည်။
"ဟန်ကျာလင်းပါ၊ မင်းရဲ့တစ်သက်လုံး အချစ်ဆုံးလူပါ၊ တ္ထုရဲ့ ဇာတ်လိုက်ပါ၊ သူနောက်ဆုံးတော့ပေါ်လာပြီ"
ဟန်ကျာလင်းသည် အခန်းထဲသို့ဝင်လာသည်နှင့်တစ်ပြိုင်နက် ဘာမျှမပြောဘဲ ရှီဝမ်ကို သူ့နောက်တွင် ကာကွယ်ထားလိုက်ပြီး ရှချန်းချန်းကို ပြင်းထန်သော ရွံရှာစက်ဆုပ်မှုဖြင့် ကြည့်လိုက်သည်။
"ရှချန်းချန်း၊ ဝမ်ဝမ်က စမ်းသပ်ရိုက်ကူးမှုဗီဒီယိုကို ထုတ်ပြချင်ရုံလေးပါ၊ မင်းဘာလို့ သူ့ကိုဒုက္ခပေးနေတာလဲ”
ရှချန်းချန်း: ?
ကျိုးရှန်းနန်: ? ?
စနစ်: ? ? ?
အစ်ကိုကြီး၊ မင်းရဲ့ ဦးနှောက်မှာ ပြဿနာရှိနေလား၊ စိတ်ရောဂါဆေးရုံကထွက်ရင် ဘယ်ဘက်ကိုလှည့်ပါ၊ ကျေးဇူးတင်ပါတယ်။
ရှချန်းချန်းသည် စားပွဲနှင့်မှီကာ ဟန်ကျာလင်းကို မထီမဲ့မြင်ကြည့်ပြီး စကားလုံးနှစ်လုံးကို ထုတ်ပြောလိုက်သည်။
"အရူး"
ဟန်ကျာလင်း: ? ? ?
ကျိုးရှန်းနန်သည် မနေသာဘဲ ရယ်မောလိုက်သည်။
"အဟွန်း... မစ္စတာဟန်၊ မင်းမှားနေတယ်"
ကျိုးရှန်းနန်က ရယ်မောမှုကို ဖုံးကွယ်ရန် ချောင်းဆိုးလိုက်ပြီး
"မစ္စရှ၊ က မစ္စယဲ့ကို ဒုက္ခမပေးပါဘူး၊ ဗီဒီယိုမထုတ်ပြချင်တာက..."
"ဒါရိုက်တာကျိုး၊ ရှချန်းချန်းအတွက် စကားမပြောပေးပါနဲ့"
ဟန်ကျာလင်းက ကျိုးရှန်းနန်ကို မာနထောင်လွှားသောအသံဖြင့် စကားဖြတ်လိုက်သည်။
"ငါရှချန်းချန်းကို ကောင်းကောင်းသိတယ်၊ သူက ကလေးဘဝတည်းက ဝမ်ဝမ်ကို ဒုက္ခပေးရတာကို အမြဲကြိုက်နှစ်သက်တာ၊ ဗီဒီယိုမထုတ်ပြဖို့ သူ(မ)ကတားမြစ်ခဲ့တာ အသေအချာပဲ!"
ဤတစ်ကြိမ်တွင်တော့ ကျိုးရှန်းနန်ပင် စကားမပြောနိုင်တော့ပေ။
"ရှချန်းချန်း၊ လိမ်နေတာတွေရပ်လိုက်ပါ”
ဟန်ကျာလင်းသည်
"ဝမ်ဝမ်ကို ဂုဏ်သတင်းဖျက်ပစ်ရုံနဲ့ ငါ့ကိုရနိုင်မယ်လို့ မထင်နဲ့၊ ငါဘယ်တော့မှ မင်းလိုမိန်းမမျိုးကို ပြန်ကြိုက်မှာမဟုတ်ဘူး”
ရှချန်းချန်း: "..."
ကျိုးရှန်းနန်: "..."
စနစ်: "..."
ကူညီပါ! ဒီဇာတ်လိုက်အမျိုးသားအတွက် မျှော်လင့်ချက်ရှိသေးလား။
သူတို့နှစ်ဦးသည် မြေအောက်ရထားပေါ်က ဖုန်းကြည့်နေသော သက်ကြီးရွယ်အိုများနှင့် တူနေပြီး ဟန်ကျာလင်းအား မည်သို့ပြန်ပြောရမည်ကို ကြာမြင့်စွာ မသိခဲ့ကြပေ။
ရှချန်းချန်းက ဒါဟာ သူ(မ)ဒီနေ့မြင်ဖူးသမျှ အဆိုးဆုံးအရာဖြစ်မယ်လို့ ထင်ခဲ့သည်။ဒါပေမယ့် မကြာခင်မှာပဲ "အဆိုးဆုံး" ဆိုတာ မရှိဘူး၊ "ပိုဆိုးတာ" ပဲရှိတယ်ဆိုတာ သူ(မ)သိလိုက်ရသည်!
ဘာလို့လဲဆိုတော့ ဟန်ကျာလင်းက ချစ်ခြင်းမေတ္တာငြင်းပယ်ခံရတဲ့ နားမလည်နိုင်တဲ့ ကြေငြာချက်ကို ထုတ်ပြန်ပြီးနောက် ရှီးဝမ်က ဟန်ကျာလင်းကို ချီးကျူးရင်း
"ကျာလင်း ကော ၊ ကျေးဇူးတင်ပါတယ်၊ ကော ကျွန်မကိုချစ်တယ်ဆိုတာ ကျွန်မ လက်ခံပါပြီ”
ပြပြီး ငိုလာပြန်သည်။
ရှချန်းချန်း: ?
ကျိုးရှန်းနန်: ? ?
စနစ်: ? ? ?
"သာလေး”
ရှချန်းချန်းက အတည်ကျကျပြောလိုက်တယ်၊
"ဒီစာရေးဆရာရဲ့ အစီအစဉ်က အရမ်းကောင်းတယ်လို့ ငါထင်တယ်၊ဒီလူနှစ်ယောက်ကို တစ်သက်လုံးချုပ်နှောင်ထားဖို့ပဲ မျှော်လင့်တယ်၊ သူတို့ကို အပြင်ပေးမထွက်ပါနဲ့"
စနစ်: "..."
တကယ်တော့၊ ဒါက ဒီသားလေးရဲ့ စိတ်ကူးထဲက အစီအစဉ်ပါပဲ!
နောက်ဆုံးမှာတော့ ဟန်ကျာလင်းက အကျဉ်းချုပ်ပြောလိုက်သည်၊
"ဒါရိုက်တာကျိုး၊ ဝမ်ဝမ်ရဲ့ စမ်းသပ်ရိုက်ကူးမှုဗီဒီယိုကို ထုတ်ပြဖို့ မျှော်လင့်ပါတယ်၊ ရှချန်းချန်းက သဘောတူမှာမဟုတ်ဘူး၊ ရင်းနှီးမြှုပ်နှံမှုကို ရုပ်သိမ်းချင်တယ်ဆိုရင် ငါက လိုအပ်တဲ့ငွေကြေးကို ဖြည့်ဆည်းပေးမယ်"
ကျိုးရှန်းနန်က ဒီတစ်ခါတော့ ရယ်မောမှုကို ထိန်းချုပ်နိုင်ပြီး
"ဘော့စ်ဟန်၊ ဗီဒီယိုမထုတ်ပြချင်တဲ့သူက ကျွန်တော်ဖြစ်နိုင်တယ်ဆိုတဲ့ ဖြစ်နိုင်ချေကိုရော စဉ်းစားမိလား"
ဟန်ကျာလင်း: ? ? ?
ဟန်ကျာလင်းက ဒီလိုပြောင်းပြန်ဖြစ်မယ်လို့ လုံးဝမမျှော်လင့်ခဲ့ချေ၊သူအံ့အားသင့်သွားမိသည်။သူက အခန်းထဲက လူတွေကို ကြည့်ပြီး ရှီးဝမ်နဲ့ တျန်းကျင်းယိတို့ကို ခေါင်းညိတ်နေတာကို တွေ့လိုက်ရတော့မှ အမှန်တရားကို နားလည်သွားတယ်။
ဒါပေမယ့် အာဏာရှင်သူဌေး သည် အာဏာရှင်သူေဌးသာဖြစ်ဆဲပင်။ ဒီလိုရှက်စရာကောင်းတဲ့ အဖြစ်အပျက်တစ်ခုကို ကြုံပြီးနောက်မှာတောင် သူက ဆက်ပြီး အာဏာရှင်ဆန်ဆန် ပြောနေစေးသည်။
"ဗီဒီယိုထုတ်ပြဖို့ သဘောတူအောင် ငါဘာလုပ်ပေးရမလဲ"
ကျိုးရှန်းနန်က ဘယ်လိုငြင်းဆိုရမလဲဆိုတာ စဉ်းစားနေဆဲမှာ ရှချန်းချန်းက
"ဒါဆို ၁၀ သန်း!"
လို့ ပြောလိုက်တယ်။
လူတိုင်းက အံ့အားသင့်သွားပြီး ရှချန်းချန်းကို စိတ်ရှုပ်ထွေးစွာ ကြည့်နေကြသည်။
ဒါပေမယ့် ရှချန်းချန်းက ပြုံးရိပ်လေးဖြင့် ပြောလိုက်သည်။
"ဘော့စ်ဟန်က ချမ်းသာတာပဲ၊ ရှီးဝမ်ရဲ့ စမ်းသပ်ရိုက်ကူးမှုဗီဒီယိုကို ၁၀ သန်းနဲ့ဝယ်လို့ရတယ်မလား"