← Chapters

Chapter 61

Vol. 7 Ch. 61

Chapter 61

Vol. 7 Ch. 61

ဤအချိန်တွင် မြို့တော်ထဲရှိ မြို့ဂိတ်တံခါးမျှော်စင်ထက်တွင် လသည် မြင့်မားစွာ ရှိနေ၏။ ယန်မင်းဆက်တွင် နွေဦးကာလ၏ အဆုံးသတ်ဖြစ်ပြီး ဆောင်းငှက်တောင်၏ မက်မွန်ပွင့်များသည်လည်း နေရာတိုင်းတွင် ရှိနေလေပြီ။

လမ်းများနှင့် ဈေးဆိုင်များသည်လည်း မီးအိမ်များ၊ ရောင်စုံ ခေါင်းစည်းစာတန်းများနှင့် အလှဆင်ထားကာ ဆူညံသံများ၊ စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်နေလေသည်။ ဤသို့ဖြစ်ရသည်မှာ မြောက်ပိုင်းဒေသမှ သတင်းကောင်းသည် တောမီးသဖွယ် ပျံ့နှံသွားသောကြောင့်ပင်။ စစ်တပ်သည် စစ်ပွဲကို အနိုင်ရသွားသည်ဟု ပြောနေကြလေသည်။ ယခုနှစ်တွင် နေရာများစွာ၌ နှင်းခဲ ဘေးအန္တရာယ်နှင့် ပြည်သူများ၏ အစာရေစာငတ်မွတ်မှုလည်း အလွန်လျော့နည်းလာခဲ့၏။ ရလဒ်အဖြစ် ပြည်သူများသည် ယခင်နှစ်ထက် ပိုမိုပျော်ရွှင်လာကြသည်။ မိသားစုတိုင်းသည် ငြိမ်းချမ်းပြီး ရောင့်ရဲတင်းတိမ်စွာ နေထိုင်နိုင်ရန် မျှော်လင့်လျက် မြစ်တစ်လျှောက် မီးအိမ်များကို ထွန်းညှိရန် ထွက်လာကြလေသည်။

စုရှီသည် ရင်းနှီးသော မြို့တော်ကို ကြည့်လိုက်လေသည်။ ကာတွန်းဇာတ်ကောင် အတော်များများ၏ မျက်နှာကိုပင် သူမ မှတ်မိနေလေပြီ။ ယခင်နှစ်ကဲ့သို့ လမ်းပေါ်တွင် ခင်းကျင်းထားသော ပါးနီရောင်းသည့် ဆိုင်ခန်းငယ်များပင် ရှိသေး၏။ ခံစားချက်‌များစွာကို သူမ ခံစားလိုက်ရသည်။

အရင်နှစ်၌ ယန်မင်းဆက်က အတွင်း အပြင် ပြဿနာပေါင်းစုံကြားမှာ ရှိနေတာမလို့ ဤသို့နှယ် မဟုတ်ခဲ့။ ပြင်ပမှာ အိမ်နီးချင်းနိုင်ငံတွေရဲ့ ကျူးကျော်မှုကို ခံနေရပြီး ပြည်တွင်းမှာတော့ သဘာဝဘေးအန္တရာယ်တွေကို တွေ့ကြုံနေရ၏။ ဧကရာဇ်နေထိုင်နေတဲ့ မြို့တော်ထဲမှာတောင် ပြည်သူတော်တော်များများ အစာရေစာငတ်မွတ်နေပြီး သေဆုံးခဲ့ကြရသည်။ လမ်းပေါ်မှာ အရပ်သူအရပ်သားများစွာ ရှိပေမဲ့ သူတို့လည်း အလျင်စလိုနဲ့ ထိတ်လန့်တုန်လှုပ်နေကြတာ ဖြစ်သည်။ အခုတော့ ဒီအရပ်သူအရပ်သားတွေက ပြောင်းပြန် စိတ်သက်သာရာရနေကြလေပြီ။

ကျိုက်ကျိုက်က အတော်လေး ပံ့ပိုးထောက်ပံ့ပေးခဲ့တာ ဖြစ်သည်။

ဒါကြောင့် ကျိုက်ကျိုက်ကို ထီးနန်းတက်အောင် တွန်းပို့ပေးချင်တဲ့ ယုံရှီးကလွဲပြီး ကျိုက်ကျိုက်ကလည်း အဲဒီရာထူးကို တက်ဖို့ သင့်တော်ပြီး ယန်မင်းဆက်ကို ငြိမ်းချမ်းမှု ယူဆောင်လာပေးလိမ့်မည်။

စုရှီသည် ဤအကြောင်းတွေးပြီး အလုပ်ကြိုးစားနေသေးသော ချန်ကုန်းဝူနှင့် အခြားဇာတ်ကောင်များကို သွားကြည့်လေသည်။ အချို့နိုင်ငံများသို့ ကျိုက်ကျိုက်၏ လယ်ယာများ တဖြည်းဖြည်း တိုးချဲ့သည်လည်နှင့်အမျှ ချန်ကုန်းဝူသည်လည်း ပိုမိုအလုပ်ရှုပ်လာခဲ့၏။ ချန်ကုန်းဝူသည် လက်ထောက်တစ်ဦးအဖြစ် အလွန်အထောက်အကူပြုသော်လည်း သူသည် စီမံခန့်ခွဲသူတစ်ဦး မဖြစ်နိုင်ချေ။ ကံကောင်းစွာဖြင့် မြို့တော်သို့ ကျိုက်ကျိုက် မထွက်ခွာမီ စီမံခန့်ခွဲမှုအလုံးစုံကို ကျုံးကန်ဖိန် ဆီသို့ လွှဲအပ်ရန် အမြော်အမြင်ရှိပြီးလေပြီ။ ထို့ကြောင့် ဤအချိန်တွင် လယ်ယာများသည် အခြားနေရာပေါင်းများစွာဆီသို့ တဖြည်းဖြည်းကျယ်ပြန့်လာပြီး ဆောင်းခို အမိုးအကာများနှင့် ဖန်လုံအိမ်ရုံများ ကဲ့သို့ နည်းပညာသစ်များသည် ယန်မင်းဆက်၌ စတင် အရင်းခံလာခဲ့ကာ ဘေးအန္တရာယ်များကြောင့် အစာပြတ်လပ်နေသော တိုင်းပြည်၏ပြဿနာကို ကြိုတင်ဖြေရှင်းနိုင်လာသည်။

စားနပ်ရိက္ခာများ စိုက်ပျိုးခြင်းနှင့် စိုက်ပျိုးမြေကို တိုးတက်စေရန်အတွက် တစ်ဆင့်ပြီးတစ်ဆင့်လုပ်ရန် လို‌အပ်သေးသည်မှာ သေချာ၏။

ယခု ကျန့်ယွမ်စစ်တပ်သည် မြို့တော်သို့ ပြန်လာတော့မည်ဟု သူတို့ကြားသောအခါ ချန်ကုန်းဝူနှင့် အခြားသူများသည် အိမ်ပြင်ပထွက် မီးအိမ်များထွန်းကာ ဂုဏ်ပြုထမင်းစားပွဲကျင်းပပြီး သ‌ခင်လေးလု၏ အပြန်ကို မော်ကြွားစွာ စောင့်မျှော်နေကြလေသည်။

လုဟွမ်၏လက်အောက်တွင် အလုပ်လုပ်သော စစ်တပ်ရေးရာဝန်ကြီးဌာန၏ ကြီးကြပ်ရေးများသည် သူတို့မျက်နှာပေါ်တွင် မပြသော်လည်း စစ်တပ်ထဲ၌ လုဟွမ်၏ ထူးချွန်သော တာဝန်ထမ်းဆောင်မှုနှင့် သည်တစ်ခေါက် သူပြန်လာသောအခါ သူအမှန်တကယ် ရာထူးတိုးနိုင်ကြောင်း ပြောဆိုနေကြ၏။ သူတို့သည် မတတ်နိုင်ဘဲ ရောထွေးသော ခံစားချက်များ ရှိနေကြလေသည်။ မနာလိုမှုလည်း ရှိသကဲ့သို့ စင်စစ် သဘောကျလေးစားမှုလည်း ရှိလေ၏။

ယွင်ရှိုးဖန်သည်လည်း စိတ်လှုပ်ရှားနေလေ၏။ အိမ်ထဲတွင် သူသည် ဘယ်ကြည့်လိုက် ညာကြည့်လိုက်ဖြင့် မြို့တော်ထဲသို့ ကျန့်ယွမ်စစ်တပ် ဘာကြောင့် ဝင်မလာသေးသလဲဟု အစေခံများကို ဆက်တိုက် မေးနေလေသည်။

စုရှီသည် သူမ သိသော လူများကို တစ်ချက်ကြည့်ကာ ကျိုက်ကျိုက်အတွက် သူမ၏ နှလုံးသားထဲမှပင် ဂုဏ်ယူမိပြီး ပျော်ရွှင်မိလေသည်။ နင်းဖူမင်းသားအိမ်တော်ရှိ ကိုယ်လုပ်တော်၏သားဘဝမှ အခုလက်ရှိ ကျိုက်ကျိုက်ရောက်နေသော နေရာကို ရောက်ရှိရန် သူ့အတွက် မလွယ်ကူခဲ့ချေ။

ကျိုက်ကျိုက်၏ မိတ်ဆွေများသည် စုရှီ၏မိတ်ဆွေများပင်။ စုရှီ၏ တည်ရှိမှုအကြောင်း သူတို့မသိခြင်းသာ ရှိလေသည်။ ယခင်က စုရှီလိုင်းတက်သောအခါ သူမသည် အင်တာဖေ့ကို မြောင်ပိုင်းဒေသသို့ ချက်ချင်းပြောင်းလေသည်။ ယခုတွင် မြို့တော်သို့ ကျိုက်ကျိုက်ပြန်အလာကို သူမ အဖော်ပြုခဲ့သဖြင့် မနေနိုင်ဘဲ ဤရင်းနှီးသောသူများကို တစ်ယောက်ချင်း ကြည့်မိလေ၏။

စုရှီသည် ဈေးဆိုင်မှ သကြားရည်ဆမ်းထား‌သော ဟောသွန်းသီးတစ်‌ချောင်းကို ခိုးယူပြီး ကျိုက်ကျိုက်ကိုရှာရန် အင်‌တာဖေ့ကို စိတ်လှုပ်ရှားစွာ ပြောင်းလိုက်လေသည်။

စစ်တပ်သည် မြို့တော်သို့ ယခုတင် ရောက်ရှိပြီး မြို့တော်ပြင်ပတွင် စခန်းချထား၏။ သူတို့သည် မြို့တော်ထဲသို့ မဝင်ခင်တွင် သူတို့ကို ဧကရာဇ် ဆင့်ခေါ်မည်ကို စောင့်ရသေးသည်။

စစ်တပ်၏ စခန်းပတ်လည်ကို စုရှီလိုက်ကြည့်လိုက်သော်လည်း လုဟွမ်ကို ရှာမတွေ့ချေ။

‘သူ တစ်နေရာရာ သွားနေတာ ဖြစ်မယ်။’

သူမသည် မြေပုံကို ဖွင့်လိုက်ပြီး ဧကရာဇ်၏ ယန်ရှင်း နန်းတော်ခန်းမထဲတွင် လုဟွမ်ရှိနေကြောင်းတွေ့လိုက်ရ၏။

‘သူမ ဒီမှာ တစ်နေ့လယ်လေး မရှိလိုက်တာ ဘာတွေဖြစ်သွားတာလဲ’

စုရှီသည် ထိတ်လန့်သွားလေသည်။ ဧကရာဇ်သည် လုဟွမ်ကို တစ်ခုခုလုပ်မည်ဟု ထင်လိုက်သောကြောင့် အင်တာဖေ့ကို အမြန်ပြောင်းလိုက်လေ၏။

မိန်းမစိုးများနှင့် အရာရှိများအားလုံးသည် အဝေးသို့ ထွက်သွားခိုင်းခြင်း ခံထားရကြောင်း သူမ တွေ့လိုက်လေသည်။ ခန်းမထဲတွင် ရုပ်ပုံနှစ်ခုသာ ရှိလေသည်။ ဧကရာဇ်နှင့် ကျိုက်ကျိုက်တို့နှစ်ဦး စကားပြောနေကြခြင်းပင်။ ကျိုက်ကျိုက်သည် စစ်တပ်နှင့်အတူ ယခုမှ မြို့တော်သို့ရောက်ခြင်း ဖြစ်ပြီး ဧကရာဇ်၏ လူများမှ ခေါ်ခံရခြင်းဖြစ်လောက်ပေမည်။

စုရှီသည် အထဲသို့ဝင်ပြီး ဖယောင်းတိုင်အလင်းရောင်ထဲတွင် ဧကရာဇ်ရှေ့၌ ရပ်နေသော ကျိုက်ကျိုက်ကို တွေ့လိုက်ရ၏။ သူသည် ဘေးကင်းလုံခြုံလေသည်။

ဧကရာဇ်သည် အသက်လေးဆယ်ထဲမှာပင်။ သူသည် အသက်မကြီးသေးသော်လည်း သူ၏ ကျိုက်ကျိုက်ကိုကြည့်သောပုံသည် လောကဓံတရားအပြည့်နှင့်ပင်။ ကြီားမားသော ယန်ရှင်းနန်းတော်ခန်းမသည် လစ်ဟင်းနေပြီး အကန့်အသတ်မဲ့သည့်ပုံပေါ်၏။ ကျိုက်ကျိုက်သည် သူ့ထက် အရပ်ရှည်ပြီး ရိုးစင်းလေသည်။ သူသည် ဧကရာဇ်ဖြစ်သော်လည်း ပလ္လင်ပေါ်တွင် ထိုင်နေသည်မှာ တည်ငြိမ်လှသည်။ အလင်းရောင်များ မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားသည်နှင့်အမျှ သူ၏နက်ရှိုင်းပြီး ခန့်မှန်းမရသော မျက်နှာအမူအရာထဲတွင် အထီးကျန်မှုအနည်းငယ်ရှိသည်ကို စုရှီ တွေ့လိုက်ရ၏။

ဧကရာဇ်၏ မျက်နှာသည် ဂုဏ်သိက္ခာ၊ ဒေါသနှင့် နက်နဲမှုမှအပ အခြားခံစားချက်များ ဖော်ပြသည်ကို စုရှီ မြင်ရခဲစွာ မြင်လိုက်ရသည်။ ယခုတွင် သူဘာစဉ်းစားနေသလဲ မသိသော်လည်း သူသည် ကျိုက်ကျိုက်ဆီသို့ ခြေလှမ်းနှစ်လှမ်း လှမ်းလာချင်ကြောင်း သူမ ခံစားမိလိုက်၏။ သို့သော် ကျိုက်ကျိုက်သည် သူ့ရှေ့တွင်သာ ရပ်နေလေသည်။ ရပ်နေသော အကွာအဝေးသည် အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံကြားရှီ လုံခြုံသော အကွာအဝေးတစ်ခုပင်။ ထို့ကြောင့် ဧကရာဇ်သည် သူ့လက်သီးများကို ဆုပ်ကာ သူ့ကိုယ်သူ အတင်းအကြပ် ထိန်းချုပ်လိုက်၏။

ဧကာရာဇ်သည် လုဟွမ်ကို ဘာမှ မပြောခင် အချိန်အတော်ကြာလောက် စိုက်ကြည့်နေခဲ့၏။

“မင်းက သူနဲ့ အတော်လေးကို တူတာပဲ”

လုဟွမ်သည် တိတ်ဆိတ်နေ၏။

သူ့မှာ ကိုယ်လုပ်တော်ချင်း နဲ့ပတ်သက်တဲ့ မှတ်ဉာဏ်မရှိပေ။ လွှတ်တော်ထဲရှိ လူတွေက ကိုယ်လုပ်တော်ချင်း နဲ့ပတ်သက်ပြီး လျှို့ဝှက်ထားကြလို့ သူ ဘာမှရှာမတွေ့ခဲ့။ သူ့မှာ မှတ်ဉာဏ် မရှိတဲ့အတွက် ဒီလို ရုတ်တရက် အတွေ့အကြုံမျိုးက သူ့အတွက် လေထဲက ဘဲစာမြက်လိုမျိုးပင်။ သူ့စိတ်ထဲမှာ လှိုင်းတွန့်လေးတွေ ဖြစ်စေပေမယ့် နက်ရှိုင်းတဲ့ ခံစားချက်တော့ မကျန်ခဲ့ချေ။

ဧကရာဇ်သည် လုဟွမ်ကို စိုက်ကြည့်နေ၏။ သူ့မျက်လုံးထဲတွင် ရှုပ်ထွေးသော ခံစားချက်များ ထွက်ပေါ်နေလေသည်။ ခဏအကြာတွင် သူ့ကိုပြောလိုက်၏။

“မနက်ဖြန် လွှတ်တော်မှာ မင်းသားကိုးအဖြစ် မင်းရဲ့ အထောက်အထားကို ပြန်ထားပေးမယ်။ မင်းအမေကို ငါသေချာ မကာကွယ်နိုင်ခဲ့ပေမယ့် မင်းကိုတော့ ငါသေချာပေါက် ကာကွယ်မှာပါ”

ဧကရာဇ်၏ စကားလုံးများသည် အလွန်လေးနက်လှ၏။ ရွှေတစ်ထောင်တန်သော ကတိတစ်ခုကဲ့သို့ပင်။

သို့သော် လုဟွမ်သည် သူ့စိတ်ထဲတွင် လှောင်ပြောင်မှုအချို့ကို ခံစားလိုက်ရ၏။

‘စာကြောင်းရဲ့ ပထမတစ်ပိုင်းက မှန်ချင်မှန်မယ်။ ဒါပေမယ့် ဒုတိယတစ်ပိုင်းကို ယုံလို့မရဘူး။ သူ့ကို ကာကွယ်မယ်ဆိုပဲ။ ဧကရာဇ်က ဧကရာဇ်နေရာမှာ ထိုင်နေပေမယ့် သူအချစ်ဆုံး မိန်းမတစ်ယောက်ကိုတောင် မကာကွယ်နိုင်တာ။ သူ့ကို ဘယ်လိုကာကွယ်မှာလဲ။ သူ့ရဲ့ ရှိသမျှ အင်အားအကုန်သုံးပြီး ကာကွယ်ခဲ့မယ်ဆိုရင် ကိုယ်လုပ်တော်ချင်းက အတော် ဝမ်းနည်းဖွယ်‌ကောင်း‌အောင် သေမှာမဟုတ်ဘူး။ ပြီးတော့ အခု သူ့အတိတ်ကို ပြန်သိပြီဆိုတော့ ဧကရာဇ်က သူ့စိတ်ထဲမှာ တခြားအစီအစဉ်တွေ ရှိနေလောက်တယ် မဟုတ်လား’

‘သူ့အတွက်တော့ လမ်းတစ်လျှောက်လုံးမှာ သူ အေးနေတဲ့အချိန် သူ့ကို မီးအိမ်ဝါလေးသယ်လာပေးတဲ့ လူတစ်ယောက်တည်းပဲရှိတယ်’

လုဟွမ်၏ မျက်နှာအမူအရာသည် မပြောင်းလဲချေ။ သူပြောလိုက်၏။

“ကျေးဇူးကြီးမားလှပါတယ်။ ဧကရာဇ်မင်းကြီး”

ဧကရာဇ်သည် သူ့ကို တစ်ခုခုပြောချင်ဟန်ဖြင့် ပါးစပ်ဟလိုက်လေသည်။ သို့သော် လူငယ်၏ ဂရုမစိုက်ဟန် မျက်နှာကို မြင်သောအခါ သူရုတ်တရက် နားလည်သွားလေသည်။ သူသည် စိတ်လျော့လိုက်ပြီး ကျောခိုင်းကာ သူ့လက်ကို ဝှေ့ရမ်းလိုက်၏။ သူပြောလိုက်၏။

“ရပြီ။ မင်းသွားလို့ရပြီ”

လုဟွမ်သည် နှုတ်ဆက်ကာ ထွက်လာခဲ့၏။

သူ ထွက်လာပြီးနောက် စုရှီသည် ဧကရာဇ်၏ သက်ပြင်းချခြင်းကို မြင်လိုက်ရ၏။ သူသည် ယန်ရှင်း နန်းတော်ခန်းမထဲတွင် အချိန်အတော်ကြ ရပ်နေခဲ့လေသည်။ သူ့ရုပ်ပုံသည် အတော်အတန် အထီးကျန်နေပုံပေါ်၏။

စူရှီသည် အတိတ်နှင့် ပတ်သက်၍ မရှင်းချေ။ သို့သော် ဤအခိုက်အတန့်တွင် ဧကရာဇ်သည် ကျိုက်ကျိုက်၏အမေကို အမှန်တကယ် သဘောကျသည်ဟု သူမ ခံစားမိလိုက်၏။ သို့သော် ယခင်မျိုးဆက်မှ မည်သည့် အငြင်းဖွယ်ရာများ ဖြစ်ပါစေ အတိတ်တွင် ကျန်ခဲ့လေပြီ။ ကျိုက်ကျိုက်သည် နင်းဖူမင်းသား၏ စောင့်ရှောက်မှုမှ ထွက်ခွာလာခြင်းသာ ဖြစ်သည်။ ဧကရာဇ်သည် အတော်အသင့် အားနာပုံပေါ်သော်လည်း နင်းဖူမင်းသား၏ စောင့်ရှောက်မှုတွင် ကျိုက်ကျိုက်၏ ရှုပ်ထွေးသော အခြေအနေကို သူမမြင်ချေ။ သူ ဘယ်တော့မှ စာနာကြည့်နိုင်မည် မဟုတ်ချေ။

ကျိုက်ကျိုက်ကို အသိအမှတ်ပြုရန် သူဆုံးဖြတ်လိုက်ပြီဖြစ်သော်လည်း နင်းဖူမင်းသား၏ စောင့်ရှောက်မှုအောက်တွင် ကျိုက်ကျိုက် မည်မျှ ရုန်းကန်ခဲ့ရကြောင်း သူမသိချေ။ သူသိတာလည်း ဖြစ်နိုင်လိမ့်မည်။ သို့သော် မင်းသားကိုးကို ချန်ချွင်းဘုရားကျောင်းတွင် ပြုစုပျိုးထောင်ပျိုးထောင်ထားသည်ဟု လူထုကို ပြောထား၏။ သူ့ကိုယ်သူ အရှက်မခွဲရန်အတွက် နင်းဖူမင်းသားနှင့် ရင်ဆိုင်ရန် ‘မင်းသားကို နှိပ်စက်ခြင်း’ ဟူသော ဆင်ခြေကို သူသုံး၍မရချေ။

ဤအကြောင်းတွေးပြီး စုရှီ၏ နှလုံးသားနာကျင်သွား၏။ အပြစ်မရှိသော ကျိုက်ကျိုက်သည် သနားစရာအကောင်းဆုံးဟု သူမ ခံစားလိုက်ရ၏။

ကျိုက်ကျိုက်သည် ယန်ရှင်း နန်းတော်ခန်းမမှ ထွက်လာပြီး အင်ပါယာပန်းခြံကို ဖြတ်ကျော်လာလေပြီ။ စုရှီသည် သူ့နောက်လိုက်ကာ အင်္ကျီလက်ကို ဆွဲလိုက်၏။

လုဟွမ်သည် တစ်ခုခုကို အာရုံခံမိပုံပေါ်၏။ သူသည် လိုက်ကာဟု အမည်ပေးထားသော စခရင်မျက်နှာပြင် ကိုဖွင့်ပြီး ထိုမှ တစ်ဆင့် သူမကို ကြည့်လိုက်၏။ လိုက်ကာကို သူဖွင့်လိုက်သည်နှင့်အမျှ နှုတ်ခမ်းကို ဝိုင်းထားပြီး သူ့ကို စိုးရိမ်စွာ ကြည့်နေသော သူမကို တွေ့လိုက်ရလေသည်။

ဘလိုင်းဒိတ်သွားတွေ့ပြီး အခြားသူများနှင့် သူမ ရှိနေခြင်းအပေါ် ကျိုက်ကျိုက်၏ သဝန်တိုမှုသည် ချက်ချင်း ပျောက်ကွယ်သွား၏။

သူ၏ တော်ဝင်အဖေနှင့် တော်ဝင်အမေကို သူ့ကို သားတော်အဖြစ် အသိအမှတ်ပြုခဲ့ရင်တောင် သားတစ်ယောက်ကဲ့သို့ ချစ်ခင် နှစ်သက်မှု အနည်းငယ်ပင် လုဟွမ် ရနိုင်မည် မဟုတ်ချေ။

သူ့တွင် သူမသာ ရှိလေသည်။

သူ့ဘဝတွင် ဘက်ခြမ်းနှစ်ခု ရှိလေသည်။ မှောင်မိုက်ပြီး ဖိစီးသော အခြမ်းသည် သူ၏ ရင်းမြစ်များကဲ့သိုပင်။ လင်းလက်ပြီး ကြင်နာသော အခြမ်းသည် သူ့ကို ဆွဲတင်ပေးသော ကောက်ရိုးမျှင်ကဲ့သိုပင်။ ထို့နောက် ထိုအခြမ်းသည် သူမကြောင့်သာ ဖြစ်လေသည်။

စုရှီသည် လုဟွမ် ဘာတွေးနေသလဲ မသိသော်လည်း သူ့ကို နှစ်သိမ့်ပေးချင်၏။ ထို့ကြောင့် ယင်းအကြောင်း သူမတွေးလိုက်ပြီး သူမ၏ ဦးနှောက်ကို နှိပ်စက်လိုက်၏။ သူမ သူ့ကို ပြောလိုက်၏။

“အကောင်းဘက်က ကြည့်ပါ။ မင်းသားဖြစ်လာတာနဲ့ ပတ်သက်လို့ မကောင်းတဲ့အချက် မရှိဘူးလေ။ အနည်းဆုံးတော့ အနာဂတ်မှာ တော်ဝင်ကောလိပ်ကို ငါတို့ အေးအေးဆေးဆေး တက်လို့ရပြီ။ လုဝမ်ရှို့နဲ့ ဟိုနောက်လိုက်နှစ်ယောက်ရှေ့မှာလည်း ငါတို့ ကြွားဝါပြလို့ ရတယ်။ ပိုပြီး ခမ်းနားတဲ့ အဝတ်အစားတွေလည်း ဝတ်လို့ရတယ်။ ဧကရာဇ်က နင့်ကို ကာကွယ်မယ်လို့ပြောတယ်လေ။ အနာဂတ်မှာ ပြဿနာတစ်ခုခုရှိလာရင် နင့်ကို ပိုပြီး အလေးပေးလောက်မှာပေါ့။”

လုဟွမ်သည် အနည်းငယ် ပြုံးလိုက်ကာ ပြောလိုက်၏။

“ ဧကရာဇ်ရဲ့ စကားလုံးတွေကို ဘယ်လောက်ထိ ယုံလို့ရနိုင်လဲ။”

သူသည် ညကောင်းကင်အောက်တွင် အေးဆေးစွာ လမ်းလျှောက်သွားကာ စုရှီကို မော့ကြည့်လိုက်ပြီး ပြောလိုက်လေသည်။

“တိုင်းပြည်တစ်ခုရဲ့ ဧကရာဇ်မှာ ဖြားယောင်းဆွဲဆောင်မှု အတော်များများ ရှိပြီးတော့ ဖြားယောင်းဆွဲဆောင်မှု အတော်များများကိုလည်း လက်ခံရတယ်။ သူ့ရဲ့ မူလနှလုံးသားကို တဖြည်းဖြည်း ပျောက်ဆုံးသွားရတယ်။ ကိုယ်လုပ်တော်ချင်းကို သူပထမဆုံး မြင်တုန်းက တစ်ခဏလောက် ကြောင်အသွားပြီးတော့ အဖော်ပြုဖို့ ဆန္ဒဝင်လာပြီး သူမ အတူရှိချင်သွားတာ ဖြစ်လောက်မယ်။ ဒါပေမယ့် ကိုယ်လုပ်တော်ချင်း သာ အသက်ရှိနေသေးရင် တခြားကိုယ်လုပ်တော်တွေလိုပဲ ကိုယ်လုပ်တော် ဖြစ်သွားခဲ့မှာပဲ။ ဒါပေမယ့် သူမက မရှိတော့ဘူး။ ဧကရာဇ်က သူမကို မကာကွယ်နိုင်ခဲ့ပဲ ဆုံးရှုံးခဲ့ရတယ်။ ဒီအပြစ်ရှိစိတ်က ကိုယ်လုပ်တော်ချင်းကို ဧကရာဇ်ရဲ့နှလုံးသားထဲက အဖြူရောင်လရောင်လေး ဖြစ်သွားစေခဲ့တာပဲ”

ဤငယ်ရွယ်သော အသက်အရွယ်တွင် အရာများကို ရှင်းရှင်းလင်းလင်း မြင်နိုင်သော သူ့ကို စုရှီ ရယ်ရသည်ဟု ထင်မိ၏။

“နင်ပြောတာက ရှင်းလင်းပြီး နည်းလမ်းကျတယ်။ နင်ကရော ဘယ်လိုလဲ”

‘တိုင်းပြည်တစ်ခုရဲ့ ဧကရာဇ်ဟာ ခံစားချက်ကင်းမဲ့တယ်။ ကျိုက်ကျိုက်က မစ်ရှင်ကို ပြီးအောင်ဆက်လုပ်ကာ ဒီလမ်းကို ဆက်လျှောက်ဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒါဆို ဒါက ကျိုက်ကျိုက်ရဲ့ နောက်ပန်းတိုင်တစ်ခု ဖြစ်မလာနိုင်ဘူးလား’

စူရှီ၏ စိတ်သည် အနည်းငယ် ရှုပ်ထွေးနေလေသည်။

သူမ ပုံမှန်အတိုင်း မေးလိုက်သော်လည်း လုဟွမ်သည် သူ၏လမ်းကို ရပ်ပြီး ကျောက်တုံးလမ်းပေါ်ရှိ မက်မန်းပွင့်များ၏အလယ်တွင် သူမကိုကြည့်‌မည်ဟု မမျှော်လင့်ထားမိခဲ့ချေ။

သူမ၏ အတွေးများကို သူခန့်မှန်းမိသည့် အတိုင်းပင် သူသည် မနေနိုင်ဘဲ သူ့ကိုယ်သူ ကာကွယ်လိုက်၏။

“ကိုယ်က သူနဲ့ မတူဘူး”

လုဟွမ်သည် အသံနိမ့်နိမ့်ဖြင့် ပြောလိုက်၏။

“ကိုယ်က လူတိုင်းနဲ့မတူဘူး။ အဲဒီတစ်ယောက်တည်းကိုပဲ လိုချင်တယ်။ ကိုယ်အဲဒါကို မရနိုင်ရင် ဘယ်သူ့ကိုမှ မလိုချင်ဘူး”

ဤစာကြောင်း၏ အဓိပ္ပာယ်ကို စုရှီ၏ နားများဆီသို့ ရှင်းရှင်းလင်းလင်း ရောက်ရှိရန် ကြိုးစားလေသည်။

သူသည် စုရှီကို စိုက်ကြည့်နေသည်။ ညကောင်းကင်အောက်၌ သူ့၏ နက်မှောင်သော မျက်လုံးများထဲတွင် မထုတ်ဖော်နိုင်သော ခံစားချက် ထောင်ပေါင်းများစွာ ပါဝင်နေပုံပင်။ ဤအကြည့်သည် လိုက်ကာကို ဖြတ်သန်းပြီး စုရှီ၏ မျက်နှာပေါ်သို့ ရောက်ရှိရန် နှစ်ထောင်ချီ ဖြတ်ကျော်သွားရလေသည်။

သူသည် ဤပြဿနာကို မျက်နှာချင်းဆိုင် ဖြေရှင်းရန် စုရှီကို တွန်းအားပေးသည့်အတိုင်းပင်။ သူ၏ လှပသော မျက်လုံးများသည် မျက်တောင်မခတ်ဘဲ စုရှီကို စိုက်ကြည့်နေ၏။ သူတို့သည် နက်ရှိုင်းသော ဝဲဂယက်ကဲ့သို့ပင် စုရှီကို အလွန် ရှက်သွေးဖြာအောင် ပြုလုပ်နေလေသည်။

ပထမအကြိမ်က သူထိုးဖောက်ဝင်လာသကဲ့သို့ သူတို့ကြားတွင် ပြတင်းပေါက်ကာသော စာရွက်သာ ရှိသည်ဟု သူမ ခံစားမိလိုက်၏။

‘နေပါဦး’

စုရှီသည် စစ်တပ်ရေးရာဝန်ကြီးဌာနမှ ပြန်လာသော နေ့ရက်များက ဖက်ထုပ်လုံးလေးလို လုဟွမ်က အတော်အနေခက်နေပြီးတော့ သူ့ခံစားချက်တွေက ခန့်မှန်းလို့ ရမနေတာကို မှတ်မိသွားသည်။ အဲ့အချိန်တုန်းက စစ်တပ်ရေးရာဝန်ကြီးဌာနရဲ့ အိမ်ဝင်းမှာ တံစက်မြိတ်က ဖယောင်းတိုင်အလင်းရောင်တွေက သူ့ပေါ်ကို ယိမ်းယိုင်‌ပြီးတော့ တောက်တောက်ပပ ကျရောက်နေ၏။ သူက သူ့ကိုယ်သူပြောလိုက်သည်။

“တစ်နေ့မှာ အသိပညာ ကြွယ်ဝပြီးတော့ သင့်တော်တဲ့ အမျိုးသမီးကောင်းတစ်ယောက်ကို ကိုယ်ရှာတွေ့ခဲ့ပြီး အဲ့လူကို ကိုယ်သဘောကျတယ်ဆိုရင် ကိုယ့်ကို အဲ့လူနဲ့ လက်ထပ်ပြီးတော့ အတူ အသက်ကြီးသွားဖို့ မင်းအလိုရှိမှာလား”

ထိုအချိန်တွင် စုရှီသည် သူ၏ တောက်ပသော မျက်လုံးများ တဖြည်းဖြည်း မှေးမှိန်သွားသည်ကို ကြည့်ပြီး ထိုမေးခွန်းသည် နားလည်ရခက်ကြောင်း ခံစားမိလိုက်၏။

သို့သော် ယခုတွင် သူမ၏ စိတ်အခြေအနေသည် တိတ်တဆိတ် ပြောင်းလဲလာသည်ထင်၏။ ယနေ့ညတွင် ယင်းကို ပြန်တွေးကြည့်ပြီး ထိုအချိန်က သူ၏ စာကြောင်းထဲတွင် ‘တစ်စုံတစ်ယောက်’ဆိုသော စကားလုံးကို သူမ သတိထားမိသွားလေသည်။

စုရှီ၏ အသက်ရှူနှုန်း ရုတ်တရက် မြန်လာခဲ့ပြီး သူမ၏ နှလုံးသည်လည်း ဒရမ်ကဲ့သို့ ခုန်နေလေသည်။

လုဟွမ်သည် သူမကို စိုက်ကြည့်နေပြီး အကြည့်လွှဲရန် ငြင်းဆန်နေလေ၏။ အဖြေသည် ထာဝရ ကြာနိုင်လျှင်တောင် ခေါင်းမာစွာ စောင့်ဆိုင်းနေမည့်အတိုင်းပင်။

သူသည် စိတ်လျှော့ပြီး ထုတ်မပြရန် ကြိုးစားသော်လည်း သူ၏ အင်္ကျီလက်အောက်မှ သေးသွယ်သော လက်ချောင်းများသည် စိုးရိမ်စွာ လက်သီးဆုပ်မိသွား၏။

All Chapters