← Chapters

Chapter 68

Vol. 7 Ch. 68

Chapter 68

Vol. 7 Ch. 68

မိခင်စုကတော့ တံခါးဖွင့်ခိုင်းနေလေသည်။ စုရှီက သူ့‌အမေစိတ်မရှည်တော့ဘဲ တံခါးဖွင့်ဝင်လာမှာစိုးတာကြောင့် အမြန်ပြေးထွက်သွားလိုက်သည်။

စုရှီတစ်ယောက် တံခါးပိတ်ပြီး ထွက်သွားတာကို လုဟွမ် ကြည့်နေ၏။

လုဟွမ်မှာ သူ့အခန်းထဲ အကြာကြီး မတ်တပ်ရပ်နေဆဲပင်။ သူ့စိတ်ထဲမှာလဲ စုရှီပြောတဲ့ စကားတွေပဲပြည့်နေပြီး ရင်တဒိန်းဒိန်းခုန်နေလေသည်။

သူဘာကိုဆိုလိုတာလဲဆိုတာ လုဟွမ် မေးချင်ပေမယ့် စုရှီ မိဘတွေရဲ့ အသံကိုကြားလိုက်ပြီး တီဗွီဖွင့်လိုက်တဲ့အသံကိုလဲကြားရော ခုချိန်က အချိန်ကောင်းမဟုတ်ဘူးဆိုတာ သိလိုက်သည်။

စုရှီကတော့ စားပွဲမှာထိုင်လိုက်ကာ နီရဲနေတဲ့ပါးလေးတွေကို ပုတ်လိုက်ပြီး ပန်းကန်လုံးနဲ့တူကို ကောက်ကိုင်လိုက်၏။

တစ်ယောက်ယောက်ကို သူ့အခန်းထဲဖွက်ထားရတာက နှလုံးခုန်‌မြန်စေသည်ပင်။

မိခင်စုဟာ သူ့သမီးအကြောင်း အသိဆုံးလူဖြစ်သည်။ သူ့သမီးတစ်ယောက် ထူးဆန်းနေတာသိပေမယ့် ဘာထူးဆန်းနေမှန်း တိတိကျကျ မသိတာကြောင့် စုရှီကိုကြည့်ကာ မေးလိုက်သည်။

"နေ့လည်က ဘာလုပ်နေတာလဲ သမီး။ တစ်နေ့ခင်းလုံး ဂိမ်းဆော့နေတာလား"

စုရှီမှာ ပါးစပ်ထဲ ထမင်းလုပ်အပြည့်ဖြင့် ဂနာမငြိမ်ဘဲ ပြန်ဖြေလိုက်သည်။

"သမီး ဖုန်းပြန်သွားယူတာပါ"

မိခင်စုက ထပ်မေးပြန်သည်။

"သမီးမျက်နှာ ဘာလို့အဲ‌ဒီလောက် နီနေတာလဲ"

စုရှီမှာ လန့်သွားပြီး ခေါင်းတောင်မဖော်ရဲတော့ဘဲ စိတ်ငြိမ်အောင် ကြိုးစားပြီး ပြန်ပြောလိုက်သည်။

"နေ့ခင်းတုန်းက နေက အရမ်းပူတယ်လေ။ အဲတာကြောင့် သမီးနေပူဆာလှုံနေတာပါ"

မိခင်စုက သူ့ကို မယုံသင်္ကာဖြင့် ကြည့်လိုက်ပေမယ့် ဘာမှထူးဆန်းတာ မတွေ့တာကြောင့် တူနဲ့ စားစရာကို ကောက်လိုက်ပြီး ပြောလိုက်၏။

"များများစား"

အရင်တစ်နေ့ လုဟွမ် အင်တာဖေ့စ်ထဲ ဝင်ရောက်ပြီး ပျောက်သွားတုန်းက ချန်ကျိုးရုံးတော်ရဲ့ ချန်ကျိုးနယ်စားနဲ့ သူ့လက်အောက်ငယ်သားနှစ်ယောက် အပြင်ဘက်မှာရပ်ပြီး သတင်းပို့တာကို စောင့်နေခဲ့သည်။

လမ်းတစ်လျှောက်လုံး ချန်ကျိုးနယ်စားမှာ စိတ်ထဲကနေ ချီးကျူးစကား အမွှန်းတင်သည့်စကားပေါင်း သောင်းခြောက်ထောင်ကို ကြိုပြင်ဆင်ထားလေသည်။ မင်းသားကိုးကို ကျေးဇူးတင်ကြောင်းဖော်ပြဖို့ ဦးညွှတ်မလို့လုပ်နေတုန်းမှာပဲ တံခါးကိုဖွင့်လိုက်တော့ ရုံးတော်ခန်းမကြီးက လွတ်နေမယ်လို့ သူလဲမထင်ထားခဲ့။

ကြီးကြပ်ရေးမှူးနဲ့ စာရင်းစာအုပ်တွေယူလာခိုင်းတဲ့ မင်းသားကိုးမှာ ထိုနေရာတွင် ရှိမနေခဲ့ပေ။

ရုံးတော်ခန်းမရှေ့မှာ စောင့်နေတဲ့အစောင့်တွေကလည်း မင်းသားကိုးက အခန်းထဲဝင်ပြီးကတည်းက ပြန်ထွက်မလာခဲ့ဘူးဟု ဆိုကြသည်။

မင်းသားကိုးက လေထဲများပျောက်သွားလေသလား။

ချန်ကျိုးရုံးတော်က လူတွေအကုန်လုံး စိတ်သောကရောက်နေကြရသည်။ မြို့တော်မှာ လက်ရှိအာဏာရှိနေတဲ့ မင်းသားကိုးတစ်ခုခုဖြစ်သွားမှာကို ကြောက်လန့်နေကြသည်ပင်။ တကယ်လို့ တစ်ခုခုဖြစ်သွားခဲ့ရင် မင်းသားကိုးရဲ့မိသားစုကို သုတ်သင်တဲ့ကိစ္စတစ်ခုတည်း ဖြစ်သွားမှာမဟုတ်ပေ။

လုဟွမ် ချန်ကျိုးကိုလာတော့ တော်ဝင်အစောင့်တွေ ခေါ်လာခဲ့လေသည်။ ချန်ကျိုးနယ်စားက သူ့ခေါင်းပြတ်မှာကြောက်တာကြောင့် သူ့လက်အောက်ငယ်သားတွေကိုလည်း ဘာမှမပြောရဲချေ။ မင်းသားကိုးကိုရှာဖို့ လူတွေတိတ်တိတ်လေးလွှတ်ထားတုန်း ဒီကိစ္စကို အချိန်ဆွဲမှသာရလိမ့်မည်။ ဒီကိစ္စကို ကြာကြာဖုံးကွယ်ထားလို့ မရမှန်းသိတော့ ချန်ကျိုးနယ်စားလဲ ထိတ်လန့်လာချေပြီ။ ရုံးတော်ကနေ မင်းသားကိုးက စုံစမ်းစစ်ဆေးဖို့ ရုတ်တရက် ထွက်သွားကြောင်း သတင်းပို့တော့မှ သူ့ခေါင်းပြုတ်မှာကနေ လွတ်ပြီး အလျင်စလိုပင် ဂါရဝသွားပြုဖို့လုပ်တော့သည်။

ဒါကြောင့် ဒါကလုံးဝကို ကမောက်ကမဖြစ်သွားစေသည်။

ချန်ကျိုးနယ်စား ဖုံးကွယ်ထားတာကြောင့် လုဟွမ်ပျောက်သွားတာကို တော်ဝင်အစောင့်နည်းနည်းသာ သိခဲ့သည်။ လုဟွမ် ပြန်ရောက်လာတော့ အဝတ်အစားအမြန်လဲပြီး တံခါးဖွင့်ကာ တစ်ယောက်ယောက်ကို ခေါ်လိုက်၏။ သူက စုံစမ်းစစ်ဆေးဖို့ ထွက်သွားပြီ မဟုတ်လား။ အစောင့်များက သူတို့မျက်လုံးတွေက ကြောင်တောင်တောင် ဖြစ်နေပြီလို့ ထင်လာကြသည်။ မင်းသားကိုးက ထွက်သွားတာကို ရှင်းရှင်းလင်းလင်း မြင်လိုက်တယ်လေ။ သူတို့ပဲ အိပ်ငိုက်နေလို့ မင်းသားကိုး ပြန်လာတာကို မမြင်လိုက်တာလား။

အဲဒါနဲ့ ဒီကိစ္စက အေးဆေးဖြစ်သွားခဲ့သည်။

"အရှင့်သား ပြန်ရောက်လာလို့ တော်ပါသေးရဲ့"

ချန်ကျိုးနယ်စားမှာ ချွေးတွေသုတ်ပြီးတော့ ပြောရသည်။

"အရှင့်သားက ဘာတွေ သွားစုံစမ်းတာပါလဲ။ ဘာလို့ ကိုယ်ကိုယ်တိုင် သွားစုံစမ်းရသလဲဗျာ။ ဒီတိုင်း အခြားသူတွေကို ခိုင်းလိုက်ပါလား။ အရှင့်သား ဒီမှာနှစ်ရက်လုံးပျောက်နေတော့ ကျွန်တော်မျိုး စိတ်ပူပန်နေရတာများ ရူးသွားမတတ်ပါဘဲ"

လုဟွမ် မေးလိုက်သည်။

"နှစ်ရက်တောင်လား"

ချန်ကျိုးနယ်စားက ပြန်ပြောသည်။

"ဟုတ်ပါတယ်။ နှစ်ရက်လုံးလုံးပါပဲ"

လုဟွမ် တစ်ခဏမျှငြိမ်သက်သွားပြီး ပြောလိုက်သည်။

"ဘာကိစ္စမှမရှိတော့ရင် ခင်ဗျားသွားလို့ရပါပြီ"

အဲဒီတော့မှ ချန်ကျိုးနယ်စားဟာ သက်ပြင်းချပြီး ထွက်သွားတော့သည်။

အကုန်လုံးကို နှင်လွှတ်ပြီး အခန်းထဲဘယ်သူမှမရှိတော့မှ လုဟွမ်က စားပွဲနောက်မှာထိုင်ကာ အရင်လိုပင် စခရင်ကိုဖွင့်လိုက်သည်။ ဒီတစ်ခေါက်မှာတော့ ဆယ်ရက်ကျော်အပြီးမှာ စခရင်က ပြန်ပေါ်လာခဲ့ချေပြီ။ အင်တာဖေ့စ်ပေါ်က ဟာတွေလဲ အရင်လိုအတူတူပဲဖြစ်ပြီး ဘာမှပြောင်းလဲတာမရှိတော့မှ လုဟွမ်လဲ စိတ်သက်သာရာရတော့သည်။

သို့သော်ငြား ချန်ကျိုးနယ်စားက သူနှစ်ရက်လောက် ပျောက်သွားတယ်လို့ ပြောတာမလို့ ပြောရမယ်ဆိုရင် နာရီနှစ်ရာအကြာမှာ သူ့ဘက်နဲ့ ရှောင်းရှီဘက်ရှိ အချိန်စီးဆင်းပုံချင်း ထပ်ပြောင်းသွားသည်ဟု ဆိုရမည်။ အခုဆိုရင် အချိန်သွားနေတာက အတူတူပဲ ဖြစ်သွားလေပြီ။

လုဟွမ်နည်းနည်းတော့ ပျော်သွားလေသည်။ သူအရင်ကတွေးခဲ့ဖူးသည်က သူ့ဘက်မှာ အချိန်က တော်တော်လေးမြန်နေပြီး ရှောင်းရှီဘက်မှာ အရမ်းနှေးနေတယ်ဆိုရင် သူကအသက်ကြီးသွားပြီး ရှောင်းရှီက ငယ်ငယ်လေးပဲ ရှိနေအုန်းမှာပင်။ အခုတော့ နာရီနှစ်ရာအကြာမှာ ကမ္ဘာနှစ်ခုကြားက လမ်းကြောင်းဟာ လုံးဝပွင့်သွားပုံပေါက်ပြီး ကမ္ဘာနှစ်ခုလုံးရဲ့ အချိန်ဟာ နောက်ဆုံးတော့ အတူတူဖြစ်လာခဲ့ပြီပင်။

နောက်ဆုံးကျန်တဲ့ပြဿနာမှာတော့ အနာဂတ်မှာ စုရှီရဲ့ကမ္ဘာကို ဘယ်လိုသွားရမည်နည်း။

အနားမှာဘယ်သူမှမရှိတော့ လုဟွမ်လဲ မနေနိုင်တော့ဘဲ ထပြီး စခရင်ဆီ လျှောက်သွားလိုက်သည်။

အရင်တုန်းက သူစခရင်ထဲ ဖြတ်လျှောက်ဖို့လုပ်တိုင်း လေကိုပဲ ဖြတ်လျှောက်မိသွားသည်။ အခုတော့ လုဟွမ်ဟာ စခရင်ကို စိတ်လှုပ်ရှားစွာကြည့်နေသည်က မသိရင် ကိုယ်ပျောက်တံခါးကဲ့သို့ပင်။ အဲဒီနောက် သူခြေလှမ်းလှမ်းလိုက်တော့ စုရှီရဲ့ အခန်းဆီ ရောက်သွားတော့၏။

ထိုအချိန် တီဗွီမှလာတဲ့အသံ၊ ပန်းကန်ဆေးနေတဲ့အသံတွေနဲ့ ဧည့်ခန်းထဲမှ မိခင်စုရဲ့အသံတွေကို ကြားလိုက်ရသည်။

အသံတွေကို အတိုင်းသားကြားနေရတာကြောင့် စုရှီဟာ နံရံတစ်ဖက်က ဧည့်ခန်းထဲမှာရှိနေကြောင်း လုဟွမ် သေချာသိနိုင်သည်။

လုဟွမ်မှာ ချက်ချင်းဆိုသလို ပျော်မြူးသွားတော့၏။

နောက်လှည့်ပြီး သူ့ကမ္ဘာကိုပြန်ကာ ပြန်လှည့်ပြီး စုရှီကမ္ဘာဆီ ခြေလှမ်းလှမ်းကြည့်သည်။

ရှေ့တိုးလိုက်နောက်ဆုတ်လိုက် ခဏခဏလုပ်နေအပြီးမှာတော့ စခရင်ကြီး မပျောက်သွားသရွေ့ စုရှီကမ္ဘာဆီ အလွယ်တကူလာလို့ရကြောင်း လုဟွမ် အတည်ပြုလိုက်ရသည်။

ဒါတွေအားလုံးက လုဟွမ်အတွက်တော့ ကံကောင်းသည်သာ။ သူ့မှာ စုရှီရဲ့ကမ္ဘာနဲ့ သူ့ကမ္ဘာကို ဆက်သွယ်ပေးတဲ့ စခရင်ကြီးကို ကျေးဇူးတင်မဆုံးဖြစ်နေရ၏။ အဲဒီနောက် မစ်ရှင်စနစ်ကို ထပ်ဖွင့်ကာ အမှတ်၂၀၀ပြည့်ပြီးနောက် မစ်ရှင်အသစ်များ ရှိမလားဆိုပြီး ကြည့်လိုက်သည်။

ရင်းနှီးနေကျ စက်အသံတစ်ခုထွက်ပေါ်လာပြီး စာကြောင်းတွေဟာ အင်တာဖေ့စ်ပေါ် ခပ်မြန်မြန် တက်လာလေသည်။

[ကျေးဇူးပြုပြီး မစ်ရှင်၁၆ကို ဆက်လက်ခံပေးပါ(အဆင့်မြင့်)-အခွန်လျှော့ချခြင်းဥပဒေကို တင်သွင်းပြီး ယန်တိုင်းပြည်အား မြင့်တင်ပါ။ ဆုကြေး-ရွှေဒင်္ဂါး၃၀၀ အမှတ်-၁၅]

ဒီနှစ်တွေထဲ ယန်တိုင်းပြည်ရဲ့ ဘဏ္ဍာတိုက်မှာ တော်တော်များများ ဗလာဖြစ်နေသည်။ သို့သော်ငြား ‌ကပ်ဘေးကယ်ဆယ်ရေးအတွက်ဖြစ်စေ စစ်ပွဲအတွက်ဖြစ်စေ ရွှေ၊ငွေနဲ့ စားနပ်ရိက္ခာတို့ကိုလိုအပ်လေသည်။ အဲဒါကြောင့် ဧကရာဇ်က အခွန်တိုးကောက်ဖို့အတွက် အမိန့်တော်တွေ ထုတ်ပြန်ခဲ့တာမလို့ ရလဒ်အနေနဲ့ လူတွေရဲ့နာကျည်းချက်မှာ ပိုများလာပြီး ဒုက္ခရောက်ခဲ့ကြရသည်။ ဒါဟာ ဆိုးဆိုးရွားရွား သံသရာတစ်ခု ဖြစ်ခဲ့သည်ပင်။

ဒီပြဿနာကို‌သာ ဖြေရှင်းနိုင်ရင် ပြည်သူတွေရဲ့ပိုက်ဆံနဲ့ ကြွယ်ဝနေတဲ့အရာရှိတွေ ထွက်ပေါ်လာလိမ့်မည်။

သို့သော် ဒီနည်းအားဖြင့် အာဏာရှိတဲ့လူအများအပြား ပါဝင်နေသည်မှာ မလွဲ‌မသွေကို ဖြစ်၏။ ဆံပင်တစ်ချောင်းကို ဆွဲနှုတ်ရင် တစ်ကိုယ်လုံးအပေါ် သက်ရောက်မည်မဟုတ်ပါလား။ လုဟွမ် စိုးရိမ်တာက ပုန်ကန်မှု ဖြစ်လာမှာကိုပင်။

အဲဒီအပြင် ယန်တိုင်းပြည်က နယ်မြေဧကကျယ်ပြန့်ပြီး မြို့တော်အပါအဝင် ပြည်နယ်ပေါင်းခုနှစ်ဆယ်ရှိ၏။ ပြည်နယ်တစ်ခုစီမှာ ခရိုင်ငယ်ပေါင်း ဆယ်ခုကျော်ရှိသည်။ ရုံးတော်မှာကလဲ အရာရှိပေါင်း ထောင်ကျော်ရှိတာမလို့ တစ်ယောက်ချင်းလိုက်စုံစမ်းရင်တောင် ဘယ်ကစစစ်ရမလဲ သူမသိပေ။

စနစ်ထုတ်ပေးတဲ့ မစ်ရှင်တွေမှာလည်း တိုးတက်လာပြီပင်။ အခုဆို တိုင်းပြည်နဲ့ ပြည်သူတွေအတွက် ဖြစ်လာ၏။

သို့သော်ငြား လုဟွမ် အံ့ဩသွားသည်က မစ်ရှင်တကယ်ရှိနေရခြင်းပင်။ ဒါဆိုရင် အမှတ်၃၀၀ ပြည့်တဲ့အခါကျ သုံးခုမြောက်လက်ဆောင်ထုတ်ကြီး ရှိသေးတာလား။

သူတွေးနေတာကို သိသလိုမျိုး နောက်ထပ်စာကြောင်းက စခရင်ပေါ်တွင် ပေါ်လာလေ၏။ ['အိမ်ထောင်ပြုပြီး ကလေးယူလို့ရသည့် အသက်ဆယ့်ခုနှစ်နှစ်သား လုဟွမ်'- ကျေးဇူးပြုပြီး မစ်ရှင်ကိုအောင်မြင်ဖို့ သေချာကြိုးစားပါ။ အမှတ်၃၀၀ပြည့်ပြီးနောက်တွင် သုံးခုမြောက်လက်ဆောင်ထုပ်ကြီး ရရှိပါမည်။ ကူးပြောင်းခြင်းလမ်းကြောင်းဟာ နှစ်လမ်းသွားဖြစ်လာပါလိမ့်မည်]

နှစ်လမ်းသွားတဲ့လား။

ဒါဆို ဆိုလိုတာက အခုချိန်မှာ သူက စုရှီကမ္ဘာကိုပဲ သွားလို့ရပေမယ့် အမှတ်၃၀၀ပြည့်သွားရင် စုရှီက သူ့ကမ္ဘာကို လာနိုင်တော့မှာပေါ့။

လုဟွမ်ရဲ့ ခံစားချက်တွေ မြင့်တက်လာလေသည်။ သူ့မှာ စုရှီကို အရေးတကြီးပြောချင်နေပြီမလို့ စုရှီရဲ့အခန်းထဲကို စခရင်ကတဆင့် ဝင်လာလိုက်သည်။

သို့သော်ငြား အခန်းထဲမှာ ဘာမှမရှိဘဲ စုရှီက ညစာစားပြီးလို့ ဧည့်ခန်းထဲမှာပဲ ရှိသေးပုံရ၏။ ရုတ်တရက်ဆိုသလို အခန်းအပြင်ကနေ မိခင်စုရဲ့ခြေသံကို ကြားလိုက်တာကြောင့် လုဟွမ်မှာသူ့အခန်းဆီ အလျင်စလိုပြန်လာလိုက်သည်။

ချန်ကျိုးပြည်ဟာ ယန်တိုင်းပြည်ရဲ့ကုန်းတွင်းပိုင်းထဲမှာ တည်ရှိပြီး ပြည်နယ်ကိုးခုနဲ့ ဆက်စပ်လျက်ရှိကာ အမြဲတမ်း သာယာဝပြော ကြွယ်ဝနေခဲ့သည်။ သို့သော်ငြား ယန်စီမြစ်နဲ့ နီးလာမလို့ နွေရာသီမှာ မိုးသည်းထန်စွာရွာခဲ့အခါ ရေကြီးတာတွေ ဖြစ်လေ့ရှိသည်။

ထိုအချိန်တုန်းက လုဟွမ်မှာ ကြိုမသိခဲ့ဘဲ စာရေးပြီး ချန်ကျိုးဆီ အလျင်စလိုသွားရလေ့ရှိသည်။

ရေကြီးရေလျှံမှုမဖြစ်ခင် တာဝန်ရှိသူတွေကိုစေလွှတ်ပြီး မြစ်ကြောင်းတစ်လျှောက် စစ်ဆေးဖို့နဲ့ တာတမံတွေကို ခိုင်ခံ့အောင်လုပ်စေခဲ့သည်။ အဲဒီနောက် လူများကို ဘေးလွတ်ရာပြောင်းရွှေ့ပေးပြီး ဆည်မြောင်းတွေအတွက် ရေလမ်းကြောင်းပြောင်းခဲ့၏။ သူစိုးရိမ်တာက ချန်ကျိုးဟာ ပိုဆိုးတဲ့သဘာဝဘေးအန္တာရယ်တွေနဲ့ လူလုပ်ဘေးအန္တာရယ်တွေကို ခံစားရမှာကိုပင်။

အဲတာကြောင့် လုဟွမ်ဟာ အကျိုးဆောင်မှုကြီးကြီးမားမား လုပ်ခဲ့သည်ဟု ဆိုရမည်။

အဲဒီအချိန်ကဆို ချန်ကျိုးတစ်မြို့လုံးဟာ သူ့ကိုကျေးဇူးတင်လွန်းလို့ ဆွေးနွေးမှုတွေ အများကြီးရှိခဲ့၏။

အရင်တစ်ခေါက်က လုဟွမ်ဟာ ချန်ကျိုးကို အလျင်စလိုသွားခဲ့တာကြောင့် သူ့အတွက် ကြင်ယာတော်ရွေးချယ်ပေးတဲ့ တော်ဝင်စာတမ်းကို လွတ်သွားခဲ့တာမလို့ မလေးစားတဲ့အပြုအမူမျိုး မရှိခဲ့ပေ။ မိန်းမစိုးက နောက်ကျခဲ့တာကြောင့် နန်းတော်ကိုပြန်သွားတဲ့အချိန် မယ်တော်မိဖုရားကြီးက ဆူပူခဲ့လေသည်။

သို့သော်ငြား ချန်ကျိုးရှိ သူ့ကိစ္စတွေမှာ အနည်းနဲ့အများဆိုသလို ပြီးသွားပြီမလို့ လက်အောက်ငယ်သားတွေမှာ မြို့တော်ကို ပြန်လာဖို့အတွက် စာရေးခဲ့သည်။

သူမြို့တော်ကို ပြန်ရောက်တော့ ဧကရာဇ်မှာ နှစ်ထောင်းအားရဖြစ်ကာ ကြင်ယာတော်ရွေးဖို့ ကိစ္စကို ထပ်ပြောပေလိမ့်မည်။

အဲဒီအခါကျရင် သူအကြောင်းပြချက်ပေးပြီး ငြင်းပယ်ရင်တောင် တော်ဝင်အမိန့်စာကို မနာခံရာကျနေသည်။

လုဟွမ်မှာလည်း စုရှီကလွဲလို့ ကျန်တဲ့မိန်းမတွေနဲ့ ‌ကင်းကင်းနေတာ ဖြစ်သည်။ မယ်တော်မိဖုရားပို့လိုက်တဲ့ အစေခံမိန်းကလေးတွေကိုတောင် မမြင်ရတဲ့နေရာဆီ ပို့ပစ်တာဟာ လုဟွမ်က သူတို့ကိုမတွေ့ချင် သူတို့ကိစ္စကို မစိုးရိမ်ချင်လို့သာ ဖြစ်သည်။

အဲအစား စုရှီက မူရင်းရုပ်ပုံကို ဖွင့်လိုက်မှာကို စိုးရိမ်နေရသည်။ သူ့ခမျာ ရုပ်နည်းနည်းချောတဲ့ တော်ဝင်အစောင့်တွေကိုတစ်လှည့် နည်းနည်းပါးပါးလှတဲ့ အစေခံမိန်းကလေးတွေကိုတစ်လှည့် ကြည့်ပြီး ရုပ်ဆိုးတဲ့လူတွေ လူပုလေးတွေ သူ့အနားမှာရှိနေတာကိုပဲ လိုချင်နေမိသည်။ ပြောရရင် သူတစ်ယောက်ထဲ ရုပ်ချောနေတာမျိုး ဖြစ်ချင်၏။

နဂိုတည်းက သူဟာ ဇနီး‌တွေ ကိုယ်လုပ်တော်တွေဆိုတာကို မစဉ်းစားခဲ့တာမလို့ ကြင်ယာတော်ရွေးချယ်တာကို သိပ်ဂရုမစိုက်ခဲ့ပေ။

မယ်တော်မိဖုရားကြီးမှာတော့ သူ့အတွက် ကြင်ယာတော်ရွေးချယ်ရာမှာ အဆင်ပြေချောမွေ့အောင် အတတ်နိုင်ဆုံးလုပ်နေလေသည်။ လုဟွမ်က စုရှီ ဘာမှပြောမလာခင် ငြင်းဖို့နည်းလမ်းကို ကြိုပြင်ထားပြီးဖြစ်၏။ တော်ဝင်အမိန့်ကို မနာခံသလိုဖြစ်ရင်တောင် သူနည်းလမ်းရှာမှာပင်။

အဲတာကြောင့် စုရှီရဲ့ကမ္ဘာကို မသွားခင် အရင်နေ့‌တုန်းက သူယုံကြည်ရတဲ့ တော်ဝင်အစောင့်တွေကို စာရေးပေးပြီး မြို့တော်ဆီ အမြန်သွားကာ စစ်တပ်ရေးရာဝန်ကြီးဆီ ပို့ခိုင်းလိုက်သည်။

ထိုအချိန်မှာ ချန်ချွင်းဘုရားကျောင်းက တာအိုသူတော်စင်မှလွဲ၍ လုဟွမ် မွေးဖွားချိန်ကို ဘယ်သူမှမသိကြပေ။ လုဟွမ်က စစ်တပ်ရေးရာဝန်ကြီးအား ‌တာအိုသူတော်စင်ကိုသွားရှာပြီး မွေးနေ့ကိုပြောင်းကာ အက္ခရာရှစ်လုံးကို မသိမသာပြောင်း၍ သတင်းလွှင့်စေခဲ့၏။ ဧကရာဇ်က အသက်ကြီးပြီး အသိဉာဏ်ကြွယ်တာမလို့ တာအိုဘုန်းကြီးအား နန်းတော်‌သို့ခေါ်ဆောင်ကာ လုဟွမ်ရဲ့မျက်နှာကိုကြည့်ပြီး တွက်ချက်စေခဲ့သည်။ အသက်နှစ်ဆယ်မရောက်ခင် အိမ်ထောင်ပြုဖို့ မသင့်တော်ကြောင်းပြောမှ ဒီကိစ္စဟာ ပြဿနာသေးသေးလေးကနေ ပြဿနာမရှိတော့သည်အထိ ဖြစ်သွားခဲ့သည်။ နောက်သုံးနှစ်လောက်ထိတော့ မယ်တော်မိဖုရားကြီးဟာ ဒီကိစ္စအကြောင်း နားပူနားဆာလုပ်အုန်းမည် မဟုတ်ချေ။

ဒီကိစ္စက ပိုလူပြောများလာပြီး နန်းတွင်းသူတွေရဲ့ ဝေဖန်မှုကြောင့် ဘဝတစ်လျှောက်လုံး အိမ်ထောင်မပြုရဘဲ ဖြတ်သန်းရမယ်ဆိုရင်တောင် သူဂရုမစိုက်ချေ။ သို့သော်ငြား လိုအပ်တဲ့ အစီအစဉ်တွေ လုပ်ထားပြီးပြီမလို့ သုံးနှစ်ကြာပြီးရင်တောင် မယ်တော်မိဖုရားကြီးက ဒီကိစ္စကို ဝင်ရောက်စွက်ဖက်နိုင်စွမ်း မရှိတော့ပေ။

ဒါပေမယ့် သူမပြန်ခင် ရှောင်းရှီက ထိုစကားတွေ ပြောလာလိမ့်မယ်လို့ သူမထင်ထားခဲ့။

သူက လုဟွမ်ဟာ ကြင်ယာတော်ရွေးလို့ မရဘူးလို့ ပြောလေသည်။

လုဟွမ်မှာ စုရှီရဲ့စကားတွေပြန်တွေးကြည့်တော့ ရင်ထဲမှာ ထိတ်လန့်မှု ကြောက်ရွံ့မှုကအပြည့်ပင်။ ဒီစကားတွေဟာ သူဘာကိုဆိုလိုတာလဲ။ သူတွေးထားသလိုများ ပြောချင်နေတာလား။

သူ သေ‌သေချာချာ မေးလိုက်ရမလား။

ဒါပေမယ့် အဲလိုမေးလိုက်လို့ စုရှီက သူ့ကို မယ်တော်မိဖုရားကြီး ကြိုးကိုင်တာကို မခံစေချင်လို့ဟု ပြန်ပြောရင်ကော။ စုရှီက ဘာအထူးအလည်မှ ဆိုလိုတာမဟုတ်ဘဲ လုဟွမ်သာ ကိုယ့်ကိုယ်ကို အရူးလုပ်မိရင် ဒါဟာ ရှက်စရာ ကောင်းမနေဘူးလား။

လုဟွမ်ရဲ့ အတွေးတွေမှာ ပျံ့နှံ့သွားတော့သည်။ တစ်ခဏတော့ သူ့တစ်ကိုယ်လုံး သွေးတွေ ဆူပွက်လာပြီး ခဏကြာတော့ ရေအေးတစ်ပုံးလောက် လောင်းချလိုက်သလို ဖြစ်နေပြန်သည်။ အထပ်ထပ်အခါခါ သူ့စိတ်တွေဟာ ကမောက်ကမ ဖြစ်လို့နေလျက်ပင်။ ခဏကြာတော့ မနေနိုင်တော့ဘဲ တံခါးဖွင့်ကာ ခြံဝင်းဆီ သွားလိုက်ပြီး ကျောက်ပြားတွေပေါ် တောက်ပနေတဲ့ လရောင်ကိုကြည့်ကာ လေအေးအေးလေး တိုက်ခတ်နေတာကို ခေတ္တမျှ ခံစားနေလိုက်သည်။

ဘယ်လိုပင်ဖြစ်စေ အခုကမ္ဘာနှစ်ခုဟာ ချိတ်ဆက်သွားပြီမလို့ စုရှီရဲ့ကမ္ဘာကို လွတ်လွတ်လပ်လပ် သွားလို့ရနေတာက သူ့ကိုပျော်ရွှင်စေသည်။

လုဟွမ် စိတ်ငြိမ်သွားတော့ သူ တွေးမိတာက စုရှီရဲ့ကမ္ဘာကို ခဏခဏသွားမယ်ဆိုရင် အဲဒီမှာ ခြေကုပ်ရှိရမည် ဆိုတာပါပင်။

စုရှီရဲ့ ကမ္ဘာစကားနှင့် ပြောရရင် "သူအိမ်တစ်လုံးနဲ့ စီးတော်ယာဉ်ရှိရမယ်"လို့ ဆိုလိုတာဖြစ်သည်။

သူ့ကမ္ဘာက ငွေစက္ကူတွေဟာ စုရှီရဲ့ကမ္ဘာမှာ အသုံးမဝင်မှန်း သိနေပြီဖြစ်၏။ စုရှီမှာက သူ့ကမ္ဘာသုံးငွေကြေးဖြစ်တဲ့ ငွေစက္ကူတွေရှိလေသည်။ သို့သော်ငြား ကမ္ဘာနှစ်ခုလုံးရဲ့ ရွှေ၊ငွေ၊ ကျောက်မျက်ရတနာတွေမှာတော့ သုံးလို့ရနိုင်သည်။

သူ့အိမ်ရာ‌မှာရှိတဲ့ ငွေတုံးအများစုဟာ အရာရှိသုံးတဲ့ ငွေတွေ ဖြစ်သည်။ စုရှီရဲ့ကမ္ဘာမှာသာ ရောက်သွားရင် လွန်ခဲ့တဲ့နှစ်ပေါင်းသောင်းချီလောက်ကဟာကို ‌ရှာတွေ့ခဲ့သည်ဆိုပြီး ဖြစ်လိမ့်မည်။ အဲတာကြောင့် သူဟာ သာမန်ရွှေ‌တွေနဲ့ငွေတွေကို ယူလာပြီး ဟိုဘက်ကမ္ဘာငွေကြေးနဲ့ လဲရမည်ပင်။

ပိုက်ဆံ က အမှတ်အနည်းအများပေါ် ‌မူတည်ပြီး လိုချင်တဲ့ ပန်းတိုင်ကိုရနိုင်တဲ့ စနစ်မျိုးမှာတောင် အရာရာ ဖြစ်နေသေးတာ။ စုရှီတို့ ကမ္ဘာသည်လည်း ချွင်းချက် ဟုတ်မနေခဲ့ပေ။ သူ ထိုကမ္ဘာသို့ ပြန်ရောက်လျှင် မှတ်ပုံတင်ကဒ် ဟုခေါ်သော ကဒ်ကို ရရှိနိုင်ဖို့ သူ နည်းလမ်း ရှာဖွေရမည်။

လွန်ခဲ့တဲ့နှစ်ရက်အတွင်း လုဟွမ်က မရှိခဲ့တာကြောင့် သူ့မှာရုံးတော်ကိစ္စတွေ ဖြေရှင်းဖို့ရှိနေသည်။ အဲဒါကြောင့် ဖယောင်းတိုင်ထွန်းကာ တစ်ယောက်ချင်းစီ ဖြေရှင်းရလေသည်။

နောက်ဆုံးစာအုပ်ကို ရေးပြီးသွားတော့ ပြတင်းပေါက်အပြင်ဘက်ရှိ လမင်းကြီးဟာ ကောင်းကင်ထက်တွင် တော်တော်ကိုမှ မြင့်လို့နေပြီဖြစ်သည်။

လုဟွမ်က စုတ်တံကို ချကာ အိပ်ရာပေါ်ထိုင်ပြီး စခရင်မျက်နှာပြင် ကို ဖွင့်လိုက်သည်။

ထိုအချိန် စုရှီရဲ့ကမ္ဘာမှာလည်း ဉာဉ့်နက်နေပြီဖြစ်ပြီး စုရှီမှာ နူးညံ့ပြီး သက်တောင့်သက်သာရှိသည့် ချည်သားညဝတ်အင်္ကျီကို ဝတ်ထားကာ ယုန်မွှေးစောင်ထူထူအောက်တွင် ဘောလုံးလေးလိုကွေးနေလေသည်။

လုဟွမ်မှာ သူ့ကိုတိတ်တိတ်လေးကြည့်နေရင်း အစိုးမရတဲ့အတွေးတွေ ငြိမ်သက်သွားတာကို ခံစားလိုက်ရ၏။

စုရှီမှာ ကောင်းကောင်းအိပ်မပျော်သလို အိပ်ရာပေါ်လူးလှိမ့်နေပြီး စောင်ကိုကန်ချလိုက်တော့ ဗိုက်သားနဲ့ ခါးကပေါ်သွားလေသည်။ ညဝတ်အင်္ကျီမှာ နည်းနည်းအပေါ်တင်နေတော့ ဖြူဖွေးလှသည့် အသားအရည်ကို ပေါ်စေ၏။

လုဟွမ်မှာ နားတွေပါးတွေနီရဲလို့ မကြည့်ရဲပေမယ့် လေအေးပေးစက်ကလေအေးတွေ ‌ထွက်နေတာမြင်တော့ မနေနိုင်တော့ဘဲ အခန်းထဲဝင်လာလေသည်။

‌အိပ်ရာဘေးဆီလျှောက်လာပြီး ကိုယ်ကိုကိုင်းကာ စောင်ခြုံပေးလိုက်၏။

စောင်ခြုံပေးပြီးတော့ လုဟွမ် စိတ်အေးသွားပြီး ပြန်လှည့်မည်အပြု စုရှီက သူ့အင်္ကျီလက်ကို လာဆွဲလေသည်။

စုရှီ ညစာစားပြီး ရေချိုးပြီးလို့ ဂိမ်းထဲဝင်ကြည့်တော့ စာအတွဲလိုက်ကျနေတာကို မြင်ပြီး အမှတ်၂၀၀ပြည့်တော့ လုဟွမ်မှာ သူ့ကမ္ဘာဆီ လွတ်လွတ်လပ်လပ်လာလို့ရတာကို သိကာ စိတ်လှုပ်ရှားလွန်းလို့ အိပ်မပျော်နိုင်ပေ။

အစက လုဟွမ်ကို စကားပြောချင်ပေမယ့် လုဟွမ်က ရုံးတော်ကိစ္စတွေ အပေါ် အာရုံစိုက်နေတာမြင်တော့ သူပြီးတဲ့အထိ စောင့်နေခဲ့သည်။ အိပ်ရာပေါ်မှာပဲ အိပ်ပျော်သွားလိမ့်မည်လို့တော့ မထင်ထားခဲ့ပေ။

သို့သော် သူက အအိပ်ဆတ်သူဖြစ်တာမလို့ အလွယ်နိုးလာ၏။

"ရှင်ရောက်နေတာပဲ"

စုရှီက ယုန်မွှေးစောင်ထူထူဖြင့် သူ့ကိုယ်သူ တစ်ကိုယ်လုံနေအောင် ထုပ်ထားလိုက်သည်။ ထို့နောက် မျက်လုံးများကို ပွတ်ကာ လုဟွမ်ကို စိတ်ပူသောအကြည့်များဖြင့် ကြည့်ကာ စိတ်လှုပ်ရှားနေသော အသံဖြင့် တိုးတိုးလေး ပြောလာသည်။

"စနစ်က အမှတ် ၃၀၀ ရပြီးနောက် ပေါ်လာတဲ့ သတိပေးစာကို တွေ့လိုက်တယ်။ အမှတ် ၃၀၀ ပြည့်ရင် ရမယ့် လက်ဆောင်ထုပ်ကြီးဆိုတာ ဘာလဲ။ ကျွန်မလဲ ရှင့်ကမ္ဘာကို သွားလို့ရနိုင်မလားပဲ"

လုဟွမ်ကို သူ့ဘေးနားထိုင်ဖို့ ဆွဲခံလိုက်ရပြီး ပြုံးကာ ပြန်ပြောလိုက်သည်။

"အဲလိုပဲဖြစ်မှာပါ"

စုရှီမှာ ရုတ်တရက်စိတ်လှုပ်ရှားပြီး ပူထူလာလေသည်။

အခန်းကလုံးဝမှောင်နေတာမဟုတ်ဘဲ ကန့်လန့်ကာတွေပွင့်နေပြီး အပြင်ဘက်ရှိ လရောင်ဟာ ထိုးဖောက်ဝင်နေတာမလို့ နှစ်ယောက်သား တိုးတိုးလေးစကားပြောနေကြသည်။ ဒီလောက်နီးကပ်နေမှတော့ အချင်းချင်း သေသေချာချာကို မြင်နေရသည်ပင်။

လုဟွမ်အကြည့်က စုရှီ၏အနက်ရောင်ဆံပင်ရှည်များ ဖြာကျနေသည့် ဝင်းမွတ်နေသော လည်တိုင်လေးတွင် တွင်ကပ်တွယ်နေ၏။

စုရှီ ပါးလွှာသည့် ညဝတ်အင်္ကျီလက်ရှည်ကို ဝတ်ဆင်ထားသည်။။

စုရှီ လက်တဖက် ကမ်းလိုက်ကာ လုဟွမ် ကုတင်ပေါ် တက်လာစေရန် ဆွဲလိုက်ချိန်တွင် ယုန်ရုပ်လေးများပါသည့် ညဝတ်အင်္ကျီပါးပါး အောက်က စုရှီ၏ခန္ဓာကိုယ်ပုံရိပ်လေးက ပေါ်လာသည်။

လုဟွမ်ရဲ့ အာခေါင်တွေတင်းကျပ်သွားပြီး မကြည့်ရဲဘဲ မျက်နှာအသည်းအသန်လွှဲကာ ကြမ်းပြင်ကို ကြည့်လိုက်သည်။

စုရှီကတော သူတို့ နှစ်ယောက် အခန်းထဲတွင် စကားပြောနေသည့်တိုင် အခန်းကျယ် ထဲရှိ မိဘတွေ ကြားသွားမှာကို စိုးရိမ်နေသည်။ ထို့ကြောင် စုရှီ ကုတင်ပေါ်တွင် ဒူးထောက်ကာ လုဟွမ်နား တို ကပ်သွားလိုက်ကာ သူခိုးလို လေသံတိုးတိုးဖြင့်

"အချိန်မရှိလို့ မမေးရသေးဘူး။ ကိုယ်လုပ်တော်ရွေးတာကို ဘယ်လိုလုပ်လိုက်လဲ"

လုဟွမ်ရဲ့အသံမှာ ရှင်းပြနေရင်း ခြောက်ကပ်နေလျက်ပင်။

ဒါကိုကြားတော့ စုရှီက စိတ်ထဲခိုးလို့ခုလုဖြစ်သွားပြီး တိုးတိုးလေးပြော၏။

"ဒါပေမယ့် နင်းဖူမင်းသားအိမ်ရဲ့မွေးနေ့က ရှင့်ရဲ့တကယ့်မွေးနေ့မှ မဟုတ်တာ။ အခုရှင့်ရဲ့ နေရာပြန်ရတော့ မွေးနေ့အစစ်ကို ကျင်းပလို့ မရပြန်ဘူး"

လုဟွမ်ရဲ့ နှလုံးသားမှာ လှုပ်ခတ်သွားတော့သည်။ ဒီကမ္ဘာကြီးမှာ စုရှီတစ်ယောက်တည်းကသာ သူ့ရဲ့အထီးကျန်ဆန်လှတဲ့ မွေးနေ့အကြောင်း ဂရုစိုက်ပေးသူပင်။

လုဟွမ် သူ့ကို မျက်လုံးမော့ကြည့်လိုက်သည်။ နှစ်ယောက်သားဟာ ညဘက်ကြီး လျို့ဝှက်ချက်တွေ တိတ်တိတ်လေး ပြောနေကြသလိုပင်။ သို့သော် နှစ်ယောက်လုံးဟာ အလွန်နီးကပ်နေပြီး စုရှီရဲ့ ခန္ဓာကိုယ်လေးမှာ သူနဲ့တစ်လက်လောက်သာ ခြားနေသည်။ လုဟွမ်မှာ ကိုယ်တွင်း အပူချိန်တက်လာသလိုဖြစ်နေပြီး ကြမ်းပြင်ကို အလျင်စလို ပြန်ကြည့်လိုက်ပြန်သည်။

စုရှီက ထူးဆန်းနေတာသိတော့ တံတောင်နဲ့တို့ကာ သိချင်စိတ်ဖြင့် မေးလိုက်သည်။

"ရှင်ဘာလို့ ကြမ်းပြင်ကြီးကိုပဲ ကြည့်နေတာလဲ။ ကြမ်းပြင်ပေါ်မှာ တစ်ခုခုရှိနေလို့လား"

လုဟွမ်မှာ ဘယ်လိုပြန်ဖြေရမလဲ မသိတာကြောင့် ချက်ချင်းထရပ်ပြီး ပြောလိုက်သည်။

"ကိုယ် ပြန်သွားတော့မယ်။ ရှောင်းရှီ ကောင်းကောင်းအနားယူပါ"

လုဟွမ်မှာ သူ့ကိုညသန်းခေါင်းကြီးလာနိုး‌မိလို့ စိတ်အဆင်ပြေ‌မနေပေ။ ညသန်း‌ခေါင်းကြီး မိန်းကလေးတစ်ယောက်ရဲ့ အခန်းကို ရုတ်တရက်ဝင်လာတာက သူ့အတွက် ရိုင်းပြတဲ့အပြုအမူပင်။

သို့သော်ငြား စုရှီရဲ့မျက်လုံးထဲမှာတော့ ကျင့်ဝတ်တွေ၊ အမှန်တရားတွေ၊ သိက္ခာတွေ၊ အရှက်တရားတွေ ဘာမှကို မမြင်ချေ။။ သူ့မှာ လုဟွမ်ကို ဇဝေဇဝါဖြင့်ကြည့်နေပြီး ဒီလောက်စကားပြောကောင်းနေတာကို ဘာလို့ ချက်ချင်းထွက်သွားချင်မှန်း သူလဲမသိ။

"မသွားပါနဲ့"

စုရှီမှာ မကျေမနပ်ဖြစ်သွားပြီး သူ့အင်္ကျီလက်ကိုဆွဲလျက် ပြောသည်။

"ကျွန်မအိပ်လို့မရဘူး။ ခဏလောက် စကားဆက်ပြောရအောင်လေ"

စုရှီတစ်ယောက် အိပ်ရာပေါ် ဒူးထောက်နေတာမြင်တော့ လုဟွမ် ရင်တွေပွက်ပွက်ဆူလာလေသည်။ သူ့မှာ စုရှီ ပြောခဲ့တဲ့စကားတွေပဲ ထပ်တလဲလဲ ပြန်ကြားယောင်နေမိ၏။

"ရှင် ကိုယ်လုပ်တော်ရွေးလို့မရဘူး"

လုဟွမ် စိတ်မငြိမ်တော့ချေ။

နောက်ဆုံးတော့လဲ မနေနိုင်တော့ဘဲ အသံတိုးတိုးလေးဖြင့် မေးလိုက်လေသည်။

"ကိုယ်မပြန်ခင် မင်းဘာလို့ အဲလိုပြောလဲ မေးချင်တယ်"

စုရှီ ရုတ်တရက် သတိရသွားသည်။ ဟုတ်ပါသည်၊ သူ့စိတ်ထဲ အချိန်အကြာကြီး ဝေခွဲမတတ်ဖြစ်နေခဲ့ပြီးမှ စိတ်ကို ပြင်ဆင်ကာ ဒီစကားလုံးကို ရှင်းရှင်းလင်းလင်း ပြောလိုက်ပြီဟု ထင်ခဲ့မိသည်။ သို့သော်ငြား သူကတော့ ပိုင်ဆိုင်နိုင်‌ခွင့်နဲ့ ဆုံးရှုံးနိုင်ခြေကြားတွင် စိတ်ပူနေဆဲ ဖြစ်သည်။

ကြည့်ရတာ စုရှီက တွန့်ဆုတ်နေခဲ့စဥ်က သူ့ကို မသေချာမရေရာဖြစ်စေခဲ့တာနဲ့တူသည်။

စုရှီ ရုတ်တရက် အိပ်ရာပေါ်ကခုန်ထကာ လုဟွမ်ရှေ့ ရပ်လိုက်သည်။

အဲဒီ နောက်ခြေဖျားထောက်ကာ သူ့ပါးနား ကပ်လိုက်ပြီး နူးနူးညံ့ညံ့လေးနမ်းလိုက်ကာ ပြောသည်။

"ကျွန်မရှင့်ကို ဒီလောက်ထိ အခွင့်ကောင်းယူနေတာကို ရှင်နားမလည်နိုင်သေးဘူးလား"

လုဟွမ် သူ့ ပါးပေါ်က နူးညံတဲ့အထိအတွေ့ကို ဖျတ်ခနဲ ခံစားလိုက်ရပြီး သူ့မျက်လုံးများပင် ရုတ်တရက် ကျယ်သွားရသည်။ သူ့မျက်လုံးထဲတွင်လဲ မယုံကြည်နိုင်သည့် အရိပ်အယောင်များ ဖြတ်ပြေးသွားကြ၏။ ဒီအထိအတွေ့က တကယ်လား အိပ်မက်လား ဟု ခဏကြာ စဥ်းစားနေမိသည်။

'သူ အမြဲလိုချင်တောင့်တခဲ့တဲ့ အရာကို အခု တကယ် ရလိုက်တာလား။ နတ်ဘုရားတွေက သူကို အမြဲလျစ်လျူရှု ခဲ့တာ မဟုတ်လား။

သို့သော်ငြား စုရှီ မျက်နှာပေါ် ကျရောက်နေသော လရောင်လေးက ဒီအထိအတွေ့က အမှန်ဖြစ်ကြောင်း သက်သေခံနေခဲ့သည်။

လုဟွမ်မှာ စုရှီကို ကြက်သေသေလျက် စိုက်ကြည့်နေပြီး သူ့မျက်လုံးတွေမှာလည်း ပျော်ရွှင်မှုတို့အတိပင်။

ခဏကြာတော့ ခြောက်ကပ်ကပ်အသံဖြင့် မယုံနိုင်သည်ကတစ်ဝက် ကိုယ့်ကိုယ်ကိုထိန်းချုပ်ထားသည်က တစ်ဝက်ဖြင့် ပြောလိုက်သည်။

"ကိုယ်နားမလည်ဘူး။ ရှောင်းရှီ မင်းပိုသေချာသွားအောင် လုပ်ပေးနိုင်မလား"

All Chapters