← Chapters

Chapter 72

Vol. 8 Ch. 72

Chapter 72

Vol. 8 Ch. 72

ပန်းပွဲတော် ကြည့်ခြင်း၊ မြစ်၌ မီးခွက်များ မျှောခြင်း စသဖြင့် လုဟွမ် ၏ ယန်မင်းဆက်နှင့် မတူဘဲ ခေတ်သစ်စုံတွဲများ၏ ချိန်းတွေ့မှုသည် ထမင်းစားခြင်း၊ ရုပ်ရှင်ကြည့်ခြင်း နှင့် KTV သွားခြင်းထက် မပိုပေ။ အလွန်ငြီးငွေ့ဖွယ်ကောင်းလှသည်။

ပုံမှန်အားဖြင့် သူမ၏အတန်းဖော်များက စုရှီအား ဤအရာများ ပြုလုပ်ရန် ခေါ်သောအခါ စုရှီ လုံးဝ စိတ်မဝင်စားခဲ့ပေ။ အိမ်၌နေပြီး အိပ်သည်ကပင် ပိုကောင်းသည်ဟု သူမ တွေးမိသည်။ ယခုချိန်မှာတော့ ထိုအရာများက အလွန်ငြီးငွေ့စရာကောင်းသည်မဟုတ်ဘဲ အတူတူ သွားလည်သည့်သူနှင့် သက်ဆိုင်ကြောင်း သူမ သိလိုက်ပြီဖြစ်သည်။ ကျောင်း၌ နေ့တိုင်း အတူတူရှိနေလျှင် အဆင်ပြေသော်လည်း အားလပ်ရက်မကျန် တစ်ယောက်နှင့်တစ်ယောက် ဆုံတွေ့ရလျှင် မည်သို့စိတ်ဝင်စားဖွယ် ကောင်းမည်နည်း။

သို့သော် ကိုယ်ကြိုက်သည့်လူနှင့် တစ်ခုခုလုပ်ရခြင်းက လုံးဝကို ကွဲပြားသည့် ခံစားချက်ပင်။

စုရှီသည် လုဟွမ်ကို ကုန်တိုက်သို့ ခေါ်သွားပြီး စက်လှေကားရှေ့တွင် နှစ်ယောက်သား ရပ်လိုက်သည်။

လုဟွမ်သည် ခေတ်သစ်ယဉ်ကျေးမှုကို လေ့လာနေသည်မှာ တစ်နှစ်ခွဲကြာခဲ့သော်လည်း သူ့တွင် အချိန်မလုံလောက်ခဲ့ပေ။ သူသည် အဆောက်အဦးရှိ အရာများကို အလျင်အမြန် စူးစမ်းကြည့်နေခဲ့သည်။ လူတွေကို ဖြည်းညှင်းစွာ သယ်ဆောင်သွားတဲ့ စက်လှေကားကို သူ သေသေချာချာ မလေ့လာနိုင်ခဲ့ပေ။

သူ ခြေတစ်ဖက်နှင့် အရင်ဆုံး နင်းလိုက်ပြီး စက္ကန့်အနည်းငယ်ကြာပြီးနောက်မှ အခြားခြေတစ်ဖက် လှမ်းတက်လိုက်သည်။

သူ မျက်ခုံးပင့်လိုက်ပြီး စက်လှေကား၏ အရွေ့စွမ်းအင်ကို စိတ်ဝင်စားမိနေလေသည်။

စုရှီ သူ့ကို ကြည့်ရင်း ချစ်စရာကောင်းသည်ဟု ခံစားရပြီး စိတ်ဝင်တစားနှင့် စောင့်ကြည့်နေသည်။

ဤပုံစံအား သူမ မည်သို့ငြီးငွေ့နိုင်မည်နည်း။ အချိန်အလုံအလောက်မရှိခြင်းကိုပင် မုန်းနေမိသည်။ ယန်မင်းဆက်တွင် သူ အလုပ်ပြန်လုပ်ရန် မကြာမီ ပြန်သွားရပေတော့မည်။

ယနေ့ အလုပ်ဖွင့်ရက်ဖြစ်သောကြောင့် ကုန်တိုက်တွင် လူသိပ်မရှိပေ။ သို့သော် သူတို့နှစ်ယောက် ဖြတ်သွားတိုင်း ဧည့်ကြိုများနှင့် ဈေးဝယ်သူများက လုဟွမ်နှင့် စုရှီကို ကြည့်နေကြရာ သူတို့နှစ်ဦးသည် လှောင်အိမ်ရှိ ကြိုးကြာငှက်ကဲ့သို့ပင် ခံစားခဲ့ရသည်။ ကောင်လေးက အရပ်ရှည်ပြီး ချောမောကာ ကောင်မလေးမှာ ဖြူဝင်းပြီး ချစ်စရာကောင်းသည်။ သူတို့နှစ်ယောက် အတူရပ်လိုက်ချိန် ပို၍ပင် အာရုံစူးစိုက်မှုများစွာ ရခဲ့သည်။ ဦးထုပ်အောက်ရှိ ကောင်လေး၏ ဆံပင်ရှည်များက ပေါ်လွင်နေသော်လည်း ကောင်မလေးက သူ့အနား၌ ရပ်ပြီး မျက်လုံးများကို ကွေးညွတ်ထားသည့် ချစ်စရာကောင်းမှုကြောင့် ထိုမြင်ကွင်းကို သတိမထားမိကြပေ။

စက်လှေကားမှ တက်သွားပြီး စုရှီနှင့် လုဟွမ်သည် လက်ဖက်ရည်ဆိုင်တစ်ဆိုင်သို့ လျှောက်လာခဲ့သည်။

စုရှီသည် ရှေးခေတ်မှ ရောက်လာသော လုဟွမ်ကို သူမ၏ ခေတ်မီသော အရသာများကို မြည်းစမ်းကြည့်စေချင်သည်။ ပထမဆုံး အဓိကထူးခြားချက်မှာ အရသာရှိသော နို့လက်ဖက်ရည် အမျိုးအစားများဖြစ်သည်။

သူတို့ရှေ့၌ လမ်းလျှောက်နေသည့် သူများမှာ ကျောင်းမှ စုံတွဲကဲ့သို့ နှစ်ယောက်သား တွယ်ကပ်နေပြီး လိုက်ဖက်သည့် ဟူဒီကိုပင် ၀တ်ထားကြသည်။ လုဟွမ် သူ့လက်ကို မြှောက်လိုက်ပြီး ဦးထုပ်၏ အစွန်းကို ဖိချလိုက်သည်။ သူသည် ထိုလူနှစ်ယောက်၏ အဝတ်အစားများကို ခဏကြည့်ပြီးနောက် စုရှီကို တစ်ချက်ကြည့်လိုက်သည်။ သူ့မျက်လုံးများက သံသယများဖြင့် တောက်ပလာသည်။ တကယ် ဒီလိုမျိုး ရှိသေးတာလား။

ယန်မင်းဆက်၌ အမျိုးသားနှင့် အမျိုးသမီးကြား ပြတ်သားစွာ အကွာအဝေးတစ်ခု ရှိသင့်ပြီး အမျိုးသားရော အမျိုးသမီးပါ တူညီသည့် အဝတ်အစားမျိုး တစ်ခါမှ မ၀တ်ဖူးကြချေ။

စုရှီသည် သူ၏ စူးစမ်းလိုသော မျက်လုံးများကို ရယ်မောနေမိပြီး သူ့အနားသို့ ကပ်သွားသည်။ ထို့နောက် ခေါင်းကို လှည့်ကာ ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်၍ သူ့လက်ကို ချိတ်လိုက်သည်။

“…”

သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို အတည်ပြုပြီး၍ လက်တွဲခြင်းဟာ အလွန်သဘာဝကျတဲ့ အရာတစ်ခု ဖြစ်သင့်ပေသည်။ သို့သော် နှစ်ဦးစလုံးသည် အတွေ့အကြုံမရှိသောကြောင့် ပထမအကြိမ် ပြုလုပ်သောအခါတွင် အရာအားလုံးသည် နှေးကွေးသွားပုံရသည်။

ဤအခိုက်အတန့်တွင် လေထဲရှိ အနံ့အသက်များ၊ ဖြတ်သွားသော ဆိုင်များနှင့် သူတို့ဝတ်ထားသော အဝတ်အစားများ အားလုံးသည် ရှင်းလင်းလှသော အမှတ်တရများ ဖြစ်လာခဲ့သည်။

လုဟွမ်သည် သူ၏ လက်၊ ခြေများကို တစ်ချိန်တည်း ပုံမှန်အတိုင်း ပြန်လျှောက်နိုင်ရန် ကြိုးစား နေရပါတော့သည်။

သူ၏ ရင်ဘတ်သည် နားစည်များ တုန်ခါသည်အထိ မရပ်မနား ခုန်နေလေသည်။ ယခုလေးတင်အိမ်၌ စုရှီက ရုတ်တရက် ရိုးရိုးသားသား သူ့ကို လှမ်းပွေ့ဖက်ခြင်း ဖြစ်သော်လည်း၊ သူ စိတ်အေးလက်အေးဖြစ်နိုင်ရန် အချိန်များစွာ ကြိုးစားခဲ့ရသည်။ ယခုတော့ စုရှီသည် ဝါးချောင်းကို ကိုင်ထားသည့် ကိုအာလာကဲ့သို့ လက်နှစ်ဖက်ဖြင့် သူ့အား ဖက်ထားပြန်သည်။

လုဟွမ်သည် ဘေးတွင်ချထားသည့် သွယ်လျသော လက်ချောင်းများကို စိတ်လှုပ်ရှားစွာ ညှစ်လိုက်မိသည်။ တုန်လှုပ်ခြင်းနှင့် ပျော်ရွှင်မှုတို့သည် လျှပ်စစ်စီးကြောင်းကဲ့သို့ သူ၏သွေးများကိုပင် ဦးခေါင်းထိပ်သို့ ရောက်ရှိသွားစေသည်။

ချောင်းဆိုးကာ သူ့ကိုယ်သူ ပိုသဘာဝကျအောင် ကြိုးစားလိုက်ရ၏။

ပုံမှန်အားဖြင့် အလွန်ဟန်ချက်ညီစွာ မြင်းစီးနိုင်ပြီး တပ်ဖွဲ့ဝင်များကို စစ်ပွဲ၌ ဦးဆောင်နိုင်သည့် သူ၏ ခြေထောက်များမှာ ချောမောစွာပင် လမ်းမလျှောက်နိုင်တော့ပေ။

သို့တိုင် နှုတ်ခမ်းထောင့်များကတော့ မတတ်နိုင်ဘဲ ကွေးညွှတ်မိလေ၏။

စုရှီလည်း အများရှေ့၌ ဖြစ်၍ အနည်းငယ် စိတ်လှုပ်ရှားမိသည်။ သို့သော် သူ့အနားရှိနေသည့် မင်းသားကိုးသည် စည်းချထားတာ များလွန်းပေသည်။ သူမနှင့် ရူးလောက်အောင် ပိုနီးကပ်ချင်နေသော်လည်း သူ့ကိုယ်သူ ဆက်ပြီး ထိန်းချုပ်ထား လေသည်။ အကယ်၍ သူမမှ အစပြုခြင်းမရှိပါက အခြားစုံတွဲများကဲ့သို့ မည်သည့်အချိန်မှ လက်ကိုင်နိုင်မည်နည်း။

သူမ၌ အတွေ့အကြုံမရှိသည့်တိုင် အပြင်ပန်း၌ သန်မာပုံပေါ်သော်လည်း အတွင်း၌ အားနည်းနေလျှင်ပင် သူမ အလွန်ကျွမ်းကျင်သည့်ပုံ ဟန်ဆောင်ရပေမည်။

ထို့ကြောင့် သူမသည် လုဟွမ်၏လက်ကို ပို၍ပင် တင်းကျပ်စွာ ဖက်ထားလိုက်သည်။

လုဟွမ်၏လက်မှာ အနည်းငယ် နေရခက်မိသော်လည်း သူ့မျက်လုံးများက နက်မှောင်တောက်ပနေပြီး သူ့နှလုံးသားလည်း နေကဲ့သို့ တောက်ပနေလေသည်။

သူတို့ နှစ်ယောက် ပြတ်ပြတ်သားသား နားလည်မှု ရှိကြသည့်ပုံ ပေါ်သည်။ နှစ်ဦးလုံး၏ နားရွက်များမှာ နီရဲပြီး နို့လက်ဖက်ရည်ဆိုင်ထဲကို လျှောက်သွားရင်း အလွန်သဘာဝကျသည့်ပုံစံ ဟန်ဆောင်ရန် ကြိုးစားကြ လေသည်။

စုရှီသည် ပုံများနှင့် ကိုက်ညီသည့် အချိုရည်တချို့ကို ညွှန်ပြပြီး လုဟွမ်အား ရှင်းပြသည်။

"ဒါက ပုလဲလုံး၊ ဒါက အုန်းသီး၊ ဒါက နို့။ အဲဒါတွေက နို့လက်ဖက်ရည်ထဲကို ထည့်လို့ရတဲ့ အရာတွေဘဲ။ နို့လက်ဖက်ရည်က နို့နဲ့ လက်ဖက်ရည်ကိုပဲ ပါတာ မဟုတ်ဘူး။ အတိုချုံးပြောရရင် အရံ အဆာပလာတွေလည်း ထည့်ပြီး ဖျော်စပ်ထားတဲ့ ဖျော်ရည်တစ်မျိုးလို့ နားလည်ထားလို့ ရတယ်။ ဘာသောက်ချင်လဲ။ မီနူးမှာ ပုံတွေရှိတယ်၊ ကြည့်ကြည့်နော်"

လုဟွမ်က သူမကိုကြည့်ပြီး "ဘာသောက်ချင်တာလဲ"

စုရှီ မဆိုင်းမတွဘဲ "ဒိန်ခဲစတော်ဘယ်ရီ"

ဤသည်မှာ သူမ ဘယ်သောအခါမှ မငြီးငွေ့နိုင်သော တစ်ခုတည်းသော သောက်စရာပင် ဖြစ်သည်။

လုဟွမ်က စားပွဲထိုးဘက်ကို လှည့်ပြီး "ဒိန်ခဲ စတော်ဘယ်ရီ နှစ်ခွက်၊ တစ်ခွက်က သကြားနည်းနည်း၊ ရေခဲမထည့်ဘူး။ နောက်တစ်ခုက အဆင်ပြေသလို လုပ်ပေးပါ။ ကျေးဇူးတင်ပါတယ်"

စုရှီ ရယ်မိသည်။ သူ ဤလောကထဲ ရောက်နေသည်မှာ ကြာလှပြီမို့ နို့လက်ဖက်ရည်ကို မည်သို့မှာရမည်ကိုပင် သင်ယူခဲ့ပြီဖြစ်သည်။

စားပွဲထိုးနှစ်ယောက်စလုံးမှာ ယောကျာ်းလေးဖြစ်သော်လည်း သူ့ကို မော့ကြည့်လိုက်ပြီး အရပ်အမြင့် ၁.၈၅ မီတာခန့်ရှိ၍ အနည်းငယ် အံ့သြသွားကြသည်။ - ဤအရပ်အမြင့်ကို ပုံမှန်မဆန်ဘူးဟု မယူဆနိုင်ပါ။ ယခုခေတ်၌ အရပ်ရှည်ပြီး အာဟာရပြည့်ဝသည့် ယောက်ျားလေး အများအပြားလည်း ရှိကြသည်။

သို့သော် အနက်ရောင်ဆွယ်တာအင်္ကျီနှင့် ကောင်တာ အပြင်ဘက်ရှိ ဦးထုပ် စောင်းထားသော ကောင်လေးသည် အထူးဖြောင့်မတ်နေပြီး ဖော်မပြနိုင်သည့် စိတ်ထားမျိုးရှိကာ လူများကို အရပ်ရှည်သည်ဟု ခံစားမိစေသည်။ သူ့အမူအရာမှာ နူးညံ့သိမ်မွေ့ပြီး သူ့မျက်လုံးများက ပြုံးနေသော်လည်း ထိုနေရာတွင် ရပ်နေသောအခါ မမြင်နိုင်သော ထူးဆန်းမှုတစ်ခု ရှိနေသကဲ့သို့ ခံစားရစေသည်။

စားပွဲထိုးနှစ်ဦးသည် စုရှီအား ပြေစာ ပေးလိုက်ပြီး လုဟွမ်သည် သူမအား ထောင့်ရှိ စားပွဲဆီသို့ ဆွဲခေါ်သွားပြီး ထိုင်ခိုင်းလိုက်သည်။

လူသိပ်မရှိသောကြောင့် ဒိန်ခဲ စတော်ဘယ်ရီနှစ်ခွက်သည် အလွန်လျင်မြန်စွာ အဆင်သင့်ဖြစ်သွားသည်။

လုဟွမ်က သွား၍ယူလာသည်။

"ဒါက ပိုက်" စုရှီ စိတ်ရှည်စွာ ပြောသည်။

လုဟွမ်သည် ဤအသေးစိတ် အချက်အလက်များကို ယခင်က မမြင်ဖူးသော်လည်း၊ ပထမဆုံးအကြိမ်မြင်သည်နှင့် နားလည်နိုင်စွမ်းရှိသည်။ သွယ်လျဖြူဝင်းပြီး တိကျသေချာသော လက်ချောင်းများဖြင့် စုရှီရှေ့၌ ပိုက်၏ အဖြူစက္ကူအဖုံးကို ချွတ်ကာ သကြားနည်းပြီး ရေခဲမပါသည့် ဒိန်ခဲစတော်ဘယ်ရီ ဖျော်ရည်ခွက်ထဲသို့ သေသေသပ်သပ် ထည့်လိုက်သည်။ ထို့နောက် သူမအား ကမ်းပေးလိုက်ပြီး သက်ပြင်းချကာ "နည်းပညာက ဘဝကို ပြောင်းလဲစေတယ်"

စုရှီက ပျင်းရိစွာဖြင့် လက်ပေါ် မေ့ထောက်လိုက်ပြီး "အာ"

လုဟွမ်က သူမပါးစပ်၌ တေ့ပေးလိုက်သည်။

စုရှီ တစ်လုတ်သောက်ပြီး သူမမျက်လုံးများက လခြမ်းကဲ့သို့ ကွေးညွတ်သွားသည်။

အပြုစုခံရသူမှာ စုရှီဖြစ်သော်လည်း လုဟွမ်က ပို၍ပင် ပျော်ရွှင်နေသည်။ ကောင်တာသို့ ပြန်သွားပြီး ခွက်ထောင်ပေါင်းများစွာ ဝယ်ကာ ပိုက် ပြန်ထည့်ပေးချင်စိတ် ပေါက်သည်အထိ စိတ်ကြွနေလေသည်။

"မြန်မြန်သောက်ကြည့်" စုရှီ သူမ၏ ခွက်ကို ယူလိုက်ပြီး သူ့ကို ပြောလိုက်သည်။

ထိုမှသာ လုဟွမ် တစ်လုတ် သောက်ကြည့်သည်။

စုရှီ မျှော်လင့်ချက်ကြီးစွာဖြင့် မေးသည်။ "ဘယ်လိုလဲ"

"ဒါပထမဆုံး သောက်ဖူးတာဘဲ၊ နည်းနည်း ချိုပြီး အသီးရဲ့ သကြားဓာတ်ကျ အဲ့လောက်မရဘူး"

လုဟွမ် မှတ်ချက်ပေးသည်။ "ဒါပေမယ့် ကိုယ် ကြိုက်ပါတယ်"

စုရှီက ရယ်မောရင်းဖြင့် "ရှင် မသောက်နိုင်တော့ဘူးထင်ပါရဲ့။ နောက်တစ်ခါ တခြားဟာ စမ်းကြည့်ဖို့ခေါ်သွားမယ်။ ဒီမှာ အရသာရှိတဲ့ အစားအသောက်နဲ့ အချိုရည်တွေ အများကြီးရှိတယ်။ ဟော့ပေါ့၊ အသားကင်၊ ဆူရှီ၊ ဘူဖေးတွေ၊ မစားဖူးသေးဘူးမလား။ တစ်ခုပြီး တစ်ခု စမ်းကြည့်ရအောင်"

ဤအရာအားလုံးသည် လုဟွမ်အတွက် ဆန်းသစ်သည့်အရာများ ဖြစ်သော်လည်း သူ့၌ အရသာရှိသည့် အစားအစာများကို လိုချင်တောင့်တခြင်းမရှိသည့်အတွက် ထိုအရာများကို ကြားလိုက်သည့်အခါတွင်ပင် သူ၏အမူအရာ ပြောင်းလဲသွားခြင်းမရှိပေ။ သူသည် မည်သည့်အရာ လုပ်ရသည်ဖြစ်စေ စုရှီနှင့် တွဲလုပ်ရသည်ကိုသာ ကြိုက်သည်။

စုရှီသည်လည်း သူနှင့် အရာအားလုံး စမ်းလုပ်ကြည့်ချင်ပါသည်။ သူမသည် တောက်ပသောအပြုံးဖြင့် သူမကို ကြည့်နေသော လုဟွမ်ကို သတိထားမိတော့ သူသည် ရှက်ရွံ့စွာဖြင့် သူမ၏ ပါးစပ်ထောင့်များကို သုတ်ပေးလိုက်သည်။

စုရှီသည် ပေါင်းသင်းဆက်ဆံမှု၌ မည်သည့် အသေးအဖွဲလေးများဖြစ်စေ ပျော်ရွှင်စေသည်ဟု လူအများ ပြောကြသည်ကို ကြားသည့်အခါ နှာရှုံ့လေ့ရှိပါသည်။ သို့သော် ယခုတော့ သူမသည် အမှန်ဖြစ်ကြောင်း သဘောပေါက်လာသည်။

နို့လက်ဖက်ရည်တစ်ခွက်ဝယ်ပြီး ထိုင်သောက်ရန် ကုန်တိုက်သို့ သွားခြင်းသည် သာမန်လုပ်ရပ်သာ ဖြစ်သော်လည်း လုဟွမ် နှင့်ဆိုလျှင် သူမသည် မည်မျှပင် သာမာန်ဖြစ်ပါစေ သူမကို အလွန်ပျော်ရွှင်စေသည်။

မဆင်မခြင် ကြောင်တစ်ကောင်က သူ့နှလုံးသားထဲ နေရာယူထားသကဲ့သို့ လုဟွမ်ကို ကြည့်သောအခါ နှလုံးသားကို ကုတ်ခြစ်ခံရသလို ခံစားရသည်။ အခြားအချိန်များတွင်မူ ပျင်းရိစွာ လှဲလျောင်းရင်းဖြင့်သာ မိနစ်တိုင်းနှင့် စက္ကန့်တိုင်း၌ သူမအား စိတ်ကျေနပ်မှုကို ဖြစ်စေနိုင်ခဲ့သည်။

နို့လက်ဖက်ရည်သောက်ပြီးနောက် မူလက ရုပ်ရှင်ကြည့်ရန် စီစဉ်ထားသော်လည်း စုရှီသည် ယနေ့တွင် ဇာတ်ကားကောင်းများ မထွက်ရှိတော့သည်ကို တွေ့လိုက်ရသောကြောင့် ဤအစီအစဉ်ကို ဖျက်သိမ်းလိုက်သည်။ မည်သို့ဖြစ်စေ ဇာတ်ကားကောင်းတစ်ကားထွက်ပြီးလျှင် သူမ လုဟွမ် ကို ထိုကမ္ဘာမှ ခေါ်ထုတ်လိုက်နိုင်သည်။

နှစ်ယောက်သား လမ်းလျှောက်ပြန်သွားကြသည်။

လမ်းတစ်လျှောက်တွင် စုရှီသည် မြို့ပြအဆောက်အအုံများ၊ အနုပညာပြခန်းများ၊ လက်မှုဆိုင်များ၊ လျှောက်လမ်းများ၊ မီးပွိုင့်များ စသည်တို့ကို လုဟွမ်အား ပြောပြသည်။

လွန်ခဲ့သည့်အချိန်က လုဟွမ်သည် အလျင်အမြန်ရောက်လာပြီး လူဝင်မှုကြီးကြပ်ရေး လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ မသေချာသောကြောင့် စုရှီ လမ်းလျှောက်ချင်စိတ်မရှိခဲ့ပေ။ သို့သော် ယခုတော့ အရာအားလုံး ပြေလည်သွားပြီး သူမသည် အချိန်မရွေး သူ့ကမ္ဘာသို့ ရောက်လာနိုင်သည်ကို သူမ သိလိုက်သဖြင့် သူမ စိတ်အေးလက်အေး ဖြစ်သွားသည်။

လုဟွမ်လည်း ထိုနည်းတူပင်။ သူသည် ဤလောကနှင့် အံဝင်ခွင်ကျမဖြစ်သေးဘဲ၊ ချစ်ခြင်းမေတ္တာ အတတ်ပညာများစွာကို မသိသေးသော်လည်း၊ ကားဖြတ်သွားသည်ကို မြင်လိုက်ရသောအခါတိုင်း စုရှီကို လမ်းအတွင်းဖက်၌ထားကာ စုရှီကို အကာအကွယ်ပေးတတ်သည်။

အစိမ်းပြထားသော နေရာကို ရောက်သောအခါ သူသည် စုရှီကို လမ်းအလယ်မှ လျှောက်စေသည်။

ထိုအရာများမှာ သူကိုယ်တိုင် လေ့လာခဲ့သည့် အရာများ ဖြစ်သည်။

နွေရာသီကုန်နှင့် ဆောင်းဦးပိုင်းတွင် ကောင်းကင်သည် ပြာလဲ့နေပြီး၊ တိမ်များကင်းစင်ကာ ရာသီဥတုလည်း အနေတော် ဖြစ်သည်။ သို့သော် ထိုမိုးလေဝသ၌ ခဏတာ လမ်းလျှောက်လျှင်ပင် ပင်ပန်းမှုကို ခံစားမိစေသည်။

လုဟွမ်သည် ရပ်ပြီး စုရှီကို လှည့်ကြည့်လိုက်သည်။ စုရှီသည် မကုန်သေးသော စတော်ဘယ်ရီနို့လက်ဖက်ရည် ကို တစ်ငုံသောက်လိုက်ရင်း "ဘာဖြစ်လို့လဲ"

"အိမ်နဲ့ ဝေးသေးတယ်၊ မင်းကို ကုန်းပိုးပေးစေချင်လား"

မေးခွန်းတစ်ခုသာဖြစ်သော်လည်း လုဟွမ်၏ နားရွက်များသည် အနည်းငယ်နီနေပြီး သူ့မျက်လုံးများက မျှော်လင့်ခြင်းများဖြင့် ပြည့်နေသည်။

ဤအရာကို သူအရင်ထဲက လုပ်ချင်ခဲ့တာပင်။ စုရှီ သူ့အား အခြားကမ္ဘာ၌ ဒိုက်ထိုးခိုင်းသည့်အချိန်တည်းက သူ လုပ်ချင်နေခဲ့သည်။

စုရှီကို သူ့နောက်ကျော၌ တစ်ခါမှ မသယ်ဖူး သေးပါ။ ထိုအချိန်၌ စုရှီ၏မျက်လုံးထဲတွင် သူသည် လက်တို၊ ခြေတိုဖြင့် လူပုလေးတစ်ဦးသာ ဖြစ်နေပါသည်..။

ဒီအကြောင်းကို တွေးကြည့်ရုံနဲ့ လုဟွမ် အနည်းငယ် မောပန်းသွားသလို ခံစားရသည်။

သူ ရှက်စရာကောင်းသည့် ကိစ္စများကို မတွေးဖို့ အစွမ်းကုန် ကြိုးစားခဲ့သည်။ စုရှီ မတုံ့ပြန်ခင်မှာ သူက သူမရဲ့ခါးကို ပွေ့ဖက်ပြီး အမြင့်နေရာ၌ တင်ရန် သူမကို မြှောက်လိုက်တယ်။ ထို့နောက် သူသည် တစ်ဖက်လှည့်ကာ သူမရှေ့တွင် ထိုင်ချလိုက်ပြီး ငြိမ်သက်အေးစက်လှသော မြင်းသဏ္ဍာန် အနေအထားကို ပြုလုပ်လိုက်သည်။

လုဟွမ်မှ တက်ရန် တွန်းအားပေးနေသောကြောင့် သူမသည် လေးစားစွာ ငြင်းဆိုသည်ထက် နာခံလိုက်သည်။

စုရှီ တခစ်ခစ်ရယ်ပြီး သူ့နောက်ကျောပေါ် ခုန်ချလိုက်သည်။

"ဖမ်း!"

သူမ၏ ကိုယ်အလေးချိန်မှာ မပေါ့ပါးသော်လည်း လုဟွမ်၏ ကိုယ်အောက်ပိုင်းသည် အလွန်တည်ငြိမ်ရာ လုံးဝမတုန်လှုပ်သွားပေ။ သူသည် ဒူးနှစ်ဖက်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ သူ့နောက်ကျောကို မြဲမြဲ မတ်ထားသည်။

ထို့နောက် သူသည် ပျံသန်းနေသကဲ့သို့ ရှေ့သို့ လျှောက်သွားသည်။ တစ်ခုခုကို သက်သေပြလိုသကဲ့သို့ သူသည် အလွန်လျင်မြန်စွာနှင့် တည်ငြိမ်စွာ လျှောက်လှမ်းသွားသည်။

စုရှီသည် ဖျော်ရည်နှင့် သူ့ဦးထုပ်ကို ကိုင်ထားပြီး သူမပင် မသိလိုက်ဘဲ သူ့လည်ပင်းကို သိုင်းဖက်ထားလိုက်သည်။ သူ့လည်ပင်း တောင့်တင်းလာပြီး အသက်ရှူခြင်း တစ်စက္ကန့်မျှ ရပ်သွားပါသည်။ ထို့နောက် ပန်းတိုင်တစ်ခုအား အောင်မြင်သွားသည့်အလား သူ အနည်းငယ်နှေးကွေးစွာ ပြန်လျှောက်သွားသည်။

စုရှီက ကျောပေါ်တက်ပြီးသည်နှင့် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

ဒိုက်ထိုးနေစဉ်အတွင်း "အမြန်နှုန်း၊ ခွန်အားနဲ့ လှုပ်ရှားမှု" ကိုပြသရာတွင် မအောင်မြင်ခဲ့ရာ သေချာပေါက် ပြန်ပြဖို့ နည်းလမ်းရှာရမည်မှာ ယောက်ျားလေးတစ်ဦး၏ ပုံသေ အလေ့အကျင့်သာ ဖြစ်သည်။

"ဘာလို့ရယ်နေတာလဲ" လုဟွမ်၏နားရွက်တို့မှာ သူမ ရယ်သံကြားလိုက်သည်နှင့် နီမြန်းလာလေသည်။

သူမကြည့်သည့်ဇာတ်လမ်းတွဲမှ ဤလှည့်ကွက်ကို သူသင်ယူခဲ့သည်လော။ မော်တော်ဆိုင်ကယ်များ အရှိန်ပြင်းပြင်း စီးနင်းလာသည့် အမျိုးသားများအား သူတို့နောက်ရှိ အမျိုးသမီးမှ ခါးကို ဖက်ထားကြသည်ကို သူတွေ့ဖူး၍ သူ့နှလုံးသားထဲမှ မှတ်မိနေခြင်း ဖြစ်ပေမည်။

စုရှီ လက်တစ်ဖက်ဖြင့် လည်ပင်းကို သိုင်းဖက်ထားပြီး ကျန်လက်တစ်ဖက်က နားရွက်နီများကို ဆွဲကိုင်လိုက်သည်။ သူမက ရယ်ပြီး "ဘာမှမဟုတ်ပါဘူး၊ ရှင်က ချစ်ဖို့ကောင်းတယ်လို့ ထင်မိလို့"

လုဟွမ် မပျော်တော့ပေ။

"ကိုးပေလောက် ရှည်တဲ့ လူက ဘယ်လို ချစ်ဖို့ ကောင်းမှာလဲ?"

သူ့အတွက် ခန့်ညားချောမောကြောင်း ပြောပေးသည်က ပို၍ စိတ်ကျေနပ်စေသည်။ ချစ်ဖို့ကောင်းသည် ဆိုသည့် စာလုံးကို သူမကြားချင်ပေ။

"ချီးကျူးနေရင်ဘဲ ဟုတ်ပြီလေ။ ဘာတွေဂျီးများနေတာလဲ" စုရှီ ပြုံး၍ ပြောသည်။

“ပိုင်ဒူကို ဘယ်လိုသုံးရမလဲ သင်ပြီးပြီမလား၊ သွားကြည့်ကြည့်။ မိန်းကလေးက ကောင်လေးကို ချစ်ဖို့ကောင်းတယ်လို့ ပြောရင် ဘာအဓိပ္ပာယ်လဲဆိုတာ"

လုဟွမ်က သူမ၏ ခြေထောက်ကို လက်တစ်ဖက်ဖြင့် ထိန်းထားပြီး ကျန်တစ်ဖက်ဖြင့် အသစ်ဝယ်လာသော ဖုန်းကို ထုတ်လိုက်သည်။

သူသည် ပထမဆုံး ဖုန်းအသုံးပြုဖူးခြင်း ဖြစ်သော်လည်း စာရိုက်နည်း လျင်မြန်စွာပင် တတ်မြောက်သွားသည်။ သူ၏ စာရိုက်နှုန်းမှာ သတ်လတ်ပိုင်းလူကြီးထက်ပင် မြန်ဆန်သည်။ အနည်းငယ် လေ့ကျင့်လိုက်လျှင် ဟောက်ကျင်းချွမ်နှင့် အခြားသူများကဲ့သို့ မြန်ဆန်ပေလိမ့်မည်။

ပိုင်ဒူ ၌ ဖော်ပြထားသည်မှာ:

"လူတစ်ယောက်ကို ချစ်စရာကောင်းတယ်လို့ ဖော်ပြတာက အဲ့လူကို အရမ်းကြိုက်တယ်လို့ အဓိပ္ပါယ်ရပါတယ်။ အဲ့ဒီလူကို လွန်ကဲစွာ ကြိုက်နှစ်သက်ခြင်းလို့ ဆိုလိုပါတယ်"

လုဟွမ်သည် ဤစကားလုံးများကို မြင်သောအခါ သူ့နှလုံးခုန်သံ လျင်မြန်သွားသည်။ သူ အရမ်းပျော်နေပြီး ဘာလုပ်ရမှန်းမသိဖြစ်သွားသည်။

သူမျက်ရည်များဝဲပြီး စိတ်လှုပ်ရှားနေလေသည်။ သူသည် ထိုအကြောင်းကို ခဏလောက်စဉ်းစားပြီး သူ့ခြေလှမ်းများကို အရှိန်လျှော့လိုက်သည်။

အဆုံးတွင် မတ်တပ်ရပ်လိုက်ပြီး ခေါင်းကို အနည်းငယ်လှည့်လိုက်သည်။ သူက သူ့နောက်ကျောရှိ စုရှီကို အလွန်လေးနက်သည့် လေသံဖြင့် "ဒါပေမယ့် ကိုယ် တော့ မင်းက ချစ်ဖို့အကောင်းဆုံးလို့ ထင်တယ်"

စုရှီသည် ရက်အတော်ကြာ သူမနှလုံးသားထဲတွင် ထိုကဲ့သို့ စိတ်လှုပ်ရှားမှုမျိုး မဖြစ်စေရန် သံမဏိအသည်း နည်းပညာကို လေ့ကျင့်နေမိသည်။ သို့သော် သူ၏ နက်မှောင်ပြီး နူးညံ့သော မျက်လုံးများကို မြင်လိုက်ရချိန် သူမပင် သတိမထားမိဘဲ သူ့ပခုံးပေါ်မှာ လဲလျောင်းရင်း ပါးပြင်မှာ သူ၏နားရွက်ကဲ့သို့ နီမြန်းလာသလို ခံစားလိုက်ရသည်...

သူမ၏ နှလုံးသားထဲတွင် ခုန်နှုန်းသည် အလွန်မြန်ဆန်နေသေးပြီး သူမမျက်နှာမှာ နီမြန်းနေလေသည်။

ဤအခိုက်အတန့်တွင် စုရှီ သည် သူမ၏ စိတ်ထဲတွင် "ငါ သူ့ကို နမ်းချင်လိုက်တာ" ဟု တွေးမိလိုက်သည်။

All Chapters