← Chapters

Chapter 74

Vol. 8 Ch. 74

Chapter 74

Vol. 8 Ch. 74

ဟောက်ကျင်းချွမ်တစ်ယောက် လုဟွမ် ဘယ်ကမ္ဘာက လာမှန်း မသိနိုင်တော့ချေ။ လုဟွမ် အတွက် ဘောလုံးကစားသည့် စည်းမျဉ်း ၃ ခုကို ပထမအကြိမ် ကြားဖူးခြင်းဖြစ်ပြီး သူက ဝတ်ကျေတမ်းကျေသာ ရှင်းပြခဲ့သည်။ သို့တိုင်အောင် လုဟွမ်က အမှန်တကယ် စိတ်ဝင်တစား နားထောင်နေလေသည်။လုဟွမ်က ဘတ်စကတ်ဘော ကစားတာကို မသိဘူး လို့ ပြောတာက တကယ်ပဲ ဘယ်လိုကစားရမှန်းမသိတာလား။ ခေတ်နောက်ကျ နေတာလား တစ်ခုခုပဲ။

သူက သူ့ကို နာမည်ကြီးအောင် လုပ်ပေးမယ့် ရုပ်ချောပြီး မဆော့တတ်တဲ့သူကိုပဲ လိုချင်တာဖြစ်ပြီး သူ့ကို ဆွဲချမယ့်သူတော့ မလိုချင်ပေ။

ဟောက်ကျင်းချွမ်ရဲ့ မျက်နှာထားမှာ ချက်ချင်း ရှုံ့မဲ့သွားတော့သည်။

လုဟွမ်ကို ကြည့်ကာ မနေနိုင်ဘဲ မေးလိုက်၏။

"ငါ မင်းကို မေးချင်နေတာကြာပြီ။ မင်း တစ်ခြားတိုင်းပြည်ကများ ရောက်လာတာလား"

လုဟွမ်က ဟောက်ကျင်းချွမ်ကို တစ်ချက်ကြည့်ပြီး တည်တည်ငြိမ်ငြိမ်ဖြင့်ပင် ဘောင်းဘီအိတ်ထဲမှ မှတ်ပုံတင်ကဒ်ကို ထုတ်ပြလိုက်သည်။

လုဟွမ်က ရတနာထုတ်နေသလို ဖြစ်နေတော့ ဟောက်ကျင်းချွမ်က မနေနိုင်ဘဲ လှမ်းကြည့်လိုက်‌လေသည်။

လုဟွမ်က အေးဆေးလူလူပင်

"ဒီမြို့က လူကြီးတွေကော လူငယ်တွေကော အရမ်းရိုးသားကြတာပဲ"

ဟောက်ကျင်းချွမ်မှာ ဆွံ့အသွားလျက်။

သူ့စိတ်ထဲမှာတော့

"မင်းကို ယုံလိုက်ရင်တော့ ငါးပါးမှောက်မှာပဲ။ မြို့ထဲမှာ ဘယ်လိုလုပ် ဗန်းစကားကို နားမလည်တဲ့သူ ရှိနေရတာလိမ့်"

သူ ပူညံပူညံလုပ်နေပေမယ့် ဘတ်စ်ကတ်ဘောပွဲက မစသေးပေ။ ဟောက်ကျင်းချွမ်နဲ့ သူ့အဖွဲ့သားတွေမှာ လုဟွမ်ကို ဘယ်နေရာမှာ နည်းစနစ်ကျကျနဲ့ ထားနိုင်ဖို့ ဘောလုံးအရင်ပစ်ခိုင်းကြသည်။

လုဟွမ်က စည်းမျဉ်းတွေကို နားလည်သည်။ အဲတာက ဘေးမှာ ရန်သူတွေဝိုင်းနေတဲ့အချိန် ဘောလုံးကို ခြင်းထဲ ပစ်ထည့်ရမှာမျိုးပင်။ ဘောလုံးကို ကိုင်ကြည့်တော့ တော်တော်လေးပေါ့နေ၏။ အထဲမှာ လေတွေထည့်ထားပေမယ့် သူ့လက်ထဲမှာတော့ ဘာအလေးချိန်မှ မရှိပေ။ လှံရှည်ကြီး‌တွေ ကျောက်တုံးမြှားအလေးကြီးတွေနဲ့ ယှဉ်ရင် တော်တော်လေးပေါ့သည်။

ဒီမှာ အားလျှော့သုံးဖို့ လိုလေသည်။ မဟုတ်ရင် ကျောင်းကနေ တစ်ခါတည်း နှင်ထုတ်ခံရပြီး ဝေဖန်ကြလိမ့်မည်။

ဒီ‌လိုတွေးကာ လုဟွမ်က နောက်နှစ်လှမ်းဆုတ်ပြီး ဘောလုံးကိုညစ်လိုက်သည်။

လုဟွမ်၏လက်များက အောက်သို့ စိုက်ချထားသော်လည်း ဘောလုံးကို တစ်ခုခုက ဆွဲထားသည့်အလား သူ့လက်ဖဝါးနှစ်ဖက်ကြားတွင် အသေကပ်နေသလို ထင်ရသည်။

ဟောက်ကျင်းချွမ်ရဲ့ အဖွဲ့သားက

"မင်းခေါ်လာတဲ့ လူချောလေးက ဘယ်လိုဆော့ရလဲ သိတယ်ပုံမပေါ်ဘူး။ ဘယ်သူကမှ ဘောလုံးကို လက်တစ်ဖက်တည်းနဲ့ မကိုင်နိုင်ဘူးလေ။ မင်းတောင် မကိုင်နိုင်တာ"

"..."

ဟောက်ကျင်းချွမ်က လက်ပိုက်ထားပြီး နည်းနည်းတောင်ရှက်သွားသည်။

"မင်းကလဲကွာ ငါလဲ သူငါ့ကို လာလိမ်နေတယ်လို့ မယုံသင်္ကာဖြစ်နေတာပါကွ"

သူစကားမဆုံးခင်မှာ လုဟွမ်က လက်မြှောက်ပြီး လက်ချောင်းလေးနဲ့ ပုတ်လိုက်သည်။

ပစ်ဖို့အချိန်ရောက်ပြီပင်။

ဘောလုံးဟာ လေထဲမှာ တည့်တည့်မတ်မတ်ကို လွင့်နေ၏။

ဂိုးကွင်းကို မထိခင် ဘတ်စ်ကတ်ဘောကွင်းထဲက လူတွေအားလုံးဟာ ဘောလုံးသွားရာက တန်းနေတာကို တွေ့လိုက်ရသည်။

ကွင်းပြင်က လူတွေမှာ မျက်လုံးတွေပြူးပြီး အားပေးဖို့ လုပ်နေကြတုန်း

"မိုက်လိုက်တဲ့ပစ်ချက်.."

အားပေးသံ ထွက်လာတာနဲ့ ခြင်းထဲ ဝင်သွားပေမယ့် ‌ကြမ်းပြင်ပေါ်ကျပြီး ပြန်ကန်ထွက်လာကာ ခြင်းကိုထိပြီး လွင့်သွားတော့သည်။ ဘုတ်ပြားပေါ်က ဝက်အူလှည့်တွေမှာ ကျွတ်သွားပြီး လေးခုလုံး ပြုတ်ကျလာ၏။

နောက်တော့ ဘောလုံးက ကြမ်းပြင်ပေါ် ဘန်းခနဲဆိုပြီး ကျလာတော့သည်။

ဘောလုံးဟာ လက်နက်တစ်ခုလိုပင် မြေ‌ပြင်ပေါ် ကျလိုက်ခုန်လိုက် ဖြစ်နေလေသည်။ အနားကလူတွေမှာတော့ ထိတ်လန့်တကြား ရှောင်နေကြ၏။ နောက်ဆုံး‌မှာတော့ ပြန်ခုန်သွားပြီး အဝေးကမြက်ခင်းပြင်ပေါ် ကျသွားတော့သည်။

လူတစ်ယောက်က ကောက်လိုက်ပြီး ဟောက်ကျင်းချွမ်ဆီ ယူလာကာ

"ကွဲသွားပြီ"

ဘောလုံးကွဲသွားချေပြီ။

ကွင်းထဲက လူတွေအားလုံး ဆွံ့အသွားလျက်။

စုရှီမှာလဲ ဆွံ့အလျက်ပင်။

ဟောက်ကျင်းချွမ်က လေအေးတရှိုက်ကို ရှုသွင်းကာ စုရှီထံ ပြေးသွားပြီး

"နင်ဒီလို မိုးမခပင်တောင် ‌ပြောင်းပြန်လှန်နိုင်လောက်တဲ့သူမျိုးကို ဘယ်ကရှာလာတာလဲ။ သူရဲ့ လက်နဲ့ သာသာ‌လေးမလိုက်တာ ဘောလုံးက ကွဲသွားတယ်။ ဒီဘောလုံးက ငါတို့ အားကစားကော်မတီဝင်တွေ ဝယ်ပေးထားတာ။ ယွမ်တစ်ရာ ကျော်တယ်"

စုရှီမှာ ပြောစရားစကားမရှိအောင်ပင်။

လုဟွမ်က သူ့လက်ကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်ကာ အားအများကြီးသုံးမိသွားမှန်း သိလိုက်သည်။ အကြောင်းကတော့ ရှင်းရှင်းလေးပါပင်။ လေးဆွဲတာပဲဖြစ်ဖြစ် မြင်းကြိုးဆွဲတာပဲဖြစ်ဖြစ် လှံပစ်တာပဲဖြစ်ဖြစ် အားအများကြီးထည့်ရလေသည်။ အရင်နှစ်တွေထဲမှာ အကျင့်ပါနေလို့ပင်။ တစ်အခုလဲ သူ့ခွန်အားကို တော်တော်လေး လျော့ချထားတာတောင် ဘောလုံးနဲ့ ဘောကွင်းက လေထဲလွင့်နေတဲ့ မိုးမခအခက်လိုပဲ ကျိူလွယ်မယ်လို့ မ‌မျှော်လင့်မိ။

သူ့စကားတွေက စိတ်ဆိုးတဲ့သံပေါက်နေတာကြောင့် လုဟွမ်က တောင်းပန်လိုက်သည်။

"ကျုပ်ပြန်ပြင်ပေးပါ့မယ်"

လူအားလုံးရဲ့ မျက်စိအောက်မှာပင် လုဟွမ် သည် စာသင်ဆောင်များ သို့သွား ကာ စားပွဲ ကိုရွေ့လာပြီး ဘတ်စကတ်ဘော ဂိုးတိုင် အောက်တွင် ထားလိုက်သည်။ ထို့နောက် ဘောကွင်း နှင့် သံအချို့ကို ယူကာ သံကို လက်ဗလာဖြင့်ပင် ထိုးစိုက်လိုက်သည်။ သူက သံကို နှစ်ချက်မျှပင် လိမ်လိုက်သေး၏။

သံချောင်း ကို လိမ်လိုက်ပြီးနောက် အနည်းငယ်ချောင်နေသော ဘောကွင်းမှာ တုပ်တုပ်မျှ မလှုပ်တော့ပေ။ ကျောင်းဆောင်ကြီး ပြိုကျသွားလျှင်တောင် ထိုဘောကွင်းကတော့ မပြုတ်ကျနိုင်‌လောက်ပေ။

စုရှီမှာ ရီရမလိုလို ငိုရမလိုလိုဖြစ်နေပြီး ဟောက်ကျင်းချွမ်ကို ပြောလိုက်သည်။

"သေချာစဉ်းစားပါဦး။ လုဟွမ်က မွေးကတည်းက အားကြီးလို့ပါ။ သူကတခါမှ ဘတ်စ်ကတ်ဘော ကစားဖူးတာ မဟုတ်ဘူး။ အခုမှပထမဆုံးကစားတာမလို့ နောက်ထပ်အခွင့်အရေး ပေးလိုက်ပါဟာ"

ဟောက်ကျင်းချွမ်ကတော့ သိပ်မယုံသေးပေ။ သူတို့ကစားနေတုန်း လုဟွမ် သူတို့ကို ခိုက်မိမှာကို ကြောက်နေသည်။

ကံကောင်းချင်တော့ ဘတ်စ်ကတ်ဘော ကစားတဲ့သူတွေမှာ ဘောလုံးကို စိတ်ထဲမထားဘဲ အဲအစား အံ့ဩမှင်သက် နေကြလေသည်။ သူတို့တွေမှာ ဝိုင်းလာကြပြီး လုဟွမ်ရဲ့ လက်မောင်းကို လာကြည့်နေ၏။ လုဟွမ်မှာ အရမ်းကြီး ကြီးမားတဲ့ ကြွက်သားတွေတော့ မရှိပေမယ့် အသားဖြူ ကျစ်လစ်ပြီး ကြည့်ကောင်းလေသည်။ သူကအဖွဲ့ထဲက လူကောင်ကြီးကြီး နှစ်ယောက်ထက်တောင် ပိုပိန်ပေမယ့် ဂိုးတိုင်ကို ကျွတ်ထွက်သွားစေနိုင်လောက်သည့် အားရှိနေသည်ပင်။

လူတစ်ယောက်က

"အစ်ကိုလု ‌နည်းနည်းဝေးဝေးသွားပြီး သုံးမှတ်တန် ပစ်ကြည့်ပါလား။ ဝေးဝေးက ပစ်ရင် ဝင်နိုင်တယ်"

လုဟွမ်က နောက်ထပ်ဘောလုံးတစ်လုံးကို ယူကာ သုံးမှတ်တန် ဧရိယာဆီ လျှောက်သွားလိုက်သည်။

အဲဒီနောက် ကိုယ့်ကိုယ်ကို ထိန်းပြီး အားနည်းနည်းပဲ သုံးကာ လက်ချောင်းတွေမှာပဲ အားထည့်၍ ပစ်လိုက်သည်။

ဘောလုံးက လေပေါ်လှလှပပလေး ဝဲနေပြီး

"ဘန်း"

ဘတ်စ်ကတ်ဘောက ဘောကွင်းထဲ လုံးဝ ဝင်သွားလေသည်။ ဒီတစ်ကြိမ်တော့ သူအားကို သေချာမှန်အောင်သုံးလိုက်ပြီး ဘောလုံးက မြေပေါ်အရှိန်ဖြင့် ကျသွားပေမယ့် လေထဲမှာပင် အရှိန်ပျော့သွားလေသည်။ ဘောကွင်းကို မထိတော့ဘဲ မြေပေါ်သို့ ပြန်ကျလာ၏။

ဒီမြင်ကွင်းကို ကြည့်နေတဲ့ ကွင်းထဲက လူတွေမှာ မှင်သက်ကုန်ကြသည်။

ကောင်ချောလေးတွေ သာမန်နဲ့ မတူဘဲ ကွဲပြားတာပဲ။ သူက တစ်မှတ်တန် နှစ်မှတ်တန် ပစ်ချက်တွေကိုတောင် အရေးမလုပ်ဘဲ။ ၃ မှတ်တန် ပစ်ချက် ကို ရနိုင်ဖို့ပဲ ကြိုးစားနေတာ။

လုဟွမ်ရဲ့ မျက်ခုံးတွေမှာလဲ ပြေလျော့သွားပြီး သူအားဘယ်လိုသုံးရမလဲဆိုတာ သဘောပေါက်သွားသည်။ အဲဒီနောက် ဘောလုံးကို စိတ်ဝင်တစားကောက်ပြီး ဟောက်ကျင်းချွမ်နဲ့ တစ်ခြားသူတွေကို ပြောလိုက်သည်။

"စလို့ရပြီ"

အမှန်အတိုင်းပြောရရင် လုဟွမ်က မည်သည့်နေရာတွင်မဆို ရှေ့တန်းကော နောက်တန်းကောတွင် ကစားနိုင်သည်ကို ဟောက်ကျင်းချွမ်က မယုံကြည်နိုင် ဖြစ်နေသည်။ ဒါတင်မကသေးဘဲ လုဟွမ်က အဝေးကနေ ဂိုးဝင်အောင် ဘယ်လို ပစ်ရသည်ကိုတောင် တတ်သွားလေပြီ။

ဒါပေမယ့် ကစားပွဲချိန် ပထမပိုင်းမှာ လုဟွမ်ရဲ့ကစားပုံက ကျားတစ်ကောင်လို ပြင်းထန်လာလိမ့်မယ်လို့ သူလဲမထင်ထားပေ။

ခံစစ်ဆင်ပဲဖြစ်ဖြစ် တိုက်စစ်ဆင်တာပဲဖြစ်ဖြစ် ခုမှ သူသင်လိုက်တဲ့ ဘောလုံးပစ်တာပဲဖြစ်ဖြစ် သူ့မှာ မလုပ်နိုင်တာ မရှိသလောက်ပင်။

သူ ခံစစ်အနေအထားမှာ ‌နေ‌နေရင် ပြိုင်ဘက်အသင်းက ကစားသမားတွေက ဘယ်လိုမှ ဝင်လုလို့မရပေ။ သူကတော့ အလွယ်တကူ ဘောလုံးကို ဝင်လုကာ လှမ်းပစ်နိုင်လေသည်။

တိုက်စစ်ဆင်တယ်ဆိုရင်လဲ ကိုယ့်အသင်းဖော်တောင် မလိုပေ။ အလွယ်လေးပဲ ပြိုင်ဘက်အသင်းရဲ့ ခံစစ်ကို တစ်ယောက်တည်းဝင်ဖျက်ကာ သုံးမှတ်တန်ပစ်ချက် ရသည်ပင်။

ပွဲပထမပိုင်းမှာတင် ဟောက်ကျင်းချွမ်တစ်ယောက် ကွင်းပြင်က အားပေးသံတွေကို နားထောင်‌နေရင်း စိတ်တောင်လွတ်တော့မည်။

သူ ပြေးသာပြေးနေတာ ဘောလုံးကိုလဲ မထိရချေ။ ပွဲထဲမှာ ကစားမနေဘဲ ပတ်ပြေးနေတယ်လို့တောင် ထင်ရသည်။ သူတောင်ဆော့ဖို့ မလိုဘဲ လုဟွမ်တစ်ယောက်တည်းနဲ့တင် အသင်းက နိုင်‌နေပြီပင်။

ပထမပိုင်းမှာတင် သူနဲ့တစ်ခြားသူတွေမှာ အသက်ထွက်မတတ် ပြေးနေရပြီး ချွေးတွေစိုရွှဲနေသည်။ လုဟွမ်ရဲ့ နဖူးမှာတော့ ချွေးတောင်မစို့ပေ။ သူ့ကြည့်ရတာ လန်းဆန်းနေသလိုဖြစ်နေပြီး ပင်ပန်းနေပုံလဲ မပေါ်။ ဒါတောင် စုရှီဆီသွားပြီး ရေဘူးသွားတောင်းလိုက်သေးသည်။

ဟောက်ကျင်းချွမ်မှာတော့ လုဟွမ်ကို စိတ်ဝင်စားနေကြတဲ့ ကွင်းပြင်က ကောင်မလေးတွေကို ကြည့်လိုက်သည်။ သူ့ခမျာ စိုးရိမ်လွန်းလို့ သွေးပါအန်ချင်သည်အထိပင်။

ဒါက သူ‌တွေးထားတာနဲ့ လုံးဝကိုအကွာကြီး!

ကွင်းထဲက ကောင်လေးတွေမှာလဲ ဒီလိုပဲတွေးနေကြသည်ပင်။

'သူတို့ဒီမှာ ဘာလို့လာကစားနေကြတာလဲ။ သူတို့မသိတဲ့ ကောင်ချောလေးကို ကောင်မလေးတွေအားပေးနေတာ လာနားထောင်ဖို့လား'

သူတို့လဲ ရပ်ကွက်ထဲက ကွင်းကြီးထဲမှာ ကောင်းကောင်းဆော့ခဲ့ကြတာပဲကို။ ကျန်ကစားသမားများက ဒီတောင့်တောင့်ဖြောင့်ဖြောင့် လူချမ်းသာကောင်ကို ဒုတိယပိုင်းမှာ ဆက်မကစားခိုင်းဖို့ ဟောက်ကျင်းချွမ်ကို ဝိုင်းပြီး တောင်းဆိုနေကြသည်။ မဟုတ်လျှင် သူတို့ အသက်ရှင်ဖို့ လမ်းမရှိချေ။

သို့သော်ငြား ဟောက်ကျင်းချွမ် သူ့ကိုမပြောရသေးခင် လုဟွမ်က ကောင်းကင်ကိုကြည့်ကာ ကစားသမားလဲဖို့ ပြောလိုက်သည်။

"နောက်‌ကျနေပြီ။ ကျုပ်ရှောင်းရှီကို အိမ်ပြန်လိုက်ပို့ရဦးမယ်"

နောက်ကျသွားလို့ စုရှီရဲ့ မိဘတွေပြန်လာရင် သူတို့နှစ်ယောက်လုံး အခန်းထဲဝင်လို့ရမည်မဟုတ်ပေ။

ဟောက်ကျင်းချွမ်မှာ သက်ပြင်းတစ်ချက်ချလိုက်တော့သည်။ ပထဆုံးအကြိမ်အနေနဲ့ စုရှီက အသုံးဝင်တယ်လို့ သူတွေးမိတာပင်။

"မြန်မြန်သွား။ နင့်ရဲ့ ပေါ်ပီသင်္ဘောသားကို ပြန်ခေါ်သွားတော့"

စုရှီက မျက်လုံးလှိမ့်လိုက်သည်။

"ကျုံးဝူယန်, ရှရင်းချွမ် နင်တို့ကသာ ငါတို့ လုဟွမ်ကို ဘတ်စကတ်ဘော ကစားဖို့ ခေါ်တာလေ"

နောက်ပြန်လှည့်ကာ ကုချင်ကိုလဲမေးလိုက်သည်။

"အိမ်အတူတူပြန်မလား"

ကုချင်မှာတော့ ကွင်းပြင်က ကောင်မလေးချောချောလေးတွေဆီ စိတ်ရောက်နေတာဖြစ်သည်။ အဲတာနဲ့ ဝတ်ကျေတန်းကျေဖြင့်

"နင်တို့အရင်ပြန်နှင့်ကြ။ ငါဆက်ကြည့်လိုက်ဦးမယ်"

ကုချင်နဲ့သာပြန်ရင် ပေါ်သွားမှာကို စုရှီစိုးရိမ်နေသည်။ လုဟွမ်ကို သူ့အိမ်ခေါ်သွားမှန်း ကုချင်သိရင် မျက်နှာပူစရာတွေ ဖြစ်ကုန်လိမ့်မည်။

စုရှီက လုဟွမ်ကို ကျောင်းဂိတ်ဆီ ဆွဲခေါ်သွားတော့၏။

လုဟွမ်က သိချင်လို့ မေးသည်။

"ပေါ်ပီသင်္ဘောသားဆိုတာ ဘာလဲ"

စုရှီက

"ကာတွန်းဇာတ်ကောင်လေ။ ဟင်းနုနွယ်ရွက်စားပြီး သန်မာလာတဲ့ ဇာတ်ဆောင်"

လုဟွမ် ပြုံးလိုက်သည်။

"ဒါဆို မင်းက ဟင်းနုနွယ်ရွက်ပဲ"

စုရှီက သူဘာပြောမှန်း နားမလည်ပေ။ ဘေးချင်းကပ် လမ်းလျှောက်လာပြီး ကျောင်းဂိတ်ရောက်ခံနီးကျမှ သူဘာပြောချင်းမှန်း နားလည်သွားသည်။ စုရှီသာ ရှိမနေရင် သူသေချာဆော့မည်မဟုတ်။ ဟောက်ကျင်းချွမ်နဲ့ တစ်ခြားသူတွေကို တစ်လုံးမှမပေးဘဲ ဘောဝင်အောင် ပစ်မည်မဟုတ်ဘဲ အသင်းဖော်တွေ နှင်လွှတ်ရသည်အထိ လုပ်မည်မဟုတ်။

စုရှီရဲ့ ပါးတွေ ရုတ်တရက်ပူခြစ်လာလေသည်။

လုဟွမ်က သူ့ကို တစ်ခုခုပြောချင်ပေမယ့် တုံ့ဆိုင်းနေပြီး တစ်ချက်ကြည့်လိုက်သည်။

စုရှီက ကြည်နူးနေပြီး

"အချောလေး။ ‌ဘောကွင်းကို ကျွတ်ကျသွားစေတဲ့ ပထမတစ်ချက်က လွဲရင် ကျန်တဲ့ပစ်ချက်တွေက အရမ်းကြည့်ကောင်းတယ်။ ကျွန်မရှင့်ထက် ကြည့်ကောင်းတာ မတွေ့ဖူးသေးဘူး"

လုဟွမ် ကျေနပ်သွားသည်။

လုဟွမ်ရဲ့ ရုပ်ချောချောလေးကြောင့် ကျောင်းနားမှာလမ်းလျှောက်နေတုန်း Wechat အတောင်းမခံရဘူးဆိုတာ မဖြစ်နိုင်ပေ။ နှစ်ယောက်သားကွင်းကနေ ကျောင်းဂိတ်ဆီ လာနေတုန်း လူတွေက သူ့Wechatကို လာတောင်းကြလေသည်။

လုဟွမ်က မျက်ကွယ်ပြုထားတာတောင် ခဏခဏလာတောင်းကြလွန်းလို့ စိတ်အနှောင့်အယှက်ဖြစ်ရသည်။

စုရှီမှာ စိတ်ထဲကြိမ်းမိသွား၏။ လုဟွမ်ဘေးမှာ သူတစ်ယောက်လုံးရှိနေတာတောင် ဒီအမကြီးတွေက သူ့ကိုမသိချင်ယောင်ဆောင်နေရသလား။ သူအသက်မရှိဘူးများ ထင်နေလား။ အဲဒီနောက် မနေနိုင်တော့ဘဲ သူ့ဂျာကင်ကို လုဟွမ်ဆီပေးလိုက်ပြီး ဆောင့်ကြီးအောင့်ကြီးပြောလေသည်။

"ကျွန်မအစား ကိုင်ပေး"

စုံတွဲအင်္ကျီဝတ်ထားတာမြင်တော့ WeChatလာတောင်းတဲ့သူတွေလဲ မရှိတော့ပေ။ စုရှီကို နှမြောတသမှု အနည်းငယ် ပါဝင်နေသော မနာလိုသည့်အကြည့်ဖြင့် ကြည့်ကာ ပြန်လှည့်သွားကြည်သည်။

စုရှီမှာ ဆွံ့အလျက်။

ဟောက်ကျင်းချွမ်က လုဟွမ်ကို မကစားခိုင်းတော့ဘူးလို့ ပြောပြီး သူပြောသည့်အတိုင်း လုပ်ခဲ့ပေမယ့် ရက်ပိုင်းလောက်ကြာတော့ လုဟွမ်ကို ခေါ်ပေးဖို့ စုရှီကို တောင်းဆိုပြန်သည်။

သို့သော်လည်း ဒီတစ်ခါတော့ ကျောင်းကကွင်းမှာ မဟုတ်တော့ဘဲ ရပ်ကွက်နားက ကွင်းမှာဖြစ်၏။

လူလတ်ပိုင်းအရွယ် ဦးလေးကြီးတွေနဲ့ အဒေါ်ကြီးတွေ ဝိုင်းကြည့်နေမှ ဟောက်ကျင်းချွမ်နဲ့ တစ်ခြားကောင်လေးတွေဟာ ကျေနပ်နေကြသည်။ အခုမှ လုဟွမ် ပြိုင်ဘက်အသင်းကို အပီဖြဲနေတာကို ကျေကျေနပ်နပ်ကြီး ကြည့်နေလေ၏။

နောက်တစ်ဖက်မှာတော့ မြို့တော်ရှိ ရေကန်အောက်မှာ ရေလှိုင်း‌တွေထလာလေသည်။

စစ်သူကြီးယွင်နဲ့ တစ်ခြားအရာရှိတွေက ရုံးတော်ကနေ ရှီမြို့က ရေပေါ်စားသောက်ဆိုင်ဆီ ဘယ်သူမှမသိအောင် သွားကြောင်း ဝန်ကြီးချုပ်က သိလိုက်ရသည်။ စစ်သူကြီးယွင်နဲ့ တစ်ခြားအရာရှိတွေမှာ လက်ရှိတွင် သူတို့အိမ်တော်မှာ မင်္ဂလာပွဲတွေ အသုဘအခမ်းအနားတွေ တစ်ခြားအရေးကြီးပွဲတော်တွေ မရှိပေ။ အကြောင်းပြချက်မရှိဘဲ အိမ်တော်အပြင်ဘက်မှာ စုဝေးပြီး တည်နေရာကို တမင်လျို့ဝှက်နေကြသည်။ သူတို့ဘာတွေကြံစည်နေမှန်း ဘယ်သူမှမသိပေ။ ဝန်ကြီးချုပ်က စိုးရိမ်တာကြောင့် အိမ်တော်မှာ သူလျှိုတွေလွှတ်ပြီး မျက်စိဒေါက်ထောက် ကြည့်ခိုင်းထား၏။

သို့သော် အဲလိုကနေ ဝန်ကြီးချုပ်က ကိစ္စအကြီးကြီးတစ်ခုကို သတိပြုမိသွားသည်။

ရေပေါ်စားသောက်ဆိုင်နားက ရေနွေးကြမ်းဆောင်အောက်မှာ သီးသန့်လောင်းကစားခန်းရှိတယ်လို့ သူလျှိုတွေက ပြောသည်။ အဲဒီမှာ ဒေါသကြီးတဲ့ "ဟူ"ကုန်သည်တစ်ယောက်ရှိသည်။ သူနိုင်ရင် ပိုက်ဆံတွေအကုန်သိမ်းကြုံးယူပြီး သူရှုံးရင်တော့ သူ့ပိုက်ဆံနိုင်သွားတဲ့လူကို ထိုးကြိတ်ရိုက်နှက်ကာ နှင်ထုတ်လေသည်။

ဒီတစ်ခေါက် သူက မြို့မှာစာသင်နေတဲ့ ချန်ကျိုးတရားသူကြီးရဲ့ ဒုတိယသားကို နှင်ထုတ်ခဲ့သည်။

ချန်ကျိုး တရားသူကြီး၏ဒုတိယသားသည် သာမန်တော့ မဟုတ်ပေ။ "ဟူ" ကုန်သည်များကို လဲ ဖမ်းဆီးကာ အလုပ်ကြီးတစ်ခုကို လုပ်ဆောင်နိုင်လောက်သည်။

မြို့တော်မှာ အရာရှိတွေနဲ့ ကုန်သည်တွေ ပူးပေါင်းမှုတွေရှိနေသည်။ တော်ဝင်ရုံးတော်က အရာရှိတွေ ငွေခဝါချလိုလျှင် ကုန်သည်တွေဆီ သွားရသည်။

ကုန်သည်တွေထဲမှာမှ အနောက်ဘက်နယ်မြေမှလာတဲ့ "ဟူ"ကုန်သည်‌တွေက အကောင်းဆုံးရွေးချယ်မှုသာ ဖြစ်သည်။

ထို "ဟူ" ကုန်သည်များသည် သူတို့သဘောရှိ ဝင်ထွက်နေကြသည်။ သူတို့ အရောင်းအဝယ်ကိစ္စများ အဆုံးသတ်ပြီးနောက် သက်သေသက္ကာယမရှိသော အခွန်ရှင်းတမ်း တစ်ခုသာ ထားခဲ့ပြီး မြို့တော်မှ ထွက်ခွာသွားလိမ့်မည်။

အဲတာကြောင့် မြို့တော်ထဲမှာ သူတို့စိတ်ကြိုက် လုပ်နိုင်တယ်လို့ထင်နေတဲ့ "ဟူ"ကုန်သည်တွေဟာ မြို့ခံတွေရဲ့အသက်ကို အလေးအနက်မထားကြပေ။

သူလျှို‌တွေပြောတာကို ဝန်ကြီးချုပ်ကြားတော့ အဲဒီ"ဟူ"ကုန်သည်က မသင်္ကာစရာကောင်းတယ်လို့ ထင်မိသည်။ သဲလွန်စတွေနောက်သာလိုက်မယ်ဆို အကျင့်ပျက်အရာရှိတွေကိုပါ ရှာတွေ့နိုင်လေသည်။

ထို့အပြင် ဒီကိစ္စက လတ်တလောမြို့တော်ထဲ ဖြစ်ပွားနေသည့် လုယက်မှုတွေနဲ့ ပါဝင်နေသည့် မင်းသားငါး၊တော်ဝင်ရုံးတော်နဲ့ ပတ်သတ်နေနိုင်သည်။

သူတို့သာ မင်းသားငါးက "ဟူ"ကုန်သည်နဲ့ ဖုံးကွယ်ထားခဲ့တဲ့ အပြစ်ကိုသာ ရှာတွေ့သွားရင် ဒါကို အခွင့်ကောင်းယူပြီး မြို့တော်မှာရှိနေတဲ့ မင်းသားငါးအာဏာကို လျော့ကျအောင်လုပ်ကြမှာပင်။ သူတို့က မင်းသားငါးက ဒီကိစ္စနဲ့ ဘာမှ ပတ်သတ်မှုမရှိဘူးလို့ ရှာတွေ့ခဲ့ရင်လည်း အိမ်ရှေ့မင်းသားအပေါ် အခွင့်ကောင်းယူဦးမှာဖြစ်သည်။ အိမ်ရှေ့စံမင်းသားက လွန်ခဲ့တဲ့ နှစ်နှစ်ကမှ အိမ်ရှေ့စံဖြစ်လာခဲ့တာမို့ အရှေ့နန်းဆောင်မှာ သူ့နေရာက မတည်ငြိမ်သေးဘူး။ မင်းသားငါး၊ ဧကရာဇ် ပြန်ခေါ်လာတဲ့ မင်းသားကိုး တို့နဲ့ ယှဥ်ရင် အိမ်ရှေ့စံမင်းသားက အုပ်ချုပ်ရေးပိုင်းမှာ ဘာအောင်မြင်မှုမှ မစွမ်းဆောင်နိုင်သေးပေ။ အရှေ့နန်းဆောင်ရှိ အိမ်ရှေ့မင်းသားရာထူးမှာ ရေရှည်တွေ လှုပ်ခတ်လာနိုင်တာမို့ ဝန်ကြီးချုပ်က စိုးရိမ်လာမိသည်။

ထို့ကြောင့် သူက လျို့ဝှက်စုံစမ်းရန် လူတွေလွှတ်ထားခဲ့သည်။

သို့သော်လည်း "ဟူ"ကုန်သည်မှာ အိမ်ရှေ့စံမင်းသားနဲ့ ပတ်သတ်နေမယ်လို့ မထင်ထားပေ။

အိမ်ရှေ့စံဟာ "ဟူ"ကုန်သည်ကို လျို့ဝှက်ကာကွယ်ပေးနေတဲ့လူဖြစ်ကာ သူ့ကိုအသုံးချ၍ လောင်းကစားခန်းမှာ ‌ငွေခဝါချပြီး ချန်ကျိုးတရားသူကြီးရဲ့ ဒုတိယသားကို မြို့တော်ကနေ နှင်ထုတ်လိုက်တာများလား။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

ဝန်ကြီးချုပ်က ဘယ်တော့မှဒါကိုယုံမှာ မဟုတ်ပေ။ အိမ်ရှေ့စံဟာ သစ္စာစောင့်သိမှုနဲ့ ဂုဏ်သိက္ခာရှိတဲ့နေရာမှာ ဘယ်သူနဲ့မှယှဉ်မရတာကြောင့် အကျင့်ပျက်ခြစားဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ မယုံခြင်းတော့မဟုတ်ပေ။

သို့သော်လည်း အိမ်ရှေ့စံမင်းသားလို ကောက်ရိုးဦးနှောက်နဲ့ သေချာမဆုံးဖြတ်တတ်သူက ချန်ကျိုးတရားသူကြီးရဲ့ ဒုတိယသားကို မြို့တော်ကနေ နှင်ထုတ်နိုင်တဲ့အထိ စေ့စပ်လိမ့်မယ်လို့လဲ မထင်။ သေချာစေ့စေ့စပ်စပ်လုပ်ပြီး တော်ဝင်ရုံးတော်က ဖမ်းထားတဲ့လူတွေကိုတောင် နာမည်ဖျက်ထားသေးသည်။

ဒီကိစ္စဟာ အိမ်ရှေ့စံကို ချောက်ချဖို့ တစ်ယောက်ယောက်က လုပ်တာပင်။

အဲလို စဉ်းစားနေရင်း ဝန်ကြီးချုပ်မှာ ထိုင်တောင်ထိုင်မနေတော့။

အရင်ဆုံး ဆွေမျိုးတွေကို အရှေ့နန်းတော်ဆီ စာတစ်စောင်ပို့ခိုင်းပြီး အဲဒီစာထဲမှာ ဒီကိစ္စအကြောင်းကို အရိပ်အမြွက်ပြောပြထားသည်။

အိမ်ရှေ့စံက အဲဒီညမှာစာပြန်ရေးပြီး သူက ဒီကိစ္စနဲ့ ဘာမှမသက်ဆိုင်ကြောင်း ဦးရီးတော်အနေနဲ့ ကောလဟလတွေ လှည့်စားတာ မခံသင့်ကြောင်းပြော၏။

ထိုမှပဲ ဝန်ကြီးချုပ်ဟာ စိတ်သက်သာရာရသွားတော့သည်။

ဧကရာဇ်က ဒီကိစ္စကို သိသွားရင် အိမ်ရှေ့စံအား "ဟူ"ကုန်သည်နဲ့ ပတ်သတ်လို့ အပြစ်တင်မှာကို စိုးရိမ်နေမိသည်။ အိမ်ရှေ့စံက ဒီကိစ္စနဲ့ဘာမှ မပတ်သတ်ပေမယ့် တစ်ယောက်ယောက်က သူ့ကိုချောက်မချဘူးလို့တော့ အာမမခံနိုင်ချေ။ ထို့ကြောင့် ဝန်ကြီးချုပ်က ဒီညနန်းတော်ထဲသွားပြီး ဧကရာဇ်ဆီ ကြိုတင်ပြထားဖို့ ဆုံးဖြတ်လိုက်သည်။ နောက်ကွယ်မှာဘယ်သူပဲရှိရှိ အိမ်ရှေ့စံကို ဒီကိစ္စကနေ အရင် ဖယ်ရှားပေးမှရမည်။

ဝန်ကြီးချုပ်ရဲ့ အကူအညီနဲ့ နောက်ဆုံးမှာတော့ လုဟွမ်ဟာ ဧကရာဇ်ကို ထိုကိစ္စအကြောင်း တင်ပြနိုင်လိုက်ပြီပင်။

ချန်ကျိုးဟာ စားနပ်ရိက္ခာနဲ့ အဝတ်အထည်တွေ ရှားပါးတဲ့ ဝေးလံခေါင်သီပြီး လူဆိတ်ငြိမ်တဲ့မြို့ဖြစ်သည်။ ကျော်ကြားမှုနဲ့ ငွေကြေး ကြားတွင် ချန်ကျိုးတရားသူကြီး၏ဒုတိယသားက ဒုတိယတစ်ခုကို ရွေးခြယ်ခဲ့သည်။ သူက ကျုံးကန်ဖိန်ပေးသော ငွေဒင်္ဂါးအိတ်ကို ယူကာ ညတွင်းချင်း မြို့တော်မှ ထွက်ခွာသွားခဲ့သည်။ "ဟူ"ကုန်သည် နှင့်ရင်ဆိုင်ရပါက သူလိုလူက ကြောက်ရွံတုန်လှုပ်နေမည်ပင်။ ဒါမှသာ ဝန်ကြီးချုပ်က သံသယဝင်ပြီး စတင်စုံစမ်းမှု ပြုလုပ်လိမ့်မည်။ သူက လုလွမ် ပြင်ဆင်ထားတဲ့ ငါးစာပင် ဖြစ်တော့သည်။

ထိုညမှာ ဧကရာဇ်က ဒေါသပုန်ထနေလေသည်။

ပထမတစ်ချက်က တစ်ယောက်ယောက်ဟာ သူ့မျက်ကွယ်မှာ "ဟူ"ကုန်သည်နဲ့ ‌ပူးပေါင်းပြီး ငွေအမြောက်အမြား အလွဲသုံးစား လုပ်လို့ပင်။ ဒုတိယတစ်ချက်က မင်းသားငါးနဲ့ တော်ဝင်ရုံးတော်ဟာ တရားခံအစစ်ကို မဖမ်းခဲ့ဘဲ စွပ်စွဲခံရသူတွေကို ဖမ်းခဲ့လို့ပင်။ အင်ပါယာမြို့တော်ရဲ့ မျက်ကွက်အောက်မှာ သံသယရှိသူတွေကို ခေါ်ထုတ်ဖို့ သတ္တိရှိနေသည်။ တတိယတချက်မှာတော့ ဒီကိစ္စဟာ လုံးဝ မရိုးရှင်းလို့ပင်။ မင်းသားတွေကို ချောက်ချပြီး သတ်ဖြတ်ဖို့ ကြံစည်နေကြတာဖြစ်သည်။

ဧကရာဇ်က အရင်ဆုံး မင်းသားငါးနဲ့ တော်ဝင်ရုံးတော်အား လုပ်ပိုင်ခွင့်ပေးထားတာကို ပြန်ရုတ်သိမ်းပြီး ဘေးနားရှိ တော်ဝင်အစောင့်တပ်ခေါင်းဆောင်ကို ကိုယ်တိုင်ကိုယ်ကျ စုံစမ်းရန် အမိန့်ပေးလိုက်သည်။

အစကတော့ ဒီကိစ္စဟာ သေးသေးလေးဆိုပေမယ့် အခုတော့ ကိစ္စကြီးသွားလေပြီ။ လက်ရှိမှာတော့ မြို့တော်က အရာရှိတွေမှာ ဒုက္ခရောက်နေပြီး ဘက်မှားနေမိမှာကို စိုးရိမ်နေကြသည်။ အထူးသဖြင့် မင်းသားငါးရဲ့ လူတွေပင်။ "ဟူ"ကုန်သည်နောက်မှာရှိတဲ့လူက မင်းသားငါးမဟုတ်ရင်တောင် သူက အမှုကို သေချာမစုံစမ်းခဲ့ဘူးဆိုတဲ့ စွပ်စွဲချက်ကို ရှောင်လွှဲလို့မရပေ။

မင်းသားငါးဟာ ညီလာခံခန်းမတွင် မျက်နှာမကောင်းချေ။

ဒါပေမယ့် သူက ဧကရာဇ်ကို စော်ကားရာကျနေတာကြောင့် ဘယ်အရာရှိမှလည်း ထွက်လာပြီး အားမပေးရဲကြ။

ဧကရာဇ်က ဒီအမှုကိုစုံစမ်းနေတာကို မြို့တော်ထဲကအရာရှိတွေမှာ ကြားပြီး လုဟွမ်ဆီ တိတ်တိတ်လေး လာမေးကြလေသည်။

သူတို့အရင်က ‌ထင်ထားတာကတော့ ထီးနန်းရမဲ့သူဟာ အိမ်ရှေ့စံမဟုတ်ရင် မင်းသားငါးဖြစ်မယ်လို့ပင်။ ဒါပေမယ့် ဒီကိစ္စဖြစ်လာတော့ လူတွေဟာ ဘာမှမလုပ်တဲ့ မင်းသားကိုးက အကောင်းဆုံးကို မျှော်လင့်လို့ရပြီလို့ ထင်လာကြသည်။

ကျန့်ယွမ်စစ်သူကြီးနှင့် အခြားသူများကဲ့သို့ ထိုသူ့ နောက်တွင် ရပ်မနေနိုင်ပေမယ့် ထိုသူဆီက မျက်နှာသာပေးခံမှုကို နောက်ဆုံးမိနစ်အထိ ကြိုးစားနိုင်သေးသည်။

ဒါပေမယ့် မင်းသားကိုးက ဘယ်သူ့ကိုမှ မတွေ့ဆုံချေ။

လုဟွမ်က ဒီကိစ္စနဲ့ ကင်းကင်းနေပြီး ရုံးတော် တက်ရောက်တာရယ် တိုင်းပြည်ပြဿနာတွေဖြေရှင်းတာရယ်က လွဲလို့ အိပ်ဆောင်မှာပဲနေကာ စုရှီဘက်ကို သွားသည်။

ပြီးတော့ အဲဒီအချိန်ကျရင် သူပင်ပန်းနေလို့ စောစောအိပ်ယာဝင်မယ်ဆိုပြီး ပြောခဲ့သည်။

သူအိပ်တာများသွားလို့လားမသိ မင်းသားကိုးဟာ ငယ်ငယ်တည်းက ချန်ချွင်းဘုရားကျောင်းမှာ ကြီးပြင်းလာခဲ့တယ်ဆိုတဲ့ သတင်းဟာ တဟုန်ထိုးပျံ့နှံ့နေလေသည်။ သူ့ခန္ဓာကိုယ်က အားနည်းပြီး ဖြူဖတ်ဖြူရော ဖြစ်နေသည်တဲ့။ ထပ်ပြောရရင် မြောက်ပိုင်းကရလာတဲ့ ဒဏ်ရာတွေမပျောက်သေးလို့ တစ်နေ့လုံး အားမရှိဘူးတဲ့လေ။

ဒီသတင်းပျံ့သွားတော့ လုဟွမ်ကို ချိန်နေကြသည့် မြို့တော်ထဲက အထက်တန်းလွှာမိန်းမပျိုတွေမှာ တွန့်ဆုတ်ကုန်ကြသည်။ ဘယ်လောက်ပဲ မျိုးကမြင့်ပါစေဦးတော့ သူတို့ရဲ့ အနာဂတ်ခင်ပွန်းက ဘာမှမလုပ်နိုင်တဲ့သူတော့ မဖြစ်စေချင်ကြပေ။

ဒီကောလဟလတွေက ရှုပ်ထွေးပြီး အဓိပ္ပာယ်မဲ့နေပေမယ့် လုဟွမ်အတွက် အဆင်ပြေတာကြောင့် သူ့လက်အောက်ငယ်သားတွေကို မျက်ကွယ်ပြုထားခိုင်းလိုက်သည်။

စုရှီကို ဒီအကြောင်းပြောပြတော့ ဗိုက်နာတဲ့အထိ အော်ရီနေလေသည်။

စုရှီမှာ မနေနိုင်တော့ဘဲ ငုံ့ကြည့်လိုက်၏။

လုဟွမ်မှာ မျက်နှာကြီးမည်းနေလျက်။

"...ကိုယ်လုပ်နိုင်ပါတယ်"

ဆယ်ရက်ကြာတော့ မြို့တော်ထဲမှာ ကိစ္စကြီးကြီးမားမားတစ်ခု ဖြစ်သွားသည်။ ဒီကိစ္စဟာ ပြည်သူတွေနဲ့ အရာရှိတွေကို အကြီးအကျယ်ရှော့ရသွားစေပြီး လူပြောများလာ၏။

လွန်ခဲ့တဲ့ တစ်လခွဲခန့်က လုယက်မှုဟာ အခုမှရုပ်လုံးပေါ်လာလေသည်။

ဒီအမှုမှာ အရာရှိတွေ အများကြီးပါဝင်ပတ်သတ်နေ၏။ သူတို့ထဲမှာမှ အိမ်ရှေ့စံဟာ "ဟူ"ကုန်သည်နဲ့ ပူးပေါင်းပြီး အိမ်တော်အတွင်း မရေမတွက်နိုင်တဲ့ စည်းစိမ်တွေကို စုဆောင်းထားလေသည်။

"ဟူ"ကုန်သည်ဟာ အိမ်ရှေ့စံရဲ့ အခွင့်အာဏာကိုသုံးပြီး အနောက်မြို့က လူတွေကို အကြိမ်ကြိမ် ဒုက္ခပေးခဲ့ပေမယ့် ဘယ်အရာရှိကမှ သူ့ကိုမဖမ်းမိကြချေ။ ဘာလို့ဆို အိမ်ရှေ့စံက သူ့အတွက် လူ အစားထိုးပေးပြီး တော်ဝင်ရုံးတော်ဟာ စွပ်စွဲထားတဲ့သူတွေကို ဖမ်းခဲ့ခြင်းပင်။

မင်းသားငါးကလဲ အမှုကို သေချာမစုံစမ်းဘဲ အပြစ်ကင်းတဲ့လူတွေကို မှားယွင်းဖမ်းဆီးခဲ့တာကြောင့် မြို့သူမြို့သားတွေမှာ ဒေါသထွက်လွန်းလို့ သွေးဆူနေကြပြီပင်။ ပထမအသနားခံချက်မှာ တော်ဝင်ရုံးတော်အား အပြစ်မဲ့ပြည်သူတွေကို လွှတ်ပေးဖို့နဲ့ ဒုတိယအသနားခံချက်မှာ ဧကရာဇ်အား သူတို့ကို သာမန်လူတွေလို အပြစ်ပေးဖို့ဖြစ်သည်။

ပြည်သူတွေရဲ့ ဒေါသတွေ ပြေပျောက်စေဖို့အတွက် ဧကရာဇ်က "ဟူ"ကုန်သည်နဲ့ အနောက်မြို့က သူခေါ်လာတဲ့လူတွေကို ကွပ်မျက်ခဲ့သည်။ အိမ်ရှေ့စံမင်းသားရဲ့ တံဆိပ်တုံးကိုလဲ ပြန်သိမ်းပြီး ကိုယ့်အမှားကိုယ် ပြန်သုံးသပ်ဖို့ အကျယ်ချုပ်ချထားလိုက်သည်။ ဒီအမှုမှာ ဘာမှမလုပ်တဲ့ မင်းသားငါးကတော့ လစာကို တစ်နှစ် ဒဏ်ရိုက်ခဲ့လေသည်။ ငွေ အလွဲသုံးစားလုပ်ပြီး ကြွယ်ဝနေတဲ့ အရာရှိတွေကိုတော့ ပြစ်မှုများရင် မိသားစုလိုက် သုတ်သင်ပြီး ပြစ်မှုသေးရင် တရားဝင်ရာထူးကနေ ထုတ်ပယ်ခံရသည်။

ထိုအရာရှိတွေက အိမ်ရှေ့စံ၊ ဝန်ကြီးချုပ်တို့နဲ့ ပေါင်းသင်းထားတာကြောင့် အိမ်ရှေ့စံရဲ့ဘက်မှာ ဆုံးရှုံးမှုတွေ ကြီးမားနေသည်ပင်။

ဝန်ကြီးချုပ်မှ ဒီအကြောင်းအရာကို ဦးစွာ သတင်းပို့လျှောက်တင်နိုင်လိုက်သဖြင့်သာ ချာမိသားစုက အပြစ်မှ လွတ်မြောက်ခွင့်ရသွားခဲ့သည်။

ဧကရာဇ်လွှတ်လိုက်သည့် တော်ဝင်အစောင့်တပ်ခေါင်းဆောင်ဟာ ဒီကိစ္စကို တင်ပြလိုက်သည်။ အမှန်တရားပေါ်လာတော့ ဝန်ကြီးချုပ်မှာ ယုံတောင်မယုံနိုင်‌ဘဲ ညီလာခံခန်းမကြီးထဲ အော်ပြောလိုက်သည်။

"အိမ်ရှေ့စံက သစ္စာရှိပြီး ဖြောင့်မတ်တဲ့သူပါ။ သူက စည်းစိမ်ဥစ္စာကို မက်မောတတ်တဲ့သူမျိုး မဟုတ်ဘူး။ သူက အမှုဆင်ခံရတာပါ"

အဓိက ကတော့ အိမ်ရှေ့စံလို ရိုးရှင်းတဲ့ သူတစ်ယောက်က ငွေကြေးအများကြီး စုဆောင်းပြီး ငွေကြေးခဝါချနေတယ် ဆိုတာ သူလုံးဝ မယုံကြည်နိုင်တာပဲ။

အဲအပြင် ထိုနေ့ညနန်းတော်ဆီ မသွားခင်က အရှေ့နန်းတော်ဆီ အစောင့်နဲ့ သေချာ သတင်းပါးခိုင်းလိုက်သည်။ အိမ်ရှေ့စံဟာ ဒီကိစ္စအကြောင်း ဘာမှမသိပေ။

ဒါပေမယ့် ဧကရာဇ်က ဒေါသပုန်ထနေပြီး ဝန်ခံချက်သက်သေတွေနဲ့ ပျောက်ဆုံးနေတဲ့စာရင်းစာအုပ်တွေကို သူ့ရှေ့ပစ်ချလိုက်သည်။

"သက်သေတွေ ဒီလောက်ခိုင်လုံနေတာကို ဝန်ကြီးချုပ်က အိမ်ရှေ့စံအတွက် ကာပြောပေးချင်သေးတာလား"

ဝန်ကြီးချုပ်တစ်ယောက် စာရင်းစာအုပ်တွေကို လှန်လှောရှာကြည့်ပြီးနောက် ခြေထောက်တွေဟာ ပျော့ခွေကျသွားသည်။

မြို့တော်မှာ မိုးသည်းထန်စွာ ရွာနေပြီး ကောင်းကင်ဟာ အုံ့မှိုင်းနေသည်။ လတ်တလောကိစ္စကြောင့် ဘယ်သူကမှ ဧကရာဇ်ကို မနှောင့်ယှက်ရဲကြချေ။ အိမ်ရှေ့စံရဲ့နောက်လိုက်တွေတောင် နေမကောင်းဘူးဆိုတာက အပြင်မထွက်ဘဲ အောင်းနေကြလေသည်။

သူက အိမ်ရှေ့စံကို မေးလို့ မရပေမယ့် တခြားမေးလို့ရသောသူ ရှိနေသေးသည်။ စာကို လာပို့တဲ့ သက်သေတွေက ဒီမှာလေ။ လွန်ခဲ့သောနှစ် ကပ်ဘေးတုန်းက သူ သိမ်းဆည်းထားတဲ့ ရွှေငွေတွေ ကို တော်ဝင်အစောင့်က တွေ့ရှိခဲ့သည်။ ဒီအမှုက ဖျောက်ဖျက်လို့မရနိုင်ပေ။ ဝန်ကြီးချုပ်က ညီလာခံခန်းမမှ ထွက်လာပြီးနောက် မယ်တော်မိဖုရားကြီးနဲ့ အိမ်ရှေ့စံနောက်လိုက်နောက်ပါတွေကို အတော်လေး မကျေမနပ်ဖြစ်ခဲ့သည်။

နောက်ဆုံးတော့ သူတစ်ယောက်တည်းသာ ညနက်တဲ့အထိ နန်းတော်သို့ ဝင်ကာ ပြဿနာကို လျှောက်တင်ရသူ ဖြစ်သွားသည်။

ဝန်ကြီးချုပ်မှာလဲ မရှင်းပြနိုင်တော့ပေ။ ခံပြင်းလွန်းလို့ အဖျားဝင်ကာ အိပ်ရာထဲသုံးရက်လောက် လဲနေခဲ့ပြီး ရုံးတော်ကိုလဲ မသွားတော့ပေ။

အိမ်ရှေ့စံက ဒါတွေအကုန်လုံး သူတစ်ယောက်တည်း လုပ်တယ်ဆိုတာ ဘယ်လိုမှ မယုံနိုင်ဖြစ်နေ၏။

အိမ်ရှေ့စံက ငွေတွေသိမ်းတယ်ဆိုရင်တောင် လူစားထိုးတာတွေ စွပ်စွဲခံရတဲ့သူ ရှာတာ‌‌တွေ မင်းသားငါးကို အလုပ်သေချာမလုပ်ဘူးလို့ ချောက်ချတာတွေ ကျတော့ရော။

အိမ်ရှေ့စံက တုံးအတယ်ဆိုတာ ဧကရာဇ်များ မသိလေသလား။ သူ့မှာ ဒါကိုလုပ်ဖို့ ဦးနှောက်မှ မရှိတာကို။

နောက်ကွယ်မှာ တစ်ယောက်ယောက်တော့ ရှိရမည်။ ဘယ်သူများလဲ။ မင်းသားငါးလား။ မင်းသားနှစ်လား။ မင်းသားကိုးလား။

အဲဒီညက သူအိမ်ရှေ့စံကို ‌ပို့လိုက်တဲ့စာဟာ မရောက်သွားဘူးလို့ ထင်မိသည်။ တစ်ယောက်ယောက်က သူ့ကို လှည့်စားသွားသလားဆိုပြီး စိုးရိမ်နေမိ၏။ အခုချိန်မှာ အိမ်ရှေ့စံကလဲ အကျယ်ချုပ်ကျနေပြီး ဘယ်သူမှ အရှေ့နန်းတော်ကို သွားခွင့်မရှိတာကြောင့် မေးလို့လဲမရချေ။

စာပို့ခိုင်းလိုက်တဲ့ ဆွေမျိုးဆိုသူကို ရုတ်တရက် သတိရလိုက်ကာ ခေါ်ခိုင်းလိုက်၏။ စာပို့သည့် အစေခံမှာ မျက်နှာဖြူဖျော့နေကာ အပြေးတပိုင်းဝင်လာပြီး သူ့ရှေ့ ဒူးထောက်တော့သည်။ မနေ့ညက ကင်းလှည့်တုန်း တူးမြောင်းထဲ ဝင်သွားတာဖြစ်လို့ ထိုသူရဲ့ ခြေရာကို ခံလို့မရတော့ဘူးလို့ အစေခံက လျှောက်တင်လာခဲ့သည်။

ဝန်ကြီးချုပ်မှာ အသက်တောင်မရှူနိုင်တော့ပေ။ ခုတော့ သဲလွန်စတွေ ပြတ်သွားလေပြီ။

မိုးရေစက်များက ပေါင်းစပ် ကာ မိုးရေစီးကြောင်းများ ဖြစ်လာကြသည်။ မိုးစက်များက "တဖြောက်ဖြောက်" မြည်သံပြုကာ မြို့တော် တစ်ခုလုံးတွင် တဝုန်းဝုန်းရွာသွန်းကာ ရှီ မြို့မှ သေဆုံးသွားသူများ၏ သွေးများကို ဆေးကြော သန့်စင်ပစ်လိုက်ကြသည်။ သို့ရာတွင် ဒီတုန်လှုပ်စရာ အဖြစ်အပျက်က အရာရှိများကြားထဲတွင် တအုံနွေးနွေးဖြစ်သေးပေမယ့် တစ်ဦးတစ်ယောက်မျှ ပွင့်ပွင့်လင်းလင်း ထုတ်ဖော် မဆွေးနွေးရဲကြပေ။

ထိုညမှာ အစိမ်းရောင်ဝေါယာဉ်က မင်းသားကိုးအိမ်တော်ရှိ ဘေးလမ်းကြောင်းပေါ် လာရပ်သည်။

မင်းသားကိုးအိမ်တော်က အစေခံတွေမှာ လုဟွမ်ရဲ့ အမိန့်ကိုနာခံကြတာမလို့ ဘယ်သူလဲလာလာ တွေ့လဲမတွေ့ပေးသလို သတင်းလဲမပို့ပေ။

သို့သော်လည်း အစိမ်းရောင် ဝေါယာဥ်၏ လိုက်ကာ နောက်ကွယ် မှ လက်တစ်ဖက် ထွက်လာကာ တံဆိပ်ကို ပြလိုက်သည့်အခါ တံခါးဝမှ အစေခံများ တွန့်ဆုတ်သွားကြသည်။ ခဏအကြာတွင် အစေခံက အမြန် သတင်းသွားပို့တော့သည်။

နာရီဝက်လောက်ကြာတော့ အစေခံပြန်ရောက်လာပြီး ကြောက်ရွံ့တုန်လှုပ်စွာနဲ့ ဝေါယာဉ်ထဲမှလူကို ပြောလေ၏။

"အရှင့်သား အိပ်ပျော်နေပါပြီ မင်းသားနှစ်။ ပြန်ပေးပါ"

ဝေါယာဉ်ထဲမှလူ၏ အပြုံးများက ရုတ်တရက် အေးခဲသွားပြီး မျက်လုံးများဟာ အေးစက်လာသည်။

ခဏကြာတော့ အစိမ်းရောင်ဝေါယာဉ်မှာ ပြန်သွားလေသည်။

ဒီကိစ္စဟာ အစမှအဆုံး ရိုးရှင်းတယ်လို့ ပြောရမည်။

လုဟွမ်က စစ်တပ်ရေးရာဝန်ကြီးဆီ သွားတဲ့နေ့တည်းက ခန့်မှန်းပြီးသားပင်။

"ဟူ"ကုန်သည်က သူနဲ့ရော အိမ်ရှေ့စံနဲ့ရော မင်းသားငါးနဲ့ပါ ပတ်သတ်မှုရှိတယ်ဆိုရင် လုံးဝမပတ်သတ်ဘူးဆိုတဲ့လူဟာ ဘယ်သူပါလိမ့်။

ဒီကိစ္စဟာ အပြစ်မဲ့ မြို့သူမြို့သားတွေ ညသန်းခေါင်ယံကြီး တစ်ယောက်ပြီးတစ်ယောက် အသတ်ခံရတာကနေ စလာခဲ့သည်။ တစ်ညလုံး လဲနေခဲ့တဲ့ အလောင်းတစ်လောင်းအား ဘုရားဝတ်ပြု‌နေတဲ့ မယ်တော်မိဖုရားကြီးက တွေ့သွားပြီး ထိတ်လန့်ကာ နာမကျန်းဖြစ်ခဲ့လေသည်။ အဲတာနဲ့ ဧကရာဇ်က ‌ဒေါသထွက်ပြီး မင်းသားငါးနဲ့ တော်ဝင်ရုံးတော်အား ဒီကိစ္စကို စုံစမ်းစစ်ဆေးခိုင်းသည်။

မင်းသားငါးကလဲ အရူးမဟုတ်ပေ။ ဒီကိစ္စမှာ အိမ်ရှေ့စံပါဝင်နေတာကို သူသိနေခဲ့တာကြာပြီပင်။ သို့ပေမယ့် ကိုယ့်ကိုယ်ကိုထိန်းပြီး ဘာမှမလှုပ်ရှားခဲ့။ အဲဒီနောက် အိမ်ရှေ့စံ ဖယ်ရှားခဲ့တဲ့ သက်သေတွေကို လိုက်ကာ "ဟူ"ကုန်သည်ကို လွှတ်ပေးထားပြီး စွပ်စွဲခံရသူတွေအား ဖမ်းဆီးကာ တရားစီရင်ခဲ့သည်။

ဒီလိုလုပ်တာက အိမ်ရှေ့စံကို အလွတ်ပေးချင်လို့ မဟုတ်ဘဲ အိမ်ရှေ့စံ၏လုပ်ရပ်များ ပေါ်ပေါက်လာအောင် စောင့်ဆိုင်းနေခြင်းသာဖြစ်သည်။ ထိုအချိန်ရောက်လျှင် အဖြစ်မှန်ကို ဖွင့်ချကာ ဧကရာဇ်ထံ တင်လျှောက်မည်ပင်။ အိမ်ရှေ့စံနှင့် သစ္စာရှိနောက်လိုက်များသည် စည်းစိမ်ဥစ္စာများ စုဆောင်းနေသည် ဖော်ထုတ်မည်။

အဲလိုမှမဟုတ်ရင် လူနည်းနည်းလေး သေတာလောက်နဲ့ အိမ်ရှေ့စံက ထိုးကျသွားမည်မဟုတ်ပေ။ ဧကရာဇ်က ကိစ္စကြီးကို သေးအောင်လုပ်လိမ့်မည်။

ကောင်းကင်သားတော်ရဲ့ ခြေတော်ရင်း အထိအောင် မတရားဖိနှိပ်ခံရသည့် လူထု၏ဒေါသတို့ကို ပျံနှံ့စေခဲ့မိသည့် သူလဲ ဒီပြဿနာနှင့် မလွတ်ကင်းနိုင်ပေ။ တော်ဝင်ရုံးတော်မှလည်း မည်သို့ ဖြေရှင်းရမည် မသိနိုင်ဖြစ်နေကာ ဧကရာဇ်သည် ဒေါသ တို့သည် ထိန်းမနိုင်သိမ်းမဖြစ်နေတော့၏။

သို့သော်လည်း မင်းသားငါးက ဒီကိစ္စကြီးကို ‌ဖြည်မချခင် ဝန်ကြီးချုပ်က ညသန်းခေါင်ကြီး နန်းတော်ထဲ ရောက်လာပြီး လာထုတ်ဖော်သွားမယ်လို့ မထင်ထားခဲ့ပေ။

မင်းသားငါးရဲ့ မျက်နှာကြီးမဲပုတ်နေလေသည်။ ဒီလိုဆို သူဘာမှ လုပ်လို့ရမည်မဟုတ်ဘဲ တိတ်တိတ်လေး ဒုက္ခခံနေရရုံသာရှိတော့သည်။ သူဟာ "စိတ်ရှုပ်ထွေးပြီး လူ‌မှားဖမ်းတဲ့ အလုပ်သေချာမလုပ်သည့်" အရူးတစ်ယောက် ဖြစ်နေ၏။

ဧကရာဇ်ကလဲ သူ့လစာကို သိမ်းလိုက်လေသည်။

သို့သော်လည်း သူကျေနပ်တာကတော့ အိမ်ရှေ့စံက အကျယ်ချုပ်ကျနေပြီး ဘယ်အချိန်မှ ရုံးတော်ကို ပြန်လာမယ်မှန်း မသိတာပင်။ အိမ်ရှေ့စံရဲ့တံဆိပ်တုံးတောင် ပြန်သိမ်းတယ်ဆိုတော့ ဧကရာဇ်က တော်တော်လေး ဒေါသထွက်နေပုံရသည်။

သူနားမလည်တဲ့တစ်ချက်ကတော့ အမြဲတမ်း‌အိမ်ရှေ့စံဘက်မှာပဲ ရှိနေတဲ့ ဝန်ကြီးချုပ်က ရုတ်တရက် ဆန့်ကျင်လိုက်တာကိုပင်။

သူလဲနားမလည်သလို မယ်တော်မိဖုရားကြီးနဲ့ အိမ်ရှေ့စံရဲ့နောက်လိုက်တွေမှာလည်း နားမလည်ကြပေ။ အဲတာကြောင့် သူတို့က ဝန်ကြီးချုပ်နဲ့ အဆက်အသွယ်ဖြတ်ပြီး ကင်းကင်းနေနေကြ၏။

ညီလာခံခန်းမ၌ ဝန်ကြီးချုပ် ပြောရာတွင် တစ်ခုတော့မှန်သည်။ အိမ်ရှေ့မင်းသား၏ အရည်အချင်းမှာ သာမန်သာဖြစ်၍ ကြီးကြီးမားမားတွက်ချက်မှုမျိုးကို တိတိကျကျ မလုပ်ဆောင်နိုင် ဆိုတာပင်။

အိမ်ရှေ့စံက စည်းစိမ်ဥစ္စာကို လောဘတက်ပြီး မင်းသားနှစ် လူမသိသူမသိနေတတ်ကာ မင်းသားသုံးက တဏှာရာဂစိတ်များ၍ မင်းသားငါးက ချီးကျူးစရာကောင်းသည်။ လွန်ခဲ့တဲ့နှစ်က အိမ်ရှေ့စံက အငတ်ဘေးဒဏ်ကို အခွင့်ကောင်းယူကာ ငွေတွေအမြောက်အမြား သိမ်းကျုံးယူခဲ့သည်။ ဒီကိစ္စက အိမ်ရှေ့စံလုပ်သည်မှာ အမှန်ပင်။ တော်ဝင်အစောင့်တပ်များ ဖော်ထုတ်တွေ့ရှိခဲ့တဲ့ စာရင်းတွေမှာ ခိုင်လုံတဲ့သက်သေတွေ ဖြစ်သည်။ နွေဦးရောက်လာတော့ အိမ်ရှေ့စံက "ဟူ"ကုန်သည်တွေကို ဆက်သွယ်ပြီး သူတို့ကို အသုံးချကာ ငွေခဝါချခဲ့တာကလဲ အမှန်ပင်။

သို့သော် နောက်ဆက်တွဲဖြစ်ပျက်သမျှ ကိစ္စအားလုံးက အိမ်ရှေ့စံနဲ့မသက်ဆိုင်ပေ။

မင်းသားနှစ်က ဒီအကြောင်းကိုသိသွားတော့ အချိန်အတော်ကြာအောင် စီစဉ်ခဲ့သည်။ "ဟူ"ကုန်သည် မြို့ကိုမလာခင် သူ့ရဲ့ဇနီးနဲ့သားကို မသိအောင်ပြန်ပေးဆွဲပြီး "ဟူ"ကုန်သည်အား သူ့အမိန့်ကိုနာခံစေခဲ့သည်။ "ဟူ"ကုန်သည် မြို့ကိုမလာခင် ဒီကိစ္စကို စုံစမ်းခဲ့ပြီး သူ့ကို ခြေရာခံဖို့က မဖြစ်နိုင်ပေ။ အပြင်ပန်းမှာတော့ အိမ်ရှေ့စံက "ဟူ"ကုန်သည်ကို ငွေခဝါချဖို့ သုံးပေမယ့် တကယ်တမ်းကျတော့ မင်းသားနှစ် လွှတ်လိုက်တဲ့သူဖြစ်နေ၏။

အိမ်ရှေ့စံက ဆောင်းတွင်းတစ်တွင်းလုံး ငြိမ်ငြိမ်နေခဲ့ပြီးမှ နောက်ဆုံးမှာ ငွေခဝါချဖို့နည်းလမ်းကို ခက်ခက်ခဲခဲ ရှာတွေ့ခဲ့သည်။ ထို့အပြင် "ဟူ"ကုန်သည်က အရည်အချင်းရှိပြီး လွန်ခဲ့တဲ့လက ပွဲမှာ သူနဲ့ပူးပေါင်းခဲ့၏။

အိမ်ရှေ့စံက ဒီတစ်ခုပဲလုပ်ခဲ့တာပင်။

အဲဒီနောက်မှာတော့ နောက်ခံသန့်တဲ့ လူတစ်ယောက်ကို ရှာသည်။ မယ်တော်မိဖုရားကြီးတွေ့ခဲ့တဲ့ အလောင်းဟာလည်း မင်းသားနှစ် တိတ်တိတ်လေးစီစဉ်ခဲ့တာ ဖြစ်သည်။ သူက မင်းသားငါးလို လူအများ မကျေနပ်အောင် လှုံ့ဆော်လိုက်တာ ဖြစ်၏။ ပြည်သူတွေ အလွန်ခံပြင်းလာတဲ့အခါကျရင် သူကဒီကိစ္စကို တစ်ခါတည်း ဖော်ထုတ်လိုက်မည်ပေါ့။ ဒီလိုနည်းနဲ့ အိမ်ရှေ့စံဟာ မြန်မြန်သေမှာ ဖြစ်သည်။

သူအစက စီစဉ်ထားတာကတော့ ဒီကိစ္စက အရင်ဖော်ထုတ်လိုက်သူမှာ မင်းသားငါးပဲဖြစ်ဖြစ် လုဟွမ်ပဲဖြစ်ဖြစ်ပေါ့။

မင်းသားငါးသာ ဖော်ထုတ်လိုက်ရင် အိမ်ရှေ့စံက ရာထူးမှ ပြုတ်သွားနိုင်သည်။ မင်းသားငါးရဲ့ နောက်လိုက်တွေနဲ့ အိမ်ရှေ့စံရဲ့နောက်လိုက်တွေ သွေးကွဲပြီး ရန်ဖြစ်လာကြလိမ့်မည်။

လုဟွမ် ဖော်ထုတ်လိုက်ရင် အိမ်ရှေ့စံရာထူးမှ ပြုတ်ရုံမက မင်းသားငါးကိုလည်း အရည်အချင်းမရှိလို့ နာမည်ဆိုး ထွက်စေနိုင်သည်။ အဲတာဆို လုဟွမ်နဲ့ မင်းသားငါးရဲ့ နောက်လိုက်တွေ ရန်ငြိုးစလာနိုင်သည်။

သူ့အတွက် ကတော့ ခုံးကောင်နဲ့ ရေညှောင့်ငှက် တို့ တိုက်ခိုက်တာကို နောက်ကွယ်ကနေ ထိုင်စောင့်ပြီး အကျိုးအမြတ်ယူရုံပဲလေ။

သို့သော်လည်း သူက တစ်ခြားသူတွေကို စစ်တုရင်ရုပ်လေးတွေလို အသုံးချ‌နေပေမယ့် လုဟွမ်က သူ့ထက် ခြေတစ်ဖျားသာ နေမယ်လို့တော့ မထင်ထားခဲ့ပေ။

လုဟွမ်က ဝန်ကြီးချုပ်ရဲ့ သတင်းပေးသူတွေကို ရှီ မြို့ရှိ ရေပေါ်စားသောက်ဆိုင်ဆီ မြှားပြီး ဝန်ကြီးချုပ်ကို သိစေခဲ့သည်။

တကယ်က လုဟွမ်ကသာ ဒီအကွက်ကို ခင်းခဲ့သူ ဖြစ်ကာ ဒါကလဲ သူ့ကိုယ်ကျိုးအတွက် လုပ်ခဲ့ခြင်းဖြစ်သည်။ သူက ဧကရာဇ်၏ သဘောထားကို ယခင်ကတည်းက နောကျေနေလေပြီ။ အချိန်တိုင်း သတင်းပေးသူ ရှိနေသည်နှင့်အမျှ မင်းသားတွေ ဘယ်လောက်ပဲများပါစေ တော်ဝင်နန်းတော်ထဲမှ တစ်ယောက်ကိုတော့ မယှဥ်နိုင်ချေ။ မြို့တော်တွင် ဘာပဲ ပြုလုပ်သည်ဖြစ်စေ ဧကရာဇ် ကို ဖုံးကွယ်ထားနိုင်ရန် မဖြစ်နိုင်ပေ။

ဒါကြောင့် ဝန်ကြီးချုပ်ရဲ့စာ အိမ်ရှေ့စံဆီ မရောက်ခင်လမ်းမှာ လဲလိုက်သူက တော်ဝင်နန်းတော်ကလူသာ ဖြစ်လိမ့်မည်။

အိမ်ရှေ့စံကိုယ်တိုင်က ဒါကိုယုံမှာ မဟုတ်ပေမယ့် ဝန်ကြီးချုပ်ကို အာဏာကျဆင်းစေချင်ပြီး သူနဲ့အိမ်ရှေ့စံ နောက်လိုက်တွေကြားက ရင်းနှီးမှုကို အားနည်းစေချင်သူမှာ ဧကရာဇ်သာဖြစ်သည်။

လုဟွမ်က ဝန်ကြီးချုပ်ကို တံခါးဝ အထိလိုက်ပို့သည်ကို ဧကရာဇ် တွေ့လိုက်သည့်အခါ ဝန်ကြီးချုပ်၏ ခေါင်းပေါ်သို့ ထိုအရှုပ်ထုပ်များ ပုံချပြီး အခွင့်ကောင်းယူလိုက်သည်။ အိမ်ရှေ့စံမင်းသား၏ နောက်လိုက်များ နှင့် ဝန်ကြီးချုပ် တို့သည့် မသင့်မြတ်မှုက ဘယ်လိုပဲဖြစ်ဖြစ် ကြီးထွားလာမည်သာ ဖြစ်သည်။ တဖြည်းဖြည်းဖြင့် အိမ်ရှေ့မင်းသား၊ မယ်တော်ကြီးနှင့် ဝန်ကြီးချုပ်တို့၏ နောက်လိုက်အဖွဲ့များက ကွာပြဲကြမည်သာပင်။

သို့သော် မင်းသားနှစ်ဘက်မှာ နောက်ဆုံးထိုးနှက်ချက်က လုဟွမ်ဖြစ်မည်လို့ ထင်ခဲ့သည်။ ဒါကြောင့် မဟာမိတ်ဖွဲ့မလား ထင်ပြီး ညဘက်ကြီး တကူးတကလာခဲ့၏။

မင်းသားနှစ်၊ မင်းသားငါး၊ ဝန်ကြီးချုပ်နဲ့ အိမ်ရှေ့စံမှာ တကယ့်အဖြစ်အပျက်ကို မသိကြပေ။

ဧကရာဇ်နဲ့ လုဟွမ်သာ ဇာတ်လမ်းတစ်ခုလုံးကို သိကြသည်။

ဧကရာဇ်က မင်းသားနှစ်ကိုတော့ ဘာမှမလုပ်ချေ။ လုဟွမ်က သူဘာတွေးနေလဲ ခန့်မှန်းလို့ရသည်။ သူ တုံ့ဆိုင်းနေတာမဟုတ်ဘဲ ဒီကိစ္စမှာ လူတော်တော်များများ ပါဝင်နေလို့ ဖြစ်သည်။ နောက်ထပ်မင်းသားတစ်ပါး ထပ်ပါနေရင် တော်ဝင်မိသားစု မျက်နှာအလွန်ပျက်ရတော့မည်ပင်။

လုဟွမ်က ဧကရာဇ်ရဲ့ ရည်ရွယ်ချက်တွေကို တိတ်တိတ်လေး ခန့်မှန်းနေမိ၏။

သာ့မင်နန်းဆောင်ထဲတွင် ဧကရာဇ်သည် ကိုယ်လုပ်တော်ချင်၏ပန်းချီကို ကြည့်နေရင်းမှ မင်းသားကိုးနဲ့ ပတ်သတ်ပြီး မတွေးတတတ်အောင်ဖြစ်နေ၏။ လုဟွမ်က ဒီကိစ္စတွေမှာ ဘာတွေပါဝင်ခဲ့သေးလဲ။ သူဘာမှ မလုပ်ခဲ့ပါဘူးလေ။ သူ့ကို သေချာ စစ်ဆေးမယ်ဆိုရင်တောင် အပြစ်ပေးလို့မရပြန်ဘူး။ လုဟွမ်က ကျန့်ယွမ်စစ်သူကြီးကို ဒီစကားပြောပြီး သတင်းပေးခဲ့တာပဲ ရှိတယ်။

"ရေပေါ်စားသောက်ဆိုင် က ဝိုင်က စားသောက်ဆိုင် က ဝိုင်က ကောင်းတယ်လို့ ကြားတယ်။ ဘာလို့ တခြားအရာရှိတွေနဲ့ သွားမမြည်းစမ်းကြည်တာလဲ။ ဒီမင်းသားက ပေးပါ့မယ်"

ဒါ ထပ်ပိုပြီးဘာမှလဲ လုပ်မထားဘူး။

ဒီလို ဖိတ်ခေါ်တာကြောင့် သူအပြစ်ပေးခံရနိုင်သလား။

သားတော်နှစ် နှင့် သားတော်ငါး ကြားထဲရှိ မကျေနပ်ချက်များကို ဖြေရှင်းဖို့ သူ့ကို ကြားဝင်ခိုင်းတာလား။ နောက်ပြီး ဓါးတောင် လက်ဆောင် ပေးထားသေးသည်။

ဧကရာဇ်က ဘာလို့ ဝန်ကြီးချုပ်ကို ရွေးရလဲဆိုတဲ့ရည်ရွယ်ချက်ကို သူသိလိမ့်မယ်လို့ ထင်သည်။

သာ့မင်နန်းတော်ကြီးရှိ ဧကရာဇ်ရဲ့ မျက်နှာအမူအရာဟာ သိပ်ကြည်လင်မနေ။

ရက်ပိုင်းလောက်အတွင်း မြို့တော်မှာ အဖြစ်အပျက်များစွာ ဖြစ်ပွားခဲ့လေသည်။ အိမ်ရှေ့စံ အကျယ်ချုပ်ကျပြီး သုံးရက်ကြာတော့ ထိတ်လန့်တုန်လှုပ်နေတဲ့ မယ်တော်မိဖုရားကြီးဟာ ခွင်းနွင်နန်းဆောင်မှာ ကွယ်လွန်သွားခဲ့ပြီး တစ်တိုင်းပြည်လုံး ဆူပူသွားသည်။

မြို့တော်မှာ ရက်တော်တော်ကြာအောင် မိုးကြီးနေလေသည်။ ‌ဆွေတော်မျိုးတော်တွေက မယ်တော်မိဖုရားအတွက် တော်ဝင်ဂူဗိဗာန်ကို သွားစောင့်ပေးဖို့ လူလွှတ်ထားသင့်ကြောင်း အကြံပြု၏။

ဧကရာဇ်က လုဟွမ်ကို ရွေးချယ်လိုက်သည်။ တော်ဝင်အမိန့်စာလဲ ထွက်လာပြီး မင်းသားကိုး တစ်ယောက်တည်းတွင်သာ ဇနီးသားသမီးနဲ့ ဆက်ခံသူမရှိဘူး ဖြစ်နေသည်။ ဒါကြောင့် သူဟာ အသက်၂၀ပြည့်မှ မင်းသားဘွဲ့ အပ်နှင်းရမယ်ဆိုတဲ့ ယန်တိုင်းပြည်ရဲ့ စည်းမျဉ်းကို ချိုးဖောက်ထားသည်။ လုဟွမ်သည် ယန်ချင်းဝမ်ဘွဲ့အမည်ကို ရပြီးနောက် တစ်နှစ်တိတိ ပူဆွေးခြင်းအမှု ပြုလုပ်ရမည် ဖြစ်သည်။

တော်ဝင်အမိန့်စာ ထွက်လာတော့ ပြည်သူတွေနဲ့ အရာရှိတွေမှာ အံ့ဩကုန်ကြသည်။ မြို့တော်မှာလတ်တလော နာမည်ကြီးနေတဲ့ မင်းသားကိုးဟာ ဘာလို့များ တော်ဝင်ဂူဗိဗာန်ကို သွား‌စောင့်ရတာလဲ။ ဒါ ရာထူးချတာ မဟုတ်ဘူးလား။

ကျန့်ယွမ်စစ်သူကြီးနဲ့ စစ်တပ်ရေးရာဝန်ကြီးမှာ သူ့ကို အစွမ်းကုန် ဖျောင်းဖျ ကြသည်။ မင်းသားကိုးက ငယ်သေးကြောင်း တစ်ခြား‌ဆွေမျိုးတစ်ယောက်ယောက်ကို စောင့်ခိုင်း‌သင့်ကြောင်း။

ဧကရာဇ်က အပြင်းအထန် ငြင်းဆိုပြီး လုဟွမ်ကိုသာ ဂူဗိမာန်တွင် ၇ ရက်တိုင် နေထိုင် ခိုင်းသည်။

ကျန့်ယွမ်စစ်သူကြီးနှင့် စစ်တပ်ရေးရာဝန်ကြီး မသိခဲ့သည်က တော်ဝင်ဂူဗိမာန်ကို စောင့်ကြတ်ရန် ဧကရာဇ်ကို အကြံဉာဏ်ပေးခဲ့သူက လုဟွမ် ဖြစ်သည် ဆိုသည်ကိုပင်။ လုဟွမ်၏အကြံက ရှင်းသည်။ တစ်နှစ်သာ။ ဒီတစ်နှစ်တွင် စုရှီက ကောလိပ်ဝင်ခွင့်စာမေးပွဲ ‌ဖြေလိမ့်မည်။ သူလည်း စုရှီ၏ကမ္ဘာတွင် တက္ကသိုလ် တက်လိုပါက စုရှီနှင့်အတူတူ တနှစ်လောက် စာလေ့လာရန် လိုအပ်သည်။ထိုတစ်နှစ်အတွင်း ဒီမှာသာ ရုံးတော်‌ ကိစ္စများစွာ ပေါ်ပေါက်လာပါက အထက်တန်းကျောင်း စာသင်နှစ်ကို ချောချောချူချူ ပြီး‌မြောက်ရန် မဖြစ်နိုင်ချေ။

ထို့အပြင် နောက်ဆုံးအနေနဲ့ မစ်ရှင်၁၇ကို ပြီးမြောက်ချင်တယ်ဆို ဧကရာဇ်က စောင့်ကြည့်တာကို ခံရပေလိမ့်မည်။ အဲချိန်ကျရင် ဆူးတွေကို ရှောင်ထားတာ ကောင်းမည်။

ဒီတစ်ခေါက်မှာတော့ ဧကရာဇ်က လုဟွမ် ဘာတွေတွေးနေလဲ မခန့်မှန်းတတ်တော့ပေ။ သို့သော် မင်းသားကိုးအနေဖြင့် တစ်နှစ်တိတိ ဝမ်းနည်းပူဆွေးခြင်းအမှု ပြုတာကောင်းတယ်လို့ ထင်သည်။

အိမ်ရှေ့စံ၊ မင်းသားနှစ်နဲ့ မင်းသားငါးတို့အကြား လှုပ်ရှားမှုတွေလဲ တိုးလာပြီပင်။ ဒါဟာ အချိန်တိုအတွင်း ပြီးဆုံးမည် မဟုတ်။ မင်းသားကိုး မြို့တော်ကို ပြန်ရောက်လာရင် အခြေအ‌နေတွေဟာ ကသောင်းကနင်း ဖြစ်ကုန်လိမ့်မည်။ မင်းသားကိုးဟာ သူ့အစ်ကိုတော်တွေကို လက်ခုပ်ထဲကရေလို ကစားနေတာပင်။ မင်းသားနှစ်နဲ့ မင်းသားငါး သိသွားတော့ သူ့ကို ရင်ဆိုင်ရန် အချင်းချင်းလက် တွဲလိုက်ကြ၏။

ဧကရာဇ်မှာလဲ အတော် စိတ်ရှုပ်နေပြီပင်။ တစ်ဖက်မှာလဲ သူ့နေရာကို ဘယ်သူ့မှ မပေးချင်၊ တစ်ဖက်မှာလဲ သင့်တော်တဲ့ဆက်ခံသူ‌ကို ရွေးရမယ်ဆိုတာ သိသည်။

တစ်ဖက်မှာလဲ ယန်ချင်းကသာ မင်းသားတွေထဲမှာမှ တိုင်းပြည်အကျိုးကို သယ်ပိုးနိုင်သည့်သူ ဖြစ်နေသည်။ တစ်ဖက်မှာလဲ ဆယ်နှစ်ကြာ‌မှ ပြန်တွေ့ရတဲ့ သားတော်မလို့ စိုးရိမ်နေမိ၏။

အခုလို လုဟွမ်က တော်ဝင်ဂူဗိမာန်ကို တစ်နှစ်တိတိ စောင့်ခွင့်တောင်းတော့မှ ဧကရာဇ်လဲ စိတ်သက်သာရာရပြီး ချက်ချင်း သဘောတူလိုက်လေသည်။

ဂူဗိဗာန်ကို စောင့်ကြပ်မဲ့ကိစ္စက အငြင်းပွားစရာဖြစ်နေတုန်းပင်။

စုရှီမှာ အိမ်စာတွေချည်းဖိလုပ်နေရလို့ ဒီရက်ပိုင်းအတွင်း ဖုန်းတောင်မကိုင်ဖြစ်ပေ။

နွေရာသီကျောင်းပိတ်ရက်ကလဲ ပြီးတော့မှာ ဖြစ်ပြီး စုရှီမှာ နောက်ထပ်ကိစ္စတစ်ခုအတွက် ခေါင်းကိုက်နေရသည်။

မနေ့ညက အတန်းဂရုထဲမှာ မက်ဆေ့ခ်ျဝင်လာလေသည်။ အစဉ်အလာအရ ပထမနှစ်တွေဟာ ကျောင်းမှာနေရမည်ပင်။

ကျောင်းစတက်ဖို့ ၃ ရက်လို့သေးသည်ဖြစ်ရာ ကျောင်းသားကျောင်းသူများက သူတို့နှစ်သက်ရာ လုပ်နိုင်ကြသည်။ ကျောင်းစတက်သည့်နေတွင် ခရီးဆောင်အိတ်များ၊ နေ့စဥ်သုံး အသုံးအဆောင်များနှင့်အတူ ကျောင်းကို ရောက်လာကြသည်။ ဆရာ ဆရာမများက စာသင်ခန်းထဲမှာ စောင့်နေလိမ့်မည်။ ကျောင်းသားအားလုံးကို ကျောင်းသားအဆောင်တွေမှာ နေရာချထားပေးပါလိမ့်မည်။

ဒါက စုရှီတို့ကျောင်းရဲ့ အစဉ်အလာဖြစ်သည်။ သို့သော်လည်း နွေရာသီကျောင်းမပိတ်ခင် ဆရာမက လုပ်ရိုးလုပ်နည်းပြောင်းပြီး ကျောင်းမှာနေစရာမလိုဘူးလို့ ပြောထားသည်။ ထို့ကြောင့် စုရှီနဲ့ ကုချင်မှာ ဒါကို သိပ်ဂရုမစိုက်ခဲ့ပေ။ မထင်မှတ်ဘဲ နွေရာသီပိတ်ရက်လဲ ကုန်တော့မှာဖြစ်ပြီး ကျောင်းမှာသွားနေရတော့မည်ပင်။

စုရှီရဲ့မိဘတွေမှာတော့ စိတ်ပူနေကြသည်။ အလုပ်ကပြန်လာကြတော့ စိတ်မသက်မသာနဲ့ ပြောလေ၏။

"ရုတ်တရက်ကြီး ဘာလို့ ကျောင်းမှာနေရမှာတုန်း။ ကျောင်းကန်တင်းက အစားအစာတွေက အာဟာရပြည့်လို့လား။ ပထမနှစ်‌ရောက်နေပြီကို အာဟာရမပြည့်ရင် ဘယ်လိုလုပ်မလဲ"

စုရှီမှာ ကျောင်းမှာနေရတဲ့အကြောင်းအရင်းကို လုံးဝနားလည်တာကြောင့် ပြန်ပြော၏။

"သမီးတို့က စီနီယာတန်းကို တက်ရတော့မှာမို့လို့ ကျောင်းက စာသင်တာကို စောစောလုပ်ချင်လို့နေမှာပါ"

စုရှီရဲ့မိဘတွေမှာ စဉ်းစားပြီး လက်ခံလိုက်ကြသည်။ သူတို့ဝယ်ထားတဲ့အိမ်က ကျောင်းနဲ့ လမ်းနည်းနည်းပဲခြားပြီး တတိယအဝိုင်းပတ်လမ်းနဲ့ သိပ်မဝေးပေမယ့် စုရှီက ကျောင်းကနေပြန်လာတဲ့လမ်းမှာ အချိန်တော်တော်ကုန်လေသည်။ ထို့အပြင် အိမ်မှာက တီဗွီနဲ့ဝိုင်ဖိုင်ရှိနေ‌တော့ စာကိုအာရုံမစိုက်ပေ။

ဆွေးနွေးနေကြပြီးတဲ့နောက်မှာ သဘောတူစာချုပ်တွင် လက်မှတ် ထိုးလိုက်ကြ၏။ စုရှီရဲ့အမေက ကျောင်းမဖွင့်ခင် စုရှီအတွက်လိုအပ်တဲ့ နေ့စဉ်အသုံးအဆောင်တွေ ဝယ်ပေးသည်။

စုရှီက ကျောင်းမှာနေရတာကို ကန့်ကွက်တာမျိုးတော့မရှိပေ။ သူစိုးရိမ်တာတစ်ခုပဲရှိသည်။

သူသာ ကျောင်းမှာနေရင် လုဟွမ်က ဘယ်လိုလုပ် ခဏခဏလာလို့ရတော့မည်လဲ။ အင်တာဖေ့စ် ဝင်ပေါက်က သူ့အခန်းထဲမှာပဲ ရှိသေးတာမလို့ သူ့မိဘတွေက လုဟွမ်ကို မိသွားနိုင်သည်။

အင်တာဖေ့စ်ဝင်ပေါက်ကို ပြောင်းလို့ရတဲ့ နည်းလမ်းများ မရှိဘူးလား။

သို့သော်လည်း သူပြောင်းချင်တယ်ဆိုရင်တောင် ဘယ်နေရာကို ပြောင်းရမည်လဲ။ ကျောင်းမှာနေရင် အတန်းထဲက ကောင်မလေးသုံးယောက်နဲ့ တစ်ခန်းတည်းနေရမှာပင်။ တစ်ယောက်ခန်းလဲမရှိ။ လုဟွမ်ကို အဆောင်ဆီ လေထဲကနေ ပေါ်လာခိုင်းလို့မရပေ။

ပြဿနာကြီးကြီး ရှိနေ၏။

ကျောင်းမတက်ခင်ည၌ နွေရာသီတွင် ထွက်တတ်သည့် ပိုးကောင်လေးများကလည်း သစ်ပင်များပေါ်မှ အဆက်မပြတ် ဆူညံသံများပြုလုပ်နေကြသည်။

စုရှီလဲ အိမ်စာလုပ်လို့ပြီးသွားပြီပင်။ စီနီယာနှစ်အတွက် လိုအပ်တဲ့သင်ရိုးညွှန်းတန်းတွေကို အင်တာနက်ပေါ်ကနေ ဒေါင်းလုပ်ဆွဲပြီး ရပ်ကွက်ထဲက ပုံနှိပ်ဆိုင်မှာ ပရင့်ထုတ်လိုက်သည်။ နောက်လာမဲ့သင်ခန်းစာတွေအတွက် ဖြည်းဖြည်းချင်း ပြင်ဆင်နေ၏။

အပူချိန်မှာ တဖြည်းဖြည်း‌နွေးလာပြီး သူလဲ လေအေးပေးစက် မဖွင့်ထားပေ။ အဲအစား ပြတင်းပေါက်ကို ဖွင့်လိုက်တော့ ဆယ်နာရီထိုးခံနီး လေနုအေးအေးလေးဟာ စာရွက်တွေကို လွင့်သွားစေသည်။

စုရှီက စာရွက်မလွင့်အောင် တံတောင်နဲ့ထောက်လိုက်ကာ နည်းနည်းစိတ်လှုပ်ရှားနေတာမလို့ စာကိုလဲ ဆက်မဖတ်နိုင်တော့ပေ။

ကျောင်းမှာနေတဲ့အခါ လုဟွမ်ကို ဘယ်လိုလုပ်ရမလဲဆိုတာပဲ တွေးနေမိသည်။

ထို့အပြင် စီနီယာနှစ်မှာ ဖုန်းကိုလဲ ခဏခဏသုံးလို့ မရတော့ပေ။ စုရှီရဲ့မိဘတွေက စိတ်ထဲသိပ်မထားတာတောင် စုရှီကတော့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ဖို့အတွက် စာကိုအာရုံစိုက်ရမည်။

လုဟွမ်ကို နေ့လယ်စာစားချိန်မှာ နေ့တိုင်းတွေ့လို့ရ၏။

လုဟွမ်ကို သူ့အိမ်သော့တွဲ ပေးရမည်ပင်။ အဲဒီအချိန်ဆို လုဟွမ်ရဲ့မိဘတွေ အိမ်မှာမရှိတာကြောင့် သူ ဝင်လို့ထွက်လို့ ရသည်။

ဒါပေမယ့် ဟူးးးး

‌တွေ့ဖို့အခွင့်အရေးတွေ နည်းသွားတယ်လို့ စုရှီထင်မိသည်။ ခုထိတော့ မခွဲရသေးပေမယ့် တုံ့ဆိုင်းနေသလို ခံစားနေရ၏။

စုရှီမှာ နောင်ဖြစ်လာမည့် လုဟွမ်နဲ့ သူနဲ့ကြားက ပြဿနာတွေကို စဉ်းစားမနေတော့ပေ။

သူ မပြောနိုင်ပါ။ တကယ်တော့ အရင်တည်းက တွေးထားခဲ့ပြီးသားပင်။ တွေးထားတာကတော့ သူကောလိပ်ဝင်ခွင့်စာမေးပွဲအောင်၊ တက္ကသိုလ်ပြီးလို့ ဘွဲ့ရပြီး အလုပ်ရရင် မိဘတွေဆီ မကြာခဏ ပြန်မယ်ပေါ့။ လုဟွမ်ကလဲ ရုံးတော်ကိုသွားပြီး တိုင်းပြည်ရေးရာတွေ ဖြေရှင်းနေတာမလို့ အလုပ်လုပ်နေတာနဲ့ အတူတူပင်။ သူတို့နှစ်ယောက်လုံး အလုပ်အားကြရင် လုပ်ချင်တာတွေ အတူတူ လုပ်လို့ရပြီပေါ့။

ငွေရေးကြေးရေးအတွက်တော့ စိတ်ပူစရာမလိုပေ။ သူက ဘယ်အချိန်မဆို ပိုက်ဆံတွေ ယူလာတတ်သည်။ သူ မယူလာတဲ့နေ့ကျရင်တောင် စုရှီမှာ သူ့ကိုကျွေးဖို့ ငွေရှာနိုင်၏။

သို့သော် ကျောင်းမှာ ရုတ်တရက် နေရမယ်လဲဆိုရော သူရိုးရိုးလေး တွေးထားမိမှန်း သဘောပေါက်သွားသည်။

မူလအစီအစဉ်ကတော့ လုဟွမ်ကို ဒီကမ္ဘာမှာ လိုက်ဖက်မယ့် အဆင့်အတန်းတစ်ခု ပြုလုပ်ပေးရန်သာဖြစ်သည်။ ဒီကမ္ဘာတွင် သူ့ ကဏ္ဍက စုရှီအနားမှာ အဖော်ပြုပေးနေရန် ဖြစ်သည်။

လုဟွမ် ဒီကမ္ဘာတွင် နေထိုင်မည်ဆိုလျှင် အသိအကျွမ်းနှင့် သူငယ်ချင်းများ ရှိရန်လည်းလိုအပ်သည်။ သူ အပြင်သို့ သွားလာမည်ဆိုလျှင် လူအများက သူဘာလုပ်သလဲ၊ ဘယ်က ဘွဲ့ရလဲ မေးကြပေမည်။ သူ့တွင် ပြောစရာ နောက်ကြောင်းရာဇဝင်မရှိပါက စုရှီကမ္ဘာ နှင့် ပတ်သတ်မှု မရှိသလို ဖြစ်‌နေလိမ့်မည်။

ပိုအရေးကြီးတာက အဲဒီအချိန်ရောက်လာရင် သူ့မိဘတွေ ဘယ်လိုပြောကြမှာလဲ။

စုရှီက ဘောပင်အဖုံးကို ကိုက်လိုက်သည်။ သူ့မှာခေါင်းမွှေးတောင် ပြောင်တော့မည်ပင်။

သူ လုဟွမ်ကို သဘောကျသည်။ အဲဒီ‌ညက ကတိပေးခဲ့သလို ဘာတွေပဲ ဖြစ်လာဖြစ်လာ သူလုဟွမ်ကို ခွဲသွားမည် မဟုတ်ပေ။ မိဘတွေ သဘောမတူဘူးလား။ ကိစ္စမရှိဘူး။ ဒီကမ္ဘာမှာ ဘွဲ့မရထားလို့လား။ ဒါကလဲပြဿနာမဟုတ်ဘူး။ သူတို့နှစ်ယောက် အတူတူရှိနေသရွေ့ ဖြည်းဖြည်းချင်း ဖြေရှင်းနိုင်လိမ့်မည်။

ဒီလိုတွေးကာ ဘောပင်ကိုချလိုက်ပြီး အဖြေစာရွက်မရေးဖို့ ဆုံးဖြတ်လိုက်သည်။ အဲဒီနောက်ဖုန်းဖွင့်ကာ သူ့မိဘတွေ ရေချိုးပြီး အိပ်ယာဝင်နေတဲ့အချိန် လုဟွမ်နဲ့ တိတ်တိတ်လေးတိုင်ပင်ဖို့ ခေါ်ရန် လုပ်၏။

သူတို့ပဲ စိတ်ချင်းဆက်နေသလို လုဟွမ်က အခန်းထဲချက်ချင်းရောက်လာလေသည်။

စုရှီမှာ လန့်သွားပြီး အသံတိုးတိုးဖြင့်

"ရုတ်တရက်ကြီး ဘာလို့လာတာတုန်း"

"ကျောင်းက မနက်ဖြန် တက်ရမှာမလား။ ကိုယ်မင်းကို တစ်နေရာရာခေါ်သွားချင်လို့"

လုဟွမ်ကလဲ အသံတိုးတိုးဖြင့် ပြောနေသည်။

သူဒီနေရာနဲ့ ရင်းနှီးနေပြီ ဖြစ်၏။

လုဟွမ် စုရှီကုတင်နား အမြန်သွားကာ သူ့ကမ္ဘာက ယူလာသည့် ‌သစ်သားသေတ္တာကို ဖွင့်ကာ အထဲက သူအင်္ကျီ အချို့ကို ထုတ်ယူလိုက်သည်။

"အခုလား"

ဖုန်းကို ကြည့်လိုက်ကာ

"ဆယ့်တစ်ထိုးတော့မှာကို"

လုဟွမ်က အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူ့ဆံပင်ကို စည်းထားတဲ့ ကြိုးကပင် အဖြူရောင် ဖြစ်သည်။ လွန်ခဲ့တဲ့ နှစ်ရက်က မယ်တော်ကြီး ကွယ်လွန်သွားသည်ကို စုရှိ သိထားသည်။ သူက ပူဆွေးခြင်းအခန်းအနားကို ပြုလုပ်နေရဆဲဖြစ်ပြီး မင်းသားအိမ်တော်ကို ညအချိန်၌သာ ပြန်နိုင်လေသည်။ လုဟွမ် တနေ့လုံး ဒူးထောက်ကာ ပူဆွေးခြင်းပြုလုပ်ပြီးနောက် လုဟွမ် ဗိုက်ဆာနေမလား စုရှီ မသိနိုင်ပေ။

စုရှီက ချက်ချင်းမေး၏။

"ရှင် ဗိုက်ဆာနေလား။ ကျွန်မ ခေါက်ဆွဲပြုတ်ပေးမယ်လေ"

"ကိုယ်မဆာပါဘူး"

လုဟွမ်က သူ့ခေါင်းကို ပုတ်လိုက်ကာ

"တစ်နေ့လုံး လာလို့မရလို့ ခုမှလာရတာပါ"

အင်္ကျီတွေချွတ်ကာ စုရှီကို တစ်ချက်ကြည့်လိုက်သည်။

စုရှီရဲ့ပါးတွေမှာ ချက်ချင်းနီရဲသွားပြီး နောက်လှည့်ကာ မကြည့်တော့။

အခုချိန်မှာ သူ့မိဘတွေက အိပ်နေပြီး သူကလဲ အခန်းပြင်ထွက်ရင် အသံထွက်သွားလိမ့်မည်။ လုဟွမ်လဲ အင်္ကျီလဲလို့ရမည် မဟုတ်တော့။ ဘာပဲဖြစ်ဖြစ် လှည့်လိုက်ပြန်ရင်လဲ အတူတူပဲဖြစ်အုန်းမည်။

စုရှီက

"ကျွန်မတို့ ဘယ်သွားမလို့လဲ။ အပြန်နောက်ကျမှာတော့ မဟုတ်ဘူးမလား"

လုဟွမ်က

"ခဏလေးပဲ"

စုရှီက သူဝတ်ထားတဲ့ ညဝတ်အင်္ကျီကို ကြည့်ကာ အခန်းအပြင်ကို ကြည့်လိုက်သည်။ သူ့ပုံစံက သူခိုးလိုပင်။

သူက

"ဒါပေမယ့် ကျွန်မတို့ဘယ်လို အပြင်ထွက်မှာလဲ။ အခန်းကနေ တံခါးထိသွားမယ်ဆို အသံထွက်လိမ့်မယ်"

လုဟွမ်က ထိုင်ခုံပေါ် ချိတ်ထားတဲ့ ကုတ်အင်္ကျီကိုယူကာ ကလေးကိုအင်္ကျီလဲပေးသလိုမျိုး စုရှီကို ဝတ်ပေးလိုက်သည်။ စုရှီကလဲ အလိုက်တသိနဲ့ လက်မြှောက်ပေးလေသည်။

"ဒီလိုဆို အသံမထွက်တော့ဘူး"

လုဟွမ်က ကိုယ်ကိုကိုင်းလိုက်ပြီး ဒူးအောက်ကနေ ပွေ့ချီလိုက်သည်။ စုရှီကို မင်းသမီးလေးတစ်ပါးလို ပထမဆုံးချီတုန်းက အရမ်းစိတ်လှုပ်ရှားနေပြီး စုရှီအပေါ် ရိုင်းသလိုဖြစ်နေမှာ စိုးနေခဲ့သည်။ အခုတော့ အသားကျ‌သွားပုံရပြီး ကိုယ်ကိုင်းကာ စုရှီရဲ့နားတစ်ဖက်သို့ တိုးတိုးလေးပြောလိုက်သည်။

"ကိုယ် အသံတိုးတိုးနဲ့ လမ်းလျှောက်မှာပါ"

စုရှီမှာ စိတ်လှုပ်ရှားနေပြီး ခေါင်းညိတ်ပြသည်။

လုဟွမ်က ကိုယ်ဖော့ပြီး လျှောက်သည်။ တံခါးကို ပိတ်လိုက်တုန်းက အသံတိုးတိုးလေးကလွဲရင် ဘယ်သူမှ သတိမထားမိလိုက်ဘဲ စုရှီရဲ့မိဘတွေမှာ ဟောက်သံအကျယ်ကြီးဟောက်ကာ အိပ်ပျော်နေကြသည်။

သူက ကျွမ်းကျင်စွာနဲ့ပဲ သော့ကိုယူကာ အိတ်ကပ်ထဲထည့်လိုက်၏။

နှစ်ယောက်သား ရပ်ကွက်ထဲက ထွက်သွားကြသည်။

လုဟွမ်က တက်စီငှားပြီး သွား၏။

တက်စီသမားကို ကျောင်းရဲ့တစ်ဖက်ခြမ်းဆီ သွားဖို့ ပြောသည်။

ကျောင်းတစ်ဖက်ခြမ်းဟာ အဆင့်မြင့်ရပ်ကွက်ဖြစ်ပြီး နေရာကောင်းမလို့ ဈေးအရမ်းကြီးသည်။ ကျောင်းနယ်မြေဖြစ်တာကြောင့် ဈေးကလဲတက်၏။ စုရှီ သေချာမှတ်မိတာက ဒီနေရာမှာ တစ်စတုရန်းမီတာကို ယွမ်သုံးသောင်းခန့်ကျသည်။

စုရှီက စိတ်ထဲမှာ တွေးနေရင်းနဲ့ စိတ်လှုပ်ရှားလာသည်။

လုဟွမ်က သူ့ကိုခေါ်သွားပြီး အဆောက်အဦးတစ်ခုရဲ့ ဓာတ်လှေကားထဲဝင်လိုက်သည်။ အဲဒီနောက် အခန်းတစ်ခုရှေ့မှာရပ်ပြီး အိတ်ထဲကသော့ကိုယူကာ တံခါးဖွင့်လိုက်၏။

တံခါးဖွင့်လိုက်တာနဲ့ အဝင်ဝက မီးလုံးမှာ လင်းလာလေသည်။ လင်းထင်းနေတဲ့ပြတင်းပေါက်တွေပါသည့် အမေရိကန်စတိုင် အခန်းလေးပင်။

စုရှီမှာ ကြမ်းပြင်ညစ်ပတ်အောင် လုပ်မိမှာစိုးရိမ်နေပြီး အကျယ်ကြီးလဲမပြောရဲဘဲ စိတ်လှုပ်ရှားစွာပြောသည်။

"ဘယ်တုန်းက ငှားလိုက်တာလဲ"

"ကိုယ်ဝယ်လိုက်တာ"

လုဟွမ်က မျက်ခုံးပင့်ပြပြီး သူ့ကြည့်ရတာ ဂုဏ်ယူနေပုံပေါက်ပေမယ့် စိတ်လှုပ်ရှားနေတာပင်။ စုရှီ ငြင်းမှာကို သူကြောက်မိ၏။

သူက

"ကိုယ် မင်းကို ပြောစရာတစ်ခုရှိတယ်"

စုရှီ သူ့ကိုကြည့်လိုက်တော့ သူ့ပုံစံမှာ တည်နေလေသည်။ ရုတ်တရက်ဆိုသလို ခံစားချက်မကောင်းတော့ဘဲ "ကိုယ်ဘယ်တော့မှ ထပ်မလာတော့ဘူး"လို့ ပြောမှာကို ကြောက်နေမိသည်။

ဒါပေမယ့် သူဒါကို မမျှော်လင့်ထားပေ။

လုဟွမ်ရဲ့ ‌နောက်စကားလုံးတွေမှာ သူ့ကို အနာဂတ်ကို ကြည့်ဖို့ ဖြစ်လာလေသည်။

သူက စုရှီကို တောက်ပတဲ့မျက်လုံးတွေနဲ့ကြည့်လိုက်ကာ

"ကိုယ် မင်းရဲ့ကျောင်းကို ကျောင်းသားသစ်အနေနဲ့ ပြောင်းလာတော့မယ်"

စုရှီမှာ နှစ်စက္ကန့်လောက် မှင်သက်နေသည်။ ဒါတကယ်ဖြစ်နေတာမဟုတ်ဘူးလို့တောင် ထင်မိ၏။ မနေနိုင်ဘဲ ရှေ့နှစ်လှမ်းတိုးကာ သူ့မျက်နှာကို ဆွဲစိတ်ကြည့်သည်။ ဒါတကယ်ပဲ၊ ဒါပေမယ့် သူကဘာလို့အဲဒီလို အဓိပ္ပာယ်မရှိတဲ့စကား ပြောရတာလဲ။

လုဟွမ် ရုတ်တရက် ပြုံးလိုက်သည်။ စုရှီကို ကောက်ချီကာ လေထဲ ဝှေ့ယမ်းနေလိုက်ပြီး စုရှီ အသက်ရှူမဝတော့မှ ပြန်ချပေးကာ ခေါင်းငုံ့၍ စုရှီရဲ့နဖူးကို အသာအယာ နမ်းလိုက်သည်။

စုရှီကိုကြည့်ကာ

"မင်းသိချင်နေတာ ကိုယ်နားလည်ပါတယ်။ တစ်နှစ်တိတိ တော်ဝင်ဂူဗိမာန်ကို စောင့်ကြပ်ပေးဖို့ ဧကရာဇ်ကို တောင်းဆိုထားတယ်"

တော်ဝင်ဂူဗိမာန်ကို စောင့်ကြပ်ရမှာဆိုတော့ ဘယ်လောက်တောင် အေးစက်မှောင်မဲနေလိုက်မလဲ။ ဒရာမာ‌ဇာတ်လမ်းထဲမှာဆို ဂူဗိမာန်မှာ မီးတိုင်တွေနဲ့ ဘုရားရုပ်ထုပဲရှိတာ။ စုရှီ နှလုံးသားလေး ချက်ချင်းကို နာကျင်သွားတော့၏။ စုရှီ စိုးရိမ်ပူပန်နေလျှင်ပင် ထုတ်မ‌ပြောနိုင်ပေ။

သူ လုဟွမ်ကို ပိုတင်းတင်းဖက်ထားလိုက်သည်။

လုဟွမ်က စိတ်ထဲကနေ

"မင်းကို ခဏခဏ မတွေ့ရရင်တော့ အေးနေမှာပေါ့"

ဒါပေမယ့် သူထုတ်မပြောပေ။ စုရှီသူ့ကို တင်းတင်းကျပ်ကျပ်ဖက်ထားတာကို ကျေနပ်နေမိ၏။ စုရှီရဲ့ ဆံသားနုနုလေးတွေမှာ သူ့လည်ပင်းပေါ် လွင့်ကျနေလျက် နူးညံ့ပြီး နွေးနေသည်။

အရာအားလုံးဟာလည်း တိတ်ဆိတ်နေ၏။ အိမ်အလုံးတစ်သောင်းမှာလဲ လင်းထိန်နေလျက်။ သူတို့ရဲ့ အခန်းလေးပါ ပေါင်းရင်ပေါ့။

အရင်တုန်းကဆို လုဟွမ်ရဲ့ အိမ်ဆိုတဲ့ခံစားချက်မျိုး မခံစားခဲ့ရပေ။ ဒါပေမယ့် အခုခံစားမိပြီလို့ ထင်သည်။ ဒီကမ္ဘာမှာပဲဖြစ်ဖြစ် တစ်ခြားကမ္ဘာမှာပဲဖြစ်ဖြစ် အိမ်ဆိုတာ စုရှီရှိတဲ့ နေရာပင်။

All Chapters