← Chapters

Chapter 76

Vol. 8 Ch. 76

Chapter 76

Vol. 8 Ch. 76

အဆောင်က လူလေးယောက် အဆောင်ဖြစ်သည်။ အောက်ခန်းနှစ်ထပ်မှာ ခရီးဆောင်အိတ်တွေနဲ့ ပြည့်နေပေမယ့် ဘယ်သူမှ အဲဒီနေရာမှာ မရှိပေ။ သူတို့ နေ့လည်စာစားဖို့ ကဖေးကို သွားတာဖြစ်နိုင်တာမလို့ စုရှီက အပေါ်ထပ်ကို ရွေးလိုက်သည်။

တကယ်တော့ သူ့ပစ္စည်းတွေကို အဆောင်ဆီ ယူလာရတာဟာ ထုံးတမ်းစဉ်လာတစ်ခုပင်။ ကျောင်းနဲ့ မျက်နှာချင်းဆိုင်တွင် လုဟွမ်ရဲ့ တိုက်ခန်းရှိသောကြောင့် သူက အဆောင်ကို ခဏခဏ ပြန်အိပ်စရာ မလိုတော့ပေ။

ဒါပေမယ့် သူအထက်တန်းကျောင်း တတိယနှစ်မှာ လုဟွမ်ရဲ့ နေရာမှာ အိပ်ဖို့ စီစဉ်ထားတယ်လို့ သူ့အမေကို ပြောလို့ မရဘူးမလား။

သူ့အမေ နှလုံးရောဂါ ရသွားလိမ့်မည်။

ထို့ကြောင့် စုရှီသည် သူအိပ်ဖို့နေရာကို ရိုးရိုးသားသား ရွေးချယ်ခဲ့ရသည်။

အမေက အဆောင်ကို လှည့်ပတ်ကြည့်ပြီး မျက်မှောင်ကြုတ်၏။

"ဘေစင်က နည်းနည်း ညစ်ပတ်နေတယ်။ အမေအောက်မှာ တံမြည်စည်းသွားဝယ်ပြီး ရှင်းပေးမယ်။ သမီး ပစ္စည်းတွေ နေရာချထားလိုက်"

စုရှီ ခေါင်းညိတ်လိုက်သည်။

"ဟုတ်ကဲ့"

အမေ ထွက်သွားပြီးနောက်တွင် စုရှီနှင့် လုဟွမ်သာ အဆောင်တွင် ကျန်ခဲ့သည်။ စုရှီက သက်ပြင်းတစ်ချက်ချပြီး

"လုပ်ရမဲ့ဟာတွေ လုပ်ပြီးပြီလား"

"အင်း"

လုဟွမ်က သူ့အိတ်ကပ်ထဲ နှိုက်ကြည့်ပေမယ့်လည်း ဘာမှမတွေ့ချေ။ ထို အချိန်မှသာ သူသည် ဒီတိုင်းပြည်က ဆွယ်တာအင်္ကျီလက်ရှည်နှင့် ဘောင်းဘီရှည်ကို ၀တ်ထားသည်ကို သတိရမိသည်။ ဘောင်းဘီအိတ်ထဲမှ ကတ်နှစ်ကတ်ကို ထုတ်ကာ စုရှီကို ပေးလိုက်သည်။

"တစ်ခုက ယွမ်၁၀၀၀ ဖြည့်ထားတဲ့ ကော်ဖီဆိုင်ကဒ်၊ နောက်တစ်ခုကတော့ တိုက်ခန်းတံခါးကဒ် ၊ ကဒ်ပျောက်သွားလဲ ဘာမှ မဖြစ်ဘူး၊ တံခါး လျှို့ဝှက်နံပါတ်က မင်းမွေးနေ့ပဲမို့ ဖွင့်လို့ရသေးတယ်။ ယူထားလိုက်ပါ"

စုရှီ နှလုံးသားထဲတွင် လုဟွမ် အပေါ် ထားသည့် မျှော်လင့်ချက်များဖြင့် ပြည့်လျှံနေကာ လုဟွမ်ကို စိတ်လှုပ်ရှားစွာ ကြည်နေ၏။ လုဟွမ်ရဲ့ မျက်လုံးနဲ့ မျက်ခုံးစွန်းများက တစ်ခုခုကို ဖိနှိပ်မြိုသိပ်ထားကြောင်း ဖော်ပြနေသည်။ သူတို့နှစ်ယောက်ပုံစံက မိဘများနောက်ကွယ်တွင် တိတ်တိတ်လေး ချိန်းတွေ့နေတဲ့ သမီးရည်းစားလိုပဲ စိတ်မလုံမှု အနည်းငယ်ကို ခံစားနေရသည်။

အထူးသဖြင့် စုရှီ ဖြစ်ပြီး မနေနိုင်တဲ့အဆုံး လုဟွမ်ကို တွန်းထုတ်လိုက်ကာ

"ဟုတ်ပြီ ရှင်သွားတော့လေ။ ကျွန်မအမေရှေ့မှာ နေမနေနဲ့"

ခရီးဆောင်အိတ်အတွက် ကူညီပေးစရာ ဘာမှမရှိပေမယ့် သူ ဆက်နေနေမယ်ဆိုရင် သူ့အမေက သံသယဖြစ်မိမှာ သေချာသည်။

လုဟွမ်က နည်းနည်း အရပ်ရှည်ပြီး စင်္ကြံက ကျဉ်းကာ အဆောင်က သေးနေပုံပေါ်သည်။ တချိန်က ခြေတိုလက်တို ဆန်မုန့်လုံးရုပ်လေးမှာ စုရှီရဲ့ မြင်ကွင်းထဲ မှေးမှိန်လာ‌တော့သည်။

သူ မတ်တပ်ရပ်လိုက်ပြီး အပေါ်ထပ် ကုတင်ကို ကြည့်သည်။

"ကိုယ် ဒီကိုလာတော့ အောက်က စူပါမားကတ်ကို သွားခဲ့သေးတယ်။ အဲဒီမှာ လူတွေ အများကြီး ဈေးဝယ်နေကြတယ်။ အန်တီက နာရီဝက်လောက် ကြာဦးမှာ။ တက်လိုက်ဆင်းလိုက်လုပ်ရတာ အဆင်ပြေတာ မဟုတ်ဘူး။ မသွားခင် အိပ်ရာပြင်ပေးမယ်"

စုရှီက သူ့ကို တားလို့မရသည့်အဆုံး လုပ်ခွင့်ပေးလိုက်ရ၏။

စုရှီသည် ခရီးဆောင်အိတ်ကိုဖွင့်ကာ အယောင်ပြအနေဖြင့် အဝတ်အစားအချို့ကို ဗီရိုထဲသို့ ထည့်လိုက်သည်။ ကျန်အ၀တ်အစားများကို ကျောင်းနှင့် မျက်နှာချင်းဆိုင် တိုက်ခန်းဆီ ယူဖို့ စီစဉ်ထားသည်။

လုဟွမ်က စုရှီ့ ကုတင်ခြေထောက်နှင့် တန်းတို့က ဝက်အူအားလုံးကို ဖြုတ်လိုက်သည်။ ထိုအချိန်တွင် စုရှီက အိတ်ထဲက ပန်းရောင်ဖော့တုံးတွေကို ထုတ်ကာ ကုတင်မှ ဖြုတ်ထားသော ပစ္စည်းများကို တွေကို တစ်ခုခု ထုတ်ပိုးလိုက်သည်။ ပန်းရောင် ကူးမန်မွန် kumamon ရုပ် မွေ့ယာ ကိုလည်း ဖော့စများဖြင့် အလိပ်ခံထားရသည်။

စုရှီသည် ဤမြင်ကွင်းကိုမြင်သောအခါ အနည်းငယ် စိတ်ရှုပ်သွားသည်။ စစ်မြေပြင်က ဗိုလ်ချုပ်ငယ်လေးဟာ ပန်းရောင်ဘာဘီရုပ်ကို ကိုင်ထားတာကို မြင်လိုက်ရသလိုဖြစ်နေ၏။

သူက

"ဒါကို ဘယ်က ဝယ်လာတာလဲ"

လုဟွမ်က

"Taobao"

စုရှီမှာ စိတ်မကြည်တော့။

"Taobaoကို ဘယ်လိုသုံးရမလဲ ဘယ်တုန်းက သင်လိုက်တာလဲ"

လုဟွမ်က

"ဒါက အရမ်းအဆင်ပြေတာ။ တစ်ခုခု ဝယ်ချင်တာရှိရင် တိုက်ရိုက် အော်ဒါတင်လိုက်ရုံပဲ။ နောက်နေ့ကျရင် တစ်ယောက်ယောက် မင်းတံခါးဝအထိ လာပို့လိမ့်မယ်။ အရမ်းကို လွယ်ကူတာ။ ဘယ်လိုမှာရမလဲ မသိရင် ပိုင်ဒူမှာ ရှာကြည့်လိုက်လေ။ ရှောင်ရှီ လိုချင်တာ တစ်ခုခုရှိရင် စျေးဝယ်ခြင်းထဲ သာထည့်ထားလိုက်။ ကိုယ် နောက်ရက် ကျရင် စျေးဝယ်ခြင်းထဲကဟာတွေ အကုန်ကုန်အောင် ဝယ်ပေးထားမယ်။"

စုရှီက လက်ကိုဖြန့်ပြီး

"ရှင့်ဖုန်းပေး။ ဘာတွေ ဝယ်ထားလဲ ကြည့်မလို့"

လုဟွမ်က သူ့ဖုန်းကို ပေးလိုက်သည်။

စုရှီ ထိုင်ခုံကိုဆွဲကာ ထိုင်လိုက်သည်။ လုဟွမ် အော်ဒါတင်ထားတာတွေကို ကြည့်လိုက်တော့ သူ တကယ် အသုံးကြီးမှန်း သိလိုက်ရ၏။ Taobaoတွင် ကုလားကာများနှင့် ရေခဲသေတ္တာများကို ဝယ်ယူရုံသာမက ဓားများ၊ လှံများနှင့် သံဓားရှည်များကိုလည်း ဝယ်ယူခဲ့သည်။ ထို့အပြင် သူသည် ဈေးဝယ်လှည်းတွင် အမွေးပွအရုပ်များကိုလည်း ထည့်ထားသည်။

အဲတာနဲ့ မနေနိုင်ဘဲ မေးလိုက်ရ၏။

"ဒါတွေကို ရှင်ဘာလို့ဝယ်ခဲ့တာလဲ"

လုဟွမ်က

"သိုင်းဆက်မကျင့်ဘဲ နေလို့မရဘူးလေ"

စုရှီ: "အရုပ်တွေကို ပြောဝာာ"

လုဟွမ် တစ်ချက်တန့်သွားပြီး သူ့ကိုကြည့်သည်။

"မင်းကြိုက်မယ်လို့ ထင်လို့"

စုရှီမှာ ရယ်ရမလား ငိုရမလားမသိပေမယ့် ရင်ထဲထိသွားသည်။

လုဟွမ် ဖုန်းဘယ်လိုသုံးရမလဲဆိုတာက တဖြည်းဖြည်းချင်းနဲ့ ခက်လာလေပြီ။

Taobaoကို အသုံးပြုရတာ လွယ်ကူတယ်လို့ သူက ပြောပေမယ့် ဒီဝတ္ထုပစ္စည်းတွေနဲ့ တစ်ခါမှ မထိတွေ့ဖူးသေးတဲ့ သူ့အတွက်ကတော့ အနည်းငယ် ခက်ခဲနေသေးသည်။

သူက သူ့ကိုယ်ပိုင်ကမ္ဘာထဲသို့ ပေါင်းစည်းရန် ကြိုးစားနေခဲ့သည်။

ထို့ကြောင့် သူဝယ်ထားသော အမွေးပွအရုပ်များကို စုရှီ သိပ်စိတ်မဝင်စားသော်လည်း သူ့ကိုတော့ သဘောကျလိမ့်မည်။

"ရှင် ထင်တာ မှန်တယ်။ ကျွန်မ အဲတာတွေကို အရမ်းကြိုက်တာ"

စုရှီပြုံးလိုက်သည်။

လုဟွမ် သက်ပြင်းတစ်ချက်ချ လိုက်သည်။ သူ့မျက်လုံးတွေထဲမှာ တိုက်ခန်း ဝယ်ပေးတုန်းကလိုပဲ ဂုဏ်ယူဝင့်ကြွားတဲ့ အမူအရာတွေ ပေါ်လာ၏။ သူ့ပါးစပ်ထောင့်များက အနည်းငယ် ကွေးတက်လာကာ ဂုဏ်ယူနေတဲ့ပုံစံဖြင့်

“ကိုယ်သိပါတယ်”

ဂုဏ်မောက်နေတာပေါ့!

စုရှီမှာ ရယ်ချင်တာကိုအောင့်ကာ သူ့လည်ပင်းကို ရုတ်တရက်ကြည့်လိုက်သည်။

"ဒီကိုလာ"

ကံကောင်းဝာာက လုဟွမ်ရဲ့ခါးက တော်တော်သန်လို့ပင်။ မဟုတ်ရင် စုရှီကြောင့် နာနေရလိမ့်မည်။ ခါးနည်းနည်းကုန်းပေးလိုက်တော့ စုရှီက သူ့ဘယ်ဘက်ပါးကို နမ်းလိုက်၏။

လုဟွမ်၏ မျက်လုံးများ ပြူးကျယ်လာပြီး နားရွက်များက ချက်ချင်း နီရဲလာသည်။ သူ့မျက်လုံးတွေက တောက်ပနေ၏။ သူက ဖုန်းကို အမြန်ယူလိုက်ပြီး နောက်ထပ် အော်ဒါတွေ ထပ်တင်လိုက်သည်။ ထို့နောက် သူသည် တစ်ဖက်ကိုလှည့်ကာ စကားမပြောဘဲ စုရှီဆီ ညာဘက်ပါးကို ထိုးပေးလိုက်သည်။

စုရှီ "သွားစမ်းပါနော်"

ဒီလို ပြီးပြည့်စုံတဲ့ ယောက်ျားချောချောလေးရှိနေမှတော့ ဘယ်သူက အသက်မပါတဲ့ ဘာဘီရုပ်ကို လိုချင်ဦးမှာလဲ။

နှစ်ယောက်သား စကားစမြည်ပြောရင်း ရုတ်တရက် တစ်ယောက်ယောက် ရောက်လာသည်။ စုရှီ ရင်တုန်သွားပြီး လုဟွမ်ကို အမြန်တွန်းထုတ်လိုက်သည်။

ဝင်လာသူမှာ ဂါဝန်ရှည် ၀တ်ထားသော မိန်းကလေးဖြစ်သည်။ သူ့အကြည့်တွေက လူရှိပြီးသား အောက်ထပ်နှစ်ထပ်ပေါ် ရောက်သွားပြီး မကျေနပ်စွာ မျက်မှောင်ကြုတ်လိုက်သည်။

စုရှီ စာရင်းသွင်းသောအခါတွင် ကျောင်းအုပ်ဆရာမထံမှ အဆောင်လူစာရင်းကို တွေ့လိုက်ရသည်။ 506 တွင် လူလေးဦး ရှိသည်။ သုံးယောက်က အတန်းထဲမှဖြစ်ပြီး ကျန်တစ်ဦးမှာ အခြားအတန်းမှ ဖြစ်သည်။ လူဦးရေ မဂဏန်းဖြစ်နေသဖြင့် အခန်းခွဲ ရန် အခက်ဖြစ်နေကြရာ အိပ်ဆောင်တွင် နေသည့် အတိုင်းသာ အခန်းခွဲ လိုက်ကြသည်။

စုရှီက သူ့ကို နှုတ်ဆက်လိုက်သည်။

"ဟယ်လို ငါ့နာမည်က စုရှီပါ"

ကောင်မလေးက ခေါင်းညိတ်သည်။

"ဟယ်လို ငါ့နာမည်ကတော့ ယွီဖေ့တဲ့"

လုဟွမ်က အိပ်ရာပြင်ပေးပြီး ခြင်ထောင် ထောင်ပေးထားသည်။ အခုက နွေရာသီနှောင်းပိုင်း ရောက်နေပြီး ဆောင်းဦးပေါက်နေပြီလေ။ စုရှီက နေ့လယ်ဘက် ကျောင်းကထွက်ဖို့ အရမ်းပျင်းနေပြီး အဆောင်မှာ တစ်ရေး လာအိပ်ချင်ရင် ခြင်ထောင်နဲ့ဆို ပိုအဆင်ပြေလိမ့်မည်။ အပေါ်ထပ်က မျက်နှာကျက်နဲ့ နီးပြီး သူက အရပ်ရှည်တာမလို့ ထိုင်ရတာ နည်းနည်းအဆင်မပြေပေ။ အဲတာကြောင့် ကုတင်ပြင်ပေးပြီးတာနဲ့ ခုန်ချ လိုက်ဝောာ့၏။

ယွီဖေ့ရဲ့ မျက်လုံးတွေ တောက်ပလာပြီး သူ့ကို ထိုကောင်လေးက ချက်ချင်း ဆွဲဆောင်သွားသည်။ ဒီလို လူစုတ်တွေ ပေါတဲ့ကျောင်းမှာ ဒီလောက်ချောတဲ့ ကောင်လေးကို သူမမြင်ဖူးခဲ့ချေ။

"နင့်အစ်ကိုလား"

ယွီဖေ့က မနေနိုင်ဘဲ စုရှီကို မေးလိုက်၏။

စုရှီက ပြုံးပြီး

"သူက ငါ့အတန်းဖော်ပါ"

ယွီဖေ့ရဲ့မျက်နှာမှာ ချက်ချင်း ပိုရွှင်လာ၏။

"ကျောင်းသားသစ်လား။ မဟုတ်ရင် ကျွန် မရှင့်ကို မမှတ်မိစရာ အကြောင်းမှမရှိတာ"

သူ့ပုံစံက တကယ်အူမြူးနေပုံပင်။

စုရှီ တွေးလိုက်မိသည်က

'မဖြစ်ဘူး။ သူငါ့ကလေးကို စိတ်ဝင်စားနေတာလား"

လုဟွမ်က စုရှီရဲ့ အဖြေကို မကျေနပ်ဘဲ အမှန်ပြန်‌ပြင်ပေးလိုက်၏။

"ကောင်လေးပါ"

ယွီဖေ့ရဲ့ အပြုံးတွေဟာ ရုတ်တရက် အေးစက်သွား၏။

လုဟွမ်လည်း ယွီဖေ့ကို တစ်ချက် ကြည့်လိုက်သည်။ ယွီဖေ့က စုရှီရဲ့အာရုံကို စွဲဆောင်နိုင်တဲ့ မိန်းကလေး မဟုတ်ကြောင်းနှင့် သာမန်ရုပ်ရည်ပဲလို့ ယူဆလို့ရသဖြင့် သူ စိတ်အေးသွားမိသည်။ သူက စုရှီရဲ့ ရေဘူးကို ယူကာ ရေသွားထည့်မလို့ ထွက်သွား၏။

အဆောင်တံခါးက ထွက်သွားပေမယ့် ယွီဖေ့ကတော့ သူ့နောက်ကျောကို လှမ်းကြည့်နေဆဲပင်။

စုရှီ ဒါကို မြင်တော့ သက်ပြင်းချမိသည်။

'သွားပြီပဲ'

လုဟွမ် ဆံပင်ရှည်တုန်းကဆို အချိန်ပြည့် ဦးထုပ်ဆောင်းထားရတာမလို့ သူများတွေက သူ့မျက်နှာကို မမြင်ကြပေ။ သို့သော် စုရှီ သူ့ကို ဆံပင်ညှပ်ပေးပြီးတည်းက ဦးထုပ် မဆောင်းရတော့တာမလို့ မယုံနိုင်စရာ‌ ရုပ်ချောချောလေးက ပေါ်လာလေသည်။ သူသာ သူ့ကျောင်းမှာ လာတက်မယ်ဆိုရင် မိန်းကလေး ဘယ်နှစ်ယောက်လောက် ရည်းစားစာ လာပေးကြမလဲ မသိပေ။

'ဒုက္ခပဲ'

စုရှီရဲ့ ဖုန်းမြည် လာလေသည်။ မိခင်စုက အောက်ထပ်မှ ဈေးဝယ်ပြီး အကုန်မသယ်နိုင်တာမလို့ ဆင်းလာပြီး သယ်ခိုင်းတာဖြစ်၏။ ယွီဖေ့ကို ပြောကာ အောက်ဆင်းလိုက်သည်။

ခဏကြာတော့ လုဟွမ်က ရေနွေးဘူးနှစ်ဘူးဖြင့် ပြန်လာသည်။ စုရှီရဲ့ ခရီးဆောင်အိတ်ထဲက အဝတ်စုတ်ကိုတွေ့ပြီး ဘေစင်မှာ ရေသွားစွတ်လိုက်သည်။ ရေစွတ်ပြီးတော့ စုရှီရဲ့ စားပွဲနဲ့ထိုင်ခုံပေါ်က ဖုန်တွေကို သုတ်လိုက်၏။

ယွီဖေ့က သူ့ကိုကြည့်နေတာများ အိတ်ထဲကပစ္စည်းတွေတောင် မထုတ်ရသေးပေ။ သူနဲ့ စကားပြောချင်ပေမယ့် ဘယ်က စပြောရမှန်းမသိ။

သူ့ကို အကြာကြီး စိုက်ကြည့်နေပြီးနောက် ယွီဖေ့ရဲ့ ပါးတွေ နီရဲလာသည်။

သူက ချိုချိုသာသာဖြင့်

"ရေသွားယူတဲ့နေရာမှာ လူတွေများလား"

လုဟွမ်က သူ့ကိုပြောနေမှန်းမသိပေ။ မော့ကြည့်လိုက်တော့ အဆောင်ထဲမှာလဲ သူတို့နှစ်ယောက်ပဲ ရှိသည်။

"သိပ်မများဘူး"

"ရှင့်နာမည်ဘယ်လိုခေါ်လဲ"

လုဟွမ်ကို မျက်မှောင်ကြုတ်ပြီး သူ့ကို မသိချင်ယောင်ဆောင် လိုက်သည်။

ယွီဖေ့က

"လူချောလေး၊ ကျွန်မအိတ် အောက်ထပ်မှာ ကျန်သေးတယ်။ အရမ်းလေးလို့ မသယ်ရသေးဘူး။ ကျွန်မကိုကူသယ်ပေးပါလား"

စုရှီက သူ့အမေဝယ်ပေးတဲ့ ကြမ်းတိုက်တံနဲ့ တံမြက်စည်းကို ကိုင်လာသည်။ တံခါးကိုဖွင့်လိုက်တော့ ဒီအသံကို ကြားလိုက်ရ၏။ ချက်ချင်းဆိုသလို မိန်းကလေးတစ်ယောက်ရဲ့ ဆဌမအာရုံအရ သူ့အခန်းဖော်အသစ်က လုဟွမ်ကို ကြိုက်နေကြောင်း သိလိုက်၏။ စုရှီ ချက်ချင်း စိတ်မကြည်သလို ဖြစ်သွားသည်။

သို့သော် ကျိုက်ကျိုက်က ဒါကို မခံစားနိုင်ပေ။ တကယ်တော့ အခုခေတ်မိန်းကလေးတွေဟာ ရှေးခေတ်မိန်းကလေးတွေနဲ့ အလွန်ကွာသည်။ ရှေးခေတ်မိန်းကလေးတွေက အလွန်ရှက်တတ်ကြပေမယ့် အခုခေတ် မိန်းကလေးတွေမှာတော့ နီးနီးကပ်ကပ်ပြီး သူတို့ရဲ့ခံစားချက်တွေကို ဖော်ပြကြသည်။

သူလဲ မပြောတတ်တာကြောင့်ဘဲ ဒါကို လက်ခံလိုက်မိသည်။

စုရှီ သူ့ကိုယ်သူ စိတ်ပျော့သလို ခံစားမိသည်။ ပစ္စည်းလေး သယ်ပေးတာက ဘာမှမဖြစ်ပေ။ မိန်းကလေးတွေ ဆိုတာ အားနည်းသည်။ ကျိုက်ကျိုက်က တစ်ခြားသူတွေအပေါ်ဆိုလဲ သဘောကောင်းတာပဲကို မနာလိုဖြစ်စရာ ဘာရှိလို့လဲ။

ငါကရော ဘာလို့ အထဲဝင်ပြီး ယွီဖေ့ကို ပစ္စည်း ကူသယ်ပေးလိုက်လို့ မပြောရတာလဲ။

လုဟွမ်က ဖြည်းဖြည်းချင်း ခေါင်းမော့လာပြီး ယွီဖေ့ကို တစ်ချက်ကြည့်လိုက်တဲ့အချိန် စုရှီက တံခါးကို တွန်းဖွင့်ဝင်လာသည်။

"မင်းမှာ ခြေလက် မပါဘူးလား"

စုရှီ "...."

ယွီဖေ့ "...."

စုရှီတစ်ယောက် သူမှားသွားကြောင်း တွေးမိတော့၏။ ဘယ်လိုတွေ တွေးနေခဲ့မိပါလိမ့်။ လုဟွမ်က တစ်ခြားသူတွေကို သဘောကောင်းတယ်လို့ သူထင်ခဲ့မိသည်။

ယွီဖေ့ရဲ့ မျက်နှာမှာ ပြာသွားပြီး ဖြူစုပ်လာလေသည်။ သူ့ခရီးဆောင်အိတ်ကို ကုတင်ပေါ်ပစ်ချကာ တံခါးအပြင်ဘက် ပြေးထွက်သွားတော့၏။

စုရှီမှာလဲ နင်သွားတော့သည်။ ကျိုက်ကျိုက်ကို မမုန်းခဲ့တာ တော်ရော့မည်။ သူ့ကိုဘာလို့များ သဘောကျနေသေးရတာပါလိမ့်နော်။

တုန်တုန်ယင်ယင်ဖြင့် လမ်းလျှောက်လာပြီး လုဟွမ်ကို လှမ်းကြည့်လိုက်သည်။ 1.85မီတာရှည်တဲ့ ကောင်လေးဟာ ထိုင်ခုံပေါ်မှာ ထိုင်နေလေသည်။ သူ့ကိုလဲမြင်ရော ချက်ချင်းထလာပြီး ချီးကျူးစကား ပြောစေချင်သလိုမျိုး မျက်လုံးတွေဟာ အရောင်လဲ့နေသည်။

"စားပွဲကော ထိုင်ခုံကော အကုန်သုတ်ပြီးပြီ"

စုရှီက သူမတ်တပ်ရပ်နေတဲ့ပုံက နည်းနည်းထူးဆန်းနေတယ်လို့ ထင်မိသည်။ စုရှီကို မျက်နှာချင်း မဆိုင်ထားဘဲ ဘေးစောင်းကြီး ရပ်နေလေသည်။

စုရှီက

"လုဟွမ် ဘာလို့ဘေးစောင်းကြီး ရပ်နေတာလဲ။ တော်ပြီ ထပ်မနမ်းတော့ဘူး။ စိတ်တောင်မကူးနဲ့"

လုဟွမ်သည် စုရှီကို ဖျတ်ခနဲကြည့်ကာ အနည်းငယ် စိတ်ပျက်သွားသည်။ ဒါဆို သူက တစ်ခါပဲ ပါးကို နမ်းတာလား။

မိခင်စုက လာခါနီးဆိုတော့ လုဟွမ် မနေချင်တော့။ သူက စုရှီ အတွက် ကြမ်းပြင်ကို ခပ်မြန်မြန် သုတ်လိုက်ပြီး စင်္ကြံတစ်ဖက်ကနေ အောက်ထပ်ကို ဆင်းလိုက်သည်။

စုရှီရဲ့အမေ ဝင်လာသောအခါ အံ့ဩသွားခဲ့သည်။ သူ ဈေးဝယ်တာ နာရီဝက်တောင်မပြည့်သေးပေမယ့် စုရှီက အိပ်ယာပြင်ထားပြီး အဝတ်အစားတွေကို သပ်သပ်ရပ်ရပ်လုပ်ထား၊ စားပွဲနဲ့ ကုလားထိုင်တွေကို သုတ်ထားပြီး ဘေစင်ကိုတောင် ဆေးထားပြီးပြီ။

မိခင်စုက အလွန်ဝမ်းသာပီတိ ဖြစ်နေသည်။ စုရှီသည် နောက်ဆုံးတွင် အိမ်မှုကိစ္စများကို တာဝန်ယူနိုင်လာပြီဟု သူ ခံစားမိသည်။ တစ်ဖက်တွင် စုရှီကတော့ အပြစ်ရှိသလို ခံစားလိုက်ရ၏။

မိခင်စုကက သူ့ကို မှာကြားပြီး ထွက်သွားသည်။ ဒီလိုနဲ့ပဲ ကျောင်းသန့်ရှင်းရေး ပထမဆုံးနေ့ကို ကုန်ဆုံးခဲ့သည်။ ကျောင်းစတက်သည့်နှစ်ရက်သည် စာရင်းသွင်းရန်သာ ဖြစ်ပြီး အတန်းမရှိပေ။ ထို့ကြောင့် စုရှီနှင့် လုဟွမ်တို့သည် ပရိဘောဂဈေးနှင့် စူပါမားကတ်ကြီးများသို့ အတူသွားကာ တိုက်ခန်းရှိ လိုအပ်နေသော ပစ္စည်းများကို ဝယ်ယူခဲ့သည်။ တိုက်ခန်းတွင် အခန်းနှစ်ခန်းရှိပြီး၊ သူ့အတွက်တစ်ခန်းနှင့် လုဟွမ်အတွက် အခန်းတစ်ခန်းရှိသည်။ သူတို့ နှစ်ယောက် အလုပ်တွေ အရမ်းရှုပ်နေပေမယ့် သူတို့ဘဝတွေက အရမ်းပြည့်စုံနေ၏။

ဒါတွေအကုန်ပြီးသွားတော့ စုရှီက မျက်နှာဝိုင်းဝိုင်းကြီးနဲ့ အညိုရောင် တက်ဘီကြောင်တစ်ကောင်ကို မှာလိုက်သည်။ လဝက်အတွင်း ကာကွယ်ဆေးထိုးပြီးနောက် ကြောင်လာပို့တာကို စိတ်လှုပ်ရှားစွာ စောင့်နေ၏။

စက်တင်ဘာလ (၅)ရက်နေ့တွင် အတန်းအား တရားဝင်စတင်ဖွင့်လှစ်ခဲ့သည်။

လုဟွမ်သည် ကျောင်းမပြောင်းမီက လူမှုဖူလုံရေးအိမ်တွင် ကြီးပြင်းခဲ့သည်။ ထို့ကြောင့် အတန်းပိုင်ဆရာမက ထိုခပ်ချောချော လူငယ်လေးကို သနားစာနာခဲ့သည်။ သူ့အတွက် ထောက်ပံ့ကြေးတွေတောင် လျှောက်ထားချင်သေး၏။ လုဟွမ်က ယဉ်ယဉ်ကျေးကျေးငြင်းဆိုလိုက်တော့ အတန်းပိုင်ဆရာမက လက်လျှော့လိုက်သည်။ ထို့အတွက်ကြောင့် လုဟွမ်သည် စုရှီနှင့် အတူထိုင်ဖို့ တောင်းဆိုခဲ့သည်။ အတန်းပိုင်ဆရာမက မဆိုင်းမတွ သဘောတူသည်။ သူက ဒီမြို့မှာ စုရှီကိုသာ သိသည်ဟု ပြောသည်။ ဒီကလေးရဲ့ စကားကိုကြားတော့ အတန်းပိုင်ဆရာမမှာ ‌ဝမ်းနည်းသွား၏။

လုဟွမ်က ကျောင်းပြောင်းမယ်လို့ ဟောက်ကျင်းချွမ်နဲ့ ကုချင်ကို ပြောထားပြီးသားဆိုတော့ သူတို့နှစ်ယောက် သိပ်အံ့သြမနေကြပေ။

သို့သော် သူတို့သုံးယောက် မျှော်လင့်ထားသည့်အတိုင်း လုဟွမ်အတန်းထဲသို့ ဝင်လာသည့်နေ့တွင် သူတို့အတန်းသည် ချက်ချင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

အရပ် ၁.၈၅ မီတာရှိတဲ့ ကောင်ချောလေး။

ဟောက်ကျင်းချွမ်ထက်တောင် ပိုချောတယ်။

အတန်းထဲက လူတွေမှာ အရမ်းစိတ်လှုပ်ရှားသွားကြသည်။ တိရစ္ဆာန်ရုံထဲမှာ ရှားပါးတိရစ္ဆာန်တစ်ကောင်ကို တွေ့လိုက်ရသလိုပဲ သူတို့အားလုံး လုဟွမ်နားမှာ စုရုံးရောက်ရှိလာကြသည်။ မိန်းကလေးတွေရဲ့ တုံ့ပြန်မှုကတော့ အသိသာကြီးပင်။ နောက်နေ့ကျတော့ သူတို့အားလုံး အကုန်အတူတူ ခေါင်းလျှော်လာကြ၏။

စုရှီမှာ ဆွံ့အသွားတော့သည်။

စိတ်တိုလိုက်တာ။

အတန်းထဲက ကောင်မလေးတွေအားလုံးက စုရှီကို အရမ်းမနာလို ဖြစ်နေကြသည်။ ကျောင်းစတက်သည်နှင့် ကျောင်းသားတစ်ယောက်၏ ဘေးတွင် သူထိုင်နေနိုင်တာလေ။

လုဟွမ် ဒါကို အခုမှ သင်ဖူးတာ ဖြစ်လို့ အကျွမ်းတဝင်ဖြစ်ဖို့ နည်းနည်းခက်ခဲနေသည်။ အထူးသဖြင့် သင်္ချာဘာသာ တွင်ပင်။ ထိုသို့ ဆိုသော်လည်း လုဟွမ် လုံးဝ မသိခဲ့သည့် သင်္ချာအထူးသင်္ကေတများ ပါဝင်သော ကိန်းဂဏန်းဆိုင်ရာသင်္ချာ၏သင်ခန်းစာ ၉ ခုကို လေ့လာပြီးနေလေပြီ။ အခြေခံ မှ စတင်သင်ယူ ရသဖြင့် သူ့အတွက် အတော်လေး ခက်ခဲနေခဲ့သေးသည်။ အင်္ဂလိပ်စာကိုတော့ သူ့ဟာသူ လေ့ကျင့် သင်ယူထားပြီးပြီ။ အခြေခံမှ စသင်ယူရသည့် အင်္ဂလိပ်စကားပြောထက်စာလျှင် အခြားသော ဘာသာရပ်များကို အခြေခံလောက်တော့ လေ့လာပြီးသား ဖြစ်နေပြီ။ သမိုင်းနှင့် ပထဝီ အတွက်ကတော့ လုဟွမ် အမြန်ပဲ လေ့လာလိုက်နိုင်သည်။ အမြန်ဆုံး သင်ယူနိုင်ခဲ့သည်ကတော့ ဘာသာစကား ဖြစ်လေသည်။

ဘာသာစကားဆရာမက နိုင်ငံရေးပေါ်လစီများကို စံနမူနာများ သုံးကာ အကိုးအကားဖြင့် လုဟွမ် ဖြေဆိုနိုင်သည်ကို တွေ့ရှိသွားသည်။ ထို့ကြောင့် ဆရာမသည် လုဟွမ်ကို ရတနာတစ်ခုရှာတွေ့သလို ချစ်မြတ်နိုးလေသည်။

ကျောင်းစတက်ပြီး တစ်ပတ်အကြာတွင် လုဟွမ်သည် ကျောင်းနေထိုင်မှုပုံစံနှင့် လိုက်လျောညီထွေဖြစ်အောင် တတ်နိုင်သမျှ ပြုပြင်ပြောင်းလဲနေခဲ့ရသည်။

အတန်းပြီးသွားတော့ စုရှီက စားပွဲပေါ်မှီပြီး မေးလိုက်သည်။

"ဘယ်လိုနေလဲ"

စားပွဲပေါ် အိပ်ငိုက်နေတဲ့ ကျောင်းသားလေးတွေနဲ့စာရင် လုဟွမ်က အားအင်ပြည့်ဝနေသည်။ သူက

"ဒီမှာ အာဏာတွေ အဆင့်အတန်းတွေ မရှိဘူး။ လိမ်ညာလှည့်စားတာလောက်ပဲ။ ကောင်းတယ်လို့ ထင်ပါတယ်"

ယန်တိုင်းပြည်မှာဆို ဘယ်သူကပဲဖြစ်ဖြစ် သူနဲ့မိတ်ဆွေလာဖွဲ့ချင်တယ်ဆို အနည်းနဲ့အများ ရည်ရွယ်ချက်တော့ရှိကြသည်။ ချန်ကုန်းဝူနဲ့ တစ်ခြားသူတွေက သူ့ဆီကနေ အကာအကွယ်ရဖို့ မျှော်လင့်ချက်နဲ့ရောက်လာပြီး ဝမ်စန်း၊ ချန်ကျန်း၊ ကန်ဖိန်နဲ့ တစ်ခြားသူတွေကတော့ သူ့ဆီက အကျိုးအမြတ်ရဖို့ မျှော်လင့်ချက်ဖြင့် လာပူးပေါင်းကြသည်။ စစ်တပ်ရေးရာဝန်ကြီးနဲ့ တစ်ခြားသူတွေကိုတော့ ပြောစရာကိုမလိုပေ။ အုပ်ချုပ်သူတစ်ယောက်နဲ့ သူ့လက်အောက်ငယ်သားတွေလို ကွာခြားချက်မျိုး ရှိနေသည်။ သို့သော် ဒီ၁၇၊ ၁၈ဝန်းကျင် ကျောင်းသားလေးတွေကတော့ ဖြူစင်လွန်းလို့ လုဟွမ်တောင် မယုံနိုင်ပေ။

တစ်ချို့ကတော့ သူရုပ်ချောလို့ ရင်းနှီးချင်ကြပြီး တစ်ချို့ကတော့ သူ့အိမ်စာတွေကူးချင်လို့ဖြစ်ကာ တစ်ချို့ဆို ပိုလို့တောင် ဖြူစင်ကြသေးသည်။

လူများကြားတွင် သာလွန်မှုနဲ့ သိမ်ငယ်မှု ကွဲပြားခြင်းမရှိသလို သူတို့ကို အတူတူ ချည်နှောင်ထားမဲ့ အကျိုးစီးပွားမျိုးလဲ မရှိပေ။

လွတ်လပ်ပြီး တန်းတူဆက်ဆံကြသည်။

စုရှီကပြုံးပြီး လုဟွမ်အတွက် ရင်ထဲမှာဝမ်းသာမိသွားသည်။ အရင်ကဆို လုဟွမ် သူ့ကြောင့် ဒီကမ္ဘာကိုရောက်လာလို့ စိတ်လှုပ်ရှားနေပြီး ဒီကမ္ဘာကြီးမှာ အထင်ကြီးစရာဘာမှမရှိဘူးလို့ တွေးမိသည်။ အခုတော့ သူ့အပြင် လုဟွမ်မှာ ဒီကမ္ဘာကြီးထဲ အသုံးဝင်တဲ့အရာလေးတွေ လုပ်လို့ရနေသည်ပင်။

စုရှီက

"ကျောင်းတက်တာ တစ်ပတ်တောင်ရှိပြီ။ အိမ်မှာ ဟော့ပေါ့စားရအောင်လို့ ဟောက်ကျင်းချွမ်နဲ့ ကုချင်ကို ခေါ်ရအောင်"

လုဟွမ်က ပြုံးပြီး

"ဟုတ်ပြီ"

လုဟွမ်ကြောင့် အရင်က လူသုံးယောက်အဖွဲ့ကနေ လူလေးယောက်အဖွဲ့ဖြစ်လာသည်။ ကုချင်မှာတော့ ဒါကြောင့် အရမ်းပျော်နေလေ၏။ သူ့ကြောင့်သာ မဟုတ်ရင် ရုပ်ချောချောကောင်လေးတွေကို တစ်နေကုန်ကြည့်ကောင်းနေမှာ ဖြစ်သည်။ ဒါပေမယ့် ဟောက်ကျင်းချွမ်ကတော့ မပျော်ပေ။ အမြဲတမ်း သူ့သူငယ်ချင်းတွေက လုဟွမ်ဘက်ပါနေသလို ခံစားနေရသည်။

လုဟွမ်က သူတို့ကိုသော့ကတ်ပေးပြီး စုရှီနဲ့အတူ စူပါမားကတ်မှာ ဟော့ပေါ့အတွက် လိုအပ်တဲ့ အဆာပလာတွေ သွားဝယ်ကြသည်။

ဟောက်ကျင်းချွမ်နဲ့ ကုချင်မှာ သော့ကတ်နဲ့ တိုက်ခန်းထဲ ဝင်လာကြသည်။ တိုက်ခန်းကို လှည့်ပတ်ကြည့်ရှုပြီးနောက် ဟောက်ကျင်းချွမ်က

"လုဟွမ်က သူဌေးပေါက်စလေးလို့ ငါအမြဲထင်နေခဲ့တာ။ ဒီတိုက်ခန်းကို ငှားမယ်ဆိုရင်တောင် တစ်လကို ငွေအများကြီး ပေးရမှာမလား။ အဲအပြင် သူက နေ့ကျောင်းတက်နေရတာလေ။ အဲတာကို သူက အဆောင်မှာမနေဘဲ အပြင်မှာ တိုက်ခန်းငှားနေနေတယ်ပေါ့"

ကုချင်က အိပ်ခန်းတစ်ခန်းရဲ့ တံခါးလက်ကိုင်ကို ဖွင့်မရမှန်း သိလိုက်သည်။

"တိုက်ခန်းကို နောက်တစ်ယောက်နဲ့ ငှားနေနေတာလား။ ရေချိုးခန်းထဲမှာ မိန်းကလေးပစ္စည်းတွေ တွေ့လို့"

ဟောက်ကျင်းချွမ်က ကုချင်လောက် မတွေးတတ်ဘဲ

"သူ့အမျိုးပစ္စည်းတွေ နေမှာပေါ့"

နှစ်ယောက်သား တီဗွီဖွင့်ပြီး ပျင်းပျင်းနဲ့ စုရှီနဲ့လုဟွမ် ပြန်လာမှာကို စောင့်နေလိုက်သည်။

စူပါမားကတ်ထဲတွင်။

လုဟွမ်က လှည်းကိုတွန်းပြီး ပါဝင်ပစ္စည်းတွေကို ထည့်လိုက်သည်။ စုရှီက သူ့အနားလျှောက်လာပြီး နောက်ဆုံးထွက် Fruit TV စီးရီးကိုကြည့်ဖို့ သူ့ဖုန်းကိုဖွင့်လိုက်သည်။

လုဟွမ်မှာ မနေနိုင်ဘဲ သူ့လက်ကို ကိုင်ထားလိုက်ရသည်။

စုရှီက လမ်းကို ကြည့်ဖို့မလိုတော့လို့ အရမ်းပျော်သွားသည်။ဒီလိုမျိုးသာ သူ့အမေနဲ့သွားရင် သူ့ဖုန်းကို သေချာပေါက် လွှတ်ပစ်လိမ့်မည်။ ရည်းစားထားရတာ တယ်ကောင်းသကိုး။

လုဟွမ် သူ့ဖုန်းကိုလှမ်းကြည့်လိုက်တော့ နောက်ထပ် အချစ်အမုန်း အိုင်ဒေါဒရာမာကားကို တွေ့လိုက်ရပြန်သည်။

သူ့မှာ အံ့ဩသွားပြီး

"ဇာတ်ညွှန်းရေးဆရာက ဘာလို့ဒီလိုမျိုး ရေး‌ရတာလဲ"

သူက ဒီကမ္ဘာထဲ ရောက်လာတာကြောင့် သူ့မှာမေးစရာမေးခွန်းတွေ များနေသည်။ စုရှီကလဲ အတည်ပေါက်ပြန်ဖြေပေးသည်။

စုရှီက မော့ကြည့်လာပြီး

"ဘာပြောဝာာလဲ။ ဒါကဘယ်လိုဖြစ်နေလို့လဲ"

လုဟွမ်က လက်ညိုးထိုးပြပြီး

"ဒီလူက ဒီတစ်ယောက်ကို ချစ်တယ်လို့ ပြောတယ်မလား။ အဲတာဆို နားလည်မှုလေးလွဲတာကို ဘာလို့ထွက်ပြေးသွားရတာလဲ"

စုရှီ ရယ်ချင်သွားသည်။

"အဲလိုမဟုတ်ရင် ဘယ်လိုလုပ် ဇာတ်ရှိန်တက်မှာလဲ"

လုဟွမ် ခေါင်းခါလိုက်သည်။

"ကိုယ်ကငယ်ငယ်တည်းက တစ်ယောက်တည်းနေလာတာ။ ရှောင်ရှီက ကိုယ့်ရဲ့တစ်ဦးတည်းသော မိတ်ဆွေ၊ မိသားစု၊ ပြီးတော့ ကိုယ်တန်ဖိုးအထားရဆုံးချစ်သူပဲ။ ကိုယ်သာဆို မင်းကိုချစ်ပြီး မင်းအနားနေရဖို့ အကောင်းဆုံးလုပ်မယ်၊ မင်းကို ပိုကောင်းကောင်းဆက်ဆံမယ်။ ဒါပေမယ့် ဇာတ်ကားတွေထဲမှာဆို အထင်လွဲတာတွေ ဘာလို့များနေရတာလဲ။ ဘာလို့ယောင်္ကျားနဲ့ မိန်းမက ဒီလိုလွယ်လွယ်လေး ခွဲနိုင်ကြပြီး လူအများကြီးကြားမှာ ရှောင်နိုင်နေရတာလဲ"

တကယ်လို့ ဒီလိုပြောတာ တစ်ခြားသူသာဆို စုရှီက သူယုံကြည်မှုလွန်ကဲနေတယ်လို့ ထင်မိလိမ့်မည်။ ဒါပေမယ့် လုဟွမ်က ပြောတာမလို့ စုရှီဟာ စကားလုံးတိုင်းက သူ့နှလုံးသားထဲမှ လာမှန်းသိလိုက်သည်။

သူနဲ့ အချိန်အတော်ကြာ နေလာပြီးနောက်မှာ ကျိုက်ကျိုက်က တော်တော်ခေါင်းမာတဲ့သူမှန်း သိလိုက်ရသည်။

သူက ဇာတ်ကားထဲက ဇာတ်ဆောင်တွေကို သေချာကြည့်ပြီး လှောင်နေ၏။ စုရှီမှာ သူ့ကိုကြည့်ကာ ပျော်နေလေသည်။ အဲတာနဲ့ မနေနိုင်တော့ဘဲ ခြေဖျားထောက်ကာ ဆုအနေနဲ့ သူ့ညာဘက်ပါးအား နမ်းလိုက်လေသည်။

လုံးဝအဓိပ္ပာယ်မရှိဘူး။ ဘာလို့ဆို ရှင်က သူတို့ထက် ပိုသာလို့။

လုဟွမ်ရဲ့ လည်စလုပ် လှုပ်ခတ်သွားသည်။ ဒီလိုစကားပြောလိုက်လို့ အနမ်းခံရမယ်ဆိုတာ တွေးတောင်မတွေးထားခဲ့ပေ။ အဲတာကြောင့် ပါးစပ်ဟပြီး ထပ်ပြောမလို့လုပ်လိုက်‌သည်။ စုရှီမှာ ဇဝေဇဝါဖြစ်နေသည်။

"ဒီကောင်အရမ်းလွန်နေပြီမလား"

စုရှီက သူ့ပါးစပ်ကို ပိတ်ကာ ဒေါသသံဖြင့်

"စကားများမနေနဲ့။ လမ်းသေချာကြည့် ဈေးဝယ်"

All Chapters