← Chapters

Chapter 77

Vol. 8 Ch. 77

Chapter 77

Vol. 8 Ch. 77

ဧည့်ခန်းထဲတွင် ကော်ဖီ စားပွဲတစ်ခုရှိပြီး ဟော့ပေါ့အတွက် ပါဝင်ပစ္စည်းများ အားလုံးကို တင်ထားသည်။ စုရှီက အရင်က လေးယောက်စာ ဟော့ပေါ့ကို ဝယ်ခဲ့ဖူးသည်။ သူက လျှပ်စစ်မီးကို ဖွင့်ပြီး ရေကို ဟော့ပေါ့အိုးထဲ လောင်းထည့်လိုက်သည်။ ပြီးရင်တော့ ဟော့ပေါ့အတွက် ပါဝင်ပစ္စည်းတွေကို ဖြည်းဖြည်းချင်း ထည့်လိုက်၏။

စုရှီသည် လုဟွမ်နှင့် အရင်က တစ်ခါ အတူစားဖူးသော်လည်း လုဟွမ်က ဒီလိုအစားအစာကို မစားဖူးပေ။ သူက တူကို ကိုင်ကာ ကမ္ဘာသစ်တစ်ခုကို ရှာဖွေတွေ့ရှိသွားသကဲ့သို့ စိတ်အားထက်သန်စွာ ကြည့်လိုက်သည်။ စုရှီမှာ သူ့ရဲ့ချစ်စဖွယ် အကြည့်ကြောင့် ရင်တုန်သွားပြီး အခန်းထဲပြန်ကာ အိမ်စာတောင် မလုပ်ချင်တော့ပေ။ ဒီလိုပုံနဲ့ဆို တက္ကသိုလ်ကို ဘယ်လိုရောက်နိုင်မှာလဲ။ ထို့ကြောင့် စုရှီက လုဟွမ်အား ချစ်ဖို့ကောင်းသည့် အမူအရာကို တမင်လုပ်မနေဖို့ အော်ပြောလိုက်သည်။ သူက ရှေးခေတ်တိုင်းပြည်မှ ရာစုသစ်၏ ခေတ်သစ်လူသား တစ်ဦးအဖြစ်သို့ ပြောင်းလဲသွားနိုင်လို့လား။

ထိုအချိန် စုရှီ၊ ဟောက်ကျင်းချွမ်နဲ့ ကုချင်တို့မှာ ဟော့ပေါ့အိုးကို ဝိုင်းပြီး ပါဝင်ပစ္စည်းတွေကို တစ်ခုပြီးတစ်ခု အထုပ်ဖြည် နေလေသည်။ လုဟွမ်ကတော့ မီးဖိုချောင်ထဲ ချက်ပြုတ်ဖို့သွားလေ၏။

ပြီးတော့ သူတို့ကလေးယောက်ရှိတာမလို့ တစ်ခြား အဆာပလာမပါဘဲ ဟော့ပေါ့စားမယ်ဆိုရင် ဗိုက်ထပ်ဆာနေလိမ့်မည်။

ဟောက်ကျင်းချွမ်က ငါးအသားလုံးတွေနဲ့ တို့ဟူးတွေကို ဟော့ပေါ့အိုးထဲ ထည့်လိုက်သည်။ စုရှီက မြင်တော့ သူ့လက်ကို တူနဲ့ရိုက်ချပြီး

"အရင်မချက်နဲ့ လုဟွမ် မလာသေးဘူး"

"အရင် စားရအောင်လို့၊ သူထွက်လာရင် နောက်တစ်အိုးချက်မယ်လေ"

"နင် စားပုံနဲ့ဆို လုဟွမ်ထွက်လာတာနဲ့ အကုန်ပြောင်မှာ"

ဟောက်ကျင်းချွမ်ကတော့ မကျေနပ်ပေ။

"စုရှီ ဒီရက်ပိုင်း နင်တစ်ခုခု ဖြစ်နေတယ်နော်။ ဘာလို့ အပြင်လူတွေဘက် ပါနေရတာလဲ။ နင် ညီကိုလုကို သိတာ ဘယ်လောက် ရှိသေးလို့လဲ။ ငါတို့နဲ့ သိတာရော ဘယ်လောက်ကြာပြီလဲ။ သူ့ကို ဘာလို့ ရတနာပစ္စည်းတစ်ခုလို ကာကွယ်ပေး နေရတာလဲ။ ပြောတော့ ငါတို့က ညီအစ်ကိုတွေဆို ငါ့ကို အရင်ပေးစား"

စုရှီက

"ထားလိုက်တော့၊ စားစားစား။ နင်ပြီး သေအောင်စား။ ငါ မီးဖိုချောင်ထဲ သွားကူပေးလိုက်တော့မယ်"

ဟောက်ကျင်းချွမ် ဝမ်းသာသွားသည်။ အဲတာနဲ့ သူကြိုက်တဲ့ ငါးအသားလုံးနဲ့ တို့ဟူးကို ဟော့ပေါ့အိုးထဲသို့ ထည့်လိုက်လေသည်။

လုဟွမ်လဲ ကြိုက်တတ်လို့ စုရှီက နစ်ထုပ် ဝယ်လာတာ ဖြစ်သည်။ ဟောက်ကျင်းချွမ်က အကုန်ထည့်လိုက်တော့ စုရှီ ဒေါသထွက်ပြီး မီးဖိုချောင်ထဲ ထသွားလိုက်၏။

လုဟွမ်က အေပရွန် ဝတ်နေသည်။ သူ့ကို ကြည့်လာပြီး မျက်လုံးတွေမှာ ပြုံးရယ်နေပုံပေါက်ကာ ပြောလာသည်။

"သူက ဧည့်သည်ပဲ၊ စားခိုင်းလိုက်ပါ"

ငါးအသားလုံးနဲ့ တို့ဟူးကို ညီကိုဟောက်က စားလိုက်ပေမယ့် သူကတော့ ပျော်နေသည်။

စုရှီက နောက်ကနေပြီး အေပရွတ်ကူဝတ်ပေး၏။

"ဟောက်ကျင်းချွမ်ကို အရမ်းအားနာမနေနဲ့။ အားလူးချောင်းကြော်ပဲ လုပ်လိုက်ပါ။ သူက ငယ်ငယ်တည်းက အိမ်မှာ လာစားနေကြ"

လုဟွမ်က ဟောက်ကျင်းချွမ်ကို မနာလိုဖြစ်သွားပြီး

"မင်းတို့ အိမ်မှာ နေရတာ တော်တော်ကောင်းတာကို။ ညီကိုဟောက် ခဏခဏလာတာ မထူးဆန်းတော့ပါဘူး"

တစ်ပတ်ထဲနဲ့ စုရှီဟာ လုဟွမ်ကို ဂက်စ်ဖြင့် ဘယ်လိုချက်ရမလဲဆိုတာ သင်ပေးပြီးပြီ ဖြစ်သည်။

လုဟွမ်က မင်းသားနင်းဖူဆီမှာ ကြီးပြင်းခဲ့ပြီး တစ်ခြားသူ အရင်က မလုပ်ဖူးတဲ့ အရာမှန်သမျှ လုပ်ပြီးပြီမလို့ ဟင်းချက်ရာမှာ ကျွမ်းကျင်နေပြီ ဖြစ်သည်။ သို့သော် ယန်တိုင်းပြည်မှာက ချက်ပြုတ်တဲ့အခါ ထင်းကို သုံးကြသည်။ အဲတာကြောင့် ဂက်စ်နဲ့ ချက်ပြုတ်တာဟာ သူ့ပထမဆုံးအကြိမ်သာ။ သူ ချက်ထားတဲ့ဟင်းတွေနဲ့ စုရှီ ချက်တာနဲ့ သိပ်မတူပေမယ့် နှစ်မျိုးလုံးက အရသာရှိသည်။ ဒီအပတ် နှစ်ယောက်စလုံး ကဖေးမှာ သွားမစားခဲ့ကြပေ။ ကျောင်းဆင်းတာနဲ့ ဟင်းချက် သင်ရသည်။

ပန်းကန် အားလုံးကို လုဟွမ်က ဆေးကြော ပေးလိုက်သောကြောင် စုရှီ အားတုံ့အားနာဖြစ်လျက် သူ့အား လက်သုတ်ပဝါ ကမ်းလိုက်သည်။ ဒီလို လွယ်ကူတဲ့ အိမ်အလုပ်လေးတွေကို သူ လုပ်မနေရသင့်ဘူး။

သူတို့နှစ်ဦးသည် တိုက်ခန်းတွင် သာသာယာယာ နေထိုင်ခဲ့ကြသည်။

လုဟွမ်က ဟင်းနှစ်ပွဲချက်ပြီး စုရှီက ထမင်းပန်းကန်လုံးတွေ ယူလာသည်။ ဟောက်ကျင်းချွမ်နဲ့ ကုချင်တို့ကတော့ ကော်ဖီစားပွဲဘေးမှာ ထိုင်ပြီး စားလို့သောက်ပြီးလို့ ကိုလာတောင် သောက်နေကြသည်။

သို့သော် လုဟွမ် ချက်ထားတဲ့ အမဲသားဟင်းအနံ့ကိုရတော့ ဟောက်ကျင်းချွမ် နှာခေါင်းလှုပ်လာပြီး မျက်လုံးများ အရောင်တောက်လာလေသည်။ သူက တူကိုကောက်ကိုင်လိုက်ပြီး

"ဟုတ်တယ်။ ညီကိုလုကို လက်ထပ်ရမဲ့ မိန်းကလေးကတော့ ကံကောင်းမှာပဲ"

စုရှီက ထိုင်ချပြီး သူ့တူတွေကို ခေါက်ချကာ

"စားစရာ ရှိတာစား။ နင်တစ်နေ့လုံး ပွစိပွစိပြောနေတာ"

လုဟွမ်က စုရှီဘေးမှာ တင်ပျဉ်ခွေထိုင်ပြီး အပြုံးမပျက် စိုက်ကြည့်နေ၏။

စုရှီ ရင်တွေတုန်လာပြီး မျက်နှာကျက်ပေါ် မော့ကြည့်လိုက်သည်။

ဟော့ပေါ့အိုးက အပူငွေ့တွေ ထွက်နေတော့ ကျောင်းသားလေးယောက်မှာ ချွေးတွေပြန်နေလေသည်။

ဟောက်ကျင်းချွမ်က စားပွဲကို ခပ်ပြင်းပြင်း တစ်ချက်ရိုက်လိုက်ကာ မတ်တပ်ရပ်လိုက်ပြီး

"အထက်တန်း တတိယနှစ် အတွက် ဂုဏ်ပြုပါတယ်။ ဟော့ပေါ့အိုး အတွက်လဲ ဂုဏ်ပြုပါတယ်ဟေ့"

ကုချင်လဲ ပြုံးတုံ့တုံ့ဖြင့် ထလာကာ ခွက်တိုက်လိုက်ပြီး

"ငါ မြန်မြန် စာလေ့လာရမယ်။ အေ မြို့က အကောင်းဆုံးတက္ကသိုလ်မှာ သွားတက်ချင်တာဟ။ ရှီရှီ၊ နင်ရော ဘယ်မှာ တက်မှာလဲ။ စဉ်းစားထားပြီးပြီလား"

"မစဥ်းစားထားရသေးဘူး"

စုရှီက ခေါင်းကို တံတောင်ဖြင့် ထောက်ထားပြီး ပျင်းရိပျင်းရောဖြင့် ခွက်တိုက်လိုက်ကာ

"တစ်မြို့တည်းမှာပဲ တက်ရမယ်လို့တော့ မျှော်လင့်တာပဲ"

ဟောက်ကျင်းချွမ်က‌ ခေါင်းငုံ့ပြီး လုဟွမ်ကိုမေးသည်။

"လုဟွမ် မင်းရော။ မင်းရဲ့အမှတ်တွေ မကောင်းဘူးမလား"

စုရှီမှာ အူတက်သွားပြီး ဟောက်လိုက်၏။

"နင်ကလဲ စာမေးပွဲတောင် မဖြေရသေးတာကို။ လုဟွမ် အမှတ်မကောင်းဘူးလို့ ဘာလို့ထင်ရတာလဲ။ ငါပြောပြမယ် ဟောက်ကျင်းချွမ်၊ သူ့အမှတ်က နင့်ထက်မြင့်နေမှ ငိုမနေနဲ့"

ဟောက်ကျင်းချွမ်က မယုံပေ။

"ငါက အယောက်တစ်ရာထဲ ဝင်မှာပါနော်"

လုဟွမ် ပြုံးကာ ထရပ်လိုက်သည်။ အဲဒီနောက် ခွက်ချင်းတိုက်ကာ တစ်ကျိုက်တည်းနဲ့ မော့သောက်လိုက်၏။

"ကျုပ်ကတော့ အကုန်လုံး ဘဝကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းနိုင်ပါစေလို့ မျှော်လင့်ပါတယ်"

"ဟာ့"

ဟောက်ကျင်းချွမ်က

"မင်းကတော့ တစ်နေ့လုံး ယဉ်ယဉ်ကျေးကျေးကို ပြောနေတာပဲနော်။ ဆံပင်အတို ညှပ်လိုက်ပြီဆိုရင်လဲ ဇာတ်ကား ရိုက်မနေနဲ့တော့"

စုရှီက ရယ်၏။

လုဟွမ်က သူ့ကို မျက်နှာငယ်ဖြင့်ကြည့်ကာ ထိုင်လိုက်သည်။

လုဟွမ်အတွက် စုရှီက သူ့ကို မီးပုံးတစ်ခုနဲ့ သက်ရှည်ခေါက်ဆွဲတစ်ပွဲပေးခဲ့တာတင် မဟုတ်ဘဲ နေထိုင်ချင်စရာ ကမ္ဘာတစ်ခုပါ ပေးခဲ့သည်။

အရင်တုန်းက လုဟွမ်ဟာ ဒီလိုနေရမယ်မှန်း မတွေးခဲ့ပေ။ သူ့မှာ ချစ်ရတဲ့သူရယ် မိတ်ဆွေကောင်းတွေရယ် ရှိနေပြီ။ တီဗွီကိုလည်း ဖွင့်ထားပြီး ဟော့ပေါ့အိုးကလဲ ပွက်ပွက်ဆူနေသည်။ လူတိုင်း စကားပြော ရယ်မောနေကြပြီး မနက်ဖြန်အတွက် စားဝတ်နေရေးနဲ့ နောက်နေ့ ဘယ်လို နေထိုင်ရမလဲဆိုတာကို စိုးရိမ်မနေကြပေ။

စုရှီရဲ့ ဘေးမှာရှိနေရတဲ့ မိနစ်တိုင်း စက္ကန့်တိုင်းကို သူကျေနပ်နေမိသည်။ သူက ဒီလို ပျော်ရွှင်မှု၊ ကျေနပ်မှုများကို လောဘတက်သထက် တက်လာမိသည်။

ဆိုဒီယမ်ဘိုင်ကာဗွန်နိတ် တွေကို ဖိသိပ်ထည်းထားတဲ့ ကိုလာကို လုဟွမ် ပထမဆုံး သောက်လိုက်မိချိန်မှာ သူ့အစာအိမ်ထဲမှာ ပူးပေါင်းလေးတွေ ပလုံစီနေတာကိုပင် ခံစားမိ၏။ စုရှီက သူ့လို ယန်တိုင်းပြည်က တောသားလေးကို ရယ်သွမ်းသွေးမှာကို ကြောက်တာမို့ ဘာမှ မပြောရဲခဲ့ပေ။ နောက်ထပ် အကြိမ် အနည်းငယ်လောက် သောက်ပြီးမှာ ဒီလို ဂက်စ်ပါသော ကာဗွန်နိတ် အချိုရည်များ သောက်ရတာနှင့် အသားကျ သွားသည်။ အိုးးးး သူ ဒီတိုင်းပြည်နဲ့ ပိုပိုပြီး ပေါင်းစည်းလာသလိုပဲ။

သူ တစ်ကျိုက်သောက်လိုက်ပြီး စုရှီရဲ့ ပါးစပ်နားမှာ ဆီနည်းနည်းကွက်နေတာ တွေ့လိုက်ရတော့ ပြုံးကာ လှမ်းသုတ်ပေးလိုက်သည်။

ဟောက်ကျင်းချွမ်က အမြဲတမ်း နှေးတိနှေးတုံ့ဖြစ်နေတာမလို့ ဘာကိုမှ မမြင်လိုက်။ ကုချင်မှာတော့ လုဟွမ်ကိုတစ်လှည့် တစ်ဖြဲ နှစ်ဖြဲစားနေတဲ့ စုရှီကို တစ်လှည့်ကြည့်ကာ တစ်ခုခုမှားနေတယ်လို့ ခံစားလိုက်ရသည်။

ဟော့ပေါ့ စားပြီးသွားတော့ လုဟွမ်က ပုံမှန်အတိုင်း ရှင်းပေးနေသည်။

ကုချင်ကတော့ စားပွဲကူသုတ်ပေးပေမယ့် ဟောက်ကျင်းချွမ်မှာတော့ ဆို‌ဖာပေါ် မလှုပ်မယှက်လှဲပြီး ဗိုက်ကိုပွတ်နေလေသည်။ လုဟွမ်ကိုတောင် ကိုလာဗူး ယူခိုင်းလိုက်သေး၏။

စုရှီမှာ ဒေါသထွက်ပြီး ထကန်တော့သည်။

လုဟွမ်က မသိချင်ယောင်ဆောင်သည်။

"ယောင်္ကျားတစ်ယောက်မှာ ခြေတွေလက်တွေ ပါတယ်လေ။ မင်းကကျ ဘာလို့တစ်နေကုန် ပျော့တိပျော့ဖတ် ဖြစ်နေရတာလဲ။ ဒီလိုဆို ဘယ်သူမှ မင်းကို ယူမှာမဟုတ်ဘူး"

စုရှီက ရယ်ကာ ထောက်ခံလိုက်သည်။

"မှန်တယ်"

ဟောက်ကျင်းချွမ်: "...စိတ်တိုစရာ။ နင်တို့နှစ်ကောင်လုံး ငါ့ကိုလှောင်နေကြတာပဲ။ စုရှီ နင်ကငါ့ရဲ့ငယ်သူငယ်ချင်းလား သူ့ရဲ့ငယ်သူငယ်ချင်းလား"

စုရှီက သူ့ကိုမသိချင်ယောင်ဆောင်ပြီး မီးဖိုချောင်ဆီသွားကာ လုဟွမ်ကို ပန်းကန်ကူဆေးပေးလိုက်သည်။

ညရှစ်နာရီ ကိုးနာရီလောက်ကျတော့ ဟောက်ကျင်းချွမ်နဲ့ ကုချင်မှာ အဆောင်ကို ပြန်သွားဖို့ ပျင်းနေကြပြီပင်။ အဲတာနဲ့ ဆိုဖာရှေ့က ဖျာပေါ်မှာထိုင်ပြီး ကော်ဖီစားပွဲပေါ်မှာ မုန့်တွေချထားသည်။ မီးတွေပိတ်လိုက်တော့ ဧည့်ခန်းကလဲ မှောင်သွား၏။ အဲဒီနောက် တက်ဘလက်ကို တီဗွီနဲ့ချိတ်ကာ ပရော်ဂျက်တာကို ဖွင့်လိုက်သည်။ လေးယောက်သား ကိုရီးယားသရဲကား ကြည့်နေလိုက်ကြ၏။

စုရှီနဲ့ ကုချင်မှာ အလယ်တွင်ထိုင်နေပြီး လုဟွမ်က ဂျာကင်ဝတ်တာ ‌စုရှီဘေးဝင်ထိုင်လိုက်သည်။

အချစ်အကြောင်းရိုက်တဲ့ အိုင်ဒေါဒရာမာကားတွေ ထက်စာရင် လုဟွမ်က တိရစ္ဆာန်လောကနဲ့ သိပ္ပံနည်းပညာ စူးစမ်းလေ့လာရေး အစီအစဉ်တွေကို သိပ်ကြိုက်သည်။ သရဲကားတွေကလဲ သူ မကြောက်တာမလို့ သိပ်စိတ်မဝင်စားပေ။ သူ့ဘေးက သုံးယောက်မှာတော့ ဖြူဖတ်နေပြီး ကြောက်လန့်နေကြသည်။ သူကတော့ တီဗွီထဲရှိ အဓိကဇာတ်ကောင်ရဲ့ ကုတင်အောက်မှာ‌ ချောင်းနေတဲ့လူသတ်သမားကို ရုပ်တည်ကြီးဖြင့် ကြည့်နေလေသည်။

ညသန်းခေါင်ယံအချိန်မှာ တံခါးလက်ကိုင်က လှုပ်နေပြီး ဇာတ်ဆောင်က အပြင်မှာ တစ်ယောက်ယောက် ရှိနေကြောင်း သိသွားသည်။

သူတို့သုံးယောက်သား ကြောက်လို့ အော်လိုက်ကြ၏။

"အားးးး"

ကုချင်နဲ့ ဟောက်ကျင်းချွမ်မှာ ခေါင်းကိုအုပ်ပြီး အော်ကြလေသည်။ စုရှီမှာတော့ ကြောက်လွန်းလို့ လုဟွမ်ရဲ့ခါးကိုဖက်ထားပြီး ရင်ခွင်ထဲ ခေါင်းနစ်ထားလေသည်။

လုဟွမ်ရဲ့ နားရွက်တွေ နီရဲသွား၏။

မင်းက ဒီလိုလဲ လုပ်တတ်သေးတာလား။

သူ ရုတ်တရက်ဆိုသလိုပင် သရဲကားတွေကို ကြိုက်သွားမိ၏။

လုဟွမ်ရဲ့ နှုတ်ခမ်းတွေ ကော့တက်လာပြီး စုရှီရဲ့ခေါင်းကို ပုတ်ကာ

"အဲတာ အတုအယောင်တွေပါ။ ကိုယ်ဒီမှာရှိတယ်"

"စကားမပြောနဲ့"

စုရှီမှာ သူ့ကိုဖိညစ်ထားပြီး လုဟွမ်ကို သူ့မြင်ကွင်းကို ကာပေးတဲ့ ခေါင်းအုံးကြီးလို သဘောထားနေသည်။ လုဟွမ်မှာ ရယ်ရမလား ငိုရမလားမသိတော့ပေ။ အဲတာနဲ့ပဲ လက်ကိုမြှောက်ထားပြီး စုရှီ ကိုင်ထားတာကို ငြိမ်ခံနေလိုက်သည်။ စုရှီတစ်ယောက် မျက်လုံးမှေးပြီး စခရင်ကို ကြည့်နေလေ၏။

ပြောရမယ်ဆိုရင် လုဟွမ်ဘေးမှာထိုင်ပြီး သရဲကားကြည့်ရတာ သိပ်ကြောက်စရာမကောင်းပေ။

သို့သော် ဟောက်ကျင်းချွမ်က ရုတ်တရက်ပြောလာသည်။

"ဟိုမှာကြည့်။ ပြတင်းပေါက်နားမှာ အရိပ်ကြီး"

"အားးး။ ဟောက်ကျင်းချွမ် နင်ရူးနေလား"

ကုချင်နဲ့ စုရှီတို့မှာ ကြောက်အားလန့်အား အော်ကြတော့သည်။

ခဏကြာတော့ မိုးချုပ်နေလေပြီ။ မနက်ကျ စောစောစာလုပ်ရမှာမလို့ လေးယောက်လုံး ညဉ့်နက်‌တဲ့ထိ နေလို့မရပေ။ ကုချင်မှာလဲ မျက်လုံးကို ပွတ်နေပြီး အိပ်‌ချင်နေ၏။ တိုက်ခန်းမှာက အခန်းနှစ်ခန်းရှိပြီး မိန်းကလေးနှစ်ယောက်က တစ်ခန်းယူကာ လုဟွမ်က တစ်ခန်းယူ၏။ ဟောက်ကျင်းချွမ်ကတော့ ယောင်္ကျားလေးနှစ်ယောက် တစ်ခန်းအတူ အိပ်မရဟုဆိုကာ ဆိုဖာပေါ် အိပ်လေသည်။

စက်တင်ဘာနှောင်းပိုင်းရှိ ရာသီဥတုမှာ အေးမြနေသည်။ သစ်ရွက်တွေမှာလဲ ဖြည်းဖြည်းချင်းကြွေကျနေပြီး စုရှီကလဲ ညဝတ်အင်္ကျီကနေ အမွှေးပွ လက်ရှည်အင်္ကျီ ပြန်လဲထားသည်။

ကုချင်မှာ အရမ်းစိတ်လှုပ်ရှားနေတာကြောင့် သူအိပ်တဲ့အခါ အသံထွက်တတ်တာမလို့ စုရှီ အိပ်မပျော်ချေ။ အဲတာနဲ့ ခေါင်းအုံးကိုယူကာ ဖိနပ်မစီးဘဲ လုဟွမ်ရဲ့အခန်းတံခါးကို တိုးတိုးလေးဖွင့်ဝင်လာလိုက်သည်။

လရောင်ဟာ မပိတ်ရသေးတဲ့ လိုက်ကာအကြား တိုးဝှေ့တောက်ပနေလေသည်။ လုဟွမ်မှာ ခေါင်းနောက် လက်ပစ်ထားပြီး အိပ်လို့မပျော်သေးပေ။

သူက ထထိုင်လိုက်ပြီး

"ဘာလို့ ဖိနပ်မစီးထားတာလဲ။ ကြမ်းပြင်က အေးနေတာကို"

"ရှူးး"

စုရှီက ခေါင်းအုံးကို သူ့အိပ်ယာပေါ်ပစ်ချပြီး တက်လာသည်။

"သူတို့ အိပ်နေတာ။ မနှိုးမိစေနဲ့"

လုဟွမ်ကလဲ စုရှီ ဟိုနေ့က ဝယ်ပေးတဲ့ ညဝတ်အင်္ကျီဝတ်ထားလေသည်။ အဖြူရောင်ဝတ်ရုံနဲ့ ဘောင်းဘီရှည်တွေကနေ ဒီလို ကာတွန်းရုပ်တွေနဲ့ ဘောင်းဘီရှည်ကြီး လဲထားရသည်။ အစကတော့ သက်တောင့်သက်သာမဖြစ်ပေမယ့် အခုတော့ ‌အသားကျနေလေပြီ။

"အိပ်လို့မရဘူးလား"

လုဟွမ်က စုရှီကို လှမ်းကြည့်လိုက်သည်။

စုရှီက ဘေးမှာလှဲနေပြီး သူ့ခါးကို ဖက်ထားသည်။ အဲဒီနောက် မျက်လုံးမှိတ်ပြီး

"အင်း။ အများကြီးစားမိလို့ထင်တယ်။ ဗိုက်ကနေလို့ သိပ်မကောင်းဘူး"

လုဟွမ်က လှဲလိုက်ကာ အင်္ကျီပေါ်ကနေ စုရှီရဲ့ဗိုက်ကို နှိပ်ပေးသည်။ မနှိပ်တတ်တဲ့ ကျောင်းကကောင်လေးတွေထက်စာရင် သူ့လက်ဖဝါးက တော်တော်မာသည်။ လက်ဖဝါးနွေးနွေးဟာ စုရှီရဲ့ ဗိုက်ကို ပွတ်သပ်နေတော့ စုရှီမှာ နွေးထွေးပြီး သက်တောင့်သက်သာ ဖြစ်သလို ခံစားရတာမလို့ ‌စိတ်ကျေနပ်သည့်ပုံဖြင့် သက်ပြင်းချလိုက်သည်။

စုရှီ မျက်လုံး ဖွင့်ကြည့်တော့ လုဟွမ် သူ့ဘေးမှာလှဲနေပြီး မမှိတ်မသုန် စိုက်ကြည့်နေလေသည်။

သူ့ပါးတွေ ရုတ်တရက်ပူနွေးလာပြီး

"ရှင်ဘာလို့ ကျွန်မကို ဒီလိုကြည့်နေတာလဲ"

လုဟွမ်ရဲ့ နားရွက်တွေမှာလဲ နည်းနည်း ရဲလာသည်။

"ကိုယ် စဉ်းစားနေတာ။ အခန်းထဲမှာလဲ လေအေးပေးစက်ရှိတာကို ဘာလို့ပူနေရတာလဲ"

စုရှီမှာ ဆွံ့အလျက်။

"မဟုတ်တာတွေ စဉ်းစားမနေနဲ့နော်။ မဟုတ်လို့ကတော့ ကျွန်မ ပြန်သွားမှာ"

"ကိုယ် ဘာမှမစဉ်းစားရပါဘူး"

လုဟွမ်က သူဖြူစင်တာကို သက်သေပြတဲ့အနေဖြင့် လက်နှစ်ချောင်းထောင်ပြီး

"ကိုယ်မင်းကို လက်မထပ်ရသေးခင်အထိ ဘာမှမလုပ်ဘူး"

သူက စုရှီရဲ့ ဆံပင်တွေကို ကစားကာ

"ကိုယ့်အထင်အရဆို မင်းကငယ်သေးတယ်လေ"

စုရှီ စိတ်မသက်မသာဖြစ်သွားပြီး အသံတိုးတိုးဖြင့်

"အဖေအိုကြီး တစ်ယောက်လို ပြောမနေနဲ့။ ရှင် ဒီကို မရောက်လာခင်ထဲက ရှင့်ကို ငယ်သေးတယ်လို့ တွေးထားပြီးသား"

"အခုရော"

လုဟွမ်ကတော့ မယုံပေ။ အဲတာနဲ့ တစ်ဖက်လှည့်ကာ စုရှီရဲ့အပေါ်ကို ဖိလိုက်သည်။ သူက ဖြူစင်ပြီး အတ္တကြီးသည်။ သူ့ခန္ဓာကိုယ်ဟာ စုရှီကို မထိနေသော်ငြား သန်စွမ်းတဲ့ကောင်လေးတစ်ယောက်ရဲ့ အရှိန်အဝါက စုရှီရဲ့ မျက်နှာကို ရိုက်ခတ်နေပြီး အသက်ရှူမဝ ဖြစ်စေလေသည်။ နှလုံးခုန်သံကို ငြိမ်အောင်ကြိုးစားပြီး မျက်လုံးအပြူးသားဖြင့် ကြည့်လိုက်၏။

ပြတင်းပေါက်အပြင်မှ လရောင်ဟာ လုဟွမ်ရဲ့ ဖြူစင်ချောမောတဲ့ မျက်နှာပေါ် တောက်ပနေပြီး မျက်လုံးနီနီတွေ ပေါ်လဲ ထင်ဟပ်နေ၏။

ကောင်လေးရဲ့ ပုခုံးတွေက တော်တော်ကျယ်ပြီး လက်မောင်းတွေမှာလည်း အတော်သန်လှသည်။

သူက အရမ်းညင်သာနေကာ ခေါင်းပေါ်က လက်တွေကိုတောင် စုရှီရဲ့ဆံပင်တွေကို မဖိ‌မိစေဖို့ ဂရုစိုက်နေသည်။

စုရှီက လုဟွမ်ကို ညို့အားပြင်းပြင်းဖြင့် ကြည့်လိုက်သည်။ လုဟွမ်အား ပွေ့ဖက် နမ်းရှုံ့ချင်စိတ်တွေ တဖွားဖွား ဖြစ်ပေါ်နေ၏။

စုရှီ ဘယ်တုန်းကမှ မချစ်ခဲ့ဖူးပေ။ TV ဒရာမာ ထဲမှာ မင်းသားနှင့် မင်းသမီး နမ်းနေကြသည်ကို နားမလည်နိုင်ခဲ့ပေ။ ဒါ နှုတ်ခမ်းချင်း ထိလိုက်တာပဲ မဟုတ်လား။ နမ်းတာမှာ ဘာရှိနိုင်သေးလဲ။ စုရှီတစ်ယောက် ဧဒင်ဥယျာဉ်ကြီးထဲက အချစ်ရဲ့ဆွဲဆောင်ခြင်းခံရတဲ့ ဧဝလို လုဟွမ်ရဲ့ လက်မောင်းများအတွင်းသို့သာ ပြေးဝင်ချင်နေမိသည်။ မနက်ဖြန်တွေမှာ မနိုးထချင် ကျောင်းလဲမသွားချင်တော့ဘဲ လုဟွမ်ကို သာ ဒီတိုင်း တင်းတင်းကြပ်ကြပ် ဖက်ထားချင်မိသည်။

ဒါဆိုဒါက ချစ်မိခြင်းရဲ့ ခံစားချက်ပေါ့။ စုရှီ တွေးမိသည်။ ဒါက အရမ်းမိုက်၏။

စုရှီ ရှက်သွားကာ မျက်နှာလွှဲလိုက်သည်။

"....မငယ်တော့ပါဘူး"

လုဟွမ် သူ့ကို ကြည့်ကာ လည်စလုပ်များ လှုပ်ခတ်သွားပေမယ့် ကိုယ့်ကိုယ်ကို ပြန်ထိန်းလိုက်သည်။ တစ်ဖက်မှာ လှဲလိုက်ပြီး စုရှီကို ဖက်လိုက်၏။

"ခဏလောက် ဒီလိုမျိုး အိပ်နေလို့ရလား"

စုရှီက သူ့လက်မောင်းတွေကြား တိုးဝင်လာပြီး မျက်လုံးကို မှိတ်ကာ နှုတ်ခမ်းများလည်း ကော့တက်လာ၏။

"အင်း"

လုဟွမ်က သူ့ခါးကို တင်းတင်းကျပ်ကျပ် ဖက်လိုက်သည်။ ဖက်လိုက်တော့ မိန်းကလေးတစ်ယောက်ရဲ့ ခါးက တော်တော်သေးတာသိလိုက်ရ၏။ သူ့လက်နဲ့ဆန့်တဲ့အထိလောက်တော့ မသေးပေမယ့် ညဝတ်အင်္ကျီမှတစ်ဆင့် သူ့အသားအရည်ရဲ့ နူးညံ့တဲ့ အထိအတွေ့ကို ခံစားလို့ရနေသည်။

'မဟုတ်သေးဘူး။ ငါဒီလိုတွေးလို့မရဘူး။ လုဟွမ် စိတ်ထဲမှာ အကြိမ်ကြိမ် သတိပေးနေလိုက်သည်။ ရမ္မက် က အချစ်ကို ပျောက်ဆုံးစေတယ်'

စုရှီ သမ်းတာကို ကြားပြီး

"ရေဒီယိုကျွမ်းဘားအားကစားကရော ဘယ်လိုလဲ"

ရေဒီယိုကျွမ်းဘားအားကစားကို လေ့လာရတာက လုဟွမ်အတွက် ခက်ခဲသည်။ ပြီးတော့ ကျောင်းမှာတက်တဲ့သူတွေကလဲ ငယ်ငယ်လေးတည်းက တက်လာကြတာဖြစ်၏။ သူကကျောင်းကို တစ်ဝက်တစ်ပျက်လာတက်တာမလို့ တစ်ခါမှ မသင်ဖူးပေ။ ဒီရက်တွေထဲမှာတော့ စုရှီက သူ့ကို အိမ်မှာသင်ပေးသည်။ ကံကောင်းတာက သူ့မှာ မှတ်ဉာဏ်ကောင်းနဲ့ ခန္ဓာကိုယ်ကြံ့ခိုင်တာကြောင့် နှစ်ကြိမ် ကြည့်ပြီးတာနဲ့ အကြမ်းဖျဉ်း နားလည်နိုင်လေသည်။

လုဟွမ်က

"ကိုယ်အကြမ်းဖျဉ်းတော့ သိနေပြီ။ နောက်တပတ် ခေါင်းစဉ်က ဘာလဲ။ မာကျောက်လား"

စုရှီက စာရင်း လုပ်ပေးသည်။ သူက စာအုပ်တွေထဲမှာမပါတဲ့ အရာတစ်ခုခုကို တပတ်မှာ တခါသင်ပေးသည်ပင်။

"အင်း။ အမေက မာကျောက်ကစားရတာ ကြိုက်တယ်လေ။ တရုတ်နှစ်သစ်ကူးကျရင် ရှင့်ကိုခေါ်သွားမယ်။ မာကျောက်ကစားရင် အပိုအမှတ်တွေ ရတယ်လေ"

လုဟွမ်ကပြုံးပြီး

"တကယ့်အရေးအကြီးဆုံးကတော့ တက္ကသိုလ်တူတူ ဝင်နိုင်ဖို့ပါပဲ"

သူက ဒီလောကရဲ့ တက္ကသိုလ်စနစ်ကို အကြမ်းဖျဉ်းနားလည်နေပြီဖြစ်သည်။ တက္ကသိုလ်ရောက်တာနဲ့ ဒီလိုအချိန်ပြည့် အတန်းတွေတက်စရာ မလိုတော့ပေ။ အဲအစား သူရွေးထားတဲ့ အတန်းတွေ လိုက်တက်ရမည်။ အဲဒီအချိန်ဆို သူက ယန်တိုင်းပြည်နဲ့ ဒီကမ္ဘာအကြား ဖြတ်သန်းသွားလာလို့ရ၏။

ဒီလို အစီအစဉ်ဖြင့် သူနဲ့စုရှီဟာ အနာဂတ်အတွက် မျှော်လင့်ချက် အပြည့်ရှိ နေသည်။

စုရှီ မျက်လုံး ဖွင့်ကြည့်လိုက်တော့ လုဟွမ်ရဲ့ မျက်လုံးတွေနဲ့ သွားဆုံပြီး စိတ်ကြည်နူးသွားလေသည်။

ကျိုက်ကျိုက်ရဲ့ လက်ပေါ်မှာ ခေါင်းအုံးရတဲ့ ခံစားချက်က နွေးထွေးပြီး သက်တောင့်သက်သာရှိလှသည်။ ဘယ်တော့မှ ကမ်းမခွာတော့မဲ့ ဆိပ်ကမ်းတစ်ခုလို ဖြစ်၏။ အနာဂတ်မှာ ဘယ်လိုအတားအဆီးတွေ ရှိနေပါစေ လုဟွမ်ဟာ သူ့လက်ကို ဆွဲထားပြီး ဘယ်တော့မှ ပြန်လွှတ်ပေးမည် မဟုတ်ချေ။ သူက စုရှီကို ရှေ့ကနေ ဦးဆောင်သွားမည့် သူသာဖြစ်လိမ့်မည်။

လုဟွမ် စုရှီကိုကြည့်သည်။ သူ့နောက်ကျောကို လရောင်ထိုးနေပြီး စုရှီရဲ့မျက်နှာမှာတော့ လရောင်ကို မျက်နှာမူထားလေသည်။ လရောင်ခပ်ပါးပါးလေးဟာ စုရှီရဲ့ ကြည်လင်ဖြူစင်တဲ့ မျက်နှာပေါ် ကျရောက်လို့နေ၏။ သူ့ရဲ့ မျက်တောင်တွေဟာ မျက်ခွံအောက် အရိပ်သေးသေးလေး ဖြစ်ပေါ်စေသည်။

စုရှီ သူ့ကိုပြုံးပြလိုက်၏။ လုဟွမ်တစ်ယောက် နှလုံးသားလေး အရည်ပျော်ကျတော့မည်။

"နောက်တစ်ခုရှိသေးတယ်"

လုဟွမ်က

"ကိုယ်တို့လက်မထပ်ရသေးခင် ဒါကိုတော့ လုပ်လို့ရလား"

စုရှီက သူပြောတဲ့ 'ဒါ'ဆိုတာကို နားမလည်ချေ။

လုဟွမ်ရဲ့ ခေါင်းက တစ်ဖြည်းဖြည်း အနားကပ်လာပြီး စုရှီရဲ့ မျက်ခုံးကြား၊ နှာခေါင်းထိပ်နဲ့ နှုတ်ခမ်းတို့ကို ဖွဖွလေး နမ်းလိုက်သည်။

နမ်းလဲပြီးရော လုဟွမ်မှာ မျက်နှာကြီး ခေါင်းအုံးထဲနှစ်ထားပြီး နားရွက်တွေ နီရဲနေတော့၏။

စုရှီက စိတ်မကြည်ဖြစ်သွားသည်။ သူတော်တော် အသုံးမကျဘူးလို့ ထင်သွား၏။

အဲတာနဲ့ မျက်တောင်ခတ်ကာ

"ရှင် တစ်ခြားသူတွေ နမ်းတာမတွေ့ဖူးဘူးလား။ ဝက်သားမစားဖူးရင်တောင် ဝက်တွေပြေးတာကိုတော့ မြင်ဖူးမှာပဲမလား"

လုဟွမ်က သူနမ်းလိုက်တာ လွန်သွားပြီလို့ ထင်သွားသည်။ စုရှီ စိတ်မကြည်ဖြစ်သွားလိမ့်မယ် မထင်တာကြောင့် စုရှီကို တင်းတင်းကျပ်ကျပ်ဖက်ကာ

"ဒါဆို မင်းဘယ်လိုလုပ်ချင်လဲ"

လုဟွမ်က အရာရာသိနေ တတ်နေတာတော့ မဟုတ်ဘူးလို့ ရုတ်တရက် ခံစားလိုက်ရသည်။ သူက မှ လုဟွမ်ထက် ပိုသိသေးသည်။ ဘာပဲဖြစ်ဖြစ် ရေဒီယိုက ဇာတ်လမ်းပမာနားဆင်စရာတွေ အများကြီးကို နားထောင်ဖူးထားသည်။

သူတို့ရဲ့ အသက်ရှူသံတွေမှာ နီးကပ်နေပြီး အပူချိန်ဟာလည်း မြင့်တက်လာသည်။

လုဟွမ်မှာ အသက်ရှူအောင့်ပြီး ညို့ယူခံနေရသလိုမျိုး စုရှီကို ကြည့်သည်။ ရုတ်တရက်ဆိုသလို အကြောင်းပြချက်မရှိဘဲ ပြောလိုက်၏။

"ရှောင်းရှီ။ မင်းက အရမ်းလှတာပဲ။ ကိုယ်မင်းကို သဘောကျတယ်"

"...ကျွန်မလဲ ရှင့်ကို သဘောကျပါတယ်"

စုရှီ ကြေကွဲသွားပြီး ကိုယ့်ကိုယ်ကို ပြန်တွေးလိုက်သည်။

'ထားလိုက်ပါတော့လေ၊ လုဟွမ်သာ ငါ သူ့ထက်ပိုတော်နေမှန်းသိရင် ရက်တွေ အကြာကြီး စိတ်ဓာတ်ကျနေပါဦးမယ်'

စုရှီကတော့ ကိုယ့်ကိုယ်ကို နားလည်ပေးနိုင်တယ်လို့ ထင်နေသည်။ တစ်ဖက်လှည့်ကာ လုဟွမ်ရဲ့ရင်ဘတ်ထဲ ခေါင်းနှစ်ထားလိုက်၏။ အဲဒီနောက် ပြုံးကာ

"ဒါပေမယ့် ရှင်ဘယ်လိုနမ်းရမလဲဆိုတာ အရင်လေ့လာလိုက်ဦး"

All Chapters