← Chapters

Chapter 79

Vol. 8 Ch. 79

Chapter 79

Vol. 8 Ch. 79

စစ်တပ်ရေးရာဝန်ကြီးသည် လုဟွမ်ထံ အမြန်စာပို့၍ တော်ဝင်ခုံရုံးသို့ လုဟွမ် တတ်နိုင်သမျှ အမြန်ဆုံးပြန်လာမည်ဟု သေချာပေါက် မျှော်လင့်ထားလေသည်။ ယခု ခုံရုံးသည် ကမောက်ကမ ဖြစ်နေပြီး အိမ်ရှေ့စံမင်းသားအား ရာထူးမှ ချရန် စီရင်မည်မို့ ဧကရာဇ်သည် ပြဿနာကိစ္စကို ဖြေရှင်းချက်အတွက် အိမ်ရှေ့မင်းသားကို တကယ် ရာထူးမှ ဖယ်ရှားလိုက်လိမ့်မည်။ ထို အချိန်ကျလျှင် လုဟွမ်သည် ရုံးတော်တွင် မရှိနေပါက သူတို့ပြုသမျှ နုရမည်ဖြစ်သည်။ မင်းသားနှစ်နှင့် မင်းသားငါးတို့သာ အိမ်ရှေ့စံမင်းသားရာထူးအတွက် တိုက်ခိုက်ဖို့ ကျန်ပေတော့မည်။

သူတို့နှစ်ယောက်ထဲမှ တစ်ယောက် ရာထူးရပြီးသည်နှင့် လုဟွမ်အတွက် သူတို့ကို ဖြုတ်ချဖို့ ပိုခက်သွားပါလိမ့်မည်။ တစ်ယောက်က အင်အားတောင့်တင်း ပြီး နောက်တစ်ယောက်က ရဲစွမ်းသတ္တိရှိရာ သူရဲဘောကြောင်သော အိမ်ရှေ့စံမင်းသားထက် များစွာ သာလွန် သည်။

လုဟွမ် ဧကရာဇ်ရာထူးကို မလိုချင်လျှင်ပင် ထိုနှစ်ယောက်ထဲမှ တစ်ယောက်ယောက်က ဧကရာဇ်ဖြစ်လာပါက သူ့ကို ဒီတိုင်းထားလိမ့်မည် မဟုတ်ပေ။

သူတို့သည် လက်ရှိအိမ်ရှေ့စံမင်းသားနှင့် ကွဲပြားသည်။ ဝန်ကြီးချုပ်မရှိလျှင် အိမ်ရှေ့စံမင်းသားသည် ဘာမျှ လုပ်ဆောင်နိုင်မည် မဟုတ်ပါ။ သို့သော် လုဟွမ်ကမူ သူတို့အတွက် အလွန်အားကြီးသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်နိုင်ပြီး ဧကရာဇ် မည်သူ ဖြစ်လာစေကာမူ ထိုကဲ့သို့သော ခြိမ်းခြောက်မှုမျိုးကို မြို့တော်တွင် ဆက်လက်တည်ရှိခွင့် ပြုနိုင်ကြမည်မဟုတ်ပေ။

ဤစကား၏ အဓိပ္ပါယ်မှာ လုဟွမ်အတွက် ထွက်လမ်းမရှိဟု ဆိုရပေမည်။

သို့သော် လုဟွမ်အတွက် နန်းတော်သို့ ပြန်လာရန် တရားဝင် အကြောင်းပြချက်မရှိပေ။ သူသည် တော်ဝင်ဂူဗိမာန်ကို တစ်နှစ်ကြာ စောင့်ကြပ်ခဲ့ပြီး တော်ဝင်အမိန့်မရှိဘဲ မြို့တော်သို့ မပြန်နိုင်ပေ။ သူ ပေါ်ပေါ်ထင်ထင် ပြန်လာခဲ့လျှင် သူ့ ရည်မှန်းချက် ပေါ်လွင်ပြီး မင်းသားနှစ်မှ သူ့အပေါ် ဆန့်ကျင်ဖို့ တစ်ခုခု လုပ်လိမ့်မည်။ သူ တိတ်တဆိတ်သာ ပြန်လာမှသာ အခြေအနေမှာ ရိုးရှင်းသွားပေမည်။ သို့သော် မြို့တော်တွင် ခြေချရန် သူ့အတွက် နေရာမရှိဘဲ ဖြစ်နိုင်လေသည်။ သူ ပွင့်ပွင့်လင်းလင်း ထွက်ပေါ်လာနိုင်ရန် တရားဝင် အကြောင်းပြချက်မရှိသေးပေ။

ယခု သူလုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ ပွင့်လင်းစွာ ပြန်မလာနိုင်မီ သင့်တော်သော အခွင့်အရေး၊ အချိန်အခါကို စောင့်ရန်သာ ဖြစ်သည်။

ဧကရာဇ်ဖြစ်ချင်လျှင် အပြစ်အနာအဆာမရှိမှသာ အကောင်းဆုံးဖြစ်သည်။ သို့မှသာ ပြည်သူများ၏ စိတ်နှလုံးကို အနိုင်ယူနိုင်ပြီး ပြည်သူများ၏ သစ္စာခံမှုကို ကတိပြုနိုင်မည် ဖြစ်သည်။

ပြန်တုန့်ပြန်လိုက်လျှင် လမ်းခုလတ်မှ ကြားဖြတ်ခံရမည်ကို သူ ကြောက်နေမိသည်။ အကြောင်းမပြန်လျှင်ပင် စစ်တပ်ရေးရာဝန်ကြီးသည် နှစ်ပေါင်းများစွာ အရာရှိတစ်ဦးဖြစ်ခဲ့ပြီး မိမိကိုယ်ကို မည်သို့ကာကွယ်ရမည်ကို သိပြီးသားဖြစ်သည်။ ထို့ကြောင့် လုဟွမ်သည် ထိုည၌ အကြောင်းမပြန်ခဲ့ပေ။ အခြေအနေ ကောင်းမွန်လာရန် တိုးတိုးတိတ်တိတ်သာ စောင့်နေခဲ့သည်။ နောက်ဆုံးအကြိမ်က သူသည် မင်းသားနှစ်အား အမြတ်ထုတ်ခွင့်ပေးခဲ့သည်။ ဤတစ်ကြိမ်မှာတော့ မင်းသားနှစ်ကို ခွက်အပေါက်နှင့် ရေခံသည့် အခြေအနေရောက်အောင် လုပ်ရန် ဆုံးဖြတ်လိုက်သည်။

ယန်တိုင်းပြည်တွင် နောက်တစ်ကြိမ် ဆောင်းရာသီသို့ ကူးပြောင်းလာပြန်သည်။

ထိုက်ရှမ်းတောင်ပေါ်ရှိ နှင်းများက ကောင်းကင်ကို ဖုံးလွှမ်းပြီး မြေကြီးကိုလည်း ဖုံးလွှမ်းသွားသည်။ မြို့တော်၏ အခြေအနေသည် တဟုန်းဟုန်း မုန်တိုင်းတစ်ခုကဲ့သို့ အမြဲ ပြောင်းလဲနေသည်။

လုဟွမ်သည် သူ့အနီးနားရှိ အစောင့်နှစ်ယောက်ကို နန်းဆောင်ခန်းမထဲသို့ နေ့စဉ် ထောက်လှမ်းရန် အကြိမ်ကြိမ် ညွှန်ကြားပြီးနောက်တွင် သူကိုယ်တိုင်ကမူ ပါးစပ်ပိတ်နေခဲ့သည်။

သူ့ထံမှ တုံ့ပြန်မှု တစ်စုံတစ်ရာ မရခဲ့သော စစ်တပ်ရေးရာဝန်ကြီးသည် စိုးရိမ်တကြီး ဖြစ်လာသည်။

တစ်ဖက်တွင် လုဟွမ်သည် သူ့ကိုယ်ပိုင် အစီအစဉ်ရှိနိုင်သည်ဟု စစ်ဝန်ကြီးက ခံစားမိသောကြောင့် လုဟွမ်အတွက် စိတ်ပူနေစရာ မလိုပေ။ သို့သော် တစ်ဖက်တွင်မူ လုဟွမ်၏ အဆိုး မြင်သဘောထားနှင့် ထိုင်ကျိနန်းတော်ကို သိမ်းပိုက်ရန် အနည်းငယ်မျှ ရည်ရွယ်ချက် မရှိမည်ကို စိုးရွံ့နေသည်။

အစပိုင်းတွင် သူနှင့် စစ်သူကြီးကျန့်ယွမ်သည် ပြတ်သားသော ရပ်တည်ချက်မရှိခဲ့ပေ။ လုဟွမ်ကို မင်းသားကိုး အဖြစ် ပြန်လည်ခန့်အပ်ပြီးမှသာ မြောက်ပိုင်း ဒေသမှ ပြန်လာသူအားလုံးသည် သူနှင့် စစ်သူကြီးကျန့်ယွမ်နှင့်အတူ လုဟွမ်၏ဘက်တွင် ညီလာခံ၌ အကြိမ်များစွာ ရပ်တည်ပေးခဲ့သည်။ ယခု သူတို့သည် မင်းသားကိုး၏ အဖွဲ့တွင် လုံးလုံးလျားလျားရှိနေပြီဖြစ်သည်။ လုဟွမ်သာ ထိုရာထူးကို မယူခဲ့ပါက သူတို့၏ ကံကြမ္မာအတွက်လည်း မကောင်းပေ။

ဤအရာကြောင့် မဟုတ်လျှင်ပင် ပြည်သူလူထုအတွက် လုဟွမ်သည် ထိုရာထူးကို ရယူပြီး ယန်မင်းဆက်ကို ငြိမ်းချမ်းစေမည်ဟု သူမျှော်လင့်နေသေးသည်။

တရားရုံးအရာရှိများအားလုံးသည် မြို့တော်တွင်ရှိကြပြီး စစ်သူကြီးကျန့်ယွမ်သည် သူတို့၏တပ်စခန်းများသို့ ပြန်သွားပြီဖြစ်ကြောင်း သိရသည်။ မြို့တော်မှ တော်ဝင်နန်းတော်အထိ မင်တိ၊ ဇုကျူးနှင့် ဟန်ထျန် မြို့ဂိတ်တံခါးသုံးခုရှိသည်။ စစ်ဖြစ်ချိန်မဟုတ်လျှင် စစ်တပ်က မြို့တော်ထဲသို့ မဝင်နိုင်ပေ။ မြို့တော်ထဲကို ဝင်လိုက်သည်နှင့် ပုန်ကန်သည့် ရာဇ၀တ်မှုဖြင့် အဖမ်းခံရပါလိမ့်မည်။

စစ်ဝန်ကြီးသည် မြို့တော်၏အခြေအနေ ရုတ်တရက်ပြောင်းလဲမည်ကို စိုးရိမ်သောကြောင့် သူကိုယ်တိုင်နှင့် စစ်သူကြီးကျန့်ယွမ်၏မိသားစုနှင့် ဆွေမျိုးများအား မြို့တံခါးမှ ကြိုတင်ထွက်ခွာရန် စီစဉ်ပေးခဲ့သည်။

စုရှီသည် အချိန်ပိုအတန်းများ ပြီးသည့်နောက် ယန်မင်းဆက်တွင် ထိုသို့သော ကြီးကြီးမားမား အဖြစ်အပျက်မျိုး ဖြစ်လာမည်ဟု မမျှော်လင့်ခဲ့ပေ။ သူမ ဖုန်းဖွင့်လိုက်သောအခါ လူများသည် ဇုကျူးဂိတ်အပြင်ဘက်တွင် စုရုံးနေကြပြီး အိမ်ရှေ့စံမင်းသားကို ရာထူးမှ ဖြုတ်ချရန် တရားရုံးကို တောင်းဆိုခဲ့ကြသည်။ ထိုသို့ ဖြစ်လာရန် သွေးထိုးလှုံ့ဆော်ပြီး တမင်တကာ ဒေါသကို နှိုးဆွပေးသည့်သူများ ရှိသော်လည်း အိမ်ရှေ့မင်းသားကိုယ်တိုင်သည် နိုင်ငံတော် မငြိမ်မသက်ဖြစ်ချိန်ကို အခွင့်ကောင်းမယူဘူးဆိုလျှင် ဤကဲ့သို့ ကြီးကြီးမားမား ဖြစ်လာနိုင်မည်လား။

ယခု ညီလာခံသည် ခက်ခဲသော အနေအထားတွင် ရှိနေသည်။ အိမ်ရှေ့စံမင်းသားကို ဖြုတ်ချလိုက်ခြင်းက တိုင်းပြည်၏ အခြေခံအုတ်မြစ်ကို လှုပ်ခတ်သွားစေလိမ့်မည်။ အိမ်ရှေ့မင်းသားကို မဖြုတ်ချလျှင်လည်း ပြည်သူများ မတည်မငြိမ်ဖြစ်လာနိုင်လိမ့်မည်။

လုဟွမ်သည် ထိုင်တောင်ပေါ်မှ ပြန်ရောက်လာခဲ့သည်။ စုရှီသည် သူ့ကို ရှာရန် ဖုန်းထုတ်လိုက်သော်လည်း သူက အဝတ်အစားများ လဲ၍ အခန်းထဲမှ ထွက်လာသည်။

"ရှင် ဘာလုပ်မလို့လဲ"

ကံကောင်းထောက်မစွာဖြင့် ကောလိပ်ဝင်ခွင့်စာမေးပွဲမစမီ သို့မဟုတ် အပြီးတွင် ထိုကိစ္စ မဖြစ်ခဲ့ချေ။ မဟုတ်ပါက ကျိုက်ကျိုက် ကောလိပ်ဝင်ခွင့်စာမေးပွဲကိုပင် မဖြေဆိုနိုင်ဘဲ ဖြစ်သွားပေလိမ့်မည်။

ကြောင်ဝတုတ်လေးသည် စုရှီ၏ ခြေဖဝါးအောက်တွင် ၎င်း၏နောက်ကျောကို ထောက်ထားပြီး လဲလျောင်းနေသည်။ စုရှီက သူ့ကို အသာအယာ ကန်ထုတ်လိုက်ပြီး

"ယန်မင်းဆက်ရဲ့ မင်းသားနှစ်က အဆိပ်ပဲ။ အရင်က တကယ်ရိုးသားတယ်လို့ ကျွန်မဖြင့် ထင်ခဲ့တာ၊ သူဒီလို လှည့်စားတတ်မယ်လို့ မမျှော်လင့်ထားဘူး"

"ဟုတ်တယ်၊ သူက ဥာဏ်များတယ်"

လုဟွမ်သည် ထိုနှစ် ဆောင်းငှက်တောင်တွင် အမဲလိုက်ခြင်းအကြောင်းကို တွေးတောနေ သေးသည်။

"ဒီလို ဇာတ်ကောင်မျိုးက အရမ်းချောတာ မဟုတ်ဘူးလား၊ သူ့အတွက် မီးအိမ်တောင် ထားပေးလိုက်သေးတယ်"

စုရှီ ဆွံ့အသွားသည်။

'သူက ငါနဲ့ တီဗီဒရာမာတွေ အရမ်းကြည့်ဖူးတယ်ဆိုတော့ 'ဇာတ်ကောင်' ဆိုတဲ့စကားလုံးတောင် သိနေပြီပေါ့’

လုဟွမ်က စုရှီ၏ လက်ကို စိုက်ကြည့်ရင်း "မင်း သူ့ကို ဆေးလိမ်းဖို့ ဘယ်လက်ကို သုံးခဲ့တာလဲ" ဟု တိုးတိုးလေး မေးလိုက်သည်။

"ဘာပြောနေတာလဲ" စုရှီသည် သူမ၏ ညာလက်ကို ဘယ်လက်ဖြင့် အမြန်ဆွဲကိုင်လိုက်ပြီး လက်ကို နောက်ကျောနောက်သို့ ဝှက်ထားကာ "ရှင်ဘာလို့ ဒီလိုမျိုးလေး အတွက် သဝန်တိုနေတာလဲ၊ ကျွန်မက သူ့အတွက် လုပ်ပေးခဲ့တာမဟုတ်ဘူး၊ ကျွန် မလုပ်ခဲ့တာ ရှင့်အတွက် ဆိုတာ မသိဘူးလား။ ရှင်…"

သူမ စကားမဆုံးခင် လုဟွမ်က သူမနောက်ကို သွားပြီး လက်ကို ဆုပ်ကိုင်လိုက်သည်။ စုရှီသည် နံရံသို့ ရောက်သည်အထိ မသိစိတ်မှ ဆုတ်ခွာသွားပြီး နောက်ဆုတ်ရန် နေရာမရှိ တော့ပေ။ လုဟွမ်က သူမကို နံရံနှင့် ကပ်ထားစေလိုက်သည်။ ထို့နောက် သူမလက်ကို ကိုင်လိုက်ပြီး သူ့ရင်ဘတ်ပေါ် သုတ်လိုက်သည်။

စုရှီ"…"

လုဟွမ်က ဝမ်းသာအားရဖြင့် "အခြားသူတွေ ရတာကို ကိုယ်လည်း လိုချင်တယ်" ဟုပြောလိုက်သည်။

စုရှီ:" ရူးနေလား။ အစပိုင်းတုန်းက နင်းဖူမင်းသားရဲ့ ကျွန်နှစ်ယောက်ရဲ့ တင်ပါးကို လှန်ပစ်လိုက်တာ။ ရှင့်ကိုလည်း လုပ်စေချင်တာလား"

ထိုသို့ပြောပြီးနောက် သူမရှေ့မှ လူငယ်၏ ဖင်ကို လှမ်းဆွဲလိုက်သည်။

လုဟွမ်၏ မျက်နှာသည် ချက်ချင်းပင် အံ့ဩသွားသည်။

“…”

ပြက်လုံးများမဟုတ်ဘဲ အဓိကအချက်မှာ ပေကျင်း၏ လက်ရှိအခြေအနေပင်။ စုရှီသည် လုဟွမ်ကို အလွန်စိုးရိမ်နေမိသည်။ သို့သော် လုဟွမ်သည် အချိန်ကို တွက်ချက်ထားပုံရပြီး အချိန်မတန်သေးကြောင်း သိနေသည်။

မင်းသားနှစ်နှင့် မင်းသားငါးတို့ကြားတွင် မည်သူက အသာစီးရနေပါစေ အိမ်ရှေ့မင်းသားရာထူးအတွက် တိုက်ပွဲဝင်လိုပါက ဧကရာဇ်မင်းမှ အမိန့်ပြန်တမ်း ထုတ်ရမည် ဖြစ်သည်။ ဧကရာဇ်သည် သူတို့နှစ်ဦးစလုံးအား အိမ်ရှေ့မင်းသားရာထူးကို အလွယ်တကူ ပေးအပ်မည် မဟုတ်ပေ။ အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိများသည် မူလက သဘောထား မတူညီသည့် နှစ်ဖက်စလုံးတွင် ရှိကြပြီး သူတို့နှစ်ဦး၌ အလွယ်တကူ လက်အောက်ခံရန် မဖြစ်နိုင်ပေ။ ထို့နောက် အချိန်တန်လျှင်၊ အောင်နိုင်သူအတွက် ညှိနှိုင်းလုပ်ဆောင်မှုဆိုသည့် လမ်းကြောင်းတစ်ခုသာရှိပါလိမ့်မည်။

လုဟွမ်သည် အပြောင်းအလဲများကို စောင့်ရန်သာလိုပါသည်။

"အခြေအနေတွေ ပိုရှုပ်ထွေးလာတဲ့အခါ အဲ့အရှုပ်တွေကို ကိုယ် ရှင်းပစ်မှာပါ"

လုဟွမ်က ပြောသည်။

သူပြောသည်ကိုကြားတော့ စုရှီသည် သက်သာရာရသွားသည်။ မည်သို့ဖြစ်ဖြစ် သူမအား ထိခိုက်လာမည် မဟုတ်ပါ။ သူမတွင် သူမကိုယ်တိုင်နှင့် စနစ်သည် သူမ၏ ရွှေလက်ချောင်းများအဖြစ် ရှိနေသေးသည်။

သို့သော် ဖြစ်လာမည့်အရာက ဖြစ်လာမှာပင်။ စုရှီသည် နှစ်သစ်ကူးအတွက် အိမ်ပြန်ရမည်ဖြစ်၍ ခုနစ်ရက်ကြာအောင် တစ်ယောက်နှင့်တစ်ယောက် တွေ့နိုင်ကြမည် မဟုတ်ပေ။

ကြောင်လေးကို အစာ ကျွေးပြီးနောက် လုဟွမ်သည် စုရှီ၏ ခရီးဆောင်အိတ်ကို သယ်ကာ အိမ်ပြန်ပို့လိုက်သည်။ လမ်းအနည်းငယ်သာဝေးသော်လည်း အကြောင်းတစ်ခုခုကြောင့် စုရှီ ထွက်ခွာရန် အလွန်ဝန်လေးနေခဲ့သည်။ သူမ၏ နှလုံးသားသည် ဗလာကျင်းသွားသလို ခံစားလိုက်ရသည်။ အထူးသဖြင့် နှစ်သစ်ကူးအကြိုနေ့နှင့် နှစ်သစ်ကူး၏ ပထမဆုံးနေ့တွင် သူမအိမ်၌ သေချာပေါက်ရှိနေရပြီး လုဟွမ်မူ နှစ်သစ်ကူးကို တစ်ယောက်တည်းသာ ကျင်းပနိုင်သည်။ နှစ်သစ်ကူးတိုင်း တစ်ယောက်တည်းသာ နေလေ့ရှိသည်။ စုရှီ သည် အမှန်တကယ် သူနှင့်အတူ နှစ်သစ်ကူးကို ဖြတ်သန်းချင်ခဲ့သည်။

အောက်ထပ် သို့ ရောက်ရှိလာပြီး လှပသော နှင်းပွင့်များသည် ကောင်းကင်တွင် လွင့်ပျံနေသည်။

နေ့ခင်းဘက်ဆိုသော်လည်း ကောင်းကင်မှာ သိပ်မလင်း‌သော ကြောင့် အလိုအလျောက် လမ်းမီးများ ပွင့်နေဆဲပင်။

လုဟွမ်သည် စုရှီရှေ့မှာ ရပ်လိုက်ပြီး သူမ၏ လည်စီးကို ပြင်ပေးလိုက်သည်။

"ပြန်ရောက်ရင် ကိုယ့်ကို ဖုန်းဆက်နော်။ မနက်ဖြန်လည်း ဖုန်းဆက်‌။ နှစ်သစ်ကူးအကြိုနေ့မှာလည်း ကိုယ့်ကို ဖုန်းဆက်လိုက်"

စုရှီက ပြောသည်။

"မနက်ဖြန် ကျွန်မ အပြင်ထွက်လောက်မယ်။ အနီးနားက ပန်းခြံမှာ တွေ့ရအောင်"

"ကောင်းပြီ။ ကိုယ် မင်းကိုစောင့်နေမယ်!"

လုဟွမ် ၏ မျက်လုံးများ တောက်ပလာသည်။ သူ ပြောလိုက်ချင်သော်လည်း စုရှီက အလွန်တွယ်ကပ်နေသည်ဟု ထင်မှာကို စိုးရွံ့နေမိသည်။ စုရှီ၏ မျက်နှာသည် ပထမဆုံး မှုန်သုန်သွားသည်ကို မြင်လိုက်ရတော့ သူ့နှလုံးသားသည် နူးညံ့သော ကြက်ဥတစ်လုံးကဲ့သို့ ရွှဲနစ်သွားသလို ခံစားလိုက်ရသည်။

“အဝတ်အစားများများ ဝတ်ပြီး နွေးနွေးထွေးထွေးနေဖို့ မမေ့နဲ့”

"ဟုတ်ပါပြီ၊ နှစ်သစ်ကူးပိတ်ရက် ခုနစ်ရက် ရှိသေးတယ်။ နောက်ထပ်မေးခွန်းတွေ ဖြေဖို့ မမေ့နဲ့နော်။ ပေကျင်းကို သွားမယ်ဆိုရင် ဒီလောက်နဲ့ နောက်ကောက်ကျနေလိမ့်မယ်။ ကျောင်းမဖွင့်ခင် စာသင်ချိန်တစ်နှစ်ပဲ ကျန်တော့တယ်"

စုရှီက သတိပေးသည်။ “ပြီးတော့ ကြောင်လေးကို သူဝတဲ့ထိ အစာကျွေးနော်။ ကျွန်မ မရှိတာကို အခွင့်ကောင်းမယူနဲ့"

လုဟွမ် သဝန်တိုလေပြီ။

"မင်း အဲ့ဒီကြောင်ကြီးနဲ့ အတူရှိတဲ့အခါ သူ့ အစာအတွက် ဂရုစိုက်တယ်။ ကိုယ်နဲ့ အတူရှိတဲ့အခါကျ မင်းက ကိုယ့်ကို စာကျက်ဖို့ပဲ တိုက်တွန်းတယ်။ တခြားဘာကိုမှ ဂရုမစိုက်ဘူး မဟုတ်လား"

စုရှီ က သူ့ကိုကြည့်လိုက်ပြီး ရုတ်တရက် ပြောလိုက်၏။

"ရှင်နဲ့ တစ်ကယ် မခွဲချင်ဘူး။ ကျွန်မနဲ့ ပြန်လိုက်ခဲ့ပါလား"

လုဟွမ်က "တကယ်ပြောတာလား။ ရှောင်ရှီ မင်း ကိုယ့်ကို စနေတာလား။ ကိုယ် တစ်ကယ်သွားပြီးတော့ ပစ္စည်းတွေ ထုပ်ပိုးလိုက်မယ်နော်"

စုရှီသည် သူ၏ လေးနက်သော လေသံကြောင့် ထိတ်လန့်သွားသည်။ စကားမဆုံးခင်မှာပင် ကားတစ်စီး ဟွန်းသံနှင့် ရောက်လာသည်။

စုရှီသည် တာဝန်မဲ့ သူတစ်ယောက်လို လျင်မြန်စွာ ရှောင်ထွက်သွားသည်။ သူမ ရယ်ပြီး "အိပ်မက် ယောင်မနေနဲ့တော့။ ရှင် ဘွဲ့ရတဲ့အထိ စောင့်။ ဒါပေမယ့် နှစ်သစ်ကူး လေးရက်မြောက်နေ့မှာ အတန်းဖော်တစ်ယောက်အနေနဲ့ ကျွန်မအိမ်ကို လာခဲ့လို့ရတယ်!"

လုဟွမ်အနည်းငယ် စိတ်ထိခိုက်သွားသော်လည်း သူ ရယ်လိုက်သည်။ သူသည် သူမ၏ ခရီးဆောင်အိတ်ကို ကားနောက်ဖုံးထဲသို့ အမြန်ထည့်ကာ ကားပေါ်သို့ လိုက်သွားခဲ့သည်။

စုရှီ သည် သူမ လွတ်သွားလိမ့်မည်ဟု မူလက ထင်ခဲ့သည်။ သူမနောက် ကားထဲလိုက်ဝင်လိမ့်မည်ဟု ဘယ်သူသိမည်နည်း။ သူမ ထိတ်လန့်သွားပြီး

"လုဟွမ်၊ ရှင် ဘာလုပ်နေတာလဲ၊ ရှင် ကျွန်မ မိဘတွေကို တကယ်သွားတွေ့မှာလား"

"ကိုယ် မင်းကို ပြန်လိုက်ပို့ပေးမယ်" လုဟွမ်က "ကိုယ် နားလည်ပါတယ်။ ကိုယ် မင်းအတွက် အခက်အခဲ ဖြစ်အောင် လုပ်မှာ မဟုတ်ပါဘူး။ ဘွဲ့ရပြီးမှ မင်းရဲ့ မိဘတွေနဲ့ တွေ့ဆုံဖို့ ကိုယ်တို့ ဆွေးနွေးကြမယ်"

စုရှီက သက်ပြင်းတစ်ချက်ချကာ ရင်ဘတ်ကို ပုတ်လိုက်သည်။

လုဟွမ်က သူမလက်ကို ဆုပ်ကိုင်လိုက်သည်။

ကားသည် နီယွန်မီးရောင်အောက်တွင် ဖြည်းညှင်းစွာ ရွေ့လျားသွားသည်။ လမ်းများပေါ်တွင် နှစ်သစ်ကူးလေထုသည် အလွန်ပြင်းထန်လှသည်။ နေရာတိုင်းတွင် မီးပုံးများနှင့် မီးသီးလုံးများရှိ နေသည်။ လုဟွမ်သည် ဤကမ္ဘာပေါ်တွင် နှစ်သစ်ကူးကို ပထမဆုံးအကြိမ်တွေ့ဖူးခြင်းပင်။ သူတို့ကမ္ဘာ၏ မီးပုံးပွဲတော်လောက် လူမစည်ကားသော်လည်း ဆိုင်မျိုးစုံရှိသောကြောင့် ပိုပြည့်စုံပုံ ပေါ်သည်။ ကားမောင်းလာရင်း အပြင်ကို လှမ်းကြည့်လိုက်သည်။ စုရှီသည် လမ်းဘေးရှိ မီးရှူးမီးပန်းများအကြောင်း သူ့အား ပြောပြသည်။

လုဟွမ်သည် ဆောင်းငှက်တောင် အမဲလိုက်ပွဲပြီးနောက် သူမ ရှစ်ရက်ကြာ ပျောက်ကွယ်သွားသည်ကို ရုတ်တရက် သတိရမိသည်။ သူမ ပြန်ပေါ်လာသောအခါ တောက်ပနေသော မီးရှူးမီးပန်းများကို သူ့ခေါင်းထက်တွင် ဖန်တီးပေးခဲ့သည်ကို သူ ဘယ်တော့မှ မေ့မည်မဟုတ်ပါ။

ဤကမ္ဘာကြီး၌ မီးရှူးမီးပန်း ဘယ်လောက်လှသည်ဆိုသည်ကို သူမသိပါ။

ထိုသို့ တွေးကြည့်မှ သူနှင့် သူမတို့ အတူလုပ်ချင်သည့် အရာများစွာ ရှိနေသေးသည်။

စုရှီသည် လုဟွမ်နှင့် အချိန်ကြာကြာ စကားပြောနိုင်ရန် ကားနှေးကွေးစွာ သွားဖို့ကို မျှော်လင့်နေမိသည်။ သို့သော် ဖြေးဖြေးလေး သွားလျှင်ပင် လမ်းအနည်းငယ်သာ ခြားသောကြောင့် ကားသည် ရပ်ကွက်ထဲသို့ ရောက်နေလေပြီ။ စုရှီ ကားတံခါးဖွင့်၍ ဆင်းလိုက်သည်။

လုဟွမ်သည် ကားနောက်ခန်းမှ သူမအိတ်ကို ထုတ်ပြီး တိုက်ခန်း အဆောက်အဦးသို့ လိုက်ပို့ပေးသည်။

"ဒီည ပြန်တွေ့မယ်"

စုရှီ အံ့သြသွားသည်။ "ဒီည"

လုဟွမ်က သူမအိတ်ကပ်ထဲရှိ ဖုန်းကို လက်ညှိုးထိုးပြပြီး "မင်းမှာ ဒါရှိတယ်ဆိုတာ မမေ့နဲ့လေ။ ဒီည ရေချိုးပြီးရင် ကိုယ့်ကိုဖုန်းဆက်လိုက်။ မင်းရဲ့နေရာကို ကိုယ် လာခဲ့ပြီး အိမ်စာ အတူတူလုပ်မယ်"

"မေ့လုနီးပါးဘဲ!"

စုရှီသည် အနည်းဆုံး နှစ်ရက်သုံးရက်ခန့် မတွေ့ရတော့ဘူးဟုသာ တွေးမိနေခဲ့သည်။ လုဟွမ် ၏စခရင်သည် စတင်သည့် အင်တာဖေ့စ်ကို ချိန်ညှိနိုင်ကြောင်း မေ့နေခဲ့သည်။ ယခင်က သူသည် တိုက်ခန်းကို ကနဦး အင်တာဖေ့စ်အဖြစ် ချိန်ညှိခဲ့သည်။ မဟုတ်လျှင် ဤအချိန်အတွင်း သူမအခန်းထဲကို သူ ပေါ်လာတိုင်း သူ့မိဘများ တွေ့မည်ကို ရှောင်နိုင်မည် မဟုတ်ပါ။

သူသည် အင်တာဖေ့စ်ကို ချိန်ညှိနိုင်သောကြောင့် ထိုက်ရှမ်းနန်းဆောင်သို့ ပြန်သွားပြီး သူမ၏အခန်းသို့ အင်တာဖေ့စ်ကို ချိန်ညှိရန်သာ လိုအပ်သည်။ ထို့ကြောင့် ညဘက် သူမအခန်းထဲသို့ လွယ်လွယ်ဝင်နိုင်သည်ဟု ဆိုလိုခြင်းမဟုတ်ပါ လော။ ထို့ပြင် သူ့အမေ တံခါးဆီသို့ လျှောက်လာလျှင် သူ ရုတ်တရက် ပျောက်ကွယ်သွားပြီး ယန်မင်းဆက်သို့ ပြန်သွားနိုင်သေးသည်။

'သူ ဒါကိုလုပ်နိုင်တယ်?!'

စုရှီ က ဝမ်းသာအားရဖြစ်ပြီး အံ့သြသွားသည်။

"ဘာလို့ အခုမှ ပြောတာလဲ?!"

သူမသည် ရက်အနည်းငယ်ကြာအောင် မတွေ့ရတော့မည်ဟု တွေးကာ စိတ်ပျက် နေမိခဲ့သည်။

လုဟွမ် မူလက ပြောချင်သော်လည်း စုရှီက ခေါင်းငိုက်စိုက်ချပြီး ကူကယ်ရာမဲ့နေသည့် ပုံပေါက်နေသည်ကို တွေ့လိုက်ရတော့ စုရှီလည်း သူ မရှိသောကြောင့် သူ့ကို သတိရလိမ့်ဟု ခံစားလိုက်မိသောကြောင့်သာ ပြောထွက်တော့သည်။

စုရှီက စိတ်သက်သာရာရပြီး "ကောင်းပြီ။ ကျွန်မ တက်သွားတော့မယ်နော်။ ဒီညတွေ့မယ်" ဟု ဝမ်းသာအားရ ပြောလိုက်သည်။

သူမ ပြောရင်း နောက်ပြန် လျှောက်သွားကာ အဆောက်အဦးအောက်ခြေနား ရောက်ခါနီးမှသာ ရှေ့သို့လှည့်သွားခဲ့သည်။ သို့သော် အိတ်ကို အဆောက်အဦးထဲ ချလိုက်ပြီး နောက်ပြန်လှည့်ကြည့်ခဲ့ပြန်သည်။ ထူထပ်သောနှင်းများအောက်တွင် လုဟွမ်သည် လမ်းမီးတိုင်အောက်တွင် ရပ်နေဆဲဖြစ်သည်ကို သူမ မြင်လိုက်ရပြီး သူက အဝေးမှ လှမ်းကြည့်နေခဲ့သည်။ သူ့လက်များက အနက်ရောင်အောက်ခံ ဂျာကင်အင်္ကျီအိတ်ကပ်ထဲ ထည့်ထားပြီး သူ့ဆံပင်များ ပြန်ရှည်လာသောကြောင့် ဘေ့စ်ဘောဦးထုပ်ကို ဆောင်းထားသည်။ အဝေးကနေပင် သူ့မျက်လုံးများက ကြယ်လို တောက်ပနေပြီး၊ သူ့အကြည့်များက သူမကိုသာ ကြည့်နေခဲ့သည်။

သူမ ပြန်ကြည့်နေသည်ကိုမြင်တော့ တစ်ခုခုပြောနေသလိုမျိုး ပါးစပ်ကိုဖွင့်လိုက်သည်။ သို့သော် သူတို့သည် အလှမ်းဝေးနေပြီဖြစ်သောကြောင့် စုရှီသည် ရှင်းရှင်းလင်းလင်း မကြားနိုင်ပေ။

အကြောင်းတစ်ခုခုကြောင့် စုရှီ ၏ နှလုံးသားသည် သူနှင့် မခွဲနိုင်လောက်အောင် ပြင်းပြသော တောင့်တမှုဖြင့် ပြည့်နေခဲ့သည်။ လမ်းမခွဲရသေးသော်လည်း သူ့ကို လွမ်းစပြုနေလေပြီ။ ပတ်ပတ်လည်၌ တစ်ယောက်မှ မရှိပါ။ သူမ ခရီးဆောင်အိတ်ကို အဆောက်အဦးထဲ ထားခဲ့လိုက်ပြီး ရုတ်တရက် ပြန်ထွက်လာခဲ့သည်။

သူမသည် အဆောက်အဦးအောက်ရှိ တံခါးကိုတွန်းဖွင့်လိုက်ပြီး လမ်းလျှောက်ရင်း ရုတ်တရက် ပြေးလာခဲ့သည်။

လုဟွမ်၏ မျက်လုံးများတွင် အပြုံးတစ်ခု သန်းလာသည်။ သူ့ဆီ မရောက်လာခင် သူက လက်မောင်းကို ဖွင့်ထားလိုက်ပြီး စုရှီက သူ့ ရင်ခွင်ထဲကို ပစ်ဝင်သွားသည်။

"ရှင် ဘာပြောလိုက်တာလဲ?"

စုရှီ ခြေဖျားထောက်ပြီး သူ့လည်ပင်းကို သိုင်းဖက်ထားသည်။

လုဟွမ်သည် သူမ၏ခါးကို ပွေ့ဖက်လိုက်ပြီး ခေါင်းကို အခြားလက်ဖြင့် ပွတ်သပ်လိုက်သည်။ သူက

"ကိုယ် ပြောလိုက်တာက..."

စုရှီ နားစွင့်လိုက်သည်။ သူ့နားများ ပူသွားပြီး သူ့ပါးစပ်ပုံသဏ္ဍာန်သည် စကားလုံးတစ်လုံးနှင့်တူသည်ဟု သူမ ခံစားမိသည်။

"မင်းကို ချစ်တယ်လို့"

လုဟွမ်သည် မျက်လုံးများကို အနည်းငယ်ငုံ့ကာ သူမ၏မျက်လုံးများကို တိုက်ရိုက်ကြည့်လိုက်သည်။ ထိုစကားကို သူ ပြောဖို့ခက်နေပုံပင်။ သူ့နားရွက်များ ပူသွားသော်လည်း စုရှီ၏ခါးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး သူလက်မလွှတ်လိုက်ပေ။

စုရှီ၏မျက်နှာသည် လုံးဝနီရဲနေ၏။

"ကျွန်မ တက်သွားတော့မယ်"

လုဟွမ်: "ကောင်းပြီ။"

သူက စုရှီကို တင်းတင်းကျပ်ကျပ် ဖက်ထားပြီး သူမလည်ပင်း၌ ခေါင်းကို ခဏနစ်မြှုပ်ပြီး လွှတ် ပေးလိုက်သည်။

စုရှီသည် အဆောက်အဦးထဲသို့ လျှောက်ရင်း နောက်ပြန်လှည့်ကြည့်လိုက်သည်။ ဓါတ်လှေကားထဲသို့ သူမ သွားသည့်တိုင် လုဟွမ် ထွက်မသွားသေးပေ။

သူမ ခရီးဆောင်အိတ်ကို သယ်ကာ ဓာတ်လှေကားထဲတွင် ရပ်လိုက်သည်။ လုဟွမ်၏ လေးနက်သော မျက်လုံးများကို ယခုပင် သူမ တွေးလိုက်မိသောအခါ သူမ၏ ပါးစပ်ထောင့်များ ကျယ်လာသည်။ အမှိုက်ပစ်ပြီး ဝင်လာသည့် အဒေါ်တစ်ယောက်သည်လည်း ဓာတ်လှေကားထဲမှာ သူမနဲ့အတူ ရပ်လိုက်သည်။ သူမသည် စုရှီကို ထူးဆန်းစွာကြည့်ကာ

"ကောင်မလေး မင်း ချစ်မိနေတာလား"

စုရှီသည် ရုတ်တရက် ရှက်လာပြီး နှစ်ကြိမ်မျှ တခစ်ခစ်ရယ်မိသည်။ ဓာတ်လှေကားသည် သူ့အိမ်အထပ်၌ ရပ်သွားပြီး သူမသည် ခရီးဆောင်အိတ်ကို သယ်ကာ အမြန်ပြေးထွက်လာခဲ့သည်။

ကျောင်းတက်ပြီး တစ်ပတ်တစ်ကြိမ် အိမ်ပြန်လေ့ရှိသောကြောင့် သူမ၏ မိဘများက သူမ ပြန်လာသည်ကို တွေ့လိုက်သောအခါ မည်သည့် ပြောဆိုခြင်းမှ လုံးဝမရှိခဲ့ပေ။ သူ့အမေက ဆိုဖာပေါ်တွင် ချည်ထိုးနေပြီး အဖေဖြစ်သူက မီးဖိုချောင်ထဲတွင် ရေနွေးတည်နေသည်။ ‌မားမားစုက သူမကို တစ်ချက်ကြည့်လိုက်ပြီး

"ပြန်လာပြီလား။ အချိန်မီပဲ၊ ညည်းအဖေကို ပန်း ရေလောင်းကူလိုက်ပါဦး။ သူ အလုပ်များလွန်း နေတယ်"

သူမ၏ သမီးအရင်းမဟုတ်သလို ခံစားမိသော စုရှီသည် ဘာစကားမှပြတ်မပြောနိုင်။

စုရှီသည် သူမ၏ ခရီးဆောင်အိတ်ကို ချပြီး ရေလောင်းဗူးကို ကောက်ယူကာ မကျေမနပ်ဖြင့် လသာဆောင်သို့ လျှောက်သွားခဲ့သည်။ သူမ အမှတ်တမဲ့ ငုံ့ကြည့်လိုက်သည်။

အောက်ထပ်မှ သူမအိမ်သို့ ရောက်ရှိကြောင်း အတည်ပြုပြီးသည်ထိ အရပ်ရှည်ရှည် ကောင်လေးသည် သူ့အိတ်ကပ်ထဲ၌ လက်နှစ်ဖက်ထည့်ပြီး မတ်တပ်ရပ်နေသေးသည်။ လသာဆောင်တွင် သူမကို မြင်လိုက်ရသောအခါ စုရှီ နှစ်သက်သော တီဗီစီးရီးကို ကိုးရိုးကားရားဖြင့် အတုယူကာ သူသည် သူ့ခေါင်းထက်တွင် လက်များကို မြှောက်ပြီး စုရှီအတွက် ကြီးမားသော နှလုံးသားပုံကို ဖန်တီးလိုက်သည်။

စုရှီက သူ့ကိုကြည့်ပြီး ကောင်းကင်ပေါ်ရှိ နှင်းများကို မော့ကြည့်လိုက်သည်။ သူမ ပြုံးလိုက်ပြီး သူမ အဆိပ်သင့် နေသလို ခံစားလိုက်ရသည်။ သူမ ဘာကြောင့် တစ်နေ့ထက်တစ်နေ့ သူ့ကို ပိုပိုကြိုက်မိလာရတာလဲ။

All Chapters