Chapter 80
Vol. 8 Ch. 80
လုဟွမ်က ဒီကမ္ဘာရဲ့ နှစ်သစ်ကူးကာလအတွင်း လူမှုဆက်ဆံရေးတစ်ချို့ကို နားလည်လာသည်။ တနင်္လာနေ့ကနေ ဗုဒ္ဓဟူးနေ့အထိ စုရှီက ဆွေမျိုးအိမ်တွေကို သွားလည်မှာဖြစ်ပြီး နှစ်သစ်ကူးလေးရက်မြောက်နေ့ကျရင် စုရှီရဲ့အိမ်ကို အတန်းဖော်တစ်ယောက်အနေနဲ့ သွားလည်နိုင်မှာဖြစ်သည်။
သူတစ်ယောက်တည်းလာရင် စုရှီရဲ့မိဘတွေ သံသယဝင်မှာ စိုးတာကြောင့် စုရှီက ဟောက်ကျင်းချွမ်ကိုပါ လိုက်လာဖို့ အတင်းတိုက်တွန်းရ၏။
တံခါးခေါက်သံကြားတော့ စုရှီက လက်ကရေတွေကို အေပရွန်နဲ့သုတ်လိုက်ပြီး မီးဖိုချောင်ထဲကထွက်ကာ တံခါးသွားဖွင့်လိုက်သည်။ အပြင်မှာ ဂျာကင်ဝတ်ထားတဲ့ ကောင်လေးနှစ်ယောက်ရပ်နေ၏။
ပြောစရာမလိုပင်။ တစ်ယောက်က သူနဲ့အတူကြီးပြင်းလာခဲ့တဲ့ ဟောက်ကျင်းချွမ်ဖြစ်သည်။ နောက်တစ်ယောက်ကတော့ ကြည်လင်တဲ့အသားအရည်နဲ့ လှပတဲ့မျက်လုံးတွေရှိတဲ့ ကောင်လေးပင်။ သူ့ပုံစံကို ရင်းနှီးနေ၏။ အဲဒီတော့မှ ကျောင်းစဖွင့်တုန်းက သူ့ကိုခရီးဆောင်အိတ် ကူသယ်ပေးတဲ့ ကောင်လေးမှန်း မှတ်မိသွားသည်။
စုရှီက ပြုံးကာ အမြန် ဝင်ခိုင်းလိုက်သည်။
"ဝင်လာပြီး နေ့လည်စာအတူလာစား"
"အေးပါ"
ဟောက်ကျင်းချွမ်က ဖိနပ်လဲပြီး တန်းဝင်သွားသည်။ အဲဒီနောက် မီးဖိုချောင်ထဲသွားကာ မေး၏။
"အန်တီစု ဘာတွေချက်နေတာလဲ။ အာလူးကြော်မှာလား"
လုဟွမ်က တံခါးမှာရပ်နေတုန်းဖြစ်ပြီး စုရှီကိုပြုံးပြကာ ဈေးဝယ်အိတ်နှစ်ထုပ်ကို ကမ်းပေးလိုက်သည်။
"အန်တီ။ ကျွန်တော် လက်ဆောင်လေး ဝယ်လာခဲ့တယ်။ ပျော်ရွှင်စရာနှစ်သစ်ပါ"
"ဘာလို့ လက်ဆောင်ဝယ်လာရတာတုန်း"
ပြောသာပြောလိုက်ပေမယ့်လည်း သိချင်စိတ်ဖြင့် ဖွင့်ကြည့်လိုက်တော့ အံ့ဩသွားရသည်။
အိတ်တစ်အိတ်ထဲမှာ မာကျောက်အတုံးလေးတွေ ရှိနေ၏။
မာကျောက်တုံးလေးများကို လက်ရာသပ်သပ်ရပ်ရပ်ဖြင့် အသေးစိတ်ပြုလုပ်ထား၏။ တစ်ခုစီတိုင်းက ချောမွတ် ပြောင်လက်နေသည်။ လက်ဖြင့် ကိုင်ကြည့်လျှင်ပင် အရည်အသွေးမြင့် ကျောက်စိမ်းသားကို ခံစားနိုင်ပြီး နေရောင်အောက်မှာ ကြည်လင်တောက်ပနေသည်။
စုရှီ ဒီကျောက်တုံးလေးတွေက ကျောက်စိမ်းတုံးကနေ တစ်ခုစီ ထွင်းထုထားကြောင်း အံ့သြတကြီး သိလိုက်ရသည်။ သူဒါကို မတွေးဘဲ မနေနိုင်ပေ။ ဒီလိုတန်ဖိုးကြီး ပစ္စည်းကို နှစ်ကူးလက်ဆောင်အနေနဲ့ ကလေးတစ်ယောက်က ပေးလို့လား။
တစ်ခြား စျေးဝယ်အိတ်ထဲမှာတော့ ဝိုင်တစ်ပုလင်း ရှိနေပြီး ပုလင်းပုံစံ ကြည့်ရတာ မောင်ထိုင်(茅台) ဝိုင်ပုလင်းပုံစံနှင့် မတူပေ။ TV ဒရာမာတွေထဲက မက်မွန်ပန်းဝိုင် ပုလင်းနဲ့တောင် ပိုတူနေသေးသည်။ မက်မွန်ပန်းဝိုင်နံ့ က အပြင်သို့ လွင့်ပျံ့ လာကာ ခဏတွင်း ချိုအီ မွှေးပျံ့သွားသည်။ ဒါက စုရှီအဖေ ကို စာဖတ်ခန်းထဲက ထွက်လာအောင် ဆွဲဆောင် နိုင်လိုက်၏။
စုရှီက လက်မခံဘဲ
"ကျေးဇူးပါ လုဟွမ်။ ဒါပေမယ့် လက်ဆောင်က အရမ်းဈေးကြီးမနေဘူးလား"
လုဟွမ်က
"အဲလောက်ဈေးမကြီးပါဘူး။ ကိုယ့်မြို့ကဝယ်လာတဲ့ ဒေသထွက်ပစ္စည်းတွေပါ။ တစ်ခြားအတန်းဖော်တွေကလဲ အဲလိုလက်ဆောင်ပေးပြီးပြီ"
ဒါကို ကြားတော့ စုရှီအမေက စိတ်သက်သာသွားသည်။
အဲဒီနောက် နောက်လှည့်လာပြီး လုဟွမ်ကို ယွမ်၁၀၀၀တန် ဟုန်ပေါင်းပေးလေသည်။
"သားအတွက်"
ပုံမှန်ဆို စုရှီအမေက သူ့သူငယ်ချင်းတွေကို ကျေးဇူးတင်တဲ့အနေနဲ့ ယွမ်တစ်ရာတန် နှစ်ရာတန် ဟုန်ပေါင်းသာပေးလေ့ရှိသည်။ နှစ်တိုင်း နည်းနည်းပိုပေးတဲ့ ဟောက်ကျင်းချွမ်နဲ့ ကုချင်ကလွဲရင် နှစ်သစ်ကူး နှုတ်ဆက်ဖို့လာတဲ့ တစ်ခြားကျောင်းသားတွေက အတော်လေးပေးတာနည်းသည်။
သို့သော် လုဟွမ်ရဲ့ လက်ဆောင်တွေကိုကျ ရိုးရိုးသားသားလို့ ထင်မိ၏။ ဘယ်လောက်ကုန်ခဲ့လဲ မသိတာကြောင့် ခန့်မှန်းပြီး ယွမ်၁၀၀၀နဲ့ ဝယ်လိုက်တဲ့သဘောမျိုး ဖြစ်သည်။
လုဟွမ်ရဲ့ လက်ဆောင်နှစ်ခုက သူ့စိတ်ရင်းကို ဖော်ပြနေတယ်လို့ စုရှီခံစားရသည်။
ဒါတွေက ဘယ်လောက်တန်ကြေးရှိပြီး လုဟွမ် ဘယ်လောက်နဲ့ပေးဝယ်ခဲ့ရလဲ စုရှီ မသိပေ။
သူမအမေ တွက်ချက်ပြီး ယွမ် ၁၀၀၀ ဝယ်ယူခဲ့ပေမယ့် ပိုနေသေးလို့ စုရှီ နဲ့ ဟောက်ကျင်းချွမ် ကို ဟုန်ပေါင်းတောင် ပေးလိုက်သေးသည်။
ဟောက်ကျင်းချွမ်နဲ့ စုရှီတို့လဲ ရပြီးတာကြောင့် လုဟွမ်က လက်ခံလိုက်၏။
သို့သော် စုရှီရဲ့အဖေနဲ့အမေ ဟင်းသွားချက်နေတုန်း သုံးယောက်သား စုရှီရဲ့အခန်းထဲဝင်ပြီး ဟုန်ပေါင်းတွေကို ဖောက်လိုက်ကြသည်။
စုရှီက ရှစ်ရာ၊ လုဟွမ်က တစ်ထောင်ရပြီး ဟောက်ကျင်းချွမ်က နှစ်ရာရသည်။
စုရှီ...
ဟောက်ကျင်းချွမ်....
သူ ထခုန်ကာ လုဟွမ်ကို စိတ်ဆိုးမာန်ဆိုးဖြင့်
"မင်း မလာခင်ကဆို အန်တီကငါ့ကို ယွမ်ငါးရာ ပေးနေကျကွ။ မင်းကိုကျ ဒီနှစ်ဘာလို့အများကြီးပေးရတာလဲ"
"ဟဲ့ နင်က ငါ့အိမ်ကို နှစ်တိုင်းလာပြီး နှစ်သစ်ကူး ဟုန်ပေါင်းတွေကို ဖရီးဂုန်း သွားတာလေ။ ဒီလောက်များတာကို မကျေနပ်ဘူးလား"
စုရှီက သူမ ဒီနှစ်ရသည့် နှစ်သစ်ကူးမုန့်ဖိုး က အရင်နှစ်က ထပ် ယွမ်ရာဂဏန်း တော်တော်များများ နည်းနေသောကြောင့် ဝမ်းနည်းကြေကွဲနေသည်။
မိခင်စုက ဟောက်ကျင်းချွမ်ရဲ့ ဝေစုထဲက မဖြတ်ရဘဲ စုရှီကို ပေးမည့် မုန့်ဖိုးများကို လုဟွမ်ကို ပေးလိုက်သောကြောင့် ဖြစ်သည်။
မိခင်စု သည် လုဟွမ်ဘေးတွင် ရပ်ကာ
"လုဟွမ်က လက်ဆောင်တွေ အများကြီး ယူလာတယ်။ ကျောက်စိမ်းပြာ မာကျောက် အစုံလိုက်လေ။ တစ်ခုချင်းစီက တန်ဖိုး မဖြတ်နိုင်ဘူး။ နင်ကကော ဘာပါလာလို့လဲ။ နှစ်တိုင်း တစ်မျိုးတည်းပဲ ယူလာတယ်"
"ကျောက်စိမ်းပြာ၊ တန်ဖိုးမဖြတ်နိုင်ဘူးဟုတ်လား။ ငါမယုံဘူး"
ဟောက်ကျင်းချွမ်က အော်ပြော၏။
"မင်းဘယ်လောက်ပဲ ချမ်းသာပါစေ။ ရှေးဟောင်းပစ္စည်းတွေတော့ ယူလာလို့မှ မရတာ"
စုရှီက လုဟွမ်ကိုစိုက်ကြည့်ကာ သိသိကြီးဖြင့် ပြုံးလိုက်သည်။ လုဟွမ်ကတော့ ပြုံးပြီး ဘာမှပြန်မပြော။
လုဟွမ်က သစ်သားပန်းပုလေးတွေ ထုတဲ့နေရာမှာ တော်သည်။ စုရှီက ထိုလက်ရာတွေကို မြင်ခဲ့ဖူးပြီဖြစ်၏။ အဲတာကြောင့် ကျောက်စိမ်းထုလုပ်ရတာ သူ့အတွက် မခက်ခဲပေ။ သို့သော် ရက်က သိပ်မလောက်တာကြောင့် ကိုယ့်ဘာကိုယ်တောင် တစ်ယောက်တည်း ပြီးအောင် မလုပ်နိုင်ချေ။ အဲတာကြောင့် သူ့လက်အောက်ငယ်သားတွေကို ပန်းထွင်းသမားတွေ ရှာခိုင်းလိုက်သည်။ အဲတာနဲ့ သူတို့က ပုံတွေကို ကြည့်ပြီး ကျောက်ပြားတွေကို တစ်ညလုံး ထုကြတော့၏။
"နင်တို့ တစ်ယောက်မျက်နှာ တစ်ယောက် မကြည့်နေလို့ မရဘူးလား။ ငါဒီမှာရှိသေးတယ်"
ဟောက်ကျင်းချွမ်က သူတို့ကို ဆက်မကြည့်နိုင်တော့။ ကြားထဲဝင်ပြီး ခွဲလိုက်ဖို့တောင်တွေးနေ၏။
လုဟွမ်က ဘာသိဘာသာဖြင့် ဟောက်ကျင်းချွမ်ကို
"အဲတာက တန်ဖိုးကြီးတဲ့အရာ မဟုတ်ပါဘူး။ အလေးထားတယ်ဆိုတာကို ပြယုံပါ"
စုရှီက
"ဟုတ်တယ်။ နင်ကကော ဘာပေးလို့လဲ။ နင်က အလေးထားတောင်မထားဘူး"
ဟောက်ကျင်းချွမ်....
လုဟွမ်က မိခင်စုပေးတဲ့ ဟုန်ပေါင်းထဲက ယွမ်တစ်ထောင်ကို ထုတ်ကာ စုရှီကိုပေးလိုက်သည်။
"မင်းပဲ အကုန်ယူလိုက်ပါ"
စုရှီရဲ့ မျက်လုံးများ ဝင်းလဲ့လာသည်။ အရင်တုန်းကဆို တစ်နှစ်ကို ယွမ်ထောင့်နှစ်ရာရသည်။ ဒီနှစ်မှာတော့ ကံကောင်း၏။ သူ့အမေက ယွမ်လေးရာ ပြန်ထုတ်သွားပေမယ့် လုဟွမ်က ယွမ်တစ်ထောင် ပြန်ပေးသည်။ ဒီနှစ် သူ ယွမ်ထောင့်ရှစ်ရာတောင် ရ၏။
ကံကောင်းချက်ပဲ။
ဟောက်ကျင်းချွမ်မှာတော့ စိတ်တိုနေသည်။ ခွေး စာမစားချင်ဘူးလို့ ပူညံပူညံလုပ်ကာ တီဗွီကြည့်နေလေ၏။
မီးဖိုချောင်ထဲမှာတော့ စုရှီအမေက ဟင်းရွက်တွေ လှီးနေရင်း နားစွင့်နေလေသည်။ စုရှီအဖေက ဝိုင်ကိုငှဲ့ပြီး အနံ့ခံကြည့်၏။ သူ့ခမျာ ကြိုက်လွန်းလို့ ပြန်တောင်မချချင်တော့ပေ။ စုရှီက လူတွေအကြိုက် လက်ဆောင်တွေ ပေးတဲ့နေရာမှာ ဘာလို့သိပ်တော်နေရတာလဲ။ မိခင်စုက မာကျောက်ကစားရတာကြိုက်ပြီး သူကတော့ ဝိုင်သောက်ရတာ ကြိုက်သည်။
မိခင်စုက ကလေးသုံးယောက်ရှိတဲ့ အခန်းကို တစ်ချက်ကြည့်လိုက်သည်။ အဲတာနဲ့ မနေနိုင်ဘဲ ဖခင်စုကို တိုးတိုးလေးဖြင့်
"အခုလာတဲ့ လုဟွမ်က ကျွန်မတို့ ရှီရှီလေးကို သဘောကျနေပုံပဲ"
ဖခင်စုကတော့ သူ့မုန်ညင်းထုပ်လေး အတူးခံလိုက်ရလို့ မပျော်မရွှင်ဖြစ်နေသည်။ ဖခင်စုက ဝိုင်ပုလင်းကို ထုတ်ယူလိုက်ကာ "မင်းက ဇာတ်လမ်းတွေ လုပ်ဖို့ပဲ သိတယ်။ သူတို့က ရိုးရိုးသားသား သူငယ်ချင်းတွေလဲ ဖြစ်နိုင်တာပဲ"
"ရိုးသားတယ်ပေါ့။ ကလေးတွေကတော့ ဖြူစင်တဲ့ပုံပါပဲ။ ဒါပေမယ့် သူ ကျွန်မတို့ရှီရှီကို ကြည့်ပုံက တော်တော်သိသာ နေတာနော်။ ကျွန်မတွေ့တာကတော့ သူအခန်းထဲမဝင်ခင် စုရှီ ပစ္စည်းတွေသိမ်းပြီးတော့မှ သူကဟောက်ကျင်းချွမ်ကိုဝင်ခိုင်းတာ"
"အဲတာဘာအဓိပ္ပာယ်လဲ"
မိခင်စုက အသံတိုးတိုးဖြင့်
"မိန်းကလေးတွေရဲ့အခန်းထဲမှာ ပြန့်ကျဲနေတဲ့ပစ္စည်းတွေဆိုတာ ရှိမှာပဲ။ မသိမ်းရသေးဘဲနဲ့တော့ အခန်းထဲလူဝင်ခိုင်းလို့ မသင့်ဘူးလေ။ ဒီကလေးက အရမ်းစေ့စပ်တယ်။ ရှီရှီ့ အခန်းထဲဝင်ဖို့တောင် ဟောက်ကျင်းချွမ်နဲ့ ပြဿနာတက်လိုက်သေးတယ်ထင်တယ်"
"မင်းပဲကြည့်လုပ်လိုက်တော့"
ဖခင်စုက အသီးအရွက်တွေကို ကြော်နေလိုက်သည်။ သူက
"မင်းက လုပ်ရပ်အသေးစားလေးကိုတောင် လိုက်ဝေဖန်နေတာ။ မင်းကိုယ်မင်း ရှားလော့ဟုမ်းများမှတ်နေလား"
"မိန်းမတွေဆိုတာ အမြဲတမ်း သတိရှိတယ်လေ။ ရှောင်လု ရှီရှီ့ကိုကြည့်တဲ့ပုံစံက အရင်တုန်းက ရှင်ကျွန်မကို ကြည့်ခဲ့သလိုမျိုးပဲ"
မိခင်စုက လူလတ်ပိုင်းအရွယ် ခပ်ပိန်ပိန်ထွားကျိုင်းတဲ့ ဖခင်စုကို တစ်ချက်ကြည့်လိုက်ပြီး
"ရှီရှီက ကျွန်မထက် အကြိုက်ပိုကောင်းတာပဲ။ ဒီကလေးက ခေါင်းကနေခြေဖျားအထိ ရှင့်ထက် အဆတစ်သန်းလောက် ကွာတယ်"
ဖခင်စုမှာ ကြောင်သွားပြီး နောက်ကျောဓားနဲ့ ထိုးခံလိုက်ရတော့သည်။
"...."
မိခင်စုနဲ့ မိခင်ဟောက်တို့မှာ တူတူကြီးပြင်းလာကြတဲ့ စုရှီနဲ့ ဟောက်ကျင်းချွမ်တို့ အကြောင်း တိုင်ပင်လေ့ ရှိသည်။ သို့သော် မိခင်စုက ကောင်လေးနှစ်ယောက်ကို သေချာယှဉ်ကြည့်လိုက်တော့ တွေးလေလေ လုဟွမ်က ပိုသင့်တော်လေလေ ဖြစ်နေသည်။ သို့သော် ရှောင်လုနဲ့ယှဉ်ရင် ဟောက်ကျင်းချွမ်က လျော့နေသည်။
ရှောင်ဟောက်ရဲ့ ဆံပင်မှာဝင်လာတည်းက ငှက်သိုက်လိုဖြစ်နေ၏။ အိမ်မှာပဲအိပ်နေပြီး ဂိမ်းဆော့နေခဲ့သည်မှာ သိသာသည်။ သို့သော် ရှောင်လုမှာတော့ ထူးခြားသည်။ သူကအရပ်ရှည်ပြီး ခြေထောက်ရှည်ကာ ဂျာကင်နက်ကိုဝတ်ထားပြီး သားမွေး ဦးထုပ်ဆောင်းထားသည်။ သူ့ပုံစံက သပ်ရပ်နေပြီး ရှောင်ဟောက်ထက်လဲ ပိုချောသည်။ ပြောရရင် ယောင်္ကျားလေးတွေအတွက် အရေးကြီးဆုံးက ရုပ်ချောခြင်းမဟုတ်ဘဲ အကျင့်စရိုက်အရ ရှောင်လုက ရှောင်ဟောက်ထက် ပိုယဉ်ကျေးလို့ပင်။
ရှောင်လုက လက်ဆောင်ပေးရကောင်းမှန်းလဲ သိသည်။ ရှောင်ဟောက်ကတော့ ဝင်လာတာနဲ့ မီးဖိုချောင်ထဲတန်းဝင်သည်။ အိမ်မှုကိစ္စတွေလဲ ကူလုပ်မပေးချေ။
အဲအပြင်ရှောင်လုရဲ့ နောက်ဆုံးစာမေးပွဲ အမှတ်က ရှောင်ဟောက်ထက် များတယ်လို့ ပြော၏။
ဘာရွေးနေစရာလိုသေးလို့လဲ။ ရှောင်လုက ဒီလောက်သင့်တော်နေတာကို။
အရင်ကဆို မိခင်စုက ဟောက်ကျင်းချွမ်ကို သိပ်တော့မဆိုးပါဘူးဆိုပြီး သားမက်လို သဘောထားခဲ့သည်။ အဲဒီတုန်းက သူနဲ့ယှဉ်စရာလူ မရှိသေးလို့ ဖြစ်လိမ့်မည်။ အခုတော့ ရှောင်လုရောက်လာပြီး သူကအရာရာတိုင်းမှာ တော်နေတာကြောင့် အိမ်မှာ လာကပ်စားနေတဲ့ ရှောင်ဟောက်ကို မျက်စိထဲ သိပ်သဘောမတွေ့တော့ပေ။
အခုလဲ ဆိုဖာကြီးတစ်ခုလုံး ဖြဲကားနေနေတာမြင်တော့ ရီမုတ်ကို တင်းတင်းကျပ်ကျပ်ဆုပ်ပြီး အသီးစားမလို့ လုပ်လိုက်တော့ အသီးပန်းကန်မှာ ဘာမှမရှိတော့ပေ။
မဖြစ်နိုင်တာ။
မိခင်စုက ခေါင်းခါလိုက်တော့သည်။ ရှောင်ဟောက်က မသင့်တော်တာမလို့ ဘက်ပြောင်းလိုက်တော့သည်။ ရှောင်လုက ပိုသင့်တော်၏။
မိခင်စုက စိတ်ထဲမှာ တိတ်တိတ်လေး တွေးထားသည်။ ဆိုဖာပေါ်ထိုင်ပြီး ကာတွန်းကားကြည့်ရင်း ကြက်ဖကြီးလို အော်ရယ်နေတဲ့ ဟောက်ကျင်းချွမ်မှာတော့ မိခင်စုရဲ့ သားမက်လောင်းလေးနေရာကနေ အဖြုတ်ခံရပြီး စုရှီရဲ့ ရိုးရိုးသူငယ်ချင်း ပြန်ဖြစ်သွားပြီဆိုတာကိုတော့ မသိပေ။ အခန်းထဲမှာရှိနေတဲ့ စုရှီနဲ့လုဟွမ်တို့လဲ မသိကြ။ သူတို့ထွက်လာတော့ မိခင်စုပုံစံက တော်တော်ပျော်နေပုံရသည်လို့သာ ထင်နေ၏။
ထမင်းစားတော့ မိခင်စုက လုဟွမ်ရဲ့ပန်းကန်ထဲကို အသားတွေ ပိုထည့်ပေးပြီး များများစားခိုင်းသည်။
ဟင်းထည့်ပေးတဲ့ အချိုးအစားကို အကြမ်းဖျဥ်း ပြောပြရရင် — စုရှီကို တစ်ခါထည့်ပေးရင် ဟောက်ကျင်းချွမ်ကိုလည်း တစ်ခါထည့်ပေးသည်။ ပြီးရင် လုဟွမ်ကို ၃ခါလောက် ထည့်ပေးသည်။
ဟောက်ကျင်းချွမ်ဆိုတာ စုရှီအိမ်မှာ အရင်က လာစားခဲ့သမျှတိုင်း ဟင်း ၂ ခါ ထည့်ပေးခံနေရကြဖြစ်သည်။ သူ ရုတ်တရက်ကြီး အအေးနန်းဆောင်ကို အပို့ခံလိုက်ရသလို အေးစက်ခြောက်ကပ်သွားတယ်လို့ ခံစားလိုက်ရသည်။
စားသောက်ပြီးတော့ တီဗွီကြည့်ကြသည်။ အဲဒီအချိန် ဆိုဖာပေါ်ထိုင်တဲ့ ပုံစံတွေက တော်တော်ကြီး ပြောင်းလဲသွားပြီပင်။ အရင်ကဆို သူတို့အိမ်လာရင် ဟောက်ကျင်းချွမ်က တီဗွီနဲ့မျက်နှာချင်းဆိုင် အလယ်က ဆိုဖာပေါ်မှာ စုရှီ သူ့အမေတို့နဲ့အတူ ထိုင်လေ့ရှိသည်။ သိပ်ဝင်မပါလေ့ရှိတဲ့ ဖခင်စုမှာတော့ သူတို့နဲ့အဝေး နှစ်ခုံတွဲဆိုဖာ ပေါ်မှာ ထိုင်သည်။
သို့သော် အကြောင်းတစ်ချို့က ဒီနှစ် ဆိုဖာပေါ်ထိုင်တာ စုရှီနဲ့လုဟွမ်တို့ ဖြစ်သွားလေသည်။ ဟောက်ကျင်းချွမ်မှာတော့ ဖခင်စုနဲ့ အတူထိုင်ခိုင်းခံရသည်။ နွေဦးပွဲတော်အကြောင်းကြည့်ဖို့ ခေါင်းလှည့်နေရတာကြောင့် လည်ပင်းတွေလဲ နာနေပြီဖြစ်၏။
သူနဲ့ဖခင်စုမှာ တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး မျက်ရည်တွေ ကျတော့မည် ဖြစ်သည်။
တစ်ဖက်မှာတော့ လုဟွမ်က တော်တော်လေး ပျော်မြူးနေလေသည်။ သူတခါမှ ဒီလိုမိသားစုရဲ့နွေးထွေးမှုမျိုး မခံစားခဲ့ရလို့ ဖြစ်မည်။ မိခင်စုက သူ့အတွက် လက်ဖက်ရည်ငှဲ့ပေးပြီး လိမ္မော်သီးတွေ ကျွေး၏။ သူနည်းနည်း စိတ်ကြည်နူးသွားပြီး စုရှီကို ခဏခဏကြည့်သည်။ စုရှီက သူ့ကို မြန်မြန်စားခိုင်းတော့ သူက လိမ္မော်သီးကို အခွံခွာပြီး စုရှီကို ပေးသည်။
စုရှီ"...."
မိခင်စု "...."
ဟောက်ကျင်းချွမ် "...."
'ချီး ဒီကောင်က မျက်နှာသာယူတဲ့ နေရာမှာ သိပ်တော်နေပါလား။ စုမိသားစုမှာ သူ့နေရာ ပြုတ်အောင်လုပ်နိုင်တာ မဆန်းတော့ဘူး"
အရင်ကဆို သူ ဒီကမ္ဘာကို မလာခင်တုန်း စခရင်ကနေပဲ ကြည့်ခဲ့ရပြီး စုရှီရဲ့မိသားစုက ပျော်ရွှင်ပြီး အတိုင်အဖောက်ညီတာကို ခံစားမိခဲ့သည်။ ဘာပဲဖြစ်လာဖြစ်လာ အခက်အခဲတွေကို အတူတူရင်ဆိုင်ပြီး ချစ်ခင်ပေးတဲ့ မိဘတွေမျိုးကသာ စုရှီလိုလူကို ပျိုးထောင်နိုင်မှာ ဖြစ်သည်။
အဲဒီအချိန်တုန်းက ဖခင်စုနဲ့ မိခင်စုမှာသူ့ကို မသိကြသေးပေမယ့် သူကတော့သူတို့အကြောင်း ကောင်းကောင်းသိနေပြီပင်။ ထို့ကြောင့် ပထမဆုံးတွေ့တဲ့အချိန် အရမ်းရင်းနှီးတယ်လို့ ခံစားရတာဖြစ်သည်။ အခုတော့ စုရှီရဲ့အိမ်မှာ ထိုင်နိုင်ပြီပင်။ လုဟွမ်က လက်ဖက်ရည်ပူပူပေါ်က တထောင်းထောင်းထနေတဲ့ အငွေ့တွေကို ကြည့်ပြီး စိတ်ကျေနပ်နေ၏။
နှစ်သစ်ကူးလေးရက်မြောက်နေ့မှာ မိခင်စုက လုဟွမ်ကိုလာလည်ခိုင်းသည်။ မိခင်စုက ပျော်ရွှင်နေပြီး စုရှီ ဘယ်ချိန်တံခါးပိတ်ပြီး စာလုပ်မည်ကို စောင့်နေသည်။ သူစာလုပ်ရင် လုဟွမ်ကလဲ ခုံမှာထိုင်ပြီး တူတူစာလုပ်ပေးသည်လေ။
နှင်းကျနေတာကြောင့် လုဟွမ်၊ စုရှီ၊ ဟောက်ကျင်းချွမ်နဲ့ ကုချင်တို့မှာ နှင်းလူသားရုပ်တွေလုပ်ကာ ပန်းခြံထဲ နှင်းလုံးပစ်ပွဲ လုပ်နေကြသည်။
အစကတော့ အချင်းချင်းပစ်နေရာကနေ စုရှီကို ပစ်တဲ့သူကို လုဟွမ်က ပြန်ပစ်နေတဲ့ပွဲ ဖြစ်သွားသည်။ သို့သော်လည်း လုဟွမ်ရဲ့ ပစ်ချက်တိုင်းက မလွဲဘဲ 100%ထိ မှန်၏။ ဟောက်ကျင်းချွမ်နဲ့ ကုချင်တို့မှာ အသေအပစ်ခံရတော့သည်။ သူတို့ရဲ့ ခေါင်းတွေမှာနှင်းတွေပေနေပြီး ဦးထုပ်နဲ့လည်ပင်းတွေပေါ်မှာလဲ နှင်းတွေအုပ်နေတာကြောင့် မခံနိုင်တော့ဘဲ စိတ်ဆိုးမာန်ဆိုးဖြင့်
"ဟျောင့် လုဟွမ် မင်းမညစ်နဲ့။ ငါထပ် မဆော့တော့ဘူး"
စုရှီက ထိုပွဲမှာ ဘေးထွက်နေရ၏။ သူ့ခမျာ ရယ်လဲရယ်ချင် စိတ်ကလဲညစ်နေပြီး လုဟွမ်အား
"ရှင်ကျွန်မကို မပါခိုင်းတော့ဘူးလား"
လုဟွမ်မှာလဲ မတတ်နိုင်ဘဲ ထွက်လိုက်ရတော့သည်။ သူထွက်တာနဲ့ တိုက်ပွဲက ညီမျှသွားတော့၏။ သုံးယောက်သား ရူးရူးနှမ်းနှမ်း ပြန်ကစားကြပြန်သည်။
နှင်းတောထဲမှာ လူငယ်လေးတစ်ယောက်က သူ့နှင်းကာခေါင်းစွပ်ကို စွပ်ပြီး ငူငူကြီး ထိုင်နေရသည်။ သူရဲ့ မျက်လုံးလှလှလေးများဖြင့် သနားစရာကောင်းအောင် စုရှီကို ကြည့်လို့နေသည်။ ထိုအကြည့်ကြောင့် စုရှီ မခံစားနိုင်တော့ဘဲ ဆော့နေတာကို သူမကပဲ စတင်ကာ ရပ်လိုက်သည်။
"တော်ပြီ၊ မဆော့တော့ဘူး။ အင်္ကျီတွေလဲ စိုရွှဲနေပြီ။ ငါတို့ နှင်းလူ လုပ်ကြမလား"
"စုရှီက သူ့ကိုဘယ်လိုကာပြောပေးရမလဲ ဆိုတာပဲသိတာ"
ဟောက်ကျင်းချွမ်မှာ ပြောစရာစကားမဲ့နေသည်။ အဲဒီနောက်နောက်လှည့်ပြီး ကုချင်ကို
"ငါတို့ နှစ်ယောက်ကော အတွဲလုပ်လိုက်ရင် မကောင်းဘူးလား။ ဒါဆို ငါတို့လက်ထပ်ပြီးရင် အိမ်က တစ်ယောက်စာပဲ ထောက်ပံ့စရာလိုတော့တယ်"
ကုချင် တုံ့ဆိုင်းသွားပြီး ခဏလောက် ကြက်သေသေသွားပြီးနောက် မျက်နှာကြီးနီရဲလာကာ သူ့ကို ကန်လိုက်သည်။
"သွားစမ်းပါ"
ပန်းခြံထဲတွင် နှင်းလူသားရုပ်လေးရုပ်က တန်းစီထားသည်။ နှစ်ရုပ်က နီးကပ်နေပြီး နောက်နှစ်ရုပ်ကတော့ အဝေးမှာဖြစ်၏။
နှင်းလူရုပ်များ လုပ်ပြီးနောက် လုဟွမ်က စုရှီနှင့် ဟောက်ကျင်းချွမ်၏နှင်းလူရုပ် နှစ်ရုပ်အကြား သူ့နှင်းလူရုပ်ကို ထိုးထည့်ဖို့ အတင်းအကြပ်လုပ်လေသည်။ နောက်ဆုံးတွင် သူနှင့်စုရှီ၏ နှင်းလူရုပ်များ အခြားနှစ်ရုပ်နှင့် ဝေးဝေးသို့သာ ပို့ထားလိုက်တော့သည်။
ကောင်းကင်မှာ နှင်းတွေကျနေပြီး နှစ်သစ်ကူးကတော့ ဒီလိုနဲ့ ပြီးသွားတော့သည်။
ဒါဟာ လုဟွမ်ရဲ့ ပထမဆုံး နှစ်သစ်ကူးနေ့လည်း ဖြစ်သည်။ အရင်တုန်းကတော့ မင်းသားနင်းဖူဆီမှာ မီးပုံးတွေ၊ ရောင်စုံဆိုင်းဘုတ်တွေနဲ့ အလှဆင်ထားတဲ့ လမ်းတွေကို ကြည့်လိုက်တဲ့အခါ သူ့ဘေးမှာ သူ သဘောကျရတဲ့သူ ရှိမယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူးပေ။ သူ့ကို ဂရုစိုက်တဲ့ သူငယ်ချင်းတွေနဲ့ လူကြီးတွေရှိလာပြီ။ နှင်းလုံးပစ်ပွဲများနှင့် နှင်းလူသားပြုလုပ်ခြင်းများသည် ပုံမှန်ဖြစ်သော်လည်း အရင်က တစ်ခါမှမလုပ်ဖူးသော လုဟွမ်အတွက် အဓိပ္ပါယ်အမျိုးမျိုး ရှိသည်။
ယန်တိုင်းပြည်ရဲ့ မြို့တော်သည် နှောင့်နှေးနေဆဲဖြစ်သည်။ အိမ်ရှေ့မင်းသားကိစ္စ လုံးဝပြေလည်သွားခြင်းမရှိသေးပေ။
လုဟွမ်က စုရှီနှင့်အတူ ဆက်လက် စောင့်ဆိုင်းခဲ့သည်။ နှစ်သစ်ကူး ခုနစ်ရက်မြောက်နေ့မှာတော့ ကျောင်းတက်ကြရ၏။
နွေဦးရာသီအစတွင် လုဟွမ်သည် နိုင်ငံခြားကုန်သွယ်မှုစောင့်ကြည့်ရေးအဖွဲ့တစ်ခု ထူထောင်ရန် စစ်တပ်ရေးရာဝန်ကြီးထံ အကြံပြုခဲ့သည်။ အိမ်ရှေ့မင်းသားအတွက် ကြီးကြီးမားမား တစ်စုံတစ်ရာ ဖြစ်ခဲ့သော်ငြားလည်း ဧကရာဇ်သည် အိမ်ရှေ့မင်းသားကို ကာကွယ် စောင့်ရှောက်ချင်နေသေးသည်။ ထို့ကြောင့် မီးပုံးပွဲတော်အစမှ နွေဦးရာသီအစအထိ အနောက်တိုင်းဒေသများမှ “ဟူ”ကုန်သည်များထံ ငွေအလွဲသုံးစားလုပ်ခြင်းအပေါ် အပြစ်တင်ခြင်းကို တွန်းလှန်ရန် အစွမ်းကုန်ကြိုးစားခဲ့သည်။ ဤနည်းအားဖြင့် ယန်တိုင်းပြည်နှင့် အခြားနိုင်ငံများကြား ကုန်သွယ်ရေး ပဋိပက္ခများ ဖြစ်ပွားလာသည်။ ဤအချက်ကို စစ်တပ်ရေးရာဝန်ကြီးက အခိုင်အမာပြောတော့ ဧကရာဇ်မင်းကလဲ သဘောတူသည်။
ယခင်ညမထွက်ရအမိန့်ကဲ့သို့ပင် နိုင်ငံခြားကုန်သွယ်မှုစောင့်ကြည့်ရေးအဖွဲ့ကိုလည်း ပြည်နယ်အချို့တွင် စမ်းသပ်ခဲ့သည်။ ယန်တိုင်းပြည် တစ်ခုလုံးကို အကောင်အထည်ဖော်လိုပါက ပြီးမြောက်ရန် အနည်းဆုံး တစ်နှစ်ခွဲ အချိန်ယူရပေမည်။
သို့သော်လည်း တော်ဝင်အမိန့်ထုတ်ပြန်ပြီးသည်နှင့် မစ်ရှင် ၁၈ ပြီးမြောက်ကြောင်း လုဟွမ်ဘက်မှ စနစ်သတိပေးချက် ထွက်ပေါ်လာသည်။ ထို့ကြောင့် သူက ၂၃၃ မှတ်ကို အောင်အောင်မြင်မြင်နဲ့ စုဆောင်းနိုင်ခဲ့သည်။ အမှတ် 300ထိ ရောက်ဖို့ ဝေးနေပါသေးသည်။ သို့သော် မစ်ရှင်၁၆က ဘယ်လောက်မြန်မြန်လာပါစေ အပြီးသတ်ရန် အနည်းဆုံး သုံးနှစ် အချိန်ယူရမည်။ ထို့ကြောင့် လုဟွမ်နှင့် စုရှီတို့သည် အမှတ် ၃၀၀ ရရှိရန် အလျင်စလို မဖြစ်ခဲ့ကြပေ။ ပြီးတော့ စိုးရိမ်ပူပန်စရာ အကြောင်းလဲမရှိ။
လုဟွမ်၏ ယခင်ဆောင်ရွက်ချက်များအားလုံးက စစ်တပ်ရေးရာဝန်ကြီးကြောင့် ပြီးမြောက်ခဲ့တာဖြစ်သည်။ ပြီးခဲ့သောနှစ်တွင် စစ်တပ်ရေးရာဝန်ကြီးသည် ရုံးတော်နှင့် မြို့တော်တွင် ဂုဏ်သိက္ခာတက်လာခဲ့၏။ ယခင်က စစ်တပ်ရေးရာဝန်ကြီးဌာနသည် ဝန်ကြီးဌာနခြောက်ခုထဲက တစ်ခုသာဖြစ်သော်လည်း ယခုအခါ ဝန်ကြီးဌာနခြောက်ခု၏ အကြီးအကဲဖြစ်လာခဲ့သည်။
လုဟွမ်သည် မြို့တော်ရှိ သူ၏သူလျှိုများထံမှ ရထားသည့်သတင်းများကို သေချာစုထားသည်။ အထက်တန်း တတိယနှစ်အထိ ဒီမှာပဲ ဆက်နေခဲ့၏။
ပြီးခဲ့သောစာသင်နှစ်တွင် သူသည် ရက်နည်းနည်းကြာမှ ထိုက်ရှမ်းနန်းဆောင်သို့ ပြန်သွားရန်သာ လိုအပ်သည်။ ဒီစာသင်နှစ်မှာတော့ မြို့တော်မှာ မထင်မှတ်ထားတဲ့ အခြေအနေတွေကြောင့် ညတိုင်း ပြန်သွားနေရ၏။
ဒီစာသင်နှစ်မှာ သူ့အိမ်စာတွေ သိသိသာသာ တိုးလာသည်။ သူ့စားပွဲပေါ်မှာ စာရွက်တွေ နေ့တိုင်း စုပုံနေတာက ချိန်ကြည်ရင် ကီလိုဂရမ်များနေနိုင်၏။ စုရှီမခံနိုင်တော့။ မနက်ပိုင်း ကိုယ်ပိုင်စာကြည့်ချိန်အတွင်း အိပ်ရေးမဝတာကြောင့် မကြာခဏ အိပ်ပျော်သွားတတ်သည်။
သို့သော် လုဟွမ်က ကြံ့ခိုင်ဝာာကြောင့် အကျိုးများ၏။ သူ့မှာ တခြားသူတွေထက် သူတို့ကို အမှီလိုက်ဖို့ အားပိုရှိသည်။
စာအုပ်များမှလွဲ၍ စုရှီ၏ စားပွဲခုံတွင် အဆာပြေမုန့်မျိုးစုံဖြင့် ပြည့်ကျပ်နေသည်။ သို့သော် သူ့စားပွဲ၌ စောင်နှင့် ခေါင်းအုံးအချို့ရှိသည်။ စုရှီမနေနိုင်တော့ဘဲ အိပ်ငိုက်လာတဲ့အခါ စုရှီကို စောင်နဲ့ တိတ်တိတ်လေး ခြုံပေးထား၏။ ကင်းလှည့်ဆရာရောက်လာသောအခါ ချက်ချင်းနှိုးပေးသည်။
နွေဦးတစ်ခုလုံး မိုးရွာခဲ့၏။ လုဟွမ်၏အဆင့်များသည် နောက်ဆုံးတွင် တက်လာ၏။ သူသည် ထိပ်တန်း 100အတွင်း တဖြည်းဖြည်း တက်လာခဲ့သည်။ ဧပြီလ နှစ်ဝက်စာမေးပွဲတွင် သူသည် ထိပ်တန်း ၂၀ စာရင်းဝင်နေပြီ ဖြစ်သည်။
ထိုအချိန်တွင် ဟောက်ကျင်းချွမ်က သူ့ကို အပြင်ထွက်ပြီး ဘတ်စကတ်ဘော လာကစားခိုင်းသော်လည်း မသွားပေ။ စုရှီနဲ့ အတူတူ တက္ကသိုလ်တက်ဖို့အတွက် စာလုပ်ဖို့သာ အာရုံစိုက်ခဲ့သည်။
စုရှီ သင်ခန်းစာများကို စုစည်းထားပြီး အစီအစဥ်တကျ လေ့ကျင့်နိုင်အောင် စာရွက်များဖြင့် note များကို ထုတ်ထားသည်။ ဆက်လက်ပြီး လုဟွမ်ကို ကူညီပြီး ဘာသာရပ်များကို အစမှ အဆုံးအထိ ရှင်းပြပေးသည်။
စုရှီမှာတော့ နည်းနည်းဂုဏ်ယူနေသည်။ ကျိုက်ကျိုက်က တော်ပြီး ကောင်းကောင်းလုပ်တတ်တယ်ဆိုရင်တောင် သူတစ်နှစ်ပဲ သင်ရတဲ့ ပညာက ဆယ့်နှစ်နှစ်လောက်သင်လာတဲ့ စုရှီကို မမှီနိုင်သေးပေ။ ဒါပေမယ့်တွေးကြည့်တော့ ဘာဂုဏ်ယူစရာပါလို့လဲ။ သူက ထိပ်တန်း၂၀ထဲ ဝင်ဖို့ တစ်နှစ်ပဲ အချိန်ယူလိုက်ရတာ။ စုရှီမှာ ဆယ့်နှစ်နှစ်လောက် ကြိုးစားလာတာတောင် အဆင့်နှစ်ကနေ မတက်ပေ။
စုရှီကလဲ အရေးကြီးတာမလို့ ပိုစာလုပ်ခဲ့၏။
မေလကုန် ထိုနှစ် ယန်လပြက္ခဒိန်၏ ကြွက်နှစ်တွင် အိမ်ရှေ့မင်းသားအား စွပ်စွဲပြစ်တင်မှု ပိုများလာခဲ့သည်။ ဧပြီလ ၂၉ ရက်နေ့တွင် အိမ်ရှေ့စံ ရာထူးမှ နုတ်ထွက်ခဲ့သည်။ အရှေ့နန်းတော်မှ ပြောင်းရွှေ့ခံခဲ့ရပြီး မင်းသား၏စံအိမ်တွင် သီးသန့်နေထိုင်ခဲ့သည်။
လူတွေရဲ့ နာကြည်းမှုတွေ ပျောက်ကွယ်သွားပေမယ့် ရာဇပလ္လင်မှာတော့ ပိုလို့တောင် တုန်လှုပ်သွား၏။
အိမ်ရှေ့မင်းသား နုတ်ထွက်ပြီးနောက် အရှေ့နန်းတော်၏ ရာထူးမှာ ဗလာဖြစ်နေသည်။ အရှေ့နန်းတော်သည် တရားဝင် ဘုရင်ခံဖြစ်လာပေမည်။ အရပ်ဘက်နှင့် စစ်ဘက်အရာရှိများသည် မင်းသားနှစ်နှင့် မင်းသားငါးတို့အကြား ရွေးချယ်ရမည်ဖြစ်သည်။ ထိုက်ရှမ်းနန်းတော်တွင် မင်းသားကိုးရှိသည်ကိုလဲ လူတိုင်းမှတ်မိကြသေး၏။ သို့သော် မင်းသားကိုးထံမှ သတင်းမကြားရသည်မှာ ၁၀ လကျော်ရှိပြီ။ မင်းသားနှစ်နှင့် မင်းသားငါးတို့ကြား တိုက်ပွဲက ပို၍ပြင်းထန်လာသည်။
မြို့တော်မှ သတင်းများ ဆက်လက်ထွက်ပေါ်နေသည်။ လုဟွမ်သည် ညပေါင်းများစွာ မအိပ်ခဲ့ပေ။ သူက ယန်တိုင်းပြည်ကို သွားနေရလို့ဖြစ်သည်။ ကောလိပ်ဝင်ခွင့် စာမေးပွဲ နီးလာပေမယ့်လည်း အလုပ်တွေ အများကြီး လုပ်ခဲ့ရ၏။
နွေရာသီက ပူလောင်လွန်းနေသည်။ လျှပ်စစ်ပန်ကာ၏ တစ်ဝီဝီ မြည်သံက သူတို့ ခေါင်းအထက်တွင် ဆူညံနေသည်။ စုရှီနှင့် လုဟွမ်က နားတစ်ဖက်စီတွင် နားကြပ် တစ်ဖက်စီ တပ်ထားပြီး နားကြပ်ကြိုးက သူတို့လည်ပင်းနားတွင် ရစ်ပတ်ကာနေသည်။ သင်ခန်းစာများကို အတူတူ နားထောင်နေကြခြင်းပင်။ နွေရာသီတွင် ထွက်တတ်သောပုစဥ်းရင်ကွဲ များကလည်း နားငြီးအောင် အော်နေကြပြန်သည်။ သို့သော်လည်း ကျောင်းသားများ စာလေ့လာနေကြသော စာသင်ခန်းကတော့ တိတ်ဆိတ်မှုသာ ကြီးစိုးနေ၏။ ထိုအထဲတွင် သူတို့နှစ်ယောက်က အတိတ်ဆိတ်ဆုံးဖြစ်သည်။ သူတို့ လက်များကိုသာ အသုံးပြုပြီး အဖြေများကို စစ်ဆေးနေကြသည်။ တစ်ပုဒ်ပြီး တစ်ပုဒ် နားထောင်ပြီး လုဟွမ်က မေးခွန်းများကို ဖြေဆိုနေသည်။ စုရှီက ကူညီပြီး လုဟွမ် အဖြေများကို စစ်ဆေးပေးနေခဲ့သည်။
စုရှီသည် အနည်းငယ်စိုးရိမ်နေခဲ့သော်လည်း ယခုအချိန်တွင် သူသည် ဤအချိန်ကာလကို ထိန်းထားပြီး ကျော်ဖြတ်သွားလို့ပဲရသည်။ ကောလိပ်ဝင်ခွင့် စာမေးပွဲပြီးရင် မြို့တော်ရဲ့ အခြေအနေက တည်ငြိမ်လာမည်။ ဒါဆို နောက်ဆုံးကျ သူအနားယူနိုင်လိမ့်မည်။ ဒီအလုပ်က အနည်းငယ်ခက်ခဲသော်လည်း သူနှင့်အတူ လက်တွဲကြိုးစားနေသရွေ့တော့ အဆင်ပြေမည်ဖြစ်သည်။
အဖြေစစ်လို့လဲပြီးရော စုရှီက အံ့ဩသလို တိုးတိုးလေးဖြင့်
"ရှင်တစ်ခုပဲမှားတာ"
"အဲတော့ ဘာဆုပေးမလဲ"
လုဟွမ်က ခပ်သွက်သွက်မေးလိုက်သည်။
ခေါင်းကို ငုံ့ပြီး တိုးတိုးလေး ပြောတော့ စုရှီ၏ မျက်နှာသည် ချက်ချင်းပင်နီသွားသည်။
"မြန်မြန်ရေး။ ရှင်ဒါပြီးရင် ကျွန်မကိုခေါ်လိုက်။ အဖြေစစ်ပေးမယ်"
လုဟွမ်ကပြုံးပြီး ခေါင်းညိတ်သည်။
ခဏကြာတော့ စုရှီက သကြားလုံးနှစ်လုံးကို အခွံခွာပြီး တစ်လုံးပေးလိုက်သည်။ ချိုပြီး စားလို့ကောင်းကာ နွေရာသီပုစဉ်းရင်ကွဲအော်သံတွေကြားက အေးမြတဲ့လေလို ဖြစ်၏။
ထိုညက လုဟွမ် ထိုက်ရှမ်းနန်းဆောင်ဆီ ပြန်သွားတော့ စစ်တပ်ရေးရာဝန်ကြီးဆီက သတင်းတစ်ခုရလာသည်။
လုဟွမ်မျှော်လင့်ထားသလို မင်းသားနှစ်က လှုပ်ရှားစပြုလာပြီ။
လွန်ခဲ့သောတစ်ရက်က ကျူးချွဲ့ဂိတ်တံခါးသည် ရုတ်တရက် ပိတ်ချခံခဲ့ရသည်။
ယခင်က တော်ဝင်နန်းတော်မှ ဧကရာဇ်က တော်ဝင်ဥယျာဉ်တွင် မူးလဲခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။ အပူရှပ်တာကြောင့်လား ဒါမှမဟုတ် တော်ဝင်သမားတော်က လေဖြတ်ခြင်းလက္ခဏာရှိကြောင်း ဆုံးဖြတ်ထားသောကြောင့်လား မသိ။ ဧကရာဇ်သည် အိမ်ရှေ့မင်းသား၏ကိစ္စနှင့် ပတ်သက်၍ နှစ်ဝက်နီးပါးလောက် ဦးနှောက်စားခဲ့ရတာဖြစ်လို့ သူ့ကျန်းမာရေးက မကောင်းပေ။ လွန်ခဲ့သည့် ရက်အနည်းငယ်က ညီလာခံအခန်း၌ ဧကရာဇ်ကို ကူညီရန် အိမ်ရှေ့စံမင်းသားအသစ်ကို အမြန်ခန့်ထားဖို့ တိုက်တွန်းသော အရာရှိများ ရှိခဲ့သည်။ သို့သော် ဧကရာဇ်သည် အချိန်အတော်ကြာသည်အထိ ဆုံးဖြတ်ချက်မချခဲ့ပေ။ နောက်တစ်နေ့တွင် ဧကရာဇ်သည် တော်ဝင်ဂူဗိမာန်ကို တစ်နှစ်ကြာ စောင့်ကြပ်နေသော မင်းသားကိုးအား ပြန်လာဖို့ အမိန့်ထုတ်ပြန်ခဲ့သည်။
သို့သော်လည်း ဒီတော်ဝင်အမိန့်သည် မြို့တော်အပြင်သို့ပင် မရောက်နိုင်ခဲ့ပေ။
ကံကောင်းချင်တော့ ဧကရာဇ်သည် ဒါကိုကြိုခန့်မှန်းထားတာကြောင့် တော်ဝင်အမိန့်စာနှစ်စောင်ကို ရေးဆွဲထားခဲ့သည်။ တစ်ခုမှာ မြို့တော်တွင် မြင်းနဲ့ပတ်ကာ လှည့်လည်ကြေငြာကာ နောက်တစ်ခုကိုတော့ စစ်တပ်ရေးရာဝန်ကြီးထံ ပေးအပ်သည်။
ထို့သို့ ပြုလုပ်ပြီးနောက်တွင် ကျူးချွဲ့ဂိတ်က ပိတ်ဆို့ ခံလိုက်ရသည်။ တော်ဝင်အစောင့်များက သေသေချာချာ စောင့်ကြပ်ခဲ့သည်။ ပျောက်ဆုံးနေတဲ့ အမိန့်စာနဲ့ ဧကရာဇ်ကို အဆိပ်ခတ်ခဲ့တဲ့သူတွေကို စုံစမ်းနေတယ်လို့ သူတို့က ပြောပြီး အရာရှိအားလုံးကို ဝင်ခွင့်မပြုပေ။
မြို့တော်ရှိ အရာရှိအများအပြားက ဆန္ဒပြခဲ့ကြသော်လည်း လှေလှော်ပွဲတော်ကျင်းပနေရာသို့ ရောက်နေကြသည့် အရာရှိများ၏ မိသားစုအများစုမှာ ပြန်မလာနိုင်ဘဲ ဖြစ်နေကြသည်။ အချိန်အတော်ကြာတဲ့ထိ အရာရှိများကလဲ ဒေါသတကြီး ဘာမှမလုပ်ဝံ့ကြပေ။ အဲဒီအချိန် တော်ဝင်အစောင့်တပ်၏ခေါင်းဆောင်သည် မင်းသားနှစ်၏လူ ဖြစ်လာခဲ့သည်။ ဤရက်များတွင် သူက ကျူးချွဲ့ဂိတ်အပြင်တွင် နှစ်ဆယ့်လေးနာရီကင်းလှည့်နေပြီး ကျူးကျော်ဝင်ရောက်သူတွေကတော့ သတ်ဖြတ်ခံခဲ့ရ၏။
မင်းသားငါးသည် မင်းသားနှစ် ဒီလောက်လုပ်ရဲလိမ့်မည်ဟု မထင်မှတ်ခဲ့ပေ။ သူက အငိုက်ဖမ်းပြီးကို ပြဿနာရှာတာ ဖြစ်၏။ မင်းသားငါးက သူ့စစ်သားတွေနဲ့ မင်းသားနှစ်ကို ထိပ်တိုက်တွေ့ဖို့ သွားခဲ့ပေမယ့် မင်းသားနှစ်က မင်းသားငါးရဲ့မိခင်ကို မြို့တံခါးဆီ ပို့ခဲ့သည်။
ဒါဟာ ရက်ပိုင်းအတွင်း မြို့တော်မှာ ဖြစ်ပျက်ခဲ့တဲ့ ကြီးမားတဲ့ အပြောင်းအလဲတွေဖြစ်သည်။
စစ်တပ်ရေးရာဝန်ကြီးနှင့် အခြားအရာရှိများက ကြိုတင်ပြင်ဆင်ပြီး သူတို့၏ မိသားစုများကို မြို့တော်မှ ထွက်သွားခိုင်းလိုက်ကြသည်။ အဲဒီအချိန်တုန်းက သူတို့ကို အကျပ်ကိုင်လို့မရချေ။ သို့သော်လည်း သူတို့၏ လုပ်ဖော်ကိုင်ဖက်များက တော်ဝင်အစောင့်များ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေခဲ့သည်။ ထိုအချိန်တွင် တစ်ယောက်ယောက်က မြောက်ဘက်သို့သွားကာ ဧကရာဇ်အား ကယ်တင်ရန် တပ်များခေါ်ဆောင်လာသည်။
သို့သော် အခြေအနေက ပြင်းထန်သည်။ မြို့တော်တစ်ခုလုံးကို ပိတ်ပစ်လိုက်သည်က ယင်ကောင်တောင် မပျံနိုင်။
လုဟွမ်သည် စာကို ရရှိတဲ့ည၌ ယွီလင်း အစောင့်တပ်ကို ပြင်ဆင်ကာ ထိုက်ရှမ်းတောင်သို့ သူနှင့်အတူလိုက်ပါစေသည်။ အတားအဆီး အနေဖြင့် လူအချို့ကို ထိုက်ရှမ်းတောင်တွင် အစောင့်ထားခဲ့သည်။ အနက်ရောင်ဝတ် အစောင့် ခြောက်ဦးကသာ လုဟွမ်နှင့် အတူ မြင်းများဖြင့် ထွက်ခွာလာခဲ့သည်။ သူတို့ အုပ်စု သုံးစုခွဲလိုက်ပြီး မြောက်ဘက်ရှိ ယန်စစ်တပ်များ စခန်းချရာသို့ တိတ်တဆိတ် ဝင်ရောက်လိုက်သည်။
ဒါပေမယ့် လမ်းမှာ သွေးချောင်းစီးတာကို ကြုံခဲ့ရသည်။
ဤလုပ်ကြံသတ်ဖြတ်မှုကို လုဟွမ် အစကတည်း ကြိုတွေးထားပြီး ဖြစ်သည်။ မြို့တော်ရှိ မင်းသားနှစ်သည် ထိုက်ရှမ်းနန်းဆောင်မှဆင်းလာသူ မှန်သမျှ သတ်ပစ်ဖို့ အမိန့်ပေးထားပုံရ၏။ လုဟွမ်နဲ့အတူ ပါလာသည့်လူများကိုလည်း တောင်ပေါ်က မဆင်းခင် လုဟွမ် တစ်ခုခုဖြစ်ခဲ့ရင် သူ့ကို အသက်နဲ့ ရင်းပြီးမကာကွယ်ဖို့ ညွှန်ကြားထားသည်။ ထိုသူများက မြောက်ပိုင်းက စစ်တပ်ကို ပြန်မသွားတော့ပဲ။ အဲဒီအစား အစောင့်ဝတ်စုံတွေ ချွတ်ကာ အန္တရာယ်က လွတ်မြောက်ရန် သာမာန်လူများနဲ့အတူ ရောနှော သွားရမည် ဖြစ်သည်။
ပြောရရင် ဒီလုပ်ကြံသတ်ဖြတ်မှုက အောင်မြင်တယ်ပေါ့။
သုံးရက်အကြာတွင် ချောင်မြစ်အထက်တွင် အလောင်းတစ်လောင်း မျောပါလာပြီး မမှတ်မိနိုင်လောက်အောင် ပုပ်ပွနေခဲ့သည်။ အလောင်းရဲ့ရင်ဘတ်မှာ မင်းသားကိုးရဲ့ ကျောက်စိမ်းပြားရှိသည်။ မြို့တော်ကို သတင်းပို့ပြီးနောက်တွင် မြို့တစ်မြို့လုံး မင်းသားကိုး သေဆုံးပြီထင်ပြီး တစ်ပြည်လုံး ညည်းတွားနေကြ၏။
သို့ရာတွင် ထိုအလောင်းက လုဟွမ်၏ ခန္ဓာကိုယ်နှင့် ဆင်တူသည့် စွပ်စွဲခံအကျဉ်းသားတစ်ဦး၏ အလောင်းဖြစ်သည်။ လွန်ခဲ့သည့် တစ်နှစ်ခွဲခန့်က လုဟွမ်သည် ပြင်ဆင်မှုများ ပြုလုပ်နေချိန်တွင် သူ့လူများက တွေ့ရှိပြီး ထိုက်ရှမ်းနန်းဆောင်သို့ ပို့ပေးခဲ့သည်။ စွပ်စွဲခံအကျဉ်းသား၏ မိသားစု ပြေလည်အောင် ကူညီဆောင်ရွက်ပေးမည်ဟု ကတိပြုခဲ့၏။
မြို့တော်က မင်းသားနှစ်မှာတော့ ဒါကို မသိခဲ့ပေ။ သူ့စိတ်ထဲက အကြီးမားဆုံးအနှောက်အယှက်ကို ဖယ်ရှားပြီးပြီဆိုတော့ ထီးနန်းက သူ့လက်ထဲရောက်တော့မည်လို့ ထင်နေ၏။
မင်းသားငါး၏မိခင်သည် ဓားစာခံအဖြစ် ချုပ်နှောင်ခံထားရပြီး နောက်ပြန်ဆုတ်ရန်မှတပါး ရွေးချယ်စရာမရှိပေ။
ချက်ချင်းဆိုသလို မြို့တော်က ကျူးကျော်တိုက်ခိုက်ခြင်းခံရသည်။ ဧကရာဇ်ကလည်း သက်တော် ကြီးရင့်နေကာ အားအင်ချိနဲ့ နေလေပြီ။ မင်းသားနှစ် က သဘောထားကြီးစွာဖြင့် စိတ်လိုလက်ရ ဝင်ရောက်ဖျန်ဖြေပေးပြီး ယန်တိုင်းပြည်အတွက် အကျိုးကို ဆောင်ကြဥ်းပေးနိုင်ခဲ့သည်။ ထိုအပြင် စေ့စပ်ညှိနှိုင်းရန် ရက်ကိုပင် ရွေးခြယ်ပေးခဲ့သေးသည်။
ယခင်ကတည်းက မြို့တော်နှင့် နန်းတော်တို့ကို လျှို့ဝှက်စွာ ပိတ်ဆို့ထားခဲ့သော်လည်း မင်းသားနှစ်က ဒီကိစ္စကနေ တစ်သီးတစ်ခြား မသိသလိုသာ နေခဲ့၏။ သို့သော် တော်ဝင်အမိန့်ကို ထုတ်ပြန်ပြီးသည်နှင့် မင်းသားနှစ်၏ ထီးနန်းကို သိမ်းပိုက်လိုသော ရည်မှန်းချက်သည် တစ်နေ့ထက်တစ်နေ့ ပြတ်သားလာသည်။
လုပ်ကြံသတ်ဖြတ်ချိန်၌ မြင်းစီးထားသူသည် အမှန်တကယ်ပင် လုဟွမ် ဖြစ်သည်။ ဒဏ်ရာရဟန်ဆောင်ပြီး မြစ်ထဲသို့ လှိမ့်ချခဲ့သူမှာလည်း သူဖြစ်သည်။ သို့သော် ဤနေရာမှာ သူက စုရှီရှိရာ တိုက်ခန်းသို့ တန်းပြန်လာခဲ့သည်။ ချောင်မြစ်ထဲကတွေ့တဲ့ အလောင်းမှာတော့ အကျဉ်းသားရဲ့ အလောင်းဖြစ်သည်။မ
မင်းသားနှစ်က ထိုတော်ဝင်အမိန့်ကို ထုတ်ပြန်ပြီးမှသာ လုဟွမ်သည် ဧကရာဇ်အား ကာကွယ်ရန်အတွက် မြို့တော်သို့ စစ်အင်အားကို တရားဝင်ပြန်လည်ပို့ဆောင်မည် ဖြစ်သည်။
ထို့ကြောင့် တော်ဝင်အမိန့်ထုတ်ပြန်ပြီး သုံးရက်အကြာတွင် မြို့တော်သည် သတင်းတွေနဲ့အတူ တုန်လှုပ်ချောက်ချားနေချိန်တွင် အခြေအနေ ရုတ်တရက် ပြောင်းလဲသွားသည်။ မြို့အပြင်ဘက်တွင် မြောက်ဘက်မှ ပြန်လာသော တပ်ကြီးတစ်ခုရှိသည်။ ကြီးမားပြီး ကြီးကျယ်ခမ်းနားသော စစ်တပ်တစ်ခု ဖြစ်သည်။
မင်းသားကိုးလည်း မသေပေ။
မင်းသားကိုး မသေသေးတာကို တိုင်းပြည်ကို အုပ်ချုပ်တဲ့ မင်းသားနှစ်က သေသွားပြီလို့ ဘာကြောင့် ပြောတာလဲ။ မင်းသားကိုးက ဧကရာဇ်ကိုယ်တိုင်ရေးတဲ့ အမိန့်စာရှိတယ်ဆို။ မင်းသားနှစ်က အလောင်းမတွေ့ခင် သူ မြို့တော်ကို ပြန်မလာဘူးလို့ ဘာကြောင့် ပြောတာလဲ။
ကောက်ချက်တစ်ခုပဲရှိသည်။ မင်းသားနှစ်က ဝံပုလွေလို ရည်ရွယ်ချက်ဖြင့် ဧကရာဇ်ကို တော်ဝင်နန်းတော်မှာ ဓားစာခံအဖြစ် ချုပ်နှောင်ထားတာဖြစ်သည်။
လုဟွမ်သည် နယ်စပ်ကို ဖိနှိပ်ရန် စစ်တပ်ကို ဦးဆောင်ခဲ့သည်မှာ တရားမျှတမှု ရှိခဲ့သည်။ သူရဲကောင်းဆန်သော အောင်မြင်မှုတစ်ခုအဖြစ် ပြည်သူများ၏ ပါးစပ်နှင့် သမိုင်းစာအုပ်များတွင် ပြယုဂ်ဖြစ်လာခဲ့သည်။ စစ်တပ်၏ တိုက်ခိုက်မှုကြောင့် တော်ဝင်နန်းတော်ရှိ အစောင့်များသည် ခုခံရန် အင်အားမရှိတော့ပေ။ မင်းသားငါးသည် အပြင်ဘက်နှင့် ညှိနှိုင်းဆောင်ရွက်ကာ တော်ဝင်နန်းတော်ရှိ သူ့မယ်တော်အတွက် စစ်တပ်ဝင်ရန် မြို့တော်တံခါးများကို ဖွင့်ပေးခဲ့သည်။ ကြွက်နှစ်ရဲ့ နှစ်သစ်ကူး ပဉ္စမမြောက်နေ့တွင် ရုံးတော်သည် ကမောက်ကမ ဖြစ်ခဲ့ရသည်။ မင်းသားနှစ်ကလဲ ထောင်ကျပြီး အကျဉ်းသားဖြစ်သွားသည်။
ယန်တိုင်းပြည်က ပြည်သူတွေရဲ့ နှလုံးသားဟာ တိုင်းပြည်ကို ကယ်တင်ဖို့ စစ်တပ်ကို ဦးဆောင်ခဲ့တဲ့ မင်းသားကိုးကို ထောက်ခံခဲ့သည်။
ဧကရာဇ်ဖြစ်ဖို့ လွယ်ပါသည်။ ရာဇပလ္လင်ပေါ်မှာ ရှိနေတဲ့လူရဲ့ ဦးခေါင်းကို ဖြတ်ပြီး ထီးနန်းကို သိမ်းပိုက်ရုံပင်။ သို့သော် ပြည်သူများ၏ သစ္စာခံမှုကို ရယူပြီး ထီးနန်းကို ဆယ်စုနှစ်များစွာ အုပ်ချုပ်ဖို့ဆိုတာ ခက်ခဲသည်။
ဧကရာဇ်ဖြစ်လိုသော ပထမလူမှာ ပုန်ကန်ပြီး ထီးနန်းကို သိမ်းပိုက်ထားသူဖြစ်သည်။ ပုန်ကန်မှုဟာ ဘယ်တော့မှ တရားမျှတမှာ မဟုတ်ပေ။ မကြာခင် ဒါမှမဟုတ် နောက်ပိုင်းမှာသူ့ကို ပုန်ကန်မယ့်သူတွေ ရှိလာလိမ့်မည်။
ပထမလူကို ဖြုတ်ချသော ဒုတိယလူမှာ တိုင်းပြည်ကို ကာကွယ်သူ ဖြစ်သည်။
ဧကရာဇ်သည် အသက်ကြီးပြီဖြစ်၍ ရာထူးမှဆင်းမည့် အခွင့်အရေးကို စောင့်မျှော်နေသည်။ သို့သော် မင်းသားနှစ်သည် သူ့ကိုယ်သူ မထိန်းနိုင်ဘဲ အလျင်စလို ပြုမူခဲ့သည်။ မင်းသားနှစ်က ဟန်ဆောင်နေခဲ့၏။ ဧကရာဇ်က လုဟွမ်ကို ထီးနန်းမအပ်ခဲ့ရင်တောင် သူ့ထက် ခြေတစ်လှမ်းသာတဲ့ မင်းသားငါးလည်း ရှိနေတာကြောင့် သူ့မှာ အခွင့်အရေး မရှိပေ။
လုဟွမ်သည် နှစ်ဝက်လောက် စောင့်ခဲ့ရသည်။ နောက်တော့ သူ အမှတ်တမဲ့တွေ့ခဲ့သော သူ့အကိုတော်နှစ်ဖြစ်သူက ဟန်ဆောင်ထားသည်ကို သိလိုက်ရ၏။ သူပါ လိုက်ယောင်ပြီး ထောင်ချောက်ပြန်ဆင်ရုံမှတပါး ရွေးချယ်စရာမရှိပေ။ ရက်အနည်းငယ်အတွင်းမှာပင် ယန်တိုင်း၏ ထိတ်လန့်တုန်လှုပ်နေသော လူများသည် မင်းသားကိုး၏ ထီးနန်းတက်ခြင်းကို ယခင်ကကဲ့သို့ ထောက်ခံခဲ့ကြသည်။
ယန်မင်းဆက် လပြက္ခဒိန်၏ ယန်ရှို့နှစ် ၊ ၅ လပိုင်း ၆ ရက်နေ့ သည် စုရှီ၏ကမ္ဘာတွင် ၆လပိုင်း ၆ရက်နေ့ဖြစ်သည်။ ထိုနေ့တွင် ဧကရာဇ်က တရားဝင် အမိန့်တစ်ခုကို ထုတ်ပြန်ခဲ့သည်။ ကောင်းကင်၏အလိုတော်အရ ဧကရာဇ်က အမိန့်ထုတ်ပြန်သည်မှာ
"အချိန်အခါ အရ ယန်မင်းဆက် ယန်ရှို့နှစ်၌ မင်းသားကိုးသည် အလွန် အင်မတန် ထက်မြတ်ပြီး နတ်ဘုရားတို့၏ ကောင်းချီးပေးမှုကိုလည်း ရရှိခဲ့သည်။ ထို့အတွက်ကြောင့် မင်းသားကိုးအား ရာဇပုလ္လင်ကို အပ်နှင်းပြီး ဧကရာဇ်တင်မြှောက်လိုက်သည်။ မင်းသားကိုး သည် ဥာဏ်ပညာဖြင့်ပြည့်စုံသော ဘုရင်ကောင်း ဖြစ်လာပြီး ယန်တိုင်းပြည်နှင့် ပြည်သူများကို အေးချမ်းသာယာစွာ နေထိုင် စားသောက်နိုင်သော တိုင်းပြည်အဖြစ် ဆောင်ရွက်နိုင်မည်ဟု ငါကိုယ်တော် ယုံကြည်သည်။ အများပြည်သူများလည်း ဂုဏ်ယူဝမ်မြောက်နိုင်စေရန် အခွန်လျော့ပေါ့ခြင်းကို ၃ နှစ် ပြုလုပ်ပေးမည်။"
ယန်တိုင်းပြည်ရဲ့ နှစ်သစ်ကူးခြောက်ရက်မြောက်နေ့မှာ စုရှီတို့ဘက်မှာလဲ နှစ်သစ်ကူး ခြောက်ရက်မြော က်နေ့ဖြစ်သည်။
လုဟွမ်က အစောင့်တွေကို သာ့မင်နန်းတော်ထဲကို ခေါ်သွားသည်။ နန်းတက်ပွဲ အခမ်းအနားကို တတိယမြောက် လဆန်းတစ်ရက်နေ့တွင် ကျင်းပမည်ဖြစ်သည်။ အရာအားလုံး ပြေလည်သွားပါ၏။
ကိုင်တွယ်ဖြေရှင်းရမယ့်အရာတွေ အများကြီးရှိခဲ့သည်။ ဥပမာအားဖြင့် ဝတ်ရုံတော်ကို နဂါးဝတ်ရုံအသစ်ပြုလုပ်ရန် လိုအပ်သည်။ အရပ်သားနှင့် အရာရှိများကို ဆုချီးမြှင့်ရန်နှင့် ရာထူးတိုးရန် လိုအပ်သည်။ လူတွေက မင်းသားနှစ်နဲ့ သူ့အဖော်တွေ ရှင်းပြတာကို စောင့်နေကြ၏။ လေဖြတ်နေတဲ့ ဧကရာဇ်ဟာလဲ နန်းတော်ထဲကို ပြောင်းရွှေ့တော့မည်။
လုပ်စရာတွေ အများကြီးရှိပေမယ့် လုဟွမ်က ယန်တိုင်းပြည်ကို သုံးရက်ကြာ ပိတ်ရက်ပေးလိုက်သည်။ သုံးရက်ကြာမှ ရုံးတော်ကို ပြန်သွားနိုင်မှာပင်။
ဤသုံးရက်အတွင်း မြို့တော်သည် စည်ကားခဲ့သည်။ အခွန်လျှော့ချလိုသော ပညာရှိအုပ်ချုပ်သူကို ကြိုဆိုချင်ခဲ့ကြောင်းသာ သူတို့သိ၏။ သို့သော် နောက်နေ့တွင် ဤပညာရှိအုပ်ချုပ်သူသည် ကောလိပ်ဝင်ခွင့်စာမေးပွဲကျင်းပရာနေရာသို့ ပြေးသွားသည်ကိုတော့ သူတို့မသိခဲ့ကြပေ။