← Chapters

Chapter 85

Vol. 8 Ch. 85

Chapter 85

Vol. 8 Ch. 85

ကျန် မစ်ရှင်နှစ်ခုကို ပြီးမြောက်ရန် သုံးနှစ်သာ လိုသည်ဟု လုဟွမ်က ပြောခဲ့သည်။ သူ့အတွက် သုံးနှစ်ပင် ကြာမည် မဟုတ်မှာ သေချာသည်။

ထိုအချိန်တွင် စုရှီနှင့်သူသည် တက္ကသိုလ် တတိယနှစ်တွင် ရှိနေလေပြီ။ အားလပ်ရက်များတွင် လုဟွမ်သည် စုရှီနှင့် စုမိသားစုထံ အကြိမ်ပေါင်းများစွာ လိုက်လည်ခဲ့ပြီးဖြစ်သည်။

အစပိုင်းတွင် စုရှီ ၏မိဘများသည် လုဟွမ်ကို သူမ၏ သာမန်အတန်းဖော်အဖြစ်သာ ဆက်ဆံခဲ့သည်။ သို့သော် စုရှီ အားလပ်ရက်ရတိုင်း လုဟွမ်သည် ဟောက်ကျင်းချွမ်နှင့်အတူ လာရောက် လည်ပတ်လေ့ရှိသည်။ အကြိမ်အနည်းငယ်ကြာပြီးနောက် စုရှီ၏မိဘများသည် လုဟွမ်နှင့် လျင်မြန်စွာ ရင်းနှီးလာကြသည်။

လုဟွမ်ကို တွေ့ဖူးသူတိုင်းနီးပါးက သူ့ကို သဘောကျကြသည်။ ထို့အပြင် စုရှီ၏မိဘများသည် လုဟွမ်၏နောက်ခံ ဘဝအကြောင်းကို စုရှီထံမှ သိလာကြပါသည်။

သူ့အမေဖြစ်သူက ဆုံးသွားပြီး သူ့အဖေကမူ ပိုက်ဆံအများကြီးရှိသော်လည်း သူ့ကို သိပ်ဂရုမစိုက်ခဲ့ရာ သူသည် ခက်ခဲသော ငယ်စဉ်ကလေးဘဝရှိခဲ့ဖူးကြောင်းကို သိလိုက်ရသည်။

ဤကဲ့သို့ သနားစရာကောင်းသည့် နောက်ခံဘဝအကြောင်းများကို ဘယ်မိဘမှ မခံနိုင်ပေ။ စုရှီ၏ဖော်ပြချက်ကို ကြားပြီးနောက်၊ အမေဖြစ်သူ၏ မျက်လုံးများနီရဲလာသည်။

ချီးကျူးစရာကောင်းသည်မှာ ဤကလေးသည် ထိုကဲ့သို့သော ပတ်ဝန်းကျင်၌ ကြီးပြင်းလာခဲ့သော်လည်း ကောက်ကျစ်စွာ ကြီးပြင်းလာတာ မဟုတ်ဘဲ နူးညံ့ပြီး ယဉ်ကျေးသိမ်မွေ့ကာ သည်းခံနိုင်သည့် လူငယ်တစ်ယောက် ဖြစ်လာခဲ့သည်။

စုရှီ၏ မိဘများသည် ယခင်ကပင် လုဟွမ် ကို သဘောမကျလောက်စရာ ရှိခဲ့ရာ၊ စုရှီသည် သူ့အတွက် နောက်ခံဘဝကို ဖန်တီးပြီးနောက်တွင် သူ့မိဘများ၏ စိတ်သဘောထားသည် ချက်ချင်းပင် ၁၂၀ အထိ မြင့်တက်လာသည်။

လုဟွမ် နောက်တစ်ခေါက် အလည်ဝင်လာသည့်အချိန်ဆိုလျှင် စုရှီ၏အမေက သူ့ကို ဝမ်းနည်းသည့် မျက်လုံးဖြင့် ချက်ချင်း ကြည့်လိုက်သည်။

တီဗွီတွင် ငယ်စဉ်ကတည်းက မိခင်ကို ဆုံးရှုံးခဲ့ရသည့် ဒရာမာ ဇာတ်ကားတစ်ခု မတော်တဆ‌ ပေါ်လာသည်။ စုရှီ၏မိခင်သည် လုဟွမ်၏ဝမ်းနည်းဖွယ်အတိတ် တွေးမိစေမည်ကို စိုးရိမ်သောကြောင့် စုရှီ၏ဖခင်အား ချန်နယ်ပြောင်းရန် ချက်ချင်း ပြောခဲ့သည်။

လုဟွမ်သည် ဤအကြောင်းကို ဘာမှမသိဘဲ ဆွံ့အနေခဲ့သည်။

သူသည် တစ်ခါမှ မခံခဲ့ရဖူးသည့် နွေးထွေးမှု၊ ဂုဏ်ယူချစ်ခင်မှုများကို စုရှီ၏မိသားစုထံမှ ရရှိခဲ့သည်။

လုဟွမ်သည် စုရှီ၏မိဘများရှေ့တွင် သူ့အနေအထားကို ထိန်းသိမ်းပြုမူသည်။

သို့သော် မည်မျှ ထိန်းသိမ်းပါစေ တက္ကသိုလ် တတိယနှစ် ရောက်လာသည့်အချိန် စုရှီ၏အမေသည် သူတို့နှစ်ဦး တွဲနေကြောင်း ရိပ်မိလေပြီ။

စုရှီအား သူကောင်းကောင်း ဆက်ဆံသည်ကို မြင်တော့ စုရှီ၏ အမေသည် အလွန် စိတ်သက်သာရာ ရသွားသည်။

အဖေစုသည် ဂေါ်ဖီထုပ် သိမ်းခံရသလို ခံစားရသော်လည်း စုရှီ၏ အနားတွင် ထိုကောင်လေး ပေါ်လာပြီးကတည်းက စုရှီ၏ ကံကောင်းခြင်းမှာ များစွာ တိုးတက်လာသည်ကို သူ သဘောပေါက်ခဲ့သည်။ လမ်းဘေး၌ လမ်းလျှောက်ရင်း ကားတိုက်ခံရသည့် ကလေးဘဝတုန်းကလို ကံမကောင်းသည့် သူမ မဟုတ်ချေ။

အဖေစုက ရုပ်လွန် ဒဿနိကကို မယုံပါ။ လုဟွမ်သည် စုရှီကို ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ခဲ့သည်ဟုသာ သူ ယူဆလိုက်သည်။

ထို့ကြောင့် အချိန်ကြာလာသည်နှင့်အမျှ အဖေစုသည် လုဟွမ်ကို အားလပ်ရက်များအတွင်း စုရှီတစ်ယောက် အိမ်ပြန်တိုင်း ခေါ်လာသည်ကို အသားကျနေလေပြီ။

ဆက်ဆံရေးအားလုံးသည် ကြာလာသည်နှင့် စိမ်းကားလာနိုင်ချေရှိသော်လည်း လုဟွမ် နှင့် သူတို့၏ဆက်ဆံရေးသည် ချွင်းချက်ပင် ဖြစ်ပေလိမ့်မည်။

ထို့ပြင် လုဟွမ် သည် စုရှီ ၏အိမ်တွင် လာအိပ်သည့်အခါတိုင်း၊ စုရှီ ၏မိခင်သည် အိပ်ယာ မပြုလုပ်ပေးမီ နေရောင်ခြည်၏ သန့်ရှင်းသော အနံ့ရစေရန်အတွက် စောင်ကို ကြိုလှန်းပေးထားသည်။ လုဟွမ်အား ဘာစားချင်လဲ ကြိုမေးပြီး ဟင်းသီးဟင်းရွက်၊ အသားငါးများ ဝယ်ရန် ဈေးကို အမြန်သွားလိုက်တတ်သည်။

တစ်ဖက်တွင်မူ အဖေစုသည် ကြီးကြီးမားမား ပြုလုပ်ပေးခြင်းမရှိသော်လည်း အကောင်းဆုံး လက်ဖက်ရွက်များကို ကြိုထုတ်ယူထားလေ့ရှိသည်။ လုဟွမ် ရောက်လာသောအခါ နှစ်ယောက်သား လက်ဖက်ရည်တစ်ခွက် ချပြီး စစ်တုရင် ကစားကြသည်။

သူ့နေရာတွင် ဟောက်ကျင်းချွမ် သို့မဟုတ် တစ်စုံတစ်ယောက်သာ အိမ်သို့ရောက်လာပြီး သူ့မိဘများက သူ့ကို ဤမျှကောင်းမွန်စွာ ပြုစုစောင့်ရှောက်ခဲ့ပါက စုရှီ မနာလို ဖြစ်နိုင်လောက်သည်။ သို့သော် လုဟွမ်ဖြစ်၍ စုရှီ အလွန်ပျော်နေမိသည်။ ငယ်ငယ်ကတည်းက တစ်ကိုယ်တည်း နေခဲ့ရပြီး မိသားစု၏ နွေးထွေးမှုကို တစ်ခါမှ မရရှိခဲ့ရာ ဤအရာကို သူနှင့် ဝေမျှနိုင်ရန် စုရှီ အလွန် ဆန္ဒရှိသည်။

နေ့ရက်များသည် တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးလာခဲ့သည်။ သာမန်ပုံပေါက်သော်လည်း နေ့တိုင်းက အရင်နေ့များနှင့် လုံးဝမတူညီခဲ့။

နောက်ဆုံးတွင် အမှတ် ၃၀၀ သို့ ရောက်လာသောအခါ စုရှီ မစောင့်နိုင်တော့ချေ။

All Chapters