Chapter 86
Vol. 8 Ch. 86
အမှတ်တစ်ရာ ပြည့်ပြီးနောက် လုဟွမ်က သူမကို မြင်နိုင်ခဲ့ပြီး သူတို့နှစ်ယောက် ဆက်သွယ် ပြောဆိုနိုင်ခဲ့သည်။ အမှတ်နှစ်ရာတွင် လုဟွမ်သည် ယန်မင်းဆက်မှ ဤကမ္ဘာသို့ တစ်ကိုယ်တည်း ကူးပြောင်းသွားနိုင်ခဲ့သည်။ စနစ်အရ၊ အမှတ်သုံးရာကျော်ပြီးနောက် သူမသည် လုဟွမ်၏ ထိုကမ္ဘာသို့ ကြည့်ရှုရန် လိုက်သွားနိုင်မည် ဖြစ်သည်။
သန့်စင်ပြီး အမွှေးနံ့သာ ထွန်းရန်ပင် စိတ်ရှုပ်မခံချင်ကြတော့။ ထိုနေ့တွင် သူတို့နှစ်ယောက်၏ တိုက်ခန်းထဲတွင် စုရှီတစ်ယောက်တည်း နေနေခဲ့သည်။ လုဟွမ်သည် နန်းတော်ရှိ အစေခံ၊ ကျွန်များကို ကြိုတင် ပြင်ခဲ့လိုက်ပြီး တိုက်ခန်းသို့ ပြန်လာကာ ကြားခံမျက်နှာပြင်ကို ဆွဲဖွင့်ပြီး စုရှီကို ထိုလောကထဲသို့ တိုက်ရိုက် ခေါ်ဆောင်သွားခဲ့သည်။
စုရှီ၏ကမ္ဘာတွင် နွေရာသီဖြစ်ပြီး၊ ပုစဉ်းရင်ကွဲများသည် တိုက်ခန်းအပြင်ဘက်တွင် အဆုံးမရှိသော တေးသီသံများ ပြုနေသည်။ လေဝင်လေထွက်ကောင်းရန် ပြတင်းပေါက်များကို ဖွင့်ထားသောကြောင့် တိုက်ခန်းအပြင်ဘက်တွင် ယာဉ်ကြောပိတ်ဆို့သံများအပြင် အပေါ်ထပ်သို့ ပြောင်းရွှေ့နေထိုင်သူ အသစ်များ၏ အသံကိုလည်း ဖျတ်ခနဲကြားနေရသည်။
သို့သော် လုဟွမ်နှင့် နန်းတော်၏ အိပ်ခန်းထဲသို့ လိုက်သွားပြီးနောက် ထိုအသံများအားလုံး သူမ နားမှ ပျောက်ကွယ်သွားကာ တူညီသော ကျက်သရေရှိသည့် နွေရာသီ ပုစဉ်းရင်ကွဲ အသံများသာ ကျန်တော့သည်။
လေထုက အခြားကမ္ဘာနဲ့ မခြားနားကြောင်း ခံစားလိုက်ရသည်။
စုရှီသည် "ဘဝသည် အဆုံးမရှိ၊ မြစ်နှင့်လသည် နှစ်စဉ်နှစ်တိုင်း တူညီကြသည်" ဆိုသည့် ကဗျာကို ရုတ်တရက် နားလည်သွားသည်။
အနှစ်တစ်ထောင်နီးပါး ကုန်လွန်သွားခဲ့သော်လည်း ဤကမ္ဘာကြီးမှာ တကယ် တည်ရှိ နေခဲ့သည်။
သူမသည် ခန်းမနောက်ဘက်ရှိ အရာခပ်သိမ်းကို တအံ့တသြ ကြည့်နေသည်။ နံ့သာပေါင်းအိုးကို တန်ဖိုးကြီးသော အမွှေးတိုင်များဖြင့် ထွန်းညှိထားပြီး လက်ရာမြောက်သော အိုးနှစ်လုံးကို အရှေ့တောင်ဘက်နှင့် အနောက်တောင်ထောင့်များတွင် ထားရှိထားသည်။ ပထမ အကြည့်တစ်ချက်တွင် ၎င်းတို့သည် ဒယ်စောက်များကဲ့သို့ ထင်ရသော်လည်း အနီးကပ်ကြည့်လိုက်သောအခါ ရေခဲတုံးများဖြင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရပြီး နောက်ဘက်ရှိ ခန်းမတစ်ခုလုံး အေးမြမှုကို တိုက်ရိုက်ခံစားရစေသည်။
စုရှီသည် စားပွဲဆီသို့ အလျင်အမြန်လျှောက်သွားပြီး ၎င်းကို ထိကြည့်လိုက်သည်။
လုဟွမ် နင်းဖူမင်းသားနှင့် ရှိနေစဉ်က စာဖတ်ဖို့ အသုံးပြုသည့် စာရေးစားပွဲကို ရိုးရိုးသစ်သားဖြင့်သာ ပြုလုပ်ထားသည်။ နောက်ပိုင်း သူ၏တရားဝင်ရာထူး တဖြည်းဖြည်း မြင့်တက်လာသည်နှင့်အမျှ စားပွဲခုံအား အဖိုးတန်သစ်သားဖြင့် ပြုလုပ်လာသည်။ ယခု စားပွဲခုံကို စန္ဒကူးနီဖြင့် ပြုလုပ်ထားပြီး ထိုစားပွဲတွင် စာလေ့လာနိုင်သောသူများသည် အနာဂတ်တွင် အဖိုးမဖြတ်နိုင်သော ရတနာများပင်ဖြစ်လာပါလိမ့်မည်။
ဤနေရာသည် လုဟွမ်၏ အမှတ်ရစရာများကို ပြန်လည်သုံးသပ်လေ့ရှိသော နေရာဖြစ်သည်။
ထိုစားပွဲကို စခရင်မှ မြင်ရသည်နှင့် အမှန်တစ်ကယ် ထိကြည့်ရသည့် ခံစားချက်က ကွဲပြားလွန်းလှသည်။
သူမ ထိကြည့်လိုက်သည်နှင့် အာမေဍိတ်သံဖြင့် "Fuck...."
လုဟွမ် ရယ်မောလိုက်သည်။ သူမဆီသို့ လျှောက်လာပြီး "စရောက်တုန်းက ကိုယ် ဘယ်လို ခံစားရလဲဆိုတာ မင်း တွေးကြည့်လို့ရတယ်။ မင်းတို့ကမ္ဘာက ကားတွေ သွားတာ မြန်လိုက်တာမှ မပြောနဲ့။ မြေပြင်ပေါ်မှာ ပျံနေတယ်လို့တောင် ထင်သွားတာ။ ကိုယ် ရောက်နေတဲ့ နေရာက လူတွေ ဓားပေါ်မှာ ပျံနိုင်တဲ့ အဲ့လို ဒဏ္ဍာရီလာ ကမ္ဘာမျိုးလားပေါ့"
သူမ တစ်ကယ်ဖြစ်နေသည်ကို မယုံနိုင်သေးပေ။ တစ်နေရာပြီး တစ်နေရာ ထိကြည့်နေပြီး စားပွဲပေါ်ရှိ အသီးကို ယူကာ တစ်ကိုက်ကိုက်ကြည့်လိုက်သည်။
"ဒါက ဘာကြီးလဲ"
လုဟွမ်: "မကြာသေးခင်က ယွင်ကျိုးကနေ တူးလာတဲ့ ဂျင်ဆင်းရိုင်းကို အချဉ်ဖောက်တာလို့လို့ နန်းတော် အစေခံတွေဆီကနေ ကြားခဲ့ရတယ်။ အဲဒါစားရင် ရင်ပူစေတယ်လို့ ခံစားရလို့ မင်းဆီ မပို့ပေးခဲ့တာ"
"မင်းကြိုက်ရင် နွေရာသီအတွက် စားနိုင်တဲ့ အစားအစာတွေ ရှိတယ်။ နောက်မှ အိမ်ပြန်တဲ့အခါ ယူသွားရအောင်"
"ဒါပေမယ့် ဒါက အရမ်းကြီးလွန်းတယ်!!!"
စုရှီသည် နောက်ခန်းတစ်ခုလုံးကို ကြည့်ပြီး သက်ပြင်းသာ ချမိတော့သည်။ ဤနန်းတော်တစ်ခုတည်းတွင် တော်ဝင်နန်းတော် မပါသေးဘဲ နန်းဆောင်လေးခုပင် ရှိသည်။ ရှင်းချီးနန်းတော်၊ ဧကရာဇ်မင်းမြတ် အားလပ်ရက်အတွက် အသုံးပြုခဲ့သော ဥယျာဉ်နှင့် အခြားနန်းဆောင်များစွာလည်း ရှိသေးသည်။
ထို့အပြင် မြို့တော်တွင် ဆောင်ကြာမြိုင်တစ်ခုလည်း ရှိသည်။
ဧကရာဇ်ဖြစ်ရခြင်းမှာ အံ့မခန်းပင်။
စုရှီသည် လုဟွမ်၏ အင်္ကျီစကို ကိုက်လိုက်ပြီး ငိုချင်စိတ်ပင် ပေါက်လာသည်။
လုဟွမ်သည် သူမကို ဤကဲ့သို့မြင်သောအခါ အလွန်ချစ်စရာကောင်းသည်ဟု ခံစားမိပြီး သူမ ပါးပြင်ကို ပုတ်ပြီး "ဒီကို လာ။ ကိုယ် မင်းအတွက် အဝတ်အစားတွေ ပြင်ဆင်ပြီးပြီ၊ မင်းကို အပြင် ခေါ်သွားပြမယ်"
စုရှီစိတ်လှုပ်ရှားသွားပြီး သူ့နောက်ကို အမြန်လိုက်သွားသည်။
လုဟွမ်က သူမလက်ကို ကိုင်ကာ လမ်းလျှောက်ရင်း မိတ်ဆက်ပေးသည်။
"တော်ဝင်နန်းတော်ကို အရင် လျှောက်ကြည့်ရအောင်။ အရှေ့ဘက်မှာ ခမည်းတော်ဧကရာဇ်မင်း သက်ရှိ ထင်ရှားရှိစဉ်က တည်ဆောက်ထားတဲ့ ကြယ်ပွင့် လျှောက်လမ်းရှိတယ်။ တော်ဝင်ဥယျာဉ်ရဲ့ အရှေ့မှာ ကွမ်ရဲခန်းမရှိတယ်။ မင်း အဝတ်အစားလဲပြီးရင် သွားကြည့်လို့ရတယ်။ တိုင်ယယ် ရေကန်လည်း ရှိတယ်"
ဟိုဘက်မှာလည်း ရေကန်တစ်ခုရှိတယ်…" လုဟွမ် ပြောနေရင်း သူ့မျက်လုံးများတွင် မျှော်လင့်နေသည့် အကြည့်များ ပေါ်လာသည်။ သူသည် ဤ ရှုခင်းများမှာ ရှားပါး၍ လှပသည်ဟု အရင်က မထင်ခဲ့သော်လည်း သူ့ဘေးနားရှိ သူမကြောင့် ရှုခင်းများ အားလုံးက ဆန်းသစ်သည့် မြင်ကွင်းများ ဖြစ်သွားသည်။
စုရှီက လက်ဖြင့် စခရင်ကို ထိနေသည်ကို မြင်ပြီး အပြုံးဖြင့် မေးလိုက်သည်။
“မင်း ဘယ်ကို အရင်သွားချင်လဲ"
"တစ်ကယ် ကျွန်မကို မေးနေတာလား"
စုရှီ စိတ်လှုပ်ရှားလာသည်။
“ဘယ်နေရာပြောပြော အရင်သွားမှာလား"
လုဟွမ်:"ဟုတ်တယ်"
သူက ဂုဏ်ယူသံဖြင့် ပြောလိုက်သေးသည်။
"ရှောင်ရှီလိုချင်တာ ဘာဖြစ်ဖြစ် ကိုယ် ပေးနိုင်ပါတယ်"
"ယောက်ျားဆိုတာ ပြောပြီးသား ပြန်မရုတ်သိမ်းရဘူးနော်"
စုရှီက စိတ်လှုပ်ရှားစွာနှင့် ချက်ချင်းလက်ကို မြှောက်လိုက်ပြီး
"ဒါဆို ပင်ကန်ဖိန်း ဆောင်ကြာမြိုင်ကို သွားချင်တယ်၊ အဲဒီမှာ ယောက်ျားလေးတွေနဲ့ မင်းမျိုးမင်းနွယ် ချောမောတဲ့ ယောက်ျားလေးတွေ အများကြီးရှိတယ်လို့ ကြားထားတယ်”
"……"
လုဟွမ်က ရှုပ်မဲ့သည့် မျက်နှာထားဖြင့် "မင်းလိုချင်တာ ဘာပဲလုပ်လုပ် ကိုယ် ကျေနပ်အောင် လုပ်ပေးနိုင်ပါတယ်၊ မင်း ကိုယ့်ကို လိုချင်ရင်တောင် ဖြစ်တယ်" ဟု ပြောလိုက်သည်။ သို့သော် သူမ စကားကြားတော့ သူ့မျက်နှာ ချက်ချင်း မဲသွားသည်။
"မင်းသွားချင်တာ သေချာလား" သူက စုရှီဆီသို့ လျှောက်သွားပြီး 'မင်းမိသားစုရဲ့ လုဟွမ်က အဲ့လောက်မချောဘူးလား?' ဟူ၍ သူ့မျက်နှာပေါ်၌ ဖော်ပြထားလေသည်။
စုရှီက သူ့ကို တွန်းလှန်ပြီး မျှော်လင့်ချက်ကြီးစွာဖြင့် "အင်း ကျွန်မသွားချင်တယ်၊ ရမလား?"
လုဟွမ်က အရှုံးမပေးဘဲ တိုးတိုးလေးပြန်မေးသည်။
"ကိုယ် မနာလိုဖြစ်နေရင်တောင် မင်းသွားချင်သေးလား"
စုရှီက စိုးရိမ်တကြီးဖြင့် "ပြောပြီးသား စကားကို ပြန်မရုတ်ဘူးလို့ ပြောခဲ့တာ မဟုတ်ဘူးလား။ စက္ကန့်နည်းနည်းပဲ ကြာသေးတာကို။ ခုတည်းက နောင်တရနေပြီလား"
လုဟွမ် အားရပါးရပြောထားပြီး ယခု နောင်တရမိနေသည်။
"ကျွန်မက အခု ဘာမှ သိပ်မသိတဲ့ တောသားလူနုံလေးပါ။ တကယ် သွားလည်ပြီး တွေ့ကြုံကြည့်ချင်တယ်။ ပြီးတော့ သွားပြီး ပုလွေသံ၊ ဗုံသံတွေကိုဘဲ နားထောင်မယ်လေ။ ကျွန်မ မျက်လုံးတွေက ရှင့်ကိုဘဲ ကြည့်နေမယ်၊ တခြားလူကို တစ်စက္ကန့်လေးတောင် မကြည့်မိစေရဘူး!"
လုဟွမ်စိတ်ဓာတ်ကျနေသေးသည်ကို စုရှီ မြင်လိုက်ရတော့ သူမက ထည့်ဖြည့်ပြောလိုက်သည်။
"ဒီည ကျွန်မအိပ်ရာပေါ် မတက်ရဲရင် အကြိမ်နှစ်ဆယ်လောက် နမ်းလို့ရတယ်!"
လုဟွမ် မျက်နှာထားပြေလျော့လာပြီး သူမကို ငေးကြည့်မိသည်။
စုရှီ: "အကြိမ်လေးဆယ်?"
လုဟွမ်:" အကြိမ်ငါးဆယ်၊ ပြီးတော့ တွေ့ဖူးချင်လို့ သက်သက်ပဲနော် ဒီတစ်ကြိမ်ဘဲ သွားရမယ်။ နောင် အဲ့လိုအိမ်တွေမှာ ခြေချလို့တောင် မရဘူးနော်။ မင်းပြောသလိုဘဲ တခြားယောက်ျားတွေအပေါ်မှာ တစ်စက္ကန့်ထက် ပိုမကြည့်မိစေနဲ့"
စုရှီက သူ့ အင်္ကျီလက်ကို ဆွဲကိုင်လိုက်ပြီး အပြုံးလေးဖြင့် "ကောင်းပြီ၊ အိုကေ၊ ကပ်စေးနဲလေးရယ် ရှင့်စကားကို နားထောင်ပါ့မယ်!"
စုရှီ၏ တွက်ချက်ချင်စိတ်လေးသည် သူမ၏ နှလုံးသားထဲတွင် လွင့်ပျံလာသည်။ ယောက်ျားတွေကို မကြည့်နိုင်လျှင်ပင် ချောမောလှပသည့် မိန်းကလေးများကို ဝင်ကြည့်ခွင့်ရသည်က ပို၍ ကောင်းပါသည်။
ဤကဲ့သို့အခွင့်အရေးမျိုး မည်သူရနိုင်ပေမည်နည်။
တွေးကြည့်ရုံဖြင့် မျက်စိအတွက် ပွဲတော်တစ်ခုပင်။
စုရှီ၏ မျက်လုံးထောင့်များက စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ရာ လုဟွမ် မြင်လိုက်ပြီး ရုတ်တရက် ဆိုးရွားသော ခံစားချက်ကို ခံစားလာရပြီး "မင်းရဲ့ မျက်လုံးတွေက အမျိုးသမီးတွေကိုလည်း တစ်စက္ကန့်ထက်ပိုပြီး မကြည့်ရဘူး" ဟု ထပ်လောင်း ပြောလိုက် လေသည်။
အဝတ်အစားများကို ရွေးထုတ် နေသည့် စုရှီ: “…”
"ဒါက ဘယ်လိုမျိုးပါလိမ့်?"
သူမက ဒေါသတကြီးဖြင့်
"ယောက်ျားတွေကို မကြည့်ခိုင်းတာတော့ ထားပါတော့။ မိန်းကလေးတွေကိုလည်း မကြည့်ခိုင်းဘူးလား"
"ရှင့်ကိုပဲ ကြည့်နေရမှာလား?!"
"ကိုယ်ဆို မင်းကိုဘဲ နေ့တိုင်းကြည့်နေတယ်!"
စုရှီ နည်းနည်းထပ်ပြောချင်သေးသော်လည်း လုဟွမ်က သူ၏ မျက်တောင်ညိုများကို ငုံ့ချလိုက်သည်။ သူ၏ အမူအရာက အနည်းငယ်ငိုမဲ့မဲ့ဖြစ်သွားပြီး
"တစ်နေ့ မင်း ကိုယ့်ကို ငြီးငွေ့လာမယ်ဆိုတာ ငါသိပါတယ်။ ဒါပေမယ့် အခု သုံးနှစ်ပဲ ရှိသေးတယ်"
"ရပ်၊ ရပ်!" စုရှီသည် တစ်ချိန်တည်းတွင် ငိုချင်ရယ်ချင် ဖြစ်နေ၏။
"ကျွန်မ ရှင့်ကို ကတိပေးတယ်။ ဒါပေမယ့် အားလုံးကို ကျွန်မ တစ်စက္ကန့်လောက် ကြည့်နေနိုင်တယ်ဆိုတာတော့ ရှင် ကျွန်မကို ကတိပေးရမယ် ဟုတ်ပြီလား! ကျွန်မ ရှင့်ကို တစ်ချိန်လုံးတော့ မကြည့်နေနိုင်ဘူး"
လုဟွမ်က သူ့ လက်နှစ်ဖက်ကို နောက်ပစ်လိုက်ပြီး ခဏလောက်စဉ်းစားကာ အလွန်ရက်ရောစွာဖြင့် "အိုး သုံးစက္ကန့်၊ မင်းမှာ လူတိုင်းကို သုံးစက္ကန့်လောက် စိုက်ကြည့်ခွင့်ရှိတယ်။ အဲမှာရှိတဲ့ လူတိုင်းကို လုံလုံခြုံခြုံ အဝတ်ဝတ်ဖို့ ကိုယ် အမိန့်ပေးထားမယ်။ လူတိုင်းက မင်းရှေ့မှာ သူတို့ရဲ့ မျက်နှာကိုပဲ သုံးစက္ကန့်လောက် ပြထားခွင့်ရှိမယ်"
စုရှီ "…"
'ကျေးဇူးတင်ပါတယ်'
'သုံးစက္ကန့်၊'
သူက ဂုဏ်ယူသည့် အမူအရာဖြင့် 'မင်းရဲ့ခင်ပွန်းက သဘောထား မကြီးပေဘူးလား'ဟူ၍ မျက်နှာပေါ်၌ ရေးထားပြီး သူမကို ကြည့်နေလေသည်။
… 'သိပ် ကြီးမြတ်လှပါတယ်’
အလွန်အမင်း ရုန်းရင်းဆန်ခတ် မဖြစ်စေရန်အတွက် စုရှီသည် အမျိုးသမီးအဝတ်အစားများ မဝတ်ခဲ့ဘဲ သခင်ငယ်တစ်ယောက်ကဲ့သို့ ပေါ့ပေါ့ပါးပါး အဝတ်အစား ပုံစံကို သေတ္တာထဲမှ ကောက်ယူလိုက်သည်။ ပြောင်းလဲဝတ်ပြီးနောက် သူမသည် မင်းမျိုးမင်းနွယ်မိသားစု၏ ရင်ခုန်စရာကောင်းသော ကလေးတစ်ယောက်လိုပင်။ လုဟွမ်က သူမကို စိုက်ကြည့်နေမိသည်။ မကြာခင် လုဟွမ်က နန်းတော်အစေခံနှင့် မိန်းမစိုးများကို ခေါ်လိုက်ပြီး စုရှီ၏ဦးထုပ်ကို ချည်ခိုင်းသည်။
ဧကရာဇ်မင်းအနား၌ နန်းတော်အစေခံများက ဘာမှမပြောရဲကြပါ။ သို့သော် စုရှီ၏ အမျိုးသားဝတ် ပုံစံသည် အလွန်သိမ်မွေ့ပြီး လှပ နေသည်။ သူ့ဦးထုပ်ကို ကြိုးချည်ပေးနေသည့် နန်းတော်မှ အစေခံနှစ်ယောက်က သူမကို အကြိမ်အနည်းငယ် ထပ်ကြည့်မိလိုက်သည်။
လုဟွမ်"..."
စုရှီ လုဟွမ်ကို တိတ်တဆိတ်ကြည့်လိုက်သည်။
သူ့ကောင်လေးချောချော၏ မျက်နှာမှာ တဖန် မည်းမှောင်လာပြန်လေပြီ။