Chapter 87
Vol. 8 Ch. 87
လုဟွမ်က တွေးကြည့်ပြီး ပင်ကန်ဖိန်းဆောင်ကြာမြိုင်ရှိ သူများ၏ မျက်နှာကိုသာမက စုရှီ၏မျက်နှာကိုလည်း ဖုံးအုပ်ထားသင့်သည်ဟု စဉ်းစားမိလေသည်။
ခဏအကြာတွင် မျက်ခုံးကို ပင့်ကာ တစ်နေရာမှ ပေါ့ပါးသည့် မျက်နှာအုပ်ပုဝါတစ်ခု ထုတ်ယူလိုက်သည်။ ၎င်းသည် ဖြူစင်ပြီး အပြစ်အနာအဆာကင်းသောပုံ ပေါက်ကာ အနည်းငယ်မျှပင် တောက်ပနေသည်။ ထိုအရာဖြင့် စုရှီ၏မျက်နှာကို ဖုံးအုပ်ထားလိုက်သည်။ မကြာမီတွင် စုရှီအနီးနားရှိ နန်းတော်အစေခံများပင် သူ မမျက်နှာကို မမြင်နိုင်တော့ဘဲ စူးရှသော မျက်လုံးတစ်စုံကိုသာ မြင်ရ တော့သည်။
စုရှီ"…"
နန်းတော် အစေခံများ “…”
စုရှီ စိတ်မကြည်မသာဖြစ်ပြီး ထိုပုဝါကို ဆွဲချွတ်ချင်သော်လည်း လုဟွမ်က သူမ၏ လက်ကောက်ဝတ်ကို ချုပ်ကိုင်လိုက်ပြီး တားလိုက်သည်။ ထို့နောက် “ပုဝါက အဆင်မပြေဘူးလား” ဟု သဘောကျစွာ မေးလိုက်သည်။
“မဟုတ်ဘူးလေ — —” မျက်နှာအုပ်ပဝါမှာ မဝတ်ထားအလား လေဝင်လေထွက်ကောင်းသည်။ သို့သော် အဘယ်ကြောင့် မျက်နှာမပြနိုင်ရသနည်း။ သူမ၏ အသွင်အပြင်သည် ယောက်ျားဝတ်စုံနှင့် တခြားသူများထက် ပိုလှနေသည်။ ချောမောလှပသော အမျိုးသမီးအချို့၏ အာရုံကိုပင် ဆွဲဆောင်နိုင်ပေမည်။ စုရှီက ခေါင်းစဉ်ပြောင်းပြီး "ဟုတ်တယ်၊ သိပ်အဆင်မပြေဘူး။ အရမ်းလေးလွန်းတယ်"
ပေါ့ပါးသော ကြက်သွေးရောင် ပုဝါသည် လုဟွမ်၏လက်၌ ဘယ်လိုရောက်လာမှန်း သူမ မသိလိုက်။ ထိုပုဝါအပေါ်၌ လိပ်ပြာနှစ်ကောင်ဖြင့် အလှဆင်ထားသည်။
"မင်းအတွက် ကမ္ဘာပေါ်မှာ အပေါ့ပါးဆုံး ပုဝါကိုတောင် ကိုယ် ရအောင် လုပ်ပေးနိုင်တယ်" ဟူသော အမူအရာဖြင့် သူမကို ညင်သာစွာ ကြည့်လိုက်သည်။
စုရှီ "…"
'ထားလိုက်ပါတော့လေ။ ကြက်သွေးရောင် ပုဝါက ဒီလောက်အမြင်ဆိုးတာ မိန်းမပျိုလေးတွေကြောက်ပြီး အနားမကပ်ဘဲ နေလိမ့်မယ်’ သူမသည် အဖြူရောင်ပုဝါကိုသာ မကျေမနပ် ဝတ်လိုက်ပြီး လုဟွမ်၏ ချောမောသော မျက်နှာကို မော့ကြည့်လိုက်သည်။
"ဝတ်စေချင်ရင်လည်း နှစ်ယောက်လုံး အတူတူ ဝတ်သင့်တယ်။ တစ်ယောက်တည်း ဝတ်ရင် ဘာလိုလိုနဲ့၊ ရှင်က ကျွန်မရည်းစားဆိုတော့ လိုက်လုပ်ပေးသင့်တယ်"
မထင်မှတ်ပဲ လုဟွမ်သည် သူမ၏ စကားများကို ကြားလိုက်သောအခါ မျက်နှာမှာ တောက်ပလာသည်။ အနက်ရောင် ပုဝါကို ယူလာဖို့ တစ်စုံတစ်ယောက်အား ရှက်ကိုးရှက်ကန်းဖြင့် ခိုင်းလိုက်ပြီး
"ရှောင်ရှီက ကိုယ့်ကို ဝတ်ခိုင်းတယ်။ ကိုယ့်မျက်နှာ တခြားသူတွေကို မပြပေးချင်လည်း ရပါတယ်"
စုရှီ “....”
သူ့ဘေးနားရှိ နန်းတော် အစေခံများက သူတို့ ဘာပဲကြားကြား ဘာပဲမြင်မြင် မည်သည့် အသံမှ မထွက်ရန် ၊ မည်သည့်အမူအရာမှ မလုပ်ရန် ဟူ၍ အမိန့်ထုတ်ခံထားရကောင်း ထုတ်ခံရနိုင်သည်။ မဟုတ်လျှင် ခေါင်းဖြတ်ခံရမည်ဟူ၍။ ယခုအချိန်တွင်၊ ဧကရာဇ်သည် လေးနက်ပြီး ထုတ်ဖော်ပြောဆိုခြင်းမရှိသော မြင့်မြတ်သည့် ဘုရင်နှင့် လုံးဝခြားနားသော ဧကရာဇ်မင်းတစ်ပါး၊ ခြားနားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေသည်။ သူတို့သည် ထိုပုံစံကို ခံနိုင်ရည်ရှိအောင်ကြိုးစားပြီး သစ်သားတိုင်ကဲ့သို့ နေနေကြလေသည်။
စုရှီ၏နှလုံးသားသည်သာ အော်ဟစ်နေသော ကြက်ပေါက်လေး အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
သူမ လုဟွမ်ကို စိုက်ကြည့်သည်။
"တို့နှစ်ယောက်လုံးက မက်စ်တွေတပ်ထားတာ ဘယ်ကို သွားမလို့လဲ? မသိတဲ့သူတွေက ကျွန်မတို့ကို ထောင် ဖောက်တော့မယ်လို့ ထင်တော့မှာဘဲ"
လုဟွမ်၏ မျက်လုံးများ တောက်ပလာသည်။
"အဲဆို မသွားနဲ့စို့။ ကိုယ်တို့နှစ်ယောက်သွားဖို့ နေရာတွေအများကြီး ရှိပါတယ်"
"နိုး"
စုရှီ အံကြိတ်ကာ ပြောသည်။
"ဝတ်မယ်"
သူမ ပုဝါကို ၀တ်ထားပြီး လုဟွမ်လည်း အရောင်ခပ်မှိုင်းမှိုင်းပုဝါကို ၀တ်လိုက်သည်။
သူတို့ပုံစံမှာ သတို့သမီးအတွက် ပန်းစည်းပစ်ပေးမည့် သခင်လေးနှင့်၊ အုပ်ချုပ်ရေးရင်ပြင်အား ဓားပြတိုက်မည့် ဧကရာဇ်ကဲ့သို့ ဖြစ်နေသည်။
လုဟွမ်သည်လည်း ပေါ့ပေါ့ပါးပါး အဝတ်အစားများအဖြစ် ပြောင်းလဲဝတ်ဆင်ခဲ့သည်။ သူက စုရှီနှင့် အရောင်တူ ဝတ်ထားသော်လည်း စုရှီထက် များစွာ အရပ် ပိုမြင့်နေသည်။ လွန်ခဲ့သည့် သုံးနှစ်အတွင်း ဆယ်ကျော်သက်လေးသည် တဖြည်းဖြည်း အရပ်ရှည်ပြီး တောင့်တင်းခိုင်ခံ့သော အမျိုးသားတစ်ဦး ဖြစ်လာခဲ့သည်။ ဤအချိန်တွင် သူသည် တောက်ပြောင်သောအ၀တ်အစားများ ဝတ်ဆင်ထားသော အရွယ်ရောက်ပြီးသူနှင့် ဆယ်ကျော်သက်အရွယ်ကြား ဖြစ်သည်။ မျက်နှာဖုံး ဝတ်ထားလျှင်ပင် လူအုပ်ကြား၌ ပေါ်လွင်နေသေးသည်။
သူ့လက်ကို ဝှေ့ယမ်းပြပြီးနောက် နန်းတော်အစေခံများ ပြန်ဆုတ်သွားသည်။ ထို့နောက် သူစီစဉ်ထားပြီးသား အစောင့်အချို့သည် ပေါ့ပေါ့ပါးပါး အဝတ်အစားများ ဝတ်ထားသည်။
ဤအစောင့်များသည် မြို့တော်ရှိ သာမန် မင်းမျိုးမင်းနွယ်၏ ကျွန်များကဲ့သို့ ၀တ်ဆင်ထားသည်။ ပုံစံမှာ အတော်လေးကို နိမ့်ကျသည့်ပုံပေါက်ပြီး ဟန်ဆောင်မှုကင်းနေပါသည်။
လုဟွမ်သည် စုရှီ၏လက်ကို ကိုင်လိုက်ပြီး နန်းတော်မှ ထွက်လာသည်။
သူမကို လျှောက်ပတ်လည်ဖို့ ရည်ရွယ်ထားသောကြောင့် တော်ဝင်ဝေါယာဉ် မရှိနေပါ။ သူတို့နောက်၌ အစောင့်များက ထီးနှစ်ချောင်းကိုသာ ကိုင်ထားသည်။ ဧကရာဇ်မင်းမြတ်၏ အဝါရောင် ဆောင်းထီးများ မဟုတ်သော်လည်း မြို့တော်ရှိ သာမန်မင်းမျိုးမင်းနွယ်လေးများ အသုံးပြုလေ့ရှိသော ပိုးသားထီးများသာ ဖြစ်သည်။
လမ်းတစ်လျှောက်တွင် နန်းတော်ရှိလူများကို ကြိုရှင်းထားပြီးဖြစ်သည်။
စုရှီသည် သူ့နောက်မှ လိုက်ပြီး နန်းတော်မှ ထွက်လာကာ ရေကန်ကို ဖြတ်ပြီး၊ ကွမ်ရဲနန်းတော်ခန်းမကို ဖြတ်၍ ရွှယ်ဝူဂိတ်တံခါးကို ဖြတ် လျှောက်သွားခဲ့သည်။ သူတို့ရှေ့တွင် ကြီးမားသော ထိုင်ကျီနန်းတော်ခန်းမကြီးကို သူမ မြင်လိုက်ရသည်။ ကြီးလွန်းသဖြင့် လူကိုပင် မူးဝေသွားစေသည်။ ထိုကဲ့သို့သော နန်းတော်မြို့ကြီးတွင် ပုစဉ်းရင်ကွဲများသည် နွေရာသီတွင် တေးဆိုနေကြသည်။ နှစ်ဖက်စလုံးတွင် မြင့်မားသော ရင်ပြင်နံရံများနှင့် စဉ့်ကြွပ်များရှိသည်။ ရေကန်ထဲရှိ ကြာပန်းများက ရက်ပေါင်းများစွာ ကောင်းကင်သို့ မျှော်ကြည့်နေကြပြီး ရှုခင်းများက လှပလွန်းလှသည်။
နောက်ဆုံးတွင် ထိုင်ကျီနန်းတော်မှ ထွက်လာခဲ့ကြသည်။
လုဟွမ်က သူ့ဘေးနားရှိ သူမအား
"ပင်ပန်းနေပြီလား"
"ဒါက ဘာလို့ဒီလောက်ကြီးနေတာလဲ!" စုရှီမူးဝေသွားသည်။ “ကျွန်မတို့ရဲ့ ကျောင်းငါးကျောင်းစာလောက် ရှိတယ်"
လုဟွမ်က အကွာအဝေးကို ခန့်မှန်းကြည့်ပြီး
"ပိုကြီးမယ် ထင်တယ်။ အခု နန်းတော်ထဲက ထွက်လာတည်းကို ကိုယ်တို့ အထက်တန်းကျောင်း နှစ်ဆယ်နဲ့ တက္ကသိုလ် ဆယ်ခု လောက်ကို ဖြတ်ခဲ့ပြီးပြီ"
စုရှီ ဆွံ့အသွားသည်။
လုဟွမ်က စုရှီရှေ့သို့ လျှောက်သွားပြီး ဝတ်ရုံကို မ၍ ထိုင်ချလိုက်သည်။
"ကိုယ် မင်းကို ကုန်းပိုးပေးမယ်"
သူတို့နောက်ရှိ အစောင့်များက ကောင်းကင်ကို လိမ္မာပါးနပ်စွာ မျှော်ကြည့်ကြပြီး ကောင်းကင်မှာ တစ်စုံတစ်ခုက သူတို့အား ဆွဲဆောင်လိုက်သလို ပြုမူကြသည်။
စုရှီ: "ကျွန်မတို့ပြန်ရောက်မှ လုပ်ပေး။ ဒီမှာ မဖြစ်ဘူး"
သူမသည် လုဟွမ် နားနားသို့ တိုးလာပြီး
"မဟုတ်ရင် ဧကရာဇ်မင်းရဲ့ဂုဏ်သိက္ခာ ဘယ်ရောက်သွားမှာလဲ"
လုဟွမ်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး
"တိုင်းပြည်နဲ့ ပြည်သူတွေကို ဘေးဒုက္ခ ရောက်စေမယ့် ကြင်ယာတော် ဖြစ်မှာကို ကြောက်နေတာလား"
စုရှီ သူ့ကို စိုက်ကြည့်နေလိုက်သည်။
လုဟွမ်က ခဏလောက်စဉ်းစားပြီး အစောင့်များကို မြင်းနှစ်ကောင် ယူလာခိုင်းလိုက်သည်။ ထို့နောက် စုရှီကို ပြောသည် "ဇုကျူးဂိတ်ကို သွားနိုင်တဲ့ ဖြတ်လမ်းတစ်ခုရှိတယ်။ ကိုယ်တို့ အဲဒီကို စီးသွားမယ်"
"ဟိုတုန်းက မြင်းစီးဖူးတယ်၊ ဒါပေမယ့် ရှုခင်းသာနယ်မြေထဲမှာပဲ။ အဲဒီမြင်းတွေက ယဉ်ပြီး ခံနိုင်ရည်ရှိတယ်၊ ဒီမြင်းနှစ်ကောင်က——" စုရှီက မြင်း၏ ကျောကို ထိလိုက်သည်နှင့် ထိုမြင်းနှစ်ကောင်က ရှုခင်းသာနယ်မြေ၌ မြင်ခဲ့သည့် မြင်းများထက် ပိုပြီး ခံနိုင်ရည်ရှိသည်ကို ခံစားမိလိုက်သည်။ တစ်ကောင်မှာ ကြက်သွေးရင့်ရောင်ဖြစ်ပြီး နောက်တစ်ကောင်မှာ နှင်းဖြူရောင် ဖြစ်သည်။ လုဟွမ်အား သူမပေးခဲ့သော မြင်းနှင့် ဆင်တူသော်လည်း ထိုမြင်း မဟုတ်ပေ။
"အဆင်ပြေပါတယ်။ ကိုယ် မင်းနဲ့ အတူစီးမယ်။"
လုဟွမ် စကားပြီးသောအခါ စုရှီသည် မြင်းနှစ်ကောင်ကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ပြီး "မင်းပေးခဲ့တဲ့ မြင်းက အနားယူသွားပြီ။ နန်းတော်ရဲ့ နွားတင်းကုပ်ထဲမှာ ကျန်နေတဲ့ ဘဝတစ်လျှောက်လုံး ပျော်နေတာ။ မနက်ဖြန် မင်းကို ခေါ်သွားကြည့်မယ်"
စုရှီ ရုတ်တရက် ဝမ်းနည်းသွားသလို ခံစားလိုက်ရသည်။
"အသက်ကြီးနေပြီလား"
"လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က ဝါကာဘာယာရှီရိကာ ကို မင်း ကိုယ့်ကို ပေးခဲ့တယ်၊ အဲဒီအချိန်က သူ ငါးနှစ်လောက်ရှိပြီ၊ အခုဆို ခြောက်နှစ်ကျော်သွားတော့ ဆယ့်တစ်နှစ်တောင်ရှိနေပြီ။ တစ်ချို့မြင်းတွေက သူတို့ ဆယ့်ငါးနှစ်မပြည့်ခင်ထိ အလုပ်လုပ်ကြတယ်။ ဒါပေမယ့် နန်းတော်က မြင်းအများစုက ဆယ်နှစ်ပြည့်တာနဲ့ အနားယူသွားကြပြီ"
စုရှီ၏အာရုံသည် ရုတ်တရက် တစ်မျိုးပြောင်းသွားသည်။
"ခဏ၊ မင်းသူ့ကို ဘာလို့ခေါ်တာ!"
လုဟွမ် ရုတ်တရက် ရှက်မိသွားသည်။
သူသည် မြင်း၏နဖူးကိုထိကာ "ဝါကာဘာယာရှီရိကာ" ဟု တိုးတိုးလေးပြောပြသည်။
စုရှီက သူ့ကို စိုက်ကြည့်ကာ "ဒါက ဘယ်လို နာမည်မျိုးကြီးလဲ"
လုဟွမ်၏ နားရွက်များ နီရဲလာသည်။
သူပြန်မဖြေတော့ဘဲ "လာပါ ၊ ကိုယ် မင်းမြင်းပေါ်တက်ဖို့ ကူပေးမယ်" ဟုသာ ပြောလိုက်သည်။
စုရှီမှ မြင်းကို လက်ခံရရှိခဲ့သောအချိန်က စုရှီသည် မည်သူဖြစ်သည်၊ မည်ကဲ့သို့ ပုံပန်းသဏ္ဍာန်ရှိသည်၊ မည်ကဲ့သို့သောအသံနှင့် ရုပ်သွင်ရှိသည်ကို သူ မသိပါ။ ထိုအချိန်တွင်၊ မမြင်နိုင်သော စုရှီသည် သူ နေ့ညမပြတ် တွေးတောနေခဲ့မိသည့်သူ ဖြစ်သည်။ မြို့တော်အပြင်ရှိ သစ်ပင်အောက်၌ ချည်နှောင်ထားသည့် မြင်းကို မြင်သည့်အခါတိုင်း နွေဦးအထိ စောင့်မည်ဟု စိတ်ထဲ တွေးမိပြီး နောက်ဆုံး တကယ်လည်း နွေဦးအထိ စောင့်လိုက်ရပါသည်။ သစ်တော်ပန်းပွင့်များ ပွင့်လာသည့်အခါ သူမကို မေးရဲသည့် သတ္တိကို စုဆောင်းပြီး သူမကို တွေ့ချင်နေခဲ့သည်။ သို့သော် နွေဦးရာသီမရောက်ခင်မှာပင် သူ့ကိုယ်သူ ထိန်းမနိုင်ဖြစ်ပြီး ထိုတောင်းဆိုမှုကို အရူးအမူး ပြုလုပ်ခဲ့သည်။
ဤအရာမှာ လုဟွမ် မစီစဉ်နိုင်သောကြောင့် စိတ်အဆတ်ဆုံး၊ စိတ်အနှောက်အယှက်ဖြစ်ဆုံးနဲ့ စိတ်အလှုပ်ရှားဆုံးအရာတစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်။ သူသည် ထိုတောင်းဆိုချက်ကြောင့် သူ၏ကမ္ဘာမှ သူမ လုံးဝပျောက်ကွယ်သွားမည်ကို တွေးပူခဲ့သော်လည်း ကံကောင်းထောက်မစွာပင် သူမ ပြန်လာခဲ့သည်။
ထို့ကြောင့် ထိုမြင်းအား ဝါကာဘာယာရှီရိကာ ဟု အမည်ပေးခဲ့ခြင်းဖြစ်သည်။
ဝါကာဘာယာရှီရိကာ ရောက်လာတိုင်း သူမလည်း ရောက်လာခဲ့သည်။
မြင်းခွာသံများကြားတိုင်း တစ်နေ့တွင် သူ့ကမ္ဘာထဲသို့ သူမကို ခေါ်ဆောင်နိုင်လာလိမ့်မည်ဟု သူ မျှော်လင့်ခဲ့သည်။
စုရှီမြင်း ပေါ်တက်ပြီး လုဟွမ်လည်း မြင်းပေါ်တက်ကာ သူမနောက်၌ ထိုင်လိုက်သည်။ သူသည် သူမကို ပွေ့ဖက်ကာ ဇက်ကြိုးကို ကိုင်ထားသည်။ တိုးညှင်းသောအော်သံနှင့်အတူ နှင်းဖြူမြင်းအသစ်သည် မြှားတစ်စင်းကဲ့သို့ ပြေးထွက်သွားသည်။
သူ့နောက်တွင် သက်တော်စောင့်များစွာ ကပျာကယာ နောက်ကလိုက်လာသည်။
နွေလေက သူမနားကို ဖြတ်သွားရာ စုရှီသည် လုဟွမ်၏ နောက်သို့ ဆုတ်ကာ ရင်ဘတ်ကို မှီလိုက်သည်။ လုဟွမ်သည် သူမအား မြို့တံခါး၊ နက်နဲပြီး ရှည်လျားသော လမ်းကြားများနှင့် မြို့တော်၏ လမ်းများမှတဆင့် ခေါ်ဆောင်သွားခဲ့သည်။ မျက်စိနှင့်မြင်ခဲ့ရသလောက် နေရာတိုင်းသည် စည်ကားပြီး အသက်ဝင်ကာ အေးချမ်းလှသည်။ လုဟွမ်၏ဗီရိုထဲတွင် သူမ မြင်လိုက်ရသော ကြည်လင်သည့်မြစ်နှင့် ပင်လယ်၏ပုံ ရှိသည့်နေရာပင် ဖြစ်သည်။