← Chapters

အပိုင်း(၆၁)

Vol. 7 Ch. 61

အပိုင်း(၆၁)

Vol. 7 Ch. 61

"ဒါရွမ်ကျားကျဲ အရင်ယူတာမှန်ပေမဲ့ ကြိုမှာထားတဲ့ပုံမပေါ်ဘူး။ ကြည့်ရတာ ရှင်နဲ့မလိုက်လောက်ဘူးထင်တယ် ပြီးတော့ ကျွန်မ ဒါကို ဝယ်ဖို့ဆုံးဖြတ်ထားပြီးသား။"

ဝမ်ကျားနီ မျက်နှာပေါ်သက်တောင့်သက်သာရှိသော အပြုံးတစ်ခုဖြင့် တည်ငြိမ်အေးဆေးစွာပြောလိုက်သည်။

"ဆိုတော့ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ? ငါနဲ့ထိပ်တိုက်တွေ့ ချင်နေတာလား ? နင် ဒါကို ငါ့ဆီကလုဖို့ရည်ရွယ် ချက်နဲ့ ရောက်လာတာမလား ?"

ရွမ်ကျား၏မျက်နှာဖြူဖျော့သွားကာ သိသိသာသာ ဒေါသထွက်သွားသည်။

"ဘယ်လောက်တောင် အရှက်မဲ့လိုက်သလဲ ?"

ဝမ်ကျားနီနေကာမျက်မှန်တပ်ထားသော်လည်း သူ့အမူ အရာ ခဏပြောင်းသွားသည်ကို မြင်ရဆဲဖြစ်သည်။

"ကျွန်မ ဘာမှမလုဘူး၊ တချို့အရာတွေက လူတွေကို ပိုင်ဆိုင်ရဖို့သတ်မှတ်ထားပြီးသား ပြီးတော့ အဲ့တာကို အတင်းအကြပ်သိမ်းထားဖို့ကြိုးစားနေရင် ဘာမှကောင်း တာဖြစ်လာမှာ မဟုတ်ဘူး"

ဝမ်ကျားနီစကားပြောနေစဉ်တွင် ရေသူမစတိုင်လ်ဂါဝန်အား ညင်သာစွာပွတ်သပ်နေကာ သူ့မျက်လုံးများကနှစ် သက်မှုအပြည့်ရှိနေသည်။

သူ ဂါဝန်ကိုပြောတာလား ဒါမှမဟုတ် လူကိုပြောနေတာလား ?

ဝတ်စုံကိုကိုင်ထားသည့် အရောင်းဝန်ထမ်းသည် ချွေးသီးချွေးပေါက်များထွက်နေပြီဖြစ်သည်။ မည်သူမဆို ဤအမျိုးသမီးနှစ်ယောက်ကြားမှ စကားလုံးများကြားရုံဖြင့် တိုက်ခိုက်မှုအားနားလည်နိုင်ကြပြီး နှစ်ဦးစလုံးသည် သူမ စော်ကားရန်တတ်နိုင်သူများမဟုတ်‌ပေ။

[ဟာဟားဟား၊ အဲ့ဒီ အရောင်းစာရေးမလေးတော့ စိတ်ထဲမှာ 'တစ်ယောက်ယောက် ငါ့ကိုလာကယ်ပါ" လို့ အော်နေမှာ သေချာတယ်။]

ချင်ရှန့် အနီးနားရှိကောင်တာနားတွင်ပုန်းကာ စိတ်လှုပ်ရှားစွာကြည့်နေသည့် ကျီဖေးအားကြည့်လိုက်သည်။ ထို့နောက် သူ ဝန်ဆောင်မှုပေးရန် ရောက်ရှိလာသည့် အရောင်းဝန်ထမ်းအား ကသိကအောက်ဖြစ်နေသည့် အပြုံးဖြင့်ကြည့်လိုက်သည်။

ချင်ရှန့် အရောင်းဝန်ထမ်းအမျိုးသမီးအား ခေတ္တစောင့်ခိုင်းပြီး သူ့ ဇနီးသည်အား ဒရာမာကိုပြီးဆုံးအောင်ခံစားခွင့်ပေးသင့်ကြောင်း အချက်ပြသည့်အနေနှင့် ကူကယ်ရာမဲ့စွာလက်ပြလိုက်သည်။

အရောင်းဝန်ထမ်းသည် သက်ပြင်းတစ်ချက်ချကာထိပ် တိုက်ရင်ဆိုင်မှုအား လျှို့ဝှက်စွာကြည့်ရှုရန် ဘေးတွင် ရပ်လိုက်သည်။ နောက်ဆုံး တရားဝင်ဇနီးနှင့် အငယ်အ နှောင်းကြား မြင်ကွင်းမျိုးသည် သူမတို့ လုပ်ငန်းခွင်တွင် မကြာခဏတွေ့ရလေ့ရှိသည့် အဖြစ်အပျက်တစ်ခုပင်။

ဒါကို သူတွေးနေချိန်မှာပင် အမြင်စူးရှသည့် အရောင်းဝန်ထမ်းသည် သူ့ အနောက်မှတစ်ခုခုကို ထူးထူးခြားခြား ခံစားလိုက်ရသည်။ သူ လှည့်ကြည့်ပြီး ထိပ်လန့်သွားသည်။

သူ့အား အံ့သွသွားစေခဲ့သည့်အရာက အမျိုးသမီးနှစ်ယောက်နှင့် ကလေးတစ်ယောက်သည် ပိုဝေးသည့် ကောင်တာ၏နောက်တွင် ဝပ်နေကာ မြင်ကွင်းကိုကြည့်နေကြခြင်းပင်။ သူ့အနေဖြင့် သူတို့၏မြင်ကွင်းအား ပိတ်ဆို့မိထားသကဲ့သို့ သူ့အားဖယ်ရှားရန်အချက်ပြနေကြသည်။

VIP အခန်းထဲသို့ ဝင်နိုင်သူတိုင်းသည် အရေးကြီးပုဂ္ဂိုလ်များဖြစ်သောကြောင့် အရောင်းဝန်ထမ်းသည်ညွှန်ကြား ချက်များကိုနာခံပြီး သူတို့၏မြင်ကွင်းရှေ့မှဖယ်ရှားပေးခဲ့သည်။

ချင်ရှန်း တစ်စုံတစ်ခုကိုသတိပြုမိပြီး နောက်သို့လှည့်ကြည့်လိုက်ရာ ချက်ချင်းပင်ချွေးဇောပြန်သွားရသည်။ သူ့မားနှင့် ကျဲသည် သူ့အားနှုတ်ပိတ်သည့်အမူအရာမျိုး လုပ်ပြနေပြီး ရှောင်ရှီခဗျာ ဘာတွေဖြစ်နေမှန်းသိပုံမရဘဲ စိတ်ရှုပ်နေပုံရသည်။

မားမားချင်နှင့် ချင်ရန်တို့သည် စုံတွဲနှစ်ဦး၏နှစ်ယောက်တည်းရှိနေချိန် အပြန်အလှန်ဆက်ဆံပုံအားသိချင်ခဲ့ကြသော်လည်း သူတို့ဝင်လာသည်နှင့်တပြိုင်နက် အရည် ရွှမ်းသော အတင်းအဖျင်းများအားကြားလိုက်ရသည်။ထိုထဲမှ အမျိုးသမီးတစ်ဦးသည် ချင်ရန်သိသည့် သူ ဖြစ်သောကြောင့်၊ ဒရာမာအားကြည့်ရှုရန် မည်သို့မျှလက် လွှတ်နိုင်မည်နည်း။

ထိုအချိန်ထိ ငြင်းခုန်မှုများဆက်လက်ဖြစ်ပွားနေသည်။

ကျီဖေး သူကြားသမျှထဲမှ အချို့အားကောက်ချက်ချနိုင်ခဲ့သည်။

[ကြည့်ရတာ၊ ဝမ်ကျားနီရဲ့အွန်လိုင်းပေါ်က လှပတဲ့ပုံရိပ်တွေ၊ ကြင်နာတတ်တာ၊ ဉာဏ်ရည်ဉာဏ်သွေးကောင်းတာ ပြီးတော့ ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်တာတွေက လုပ်ယူထားတဲ့ပုံရိပ်သပ်သပ်ပဲထင်တယ်။ သူ့ရှေ့က တရားဝင်ဇနီးကိုတောင် ရန်စရဲတဲ့သတ္တိရှိတယ်ဆိုတော့ မခေဘူးပဲ၊ ကြည့်ရတာ ဝမ်ကျားနီနှင့် ရှန်းဝမ်ယွဲ့တို့ကြား တကယ်တစ်ခုခုရှိနေပုံပဲ။ ဒီနေ့ သူ့ကို လူကိုယ်တိုင်တွေ့ လိုက်ရတယ်ဆိုတော့ ငါ စစ်ကြည့်လို့ရတယ်။]

ချင်မိသားစုသည် ချက်ချင်းပင် နားရွက်ကိုယမ်းလိုက်ကြသည်။

[အာ၊ သိပြီ၊ ဒါက အချစ်ဟောင်းရဲ့အချစ်သစ်နဲ့မယှဉ်နိုင်တဲ့ ပုံပြင်တွေထဲက တစ်ခုပါလား ? ရှန်းဝမ်ယွဲ့ကကုမ္ပဏီကိုရောက်လာတဲ့ လုပ်ဖော်ကိုင်ဖက် ဂျုနီယာတစ်ဦးနဲ့တွေ့ ပြီး သူတို့နှစ်အတော်ကြာချစ်ကြိုက်ခဲ့ပြီး သုံးနှစ်ကြာမှာလက်ထပ်ခဲ့တယ်။]

[အစက သူတို့နှစ်ယောက် ဒရာမာတစ်ခုမှာ စုံတွဲတစ်တွဲအဖြစ်တွဲဖက်သရုပ်ဆောင်ခဲ့ကြပေမယ့် သူတို့သရုပ် ဆောင်ပြီးတဲ့အချိန်မှာ ခံစားချက်တွေပေါက်ဖွားလာတယ်။ မိသားစုနှစ်စုရဲ့အကြီးအကဲတွေက ဝမ်ကျားနီအပေါ် ရှန်းဝမ်ယွဲ့ရဲ့အထူးအလေးပေး ဆက်ဆံပုံတွေကို သတိပြုမိခဲ့ကြတယ်။ မိသားစုနှစ်စုသဟဇာတဖြစ်မှုကို ထိန်းသိမ်းဖို့အတွက် သူတို့ အပြည့်အဝ မကြိုက်သွားခင်မှာပဲ နှစ်ယောက်ကြားကခံစားချက်တွေကိုဖြတ်တောက် ပစ်လိုက်တယ်။ ပြီးတော့ ဝမ်ကျားနီကို နိုင်ငံတကာဖျော် ဖြေရေးနယ်ပယ်ဘက်လုပ်ငန်းချဲ့ထွင်ဖို့ဆိုတဲ့ အကြောင်း ပြချက်နဲ့ပြည်ပကိုစေလွှတ်ဖို့ ဆုံးဖြတ်ချက်ချခဲ့ကြတယ်]

[ဝမ်ကျားနီရဲ့ဘဝက တခဏရပ်တန့်သွားတယ်၊ သူ့ဘဝ လမ်းကြောင်းနဲ့ ခံစားချက်ကြားရွေးချယ်မှုနဲ့ ရင်ဆိုင်ရတော့ သူ အသက်မွေးဝမ်းကျောင်းကို ရွေးချယ်လိုက်တယ်။ ဒါပေမဲ့ သူ့ပြည်ပအလုပ်အကိုင်က ထင်သလို မအောင်မြင်ခဲ့ဘူး။ အဲ့အစား၊ သူ နိုင်ငံခြားသားဒါရိုက် တာတစ်ဦးနဲ့လက်ထပ်ခဲ့ပြီးနောက် အဲ့လူက လူယုတ်မာ တစ်ယောက်ဆိုတာကို သိသွားတာနဲ့ အဆုံးသတ်သွားတယ်။ လေးနှစ်လောက် အကြမ်းဖက်နှိပ်စက်ခံရတယ်၊ ပြင်းပြင်းထန်ထန် ကိုယ်ဝန်ပျက်ကျတယ် နောက်ဆုံး ကွာရှင်းပြီး အမိမြေအိမ်ပြန်လာခဲ့တယ်။ အခု သူ ကုမ္ပဏီရဲ့အာဏာကိုထိန်းချုပ်ထားတဲ့ ဩဇာကြီးမားလာတဲ့ ရုပ်ရှင်ဧကရာဇ်ကိုရှာပြီး သူ့ အသက်မွေးဝမ်းကြောင်း ပြန်တည်ဆောက်နိုင်ဖို့အတွက် မျှော်လင့်နေတာ။]

[ဒါတင်မကသေးဘူး၊ ဝမ်ကျားနီက ရွမ်ကျားကြောင့် သူ့ဘဝပျက်စီးခဲ့တာဆိုပြီး အပြစ်တင်နေတယ်။ သူ သာ နှင်ထုတ်မခံရဘဲ သူ့အသက်မွေးဝမ်းကြောင်းကို ကောင်း ကောင်းမွန်မွန်တိုးတက်အောင် လုပ်ခွင့်ရခဲ့မယ်ဆိုရင် ဒီနေ့လို အဆင်မပြေမှုတွေနဲ့ လူသစ်တစ်ယောက်ဖြစ်နေမဲ့အစား ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်လာလိမ့်မယ်လို့ သူက ထင်နေတာ။ အဲ့တာကြာင့် သူက သူ့အသက်မွေးဝမ်းလမ်းကြောင်းကို ပြန်တည်ဆောက်ဖို့တင်မကဘူး သူရသင့်တဲ့လူဆိုပြီး အဲ့လူကိုခိုးဖို့ပြန်လာခဲ့တာကိုး]

[ဝါး၊ ဒီနေ့ခေတ် မယားငယ်တွေက ရူးနေတာလား ? ဒါတွေအားလုံး သူ့ကိုယ်ပိုင်ရွေးချယ်မှုပဲ မဟုတ်ဘူးလား?]

မားမားချင်နှင့် ချင်ရန်တို့သည်လည်း ကျီဖေး၏အတွေးအားကြားကာ ဒေါသထွက်ခဲ့ကြပြီး အထူးသဖြင့်ချင်ရန် ၏အမူအရာမှာ ရွမ်ကျား၏အခြေအနေအား အကောင်းဆုံးသိသည့်အပြင် သူ့ အားကိုယ်ချင်းစာမိသောကြောင့် ဒေါသထွက်ခဲ့သည်။

ထိုအချိန် ကျီဖေးသည် ရွမ်ကျား၏အချက်အလက်အား နောက်ဆုံးမြင်လိုက်ရပြီး ချက်ချင်းအသက်ရှုကြပ်လာသည်။ သူ့ စိတ်ထဲရှိစကားများ ရပ်တန့်သွားကာ လွန်စွာရှုပ်ထွေးသောအမူအရာဖြင့် ရွမ်ကျားအားကြည့်လိုက်သည်။

[ဟင်းးး၊ နှလုံးသားရေးရာကိစ္စတွေက ငါတို့ ထိန်းချုပ်နိုင်တာထက်ကျော်လွန်နေပေမယ့် နှစ်ပေါင်းများစွာချစ်ခဲ့ကြတဲ့ တစ်ယောက်နဲ့တစ်ယောက်ကို နာကျင်အောင် ဘယ် လိုများလုပ်ရက်နိုင်ရတာလဲ ?]

[ ရှန်းဝမ်ယွဲ့ တကယ်ပဲ သူ ဘာတွေတွေးနေတာလဲဆိုတာ ငါ အံ့သြတယ်။ ဝမ်ကျားနီဆီက အချစ်ရေးအရိပ်အ မြွက်တွေကိုတုံ့ပြန်တဲ့ပုံမပေါ် ပေမယ့် အမြဲတမ်းလိုလို သူ့ကိုကာကွယ်ပေးပြီး သူ့အကျိုးစီးပွားတိုးတက်ဖို့အ တွက် အားသွန်ခွန်စိုက်ကူညီနေပြန်တယ်၊ ဒါကြိုးရှည် ရှည်နဲ့လှန်ထားတဲ့ သိမ်ငယ်စရာတစ်ခုပဲ ကျန်တော့တဲ့ ဆက်ဆံရေးကြီးမဟုတ်ဘူးလား? သူဘာကိုစောင့်နေတာလဲ? လှည့်စားဖို့အချိန်ကောင်းကို စောင့်နေတာလား ? ကြည့်ရတာ ဒီ reality show မှာဒရာမာတွေအများကြီး ပါလာမယ်ထင်တယ်။]

မားမားချင်နှင့် ချင်ရန်တို့သည် ဒေါသမထွက်ဘဲမနေနိုင်တော့ချေ။ တကယ်သာတစ်ခုခုဖြစ်သွားခဲ့မည်ဆိုလျှင် ထိုအရာအားဖော်ထုတ်ရန် နည်းလမ်းရှာချင်နေကြသည်။ လှည့်စားတဲ့သူအတွက် ဘာကရုဏာနဲ့မှမထိုက်တန်ဘူး၊ ဒေါသထွက်လိုက်တာ။

ချင်ရှန့်လည်း အနည်းငယ်မျက်မှောင်ကြုတ်သွားသည်။

[Tsk tsk tski တကယ်တော့ နင် ယောက်ျားတွေကို အား ကိုးဖို့ဆိုရင် ဝက်တစ်ကောင်ကို သစ်ပင်ပေါ်တက်ခိုင်းတာလောက်တောင် မျှော်လင့်လို့မရဘူး။ အချစ်ဆိုတာ ယုံ ကြည်လို့မရဘူး။]

ဒါကိုတွေးမိပြီး ကျီဖေး သူ့ဘေးနားမှ ချင်ရှန့်အားတစ်ချက်ကြည့်လိုက်သည်။

ချင်ရှန့်: ?

ကျေးဇူးပြုပြီး မတူညီတဲ့လူကို မတိုက်ခိုက်ပါနဲ့ !

ချင်ရှန့်အမြင်တွင် သင်သည် မြင့်မြတ်သည့်မင်္ဂလာခန်းမထဲသို့ဝင်ပြီးသည်နှင့်တပြိုင်နက် ဖောက်ပြန်ရန်ဆန္ဒမရှိသင့်တော့ပေ။ ထိုအရာသည် ချုပ်တည်းမှု သို့မဟုတ် ကိုယ်ကျင့်တရားမရှိသောအမျိုးသားတစ်ဦး၏လက္ခဏာ တစ်ခုဖြစ်ပြီး ထိုကဲ့သို့သောလူများသည် အသုံးမဝင်သောလူ့အမှိုက်များသာဖြစ်သည်။

အတင်းအဖျင်းများသိရှိနိုင်ရန် ကျီဖေးကို အားကိုးနေချိန်မှာပင် တစ်ဖက်ကငြင်းခုံမှုသည် အထွတ်အထိတ်သို့ ရောက်ရှိသွားသည်။ နောက်ဆုံး အခြေအနေပိုမိုဆိုးရွားလာမည်ကိုစိုးရိမ်သဖြင့် အရောင်းဝန်ထမ်းအမျိုးသမီးသည် စတိုးဆိုင်မူဝါဒကိုအမြန်တင်ပြလာခဲ့သည်

အခြေအနေများရှုပ်ထွေးနေသော်လည်း ဖြေရှင်းချက်ကတော့ရှင်းသည်-ရွမ်ကျားသာ ယခု အဝတ်အစားအား ပေးချေနိုင်လျှင် အိမ်ယူပြန်လို့ရသည်။

ဝမ်ကျားနီ ဆက်ပြီးပြဿနာရှာနေဦးမည်ဟု လူတိုင်း ထင်ခဲ့ကြသော်လည်း အရောင်းစာရေးမပြောသည့် ဈေးနှုန်းအားကြားသည်နှင့် သူမ ချိုသာစွာပြုံးပြီး

"အိုး၊ အရမ်းဈေးကြီးတာပဲ၊ ရွမ်ကျားကျဲ တတ်နိုင်ပါ့မလား ?"

"နင် ငါ့ကို လာနောက်နေတာလား ?"

ရွမ်ကျားသည် နောက်ဆုံးတွင် အသာစီးရသွားပုံရပြီး အောင်ပွဲခံကာ black cardအား အရောင်းဝန်ထမ်းသို့ ပေးလိုက်သည်။ အရောင်းဝန်ထမ်းလည်း သက်ပြင်းချကာ အရောင်းအဝယ်အမြန်လုပ်လိုက်သည်။

သို့သော် ခဏအကြာတွင် အရောင်းဝန်ထမ်း၏မျက်နှာမှာအေးခဲသွားသည်။ သူ ရွမ်ကျားထံမှင်တက်စွာချဉ်း ကပ်ပြီး "မဒမ်၊ ရှင့်ကတ်က ဖြတ်လို့မရဘူး။ ကျွန်မတို့ အကြိမ်ကြိမ်ကြိုးစားပြီးပြီ၊ ကတ်ပိတ်ခံထားရတဲ့ပုံပဲ"

ရွမ်ကျား၏ကျန်းမာရေးမကောင်းသော အသားအရေပေါ်ရှိ ကျန်ရှိနေသည့် သွေးရောင်အနည်းငယ်သည်ပင် ချက်ချင်းဖြူဖျော့သွားသည်။

သူ့ကတ်အား ပိတ်ထားနိုင်သူမှာ ရှန်းဝမ်ယွဲ့သာဖြစ် သည်။

"အို၊ ရွမ်ကျားကျဲ ရှင် ပိုက်ဆံကုန်သွားပြီလား ?"

ဝမ်ကျားနီသည် ဤအခိုက်အတန်အား စောင်ဆိုင်းနေပုံရသည်။ သူ့ မျက်နှာသည် စိတ်လှုပ်ရှားမှုများဖြင့် နီမြန်းကာ လှပပြီးတောက်ပနေသည်။

"ကြည့်ရတာ အချို့အရာတွေက ရှင့်အတွက်မဟုတ်ဘူး ထင်တယ်။"

"တောင်းပန်ပါတယ် မဒမ်၊ ရှင် မပေးချေနိုင်ရင်...”

အရောင်းဝန်ထမ်းက လန့်ဖြန့်စွာပြောလာသည်။

ရွမ်ကျား သူ့မျက်နှာ ပါးရိုက်ခံလိုက်ရသလိုပင်။ သူမ ဟန်ချက်ပျက်လုနီးပါးဖြစ်သွားသော်လည်း တည်ငြိမ်မှုကိုထိန်းသိမ်းနိုင်ခဲ့သည်။ အံကြိတ်ရင်း ကတ်အားလုံးနှင့် ငွေသားများအားထုတ်ယူလိုက်သည်။ ၎င်းတို့အား သုံးလေ့သုံးထမရှိသောကြောင့် သိပ်များများမရှိချေ။ ဝတ်စုံကအတော်ဈေးကြီးပြီး အားလုံးပေါင်းလိုက်ပြီးလျှင်ပင် မတတ်နိုင်သေးပေ။

ကြည့်ရှုသူများ အံ့ဩသွားကြသည်။ နောက်ဆုံးတော့ အခြေအနေမှာပြေလည်သွားပြီဟု ထင်ခဲ့ကြသော်လည်း နောက်ထပ် မမျှော်လင့်ထားသည့် လှည့်ကွက်တစ်ခုရှိနေသေးသည်။

[သေရော! လှည့်ကွက်အကြီးစားကြီး၊ ဒါ ရက်စက်လွန်းတယ်၊ ရှန်းဝမ်ယွဲ့ က ရွမ်ကျားအတွက် သင်ခန်းစာတစ်ခုလို့ပြောပြီး ဝမ်ကျားနီရှေ့မှာတင် ရွမ်ကျားရဲ့ကတ်ကိုပိတ်ခဲ့တာဆိုတော့ သူ သိထားပြီးသားကိုး]

ချင်မိသားစု အံ့သြသွားသည်: ဘယ်လို ? ဒါ ဘယ်လိုဖြစ်သွားတာလဲ ?

[ ငါ အခု အရမ်းဒေါသထွက်တယ်၊ ဒီလိုမြင့်မြတ်ပြီးအေးစက်ပါတယ်ဆိုတဲ့ A List မင်းသားကြီးကို ဒီလောက်တုံးအသွားအောင် ဘာကလုပ်ခဲ့တာလဲကိုပဲ သိချင်တယ်!]

All Chapters