အပိုင်း(၆၃)
Vol. 7 Ch. 63
ဒါပေါ့၊ ကျီဖေး အရူးလိုခုန်ထွက်ပြီး ဟီးရိုးနေရာကစားမည်မဟုတ်ပေ။ သူ့ကိုယ် သူ အရူးလုပ်မိသွားရင်ရှက်စရာဖြစ်နေလိမ့်မည်။ ထို့ကြောင့် ရှေ့မထွက်က်ခင် ကျီဖေး ချင်ရှန့်အား တိုးတိုးတိတ်တိတ်ဖြင့် "ရှင် ဒီကုန်တိုက်ရဲ့သူဌေးလား ?"
ချင်ရှန့် ခေတ္တရပ်လိုက်ပြီး "...အင်း"
"ဒါဆို ကျမ လုပ်ချင်တာ လုပ်လို့ရလား ?"
ချင်ရှန့်: "... အနည်းနဲ့အများပေါ့"
"ဒီအဝတ်အစားကို လုယူချင်ရင် ဘယ်လိုလုပ်ရမလဲ"
ချင်ရှန့် ကျီဖေးလုပ်ရန်ကြံစည်နေပုံနှင့် ပတ်သက်အလွန်ကောင်းမွန်သောအကြံတစ်ခုရှိသည်။ ချက်ချင်းဆိုသလို ဖုန်းထုတ်လိုက်ပြီး အထူးလက်ထောက်ထံမက်ဆေ့ချ်ပို့လိုက်သည်။
တကယ်တော့ ချင်ရှန့်သည် ကျီဖေး မကြာခင်မှာရှေ့မထွက်ပါက သူတို့နောက်က လူနှစ်ယောက်အားကြာကြာ ထိန်းထားနိုင်တော့မည် မဟုတ်ဟုခံစားခဲ့ရသည်။
နောက်ဆုံး သူတို့မိသားစုထံ လူတိုင်ကြင်နာတတ်သည့် နှလုံးသားရှိကြသည်။
ကျီဖေးခုန်ထွက်လာပြီး အော်ဟစ်လိုက်သောအခါ ချင်ရှန့် အနောက်မှသက်ပြင်းချသံကိုပင်ကြားလိုက်ရသည်။
ထိုအချိန် ရှေ့မှလူများအားလုံးသည် ကျီဖေးအားမယုံ ကြည်နိုင်စွာလှည့်ကြည့်လာကြသည်။
ချန်းယောင်ကျင်း မည်သည့်နေရာမှ ရုတ်တရက်ပေါ် ထွက်လာမည်ကို သူတို့ မမျှော်လင့်ခဲ့ကြပေ။
(TN: "ချန်းယောင်ကျင်း = ရုတ်တရက်ပေါ်လာသည်" အစီအစဉ်တစ်ခုကို မထင်မှတ်ပဲ အနှောင့်အယှက်ဖြစ်စေသော သို့မဟုတ် မလိုလားအပ်သော နှောက်ယှက်မည့်သူတစ်ဦးအဖြစ်ပေါ်လာသည်ကို ရည်ညွှန်းသော လူကြိုက်များသည့် ဗန်းစကားအသုံးအနှုန်းတစ်ခုပင်)
ရွမ်ကျားသည် ကျီဖေးအား သံသယဖြင့်ကြည့်ကာ ပထမတော့ သူ့ ကိုသတိမထားမိပေ။ သူ့နောက်ခပ်ဝေးဝေးမှာ သူမ ဆေးရုံ၌တစ်ယောက်တည်းရှိစဉ် မကြာခဏ သူ့အားလာကြည့်ပေးတတ်သော ဆေးရုံဒါရိုက်တာကိုတွေ့လိုက်ရပြီး အစောပိုင်း ညစာစားနေစဉ် သူအားအပြေးလာနုတ်ဆက်သည်ကို သတိရလိုက်မိသည်။
အသိမိတ်ဆွေတွေနှင့် ယခုလိုဝမ်းနည်းစရာကောင်းတဲ့အခြေအနေမှာမြင်ရတာ ရှက်စရာကောင်းသော်လည်း ဒီလူတွေ သူ့ကိုကူညီဖို့ကြိုးစားနေကြတာကို သူ နားလည် သည်။
တစ်ဖက်တွင် ဝမ်ကျားနီသည် ကျီဖေးအားထိတ်လန့်စွာ စိုက်ကြည့်နေပြီး ထိုမိန်းမဘာလုပ်ရန်ကြိုးစားနေသည်ကိုနားမလည်ပေ။ ရွမ်ကျားကို သူ သိလို့လား ? သူ ရွမ်ကျားကို ကူညီပေးနေတာလား ?
"ရွမ်ကျားကျဲ သူက ကျဲသူငယ်ချင်းလား ?" ဝမ်ကျားနီ က စုံစမ်းစစ်ဆေးလိုက်သည်။
ရွမ်ကျား "ငါ သူ့ကိုမသိဘူး"
ကျီဖေးကိုပြန်ကြည့်ရင်း ဝမ်ကျားနီ ပိုလို့တောင်အံ့သြသွားသည်။
သူမ အနားကိုလှမ်းကြည့်လိုက်ရာ ကျီဖေးအားရင်းနှီးနေပုံရသည်ဟု ရုတ်တရက်ခံစားလိုက်ရသည်။ ကံမကောင်းစွာပင် ကျီဖေး၏အွန်လိုင်းဓာတ်ပုံများသည် မော်ဒယ်လ်ရိုက်ချက်များအားလုံးဖြစ်ပြီး သူမ၏အသွင်အပြင်နှင့် သူမ၏နေ့စဉ်သွင်ပြင်အကြား အတော်လေးကွာခြားမှုရှိသည်။
ကျီဖေးသည် ယခုအချိန်မှာ လှပနေသေးသော်လည်း မျက်နှာပြောင်ဖြစ်ပြီးတက်ကြွနေသည်။ သူသည် မော်ဒယ်ဓာတ်ပုံများထက်များစွာ နုပျိုနေပုံရပြီး ထင်ရှားကျော်ကြားသည့် တက္ကသိုလ်ကျောင်းမြက်လေးနှင့် ပိုတူသည်။
သူ့ဘေးကလူရှိလူမှာ ဝမ်ကျားနီအားပိုလို့ပင်အံ့သြသွားရ စေသည်။ စူးရှထက်မြက်သော မျက်ခုံးများနှင့်တောက်ပ သောမျက်လုံးများဖြင့် တည်ကြည်ခံ့ညားမှုကိုပိုင်ဆိုင်ထားသည်။ သူ၏အနက်ရောင်မျက်လုံးများသည် အ ကောင်းမွန်ဆုံးသောမှင်ကျောက်စိမ်းကဲ့သို့ အေးစက်သောအလင်းရောင်ဖြင့်တောက်ပနေပြီး မိုင်တစ်ထောင်အကွာအဝေးမှလူများကို ဝေးကွာစေသောမြင့်မြတ်သည့် အငွေ့ အသက်ကိုပေးစွမ်းနေသည်။
လှပသောလူများသည် သာမန်ဖြစ်သော်လည်း ဝမ်ကျားနီသည် ထိုကဲ့သို့ပြောင်မြောက်သော အသွင်အပြင်ရှိသောအမျိုးသားတစ်ဦးကိုမှ မတွေ့ခဲ့ဖူးပေ။ အကောင်းဆုံးဇာတ်ဆောင်ဆုရဖြစ်သည့် သူ့ စီနီယာပင် ထိုလူ့ဘေးမှာရပ်နေလိုက်ပါက ဖြူဖပ်ဖြူရော်ဖြစ်သွားနိုင်သည်။
ဝမ်ကျားနီသည် ၎င်းတို့နှစ်ဦး၏၀တ်စားဆင်ယင်မှုနှင့် အကျင့်စရိုက်အရ ကြွယ်ဝချမ်းသာသူ သို့ အထက်တန်းလွှာမှသူဖြစ်ကြောင်းပြောနိုင်လောက်အောင် သတိထားကြည့်နေခဲ့သည်။
သို့သော်ငြား သူ့ဝတ်စုံကို လုယူရန်အကြောင်းမရှိပေ။
"ကျဲကျဲ ညီမ ဒီဝတ်စုံကိုယူထားပြီးပြီ"
"မင်း အခုထိ ပိုက်ဆံမပေးရသေးဘူးဆိုတော့ မင်းဟာလို့ ဘယ်ပြောလို့ရမလဲ ? ဒီဝတ်စုံ ငါ့အတွက် ပိုအဆင်ပြေမယ်ထင်တယ်" ကျီဖေး ပြုံးကာပြောလိုက်သည်။
ဝမ်ကျားနီ မျက်နှာတင်းမာသွားသည်။ ကျီဖေးပြောသည့်စကားသည် အစောပိုင်း ရွမ်ကျားကို သူပြောခဲ့သည့်စကားနှင့်အလွန်ဆင်တူသည်ဟု ခံစားမိသည်။
"ကျမ ကြိုယူထားပြီးပြီ၊ အခု ပေးချေတော့မလို့လေ၊ မစ် ရှင် ခြေတစ်လှမ်းနောက်ကျသွားပြီ"
ကျီဖေး၏တုံ့ပြန်မှုကိုမစောင့်ဘဲ အရောင်းလက်ထောက်ထံလှည့်ကာ "ကျမ လက်မှတ်ထိုးလိုက်ပါ့မယ်။ ကျေးဇူး ပြုပြီး ဒါကိုထုပ်ပေးပါ"
သို့သော် အရောင်းလက်ထောက် သဘောမတူမီတွင် စတိုးဆိုင်ရှိ အရောင်းဝန်ထမ်းများအားလုံးသည် ၎င်းတို့ ၏နားကြပ်များမှတစ်ဆင့် အော်ဒါတစ်ခုလက်ခံရရှိခဲ့သည်။
အမှာစာလုပ်ဆောင်တော့မယ့် အရောင်းလက်ထောက်သည် သူမရဲ့အမူအယာကို ရုတ်တရက်ပြောင်းလိုက်ပြီး ဝမ်ကျားနီ၏ကတ်ကို ချက်ချင်းပြန်ပေးလာသည်။
ဝမ်ကျားနီမျက်နှာသည် ချက်ချင်းပြောင်းလဲသွားသည်။
"ဒါ ဘာကိုဆိုလိုတာလဲ ?"
"တောင်းပန်ပါတယ် မစ်၊ ဒါပေမယ့် ကျွန်မတို့ရဲ့ ဆိုင်မန်နေဂျာက ဒီဝတ်စုံကို အများသူငှာမရောင်းရဘူးလို့ ညွှန်ကြားထားပါတယ်။ တောင်းပန်ချင်တဲ့အတွက် တခြားပစ္စည်းယူမယ်ဆို Dis 1% လျှော့စျေးပေးနိုင်ပါ တယ်" ဟု အရောင်းလက်ထောက်ကပြု့းပြီး ပြောလာသည်။
"မင်း ငါ့ကို မရောင်းဘူးဆိုတော့ ? မင်း သူ့ကိုရောင်းမလို့လား ?" ဝမ်ကျားနီ ကျီဖေးအား မယုံကြည်နိုင်စွာကြည့်ကာ လက်ညိုးထိုးပြလာသည်။
အရောင်းလက်ထောက်သည် မည်သို့တုံ့ပြန်ရမည်မသိ ရုန်းကန်နေရသဖြင့် ကျီဖေး ရှေ့သို့တိုးကာ ချင်ရှန့်ပေး ထားသော အဖွဲ့ဝင်ကတ်ကိုပြလိုက်သည်။
အရောင်းလက်ထောက်၏မျက်လုံးများ တောက်ပလာကာ ထိုအဆင့်မြင့်အဖွဲ့ဝင်ကတ်ကိုပထမဆုံးအကြိမ် တွေ့လိုက်ရခြင်းပင်။
"မစ် ဒီဝတ်စုံကိုကြိုက်ပါသလား ?"
ကျီဖေး ခေါင်းညိတ်လိုက်သည်။
အရောင်းလက်ထောက်က "ကိစ္စမရှိပါဘူး၊ စမ်းဝတ်ကြည့်ချင်လား ?"
"ဟေး၊ ခဏလေး ဒီမှာ ဘာတွေဖြစ်နေတာလဲ..."
ဝမ်ကျားနီက ဒေါသထွက်သွားသည်။
အရောင်းလက်ထောက်က "ဒါ ကျမတို့စတိုးရဲ့အဆင့်အမြင့်ဆုံးအဖွဲ့ဝင်ကတ်ပါ၊ စိတ်မကောင်းပါဘူး မစ်ဝမ်၊ မစ္စတာရှန်းရဲ့အဓိကကတ် ဒီမှာရှိနေရင် အများသူငှာရောင်းလို့မရတဲ့ပစ္စည်းတွေကို မရောင်းနိုင်ဘူး၊ အပိုကတ်တစ်ခုဆို ပြောမနေပါနဲ့တော့ မလုံလောက်ပါဘူး။"
ဒီစကားများသည် ဝမ်ကျားနီ၏မျက်နှာကို နီရဲသွားစေ သည်။
ဒါတွေအားလုံး စည်းမျဉ်းစည်းကမ်းတွေအရမို့ ဝမ်ကျားနီလာရှုပ်နေတာ အထောက်အကူဖြစ်မည်မဟုတ်မှန်းသိသည်။ သြဇာပိုရှိသူက သူမအားလွှမ်းမိုးထားသည်ဟုသာပြောနိုင်သည်။ အဆုံးတွင် သူ မထွက်ခွာမီ ကျီဖေးအား မလိုလားသောအကြည့်တစ်ချက်ဖြင့် လှမ်းကြည့် ရုံသာတတ်နိုင်သည်။ ပြီးနောက် သူ ရွမ်ကျားအားမပျော်မရွှင်ဖြစ်အောင်လုပ်ခြင်းမှာ အောင်မြင်ပြီဟုဆိုရမည်။
နောက်ဆုံး ရွမ်ကျားသည် ချင်ရန်အားကျေးဇူးတင်ကြောင်းပြောလိုသော်လည်း သူမ မော့ကြည့်လိုက်သော အခါ ချင်ရန်ပျောက်ကွယ်သွားခဲ့သည်။ အဆုံးတွင် သူ မသိကျွမ်းသော ကျီဖေးနှင့် ချင်ရှန့်တို့အား ၎င်းတို့၏ ကြင်နာမှုအတွက် ကျေးဇူးတင်ကြောင်း အမူအရာဖြင့်ခေါင်းညိတ်ပြရုံသာတတ်နိုင်ခဲ့သည်။
ရွမ်ကျားထွက်သွားပြီးနောက် ကျီဖေးသည် အဝတ်အစားကိုစမ်းဝတ်ကြည့်တော့မည်။
ချင်ရှန့်က "ဒါကို မင်း တကယ်လိုချင်တာလား ? မင်းကြိုက်လို့လား ?"
ကျီဖေး တခြားသူများ စိတ်အနှောင့်အယှက်ဖြစ်အောင် ကူညီနေတာဟု ချင်ရှန့်ထင်သည်။ ကျီဖေး၏လက်ရှိအကြိုက်ကိုအခြေခံပြီး သူမ ယခုလိုအဝတ်အစားမျိုးနှစ်သက်မည်မဟုတ်ပေ။ ကြိုးတွေအများကြီးဖြစ်ရာ ဝတ်ရတာအဆင်မပြေချေ။
"ကျမ ကြိုက်တယ်"
ကျီဖေး၏အကြိုက် တစ်ဖန်ပြောင်းလဲသွားတဲ့အတွက် ချင်ရှန့် အံ့သြသွားသည်။
[ဝမ်ကျားနီဟာ ဒီဝတ်စုံကိုရှိုးမှာဝတ်ထားတာကိုမြင်ရင် ဖြစ်သွားမယ့် ဝမ်ကျားနီရဲ့မျက်နှာက အရမ်းသဘောကျဖို့ကောင်းမှာပဲ၊ ဟီး!]
ချင်ရှန့်:...ဆိုတော့ "ဒီလို" ကြိုက်တာကိုး။
ထိုအချိန် ရွမ်ကျားသည် ကြောင်တက်တက်ဖြင့် စတိုးဆိုင်မှထွက်သွားသည်။ တံခါးကထွက်လာသည်နှင့် သူ့ဖုန်းကမြည်လာသည်။
ဖုန်းခေါ်ဆိုသူ ID ကိုတွေ့သောအခါ ရွမ်ကျား၏မျက်နှာမှာအေးခဲသွားသည်။ သူမ ဖုန်းကိုဖြေလိုက်သည်နှင့် အေးစက်သော အသံတစ်ခုထွက်ပေါ်လာသည်။
"ကျားနီကို ရိုက်ခဲ့တာလား ?"
"ဟမ်... သူ ချက်ချင်း လှမ်းတိုင်နေပြီလား ? ရှန်းဝမ်ယွဲ့ ဒီကိစ္စကြောင့်သာမဟုတ်ရင် ရှင် ကျမဆီဖုန်းဆက်မှာ မဟုတ်မလို ရှင့်ဆီဆက်ရင်လည်း ဖုန်းမဝင်နိုင်တော့ဘူး မဟုတ်လား"
"ရွမ်ကျား၊ မင်း လုပ်ရပ်တွေကို မဆင်ခြင်သေးဘူးထင် သည်"
"ဘာကို ပြန်စဉ်းစားရမှာလဲ၊ ကျမ မလုပ်ခဲ့တာကိုပြန်စဉ်းစားစရာလား ? ရှင် ဘာလို့ ကျမကို ရွှံ့နဲ့ပေါက်နေရတာလဲ သေချာလညပြန် စဉ်းစားကြည့်ဦး။ တခြားမိန်းမတစ်ယောက်ရဲ့တစ်ဖက်သတ်စကားပေါ်အခြေခံပြီး ကတ်ကိုဘာကြောင့်ရပ်လိုက်လဲဆိုတာကို ပြန်စဉ်းစားကြည့်ရမှာလား ? ဟား၊ ကျမ စဉ်းစားကြည့်တာတော့- ခင်ပွန်းအသစ်ပြောင်းသင့်တယ်ထင်တာပဲ"
"ရွမ်ကျား၊ မင်း တကယ်ပြောင်းလဲသွားပြီ။ မင်းကို ငါ မှတ်တောင် မမှတ်မိတော့ဘူး။ မင်း ငါ့ကို တကယ်မယုံဘူးလား ? သူနဲ့ ငါက အပြစ်ကင်းတယ်။ ငါတို့ သူ့အပေါ် အများလုပ်ခဲ့တာတွေများနေပြီ၊ ငါ မင်းရဲ့အပြူအမူတွေအတွက်ကို သူ့ကိုပြန်တောင်းပန်စေချင်တယ်။ မင်း သူ့ကို ပစ်မှတ်မထားဘဲနေလို့ရမလား ? မင်း အခုလိုဆက်လုပ်နေမယ်ဆိုရင် ငါတို့ ကွာရှင်းရလိမ့်မယ်..."
“ကွာရှင်းခြင်း” ဟူသော စကားလုံးသည် ရွမ်ကျား၏ တစ်ကိုယ်လုံးတောင့်တင်းသွားစေသည်။
"အခုချက်ချင်း ကျားနီကိုတောင်းပန်လိုက်!"
ရွမ်ကျား အံ့သြလွန်းလို့ သူမ မျက်နှာဖြူဖျော့သွားသည် ။အချိန်အတော်ကြာခေတ္တရပ်ပြီးနောက် သူမ နောက်ဆုံး
"ဘာဖြစ်တာလဲလို့တောင် ရှင် မမေးဘူး"
"ဘာပဲဖြစ်ဖြစ် မင်းလူတစ်ယောက်ကို ရိုက်ဖို့အကြောင်း ပြချက်မရှိဘူး!"
" ရှန်းဝမ်ယွဲ့ ကျမလည်း ရှင့်ကို မမှတ်မိတော့ဘူး၊ ရှင့် ဘက်ကထုတ်ပြောလာမှတော့ ကွာရှင်းလိုက်ကြရ အောင်။" ရွမ်ကျား၏အသံသည် လုံးလုံးမောပန်းနေသကဲ့သို့နူးညံ့နေသည်။
ဒီတစ်ခါ တစ်ဖက်ကခဏရပ်သွားကာ "ငါ တကယ်ပြောတာ၊ မင်းကို နောက်နေတာမဟုတ်ဘူး"
"ကျမလည်း အတည်ပြောနေတာပဲ"
တစ်ဖက်မှအသက်ပြင်းပြင်းရှူပြီး အလွန်စိတ်မရှည်ပုံရသည်။
"မင်း ဘယ်လောက်ထိကြာကြာ သရုပ်ဆောင်နေမှာလဲ။ ရွမ်းကျား… ငါ မင်းအပေါ်ထားတဲ့ အချစ်တွေကိုတဖြည်း ဖြည်းစိတ်ကုန်အောင်လုပ်နေသလိုပဲ၊ ထားလိုက်တော့… မင်းလုပ်ထားတဲ့အမှားတွေကို မင်းအစာ ငါဘဲပြန်ဖြည့် ဆည်းဖို့ဖြစ်လာရပြန်တယ်။ မင်းကိုယ်မင်း သေချာပြန်စဉ်းစား၊ ကျားနီကို သူ့နေရာသူ ပြန်ပို့ပြီးရင်၊ ငါတို့နှစ်ယောက် စကားကောင်းကောင်းပြောကြမယ်။"
ရွမ်ကျား နောက်ထပ် တစ်ခုခုပြောချင်ပေမယ့် တစ်ဖက်လူက သူ့အားရှင်းပြဖို့အခွင့်မပေးဘဲ ဖုန်းချသွားသည်။
ရွမ်ကျား သူမ၏ရင်ဘတ်ထဲ သွေးစိုင်များခဲနေသကဲ့သို့ ခံစားလိုက်ရသည်။ ရုတ်တရက် သူမ အမြင်အာရုံတွေ မှောင်မိုက်လာပြီး နောက်ပြန်ဆုတ်သွားတော့သည်။ ဒါပေမယ့် သူမ လဲကျမသွားခဲ့ပေ၊ လူနှစ်ယောက်က သူ့ကို ဖမ်းလိုက်ကြသည်။
ချင်ရန် ရှက်ရွံ့စွာပြုံးနေတာကိုတွေ့တော့ သူ ခေါင်းကို လှည့်လိုက်သည်။
ချင်ရန်နှင့် မားချင်သည် စတိုးဆိုင်အပြင်ဘက်ထောင့်တစ်ခုတွင်ရပ်ကာ အထဲကလူနှစ်ယောက်နောက်သို့ဆက်လိုက်ရမလား သို့မဟုတ် သူတို့ဘာသာသူတို့ဈေးဝယ်ထွက်ကြမလား အချေအတင်ဖြစ်ခဲ့ကြသည်။ ရွမ်ကျားထွက်လာပြီး အနီးနားရှိတွင် ဖုန်းခေါ်ဆိုမှုကိုအဆုံးသတ်လိုက်သည်။ ထိုနေရာသည် အလွန်တိတ်ဆိတ်နေပြီး စကားစမြည်အား ရှင်းရှင်းလင်းလင်းကြားနေရသည်။ တကယ်တော့ နှစ်ယောက်စလုံးဒေါသထွက်နေခဲ့သည်။
ရွမ်ကျား၏ကြောက်စရာကောင်းသော အမူအရာကိုမြင်လိုက်ရသဖြင့် ချင်ရန် ဘာပြန်ပြောရမှန်းမသိပေ။
"လာ၊ ဆေးခန်းသွားရအောင်"
ညရောက်သည်နှင့် အိမ်ပြန်ချိန်ရောက်သောအခါ၊ ကျီဖေးနှင့် ချင်ရှန့်သည် မားမားချင်နှင့် ရှီအာကိုသာခေါ်ခဲ့ကြသည်။ ချင်ရန် ရွမ်ကျားအားဆေးရုံသို့ခေါ်သွားကြောင်း သူတို့သိလိုက်ရသည်။ မားမားချင်သည် သူတို့ကြားခဲ့ရသည့် ဖုန်းခေါ်ဆိုမှုအကြောင်း ကျီဖေးအားအမြန်ပြောပြခဲ့သည်။
ကျီဖေး မယုံနိုင်စွာမျက်လုံးပြူးသွားသည်။
[သူ့ဇနီးရဲ့မတရားမှုနဲ့ပတ်သက်ပြီး စကားလုံးတစ်လုံးမှ မကြားချင်ဘူးပဲ။ လျှို့ဝျက်ချစ်သူအတွက်နဲ့ သူ့ဒုက္ခ သူရှာနေတာပါလား ? ဒီလိုလုပ်နေပြိးတော့များ သူ့မိန်းမကိုပဲချစ်ပြီး လျှို့ဝျက်ချစ်သူနဲ့ သူက အပြစ်ကင်းတယ်ဆိုပြီး ဘယ်လိုလုပ်ပြောထွက်နိုင်သေးတာလဲ။ မေ့လိုက်တော့၊ သူ့ကို မြေမြုပ်လိုက်ကြတာပေါ့။]