← Chapters

အပိုင်း(၆၅)

Vol. 7 Ch. 65

အပိုင်း(၆၅)

Vol. 7 Ch. 65

ရှန်းဝမ်ယွဲ့နှင့် ဝမ်ကျားနီတို့သည် နောက်ဆုံးမှရောက်ရှိလာခဲ့ကြသည်။ သူတို့ဝင်လာချိန်မှာတော့ လူတိုင်း သူတို့အား နွေးထွေးစွာနှုတ်ဆက်ပြီး သူတို့လုပ်လက်စအလုပ်ဆက်လုပ်ဖို့ သူတို့ရဲ့မူလနေရာတွေဆီ မပြန်ခင် သူတို့ကိုယ်သူတို့မိတ်ဆက်ခဲ့ကြသည်။ ဒါရိုက်တာနဲ့ ထုတ်လုပ် သူသည် ရှန်းဝမ်ယွဲ့နဲ့ ဝမ်ကျားနီတို့ကို အတိုချုံးပြောပြဖို့ ချဉ်းကပ်ခဲ့သည်။

တစ်ချိန်တည်းမှာပင်၊ အခြားသူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်နေရာလေးများတွင် သူတို့စုံတွဲ၏မရှင်းလင်းသောဆက်ဆံရေးအကြောင်း တိတ်တဆိတ် အတင်းအ ဖျင်းမပြောဘဲမနေနိုင်ကြပေ။ ရံဖန်ရံခါအပြုံးများဖလှယ်နေကြသော သူတို့နှစ်ဦးအား ရံဖန်ရံခါဖမ်းမိကြသောအခါ ထိုသတင်းမှာအစစ်ဖြစ်ရမည်ဟု ခံစားကြရသည်။

အရင်တုန်းက တနိုင်ငံလုံးအတိုင်းအတာနဲ့ CP Fan Ship ခဲ့ကြဖူးသော ဝန်ထမ်းအချို့ပင် သူတို့နှစ်ယောက်အတူထိုင်နေသည်ကိုမြင်လိုက်ရသဖြင့် သဘောကျစွာမပြုံးမဘဲမနေနိုင်ပေ။

လေထုသည် လိုက်လျောညီထွေဖြစ်လာသည်နှင့်အမျှ အနီးနားရှိ အဝတ်လဲခန်းတံခါးမှာ ရုတ်တရက်ပွင့်ဟသွာသည်။

အစောပိုင်း အခြားအနုပညာရှင်များနှင့်တွေ့ဆုံသော အခါတွင် ချင်ကျောက်၏အဖွဲ့မှ ရှန်းဝမ်ယွဲ့နှင့် ဝမ်ကျားနီ တို့ကိုနှုတ်ဆက်ခြင်းမရှိခဲ့သည့် ကျီဖေး တစ်ဦးတည်းသာပျောက်ဆုံးနေခဲ့သည်။

အ၀တ်လဲခန်းကနေထွက်လာချိန်ဖြစ်ရာ သူသည် အာရုံစူးစိုက်မျုအလည်ရောက်ရှိနေခဲ့သည်။

သူမ၏လှပသောအပြာရောင်ရေသူမ၀တ်စုံဖြင့် ပြိုးပြိုး ပြက်ပြက်ပြက်ပြက်၀င်လာချိန် အကြည့်များအားလုံး သူမထံရောက်သွားခဲ့ကြသည်။

သူမ၏ မိတ်ကပ်နှင့် စတိုင်လ်ကျမှုတို့သည် ပြီးပြည့်စုံခြင်းမရှိသော်လည်း သူမ၏အရပ်အမောင်း၊ လုံးကြီး ပေါက်လှပုံသဏ္ဌန်၊ သဘာဝအတိုင်းမျှတသောအသား အရေ၊ စတုရန်းပုံစံပုခုံးများ၊ ခါးသေးသေးနှင့် ရှည်လျားဖြောင့်စင်းသောခြေထောက်များသည် ရေသူမဝတ်စုံ၏ အလှအား ပြီးပြည့်စုံအောင်ဖော်ပြထားသည်။

လူတိုင်း၏တူညီ‌သောအ‌တွေးတစ်ခုမှာ —မော်ဒယ်လုပ် ငန်းနောက်ခံရှိသူဆိုတဲ့အတိုင်း အံ့ဩစရာပဲ။ သရုပ် ဆောင်မှု အတတ်ပညာမရှိဘဲဖြစ်စေ၊ ပုံရိပ်တစ်ခုကတင် ရုပ်ရှင်ဇာတ်ဝင်ခန်း တစ်ခန်းပါလိုက်သည်နှင့် အားလုံးရဲ့အာရုံကိုဖမ်းဆုပ်နိုင်မည်ပင်။

သရုပ်ဆောင်စွမ်းရည်မရှိသည့်တိုင် သူမ ပါဝင်လာမှု သည် အားရာအားလုံးကိုဖမ်းစားနိုင်မည်ဖြစ်သည်။

ဟုတ်တယ်၊ ဒါ လူအများစုရဲ့ခံစားချက်ပါ။

လူ သုံးယောက်က လွဲရင်ပေါ့။

ပြောရမယ်ဆိုရင် စိတ်လှုပ်ရှားနေတဲ့ ချင်ကျောက်၊ မျက် မှောင်ကြုတ်နေတဲ့ ရှန်းဝမ်ယွဲ့နဲ့ ဝမ်ကျားနီတို့က ထိတ် လန့်တုန်လှုပ်သွားကြသည်။

ဝမ်ကျားနီ မတုံ့ပြန်နိုင်ခင်မှာ အနီးဆုံးလူဖြစ်တဲ့ ရှန်းဝမ်ယွဲ့က မျက်ခုံးပင့်ပြီး တိုက်ရိုက်စကားပြောလာခဲ့သည်။

"ဒီအဝတ်အစားက ကျားနီအတွက်ပြင်ဆင်ထားတာမဟုတ်ဖူးလား ? မစ် တခြားတစ်ယောက်ယောက်ရဲ့အဝတ်အစားကို မှားဝတ်မိတာလား ?"

ဆိုက်ရောက်စဥ်အချိန်အတွင်း လက်ထောက်များကို ကိုင်တွယ်ရန်အတွက် လူတိုင်း၏ဝတ်စုံများကိုအ၀တ်လဲခန်းသို့တိုက်ရိုက်ပေးပို့ထားပြီး အချိန်တန်လျှင် အလှည့် ကျအဝတ်အစားဝင်လဲသွားကြမည်ဖြစ်သည်။ ထို့ ကြောင့် အဝတ်အစားအားလုံးတစ်ခန်းတည်းတွင် ထားရှိထားသည်။

ဒီဝတ်စုံကို သူအရင်ကမြင်ဖူးသည်။ ဝမ်ကျားနီ ဝယ်ခဲ့တာလေ တခြားတစ်ယောက်က ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ?

တစ်ယောက်ယောက်က တမင်လုပ်ထားတယ်ဆိုရင်ပေါ့

ရှန်းဝမ်ယွဲ့မျက်နှာ မည်းမှောင်သွားသည်။ လူသစ်တစ်ဦးသည် Qin Corporation နှင့် အဆက်အသွယ်ရှိလျှင်ပင် ၎င်းတို့သည် ထိုအလေးချိန်ကိုမနိုင်ပါက သူ့ အကာအ ကွယ်အောက်ရှိ တစ်စုံတစ်ယောက်အား အနိုင်ကျင့်ရန် မဖြစ်နိုင်ပေ။

ပုံမှန်အားဖြင့်ရှန်းဝမ်ယွဲ့သည် တိုက်ရိုက်မပြောတတ်သော်လည်း ဝမ်ကျားနီသည် သူ့ရှေ့ သားကောင်အဖြစ်အကြိမ်များစွာကစားခဲ့ပြီး အလွန်အကဲဆတ်သွားခဲ့သည်။ သူ့အကာအကွယ်ပေးမှုအောက်တွင် ဝမ်ကျားနီသ ဒုက္ခရောက်မည်ကိုစိုးရိမ်နေမိသည်။

ဒီ့အတွက် သူ့ ဝမ်ကျားနီအပေါ် ပိုလို့ပင်အပြစ်ရှိသလို ခံစားလာရပြီး သူမ ယခင်ကနှင်ထုတ်ခြင်းမခံခဲ့ရလျှင် အခုအချိန်နယ်ပယ်ထဲ ဂုဏ်သိက္ခာရှိသည့်နေရာတစ်ခုရယူနေမည်ဖြစ်ပြီး ဘယ်သူက သူ့အား အနိုင်ကျင့်ဝံ့မည်နည်း ?

သို့သော် ရှန်းဝမ်ယွဲ့ စကားပြီးသောအခါတွင်၊ သူတို့အဖွဲ့မှဝန်ထမ်းများအားလုံး အံ့ဩသွားကာ မန်နေဂျာပင် သူ့အား စိတ်ရှုပ်ထွေးစွာကြည့်နေလေသည်။

တခြားသူတွေများ ပိုလို့ပင်အံ့သြသွားကြသည်။ လူတိုင်းမှာအဆင့်အတန်းနဲ့ သူတို့ရဲ့ကိုယ်ပိုင်စိတ်ထားတွေရှိတာကြောင့် ရှိုးရိုက်ကူးစဉ်မှာ ပဋိပက္ခဖြစ်မည်ဟုမျှော်လင့်ထားကြသည်။

သို့သော် ၎င်းတို့သည် A-list သရုပ်ဆောင်တစ်ယောက်နှင့် လူသစ်တစ်ယောက်ကြား ပထမဆုံးထိပ်တိုက်တွေ့ ဆုံလိမ့်မည်ဟု ဘယ်တုန်းကမှမထင်ခဲ့ကြချေ။

ဒါ့ပြင် ဒီဝတ်စုံကကျီဖေးကိုယ်တိုင် ယူလာခဲ့တာမဟုတ်လား ? သူ နေ့တစ်ဝက်လောက်ပြနေခဲ့တာလေ၊ ဝမ်ကျားနီဟာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ?

ကောင်းဟောင်က "အမ်၊ မစ္စတာရှန်း၊ နားလည်မှုလွဲတာ ရှိမယ်ထင်တယ်။ ဒါ ကျွန်တော်တို့အနုပညာရှင်ကိုယ် တိုင် ဝယ်ထားတဲ့၀တ်စုံပါ။ သူနဲ့ မစ္စဝမ်က ဒီဇိုင်းတူတဲ့ဝတ်စုံကို မတော်တဆရွေးမိသွားတာဖြစ်နေမလား ?

ထိုအချိန်မှပင် ဝမ်ကျားနီသည် သူမ ထိုနေ့တွင်ကြုံတွေ့ခဲ့ရသောလူသည် ၎င်းတို့နှင့်အတူ ရှိုးရိုက်ကူးမည့် တတ်သစ်စကျီဖေးဖြစ်သည်ဟူသော တိုက်ဆိုင်မှုထဲမှ ထိတ် လန့်စွာရုန်းထွက်နိုင်ခဲ့သည်။

အဖြစ်အပျက်ကိုပြန်သတိရသွားပြီး ဝမ်ကျားနီမျက်နှာပြောင်းလဲသွားသည်။

သူမ ဆုံးရှုံးသွားသလိုခံစားနေရချိန်မှာ ကျီဖေးသည် သူမအား မယုံကြည်နိုင်ဟည့် အမူအရာဖြင့် ရုတ်တရက် ညွှန်ပြနေလာတာကိုတွေ့လိုက်ရပြီး "အဲ့ဒါ နင်ကိုး!"

တစ်ခုခုကို ရုတ်တရက် ရိပ်မိသွားသလိုပင်။

"နင်က ဝမ်ကျားနီ!"

သူ့ မျက်နှာထက်ချက်ချင်းဆိုသလို- အိုး၊ ရှက်ဖို့ကောင်း လိုက်တာ၊ ပတ်သက်နေတဲ့လူဆီကိုမှ ပြေးဝင်မိတာပဲ။

လေထုသည် ချက်ချင်းပင်အဆင်မပြေဖြစ်လာသည်။

လူတိုင်း သူတို့ကြား အပြန်ပြန်အလှန်လှန်ကြည့်နေကြသည်။ ဘာတွေ ဖြစ်နေတာလဲ ? နှစ်ယောက်ကြား ကွဲလွဲမှုအချို့ရှိပုံရပြီး A-list သရုပ်ဆောင်က အ၀တ်အစားကို ဘာလို့ လာပြောနေတာလဲ ?

ခဏလေး...

တစ်ခုခုတော့ မူမမှန်တဲ့ပုံပဲ။

ဤအခိုက်တွင် ဝမ်ကျားနီသည် ကျီဖေးဟည် ထိုနေရာတွင် သူ့အား ထိတ်လန့်စွာရပ်ကြည့်နေသည်ကို သတိပြုမိပြီး ချက်ချင်းဆိုသလို ယုံကြည်မှုတိုးလာသည်။

ကျီဖေး သူ့ကိုသတိမပြုမိတဲ့အတွက် အဲဒီနေ့ကအခြေ အနေအတိအကျကို သူ မသိနိုင်ဖြစ်နိုင်သည်။ သူမ၏ လက်ရှိအဆင်မပြေမှုသည် တစ်စုံတစ်ဦးကိုစော်ကားမိ သည်ဟု ခံစားရခြင်းကြောင့်ဖြစ်နိုင်သည်။

"တောင်းပန်ပါတယ် နားလည်မှုလွဲသွားတာပါ၊ အရင်က ဒီဝတ်စုံကို စီနီယာ့ဆီဓာတ်ပုံတစ်ပုံပို့လိုက်မိတယ်။ အဲ့ဒီတုန်းက ပိုက်ဆံရှင်းတော့မှာ... မစ္စကျီနဲ့ ဆိုင်မယ်ထင်တယ်၊ ဆိုင်ဘက်က အော်ဒါကိုဖျက်လိုက်တာနဲ့ မဝယ်ဖြစ်လိုက်ဘူး"

ဝမ်ကျားနီသည် အတင်းအကြပ်အနိုင်ကျင့်ခံခဲ့ရသကဲ့သို့ ဖိအားပေးကာပြုံးပြနေခဲ့သည်။

[Pfft... ငါ မနဲ စိတ်ထိန်းနေရတယ်]

ကျန်တဲ့သူတွေ ???!!!!

ဤအခိုက်အတန့်တွင် ၎င်းတို့၏စိတ်အခြေအနေမည်သို့ရှိစေကာမူ လူတိုင်း၏စိတ်များသည်တစ်ခုခုကိုသတိပြုမိလိုက်ကြသည်။

တဖြည်းဖြည်း...တဖြည်းဖြည်း...လူတိုင်း ပါးစပ်တွေပွင့်ဟလာပြီး သူငယ်အိမ်များ ထိတ်လန့်တကြားလန့်သွားကြသည်။

သူတို့ရဲ့ စိတ်ခံစားမှုတွေက ကမောက်ကမဖြစ်နေပေမယ့် သူတို့ရှေ့မှာဖြန့်ကျက်ထားတဲ့ ဒီကမောက်ကမပြဇာတ်ကို တစ်စက္ကန့်မျှ လက်လွတ်မခံချင်ဘဲ အခြေအနေကိုသတိမမူမိသေးတဲ့ လူနှစ်ယောက်ထံ သူတို့ရဲ့မျက်လုံးများက မြဲမြံစွာစိုက်ကြည့်လို့နေသည်။

သူမ၏ရှင်းပြချက်အပြီး ဝမ်ကျားနီ သည် ရှန်းဝမ်ယွဲ့အားတောင်းပန်သည့်အကြည့်ဖြင့် လှည့်ကြည့်လိုက်သည်။

"တောင်းပန်ပါသည် ကော၊ ကောကိုပြောပြဖို့အခွင့်အ ရေးမရှိခဲ့ဘူး"

ရှန်းဝမ်ယွဲ့ မျက်မှောင်ကြုတ်လိုက်သည်။ အခြေအနေကို သူ နားလည်မှုလွဲခဲ့သော်ငြားလည်း ရိုင်းစိုင်းကာ လက်ခံနိုင်ဖွယ်မရှိသော အပြုအမူတစ်ခုဖြစ်သည်။ အခြားအ ကြောင်းအရာတစ်ခုမှာ ဝမ်ကျားနီထံမှ ၀တ်စုံအားလုယူသွားခဲ့ခြင်းပင်။

ရှန်းဝမ်ယွဲ့ ကျီဖေးအားကြည့်လိုက်သည်။

ကျီဖေးသည် အခြားသူ၏အဝတ်အစားများယူဆောင်သွားရခြင်းအား အမှန်တကယ်ရှက်ရွံ့နေသကဲ့သို့ မသက်မသာအမူအရာရှိနေခဲ့သည်။

သို့သော် ရှန်းဝမ်ယွဲ့နှင့် ဝမ်ကျားနီတို့နှစ်ဦးစလုံးသည် ကျီဖေးကောင်းစွာပြုမူပုံကိုသိပါက သူမ ယခုအချိန်တောင်း ပန်သင့်သည်ဟု ခံစားမိသည်။ သို့သော် သူမ မလုပ်ခဲ့ ချေ။ သူက ချင်ကျောက်ကိုကျောထောက်နောက်ခံထားပြီး တကယ်အားကိုးနေတာလား ??

၎င်းတို့၏ အမူအရာမှာ အထူးသဖြင့် ရှန်းဝမ်ယွဲ့၏အမူ သည် မည်းမှောင်သွားခဲ့သည်။

သူ မရေရာတဲ့ လေသံနဲ့ပြောလာသည်- "အဲဒီတုန်းက ကျားနီ ကျွန်တော့်ကို ဓာတ်ပုံပို့ပေးတုန်းက ဝတ်စုံကို တော်တော်လေးကောင်းတယ်လို့ထင်ခဲ့တာ။ မစ္စကျီက အမြင်ရှိပြီး ကျားနီနဲ့ ပုံစံတူစတိုင်လ်ကိုရွေးခဲ့မိတာပဲ။ ဖြစ်ချင်တော့ ဝတ်စုံကတစ်ခုပဲရှိတယ်။"

တခြားလူတိုင်း : ... ဒါ အမှန်ပဲ!!!! ရှန်းဝမ်ယွဲ့ နင်တကယ် လျှို့ဝှက်လက်ထပ်ခဲ့တာလား ? ဝမ်ကျားနီက လျှို့ဝှက်ချစ်သူပေါ့ ???

လျှို့ဝှက်ချစ်သူက ဇနီးသည်၀တ်စုံကိုခိုးပြီး ဇနီးသည်ရှေ့မှာဓာတ်ပုံတစ်ပုံရိုက်ပြီးပို့ခဲ့တယ်၊ ဇနီးဖြစ်သူရဲ့ဖုန်းခေါ်ဆိုမှုကိုမဖြေခဲ့ပေမယ့် လျှို့ဝှက်ချစ်သူကိုတော့စာ ပြန်ခဲ့တယ် ??

မင်းမိန်းမရဲ့ကတ်ကိုပိတ်ထားပြီး မင်းရဲ့နောက်ထပ်အပိုကတ်ကိုတော့ လျှို့ဝှက်ချစ်သူကိုပေးခဲ့တယ်ပေါ့...

ထိုအချိန် ရှန်းဝမ်ယွဲ့သည် ပိုတင်းမာလာသောလေထုကို နားမလည်သေးပေ။ ကျီဖေးဘက်မှ ဆင်ခြင်တုံတရားရှိရှိဖြင့် တောင်းပန်လာမည်ဟုမျှော်လင့်ကြောင်း သူ့စကားများက ရှင်းရှင်းလင်းလင်းအရိပ်အမြွက်ပြနေသည်။

သို့သော်ကျီဖေးသည် မတုံ့ပြန်ရုံသာမက သာမန်ထက် မြက်သည့် ကောင်းဟောင်ပင် အတွေးထဲမှာနစ်မြုပ်သွားပုံရသည်။

ရှန်းဝမ်ယွဲ့ စိတ်ရှုပ်ထွေးစွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည်ဉာဏ်သွေးက ဒီလောက်ထိ နိမ့်ကျတာလား ??

ဝမ်ကျားနီသည် ကျီဖေး၀တ်စုံဝတ်ဆင်ထားသည်ကိုမြင်တွေ့ရသဖြင့် အလွန်စိတ်မသက်မသာဖြစ်မိသော်လည်း ထိုနေ့တွင် သူမအားအရှက်ခွဲခံရပြီး နှင်ထုတ်ခံခဲ့ရကြောင်းသတိရမိသော်ငြား သူမကြောင့် ရှန်းဝမ်ယွဲ့ အခက်အခဲမဖြစ်စေရန် ယဉ်ကျေးသိမ်မွေ့သည့်ပုံရိပ်အားထိန်းသိမ်းထားဆဲဖြစ်သည်။

"ကောင်းပြီလေ၊ မစ္စကျီက ဒီဝတ်စုံကိုအရမ်းကြိုက်တယ် ဆိုတော့၊ သူအမြင်ရှိတယ်ဆိုတာ ငါ မြင်နေရတယ်။ အဲဒါက 'နဂါးဘုရင်ရဲ့ဘုရားကျောင်းကို ရေမျောအောင်လုပ်သလိုပဲ ဆိုကြပါတော့'။"

[Pfft နောက်မှ နင့်ကိုယ် နင် မမျောပါသွားစေနဲ့ဦး]

ကျယ်လောင်စွာ ရယ်‌မောလုနီးပါးဖြစ်နေသော ချင်ကျောက်ကသာ ထိုလှောင်ရယ်မှုအပြည့်ဖြင့်ရယ်သွမ်းနေသော အသံကိုကြားနိုင်သည်။

အခြားသူများ- အိုး၊ ဟိုး ငါ့ခြေချောင်းတွေကို ကလိလာထိုးနေသလိုပဲ! ငါ သူ့အစား ရှက်လိုက်တာ။

"ကျမက တောင်းပန်သင့်တဲ့လူ! စောစောက ကျမအဝတ်စားလဲပြီးထွက်လာတော့ ကျားနီရဲ့အဝတ်အစားကို မှားဝတ်မိတာလားဆိုပြီးပြောခဲ့တာ ရှင်လေ"

ရှန်းဝမ်ယွဲ့ သူ့နောက်ကွယ်ရှိ တခြားအဖွဲ့တွေရဲ့အပြုအမူတွေကိုမမြင်နိုင်ပေ။

[မဟုတ်ဘူး Bro၊ မင်း အဲဒါကို နားမလည်သေးဘူးပဲ]

အခြားလူတိုင်း: ... ငါတို့ ဘာလုပ်သင့်လဲ ? ငါတို့ ရယ်ချင်လွန်းလို့ ရင်ဘတ်တောင်အောင့်နေပြီ။

ကျီဖေး ဆုံးရှုံးရသည်အထိရှက်နေပုံရပြီး သူမ ဘာကြောင့် ဒီလောက်ကြာအောင် အရှက်ရရမှန်း နားမလည်ဘဲ သူမဘယ်လိုပြုမူရ မည်ကို အမှန်တကယ်မသိဟု တွေးကာ ရှန်းဝမ်ယွဲ့ ဖိအားပေးအားတင်းပြုံးလိုက်ပြီး

"ရှေ့လျှောက်တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် စောင့်ရှောက်ကြတာပေါ့" ဟုဆိုလာသည်။

အခြားသူများ: Ahhhhh ! ငါတို့ သူ့ကိုပြောပြလိုက်သင့်လား!

သို့သော် ၎င်းတို့အဖွဲ့ထဲကလူများပင် အာရုံမရသေးပုံရသည်။

အဆုံးမှာ သူတို့သည် ဒရာမာကိုပျော်ပျော်ရွှင်ရွှင်ကြည့်နေခဲ့ကြခြင်းပင်။ သူတို့စား‌နေခဲါတဲ့ဖရဲသီးက တကယ်တော့ သူတို့ရဲ့အိမ်နောက်ဖေးကဖြစ်နေမယ်လို့ ဘယ်သူကထင်မိမှာလဲ ?

All Chapters