← Chapters

အခန်း (၆၈၉)

Vol. 47 Ch. 689

အခန်း (၆၈၉)

Vol. 47 Ch. 689

“အတိအကျပဲ”

သတ္တမဘိုးဘေးကြီးက ခေါင်းညိတ်လိုက်၏။ ပြီးနောက် ဆက်လက်ကာ ပြောဆိုလိုက်သည်။ “စီနီယာ နန်းဆောင်သခင် ပြောသလိုဆိုရင် အင်မော်တယ် အင်ပါယာတွေ ပါဝင်နေတဲ့ ကိစ္စဖြစ်တာကြောင့် ကျုပ်တို့ အင်မော်တယ်ဘုရင်တွေအတွက် လက်လှမ်းမှီနိုင်လောက်တဲ့ ကိစ္စရပ်မျိုး မဟုတ်ဘူး။ ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက်တောင် အထဲကို ဝင်သွားရင် ဒုက္ခရောက်သွားနိုင်တယ်။ ပြီးတော့”

“ပြီးတော့ ဘာဖြစ်လဲ” တို်ငချူးသည် စိတ်ဝင်တစားဖြင့် မေးမြန်းလိုက်၏။

“ပြီးတော့ စီနီယာနန်းဆောင်သခင်ဆီက ရခဲ့တဲ့ သတင်းအချက်အလက်တွေ အရဆိုရင် ကျုပ်တို့က အင်မော်တယ် အင်ပါယာ နှစ်ယောက် တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲ တည်နေရာကိုပဲ သိတာလေ” သတ္တမ ဘိုးဘေးကြီးက တွန့်ဆုတ်၊ တွန့်ဆုတ်နှင့် ပြောလိုက်သည်။

“အင်း” တိုင်ချူးသည် ဇဝေဇဝါဖြစ်သွားသည်။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာတုန်းက ငရဲလောကနှင့် တိုက်ခိုက်ခဲ့သည့် ကြီးမားသည့် တိုက်ပွဲကြီးသည် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့လေပြီဖြစ်၏။ မည်သူမှသည် သတိမရတော့ချေ။ နှစ်သန်းထောင်နှင့်ချီ ကွာခြားခဲ့ပြီဖြစ်၏။

ဤကဲ့သို့သော အချိန်အတိုင်းအတာ အတောအတွင်း များပြားလှသည့် ဂိုဏ်းဂဏ အသီးသီးတို့သည် မြင့်တက်လိုက်၊ နိမ့်ကျလိုက်နှင့် လောက၏ သဘာဝကို ဖြတ်သန်းခဲ့ရ၏။ အားလုံးသောသူတို့၏ နှလုံးသားထဲတွင် သို့မဟုတ် မှတ်ဉာဏ်ထဲတွင် ဤကဲ့သို့သော ရှေးတိုက်ပွဲကြီးသည် ပျက်စီးပျောက်ကွယ်သွားပြီ ဖြစ်သည်။

လျှိုကလန်ကဲ့သို့ ခန့်မှန်း၍ မရနိုင်သည့် အားအင်အဆင့်ကို ပိုင်ဆိုင်သော ဂိုဏ်းဂဏ အသီးသီးတို့၌သာလျှင် အသေးစိတ် အချက်အလက်များ တည်ရှိ၏။ တခြားသောသူများအတွက် ကြားစကားများသာလျှင်ဖြစ်၏။ အချိန်အတော် ကြာမြင့်ပြီးသည့်နောက် အင်မော်တယ် အင်ပါယာနှစ်ယောက်တို့၏ တိုက်ပွဲက တကယ်ပဲ ပြီးဆုံးသွားခဲ့သည်လား။ ပြော၍ မရနိုင်ချေ။ ယခုအချိန်ထိ တိုက်ခိုက်ဆဲလည်း ဖြစ်နေနိုင်၏။

အင်မော်တယ်ဘုရင်များ၏ တိုက်ခိုက်မှု ဆိုသည်မှာ တကယ်ပင် မြေပြင်တစ်ခုလုံး ဗြောင်းဆန်ကာဖြင့် အရာအားလုံး ပျက်စီးရမည့် အခြေအနေမျိုးပင် ဖြစ်သည်။

အင်မော်တယ် အင်ပါယာများကို မဆိုနှင့် ကွာစီအင်မော်တယ် အင်ပါယာများပင်လျှင် ကြောက်မက်ဖွယ်ရာ ကောင်းသည့် တိုက်ခိုက်မှုမျိုးကို ထုတ်ဖော်သည် ဆိုပါက လောကပေါင်း မြောက်များစွာတို့သည် ပျက်စီးကုန်မှာ သေချာ၏။ အင်မော်တယ် အင်ပါယာများ တိုက်ခိုက်မည်ဆိုပါက ကောင်းကင်နှင့် မြေပြင် တစ်ခုလုံးသည် သံသယရှိစရာ မလိုဘဲ ပျက်စီးရမှာပင်။

“သတ္တမဘိုးဘေးကြီး.. စီနီယာနန်းဆောင်သခင်က မှားပြီးတော့များ သုံးသပ်မိတာလား” လျှိုရွှမ်ချမ်သည် တွန့်ဆုတ် တွန့်ဆုတ်နှင့် ပြန်လည်ကာ မေးမြန်းလိုက်၏။

အင်မော်တယ် အင်ပါယာများ ပါဝင်ပတ်သက်နေသည့် ကိစ္စရပ်ဖြစ်သောကြောင့် စီနီယာနန်းဆောင်သခင်သည် တွက်ချက်မှုများ မှားယွင်းကောင်း မှားယွင်းနိုင်၏။ ထို့အပြင် ကြောက်မက်ဖွယ်ရာ ကောင်းသည့် အဖြစ်အပျက် တစ်ခုဖြစ်ပြီး ဤအရာကြီးသည် တခြားသောသူများ ခန့်မှန်းတွက်ချက်ဖို့ ခက်ခဲသည့် အရာပင် ဖြစ်သည်။

အင်မော်တယ် အင်ပါယာ ဆိုသည်မှာ ကြောက်မက်ဖွယ်ရာကောင်းသည့် စွမ်းအင်အဆင့်ကို ပိုင်ဆိုင်သည့် လူများဖြစ်သည် မဟုတ်ပါလား။ ထိုသူတို့၏ ကံကြမ္မာများကို တွက်ချက်ဖို့ ဆိုသည်မှာ ဖြစ်နိုင်သည့် ကိစ္စရပ် မဟုတ်ချေ။

“မဖြစ်နိုင်ဘူး”

သတ္တမဘိုးဘေးကြီးသည် ဝင်ရောက်ကာ ပြောဆိုလိုက်၏။ သူသည် ယခုမှ ကောင်းကင်လျှို့ဝှက် နန်းဆောင်ထဲသို့ ရောက်ဖူးခြင်း ဖြစ်သော်လည်း နက်နက်နဲနဲ နားလည်လို့ နေခဲ့၏။ စီနီယာနန်းဆောင်သခင် ပြောဆိုခဲ့သည့် စကားလုံး တစ်ခုချင်းစီတိုင်းကို သူက ယုံကြည်မိ၏။ ထို့ကြောင့် သူက ထပ်မံကာ ပြောဆိုလိုက်၏။ “ငရဲလောကရဲ့ စစ်ပွဲနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေက ကျုပ်တို့ ထင်မှတ်ထားသလောက် ရိုးရှင်းနေတာ မဟုတ်ဘူး”

“အချိန်ရဲ့ မြစ်ရေစီးကြောင်းကို ထိုးဖောက်ပြီး အင်မော်တယ် အင်ပါယာ နှစ်ယောက်တို့က တည်ရှိ နေနိုင်သေးတာလား” တိုင်ချူးသည် အသာပင် ပြောဆိုလိုက်မိသည်။

အင်မော်တယ်ဘုရင်များပင်လျှင် အချိန်၏ မြစ်ရေစီးကြောင်းထဲ၌ ခရီးသွားလာနိုင်စွမ်းရှိ၏။ သို့ပေမဲ့ ရင်ဆိုင်ရမည့် စွန့်စားမှုကတော့ အလွန်ပင် မြင့်မား၏။ အနည်းငယ်သာ မှားယွင်းမည်ဆိုပါက အချိန်၏ မြစ်ရေစီးကြောင်းထဲတွင် နစ်မြှုပ်သွားခဲ့ပြီး ပြန်လည်ထွက်လာနိုင်ဖို့ အခွင့်အရေး မရှိနိုင်တော့ချေ။

ကွာစီအင်မော်တယ် အင်ပါယာများသည်လည်း အချိန်၏ မြစ်ရေစီးကြောင်းတွင် လွတ်လွတ်လပ်လပ် သွားလာနိုင်သည့် စွမ်းရည် ရှိ၏။ အင်မော်တယ် အင်ပါယာအဆင့်သို့ ရောက်ရှိသည့်အချိန်တွင် နှစ်သန်းထောင်ပေါင်းများစွာ ကုန်လွန်သွားခဲ့သည် ဆိုခြင်းမှာ ဖြစ်နိုင်လောက်သည့် အရာမျိုးပင်။

“ဒါက ပြောဖို့တော့ခက်တယ်”

သတ္တမဘိုးဘေးကြီးက မျက်မှောင်ကုတ်လိုက်၏။ သူသည် သိစိတ်ကို ကျောက်စိမ်းပြား ထဲသို့ ထည့်သွင်းကာဖြင့် ထပ်မံ ကြည့်ရှုလိုက်၏။ စောဏတုန်းက ကြည့်ရှုခဲ့သည့် အရာများသည် မမှားယွင်းခဲ့ချေ။

စီနီယာနန်းဆောင်သခင် ပြောဆိုသည်သာ အမှန်ဖြစ်သည်ဆိုပါက အင်မော်တယ် အင်ပါယာ နှစ်ယောက်တို့သည် လက်ရှိအခြေအနေအထိ တိုက်ခိုက်လျက် ရှိနေသည့် သဘောပင်။ သို့ပေမဲ့ သူတို့သည် အဘယ်ကြောင့် ဤတိုက်ခိုက်မှု၏ အရှိန်အဟုန်ကို မခံစားမိရသနည်း။ ပြောရမည်ဆိုလျှင် အင်မော်တယ် အင်ပါယာနှစ်ယောက် တိုက်ခိုက်မှုအတွက် ဖြစ်ပေါ်လာသည့် သက်ရောက်မှု လှိုင်းဆိုသည်မှာ မည်သို့မှ ဖုံးကွယ်ရန် မဖြစ်နို်ငချေ။

“လုံလောက်ပြီ။ ဒီကိစ္စကို ထပ်ပြီးတော့ မစဉ်းစားနဲ့တော့။ ကျုပ်တို့ အနာဂတ်မှာ လုံလောက်တဲ့ အခွင့်အရေးကို စုဆောင်းပြီးပြီ ဆိုရင် တိုက်ပွဲတည်နေရာထဲကို ဝင်နိုင်တယ်လေ။ ဒါဆိုရင် အရာအားလုံးက ရှင်းလင်းသွားလိမ့်မယ်”

သတ္တမဘိုးဘေးကြီးက အကြံပြုလိုက်၏။ သူသည် ဆက်လက်ကာ မစဉ်းစားဖို့ ဆုံးဖြတ်လိုက်၏။ “ဒီလျှို့ဝှက်ချက်က အချိ်နတော်တော်ကြာကြာ ဖုံးကွယ်ထားနိုင်မှာ မဟုတ်ဘူး”

“သတ္တမဘိုးဘေးကြီး” သတ္တမဘိုးဘေးကြီး ပြောပြောပြီးချင်းမှာပဲ ဘေးတစ်ဖက်တွင် ရှိနေသည့် လျှိုရွှမ်ချမ်သည် ရုတ်တရက် ထကာ အော်ဟစ်လိုက်သည်။

“ဘာဖြစ်လို့လဲ” သတ္တမဘိုးဘေးကြီးသည် သဘောမတွေ့သလို လှမ်းကာ ကြည့်ရှုလိုက်၏။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း လျှိုရွှမ်ချမ်၏ အပြုအမူများသည် သဘောမတွေ့စရပင်။ ၎င်းသည် အားအင်အဆင့် အပြင် ကိုယ်နှုတ်အမူအရာ၊ စိတ်နေစိတ်ထားအားလုံး လိုအပ်ချက် ရှိနေသည့် သဘောပင်။

ဒဏ်ရာရရှိသူမှာ လျှိုချင်းကျီ မဟုတ်ဘဲ လျှိုရွှမ်ချမ် ဖြစ်လျှင်တောင်မှ ကောင်းမည်ဟု သူက တွေးတောလိုက်မိ၏။ သို့ပေမဲ့ မထင်မှတ်ထားလောက်အောင်ပဲ လျှိုချင်းကျီသည် ဒဏ်ရာရရှိခဲ့သည်။ ယခု လျှိုရွှမ်ချမ်သည် အင်မော်တယ်ဘုရင် အဆင့်နှင့် လျော်ညီသည့် စိတ်နှလုံးသား ခိုင်မာမှုမျိုး မရှိချေ။ ထို့ကြောင့် သတ္တမ ဘိုးဘေးကြီးက သဘောမတွေ့သလို ဖြစ်မိနေခြင်းပင်။ သို့ပေမဲ့ တိုင်ချူး ဘေးနားတွင် ရှိနေသောကြောင့် သူ၏ သဘောမတွေ့မှုများကို ကျိန်းသေပေါက် ထိန်းသိမ်းထားရပေလိမ့်မည်။

“ဘာဖြစ်လို့လဲ” သတ္တမဘိုးဘေးကြီးက ထပ်မံကာ မေးမြန်းလိုက်သည်။

“လျှိုကျန်းရန် ထွက်ပြေးသွားပြီ”

လျှိုရွှမ်ချမ်သည် လက်ထဲတွင် ရှိနေသည့် ကျောက်စိမ်းပြားကို ကိုင်ဆောင်ကာဖြင့် လေးလေးနက်နက် ပြောလိုက်၏။ “အခုကလေးတင် ကျုပ် ကလန်ဆီကနေ သတင်းအချက်အလက် တစ်ခုရခဲ့တယ်။ လျှိုချင်းယုရဲ့ တိုက်ရိုက်မျိုးဆက်တွေ အကုန်လုံးကို ဖမ်းဆီး ထိန်းသိမ်းထားဖို့။ ဒါပေမဲ့ လျှိုကျန်းရန် လွတ်သွားတယ်”

“ဟမ်”

သတ္တမဘိုးဘေးကြီး၏ မျက်နှာပေါ်ရှိ ကြွက်သားများသည် တဆတ်ဆတ်နှင့် တုန်ယင်သွားခဲ့၏။ ဤကဲ့သို့သော အရေးအကြောင်း အခြေအနေမျိုးတွင် အရေးကြီးသည့် လူတစ်ယောက် လွတ်သွားလိမ့်မည်ဟု သူ မထင်မှတ်ခဲ့ချေ။ သူတို့သည် လျှိုချင်းယုကို ဖမ်းဆီးရန် ကျရှုံးခဲ့၏။ ထို့အတူ ကလန်ထဲတွင် ရှိနေသည့် လျှိုကျန်းရန်ကို အလစ်အငိုက် ဖမ်းဆီးခြင်းကလည်း ကျရှုံးခဲ့သည်။

“လျှိုကျန်းရန် ဘယ်လိုဖြစ်ပြီး လွတ်သွားရတာလဲ” သတ္တမဘိုးဘေးကြီးသည် နှလုံးသားထဲတွင် ဖြစ်တည်နေသည့် ဒေါသတရားများကို အတင်းဖိနှိပ်ကာဖြင့် မေးမြန်းလိုက်၏။

“အမှန်ကို ပြောရမယ်ဆိုရင် ဘိုးဘေးကြီး.. လျှိုကျန်းရန်က တကယ့်ကို ခန့်မှန်းလို့ မရဘူး။ သူက အင်မော်တယ်ဘုရင်အဆင့် ဖြစ်လာဖို့အတွက် ခြေတစ်လှမ်းပဲ လိုတော့တာလေ။ ကလန်ထဲမှာ ကျုပ်တို့သုံးယောက် မရှိဘူးဆိုတာနဲ့ အင်မော်တယ်ဘုရင်မှ မရှိတော့တာ။ ဒါကြောင့် လျှိုကျန်းရန် ထွက်ခွာသွားတာကို ဘယ်သူမှ သတိ မပြုမိတာပေါ့”

လျှိုရွှမ်ချမ်သည် မြန်မြန်ဆန်ဆန် ဆိုသလိုပဲ ရှင်းပြလိုက်သည်။ “ပြီးတော့”

“ပြီးတော့ ဘာဖြစ်လဲ” သတ္တမဘိုးဘေးကြီးသည် မကောင်းသည့် ခံစားချက်များကို ရရှိနေ၏။

“သတ္တမဘိုးဘေးကြီး.. ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့အုံး။ ကျုပ် အရင်ဆုံး ပြောပြပါအုံးမယ်”

လျှိုရွှမ်ချမ်သည် လေသံပျော့လေးဖြင့် ပြောဆိုလိုက်သည်။ “လျှိုကျန်းရန်က လျှိုကလန်ထဲမှာ သိသိသာသာ ကြီးမားတဲ့ ရာထူးရာခံကို ပိုင်ဆိုင်ထားခဲ့တာလေ။ သူ့ရဲ့ လွှမ်မိုးနိုင်မှုက ကြီးမားတယ်လို့ ပြောရမယ်။ ထွက်ပြေးသွားချိန်မှာ ရတနာခန်းမထဲ ဝင်ပြီးတော့ အင်မော်တယ်ဘုရင်အဆင့် ပစ္စည်း သုံးခုနဲ့ တခြား မိုးကောင်းကင် ရတနာပေါင်းများစွာကို ယူဆောင်သွားခဲ့သေးတယ်”

All Chapters