← Chapters

အခန်း (၆၉၄)

Vol. 47 Ch. 694

အခန်း (၆၉၄)

Vol. 47 Ch. 694

“ဒါဆိုရင် ကျေးဇူးပြုပြီး တာအိုရောင်းရင်း... ကောင်းကင်ရဲ့ လျှို့ဝှက်ချက်တွေကို ကျုပ်အတွက် တွက်ချက် ပေးပါအုံး” ကျောင်းကျွင်းဟန်သည် မြန်မြန်ဆန်ဆန်ဆိုသလိုပဲ တုံ့ပြန်လိုက်၏။

“ကောင်းပြီ”

အဘိုးအိုက ပြုံးလိုက်၏။ ပြီးနောက် မေးစေ့ကို ပွတ်သပ်လိုက်သည်။ “ကျုပ်သိချင်တာ တာအိုအရှင်က ဘယ်နေရာကစပြီး မေးချင်တာလဲ”

“အင်း...” ကျောင်းကျွင်းဟန်သည် ခဏလောက် စဉ်းစားလိုက်၏။ ပြီးနောက် ပြောလိုက်၏။ “ဒီသတင်း အချက်အလက်ရဲ့ မူလရင်းမြစ်က ဘယ်လောက်တိကျလဲ ဆိုတာကနေ စလိုက်ရအောင်”

“အရမ်းကောင်းတဲ့ ရွေးချယ်မှုပဲ” အဘိုးအိုက ခေါင်းညိတ်လိုက်၏။ သူသည် သူ၏ ကြီးမားလွန်းလှသည့် အင်္ကျီလက်ကြီးကို အသာဝှေ့ယမ်းပြီး အဝါရောင်ကျမ်းစာ တစ်ခုကို ထုတ်ယူလိုက်၏။ ထိုအရာဆီမှ တောက်ပသည့် အလင်းတန်းများ ထွက်ပေါ်လျက်ရှိသည်။

“ဖွင့်စမ်း” အဘိုးအိုက အသာ အမိန့်ပေးလိုက်၏။ ထိုကျမ်းစာထဲတွင် ရှိနေသည့် အင်မော်တယ် စွမ်းအင်များ သည် ရုတ်တရက် အပြင်ဘက်သို့ ထွက်ပေါ်လာပြီးသည့်နောက် လေဟာနယ်တစ်ခုလုံး၌ ထင်ထင်ရှားရှား ဖြစ်တည်လာခဲ့၏။ ရုတ်တရက် လောကကြီး တစ်ခုလုံးက အသွင်ပြောင်းသွားသကဲ့သို့ပင်။

၎င်းတို့နှစ်ယောက်သည် တဲအိမ်၏ မူလတည်နေရာတွင် ထိုင်လျက်ရှိနေသော်လည်း ရုတ်တရက် ဆိုသလိုပဲ ကြယ်ကောင်းကင်ယံ၏ အလယ်သို့ ရောက်ရှိသွားသလို ခံစားနေမိ၏။ ကြယ်များအားလုံးသည် တည်နေရာအနှံ့တွင် ဖြစ်တည်လျက် ရှိနေလေ၏။ ဤခံစားချက်များသည် တကယ့်ကို ကောင်းမွန်လွန်းသည်။

လက်ရှိ သူတို့မြင်တွေ့နေရသည့် ကြယ်များသည် တခြားမဟုတ်ချေ။ အချိန်နှင့်ပတ်သက်သည့် အရာများသာ ဖြစ်ပေလိမ့်မည်။ ကြယ်တစ်ခုချင်းစီတိုင်းသည် စွမ်းအားမြင့် ကျင့်ကြံသူများကို ရည်ညွှန်းလျက် ရှိနေ၏။ တချို့သည် မှေးမှိန်လျက် ရှိနေပြီး တချို့မှာတော့ အလွန်အမင်း တောက်ပနေ၏။

“ဒီနည်းလမ်းက ဘယ်လောက် ဆန်းကြယ်လိုက်လဲ” ကျောင်းကျွင်းဟန်သည် တီးတိုးရေရွတ်လိုက်မိသည်။

သူ၏ ဘေးတစ်ဖက်တွင် ရှိနေသည့် အဘိုးအိုမှာတော့ လက်စည်းသင်္ကေတများကို ဖန်တီးနေ၏။ စည်းတစ်ခုချင်းစီတိုင်းသည် လေဟာနယ်ထဲတွင် ကြယ်တစ်ခုကို ဖြစ်တည်လာစေခဲ့၏။ အချိန်ခဏ ကြာပြီးသည့်နောက် တည်နေရာကြီး တစ်ခုလုံးသည် လင်းလက်လာခဲ့၏။ တလက်လက် တောက်ပနေပြီး ကြည့်ရှုနေရင်းပင် မျက်စိများ ကျိန်းလာကြသည်။

အဘိုးအိုသည် ဆန်းကြယ်သည့် နည်းလမ်းတစ်ခုကို အသုံးပြုကာဖြင့် ကောင်းကင်၏ လျှို့ဝှက်ချက်များကို ထုတ်ဖော်နေသည့်ပုံပေါ်၏။

“ကြယ်နယ်မြေတွေ တစ်ခုချင်းစီ ခွဲပိုင်းထားခဲ့ပေမယ့် တစ်ခုချင်းစီတိုင်းက ကိုယ်ပိုင်တည်နေရာကို ပိုင်ဆိုင်ကြတယ်” အဘိုးအိုသည် တီးတိုးရေရွတ်လျက်ရှိသည်။

သို့ပေမဲ့ သူဆုံးအောင် မပြောရသေးချေ။ နားကွဲလောက်စရာ အသံကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး ကြယ်ကောင်းကင်ယံ တစ်ခုလုံးကို တုန်ခါစေခဲ့၏။ ဘုံကိုးပါး၏ အထက်တွင် ကြယ်မြစ်ကြီးတစ်ခု ရုတ်တရက် ပေါ်ပေါ်လာ၏။

ဖူး...

အဘိုးအို၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့၏။ ပြီးနောက် သွေးတစ်လုတ် အန်ထုတ်လိုက်၏။ ပတ်ဝန်းကျင် တည်နေရာတစ်ခုလုံးကလည်း ပြောင်းလဲသွားခဲ့သည်။

ချက်ချင်း သတိပြန်ဝင်လာသည့် အချိန်မှာတော့ ဝါးတဲလေးထဲသို့ ပြန်လည်ကာ ရောက်ရှိနေ၏။

“တာအိုရောင်းရင်း... အဆင်ပြေရဲ့လား”

ကျောင်းကျွင်းဟန်သည် မြန်မြန်ဆန်ဆန် ဆိုသလိုပဲ မတ်တပ် ထရပ်ပြီးသည့်နောက် အဘိုးအိုနားသို့ ချဉ်းကပ်လိုက်၏။ ပြီးနောက် ဆေးလုံးတစ်လုံးကို ထုတ်ယူကာဖြင့် အလောတကြီး မေးမြန်းလိုက်သည်။ “ဘာတွေကြိုပြီး မြင်ခဲ့သေးလဲ”

“ကောင်းကင်ရဲ့ လမ်းစဉ်။ ကောင်းကင်ရဲ့ လမ်းစဉ်”

အဘိုးအိုက မတုံ့ပြန်ခဲ့ချေ။ ထိုစကားကိုသာ တွေဝေ ငေးငိုင်စွာဖြင့် အထပ်ထပ် ရွတ်ဆိုလျက် ရှိ၏။ ၎င်း၏ ယခုတွက်ချက်မှုသည် အသက်ဓာတ်များကို ယုတ်လျော့စေခဲ့ပြီး အလွန်အမင်းလည်း အားနည်းစေခဲ့၏။

“တာအိုရောင်းရင်း...” ကျောင်းကျွင်းဟန်သည် မျက်မှောင်ကုတ်လိုက်၏။ သူသည် အကူအညီမဲ့သလို ခံစားနေမိ၏။ အခြေအနေသည် သူထင်မှတ်ထားသည်ထက် ပိုမိုလျက် ရှိနေ၏။ တွက်ချက်မှုတွင် တော်လှပါသည်ဆိုသော လူတစ်ယောက် သဲလွန်စမဲ့သလို ဖြစ်နေသည်ကို သူ ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။

အဘိုးအိုသည် ကောင်းကင်၏ လမ်းစဉ်ဟုသာ ဆက်တိုက်ရွတ်ဆိုနေပြီး ဘာတစ်ခုမှ သေသေချာချာ မြင်ခဲ့ပုံ မပေါ်ချေ။

“ကောင်းကင်ရဲ့ လမ်းစဉ်” ကျောင်းကျွင်းဟန်သည် တီးတိုးရေရွတ်လိုက်၏။ သူသည် အပြင်ဘက် လောကကြီးဆီသို့ လှမ်းကာ ကြည့်ရှုလိုက်သည်။ မည်သည့်အရာမှ ထူးခြားမနေချေ။ နောက်ထပ် ဆေးတစ်လုံးကို ထုတ်ယူပြီး အဘိုးအို၏ လက်ထဲသို့ ထည့်လိုက်၏။

ခဏလောက် ကြာပြီးသည့်နောက် ဆေးလုံး၏ အစွမ်းက ပြလာခဲ့၏။ အဘိုးအို၏ မျက်လုံးများသည် ပြန်လည်ကာ ကြည်လင်လာခဲ့၏။ ၎င်း၏ တတွတ်တွတ် ရွတ်နေမှုကလည်း ချက်ချင်း ရပ်တန့်သွားခဲ့၏။ အသက်ကို ပြင်းပြင်းရှူပြီးနောက် ကျောင်းကျွင်းဟန်၏ ထောက်ပံ့မှုနှင့်အတူ ဖြည်းညှင်းစွာ မတ်တပ် ထရပ်လိုက်၏။ ပြီးနောက် ၎င်းသည် အားအင်ကင်းမဲ့သလိုမျိုး ပြန်ထိုင်ချလိုက်သည်။ ယခင်ကထက် ပိုမို၍ စိတ်ဓာတ်ကျသည့် သွင်ပြင်မူရာမျိုး ဖြစ်လို့နေသည်။

အစောကြီးတည်းက အိုမင်းရင့်ရော်နေပြီဖြစ်သော ဤအဘိုးကြီးသည် လက်ရှိအခြေအနေမှာတော့ ပိုမိုကာ အိုမင်းသွားခဲ့ပုံပေါ်၏။ အချိန်မရွေး သေဆုံးသွားတော့မည့် အရိပ်အယောင်များ ထွက်ပေါ်လျက် ရှိနေလေ၏။ ကြည့်ရသည်မှာ ၎င်းသည် ချက်ချင်းဆိုသလိုပဲ မြေဩဇာ ဖြစ်တော့မည် အလောင်းကောင်ကဲ့သို့ပင်။

“ဟူး”

အဘိုးအိုသည် စိတ်သက်သာရာရသလို သက်ပြင်းရှည်ကြီးကို ချလိုက်သည်။ ကျောင်းကျွင်းဟန် ငှဲ့ပေးသည့် ရေနွေးကို အသာကောက်မော့ပြီးနောက် “အင်း... တော်သေးတာပေါ့။ တာအိုရောင်းရင်းရဲ့ ဆေးလုံးနှစ်လုံးကြောင့်ပေါ့။ မဟုတ်ရင် ကောင်းကင်ရဲ့လျှို့ဝှက်ချက်တွေကို တွက်ချက်နေတဲ့ အတောအတွင်း ကျုပ် သေသွားလောက်ပြီ”

“ဒါ ဘာမှ မဟုတ်ပါဘူး”

ကျောင်းကျွင်းဟန်သည် လက်ကို ယမ်းခါလိုက်၏။ သူ့အနေနှင့် ဆေးနှစ်လုံး ထုတ်၍ တိုက်ရခြင်းသည် ကြီးမားသည့် ကိစ္စရပ်ကြီးမဟုတ်ချေ။ သို့ပေမဲ့ သူ၏ အမူအရာက အနည်းငယ် ပြောင်းလဲလျက် ရှိ၏။ သူသည် စိတ်ဝင်တစားဖြင့် မေးမြန်းလိုက်၏။ “တာအိုရောင်းရင်း... ခုဏတုန်းက ဘာတွေမြင်ခဲ့တာလဲ။ ကျုပ်ကို ပြောပြလို့ ရမလား”

“အင်း.. ကောင်းကင်ရဲ့ လျှို့ဝှက်ချက်တွေက တားဆီးထားတယ်”

အဘိုးအိုသည် နာနာကျင်ကျင်နှင့် ပြောရင်း ခေါင်းကို ခါယမ်းလိုက်၏။ “ဒီလို အခြေအနေမျိုးကို မြင်ရတာ ပထမဦးဆုံး အကြိမ်ပဲ။ အရာအားလုံး မြင်ရမလို ဖြစ်နေတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ကျုပ် ဘာကိုမှ မသိသလို ခံစားရတယ်”

“ဪ”

ကျောင်းကျွင်းဟန်သည် အံ့အားသင့်နေပုံလည်းပေါ်၏။ “အရာအားလုံးကို သိရှိပြီးတဲ့နောက်မှာ အရာအားလုံးကို မသိရှိတော့ပြန်ဘူး။ ဒါ ဘာကို ဆိုလိုတာလဲ”

အဘိုးအို ဇဝေဇဝါ ဖြစ်နေသည်ကို ကြည့်ရှုပြီး ကျောင်းကျွင်းဟန်သည်လည်း နဝေတိမ်တောင် ဖြစ်လာမိသည်။ ဆန်းကြယ်ဂိတ်မှ လူများပင်လျှင် ဘာမှန်းမသိလျှင် မည်သူက သိရှိမည်နည်း။

“ကောင်းကင်ရဲ့ လျှို့ဝှက်ချက်တွေကို တားဆီးပိတ်ပင်ထားတယ်။ ထုတ်ဖော်လို့ မရဘူး” အဘိုးအိုသည် ခေါင်းကို ခါယမ်းလိုက်သည်။

ဘေးတစ်ဖက်တွင် ရှိနေသည့် ကျောင်းကျွင်းဟန်သည် နဖူးပေါ်တွင် သွေးကြောများပင် ဖောင်းကြွလာခဲ့၏။ သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီးသည့်နောက် မည်သို့မှ သည်းမခံနိုင်တော့ချေ။ တစ်စုံတစ်ခုကို အတင်းသိချင်နေသည့်ပုံ ပေါ်လာ၏။

“တာအိုရောင်းရင်း.. ကျုပ်ကို ကွာစီအင်မော်တယ် အင်ပါယာရဲ့ မူလအရင်းအမြစ်တွေ ဘယ်နေရာမှာ ရှိတယ်ဆိုတာနဲ့ပတ်သက်ပြီး သဲလွန်စတချို့ ပေးနိုင်မလား” ကျောင်းကျွင်းဟန်သည် အသာမေးမြန်းလိုက်၏။ သူ့အနေနှင့် အဘိုးအို၏ အပြုအမူ၊ လုပ်ပုံကိုင်ပုံများနှင့်ပတ်သက်၍ သဘောမတွေ့သည် ဆိုလျှင်တောင်မှ သတင်းအချက်အလက်အတွက် သေသေချာချာ စိတ်ရှည်ရှည်နှင့် မေးမြန်းရမှာဖြစ်သည်။

“အင်း... လောကကြီးက ဖြူလျော်နေတယ်။ မိုးမခပင်တွေကလည်း စိမ်းစိုနေတယ်။ ဒါပေမဲ့ လောကအသီးသီးမှာ သွေးနီရောင်တွေ မြင်နေရတယ်” အဘိုးအိုသည် မျက်လုံးကို မှိတ်ပြီး အချိန်အတော်ကြာ စဉ်းစားလိုက်၏။ ပြီးနောက် ဖြည်းညှင်းစွာ ပြောဆိုလိုက်၏။

“........”

ကျောင်းကျွင်းဟန်သည် မျက်မှောင်ကုတ်လိုက်မိသည်။ “ဘာကို ဆိုလိုတာလဲ။ ဒါ ဘာကို ဆိုလိုတာလဲ။ ကွာစီအင်မော်တယ် အင်ပါယာ သတင်းအချက်အလက်က လျှိုကလန်နဲ့ ချိတ်ဆက်လျက် ရှိနေတယ်ဆိုတဲ့ အဓိပ္ပာယ်လား”

လျှိုကလန်သာဖြစ်သည်ဆိုပါက အနည်းငယ် ရှုပ်ထွေးကောင်း ရှုပ်ထွေးနိုင်၏။ သူတို့အနေနှင့် လွယ်လွယ်ကူကူ ရင်ဆိုင်ဖြေရှင်း၍ ရနိုင်သည့် အရာမျိုး မဟုတ်ချေ။ အင်မော်တယ်ရှေးလမ်းစဉ်သည် လျှိုကလန်ကို ပြဿနာပြုလုပ်၍ ရသည့်အရာမျိုး မဟုတ်ဘူးဆိုလျှင်တောင်မှ ထိုကဲ့သို့သော အခွင့်အရေးကို ရရှိရန်အတွက် သူသည် ကျိန်းသေပေါက် တခြားသောအဖွဲ့များနှင့် ပူးပေါင်း၍ တိုက်ခိုက်ရန် ဝန်လေးနေမည် မဟုတ်ချေ။

ပိုမို၍ အရေးကြီးသည်မှာ ကွာစီအင်မော်တယ် အင်ပါယာအဆင့် အခွင့်အရေးကို လျှိုကလန် တစ်ခုတည်းသာ သိရှိနေသည်ဆိုပါက လျှိုကလန်သည် တခြားသူများအား ပြောပြလိမ့်မည်မဟုတ်ချေ။ ဤအရာမှာ လောက၏ သဘာဝပင်။

All Chapters