← Chapters

အခန်း (၆၉၅)

Vol. 47 Ch. 695

အခန်း (၆၉၅)

Vol. 47 Ch. 695

“ဟုတ်သလိုလို၊ မဟုတ်သလိုလိုပဲ”

အဘိုးအိုသည် မျက်လုံးကို ဖွင့်ပြီးသည့်နောက် ကျောင်းကျွင်းဟန်အား လှမ်းကာ ကြည့်ရှု၏။ ပြီးနောက် ဖြည်းညှင်းစွာ ပြောလိုက်၏။ “ကျုပ် ပြောသင့်တာ အားလုံးကို ပြောခဲ့ပြီးပြီ။ ခင်ဗျား ဒီကိစ္စကို နားလည်လား၊ နားမလည်လား ဆိုတာက ခင်ဗျားအပေါ်မှာပဲ မူတည်တယ်။ ထပ်ပြီး ပြောလိုက်မယ်ဆိုရင် နတ်ဘုရားအပြစ်ပေးမှု က ကျဆင်းလာတော့မယ်”

ထိုကဲ့သို့ ပြောဆိုနေသော်လည်း အဘိုးအိုသည် သူပြောဆိုနေသည့် အဓိပ္ပာယ်များကို သူပင် ကောင်းကောင်း နားမလည်ခဲ့ချေ။ အစောပိုင်းက ကောင်းကင်၏ လျှို့ဝှက်ချက်များကို တွက်ချက်သည့်အချိန်တွင် အရာအားလုံးသည် သူထင်မှတ်ထားသလို ရိုးရှင်းသည့် အရာမျိုး မဟုတ်ကြောင်း သိရှိနားလည်ခဲ့မိ၏။ အရာအားလုံး ၏ နောက်ကွယ်တွင် မမြင်ရသည့် လက်ကြီးတစ်ဖက်သည် စီစဉ်ဆောင်ရွက်နေသကဲ့သို့ပင်။

သူ့အနေနှင့် ဤနောက်ကွယ်တွင် ပြုမူဆောင်ရွက်နေသည့်လူကို အဖြေရှာရန် ကြိုးစားခဲ့၏။ သို့ပေမဲ့ အရေးအကြောင်း အခြေအနေမျိုးတွင် ကျောက်စိမ်းကဲ့သို့သော လက်တစ်ခုက ရုတ်တရက် ပေါ်ပေါက်လာခဲ့ ပြီးသည့်နောက် သူ့ကို ရိုက်နှက်ခဲ့၏။ အတော်ပင် ဆိုးရွားလှချေသည်။

ဤမရင်းနှီးသည့်လူသည် ကောင်းကင်၏ လျှို့ဝှက်ချက်များကို တွက်ချက်နေခြင်းမှ လွယ်လွယ်ကူကူပဲ သူ့ကို တားဆီးခဲ့၏။ ကျိန်းသေပေါက် သာမန်လူတစ်ယောက် မဟုတ်ချေ။ သူသည်သာ သတင်း အချက်အလက်များကို တွက်ချက်နေပါက ကျိန်းသေပေါက် ပြဿနာကို ဆွဲခေါ်လိုသလို ဖြစ်ပေမည်။

အချိန်မရွေး နတ်ဘုရားအပြစ်ပေးမှုက ကျဆင်းလာနိုင်၏။ ထို့ကြောင့် တချို့သော သတင်း အချက်အလက်များကိုသာ ထုတ်ဖော်နိုင်စွမ်း ရှိ၏။ ဆန်းကြယ်သည့် လက်တစ်ခု၏ ပိုင်ရှင်အကြောင်း သူ့အနေနှင့် စကားလုံးတစ်ခုကိုပင် ထပ်မံကာ မရွတ်ဆိုရဲတော့ချေ။

“တာအိုရောင်းရင်း”

ကျောင်းကျွင်းဟန်သည် ဆက်လက်ကာ မေးမြန်းလိုက်၏။ “လျှိုကလန်ရဲ့ အကြီးအကဲ လျှိုချင်းယုက ငရဲလောက်ကို တကယ်ပဲ ပူးပေါင်းသွားခဲ့တာလား”

လျှိုကလန်ထဲတွင် များပြားလှသည့် ကောလဟလများ ပေါ်ပေါက်လျက် ရှိနေ၏။ ပထမဦးဆုံး ကွာစီ အင်မော်တယ် အင်ပါယာ သတင်းအချက်အလက် ထွက်ပေါ်လာခဲ့၏။ ပြီးသည့်နောက် လျှိုချင်းယုတစ်ယောက် ငရဲလောကသို့ ပူးပေါင်းသွားခဲ့သည်ဆိုသည့် သတင်းအချက်အလက်က ထွက်ပေါ်လာခဲ့၏။ နောက်ဆုံး အချိန်တွင် လျှိုချင်းယု၏ တိုက်ရိုက်မျိုးဆက်များ သတ်ဖြတ်ခံရသည်ဆိုသော ကောလဟလများလည်း ထွက်ပေါ်ခဲ့သည်။

ဤအချက်အလက်များ အားလုံးကို အခြေခံရမည်ဆိုလျှင် နတ်ဘုရားလောကတွင် ရှိနေသည့် လူပေါင်းများစွာ တို့သည် ထိုအရာကို သေသေချာချာ ဆွေးနွေးခဲ့ပြီးသား ဖြစ်၏။ သို့ပေမဲ့ အင်မော်တယ် ရှေးလမ်းစဉ်၏ တာအိုအရှင် တစ်ယောက်ဖြစ်သော ကျောင်းကျွင်းဟန်သည် ဤကိစ္စရပ်များ အားလုံးသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေသည်ဟု ယခုမှ အတွေးပေါက်မိနေ၏။

လျှိုကလန်သည်သာ ကွာစီအင်မော်တယ် အင်ပါယာအဆင့် သတင်းအချက်အလက်ကို လွယ်လွယ်ကူကူ ထုတ်ပြန်လိုက်သည်ဆိုပါက မည်သို့ ဖြစ်လာမည်နည်း။ ဤနေရာတွင် အဓိကဇာတ်ကောင်သည် လျှိုချင်းယု ဖြစ်လာပေမည်။

“အင်း.. အကြောင်းအရာတွေက အဆုံးမဲ့ မရှိဘူးလေ။ သူသွားချင်သလို သွားနေကြတာပဲ”

“အင်း.. ဟုတ်တယ်” ကျောင်းကျွင်းဟန်သည် အဘိုးအို၏ စကားကို ကြားသည့်အချိန်မှာတော့ ခေါင်းညိတ်လိုက် မိ၏။ သူ၏ မျက်ခုံးများသည် ခပ်တင်းတင်း ကုတ််လျက်ရှိနေ၏။ သို့ပေမဲ့ တဖြည်းဖြည်းချင်း ပြန်လည်ကာ ပြေလျော့သွားခဲ့၏။ ဤတစ်ကြိမ်တွင် အဘိုးအိုသည် ငရဲလောကအကြောင်းကို ပြောဆိုခဲ့ခြင်း မရှိချေ။ ကြည့်ရသည်မှာ တခြားသော အကြောင်းအရာတစ်ခုခု ဖြစ်ပုံပေါ်သည်။

ဤအတောအတွင်း ကျောင်းကျွင်းဟန်သည် သူ၏စိတ်ထဲ၌ များပြားလှသည့် သဲလွန်စများကို ကွင်းများအဖြစ် ချိတ်ဆက်ကာ စဉ်းစားလျက်ရှိနေ၏။ လျှိုချင်းယု တစ်ယောက်တည်းသာ ဆိုပါက စိုးရိမ်ပူပန်စရာ မလိုအပ်ချေ။ သို့ပေမဲ့ လျှိုကလန် တစ်ခုလုံးသာ ပါဝင်သည်ဆိုပါက မတူညီသည့် ဇာတ်ကြောင်းများ ဖြစ်လာ၏။ လက်ရှိအချိန်တွင် ကျောင်းကျွင်းဟန်သည် ဆန်းကြယ်ဂိတ်တံခါး၏ အကူအညီနှင့်ပင် ကွာစီအင်မော်တယ် အင်ပါယာ ဖြစ်လာရန်ကို သံသယဝင်မိ၏။

ကျောင်းကျွင်းဟန်သည် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားမိ၏။ သူသည် လေးလေးနက်နက်ဖြင့် မေးမြန်းလိုက်သည်။

“တာအိုရောင်းရင်း… ကွာစီအင်မော်တယ် အင်ပါယာအဆင့် သတင်းအချက်အလက်တွေက အမှန်လား၊ အမှားလား”

“အမှန်တရားက အစစ်အမှန်ပဲ။ အစစ်အမှန်ကလည်း လိုအပ်တဲ့အဆင့်ကျော်ရင် အမှားဖြစ်သွားနိုင်တာပဲ” အဘိုးအိုသည် ကျောင်းကျွင်းဟန်ကို လှမ်းကာ ကြည့်ရှုပြီး ထပ်မံကာ မပြောဆိုတော့ချေ။

ဤသတင်းအချက်အလက် မှန်သည်ကို သူက သိရှိ၏။ သို့ပေမဲ့ လက်ရှိအခြေအနေတွင် ဤသတင်းအချက် အလက်များ အားလုံးသည် တစ်စုံတစ်ယောက်၏ အစီအစဉ် အစိတ်အပိုင်းများ ဖြစ်လျက်ရှိနေသည်ကို သူက သိရှိပြီးဖြစ်၏။ ထို့ကြောင့် သူက သေသေချာချာ ဂဃဏန ပြောဆို၍ မဖြစ်နိုင်တော့ချေ။ အခွင့်အရေးကို ရရှိရန် ကြိုးစားရင်း လွဲချော်သွားသူများသည် ကျိန်းသေပေါက် ၎င်းတို့၏ အသက်ကို ပေးဆပ်ရမှာ ဖြစ်၏။ သတင်းအချက်အလက်၏ မှန်ကန်မှုသည် လက်ရှိအခြေအနေတွင် အသုံးမဝင်လှချေ။ အရာအားလုံးသည် စီမံထားသည့်အတိုင်း ဖြစ်နေသည် မဟုတ်ပါလား။

ဆန်းကြယ်ဂိတ်သခင်သည် ထိုကဲ့သို့ ပြောဆိုလျက် ရှိ၏။ ဘာတစ်ခုမှ ထူးထွေသည့် အကြောင်းခြင်းရာများ ပါဝင်မနေသည်ကို ကျောင်းကျွင်းဟန်က ခံစားမိ၏။ လက်ရှိအခြေအနေတွင် သူစဉ်းစားရမည်မှာ ကွာစီအင်မော်တယ် အင်ပါယာ အခွင့်အရေးသည် မှန်သလား၊ မှားသလား ဆိုသည်ပင်။

“ဒီထက်ပိုပြီး သဲသဲကွဲကွဲ ပြောလို့မရဘူးလား။ အမှန်လား၊ အမှားလား” ကျောင်းကျွင်းဟန်သည် အကူအညီမဲ့စွာဖြင့် မေးမြန်းလိုက်၏။ ယခင်တုန်းက အခြေအနေမျိုးတွင် မှန်သလား၊ မှားသလား ဆိုသည်ကို ပြောဆိုခွင့်ရှိ၏။ သို့ပေမဲ့ လက်ရှိအခြေအနေတွင် ဆန်းကြယ်ဂိတ်သခင်သည် ထိုကဲ့သို့သော စကားများ မပြောဆိုရဲချေ။

“မှန်လား၊ မှားလား ဆိုတာက တာအိုရောင်းရင်းရဲ့ အတွေးပေါ်မှာပဲ မူတည်တယ်” အဘိုးအိုက တည်ငြိမ်စွာ ပြောဆိုလိုက်၏။

“ကောင်းပြီ” ကျောင်းကျွင်းဟန်သည် အဘိုးအိုကို ရည်ရွယ်ချက်ရှိရှိဖြင့် ကြည့်လိုက်၏။ သူသည် သွားကြားထဲမှ ထွက်ပေါ်လာသည့် အသံနှင့်အတူ ခက်ခက်ခဲခဲဖြင့် ပြောဆိုလိုက်သည်။ “ဒါဆိုရင် မှန်တယ်လို့ပဲ ကျုပ် ယုံကြည်လိုက်တော့မယ်”

ထိုစကားစုကို ကြားရချိန်၌ အဘိုးအို၏ အမူအရာသည် ပြောင်းလဲမှုတစ်ချက် မရှိချေ။

ကျောင်းကျွင်းဟန်သည် ထိုအပြုအမူကို မြင်ပြီးသည့်နောက် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်၏။ အဘိုးအိုသည် မငြင်းပယ်ခဲ့သောကြောင့် အမှန်ပင် ဖြစ်ရပေလိမ့်မည်။ အတည်ပြုခဲ့ပြီးသည့်နောက် အခြေအနေက ရှင်းလင်းသွားခဲ့၏။

ပထမဦးဆုံး လျှိုချင်းယုသည် ငရဲလောကနှင့် ပူးပေါင်းသွားခဲ့သည်။ နတ်ဘုရားလောက လျှိုကလန်ဆီမှ ဘုရင် သုံးပါးတို့သည် ထိုသူ၏ အနောက်သို့ လိုက်ပါရင်း ပျောက်ကွယ်သွားခဲ့၏။ ပြီးနောက် လျှိုကလန်သည် လျှိုချင်းယု၏ တိုက်ရိုက်မျိုးဆက်များကို သတ်ဖြတ်ခဲ့သည်။

လျှိုချင်းယုသည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ငရဲလောက အရှင်၏ အမွေအနှစ်များကို ရှာဖွေတွေ့ရှိခဲ့သောကြောင့် ငရဲလောကနှင့် ပူးပေါင်းသွားခဲ့ခြင်းလား။

လျှိုကလန်အတွင်း ဖြစ်နေသည့် အခြေအနေများ အားလုံးကို ပြန်လည်ကာ စဉ်းစားသုံးသပ်ပြီးသည့်နောက် ကြည့်ရသည်မှာ သူတွေးခေါ်နေသည့် အကြောင်းအရာများသည် အမှန်ပင် ဖြစ်မည်ဟု ခံစားမိ၏။ လျှိုချင်းယုသည် သစ္စာဖောက်သွားပြီဖြစ်၏။ ထို့ကြောင့် လျှိုကလန်တွင် ရှိနေသည့်လူများသည် ငြိမ်ငြိမ်သက်သက်နှင့် ထိုင်မနေနိုင်တော့ချေ။

ထို့အပြင် လျှိုချင်းယုသည် ငြိမ်ငြိမ်သက်သက်လည်း မနေခဲ့ချေ။ ကွာစီအင်မော်တယ် အင်ပါယာအဆင့် သတင်းအချက်အလက်ကို ဖြန့်ဝေခဲ့ပြီးသည့်‌နောက် လျှိုကလန်ကို အားလုံးသောသူတို့၏ ပစ်မှတ်အဖြစ် ဖြစ်တည်စေခဲ့၏။ ထိုမှသာလျှင် သူသည် လွတ်မြောက်ရန် အချိန် ရရှိမည် မဟုတ်ပါလား။

ဤကဲ့သို့သော တွက်ချက်မှုကို ပြုလုပ်ပြီးသည့်နောက် ကျောင်းကျွင်းဟန်သည် ဤအရာမှာ ကျိုးကြောင်း ဆီလျော်သည်ဖြစ်ကြောင်း နားလည်လိုက်မိ၏။ ကျောင်းကျွင်းဟန်သည် အဘိုးအိုကို လှမ်းကြည့်ကာဖြင့် တစ်လုံးချင်း မေးမြန်းလိုက်၏။ “တာအိုရောင်းရင်း… အရင်တုန်းက ပြောခဲ့သလိုပဲ ကွာစီအင်မော်တယ် အင်ပါယာအဆင့် အခွင့်အရေးကို ကျုပ်ရရှိဖို့အတွက် ခင်ဗျား ကူညီပေးမှာလား”

“အင်း.. အမှန်ပဲ” အဘိုးအိုက ခေါင်းညိတ်လိုက်သည်။

“ဒါဆိုရင်လည်း ကိစ္စဖြစ်ပြီ” ကျောင်းကျွင်းဟန်က ခိုင်မာစွာ ပြောဆိုလိုက်၏။

ဆန်းကြယ်ဂိတ်တံခါးမှ လူများသည် ကောင်းကင်၏ လျှို့ဝှက်ချက်များကို တွက်ချက်တတ်သည့် နေရာမှ လွဲလျှင် တခြား ဘာမှ အသုံးဝင်သည့်လူမျိုးများ မဟုတ်ချေ။ ဂိတ်သခင်၏ အကူအညီ မရှိသည်ဆိုပါက သတင်းအချက်အလက်၏ မှန်ကန်မှုများကို သူ မည်သို့ တွက်ချက်မည်နည်း။ တစ်ဖက်လူသည် တကယ်ပင် အသုံးဝင်လှ၏။ ၎င်းရှိမှာသာလျှင် ရှေ့ဆီသို့ သွားနိုင်မှာဖြစ်သည်။

များပြားလွန်းသည့် စကြဝဠာ အသီးသီးရှိ လောကအသီးသီးတို့တွင် မည်သူသည် သူ၏ပြိုင်ဘက် ဖြစ်မည်နည်း။ လျှိုကလန်လား။ လျှိုကလန်သည် သူ၏ နင်းတက်သွားရာ လှေကားထစ်များသာ ဖြစ်ပေလိမ့်မည်။ အနာဂတ်ကို ကြိုတင် မြင်ရပြီးသည့်နောက် သူသည် အရာအားလုံးကို တည်တည်ငြိမ်ငြိမ် စီမံနိုင်၏။ တခြားသောသူများသည် သူ့ကို ရင်ဆိုင်ဖို့မလွယ်ချေ။

“တာအိုရောင်းရင်း… ကွာစီအင်မော်တယ် အင်ပါယာ အမွေအနှစ် တည်ရှိတဲ့နေရာကို ခင်ဗျားသိလား” ကျောင်းကျွင်းဟန်သည် ရုတ်တရက် မေးမြန်းလိုက်၏။

“ဟမ်”

အဘိုးအို၏ မျက်နှာသည် နဝေတိမ်တောင် ဖြစ်သွားခဲ့၏။ သူသည် အကူအညီမဲ့စွာဖြင့် ပြောလိုက်သည်။ “ဒီဟာနဲ့ ပတ်သက်ပြီး ဒီအဘိုးကြီး မသိဘူးလေ”

“ဒါဆိုရင် ခင်ဗျား .... တွက်ချက်ကြည့်ရင်ကော” ကျောင်းကျွင်းဟန်က အကြံပြုလိုက်၏။

All Chapters