အခန်း (၆၉၆)
Vol. 47 Ch. 696
"တွက်ချက်ကြည့်ဖို့ ကြိုးစားကြည့်ရမှာလား"
အဘိုးအိုသည် တွန့်ဆုတ်သွားမိ၏။ ကျောက်စိမ်းကဲ့သို့သွယ်လျလွန်းသည့် လက်ကြီး၏ တိုက်ခိုက်ချက်ကို ပြန်လည်ကာ မြင်ယောင်ကြည့်မိ၏။ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ ကြက်သီးများပင် ပြန်လည်ကာ ထမိ၏။
သူ၏ လက်များကို ကောင်းကင်ယံဆီသို့ မြှောက်တင်ပြီးသည့်နောက် တွက်ချက်မှုကို စတင်ကာ ပြုလုပ်ပါက သူ၏ လက်များသည် သူပိုင်သည်သည့်အရာ မဟုတ်သည့် အခြေအနေထိ ရောက်ရှိ သွားနိုင်၏။ ပြိုင်ဘက်၏ အားအင်အဆင့် သည် သူယှဉ်ပြိုင်နိုင်သည့် အရာမျိုးမဟုတ်ပေ။
တစ်ဖက်လူသည် ဆန္ဒရှိသည်ဆိုပါက သူ့ကို လွယ်လွယ်ကူကူဖြင့် ရိုက်နှက်သတ်ဖြတ်နိုင်၏။ စောနတုန်းက ပင်လျှင် သူသည် အသေးစား ဒဏ်ရာရရှိခဲ့သည်။ ထိုသို့ဆိုလျှင်တောင် တစ်ဖက်လူသည် အားအင်အပြည့်ကို ထုတ်ဖော်ခြင်းမဟုတ်ဘဲ အမှတ်မထင်ဆိုသလို ရိုက်နှက်ခဲ့ခြင်းဖြစ်သည်။
သူသည်သာ နောက်ထပ်တွက်ချက်ရန် ကြိုးစားခဲ့ပါက ဖြစ်ပေါ်လာမည့် ရလဒ်သည် ခန့်မှန်း၍ မရနိုင်သည့် အခြေအနေဆီသို့ပင် ရောက်ရှိသွားနိုင်၏။
"ခင်ဗျားအခက်အခဲရှိလို့လား။" ကျောင်းကျွမ်းဟန်သည် ဇဝေဇဝါနှင့် မေးမြန်းလိုက်သည်။
ဆန်းကြယ်ဂိတ်သခင်၏ ဂုဏ်သိက္ခာသည် တကယ်ပင် ကြီးမားလွန်း၏။ အင်မော်တယ် လောကတွင်သာမက နတ်ဘုရား လောကနှင့် တခြားအားကောင်းသည့် လောကအသီးသီးတို့တွင်ပင် ပျံ့နှံ့လျက် ရှိနေ၏။
ဆန်းကြယ်ဂိတ်သခင်အနေနှင့် စိုးရိမ်ပူပန်မှုပုံ ပေါ်နေခြင်းမှာ ပုံမှန် မဟုတ်ချေ။ ဤတစ်ကြိမ် ဘာတွေ ဖြစ်ပျက်ခဲ့သနည်း။ တစ်ဖက်လူသည် နတ်ဘုရား ပြစ်ဒဏ်ကို ကြောက်လန့်နေလေသည်လား။ ဤကဲ့သို့ ကြောက်လန့်သည်ဆိုပါက ဆန်းကြယ်ဂိတ်တံခါးဂိုဏ်းထဲမှ မြန်မြန်ဆန်ဆန် ထွက်ခွာသွားသင့်၏။ ထို့ပြင် လက်ရှိ အသုံးပြုနေသည့် နည်းစနစ်များကိုလည်း အသုံးမပြုသင့်တော့ချေ။
ထိုသို့ဆိုလျှင် ဆိုးဝါးသည့် နတ်ဘုရားအပြစ်ဒဏ် ကျရောက်လိမ့်မည် မဟုတ်ချေ။ ဆန်းကြယ်ဂိတ်တံခါးဂိုဏ်း မှအဖွဲ့ဝင်များအတွက် နတ်ဘုရား အပြစ်ဒဏ်ကို ရင်ဆိုင်ရခြင်းမှာ သာမန်ကိစ္စ ဖြစ်သင့်သည်။ ထိုအရာကို သိရှိသည် ဆိုမှတော့ အဘယ့်ကြောင့် ကြောက်လန့် နေရသနည်း။ သို့ပေမဲ့လက်ရှိ ဆန်းကြယ်ဂိတ်သခင်သည် ကျိန်းသေပေါက် အသက်ရှင်ရန် ရည်မှန်းချက်ကို ထားရှိလို့ နေ၏။
ဆန်းကြယ်ဂိတ်သခင် မကူညီပါက သူသည် ကွာစီ အင်မော်တယ် အင်ပါယာ ဖြစ်လာမည် မဟုတ်ချေ။ ထိုသို့ဆိုလျှင် တစ်ဖက်လူ၏ အပြစ်ဒဏ်ကို ကူညီပေးနိုင်စွမ်း ရှိလိမ့်မည်လည်း မဟုတ်ချေ။ ကျောင်းကျွင်းဟန်သည် ခဏလောက် စဉ်းစားပြီးသည့် နောက် ဖြေးညင်းစွာ ပြောလိုက်သည်။
"ခင်ဗျား အခက်အခဲ ရှိတယ်ဆိုရင် အားမနာဘဲ ပြောစရာရှိတာသာပြောပါ။ ကျုပ် ကူညီနိုင်တာဆိုရင် ကျိန်းသေပေါက် ကူညီပေးပါ့မယ်။"
"မဟုတ်သေးဘူး"
အဘိုးအိုသည် နာနာကျင်ကျင်နှင့် ပြန်လည်ပြောဆိုရင်း ခေါင်းကို ခါယမ်းလိုက်၏။
"ဒါဆိုရင် ဘာ့ကြောင့်လဲ" ကျောင်းကျွင်းဟန်က ထပ်မံ မေးမြန်းလိုက်သည်။
အဘိုးအိုသည် တွန့်ဆုတ်နေမိ၏။ တစ်ချို့အရာများသည် ထုတ်ဖော်ပြောဆို၍ရသည့် အရာမျိုး မဟုတ်ချေ။ အဘယ့်ကြောင့်ဆိုသော် ကောင်းကင်၏ လျှို့ဝှက်ချက်များ ဖြစ်နေသောကြောင့်ပင်။
စောဏတုန်းက ကြုံခဲ့ရသည့် မတော်တဆမှုများသည် သူ့ကိုကျိန်းသေပေါက် အံ့အားသင့်စေခဲ့ပြီး စိုးရွံ့စေခဲ့၏။ နောက်ကွယ်တွင် ရှိနေသည့် လက်ကြီး၏ အားအင်အဆင့်သည် ကြောက်မက်ဖွယ်ရာ ကောင်းကြောင်း အတိအကျ သိရှိနေ၏။
တစ်ဖက်လူ၏ အားအင်အဆင့်သည် မည်မျှရှိကြောင်း သူသေသေချာချာ မသိရှိသော်လည်း ကျိန်းသေပေါက် သူ့ထက် သာလွန်းသည်မှာတော့ သေချာသည်။ အင်မော်တယ်ဘုရင်အဆင့် ထိပ်ဆုံးအဆင့် ကျင့်ကြံသူပင်လျှင် တစ်ဖက်လူကို ယှဉ်ပြိုင်နိုင်လိမ့်မည်မဟုတ်ချေ။
တစ်ဖက်လူသည် ကွာစီအင်မော်တယ် အင်ပါယာ တစ်ယောက်ပင် ဖြစ်ကောင်း ဖြစ်နိုင်၏။ ကွာစီ အင်မော်တယ် အင်ပါယာများသည် ရှားပါးသော်လည်း အားလုံး သေဆုံးသွားပြီဟု မည်သူမှ ကံသေကံမ အတပ်ပြော၍ မရနိုင်ချေ။ အထူးသဖြင့် ရှေးငရဲလောက၏ တိုက်ပွဲကြီးတွင် အသက်ရှင် ကျန်ရစ်ခဲ့သူ ရှိကောင်းရှိနိုင်သည်။
အချိန်များ ပြောင်းလဲပြီးသည့်နောက် ၎င်းတို့၏ နာမည်များသည် အားလုံးသော သူများ၏ မှတ်ဉာဏ်ထဲမှ ပျောက်ဆုံးသွားကောင်း၊ ပျောက်ဆုံးသွားနိုင်သည်။
တခြားသောသူများသည် ကျင့်ကြံခြင်းအဆင့်တွင် သူ့ထက် သာလွန်နေလျှင်တောင် တွက်ချက်မှု၌ သူ့ထက်သာလွန်သူဟူ၍ တစ်ယောက်မှမရှိချေ။ အချိန်၏ မြစ်ရေစီးကြောင်းကို ချိုးဖျက်နိုင်စွမ်းရှိနေသည့် ကွာစီအင်မော်တယ် အင်ပါယာသာလျှင် သူ၏ တွက်ချက်မှုအောက်မှ လွတ်မြောက်ပေလိမ့်မည်။ ပြိုင်ဘက်သည် ကွာစီအင်မော်တယ် အင်ပါယာ ဖြစ်နေသောကြောင့်သာ ဖြစ်ပေမည်။
တစ်ဖက်လူ၏ နောက်ခံကို မထုတ်ဖော်ခြင်းကသာလျှင် သူ့အတွက် အကောင်းဆုံး ဖြစ်လိမ့်မည်ဟု အဘိုးအိုက ဆုံးဖြတ်ချက ချလိုက်၏။
အဘိုးအို၏ မျက်နှာပေါ်၌ ပေါ်နေသော ဝေခွဲမရသည့် အမူအရာများနှင့်ပတ်သက်၍ ကျောင်းကျွင်းဟန် သည် သေသေချာချာ နားမလည်သလို ခံစာနေမိသည်။ ကြည့်ရသည်မှာ တစ်စုံတစ်ခုကို ဖုံးကွယ်ထားချင်ပုံပေါ်သည်။
ထိုအရာသည် ကွာစီအင်မော်တယ် အင်ပါယာ ဖြစ်ရန် အခွင့်ရေး ဖြစ်နေလေသည်လား။ မောင်ပိုင်စီးရန် ကြိုးစားနေခြင်းလား။ ထိုသို့လည်း ဟုတ်မည့်ပုံ မပေါ်ချေ။ အဘိုးအို၏ အားအင်အဆင့်သည် အလွန် နိမ့်ကျ၏။ အင်မော်တယ် ဘုရင်အဆင့်ကို ယခုမှ ရောက်ရှိလာသူဖြစ်ပြီး ကွာစီအင်မော်တယ် အင်ပါယာ ဖြစ်ဖို့ဆိုသည်မှာ အလွန်တရာ အလှမ်း ဝေးကွာလွန်း၏။
အခွင့်အရေးကို ရရှိသည်ဆိုလျှင်တောင်မှ အချိန်အတိုင်းအတာ တစ်ခုအတွင်း အဆင့်ချိုးဖျက်ဖို့ မဖြစ်နိုင်ချေ။ ထိုသို့ဆိုမှတော့ အဘိုးအို၏ တွေဝေ နှောင့်နှေးနေမှုများသည် အခြားအကြောင်းအရာကြောင့်သာ ဖြစ်ရပေမည်။
"တာအိုရောင်းရင်း"
ကျောင်းကျွင်းဟန်သည် သက်ပြင်းချပြီးနောက် အကူညီမဲ့သလို ပြောဆိုလိုက်သည်။ "တကယ်လို့ နတ်ဘုရား ကပ်ဘေးကသာ…."
ထိုအချိန်မှာတော့ ကျောင်းကျွမ်းရန်က ရပ်တန့်လိုက်သည်။ သူသည် ထပ်မံကာ မပြောချင်တော့ပေ။ တကယ်တမ်းမှာတော့ ကွာစီအင်မော်တယ် အင်ပါယာ တစ်ယောက် ဖြစ်လာမည်ဆိုလျှင်တောင်မှ နတ်ဘုရားအပြစ်ပေးမှုကို ခုခံဖို့ ဆိုသည်မှာ လွယ်ကူမည် မဟုတ်ကြောင်း သူက သေချာသိရှိ၏။
"ဟင်း …."
အဘိုးအိုသည် မျက်ခုံးကိုပင့်ပြီးနောက် ကျောင်းကျွင်းဟန်ကို သေသေချာချာ ကြည့်ရှုလိုက်၏။ ပြီးနောက် သက်ပြင်းချလိုက်၏။ "အင်း …. ကျုပ်တခြား တွက်ချက်မှုတစ်ခုကို လုပ်ပေးမယ်။ အဖြေ သိရမလား၊ မသိရဘူးလား ဆိုတာတော့ ကျုပ် မသိဘူး"
"ကောင်းပါပြီ "
ကျောင်းကျွင်းဟန်က ခေါင်းညိတ်လိုက်၏။ သူသည် အဘိုးအို၏ ခက်ခဲမှုကို သေသေချာချာ နားလည်လာ၏။ ကောင်းကင်၏ လျှို့ဝှက်ချက်များကို တွက်ချက်ခြင်းဆိုသည်မှာ သေဆုံးသွားနိုင်သည်။
ခဏလောက်ကြာပြီးသည့်နောက် အဘိုးအိုသည် လက်စည်းသင်္ကေတ တစ်ခုကို ပြုလုပ်လိုက်၏။ ၎င်း၏ လက်ထဲရှိ အဝါရောင် ကျမ်းစာရွက်သည် အလင်းတန်းများ ထွန်းတောက်လာခဲ့၏။ ထိုစာရွက်ဆီမှ စာလုံးများ တစ်ခုပြီးတစ်ခု ခုန်ထွက်လာ၏။ ထိုအရာသည် ချည်မျှင်ကြီးများကဲ့သို့ပင် ကောင်းကင်ယံ၌ လိမ်ယှက်လာ၏။
ဤအချိန်မှာတော့ ကျောင်းကျွင်းဟန်သည် အပြင်ဘက်သို့ ထွက်ခွာသွားခဲ့ပြီဖြစ်၏။ အဘိုးအို တစ်ယောက်တည်းသည်သာ တည်နေရာ၌ ကံကြမ္မာ တွက်ချက်လျက် ရှိနေသည်။
"ဘုန်း"
အသံတစ်ခုက ပဲ့တင်ထပ်လာ၏။ သွေးများသည် တည်နေရာအနှံ့ဆီသို့ လွင့်စင်သွားခဲ့၏။ ဘာမှန်း မသိသေးခင်မှာပဲ တည်နေရာ တစ်ခုလုံးက တုန်ခါသွား၏။ မိုးကောင်ကင်ရှိ ကြယ်များသည် တစ်စစီ ပျက်စီးသွားခဲ့ပြီး အဘိုးအို၏ ခန္ဓာကိုယ်သည်လည်း ပြင်းပြင်းထန်ထန် ထိခိုက်သွားခဲ့ပုံပေါ်၏။
၎င်းသည် မြန်မြန်ဆန်ဆန်ဆိုသလိုပဲ မျက်လုံးကို ဖွင့်ပြီး ပြန်လည် ထိန်းချုပ်လိုက်သည်။ သို့ပေမဲ့ သွေးတစ်လုတ် အန်ထုတ်လိုက်မိ၏။ လက်ရှိအခြေနေတွင်တော့ ပတ်ဝန်းကျင် တည်နေရာကြီးတစ်ခုလုံး ပြောင်းလဲသွားခဲ့ပြီ ဖြစ်ကြောင်း သူ သိရှိ၏။ သူသည် ကျောင်းကျွင်းဟန်နေထိုင်သည့် ရွက်ဖျင်တဲဆီသို့ ပြန်လည်ကာ ရောက်ရှိသွားရမည့်အစား တည်နေရာ တစ်ခုဆီသို့ ရောက်ရှိသွားသည်။