← Chapters

အခန်း (၆၉၇)

Vol. 47 Ch. 697

အခန်း (၆၉၇)

Vol. 47 Ch. 697

တည်နေရာတစ်ခုလုံးသည် အဖြူရောင်မြူများနှင့် ဖုံးလွှမ်းလျက် ရှိနေပြီး မိမိ၏ အရှေ့ ကိုးမီတာခန့်ကိုပင် မြင်နိုင်စွမ်း မရှိချေ။ အင်မော်တယ်ဘုရင်အဆင့် နတ်ဘုရား အသိအမြင်များပင်လျှင် ထိုမြူများကို ထွင်းဖောက်ကာ မကြည့်ရှုနိုင်ပေ။

"မဟုတ်သေးပါဘူး"

အဘိုးအို၏ အမူအရာက ပြောင်းလဲသွားခဲ့၏။ သူသည် နတ်ဘုရားသိစိတ်ကို ထုတ်လွှင့်ပြီး ပတ်ဝန်းကျင်တည်နေရာတစ်ခုလုံးကို စစ်ဆေးလိုက်မိ၏။ သို့ပေမဲ့ ရုတ်တရက်ဆိုသလိုပဲ သူ၏ နတ်ဘုရား အသိစိတ်များ မရှိတော့သည် သာမက သူ၏ ကျင့်ကြံခြင်းအဆင့်များပါ ပျောက်ကွယ်သွားကြောင်း သိရှိလိုက်ရသည်။

"ဘာတွေ ဖြစ်ကုန်တာလဲ"

အဘိုးအိုသည် ကြောက်လန့်သွားမိ၏။ စောဏတုန်းက သူသည် ဆန့်ကျင်တိမ်ကောင်းကင် လျှို့ဝှက်ချက်နည်းစနစ်ကို အသုံးပြုပြီး ကံကြမ္မာဖတ်ခဲ့၏။

သို့ပေမဲ့ အဘယ့်ကြောင့် မျက်စိတစ်မှိတ်အတွင်း ဤဘာမှန်းမသိသည့် တည်နေရာဆီသို့ ရောက်ရှိ လာရသနည်း။ ဤ အရာသည် အဝါရောင်ကျမ်းစာဆီမှ ပေါ်ပေါက်လာသည့် အရာတစ်ခု မဟုတ်တာ ကျိန်းသေသည်။

တစ်စုံတစ်ယောက်သည် သူ့အား သာမန်ထက်ပိုသော နည်းစနစ်များကို အသုံးပြုကာဖြင့် ဤနေရာဆီသို့ ခေါ်ဆောင်လာပုံပေါ်၏။ ဘာတွေ ဖြစ်ကုန်သနည်း။

သူသည် ရှေ့တွင် ရှိနေသော လူတစ်ယောက်ကို လှမ်းကြည့်လိုက်မိသည်။

"စီနီယာ"

အဘိုးအိုသည် သတိအပြည့်နှင့် ပြောဆိုလိုက်၏။ သူသည် သာမန်ထက်ပိုလွန်းလှသည့် ကျင့်ကြံသူ တစ်ယောက် နှင့် ကြုံနေရကြောင်း သတိပြုမိ၏။ ယခုကဲ့သို့သောအရာများကို ပြုလုပ်နိုင်သူသည် မကြာသေးခင်က သူ့ကို တိုက်ခိုက်ခဲ့သည့် လက်ပိုင်ရှင်ပဲ ဖြစ်ရပေလိမ့်မည်။

တစ်ဖက်လူသည် မိုးကောင်းကင်၏ တားမြစ်ချက်များကို မထုတ်ဖော်ရန် တားမြစ်ခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းလွန်း၏။

သူ့ကို ဤနေရာသို့ ခေါ်ဆောင်လာဖို့ဆိုသည်မှာ ကျိန်းသေပေါက် ကွာစီအင်မော်တယ် အင်ပါယာ တစ်ယောက် မဟုတ်လျှင်တောင်မှ ကွာစီအင်မော်တယ် အင်ပါယာ တစ်ယောက်ဖြစ်ရပေမည်။

"စီနီယာ"

အဘိုးအိုသည် အသာမေးမြန်းလိုက်၏။ သို့ပေမဲ့ မည်သည့် တုံ့ပြန်မှုကိုမှ မရခဲ့ချေ။ ပတ်ဝန်းကျင်၌ ရှိနေသည့် မြူများကသာလျှင် ပိုမိုများပြားလာခဲ့၏။ တည်နေရာတစ်ခုလုံးက တိတ်ဆိတ် ငြိမ်သက်လျက် ရှိ၏။

အဘိုးအိုသည် မသေချာ မရေရာ သလိုပင် ခံစားလာမိ၏။ သူသည် ရှေ့ဆီသို့ လှမ်းတက်လိုက် စစ်ဆေးကြည့်လိုက်တော့ အစီရင်တစ်ခုထဲသို့ ရောက်ရှိနေခြင်း မဟုတ်ကြောင်း သတိပြုမိ၏။ ထို့ကြောင့် စိတ်သက်သာရာရသလို သက်ပြင်းချလိုက်မိသည်။

တစ်ဖက်လူသည် သူ့ကို ထိခိုက်အောင် ပြုလုပ်ရန် ရည်ရွယ်ချက်ရှိပုံ မပေါ်ချေ။ ထို့ကြောင့် အားတင်းပြီး ရှေ့ဆီသို့ လှမ်းလျောက်လိုက်၏။ မည်မျှကြာကြာ လျှောက်နေမိသည် မသိချေ။ အဆုံးမဲ့ လမ်းတစ်ခုကို လျှောက်နေရသလိုပင်။ ကျွန်းကြီးတစ်ကျွန်းပေါ် ရောက်နေသလို ခံစားနေမိသည်။

မိုင်သောင်းနှင့်ချီသည့် အကွာဝေးသည် သာမန် ကျင့်ကြံသူများအတွက် အကန့်အသတ်မဲ့သော်လည်း အင်မော်တယ် ဘုရင်တစ်ယောက် အတွက်တော့ ဤအရာသည် သာမန်သာဖြစ်၏။ သို့ပေမဲ့ လက်ရှိအဘိုးအို၌ ကျင့်ကြံခြင်း အဆင့် မရှိချေ။ ထို့ကြောင့် မိုင်ထောင်နှင့်ချီသည့် ကျွန်းကြီးသည် သူ့အတွက် အိပ်မက်ဆိုးကြီး တစ်ခုကဲ့သို့ပင်။ သူသည် တည်နေရာတစ်ခုလုံးကို သေသေချာချာ လှမ်းကြည့်လျက်ရှိ၏။

ထိုနေရာတွင်တော့ ကျောက်စိမ်းဖြူများနှင့် သွန်းလုပ်ထားသည့် နန်းဆောင်တစ်ခုရှိနေသည်ကို သူက မြင်ရ၏။ ကောင်းကင်နှင့် မြေပြင်ကြားထဲတွင် သူသည် သူ၏ ခြေသံတစ်ခုတည်းကိုသာ ကြားနေရသည်။

လူများ သွားလာလျက်ရှိနေ​သလို အသံများ ကြားရသော်လည်း လူများကို မမြင်ရချေ။ သူထိုလူများကို မမြင်ရချေ။ ကြည့်ရသည်မှာ ဤမြို့ကြီးသည် ဝိညာဉ်များ၊ သရဲများ နေထိုင်သကဲ့သို့ပင်။

"စီနီယာ"

အဘိုးအို၏ စိတ်ထဲတွင်ရှိနေသည့် အဆင်မပြေမှုများသည် ပိုမိုကာ တိုးတက်လာခဲ့၏။ သူသည် နေရာလွတ် တစ်ခုဆီသို့ အသာဦးညွတ်ကာ အော်ဟစ်လိုက်၏။

"စီနီယာ …. စီနီယာ့ကို အမှတ်မထင် ရန်ပြုမိပါတယ်။ စီနီယာ့အနေနဲ့ ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်။ ရိုင်းပြမိတယ်ဆိုရင် ကျုပ်ဒီနေရာက ထွက်သွားပြီးတာနဲ့ လေးလေးနက်နက် တောင်းပန်ပါ့မယ်"

အသံသည် တည်နေရာတစ်ခုလုံးကို ပဲ့တင်ထပ်သွားခဲ့သည်။

ငါ့ကို ဒီနေရာမှာ ဖမ်းချုပ်ထားဖို့ ရည်ရွယ်တာများလား။

အဘိုးအိုသည် စိတ်ပျက်လက်ပျက် ဖြစ်မိနေ၏။ သူသည် အစောကြီးတည်းက သေသေချာချာ တွက်ချက်ပြီးသားဖြစ်၏။ သို့သော် ဤသို့ ဖြစ်လိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။

"ကျုပ် ကောင်းကင်ရဲ့ လျှို့ဝှက်ချက်တွေကို တွက်ချက်မှာ စီနီယာ စိုးရိမ်နေတာလား။ ဒါပေမဲ့ ကျုပ်ဘာတွေ တွက်ချက်မိလို့လဲ။ ကျုပ်ဘာမှ မသိခဲ့ပါဘူး။ "

အဘိုးအိုသည် အဆက်မပြတ်ဆိုသလို တောင်းပန်လျက်ရှိသည်။ သူသည် စောဏတုန်းက တွက်ချက်ခဲ့သည့် အကြောင်းအရာများကိုပြန်လည်ကာ စဉ်းစားလိုက်၏။ သို့ပေမဲ့ မည်သည့်သဲလွန်စကိုမှ သူ မဖမ်းဆုပ်မိခဲ့ချေ။

"စီနီယာ"

အဘိုးအိုသည် ထပ်မံပြောရန် ပြင်လိုက်ပေမဲ့ သူ မပြောရသေးခင်မှာပဲ သူ့ရှေ့တွင်ရှိနေသည့် အဖြူရောင်မြူများ ပျောက်ကွယ်သွားသည်ကို သတိပြုလိုက်မိ၏။

မနီးမဝေးတွင် ရှေးနန်းဆောင်ကြီးတစ်ခုက ပေါ်ပေါက်လာ၏။ ထိုအရာဆီမှ ရောင်စဉ်အလင်းတန်းများ ပေါ်ပေါက်လျက်ရှိနေပြီး ကောင်းကင်တာအို၏ နိယာမများသည် ထွန်းတောက်လျက် ရှိနေ၏။ နန်းဆောင်ကြီးသည် အချိန်၏ မြစ်ရေစီးကြောင်းထက်တွင် မားမားမတ်မတ် ရပ်တန့်လျက်ရှိနေသည်။

အတိတ် ၊အနာဂတ် ၊ ပစ္စုပ္ပုန်….အရာအားလုံးကို ဖိနှိပ်ထား၏။

"ဒါဘာကြီးလဲ"

အဘိုးအိုသည် တုန်ယင်သွားခဲ့၏။ သူသည် မျက်လုံးကို သေသေချာချာ ပွတ်သပ်ပြီး အရှေ့တွင်ရှိနေသော နန်းဆောင်ကြီးကို ကြည့်ရှုလိုက်၏။ နန်းဆောင်ကြီးသည် အလွန်တစ်ရာ ဆန်းကြယ်လွန်းလှသည်။ သို့ပေမဲ့ ရိုးရှင်းလှပုံလည်း ပေါ်သည်။

အဘိုးအိုက တီးတိုး ရေရွတ်လိုက်၏။ သူသည် နန်းဆောင်၏ ရှေ့တွင် ရှိနေသည့် စာတမ်းကို ဖတ်ရှုနေခြင်းပင်။ ထိုပေါ်၌ ရေးသားထားသည့် စာလုံးမှာ ကောင်းကင်၏ လျှို့ဝှက်ချက်ဟူ၍ပင် ဖြစ်၏။

ထိုအချိန်မှာပဲ အသံတစ်ခုကရှင်းလင်းစွာ ပေါ်ပေါက်လာခဲ့​သည်။ "ခင်ဗျားရဲ့ အမြင်အာရုံက တကယ့်ကို ညံ့တာပဲ"

"စီနီယာ"

အဘိုးအိုသည် မျက်လုံးကို ထပ်ပွတ်လိုက်၏။ သူသည် နန်းဆောင်၏ အတွင်း၌ မတ်မတ်ရပ်လျက် ရှိနေသည့် အစိမ်းရောင် ဝတ်စုံနှင့်လူကို မြင်လိုက်ရ၏။

၎င်းသည် အရပ်ရှည်ရှည် ပိန်သွယ်သွယ်နှင့်ဖြစ်ပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်တန့်နေသည်။ လောက၏ အလယ်ဗဟိုတွင် ရပ်တန့်နေသကဲ့သို့ သူ့ကို မည်သူကမှ လျစ်လျူရှု၍ မရနိုင်ချေ။

"ကျုပ်ကို ဒီနေရာဆီ ခေါ်လာတာ စီနီယာလား"

အဘိုးအိုသည် လှမ်းကာ မေးမြန်းလိုက်၏။ ပြောနေတုန်းမှာပဲ သူသည် တစ်ဖက်လူကို မသိမသာ စူးစမ်းနေမိ၏။ ကံဆိုးစွာဖြင့် တစ်ဖက်လူ၏ မျက်နှာတွင် နတ်ဘုရား အလင်းတန်းများ ထွန်းတောက်လျက် ရှိနေသောကြောင့် သေသေချာချာ မမြင်ရချေ။

ပိုမိုကာ ကြည့်ရှုရန်ကြိုးစားလေ သူ၏ စိတ်နှလုံး တစ်ခုလုံးက တုန်ယင်လာလေပင်။ သူ့ရှေ့မှ စီနီယာသည် အချိန်၏ မြစ်ရေစီးကြောင်းထဲမှ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ အစစ်အမှန်လား ပုံရိပ်ယောင်လားပင် ခွဲခြားရန် ခက်ခဲလွန်းနေ၏ ။

All Chapters