← Chapters

အခန်း (၆၉၈)

Vol. 47 Ch. 698

အခန်း (၆၉၈)

Vol. 47 Ch. 698

“ဟုတ်တယ်။ အမှန်ပဲ” ကြည်လင်ရှင်းလင်းသည့် အသံတစ်ခုက ပြန်လည်ကာ ဖြေဆိုလာ၏။

ထိုစကားကို ကြားရချိန်မှာတော့ အဘိုးအိုသည် စိတ်နှလုံးတစ်ခုလုံး တင်းကျပ်သွားခဲ့၏။ သူသည် ခဏလောက် တွန့်ဆုတ်ပြီးနောက် ပြန်လည်ကာ မေးမြန်းလိုက်သည်။ “စီနီယာ… ကျုပ်ကို ဘာလို့ ဒီနေရာကို ခေါ်လာတာလဲဆိုတာ သိပါရစေ”

တစ်ချိန်တည်းမှာပဲ အဘိုးအိုသည် သူ၏ လက်ရှိ တွက်ချက်မှုအကြောင်းနှင့် ပတ်သက်၍ တွေးတောနေမိ၏။ ထို့ကြောင့် သူက မြန်မြန်ဆန်ဆန် ပြောဆိုလိုက်၏။ “စီနီယာကို ဒီနည်းလမ်းနဲ့ ရန်ပြုမိတာမျိုး ဆိုရင် ကျုပ်ကို ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”

လက်ရှိအခြေအနေမှာတော့ ကွာစီအင်မော်တယ် အင်ပါယာ သတင်းသည် ဤဆန်းကြယ်သော လူ စီမံဆောင်ရွက်ထားသည့် ကိစ္စရပ်ဖြစ်ကြောင်း အဘိုးအိုက သိရှိနားလည်သွား၏။ တစ်ဖက်လူ၏ ရည်မှန်းချက်ကို သူ သေသေချာချာ ရှင်းရှင်းလင်းလင်း မသိချေ။ သို့ပေမဲ့ သူ၏ တွက်ချက်မှုများကို တားဆီးခဲ့ခြင်းသည် ဤအကြောင်းအရာသာ ဖြစ်ပေလိမ့်မည်။

သူ၏ တွက်ချက်မှု၌ မမြင်သင့်သည့် အရာများကို သူ မြင်ခဲ့ရ၏။ ထို့ကြောင့်ပင်လျှင် စီနီယာသည် ရည်ရွယ်ချက်ရှိရှိနှင့် သူ့အား ဤနေရာသို့ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်ရပေလိမ့်မည်။ ၎င်း၏ နှလုံးသားထဲတွင် ဆိုးရွားသည့် နောင်တ တရားများနှင့် ပြည့်နှက်နေခဲ့၏။

ဆန်းကြယ်ဂိတ်တံခါး၏ ဂုဏ်သိက္ခာသည် တကယ်ပင် ကြီးမား၏။ သို့ပေမဲ့ သူ၏ ရှေ့တွင် ရှိနေသည့် စီနီယာ မှာမူ ကြောက်မက်ဖွယ်ရာကောင်းသည့် ကျင့်ကြံသူတစ်ယောက် ဖြစ်ပုံပေါ်၏။ သူ၏ အစီအစဉ်ကို ဖျက်ဆီးရန် ရည်ရွယ်ချက် ရှိသောကြောင့် ကျိန်းသေပေါက် သူ့အား လက်လွှတ်ပေးလိမ့်မည် မဟုတ်ချေ။

“ဘယ်လို ရန်ပြုမိတာလဲ ဟုတ်လား”

ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အတွင်းမှာတော့ လီယွင်သည် လက်နှစ်ဖက်ကို အနောက်သို့ ပစ်ပြီး အရှေ့တွင် ရှိနေသည့် အဘိုးအိုကို ကြည့်ရှုလိုက်၏။ သူသည် ခေါင်းကို အသာခါယမ်းကာ ပြောလိုက်သည်။ “ခင်ဗျားက ကျုပ်ကို ဘာတစ်ခုမှ ရန်မပြုမိခဲ့ပါဘူး”

“မပြုမိဘူး ဟုတ်လား”

အဘိုးအိုသည် ခေါင်းမော့ရင်း ဇဝေဇဝါ ဖြစ်လို့နေ၏။ “ကွာစီအင်မော်တယ် အင်ပါယာ သတင်းအချက်အလက် က စီနီယာ ရည်ရွယ်ချက်ရှိရှိနဲ့ ဖြန့်ထားခဲ့တဲ့ အကြောင်းအရာ မဟုတ်ဘူးလား”

သူ၏ မျက်လုံးထဲတွင်တော့ ကွာစီအင်မော်တယ် အင်ပါယာဆိုသော သတင်းအချက်အလက်သည် များပြား လှသည့် လောကအသီးသီးမှ အင်မော်တယ်ဘုရင်များ လိုချင်သည့်အရာ ဖြစ်ခဲ့၏။ ထို့ကြောင့် ထိုလူများ အားလုံးတို့သည် စစ်တုရင်ရုပ်များကဲ့သို့ တခြားသောသူ၏ စီမံချုပ်ကိုင်မှုကို ခံရမည့် လူများ ဖြစ်လာခဲ့သည်။ သံသယရှိစရာပင် မလိုချေ။ ကောင်းမွန်သည့် စစ်တုရင် ကစားပွဲတစ်ခု ဖြစ်ပေလိမ့်မည်။

ဆန်းကြယ်ဂိတ်သခင်အနေနှင့် ကောင်းကင်၏ လျှို့ဝှက်ချက်များကို တွက်ချက်ရာတွင် ကျွမ်းကျင်သည် ဆိုသော်လည်း သံသယရှိစရာ မလိုအောင်ဘဲ ဤနေရာ၌ အခွင့်အရေးကို ဝင်ရောက် ယူငင်နိုင်သည့်လူမျိုး မဟုတ်ချေ။

တွေးကြည့်ပြီးသည့်နောက် အဘိုးအိုသည် မည်သို့မှ မနေနိုင်ဘဲ ဇောချွေးများပင် ပျံလာ၏။ ဤစီနီယာသည် သူ၏ အတွေးကို သိရှိနေသည်လား။ ထိုသို့ဆိုလျှင် သူသည် နတ်ဘုရားအပြစ်ပေးမှုကိုပင် စောင့်မျှော်နေစရာ မလိုဘဲ တစ်ခါတည်း သေဆုံးသွားနိုင်သည်။

“ကွာစီအင်မော်တယ် အင်ပါယာဆိုတဲ့ သတင်း”

လီယွင်သည် မျက်ခုံးကိုပင့်ပြီး ဇဝေဇဝါဖြင့် ပြန်လည်ကာ ပြောဆိုလိုက်၏။ “ဒီအချက်အလက်တွေကို ခင်ဗျား ရခဲ့ပြီလား”

“အမ်”

အဘိုးအို၏ မျက်နှာပေါ်ရှိ ကြွက်သားများက တုန်ယင်သွားခဲ့၏။ အ ချက်အလက်တွေ ရခဲ့ပြီလား ဆိုသည့် မေးခွန်းသည် မည်သည့်အဓိပ္ပာယ် ဖြစ်သနည်း။ လုံလောက်သည့် သတင်းအချက်အလက်များ တည်ရှိနေသေး သည်လား။ သူ၏ နှလုံးသားထဲတွင်တော့ ကြီးမားသည့် ပေါင်တူကြီးနှင့် ထုနှက်ခံလိုက်ရသလိုပင် တဝုန်းဝုန်း နှင့် လှုပ်ခါလျက် ရှိနေသည်။

လက်ရှိ နတ်ဘုရားလောက သို့မဟုတ် အင်မော်တယ်လောက မည်သည့်နေရာတွင်မဆို ဤသတင်း အချက်အလက် က ပြန့်နှံ့နေပြီဖြစ်၏။ ထိုအခြင်းအရာ၏‌ နောက်ကွယ်တွင် ရှိနေသည့် အကြောင်းအရာကို မသိသူဟူ၍ မရှိလုနီးပါးပင်။ ကွာစီအင်မော်တယ် အင်ပါယာ သတင်းကို သိရှိခဲ့သည့် အင်မော်တယ်ဘုရင်သည် ဤစီနီယာ၏ ထောင်ချောက်ထဲသို့ ရောက်ရှိနှင့်နေသူ ဖြစ်ရပေမည်။

“ဟင်း.. ခင်ဗျားရဲ့ လုပ်နိုင်စွမ်းကို ကျုပ် အထင်ကြီးခဲ့မိပုံပေါ်တယ်” လီယွင်သည် ခေါင်းကို ခါယမ်းကာဖြင့် သက်ပြင်းချလိုက်၏။ တစ်စုံတစ်ယောက်သည် ကောင်းကင်၏ လျှို့ဝှက်ချက်များကို တွက်ချက်နေကြောင်း သူ အာရုံခံမိ၏။

ပထမအကြိမ်တွင် သူ၏ ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲ၌ ဖောက်သည် တစ်ယောက် ရှိနေသောကြောင့် သူသည် ဆန်းကြယ်ဂိတ်သခင်အား အာရုံစိုက်ရန် အချိန်မရှိခဲ့ချေ။ ထို့ကြောင့် သူသည် လက်ဝါးရိုက်ချက် တစ်ချက် ရိုက်နှက်ကာဖြင့် တစ်ဖက်လူကို လွင့်စင်သွားအောင် ပြုလုပ်ခဲ့၏။ သို့ပေမဲ့ မထင်မှတ်ထားလောက်အောင်ဘဲ သူ၏ ဧည့်သည် ထွက်ခွာသွားပြီးနောက် တစ်ဖက်လူသည် ကံကြမ္မာ ဆက်ဖတ်လျက်ရှိနေသည်ကို သူ သိရှိလိုက်ရသည်။

ဤတစ်ကြိမ်တွင်တော့ သူ၏ နှလုံးသားထဲ၌ စိတ်ပါဝင်စားမှုများနှင့် ပြည့်နှက်လာခဲ့၏။ ထို့ကြောင့် လောကကြီးတွင် အနာဂတ်၏ အကြောင်းအရာကို တွက်ချက်နိုင်သည့်လူ မည်မျှရှိကြောင်း သိချင်လာမိ၏။ ကံဆိုးစွာဖြင့် ဤလူသည် သူ့အား တကယ်ပင် စိတ်ပျက်စေခဲ့၏။ တစ်ဖက်လူသည် စွမ်းအင်တချို့ ရှိ၏။ သို့ပေမဲ့ အပေါ်ယံသာသာမျှပင်။ ၎င်းတွက်ချက်ခဲ့သည့် အနာဂတ်၏ အကြောင်းအရာများသည် မျက်နှာပြင်ပေါ်ရှိ အကြောင်းအရာ တချို့သာဖြစ်၏။

တစ်ဖက်လူသည် မကြာခင် နတ်ဘုရားအပြစ်ပေးမှုကို ရင်ဆိုင်ရတော့မည် ဖြစ်ကြောင်း လီယွင်က သိရှိလိုက်သည်။ အဘိုးအို၏ အခြေအနေကို ကြည့်ရှုရမည်ဆိုလျှင် ကျိန်းသေပေါက် အသက်ရှင်လိမ့်မည် မဟုတ်ချေ။

“စီနီယာ.. ဒီကိစ္စနဲ့ပတ်သက်ပြီး” အဘိုးအိုသည် ထကာ ငြင်းခုန်ရန် ပြင်လိုက်သည်။

သို့ပေမဲ့ သူမပြောရသေးခင်မှာဘဲ လီယွင်သည် လက်ကို ယမ်းခါကာ ပြောလိုက်၏။ “ပြန်သွားတော့။ ခင်ဗျားနဲ့ ကျုပ်တို့ နောက်တစ်ကြိမ် ထပ်ပြီးဆုံဖို့ အခွင့်အရေး ရှိရင် ရှိလိမ့်မယ်။

“နေပါအုံး စီနီယာ…” အဘိုးအိုက အော်ဟစ်လိုက်၏။ အစတုန်းက သူသည် ထွက်ခွာသွားရန် ရည်ရွယ်ခဲ့၏။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ ခြားနားသွားခဲ့ပြီ ဖြစ်၏။ ကွာစီအင်မော်တယ် အင်ပါယာအဆင့် သတင်း အချက်အလက်သည် စီနီယာ၏ အစီအစဉ် အစိတ်အပိုင်းတစ်ခုလား ဆိုသည်ကို သူက မေးမြန်းချင်မိသည်။

သူပြော၍ မပြီးသေးခင်မှာပဲ သူ၏ရှေ့တွင် ရှိနေသည့် မြင်ကွင်းများသည် တဖြည်းဖြည်းနှင့် ဝေဝါး လာခဲ့၏။ ပြီးသည့်နောက် မြူများဖြင့် ထပ်မံကာ လွှမ်းခြုံလာခဲ့ပြန်၏။

ဘန်း

အသံတစ်ခု ထွက်ပေါ်လာခဲ့၏။ အင်မော်တယ်ရှေးလမ်းစဉ် တည်နေရာ၊ ရွက်ဖျင်တဲလေး တစ်ခုအတွင်း အဘိုးအိုသည် ရုတ်တရက် မတ်တပ်ထရပ်လိုက်၏။ သူသည် အပြင်ဘက်သို့ လှမ်းကြည့်ပြီး သူ၏စိတ် တစ်ခုလုံးသည် ဂဏာမငြိမ်သလို ဖြစ်လို့နေခဲ့သည်။ “ကျုပ်.. ကျုပ် ခုဏက”

သူ၏ ဘေးတစ်ဖက်တွင်ရှိနေသော ကျောင်းကျွင်းဟန်၏ နှုတ်ခမ်းများသည် တဆတ်ဆတ် တုန်ယင်နေ၏။ သူ တကယ်တမ်း ပြောလိုက်ချင်၏။ “ခင်ဗျား ခုဏတုန်းက အိပ်ပျော်နေတာလေ”

သို့ပေမဲ့ ဤစကားလုံးများသည် ထုတ်ဖော်ပြောဆိုသင့်သည့် စကားလုံးများ မဟုတ်ချေ။ ထို့အပြင် အင်မော်တယ်ဘုရင် တစ်ယောက်သည် ဤသို့ လွယ်လွယ်ကူကူ အိပ်ပျော်သွားလိမ့်မည် မဟုတ်ချေ။

ပြောရမည်ဆိုလျှင် ဆန်းကြယ်ဂိတ်၏ ကောင်းကင်လျှို့ဝှက်ချက်များကို တွက်ချက်သည့် နည်းလမ်းသည် ဤကဲ့သို့ပင် ဖြစ်နေလေသည်လား။ မျက်နှာပြင်တွင် အိပ်ပျော်နေသည့် ပုံစံမျိုး ဖြစ်သော်လည်း တကယ်တမ်းမှာတော့ အနာဂတ်တွင် ဖြစ်ပေါ်မည့် အကြောင်းအရာများကို တွက်ချက် ကြည့်ရှုနေလေသည် လား။

“တာအိုရောင်းရင်း… ကွာစီအင်မော်တယ် အင်ပါယာ အခွင့်အရေးနဲ့ ပတ်သက်တဲ့ တည်နေရာကို ခင်ဗျား တွက်ချက်ခဲ့တာလား”

ကျောင်းကျွင်းဟန်သည် အသာပြောလိုက်၏။ ပြီးနောက် ထပ်မံကာ မေးမြန်းလိုက်၏။ “ကျုပ်သိချင်တာ ဘယ်လိုအခြေအနေရှိလဲ”

“ကျုပ်”

အဘိုးအိုသည် ပါးစပ်ကို ဟကာဖြင့် ပြောဆိုရန် ပြင်လိုက်၏။ သို့ပေမဲ့ ရုတ်တရက် ဆိုသလိုပဲ စောဏတုန်းက အကြောင်းအရာများကို သတိရလိုက်၏။ ထို့ကြောင့် သူက ပြောလိုက်သည်။ “ကောင်းကင်လျှို့ဝှက်”

All Chapters