← Chapters

အခန်း (၆၉၉)

Vol. 47 Ch. 699

အခန်း (၆၉၉)

Vol. 47 Ch. 699

ဤစကားစုသည် သူ၏စိတ်ထဲတွင် ရှိနေသည့် အကြောင်းအရာဖြစ်၏။ သို့ပေမဲ့ နောက်ပိုင်း ဆက်ပြောရမည့် စကားလုံးကို သူ မသိတော့ချေ။ သူတွေ့ဆုံခဲ့ရသည့် စီနီယာသည် အလွန်ပင် ဆန်းကြယ်လွန်းလှပြီး အနာဂတ်ကို ခန့်မှန်းသည့်နေရာတွင် ပါရဂူ ဖြစ်ပုံပေါ်၏။

အနည်းဆုံးအနေနှင့် တစ်ဖက်လူ၏ စွမ်းအင်များသည် သူ့ထက် အများအပြား သာလွန်လျက်ရှိ၏။ မဟုတ်ပါက စီနီယာအနေနှင့် တည်နေရာများကို ဖြတ်သန်းကာဖြင့် သူ့ကို အနားသို့ ခေါ်ဆောင်နိုင်လိမ့်မည် မဟုတ်ချေ။ တခြားသောသူများပင် သတိမပြုမိခဲ့ချေ။

လက်ရှိအချိန်မှာတော့ ကျောင်းကျွင်းဟန် ထပ်မံကာ မေးမြန်းချိန်မှာတော့ သူ့အနေနှင့် မည်ကဲ့သို့ တုံ့ပြန်ရမည်ကိုပင် မသိတော့ချေ။ စီနီယာ တည်ရှိနေသည်ကို သူက ထုတ်ဖော်ပြောဆိုရမည်လား။ သတ္တိဆယ်ဆလောက် ရှိသည်ဆိုလျှင်တောင်မှ ကျိန်းသေပေါက် ထုတ်ဖော်ပြောဆိုရဲလိမ့်မည် မဟုတ်ချေ။

သို့ပေမဲ့ ဆိတ်ဆိတ်နေခြင်းသည် လက်ရှိအခြေအနေများကို သူ ဘာတစ်ခုမှ တွက်ချက်၍ မရနိုင်ဟု ပြောဆိုခြင်းနှင့် ဆင်တူ၏။ သူထင်မှတ်ထားသည်ထက် ပိုမိုကာ သာလွန်လျက် ရှိနေသည့် ဆန်းကြယ်သော လူတစ်ယောက် ပါဝင်ပတ်သက်နေသည် ဖြစ်သောကြောင့် ဖြစ်ပေါ်လာနိုင်သည့် အကြောင်းအရာများသည် မှန်းဆရ ခက်ခဲလွန်းသည်။

“ကောင်းကင်လျှို့ဝှက် ဟုတ်လား”

ကျောင်းကျွင်းဟန်သည် ထူးဆန်းသလိုဖြင့် လှမ်းကာ ကြည့်ရှုလိုက်၏။ ပြီးနောက် အသာပြောလိုက်၏။ “တာအိုရောင်းရင်း… ကောင်းကင်ရဲ့လျှို့ဝှက်ချက်တွေက ခန့်မှန်းလို့ မရဘူးလို့ ခင်ဗျား ပြောချင်နေတာလား”

ဤအရာသည် ဆန်းကြယ်ဂိတ်သခင် ပြောချင်နေသည့် အကြောင်းအရာ အမှန်ပင် ဖြစ်၏။ ဖြေရှင်း၍ မရနိုင်သည့် ပြဿနာများကို ရင်ဆိုင်သည့်နေရာတွင် ၎င်းတို့သည် ကောင်းကင်၏ လျှို့ဝှက်ချက်များကို ခန့်မှန်းလို့ မရနိုင်ဘူးဆိုသော စကားကို ထပ်တလဲလဲ ပြောဆိုခဲ့ဖူး၏။

တခြားသော အချိန်များသာဆိုပါက ကျောင်းကျွင်းဟန်သည် ချက်ချင်းပဲ ထွက်ခွာသွားမှာဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူသည် အချိန်၏ မြစ်ရေစီးကြောင်းကိုလိုက်၍ သွားလာနိုင်စွမ်းရှိသည့် လူတစ်ယောက် ဖြစ်သည် မဟုတ်ပါလား။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ မဖြစ်နိုင်ချေ။ အနာဂတ်သည် သိသိသာသာ ပြောင်းလဲသွားခဲ့ပြီဖြစ်ပြီး အချိန်၏ မြစ်ရေစီးကြောင်းသည် မြူများဖြင့် ဖုံးလွှမ်းလျက် ရှိနေလေ၏။ အလွန်တရာ အန္တရာယ် ကြီးမားလွန်းသည်။ ထိုအရာထဲသို့ လှမ်းဝင်လိုက်သည်နှင့် ကျိန်းသေပေါက် အရာအားလုံး ဆုံးရှုံးမည့် အခြေအနေမျိုးသို့ ကျရောက်သွားနိုင်သည်။

ဖြစ်နိုင်သည့် အကြောင်းအရာသည် အချိန်ကာလ တစ်ခုအထိ အထဲတွင် ပိတ်မိနေခဲ့မည်ဖြစ်ပြီး အဆိုးဆုံး အခြေအနေနှင့် ပြန်လည်ထွက်ခွာမရနိုင်သည့် အခြေအနေသို့ပင် ရောက်ရှိနိုင်၏။ သူသည် အင်မော်တယ် ရှေးလမ်းစဉ်၏ အရှင်တစ်ပါး ဖြစ်သည်နှင့်အညီ ကျိန်းသေပေါက် တိကျသေချာသည့် အကြောင်းအရာ တစ်ခု မရှိဘဲ ဘာတစ်ခုကိုမှ စွန့်စားပြုလုပ်လိမ့်မည် မဟုတ်ချေ။ ကွာစီအင်မော်တယ် အင်ပါယာသာလျှင် ဤကဲ့သို့သော အရာများကို ထိပ်တိုက်ရင်ဆိုင် ပြုလုပ်ရန် ယုံကြည်ချက် ရှိပေလိမ့်မည်။

ဤကဲ့သို့သော အရေးအကြောင်း အခြေအနေမျိုးနှင့် ရင်ဆိုင်ရသည့်အချိန်မှာတော့ ဆန်းကြယ်ဂိတ်သခင် သည် ခက်ခဲလို့ နေလေ၏။

မူလအားဖြင့် ဆန်းကြယ်ဂိတ်သခင်ကို ဖိတ်ခေါ်ခဲ့ပြီးသည့်နောက် လက်ရှိအခြေအနေကို ကြည့်ရှုနိုင် လိမ့်မည်ဟု ကျောင်းကျွင်းဟန်က ထင်မှတ်ခဲ့၏။ သို့ပေမဲ့ ယခု မဟုတ်ခဲ့ချေ။ အကြောင်းအရာများသည် ပိုမိုကာ ရှုပ်ထွေးလာခဲ့သည်။

“ကွာစီအင်မော်တယ် အင်ပါယာသတင်း အချိန်ကိုက် ပေါ်ပေါက်လာခဲ့တယ်ဆိုတာ ကြောက်စရာပဲ” အဘိုးအိုသည် နဖူးကို အသာပွတ်သပ်ပြီးသည့်နောက် သူ၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် ဝိညာဉ်ကို ငြိမ်သက်အောင် ထိန်းသိမ်းလိုက်၏။ ပြီးသည့်နောက် လေးနက်တည်ကြည်စွာဖြင့် သက်ပြင်းချလိုက်မိ၏။ ဆန်းကြယ်လွန်းလှသည့် စီနီယာအကြောင်းကို တွေးပြီးသည့်နောက် သူသည် အမှန်ပင် သတိ ရှိလို့နေခဲ့၏။

ကွာစီအင်မော်တယ် အင်ပါယာအဆင့် သတင်း၏ နောက်ကွယ်တွင် ဤစီနီယာ ရှိနေကြောင်း သူ ထုတ်ဖော်ပြောဆို၍ မဖြစ်ချေ။ စီနီယာသည် အရာအားလုံးတို့အား အရိပ်ထဲမှ ကြိုးကိုင်လျက် ရှိနေသည့် ရုပ်သေးပညာရှင် တစ်ယောက်ကဲ့သို့ပင်။ စီနီယာ၏ အားအင်အဆင့်နှင့် လောကအသီးသီးတွင် ကျင့်ကြံနေသည့် စွမ်းအားမြင့် ကျင့်ကြံသူများကို စီမံခန့်ခွဲဖို့ ဆိုသည်မှာ တကယ် လွယ်ကူသည့်အရာ ဖြစ်နေလိမ့်မည်။

လူများသည် အနာဂတ်ကို မသိရှိကြချေ။ သို့ပေမဲ့ စီနီယာကတော့ သိရှိ၏။ ထို့ကြောင့် စီနီယာသည် သမိုင်း မှတ်တမ်းထဲတွင် တည်ရှိခဲ့သည့် ကွာစီအင်မော်တယ် အင်ပါယာများ၏ ပိုင်ဆိုင်မှုများအကြောင်းကို ကောင်းကောင်းသိရှိှမှာ သေချာ၏။ လက်ရှိအချိန်တွင် သူတို့တွင် ရှိနေသည့် အားအကောင်းဆုံးသော ကျင့်ကြံသူသည် အင်မော်တယ်ဘုရင်မျှသာဖြစ်၏။ ကွာစီအင်မော်တယ် အင်ပါယာ တစ်ယောက်၏ တွက်ချက်မှု ကို သူတို့ မည်ကဲ့သို့ ရှောင်ရှားနိုင်မည်နည်း။

“ကြောက်စရာကောင်းတယ်”

“အရမ်းကြောက်စရာကောင်းတဲ့ အခြေအနေလား”

ကျောင်းကျွင်းဟန်၏ စိတ်နှလုံး တစ်ခုလုံးက လှုပ်ရှားသွားခဲ့၏။ သူသည် ချက်ချင်းပဲ မေးမြန်းလိုက်သည်။ “ဘယ်လောက်တောင် ကြောက်ဖို့ ကောင်းတာလဲ။ တာအိုရောင်းရင်း အနေနဲ့ ဒါကို သေသေချာချာ ပြောပြနိုင်မလား”

“ကျုပ် ကောင်းကင်မျက်လုံးကို ဖွင့်ပြီးတော့ သေမျိုးလောကထဲကို ရံဖန်ရံခါဆိုသလို ကြည့်တတ်တယ်။ ဒါပေမဲ့ အခုလောက် ကြောက်ဖို့ကောင်းတာမျိုး မတွေ့ဖူးဘူး” အဘိုးအိုသည် အကူအညီမဲ့စွာဖြင့် ပြုံးလိုက်၏။ ပြီးနောက် နာကျင်နေသည့် လေသံဖြင့် ပြောဆိုလိုက်၏။

သူသည် အင်မော်တယ်ဘုရင် တစ်ယောက်ဖြစ်သော်လည် စစ်တုရင်ရုပ်တစ်ခု ဖြစ်နေသည်ဆိုသော ခံစားချက် ရရှိခဲ့၏။ အားအင်ကင်းမဲ့သည့် ခံစားချက်များသည် သူ၏ နှလုံးသားထဲ၌ ပေါ်ပေါက်လာခဲ့၏။ သူ မလွတ်မြောက်နိုင်ချေ။ စီနီယာသည်သာ သူ့ကို သတ်ဖြတ်ချင်သည်ဆိုပါက အားအင်စိုက်ထုတ်နေစရာပင် လိုလိမ့်မည် မဟုတ်ချေ။ အတွေးတစ်ချက်တည်းနှင့် သူ သေဆုံးသွားနိုင်သည်။

ဤနေရာတွင် မေးမြန်းစရာ ရှိနေသည်မှာ စီနီယာသည် သူ့ကို အဘယ်ကြောင့် လက်လွှတ်ပေးခဲ့ရသနည်း။ ဘာအဓိပ္ပာယ်နည်း။ သူမှတ်မိသည်သာ မှန်မည်ဆိုပါက စီနီယာပြောဆိုခဲ့သည်မှာ ထပ်မံတွေ့ဆုံဖို့ အခွင့်အရေး ရှိသည်ဆိုသည့် အဓိပ္ပာယ်ပင်။ ပြောရသည်ဆိုလျှင် စီနီယာသည် အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် အရာအားလုံးကို မြင်ခဲ့ပြီးပြီ ဖြစ်သောကြောင့် သဲလွန်စတစ်ခုကို ပေးခဲ့လေသည်လား။

“ကောင်းကင်ရဲ့ မျက်လုံးကို ဖွင့်ပြီး သေမျိုးလောကကို ရံဖန်ရံခါ ဆိုသလို ကြည့်ရှုခဲ့တယ။ အခုက ကြောက်စရာပဲ ဟုတ်လား” ကျောင်းကျွင်းဟန်သည် ထိုစကားစုကို ထပ်တလဲလဲ ပြန်လည်ကာ ရွတ်ဆိုလိုက်၏။

တခြားသောအချိန်များသာ ဆိုပါက သူသည် ဤအရာကို အလွန်ကောင်းမွန်သည့် ကဗျာတစ်ပုဒ်ဟု သတ်မှတ်ကာ ချီးကျူးမိမှာ သေချာ၏။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ ထိုကဲ့သို့သော စိတ်ခံစားချက်များ မရှိချေ။

ဆန်းကြယ်ဂိတ်သခင် ပြောဆိုခဲ့သည့် စကားလုံး တစ်ခုချင်းစီတိုင်းသည့် ထူးခြားသော အဓိပ္ပာယ်များ ပါဝင်ကြောင်း သူ သတိပြုမိ၏။ တစ်ဖက်လူသည် ဤကဲ့သို့သော အခြေအနေမျိုးတွင် အကြောင်းအရာမရှိဘဲ ပြောဆိုလိမ့်မည် မဟုတ်ချေ။

“ကြောက်စရာကောင်းတယ် ဆိုတာ ဘာလဲ” ကျောင်းကျွင်းဟန်က အဓိပ္ပာယ်ပါပါဖြင့် မေးမြန်းလိုက်၏။

ကွာစီအင်မော်တယ် အင်ပါယာ သတင်း ပျံ့နှံ့သွားခြင်းသည် ရေတွက်၍မရအောင် များပြားသည့် အင်မော်တယ် ဘုရင်များကို စိတ်လှုပ်ရှားစေခဲ့၏။ ဆိုလိုသည်မှာ အင်မော်တယ်ဘုရင် တစ်ယောက်ချင်းစီတိုင်း သည် ကစားပွဲသို့ ဝင်ရောက်လာမည် ဆိုသည့် အဓိပ္ပာယ်ပင်။ သူ မည်မျှ တားဆီးသည်မဆို ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက် ဖြစ်ရန် ဆွဲဆောင်မှုမျိုးသည် အားလုံးသော သူတို့ လွန်ဆန်နိုင်သည့် အရာမျိုး မဟုတ်ချေ။

“တာအိုရောင်းရင်း”

ကျောင်းကျွင်းဟန်သည် ကောင်းမွန်သည့် အမူအကျင့်ကို ပိုင်ဆိုင်သည်ဆိုသော်လည်း လက်ရှိအချိန်၌ သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းသိမ်းထားရန် ခက်ခဲလာခဲ့၏။ တစ်ကြိမ်၊ နှစ်ကြိမ်ဆိုလျှင် အဆင်ပြေ သေး၏။ သို့ပေမဲ့ လက်ရှိအခြေအနေတွင် တစ်ဖက်လူသည် ဘာတစ်ခုကိုမှ ရေရေရာရာ ပြောဆိုခြင်း မရှိဘဲ ပေါက်ပန်းလေးဆယ်များ ပြောဆိုနေသကဲ့သို့ပင်။

“ကောင်းကင်ရဲ့ လျှို့ဝှက်ချက်တွေကို အပြည့်အဝ တွက်ချက်လို့ မရနိုင်ခဲ့ဘူး”

အဘိုးအိုသည် ခေါင်းကို ခါယမ်းပြီးသည့်နောက် လေးလေးနက်နက် ပြောဆိုလိုက်၏။ “ကောင်းကင်ရဲ့ လျှို့ဝှက်ချက်တွေကို အလွန်အကျွံ ထုတ်ဖော်တယ်ဆိုတာ ကျုပ်အတွက် အကျိုးကျေးဇူး မရှိရုံသာမက ခင်ဗျားအတွက်လည်း အကျိုးကျေးဇူး မရှိဘူး တာအိုရောင်းရင်း။ အနာဂတ်မှာ ဖြစ်လာမယ့် အကြောင်းအရာကို လိုတာထက် ပိုမသိတာ ကောင်းတဲ့ အခြေအနေပဲ”

ပြောပြီးသည့်နောက် အဘိုးအိုသည် သိုလှောင်လက်စွပ်တစ်ကွင်းကို ယူကာဖြင့် သိမ်းဆည်းလိုက်၏။ ထိုအရာသည် ကောင်းကင်၏ လျှို့ဝှက်ချက်များကို တွက်ချက်သည့်အတွက် ကျောင်းကျွင်းဟန် ပေးခဲ့သည့် လက်ဆောင်ပင် ဖြစ်၏။ သို့ပေမဲ့ နတ်ဘုရားအပြစ်ပေးမှုကို ခုခံရန် ပြင်ဆင်လျက် ရှိနေသည့် အဘိုးအိုသည် ထိုအရာကို လက်သင့်မခံခဲ့ချေ။

ကျောင်းကျွင်းဟန်ကလည်း ဂရုမပြုမိချေ။ ထို့ကြောင့် လက်စွပ်သည် ဤနေရာတွင် ရှိမြဲရှိနေ၏။ သို့ပေမဲ့ အဘိုးအိုသည် လက်ရှိအခြေအနေတွင် သိုလှောင်လက်စွပ်ကို ယူကာ သိမ်းဆည်းသွားခဲ့သည်။ ဆိုလိုသည့် အဓိပ္ပာယ်မှာ မည်သည့် အကြွေးမှ ပေးစရာမလိုဟူ၍ပင်။

“ဘာကိုဆိုလိုတာလဲ တာအိုရောင်းရင်း” ကျောင်းကျွင်းဟန်သည် ဇဝေဇဝါဖြင့် မေးမြန်းလိုက်၏။

ယခင်တုန်းက ပေးစရာမလိုဟု ပြောဆိုခဲ့သော်လည်း လက်ရှိအခြေအနေတွင် အခကြေးငွေကို ကောက်ခံ သွားခဲ့၏။ သိုလှောင်လက်စွပ်ထဲတွင် ရှိနေသည့် ရတနာများသည် ဘာမှသိပ်ပြီး ထူးခြားလှသည် မဟုတ်ချေ။ ထိုအရာကို တစ်ဖက်လူ ယူဆောင်သွားမည် ဆိုလျှင်လည်း သူ့အတွက် ဘာတစ်ခုမှ အခက်အခဲ ရှိမည် မဟုတ်ပေ။

သို့ပေမဲ့ ကွာစီအင်မော်တယ် အင်ပါယာ အခွင့်အရေး ဆုံးရှုံးသွားမည်ကိုတော့ သူ မည်သို့မှ လက်သင့်မခံနိုင်ချေ။

All Chapters