← Chapters

အခန်း (၇၀၁)

Vol. 47 Ch. 701

အခန်း (၇၀၁)

Vol. 47 Ch. 701

“တာအိုအရှင်ကို သတင်းပို့ရမယ်ဆိုရင် ကျုပ်တို့ သတင်းအချက်အလက် အားလုံးနီးပါးကို စုစည်းခဲ့ပြီးပြီ။ လျှိုချင်းယုက လျှိုကလန်ကို ကျိန်းသေပေါက် သစ္စာဖောက်သွားခဲ့တယ်။ ပြီးတော့ ဆုံးဖြတ်ရမယ့် တချို့ ထူးခြားတဲ့ အကြောင်းအရာတွေ ရှိနေသေးတယ်။ လျှိုကလန်က လက်ရှိအခြေအနေမှာ အခက်အခဲတွေကို ရင်ဆိုင်နေရတယ်။ လျှိုကလန်က သာမန်အဖွဲ့ဝင်တွေတောင်မှ လျှိုချင်းယုတစ်ယောက် ငရဲလောကနဲ့ ပူးပေါင်းသွားခဲ့တဲ့အကြောင်း သိရှိနေကြပြီ” အဘိုးအိုသည် လေးလေးစားစားဖြင့် ပြန်လည်ကာ ပြောဆိုလိုက်၏။

“ဒီသတင်းအချက်အလက်ကို ကျုပ်လည်း သိပြီးသားပါ။ လျှိုကလန်ရဲ့ ဘုရင်သုံးပါးတို့ ဘယ်ရောက်နေလဲဆိုတာ သိလား။ ခင်ဗျားတို့ ဒီကိစ္စကို စုံစမ်းသေးလား” ကျောင်းကျွင်းဟန်က မေးမြန်းလိုက်၏။ ဤအရာသည် ကျိန်းသေပေါက် အရေးကြီးသည့် အချက်အလက် ဖြစ်လာလိမ့်မည်ဟု သူအလိုလို သိရှိနေသည်။

လျှိုကလန်ဆီမှ ဘုရင်သုံးပါးတို့သည် လျှိုချင်းယုနှင့် နှိုင်းယှဉ်မည်ဆိုလျှင် ကျိန်းသေပေါက် ပိုမိုများပြားသည့် အမွေအနှစ်များကို ပိုင်ဆိုင်၏။ ဤသုံးယောက်လုံး ပျောက်ကွယ်နေသည်ကို ကြည့်လျှင် ထူးခြားလွန်းနေကြောင်း သိသာလှ၏။

အဆိုးဆုံးအခြေအနေ၌ ပြောရမည်ဆိုလျှင် ဤအကြောင်းအရာများ၏ နောက်ကွယ်၌ စီမံပြုလုပ်နေသည့် လူများသည် လျှိုကလန်၏ ဘုရင်သုံးပါးပင် ဖြစ်ကောင်းဖြစ်နိုင်၏။ လျှိုကလန် ဘုရင်များ၏ လှုပ်ရှားမှုနောက်သို့ လိုက်ခြင်းအားဖြင့် အရေးကြီးသည့် သတင်းအချက်အလက်များကို သိရှိလာနိုင်သည်။

“ကျုပ် လက်ရှိ စုံစမ်းနေပါတယ်။ ဒါပေမဲ့ သိပ်ပြီးတော့ မသေချာသေးဘူး။ လျှိုကလန်ရဲ့ ဘုရင်သုံးပါးတို့ ဘယ်နေရာမှာ ရှိနေလဲဆိုတာလဲ မသိဘူး။ ဒါပေမဲ့” အဘိုးအိုသည် သူ၏စကားကို ရပ်တန့်လိုက်၏။

“ဒါပေမဲ့ ဘာဖြစ်လဲ” ကျောင်းကျွင်းဟန်က သဘောမတွေ့သလို ဖြစ်သွား၏။ စောဏကလေးတင် သူသည် ဆန်းကြယ်ဂိတ်သခင်၏ ကြိုးတိုးကြောင်တောင်နှင့် တဝက်တပျက် ပြောဆိုခဲ့သည့် စကားလုံးများအတွက် ဒေါသထွက်နှင့်နေခဲ့ပြီးဖြစ်၏။ ယခု သူ၏နောက်လိုက် ချီတုံချတုံ ဖြစ်နေသည်ကို မြင်ရချိန်မှာတော့ သူ၏ နှလုံးသားထဲတွင် ဒေါသတရားများ ဖြစ်ပေါ်လာသည်။

“တာအိုအရှင်ကို မလိမ်ညာရဲပါဘူး။ လျှိုကလန်အတွင်းက အကြီးအကဲတစ်ယောက် ပြောသလိုဆိုရင် လျှိုချင်းယုရဲ့ တိုက်ရိုက် မျိုးဆက် လျှိုကျန်းရန်က နက်နဲမီးတောက်လောကဆီကို ဦးတည်သွားနေတယ်လို့ သိရှိရတယ်” အဘိုးအိုသည် တုံ့နှေးတုံ့နှေးနှင့် ပြောဆိုလိုက်၏။

“လျှိုကျန်းရန် ဟုတ်လား” ကျောင်းကျွင်းဟန်က မျက်မှောင်ကုတ်လိုက်၏။ ထိုနာမည်ကို သူပြန်လည်ကာ စဉ်းစားလိုက်မိ၏။ သို့ပေမဲ့ သိသိသာသာ သိရှိခဲ့သည့်လူမျိုး မဟုတ်ချေ။ နှစ်ယောက်ကြား အားအင်အဆင့် ကွာခြားခြင်းနှင့် ရာထူးရာခံ ကွာခြားခြင်းကြောင့် သူ လျှိုကျန်းရန်ကို သူ မသိရှိခြင်းသာလျှင် ဖြစ်ပေလိမ့်မည်။

“နက်နဲမီးတောက်လောကကို ဦးတည်သွားတယ် ဟုတ်လား”

ကျောင်းကျွင်းဟန်၏ စိတ်ဝင်စားမှုများက တိုးတက် သွားခဲ့၏။ “ထပ်ပြောအုံး”

“ဒီလူက လျှိုကလန်ရဲ့ သစ္စာဖောက် တစ်ယောက်ပဲ။ တာအိုအရှင် ဒီကိစ္စကို စိတ်ဝင်စားဖို့ များတယ်” အဘိုးအိုသည် သိရှိပါသည်ဆိုသော အပြုံးမျိုး ပြုံးကာ ပြောလိုက်သည်။

“ဪ”

ကျောင်းကျွင်းဟန်သည် မျက်ခုံးကို ပင့်ပြီးသည့်နောက် စိတ်ဝင်တစားဖြင့် ပြောဆိုလိုက်၏။ “ဆက်ပြော”

“လျှိုကျန်းရန်ရဲ့ တခြားဂုဏ်သိက္ခာက ဘာလဲဆိုတော့ လျှိုချင်းယုရဲ့ တိုက်ရိုက်မျိုးဆက်၊ သွေးမျိုးဆက်ပဲလေ။ သူက လျှိုကလန်ကို သစ္စာဖောက်ပြီးတော့ ထွက်ပြေးသွားခဲ့တယ်။ အဲတာတင် မကသေးဘူး။ အထဲမှာ ရှိနေတဲ့ အရင်းအမြစ် တော်တော်များများကိုလည်း ယူဆောင်သွားခဲ့တယ်။ သူ့ရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ မရှင်းလင်းသေးဘူး” အဘိုးအိုသည် လေးလေးစားစားဖြင့် ပြန်လည်ကာ ပြောဆိုလိုက်သည်။

“ဟုတ်လား”

ကျောင်းကျွင်းဟန်၏ မျက်လုံးများက လင်းလက်သွားခဲ့၏။ ဆန်းကြယ်ဂိတ်သခင်သည် သူထင်မှတ်ထားသကဲ့သို့ သတင်းအချက်အလက်များကို သေသေချာချာ မပြောဆိုခဲ့ချေ။ သို့ပေမဲ့ မထင်မှတ်ထားလောက်အောင်ပဲ သူ၏ နောက်လိုက်များသည် ပိုမိုကြီးမားသည့် သတင်းအချက်အလက်များကို ထုတ်ဖော် ပြောဆိုနိုင်နေ၏။

လျှိုချင်းယု၏ နောက်လိုက်သည် အရေးအကြောင်း အခြေအနေမျိုးတွင် လျှိုကလန်ဆီမှ ထွက်ခွာသွား၏။ ထို့အပြင် အရင်းအမြစ်များကိုလည်း ယူဆောင်သွားခဲ့သေးသည်။

ဘာအဓိပ္ပာယ်နည်း။

ဘေးတစ်ဖက်မှ သုံးသပ်ရမည်ဆိုလျှင် လျှိုကျန်းရန်ကို နောက်ကွယ်မှ ခိုင်းစေနေသူသည် ကျိန်းသေပေါက် လျှိုချင်းယုသာလျှင် ဖြစ်ပေလိမ့်မည်။ အရင်းအမြစ်များကို ယူဆောင်သွားပြီးနောက် လျှိုကျန်းရန် သွားမည့် တည်နေရာသည် လျှိုချင်းယု တည်ရှိရာ တည်နေရာပင် ဖြစ်ပေလိမ့်မည်။

“နေအုံး” ကျောင်းကျွင်းဟန်၏ အမူအယာက ရုတ်တရက် ပြောင်းလဲသွားခဲ့၏။ သူသည် ထူးဆန်းသလို လှမ်းကာ ကြည့်ရှုလိုက်၏။

“လျှိုကျန်းရန်က လျှိုကလန်ကနေ ထွက်ပြေးသွားတယ်။ ဒါပေမဲ့ သူ နက်နဲမီးတောက်လောကထဲကို ထွက်ခွာသွားတယ်ဆိုတာကို ဘယ်လိုသိတာလဲ။ လျှိုကျန်းရန်က တခြားသော သူတွေကို သူ ဘယ်သွားမယ်ဆိုတာကို ကြိုပြီး ပြောခဲ့တာလား” သူက ဆက်လက်ကာ မေးမြန်းလိုက်သည်။

“ဒါက” ထိုစကားကို ကြားသည့်အချိန်မှာတော့ ခရမ်းရောင်ဝတ်စုံနှင့် အဘိုးအို၏ မျက်နှာသွင်ပြင်သည် ပျက်ယွင်းသွားခဲ့၏။ အမှန်ပင်ဖြစ်လေ၏။ လျှိုကျန်းရန်အနေနှင့် ထွက်ခွာသွားရန် စဉ်းစားထားသည်ဆိုလျှင် ကျိန်းသေပေါက် သိုသိုသိပ်သိပ်နှင့် ထွက်ခွာသွားရမှာဖြစ်၏။ အဘယ့်ကြောင့် သူ မည်သည့်နေရာကို သွားမည်ဖြစ်ကြောင်း ကြေညာခဲ့ရသနည်း။

လျှိုကျန်းရန်၏ တည်နေရာကို လျှိုကလန်သာ သိရှိသည်ဆိုပါက ကျိန်းသေပေါက် လိုက်လံကာ ဖမ်းဆီးမှာ သေချာ၏။ လျှိုကလန်၏ အကြီးအကဲဖြစ်သော လျှိုကျန်းရန်သည် နက်နဲမီးတောက်လောကကြီးဆီသို့ ထွက်ခွာသွားခဲ့၏။ ထိုအရာ၌ မည်သည့်အဓိပ္ပါယ်များ ပါဝင်နေသနည်း။

“အရူး... ကျုပ်တို့ လှည့်စားခံနေရပြီ” ကျောင်းကျွင်းဟန်သည် ရုတ်တရက် သတိရသွားမိ၏။ သူ၏ ခန္ဓာကိုယ်ဆီမှ ကြောက်မက်ဖွယ်ရာ ကောင်းသည့် ဖိအားများ ဖြစ်တည်လာခဲ့၏။ သို့ပေမဲ့ ထိုဖိအားများကို မြန်မြန်ဆန်ဆန် ပြန်လည်ကာ ထိန်းချုပ်လိုက်၏။ သူသည် အဘိုးအိုကို လှမ်းကြည့်ပြီး အေးစက်စက် ပြောလိုက်၏။

“အင်း... ဒီကိစ္စနဲ့ပတ်သက်ပြီး ခင်ဗျား ကိုင်တွယ်ပုံက ညံ့ဖျင်းတယ်ဆိုတာကို ကျုပ်မှတ်ထားမယ်။ လျှိုကလန် ထဲမှာရှိတဲ့ အကြောင်းအရာတွေကို ထပ်ပြီးစုံစမ်းထား။ လျှိုကျန်းရန် တည်နေရာနဲ့ ပတ်သက်ပြီးတော့ ဘာကြောင့် သတင်း ထွက်လာခဲ့တယ် ဆိုတာကို သေသေချာချာ အဖြေရှာ”

လျှိုကလန် ပြုမူဆောင်ရွက်နေသည့် အရာများ၏ နောက်ကွယ်တွင် နက်နဲသည့် အဓိပ္ပာယ်နှင့် အစီအမံများ ပါဝင်နေသည်ကို သူ အလိုလို သိလို့နေ၏။ နက်နဲမီးတောက်လောကကြီး အတွင်းတွင် ဖုံးကွယ်ထားသည့် အကြောင်းအရာ ရှိနေသေးသည်လား။

“ကျေးဇူးပါပဲ အရှင်။ ကျုပ် သေသေချာချာ စုံစမ်းပါ့မယ်” ခရမ်းရောင်ဝတ်စုံနှင့် အကြီးအကဲသည် ကျေးဇူးတင်မှုကို ထုတ်ဖော်ပြသလိုက်၏။ သူသည် အသာဦးညွတ်ပြီးသည့်နောက် တဖြည်းဖြည်းချင်း ပြန်လည်ကာ ထွက်ခွာသွားခဲ့၏။

တည်နေရာ ပတ်ဝန်းကျင်တစ်ခုလုံးသည် ပုံမှန်အတိုင်း ပြန်လည်ကာ ဖြစ်တည်သွား၏။ ကျောင်းကျွင်းဟန် သည် နှာခေါင်းကို ရှုံ့ပြီးသည့်နောက် သူ၏နှလုံးသားထဲတွင် ဖြစ်တည်နေသော သဘောမတွေ့သည့် အမူအရာကို ထုတ်ဖော်ပြသလိုက်သည်။

ပထမဦးဆုံးအနေနှင့် ဆန်းကြယ်ဂိတ်သခင်သည် ပေါက်ပန်းလေးဆယ်များကို ပြောဆိုခဲ့၏။ သို့ပေမဲ့ ယခု သူ၏ နောက်လိုက်သည်ကလည်း ဘာမှမသေချာ မရေရာသည့် အကြောင်းအရာများကို ထုတ်ဖော် ပြောဆို လာခဲ့၏။ ပြောရမည်ဆိုလျှင် သူတို့သည် တခြားသော တစ်စုံတစ်ယောက်၏ အစီအမံထဲမှ အသုံးချခံများ ဖြစ်နေသလိုပင် ခံစားနေမိ၏။

“အင်း..... နက်နဲမီးတောက်လောက။ လျှိုချင်းယုက အဲဒီမှာ ပုန်းနေတာများလား”

သူက တီးတိုး ရေရွတ်လိုက်၏။ ပြီးသည့်နောက် ရွက်ဖျင်တဲဆီသို့ အသာလှမ်းလျှောက်သွားခဲ့၏။ နက်နဲမီးတောက် ဆိုသည့် စကားလုံးများကို အထပ်ထပ်အခါခါ ရွတ်ဆိုပြီးသည့်နောက် သူသည် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပုံနှင့် ရပ်တန့်လိုက်သည်။ “နက်နဲမီးတောက်လောက... အဲလောကကြီးက ပျက်စီးသွားခဲ့တာ မဟုတ်ဘူးလား”

သူက ရုတ်တရက် သတိရသွား၏။ အတိတ်တုန်းက နက်နဲမီးတောက်လောကကြီးသည် ကျယ်ပြောလွန်းသည့် လောကတစ်ခုဖြစ်ပြီး အင်မော်တယ်ဘုရင်များနှင့် ပြည့်နှက်လျက် ရှိခဲ့၏။ အင်္သေချေ များပြားသည့် လောကများထဲတွင် သတိပြုလောက်စရာ ဂုဏ်သိက္ခာကို ပိုင်ဆိုင်ကြ၏။ ကံဆိုးစွာဖြင့် နက်နဲမီးတောက်လောကကြီး၏ အုပ်စိုးသူဖြစ်သော ထျန်းမင်တောင်သခင်သည် ငရဲလောကနှင့် ပူးပေါင်းခဲ့ပြီး အရာအားလုံး ပျက်စီးသွားခဲ့၏။

ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက်သည် နက်နဲမီးတောက်လောကကြီးကို အစိတ်အပိုင်းများ ဖြစ်အောင် ဖျက်စီးခဲ့ခြင်းပင်။ ပြောရမည်ဆိုလျှင် ထိုနေရာ၌ ကွာစီ အင်မော်တယ် အင်ပါယာ၏ သတင်းအချက်အလက် အမွေအနှစ်များ တည်ရှိနိုင်၏။ အင်မော်တယ်ဘုရင် တစ်ယောက် ဖြစ်သော လျှိုချင်းယုသည် ထိုအရာကို အဘယ်သို့ သတိမထားမိဘဲ နေမည်နည်း။

နက်နဲမီးတောက်လောကကြီးသည် အစိတ်စိတ်အပိုင်းပိုင်း ဖြစ်သွားခဲ့သည်ဆိုသော သတင်းအချက်အလက် သည် အားလုံးသောသူတို့ သိရှိပြီးသား ကိစ္စရပ်တစ်ခု ဖြစ်၏။ လျှို့ဝှက်ချက်တစ်ခု မဟုတ်ချေ။ လျှိုကလန် အနေနှင့် အခြားသောသူများ အားလုံးကို ဤနေရာသို့ ဆွဲခေါ်ကာဖြင့် တစ်စုံတစ်ခု ပြုလုပ်ရန် စီစဉ်နေသည်လား။

ကျောင်းကျွင်းဟန်သည် ဖုံးကွယ်ထားသည့် ရည်ရွယ်ချက်များကို တဖြည်းဖြည်း သိရှိလာသလိုပင် ခံစားနေမိ၏။

“ဖြစ်နိုင်တာ”

ကျောင်းကျွင်းဟန်၏ အမူအယာက လေးနက်သွားခဲ့၏။ သူသည် လေဟာနယ်ထဲသို့ လှမ်းမျှော်ကြည့်ရှုကာဖြင့် တွက်ချက်လိုက်သည်။ “ကြည့်ရတာ နက်နဲမီးတောက်လောကကြီးထဲမှာ မထင်မှတ်ထားတဲ့ ကိစ္စရပ်တွေ ဖြစ်သွားခဲ့တာပဲနေမယ်။ တစ်စစီ ဖြစ်သွားတဲ့ လောကတွေ ပြန်လည်ပြီး ပေါင်းစပ်သွားတယ်ဆိုတာ မဖြစ်နိုင်ဘူး မဟုတ်လား”

All Chapters