← Chapters

တိုက်ပွဲနိုင်ငံသို့ ရောက်ရှိလာခြင်း

Vol. 176 Ch. 2626

တိုက်ပွဲနိုင်ငံသို့ ရောက်ရှိလာခြင်း

Vol. 176 Ch. 2626

“တာအိုရောင်းရင်း ခင်ဗျားပြောတာ မှန်ပါတယ်…”

အင်မော်တယ်ဧကရာဇ်မဟာမိုးကောင်းကင်က ညင်သာစွာ ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်။

တကယ်တော့ ကောင်းကင်အရှင် ဆဗြဟ္မ၏ ဖျောင်းဖျမှုမရှိလျှင်တောင် သူသည် သူ၏ အမျက်ဒေါသကို ဖြေဖျောက်ဖို့အတွက်နှင့် မိစ္ဆာမဟာနယ်မြေသို့ သွားရောက်လိမ့်မည်မဟုတ်ပေ။

ထျန်ဟွမ်ဂိုဏ်းသည် နှစ်ပေါင်းများစွာကြာအောင် မိစ္ဆာမဟာနယ်မြေတွင် သန်မာစွာ ရပ်တည်နေခဲ့သည်မှာ သေချာပေါက် နောက်ခံကောင်းကောင်း ရှိထားရပေမည်။

မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေး ပေါ်ထွက်လာပြီးကတည်းက သူသည် မိစ္ဆာမဟာနယ်မြေမှာ အဆက်မပြတ် သိမ်းပိုက်အုပ်စိုးလာခဲ့သည်။ သို့သော်လည်း သူသည် ထျန်ဟွမ်ဂိုဏ်းကို မထိခဲ့ပေ။ ထိုအချက်က အနည်းငယ် စိတ်ဝင်စားဖို့ကောင်းနေသည်။

တကယ်တော့ ထျန်ဟွမ်ဂိုဏ်းသည် မိစ္ဆာမဟာနယ်မြေ၏ အစွန်အဖျားမှာ တည်ရှိပြီး မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေးက ထိုနေရာကို သဘောကျခြင်းမရှိဟု ဆိုနိုင်သည်။

သို့သော်လည်း အဲဒီမှာ နောက်ထပ်ဖြစ်နိုင်ခြေတစ်ခုရှိနေသည်။

ထျန်ဟွမ်ဂိုဏ်းကို နောက်ခံပေးထားသည့် အဖွဲ့အစည်းတချို့ သို့မဟုတ် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်က မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေးကို စိုးရိမ်ပူပန်စေတာ ဖြစ်နိုင်သည်။

အင်မော်တယ်ဧကရာဇ်မဟာမိုးကောင်းကင်သည် နှစ်ပေါင်းသန်းချီ ရှင်သန်နေထိုင်လာခဲ့ပြီး ဇင်ဆရာဟွေ့ဝမ်နှင့် အခြားသော အင်မော်တယ်ဘုရင်များထက် အသက်ဆယ်ဆလောက် ပိုကြီးလေသည်။ အရင်က သူ မတွေ့မြင်ဖူးတာ ဘာရှိမှာလဲ။

ဇင်ဆရာဟွေ့ဝမ်က အငှားဓားဖြင့် လူသတ်ဖို့ကြိုးစားနေကြောင်း သူက ကောင်းကောင်းနားလည်လေသည်။

ကောင်းကင်အရှင် ဆဗြဟ္မက သူ့ကို ဖျောင်းဖျလာခဲ့ပြီဆိုမှတော့ သူက ခေါင်းမာမနေဘဲ အလိုက်သင့် မျှောချလိုက်သည်။

ယနေ့ဖြစ်ရပ်မှာ စုန်းမျိုးနွယ်မှ လူတချို့၏ အရိပ်အယောင်လည်း ပါဝင်နေသည်။

အင်မော်တယ်ဧကရာဇ်မဟာမိုးကောင်းကင်၏ အကြည့်က သုန်မှုန်လာခဲ့သည်။

သူသည် ဤကိစ္စကြောင့် စုန်းကမ္ဘာကို မတိုက်ခိုက်နိုင်သော်လည်း သူသည် သဲလွန်စတချို့ကို တွေ့လိုတွေ့ငြား စုန်းကမ္ဘာသို့ သွားရောက်ဖို့ ပြင်ထားဆဲဖြစ်သည်။

ထိုအတွေးဖြင့် အင်မော်တယ်ဧကရာဇ်မဟာမိုးကောင်းကင်က ကောင်းကင်အရှင် ဆဗြဟ္မရှိရာဘက်သို့ လက်နှစ်ဖက်ကို ယှက်ပြပြီးနောက် ထွက်ခွာသွား၏။

သူက လေဟာနယ်ကို ဆုတ်ဖြဲ၍ ပျောက်ကွယ်သွားလေသည်။

“အားလုံးပဲ ကျေးဇူးပြုပြီး လူစုခွဲလို့ ရပါပြီ”

ကောင်းကင်အရှင် ဆဗြဟ္မက မဟာနယ်မြေနှစ်ခုမှ အင်မော်တယ်များနှင့်ကိုယ်တော်များကို ကြည့်ပြီး ပြုံး၍ပြောလိုက်သည်။

လူတိုင်း၏ မျက်လုံးများထဲမှာ ကောင်းကင်အရှင် ဆဗြဟ္မသည် ဧကရာဇ်တစ်ပါးဖြစ်သော်လည်း သူသည် မောက်မာဝင့်ကြွားမှု လုံးဝမရှိဘဲ အလွန်တရာ ရင်းနှီးဖော်ရွေမှုရှိလေသည်။

သူသည် တစ်ချိန်လုံး စီးပိုးခြယ်လှယ်နေသည့် အင်မော်တယ်ဧကရာဇ်မဟာမိုးကောင်းကင်နှင့် ကွဲပြားခြားနားနေသည်။

ကျင့်ကြံသူများသည် သူတို့၏ ကျေးဇူးတင်ရှိမှုကို နောက်တစ်ဖန် ဖော်ပြလိုက်ကြ၏။

ကောင်းကင်အရှင် ဆဗြဟ္မက ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။

မထွက်ခွာခင် သူ၏ အကြည့်သည် ဆူဇီမို၏ မျက်နှာပေါ်သို့ အမှတ်တမဲ့ပုံစံဖြင့် ကျရောက်သွားပြီး ထို့နောက် သူက လှည့်ထွက်ကာ မိုးကောင်းကင်၏ အစွန်းတစ်ဖက်မှာ ပျောက်ကွယ်သွားလေသည်။

ဧကရာဇ်တစ်ပါး ထွက်ခွာသွားပြီးနောက် လက်ရှိအင်မော်တယ်များနှင့်ကိုယ်တော်များက စိတ်သက်သာစွာ သက်ပြင်းချလိုက်ကြ၏။

ဧကရာဇ်နှစ်ပါးနှင့် ရင်ဆိုင်ရချိန်မှာ အင်မော်တယ်ဘုရင်များပင်လျှင် နေရာအနှံ့ကနေ ဝင်ရောက်လာသည့် ဖိအားတစ်ရပ်ကို ခံစားနေခဲ့ရသည်။

ဤသည်က ဧကရာဇ်ပညာရှင်များ၏ တစ်မူထူးခြားသော စွမ်းပကားဖြစ်လေသည်။

ဧကရာဇ်တစ်ပါး၏ စွမ်းပကားကို ခုခံဆန့်ကျင်၍ မရနိုင်ပေ။

လူတစ်ယောက်သည် ဧကရာဇ်နယ်ပယ်အထိ ကျင့်ကြံပြီးမှသာ အထက်ဘုံလောကတွင် အထွတ်အထိပ်တည်ရှိမှု ဖြစ်လာသည်ဟု ဆိုနိုင်သည်။ သူတို့သည် လောကကို အထက်စီးကနေကြည့်ပြီး သက်ရှိသန်းပေါင်းများစွာကို အုပ်စိုးနိုင်ကြသည်။

အစကတော့ မဟာနယ်မြေနှစ်ခုမှ ကျင့်ကြံသူများသည် ထွက်ပြေးလွတ်မြောက်နိုင်ခဲ့သည့်အတွက် ကျေနပ်နှစ်ခြိုက်နေမိသည်။

သို့သော်လည်း သိပ်မကြာခင် လူတိုင်း၏ ရင်ထဲရှိ ဝမ်းသာအားရမှုက ဖျော့တော့သွားပြီး သူတို့မှာ တွေဝေရှုပ်ထွေးသော အမူအရာများရှိလာကြသည်။

ဤတစ်ခေါက် မဟာနယ်မြေနှစ်ခုကနေ ကျင်းပသော မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲသည် လုံးဝကို ကျရှုံးသွားခဲ့သည်။

အစကတော့ မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲသည် ပကတိအင်မော်တယ်အဆင့်သတ်မှတ်ချက်နှင့် သူတော်စင်အဆင့်သတ်မှတ်ချက်၏ အန္တိမပကတိအင်မော်တယ်နှင့် အန္တိမသူတော်စင်ကို ရွေးချယ်ဖို့ ရည်ရွယ်ခဲ့ကြသည်။

ယခု ထိုအဆင့်သတ်မှတ်ချက်နှစ်ခုသည် အခြားတစ်ယောက်အတွက် အကျိုးအမြတ်ရရှိခြင်းဖြင့် အဆုံးသတ်သွားခဲ့လေပြီ။

အန္တိမပကတိအင်မော်တယ်များနှင့် အန္တိမသူတော်စင်များဟု ခေါ်ဆိုသောသူများသည် အခြားလူတစ်ယောက်၏ ကျော်ကြားမှုအတွက် နင်းတက်စရာ လှေကားထစ်များဖြစ်ခဲ့ကြသည်။

မိစ္ဆာမဟာနယ်မြေမှ အထီးကျန်သိုင်းသခင်…။

ရှစ်ဝူနန်သည် အန္တိမသူတော်စင်ဖြစ်လာစဉ်မှာပင် သူက အထီးကျန်သိုင်းသခင်ထံမှ ထိုးချက်တစ်ချက်ဖြင့် သတ်ဖြတ်ခံခဲ့ရသည်။

ဓားအင်မော်တယ်ယွဲ့ဟွားနှင့် ဒုံမင်းအင်မော်တယ် မုန့်ယောင်ကဲ့သို့ လူများကတော့ သူတို့သည် အလွန်တရာဆိုးဝါးသော ကံကြမ္မာများနှင့် ကြုံတွေ့ခဲ့ရသည်။

မုန့်ယောင်သည် ဒုံမင်းတာအိုမှာ ထျန်ဟွမ်ဂိုဏ်း၏ ဒုံမင်းမိစ္ဆာကို ရှုံးနိမ့်ခဲ့ရုံသာမက သူမ၏ ရုပ်ရည်သွင်ပြင်ကပါ ဖျက်ဆီးခံခဲ့ရပြီး ဘယ်တော့မှ ပြန်လည်မကုသနိုင်တော့ပေ။

မုန့်ယောင်သည် ဤမိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲမှာ သူမ တစ်ခါက ရရှိထားခဲ့သည့်အရာရာတိုင်းကို ဆုံးရှုံးခဲ့ရသည်ဟု ဆိုနိုင်သည်။

သူမ၏ ဂုဏ်ကျက်သရေ၊ သူမ၏ ဒုံမင်းတာအို၊ သူမ၏ ရုပ်ရည်သွင်ပြင်နှင့် သူမ ဂုဏ်ယူဝင့်ကြွားခဲ့ရသည့် အရာရာတိုင်းသည် မိစ္ဆာမဟာနယ်မြေမှ အထီးကျန်သိုင်းသခင်၏ ခြေရင်းတွင် နင်းချေဖျက်ဆီးခံခဲ့ရသည်။

သူမသည် သူမ၏ ဝိညာဉ်ကို ဆုံးရှုံးသွားရသည့်အလား မုန့်ယောင်သည် ငေးငိုင်စွာဖြင့် မျက်တွင်းဟောက်ပက်ဖြစ်နေပြီး ဖုတ်ဝင်နေသော လူသေကောင်ကဲ့သို့ တောင်တန်းပင်လယ်အင်မော်တယ်ဂိုဏ်း၏ လူအုပ်ကြီးနှင့်အတူ လိုက်ပါသွားသည်။

စိတ်အာရုံများ၏ ဗဟိုချက်အဖြစ် သူမကို ဝန်းရံနေမည့် မည်သူတစ်ဦးတစ်ယောက်မှ ဆက်လက်၍ မရှိတော့ပေ။

တကယ်ဆို တောင်တန်းပင်လယ်အင်မော်တယ်ဂိုဏ်းမှ တာအိုရောင်းရင်းများစွာသည် သူမ၏ မျက်နှာပေါ်ရှိ ကြောက်မက်ဖွယ်ရာကောင်းသော အမာရွတ်ကို တွေ့မြင်သောအခါ သူတို့က ရွံရှာစက်ဆုပ်သော အကြည့်များကို ထုတ်ဖော်ပြီး အလိုလိုရှောင်ကွင်းသွားကြသည်။

ဓားအင်မော်တယ် ယွဲ့ဟွား၏ ရလဒ်က ပို၍ပင်ဆိုးဝါးလေသည်။

သူသည် ထာဝရပျက်သုဉ်းခြင်း၏ မရေမတွက်နိုင်သော အကြွင်းအကျန်များဖြင့် ထိခတ်ခံခဲ့ရသည်။

သူက ရှင်သန်နိုင်မည်ဆိုလျှင်တောင် အဲဒါသည် သေသည်ထက် ပိုမိုဆိုးဝါးသော ကံကြမ္မာဖြစ်ပေလိမ့်မည်။

မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲမှာ မဟာနယ်မြေနှစ်ခုမှ ကျင့်ကြံသူများသည် အစက မြင့်မားသော စိတ်ဝိညာဉ်မှာ ရှိနေခဲ့ကြသည်။ ပကတိအင်မော်တယ်အဆင့်သတ်မှတ်ချက်နှင့် သူတော်စင်အဆင့်သတ်မှတ်ချက်ပေါ်ရှိ ပြိုင်စံရှားများနှင့် ပြန်ဝင်စားမွန်းစတားများက ပို၍ပင် စိတ်အားမာန်တက်ကြွနေခဲ့ကြသည်။

ယခု ဤကဲ့သို့သော သာယာလှပသည့်မြင်ကွင်းသည် တစ်ခဏချင်းမှာပင် လူတစ်ယောက်ကြောင့် ကြေမွပျက်စီးသွားခဲ့ရလေသည်။

ထိုအခိုက်အတန့်မှာ မဟာနယ်မြေနှစ်ခုမှ ကျင့်ကြံသူများက အနည်းငယ် စိတ်ဓာတ်ကျနေကြသည်။

သူတို့သာလျှင်မဟုတ်ဘဲ အင်မော်တယ်ဘုရင်ပညာရှင်များပင်လျှင် ခါးသီးစွာ ခံစားနေရသည်။

တကယ်ဆို အင်မော်တယ်ဘုရင်ချင်းယန်နှင့် အခြားသူများသည် စောစောက မြင်ကွင်းကို ပြန်၍ပင် အစမဖော်လိုကြပေ။ မဟာနယ်မြေနှစ်ခုမှ အင်မော်တယ်များနှင့်ကိုယ်တော်များ၊ အန္တိမအင်မော်တယ်ဘုရင် နှစ်ဆယ်ကျော်နှင့် သာမန်အင်မော်တယ်ဘုရင် တစ်ရာကျော်သည် အထီးကျန်သိုင်းသခင်တစ်ယောက်တည်းကို ရှုံးနိမ့်ခဲ့ရသည်။

မဟာနယ်မြေနှစ်ခုမှ ကျင့်ကြံသူများကြားမှာ အခြားသူများနှင့်ယှဉ်လျှင် ကွဲပြားသော စိတ်ခံစားချက်များရှိနေသည့် လူတချို့ရှိလေသည်။

ယွင်ကျူးမှာ စိတ်လက်ပေါ့ပါးသော အမူအရာတစ်ခုရှိနေသည်။

မိုချင်က သူမ၏ ခေါင်းကို အနည်းငယ်ငုံ့ထားပြီး ခပ်ယဲ့ယဲ့အပြုံးတစ်ခုနှင့်အတူ တစ်စုံတစ်ရာကို တွေးနေပုံရသည်။

“အထီးကျန်သိုင်းသခင်လိုလူကို သတ်ဖြတ်ရမှာ ပြတ်သားတဲ့လူက ငါ့ကို ဘာလို့မသတ်ခဲ့ရတာလဲ”

“ငါက နန်းတော်ကိုးဆောင်လှပသိမ်မွေ့ခြေလှမ်းတွေရဲ့ အဆင့်-၈ ကို နားလည်ဆင်ခြင်ခဲ့ပြီးပြီ… သူက အဲဒါကို ဘယ်လိုချက်ချင်းချေဖျက်နိုင်ခဲ့တာလဲ”

ကျွင်းယု၏ မျက်လုံးများက တွေဝေရှုပ်ထွေးမှုဖြင့် ပြည့်နှက်နေဆဲဖြစ်သည်။

လင်းလေက မနေနိုင်ဘဲ ပြောလိုက်သည်။

“အထီးကျန်သိုင်းသခင်က လွန်ခဲ့တဲ့ နှစ်နှစ်ထောင် လန့်ဖုန်းမြို့တော်မှာ ရှိခဲ့စဉ်ကထက်တောင် အများကြီးပိုသန်မာလာပြီ.. သူက ဒီလောက်အတိုင်းအတာအထိ ကြီးပြင်းလာခဲ့ပြီပဲ”

သည့်ယခင်က လင်းလေသည် တစ်နေ့မှာ အထီးကျန်သိုင်းသခင်ကို စိန်ခေါ်နိုင်မည်ဟု မျှော်လင့်ချက်ပါးပါးလေးကို ကိုင်စွဲထားခဲ့သည်။

သို့သော်လည်း ယနေ့အပြီးမှာ ထိုအတွေးက သူ၏ စိတ်ထဲ လုံးဝ ဝင်ရောက်မလာတော့ပေ။

“နင်က တက္ကသိုလ်ကို ပြန်သွားဖို့ အလောတကြီးရှိမနေဘူးဆိုရင် အနားယူဖို့အတွက် ငါ့ရဲ့နန်းတော်ကို လိုက်ခဲ့ပါလား”

အင်မော်တယ်ဘုရင်မ လင်းလုံက ဆူဇီမိုထံ အသံတစ်ခုကို ပို့လွှတ်ပေးလိုက်သည်။

“ငါ နင့်အကြောင်းနဲ့ပတ်သက်ပြီး ပြောစရာကိစ္စတချို့ရှိတယ်”

“ကောင်းပါပြီ”

ဆူဇီမိုက ခပ်မြန်မြန်သဘောတူလိုက်သည်။

“ကျုပ်က စီနီယာလူသားဧကရာဇ်ဆီလည်း အလည်ရောက်တာပေါ့”

ဆူဇီမိုသည် မိုချင်ကို သတင်းပေးပြီးနောက် အစိမ်းရောင်မိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေ၏ တိုက်ပွဲနိုင်ငံရှိရာသို့ အင်မော်တယ်ဘုရင်မ လင်းလုံနှင့် အခြားသူများနောက် လိုက်ပါလာခဲ့သည်။

တိုက်ပွဲနိုင်ငံသို့ ရောက်ရှိလာပြီးနောက် အင်မော်တယ်ဘုရင်မ လင်းလုံက တိုက်ပွဲနိုင်ငံမှ ကျင့်ကြံသူအချို့ကို လူစုခွဲစေပြီး လင်းလေ၊ လင်းလောနှင့် ဆူဇီမိုနှင့်အတူ နန်းတော်ထဲသို့ ပြန်လာခဲ့ကြသည်။

“နင်တို့နှစ်ယောက် ပြန်သွားပြီး အနားယူကြတော့”

အင်မော်တယ်ဘုရင်မ လင်းလုံက လင်းလေနှင့် လင်းလောကို ပြောလိုက်သည်။

“အမေ… လင်းလောနဲ့ ကျုပ်က အဖေ့ကို နှုတ်မဆက်ရသေးဘူး”

လင်းလေက မျက်မှောင်ကြုတ်ပြီး ဘေးတစ်ဖက်မှာရှိသော ဆူဇီမိုကို ကြည့်ကာ စိတ်ထဲကနေ မကျေမနပ်ရေရွတ်လိုက်သည်။

သူ့အမေက ဆူဇီမိုကို ဘာလို့ အဲလောက်ထိ ယဉ်ကျေးပျူငှာနေရတာလဲ…။

“ဒီနေ့တော့ မလိုတော့ဘူး… နင်တို့တွေ အရင်ဆုံးအနားယူလိုက်… မနက်ဖြန်မှ ပြန်လာခဲ့ကြ”

အင်မော်တယ်ဘုရင်မ လင်းလုံက လင်းလေနှင့်လင်းလောကို အရင်ဆုံးနှင်ထုတ်ပြီးနောက် ဆူဇီမိုကို ပြောလိုက်သည်။

“လေအာနဲ့ လောအာကို အရင်က ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်”

အနားမှာ တခြားဘယ်သူမှ မရှိတော့သည့်အခါ ဆူဇီမိုက မေးလိုက်သည်။

“ဒါနဲ့ စီနီယာလူသားဧကရာဇ်ရဲ့ ဒဏ်ရာတွေက ဘယ်လိုနေလဲ”

အင်မော်တယ်ဘုရင်မ လင်းလုံက ခဏမျှ တွေဝေတုံ့ဆိုင်းပြီးနောက် သူမ၏ ခေါင်းကို ညင်သာစွာ ခါယမ်းကာ သက်ပြင်းချလိုက်သည်။

အဲဒါက တကယ်ပင် အလုပ်မဖြစ်ခဲ့ပေ။

ဆူဇီမိုက မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။

သူသည် အရင်က လင်းလောကို အသောကသစ်သီး ပေးခဲ့စဉ်က အသောကသစ်သီးနှင့် ဒွါရကိုးပေါက်ယန်ပြန်ရောက်ဆေးလုံးသက်သက်က လူသားဧကရာဇ်၏ ထိခိုက်ဒဏ်ရာများကို ကုသပေးနိုင်လိမ့်မည် မဟုတ်ကြောင်း သူက ခပ်ရေးရေးခန့်မှန်းမိခဲ့သည်။

“အဲဒါကြောင့်ပဲ ခင်ဗျားက ဒီတစ်ခေါက် ကျင့်ကြံသူတစ်အုပ်စုကို ကိုယ်တိုင်ဦးဆောင်လာတာပေါ့ ဟုတ်တယ်မလား”

ဆူဇီမိုက ဆက်ပြောလိုက်သည်။

အင်မော်တယ်ဘုရင်မ လင်းလုံက ခေါင်းညိတ်ပြလိုက်သည်။

“ငါက ဒီတစ်ခေါက် ပေါ်ထွက်မလာဘဲ တိုက်ပွဲနိုင်ငံမှာပဲ နေမယ်ဆိုရင် တိုက်ပွဲဘုရင်ရဲ့ ထိခိုက်ဒဏ်ရာတွေက အခုအချိန်ထိ မသက်သာသေးဘူးလို့ တခြားသူတွေက သေချာပေါက် မှတ်ယူကြလိမ့်မယ်”

“ဒီတစ်ခေါက် မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲမှာ ငါပေါ်ထွက်လာတော့ အနည်းဆုံးတော့ အဲဒါက အဖွဲ့အစည်းအတော်များများရဲ့ သံသယတွေကို ချေဖျက်ပေးနိုင်လိမ့်မယ်”

All Chapters