← Chapters

ဖန်တီးခြင်း၏ အဓိပ္ပာယ်

Vol. 176 Ch. 2635

ဖန်တီးခြင်း၏ အဓိပ္ပာယ်

Vol. 176 Ch. 2635

“ဒီလျှို့ဝှက်အတတ်သုတ္တန်က ..”

လူသားဧကရာဇ်လင်းကျန့်သည် တည်တံ့သောအမူအရာဖြင့် သူ့ရင်ထဲရှိတုန်လှုပ်မှုနှင့်အတူ အင်မော်တယ်ဘုရင်မလင်းလုံဘာသာပြန်ပေးထားသည့် စကားလုံးခြောက်ရာကျော်ကျော်ကို ကြည့်လိုက်သည်။

ယခုအချိန်မှာ ဆူဇီမိုသည် အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက်ဖြစ်သည်။ သူ၏ လက်ရှိကျင့်ကြံမှုက သူ့အနေဖြင့် ယင်ယန်အဆောင်သုတ္တန်ကို တွေ့မြင်နေသည်ဆိုလျှင်တောင် အဲဒီကနေတစ်ခုခုကို နားလည်ဆင်ခြင်နိုင်ဖို့ ခက်ခဲနေသေးသည်။

သို့သော်လည်း လူသားဧကရာဇ်ကတော့ မတူပေ။

သူသည် ကောင်းကင်လိုဏ်ဂူတစ်ခုကိုစုဖွဲ့ပြီး အင်မော်တယ်ဘုရင်တစ်ပါးဖြစ်လာခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။

အင်မော်တယ်ဘုရင်တစ်ပါးအဖြစ် သူ၏ အတွေ့အကြုံနှင့် အသိအမြင်နှင့်အတူ လူသားဧကရာဇ်၏ ပါရမီအရည်အချင်းအရ သူသည် စကားလုံးခြောက်ရာကျော်ကျော်မှ လေးနက်သိမ်မွေ့မှုကို တွေ့မြင်နိုင်သည်။

“အဲဒါက စကားလုံးခြောက်ရာကျော်ကျော်ပဲရှိတယ်ဆိုပေမဲ့ စကားလုံးတစ်လုံးချင်းစီမှာ မဟာတာအိုရဲ့ အဆုံးစွန်အမှန်တရား ပါဝင်နေတယ်... မင်းက အဲဒါကို ကြိုးစားပြီးတော့ဖော်ထုတ်လေလေ မင်းက သူ့ရဲ့အနုစိပ်သဘောတရားတွေကို နားလည်လာနိုင်လေလေပဲ”

လင်းကျန့်က အင်မော်တယ်ဘုရင်မလင်းလုံကိုကြည့်ပြီး ရေရွတ်ပြောဆိုလိုက်သည်။

“ယင်ယန်အဆောင်သုတ္တန်က အထက်ဘုံလောကက တစ်စုံတစ်ရာနဲ့မတူဘဲ မဟာတစ်ထောင်လောကကနေလာတယ်လို့ မင်းပြောခဲ့တာ မထူးဆန်းတော့ဘူးပဲ”

“ဒဏ္ဍာရီလာ မဟာတစ်ထောင်လောကကပဲ ဒီလိုမျိုးအနုစိပ်လွန်းတဲ့ ဓမ္မတာအိုတစ်ခုကို ပြုစုပျိုးထောင်ပေးနိုင်မယ်”

ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားပြီး မေးလိုက်သည်။

“စီနီယာလူသားဧကရာဇ်... ခင်ဗျားအရင်တုန်းက အတင်းအကျပ်ဆင်းသက်ခဲ့တုန်းက ခင်ဗျားက ကောင်းကင်နဲ့မြေကြီးနိယာမတွေ​ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်... ဒီယင်ယန်အဆောင်သုတ္တန်က ခင်ဗျားရဲ့ထိခိုက်ဒဏ်ရာတွေကို အကူအညီတစ်စုံတစ်ရာ ပေးနိုင်မလား”

“အဲဒါက အကူအညီတင်မကလောက်ဘူးထင်တယ်”

လင်းကျန့်က လေးနက်သောအသံဖြင့် ပြောလိုက်သည်။

“ငါက အဲဒီကနေ တစ်ခုခုကို နားလည်ဆင်ခြင်နိုင်မယ်ဆိုရင် ငါ့ရဲ့ဒဏ်ရာတွေက သက်သာပျောက်ကင်းလာရုံတင်မကဘူး ငါက စဥ်းစားကြည့်လို့မရနိုင်တဲ့ အခွင့်အလမ်းတစ်ခုကိုပါ ရရှိလာနိုင်လောက်တယ်”

“အဲဒါဆိုရင်တော့ ကောင်းတာပေါ့ဗျာ”

ဆူဇီမိုက ပြုံး၍ပြောလိုက်သည်။

အင်မော်တယ်ဘုရင်မလင်းလုံကလည်း ကျေနပ်သဘောကျသွားသည်။

တကယ်တမ်းမှာ လူသားဧကရာဇ်၏ ထိခိုက်ဒဏ်ရာများအပေါ် ယင်ယန်အဆောင်သုတ္တန်၏ အကူအညီသည် ဒွာရကိုးပေါက်ယန်ပြန်ရောက်ဆေးလုံးနှင့် အသောကသစ်သီးတို့ထက် များစွာပိုမိုကြီးမားလေသည်။

လူသားဧကရာဇ်၏ ထိခိုက်ဒဏ်ရာများသည် ကောင်းကင်နှင့်မြေကြီးနိယာမများကြောင့် ရရှိလာခဲ့သည်။ အမြုတေစိတ်ဝိညာဥ်ထိခိုက်ဒဏ်ရာများကို ကုသဖို့အတွက် တစ်ခုတည်းသောနည်းလမ်းမှာ ကောင်းကင်နှင့်မြေကြီးနိယာမများ၏ လျှို့ဝှက်ချက်တချို့ကို နားလည်ဆင်ခြင်နိုင်ဖို့ဖြစ်လေသည်။

“တကယ်တော့... ယင်ယန်အဆောင်သုတ္တန်က မဟာတစ်ထောင်လောကကနေလာတယ်လို့ ငါခန့်မှန်းမိတာ နောက်ထပ်အကြောင်းအရင်းတစ်ခုရှိတယ်”

အင်မော်တယ်ဘုရင်မလင်းလုံက ဆူဇီမိုကိုကြည့်ပြီးပြောလိုက်သည်။

“တက္ကသိုလ်ကဂိုဏ်းချုပ်နဲ့အတူ ငါလက်ခံရရှိခဲ့တဲ့ သတင်းအချက်အလက်ပေါ်အခြေခံပြီးပြောရရင် ယင်ယန်အဆောင်သုတ္တန်ကို​ မွေးထုတ်ပေးခဲ့တဲ့ ဖန်တီးခြင်းကြာပဒုမ္မာက မဟာတစ်ထောင်လောကကနေလာတာဖြစ်ဖို့များတယ်လို့ ငါတို့ကအကြမ်းဖျင်းကောက်ချက်ချနိုင်ခဲ့လို့ပဲ”

ထိုထင်မြင်ယူဆချက်သည် ဆူဇီမို၏ စောစောကအတွေးများနှင့် ကိုက်ညီမှုရှိနေသည်။

အင်မော်တယ်ဘုရင်မလင်းလုံက ပြောလိုက်သည်။

“အထက်ဘုံလောကက လူတော်တော်များများက ဖန်တီးခြင်းကြာပဒုမ္မာကို ကြားဖူးထားကြတယ်... အဲဒါက လောကတစ်ခုလုံးမှာ တစ်ခုတည်းပဲရှိတယ်လို့ သူတို့သိထားကြတယ်... သူ့ရဲ့ အစစ်အမှန်မူလဇာစ်မြစ်ကိုတော့ သိရှိတဲ့လူ များများစားစား မရှိဘူး”

အင်မော်တယ်ဘုရင်မလင်းလုံသည် ဤအကြောင်းကို သိရှိခဲ့သည်မှာ သူမသည် မဟာဧကရီကောင်းကင်ကိုးလွှာဆန်းကြယ်အပျိုစင်၏ အမွေအနှစ်ကို တစ်ခါက လက်ခံရရှိခဲ့သောကြောင့်ဖြစ်သည်။

မဟာဧကရီကောင်းကင်ကိုးလွှာဆန်းကြယ်အပျိုစင်သည် ဖန်တီးခြင်းကြာပဒုမ္မာကို ရရှိခဲ့ပြီး ၎င်းကို ရင့်သန်သည့်အဆင့်တစ်ခုထိ ပြုစုပျိုးထောင်ခဲ့သည်။

သို့သော်လည်း မဟာဧကရီ​ကောင်းကင်ကိုးလွှာဆန်းကြယ်အပျိုစင်၏ ခေတ်ကာလက သူတို့နှင့် အရမ်းကိုဝေးကွာသွားခဲ့ပြီဖြစ်သည်။

မဟာဧကရီကောင်းကင်ကိုးလွှာဆန်းကြယ်ဧကရီ၏ အမွေအနှစ်ကို လက်ခံရရှိခဲ့သော အင်မော်တယ်ဘုရင်မလင်းလုံလို တစ်ယောက်ယောက်မရှိသရွေ့ ထိုကိစ္စကို နားလည်သိရှိမည့်သူက မရှိသလောက်နီးပါးပင်။

“ဖန်တီးခြင်းကြာပဒုမ္မာက ပြုစုပျိုးထောင်ဖို့အရမ်းကိုခက်ခဲတယ်...ငါသိရသလောက်ဆိုရင် မဟာဧကရီကောင်းကင်ကိုးလွှာ ဆန်းကြယ်အပျိုစင်ကပဲ အဲဒါကို အဆင့်၁၂ထိ ပြုစုပျိုးထောင်နိုင်ခဲ့တယ်”

အင်မော်တယ်ဘုရင်မလင်းလုံက ဆက်ပြောလိုက်သည်။

“အဲဒါကြောင့် အထက်ဘုံမှာရှိတဲ့လူတိုင်းနီးပါးက ဖန်တီးခြင်းကြာပဒုမ္မာကို လျှော့တွက်ပြီး အဲဒါက အထက်ဘုံလောကရဲ့ မူကွဲစိတ်ဝိညာဥ်အပင်တစ်မျိုးဖြစ်တယ်လို့ပဲ မှတ်ယူထားကြတယ်”

“အထက်ဘုံလောကမှာ ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေရဲ့ ဂမ္ဘီရဆီးနှင်းမက်မန်းပင်၊ ကျောက်စိမ်းမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေရဲ့ အင်မော်တယ်မက်မွန်ပင်၊ အစိမ်းရောင်မိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေရဲ့ အင်မော်တယ်မိုးမခပင်လိုမျိုး မူကွဲစိတ်ဝိညာဥ်အပင်တွေ အများကြီးရှိတယ်”

ကောင်းကင်ဘုံကမ္ဘာ၏ အလယ်ဗဟိုမှာပင်လျှင် တည်ဆောက်သူသစ်ပင်ကို မူကွဲစိတ်ဝိညာဥ်အပင်တစ်ခုဟု ဆိုနိုင်လေသည်။

ထိုရှုထောင့်ကနေကြည့်မည်ဆိုလျှင် ဖန်တီးခြင်းကြာပဒုမ္မာသည် ရှားပါးသော်လည်း ၎င်းသည် သူတို့၏ နားလည်နိုင်မှုအတိုင်းအတာအတွင်းမှာ ရှိနေဆဲဖြစ်သည်။

လင်းကျန့်ကလည်း ခေါင်းညိတ်ပြလိုက်သည်။

“ဖန်တီးခြင်းကြာပဒုမ္မာက မဟာတစ်ထောင်လောကကနေလာတယ်ဆိုတာ လူတိုင်းသိရှိထားမယ်ဆိုရင် မင်းကိုတိုက်ခိုက်ခဲ့မှာက ဘုရင်ယွင်ရိုတစ်ယောက်ပဲ ကမှာမဟုတ်ဘူး”

“အဲဒီအချိန်ကျရင် ဧကရာဇ်တွေအားလုံးက လောဘတက်လာနိုင်တယ်”

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်သည်။

လူသားဧကရာဇ်က အဲဒါကို ချဲ့ကားပြောဆိုနေခြင်းလုံးဝမဟုတ်ကြောင်း သူ၏ ရင်ထဲမှာ သိရှိထားသည်။

ဖန်တီးခြင်းကြာပဒုမ္မာကို မပြောနှင့် ယင်ယန်အဆောင်သုတ္တန်ပေါ်ထွက်လာမည်ဆိုလျှင်တောင် အရေမတွက်နိုင်သောဧကရာဇ်များက အဲဒါအတွက် တိုက်ခိုက်ကြပေလိမ့်မည်။

တကယ်တမ်းမှာတော့ ကျင့်ကြံခဲ့သည့် ဤနှစ်များအတွင်း အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက ကြီးပြင်းလာသည်နှင့်အမျှ ဆူဇီမိုသည် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာထံမှ အမျိုးမျိုးသောအံ့ဖွယ်ဖြစ်စဥ်များကို တဖြည်းဖြည်းရှာဖွေတွေ့ရှိလာခဲ့သည်။

စွမ်းအားကြီးမားသော ရတနာတချို့ဆင်းသက်ပေါ်ထွက်လာခြင်းသည် သူတို့ထဲမှတစ်ခုမျှသာဖြစ်သည်။

မျိုးဆက်သွေးအရာမှာဆိုလျှင်လည်း ဖန်တီးခြင်းကြာပဒုမ္မာက အခြားသောသက်ရှိများအားလုံးကို ဖိချေနိုင်လေသည်။

အဆူရာတိုက်ပွဲမြေ၏ ဆိုးယုတ်သွေးကန်အောက်ခြေမှာတုန်းက အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာသည် ကျားဖြူအထွတ်အမြတ်တောကောင်၏ အရိုးကိုပင် ဝါးမျိုနိုင်ခဲ့လေသည်။

နှစ်ပေါင်းမရေမတွက်နိုင်အောင်ရှင်သန်လာခဲ့ပြီး တည်ဆောက်သူသစ်ပင်လို နတ်ဘုရားတစ်ပါးနှင့် ရင်ဆိုင်ရချိန်မှာတောင် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာက ဦးညွှတ်လိုစိတ်မရှိဘဲ တည်ဆောက်သူသစ်ပင်၏ အသက်ဓာတ်အားနှင့် စွမ်းအားကို အတင်းအကျပ်စုပ်ယူနိုင်ခဲ့သည်။

တကယ်တမ်းမှာ ထျန်ဟွမ်ကုန်းမြေတိုက်မှာတုန်းက တျဲယွဲ့သည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ အလားအလာက နဂါးဖီးနစ်အစစ်အမှန်ခန္ဓာကို ကျော်တက်သွားလိမ့်မည်ဟုပင် သူ့ကိုပြောခဲ့ပြီးသားဖြစ်သည်။

ဤနှစ်များ အားလုံးကို ဖြတ်ကျော်ပြီးမှ ဆူဇီမိုက ထိုအချက်ကို သေချာသိလာခဲ့သည်။

သူတို့သည် တူညီသောကျင့်ကြံမှုမှာရှိနေမည်ဆိုလျှင် လက်ရှိအစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာသည် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာကို ဖိနှိမ်ဖို့လုံလောက်လေသည်။

အမြုတေစိတ်ဝိညာဥ်၊ မျိုးဆက်သွေး၊ ကိုယ်ကာယ သို့မဟုတ် နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များမှာဖြစ်စေ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာထက် ကျော်လွန်နေခဲ့ပြီဖြစ်သည်။

ယခုအချိန်မှာပင် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ၎င်း၏ အထွတ်အထိပ်ထိ မကြီးပြင်းသေးပေ။

အင်မော်တယ်ဘုရင်မလင်းလုံက ပြောလိုက်သည်။

“တဗူးနဂါးဖီးနစ်က သန်မာပြီး အရမ်းကိုရှားရှားပါးပါးနဲ့ စွမ်းအားကြီးမားတဲ့ ထိပ်တန်းမျိုးနွယ်တစ်ခုလို့ ဆိုနိုင်ပေမယ့် သူက တစ်ဦးတည်းရှိတာမဟုတ်ဘူး”

“တကယ်တော့... နင်တက်လှမ်းလာပြီး ကပ်ဘေးနဲ့ကြုံတွေ့ခဲ့တုန်းက နင့်ရဲ့နဂါးဖီးနစ်အစစ်အမှန်ခန္ဓာဖျက်ဆီးခံလိုက်ရတာက နင့်အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ရပ်လို့ မဆိုနိုင်သေးဘူး”

“ဖန်တီးခြင်းကြာပဒုမ္မာရဲ့အခြေခံအုတ်မြစ်က ကြာပဒုမ္မာပေါ်မှာ တည်ရှိနေတယ်လို့ လူတိုင်းကထင်နေကြတယ်... ဒါပေမဲ့ တကယ်တမ်းမှာတော့ ဖန်တီးခြင်းကြာပဒုမ္မာရဲ့ခွန်အားက ဖန်တီးခြင်းစကားလုံးမှာ တည်ရှိနေတာပဲ”

“ဘာလို့ဖန်တီးခြင်းလဲ”

ဆူဇီမိုက ညင်သာစွာမေးလိုက်သည်။

“ဖန်တီးခြင်းဆိုတဲ့စကားလုံးက သိမ်မွေ့နက်နဲမှုနဲ့ လျှို့ဝှက်ဆန်းကြယ်မှုအရှိဆုံးပဲ”

အင်မော်တယ်ဘုရင်မလင်းလုံက ​ပြောလိုက်သည်။

“ဖန်တီးခြင်းကြာပဒုမ္မာက ကောင်းကင်နဲ့မြေကြီးရဲ့ ဖန်တီးမှုကို ခိုးယူထားတယ်... နင်ရရှိခဲ့တဲ့ အခွင့်အလမ်းတွေနဲ့ ကြုံကြိုက်မှုတွေက တိုက်ဆိုင်မှုတွေဖြစ်တယ်လို့ထင်ရပေမယ့် သူတို့တွေအားလုံးက ဖန်တီးခြင်းဖြစ်စဥ်အတွင်းမှာ ရှိနေခဲ့တာပဲ”

“နင်တက်လှမ်းလာတဲ့အချိန်ကနေ အခုချိန်ထိ နှစ်တစ်သောင်းအတွင်း ဒီအဆင့်ထိကျင့်ကြံနိုင်ခဲ့တယ်ဆိုတာ နင်က မရေမတွက်နိုင်တဲ့အခွင့်အလမ်းတွေကို ရရှိခဲ့တာဖြစ်ရမယ်... အဲဒါတွေအားလုံးက နင့်ရဲ့ကံကြမ္မာရဲ့ ဖန်တီးမှုအတွက်ဖြစ်လာတာပဲ”

“နင့်ရဲ့နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက ဖျက်ဆီးခံခဲ့ရပေမယ့် နင့်ရဲ့အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာက နဂါးဖီးနစ်အစစ်အမှန်ခန္ဓာရဲ့ နတ်ဘုရားစွမ်းအားတွေနဲ့ လျှို့ဝှက်အတတ်တွေကို ကောင်းကောင်းဆက်ခံရယူနိုင်ခဲ့တယ်”

“တစ်နည်းအားဖြင့်ပြောရရင် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာကတောင် နင့်ရဲ့ဖန်တီးမှုတွေထဲကတစ်ခုဖြစ်လာပြီး အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာရဲ့တစ်စိတ်တစ်ပိုင်း ဖြစ်လာခဲ့တာပဲ”

ဤသည်မှာ ဖန်တီးခြင်းကြာပဒုမ္မာ၏ ကြောက်မက်ဖွယ်ရာကောင်းမှုဖြစ်လေသည်။

တကယ်ဆို ၎င်းသည် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာနှင့်ပတ်သက်သည့်အရာရာတိုင်းကို ပြီးပြည့်စုံလုနီးပါးဆက်ခံရရှိခဲ့ပြီး ၎င်း၏ ကိုယ်ပိုင်ဖန်တီးမှုအဖြစ် ပြောင်းလဲခဲ့လေသည်။

လင်းကျန့်ကလည်း ခေါင်းညိတ်ကာ ပြောလိုက်သည်။

“မင်းက အင်မော်တယ်၊ ဗုဒ္ဓနဲ့ မိစ္ဆာတာအိုတွေရဲ့ အမွေအနှစ်တွေကိုရရှိထားတာ ငါမြင်ရတယ်... တကယ်ဆို မင်းက သားရဲမျိုးနွယ်က သက်ရှိတော်တော်များများရဲ့ အမွေအနှစ်တွေကိုတောင်မှ ရရှိထားသေးတယ်”

“အဲဒီမှာ လုံးဝကိုကွဲပြားပြီး တစ်ခုနဲ့တစ်ခုအတိုက်အခံဖြစ်နေတဲ့ ဓမ္မတာအိုတွေတောင်မှ အများကြီးရှိနေတယ်... ဖန်တီးခြင်းကြာပဒုမ္မာကပဲ သူတို့တွေအားလုံးကို ခန္ဓာကိုယ်ထဲမှာစုစည်းပြီး ဟန်ချက်ညီအောင် ထိန်းထားနိုင်လိမ့်မယ်”

ဆူဇီမိုက နားလည်သဘောပေါက်လာခဲ့သည်။

ဗုဒ္ဓနှင့်မိစ္ဆာခန္ဓာကို ပိုင်ဆိုင်ထားသည့် ဧကရာဇ်ပိုရွှင်းလိုမျိုး ပညာရှင်တစ်ဦးပင်လျှင် သူ၏ ကျင့်ကြံမှုမှာ ပြဿနာတစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်။

ယခုအချိန်မှာ သူသည် အင်မော်တယ်တာအို၏ ရတနာသူတော်စင်ကျောက်စိမ်းကျမ်း၊ ဗုဒ္ဓတာအို၏ ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်နှင့် မိစ္ဆာတာအို၏ ကောင်းကင်သင်္ချိုင်းသုတ္တန်တို့ကိုရရှိထားခဲ့သည်။

သူတို့အားလုံးက တဗူးဂမ္ဘီရကျင့်စဥ်များဖြစ်ကြသည်။

သားရဲတာအိုမှာဆိုလျှင် သူသည် မဟာအရိုင်းကမ္ဘာမှ သားရဲဘုရင်ဆယ့်နှစ်ပါး၏ ဂမ္ဘီရကျင့်စဥ်၊ အထွတ်အမြတ်တောကောင်လေးကောင်၏ လျှို့ဝှက်အတတ်များနှင့် နတ်ဘုရားစွမ်းအားများကဲ့သို့ ထိပ်သီးကျင့်ကြံရေးနည်းစနစ်များစွာကို ပိုင်ဆိုင်ထားလေသည်။

အဲဒါက အခြားသက်ရှိတစ်မျိုးသာဆိုလျှင် သူတို့၏ ကိုယ်ကာယဖြစ်စေ၊ အမြုတေစိတ်ဝိညာဥ်ဖြစ်စေ သူတို့သည် ထိုဓမ္မတာအိုများ​ကို အတူတကွရောနှောထားသည့်အခါ ပေါက်ကွဲထွက်သွားပေလိမ့်မည်။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကသာ အမျိုးမျိုးသောဓမ္မတာအိုများကို သူ့ကိုယ်ပိုင်ဖန်တီးမှုအဖြစ် ပြောင်းလဲပြီးနောက် ပုံမှန်အတိုင်းကျင့်ကြံလာနိုင်ခဲ့ခြင်းဖြစ်လေသည်။

All Chapters