← Chapters

ထာဝရရှင်သန်ရန်အခွင့်အရေး

Vol. 176 Ch. 2636

ထာဝရရှင်သန်ရန်အခွင့်အရေး

Vol. 176 Ch. 2636

ဆူဇီမိုသည် ဖန်တီးခြင်းကြာပဒုမ္မာနှင့်ပတ်သက်သည့် သတင်းအချက်အလက်ကို တဖြည်းဖြည်းကြေညက်လာခဲ့သည်။

ခဏမျှတိတ်ဆိတ်ငြိမ်သက်နေပြီးနောက် ဆူဇီမိုက မေးလိုက်သည်။

“ကျုပ်ရဲ့လက်ရှိကျင့်ကြံမှုအရဆို ကျုပ်က တာအိုသစ်သီးတစ်လုံးကို စုဖွဲ့ပြီး ပကတိဧကနယ်ပယ်ကို တက်လှမ်းမယ်ဆိုရင် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကလည်း အဆင့်-၁၂ရဲ့ အထွတ်အထိပ်ထိ ကြီးပြင်းလာနိုင်လောက်တယ်”

“ဒါပေမဲ့... အဆင့်-၁၂က အထွတ်အထိပ်ဆိုရင် ကောင်းကင်လိုဏ်ဂူနယ်ပယ်နဲ့ ဧကရာဇ်နယ်ပယ်တွေကိုရောက်တဲ့အခါ အစိမ်းရောင်ကြာပန်အစစ်အမှန်ခန္ဓာက ဘယ်လိုကြီးပြင်းလာတော့မှာလဲ”

အင်မော်တယ်ဘုရင်မလင်းလုံက ပြုံးပြလိုက်သည်။

“နင်အဲဒါနဲ့ပတ်သက်ပြီး စိုးရိမ်နေစရာမလိုဘူး... အထက်ဘုံလောကမှာ ဖန်တီးခြင်းကြာပဒုမ္မာရဲ့ မူလဇာစ်မြစ်၊ အလားအလာနဲ့ လျှို့ဝှက်ချက်တွေနဲ့ပတ်သက်ပြီး မင်းကိုဘယ်သူကမှ ပြောပြနိုင်မှာ မဟုတ်လောက်ဘူး”

“ဒါပေမဲ့... ဖန်တီးခြင်းကြာပဒုမ္မာက အဆင့်-၁၂ထိပဲရှိတယ်ဆိုလည်း ကိစ္စမရှိဘူး... အဆင့်-၁၂ ဖန်တီးခြင်းကြာပဒုမ္မာက အရွယ်ရောက်လာတဲ့ အခြေအနေတစ်ခုမှာပဲ... နင်က အနာဂတ်မှာ ဘယ်လောက်ထိကြီးပြင်းလာနိုင်မလဲဆိုတာကတော့ နင့်ကျင့်ကြံမှုရဲ့ကံကြမ္မာပေါ် မူတည်နေလိမ့်မယ်”

“ဥပမာ ကလေးတစ်ယောက်က နှစ်ပေါင်းများစွာကြီးပြင်းလာပြီးတဲ့နောက် သူ့ကိုအရွယ်ရောက်လာပြီလို့ဆိုနိုင်တယ်... ဒါပေမဲ့ အရွယ်ရောက်လာတယ်ဆိုတာ အဲဒီကလေးရဲ့ခွန်အားက ရပ်တန့်သွားလိမ့်မယ်လို့ ဆိုလိုတာမဟုတ်ဘူး”

“ဖန်တီးခြင်းကြာပဒုမ္မာအတွက် အဆင့်၁၂ရဲ့ ရင့်သန်လာတဲ့အခြေအနေဆိုတာ သူ့ကျင့်ကြံမှုရဲ့စမှတ်တစ်ခုပဲ... အဲဒီအချိန်ကစပြီး သူ့ရဲ့အနာဂတ်ကို နင်က လမ်းဖောက်ပေးရလိမ့်မယ်”

ဆူဇီမိုက နားလည်သဘောပေါက်လာခဲ့သည်။

ဖန်တီးခြင်းကြာပဒုမ္မာသည် မဟာတစ်ထောင်လောကကနေ အမှန်တကယ်လာခဲ့သည်ဆိုလျှင် အဲဒါနှင့်ပတ်သက်ပြီး တိကျသေချာစွာပြောနိုင်သည့်သူ မရှိလောက်ပေ။

ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားပြီး ရုတ်တရက်မေးလိုက်သည်။

“စီနီယာတို့... မဟာတစ်ထောင်လောကအကြောင်း ခင်ဗျားတို့တွေ ဘယ်လောက်များများသိထားလဲ... အထက်ဘုံလောကမှာရှိသက်ရှိတွေက ပြီးခဲ့တဲ့နှစ်တွေထဲ အဲဒီကိုတက်လှမ်းသွားနိုင်တာရှိလား”

လင်းကျန့်နှင့် အင်မော်တယ်ဘုရင်မလင်းလုံက အကြည့်ချင်းဖလှယ်ပြီးနောက် ခေါင်းခါပြလိုက်ကြသည်။

အင်မော်တယ်ဘုရင်မလင်းလုံက ခဏမျှစဥ်းစားပြီးပြောလိုက်သည်။

“မဟာတစ်ထောင်လောကက တည်ရှိလိမ့်မယ်... ဒါပေမဲ့ မဟာတစ်ထောင်လောကနဲ့ပတ်သက်တဲ့ မှတ်တမ်းမှတ်ရာတွေအားလုံးနီးပါးက သမိုင်းစာအုပ်တွေထဲမှာ ​ဖျောက်ဖျက်ခံထားရတယ်... အဲဒီတော့ အဲဒါနဲ့ပတ်သက်ပြီး ဘယ်သူကမှ အတည်ပြုမပေးနိုင်ဘူး”

“မဟာတစ်ထောင်လောကကို တက်လှမ်းသွားနိုင်တဲ့သူ တစ်ယောက်ယောက်ရှိမလားဆိုတာ ငါတို့တွေလည်းမသိဘူး”

လူသားဧကရာဇ်နှင့် အင်မော်တယ်ဘုရင်မလင်းလုံသည် အထက်ဘုံသို့ တက်လှမ်းလာခဲ့သည်မှာ နှစ်ပေါင်းသိန်းချီကြာသွားခဲ့ပြီဖြစ်ပြီး ကောင်းကင်လိုဏ်ဂူနယ်ပယ်ထိ ကျင့်ကြံထားခဲ့ကြသည်။ သို့သော်လည်း သူတိူ့၏ အတွေ့အကြုံနှင့်ပင်လျှင် သူတို့သည် မဟာတစ်ထောင်လောကနှင့်ပတ်သက်သည့် မည်သည့်အရာကိုမှ မသိရှိကြပေ။

လင်းကျန့်က ပြောလိုက်သည်။

“ဧကရာဇ်တစ်ပါးရဲ့ ဘဝသက်တမ်းက နှစ်ဆယ်သန်းဖြစ်တယ်ဆိုမှတော့... ဧကရာဇ်နယ်ပယ်က ကျင့်ကြံမှုရဲ့အဆုံးမဟုတ်ဘူးလို့ ငါယုံတယ်”

“မဟာတစ်ထောင်လောကမှာ ထာဝရရှင်သန်နေထိုင်ဖို့အတွက် အခွင့်အရေးတစ်ခုရှိကောင်းရှိနေနိုင်တယ်”

ဆူဇီမိုက အတွေးနက်စွာဖြင့် ခေါင်းညိတ်ပြလိုက်၏။

ဆူဇီမိုသည် လူသားဧကရာဇ်နှင့် အင်မော်တယ်ဘုရင်မလင်းလုံနှင့်အတူ အပြန်အလှန်စကားပြောဆိုခြင်းကနေ အကျိုးအမြတ်ကြီးမားစွာရရှိခဲ့သည်။

သူသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာနှင့်ပတ်သက်သည့် သတင်းအချက်အလက်များစွာကိုရရှိခဲ့ရုံသာမက သူသည် သူ့ယခင်ခန့်မှန်းချက်တစ်ချို့ကိုပါ အတည်ပြုနိုင်ခဲ့သည်။

ပို၍အရေးကြီးသည်မှာ အင်မော်တယ်ဘုရင်မလင်းလုံ၏ သတိပေးမှုနှင့်အတူ သူသည် ပို၍သတိထားလာရပြီး အဆိုးဆုံးအခြေအနေကို ကိုင်တွယ်ဖို့အတွက် ကြိုတင်ပြင်ဆင်ထားရပေမည်။

အင်မော်တယ်ဘုရင်မလင်းလုံပြောပုံအရ သူမနှင့် တက္ကသိုလ်၏ ဂိုဏ်းချုပ်သည် မဟာဧကရီကောင်းကင်ကိုးလွှာဆန်းကြယ်အပျိုစင်၏ အမွေအနှစ်ကို လက်ခံရရှိခဲ့ကြသည်။ အင်မော်တယ်ဘုရင်မလင်းလုံသည် ယင်ယန်အဆောင်သုတ္တန်အကြောင်းသိရှိထားမည်ဆိုလျှင် တက္ကသိုလ်၏ ဂိုဏ်းချုပ်ကလည်း အဲဒါကို သိရှိထားလိမ့်မည်ဟု အဓိပ္ပါယ်ရလေသည်။

တစ်နည်းအားဖြင့်ဆိုသော် တက္ကသိုလ်၏ ဂိုဏ်းချုပ်သည် သူ့ကိုတိုက်ခိုက်ရန် ဘုရင်ယွင်ရိုထက်ပင် ပိုမိုကြီးမားသော ရည်ရွယ်ချက်ရှိနေနိုင်သည်။

ဘုရင်ယွင်ရိုသည် သူ့ကို မူကွဲစိတ်ဝိညာဥ်အပင်တစ်ပင်နှင့် ရှားရှားပါးပါးဆေးဖက်ဝင်အပင်တစ်ခုအဖြစ်သာ ရှုမြင်ထားခြင်းဖြစ်သည်။

သို့သော်လ​ည်း တက္ကသိုလ်၏ ဂိုဏ်းချုပ်သည် သူ့ကို အထက်ဘုံလောက၏ အဖိုးတန်ဆုံးရတနာတစ်ခုအဖြစ် ရှုမြင်ထားနိုင်သည်။

ထို့ကြောင့်ပင် သူတက်လှမ်းလာသည့်အခါ ဘုရင်ယွင်ရိုသည် သူ့ကိုဖမ်းဆီးပြီး သူ့ကိုအင်မော်တယ်ဆေးလုံးအဖြစ် သန့်စင်မွန်းမံဖို့ပြင်ဆင်ကာ သူ့ကို ချက်ချင်းအမဲလိုက်ခဲ့ခြင်းဖြစ်လေသည်။

သို့သော်လည်း တက္ကသိုလ်၏ ဂိုဏ်းချုပ်သည် အပင်ပန်းအဆင်းရဲခံပြီး အစီအစဥ်တစ်ခုကို ချမှတ်ကာ သူချောချောမွေ့မွေ့ကြီးပြင်းနိုင်ရန် သူ့ကို ကိုယ်တိုင်ပင် ကာကွယ်ပေးဖို့ ပေါ်ထွက်လာခဲ့သည်။

ဖန်းတီးခြင်းကြာပဒုမ္မာ၏ အဆင့်က ပိုမိုမြင့်မားလေလေ တက္ကသိုလ်၏ ဂိုဏ်းချုပ်ကို ထောက်ပံ့ပေးနိုင်သည့်အကူအညီက ပိုမိုကြီးမားလေလေဖြစ်သောကြောင့်ပင်။

ယင်ယန်အဆောင်သုတ္တန်သည်လည်း အဆင့်၁၂ ဖန်တီးခြင်းကြာပဒုမ္မာကနေ ဆင်းသက်လာခဲ့သည်။

တကယ်တော့... တက္ကသိုလ်၏ ဂိုဏ်းချုပ်သည် သံသယဝင်စရာအကောင်းဆုံးလူဖြစ်သော်လည်း ဆူဇီမိုက ယခုအချိန်ထိ သေချာမပြောနိုင်သေးပေ။

အကြောင်းမှာ ရှင်းမပြနိုင်သည့် အချက်အလက်တချို့ရှိနေဆဲဖြစ်သောကြောင့်ဖြစ်သည်။

ပထမအချက် အရင်တုန်းက ဘုရင်ယွင်ရိုနှင့်အတူ သူ့ကိုသတ်ဖြတ်ဖို့ကြိုးစားခဲ့သည့်လူက တက္ကသိုလ်၏ ဂိုဏ်းချုပ် မဟုတ်ခဲ့ပေ။

ထိုသူသည် အင်မော်တယ်ဘုရင်မလင်းလုံပင် ယခင်က မတွေ့မြင်ခဲ့ဖူးသောသူဖြစ်သည်။

ဖန်တီးခြင်းကြာပဒုမ္မာ​က ဤမျှအထိ အရေးပါသည်ဆိုမှတော့... ထိုအကြောင်းနှင့်ပတ်သက်ပြီး လူနည်းနည်းသာသိရှိလေ ပိုကောင်းလေဖြစ်သည်။ တက္ကသိုလ်၏ ဂိုဏ်းချုပ်က ဤကဲ့သို့သောထောင်ချောက်တစ်ခုကို အမှန်တကယ်ခင်းကျင်းမည်ဆိုလျှင် သူ့အနေဖြင့် အခြားသူများကို သူ့ကိုယ်စားစေလွှတ်စရာ မလိုအပ်ပေ။

အရင်တုန်းက ဆူဇီမိုသည် မဟူရာတွင်းနက်၏ ဝါးမျိုခြင်းမခံရခင် ငရဲဖိနှိမ်မီးဖိုက ကောင်းကင်လိုဏ်ဂူစိတ်ဝိညာဥ်ရတနာတစ်ခုကို ဝါးမျိုနိုင်ခဲ့သည်မှာ ကံကောင်းလှသည်ဟု တွေးမိခဲ့သည်။

ကြည့်ရသည်မှာ ဤလူသည် သူ၏ ကောင်းကင်လိုဏ်ဂူစိတ်ဝိညာဥ်ရတနာကို ငရဲဖိနှိမ်မီးဖိုအား တမင်သက်သက်ပစ်ကျွေးခဲ့ခြင်း ဖြစ်လောက်လေသည်။

ဒုတိယအချက်... အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲမှာ ဖြစ်ပွားခဲ့သောတိုက်ဆိုင်မှုများက များပြားလွန်းလေသည်။ သို့သော်လည်း ထိုကိစ္စမှာ တက္ကသိုလ်ဂိုဏ်းချုပ်ပါဝင်ပတ်သက်ခဲ့သည်ဟူသော အရိပ်ယောင်များ ရှိမနေပေ။

​

ပန်းချီအင်မော်တယ်မိုချင်၏ ပေါ်ထွက်လာမှုက အနည်းငယ်မပြေပြစ်သော်လည်း သူမသည် တက္ကသိုလ်၏ အကြီးအကဲရှစ်ထံမှသတင်းကို ရရှိခဲ့သောကြောင့်ဖြစ်သည်။

တတိယအချက် တက္ကသိုလ်၏ ဂိုဏ်းချုပ်သည် သူက ဖန်တီးခြင်းကြာပဒုမ္မာကို သိရှိထားသည်ဟူသောအချက်ကို ဖုံးကွယ်မထားခဲ့ပေ။

ထိုအပြုအမူသည် သူ၏ ရန်သူကို ကြိုတင်သတိပေးထားခြင်းနှင့်တူနေသည်။

စတုတ္ထအချက်... တက္ကသိုလ်၏ ဂိုဏ်းချုပ်သည် ဖန်တီးခြင်းကြာပဒုမ္မာကို ဤမျှအထိတန်ဖိုးထားသည်ဆိုလျှင် သူသည် ဆူဇီမို၏ လှုပ်ရှားမှုများကို ဘာ့ကြောင့် ဘယ်တုန်းကမှ ကန့်သတ်မထားခဲ့တာလဲ။

ဥပမာအားဖြင့် သူသည် မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲမှာ အင်မော်တယ်ဘုရင်မလင်းလုံနှင့် သေချာပေါက်တွေ့ဆုံပေလိမ့်မည်။

သူတို့တွေ့ဆုံသည်နှင့် သူ့အနေဖြင့် တက္ကသိုလ်၏ ဂိုဏ်းချုပ်ကို သံသယဝင်လာဖို့က မလွဲဧကန်ပင်။

တက္ကသိုလ်၏​ ဂိုဏ်းချုပ်သည် အင်မော်တယ်ဘုရင်မလင်းလုံနှင့် သူ၏ ပတ်သက်ဆက်ဆံရေးကို သိရှိထားသည်ဆိုမှတော့... အကောင်းဆုံးနည်းလမ်းမှာ သူ့ကို မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲသို့ မသွားရောက်နိုင်ရန် အကြောင်းပြချက်တစ်ခုရှာဖွေပြီး အင်မော်တယ်ဘုရင်မလင်းလုံနှင့် အခြားသူများနှင့် မတွေ့ဆုံခိုင်းသည်က အကောင်းဆုံးဖြစ်ပေလိမ့်မည်။

တက္ကသိုလ်၏ ဂိုဏ်းချုပ်သည် သူ၏ လွတ်လပ်မှုကို ဘယ်တုန်းကမှ ကန့်သတ်မထားခဲ့ပေ။ ဆူဇီမိုသည် တခြား​တစ်နေရာမှာ တာအိုသစ်သီးတစ်ခုကိုစုဖွဲ့ပြီး ပကတိဧကနယ်ပယ်သို့ တက်လှမ်းကာ ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်သို့ ဘယ်တော့မှ ပြန်မလာတော့မှာကို သူက မစိုးရိမ်ဘူးလား”

အဲဒီမှာ ရှင်းမပြနိုင်သည့် အချက်အလက်များစွာရှိလေသည်။

ဤကိစ္စကို တက္ကသိုလ်၏ ဂိုဏ်းချုပ်က မပြုလုပ်ခဲ့ဘူးဆိုလျှင် သူသည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ကနေ ထွက်ခွာပြီးနောက် ပိုမိုကြီးမားသည့်အန္တရာယ်နှင့်ပင် ကြုံတွေ့ရနိုင်သည်။

အဲဒါကို တက္ကသိုလ်၏ ဂိုဏ်းချုပ်က အမှန်တကယ်ပြုလုပ်ထားသည်ဆိုလျှင်တောင် သူ့အနေဖြင့် သာမန်ကာလျှံကာ ထွက်သွားနိုင်စရာ နည်းလမ်းမရှိပေ။

ကောင်းကင်နှင့် မြေကြီးတက္ကသိုလ်မှာ သူနှင့်နက်ရှိုင်းသော ပတ်သက်ဆက်ဆံရေးရှိသည့် လူတချို့ရှိနေသေးသောကြောင့်ဖြစ်သည်။

ယန်လောရှု၊ မင်းသမီးသက်တံနီ၊ လျှိုဖျင်နှင့် စီနီယာအစ်မမိုချင်...။

ဒါ့အပြင် ထောင်ယောင်ကလည်း ကောင်း​ကင်နှင့်မြေကြီးတက္ကသိုလ်မှာ ရှိနေသေးသည်။

ဤကိစ္စကို ကိုင်တွယ်ဖို့က မလွယ်ကူတော့ပေ။

အင်မော်တယ်ဘုရင်မလင်းလုံက ပြောလိုက်သည်။

“နင်ဘာလို့ ဒီနေရာမှာ မကျင့်ကြံတာလဲ... ငါက နင့်ရဲ့အော်ရာကို ပိတ်ဆို့တားဆီးပေးနိုင်တဲ့ အင်မော်တယ်အစီအရင်တစ်ခုကို ခင်းကျင်းပေးနိုင်တယ်... နင်က အဆင့်ချိုးဖျက်တက်လှမ်းတဲ့အခါ စိတ်အာရုံများများစားစားကို ဆွဲဆောင်မိမှာမဟုတ်ဘူး”

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်သည်။

“ကျုပ်ဒီမှာ ရက်အနည်းငယ်လောက်နေမယ်... ကျုပ်က အဆင့်ချိုးဖျက်တက်လှမ်းမဲ့အခွင့်အလမ်းကို နားလည်ဆင်ခြင်နိုင်မယ်ဆိုရင် အဲဒါကို ဒီနေရာမှာပဲ လုပ်မယ်”

လူသားဧကရာဇ်လင်းကျန့်၏ ထိခိုက်ဒဏ်ရာများက သက်သာပျောက်ကင်းလာမည်ဆိုလျှင် သူသည် ဆူဇီမိုကို ကာကွယ်ပေးနိုင်ပေလိမ့်မည်။

သို့သော်ယခု လူသားဧကရာဇ်၏ ထိခိုက်ဒဏ်ရာများက ယခုအချိန်ထိ သက်သာပျောက်ကင်းခြင်း မရှိသေးပေ။ ယင်ယန်အဆောင်သုတ္တန်နှင့်ပင်လျှင် သူ့အနေဖြင့် အချိန်တိုအတွင်းမှာ တစ်ခုခုရရှိဖို့က ခက်ခဲလေသည်။

ဆူဇီမိုသည် လူသားဧကရာဇ်ဘေးမှာ အချိန်ကြာမြင့်စွာနေထိုင်မည်ဆိုလျှင် သူသည် ကြိုးကိုင်ခြယ်လှယ်သူကို သေချာပေါက်သတိထားမိစေပေလိမ့်မည်။

ထိုအချိန်ကျလျှင် သူသည် တိုက်ပွဲနိုင်ငံသို့ ပြဿနာများကို ဆောင်ကျဥ်းပေးလာမိဖို့ အခွင့်များလေသည်။

တိုက်ပွဲနိုင်ငံသည် လက်ရှိမှာ အတွင်းရေးအပြင်ရေးပဋိပက္ခများနှင့်ရင်ဆိုင်နေရပြီး ဤကဲ့သို့သောရိုက်ချက်တစ်ခုကို ခံနိုင်ရည်မရှိပေ။

ဆူဇီမိုက ကြိတ်၍သက်ပြင်းချလိုက်သည်။

သိုင်းတာအိုပင်မခန္ဓာသည် မိစ္ဆာမဟာနယ်မြေမှာရှိနေဦးမည်ဆိုလျှင် သူသည် မိစ္ဆာမဟာနယ်မြေမှ ထျန်ဟွမ်ဂိုဏ်းသို့ သွားရောက်ပြီး ကပ်ဘေးဖြတ်ကျော်ခြင်းကို ကြိုးပမ်းနိုင်မည်ဖြစ်သည်။

အင်မော်တယ်ဘုရင်တစ်ပါးရောက်ရှိလာမည်ဆိုလျှင်တောင် သိုင်းတာပိုပင်မခန္ဓာ​က ထိုသူကို ဖိနှိမ်နိုင်မည်ဖြစ်သည်။

သူက တစ်ဖက်သူကို အနိုင်မရနိုင်ဘူးဆိုလျှင်တောင် သိုင်းတာအိုပင်မခန္ဓာသည် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာကို ကာကွယ်ကာ အနန္တငရဲသို့ သွားရောက်နိုင်လေသည်။

သို့သော် ယခု သူသည် သိုင်းတာအိုပင်မခန္ဓာနှင့် ဆက်သွယ်မှုပျောက်ဆုံးသွားခဲ့ပြီဖြစ်သည်။

.........

ဘေးပတ်ဝန်းကျင်က မှောင်မည်းနေပြီး သူ၏ ခန္ဓာကိုယ်သည် အထိန်းအကွပ်မဲ့စွာကျဆင်းနေသည်ဟု သိုင်းတာအိုပင်မခန္ဓာက ခံစားနေရသည်။ သူ၏ အကြည့်ဖြင့်ဖြစ်စေ သို့မဟုတ် စိတ်ဝိညာဥ်အသိစိတ်ဖြင့်ဖြစ်စေ သူသည် မည်သည့်အရာကိုမှ မထောက်လှမ်းနိုင်ပေ။

သူသည် အာကာသဥမင်တချို့ကို ဖြတ်ကျော်သွားလာနေရသည့်အလား ခံစားနေရသည်။ သို့သော်လည်း မူးဝေထုံထိုင်းမှုနှင့် ဆုတ်ဖြဲခံနေရသည့် အသိစိတ်ခံစားချက်က ပို၍သန်မာလာခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် သူသည် ဤဖြစ်စဥ်အတွင်း မည်သည့်ထိခိုက်ဒဏ်ရာကိုမှ မရရှိခဲ့ပေ။

အတန်ကြာပြီးနောက် သိုင်းတာအိုပင်မခန္ဓာ၏ ခန္ဓာကိုယ်က ရုတ်တရက်ပေါ့ပါး၍ ထိန်းချုပ်မှုကို ပြန်လည်ရရှိလာခဲ့သည်။

All Chapters