← Chapters

ငရဲ

Vol. 176 Ch. 2638

ငရဲ

Vol. 176 Ch. 2638

“ဟေး... မင်းဘယ်ကလာတာလဲ”

ခေါင်းဆောင်တပ်မှူးချီက မလှမ်းမကမ်းမှာရှိသော ခရမ်းရောင်ဝတ်ကျင့်ကြံသူကိုစိုက်ကြည့်ပြီး အေးစက်စွာမေးလိုက်၏။

“ငါဘယ်ရောက်နေတာလဲ”

ခရမ်းရောင်ဝတ်ကျင့်ကြံသူက အေးစက်စက်ငွေရောင်မျက်နှာဖုံတစ်ခုကို တပ်ဆင်ထားပြီး ​ဖြေရမည့်အစား ပြန်မေးလိုက်၏။

“ဒါက ငိုကြွေးဝိညာဥ်တောင်ကြောရိုးပဲ”

ခေါင်းဆောင်တပ်မှူးချီက ပြန်ဖြေလိုက်၏။

“ငိုကြွေးဝိညာဥ်တောင်ကြောရိုးက ဘယ်နေရာမှာလဲ”

ခရမ်းရောင်ဝတ်ကျင့်ကြံသူက ဆက်လက်၍မေးမြန်းလိုက်၏။

ခေါင်းဆောင်တပ်မှူးချီက ပြောလိုက်သည်။

“ငိုကြွေးဝိညာဥ်တောင်ကြောရိုးက မြောက်ဘက်ရိုးမမှာရှိတဲ့ တောင်ကြောရိုးတွေထဲကတစ်ခုပဲ... မြောက်ဘက်ရိုးမမှာ... တောင်ကြောရိုးတစ်သိန်းရှိတယ်... တောင်ကြောရိုးတစ်သိန်းထဲမှာ ငိုကြွေးဝိညာဥ်တောင်ကြောရိုးက မထင်မရှားတောင်ကြောရိုးတွေထဲကတစ်ခုပဲ”

ဘာ့ကြောင့်ရယ်မသိ ခရမ်းရောင်ဝတ်ကျင့်ကြံသူထံမှ မမြင်ရသောစွမ်းပကားတစ်ခု ဖြာထွက်နေပုံရသည်။

ခရမ်းရောင်ဝတ်ကျင့်ကြံသူက မေးခွန်းတစ်ခုမေးလိုက်တိုင်း ခေါင်းဆောင်တပ်မှူးချီက သူ့ကိုယ်သူမထိန်းချုပ်နိုင်သည့်အလား အလိုလိုပြန်ဖြေမိနေ၏။

သူ၏ နောက်ဘက် လူအုပ်ကြားထဲမှာ ရုတ်ရုတ်သဲသဲအသံတချို့ ထွက်ပေါ်လာသည်။

ခေါင်းဆောင်တပ်မှူးချီက ရင်တစ်ချက်ထိတ်သွားပြီး ငေးငိုင်ရာကနေ အလျင်အမြန်နိုးထလာ၏။ သူ၏ အမူအရာက သုန်မှုန်သွားကပြီး ခရမ်းရောင်ဝတ်အမျိုးသားကို စိုက်ကြည့်ကာ အော်ငေါက်လိုက်၏။

“မင်းကိုမေးနေတာငါလေ... ငါမေးတာကိုပဲ ကောင်းကောင်း​ဖြေ စကားလမ်းကြောင်းမလွှဲနဲ့”

“ငါမင်းကိုထပ်မေးမယ်... မင်းဘယ်ကလာတာလဲ”

ခရမ်းရောင်ဝတ်ကျင့်ကြံသူက ခဏ​မျှငြိမ်သက်နေပြီးနောက် ပြန်ဖြေလိုက်သည်။

“ကောင်းကင်ဘုံကမ္ဘာ”

“ကောင်းကင်ဘုံကမ္ဘာလား”

ခေါင်းဆောင်တပ်မှူးချီနှင့် သူ၏ နောက်ဘက်မှာရှိသော ကျင့်ကြံသူတစ်ရာကျော်ကျော်က ကောင်းကောင်းမှင်တက်သွား၏။

သို့သော်မကြာခင် ခေါင်းဆောင်တပ်မှူးချီနှင့် အခြားသူများက အကြည့်ချင်းဖလှယ်ပြီး ဟားတိုက်ရယ်မောလိုက်ကြသည်။

“ဟားဟားဟားဟား... ဒီလူက သူ့ကိုယ်သူ ကောင်းကင်ဘုံကမ္ဘာကလာတယ်လို့ တကယ်ပဲပြောနေတာလား”

“ဘယ်လောက်တောင် ထုံထိုင်းလိုက်လဲ... သူက ဘယ်လိုလိမ်ညာရမလဲတောင် မသိဘူး”

ခေါင်းဆောင်တပ်မှူးချီ... သူနဲ့ဆက်ပြီးအချိန်ဖြုန်းမနေနဲ့ ဒီလူက ကျုပ်တို့ကို သက်သက်မျက်ခွက်လာပြောင်နေတာပဲ... သူ့ကို အရင်ဆုံး သတ်ပြီး သူ့သိုလှောင်အိတ်ထဲမှာ ဘာရတနာတွေပါလဲ ကြည့်ရအောင်”

ကျင့်ကြံသူတစ်ယောက်က မနေနိုင်ဘဲ လှုံ့ဆော်လိုက်၏။

“မင်းတို့တွေကို ငါအကြံပေးလိုက်မယ်... သက်သက်လာပြီး အသေမခံချင်စမ်းနဲ့”

ရုတ်တရက် ခရမ်းရောင်ဝတ်ကျင့်ကြံသူက ဂရုမထားသောလေသံဖြင့်ပြောလိုက်သည်။

သိုင်းတာအိုပင်မခန္ဓာသည် ဤနေရာသို့ ရောက်ရှိလာခါစဖြစ်ပြီး ဤနေရာနှင့်ပတ်သက်၍ မည်သည့်အရာကိုမှ မသိရသေးပေ။ သူသည် ဤနေရာမှာ ကျင့်ကြံသူတစ်အုပ်စုနှင့် ကြုံတွေ့ရပြီးနောက် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတစ်ခုကို မစတင်လိုဘဲ သူတို့ကို သတိပေးလိုက်ခြင်းဖြစ်သည်။ သို့သော် သူတို့က သေချင်နေသည်ဆိုလျှင်တော့ သူကလည်း သနားညှာတာမှုကို ပြနေလိမ့်မည် မဟုတ်ပေ။

“ငါ့လခွမ်းတဲ့မှ... သူက ငါတို့ကိုတောင် ခြိမ်းခြောက်နေတာပဲ”

အဆင့်-၈ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်က ဆက်လက်၍သည်းမခံနိုင်တော့ဘဲ မကောင်းဆိုးဝါးဆန်ဆန်ရယ်မောလိုက်၏။

“မင်း ဘယ်လောက်သန်မာလဲ အရင်ဆုံးကြည့်ရသေးတာပေါ့”

ထိုကျင့်ကြံသူက လှုပ်ရှားလိုက်သည့်ခဏမှာပင် ကျန်ရှိနေသောကျင့်ကြံသူတစ်ရာကျော်ကျော်ကလည်း တိုက်ခိုက်လိုက်ကြ၏။

ချက်ချင်းပင် ဓမ္မရတနာများနှင့် လက်နက်များက လေထုကိုဆုတ်ဖြဲလာခဲ့သည်။

ကျင့်ကြံသူထက်ဝက်ကျော်က ထက်ရှသောဓားသွားများကို ကိုင်ဆွဲထားပြီး အနီးကပ်တိုက်ခိုက်လိုကာ သိုင်းတာအိုပင်မခန္ဓာရှိရာဘက်သို့ ပြေးဝင်လာကြသည်။

သိုင်းတာအိုပင်မခန္ဓာ၏ ငွေရောင်မျက်နှာဖုံးနောက်ဘက်မှာ သူ၏ အကြည့်က ရုတ်တရက် ပိုမိုနက်ရှိုင်းလာခဲ့သည်။

သူက သူ၏ လက်ကို ညင်သာစွာမြှောက်လိုက်၏။

အခြားတစ်ဘက်မှာရှိသော ကျင့်ကြံသူတစ်ရာကျော်ကျော်သည် ခေါင်းဆောင်တပ်မှူးချီအပါအဝင် အားလုံးက နေရာမှာပင် မလှုပ်မယှက်ရပ်တန့်သွားကြသည်။

သိုင်းတာအိုပင်မခန္ဓာထံ ပစ်ဝင်လာသော ဓမ္မရတနာများနှင့် လက်နက်များကပင်လျှင် မမြင်ရသောအင်အားတစ်ခုဖြင့် နေရာမှာပင်​ အေးခဲသွားရသည့်အလား လေထဲမှာရပ်တန့်သွားကြသည်။

ကျင့်ကြံသူများက တုန်လှုပ်စွာဖြင့် မျက်လုံးပြူးမျက်ဆံပြူးဖြစ်သွားကြ၏။

ဒါကဘာလဲဟ...။

မလှုပ်ရှားနိုင်သောချိပ်စည်းလား။

ခေါင်းဆောင်တပ်မှူးချီက တုန်လှုပ်သွားရဆဲဖြစ်သည်။ ဘယ်လိုမလှုပ်ရှားနိုင်သောချိပ်စည်းက သူ့ကို နေရာမှာတင် ချုပ်နှောင်ထားနိုင်တာလဲ။

အဲဒါက အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုလား။

ဤလူက ငရဲဗိုလ်တစ်ဦးလား။

သူတို့၏ ပိုင်နက်အရှင်ကလည်း ငရဲဗိုလ်တစ်ဦးဖြစ်သည်။ သို့သော်လည်း သူတို့၏ ပိုင်နက်အရှင်ပင်လျှင် လက်တစ်ဖက်မြှောက်ရုံမျှနှင့် သူတို့ကို မလှုပ်မယှက်ဖြစ်စေနိုင်မည်မဟုတ်ပေ။

ကျင့်ကြံသူများစွာ၏ အတွေးရိုင်းများ ခုန်ပေါက်နေစဥ် သိုင်းတာအိုပင်မခန္ဓာက သူ၏ လက်ကို ညင်သာစွာ ဝေ့ယမ်းလိုက်၏။

သူသည် ဆူညံနေသောခြင်တချို့ကို မောင်းထုတ်လိုက်သည့်အလားပင်။

လေထဲမှာ.. ​ဓမ္မရတနာများနှင့် လက်နက်များသည် စွမ်းအားအချို့ကို လက်ခံရရှိသွားပုံရပြီး ပိုမို့မန်ဆန်သောအရှိန်အဟုန်ဖြင့် နောက်ပြန်လွင့်စင်ကာ ကျင့်ကြံသူများစွာ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားကြသည်။

ဖောက်... ဖောက်... ဖောက်...

ကျင့်ကြံသူများစွာ၏ ခန္ဓာကိုယ်များက သွေးမြူများအဖြစ် ပေါက်ကွဲထွက်သွား၏။

ဓမ္မရတနာများဆင်းသက်ရာနေရာများက အလွန်တရာတိကျပြီး ကျင့်ကြံသူများ၏ နှာရောင်များကို ထိုးဖောက်သွားခဲ့သည်။ သူတို့၏ အမြုတေစိတ်ဝိညာဥ်များက ဖျက်ဆီးခံရပြီး သူတို့က နေရာမှာပင် သေဆုံးသွားကြသည်။

တစ်ခဏချင်းမှာပင် ကျင့်ကြံသူတစ်ရာကျော်ကျော်ကြားမှာ ခေါင်းဆောင်တပ်မှူးချီတစ်ယောက်သာလျှင် ကျန်ရစ်ခဲ့သည်။

ခေါင်းဆောင်တပ်မှူးချီ၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေပြီး သူ၏ ခန္ဓာကိုယ်က တောင့်တင်းကာ ကြောက်ရွံ့မှုဖြင့် တဆတ်ဆတ်တုန်ယင်နေ၏။

သူက ဘယ်လိုရှင်သန်နိုင်ခဲ့သလဲ နားမလည်နိုင်ပေ။

သိုင်းတာအိုပင်မခန္ဓာက သူ့ကို ထပ်မံ၍စကားပြောဆိုခြင်းမရှိတော့ပေ။ သူက အနားသို့ချဥ်းကပ်လာပြီး ခေါင်းဆောင်တပ်မှူးချီ၏ အမြုတေစိတ်ဝိညာဥ်ကိုဖမ်းဆီးကာ ဝိညာဥ်ရှာဖွေခြင်းအတတ်ကို အသုံးပြုလိုက်၏။

“မင်းတို့တွေက ငါ့ကိုပြောမပြချင်ဘူးဆိုမှတော့ ငါကိုယ်တိုင်ရှာဖွေရတာပေါ့”

ခဏနေပြီးနောက် ဝိညာဥ်ရှာဖွေခြင်းအတတ်က အဆုံးသတ်သွားပြီး ခေါင်းဆောင်တပ်မှူးချီ၏ အမြုတေစိတ်ဝိညာဥ်က ညှိုးခြောက်၍ မှေးမှိန်သွားခဲ့သည်။ သူ၏ အော်ရာက အားနည်းပြီး သူ၏ လမ်းဆုံးသို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။

ထို့နောက် သိုင်းတာအိုပင်မခန္ဓာက သူ၏ အမြုတေစိတ်ဝိညာဥ်ကို သာမန်ကာလျှံကာ ပစ်ထုတ်လိုက်သည်။

အစက သူခန့်မှန်းခဲ့သည့်အတိုင်းပင် သူသည် အထက်ဘုံလောကနှင့် လုံးလုံးလျားလျားကွဲပြားသော ပြင်ပကမ္ဘာတစ်ခုသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

ဤနေရာမှာရှိသော ကျင့်ကြံမှုအရင်းအမြစ်များက အထက်ဘုံကမ္ဘာလောကနှင့် မတူပေ။

အထက်ဘုံလောက၏ သက်ရှိများသည် ကောင်းကင်နှင့်မြေကြီးအမြုတေချီကို စုပ်ယူကာ သန့်စင်ကြသည်။ သူတို့၏ ဘေးပတ်ဝန်းကျင်အပြင် သူတို့သည် အမျိုးမျိုးသောအင်မော်တယ်ဆေးများ၊ အမြုတေစိတ်ဝိညာဥ်ကျောက်တုံးများနှင့် အခြားသောကျင့်ကြံရေးအရင်းအမြစ်များကို အသုံးချကာ ကောင်းကင်နှင့်မြေကြီးအမြုတေချီကို စုပ်ယူကြသည်။

ဤပြင်ပကမ္ဘာမှာ ကောင်းကင်နှင့်မြေကြီးအမြုတေချီရှိသော်လည်း ထိုထဲမှာ နောက်ထပ်စွမ်းအားတစ်ခု ရောနှောပါဝင်နေ၏။

ထိုစွမ်းအားသည် သိုင်းတာအိုပင်မခန္ဓာ အာရုံခံမိခဲ့သော နက်မှောင်၍ အေးစက်နေသော အော်ရာတစ်ခုဖြစ်သည်။

ထိုအော်ရာသည် ကောင်းကင်နှင့်မြေကြီးအမြု​တေချီနှင့်အတူ ရောနှောနေပြီး ဤပြင်ပကမ္ဘာမှာရှိသောသက်ရှိများက အဲဒါကို တမလွန်ချီဟုခေါ်ဆိုကြ၏။

ဤကျင့်ကြံသူအုပ်စုလိုအပ်သော ကျင့်ကြံရေးအရင်းအမြစ်များက တမလွန်ကျောက်တုံးများဖြစ်ကြသည်။

ဤကျင့်ကြံသူများထုတ်ဖော်ပြောဆိုခဲ့သည့် ငရဲငယ်သားများနှင့် ငရဲဗိုလ်များကတော့ သူတို့သည် ဤပြင်ပကမ္ဘာ၏ ကျင့်ကြံမှုနယ်ပယ်များဖြစ်ကြသည်။

ဤပြင်ပကမ္ဘာမှာ မဟူရာအမြုတေနယ်ပယ်ကျင့်ကြံသူများဖြစ်စေ၊ ကမ္ဘာမြေ သို့မဟုတ် ကောင်းကင်အမြုတေနယ်ပယ်ကျင့်ကြံသူများဖြစ်စေ သူတို့အားလုံးသည် ရာထူးဂုဏ်သိမ်အဆင့်ဆင့်၏ အောက်ဆုံးအဆင့်မှာရပ်တည်ကြပြီး သူတို့ကို ငရဲငယ်သားများဟုခေါ်​ဆိုကြလေသည်။

တစ်ယောက်ယောက်သည် ငရဲသလင်းလုံးကို စုဖွဲ့ပြီးမှသာ ငရဲဗိုလ်တစ်ဦးဖြစ်လာနိုင်ပေသည်။

ငရဲသလင်းလုံးဟုခေါ်​ဆိုသောအရာသည် အထက်ဘုံလောက၏ တာအိုသစ်သီးနှင့်ဆင်တူလေသည်။

တစ်နည်းအားဖြင့်ဆိုသော် ငရဲဗိုလ်တစ်ဦး၏ ကျင့်ကြံမှုနယ်ပယ်သည် အထက်ဘုံလောက၏ ပကတိဧကနယ်ပယ်နှင့်တူညီပြီး ပကတိအင်မော်တယ်များ၊ ပကတိမိစ္ဆာများနှင့် ပကတိသူတော်စင်တို့နှင့် မတိမ်းမယိမ်းမှာရှိကြလေသည်။

ငရဲဗိုလ်များ၏ အထက်မှာ အထက်ဘုံလောက၏ ကောင်းကင်လိုဏ်ဂူနယ်ပယ်ပညာရှင်များနှင့် ဆင်တူသော ဒဏ္ဍာရီလာ ငရဲဘုရင်များရှိကြသည်။

ခေါင်းဆောင်တပ်မှူးချီ၏ ကျင့်ကြံမှုနယ်ပယ်က အကန့်အသတ်ရှိလေသည်။ သူသည် အဆင့်-၉ ကောင်းကင်အမြုတေနယ်ပယ်မှာ ရှိသော်လည်း သူသည် ငရဲငယ်သားတစ်ဦးသာဖြစ်ပြီး ဤပြင်ပကမ္ဘာမှာ အောက်ခြေလူတန်းစားသာဖြစ်သည်။ သူ့မှာ ဤပြင်ပကမ္ဘာနှင့်ပတ်သက်၍ သတင်းအချက်အလက်များစွာ ရှိမနေပေ။

ခေါင်းဆောင်တပ်မှူးချီသည် ငိုကြွေးဝိညာဥ်တောင်ကြောရိုးကိုသာ သိရှိထားသည်။

ငိုကြွေးဝိညာဥ်တောင်ကြောရိုးသည် တောင်ကြောရိုးတစ်သိန်းထဲမှ တစ်ခုသာဖြစ်သည်။

ထိုသို့ဆိုလျှင်တောင် ခေါင်းဆောင်တပ်မှူးချီ၏ မှတ်ဉာဏ်ထဲမှာ ငိုကြွေးဝိညာဥ်တောင်ကြောရိုး၏ ပိုင်နက်နယ်မြေက ကီလိုမီတာ ငါးသိန်းကျော်ရှိပြီး ဤပိုင်နက်နယ်မြေမှာ သက်ရှိပေါင်းသန်းရာချီနေထိုင်ကြလေသည်။

သိုင်းတာအိုပင်မခန္ဓာက ထိုသတင်းအချက်အလက်မှာ တုန်လှုပ်သွားရ​သည်။

ဤနေရာသည် တောင်ကြောရိုးတစ်သိန်းကြားမှာ မထင်မရှားတောင်ကြောရိုးများထဲမှ တစ်ခုဖြစ်သော်လည်း ၎င်းသည် ကီလိုမီတာငါးသိန်းကျော်ကျယ်ပြန့်ပြီး သက်ရှိပေါင်းသန်းရာချီရှိလေသည်။

ထိုသို့ဆိုလျှင် အခြားသောတောင်ကြောရိုးများက ဘယ်လောက်တောင်ကျယ်ပြန့်နေမလဲ။

ခေါင်းဆောင်တပ်မှူးချီ၏ မှတ်ဉာဏ်မျအရ တောင်ကြောရိုးတစ်သိန်းကို မြောက်ဘက်ရိုးမဟု ခေါ်ဆိုကြသည်။

မြောက်ဘက်ရိုးမ၏ သခင်သည် ဘုရင်မြောက်ရိုးမဖြစ်ပြီး မြောက်ဘက်ရိုးမတစ်ခုလုံးကို အုပ်ချုပ်လေသည်။

သိုင်းတာအိုပင်မခန္ဓာက ခေါင်းဆောင်တပ်မှူးချီ၏ မှတ်ဉာဏ်များကို ရှာဖွေပြီးတာတောင် ဤပြင်ပကမ္ဘာနှင့်ပတ်သက်သည့် ထူးခြားသောသတင်းအချက်အလက်တစ်ခုခုကို မရှာဖွေနိုင်သည့်အတွက် စိတ်ပျက်လက်ပျက်ဖြစ်သွားရ၏။

ခေါင်းဆောင်တပ်မှူးချီ၏ မှတ်ဉာဏ်များက မြောက်ဘက်ရိုးမမှာ အကန့်အသတ်ရှိနေသည်။

သူက ထပ်မံ၍သိရှိလိုသည်ဆိုလျှင် သူသည် ငရဲဗိုလ်ကျင့်ကြံသူတစ်ယောက်ကို ရှာဖွေရပေမည်။

“ငရဲငယ်သားတွေ... ငရဲဗိုလ်တွေ...”

သိုင်းတာအိုပင်မခန္ဓာက တိတ်တဆိတ်တီးတိုးရေရွတ်ရင်း သူ၏ စိတ်ထဲမှာ အတွေးတစ်ခု ဖျတ်ခနဲပေါ်ထွက်လာသည်။

ငါက အစစ်အမှန်ငရဲကို ရောက်နေတာများလား...။

ထိုအတွေးက သိုင်းတာအိုပင်မခန္ဓာစိတ်ထဲ ဖျတ်ခနဲပေါ်ထွက်လာသည့်အချိန်မှာ သူက ရင်တစ်ချက်ထိတ်သွား၏။

သူသည် သူ၏ ဘေးပတ်လည်မှ မှောင်မည်း၍မကောင်းဆိုးဝါးဆန်သောပတ်ဝန်းကျင်၊ အလောင်းများ အရိုးများဖြင့် ပြည့်နှက်နေသည့် တောင်ကြောရိုးတို့ကို ပြန်လည်စဥ်းစားမိချိန်မှာ သူ၏ ခန့်မှန်းချက်က ဖြစ်နိုင်ခြေ အလွန်တရာမြင့်မားကြောင်း သိုင်းတာအိုပင်မခန္ဓာက ခံစားမိလာခဲ့သည်။

All Chapters