ဆီးနှင်းစိမ့်စမ်းငရဲ
Vol. 176 Ch. 2640
တမလွန်သလင်းလုံးဖြစ်စေ၊ တာအိုသစ်သီးဖြစ်စေ သူတို့သည် အလွန်တရာအဖိုးတန်သော ရတနာများဖြစ်ကြသည်။
သူတို့မှာ သက်ရှိများ၏ ဓမ္မတာအိုများ ပါဝင်နေသည်။ အထက်ဘုံလောက၏ ဈေးကွက်ထဲမှာ မရေမတွက်နိုင်သော ပကတိအင်မော်တယ်ပညာရှင်များသည် ထိုအရာများအတွက် ယှဉ်ပြိုင်တိုက်ခိုက်ကြပေလိမ့်မည်။
သိုင်းတာအိုပင်မခန္ဓာ၏ လက်ရှိကျင့်ကြံမှုနယ်ပယ်အရ ဤတမလွန်သလင်းလုံးက သူ့အတွက် အကူအညီများစွာ မဖြစ်စေပေ။
သို့သော်လည်း ဤအရာသည် မည်သို့ပင်ဆိုစေ ပြင်ပကမ္ဘာတစ်ခုမှ တာအိုသစ်သီးတစ်လုံးဖြစ်သည်။ သိုင်းတာအိုပင်မခန္ဓာက သူ့အားသည့်အခါ အဲဒါကို လေ့လာကြည့်ရှုဖို့ ရည်ရွယ်ထားလိုက်ဆဲဖြစ်သည်။
သိုင်းတာအိုပင်မခန္ဓာက တမလွန်သလင်းလုံးကို သူ၏ သိုလှောင်အိတ်ထဲ ထည့်သွင်းသိမ်းဆည်းပြီး သူဖမ်းဆီးထားသော အမြုတေစိတ်ဝိညာဉ်တချို့၏ ဝိညာဉ်များကို ရှာဖွေဖို့ စတင်လိုက်သည်။
အမြုတေစိတ်ဝိညာဉ်တချို့သည် ငရဲဗိုလ်များဖြစ်ပြီး ဤပြင်ပကမ္ဘာအပေါ် သူတို့၏ နားလည်မှုက ငရဲငယ်သားများထက် များစွာသာလွန်လေသည်။
သိုင်းတာအိုပင်မခန္ဓာသည် သူမျက်လုံးနှစ်ဖက်ကိုမှိတ်ပြီး သူ၏ လက်ဖဝါးနှစ်ဖက်မှ အနက်ရောင်ချီများကို ဆန့်ထုတ်ကာ အမြုတေစိတ်ဝိညာဉ်တချို့ကို ရစ်ပတ်ပြီး ဤပြင်ပကမ္ဘာမှ သတင်းအချက်အလက်များက သူ၏စိတ်ထဲမှာ ထင်ဟပ်လာသည်။
အတန်ကြာပြီးနောက် သိုင်းတာအိုပင်မခန္ဓာက သူ၏ မျက်လုံးနှစ်ဖက်ကို ဖွင့်ပြီး အလေးအနက် စဉ်းစားတွေးတောသွား၏။
သူရောက်ရှိနေသော မြောက်ရိုးမသည် တောင်ကြောရိုးတစ်သိန်းကို ပိုင်ဆိုင်ထားပြီး ဤပိုင်နက်နယ်မြေက သူစဉ်းစားတွေးတောထားသည်ထက် များစွာပိုမိုကျော်လွန်နေသည်။
ငရဲဗိုလ်တချို့၏ မှတ်ဉာဏ်များအရ မြောက်ရိုးမ၏ ပိုင်နက်နယ်မြေသည် ကောင်းကင်ဘုံကမ္ဘာတစ်ခုလုံးနှင့်ပင် ယှဉ်နိုင်လောက်လေသည်။
သူရောက်ရှိနေသော ပြင်ပကမ္ဘာကို ဆီးနှင်းစိမ့်စမ်းငရဲဟု ခေါ်ဆိုလေသည်။
ငရဲဗိုလ်များသည်လည်း ဆီးနှင်းစိမ့်စမ်းငရဲအကြောင်း များစွာသိရှိမထားပေ။
သူတို့သည် သူတို့ဘဝတစ်လျှောက်လုံးမှာ ဤမြောက်ရိုးမကနေ ဘယ်တုန်းကမှ မထွက်ခွာခဲ့ကြပေ။
ဆီးနှင်းစိမ့်စမ်းငရဲမှာ မြောက်ရိုးမကဲ့သို့ အခြားသော ပိုင်နက်နယ်မြေတချို့ ရှိသည်ကိုသာ သူတို့က သိရှိထားကြသည်။
ဆီးနှင်းစိမ့်စမ်းငရဲ၏ အရှေ့ဘက်မှာ သွေးရောင်လွင်ပြင်တစ်ခု ရှိလေသည်။ အဲဒီမှာ မြင့်မားသော တောင်တန်းများနှင့် မတ်စောက်သော တောင်ကြောရိုးများ မရှိဟုဆိုသည်။ သို့သော်လည်း ထိုနေရာ၏ တစ်လက်မချင်းစီတိုင်းက သွေးများဖြင့် နီစွေးနေသည်။
ထိုနေရာမှာ ပေါက်ရောက်သော ဒေသပေါက်ပင်များပင်လျှင် သွေးရောင်တစ်လွှာဖြင့် ဖုံးအုပ်ခံထားရသည်။
ဆီးနှင်းစိမ့်စမ်းငရဲ၏ တောင်ဘက်မှာ မြူခိုးတောအုပ်တစ်ခု ရှိလေသည်။
ဆီးနှင်းစိမ့်စမ်းငရဲ၏ ပတ်ဝန်းကျင်က မည်သည့်အလင်းရောင်မှ မရှိဘဲ မှောင်မည်း၍ မကောင်းဆိုးဝါးဆန်နေ၏။ သို့သော်လည်း မြူခိုးတောအုပ်မှ အခြေအနေက ပို၍ပင် ဆိုးဝါးလေသည်။
မြူခိုးတောအုပ်သည် ထောင်ချောက်များစွာဖြင့် ပြည့်နှက်နေသည်ဟု ဆိုလေသည်။ ထိုနေရာမှာ ရှိသော မည်သည့်သက်ရှိမဆို မထင်မရှား အပင်တစ်ပင်ဖြစ်နေလျှင်တောင် သူတို့က သေစေနိုင်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခုကို ထုတ်ဖော်ထားကြသည်။
ဆီးနှင်းစိမ့်စမ်းငရဲ၏ အနောက်ဘက်မှာက မည်းမှောင်ရွှံ့ညွှန်တောအုပ် ရှိလေသည်။
မည်းမှောင်ရွှံ့ညွှန်တောအုပ်မှာ ကုန်းမြေဧရိယာ အနည်းငယ်သာရှိပြီး ရှင်သန်ရာပတ်ဝန်းကျင်က အလွန်တရာ ညစ်ညမ်းပြီး ထူးဆန်းသော သက်ရှိများစွာကို ပေါ်ထွက်လာစေခဲ့သည်။
လူတစ်ယောက်သည် အမှတ်တမဲ့ဖြင့် ထိုရွှံ့ညွှန်တောထဲ ကျဆုံးသွားသည်နှင့် သူတို့သည် အသက်ရှူချိန်အနည်းငယ်အတွင်းမှာ အမျိုးအမည်မသိ သက်ရှိများစွာ၏ ကိုက်ခဲခြင်းခံရပြီး ရွှံ့ညွှန်၏ အနက်ပိုင်းထဲသို့ နစ်မြုပ်ကာ အရိုးစုတစ်ခုသာ ကျန်ခဲ့ပေလိမ့်မည်။
အရှေ့ဘက်လွင်ပြင်ဒေသ၊ တောင်ဘက်တောအုပ်၊ အနောက်ဘက်ရွှံ့ညွှန်တောနှင့် မြောက်ဘက်ရိုးမတို့အပြင် ဆီးနှင်းစိမ့်စမ်းငရဲ၏ အလယ်မှာ ဗဟိုချက်မြို့တော်ဟုခေါ်သော ပိုမိုကြီးမားသည့် ဧရိယာတစ်ခုလည်း ရှိလေသည်။
ငရဲဗိုလ်တချို့သည် ထိုသတင်းအချက်အလက်ကို တခြားတစ်နေရာကနေသာ ကြားဖူးထားခြင်းဖြစ်သည်။
သူတို့ကျင့်ကြံမှု၏ ဤအဆင့်အထိ သူတို့သည် မြောက်ရိုးမကနေ ဘယ်တုန်းကမှ မထွက်ခွာခဲ့ဘဲ ဤနေရာမှာရှိသော အခြေအနေနှင့်သာ ပို၍သိရှိကြလေသည်။
ပုံမှန်အခြေအနေအောက်မှာဆိုလျှင် ကောင်းကင်ဘုံကမ္ဘာတစ်ခုလောက် ကြီးမားသော မြောက်ရိုးမကဲ့သို့ နေရာတစ်ခုမှာ အနည်းဆုံး ဧကရာဇ်ပညာရှင်တစ်ဦး ရှိသင့်လေသည်။
သို့သော်လည်း ငရဲဗိုလ်တချို့၏ မှတ်ဉာဏ်များထဲမှာ မြောက်ရိုးမကို အုပ်စိုးပြီး ဘုရင်မြောက်ရိုးမဟုခေါ်ဆိုသော ပညာရှင်သည် ဧကရာဇ်တစ်ပါးမဟုတ်ဘဲ ငရဲဘုရင်တစ်ပါးသာ ဖြစ်လေသည်။
မြောက်ရိုးမမှာ ကျင့်ကြံရေးအရင်းအမြစ်များက အလွန်တရာရှားပါးသည်။
တောင်ကြောရိုးတစ်ခုချင်းစီ၏ အောက်ဘက်မှာ ဤနေရာမှာရှိသော သက်ရှိများ ကျင့်ကြံဖို့အတွက် တမလွန်ကျောက်တုံးများကို တူးဖော်ရရှိနိုင်သော တမလွန်ကြောများ ရှိလေသည်။
ထို့ကြောင့် မြောက်ရိုးမမှာ တမလွန်ကြောများနှင့် အရင်းအမြစ်များအတွက် ပညာရှင်များနှင့် အဖွဲ့အစည်းများကြားမှာ တိုက်ပွဲများက မကြာခဏဖြစ်ပွားတတ်လေသည်။
တမလွန်ကြောရိုး အနည်းအကျဉ်းသာ ရှိသော ဝိညာဉ်တောင်ကြောရိုးကဲ့သို့ တောင်ကြောရိုးတစ်ခုမှာပင်လျှင် မရေမတွက်နိုင်သော အဖွဲ့အစည်းများက အဲဒါအတွက် ယှဉ်ပြိုင်တိုက်ခိုက်နေကြပေလိမ့်မည်။
စောစောက သိုင်းတာအိုပင်မခန္ဓာ တွေ့မြင်ခဲ့ရသော အလောင်းများ၊ အရိုးများဖြင့် ပြည့်နှက်နေသည့် တောင်ကြောရိုးသည် ဤနှစ်များအတွင်း မြောက်ရိုးမမှာ သေဆုံးခဲ့သော သက်ရှိများဖြစ်လေသည်။
မြောက်ရိုးမနှင့် ဆီးနှင်းစိမ့်စမ်းငရဲတစ်ခုလုံးမှာပင် ရှင်သန်ရာပတ်ဝန်းကျင်က ကောင်းကင်ဘုံကမ္ဘာ၏ မိစ္ဆာမဟာနယ်မြေထက်ပင် ပိုမိုရက်စက်ကြမ်းတမ်းပြီး သွေးလွှမ်းနေသည်ဟုပြောလျှင် ချဲ့ကားရာကျမည် မဟုတ်ပေ။
မိစ္ဆာမဟာနယ်မြေမှာ အဖွဲ့အစည်းများစွာရှိပြီး တစ်ဖက်နှင့်တစ်ဖက် တိုက်ခိုက်နေတတ်ကြသော်လည်း အဲဒီမှာ စည်းမျဉ်းစည်းကမ်းတချို့လည်း ရှိလေသည်။
သို့သော်လည်း ဆီးနှင်းစိမ့်စမ်းငရဲနှင့် မြောက်ရိုးမမှာ မည်သည့်စည်းမျဉ်းစည်းကမ်းမှ မရှိပေ။
တမလွန်ကျောက်တုံးတစ်တုံးကပင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတစ်ခုကို ဖြစ်ပေါ်လာစေနိုင်သည်။
ဤနေရာမှာ အဆုံးမဲ့သတ်ဖြတ်မှုများနှင့် သွေးထွက်သံယိုမှုများသာလျှင် ရှိလေသည်။
ဤနေရာမှာ သဘာဝစည်းမျဉ်းတစ်ခုသာလျှင် ရှိလေသည်။ အသန်မာဆုံးသူသာ ရှင်သန်ရမည် ဖြစ်သည်။
သိုင်းတာအိုပင်မခန္ဓာသည် ထိုသတင်းအချက်အလက်ကို တွေ့ရသောအခါ ခေါင်းဆောင်တပ်မှူးချီနှင့် အခြားသူများသည် သူ့ကို မေးမြန်းစုံစမ်းခြင်းမရှိဘဲ ဘာကြောင့်တိုက်ခိုက်ခဲ့သည်ကို နားလည်သဘောပေါက်သွားသည်။
ဆီးနှင်းစိမ့်စမ်းငရဲမှာရှိသော သက်ရှိများစွာ၏ စိတ်ထဲမှာ သတ်ဖြတ်ခြင်းနှင့် တိုက်ခိုက်ခြင်းသာ ရှိနေသောကြောင့်ဖြစ်သည်။
တကယ်တော့ ငိုကြွေးဝိညာဉ်တောင်ကြောရိုး၏ သက်ရှိများသည် သူ့ကို ဤမျှအထိ ရန်လိုနေခဲ့ကြသည်မှာ သူသည် ကောင်းကင်ဘုံကမ္ဘာက လာသောကြောင့်ဖြစ်သည်။
သို့သော်လည်း ငရဲဗိုလ်များ၏ မှတ်ဉာဏ်များထဲမှာ သိုင်းတာအိုပင်မခန္ဓာသည် ကောင်းကင်ဘုံကမ္ဘာနှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမှ ရှာမတွေ့ပေ။
အဲဒါထက် သူသည် ကောင်းကင်ဘုံကမ္ဘာကို ဘယ်လိုပြန်သွားရမည်ကိုလည်း မသိရှိပေ။
ထိုစဉ်မှာပင် မလှမ်းမကမ်းအရပ်တစ်ဖက်ကနေ အသံဗလံများက ထွက်ပေါ်လာသည်။
စစ်ဗုံသံများ ထွက်ပေါ်လာပြီး ကြီးမားသော စစ်တပ်တစ်တပ်က အမှောင်ထုထဲကနေ ချီတက်လာနေသည့်အလားပင်။
သိုင်းတာအိုပင်မခန္ဓာသည် သူ၏ အတွေးများကနေ နိုးထလာပြီး မျက်မှောင်အနည်းငယ်ကြုတ်ကာ လှမ်းကြည့်လိုက်သည်။
မရေမတွက်နိုင်သော သက်ရှိများဖြင့် ဖွဲ့စည်းထားသည့် ကြီးမားသော စစ်တပ်တစ်တပ်က တကယ်ပင် မည်းမည်းလှုပ် ချီတက်လာနေသည်။
သူတို့၏ ခေါင်းဆောင်က အနက်ရောင်ချပ်ဝတ်တန်ဆာနှင့် ခေါင်းဆောင်းကို ဝတ်ဆင်ထားပြီး နက်မှောင်နေသော လှံတစ်လက်ကို ကိုင်စွဲထားသည်။
သူစီးနင်းလာသော တောကောင်က ခေါင်းသုံးလုံးနှင့် ငရဲခွေးတစ်ကောင်ဖြစ်လေသည်။ ထက်ရှသော သွားစွယ်များဖြင့် ပြည့်နှက်နေပြီး သူ၏ ပါးစပ်ကို ဖြဲထားကာ သူ၏ မျက်လုံးခြောက်လုံးက အညိုရောင်အလင်းတစ်ခုဖြင့် တောက်ပနေသည်။ သူ၏ သွားများက သွေးများ၊ အသားစများဖြင့် စွန်းထင်းနေလေသည်။
ဤသူကလည်း ငရဲဗိုလ်တစ်ယောက်ဖြစ်လေသည်။
သို့သော်လည်း ဤငရဲဗိုလ် ထုတ်ဖော်ထားသည့် အော်ရာသည် ဆူဇီမို၏ လက်ထဲမှာ သေဆုံးခဲ့သော လူတချို့ထက် များစွာသာလွန်ပြီး သူသည် ငိုကြွေးဝိညာဉ်တောင်ကြောရိုးပိုင်နက်အရှင်၏ အထက်မှာပင် ရှိလေသည်။
သူထင်တာ မမှားဘူးဆိုလျှင် ဤငရဲဗိုလ်၏ ကျင့်ကြံမှုနယ်ပယ်သည် ကောင်းကင်ဘုံကမ္ဘာမှာဆိုလျှင် အထွတ်အထိပ်ပကတိအင်မော်တယ်တစ်ယောက်၏ အဆင့်မှာ ရှိပေလိမ့်မည်။
သိုင်းတာအိုပင်မခန္ဓာက အာရုံစိုက်၍ ကြည့်ရှုလိုက်ပြီး အရာရာတိုင်းကို ရှင်းလင်းစွာ တွေ့မြင်နေရသည်။
ငရဲဗိုလ်ကြီး၏ နှာရောင်ပေါ်မှာ ထူးဆန်းသော မှော်စာလုံးတစ်ခု ရှိနေသည်။
သိုင်းတာအိုပင်မခန္ဓာသည် ဤကဲ့သို့ ထူးဆန်းသော မှော်စာလုံးများကို အရင်က တစ်နေရာရာမှာ တွေ့မြင်ဖူးခဲ့သည်။
အရင်တုန်းက အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ယင်ယန်အဆောင်သုတ္တန် ရရှိခဲ့ပြီးနောက် သိုင်းတာအိုပင်မခန္ဓာကလည်း အဲဒါကို ဖတ်ရှုခဲ့သည်။
သို့သော်လည်း သူသည် ထူးဆန်းသော မှော်စာလုံးများကို မခွဲခြားနိုင်ခဲ့ပေ။
ငရဲဗိုလ်၏ နှာရောင်ပေါ်မှ မှော်အစီအရင်သည် ယင်ယန်အဆောင်သုတ္တန်၏ မှော်စာလုံးများနှင့် အတော်လေး ဆင်တူနေသည်။ သူတို့က တူညီသော ဘာသာစကားဖြစ်ပေလိမ့်မည်။
ထို့နောက် ချက်ချင်းပင် ထိုသူ၏ နောက်ဘက်မှာ အနက်ရောင်နတ်မြင်းတစ်ကောင်ကို စီးနင်းထားပြီး ဖြူဖွေးသော အသားအရေနှင့် ချောမောလှပသော အမျိုးသမီးတစ်ယောက်က ကပ်လျက်လိုက်ပါလာသည်။ သူမမှာ ချောမောလှပသော ရုပ်ရည်သွင်ပြင်ရှိပြီး ငရဲဗိုလ်၏ နောက်ဘက်မှာ ခြေတစ်လှမ်းသာ ကွာလေသည်။
အမျိုးသားနှင့် အမျိုးသမီးအပြင် သူတို့၏ နောက်ဘက်မှာ အခြားသော ငရဲဗိုလ်ရာချီလည်း ရှိနေကြသည်။
သူတို့၏ နောက်ဘက်မှာ ငရဲငယ်သားများက ပို၍ပင်များပြားပြီး ရန်လိုစိတ်နှင့်အတူ တောင်တန်းများ၊ လွင်ပြင်များကို ဖြန့်ကြက်နေရာယူကာ ချီတက်လာနေကြသည်။
သိုင်းတာအိုပင်မခန္ဓာက ရှောင်တိမ်းဖို့ စိတ်ကူးမရှိပေ။
ကြည့်ရသည်မှာ သူတို့သည် ဤနေရာကို သူ့ကြောင့် ရောက်ရှိလာခြင်း ဖြစ်ပေလိမ့်မည်။
ဒါ့အပြင် သူ၏ အဆင့်အတန်းအရ သူသည် ပြင်ပကမ္ဘာတစ်ခုမှ လာသည်ဆိုလျှင်တောင် သူ့အနေဖြင့် ကြီးမားသော စစ်တပ်တစ်တပ်ကို ရှောင်လွှဲစရာ အကြောင်းမရှိပေ။
ဦးဆောင်လာသော ငရဲဗိုလ်က ခေါင်းသုံးလုံး ငရဲခွေးကို စီးနင်းလာသည်။ သူက မျက်မှောင်ကြုတ်ပြီး သူ၏ ဘေးပတ်လည်မှ အပျက်အစီးများကို လှည့်ပတ်ကြည့်ရှုနေ၏။
သူ၏ နောက်ဘက်မှ ချောမောလှပသော အမျိုးသမီး၏ မျက်နှာပေါ်တွင် တုန်လှုပ်နေသော အမူအရာတစ်ခု ပေါ်ထွက်လာ၏။
အဲဒါကို ဘယ်သူလုပ်ခဲ့တာလဲ…။
ကီလိုမီတာငါးသိန်းကျယ်ပြန့်သော ငိုကြွေးဝိညာဉ်တောင်ကြောရိုးက ဤကဲ့သို့သော အခြေအနေအထိ ဘယ်လိုကျရောက်သွားတာလဲ။
သူမ၏ အကြည့်က ရွေ့လျားသွားပြီး မလှမ်းမကမ်းမှာ ငွေရောင်မျက်နှာဖုံးနှင့် ခရမ်းရောင်ဝတ်အမျိုးသားတစ်ယောက်ကို တွေ့မြင်သွားလေသည်။
“ဒီလူ့ဆီကနေ သက်ရှိတစ်ဦးရဲ့ အော်ရာက ဘာလို့ ဖြာထွက်နေတာပါလိမ့်”
ချောမောလှပသော အမျိုးသမီးက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
ထိုအော်ရာသည် ဘေးပတ်ဝန်းကျင်နဲ့ ကွဲလွဲဆန့်ကျင်နေပြီး အလွန်တရာ ထင်ရှားပေါ်လွင်နေ၏။
သို့သော်လည်း သိပ်မကြာခင် သူ၏ ခန္ဓာကိုယ်အများစုက ကြေမွပျက်စီးနေပြီး ခရမ်းရောင်ဝတ်အမျိုးသား၏ ခြေရင်းရှိ သွေးအိုင်ထဲမှာ လဲကျသေဆုံးနေသော ကြမ်းကြုတ်တောကောင်ချုံးချီကို သူမက တွေ့မြင်သွားသည်။
ငိုကြွေးဝိညာဉ်တောင်ကြောရိုး၏ ပိုင်နက်အရှင်သည် သေဆုံးသွားခဲ့ပြီဖြစ်သည်။ ဒါ့အပြင် သူသည် မကြာသေးခင်ကမှ သေဆုံးသွားသည့်ပုံပင်။