← Chapters

အခန်း (၁၃၁၅-၁၃၂၀)

Vol. 85 Ch. 1315-1320

အခန်း (၁၃၁၅-၁၃၂၀)

Vol. 85 Ch. 1315-1320

အပိုင်း ၁၃၁၅ ကျွန်မမှာ ရန်သူတွေ အရမ်းများတယ်

စားဖိုမှူးတစ်ယောက်အနေနှင့် အဝါရောင်ငါးပုတ်သင် အပါအဝင် အစားအသောက်ပစ္စည်းများစွာကို သိထားသောကြောင့် ထိုငါး၏ရှားပါးမှုကို သိသည်။ အလွန်ရှားပါးပြီး ဈေးကြီးသောကြောင့် သူ့အနေနှင့် မဖျက်စီးမိစေရန် သတိထားရမည်ဖြစ်သည်။ ထန်မိသားစုက သူ့ကို အပြစ်မတင်လျှင်ပင် သူ့ကိုယ်သူ အပြစ်တင်မိလေလိမ့်မည်။

ညစာမစားမီတွင် ကုနင်းသည် ကေ့ထံမှ မက်ဆေ့ချ်တစ်ခုကို လက်ခံရရှိခဲ့သည်။ ကေသည် စောင့်ကြည့်ကင်မရာများမှတစ်ဆင့် စုံစမ်းစစ်ဆေးရန် လွယ်ကူသော်လည်း နိုင်ငံခြားသား မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်ရန်ကိုဖြင့် အချိန်အနည်းငယ် လိုအပ်သည်။

မီးဖိုချောင်တွင် စားဖိုမှူး အများအပြား တစ်ချိန်တည်း ချက်ပြုတ်နေကြသော်လည်း ထိုငါးကိုချက်ပြုတ်ရန် တစ်နာရီခန့် အချိန်ယူရသည်။ ထို့ကြောင့် စားပွဲပေါ်တွင် ပန်းကန်များကို တစ်ခွက်ပြီးတစ်ခွက် ချပြီးသည့်အချိန်တွင် အားလုံးသည် ညစာစားရန် အဆင်သင့်ဖြစ်နေကြပြီဖြစ်သည်။

စားပွဲပေါ်တွင် ငါးဟင်းပန်းကန် များစွာရှိပြီး ထိုအရာသည် ကမ္ဘာပေါ်တွင် တန်ဖိုးအရှိဆုံး အစားအစာဖြစ်သောကြောင့် အားလုံး ကျေနပ်စွာ စားသုံးကြသည်။ သူတို့အရက်လည်းသောက်ခဲ့ကြသေးသည်။

သို့သော်လည်း ထန်ဟိုင်ဖုန်းနှင့် လင်ဝေ့ဟွာတို့နှစ်ဦးစလုံးသည် အသက်ကြီးနေပြီဖြစ်၍ အရက်ပြင်းပြင်းများ မသောက်ဘဲ အာဟာရပြည့်ဝသော အရက်များကိုသာ သောက်ကြသည်။

သို့သော် အာဟာရပြည့်ဝသောအရက်များတွင်လည်း အရက်ပါနေသေးသောကြောင့် များများ မသောက်နိုင်ကြပေ။

မည်သို့ပင်ဆိုစေကာမူ သူတို့အားလုံး ပျော်ပွဲဆင်နွှဲနေသည်ဖြစ်၍ အခြားသူများ အရက်သောက်ခြင်းကို တားမြစ်ရန် မသင့်လျော်ပေ။

ထို့ကြောင့် ကုနင်းသည် စွမ်းအင်သလင်းကျောက်တစ်လုံးစီကို သူတို့၏ ခွက်ထဲသို့ထည့်လိုက်သည် ၊ ထိုသို့ဆိုလျှင် အများကြီးသောက်လိုက်လျှင်ပင် အဆင်ပြေသွားမည်ဖြစ်သည် ။

သူတို့အားလုံးသည် ကုနင်း၏ မှော်ဆေးတွေကို ယုံကြည်သည့်အတွက် မည်သူမှ သူမကို မတားကြပေ။

ထန်မိသားစု၏အိမ်တွင် စားသောက်နေကြစဉ် ကုနင်း ပါဝင်ပတ်သက်သည့် ကားမတော်တဆမှုမှာ အင်တာနက်တွင် ပျံ့နှံ့သွားသည်။

လမ်းသွားလမ်းလာအချို့သည် ကားမတော်တဆမှုဖြစ်ပွားသည့် ဗီဒီယိုများစွာကို ရိုက်ယူပြီး အင်တာနက်ပေါ်သို့ တင်ခဲ့ကြသည်။ အင်တာနက်အသုံးပြုသူအများအပြားသည် နိုင်ငံခြားသားကို ဒေါသထွက်ကြပြီး ကုနင်းကို ကာကွယ်ရန် သူ့ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည်။

ထွက်ပြေးဖို့ကြိုးစားရန်မအောင်မြင်ခြင်းကြောင့် နိုင်ငံခြားသားသည် ကုနင်းကို သတ်ရန် ကြိုးပမ်းခဲ့သည်မှာ ပို၍ ထင်ရှားသည်။ သူသည် တိုက်ခိုက်ရာတွင်လည်း ကျွမ်းကျင်သည်၊ ဆိုလိုသည်မှာ သာမန်လူမဟုတ်နိုင်ပေ။

တစ်ချိန်တည်းမှာပင် လူအချို့က ၎င်းသည် မတော်တဆမှုတစ်ခု ဖြစ်နိုင်သည်ဟုလည်း ယူဆကြပြီး နိုင်ငံခြားသားသည် ကြောက်လန့်တကြား ထွက်ပြေးသွားခဲ့သည်ဟုယူဆသည်။ ထို့အပြင် နိုင်ငံခြားသားသည် အလွန်သန်မာပုံရပြီး ပုံမှန်လေ့ကျင့်ခန်းလုပ်သူဖြစ်ရမည်ဖြစ်သောကြောင့် တိုက်ခိုက်ရေးကောင်းသည်မှာ နားလည်ပေးနိုင်သည်။

တစ်ဖက်တွင် အင်တာနက်အသုံးပြုသူအချို့က ကုနင်းကို တိုက်ခိုက်ရန် လှည့်လာပြီး သူမသည် နှိပ်စက်ညှဉ်းပန်းရသည်ကိုစွဲလမ်းမှုရှိသည်ဟု ပြောကြသည်။ မတော်တဆမှုတစ်ခုသာဖြစ်သည်ဟု သူတို့ယုံကြည်ကြသော်လည်း ကုနင်းက ၎င်းအား လူသတ်မှုတစ်ခုအဖြစ် မှတ်ယူခဲ့သည်။

နှောင့်နှေးမှုမရှိပဲ ကုနင်း၏ပရိသတ်များနှင့် သူမကိုကာကွယ်ပေးသူများသည် ထိုသူတို့အား ပြန်လည်တိုက်ခိုက်ခဲ့သည်။

"ကုနတ်ဘုရားမက လူသတ်မှုတစ်ခုလို့ ဘယ်တုန်းကမှ မပြောခဲ့ဘူး၊ ဒါပေမယ့် ငါတို့ကိုယ်တိုင်က ဗီဒီယိုကနေ ဆုံးဖြတ်ခဲ့တာ။ ကုနတ်ဘုရားမကို အပြစ်တင်လို့ မရဘူး။"

“ဟုတ်တယ်၊ ငါတို့က အ,အမဟုတ်ဘူး၊ ဒါက သတ်ဖို့ကြိုးစားတယ်ဆိုတာ ထင်ရှားတယ်။”

“ဟိတ်တာတွေ တကယ်ကို အကြင်နာမရှိတာပဲ။ ကုနတ်ဘုရားမပါလာတဲ့ကားက ထရပ်ကားကြီးနဲ့ ပြင်းပြင်းထန်ထန် ဝင်တိုက်တာကို မမြင်ကြဘူးလား?"

“တကယ်လို့ ကုနတ်ဘုရားမက သိပ်ကံကောင်းလို့မဟုတ်ပဲ ကားကို တွန်းချနိုင်ခဲ့မယ်ဆိုရင် သူမသေသွားနိုင်တယ်။”

"နိုင်ငံခြားသားကို ထောင်ချသင့်တယ်။"

“…” မုန်းတီးသူအချို့က ကုနင်း သည် မကောင်းမှုများကို လုပ်မိသောကြောင့် ထရပ်ကားကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ဝင်တိုက်ခံခဲ့သည်ဟုပင် ပြောကြသည်။

ကုနင်းကို ခုခံကာကွယ်ပေးသည့် အခြားအင်တာနက်အသုံးပြုသူများမှာ ကုနင်းသည် အလွန်ထူးချွန်ပြီး လူဆိုးအချို့က သူမအား မနာလိုခြင်းဖြစ်ကြောင်း စောဒကတက်ခဲ့ကြသည်။

မည်သို့ပင်ဖြစ်စေ မုန်းတီးသူတစ်ချို့သည် ကုနင်း၏ ပရိသတ်တွေကိုမယှဉ်နိုင်ပေ။

ကုနင်းသည် ဤမတော်တဆမှုတွင် သားကောင်ဖြစ်ခဲ့ရပြီး သူမ အပြစ်မရှိကြောင်း လူအများက ယုံကြည်နေကြဆဲဖြစ်သည်။ ထို့အပြင်၊ ကုနင်းသည် လူအများအပေါ်တွင် ကောင်းမွန်သောအမြင်ကိုပေးခဲ့သည်။

ဤသို့ဖြင့် ကုနင်း၏ပရိသတ်တချို့နှင့် ကြင်နာသော အင်တာနက်အသုံးပြုသာတစ်ချို့သည် ကုနင်းကို မန်းရှင်းကာ အကျိုးအကြောင်းမေးခဲ့ကြပြီး တချို့ဆိုလျှင် ပြည်သူ့လုံခြုံရေးဗျူရိုကို တိုက်ရိုက်မန်းရှင်း၍ ကုနင်းအတွက် တရားမျှတမှုရှာပေးရန်တောင်းဆိုခဲ့သည်။

ထန်မိသားစု၏အိမ်တွင် ညစာစားပြီးနောက် ဧည့်ခန်းတွင် သွားထိုင်ကြသည်။

လင်မိသားစုဝင်များသည် ယနေ့ည ထိုနေရာတွင်ညအိပ်ရန် လိုအပ်သည်။ သူတို့သည် ဟိုတယ်တစ်ခုတွင် တည်းခိုလိုသော်လည်း ကုနင်းနှင့် ထန်မိသားစုအားလုံးက သူတို့အား ဤအိမ်၌ပင် တည်းခိုရန် ဖြောင်းဖျထားသောကြောင့် နောက်ဆုံးတွင် သဘောတူခဲ့ကြသည်။

ထန်မိသားစုသည် အစောပိုင်းကတည်းက သူတို့အတွက် အခန်းများ ပြင်ဆင်ခဲ့သည်။ သခင်ကြီးလင်သည် အသက်ကြီးပြီဖြစ်၍ အရက်နည်းနည်းသောက်ပြီးနောက် အိပ်ငိုက်လာပြီး ခဏအကြာတွင် အိပ်ရာဝင်ခဲ့သည်။

ထန်ဟိုင်ဖုန်းသည်လည်း သူ၏အိပ်ခန်းထဲ ပြန်ဝင်သွားပြီး လူငယ်များကို တယောက်နဲ့တယောက် စကားစမြည်ပြောရန် ဧည့်ခန်းထဲတွင် ချန်ထားခဲ့သည်။

ကုနင်းနှင့် လင်ရှောင်းထင်တို့သည်က တစ်စုံတစ်ခုကို ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သောကြောင့် ခွင့်တောင်းပြီး ထွက်သွားကြသည်။

ထန်ကျားခိုင်နှင့် ချောင်ဝမ်ရှင်းတို့မှာ အပြင်တွင်ပျော်ဖို့ စိတ်ကူးရှိသောကြောင့် သူတို့နှင့်လိုက်ချင်ခဲ့ပေမယ့် ကုနင်းသည် အရေးကြီးသည့်ကိစ္စတစ်ခုဟု ပြောခဲ့သည်။

ဤအချိန်တွင် ည ၈:၃၀ သာရှိသေးသည်။

B မြို့ တွင် ခရိုင်ကိုးခုစီရှိကာ တစ်ခုစီတွင် သီးခြားပြည်သူ့လုံခြုံရေးဗျူရို ဌာနခွဲတစ်ခုရှိသည်။

ထိုနိုင်ငံခြားသားကို ထန်မိသားစု၏အိမ်တည်ရှိရာ ခရိုင်ဌာနခွဲသို့ ခေါ်ဆောင်သွားခဲ့သည်။

ထို့နောက်တွင် ကုနင်းသည် ယနေ့အတွက် ခေတ်စားနေသော သတင်းများကို စစ်ဆေးခဲ့သည်။ သူမသည် အင်တာနက်တွင် အရမ်းနာမည်ကြီးနေသောကြောင့် ယနေ့ ဖြစ်ပျက်ခဲ့သမျှကို သတင်းခေါင်းကြီးပိုင်းတွေမှာ တင်ထားမည်မှန်း သူမသိသည်။

သို့သော်လည်း မုန်းတီးသူများ ထားခဲ့သော ကွန်းမန့်များကို သူမမြင်သောအခါ၊ သူမ တိုက်ရိုက် လျစ်လျူရှုခဲ့သည်။ သူတို့ကြောင့်နဲ့ သူမ စိတ်ထိခိုက်မှာ မဟုတ်ပေ။

"သံသယရှိသူနဲ့ ပတ်သက်ပြီး သိထားတာရှိသလား?" လင်ရှောင်းထင်က ကုနင်းကို မေးလာသည်။

“မရှိပါဘူး.. ကျွန်မမှာ ရန်သူတွေ အရမ်းများတယ်။” ကုနင်းကတော့ စိတ်လျှော့ထားပုံပင်။

ကုနင်းမှာ ရန်သူတွေ အများကြီးရှိနေသည်မှာ အမှန်ပင်၊ ထို့ကြောင့် ဤတစ်ကြိမ်တွင် ကျူးလွန်သူမည်သူဖြစ်သည်ကို သူမမသိပေ။

လင်ရှောင်းထင်သည် ကေ၏စွမ်းရည်ကို သိရှိသောကြောင့် ကုနင်း သူမဘာသာသူမ ကောင်းစွာကိုင်တွယ်နိုင်မည်ဟု ယုံကြည်သည်။

သူတို့ ပြည်သူ့လုံခြုံရေးဗျူရိုဌာနခွဲသို့ သွားနေစဉ် ထန်ကျားခိုင်သည် ထျန်းရှောင်းယွီထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိပြီး ယနေ့ဖြစ်ပျက်ခဲ့သမျှကို သိရှိခဲ့သည်။

ထန်ကျားခိုင်သည် သတင်းကြားပြီးသည်နှင့် ကားမတော်တဆမှုဆိုင်ရာ အချက်အလက်များကို ရှာဖွေလိုက်သည်။ ဗီဒီယိုကိုကြည့်ပြီးနောက်တွင်တော့ ထန်ကျားခိုင် အလွန်ဒေါသထွက်သွားမိတော့သည်။

***

အပိုင်း ၁၃၁၆ မင်းဘာမှမဖြစ်ဖူးလို့ထင်တာလား

ကုနင်းသည် ကွန်ဖူးကျွမ်းကျင်မှုနှင့် အဆက်အသွယ်ကောင်းတွေရှိခြင်းကြောင့် ကျော်ကြားလာပြီးနောက်တွင် တစ်စုံတစ်ယောက်မှ ကုနင်းကို သတ်ချင်နေသေးသည်ကို သူမယုံနိုင်ဖြစ်ခဲ့သည်။ တစ်ချိန်တည်းမှာပင်၊ ထန်ကျားခိုင်သည် ဤညတွင် ကုနင်းနှင့် လင်ရှောင်းထင် အဘယ်ကြောင့် ရုတ်တရက် ထွက်ခွာသွားသည်ကို သိလိုက်ရသည်။

သို့သော်လည်းသူတို့အား မစိုးရိမ်စေလိုသောကြောင့် လင်မိသားစုဝင်တစ်ဦးမှ ယနေ့ မတော်တဆမှုအား ထုတ်မပြောခဲ့ကြခြင်းကိုသဘောပေါက်၍ ထန်ကျားခိုင်သည်လည်း လျှို့ဝှက်ထားခဲ့သည်။

မည်သို့ပင်ဖြစ်စေ ကုနင်း လုံခြုံခဲ့သည်မဟုတ်လား။

ထျန်းရှောင်းယွီအကြောင်းပြောရလျှင်တော့ ကုနင်း၏ ကုသမှုအကူအညီနှင့် အပြည့်အဝ ပြန်လည်ကောင်းမွန်လာခဲ့၍ သူ့အဖွဲ့သည်လည်း ပြိုင်ပွဲတွင် ပထမဆု ရရှိခဲ့သည်။ ထို့ကြောင့် ထျန်းရှောင်းယွီသည် ကုနင်းကို အလွန်ကျေးဇူးတင်နေသည်။

နိုင်ငံ့ဘတ်စကက်ဘောအသင်းမှ သူ့ကိုရွေးချယ်ထားပြီးဖြစ်ကာ ထိုအဖွဲ့တွင်ဝင်ရန်အလားအလာများစွာရှိသည်။

မိနစ် ၂၀ ခန့်အကြာတွင် ကုနင်းနှင့် လင်ရှောင်းထင်တို့ ပြည်သူ့လုံခြုံရေးဗျူရို၏ ဌာနခွဲသို့ရောက်ရှိလာသည်။

ည ၉ နာရီ နီးပါးရှိနေပြီဖြစ်သော်လည်း ထိုနေရာတွင် တနေ့လုံး အလုပ်လုပ်နေကြသည်။

လင်ရှောင်းထင်သည် သူတို့မရောက်ခင် ဖုန်းခေါ်ထားသည်မို့ ဌာနခွဲဒါရိုက်တာသည် သူတို့ကို စောင့်နေပြီဖြစ်သည်။ ဒါရိုက်တာသည် မြို့တော်မှ လင်ရှောင်းထင်ဟုခေါ်သော ဗိုလ်ချုပ်ငယ်တစ်ဦးအကြောင်း ကြားသိရသောကြောင့် လင်ရှောင်းထင်ကို စိတ်အနှောက်အယှက်ဖြစ်အောင်မလုပ်ဝံ့ပေ။ လင်ရှောင်းထင်သည် ကျော်ကြားသော လင်မိသားစုတွင် မွေးဖွားခဲ့ပြီး သူ့ကို စိတ်အနှောက်အယှက်ဖြစ်စေရန် မည်သူမျှ ဆန္ဒမရှိပေ။

ဒါရိုက်တာက ကုနင်း၏မျက်နှာကိုလည်း ရင်းနှီးပြီးသားဖြစ်၍ သူတို့ပေါ်လာသည်နှင့် ကုနင်းနှင့် လင်ရှောင်းထင်ကို ယဉ်ကျေးစွာ နှုတ်ဆက်သည်။

"ဗိုလ်ချုပ်လင်နဲ့ မစ္စကု တွေ့ရတာ အရမ်းဝမ်းသာပါတယ်။" ဒါရိုက်တာ၏ မျိုးရိုးအမည်မှာ ယောင်ဖြစ်ပြီး သူသည် ယခင်က ကုမန့်နှင့် ထန်ယွင်ဖန်း၏ မင်္ဂလာပွဲကို တက်ရောက်ခဲ့ဖူးသည်။ ကုနင်းကိုသိသော်လည်း၊ ကုနင်းသည် သူနှင့် ယခင်က တခါမှ စကားမပြောဖူးသောကြောင့် သူ့ကို မရင်းနှီးပေ။ ထို့အပြင်၊ ဒါရိုက်တာယောင်သည် ဤမတော်တဆမှုတွင် ကုနင်းလည်း ပါဝင်ကြောင်း မသိသောကြောင့် သူမကို ဤနေရာတွင် တွေ့လိုက်ရပြီး အံ့သြသွားခဲ့သည်။

ကုနင်းသည် ဒါရိုက်တာယောင်နှင့် စကားမပြောဖူးသော်လည်း သူ၏မျက်နှာကို ချက်ချင်း မှတ်မိလိုက်သည်။ သူ့ကို မတွေ့ခင်ကတည်းက ဒါရိုက်တာယောင်ဟု တစ်ယောက်ယောက်က ခေါ်သည်ကို သူမကြားဖူးပြီး ဤမျက်နှာနှင့် ရာထူးကိုတွဲကာ သူမှန်းသိလိုက်သည်။

"တွေ့ရတာဝမ်းသာပါတယ် ဒါရိုက်တာယောင်။" ကုနင်း ပြုံးလိုက်သည်။

ကုနင်းက သူ့ကို မှတ်မိသည့်အတွက် ဒါရိုက်တာယောင် အံ့ဩသွားလေသည်။

“မစ္စကု၊ ဗိုလ်မှူးချုပ်လင် ဒီနေ့ ဖြစ်ပျက်ခဲ့တာကို ငါတို့ သိပြီးပါပြီ။ အခုလဲ သေချာအလေးထားလုပ်ဆောင်ပေးနေပါတယ်။”

"ကောင်းပါပြီ၊ အခု အထဲဝင်ရအောင်။" ကုနင်း ပြောလိုက်သည်။

ထို့နောက် စစ်ကြောရေးအခန်းသို့ အတူတူသွားကြသည်။

လင်ရှောင်းထင်သည် သူကိုယ်တိုင် စစ်ဆေးမေးမြန်းမည်ဟု ပြောထားသောကြောင့် ဒါရိုက်တာယောင်သည် စစ်ဆေးရေး အခန်းထဲကို မဝင်ရသေးပေ။

အခန်းထဲတွင် နိုင်ငံခြားသားသည် ကုလားထိုင်ပေါ်တွင် ကြိုးနဲ့ချည်ထားခံရပြီး သူ၏ဘေးတွင် သက်တော်စောင့်နှစ်ယောက်ရှိနေသည်။

“သခင်လေးလင်၊ မမလေးနင်း။” သက်တော်စောင့်နှစ်ဦးသည် ကုနင်းနှင့် လင်ရှောင်းထင်ကို လေးလေးစားစား နှုတ်ဆက်သည်။

"ကျေးဇူးပြုပြီး ထိုင်ပါ …ဗိုလ်ချုပ်လင် မစ္စကု" ဒါရိုက်တာယောင်က ကုနင်းနှင့် လင်ရှောင်းထင်ကို ထိုင်ဖို့ ကိုယ်တိုင်ဖိတ်ခေါ်သည်။ အခန်းထဲမှာ ထိုင်ခုံနှစ်ခုံပဲရှိ၍ ဒါရိုက်တာယောင်က ရပ်နေဖို့ဆုံးဖြတ်လိုက်သည်။

"ဒါရိုက်တာယောင် ရှင်..ထိုင်လိုက်ပါ၊ ကျွန်မအတွက်နောက်ထပ်ထိုင်ခုံတစ်ခုယူလို့ရတာပဲ။" ကုနင်းပြောလိုက်သည်။ ဒါရိုက်တာယောင်သည် သူမကို လေးစားမှုပြပေမဲ့ သူမ၏ အပြုအမူကိုထိန်းသိမ်းရပေမည်။

“အဆင်ပြေပါတယ်။ မစ္စကု၊ ငါလုပ်ပါ့မယ်။" ဒါရိုက်တာယောင်ကပြောပြီး သူ့အတွက် ထိုင်ခုံယူဖို့ ရဲတစ်ယောက်ကို ပြောလိုက်သည်။

ခဏအကြာတွင် လင်ရှောင်းထင်၊ ကုနင်းနှင့် ဒါရိုက်တာယောင်တို့ စစ်ဆေးမေးမြန်းရေး စားပွဲရှေ့တွင် အတူတကွထိုင်ကြသည်။

"ပြော မင်းကို ဘယ်သူက ဒီကို ပို့လိုက်တာလဲ?" လင်ရှောင်းထင် အေးစက်စွာပြောပြီး နိုင်ငံခြားသားကို တည့်တည့်စိုက်ကြည့်လိုက်၍ ထိုလူ စိတ်ဖိစီးသွားသည်။

နိုင်ငံခြားသားတင်မကပေ ဒါရိုက်တာယောင်သည်လည်း လင်ရှောင်းထင်၏ လွှမ်းမိုးမှုကြောင့် အံ့သြသွားသည်။

လင်ရှောင်းထင်သည် အမှန်တကယ်ပင် အင်အားကြီးသော အမျိုးသားတစ်ယောက်၏အရှိန်အဝါရှိသည်။

မည်သို့ပင်ဆိုစေကာမူ နိုင်ငံခြားသားသည် လင်ရှောင်းထင်ထံမှ ကြီးမားသောဖိအားကို ခံစားရသော်လည်း ပြစ်မှုကိုဝန်ခံရန် ရည်ရွယ်ချက်မရှိပေ။ "လူသတ်ရန် ကြံစည်မှုပါလို့ ဘာလို့ထင်တာလဲ?"

"ဒီနေ့ လေဆိပ်က တာမီနယ်မှာ မှန်ပြောင်းနဲ့ ရှင် ကျွန်မကို စောင့်ကြည့်နေတာတွေ့တယ်။"

ထိုစကားကိုကြားပြီး နိုင်ငံခြားသား အံ့ဩသွားသည်။ ကုနင်းသည် သူ့ကို လေဆိပ်မှာကတည်းက သတိထားမိခြင်းကြောင့် အံ့သြသွားခဲ့သည်။

ဒါရိုက်တာယောင် နားမလည်သည်မှာ နိုင်ငံခြားသားသည် အဘယ်ကြောင့် ဒီလောက်တောင် အံ့အားသင့်နေပုံရသည်ကိုဖြစ်သည်၊ သို့သော် ယခုမူ ဤအမှုသည် လူသတ်ရန်ကြံစည်မှုဆိုတာ သူ သေချာသွားသည်။

နိုင်ငံခြားသားသည် ပါးစပ်ပိတ်ထားသော်လည်း ကုနင်း စိုးရိမ်ပုံမပေါ်ပေ။ "ပါးစပ်ပိတ်နေရုံနဲ့ ဘာမှမဖြစ်ဘူးလို့ မင်းထင်နေတာလား?"

နိုင်ငံခြားသားက တိတ်ဆိတ်နေသေးသည်၊ ဤသည်မှာ သူလုပ်နိုင်သည့်တစ်ခုတည်းသောအရာဟု သူထင်သည်။

စင်စစ် ကုနင်းနှင့် လင်ရှောင်းထင်တို့သည် သူ၏ တုံ့ပြန်မှုနှင့် ရလဒ်ကို မအံ့သြခဲ့ကြပေ။ သူတို့သည် ဤသို့လာပြီး စစ်ဆေးမေးမြန်းဖို့ လိုအပ်သည်ဟု ထင်၍သာ လာခဲ့ခြင်းဖြစ်သည်။

ကုနင်း သူမ၏ဖုန်းကို ထုတ်လိုက်ပြီး ကေမှ သူမ၏ဖုန်းဆီပို့လိုက်သည့် ဗီဒီယိုကို ဖွင့်လိုက်သည်။

ဗီဒီယိုထဲတွင် နိုင်ငံခြားသားသည် လေဆိပ်ထဲဝင်ကာ ဂိတ်ပေါက်ကိုရောက်ပြီး ကုနင်းကို ချောင်းကြည့်ဖို့ မှန်ပြောင်းကို အသုံးပြုခဲ့သည်။ ကားမတော်တဆဖြစ်ချိန်အထိ ကုနင်းနောက်သူလိုက်သွားတဲ့ ဖြစ်စဉ်တစ်ခုလုံးကို ဗီဒီယိုမှာ ပါဝင်သည်။

ထိုဗီဒီယိုကြောင့် နိုင်ငံခြားသားသည် အံ့အားသင့်သွားပြီး ကုနင်း ဘယ်လိုလုပ်ပြီးများ ထိုဗီဒီယိုကို ရနိုင်ခဲ့သည်ကို သူ မစဉ်းစားနိုင်တော့ပေ။

“ကောင်းပြီ၊ ဒီဗီဒီယိုက မင်းရဲ့ မကောင်းတဲ့ ရည်ရွယ်ချက်တွေကို သက်သေပြဖို့ လုံလောက်ပြီလို့ ထင်ပါတယ်။ အခု ဘာမှ မပြောဘဲ အဆင်ပြေမယ်လို့ မင်းထင်နေသေးလား?" ကုနင်း ရယ်မောကာ ထပ်မေးလိုက်သည်။

ဒါရိုက်တာယောင်သည်လည်း ဗီဒီယိုကို ကြည့်ချင်နေခဲ့သည်။

နိုင်ငံခြားသားက ခဏတာ တုံ့ဆိုင်းသွားသော်လည်း ပါးစပ်ကို ပိတ်ထားဆဲပင်။

ကုနင်း ဆက်သည်းမခံနိုင်တော့ပေ။ "ကောင်းပြီ မင်းဘာမှ မပြောမှတော့..ငါတို့ စောင့်ကြည့်ကြတာပေါ့။" ကေ အထောက်အထားများ ထပ်မံတွေ့ရှိပြီးနောက်မှ ဤနိုင်ငံခြားသားကို အပြစ်ပေးရန်သာ ဆုံးဖြတ်ခဲ့သည်။

လင်ရှောင်းထင်က သက်တော်စောင့်နှစ်ယောက်ကို နိုင်ငံခြားသားကို စောင့်ကြည့်ထားဖို့ ပြောလိုက်သည်။

ဤနိုင်ငံခြားသားသည် ပရော်ဖက်ရှင်နယ်လူသတ်သမားဖြစ်ပြီး လွတ်မြောက်ကောင်း လွတ်မြောက်သွားနိုင်ပါသည်။

ကုနင်းနှင့် လင်ရှောင်းထင် မပြန်ခင်မှာ ကုနင်းက ဒါရိုက်တာယောင်ကို ဗီဒီယိုဖိုင်ကို ပို့ပေးခဲ့သည်။ "ဒါရိုက်တာယောင် ရှင် ဒီဗီဒီယိုကို Weibo မှာ တရားဝင်အကောင့်ကနေ တင်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။"

“ရတာပေါ့။” ဒါရိုက်တာယောင်က ချက်ချင်း သဘောတူလိုက်သည်။

ထို့နောက် ကုနင်းနှင့် လင်ရှောင်းထင်တို့ ပြန်ထွက်ခွာသွားခဲ့သည်။

***

အပိုင်း ၁၃၁၇ စိတ်မပူပါနဲ့..ငါအဆင်ပြေပါတယ်

ကုနင်းနှင့် လင်ရှောင်းထင်တို့ထွက်လာခဲ့သည်မှာ မကြာသေးသောကြောင့် ထန်မိသားစု၏အိမ်သို့ ပြန်ရောက်လာသည့်အချိန်တွင် ၁၀ နာရီသာရှိသေးပြီး ချောင်မိသားစုပြန်သွားသည်မှလွဲ၍ တော်တော်များများ နိုးနေကြသေးသည်။

ထန်ကျားခိုင်သည် ကုနင်း အိမ်ပြန်ရောက်သည်နှင့် အိမ်နောက်ဖေးမှာ စကားပြောရန်ဆွဲခေါ်သည်။ သူ၏ အမူအရာကိုမြင်ပြီး သူဘာမေးမည်ကို ကုနင်း နားလည်လိုက်သည်။ ယနေ့ ယာဉ်တိုက်မှုအကြောင်းဖြစ်မည် မှန်း သူမသိသည်။ သူမအထင်အတိုင်းပင်။

“နင်းနင်း အဲ့ဒီ ကြောက်စရာကောင်းတဲ့ ကားတိုက်မှုအကြောင်းကို ငါကြားပြီးပြီ။ မင်း အဆင်ပြေတာ သေချာရဲ့လား?" ထန်ကျားခိုင် မေးလိုက်သည်။ ကုနင်းကို သူ၏ရှေ့တွင် ကောင်းကောင်းမွန်မွန်မြင်နေရသော်လည်း သူမကိုစိတ်ပူမိနေတုန်းပင်။

ထန်ကျားခိုင် သူမကို ဂရုစိုက်သည့်အတွက် ကုနင်း၏စိတ်ထဲတွင် ထိမိသွားသည်။ "စိတ်မပူပါနဲ့ ငါအဆင်ပြေပါတယ်။"

“ကောင်းတယ်..” ကုနင်း၏ နှုတ်မှ အဖြေကို ကြားပြီးနောက်တွင်မှပဲ ထန်ကျားခိုင် စိတ်သက်သာရာ ရသွားသည်။ "မင်း တရားခံကိုတွေ့ဖို့ ထွက်သွားတာလား? အခု...ရော... ဘယ်လိုလဲ ? သူ့ကိုဘယ်သူပို့လိုက်တာလဲသိပြီလား?"

၎င်းသည် လူသတ်မှု ကျူးလွန်ရန် ကြိုးပမ်းခြင်းသာ ဖြစ်သည်ကို ထန်ကျားခိုင် သိပြီး သူ အတော်လေး ဒေါသထွက်လို့နေသည်။ ချုပ်ကိုင်သူမည်သူမှန်း သူသိလျှင် သေချာပေါက်ပြန်ပေးဆပ်ခိုင်းမည်။

"အခုထိတော့ မသိရသေးဘူး၊ စုံစမ်းနေဆဲပဲ။" ကုနင်း ပြန်ဖြေပေးသည်။ ထိုလူသည် အခြားနိုင်ငံမှ ဖြစ်သောကြောင့် ကေသည် ထိုလူ၏ နောက်ခံအကြောင်း အောင်အောင်မြင်မြင် ရှာဖွေနိုင်ပါ့မည်လား သူမ,မသေချာပေ။ ကေသည် ကျွမ်းကျင်သော ဟက်ကာတစ်ဦးဖြစ်သော်ငြားလည်း သူမတတ်နိုင်သောအရာများလည်း ရှိလို့နေသေးသည်။

တကယ်တမ်း ချုပ်ကိုင်သူ မည်သူမည်ဝါဖြစ်သည်ကို ကေ ရှာမတွေ့ခဲ့လျှင်ပင် ဘယ်သူမှမသိအောင် နိုင်ငံခြားသားကိုသတ်ပစ်နိုင်သေးသည်။ နိုင်ငံခြားသားသာ သူ့ကို ချုပ်ကိုင်သူ၏ နာမည်ကို ပြောပြဖို့ ဆန္ဒရှိလျှင်တော့ အကောင်းဆုံးပင်။ သို့သော် ထိုနိုင်ငံခြားသားကသာ နောက်ဆုံးအထိ ပြောပြရန် ငြင်းဆိုလျှင်တော့ သူမလဲ မတတ်နိုင်ပေ။

ထန်ကျားခိုင် မတော်တဆမှုအကြောင်း ဆက်မမေးတော့ပဲ ဧည့်ခန်းထဲသို့ အတူပြန်သွားကြသည်။

ကုနင်းနှင့် လင်ရှောင်းထင် ပြန်သွားပြီးနောက် ဒါရိုက်တာယောင်သည် ဗီဒီယိုကို ကြည့်ရှုခဲ့သည်။ ထိုဗီဒီယိုသည် နိုင်ငံခြားသား၏ မကောင်းသော အကြံအစည်ကို သက်သေထူနိုင်သည်။

နှောင့်နှေးမှုမရှိစေပဲ ဒါရိုက်တာယောင်သည် ရှင်းလင်းချက်နှင့်အတူ ဗီဒီယိုကို Weibo တွင် ပို့စ်တင်ရန် တစ်စုံတစ်ဦးအား ခိုင်းခဲ့သည်။

ယခုအချိန်တွင် လူအများအပြားသည် အလုပ်ဆင်းပြီးဖြစ်၍ အင်တာနက်ပေါ်တွင် ရှိနေကြသောကြောင့် ဤပို့စ်သည် အချိန်တိုအတွင်း အာရုံစိုက်မှုများစွာကို ရရှိလာသည်။

အစပိုင်းတွင် လူအနည်းငယ်သာ စိတ်ဝင်စားခဲ့သော်လည်း ကုနင်း၏ ပရိတ်သတ်များ ဖတ်မိလိုက်သည်နှင့်တပြိုင်နက် ချက်ချင်းပျံ့နှံ့သွားတော့သည်။

မရေမတွက်နိုင်သောအင်တာနက်အသုံးပြုသူများသည် ထိုပို့စ်ကိုပြန်တင်ကြသည်။

ထိုဗီဒီယိုသည် နိုင်ငံခြားသားက ကုနင်းကို သတ်ရန် ရည်ရွယ်ချက်ရှိသည်ကို သက်သေပြဖို့ လုံလောက်သည်။

သူသည် လေဆိပ်ကနေ လမ်းတစ်လျှောက်လုံး ကုနင်းကို နောက်ယောင်ခံလိုက်ခဲ့ပြီး နောက်ဆုံးတွင် သူမ၏ကားကို ပြင်းထန်စွာ တိုက်ခဲ့သည်။

ခိုင်လုံသောအထောက်အထားမရှိသေးခင်ကပင်၊ အင်တာနက်အသုံးပြုသူ ၈၀ရာခိုင်နှုန်းနီးပါးသည် ကုနင်း ဘက်မှရပ်တည်ခဲ့ကြပြီး ယခုအခါတွင် သူမဘက်မှခုခံပြောဆိုပေးရန် ပို၍ပင်စိတ်အားထက်သန်သွားကြသည်။

သူတို့သည် ကုနင်းကို နောက်တကြိမ်မန်းရှင်းကာ သူမ အဆင်ပြေရန် မျှော်လင့်သည်ဟုရေးသားကြသည်။

ယခုတစ်ကြိမ်တွင် အင်တာနက်အသုံးပြုသူအများအပြားသည် ကုနင်း၏ကုမ္ပဏီများနှင့် Weiboတွင် ကုနင်း၏ပို့စ်များကို မကြာခဏပြန်တင်လေ့ရှိသည့် သူများကိုပါ မန်းရှင်း၍ထိုဗီဒီယိုကိုပြန်တင်ကြသည်။

မုန်းတီးသူများပေါ်မလာကြပဲ ကုနင်း၏ပရိသတ်များသည်သာ အင်တာနက်ပေါ်တွင် ခုခံကာကွယ်နေကြခြင်းဖြစ်သည်။

ည ၁၁ နာရီတွင် ထန်မိသားစုဝင်များ သူတို့၏ အခန်းများသို့ ပြန်၍ အိပ်ကြသည်။

ကုနင်းနှင့် လင်ရှောင်းထင်တို့သည်လည်း သူတို့၏အခန်းကို ပြန်သွားကြသည်။ သူတို့သည် ထန်မိသားစု၏အိမ်တွင် တည်းခိုနေကြခြင်းဖြစ်သောကြောင့် တစ်ခန်းတည်းအိပ်ရန် မသင့်တော်ပေ။

ထိုအချိန်တွင် ဟောင်ရန်သည်လည်း သတင်းဖတ်မိသွားပြီး ကုနင်းကို ချက်ချင်းဖုန်းဆက်လာခဲ့သည်။ ကုနင်းက သူမ အဆင်ပြေကြောင်း သူစိတ်တည်ငြိမ်သည်အထိ ခဏကြာအောင် နှစ်သိမ့်ပေးခဲ့ရသည်။

သူမ၏သူငယ်ချင်းတွေကြောင့် ထပ်ပြီး စိတ်အနှောက်အယှက်မဖြစ်ချင်၍ သူတို့အားလုံးကို WeChat ဂရုမှာ သူမအဆင်ပြေကြောင်းတိုက်ရိုက်ပို့ပေးလိုက်တော့သည်။

နောက်တစ်နေ့မှာတော့ နံနက် ၆ နာရီလောက်တွင် ကုနင်း အိပ်ရာကထလာသည်။ သခင်ကြီးလင်နှင့် ထန်ဟိုင်ဖုန်းတို့သည် ခြံထဲတွင် လေ့ကျင့်ခန်းလုပ်နေကြသည်။

သူတို့သည် အသက်ကြီး၍ အအိပ်ဆတ်သူများဖြစ်သောကြောင့် နံနက်စောစောထလေ့ရှိကြသည်။ ထို့အပြင် ထန်ဟိုင်ဖုန်းသည် လင်မိသားစု၏ အိမ်ရှင်ဖြစ်သောကြောင့် အိပ်ရာထနောက်ကျပါက မယဉ်ကျေးရာရောက်သည်။

လင်ယွမ်ကျန်းနှင့် ယွီယင်တို့သည် နံနက် ၇ နာရီမထိုးမီ အိပ်ရာထသည်။

ထန်ယွင်ဖန်းတို့သည် သူတို့၏ဧည့်သည်များသည် ယနေ့အစောကြီးအိပ်ရာထမည်ကို နားလည်သောကြောင့် သူတို့သည်လည်း အိပ်ရာထဲတွင် ကြာကြာမနေခဲ့ကြပေ။ မနက်စာ ပြင်ပြီးပြီဖြစ်၍ သူတို့အားလုံး မကြာခင် ထမင်းစားခန်းထဲမှာ စုစည်းကြသည်။

လင်ယွမ်ကျန်းနှင့် ယွီယင်တို့သည် အားလပ်ရက် နှစ်ရက်သာရသောကြောင့် နေ့လယ်စာစားပြီးနောက် မြို့တော်သို့ ပြန်သွားကြသည်။

ထန်ယွင်ဟန်မှလွဲ၍ ထန်မိသားစုမှ အခြားမိသားစုဝင်များသည် အိမ်တွင် နေကြသည်။ သို့သော် ထန်ယွင်ဟန်သည် အလုပ်တွင် အရေးကြီးသော ကိစ္စတစ်ခုခုကို ကိုင်တွယ်ရန် လိုအပ်သောကြောင့် သူ ထွက်ခွာသွားခဲ့ရသည်။

ကုမန့်နှင့် ကျန်းလီဟွာတို့သည် တစ်နေ့တာလုံး အားနေပြီး အလုပ်သွားရန်မလိုပေ။

သူတို့ မနက်စာစားပြီး မကြာခင် ကုနင်းကို ကေမှ ဖုန်းဆက်လာခဲ့သည်။

"ဟယ်လို.. ဘော့စ် .. ငါ တတ်နိုင်သလောက်တော့ ရှာထားတယ်။ အဲ့လူရဲ့နာမည်က လူကာတဲ့.. ယမန်နေ့ညက Yနိုင်ငံကနေ Bမြို့ကို ဝင်လာခဲ့ပြီး XX ဟိုတယ်မှာ တည်းခိုခဲ့တယ်.. မနေ့က မနက် ၉ နာရီ ၄၀ လောက်မှာ လေဆိပ်ကို မထွက်ခွာခင် XX လမ်းမှာ ကုန်တင်ကားကြီးတစ်စီးငှားသွားပြီး နောက်ဆက်တွဲအဖြစ်အပျက်က မနေ့က ငါ ပို့လိုက်တဲ့ ဗီဒီယိုထဲကအတိုင်းပဲ။ လူကာ ရဲ့ နောက်ခံအကြောင်းအသေးစိတ်အချက်အလက်အတွက်ကိုတော့ မရှာနိုင်တော့လောက်ဘူး..” ကေက ရိုးရိုးသားသားပဲ ဝန်ခံခဲ့သည်။

“အဆင်ပြေပါတယ်။” ကုနင်း စိတ်ပျက်သွားခြင်းမရှိပေ။ ကေက သူမကို ကူညီနိုင်တော့မည့်ကိစ္စမဟုတ်၍ လင်ရှောင်းထင်ကိုသာ အကူအညီတောင်းရန် ဆုံးဖြတ်လိုက်သည်။

လင်ရှောင်းထင် မကူညီနိုင်ဘူးဆိုလျှင်ပင် သူမသည် ထန်ယွင်ဖန်း၏အကူအညီရရှိနိုင်သေးသည်။ Yနိုင်ငံတွင် ထန်ယွင်ဖန်း၏အဆက်အသွယ်အချို့ရှိကြောင်း သူမသိသည်။

မည်သို့ပင်ဆိုစေကာမူ သူမ ချက်ချင်းလက်လျှော့လိုက်မည်မဟုတ်ပေ။

"ရှောင်းထင် Yနိုင်ငံမှာ လူတစ်ယောက်အကြောင်း အသေးစိတ်အချက်အလက်တွေ စုံစမ်းပေးနိုင်တဲ့သူတစ်ယောက်လောက် ရှင်သိလား?"

"သိတယ်လေ။ မင်းကဘယ်သူ့အကြောင်းသိချင်တာလဲ?"

***

အပိုင်း ၁၃၁၈ ထန်ယွင်ဖန်း၏အဆူခံရခြင်း

ထို့နောက် ကုနင်းသည် နိုင်ငံခြားသားနှင့် ပတ်သက်၍ ကေသိထားသည်များကို လင်ရှောင်းထင်အား ပြောပြသည်။

လင်ရှောင်းထင်သည် ကုနင်းကိုကူညီရန် အလွန်ပျော်ရွှင်နေပြီး သူဖြေရှင်းပေးမည်ဟု ကတိပေးသည်။ သူသည် Yနိုင်ငံရှိ သူ၏သူငယ်ချင်းတစ်ယောက်ကို ဖုန်းခေါ်ပြီး သူ၏သူငယ်ချင်းကလည်း အကူအညီတောင်းသည်ကို စိတ်အားထက်သန်စွာလက်ခံခဲ့သည်။

ထို့နောက် ကုနင်းနှင့် လင်ရှောင်းထင်တို့ ဧည့်ခန်းသို့ ပြန်သွားကြသည်။

သို့သော် ထန်ယွင်ဖန်းသည် ရုတ်တရက် ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိပြီး ကုနင်းကို ဒေါသထွက်ကာ အေးစက်စွာ စိုက်ကြည့်နေသည်။

ကုနင်း တုန်လှုပ်သွားကာ ထန်ယွင်ဖန်းတော့ ကားမတော်တဆမှုအကြောင်း ကြားပြီးသွားခြင်းဖြစ်မည်ဟု ခန့်မှန်းမိလိုက်ရသည်။ သူမအဖေသည် သူ့ကို လျှို့ဝှက်ထားသောကြောင့် သူမကို စိတ်ဆိုးနေခြင်းဖြစ်ရမည်။

"နင်းနင်း၊ လေဆိပ်ကအပြန်လမ်းမှာ ကားတိုက်မှုဖြစ်တာကို ဘာလို့ ငါတို့ကို လျှို့ဝှက်ထားတာလဲ?" ထန်ယွင်ဖန်း သူ့ဒေါသကိုထိန်းကာ ကုနင်းကို လေးနက်သော အမူအရာဖြင့် မေးခွန်းထုတ်လိုက်သည်။

ထိုစကားကိုကြားပြီး ထန်ဟိုင်ဖုန်း အံ့သြသွားသည်။ သူသည် ထန်ယွင်ဖန်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် ကုနင်း ဘက်သို့လှည့်သွားသည်။

သခင်ကြီးလင်နှင့် ဧည့်ခန်းထဲတွင် ထိုင်နေသည့်တခြားသူများသည် အနည်းငယ် နေရက်ခက်လို့နေကြသည်။ ဤလျှို့ဝှက်ချက်ကို အမြဲ ဖုံးကွယ်ထားနိုင်မည်မဟုတ်ကြောင်းနှင့် အနှေးနဲ့အမြန်ပေါ်မည်ကိုတော့ သူတို့သိထားလေသည်။

"ဘာကားတိုက်မှုလဲ?" ထန်ဟိုင်ဖုန်း အလျင်စလိုမေးလိုက်သည်။

ကုမန့်သည်လည်း ကုနင်းကို စိုက်ကြည့်လာသည်။

ကုနင်း အနည်းငယ် ထိတ်လန့်သွားပြီး ချက်ချင်းရှင်းပြသည်။ "အင်း..သမီး အားလုံး စိတ်ပူနေမှာစိုးရိမ်လို့ပါ.. သမီး တကယ်အဆင်ပြေပါတယ်။ ပြီးတော့ မနေ့က ပျော်ရွှင်နေကြတဲ့အခြေအနေကို မပျက်စီးစေချင်လို့ မပြောတော့တာပါ။"

"ဒီလို လုပ်သင့်တယ်လို့ မင်းထင်နေသေးတုန်းလား? ဘယ်လိုလုပ်ပြီးများ.. ငါတို့ကိုလျို့ဝှက်ထားနိုင်ရတာလဲ? ငါတို့က မိသားစုပါ၊ ငါတို့ မင်းကို ဂရုစိုက်တယ်။ အထူးသဖြင့် မင်းရဲ့အသက်အန္တရာယ်နဲ့ ကြုံလာရတဲ့အခါမျိုး.." ထန်ယွင်ဖန်း မျက်ရည်များပင်ကျလာခဲ့သည်။

ကုနင်း ဘာကြောင့် လျှို့ဝှက်ထားသည်ကို သူနားလည်သော်လည်း ကုနင်းကတော့ သူတို့၏ခံစားချက်များကို နားမလည်ပေ။ ယခုအချိန်တွင် ကုနင်းသည် သူ၏ရှေ့တွင် လုံခြုံပြီး အဆင်ပြေနေသော်ငြား ကုနင်း၏ လုံခြုံရေးအတွက် စိတ်ပူမိနေတုန်းပင်။ ထို့အပြင် ၎င်းသည် ရိုးရှင်းသော ယာဉ်မတော်တဆမှု မဟုတ်ပဲ လူသတ်မှု ကျူးလွန်ရန် ကြိုးပမ်းမှုဖြစ်နေသည်။

လူသတ်မှု ကျူးလွန်ရန် ကြိုးပမ်းမှုဆိုလျှင်၊ ကုနင်းသည် ယခု အန္တရာယ်ကြီးစွာ ကျရောက်နေပြီး တစ်စုံတစ်ဦးမှ သူမအား သတ်ရန်ကြံစည်နေသည်ဟု ဆိုလိုခြင်းဖြစ်သည်။

ကုနင်း၏ ထူးချွန်ထက်မြက်သော စွမ်းရည်နှင့် အောင်မြင်မှုအကြောင်း သူရှင်းလင်းစွာ သိထားပြီးသားပင်။ ဆိုလိုသည်မှာ သူမသည် တရားမျှတမှုမရှိသော ပြိုင်ဆိုင်မှုများ၊ ပြဿနာများနှင့် တိုက်ခိုက်မှုများကို ရင်ဆိုင်ရမည် ဖြစ်သည်။

ကုနင်းသည် သန်မာသော မိန်းကလေးတစ်ဦးဖြစ်ပြီး သူမ၏ကိုယ်ပိုင်စီးပွားရေးအင်ပါယာကြီးကို တည်ဆောက်ရန် စိတ်ပိုင်းဖြတ်ထားကြောင်း သူသိသော်လည်း သူသည် သူမကို စိတ်ပူနေဆဲဖြစ်သည်။ သူသည် ဖခင်တစ်ဦးဖြစ်ပြီး သူ့အတွက် သူ၏သမီးကို ပြန်တွေ့ဖို့ မလွယ်ကူခဲ့ပေ။

ကုနင်း သူမ.. ဆိုးရွားသော အမှားတစ်ခုကို ကျူးလွန်မိကြောင်း နားလည်လိုက်သည်။ ထို့ကြောင့် ချက်ချင်း တောင်းပန်လိုက်သည်။ "အဖေ တောင်းပန်ပါတယ်၊ သမီး ဒီလိုမလုပ်ခဲ့သင့်ဘူး။ နောက်မဖြစ်စေရဘူးလို့ ကတိပေးပါတယ်။"

အမှန်တကယ်ပင် သူတို့သိပြီးနောက်ပိုင်း မည်သို့ခံစားသွားကြရမလဲဆိုသည့်အချက်ကို သူမ လျစ်လျူရှုခဲ့မိသည်။

"နင်နင်း!" ထန်ဟိုင်ဖုန်းသည်လည်း စိတ်ပူလွန်းလို့ စိတ်ဆိုးနေမိသော်လည်း ယခုမူ ဘာပြန်ပြောရမည်မှန်းမသိတော့ပေ။

ကုမန့်သည်လည်း တစ်ခုခု ပြောချင်ပေမည့် ညည်းတွားရုံသာတတ်နိုင်သည် ။

“မန့်..…” ထန်ယွင်ဖန်းလည်း ကုမန့်ကို နှစ်သိမ့်ပေးရန် သူမ၏ ပုခုံးပေါ် သူ့လက်ကိုလှမ်း တင်လိုက်သည်။

"ကောင်းပြီ၊ မင်းတို့ အရမ်းစိုးရိမ်မှာစိုးပြီး ငါတို့လည်း အဲဒါကို လျှို့ဝှက်ထားမိတယ်။ အဲ့ဒါ ငါတို့အမှားလို့ ပဲပြောရမယ်။" ထိုအချိန်တွင် သခင်ကြီးလင်က ဝင်ပြောလာသည်။

"လောင်လင် မင်းအဲ့ဒီလိုမပြောပါနဲ့။ နင်းနင်းက ဘာလို့ ဒီလိုလုပ်ဖို့ရွေးချယ်ခဲ့လဲ ငါတို့အားလုံး နားလည်တယ်၊ ဒါပေမယ့် ဒီလိုမျိုး ထပ်မဖြစ်ဖို့တော့ မျှော်လင့်တယ်။” ထန်ဟိုင်ဖုန်းက ချက်ချင်း ပြောလိုက်သည်။

ထန်ယွင်ဖန်းကပါ.. “ကျေးဇူးပြုပြီး.. ဒီလိုမပြောပါနဲ့။ လူကြီးတွေ အနေနဲ့လည်း လူငယ်တွေကို ပိုဂရုစိုက်သင့်တယ်လို့ ကျွန်တော်တို့ ခံစားရရုံပါ။ နင်းနင်းက တစ်ခါတလေ တအား အမှီအခိုကင်းလွန်းတယ်.. ကျွန်တော်တို့က သူအခက်အခဲကြုံလာရင် ကျွန်တော်တို့ကိုပြောပြမယ်လို့ပဲ မျှော်လင့်တာပါ။”

သခင်ကြီးလင် ပါးစပ်ဖွင့်လိုက်သည်နှင့် သူတို့အားလုံး လေသံပြောင်းသွားသောကြောင့် ကုနင်း တနည်းတဖုံ ရယ်ချင်သွားသည်။ သို့သော်လည်း၊ ထန်ယွင်ဖန်းပြောတာ မှန်သည်ဟု သူမဝန်ခံရမည်။ သူမသည် ရင်ဆိုင်ရသည့်ပြသနာများကို မိသားစုကိုပြောပြရန် ဆန္ဒမရှိပဲ တစ်ယောက်တည်း ရင်ဆိုင်ရန်အမြဲရွေးချယ်ခဲ့သည်။

“ဘိုးဘိုး၊ အဖေ သမီး တောင်းပန်ပါတယ်၊ ဒီတစ်ခါတော့ ခွင့်လွှတ်ပါ။ နောက်နောင် ထပ်မလုပ်တော့ဘူးလို့ ကတိပေးပါတယ်”

သို့သော်လည်း ထန်ဟိုင်ဖုန်းသည် အနည်းငယ် ဒေါသထွက်နေသေးသည်။ “မင်းရဲ့ စကားကို တည်တာကောင်းမယ်။ ဒီလိုလုပ်တာ ပထမဆုံးအကြိမ်လည်း မဟုတ်ဘူး။”

“ဟုတ် ဟုတ် ဟုတ်ကဲ့ပါ၊ ” ကုနင်း အနည်းငယ် ကြောက်ရွံ့သွားလေသည်။

ထိုစကားကိုကြားပြီး ထန်ဟိုင်ဖုန်း ကျေနပ်သွားသည်။

ထန်ယွင်ဖန်းသည်တော့ ကုနင်းကို နောက်ဆုံး အကြိမ် စူးစူးရဲရဲကြည့်ကာ ခေါင်းစဉ်းပြောင်းလိုက်သည်။

သခင်ကြီးလင် ရှိနေခြင်းကြောင့် ထန်ယွင်ဖန်း ကုနင်း ကို မေးခွန်းမထုတ်တော့ပေ။ သို့သော် သူမကို အနည်းငယ် စိတ်ဆိုးနေသေးသည်။

လင်ရှောင်းထင်၏သူငယ်ချင်းသည် အတော်လေးအကူအညီရပြီး လူကာ သည် Yနိုင်ငံ. မာဖီးယားဂိုဏ်းဝင်တစ်ဦးဖြစ်ကြောင်း သိလိုက်ရသည်။ လူကာသည် မာဖီးယားဂိုဏ်းဝင်လူသတ်သမားအဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့ဖူးသော်လည်း မကြာခဏဆိုသလို အဖွဲ့အစည်း၏ စည်းကမ်းဖောက်ဖျက်သော ကိုယ်ရေးကိုယ်တာ တာဝန်များကို ယူသောကြောင့် ဖယ်ရှားခံခဲ့ရသည်။

မည်သို့ပင်ဆိုစေကာမူ သူသည် တိုက်ခိုက်ရေးတွင် ထူးချွန်သောကြောင့် ယခု မာဖီးယားဂိုဏ်းပိုင် ကာစီနိုတွင် လုံခြုံရေးအစောင့်အဖြစ် လုပ်ကိုင်ခဲ့သည်။

ထို့အပြင် လင်ရှောင်းထင်၏သူငယ်ချင်းသည် မကြာသေးမီက လူကာနှင့် အဆက်အသွယ်မပြတ်သူများနှင့် ထိုသူတို့၏ အထောက်အထားများကို သိရှိခဲ့သည်။ သူသည် လူကာ၏ မကြာသေးမီက ဘဏ်စာရင်းရှင်းတမ်းများကိုလည်း ရရှိခဲ့သည်။

လင်ရှောင်းထင်၏ သူငယ်ချင်းသည် အလွန်ပင် ထက်မြက်လှသည်။ လင်ရှောင်းထင်သည် လူသတ်မှုတစ်ခုဟု ပြောခဲ့သော်လည်း သူတို့သည် လူကာကို လုံးဝ မသိသောကြောင့် တစ်ယောက်ယောက်မှ ကုနင်းကို သတ်ရန် ငှားရမ်းခဲ့ခြင်းဖြစ်နိုင်ချေများသည်။

အပေးအယူတစ်ခုဖြစ်၍ ငွေပေးချေမှုတစ်ခုရှိကိုရှိရမည်။

***

အပိုင်း ၁၃၁၉ ငှားရမ်းသူကိုရှာခြင်း

လင်ရှောင်းထင်၏ သူငယ်ချင်းသည် လူကာထံ ပိုက်ဆံလွှဲသည့် တစ်ဦးတည်းသောလူမှာ စမစ်ဖြစ်ကြောင်းရှာတွေ့ခဲ့ပြီး စမစ်သည် ဖုန်းခေါ်ဆိုမှုမှတ်တမ်းတွင်လည်း ပါဝင်သည်။

အရေးအကြီးဆုံးအနေနှင့် စမစ်သည် ကုနင်း နေခဲ့သည့်မြို့ကိုရောက်ဖူးသည်။

ကုနင်းသည် Yနိုင်ငံကိုတခါမှ မရောက်ဖူး၍ ဤကြံစည်မှုကို ကြိုးကိုင်သူသည် နိုင်ငံခြားသားမဖြစ်နိုင်ပေ။

စမစ်သည် သူမနေခဲ့သည့်မြို့ကိုရောက်ဖူးပြီး လူကာနှင့်ဖုန်းအဆက်အသွယ်ရှိသည့်အပြင် ငွေလည်း လွှဲဖူးသောကြောင့် သူသည် တဆင့်ခံလူဖြစ်နိုင်သည်။ ထို့ကြောင့် ကြိုးကိုင်သူသည် တခြားတစ်ယောက်ဖြစ်ရမည်။

ထို့နောက် ကုနင်းသည် စမစ်၏ဖုန်း အဆက်အသွယ်များကိုစစ်ဆေးကာ လင်ရှောက်ကျား၏ ဖုန်းနံပါတ်ကိုတွေ့သည်။

လင်ရှောင်းထင်နှင့် ကုနင်းတို့ လင်ရှောက်ကျား၏ ဖုန်းနံပါတ်ကိုမြင်သည်နှင့်တပြိုင်နက် ကျွမ်းကျင် လူသတ်သမား ငှားရမ်းသူမှာ သူမမှန်းတန်းသိလိုက်ကြသည်။ သူမသည် ကုနင်းကို အမြဲကြည့်မရနေပြီး ပြသနာရှာနေခဲ့သည်။

လင်ရှောင်းထင် ဒေါသထွက်သွားကာ ချက်ချင်းလူထသတ်ချင်နေသည့်ပုံစံပေါက်လာသော်လည်း ကုနင်းက တခြားသူများ အာရုံစိုက်မိသွားကြမည်စိုး၍ သူ့လက်ကိုချက်ချင်းလှမ်းဆွဲထားလိုက်သည်။ " ရှောင်းထင် စိတ်အေးအေးထား.. ကျွန်မ ဒီကိစ္စ အဘိုးကိုမသိစေချင်သေးဘူး..."

ကုနင်းသည်လည်း စိတ်ဆိုးနေပြီး လင်ရှောင်းထင်ကဲ့သို့ပင် လူသတ်ချင်နေသည်။ သို့သော် သူမသည် လင်ရှောက်ကျား၏လုပ်ရပ်ကို သူ့လောက်တော့ မအံ့သြပေ။ လင်ရှောက်ကျားသည် ပြသနာရှာနေခြင်းကို ရပ်တန့်မည်မဟုတ်သည်ကို သူမသိသည်။ လင်ရှောက်ကျားသည် သူမအပေါ်တွင် အတော်လေး အညှိုးထားသည်။

သို့သော် သူမအံ့သြသည်မှာ လင်ရှောက်ကျားသည် သူမကိုသတ်ရန် ကျွမ်းကျင်လူသတ်သမားကိုပင် ငှားထားခြင်းပင်။ လင်ရှောက်ကျား၏ ရက်စက်မှုနှင့် ရဲတင်းမှုကို သူမ အလွန်အံ့သြမိသည်။

လင်ရှောက်ကျားသည် သူမကိုသတ်ရန် ကြံစည်ခြင်းဖြစ်ပြီး ကုနင်းအနေနှင့် ထိုအရာကို အလေးအနက်ထားရမည်။ သို့သော် သူမသည် သခင်ကြီးလင်ကိုတော့ မသိစေချင်ပေ။ သခင်ကြီးလင်သည် လင်ရှောက်ကျားကိုစိတ်ပျက်နေသော်လည်းပဲ လင်ရှောက်ကျားသည် သူ၏မျက်စိရှေ့တွင်ကြီးပျင်းလာကာ သူတို့တွင် မိသားစု သံယောဇဉ်ရှိသည်။ ထို့ကြောင့် သခင်ကြီးလင်သည် ကုနင်း လင်ရှောက်ကျားကို ပြန်လုပ်မည့်အရာအတွက် စိတ်မဆိုးဘူးဆိုသော်လည်းပဲ သူစိတ်ကောင်းမည်မဟုတ်ပေ။

ကုနင်းသည် မပျော့ညံ့သလို သဘောလည်းမကောင်းပေ။ ထို့ကြောင့်သူမသည် လင်ရှောက်ကျားအပေါ် သေချာပေါက် လက်စားချေပေမည်။ သို့သော် သူမသည် သခင်ကြီးလင်၏ခံစားချက်ကိုထည့်တွက်ရမည်။

စင်စစ် ကုနင်းသည် သူမအမှန်တကယ် လက်စားချေပြီးလျှင် သူမ အပြစ်ရှိသည်ဟုခံစားရမည်မဟုတ်ပေ။ လင်ရှောက်ကျားကို သတ်မည်လည်းပေ။ ထိုအချက်သည် သူမအာမခံနိုင်သောတစ်ခုတည်းသောအရာဖြစ်သည်။

လင်ရှောင်းထင်သည် ကုနင်း အမှန်တကယ် လင်ရှောက်ကျားကို ဒဏ်ရာရအောင်လုပ်သည်ဖြစ်စေ ဒုက္ခိတဖြစ်စေသည်ဖြစ်စေ သူဂရုမစိုက်ပေ။ လင်ရှောက်ကျားသည် သူ့အတွက် သူစိမ်းလိုဖြစ်ပြီး ကုနင်းသည် သူ၏ ချစ်သူဖြစ်သည်။ ထို့အပြင် လင်ရှောက်ကျား၏ သူမအပေါ်လုပ်ရက်သည် တရားဥပဒေနှင့်မညီပေ။

အကယ်၍ လင်ရှောင်းထင်သာ သူမ၏ လက်စားချေမှုနှင့်ပတ်သက်၍ မကျေနပ်လျှင် သူမသည် သူ၏အချစ်ကို ပြန်သုံးသပ်ရမည်။ လင်ရှောင်းထင်သည် လင်ရှောက်ကျား ကိုခွင့်လွှတ်ခဲ့လျှင် သူသည် ကုနင်း အပေါ်ရက်စက်ခြင်းဖြစ်ပြီး တရားဥပဒေကိုမလိုက်နာပေ။ ကုနင်းသည် သူမအပေါ်ရက်စက်သောယောကျ်ားတစ်ယောက်ကိုမလိုချင်ပေ။

ကုနင်း၏နှစ်သိမ့်မှုနှင့် လင်ရှောင်းထင် တဖြည်းဖြည်းတည်ငြိမ်သွားသော်လည်း သူဒေါသထွက်နေစဲပင်။ သူသည် လင်ရှောက်ကျားကို ကုနင်းနှင့်ဝေးဝေးနေရန်ပြောခဲ့သေည်လည်း လင်ရှောက်ကျားသည် သူ့စကားကို လျစ်လျူရှုခဲ့သည်။

လင်ရှောက်ကျားသည် ကုနင်းကို ကျိုးကန်းရုံလောက်သာဖြစ်စေချင်သော်လည်း ကားတိုက်မှုသည် လူသတ်ရန်ကြံစည်မှုဖြစ်ပြီး ကုနင်းသည် သူမ၏မှော်အစွမ်းကြောင့်သာအသက်ရှင်နိုင်ခဲ့သည်။ အကယ်၍ သူမသာမှော်အစွမ်းမရှိသော သာမန်မိန်းကလေးဆိုလျှင် သူမ၏အလောင်းကိုကြည့်ပြီး သူငိုနေရပေပြီ။ ထို့ကြောင့် လင်ရှောင်းထင် လင်ရှောက်ကျားကိုဒေါသမထွက်ပဲမနေပေ။

လင်ရှောက်ကျား မည်သို့ စီစဉ်ခဲ့ပါစေ ကုနင်းကို သေစေချင်ခဲ့ပုံတော့ပေါ်နေတုန်းပင်။

ထို့ပြင် ကုနင်းသည် ဘာမှမထိခိုက်ခဲ့ခြင်းကြောင့် လင်ရှောက်ကျားသည် သူမကိုသတ်ရန်နောက်တစ်ကြိမ်ကြံစည်နိုင်ဖွယ်ရှိသည်။

လင်ရှောက်ကျားတွင် ကုနင်းကိုထိခိုက်ရန် ရည်ရွယ်ချက်ရှိနေသရွေ့ လင်ရှောင်းထင် လက်သင့်မခံနိုင်ပေ။

"နင်းနင်း စိတ်မပူပါနဲ့ လင်ရှောက်ကျား သေချာပေါက်ပြန်ပေးဆပ်ရအောင်လုပ်ပါ့မယ်။"သူ လင်ရှောက်ကျားကို လုံးဝဂရုမစိုက်ပေ။ ကုနင်းသည် သူ့အတွက် လင်ရှောက်ကျားထက်များစွာပိုအရေးကြီးသည်။ သူ လင်ရှောက်ကျားကိုမသတ်ရသည့်အကြောင်းရင်းမှာလည်း သခင်ကြီးလင်ကြောင့်သာ။

"ရှောင်းထင် ကျွန်မကိုလုပ်ခွင့်ပေးပါ။" အပြောရလျှင် လင်ရှောင်းထင်နှင့်လင်ရှောက်ကျားတို့သည် တစ်ဝမ်းကွဲများဖြစ်ကြသည်ပင်။ သူမသည်ထိုအတွက် သူ့ကိုဝေဖန်ခံရမည်ကိုမလိုလားပေ။ ထို့အပြင် သူမကိုယ်တိုင်လုပ်ချင်သည်။

"ရတယ်လေ။ " ကုနင်း ကိုယ်တိုင်လုပ်ချင်သည်ကိုသူသိသည်။ ထို့အပြင် သူမသည် လင်ရှောက်ကျားကို သတ်မည်မဟုတ်ပေ။

"အဖိုးလင်နဲ့တခြားမိသားစုဝင်တွေကိုမပြောနဲ့.. ကျွန်မသူတို့ကိုစိတ်မကောင်းမဖြစ်စေချင်ဘူး.. ပြီးတော့ ကျွန်မ လင်ရှောက်ကျားကိုမသတ်ပါဘူး။" သူမသည်အနာဂတ်တွင် သခင်ကြီးလင်ကို မျက်နှာချင်းဆိုင်ရပေဦးမည်။

"ကောင်းပါပြီ။"

"ကောင်းပြီ.. အရင်ဆုံး လူကာ နဲ့သွားရှင်းရအောင်။"

မနက် ၁၀ နာရီသာရှိသေး၍ နေ့လည် ၁၂ နာရီမထိုးခင် ပြန်လာမည်ဟု ဆုံးဖြတ်လိုက်ကြသည်။

လင်မိသားစု ပထမအကြိမ် ထန်မိသားစုထံ အလည်လာသည်ဖြစ်ရာ ကုနင်းနှင့် လင်ရှောင်းထင်တို့အနေနှင့် ခဏခဏ အပြင်ထွက်နေခြင်းမှာ အနည်းငယ် မသင့်လျော်သော်လည်း၊ လူသတ်သမားကို ကိုင်တွယ်ဖြေရှင်းရန် လိုအပ်ကြောင်း အခြားသူများက သိရှိထားသောကြောင့် မည်သူမျှ မဝေဖန်ကြပေ။

ပြည်သူ့လုံခြုံရေးဗျူရိုဌာနခွဲကို မသွားခင် ကုနင်းက ဒါရိုက်တာယောင်ကို ဖုန်းခေါ်လိုက်သည်။ ဤကိစ္စအတွက် သူမကို ကူညီရန် ဒါရိုက်တာယောင်ကိုလိုအပ်သည်။ ဤသည်မှာ အထူးကိစ္စရပ်ဖြစ်ပြီး ဒါရိုက်တာယောင် ရှိနေရင် ပိုကောင်းမည်ဖြစ်သည်။

***

အပိုင်း ၁၃၂၀ အရည်အချင်းမရှိတဲ့ လူသတ်သမားပဲ

ဒါရိုက်တာယောင်သည် ဌာနခွဲတွင်ရှိနေပြီး ကုနင်းနှင့် လင်ရှောင်းထင် လာမည်ကို ကြားသည်နှင့် တခြားတစ်နေရာကို ထွက်မသွားရဲတော့ပေ။ သို့သော် ကုနင်းသည် ယခုတစ်ကြိမ်တွင် ဒါရိုက်တာယောင် မပါရှိဘဲ လူကာကိုသီးသန့် တွေ့လိုသောကြောင့် သံသယရှိသူနှင့် နောက်မှ တစ်ယောက်တည်း စကားပြောမည်ဟုပြောခဲ့သည်။

ဒါရိုက်တာယောင် အပြည့်အဝသဘောတူသည်။

မိနစ် ၂၀ ခန့်ကြာသော် ကုနင်းနှင့် လင်ရှောင်းထင် ရောက်ရှိလာသည်။

နေ့ခင်းဘက်ဖြစ်သောကြောင့် ရဲတပ်သားအားလုံး ဌာနခွဲတွင် ရှိနေကြသည်။

"ကုနတ်ဘုရားမ!" ရဲသားတစ်ယောက်က ကုနင်းကို မှတ်မိပြီး အရမ်းစိတ်လှုပ်ရှားသွားသည်။ ကုနင်း၏ ရဲစွမ်းသတ္တိနှင့် ပတ်သက်သည့်သတင်းသည် အင်တာနက်ပေါ်တွင် အတော်လေး ရေပန်းစားခဲ့ပြီး ရဲတပ်သားအများအပြားက သူမ၏ ရဲစွမ်းသတ္တိနှင့် စွမ်းရည်ကို ချီးကျူးခဲ့ကြသည်။

"မင်္ဂလာပါ။" ကုနင်းသည်လည်း သူမကိုမှတ်မိ၍ ပြုံးပြလိုက်သည်။

"ကုနတ်ဘုရားမ၊ သံသယရှိသူကို စစ်ဆေးမေးမြန်းဖို့ ဒီကိုလာခဲ့တာလား? ကျေးဇူးပြုပြီး ဒီလမ်းကို လိုက်ခဲ့ပါ”

ဌာနခွဲရှိ ရဲတပ်သားတိုင်းသည် ယဥ်တိုက်မှုအကြောင်းသိထားကြသည်။ သူတို့သည် လူသတ်မှု ကျူးလွန်ရန် ကြိုးပမ်းမှုဟုလည်း သိထားသော်လည်း လင်ရှောင်းထင်၏ နောက်ခံအကြောင်း ရှင်းရှင်းလင်းလင်း မသိကြပေ။ လင်ရှောင်းထင်၏ နောက်ခံသည် အလွန်ထူးခြားသောကြောင့် ဒါရိုက်တာယောင်သည် သူတို့ကို မပြောပြခဲ့ပေ။

"ကျေးဇူးတင်ပါတယ်"

“ကိစ္စမရှိပါဘူး” ရဲသားက ထိုသို့ ပြောပြီး လမ်းပြပေးသည်။

ဌာနခွဲရှိလူတော်တော်များများသည် ကုနင်းကို မှတ်မိပြီး ပြုံးပြ နှုတ်ဆက်ကြသည်။

ဒါရိုက်တာယောင်သည် နောက်မှ ထွက်လာသော်လည်း ကုနင်းနှင့် လင်ရှောင်းထင်တို့၏ နောက်ကို မလိုက်ပေ။ အကြောင်းမှာ ကုနင်းသည် တရားခံကို တစ်ယောက်တည်း တွေ့မည်ဟု ပြောထား၍ဖြစ်သည်။

"မစ္စကု၊ အခန်းထဲမှာ စောင့်ကြည့်ကင်မရာတွေကို ငါပိတ်ထားလိုက်ပြီဆိုတော့ မင်းနောက်ထပ်လုပ်စရာရှိတာကို မင်းလုပ်နိုင်မှာပါ။" ဒါရိုက်တာယောင် က ပြောသည်။

"ကျေးဇူးအများကြီးတင်ပါတယ်။"

ထို့နောက် ကုနင်းနှင့် လင်ရှောင်းထင်တို့ စစ်ကြောရေးခန်းထဲကို လျှောက်သွားခဲ့ကြပြီး သက်တော်စောင့်နှစ်ယောက်သည်တော့ တံခါးကိုစောင့်ရန် ထွက်သွားကြသည်။

လူကာသည် အခန်းထဲတွင် ထိန်းသိမ်းခံထားရသော်လည်း ကောင်းမွန်စွာ ဆက်ဆံခံရပြီး အစာနှင့် ရေ လုံလောက်စွာ ရရှိခဲ့သည်။

လူကာသည် သူ့အတွက် လွတ်မြောက်ရန် အလွန်ခက်ခဲမည်ကို သိသောကြောင့် အဖြစ်မှန်ကို လက်ခံကာ ကောင်းကောင်းနာခံသည်။

ဒါရိုက်တာယောင်သည် အခန်းအတွင်းရှိ စောင့်ကြည့်ကင်မရာအားလုံးကို ပိတ်ထားသော်လည်း ကုနင်းသည် သူမ၏ကိုယ်ပိုင်ကင်မရာကို ပြင်ဆင်ထားသည်။ သူမသည် ကင်မရာကို လူကာ ကိုတိုက်ရိုက်မျက်နှာမူပြီး စားပွဲပေါ်တွင်တင်ထားသည်။

လူကာက ထိုကင်မရာကို ကြည့်လိုက်သော်လည်း ကြီးကြီးမားမားမတွေးပေ။

"မင်းစိတ်ဆုံးဖြတ်ပြီးပြီလား ? ငါတို့ကိုပြောပြမလား မပြောဘူးလား...?" ကုနင်း မေးလိုက်သည်။ သူမတွင် အဖြေရှိပြီးသားဖြစ်သော်လည်း လူကာ ထံမှ ကိုယ်တိုင် ကြားချင်သေးသည်။

လူကာ တိတ်ဆိတ်နေသည်။ "မင်းငါ့ကို နာမည်ပြောပြရင် မင်းကို ငါအသက်ရှင်ခွင့်ပေးနိုင်တယ်။ မဟုတ်ရင် မင်းအသတ်ခံရလိမ့်မယ်။” ကုနင်း က ဆက်ပြောလိုက်သည်။

"မင်းငါ့ကိုသတ်လို့မရဘူး။ အဲ့ဒါက တရားမဝင်ဘူး၊” လူကာ ရုတ်တရက် ထပြောသည်။

"ငါ့ကိုသတ်တာကရောတရားဝင်လား?" ကုနင်းကတော့ ထိုစကားသည် အတော်လေး ရယ်စရာကောင်းသည်ဟုထင်သည်။

"မင်းမှာ သက်သေရှိလား?"

ကုနင်း သရော်ပြုံးပြုံးလိုက်ကာ၊ "လူကာ . မင်း ဒီလောက်မအပါဘူး။" ကုနင်းထံမှ နာမည်ခေါ်သံကြားသော် လူကာ သူမကို စောင်းကြည့်လိုက်သည်။ ကုနင်းသည် သာမန်မိန်းကလေးမဟုတ်မှန်း သူသိသောကြောင့် မအံ့သြမိပေ။ သို့သော် သူပြန်၍ ပါးစပ်ပိတ်သွားသည်။

ကုနင်း စိတ်ထဲမထားပဲ ဆက်ပြောသည်။ “Yနိုင်ငံ ရှိ မာဖီးယားဂိုဏ်းဝင်လူကာ၊ လူသတ်သမားဖြစ်ခဲ့ဖူးပေမယ့် နောက်ပိုင်းမှာ အဖွဲ့အစည်းရဲ့ စည်းကမ်းတွေကို ချိုးဖောက်တဲ့အတွက် လုံခြုံရေးအစောင့်အဖြစ် ပြောင်းရွှေ့ခံရတယ်…”

နောက်တစက္ကန့်တွင်၊ လူကာ ထိတ်လန့်စွာ မျက်လုံးဝိုင်းစက်၍ ကုနင်းကို စိုက်ကြည့်လိုက်သည်။ သူ၏အကြောင်းအသေးစိတ်အချက်အလက်များ သူမ ရနိုင်သည်ကို သူအံ့သြမိသည်။

“စမစ်လို့ အမည်ပေးထားတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်က တခြားတစ်ယောက်ကို ကူညီပြီးလူသတ်မှုကိုစီစဥ်ပေးခဲ့တယ်။ ငှားရမ်းသူအစစ်က အမျိုးသမီးပဲ ဟုတ်တယ်မဟုတ်လား?” ကုနင်းသည် သူမ၏ နှုတ်ခမ်းပေါ်မှ အပြုံးမပျက်ပဲ ပြောလိုက်သည် ။

“မင်း…” လူကာ သူ၏ပါးစပ်ကို ဖွင့်လိုက်ကာ တစ်ခုခုပြောချင်သော်လည်း ပါးစပ်ကို ပြန်ပိတ်လိုက်သည်။ ကုနင်း သူ့ကို ပြောခဲ့သည်များကို သူ မငြင်းနိုင်ပေ။

"အခု မင်း တစ်ခုခုပြောချင်သေးလား?"

ကုနင်းက သူ့အကြောင်း အသေးစိတ် စုံစမ်းပြီးပြီဖြစ်၍ သူပြောနိုင်တာ ဘာမှ မရှိတော့ပေ။

"မင်းက တိတ်တိတ်နေဖို့ပဲ ရွေးတာဆိုတော့ ပြစ်ဒဏ်ကိုသာစောင့်နေလိုက်တော့။" သူမ လူကာ အတွက် အချိန်ဖြုန်းရန် ဆန္ဒမရှိပေ။

"မင်းဘယ်လိုသိတာလဲ?" အဆုံးတွင် လူကာ ကမေးသည်။ လူကာ သည် အပြစ်ပေးခံရတော့မည်ကို နားလည်သော်လည်း ကုနင်း သူ့အကြောင်းကို မည်ကဲ့သို့ သိသွားသည်ကို သိချင်နေသေးသည်။

"မင်း ငါ့အသက်ကိုနှုတ်ယူဖို့မကြိုးစားခင် ငါ့အကြောင်းကို လေ့လာဖူးလား?"

"မင်းနာမည်က ကုနင်း အသက် ၁၉နှစ်၊ F မြို့ မှာမွေးတယ်။ မင်း မြို့တော်နဲ့ B မြို့ကို လာလည်လေ့ရှိတယ်။ မင်း မနေ့က မြို့တော်ကနေ Bမြို့ကိုသွားပြီး B ကလေဆိပ်ကိုရောက်လိမ့်မယ်?"

တကယ်လဲ အေမီဟု ခေါ်သော အမျိုးသမီးက သူ့ကို ထိုအရာများကို ပြောပြခဲ့ပြီး ကုနင်း၏ အောင်မြင်မှုတွေ၊ အင်တာနက်ပေါ်က သတင်းတွေအကြောင်း သူဘာမှ မသိပေ။ သူသည် Yနိုင်ငံ မှဖြစ်ပြီး အခြားနိုင်ငံရှိ သတင်းများကို ဂရုမစိုက်နိုင်ပေ။

"မင်းက အရည်အချင်းမရှိတဲ့ လူသတ်သမားပဲ။" ကုနင်း ရယ်မောလိုက်သည်။ “ငါ့အကြောင်း အချက်အလက်အားလုံးကို လေ့တောင်မလေ့လာကြည့်ဘဲ မင်းငါ့ကို သတ်ဖို့ ဘယ်လိုလုပ်ပြီးများ သတ္တိရှိနေတာလဲ?

All Chapters