အခန်း (၁၃၂၁-၁၃၂၆)
Vol. 85 Ch. 1321-1326
အပိုင်း ၁၃၂၁ Q မြို့...
ကုနင်း၏နောက်ခံသည် အေမီ ပြောထားသည်ထက် များစွာရှုပ်ထွေးသောကြောင့် လူကာသည် သူထောင်ချောက်မိသွားသည်ဟု ခံစားလိုက်ရသည်။
“ကောင်းပြီ၊ မင်းသိချင်ရင် ငါ့အကြောင်း ပိုပြောပြနိုင်တယ်။ ငါက သေးသွယ်တဲ့မိန်းကလေးဆိုပေမယ့် ငါတို့ တိုက်ခိုက်ရင် မင်းငါနဲ့မယှဉ်နိုင်ဘူး။ ငါတို့နိုင်ငံရဲ့ အကြီးဆုံးသော နိုင်ငံတကာစီးပွားရေးအုပ်စုသုံးခုနဲ့လည်း ရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်။ ငါတို့နိုင်ငံက သြဇာအရှိဆုံးဂိုဏ်းနှစ်ခုရဲ့ ခေါင်းဆောင်တွေကလည်း ငါ့သူငယ်ချင်းတွေပဲ။ ငါသိချင်တာမှန်သမျှ ရှာရတာ အရမ်းလွယ်တယ်။” ကုနင်း ဂုဏ်ယူစွာနဲ့ ပြောသည်။
လူကာ လုံးဝကို အံ့သြသွားတော့သည်။ ကုနင်းသည် အံ့အားသင့်စရာကောင်းလောက်အောင် အင်အားကြီးအဖွဲ့အစည်းများစွာနဲ့ ရင်းနှီးသောဆက်ဆံရေးရှိသည်။ စောစောက သိခဲ့လျှင် သူမကို တိုက်ခိုက်ရန် သူ ကြိုးစားမည်မဟုတ်ပေ။
ထို့နောက် ကုနင်းနှင့် လင်ရှောင်းထင်တို့ ထွက်ခွာသွားပြီး ကိုယ်ရံတော်နှစ်ဦးသည် လူကာကို ဆက်လက် စောင့်ကြပ်ခဲ့သည်။
နောက်ပိုင်းကိစ္စများအတွက်ကိုတော့ လင်ရှောင်းထင်ကပဲ လူကာကို ကိုင်တွယ်လိမ့်မည်။
ရာဇ၀တ်မှုကျူးလွန်ခဲ့သော်လည်း Yနိုင်ငံမှဖြစ်သဖြင့် ပြစ်ဒဏ်ကျခံရန် Yနိုင်ငံသို့ ပြန်ပို့ခံရမည်ဖြစ်သည်။ ထို့အပြင် လူမြင်ကွင်းတွင် မတော်တဆမှုဖြစ်ခဲ့၍ ကုနင်းသည် လူကာကို စိတ်တိုင်းကျ အပြစ်ပေးလို့မရပေ။
အကယ်၍ လူကာသည် သူမအား တိတ်တဆိတ် သတ်ပစ်ရန် ကြိုးစားခဲ့ပြီး မည်သူမှ မသိခဲ့ပါက ကုနင်းသည် သူ့ကို တိုက်ရိုက် သတ်ပစ်နိုင်ပြီး သူမကိုယ်သူမ ဒုက္ခရောက်စေမည်မဟုတ်ပေ။ သို့သော် လင်ရှောင်းထင်မှ ဤကိစ္စကို ကိုင်တွယ်မည်ဖြစ်၍ လူကာသည် ပြင်းထန်သည့် အပြစ်ပေးခံရမည် ဖြစ်သည်။ စစ်တပ်တွင် အရေးပါသော အရာရှိတစ်ဦးကို တိုက်ခိုက်ခဲ့သည့်အတွက် သေဒဏ်ချမှတ်ခံရနိုင်သည်။
လူကာ၏ပစ်မှတ်မှာ ကုနင်းဖြစ်သော်လည်း လင်ရှောင်းထင်သည် ထိုနေ့တွင် ကုနင်း နှင့်အတူရှိနေသောကြောင့် လူကာအား အပြစ်ပေးရန်အတွက် သူ၏သြဇာကိုသုံးနိုင်သည်။ ကြံစည်မှု မအောင်မြင်ခဲ့သော်လည်း သေဒဏ်ချမှတ်ခံရနိုင်ဆဲဖြစ်သည်။
ကုနင်းနှင့် လင်ရှောင်းထင်တို့ ထန်မိသားစု၏အိမ်သို့ပြန်ရောက်သောအခါ နေ့လည်စာစားချိန်ရောက်နေပြီဖြစ်သည်။
သခင်ကြီးလင်နှင့် ထန်ဟိုင်ဖုန်းတို့သည် သူတို့ အိမ်ထဲသို့ ၀င်လာသည်နှင့် ချက်ချင်းပင် အကျိုးအကြောင်း မေးမြန်းခဲ့သည်။
ကုနင်းက လူကာ မည်သူဖြစ်ကြောင်း ပြောပြသော်လည်း လင်ရှောက်ကျားသည် ငှားရမ်းသူဖြစ်ကြောင်း လျှို့ဝှက်ထားခဲ့သည်။ ချုပ်ကိုင်သူသည် သူမ၏ရန်သူဖြစ်ပြီး သူမကိုယ်တိုင် ကိုင်တွယ်နိုင်သည်ဟုသာ သူမပြောခဲ့သည်။
လင်ရှောင်းထင်သည် သခင်ကြီးလင်နှင့် ထန်ဟိုင်ဖုန်းတို့ကို သူ၏ အကြံအစည်အကြောင်း ပြောပြခဲ့ပြီး သခင်ကြီးလင်သည် ထောက်ခံအားပေးသည်။ သူတို့သည် ကုနင်းကို အလွန်ဂရုစိုက်ပြီး လူသတ်သမားကို တတ်နိုင်သမျှ ပြင်းပြင်းထန်ထန် အပြစ်ပေးဖို့ရန် တွန့်ဆုတ်မနေပေ။
လူကာသည် လူကောင်းတစ်ယောက်မဟုတ်သောကြောင့် သူတို့သည် သူ့အတွက် ဝမ်းနည်းခြင်း မရှိပေ။
လူကာကို ကိုင်တွယ်ရန် လိုအပ်သောကြောင့် လင်ရှောင်းထင်အပါအဝင် လင်မိသားစုသည် နေ့လည်စာစားပြီးနောက် မြို့တော်သို့ ပြန်လည်ထွက်ခွာသွားကြသည်။ လူကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းသည်က ပိုကောင်းသည်။
သို့သော်၊ ကုနင်းသည် သူတို့နှင့်အတူ မြို့တော်သို့ မပြန်ခဲ့ပေ။ အကြောင်းမှာ သူမသည် Q မြို့သို့သွားရန် လိုအပ်သောကြောင့်ဖြစ်ကာ လူကိုယ်တိုင် ကိုင်တွယ်ရမည့်ကိစ္စလည်း ရှိသည်။
ကုနင်းသည် လင်မိသားစုနှင့် တစ်ချိန်တည်းလေယာဉ်စီးမည်ဖြစ်သဖြင့် လေဆိပ်သို့ အတူတူသွားကြသည်။
ထန်မိသားစုသည် သူတို့ကို လေဆိပ်သို့ ကားမောင်းပို့ရန် အဆိုပြုခဲ့သော်လည်း သခင်ကြီးလင်က ငြင်းဆိုခဲ့ပြီး ထန်မိသားစုသည်လည်း မတိုက်တွန်းတော့ပေ။
လေဆိပ်တွင် ခွဲခွာခါနီးမှာ သခင်ကြီးလင်သည် ကုနင်းကို သတိထားဖို့ရန် သတိပေးသည်။ လင်ရှောင်းထင်သည် ကုနင်းကို ကာကွယ်လိုသော်လည်း အခြေအနေက သူ့ကို ခွင့်မပြုသောကြောင့် ကုနင်းကိုထားသွားရသည်။
ကုနင်း လင်မိသားစု မသွားမချင်း စောင့်ဆိုင်းသည့်အခန်းထဲသို့ မ၀င်ပေ။
လုံခြုံရေးစစ်ဆေးရန် တန်းစီနေစဉ်တွင် ဓါတ်ပုံရိုက်သည့် အသံများကို ကြားလိုက်ရသည်။ အစပိုင်းတွင်၊ ကုနင်းသည် လူအချို့က သူမကို ဓာတ်ပုံရိုက်နေသည်ဟု ထင်ခဲ့သော်လည်း ရုတ်တရက် သူမသည် စိတ်ဆိုးနေသည့် အမျိုးသမီးအသံကို ကြားလိုက်ရသည်။
“သူတို့ ဘာကြောင့် ငါ့ကို ရှာတွေ့သေးလဲ ငါ နားမလည်ဘူး။ တတ်နိုင်သမျှ ငါ အာရုံစိုက်မခံရဖို့ကြိုးစားခဲ့တာကို။ တော်တော်စိတ်ပျက်စရာကောင်းတယ်။” ထိုအမျိုးသမီးက အလွန်တိတ်ဆိတ်သောအသံဖြင့် ပြောသော်လည်း ကုနင်းသည် ကြားနိုင်ဆဲဖြစ်သည်။
ကုနင်းသည် မျက်နှာဖုံးတပ်ထားသည့် ဘေ့စ်ဘောဦးထုပ်ကို ဝတ်ဆင်ထားသည့် အမျိုးသမီးကို တစ်ချက်ကြည့်လိုက်သည်။ သူမသည် ကြယ်ပွင့်တစ်ယောက်ဖြစ်ပုံရသည်။
“အဲဒီပရိသတ်တွေနဲ့ ဆက်ဆံရတာ စိတ်အနှောက်အယှက်ဖြစ်တယ်ဆိုတာ ငါသိပါတယ်၊ ဒါပေမယ့် မင်းတစ်ခါတလေ စိတ်ရှည်ရမယ်။ အနည်းဆုံးတော့ တခြားသူတွေက မင်းကိုကြည့်တဲ့အခါ ပြုံးပြသင့်တယ်။” ထိုအရပ်ရှည်ရှည် ပိန်ပိန်ပါးပါး အမျိုးသမီး၏ ဘေးရှိ ပုပုဝဝအမျိုးသမီးက ပြောသည်။
ကုနင်း ကြားသော်လည်း သူမ ဂရုမစိုက်ပေ။ လုံခြုံရေးစစ်ဆေးပြီးနောက် ကုနင်းသည် စောင့်ဆိုင်းသည့်အခန်းထဲသို့ ဝင်လိုက်သည်။
တိုက်ဆိုင်စွာပင်၊ ကုနင်းသည် အမျိုးသမီးကြယ်ပွင့်နှင့် တူညီသော တံခါးပေါက်သို့ သွားမည်ဖြစ်သဖြင့် လမ်းတစ်လျှောက်တွင် သူမနောက်သို့ လိုက်သွားခဲ့သည်။
လမ်းတွင် ကုနင်းသည် တစ်စုံတစ်ယောက်က သူမကို ခဏခဏကြည့်နေတာကို သတိထားမိသည်။ သူမ လှည့်မကြည့်ပဲ ဘေးသို့အကြည့်တစ်ချက်ဖြင့် သူမအသက်အရွယ်ခန့် ငယ်ရွယ်သော မိန်းကလေးတစ်ဦးဖြစ်ကြောင်း သိလိုက် သည်။
ကုနင်းသည် ရင်းနှီးပုံပေါ်သည်ဟု ကောင်မလေးက ထင်သော်လည်း မှန်မမှန် သေချာမသိသောကြောင့် ကုနင်းကို ဆက်ကြည့်နေခြင်းဖြစ်ကောင်းဖြစ်နိုင်သည်။
ကောင်မလေးသည် ကုနင်းကို ရင်းနှီးပုံရသည်ဟု ခံစားရသော်လည်း ကုနင်းနှင့် စကားပြောရန် သွားဖို့ မဝံ့ရဲပေ။
ကုနင်း ဖုန်းပြောရန် ချက်ချင်းပင် ခေါင်းငုံ့လိုက်သည်။ စင်စစ် ကုနင်းသည်လည်း ဖြစ်နိုင်ရင် အနှောက်အယှက်ပေးမခံချင်ပေ။
ကုနင်း မျက်နှာကို ငုံ့ထားသောကြောင့် ကောင်မလေးသည် ကုနင်း ဟုတ်သည် မဟုတ်သည် ပို၍ပင် မသေချာတော့ပေ။
ထိုအချိန်တွင်၊ ကုနင်းသည် အမျိုးသမီးကြယ်ပွင့်၏အိတ်ထဲမှ လေယာဉ်လက်မှတ် ပြုတ်ကျသည်ကိုတွေ့လိုက်ရသည်။ သတိပေးလို၍ သူမသည် လမ်းလျှောက်လာပြီးပြောလိုက်သည်။ “မိန်းကလေး၊ မင်းရဲ့ လက်မှတ်က ကျနေတယ်။”
အမျိုးသမီးက ကုနင်းကို တစ်ချက်ကြည့်လိုက်သည်။ ကုနင်းကို သူမ မသိသော်လည်း ကုနင်း၏ ပြောင်မြောက်သော ရုပ်ရည်ကြောင့် သူမ အံ့အားသင့်သွားပြီး မနာလိုဖြစ်မိသည်။ သူမ၏ မနာလိုစိတ်ကြောင့် မိန်းကလေးသည် မကျေမနပ်ဖြစ်ပြီး လက်မှတ်ကိုကောက်ကာ ချက်ချင်းထွက်သွားသည်။ သူမသည် ကုနင်းကို ကျေးဇူးတင်စကားမပြောပေ။
ကုနင်း အနည်းငယ် စိတ်အနှောက်အယှက်ဖြစ်သွားသော်လည်း သူမ ဘာမှပြန်မပြောပေ။ ကုနင်းသည် ထိုအမျိုးသမီး၏မျက်လုံးထဲတွင် မနာလိုစိတ်ရှိသည်ကို တွေ့မြင်ခဲ့ရပြီး ထိုအမျိုးသမီးသည် အဘယ်ကြောင့် ထိုသို့ပြုမူသည်ကို သူမသိလိုက်သည်။
မည်သို့ပင်ဆိုစေကာမူ ထိုအမျိုးသမီးသည် အကျင့်စာရိတ္တကောင်းမွန်ခြင်းမရှိပေ။
ကောင်မလေးသည် ကုနင်း ၏နောက်မှ တူညီသောဂိတ်ကို လိုက်ဝင်လာသည်။
ဂိတ်အနီးတွင် လစ်လပ်ထိုင်ခုံများစွာမရှိသောကြောင့် ကုနင်းသည် အမျိုးသမီးကြယ်ပွင့်၏ဘေးတွင် ထိုင်လိုက်သည်။
ကုနင်း လမ်းလျှောက်လာသည်ကိုမြင်ပြီး အမျိုးသမီးကြယ်ပွင့်သည် စိတ်ပျက်သွားပုံပေါ်သည်။ "မိန်းကလေး၊ မင်းငါ့နောက်လိုက်ဖို့ မလိုပါဘူး။ ငါ ဒီနေ့ ဓာတ်ပုံမရိုက်ချင်ဘူး၊ လက်မှတ်လည်းမထိုးချင်ဘူး။" ကုနင်းသည် သူမကို အရူးအမူးစွဲလန်းသူပရိတ်သတ်တစ်ဦးကဲ့သို့ ပြောလိုက်သည်။
***
အပိုင်း ၁၃၂၂ ဟူကျားလိ
ကုနင်း တစက္ကန့်မျှကြောင်အသွားသည်။ ထိုအမျိုးသမီးကြယ်ပွင့် အဘယ်ကြောင့် ထိုသို့ပြောသည်မှန်း သူမနားမလည်ပေ။ သူမသည် အမျိုးသမီးကြယ်ပွင့်၏နောက်လိုက်လာခြင်းမဟုတ်ပဲ သွားရမည့် ဂိတ်တူညီနေခြင်းသာဖြစ်သည်။
အမျိုးသမီးကြယ်ပွင့်သည် ထိုအကြောင်းကိုသိသည်။ သို့သော် သူမသည် ကုနင်းကို အရှက်ရစေရန်တမင်ပြောလိုက်ခြင်းဖြစ်သည်။ ကုနင်းသည် သူမထက်ပိုလှသော်လည်း သူမသည် နာမည်ကြီးဖြစ်သည်။
ထိုအမျိုးသမီးသည် အလွန်မာနကြီးပြီး ဘဝင်မြင့်လွန်းသည်။
"မိန်းကလေး နားလည်မှုလွဲနေတာဖြစ်မယ်၊ ငါကမင်းနောက်ကိုလိုက်လာတာမဟုတ်ဘူး ငါတို့က သွားရမည့်ဂိတ်တူနေတာ၊ ငါမင်းနဲ့ ဓါတ်ပုံမရိုက်ချင်သလို မင်းရဲ့လက်မှတ်လဲမလိုချင်ဘူး။ ပြီးတော့ မင်းဘယ်သူလဲဆိုတာတောင်ငါမသိဘူး..."ကုနင်း တိုးတိုးပြောလိုက်သည်။ သူမသည် အမျိုးသမီးကြယ်ပွင့်နှင့် လူပုံအလယ်တွင် စကားမများချင်ပေ။
"မင်း.."တဖက်တွင် ထိုအမျိုးသမီးသည် အလွန်ဒေါသထွက်သွားကာ သူမ၏မျက်လုံးများသည်လည်း ချက်ချင်း ဆိုးယုတ်မှုများနှင့်ပြည့်နှက်သွားသည်။
"ကျားလိ" ဟူကျားလိအမည်ရှိ နာမည်ကြီးအမျိုးသမီး၏ အေးဂျင့်သည် ချက်ချင်း သတိပေးလိုက်သည်။
သူမသည် ဟူကျားလိ၏ အေးဂျင့်ဖြစ်ရန်ရွေးချယ်ရခြင်းမှာ ဟူကျားလိသည်လှပပြီး အလားအလာရှိသလို သူမ၏စကားကိုလည်းနားထောင်သောကြောင့်ဖြစ်သည်။ သူမသည် နာမည်ကြီး အေးဂျင့်မဟုတ်၍ စကားနားမထောင်သော အနုပညာရှင်များနှင့် အလုပ်မလုပ်လိုပေ။
ဟူကျားလိသည် အလျှော့မပေးလိုသော်လည်းပဲ သူမ၏ ပုံရိပ်သည်ပို၍ အရေးပါသောကြောင့် သူမသည် သူမ၏အေးဂျင့်၏ စကားကိုနားထောင်ရမည်ဖြစ်သည်။
ကုနင်းသည်လည်း ဟူကျားလိတိတ်ဆိတ်နေသရွေ့ သူမသည်လည်းပါးစပ်ပိတ်ထားမည်ဖြစ်သည်။ သို့သော် တစုံတယောက်သည် ဤအခြေအနေတွင် တိတ်တိတ်နေရန် မလိုလားပေ။
"မင်းမျက်နှာတစ်ခုလုံးအုပ်ထားမှတော့ မင်းဘယ်သူလဲဆိုတာ ဘယ်သုမှမသိဘူး မင်းမျက်နှာကိုဖော်ထားရင်တောင် ကုနတ်ဘုရားမက မင်းနဲ့ဓါတ်ပုံရိုက်ဖို့ စိတ်မဝင်စားဘူး။"ကုနင်း၏ မျက်နှာကို သေချာတွေ့ခဲ့ပြီး ကုနင်းမှန်းသေချာသွားသောမိန်းကလေးသည် ကုနင်းဘက်မှရပ်တည်သည်။
သူမ၏ အသံသည် မတိုးပေ။ ထို့ကြောင့် ချက်ခြင်း အာရုံစူးစိုက်မှု အများအပြားကို ရရှိခဲ့သည်။
“မင်း…” ဟူကျားလိ ဒေါသထွက်သွားသည်။
သို့သော် ကုနင်း အံ့သြသွားသည်။ ကောင်မလေးထိုသို့လုပ်လိမ့်မည်ဟု သူမမထင်ထားသော်လည်း ဟူကျားလိကို သူမ မကြိုက်သောကြောင့် ဒီလိုလုပ်ခြင်းသည်လည်း မကောင်းသည့်အရာတစ်ခုတော့ မဟုတ်ပေ။
"အိုး၊ သူက ဟူကျားလိ ရဲ့ အေးဂျင့်မဟုတ်ဘူးလား။ ဟူကျားလိကိုလည်း ငါမြင်လိုက်တယ် ထင်တယ်။ တစ်ခုခုဖြစ်နေတာနေမယ်။ သွားကြည့်ရအောင်။" မိန်းကလေး၏ အသံသည် ဘေးလူများနှင့် ပါပါရာဇီနှစ်ယောက်ကို ဆွဲဆောင်နိုင်ခဲ့သည်။ ဤ ပါပါရာဇီ နှစ်ယောက်သည် နာမည်ကြီးတစ်ယောက်ကို ဓာတ်ပုံရိုက်ဖို့မဟုတ်ဘဲ တခြားတစ်နေရာရာတွင် တာဝန်ကျ၍ လာခြင်းဖြစ်သည်။ သို့သော် ဟူကျားလိ၏ ဓာတ်ပုံအချို့ကို ရိုက်ယူနိုင်ခြင်းသည် သူတို့အတွက် ကောင်းသောအရာဖြစ်သည်။
ဟူကျားလိသည် နာမည်အရမ်းကြီးသည်မဟုတ်သော်လည်း သူမသည် ကျော်ကြားမှုအနည်းငယ်ရှိသည်။
မနှောင့်နှေးစေပဲ ပါပါရာဇီနှစ်ယောက်သည် ကင်မရာကိုင်ကာ ဟူကျားလိဆီကို လျှောက်သွားသည်။
ဟူကျားလိ၏ အေးဂျင့်သည် ထိုအရာကိုမြင်ပြီး ချက်ချင်းပင် သူမ၏ အပြုအမူကို ပြောင်းလိုက်သည်။
"မဟုတ်တာတွေ... ကျားလိက အခု မောပန်းနွမ်းနယ်နေနေပြီး သူမအခြေအနေမကောင်းတဲ့အတွက်သာ သူမနဲ့ ဓာတ်ပုံမရိုက်ဖို့ ငြင်းဆိုခဲ့တာပါ။ ကျားလိကို အပြစ်တင်လို့ မရဘူးလေ ပြီးတော့ မင်းက သူမကိုတောင် စတင်တိုက်ခိုက်လိုက်သေးတယ်။" သူမသည် ထိုအတွက် ကုနင်းနှင့် ကောင်မလေးကို အပြစ်တင်လိုက်သည်။
"ရှင်ဘာပြောလိုက်တာလဲ? သူမဘယ်သူလဲဆိုတာ တောင် ကျွန်မမသိဘူး၊ သူနဲ့ ဓာတ်ပုံရိုက်ဖို့လည်းကျွန်မ စိတ်မဝင်စားဘူး။" ကောင်မလေးက ငြင်းဆန်လိုက်ပြီး စွပ်စွဲခံရသည်ဟုခံစားလိုက်ရသည်။
"ကောင်းပြီ၊ ကျားလိ နဲ့ ခပ်ဝေးဝေးနေပါ။ သူမ အနားယူဖို့ နေရာတစ်ခုလိုတယ် ဟုတ်ပြီလား?" အေးဂျင့်က လက်လျှော့လိုက်ဟန်ဖြင့်ပြောသည်။
သူမသည် အပြစ်ကင်းစင်ပုံပေါ်ပြီး လူအများသည် သူမအပေါ် စာနာစိတ်ဝင်လာကြသည်။ ဟူကျားလိသည် ကြယ်ပွင့်တစ်ဦးဖြစ်သောကြောင့် သာမန်လူများက သူမနှင့် ဓာတ်ပုံရိုက်ချင်ကြသည်ကို နားလည်နိုင်သည်။ ကြယ်ပွင့်တစ်ဦးသည် သူ၏ကိုယ်ပိုင်ဆန္ဒနှင့် ပရိသတ်တွေနဲ့ ဓာတ်ပုံရိုက်ရန် မဖြစ်နိုင်ပေ။
“မင်း…” ဘေးမှကြည့်သူများသည် ဟူကျားလိ၏အေးဂျင့်ကို သနားစပြုလာသည်ကို မြင်သောအခါ ကောင်မလေး ဒေါသထွက်သွားသည်။ သူမ တော်တော်စိတ်မကောင်းဖြစ်မိပေမယ့် မည်သို့ပြန်ပြောရမည်မသိပေ။
ထိုမိန်းကလေးသည် ကုနင်းဘက်မှရပ်တည်ခဲ့သောကြောင့် ကုနင်းသည် သူမ အခွင့်အရေးယူခံနေရသည်ကို ကြည့်၍ ဘာမှမလုပ်ပဲမနေနိုင်ပေ။မည်သို့ပင်ဆိုစေကာမူ ကုနင်း ပါးစပ်မဖွင့်ခင်မှာပင် တစုံတယောက်ကသူမကိုနှောက်ယှက်လိုက်သည်။
"ကုနတ်ဘုရားမ ..ဒီနှစ်အင်တာနက်မှာ ရေပန်းစားနေတဲ့ ကုနတ်ဘုရားမ လား?"
ကုနတ်ဘုရားမဆိုသည့် နာမည်ကိုကြားလိုက်ရသည်နှင့် ပါပါရာဇီ နှစ်ယောက်သည် စိတ်လှုပ်ရှားသွားသည်။ သူတို့သည် အင်တာနက်ပေါ်ရှိ ကုနင်း၏ဓာတ်ပုံများကိုသာမြင်ဖူးသောကြောင့် ကုနင်း အစစ်ဟုတ်မဟုတ်မသေချာပေ။
ဟူကျားလိ၏ အေးဂျင့်သည် ကုနင်းကို ထိတ်လန့်စွာ လှည့်ကြည့်လိုက်သည်။
ကုနတ်ဘုရားမ ဘာကုနတ်ဘုရားမလဲ? သူမသည် ကုနတ်ဘုရားမကို တစ်ခါမှ မကြားဖူးပေ။
ကောင်မလေးက ယခုမှပင် ဂုဏ်ယူပြီး အသံထွက်လာနိုင်သည်။ “သူမက တကယ့်နာမည်ကြီး ကုနတ်ဘုရားမ ပါ။ သူမရဲ့ အရည်အချင်း၊ ကွန်ဖူးစွမ်းရည်နဲ့ ရဲစွမ်းသတ္တိတွေကြောင့် အင်တာနက်မှာ လူသိများပါတယ်။” ကောင်မလေးသည် ကုနင်း၏ အမာခံပရိသတ်ဖြစ်ပြီး နောက်ဆုံးတွင် တစ်ယောက်ယောက်က သူမကိုအသိအမှတ်ပြုသောအခါ ကုနင်းအတွက် ဂုဏ်ယူနေသည်။
လူတော်တော်များများသည် ယခုမှပင် ကုနင်းကို အာရုံစိုက်လာကြသည်။
"ဘုရားသခင်! သူမက ကုနတ်ဘုရားမ ပဲ!"
“အခု သူမက အရမ်းအောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်ဖြစ်နေပြီလို့ ကျွန်တော်ကြားတယ်။"
"အိုး၊ သူ့ကို အရမ်းရင်းနှီးနေသလို ခံစားရတာ အံ့သြစရာတော့ မဟုတ်ဘူးဘဲ .. သူမက ဓာတ်ပုံတွေထဲကထက်တောင် ပိုလှတယ်။”
“…” ကုနင်းကို လူအများက ချီးကျူးနေကြ၍ ဟူကျားလိနှင့် သူမ၏အေးဂျင့်တို့သည် ဘာဆက်ပြောရမှန်း မသိတော့ပေ။
***
အပိုင်း ၁၃၂၃ စိတ်ထဲမထားပါနဲ့...
ပါပါရာဇီနှစ်ယောက်သည် စိတ်လှုပ်ရှားစွာနှင့်ပြောသည်။ “မစ္စကု၊ တွေ့ရတာ အရမ်းဝမ်းသာပါတယ်။ ဒီမှာ မင်းနဲ့တွေ့မယ်လို့ ငါတို့ မမျှော်လင့်ထားဘူး။ ဒါ ငါတို့အတွက် ဂုဏ်ယူစရာပါပဲ။"
"ငါတို့ မင်းအကြောင်း အများကြီးကြားဖူးတယ်။"
ကုနင်းသည် သူမ၏ အရည်အချင်းကြောင့် နာမည်ကြီးလာခဲ့သူဖြစ်သည်။
“ကျေးဇူးတင်ပါတယ်။” ကုနင်း သူတို့ကို ပြုံးပြသည်။
"အိုး မစ္စကု၊ ခုနက ဖြစ်ပျက်ခဲ့တာကို ပြောပြနိုင်မလား?" ပါပါရာဇီ A က မေးသည်။ သူ ကုနင်းကို ဘက်လိုက်နေပြီဆိုတာ အလွန် သိသာသည်။
ဟူကျားလိနှင့် သူမ၏အေးဂျင့်တို့သည် ချက်ချင်းပင် မည်သို့ဖြစ်လာမည်ကိုကြိုတင်သိမြင်လိုက်သကဲ့သို့ခံစားရပြီး သူ့ကို တားဆီးချင်သော်လည်း ယခုအချိန်တွင် သူတို့သည် အများသူငှာ နေရာတွင် ရှိနေသောကြောင့် မည်သို့ လုပ်ရမည်ကို မသိပေ။
“ကောင်းပြီ၊ ဒီမိန်းကလေးနဲ့ တူညီတဲ့ ဂိတ်ပေါက်ကို ဝင်ရမှာမလို့ လမ်းတလျှောက် သူ့နောက်ကို လိုက်သွားမိတယ်။ သူမက ကျွန်မကို သူ့ပရိတ်သတ်တစ်ယောက်လို့ ထင်ယောင်ထင်မှားဖြစ်တာဖြစ်နိုင်တယ်။” သူမသည် ဟူကျားလိကို ဝေဖန်ရန်ဖြစ်စေ မတရားခံရသလိုတိုင်တန်းခြင်းဖြစ်သေ စိတ်မ၀င်စားပေ။
လူတွေသည် အရူးမဟုတ်ပေ။ ကုနင်း၏ရှင်းပြချက်ကိုကြားပြီး လူတော်တော်များများသည် တကယ်ဖြစ်ပျက်ခဲ့သည်ကို သဘောပေါက်လိုက်ကြသည်။
နားလည်မှုလွဲမှားခြင်းဆိုလျှင် အဘယ်ကြောင့် ငြင်းခုံကြသနည်း။ ဤရန်ပွဲကိုမည်သူဖြစ်စေခဲ့သနည်း။ ဟူကျားလိ ပင်ဖြစ်ရမည်။ သို့သော် သူမအဘယ်ကြောင့်ထိုသို့ လုပ်ရသနည်း။
လူအများ၏အကြည့်သည် ဟူကျားလိထံရောက်သွားသည်။ စူးစမ်းလိုစိတ်ပါဝင်သလို သံသယလည်းပါသည်။
ဟူကျားလိသည် တဖန် ဒေါသထွက်ကာ အရှက်ကွဲသလိုခံစားလိုက်ရသော်လည်း သူမ၏ အေးဂျင့်သည် သူမအား အကြည့် စူးစူးဖြင့် သတိပေးချက် ပေးလိုက်သည်။
သူမသည် ဟူကျားလိနှင့် ဓါတ်ပုံရိုက်ရန် မတောင်းဆိုဘူးဟုပြောသောအခါ ကုနင်းကို လူများကယုံကြည်ခဲ့သော်လည်း ကြယ်ပွင့်တစ်ဦးသည်ဓာတ်ပုံရိုက်ရန်ငြင်းဆိုခြင်းသည် အမြဲတွေ့ရခြင်းမဟုတ်ပေ။ ထို့ကြောင့် လူအများ စိတ်ရှုပ်သွားကြသည်။
ဟူကျားလိ၏ အေးဂျင့်သည် ချက်ချင်းရှင်းပြသည်။ “အရင်က တချို့ပရိသတ်တွေက ငါတို့နောက်ကို အမြဲလိုက်နေခဲ့တယ်၊ အဲဒါက တော်တော်ကို စိတ်အနှောင့်အယှက်ဖြစ်စေတယ်။ မစ္စကုက ငါတို့နဲ့ ဂိတ်ပေါက်တူတယ်ဆိုတာ ငါတို့မသိခဲ့ဘူး၊ ပြီးတော့ သူ့ကို တခြား ပရိတ်သတ်တစ်ယောက်လို့ ထင်ခဲ့ကြတယ်။ ကျားလိက မကြာသေးခင်က အလွန်အလုပ်များခဲ့တာကြောင့် အခု သူမ ခံနိုင်ရည် သိပ်မရှိဘူး။”
ထို့နောက် ကုနင်းကို တောင်းပန်ခဲ့သည်။ "မစ္စကု၊ နားလည်မှုလွဲသွားတဲ့အတွက် တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး.. ခွင့်လွှတ်ပါ။" ထိုသို့ပြောရင်း အေးဂျင့်သည် ကုနင်းကိုပင် ဦးညွှတ်သွားခဲ့သည်။
ဟူကျားလိ၏အေးဂျင့်သည် သူမကို တောင်းပန်ပြီးဖြစ်သောကြောင့် ကုနင်းသည် သူမအား ဆက်လက်အပြစ်တင်နေမည်မဟုတ်ပေ။ “အဆင်ပြေပါတယ်။ စိတ်ထဲမထားပါဘူး။” ကုနင်းသည် အလွန်ကြင်နာပုံရပြီး သူတို့ကို ခွင့်လွှတ်ရန် ဆုံးဖြတ်ခဲ့သည်။
ဟူကျားလိ၏ အေးဂျင့်သည် တောင်းပန်ခဲ့ပြီး ကုနင်းက သူတို့အား ခွင့်လွှတ်ရန် ရွေးချယ်ခဲ့ခြင်းကြောင့် ကြည့်ရှုသူများသည် ဤဒရာမာကို အာရုံစိုက်ခြင်း ရပ်တန့်သွားခဲ့သည်။ စက္ကန့်ပိုင်းအတွင်းမှာပင် သူတို့အားလုံးသည် ဦးတည်ရာအမျိုးမျိုးသို့ ထွက်သွားကြသည်။
ပါပါရာဇီ နှစ်ယောက်သည်လည်း ထိုအကြောင်းကို ထပ်မမေးတော့ပေ။ မည်သို့ပင်ဆိုစေကာမူ ကုနင်း၏ကျော်ကြားမှုအရ ဤသတင်းကိုသူတို့သေချာပေါက်သတင်းတင်မည်။ အရေးကြီးဆုံးမှာ ထိုသတင်းသည် ကုနင်း အပေါ် မည်သည့်ဆိုးကျိုးမှ ရှိမည်မဟုတ်သောကြောင့် သူတို့ ထိုအတွက် စိတ်ပူစရာမလိုပေ။
ပြဿနာကို ဖြေရှင်းလိုက်နိုင်သော်လည်း ဟူကျားလိသည် ကုနင်းသည် အရေးပါသော ပုဂ္ဂိုလ်ဖြစ်ကြောင်း သိလိုက်ရပြီးနောက် သူမသည် ကုနင်းကို ပို၍ပင် မနာလိုဖြစ်နေသွားပြီး စိတ်တိုနေသည်။ ဟူကျားလိနှင့် သူမ၏ အေးဂျင့်တို့သည် ကုနင်းနှင့် ခပ်ဝေးဝေးတွင် ထိုင်ကြသည်။
အားလုံးထွက်သွားသောအခါ ကောင်မလေးသည် ငြိမ်သွားပြီး ရုတ်တရတ် စိတ်လှုပ်ရှားသွားသည်။ "အမ် ကုနတ်ဘုရားမ .. မင်းနဲ့ ဓာတ်ပုံရိုက်လို့ရမလား? ငါ မင်းကိုတကယ်သဘောကျတယ်။"
"ရပါတယ်" ကုနင်း ပြုံးပြီး ပြောလိုက်သည်။
ကုနင်း၏ခွင့်ပြုချက်ဖြင့် ကောင်မလေးသည် ဝမ်းသာအားရဖြစ်ကာ ကုနင်း နှင့် ဓာတ်ပုံရိုက်ရန် ဖုန်းကို ချက်ချင်းထုတ်လိုက်သည်။
ရိုက်ပြီးနောက် ကောင်မလေးက ကုနင်းကို ကျေးဇူးတင်သည်။"ကျေးဇူးတင်ပါတယ် ကုနတ်ဘုရားမ"
"ကိစ္စမရှိပါဘူး" ဟု ကုနင်း က ပြောသည်။ "စောစောက မင်းရဲ့ ရဲရင့်တဲ့ လုပ်ရပ်အတွက် ငါ ကျေးဇူးတင်ရမယ်"
"ဘာမှမဟုတ်ပါဘူး။ ဟိုမိန်းမက မင်းကို မနာလိုလို့ ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာ ငါသိတယ်။” မိန်းကလေးက ပြောလာသည်။
ကုနင်းသည် ဤမိန်းကလေး၏ ထိုးထွင်းသိမြင်နိုင်မှုကြောင့် အနည်းငယ် အံ့သြသွားသည်။
“အို ကုနတ်ဘုရားမ ငါ့နာမည်ကို မင်းကို မပြောရသေးဘူး။ ငါ့နာမည်က ချိုက်ရှီးယာ မြို့တော်မှာ နေတယ်။ ကောလိပ်ဝင်ခွင့်စာမေးပွဲကိုဖြေထားပြီး မင်း မြို့တော်တက္ကသိုလ်မှာ ကျောင်းတက်မယ်လို့ ကြားထားလို့ ငါလည်း မင်းနဲ့အတူတူ ကောလိပ်တက်ဖို့ စိတ်ကူးထားတယ်။ မင်းစိတ်၀င်စားရင် ငါတို့ ဖုန်းနံပါတ်တွေ ဖလှယ်လို့ရတယ်။” သူမသည် အလွန်ယဉ်ကျေးပြီး အကျင့်စာရိတ္တကောင်းမွန်သည်။ ချိုက်ရှီးယာသည် မြို့တော်တက္ကသိုလ်သို့လျှောက်ထားရန် စီစဉ်ထားပါက သူမသည်အလွန်တော်သောကျောင်းသားဖြစ်ရမည်။
"ဘာလို့မရရမှာလဲ?" ကုနင်းသည် ကြင်နာသူများနှင့် ပေါင်းသင်းလိုစိတ်ရှိသည်။ သူမသည် ကြယ်ပွင့်တစ်ယောက်မဟုတ်ပဲ စီးပွားရေးသမားတစ်ဦးသာဖြစ်သောကြောင့် စိတ်ထဲသိပ်မထားပေ။
သို့သော် ကုနင်း သည် ဖုန်းနံပါတ်အသစ်တစ်ခုကို မှတ်ပုံတင်ရန် စိတ်ကူးရှိနေပြီဖြစ်သည်။ သူမတွင် ဖုန်းနံပါတ်နှစ်ခုရှိလာမည်။ တစ်ခုမှာ အလုပ်အတွက်ဖြစ်ပြီး ကျန်တစ်ခုမှာ ကိုယ်ပိုင်ဘဝအတွက်ဖြစ်သည်။ သူမ၏ သူငယ်ချင်းကောင်းများနှင့် မိသားစုကသာ သူမ၏ ကိုယ်ပိုင်ဖုန်းနံပါတ်ကို ရရှိမည်ဖြစ်သည်။
***
အပိုင်း ၁၃၂၄ သူမအငြှိုးများထားမလား...
ကုနင်း ဖုန်းနံပါတ်ဖလှယ်ရန် သဘောတူလိုက်သောအခါ ချိုက်ရှီးယာသည် သူမနှင့် ကုနင်း၏သူငယ်ချင်းဖြစ်ခွင့်ရှိတော့မည်ဖြစ်၍ အလွန်ပျော်ရွှင်နေသည် ။ ကုနင်း၏ဖုန်းနံပါတ်ကို မှတ်ရန် သူမ မစောင့်နိုင်တော့ပေ။
ဟူကျားလိနှင့် သူမ၏ အေးဂျင့်တို့သည် လူအုပ်ထဲမှ ထွက်ခွာခဲ့ပြီး သူမ၏ အေးဂျင့်သည် သူမအား ဒေါသတွက်ပြီး အပြစ်တင်သည်။ "မင်း ကိုယ့်ကိုကိုယ် ဒုက္ခအကြီးကြီး ဖြစ်အောင် လုပ်လုနီးပါးပဲဆိုတာမင်းသိလား.. ငါမင်းကို သိုသိုသိပ်သိပ်နေဖို့ ကြိမ်ဖန်များစွာ ပြောထားပါတယ်။ မင်းငါ့စကားနားမထောင်ဘူး.."
ဟူကျားလိသည် သူမ၏ အေးဂျင့်၏ဝေဖန်မှုကို မကျေမနပ်ဖြစ်သော်လည်း ဤကိစ္စမှာ အမှန်ပင် သူမ၏အမှားဖြစ်ကြောင်း သူမနားလည်သည်။ ထို့အပြင်၊ ဟူကျားလိ၏အေးဂျင့်သည် သူမအတွက် ပြောနေခြင်းဖြစ်ကြောင်းနားလည်သည်။
“ဒီဇာတ်လမ်းနဲ့ပတ်သက်ပြီး ပါပါရာဇီနှစ်ယောက်က ဘာရေးမယ်ဆိုတာကို ငါတို့ မသိပေမယ့် အဲဒါက သေချာပေါက်ကို မင်းကို ထိခိုက်စေလိမ့်မယ်။ နောက်ပိုင်းကျ Weibo မှာ တောင်းပန်စာတင်ပြီး ငါ့ရဲ့လမ်းညွှန်မှုကို လိုက်နာပါ။"
"ရိုးရိုးလေးပဲ ပြောလိုက် မင်းနောက်ကို တနေကုန် ပရိတ်သတ်တွေကလိုက်နေတာမလို့ မင်း ပင်ပန်းသွားပြီး.. သူမကို တခြားအမာခံပရိသတ်တစ်ဦးလို့ အထင်မှားပြီးတော့ သည်းခံနိုင်မှု ပျောက်ဆုံးသွားခဲ့တာ..။ ဒါဟာ လုံးဝ ဖြူစင်တဲ့ နားလည်မှုလွဲခြင်းပဲ။ နားလည်လား ? " ဟူကျားလိ၏ အေးဂျင့်က ပြောသည်။
ဟူကျားလိသည် ကုနင်းကို တောင်းပန်ရန် တွန့်ဆုတ်နေသော်လည်း ယခု တခြား သူမလုပ်နိုင်သော ဘာမှ မရှိပေ။
"ကျွန်မနားလည်တယ်။" ဟူကျားလိ သဘောတူလိုက်သည်။
ဟူကျားလိ၏အေးဂျင့်သည် ထိုအကြောင်းကို ထပ်မံပြောဆိုခြင်းမရှိသော်လည်း ကုနင်းနှင့်ပတ်သက်သည့် နောက်ထပ်အချက်အလက်များကိုရှာဖွေရန် သူမ၏ဖုန်းကိုထုတ်ခဲ့သည်။ သူမသည် ကုနတ်ဘုရားမကို တိုက်ရိုက်ရိုက်ပြီး ရှာဖွေမှုခလုတ်ကို နှိပ်လိုက်သည်။
အင်တာနက်ပေါ်ရှိ ကုနင်းနှင့် ပတ်သက်သော သတင်းများကို သူမဖတ်မိသောအခါ သူမ အရမ်းအံ့သြသွားပြီး ပြန်တွေးကြည့်ကာ အလွန်ကြောက်လန့်သွားသည်။ အစောပိုင်းက အခြားသူများ၏ တုံ့ပြန်မှုမှ ကုနင်းသည် မရိုးရှင်းကြောင်း သူမ ခံစားခဲ့ရသော်လည်း ကုနင်း၏ လွှမ်းမိုးမှုကြောင့် သူမ အံ့အားသင့်နေဆဲဖြစ်သည်။
"မင်းကိုယ်တိုင်ဖတ်ကြည့်" ဟူကျားလိ၏အေးဂျင့်သည် ဒေါသတကြီးဖြင့် ဖုန်းကို ပစ်ချလိုက်သည်။ ဤတစ်ခါတော့ သူမသည် ဟူကျားလိကို အမှန်ပင်စိတ်ဆိုးသွားသည်။ ဟူကျားလိသည် ယခုမှစ၍ မိမိကိုယ်မိမိ ကောင်းမွန်စွာ ပြုမူနေထိုင်ရန် မသင်ယူပါက၊ သူမသည် အနှေးနဲ့အမြန် ကြီးမားသောဒုက္ခနှင့် ရင်ဆိုင်ရလိမ့်မည်။
သူမ၏အေးဂျင့်၏လေသံကိုကြားပြီး ဟူကျားလိ အနည်းငယ် ထိတ်လန့်သွားကာ ကုနင်းအကြောင်း သတင်းကို စတင်ဖတ်သည်။ သူမသည်လည်း အံ့သြသွားသည်။
ကုနင်းသည် Jade Beautyလက်ဝတ်ရတနာလုပ်ငန်း၊ Charm နှင့် ဖုန့်ဟွာအင်တာတိန်းမန့်တို့၏ သူဌေးဖြစ်သည်။ အထက်ဖော်ပြပါ ကုမ္ပဏီများအားလုံးအကြောင်းကို သူမကြားဖူးသော်လည်း ထိုလုပ်ငန်းများ၏ သူဌေးများသည် မည်သူမည်ဝါဖြစ်သည်ကို သူမမသိပေ။
Jade Beauty လက်ဝတ်ရတနာလုပ်ငန်းသည် ယခုရက်ပိုင်းတွင် အလွန်ရေပန်းစားနေပြီး နာမည်ကြီး မင်းသမီးများစွာသည် ထိုကုမ္ပဏီ၏ ပရိသတ်များဖြစ်ကြသည်။ သူမကိုယ်တိုင်ပင် အစုံလိုက်ဝယ်ခဲ့သေးသည်။ Charm မှ ၀တ်စုံများသည်လည်း အရည်အသွေးမြင့်သော ဒီဇိုင်းဆန်းများကြောင့် လူသိများသည်။
သူမသည် ဖျော်ဖြေရေးနယ်ပယ်တွင် ပါဝင်ပတ်သက်နေသောကြောင့် ဖျော်ဖြေရေးကုမ္ပဏီများကို အာရုံစိုက်ခဲ့ပြီး ဖုန့်ဟွာသည် ဒီနှစ်တွင် လျင်မြန်စွာ ကြီးထွားလာခဲ့ကြောင်း သူမသိသည်။ ၎င်း၏ပထမဆုံးရုပ်ရှင် ‘အသည်းတထိတ်ထိတ် ရင်တဖိုဖို’ဇာတ်ကားသည် သူမကဲ့သို့ Z စာရင်းဝင်သရုပ်ဆောင်များစွာအတွက် ကျော်ကြားမှုရရှိစေခဲ့သည်။
သူမသည် ’ဘုရင်မတစ်ပါး၏စစ်သွေးစစ်မာန်’ အတွက် လူရွေးပွဲဝင်ရန် စိတ်ကူးရှိခဲ့သော်လည်း အချိန်မအားသဖြင့် အခွင့်အရေးနဲ့ လွဲချော်ခဲ့သည်။ ထိုအတွက် သူမ စိတ်ပျက်ခဲ့သေးသည်။
‘ဘုရင်မတစ်ပါး၏စစ်သွေးစစ်မာန်’သည် ယခု လူသိမများသေးသော်လည်း၊ ‘အသည်းတထိတ်ထိတ် ရင်တဖိုဖို’ဇာတ်ကားသည် ရှေ့တွင် ကြီးမားသော ဥပမာတစ်ခုဖြစ်ခဲ့ပြီး ထိုဇာတ်ကားသည် ကြီးမားသော အောင်မြင်မှုရရန် အလားအလာ မြင့်မားသည်ဟု အတွင်းလူအများစုက ယုံကြည်ကြသည်။
ဟူကျားလိ အံ့အားသင့်ရသည်မှာ ယနေ့ သူမနှင့် ငြင်းခုံခဲ့သူမှာ ဖုန့်ဟွာအင်တာတိန်းမန့်၏ သူဌေးဖြစ်နေခြင်းပင်။ သူမသည် နောက်ဆုံးတွင် ကြောက်ရွံ့ကာ သူမ၏ အေးဂျင့်ကို မေးလိုက်သည်။ "ယန် သူ ငါ့ကို ရန်ငြိုးထားမှာလား?"
ကုနင်း၏ လူမှုအဆင့်အတန်းအရ ကုနင်းသည် သူမအား ပြန်လက်စားချေရန် မလွယ်ကူပေ။ သူမသည် ဖုန့်ဟွာနှင့် မယှဉ်သာသော ဖျော်ဖြေရေးကုမ္ပဏီငယ်လေးတစ်ခုတွင် လက်ရှိအလုပ်လုပ်နေသည်။
ဟူကျားလိ၏ အေးဂျင့်သည် စိုးရိမ်တကြီး မျက်မှောင်ကြုတ်လိုက်သော်လည်း ကုနင်းက လူယုတ်မာဟု မထင်ပေ။ “အဲလို မထင်ဘူး။ ဒါက ကြီးကြီးမားမား ကိစ္စတော့ မဟုတ်ပါဘူး၊ မင်းကို သူ လက်စားချေ ခဲ့ရင်တောင် သူ့အတွက်ကောင်းတာဘာမှမရှိဘူး။ " သို့သော် သူမသည်လည်း သိပ်မသေချာပေ။
ဟူကျားလိသည် သူမလုပ်ခဲ့သမျှကို ယခုတွင် လေးလေးနက်နက် နောင်တရမိသည်။ သူမ၏ အေးဂျင့်ပြောသည်ကို စောစော နားထောင်မိလျှင်ကောင်းမည်ဟုတွေးမိသည်။
သိပ်မကြာခင်ပင် ခရီးသည်များသည် Q မြို့သို့ထွက်ခွာရန် လေယာဉ်ပေါ်သို့တက်ဖို့ အချိန်ကျရောက်လာသည်။
ကုနင်းသည် သူမ၏အိတ်ကို ကောက်ကိုင်လိုက်ပြီး လေယာဉ်ပေါ်တက်သွားသည်။ တစ်ဖက်တွင် ချိုက်ရှီးယာသည် မြို့တော်သို့ထွက်ခွာရန် လေယာဉ်ကို အချိန်အတော်ကြာ စောင့်ဆိုင်းရသောကြောင့် ကုနင်း ထွက်သွားသည်ကိုသာ သူမ ကြည့်နေခဲ့သည်။ ထို့နောက်တွင် သူမသည် ကုနင်းနှင့် သူမ၏ ဓါတ်ပုံကို သူမ၏ WeChat မို့မန့်ပေါ်တွင်တင်လိုက်ပြီး သူမ၏သူငယ်ချင်းတော်တော်များများကို မနာလိုဖြစ်စေခဲ့သည်။
ကုနင်းသည် လေယာဉ်ပေါ်တွင် ဟူကျားလိ၏ဘေးမှ လမ်းလျှောက်လာသောအခါ ဟူကျားလိသည် သူမကို ကြောက်လန့်တကြား ကြည့်နေသည်ဟု ခံစားလိုက်ရသည်။ ဟူကျားလိသည် သူမအကြောင်းကို အင်တာနက်ပေါ်မှ အများကြီး လေ့လာခဲ့ကြောင်း သူမ ခန့်မှန်းရန်မလိုပေ။
စင်စစ် ကုနင်းသည် ကြီးမားသည့် ပြဿနာဟုမထင်သလို ဟူကျားလိကို လက်စားချေဖို့ စိတ်မဝင်စားပေ။ ဟူကျားလိ၏အေးဂျင့်ပြောခဲ့သည့်အတိုင်း ဟူကျားလိကိုပြန်ပေးဆပ်ခိုင်းလျှင် သူမအတွက်အကျိုးရှိမည်မဟုတ်ပေ။
ကုနင်းသည် Qမြို့ သို့ ခရီးသွားနေစဉ်တွင် ပါပါရာဇီနှစ်ဦးသည် အင်တာနက်ပေါ်တွင် သတင်းတစ်ပုဒ် ရေးသားခဲ့သည်။
Z-list ကြယ်ပွင့် ဟူကျားလိသည် ကုနတ်ဘုရားမအား သူမ၏ပရိသတ်များထဲမှ တစ်ဦးအဖြစ် အထင်လွဲကာ သူမနှင့် ဓာတ်ပုံတွဲရိုက်ရန် ငြင်းဆိုခဲ့သည်။
ဤပါပါရာဇီ နှစ်ယောက်သည် စိတ်ထားမဆိုးဝါးသည်မို့ လေဆိပ်မှာ ဖြစ်ပျက်ခဲ့သမျှကို ရိုးရှင်းစွာ ပုံဖော်ထားသည်။ မည်သို့ပင်ဆိုစေကာမူ ဟူကျားလိသည် ဤဒရာမာကို ဖန်တီးသူဖြစ်ကြောင်း အလွန်ထင်ရှားနေသေးသည်။
***
အပိုင်း ၁၃၂၅ weibo ပေါ်တွင်တောင်းပန်ခြင်း...
"ရယ်စရာကောင်းလိုက်တာ ဟူကျားလိက ကုနတ်ဘုရားမကို သူ့ပရိတ်သတ်လို့ ဘယ်လိုလုပ်မှားနိုင်ရတာလဲ? ကမ္ဘာပေါ်ကလူတိုင်းက သူ့အမာခံပရိတ်သတ်တွေလို့ ထင်နေတာလား?”
"ဟုတ်တယ်၊ ကုနတ်ဘုရားမက သူ့ဓာတ်ပုံကို မတောင်းရသေးဘူး၊ သူက ငြင်းပြီးနေပြီ။"
“ကုနတ်ဘုရားမက ဟူကျားလိထက် အများကြီး ပိုနာမည်ကြီးပြီး လူကြိုက်များတယ်။ Z-list ကြယ်ပွင့်ရဲ့ ဓာတ်ပုံကို သူမ တောင်းဆိုစရာအကြောင်းကိုမရှိဘူး။”
"ဟုတ်တယ်၊ A-list မင်းသမီးတစ်ယောက်တောင် အခု ကုနတ်ဘုရားမ အတွက် အလုပ်လုပ်နေသေးတယ်။"
"ဟူကျားလိက ကုနတ်ဘုရားမရဲ့အလှကို မနာလိုဖြစ်နေတာထင်တယ်၊ ဒါကြောင့် သူမက တမင် ကြယ်ပွင့်လို့ ပြောခဲ့တာ" ဤအင်တာနက်အသုံးပြုသူသည် အလွန်ထက်မြက်ပြီး မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့သည်။
"ငါလည်း မင်းပြောတာကို သဘောတူတယ်။"
"ဒါဟာ ခန့်မှန်းချက်တစ်ခုပါပဲ။"
“ဟူကျားလိကို အပြင်မှာ အရင်က မြင်ဖူးတယ်။ သူမက လှပတဲ့ ပရိသတ်တွေကို မြင်ရင် အချိုးကတမျိုးပြောင်းသွားတာ။ ငါ့အထင် သူမက ကုနတ်ဘုရားမ ကို မနာလိုဖြစ်နိုင်ခြေ များတယ်။”
"ပိုသဘောမတူဘဲ မနေနိုင်တော့ဘူး.. သူမထက် ပိုလှတဲ့ ပရိသတ်တွေနဲ့ ဓာတ်ပုံရိုက်ရတာ မကြိုက်ဘူး”
“…”
ဟူကျားလိသည် Z-list မင်းသမီးတစ်ဦးဖြစ်သော်လည်း သူမတွင် ပရိတ်သတ်များစွာရှိနေဆဲဖြစ်ပြီး သူမ၏ပရိသတ်များက သူမအား ချက်ခြင်းကာကွယ်ကြသည်။
"မင်း ကျားလိကို ဝေဖန်ပြီး ကုနင်းရဲ့ အပြုအမူကိုတော့ လျစ်လျူရှုထားတာလား? ငါတော့ ကုနင်းကလည်း သိပ်ယဉ်ကျေးတယ်လို့ မထင်ဘူး..."
"ဒါက နားလည်မှုလွဲတာတစ်ခုပဲ စိတ်ကောင်းထားစမ်းပါ...“
"ကျားလိက အလုပ်အရမ်းကြိုးစားတယ်၊ တခါတရံမှာ အမှားလုပ်မိတယ်ဆိုတာ နားလည်ပေးနိုင်ပါတယ်။ လူတိုင်းမှားတတ်တာပဲ။”
“…”
ဟူကျားလိ၏ပရိတ်သတ်များနှင့် ကုနင်း၏ပရိသတ်များသည် အင်တာနက်ပေါ်တွင်အပြန်အလှန်ငြင်းခုံမှုများစတင်ခဲ့သည်။ သို့သော် ကုနင်း ၏သည် ဟူကျားလိ ၏ထက် ပရိသတ်ပိုများသည်။
အခြားတစ်ဖက်တွင်မူ အခြားအင်တာနက်အသုံးပြုသူများသည် ကြီးကြီးမားမားကိစ္စရပ်မဟုတ်၍ အာရုံစိုက်မှုနှင့် ထိုက်တန်သည်ဟုမထင်ပေ။
ပါပါရာဇီက အင်တာနက်မှာ သတင်းတင်တဲ့အတွက် ပါပါရာဇီကို အပြစ်တင်ကြသည်။
သို့သော် ပါပါရာဇီသည် ဖျော်ဖြေရေးနယ်ပယ်တွင် ဒရာမာများဖြစ်သည်ကို အမြဲတွေ့လိုသည်ကို လူတိုင်းသိသည်။
ဤသတင်းသည် Weibo တွင် အကျော်ကြားဆုံးခေါင်းစဉ်တွေထဲက တစ်ခုမဟုတ်ခဲ့သော်လည်း အာရုံစိုက်မှုများစွာရရှိခဲ့သည်။
ကုနင်း Q မြို့သို့ရောက်သောအခါ ညနေ ၄နာရီခွဲပင်ရှိနေပြီဖြစ်သောကြောင့် ကောင်းယိနှင့် ချောင်ယ တည်းခိုသည့် ဟွမ်းဒင်ဟိုတယ်သို့ တက္ကစီဖြင့် တိုက်ရိုက်စီးခဲ့သည်။
ဟူကျားလိနှင့် သူမ၏ အေးဂျင့်တို့သည် ပြန်ရောက်လာသည်နှင့် တပြိုင်နက် ဖျော်ဖြေရေးသတင်းများကို စစ်ဆေးရန် ဖုန်းများကို ဖွင့်လိုက်သည်။
ဟူကျားလိသည် Weibo ကိုဖွင့်လိုက်သည်နှင့် သူမနှင့်ပတ်သက်သည့် မက်ဆေ့ချ်များနှင့် ကွန်းမန့်များစွာကို သူမတွေ့လိုက်ရသည်။ သူမသည် စိတ်ကိုကြိုတင်ပြင်ဆင်ထားသော်လည်း ဒေါသထွက်မိသေးသည်။ သူမ အခု ကုနင်းကို ကြောက်သော်လည်း ကုနင်းကို သူမ မနာလိုမဖြစ်တော့ဘူးဟု မဆိုလိုပေ။
"မင်းရဲ့ တောင်းပန်စာကို Weibo မှာ အခုပဲ တင်လိုက်" ဟူကျားလိ၏အေးဂျင့် ဒေါသထွက်သွားသည်။ ကုနင်း၏ ပရိသတ် ပမာဏနှင့် ထိုသူတို့၏ လွှမ်းမိုးနိုင်မှုကြောင့် သူမ အံ့အားသင့်ရသည်။ ထို့အပြင်၊ အင်တာနက်အသုံးပြုသူအများအပြားသည် ဟူကျားလိ ၏အတိတ်ကို ထုတ်ဖော်ပြသခဲ့ပြီးသူမ၏ဂုဏ်သိက္ခာကိုထိခိုက်စေသည်။
ဤအကျပ်အတည်းကို တတ်နိုင်သမျှ အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းခဲ့ကြရမည်။
ဟူကျားလိသည် ပြောစရာခေါင်းစဉ်တချို့ရှိသည့် သရုပ်ဆောင်တစ်ဦးဖြစ်သော်လည်း အမှန်တကယ်တွင် သူမလုပ်ကိုင်နေသော ကုမ္ပဏီမှ စီစဉ်ပေးသည့် ကြေးစားစတန့်များဖြစ်သည်။ ဥပမာအားဖြင့် သရုပ်ဆောင်တစ်ဦးနှင့် သူမ၏လျှို့ဝှက်ဆက်ဆံရေးအကြောင်းသတင်းများရှိသည်။ အင်တာနက်ပေါ်တွင် သူမနှင့် တခြားယောက်ျားတစ်ယောက်နဲ့ ရှိနေခဲ့သည့် ဓာတ်ပုံတွေလည်း ရှိခဲ့သည်။
ထိုသတင်းများသည် သူမအား လူအများ၏ အာရုံစိုက်မှုကို ရရှိစေရန် ကူညီပေးခဲ့သည်။ သူမသည် လူအများ၏ အာရုံစိုက်မှုကို ရရှိနေသရွေ့ သူမသည် ရှိုးတစ်ခုတွင် ပါဝင်သရုပ်ဆောင်ရန် အခွင့်အရေးရနိုင်သည်။
ထို့ကြောင့် နာမည်ကြီးများသည် ပါပါရာဇီကို ချစ်သလို မုန်းလည်းမုန်းသည်။ ပါပါရာဇီသည် သူတို့ကို အာရုံစိုက်မှုရအောင် ကူညီပေးသည့်အတွက် ပါပါရာဇီကို ချစ်ကြပြီး ပါပါရာဇီက သူတို့၏ ညစ်ပတ်သည့် လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ပေးသည့်အတွက် ပါပါရာဇီကို မုန်းတီးကြသည်။
ထို့အပြင်၊ ပါပါရာဇီများသည် သတင်းကောင်းများထက် အရှုပ်တော်ပုံများကို ပိုနှစ်သက်ကြပြီး သတင်းဆိုးများကို တင်ပြလိုစိတ်ပိုများသည်။
ဟူကျားလိသည် သူမအေးဂျင့်၏ လမ်းညွှန်မှုအရ တောင်းပန်စာကို Weibo တွင် တင်ခဲ့သည်။
ဟူကျားလိ - ' ဒီနေ့ Bမြို့ လေဆိပ်မှာ ပရိသတ်တော်တော်များများနဲ့ တွေ့ခဲ့သည်။ သူတို့လေးတွေက အရမ်းချစ်စရာကောင်းပြီး စိတ်အားထက်သန်နေကြပေမယ့် ဒီရက်ပိုင်းတွင် ကျွန်မ အရမ်းပင်ပန်းပြီး အနားယူချင်သောကြောင့် သူတို့နဲ့ ဓာတ်ပုံမရိုက်ဖြစ်ခဲ့ပေ။ ဒီအတွက် စိတ်မကောင်းဖြစ်ပြီး ဆိုးရွားသော နားလည်မှုလွဲခြင်းအတွက် မစ္စကုကို တောင်းပန်လိုပါတယ်။ မစ္စကုကို ကျွန်မပရိသတ်တွေထဲက တစ်ယောက်လို့ အထင်မှားပြီး သူမနဲ့ ဓာတ်ပုံမရိုက်ချင်ဘူးလို့ ပြောခဲ့ပါသည်။ မစ္စကုနဲ့ ဒီမတော်တဆမှုကြောင့် စိတ်ထိခိုက်ကြတဲ့ သူတွေ အားလုံးကို စိတ်ရင်းမှန်နဲ့ တောင်းပန်ပါရစေ။
ဟူကျားလိ ပို့စ်တင်ပြီးသည်နှင့် အကျိုးသက်ရောက်မှုရှိလာသည်။ လူတွေသည် သူမကို ဝေဖန်နေခြင်းကို ရပ်လိုက်ပြီး သူမ၏ ပရိသတ်တွေက ပုံမှန်အတိုင်းသူမကို အကာအကွယ်ပေးခဲ့ကြသည်။
ဟူကျားလိ၏အမှားမှာ အမှန်ပင်ဖြစ်သော်လည်း၊ ထိုအမှားသည် ဆိုးဆိုးဝါးဝါး မဟုတ်ပေ။ လူတိုင်းသည် မှားနိုင်သည့်အတွက်နားလည်ပေးနိုင်သည်။ ထို့အပြင် ဟူကျားလိသည် တောင်းပန်စာတင်ထားပြီးဖြစ်၍ တခြားလူများသည် သူမကို ဆက်ပြီး အပြစ်တင်နေစရာ မလိုပေ။
***
အပိုင်း ၁၃၂၆ ဟန်ဝမ်လင်း၏ဖိတ်ကြားမှု
အချို့အင်တာနက်အသုံးပြုသူများသည် ဟူကျားလိ သည် အပေါ်ယံဆန်သည်ဟု ထင်ကြသော်လည်း သူမကို တိုက်ခိုက်ခြင်းကိုလည်း ရပ်တန့်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ အာရုံစိုက်မှုများပို၍ နည်းပါးသွားသည်။
ကုနင်းသည် အင်တာနက်ပေါ်ရှိ ကွန်းမန့်များကို ဂရုမစိုက်ဘဲ ဟွမ်းဒင်ဟိုတယ်တွင် သူမ၏ ဘလက်ခ်ကဒ်ဖြင့် အကောင်းဆုံးအခန်းကို တိုက်ရိုက်ကြိုတင်မှာယူခဲ့သည်။ သာမာန်အားဖြင့် ဘလက်ခ်ကဒ်ကို အကောင်းဆုံးအခန်းနှင့် တွဲထားသည်။
ကုနင်းသည် သူမ၏အခန်းထဲကို ရောက်သည်နှင့် ကောင်းယိနှင့် ချောင်ယဆီကို မက်ဆေ့ချ်ပို့လိုက်သည်။ မစ်ရှင်လုပ်နေရင်းနှောက်ယှက်မိမည်စိုး၍သူတို့ကို ဖုန်းမခေါ်ပေ။
ကောင်းယိနှင့် ချောင်ယတို့သည် ကုနင်း၏သတင်းကိုမြင်သောအခါတွင် သူတို့၏တာဝန်များပြီးဆုံးလုနီးပါးဖြစ်သဖြင့် ချက်ခြင်းပြန်လာခဲ့ကြသည်။
မိနစ်အနည်းငယ်ကြာတော့ ချောင်ယ ရောက်ရှိလာပြီး သူမ တွေ့ရှိခဲ့သည့်အရာများကို ကုနင်းကို တင်ပြသည်။ ငါးမိနစ်ကြာသော် ကောင်းယိ လည်း ပြန်လာသည်။
ကောင်းယိသည် မနေ့ညက Corydalisမိတ်ကပ် စက်ရုံသို့ ခိုးဝင်ခဲ့ပြီး ခိုကျီအတု၏ ထုတ်လုပ်မှုကို ဓာတ်ပုံရိုက်ခဲ့သည်။
Corydalisမိတ်ကပ်သည် ခိုကျီအတု၏ ထုတ်လုပ်ရေး လုပ်ငန်းတစ်ဝိုက်တွင် စောင့်ကြည့်ကင်မရာများမထားရှိသောကြောင့် ကေသည် စုံစမ်းစစ်ဆေး၍မရခဲ့ပေ။ ထို့အပြင်၊ Corydalisမိတ်ကပ်သည် ခိုကျီ အတုများကို လျှို့ဝှက်စွာထုတ်လုပ်နေသောကြောင့် သိရှိကြသူလူများစွာမရှိပေ။
“ရက်အနည်းငယ်တောင် ကြာပြီ။ သူတို့ ဘာလို့ဒီလောက်ငြိမ်နေတာလဲ?" ကုနင်း နည်းနည်းထူးဆန်းနေသလို ခံစားရသည်။
အထူးသဖြင့် ခိုကျီသည် Weibo တွင်တရားဝင်ရှင်းပြချက်ကိုတင်ပြီးနောက်ယခုအချိန်တွင် ခိုကျီ၏အရည်အသွေးအရှုပ်တော်ပုံအား လူများစွာကအာရုံမစိုက်ကြတော့ပေ။ ထို့အပြင်၊ နေ့စဉ်သတင်းများ အများအပြားထွက်ပေါ်နေပြီး ထိုထဲမှ ခေါင်းစဉ် အနည်းငယ်ကသာ လူအများ၏အာရုံစိုက်မှုကို ဆွဲဆောင်နိုင်သည်။ ထို့ကြောင့်၊ Corydalis မိတ်ကပ်သည် ခိုကျီကို တိုက်ခိုက်ခြင်းကို ရပ်လိုက်ပါက အရည်အသွေးအရှုပ်တော်ပုံသည် လူအများ၏ လျစ်လျူရှုခံရမည်ဖြစ်သည်။
ထိုသတင်းသည် ခိုကျီ ၏ဂုဏ်သိက္ခာကို အမှန်တကယ်ထိခိုက်စေခဲ့သော်လည်း အရမ်းမပြင်းထန်ပေ။ နိုင်ငံတကာမှ နာမည်ကြီး မိတ်ကပ်အမှတ်တံဆိပ်တွေပင် အဆိုးမြင်သော မှတ်ချက် အများအပြား ရခဲ့ဖူးသည်။ မတူညီသော လူတွေသည် မတူညီသော အကြိုက်တွေ ရှိကြသည်။ သုံးစွဲသူများသည် တိုက်ရိုက်ရောင်းသည့်စတိုးဆိုင်များမှ ဝယ်ယူနေသရွေ့ ထုတ်ကုန်အတုများကို ဝယ်ယူမိရန် မဖြစ်နိုင်ပေ။
Corydalis မိတ်ကပ်သည် မလှုပ်ရှားသေးသောကြောင့် ကုနင်းသည် စောင့်ဆိုင်းရန်သာ ဆုံးဖြတ်ခဲ့ပြီး သူတို့ အတူထမင်းစားရန် ထွက်သွားကြသည်။
သို့သော် ဟိုတယ်ကနေ ထွက်လာပြီးနောက် ဟန်ဝမ်လင်းသည် ကုနင်းကို ဖုန်းခေါ်လာခဲ့သည်။
ဟန်ဝမ်လင်း သည် သူမ အခု Q မြို့တွင် ရှိမှန်းသိပြီး ဖုန်းဆက်လိုက်ခြင်းဖြစ်မည်ဟုထင်လိုက်သည်။
ဟန်ဝမ်လင်းသည် ကုနင်း အပေါ် ကောင်းမွန်သော အထင်အမြင် ပေးခဲ့သောကြောင့် ကုနင်းက သူမ၏ဖုန်းကိုကိုင်လိုက်သည်။
"မင်္ဂလာပါ မစ္စဟန်" ကုနင်း ယဉ်ကျေးစွာပြောသည်။
အရင်က ပဋိပက္ခတွေရှိခဲ့ကြသော်လည်း သူတို့သည် ယခုအချိန်တွင် သူငယ်ချင်းလိုဖြစ်နေကြသည်။
စင်စစ် သူငယ်ချင်းအမျိုးအစားများစွာရှိသည် ဥပမာ သာမာန်သူငယ်ချင်း၊ ရင်းနှီးသောသူငယ်ချင်း၊ စီးပွားရေးလုပ်ဖော်ကိုင်ဖက်များ အစရှိသည်တို့ဖြစ်သည်။ ဟန်ဝမ်လင်းနှင့် ကုနင်းတို့သည် စီးပွားရေးလုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများဖြစ်သည်။ တစ်နည်းဆိုရသော် စီးပွားရေးလုပ်ငန်းတွင် အချင်းချင်း ကူညီနိုင်ကြသည်။
"မစ္စကု၊ ငါ အခုမှပဲ သတင်းတစ်ပုဒ်တွေ့ပြီး မင်း Q မြို့ မှာ ရှိနေတာကို သိလိုက်လို့။"
"ဟုတ်တယ်၊ ကျွန်မ ဖြေရှင်းစရာတစ်ခုခုရှိလို့ Qမြို့ ကိုလာခဲ့တာ။" ဟု ကုနင်း ကပြောသည်။
"မင်း အခုအားလား.. မင်း Qမြို့ မှာရှိနေမှတော့ ငါတို့အတူတူထမင်းစားလို့ရမလား?" ဟန်ဝမ်လင်းက ယဉ်ယဉ်ကျေးကျေး မေးသည်။
" အားပါတယ်၊ ဒါပေမယ့် မင်းရဲ့အချိန်တွေကို ဖြုန်းမိမှာစိုးတယ်။" ဟန်ဝမ်လင်းဟာ အလုပ်များတဲ့ စီးပွားရေးသမားတစ်ယောက်ဆိုတာ သိသောကြောင့် ပြောသည် ။
"မဖြစ်နိုင်တာ.. ငါ တစ်နေ့လုံး အားတယ်။ မစ္စကု၊ မင်းကို ရိုးရိုးသားသားပြောရရင် ငါ့တူမလေးက မင်းရဲ့အမာခံပရိသတ်တစ်ယောက်ဖြစ်ပြီး မင်းကို တကယ်သဘောကျတယ်။ ငါတို့သူငယ်ချင်းတွေဆိုတာ သူမက သိသွားတော့ မင်းကိုတွေ့ချင်လို့ ခေါ်ခဲ့ဖို့ တောင်းဆိုနေလို့။”
တကယ်တော့ ကုနင်း အခု Q မြို့မှာ ရှိနေကြောင်း တူမဖြစ်သူထံမှ ဟန်ဝမ်လင်း သည် ကြားခဲ့ခြင်းဖြစ်သည်။
ထိုစကားကိုကြားပြီး ကုနင်း အံ့သြသွားသည်။ သူမအနေနှင့် ထပ်မံငြင်းဆိုရန် မသင့်လျော်ပေ။
"ကောင်းပြီ၊ ဒါကို မငြင်းသင့်ဘူးလို့ ထင်တယ်။”
မည်သို့ဖြစ်စေ သူမသည် ယနေ့ညတွင် အားလပ်၍ အပြင်မှာ ထမင်းထွက်စားရန်စီစဉ်ထားခဲ့သည်။ ဟန်ဝမ်လင်းသည် သူမရောက်ရှိလာခြင်းကို အလေးထားသောကြောင့် သူမအနေနှင့် ထမင်းအတူစားရန် ကိစ္စမရှိပေ။
"ကောင်းပြီ မစ္စကု မင်းက အခု ဟွမ်းဒင်ဟိုတယ် မှာနေတာလား?" ဟန်ဝမ်လင်း က ဟွမ်းဒင်ဟိုတယ်ကို ကုနင်း၏ မိသားစုက ပိုင်ဆိုင်ကြောင်း သိ၍မေးလိုက်သည်။
"ဟုတ်တယ်" ကုနင်း ကပြောတယ်။
“ခဏစောင့်နေပေး။ ငါ စီစဉ်စရာတွေ လုပ်ဖို့ လိုတယ်၊ နောက်မှ မင်းကို ထပ်ခေါ်မယ်။”
“ရပါတယ်။” ကုနင်း သဘောတူသည်။ ဟန်ဝမ်လင်းနှင့် ဖုန်းချပြီးနောက်၊ ကုနင်း သည် ကောင်းယိ နှင့် ချောင်ယတို့နှင့်အတူ သူမ၏အခန်းသို့ ပြန်သွားခဲ့သည်။
ယခုအချိန်မှာ စောသေးသည်၊ ညနေ ၅နာရီခွဲ ပဲ ရှိသေးသည်။ ညစာစားဖို့က နည်းနည်းစောနေသေးသည်မို့ ကုနင်းသည် ခေတ္တစောင့်ရန် ကိစ္စမရှိပေ။
ဟန်ဝမ်လင်းသည် ကုနင်းကို အချိန်အကြာကြီး စောင့်မနေစေဘဲ ဟွမ်းဒင်ဟိုတယ် သို့ မိနစ် ၂၀ အကြာတွင် ရောက်ရှိခဲ့သည်။ ထို့နောက် သူမသည် ကုနင်း ကိုဖုန်းခေါ်သည်။
သူမသည် ဖုန်းမခေါ်ခင် သီးသန့်အခန်းကို ကြိုတင်မှာယူထားပြီး ယနေ့ည သူမ၏ဧည့်သည်ဖြစ်သည့် ကုနင်းနှင့် အတူသွားရန် ဆုံးဖြတ်ခဲ့သည်။
ဟန်ဝမ်လင်းသည် သူမ၏ကားကို ပါကင်ထိုးပြီးမှသာ ကုနင်းကို ဖုန်းခေါ်ခဲ့သည်။