အခန်း (၁၃၃၃-၁၃၃၈)
Vol. 86 Ch. 1333-1338
အပိုင်း ၁၃၃၃ ကုနင်းကို ထောက်လှမ်းခြင်း...
ထိုစည်းမျဉ်းသည် ချိုးဖျက်၍မရသော စည်းမျဉ်းတစ်ခုဖြစ်သည်။
လွန်ခဲ့သော အနှစ် ၂၀ ခန့်က ကျင့်ကြံခြင်းလောကတွင် သြဇာအရှိဆုံး မိသားစုလေးခုတွင် မွေးဖွားခဲ့သော မိန်းကလေးတစ်ဦးသည် သေမျိုးနှင့် ချစ်မိသွားပြီး သူမ၏မိသားစုကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သည်။ ထို့နောက် သူမ အသတ်ခံရသည်။
"သုန်းဖန်းကျီယွီက အကောင်းဆုံးလို့ မင်းအမြဲတမ်းတွေးနေတာမဟုတ်ဘူးလား? ကုနင်း က သူ့ထက် ပိုကောင်းတယ်လို့ ဘာလို့ ရုတ်တရက်ကြီး ထင်သွားတာလဲ?" ပိုင်လီကျုံးယန် မေးသည်။
"ယှဉ်ကြည့်ပြီးတော့ ငါအဲ့လိုတွေးမိတာ.. တစ်ယောက်က သိုင်းပညာရှင်ဖြစ်ပြီး နောက်တစ်ယောက်ကကျင့်ကြံသူမလို့ သူတို့ရဲ့ သိုင်းပညာအဆင့်ကို ယှဉ်လို့မရပေမယ့် ... သူတို့ရဲ့ အသွင်အပြင်နဲ့ စွမ်းရည်တွေကို နှိုင်းယှဉ်ကြည့်ရင် ကုနင်းက သုန်းဖန်းကျီယွီထက် အများကြီး ပိုထူးချွန်ပါတယ်။” ပိုင်လီကျုံးရွှယ် ပြန်ပြောလိုက်သည်။
ပိုင်လီကျုံးရွှယ်သည် ကုနင်းတွင် မှော်အစွမ်းရှိမှန်း မသိသောကြောင့် ကုနင်းသည် သုန်းဖန်းကျီယွီထက် အားနည်းသည်ဟု သူမယုံကြည်ခဲ့သည်။ သို့သော်၊ ကုနင်းသည် သူမထင်သလို လုံးဝ မပျော့ညံ့ပေ။
ပိုင်လီကျုံးယန်သည် သူ၏ညီမပြောသည်ကို သဘောတူသော်လည်း ကုနင်းသည် သေမျိုးဖြစ်သောကြောင့် သူ ကုနင်းကို လိုက်ရန် ရည်ရွယ်ချက်မရှိပေ။
"အိုး၊ အဲ့ဒီ ခိုကျီက တကယ်ထိရောက်လား?" ပိုင်လီကျုံးရွှယ် သိချင်လာသည်။ သူမသည် အလွန်ငယ်ရွယ်ပြီး ကျင့်ကြံခြင်းကြောင့် အသားအရေကောင်းမွန်ပြီး အသားအရေထိန်းသိမ်းမှုဆိုင်ရာ ထုတ်ကုန်များကို အာရုံစိုက်မှုနည်းပါးခဲ့သည်။
“ပြီးတော့ ကိုလိန်းနဲ့ပတ်သက်ပြီး ကောင်းမွန်တဲ့ မှတ်ချက်တွေကို ငါတွေ့ခဲ့ရတယ်။ မှော်ဆေးလို အစွမ်းထက်ပုံပဲ?" ပိုင်လီကျုံးရွှယ် ဆက်ပြောလိုက်သည်။
“ဆေးပညာကို အများကြီး လေ့လာထားတယ်မဟုတ်ဘူးလား? စမ်းသပ်ကြည့်ဖို့ နည်းနည်းလောက်ဝယ်လိုက်လေ။”
"ဟုတ်သား.. ငါဘယ်လိုတောင်မေ့နိုင်ရတာလဲ... မနက်ဖြန်...ဝယ်ပြီးလေ့လာကြည့်ရမယ်။" ပိုင်လီကျုံးရွှယ် စိတ်လှုပ်ရှားသွားသည်။
နောက်တစ်နေ့တွင်၊ ခိုကျီနှင့် ကုနင်းတို့၏ သတင်းကို လူအများက ပိုစိတ်ဝင်စားလာခဲ့ပြီး ခိုကျီနှင့်ကိုလိန်း နှစ်ခုစလုံးသည် ကုနင်း၏ ကုမ္ပဏီများဖြစ်သည်ကို သိလိုက်ရသောအခါ အံ့သြသွားကြသည်။
ဤရက်အနည်းငယ်အတွင်း ကုနင်းကို လူအများအပြားက စိုးရိမ်ပူပန်စွာ ဖုန်းခေါ်ဆိုကြသည်။ ထိုထဲတွင် ပိုင်လီကျုံးယန် ပါပါဝင်သည်။
ကုနင်းသည် အလားတူ ဖုန်းခေါ်ဆိုမှု အများအပြားကို လက်ခံရရှိပြီးနောက် စိတ်ရှည်သည်းခံမှု ပျောက်ဆုံးသွားသော်လည်း သူမသည် ဖုန်းခေါ်ဆိုမှုများကို ကြင်နာစွာ ပြန်လည်ဖြေကြားခဲ့သည်။
မြို့တော်ရှိ ပိုင်လီကျုံးရွှယ်သည် နံနက် ၉ နာရီတွင် ကိုလိန်း ဆိုင်သို့ သွားခဲ့သည်။ သူမသည် ဆေးနှင့် လိမ်းဆေးအချို့ကို ဝယ်ခဲ့သည်။
အိမ်ပြန်ရောက်သောအခါ ဆေးအထုပ်တွေကို ချက်ချင်းဖွင့်လိုက်သည်။ သို့သော် ရင်းနှီးသည့် အရာတစ်ခုကို အနံ့ရပြီး အံ့သြသွားသည်။ ဆေးထဲတွင် မှော်အစွမ်းပါဝင်သည်။
ပိုင်လီကျုံးရွှယ် မယုံကြည်နိုင်ဖြစ်သွားသည်။
ကိုလိန်းသည် ကုနင်း၏ ကုမ္ပဏီဖြစ်သောကြောင့် ကုနင်းသည်လည်း မှော်အစွမ်းရှိရမည်။
ပိုင်လီကျုံးရွှယ်တွင် အတွေးတစ်ခု ပေါ်လာခဲ့သည်။ ကုနင်းသည် ကျင့်ကြံသူ ဖြစ်နိုင်သည် သို့မဟုတ် သူမတွင် မှော်အစွမ်းနှင့် ပြည့်စုံသော အဖိုးတန်အရာဝတ္ထုတစ်ခု ရှိရမည်ဟူ၍ပင်။
ထိုအကြောင်းတွေးပြီး ပိုင်လီကျုံးရွှယ်သည် ချက်ချင်း ပိုင်လီကျုံးယန်ကို ဖုန်းဆက်လိုက်သည်။
"ဘာကိစ္စလဲ?"
"ကျုံးယန် အခု စကားပြောလို့ အဆင်ပြေလား? ငါ နင့်ကို အရေးကြီးတာတစ်ခုပြောစရာရှိတယ်”
ထိုစကားကိုကြားပြီး ပိုင်လီကျုံးယန်သည် လေးနက်သည့် အမူအရာနဲ့ ပြောလိုက်သည်။ “ရတယ်၊ ငါ့ရုံးခန်းမှာ ငါတစ်ယောက်တည်း။ ဘာဖြစ်တာလဲ?"
"ကိုလိန်းဆေးနည်းနည်းဝယ်လာတာ၊ သူတို့ထဲမှာမှော်အစွမ်းတွေတွေ့တယ်။"
"ဘာကိုလိန်း ဆေးမှာ မှော်အစွမ်းရှိတာလား?" ပိုင်လီကျုံးယန် အံ့သြသွားသည်။ ကိုလိန်းသည် ကုနင်း၏ ကုမ္ပဏီများထဲမှ တစ်ခုဖြစ်သောကြောင့် မှော်အစွမ်းသည် သူမနှင့် ပတ်သက်မှု တစ်ခုခုရှိရမည်။ ကုနင်းသည် ကျင့်ကြံသူ သို့မဟုတ် မှော်စွမ်းအားရှိသော ရတနာတစ်ခုပိုင်ဆိုင်ထားခြင်းဖြစ်ရမည်။
သို့သော်လည်း ပိုင်လီကျုံးယန်သည် ကုနင်း ထံမှ မည်သည့် မှော်စွမ်းအင်ကိုမှ မခံစားမိသောကြောင့် သူမတွင် မှော်စွမ်းအားရှိသော ရတနာတစ်ခုခုရှိရမည်။
သူမသာ သာမန်သေမျိုးဆိုလျှင် မှော်စွမ်းအားအကြောင်း သူမမည်သို့သိနိုင်မည်လဲ။
ထို့အပြင် ကုနင်းသည် မှော်အစွမ်းရှိကြောင်းကို သိထားပါက၊ သူမသည် သူ၏ကျင့်ကြံသူဖြစ်ခြင်းကို သိရှိနိုင်မည်ဖြစ်သည်။ ပိုင်လီကျုံးယန်သည် လက်ခံရန် အလွန် ခက်ခဲသည်ဟုခံစားရသည်။
သူသည် ကုနင်း ကျင့်ကြံသူဖြစ်ခြင်း သို့မဟုတ် မှော်အစွမ်းကို ခံစားနိုင်ခြင်းကို မယုံကြည်နိုင်ပေ။
ထိုသို့ဆိုလျှင် သူမ၏နောက်တွင် တခြားတစ်ယောက်ရှိရမည်။
ပိုင်လီကျုံးယန်ကတော့ ထိုအရာက ပိုပြီး ကျိုးကြောင်းဆီလျော်သည်ဟုထင်သည်။
"သေချာလား?"
"အရမ်းသေချာတယ်၊ ဒီနေ့ မင်းအိမ်ပြန်ရောက်ရင် ကိုယ်တိုင် စစ်ကြည့်ပေါ့။"
ပိုင်လီကျုံးယန်သည် အချိန်အကြာကြီးစောင့်ဆိုင်းရန် စိတ်မရှည်သောကြောင့် ကုမ္ပဏီမှ ချက်ချင်းထွက်ခဲ့သည်။
မိနစ် ၂၀ လောက်ကြာသော် ပိုင်လီကျုံးယန် သူ့အိမ်သို့ ပြန်ရောက်လာသည်။
ပိုင်လီကျုံးယန် အစောကြီး ပေါ်လာသောအခါ ပိုင်လီကျုံးရွှယ် အံ့သြသွားသည်။ ပိုင်လီကျုံးယန် ပြန်ရောက်လာသည်နှင့် သူသည် ပိုင်လီကျုံးရွှယ်ကို ဆေးတောင်းလိုက်သည်။ ထိုဆေးဗူးကိုဖွင့်လိုက်သည်နှင့် မှော်အစွမ်း၏အနံ့ကိုရသည်။
"ကိုလိန်းကထုတ်တဲ့ ဆေးအမျိုးအစားတိုင်းမှာ မှော်အစွမ်းရှိတာလား?" ပိုင်လီကျုံးယန် မေးသည်။
“ဟုတ်တယ်”
"ကုနင်းကို စုံစမ်းသင့်တယ်လို့ ငါထင်တယ်။" ပိုင်လီကျုံးယန် မျက်လုံးများကို မှိတ်ထားသည်။ သူသည် ကုနင်းနှင့် ရန်ငြိုးမရှိသလို သူတို့ကြားတွင်လည်း အကျိုးစီးပွားပဋိပက္ခမရှိသောကြောင့် ကုနင်းကိုစုံစမ်းရန် စိတ်ကူးမရှိခဲ့ပေ။ ကုနင်းသည် သူ၏မိတ်ဆွေဖြစ်နိုင်သည်မို့ အလေးထားခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ ယခုအခြေအနေမှာ မတူတော့ပေ။ ကုနင်းသည် သူ၏မိတ်ဆွေလား ရန်သူလား မသေချာတော့ပေ။
ကုနင်းသာ မှော်အစွမ်းကို အမှန်တကယ်ခံစားနိုင်လျှင်၊ သူမသည် သူ့၏ကျင့်ကြံသူဖြစ်ခြင်းကို ရှာဖွေတွေ့ရှိပြီးသားဖြစ်နိုင်ချေ များသည်။
ကြီးကြီးမားမားကိစ္စတစ်ခုမဟုတ်သော်လည်း သူမ သူ့ကို ထိခိုက်လာစေမည်ကို စိုးရိမ်သည်။
ကုနင်းသည် သူ့ဘက်မှ ချဥ်းကပ်ခဲ့ခြင်းဖြစ်သော်လည်း သူ့အနေနှင့် ထောက်လှမ်းရန်လိုအပ်သည် မဟုတ်လျှင် သူစိတ်မအေးနိုင်ပေ။
သူတို့သည် ရန်သူများမဟုတ်သရွေ့ ကုနင်းနှင့် မိတ်ဆွေဖွဲ့လိုစိတ်ရှိသေးသည်။
ပိုင်လီကျုံးယန် အားကောင်းသောရန်သူရှိလာမည့်အရေးကိုတော့ တုန့်ဆိုင်းမိသည်။
***
အပိုင်း ၁၃၃၄ ဂိမ်းကို ဈေးကွက်စတင်တင်သွင်းခြင်း
ကုနင်းသည် ထိုအတွက် စိတ်ခုမည်ဖြစ်သော်လည်း တတ်နိုင်သမျှ သတိထားရမည်ဖြစ်၍ ရွေးချယ်စရာမရှိပေ။
ကျွမ်းချွမ်ဟောက်နှင့် အခြားအပြစ်ရှိသူများကို ဖမ်းထားပြီးဖြစ်သော်လည်း တရားလိုအနေနှင့် ကုနင်းသည် ပြည်သူ့လုံခြုံရေးဗျူရိုသို့သွားရန် လိုအပ်နေသေးသည်။ ထို့ကြောင့် ကုနင်း ဤအတောအတွင်း Q မြို့တွင်နေခဲ့သည်။
သူမသည် ကျွမ်းချွမ်ဟောက်ကို လူကိုယ်တိုင် တရားစွဲရန် လိုအပ်သည်။
ထိုနေ့မနက်တွင်၊ ကုနင်း စာရွက်စာတမ်းနှင့် အထောက်အထား အမျိုးမျိုးကို ပြင်ဆင်ကာအလုပ်ရှုပ်နေသည်။
သူမ၏ရှေ့နေအဖြစ် ကုနင်းသည် ချန်စန်းယိကိုဖုန်းဆက်ပြီးခေါ်လိုက်သည်။ ချန်စန်းယိလည်း ရှန်းနဉ်လုပ်ငန်းစုမှ Qမြို့ကို အစောဆုံးလေယာဉ်နှင့် ရောက်လာသည်။
သူမသည် ဤမြို့ကရှေ့နေတစ်ဦးကို ငှားရမ်းနိုင်သော်လည်း ပိုမိုယုံကြည်စိတ်ချရသော သူမ၏ကိုယ်ပိုင်ရှေ့နေကို အသုံးပြုရန် ပိုသဘောကျသည်။ အခြေခံအားဖြင့် ရှေ့နေကောင်းကောင်း ငှားရန် အကုန်အကျများလွန်းသည်။
သူမ၏ရှေ့နေသည် နံနက် ၁၁ နာရီတွင် ရောက်ရှိလာပြီးနောက် သူတို့သည် ပြည်သူ့လုံခြုံရေးဗျူရိုသို့ အတူတူသွားကြသည်။
ပြည်သူ့လုံခြုံရေးဗျူရိုသည် ကုနင်း၏ နောက်ခံအကြောင်းကို သိထားပြီးဖြစ်၍ ရဲတွေအားလုံးသည် သူမကို အလွန်ယဉ်ယဥ်ကျေးကျေးဆက်ဆံကြသည်။ စင်စစ် သူတို့သည် သူမ၏ ပရိသတ်တွေဖြစ်သည်။
သူတို့သည်အင်တာနက်ပေါ်တွင် ကုနင်းအကြောင်း သတင်းတွေ အများကြီးဖတ်ပြီး သူမသည် ဘီလျံနာတစ်ယောက်မှန်းသိကြသည်။ ငယ်ငယ်ရွယ်ရွယ်နှင့် ဤမျှအောင်မြင်သူ များများစားစားမရှိပေ။
ထိုရဲများက ကုနင်းကို နှုတ်ဆက်သောအခါတွင် သူမသည် သူတို့ကို ကြင်နာစွာ ပြုံးပြသည်။
ကုနင်းသည် အလွန်ကြင်နာပြီး နူးညံ့သော်လည်း၊ သူမ၏ အင်အားအငွေ့အသက်ကို သူတို့ ခံစားနိုင်ဆဲဖြစ်သည်။ ကုနင်းသည် စီးပွားရေးလုပ်ငန်းစုကြီးတစ်ခု၏ တည်ထောင်သူဖြစ်သောကြောင့် သူမအနေနှင့်သြဇာလွှမ်းမိုးမှုကို ပြသရမည်မှာသဘာဝကျသည်။ သူမသာ သူမ၏သြဇာကို မပြလျှင် တခြားလူများက သူမကို ပေါ့ပေါ့တန်တန် တွေးကြမည်ဖြစ်သည်။
သို့သော်လည်း သူမသည် အလွန်အကျွံ လုပ်၍မရပေ။ မဟုတ်လျှင် အခြားသူများက သူမကို အထင်အမြင်ဆိုးဝါးလိမ့်မည်။ သူမသည် တခြားသူများ သူမကိုကြောက်ခြင်းကိုမဖြစ်စေချင်ပေ။ သို့သော် သူမကို ရင်သပ်ရှုမောနေရမည်။
ကုနင်းသည် အမှုကို တာဝန်ခံရဲဖြစ်သူနှင့် တွေ့ဆုံခဲ့ပြီး သူမ မထွက်ခွာမီ စာရွက်စာတမ်းအထောက်အထားများ ပေးအပ်ခဲ့သည်။
သူမ ထွက်သွားသည်နှင့် တစ်ပြိုင်နက် ထိုရဲတပ်သားများသည် သူမ၏အကြောင်း စပြောလာကြသည်။
“လူတွေက သူ့ကို ကုနတ်ဘုရားမလို့ ခေါ်တာ အံ့သြစရာ မရှိပါဘူး။ ထူးချွန်သလောက် လှလည်းလှတယ်။”
“ဟုတ်တယ်၊ သူ့ကိုရော သူ့မိဘတွေကိုရော လေးစားတယ်။ သူ့မိဘတွေက သူမကို ဒီလို ထူးချွန်အောင် ဘယ်လို သင်ပေးခဲ့လဲမသိဘူး။”
"ငါ့ကလေးဆို တစ်နေ့လုံး ဂိမ်းဆော့ဖို့ပဲ သိတယ်။"
"သူမက အရမ်းတော်တယ်လို့ ငါထင်တယ်။"
"သူမမိဘတွေက သူမအတွက် အရမ်းဂုဏ်ယူနေမယ်ထင်တယ်။"
"ငါ့သားကို သူ့ရဲ့ တဝက်လောက်ပဲ ထူးချွန်ရင်ကောင်းမယ်။"
“…”
ကုနင်း မြို့တော်သို့ ထွက်ခွာသွားစဉ်တွင် သူမ၏ရှေ့နေသည် ၎င်းကို ကိုင်တွယ်ဖြေရှင်းရန် Q မြို့တွင် နေခဲ့သည်။
ညနေ ၃ နာရီထိုးနေပြီဖြစ်၍ သူမသည် ကောင်းကင်တိုက်ပွဲ၏ ထုတ်လုပ်မှုကွန်ဖရင့်ကို တက်ရောက်ရန်လွဲချော်သွားသည်။
ကောင်းကင်တိုက်ပွဲ၏ ထုတ်လုပ်မှုကွန်ဖရင့်ကို မွန်းလွဲ ၂ နာရီတွင် ကျင်းပမည်ဖြစ်ပြီး အင်တာနက်အသုံးပြုသူအများအပြားသည် တရားဝင်ဝက်ဘ်ဆိုက်တွင် ဒေါင်းလုဒ်ဆွဲ၍ရသည်နှင့် ၎င်းကို စတင်ဒေါင်းလုဒ်လုပ်ကြသည်။
သို့သော် တစ်ချိန်တည်းတွင် လူများစွာက ၎င်းကိုဒေါင်းလုဒ်ဆွဲနေသောကြောင့် ဝဘ်ဆိုဒ် ပျက်လုနီးပါးဖြစ်နေသည်။
"အင်တာနက်လိုင်းက အရမ်းနှေးတယ်။"
"တစ်ချိန်တည်းမှာ ဒေါင်းလုဒ်လုပ်သူတွေ အရမ်းများနေတယ်။"
"ငါ ဒေါင်းလုဒ်လုပ်လို့ ရသွားပြီ။"
" မင်းကို မနာလိုလိုက်တာ။"
"ငါရောပဲ။"
“…”
အင်တာနက်အသုံးပြုသူအများအပြားသည် Weibo ပေါ်တွင် အတွန့်တက်သူကတက် အားပေးသူကအားပေးဖြစ်သည်။
ကောဆုနည်းပညာသည် ဂိမ်းအသစ်သည် အလွန်ရေပန်းစားသည်ကို တွေ့မြင်ရသည့်အတွက် ဝမ်းသာမိသော်လည်း အခြားဂိမ်းကုမ္ပဏီများမူ မနှစ်သက်ကြပေ။ အထူးသဖြင့် ထျန်းဟယ်နည်းပညာ ဖြစ်သည်။
ထျန်းဟယ်နည်းပညာသည် ထိုနှစ်အစပိုင်းတွင် ဂိမ်းအသစ်တစ်ခုကို ဖြန့်ချိခဲ့ပြီး ထိုဂိမ်းသည် ရိုက်ခတ်မှုမဖြစ်စေခဲ့သော်လည်း ဂိမ်းကစားသူများထံမှ အာရုံစိုက်မှုကိုတစ,တစ ရလာခဲ့သည်။ သို့သော် ကောင်းကင်တိုက်ပွဲ ရုတ်တရက်ပေါ်လာသည်။
အချိန်ကြာမြင့်စွာထွက်ရှိခဲ့သောဂိမ်းများသည် ပုံမှန်အားဖြင့် သစ္စာရှိကစားသမားများရှိကြပြီး ဂိမ်းတွင် အဆင့်မြင့်နေသောကစားသမားများသည် ထိုအဆင့်ကိုစွန့်လွှတ်ရန်ဆန္ဒရှိမည်မဟုတ်ပေ။
ကံမကောင်းစွာဖြင့်၊ ထျန်းဟယ်နည်းပညာသည် အချိန်ပိုလိုအပ်နေသေးသည်။
ထျန်းဟယ်နည်းပညာ၏ မြှင့်တင်ရေးဌာနတွင် ပရောဂျက်မန်နေဂျာသည် ဒေါသထွက်ကာ စားပွဲကို ပြင်းပြင်းထန်ထန် ထုရိုက်ခဲ့သည်။
“ကောင်းကင်တိုက်ပွဲက ဘာလို့ အခု စတင်လိုက်ရတာလဲ? ငါတို့ဂိမ်းက အခုမှ အာရုံစိုက်မှုရလာကာစရှိသေးတယ်။ ငါတို့ အခု အရမ်းအန္တရာယ်များတဲ့ အနေအထားမှာ ရောက်နေပြီ။” ပရောဂျက်မန်နေဂျာသည် ဒေါသတကြီးဖြင့် အံကြိတ်ထားသည်။
"ကောင်းကင်တိုက်ပွဲ အစောပိုင်းအဆင့်မှာ အလွန်ရေပန်းစားပါတယ်၊ ဒါပေမယ့် အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာ ကျွန်တော်တို့ မသိနိုင်သေးပါဘူး" ဂိမ်းဒီဇိုင်နာတစ်ဦးက ပြောကြားခဲ့သည်။
ကောင်းကင်တိုက်ပွဲသည် အလွန်ဆွဲဆောင်မှုရှိပြီး စွဲလမ်းစေသောကြောင့် သူတို့သည် ကြီးစွာသောခြိမ်းခြောက်မှုကို ခံစားခဲ့ရသည်။ သူတို့ပင် ကစားကြည့်ဖို့ရန် မစောင့်နိုင်ကြပေ။
"ဂိမ်းပရိုဂရမ်ကို ဖျက်ဆီးဖို့ သူတို့ရဲ့ စနစ်ထဲကို ဟက်ချင်တယ်၊ ဒါပေမယ့် သူတို့က ငါတို့ထက်ပိုပြီး အဆင့်အတန်းမြင့်နေမှာစိုးတယ်၊ ငါတို့အကြောင်း ပေါ်သွားလို့မဖြစ်ဘူး။" မန်နေဂျာက ပြောသည်။
စင်စစ် ကောဆုနည်းပညာသည် ကောင်းကင်တိုက်ပွဲကို ထုတ်လုပ်တော့မည်ကို စသိကတည်းက သူ့တွင် ထိုအကြံအစည်ရှိခဲ့သော်လည်း လုပ်ဆောင်ရန် မဝံ့ရဲခဲ့ပေ။
"ဒါက ကောင်းတဲ့အကြံမဟုတ်ဘူးဆိုပေမယ့် ဒီအတိုင်း ဒီရလဒ်ကို လက်ခံလိုက်ရတော့မှာလား?" နောက်ထပ် ဂိမ်းဒီဇိုင်နာတစ်ယောက်က မေးသည်။ "ငါတို့ အခု ဘာဆက်လုပ်ရမလဲ?" အဖွဲ့ဝင်တစ်ဦးသည်လည်း စိတ်အခြေအနေ အလွန်ဆိုးဝါးလို့နေသည်။
***
အပိုင်း ၁၃၃၅ အနာဂါတ် ဘုရင်မ
“ကောင်းပြီ၊ ဒီမှာ အတွန့်တက်နေတာ အဓိပ္ပါယ်မရှိဘူး။ ငါတို့က ဘော့စ်မဟုတ်ဘူး၊ ငါတို့ ဆုံးဖြတ်ချက်မချနိုင်ဘူး။" ပရောဂျက်မန်နေဂျာသည် သူတို့၏ ဆွေးနွေးမှုကို ရပ်လိုက်သည်။
တခြားသူများသည် ပါးစပ်ပိတ်ထားရသည်၊ အကြောင်းမှာ ဤကိစ္စသည် ပညာရှင်များ၏ကိစ္စဖြစ်နေသောကြောင့်ပင်။
ဒေါင်းလုဒ်ပြီးသည်နှင့် အင်တာနက်အသုံးပြုသူအများအပြားသည် ကောင်းကင်တိုက်ပွဲကို စတင်ကစားကြသည်။
ဂိမ်းအသစ်ဖြစ်သော်လည်း အများစုသည် ဂိမ်းချစ်သူတွေဖြစ်သောကြောင့် ရင်းနှီးဖို့မခက်ကြပေ။ ထို့ကြောင့် အချိန်အတော်ကြာ ကစားပြီးနောက်တွင် အများစုသည် ဂိမ်း၏စည်းမျဉ်းတွေကို ရင်းနှီးလာကြသည်။
တစ်ချိန်တည်းမှာပင်၊ ဂိမ်းအသစ်သည် အလွန်ဆွဲဆောင်မှုရှိသောကြောင့် ဂိမ်းကစားသူအသစ်များစွာကိုလည်း ဆွဲဆောင်နိုင်ခဲ့သည်။
ဂိမ်းသည် ကျွမ်းကျင်မှု လိုအပ်သောကြောင့် အများအပြားသည် ခဏအကြာတွင် ရှုံးနိမ့်ခဲ့ပြီး ၎င်းနှင့်ပတ်သက်ပြီး Weibo တွင် တစ်ခုပြီးတစ်ခု ကွန်းမန့်များ ရေးသားကြသည်။
"ကောင်းကင်တိုက်ပွဲက ငါကစားဖူးသမျှ အကောင်းဆုံးဂိမ်းပဲ။"
"သဘောတူတယ်၊ ဖုန်းကိုချဖို့ ခက်တယ်။"
"အရမ်းပျော်ဖို့ကောင်းတယ်။"
"ကျွန်တော်ပြောချင်တာက လူတိုင်းကစားသင့်တယ်.. မကစားရင် နောင်တရလိမ့်မယ်။"
“…”
လူတော်တော်များများသည် သူတို့၏ သုံးစွဲသူအတွေ့အကြုံကို Weibo တွင် ကြွားဝါခဲ့ကြသော်လည်း အချို့မှာ ဒေါင်းလုဒ်၍ပင်မပြီးသေးပေ။
“အိုး...ကစားပြီးတဲ့သူတွေကို အရမ်းမနာလိုတာပဲ။”
"ငါ ..ကစားဖို့ မစောင့်နိုင်တော့ဘူး"
“…”
တချို့လူများသည် သံသယ ရှိလာကြသည်။
"တကယ်လား တကယ်ပျော်စရာကောင်းတာလား?"
"သူ့ရဲ့ကြော်ငြာက အရမ်းစိတ်လှုပ်ရှားစရာကောင်းတာကို ဝန်ခံပါတယ်၊ ဒါပေမယ့် တခြားဂိမ်းတွေထက် ပိုကောင်းမယ်လို့တော့မထင်ပါဘူး။"
“…”
"မင်းစမ်းကြည့်ပြီးမှ သိလိမ့်မယ်။"
"ဟုတ်တယ် ..အလျင်စလို မငြင်းပါနဲ့၊ မဟုတ်ရင် မင်းနောင်တရလိမ့်မယ်"
“…”
အင်တာနက်ပေါ်တွင် လူအများအပြားသည် ကောင်းကင်တိုက်ပွဲ အကြောင်း ဆွေးနွေးနေကြသည်။
အချိန်တိုတိုအတွင်း၊ ကောင်းကင်တိုက်ပွဲ သည် Weibo တွင် အကျော်ကြားဆုံးအကြောင်းအရာတစ်ခု ဖြစ်လာခဲ့သည်။
ကောင်းကင်တိုက်ပွဲ၏ လူကြိုက်များမှုကြောင့် ပိုမိုများပြားသော အင်တာနက်အသုံးပြုသူများသည် ဆွဲဆောင်ခံခဲ့ရသည်။ မတူတဲ့လူတွေသည် ကွဲပြားသည့် အကြိုက်တွေရှိတတ်ကြ၍ လူတိုင်းထိုဂိမ်းကို မကြိုက်ပေ။ ဂိမ်းကစားသူအချို့သည် ထိုဂိမ်းကို ငြီးငွေ့ဖွယ်ကောင်းသည်ဟု ထင်ကာ အတန်ကြာကစားပြီးနောက် စွန့်လွှတ်လိုက်သော်လည်း ဂိမ်းနှင့်ပတ်သက်၍ အပျက်သဘောဆောင်သည့်ကွန်းမန့်များကို ရေးသားခဲ့ခြင်းမရှိပေ။ စင်စစ် အရည်အသွေးမြင့်ဂိမ်းတစ်ခုဖြစ်ပါသည် သူတို့အတွက် မသင့်တော်ခြင်းသာဖြစ်သည်။
အချို့သောလူများသည် ကောင်းကင်တိုက်ပွဲသည် ပျော်စရာမကောင်းကြောင်း၊ အခြားဂိမ်းကို ပိုနှစ်သက်ကြောင်းလည်း ရေးသားခဲ့သည်။
မည်သို့ပင်ဖြစ်စေ ဂိမ်းကစားသူ 90% လောက်သည် ကောင်းကင်တိုက်ပွဲကို ကြိုက်ကြသည်။
ကုနင်းသည် ညနေ ၆ နာရီတွင် မြို့တော်သို့ ရောက်ရှိလာပြီး လွတ်သွားသော ဖုန်းခေါ်ဆိုမှုများနှင့် ကေထံမှ မက်ဆေ့ချ်တစ်စောင်ကို တွေ့လိုက်ရသည်။
ကေသည် လွန်ခဲ့သည့် တစ်နာရီခန့်က သူမအား ဖုန်းခေါ်ဆိုခဲ့သော်လည်း ထိုအချိန်တွင် သူမသည် လေယာဉ်ပေါ်ရှိနေ၍ ဖုန်းပိတ်ထားခဲ့သည်။
ကုနင်း ကေ၏မက်ဆေ့ချ်ကို ချက်ခြင်းဖတ်လိုက်ပြီး ကေသည် ကြော်ညာသည့်အနေနှင့် သူမအားလပ်လျှင် ဂိမ်းကစားရန်ပြောခဲ့သည်။
ကုနင်းလည်း ထိုသို့လုပ်ဖို့ ဆန္ဒရှိပြီး ကေဆီကို စာပြန်ပို့လိုက်သည်။
အထွက်လမ်းမှ လမ်းလျှောက်ထွက်လာပြီးနောက် လင်ရှောင်းထင်သည် ဆိုက်ရောက်သည့် ခန်းမတွင် ရပ်နေသည်ကို သူမတွေ့လိုက်ရသည်။
“ပြီးသွားပြီ၊ သူ့ကို သေဒဏ်ပေးလိုက်ပြီ။” လင်ရှောင်းထင်သည် ကုနင်း ကို ပြောလိုက်သည်။
“ကောင်းလိုက်တာ။” ကုနင်း ခေါင်းညိတ်လိုက်သည်။
လူကာသည် ကံဆိုးပြီး ကုနင်းကို ရင်ဆိုင်ခဲ့မိသည်။ သူသည် လင်ရှောက်ကျားထံမှ မစ်ရှင်ကို မထမ်းဆောင်ပါက၊ သူ၏အသက်ဆုံးရှုံးမည် မဟုတ်ပေ။ သို့သော် ထိုသို့ဖြစ်ရန် သူတောင်းဆိုခဲ့ခြင်းဖြစ်သည်။
တစ်ဖက်တွင်၊ လင်ရှောက်ကျားသည် သူ၏အဖြေကို စောင့်နေဆဲဖြစ်သည်။ လူကာ သေဒဏ်ချမှတ်ခံထားရပြီးဖြစ်သည်ကို သူမ မသိခဲ့ပေ။
ကုနင်းသည် လင်ရှောက်ကျားကိုမတွေ့ချင်သောကြောင့် လင်မိသားစု၏အိမ်သို့ သွားရန် တွန့်ဆုတ်နေသည်။ သူမကိုယ်သူမ မထိန်းနိုင်ပဲ သခင်ကြီးလင် ထိုအကြောင်းကို သိရှိသွားမည်ကိုစိုးရိမ်နေသည်။
ညစာစားချိန်ရောက်ပြီဖြစ်၍ ကုနင်းသည် သူမ၏ကိုယ်ရံတော်နှစ်ယောက်နှင့်အတူ ထမင်းစားဖို့သွားကြသည်။
လမ်းတွင် ကုနင်း သူမ၏ဖုန်းကို ထုတ်ပြီး ဂိမ်းကို စကစားလိုက်တယ်။ သူမသည် အချီပေါင်းများစွာ ကစားခဲ့ပြီး အကြိမ်တိုင်း အနိုင်ရခဲ့သည်။ သူမဟာ စခရင်ရှော့ရိုက်ပြီး Weibo မှာ တင်လိုက်သည်။
ကုနင်း - အရမ်းပျော်စရာကောင်းတဲ့ဂိမ်းပါ။ ငါ့ကိုစိန်ခေါ်ချင်တဲ့သူရှိလား? ငါက တစ်ချိန်လုံး အွန်လိုင်းမတက်နိုင်ဘူး.. အဲ့ဒါကြောင့် မင်းရဲ့ကံအပေါ်မူတည်တယ်။
ပုံတွင် သူမအိုင်ဒီကိုမဝှက်ထားသောကြောင့် လူတိုင်းသည်သူမ၏ဂိမ်း အိုင်ဒီကိုသိသွားကြသည်။
သူမ ဤပို့စ်ကို တင်လိုက်သည်နှင့် Weibo တွင် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ အချို့သည် ကုနင်းကို သူငယ်ချင်းအဖြစ်အက်ဒ်လိုက်ပြီး အချို့သည် အောက်တွင် ရိုးရိုးရှင်းရှင်း ကွန်းမန့်မန့်ကြသည်။
"အနာဂတ်ဘုရင်မ ဘယ်လောက်ကောင်းတဲ့နာမည်လဲ!"
" ကုနတ်ဘုရားမ အတွက် အရမ်းသင့်တော်ပါတယ် "
“…”
တစ်ချို့လူများသည် ကုနင်းကို သူတို့၏ သူငယ်ချင်းအဖြစ် မအက်ဒ်နိုင်သောကြောင့် Weibo တွင် အတွန့်တက်ရေးသားကြသည်။
"ငါ့ရဲ့အဆင့်က အရမ်းနိမ့်နေလို့ ကုနတ်ဘုရားမကို ငါ့သူငယ်ချင်းအဖြစ် မအက်ဒ်နိုင်ဘူး။ ငါ့နှလုံးသားလေး ကြေကွဲနေပြီ။"
“ကုနတ်ဘုရားမက မယုံနိုင်စရာပဲ။ သူ့အဆင့်က အရမ်းမြင့်တယ်”
ဂိမ်းတွင် အဆင့်တူကစားသမားများသာ အချင်းချင်း သူငယ်ချင်းအဖြစ် အက်ဒ်နိုင်သည်။
ဂိမ်းကို အခြေခံအဆင့်, အလယ်အလတ်အဆင့်, တန်းမြင့်အဆင့်, နတ်ဘုရားအဆင့်, သူတော်စင်အဆင့်, ကောင်းကင်ဘုံအဆင့်နှင့် တုနှိုင်းမဲ့အဆင့် ၍ အဆင့်ခုနစ်ဆင့် ခွဲခြားထားသည်။ အဆင့်တစ်ခုစီတွင် လယ်ဗယ် ၁၀၀ ရှိသည်။
ကုနင်းသည် ယခု အလယ်အလတ်အဆင့်ရောက်နေပြီဖြစ်သောကြောင့် အခြေခံအဆင့်ကစားသမားများသည် သူမ၏သူငယ်ချင်းများမဖြစ်နိုင်ကြပေ။
"ကုနတ်ဘုရားမက အဲဒါကို အချိန်အကြာကြီး ကစားဖူးမယ်ထင်တယ်၊ မဟုတ်ရင် တစ်ရက်အတွင်း ဒီလောက်မြင့်တဲ့အဆင့်ကို မရောက်နိုင်ဘူးလို့ ငါထင်တယ်။"
"ငါလည်းအဲ့လိုထင်တယ်၊ အခု ငါ ကောဆုနည်းပညာက ကုနတ်ဘုရားမရဲ့ ကုမ္ပဏီပါလို့ ယုံကြည်လာမိပြီ။"
"ငါလည်း အတွေးတူတယ်"
***
အပိုင်း ၁၃၃၆ ကုနင်း တမင်လုပ်ခဲ့တာ..
အင်တာနက်အသုံးပြုသူအများအပြားသည် ကုနင်းကိုမန်းရှင်းကာ ထိုအကြောင်းကိုမေးကြသည်။ သို့သော် ကုနင်း ပြန်မဖြေပေ၊
ကုနင်း ပြန်မဖြေခဲ့သော်လည်း သူမကိုစိတ်ဆိုးခြင်းမရှိပေ။ အကြောင်းမှာ သူမသည် Weibo တွင် ဖောလိုးဝါများလွန်းသောကြောင့် သူမနှင့် ပတ်သက်သည့် မေးခွန်းတိုင်းကို ဖြေကြားဖို့ မဖြစ်နိုင်သောကြောင့်ဖြစ်သည်။ သူမမှာ ပြောစရာရှိလျှင် လူတိုင်းမြင်နိုင်အောင် ပို့စ်တစ်ခု တိုက်ရိုက်တင်လိမ့်မည်။
ဆိုရှယ်မီဒီယာလွှမ်းမိုးသူ အားလုံးသည် ထိုကဲ့သို့ ပြုမူကြသည်။ ထို့ကြောင့် လူတိုင်းက ကျင့်သားရနေကြပြီဖြစ်သည်။
"အဲဒါက ကုနတ်ဘုရားမ ရဲ့သူငယ်ချင်းကုမ္ပဏီလည်းဖြစ်နိုင်တယ်"
"ဟုတ်တယ်၊ ကုနတ်ဘုရားမရဲ့ သူငယ်ချင်းတော်တော်များများက သူမ ပရိုမိုးရှင်းဆင်းဖို့ လိုအပ်တဲ့အခါတိုင်း သူ့ပို့စ်တွေကို ပြန်တင်ကြတယ်။"
"ငါသဘောတူတယ်"
“…”
အဲဒီနောက်မှာတွင် လူများသည် ဤခန့်မှန်းချက်ကို လက်ခံရန် ရွေးချယ်ခဲ့ကြသည်။
ကောဆုနည်းပညာသည် အမှန်တကယ် ကုနင်း၏ ကုမ္ပဏီဖြစ်သော်လည်း ထိုအကြောင်းကို လူတော်တော်များများ မသိကြပေ။
“အဲ့တာက...အရေးမကြီးပါဘူး။ ငါက ကုနတ်ဘုရားမကို ငါ့သူငယ်ချင်းအဖြစ် ထည့်ချင်တာ ဒါပေမယ့် သူ့အဆင့်က ငါ့ထက် အများကြီး ပိုမြင့်တယ်။"
"ဟုတ်တယ် ငါသူမနဲ့ကစားချင်တယ်"
"ငါရောပဲ"
" ကုနတ်ဘုရားမက လူတွေက သူ့သူငယ်ချင်းဖြစ်ဖို့အတွက် ဂိမ်းကို များများ ဒေါင်းလုဒ်ဆွဲနိုင်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာဖြစ်မယ်။"
" ကုနတ်ဘုရားမ နဲ့ အမီလိုက်နိုင်ဖို့ ဂိမ်းကို အပတ်တိုင်း ကစားရမယ်ထင်တယ်"
“…”
လူအများအပြားသည် ကုနင်းက ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့သည်ဟု ယုံကြည်ကြသည်။
ကုနင်းသည် ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခဲ့ခြင်းမှာ အမှန်ပင်ဖြစ်သည်။ သူမ၏ အိုင်ဒီကို လူသိရှင်ကြား ထုတ်ပြီးသည်နှင့် လူများစွာက သူမ၏ သူငယ်ချင်းဖြစ်လိုသောကြောင့် ဂိမ်းကိုကစားကြစေရန် ရည်ရွယ်ခဲ့သည်။ သူမသည် လူအများကြီးနှင့် မဆက်ဆံနိုင်ပေ။
ထို့ကြောင့် သူမသည် ကျွမ်းကျင်သော ကစားသမားများသာ သူမ၏ သူငယ်ချင်းဖြစ်စေရန် မြင့်မားသောအဆင့်သို့ တိုက်ရိုက်ရောက်ရှိစေခဲ့သည်။
ကုနင်းအတွက် မြင့်မားသောအဆင့်သို့ရောက်ရန် လွယ်ကူသော်လည်း အခြားလူများစွာအတွက် အလွန်ခက်ခဲပါသည်။ ရလဒ်အနေဖြင့်၊ ဂိမ်းကစားသူအနည်းငယ်သာ ကုနင်း၏သူငယ်ချင်းများဖြစ်လာကြသည်။
ထို့အပြင် သူမသည် ပိုမိုများပြားသောလူများကို ဂိမ်းကစားရန် ဆွဲဆောင်နိုင်ခဲ့သည်။
သူမသည် ဂိမ်းကို ဒေါင်းလုဒ်လုပ်ပြီး ကစားရန် ပရိသတ်များကို အတင်းအကျပ် ခိုင်းစေခြင်း မဟုတ်ပေ။ သူတို့၏ သူမနှင့် အတူတူ ဂိမ်းကစားလိုစိတ် ရှိမရှိအပေါ်ကိုသာ မူတည်သည်။ သူတို့အနေနှင့် လွတလွတ်လပ်လပ်ငြင်းပိုင်ခွင့်ရှိသည်။
သူမ၏ ပရိသတ်များသည် ဤဂိမ်းကို အမှန်တကယ် မကြိုက်ပါက၊ သူမက အတင်းအကြပ်ဆော့ခိုင်းလျှင်ပင် ဂိမ်းကို ဒေါင်းလုဒ်လုပ်မည်မဟုတ်ပေ။ သူမရဲ့ ပရိသတ်များသည် အကျိုးအကြောင်းဆင်ခြင်နိုင်သည်။
ပို့စ်တင်ပြီးနောက် ကုနင်းသည် ချူးဖေ့ဟန်နှင့် WeChat ဂရုရှိ သူမ၏ အခြားသူငယ်ချင်းများထံ မက်ဆေ့ချ်ပေးပို့ကာ အားသည့်အချိန်မှာ ထိုဂိမ်းကို ကစားဖို့ အကြံပေးလိုက်သည်။
ကုနင်း အကြံပြုသည်ဖြစ်၍ သူတို့ သေချာပေါက်စမ်းကြည့်လိမ့်မည်။
ယွီမီရှီနှင့် အန်းယိမှလွဲ၍ ကျန်သူများသည် ဂိမ်းချစ်သူများဖြစ်ကြသည် အထူးသဖြင့် ချင်ကျီရွှမ်နှင့် ကျန်းထျန်ပင်းတို့ဖြစ်သည်။ ဟောင်ရန်၊ ချူးဖေ့ဟန် နှင့် စုအန်းယာတို့သည် တစ်ခါတစ်ရံတွင် ဂိမ်းကစားကြသည်။
ကုနင်း ရုတ်တရက် အရေးကြီးသည့်အရာတစ်ခုကို တွေးမိပြီး ယွီမီရှီကို ချက်ချင်းဖုန်းခေါ်လိုက်သည်။
ကုနင်း၏အဝင်ကောလ်ကို မြင်လိုက်ရသောအခါ ယွီမီရှီ အံ့သြသွားသည်။
"ဟိုင်း နင်းနင်း"
"အရေးကြီးတာတစ်ခုပြောဖို့မေ့သွားတယ်။ ဒီ အားလပ်ရက်တွင် ငါ့ကုမ္ပဏီဘဏ္ဍာရေးဌာနမှာ အလုပ်သင်အဖြစ် ဝင်လုပ်ချင်လား? Fမြို့ရဲ့ မြို့လယ်မှာ ရှိတာမို့ အလုပ်ပြီးရင် နေ့တိုင်း အိမ်ပြန်နိုင်တယ်။ ဘယ်လိုထင်လဲ?" ကုနင်း မေးလိုက်သည်။
ယွီမီရှီသည် အခုချိန်တွင် သူမရဲ့ ဝန်ထမ်းတစ်ယောက်လို ဖြစ်နေသော်လည်း သူမကို အတင်းအကြပ် ဘာမှလုပ်ခိုင်းမည် မဟုတ်ပေ။ ကောလိပ်ဝင်ခွင့်စာမေးပွဲ ပြီးသွားကာစမို့ အများစုသည် အပန်းဖြေချင်ကြသည်ကို နားလည်ပေးနိုင်သည်။ တက္ကသိုလ်တက်လျှင် အခြေအနေမှာ မတူတော့ပေ။
ကောလိပ်ကျောင်းသား တော်တော်များများသည် ဝင်ငွေရှာရန် အားလပ်ရက်တွင် အလုပ်လုပ်ရန် ရွေးချယ်ခဲ့ကြသည်။ အချို့သည် သူတို့ မိသားစုအတွက် ငွေကြေးဝန်ထုပ်ဝန်ပိုးကို ပေါ့ပါးစေရန် လုပ်ဆောင်ကြပြီး အချို့မှာ လုပ်ငန်းခွင်မ၀င်မီ ကျွမ်းကျင်မှုအချို့ကို သင်ယူရန် လုပ်ကြသည်။
“ဒါပေါ့” ဤသတင်းကြားရသည်ကို ယွီမီရှီ အရမ်းပျော်သွားသည်။
သူမသည် ဤရက်ပိုင်းတွင် သူမ၏မိသားစုစားသောက်ဆိုင်ငယ်လေးတွင် မိဘများကို ကူညီပေးနေပြီး သူမ၏သူငယ်ချင်းများနှင့် မဆုံဖြစ်ပေ။
ယွီမီရှီ၏မိဘများသည် ကျားဟွာဥယျာဉ် အပြင်ဘက်ရှိ ဆိုင်ငယ်လေးတစ်ဆိုင်ကို ငှားရမ်းပြီး စားသောက်ဆိုင်ငယ်လေးတစ်ခု ဖန်တီးခဲ့သည်။
ယွီမီရှီ၏ဖခင်သည် ဟင်းချက်ကျွမ်းကျင်သောကြောင့် စားသောက်ဆိုင်သည် လူကြိုက်များပြီး တစ်လလျှင် ယွမ်နှစ်သောင်းခန့် ဝင်သည်။
“ကောင်းပြီ၊ နင့်ကို မခေါ်ခင် ကုမ္ပဏီကို အကြောင်းကြားလိုက်ဦးမယ်” သူမသည် ယွီမီရှီကို တတ်နိုင်သမျှ စောစော အလုပ်ဝင်နိုင်ရန် မျှော်လင့်ခဲ့သည်။
ကုနင်းသည် အန်းကွမ်းယောင်ကို ဖုန်းဆက်ပြီး သူမ၏အစီအစဉ်ကို ပြောပြသည်။
အန်းကွမ်းယောင်သည် စိတ်အားထက်သန်စွာသဘောတူပြီး ယွီမီရှီသည် မနက်ဖြန် နံနက် ၉ နာရီမတိုင်မီ အလုပ်ဝင်နိုင်ကြောင်း ပြောခဲ့သည်။
ထို့နောက် ကုနင်း ယွီမီရှီကို ဖုန်းထပ်ခေါ်ပြီး အချိန်ကို ပြောပြလိုက်သည်။
ကုနင်းသည် ရှန်းဟွာအိမ်ခြံမြေတွင် သူမအား အလုပ်သင်လုပ်စေရန် စီစဉ်နေကြောင်း ယွီမီရှီသိသောအခါ အံ့အားသင့်ခဲ့သည်။အကြောင်းမှာ ထိုလုပ်ငန်းသည် အန်းယိ၏ မိသားစုစီးပွားရေးဖြစ်သောကြောင့်ပင်။
ထိုလုပ်ငန်းသည် အန်းယိ၏မိသားစုမှ မပိုင်ဆိုင်သော်လည်း အန်းယိ၏ဖခင်က ထိုလုပ်ငန်းကို စီမံခန့်ခွဲနေခြင်းဖြစ်သည်။
ထို့ကြောင့်၊ ကုနင်းသည် ရှန်းဟွာအိမ်ခြံမြေ၏ ဘော့စ်အစစ်ဖြစ်ကြောင်း မည်သူမျှ မသိကြပေ။
ယွီမီရှီ ထိုသို့ သိလိုက်သည်နှင့် ကုနင်းသည် ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းနှင့် ဆက်ဆံရေးရှိနိုင်သည်ဟု သူမထင်လာသည်။
***
အပိုင်း ၁၃၃၇ ရှေ့ဖြစ်ဟောသူ
ကုနင်း၏ကုမ္ပဏီသည် Fမြို့တွင်မရှိပေ။ သို့သော် ကုနင်းသည် အန်းယိ၏ဖခင်ကိုရင်းနှီးသောကြောင့် သူမကို ရှန်းဟွာအိမ်ခြံမြေတွင် အလုပ်လုပ်ရန်စီစဉ်ပေးခဲ့သည်၊၊ ထိုသို့ဆိုလျှင် သူမသည် အလုပ်ပြီးလျှင် အိမ်ပြန်ရန် အတွက် လွယ်ကူလိမ့်မည်။
ယွီမီရှီသည် ထိုသို့ ယူဆပြီး ဤအကြောင်းကို ထပ်မမေးတော့ပဲ ကုနင်း၏ အစီအစဉ်ကို လက်ခံလိုက်သည်။
ဖုန်းခေါ်ဆိုမှုပြီးနောက် ကုနင်းသည် ဟိုတယ်သို့ရောက်ရှိလာပြီး သူမ၏ကိုယ်ရံတော်များနှင့် လင်ရှောင်းထင်တို့နှင့်အတူ ထမင်းစားရန်သွားသည်။
ညစာစားပြီးသည်နှင့် အပြင်ကို ထွက်ကြသောအခါ တံခါးဖွင့်ထားသည့် ထားတဲ့ သီးသန့်ခန်းတစ်ခုမှ အမျိုးသမီးအသံကို ကြားလိုက်ရသည်။ လင်ရှောက်ကျား၏အသံဖြစ်သည်။
ကုနင်း၏မျက်နှာအမူအရာ ပြောင်းလဲသွားသော်လည်း သူမ တည်ငြိမ်အေးဆေးစွာနေနိုင်သေးသည်။ သို့သော် လင်ရှောင်းထင်မှာမူ ဒေါသများပြည့်နှက်နေသည်။ စက္ကန့်ပိုင်းအတွင်း သူသည် ထိုအခန်းထဲသို့ဝင်သွားတော့မည့်အတိုင်းပင်.. ထို့ကြောင့် ကုနင်း သူ့ကို ချက်ချင်းဆွဲခေါ်သွားရသည်။
သူတို့အနေနှင့် ကလဲ့စားချေမယ်ဆိုသော်လည်း အခုချက်ချင်းမလုပ်နိုင်ပေ။
ကုနင်း သည် သူမလက်စားချေမည့်အကြောင်းကို လင်ရှောက်ကျားအား သတိပေးရန် ရည်ရွယ်ချက်မရှိပေ။ လင်ရှောက်ကျားသိလျှင် သူမသည် သခင်ကြီးလင်ကို သေချာပေါက် ပြောပြလိမ့်မည်။
ထိုအခြေအနေမျိုးတွင် သခင်ကြီးလင်နှင့် သူမ၏ ဆက်ဆံရေး ပျက်စီးသွားလိမ့်မည်။
လင်ရှောင်းထင်သည် သီးသန့်ခန်းမှ အဝေးသို့ရောက်သွားသောအခါ သူ့ကိုယ်သူ တည်ငြိမ်အောင်လုပ်လိုက်သည်။ သူတို့သည် ရာစုနှစ်မြို့တော်သို့ တိုက်ရိုက်ပြန်သွားကြသည်။
ကောင်းယိက ကားမောင်းပြီး ချောင်ယသည် ရှေ့ထိုင်ခုံမှာ ထိုင်ပြီး ကုနင်းနှင့် လင်ရှောင်းထင်တို့က နောက်ထိုင်ခုံမှာ ထိုင်ကြသည်။
လင်ရှောင်းထင်သည် လမ်းတစ်လျှောက် ဒေါသထွက်နေသေးသောကြောင့် ကုနင်း၏လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။ ကုနင်း ည် သူ့ကို ဆိုးဝါးသည့်စိတ်အခြေအနေနှင့် မမြင်ချင်၍ နှစ်သိမ့်စကားပြောရန် ကြိုးစားလိုက်သည်။ “ရှောင်းထင် ဒီကိစ္စကို ကျွန်မကိုယ်တိုင် ကိုင်တွယ်မယ်။ သိပ်ပြီး အာရုံစိုက်မနေပါနဲ့။”
“ကောင်းပြီ။” လင်ရှောင်းထင်သည် ကုနင်းကို စိတ်မပူစေချင်သောကြောင့် သဘောတူလိုက်သည်။ လင်ရှောက်ကျားသည် ကုနင်းကို အကြိမ်များစွာ မကောင်းကြံနေသောကြောင့် သူစိတ်ထဲထားမိနေသည်။ သို့သော် သခင်ကြီးလင်အတွက် သူတို့ သည်းခံဖို့လိုသည်။
လင်ရှောင်းထင် အလွန်ဒေါသထွက်ပြီး ကုနင်းအတွက် စိတ်မကောင်းဖြစ်မိသည်။
ကုနင်းသည် လင်မိသားစုနှင့် ပက်သက်မှုမရှိပါက၊သူမသည် လင်ရှောက်ကျားအား သူမအလိုကျ အပြစ်ပေးရန် တွန့်ဆုတ်နေမည်မဟုတ်ပေ။
“အစောကြီးရှိသေးတယ်။ ကျွန်မတို့ ရှေးဟောင်းလမ်းပေါ်မှာ ခဏလောက်လမ်းလျှောက်ကြရင် မကောင်းဘူးလား?။" လင်ရှောင်းထင်ကို အာရုံပြောင်းဖို့ရန် ကုနင်း ကြိုးစားခြင်းဖြစ်သည်။
မြို့တော်တွင် ရှေးဟောင်းလမ်းများစွာရှိပြီး ထိုလမ်းများအားလုံးသည် သမိုင်းကြောင်းအခိုင်အမာရှိခဲ့ကြသည်။ သို့သော် ထိုလမ်းများကို ပြန်လည်မွမ်းမံတည်ဆောက်ထားပြီး ယခုအခါ ခရီးသွား ဆွဲဆောင်မှုဖြစ်လာသည်။ ယခုဆိုလျှင် နေ့ရောညပါ စည်ကားနေသည်။
ထိုလမ်းများတွင် ညမြင်ကွင်းသည် ထူးထူးခြားခြား လှပသည်။
ကုနင်းသည် ရှေးဟောင်းလမ်းများကို အထူးချစ်မြတ်နိုးသည်။ လင်ရှောင်းထင်သည် ထိုအကြောင်းကို သိနားလည်၍ သူသဘောတူလိုက်သည်။
"ရတာပေါ့။" ကုနင်းကို ပြုံးပြကာ သဘောတူလိုက်သည်။။
ထို့နောက် ကုနင်းသည် ကောင်းယိကို ရှေးဟောင်းလမ်းသို့ မောင်းခိုင်းလိုက်သည်။
သူတို့ရောက်သောအခါ နေဝင်ချိန်သာ ရှိသေးသည်။
ကမ္ဘာလှည့်ခရီးသည်များ ဆွဲဆောင်ရာနေရာဖြစ်သောကြောင့် လာရောက်လည်ပတ်သူများနှင့် ဈေးဆိုင်များ အများအပြားရှိသည်။
လင်ရှောင်းထင်နှင့် ကုနင်းတို့သည် ကောင်းယိနှင့် ချောင်ယတို့နှင့် သီးခြားစီ လမ်းလျှောက်ခဲ့ကြသည် ။ အကြောင်းမှာ သူတို့လေးဦးသည် စုံတွဲနှစ်တွဲဖြစ်သည်။
လင်ရှောင်းထင်နှင့် ကုနင်းတို့သည် ရှေးဟောင်းလမ်းတစ်လျှောက် လက်တွဲလမ်းလျှောက်သွားကြသည်။
ဗေဒင်ဆရာတစ်ယောက်၏ရှေ့မှ ဖြတ်သွားမိသောအခါ အဘိုးကြီးသည် ကုနင်းကို လှမ်းခေါ်သည်။ “ဟေ့ မိန်းကလေး၊ ဗေဒင်တွက်ပေးရမလား? အရမ်းမှန်တယ်နော်။"
"ရပါတယ် ကျေးဇူးပါ။" ကုနင်းသည် ဗေဒင်ကိုမကြိုက်ပေ ။ လိမ်လည်မှုဟုသာထင်သည်။
"လာပါ ...စမ်းကြည့်ပါ" အဘိုးအိုသည် အရှုံးမပေးပဲ ကုနင်းနှင့် လင်ရှောင်းထင်၏ရှေ့မှာ ရပ်နေသည်။
လင်ရှောင်းထင်က မကျေနပ်ဖြစ်ကာ မျက်မှောင်ကြုတ်လိုက်သော်လည်း ဘာမှမပြောပေ။ အဘိုးအိုသည် စိတ်ရှုပ်စရာကောင်းသော်လည်း သူတို့ကို နာကျင်အောင် မလုပ်ခဲ့ပေ။
"ကျွန်မ အယုံအကြည်မရှိဘူး"
“ကောင်းပြီ၊ မင်းရဲ့ဘ၀ကို လုံးဝပြောင်းလဲသွားစေတဲ့ကံဆိုးမှုတစ်ခု လွန်ခဲ့တဲ့တစ်နှစ်ခွဲလောက်က မင်းကြုံခဲ့ရတယ်ဆိုတာ မင်းမျက်နှာကနေ ငါပြောနိုင်တယ်ဆိုရင်ရော။” အဘိုးအိုက ဆိုသည်။
ထိုစကားကိုကြားသော် ကုနင်း လန့်သွားသည်။
ကံဆိုးမှုဆိုသည်မှာ သူမကို ပြန်လည်မွေးဖွားစေခဲ့သည့် ကားမတော်တဆမှုဖြစ်ပြီး သူမနိုးလာပြီးနောက်တွင် အရာအားလုံး ပြောင်းလဲသွားပါတော့သည်။ ဤသည်မှာ လျှို့ဝှက်ချက်မဟုတ်သော်လည်း သူမရောက်နေသည့်နေရာမှာ F မြို့မဟုတ်ပေ။
ကုနင်း စိတ်ထဲတွင် အတွေးများစွာ တွေးအိသွားသော်လည်း သူမ၏မျက်နှာပေါ်တွင် တည်ငြိမ်နေသည်။
“လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်က ကျွန်မ ဆိုးရွားတဲ့ ကားမတော်တဆမှု ကြုံခဲ့ရတာ လျှို့ဝှက်ချက် မဟုတ်ဘူး။ ကျွန်မကိုသိတဲ့လူတွေအားလုံး သိတယ်။ ပိုက်ဆံလိုချင်လို့ ရည်ရွယ်ချက်ရှိရှိ ကျွန်မအကြောင်း အချက်အလက်တွေ ရှာထားတာလား?"
"ရယ်စရာကောင်းလိုက်တာ" ကုနင်း ထိုသို့ပြောသည့်အခါ အဘိုးအိုက စိတ်ဆိုးသွားသည်။ "ဒါက အခမဲ့ပါ။ မင်းပိုက်ဆံကို ငါမလိုချင်ဘူး"
"တောင်းပန်ပါတယ် ဘာပဲဖြစ်ဖြစ် ကျွန်မစိတ်မဝင်စားဘူး။" ကုနင်း ငြင်းလိုက်ပြန်သည်။ သို့သော် အဘိုးအိုသည် အလွန်လေးနက်သောကြောင် သူမအနေနှင့် လန့်မိသည်။ အဘိုးအိုသာ သူမ၏ကံကြမ္မာကို အမန်တကယ်ပြောပြနိုင်လျှင် ကြီးမားသောဒုက္ခတစ်ခုဖြစ်လိမ့်မည်။
ကုနင်းသည် သူ့ကို ရှောင်ဖို့ ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် သူမသည် လင်ရှောင်းထင်ကို ဆွဲခေါ်ကာ ထွက်ခွာသွားခဲ့သည်။
“မိန်းကလေး…” အဘိုးအိုသည် သူမကို လွှတ်မပေးချင်သော်လည်း ကုနင်းနှင့် လင်ရှောင်းထင်သည် အဝေးကို အမြန်ထွက်သွားပြီဖြစ်၍ လက်လွှတ်လိုက်ရသည်။ ကုနင်း၏ လက္ခဏာကို သဘောကျသောကြောင့် ယခုအချိန်တွင် သူသည် သူ၏ ဆိုင်းပုဒ်ကို ထောင်ရန် စိတ်မ၀င်စားတော့ပေ။
သူမ၏မျက်နှာမှ ထူးထူးခြားခြားအရာများစွာကို သူမြင်တွေ့ခဲ့ရသော်လည်း သူမ၏မျက်နှာကို ရှင်းရှင်းလင်းလင်းမြင်နိုင်ခွင့်မရှိခဲ့၍ ထိုအရာကို သူမသိခဲ့ရပေ။ မည်သို့ပင်ဆိုစေကာမူ၊ သူမသည် ထိုကံဆိုးမှုကိုကြုံတွေ့ပြီးနောက် သူမသေဆုံးမည်ဖြစ်သော်လည်း သူမလွတ်မြောက်ခဲ့သည်။ ထို့ကြောင့် ထိုမိန်းကလေး၏ဘဝသည် အလွန်ထူးခြားကြောင်း သူသေချာသိသည်။
***
အပိုင်း ၁၃၃၈ ရှားယီချူး ဒဏ်ရာရသွားတယ်
ကံဆိုးမှု ပြီးနောက်ပိုင်းတွင် သူမ၏ဘဝသည် လုံးဝပြောင်းလဲသွားကာ ခြားနားသော လူတစ်ယောက်ဖြစ်လာခဲ့သည်။ ဘဝနှစ်ခုရှိသောလူတစ်ယောက်သဖွယ်ဖြစ်သည်။ သို့သော် လူတစ်ယောက်တွင် ဘဝနှစ်ခုရှိရန် မဖြစ်နိုင်သောကြောင့် အဘိုးအိုသည် စဉ်းစားမရနိုင်ပေ။
ကုနင်း၏ ကံကြမ္မာကို မပြောပြနိုင်ခဲ့သောကြောင့် အဖိုးအိုသည် စိတ်ပျက်မိသော်လည်း ပြန်ဆုံတွေ့မည်ဟု ခံစားမိနေသောကြောင့် သူ အရမ်းတော့စိတ်ပျက်လက်ပျက် မဖြစ်ပေ။ ကံကြမ္မာကို သူယုံသည်။
အဝေးကို လျှောက်သွားပြီးနောက် ကုနင်းသည် စိတ်သက်သာရာရသွားသည်။
ကုနင်း တစ်ခုခုကိုစိတ်ပူနေပြီး အဘိုးကြီးကို ရှောင်ချင်နေမှန်း လင်ရှောင်းထင် နားလည်လိုက်သည်။
သူသည် သူမ၏ကိုယ်ပိုင်ကိစ္စများကို သူ ဝင်မစွက်ဖက်ချင်သော်လည်း တစ်စုံတစ်ရာက ကုနင်းကို ထိခိုက်စေမည်ကို ကြောက်သောကြောင့် သူမကိုမေးလိုက်သည်။ "နင်းနင်း ဘာလို့ သူ့ကို ရှောင်နေတာလဲ?"
ထိုစကားကိုကြားပြီး ကုနင်း အနည်းငယ် ထိတ်လန့်သွားသည်။ သူမသည် ပြန်လည်မွေးဖွားလာခြင်းဖြစ်ကြောင်း လင်ရှောင်းထင်ကို လုံးဝ မပြောပြနိုင်ပေ။ "တကယ်တော့.. သူက ကျွန်မရဲ့ ကျောက်စိမ်းမျက်လုံးကို မြင်ရမှာကို ကြောက်နေတာ။"
လင်ရှောင်းထင်သည်လည်း ထိုအရာသည် အမှန်ပင် အရေးကြီးသောလျှို့ဝှက်ချက်ဖြစ်သောကြောင့် ခေါင်းညိတ်လိုက်သည်။ “မှန်တယ်၊ မင်း အခုကစပြီး သတိထားရမယ်။”
အကယ်၍ တခြားသူများသိလျှင် ကုနင်း အန္တရာယ်ရှိလာလိမ့်မည်။
ကုနင်းသည် အားနည်းသူတစ်ယောက်မဟုတ်သော်လည်း သူမကို နာကျင်စေလိုသော တစ်စုံတစ်ယောက်ရှိသည်ဟုတွေးမိလျှင် သူ စိတ်ပူမိသည်။
"အဲ့လိုလုပ်ပါ့မယ်" ကုနင်းသည်လည်း ပြဿနာကို မကြိုက်၍ ရှောင်လွှဲရန် အတတ်နိုင်ဆုံး လုပ်မည်ဖြစ်သည်။
ကောင်းကင်တိုက်ပွဲသည် ထွက်လာပြီးသည်နှင့် တစ်ပြိုင်နက် ပိုမိုရေပန်းစားလာသည်။
တစ်ညနေခင်းတည်းနှင့် ပိုမိုများပြားသေူလူများကိုဆွဲဆောင်နိုင်ခဲ့သည်။
ကုနင်းကို သူငယ်ချင်းအဖြစ် ထည့်ချင်သော်လည်း မအောင်မြင်သည့် သူတွေသည် သူတို့၏ အချိန်နဲ့ ခွန်အားတွေ အများကြီးကိုရင်း၍ ဂိမ်းကို သည်းကြီးမဲကြီးကစားနေကြသောကြောင့်ဖြစ်သည်။ သူတို့သည် ကုနင်း၏သူငယ်ချင်းအဖြစ် သူမနှင့်အတူ ဂိမ်းကစားရန် စိတ်အားထက်သန်နေကြသည်။
သူမ၏ ပရိတ်သတ် မဟုတ်သည့် တခြားလူများသည် ဂိမ်းကို စွဲလန်း၍ ကစား နေကြခြင်းဖြစ်သည်။
ကုနင်းတို့ ည ၉း၃၀ တွင် အိမ်သို့ပြန်ရောက်သည်။
လင်ရှောင်းထင်သည် ထိုညတွင် ကုနင်း၏အိမ်တွင်ပဲနေခဲ့သည်။
လင်ရှောင်းထင်သည် ဤရက်များတွင် မစ်ရှင်မထမ်းဆောင်ရသော်လည်း၊ အပြင်တွင်အားလပ်ကာ လျှောက်သွားနေရသည်ဟု မဆိုလိုပေ။ မနက်ဖြန်ဆိုလျှင် စစ်တန်းလျားကို ပြန်သွားရမည်။
စင်စစ် သူသည် ယနေ့ ထွက်ခွာမည်ဟု စိတ်ကူးရှိသော်လည်း ကုနင်း မြို့တော်ကို ပြန်လာသောကြောင့် ထွက်ခွာမည့် အချိန်ကို မနက်ဖြန်သို့ ရွှေ့ဆိုင်းလိုက်သည်။ သူ ကိုင်တွယ်ရမည့် ကြီးကြီးမားမားကိစ္စ မရှိသောကြောင့် ကိစ္စမရှိပေ။
လင်ရှောင်းထင်သည် ကုနင်းနှင့် အချိန်အတော်ကြာအောင် အတူမနေခဲ့ရ၍ အိပ်ရာပေါ်က သူမကို အလွန်လွမ်းဆွတ်နေခဲ့သည်။
"နင်းနင်း ကိုယ် မင်းကို မထားခဲ့ချင်ဘူး" လင်ရှောင်းထင်သည် ကုနင်းကို သူ၏ရင်ခွင်ထဲတွင် ပွေ့ဖက်ထားသည်။ သူတို့သည် နေ့တိုင်း နေ့တိုင်း အတူနေနိုင်သော သာမန် စုံတွဲတွေ ဖြစ်စေချင်မိသည်။ သို့သော် သူ့အလုပ်ကြောင့် ထိုသို့မနေနိုင်ပေ။
"ကျွန်မလည်း ရှင့်ကို မခွဲချင်ဘူး။" ကုနင်းလည်း သူ့ကို တင်းတင်းကြပ်ကြပ် ပြန်ဖက်ထားသည်။ သူမသည် လင်ရှောင်းထင်နှင့်ခွဲရန် တွန့်ဆုတ်နေသော်လည်း သူမသည် သူ့ထက်ပို၍ ရင့်ကျက်သောကြောင့် အရမ်း မဝမ်းနည်းမိပေ။
သူတို့နှစ်ယောက်၏ ဆက်ဆံရေးတွင် လင်ရှောင်းထင်သည် သူမထက် အချစ်ပိုသည်။ သို့သော်၊ သူမသည် လင်ရှောင်းထင် သူမကို ချစ်သလောက် မချစ်ဘူးဟု မဆိုလိုပေ။
လင်ရှောင်းထင် သူမအတွက် လုပ်ပေးနိုင်သည့်အရာများကို သူ့အတွက် သူမ ကျေကျေနပ်နပ် ပြန်လုပ်ပေးနိုင်သည်။
နောက်တစ်နေ့တွင် လင်ရှောင်းထင် နေ့လည်စာစားပြီး ထွက်ခွာသွားခဲ့သည်။
ထို့နောက် ကုနင်း သူမ၏ ကုမ္ပဏီသို့ အလုပ်သွားသည်။
ကုနင်း အခန်းထဲသို့ ဝင်လာသည်နှင့် တပြိုင်နက် လုရှောင်းသည် ဒေါသတကြီး မျက်နှာထားဖြင့် အပြင်သို့ ထွက်လာသည်ကို သူမ တွေ့လိုက်ရသည်။
လုရှောင်းမှာ ကုနင်းကိုမြင်သောအခါ ချက်ချင်း အံသြသွားပြီး "အို ဟိုင်း...ဘော့စ်"
"ဘာမှားလို့လဲ.. ဘာလို့ဒီလောက်စိတ်တိုနေတာလဲ?"
"ရှားယီချူး ဂီတဗီဒီယိုရိုက်ကူးမှုမှာ ဒဏ်ရာရသွားလို့" လုရှောင်း စိုးရိမ်မှုအပြည့်ဖြင့် ပြောသည်။
ကုနင်းသည် ရှားယီချူးအပေါ် လုရှောင်း၏ချစ်ခင်မှုကို သတိပြုမိသောကြောင့် သူအလွန်စိုးရိမ်နေမည်ကို သူမသိသည်။
"သူမ အခု ဘယ်လိုနေလဲ? စိုးရိမ်ရလား.." ရှားယီချူး၏ဘော့စ်ဖြစ်သူအနေနှင့် ကုနင်း စိုးရိမ်စိတ်ဖြင့် မေးသည်။
“ခြေထောက်ကျိုးသွားလို့ အခု ဆေးရုံတင်ထားရတယ်။ ငါသူမကိုသွားကြည့်ဖို့သွားနေတာ”
"ကျွန်မလည်း လိုက်ခဲ့မယ်" ကုနင်း ကပြောသည်။
“ကောင်းပြီ။”
ထို့နောက် သူတို့နှစ်ယောက် ဆေးရုံကို အတူတူသွားကြသည်။
တစ်ချိန်တည်းမှာပင်၊ ထန်ဟိုင်ဖုန်းထံသို့ လင်ရှောင်းထင်နှင့် ကုနင်းတို့အတွက် စေ့စပ်မည့်ရက်ကို ကျောက်ယီရူမှ အကြောင်းပြန်ခဲ့သော်လည်း ကောင်းမွန်သည့်အရာမဟုတ်ပေ။
"လောင်ထန် ၊ ငါ ရွှမ်ရွှယ်မှာ ကျွမ်းကျင်သူမဟုတ်ပေမယ့် မင်းကို ရိုးရိုးသားသားပြောမယ်။ ရှောင်းထင်က သူ့ရဲ့ မွေးသက္ကရာဇ်နှင့် ဇာတာရုပ်အရ ဒီနှစ်မှာ စေ့စပ်ကြောင်းလမ်းသင့်သည်လို့ မထင်ဘူး။ နောက်ဆုတ်တာ ပိုကောင်းမယ်”
"ကောင်းပြီ ငါမင်းကိုယုံတယ်။ နောက်ဆုတ်တာက ပိုကောင်းတယ်လို့မင်းထင်ရင် ငါတို့နောက်ဆုတ်လိုက်မယ်။ ကိစ္စတော့ သိပ်မရှိပါဘူး။” ထန်ဟိုင်ဖုန်းသည် လင်ရှောင်းထင်နှင့် ကုနင်းတို့ ယခုနှစ်တွင် စေ့စပ်သည်ဖြစ်စေ နောက်နှစ်တွင် စေ့စပ်သည်ဖြစ်စေ ကွဲပြားမည်မဟုတ်ဟု တွေးခဲ့သည်။
ထို့နောက် ထန်ဟိုင်ဖုန်းသည် လင်ဝေ့ဟွာ ကိုပြောပြသည်။ လင်ဝေ့ဟွာသည်လည်း အနည်းငယ် စိတ်ပျက်သွားသော်လည်း လက်ခံလိုက်သည်။ သူသည် အယူသီးမှုများကို အတိုင်းအတာတစ်ခုအထိ ယုံကြည်သည်။
သို့သော် သူတို့မသိသောအရာမှာ လင်ရှောင်းထင်သည် ကံဆိုးမှုကို ကြုံတွေ့ရမည်ဟု ကျောက်ယီရူ အမှန်တကယ် တွေ့ရှိခဲ့သော်လည်း မည်မျှပြင်းထန်မည်ကို မသိပေ။
သူသည် ရွှမ်ရွှယ်အကြောင်းကို အနည်းငယ်သာ သိသောကြောင့် ရလဒ်ကို သိပ်မသေချာပေ။