← Chapters

အခန်း (၁၃၃၉-၁၃၄၄)

Vol. 86 Ch. 1339-1344

အခန်း (၁၃၃၉-၁၃၄၄)

Vol. 86 Ch. 1339-1344

အပိုင်း ၁၃၃၉ အကူအညီတောင်းခံခြင်း..

ထို့အပြင်၊ အနာဂတ်တွင် ကြောက်မက်ဖွယ်ကောင်းသောအရာတစ်ခုကို သူမြင်ရလျှင်ပင် သေချာပေါက်ဖြစ်လာမည်ဟု မဆိုလိုပေ။

အန္တရာယ်မဖြစ်စေရန် ကြိုတင်ပြင်ဆင်ထားနိုင်မည်ဖြစ်သည်။

ရှုတင်မှာ ဆေးရုံနှင့် အနည်းငယ်ဝေးသောကြောင့် ကုနင်း ရောက်ရှိလာသည့်အချိန်၌ပင် ရှားယီချူးသည် ရောက်မလာသေးပေ။

ရှားယီချူးကို မတွေ့ခင် တစ်စုံတစ်ယောက်နှင့်သွားဆုံလေသည်။

"ဒေါက်တာ၊ ကျေးဇူးပြုပြီး ကျွန်မမောင်လေးကို ကယ်တင်ပေးပါ။ ကျွန်မ နောက်ကျရင် ပိုက်ဆံပေးပါ့မယ်။" ဆရာဝန်ကို တောင်းဆိုနေသည့် အမျိုးသမီး၏အသံကို ကြားလိုက်ရသည်။

ကုနင်းနှင့် လုရှောင်းတို့သည် ပြင်ပလူနာဌာန၏ တံခါးဝတွင် အမျိုးသားဆရာဝန်တစ်ဦးကို ဆွဲထားကာ စိတ်ပျက်အားငယ်စွာဖြင့် အော်ဟစ်နေသည့် အမျိုးသမီးငယ်တစ်ဦးကို တွေ့လိုက်သည်။

"မစ္စဖန်း ကျေးဇူးပြုပြီး ရပ်လိုက်ပါ။ စည်းကမ်းအရ အခကြေးငွေ မပေးရရင် ခွဲစိတ်မှု မလုပ်နိုင်ပါဘူး။ ရိုးရိုးသားသားပြောရရင် မင်းရဲ့မောင်လေးက ခွဲစိတ်ထားရင်တောင် ပြန်ကောင်းလာမှာမဟုတ်ဘူး” အမျိုးသားဆရာဝန်က ပြန်ပြောသည်။

“ကျေးဇူးပြုပြီး…” အမျိုးသမီးသည် လက်မလျှော့ချင်ပေ။

"မစ္စဖန်း ကျေးဇူးပြုပြီး ငါ့ကိုသွားခွင့်ပြုပါလား။ ဆုံးဖြတ်ချက်ချဖို့က ငါ့အတွက်လည်း မလွယ်ဘူးလေ။” အမျိုးသားဆရာဝန်သည် သက်ပြင်းချကာ ပြောလိုက်သည်။

“ကောင်မလေးသနားပါတယ်။ ဒါပေမယ့် သူ့မှာ ပိုက်ဆံမလောက်ဘူးလေ။ သူ့မောင်လေးကို ဆေးရုံက ကုသဖို့ မဖြစ်နိုင်ဘူး”

“ဆင်းရဲတဲ့သူက သေခြင်းတရားကိုပဲ စောင့်နိုင်တယ်"

“အခုခေတ်မှာ ငွေက အရမ်းအရေးကြီးလာတယ်။"

“…”

ကြည့်ရှုသူများသည်လည်း ဝမ်းနည်းကာ သက်ပြင်းချကြသည်။

ဆေးရုံသည် ပိုက်ဆံမရှိသည့် လူနာကို ကုသမည်မဟုတ်ပေ။

ကုနင်းသည် ပိုက်ဆံမရှိလျှင် ဆေးရုံဘက်က မကုသပေးခြင်းကို အနည်းငယ်သွေးအေးသည်ဟု ခံစားရသော်လည်း ဆေးရုံသည် ပရဟိတမဟုတ်ပေ။

ကုနင်း ခဏတုံ့ဆိုင်းသွားပြီးနောက် မစ္စဖန်းဆီသို့ လျှောက်သွားလိုက်သည်။

ကုနင်း အနီးသို့ လျှောက်လာချိန်တွင် မစ္စဖန်းသည် သူမကို သတိပြုမိပြီး သူမရှေ့တွင် ချက်ချင်း ဒူးထောက်လိုက်သည်။ "မစ္စကု ကျေးဇူးပြုပြီး ငါ့မောင်လေးရဲ့ခွဲစိတ်မှုအတွက် ပိုက်ဆံနည်းနည်းလောက်ချေးပါ။ လစာနဲ့ ပြန်ပေးမယ်လို့ ကတိပေးပါတယ်။ ငါ မင်းအတွက် ဘာမဆို လုပ်ပေးဖို့ ဆန္ဒရှိတယ်။"

မစ္စဖန်းသည် ကုနင်းကို မှတ်မိပြီး ကုနင်းသည် အလွန်ကြင်နာတတ်ကြောင်း သူမသိသောကြောင့် သူမ၏ မျှော်လင့်ချက်ပြန်ပေါ်လာသည်။ စင်စစ် ကုနင်း သူမကို ကူညီချင်စိတ်မရှိလျှင် သူမသည် မကျေမနပ်ဖြစ်မည်မဟုတ်သော်လည်း မျှော်လင့်ချက်မဲ့သွားမည်ဖြစ်သည်။

မစ္စဖန်းသည် ငယ်ရွယ်သော မိန်းကလေးထံမှ ပိုက်ဆံသွားချေးနေသည်ကို မြင်သောအခါ အခြားလူများ အားလုံး ခေါင်းယမ်းကြသည်။ ခွဲစိတ်မှုတစ်ခုအတွက် အနည်းဆုံး ယွမ်တစ်သိန်းကုန်ကျပြီး မိန်းကလေးငယ်တစ်ဦးသည် သူစိမ်းတစ်ဦးအား ငွေများစွာချေးရန် မဖြစ်နိုင်ပေ။

မစ္စဖန်းက သူမ၏နာမည်ကို ခေါ်သောအခါ ကုနင်း အံ့သြသွားသည်။

စင်စစ် ကုနင်းသည် သူမဆီ လျှောက်လာကတည်းက၊ သူမကို ကူညီရန် ကြံရွယ်ထားခဲ့သည်။

မစ္စဖန်းသည် သူမ၏မောင်လေးကို ကယ်တင်ရန် သူမအတွက် ဘာမဆိုလုပ်ပေးမည်ဟု ကတိပေးသောအခါ ကုနင်း ကြည်နူးမိသွားသည်။

မိသားစုဝင်များသာ တစ်ဦးအပေါ်တစ်ဦး အနစ်နာခံလိုစိတ်ရှိကြသည်။

"ကိစ္စမရှိပါဘူး၊ ငါမင်းကို ပိုက်ဆံချေးပေးနိုင်ပေမယ့် မင်းရဲ့မောင်လေးကို အရင်တွေ့ဖို့လိုတယ်"

မစ္စဖန်း၏မောင်လေးသည် ဒဏ်ရာအပြင်းအထန်ရခဲ့သည်မှာ ထင်ရှားပြီး ခွဲစိတ်မှုခံယူရလျှင်ပင် အသက်ရှင်နိုင်မည်မဟုတ်ကြောင်း ထင်ရှားသည်။ ထို့ကြောင့်၊ ကုနင်းသည် မစ္စဖန်း၏မောင်လေးကို အရင်ကြည့်ပြီး အသက်ရှင်ရန် ကူညီချင်ခဲ့သည်။

ကုနင်းသည် အမှန် တကယ်ကူညီရန် သဘောတူလိုက်သောအခါ ကြည့်ရှုသူတွေ အံ့အားသင့်သွားသည်။

"ရပါတယ်၊ ရပါတယ်၊။" မစ္စဖန်း ချက်ချင်းပင် မတ်တပ်ရပ်ကာ ကုနင်းကို လမ်းပြလိုက်သည်။

ကုနင်းသည် မစ္စဖန်းနှင့် ထွက်မသွားမီတွင် သူမသည် ကြွေပုလင်းကို ထုတ်ကာ လုရှောင်းအား ပေးလိုက်သည်။

"ရှင်ဒီမှာ ရှားယီချူးကိုစောင့်လိုက်ပါ။ သူရောက်လာတဲ့အခါ ဒီဆေးသောက်ဖို့ ပြောပါ။ သူ့ ပြန်ကျန်းမာလာဖို့အတွက် အရမ်းအသုံးဝင်တယ်။”

“ကောင်းပြီ။” လုရှောင်းသည် မဆိုင်းမတွ ယူလိုက်သည်။

ထို့နောက် ကောင်းယိနှင့် ချောင်ယသည် မစ္စဖန်း နောက် ကုနင်းနှင့်အတူ လိုက်သွားသည်။

ဆရာဝန်နှင့်အတူ ကြည့်ရှုသူအချို့ကလည်း သူတို့နောက်ကို လိုက်လာကြသည်။

မစ္စဖန်း၏ နာမည်အပြည့်အစုံမှာ ဖန်းရှောင်မန်ဖြစ်ပြီး သူမသည် ၂၈ နှစ်ဖြစ်သည်။ သူမ၏မောင်ဖြစ်သူမှာ အသက်နှစ်ဆယ်ကျော်အရွယ် ဖန်းရှင်းဟောက် ဖြစ်သော်လည်း ခွဲစိတ်မှုမပြုလုပ်နိုင်သောကြောင့် ခန်းမထောင့်ရှိ ကုတင်ပေါ်တွင် ထားရှိထားသည်။

ဖန်းရှောင်မန်သည် ခွဲစိတ်မှုအခကြေးငွေကို မတတ်နိုင်သောကြောင့် ဖန်းရှင်းဟောက်သည် ဆေးရုံအခန်းထဲတွင် မနေနိုင်ပေ။

ကုနင်းသည် ဖန်းရှင်းဟောက်ကိုမြင်သောအခါ သူ၏ခေါင်းတွင် သွေးထွက်နေသေးသည်။ မဖယ်ရှားရသေးသော သစ်သီးဓားတစ်ချောင်းသည် သူ၏ခေါင်းတွင်စိုက်နေပြီး ခွဲစိတ်မှု မပြုလုပ်နိုင်သေးသောကြောင့် အလွန်အန္တရာယ်များသည်။

သွေးအလွန်အကျွံထွက်ခြင်းကြောင့် ဖန်းရှင်းဟောက်သည် မျက်နှာဖြူဖျော့နေပြီး အသက်ရှုကြပ်နေသည်။ အချိန်တိုင်းတွင် သူသေသွားနိုင်ပုံရသည်။

ကုနင်း အချိန်မဆွဲပဲ ရှေ့သို့ လျှောက်သွားပြီး သူမ၏ မှော်အစွမ်းကို သူ၏ခန္ဓာကိုယ်ထဲသို့ လျှို့ဝှက်ထည့်သွင်းရန် ဖန်းရှင်းဟောက်၏လက်ကို ကိုင်ထားသည်။

ကုနင်းသည် သူ့ကို မှော်အစွမ်းနှင့် ကုသမည်မဟုတ်ပဲ အသက်ရှင်ရန်သာ ကူညီပေးမည်ဖြစ်သည်။

"သူမ ဘာလုပ်နေတာလဲ?"

"မသိပါဘူး၊ သူမက နှလုံးခုန်နှုန်းစမ်းနေပုံရတယ်။"

"တကယ်လား?"

"ဘယ်သူသိမှာလဲ။"

ကုနင်း သူမ၏ မှော်အစွမ်းအား ဖန်းရှင်းဟောက်၏ ခန္ဓာကိုယ်ထဲသို့ လက်တစ်ဖက်ဖြင့် လျှို့ဝှက်ထည့်ကာ အခြားလက်တစ်ဖက်ဖြင့် ဆေးပြားကို ပါးစပ်ထဲသို့ ထည့်လိုက်သည်။

"ဒါဘာလဲ?" ဆရာဝန်ကမေးသည်။

ဖန်းရှင်းဟောက် ခွဲစိတ်မှု မလုပ်နိုင်သော်လည်း ဆေးရုံမှာ သေရန်မလိုလားပေ။

ကုနင်းသည် သူ၏မေးခွန်းကို မဖြေပေ။

ကြည့်ရှုသူများ တုန်လှုပ်သွားကာ ထပ်မံဆွေးနွေးကြသည်။

"ကောင်မလေးက အရမ်း ရဲတာပဲ အဲ့ကောင်လေးတစ်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲ?"

"သူမတာဝန်ယူရမှာပေါ့"

"..."

ကြည့်နေကြသူများသည် ကုနင်းကိုအပြစ်ပြောကြသော်လည်း ကုနင်းသည် ဂရုမစိုက်ပေ။

ကုနင်းသည် ဖန်းရှင်းဟောက် ၏ပါးစပ်ထဲသို့ ဆေးပြားထည့်လိုက်သောအခါ ဖန်းရှောင်မန်သည် အံ့အားသင့်ခဲ့ရသော်လည်း ကုနင်းကို သူမတားခဲ့ပေ။ ကုနင်းသည် ဖန်းရှင်းဟောက်ကို လူအများကြားတွင် ထိခိုက်စေမည်ဟု သူမ မထင်ပေ။

ဖန်းရှင်းဟောက်သည် သူမဆေးသောက်ပြီးနောက် သေဆုံးသွားပါက ကုနင်းသည် ကြီးမားသောဒုက္ခဖြစ်လိမ့်မည်ဖြစ်ပြီး ကုနင်းမှာ ထိုသို့ပြုလုပ်ရန် အကြောင်းမရှိပေ။

အချိန်ကြာလာသည်နှင့်အမျှ ဖန်းရှင်းဟောက်၏ အသက်ရှုသံများ တဖြည်းဖြည်း တည်ငြိမ်လာပြီး ပုံမှန်အတိုင်း အသက်ရှုလာသည်။

***

အပိုင်း ၁၃၄၀ အနိုင်ကျင့်ခြင်း...

မိနစ်အနည်းငယ်ကြာပြီးနောက် ဖန်းရှင်းဟောက်၏မျက်နှာသည် ပြောင်းလဲလာသည်။

အဝေးတွင်ရပ်နေသည့် ကြည့်ရှုသူများက မမြင်နိုင်သော်လည်း အမျိုးသားဆရာဝန်သည် ထိုအရာကို သတိပြုမိပြီး လုံးဝကို ထိတ်လန့်သွားသည်။ ကုနင်း သူ့ကို ဆေးတိုကိပြီးသည်နှင့် ဖန်းရှင်းဟောက် ပြန်ကောင်းလာသည်ကို သူ မယုံနိုင်ပေ။

ထိုဆေးလုံးအကြောင်း သူအရမ်းသိချင်သွားပြီဖြစ်ပြီး အမျိုးသားဆရာဝန်သည် ကုနင်းကို စိုက်ကြည့်လာသည်။

သူသည် ဆေးပြားနှင့်ပတ်သက်သည့် နောက်ထပ်အချက်အလက်များအတွက် ကုနင်းကိုမေးချင်သော်လည်း လူအများရှေ့တွင် သူထိုသို့ပြုလုပ်ရန် မသင့်လျော်ကြောင်း သိသည်။

ဖန်းရှောင်မန်သည် ဖန်းရှင်းဟောက်၏ မျက်နှာကို ပုံမှန်ဖြစ်သွားသည်ကို မြင်လိုက်ရသောအခါ စိတ်လှုပ်ရှားလွန်း၍ မျက်ရည်ကျလုမတတ်ပင်။ ဤသည်မှာ ကုနင်း၏ဆေး၏ အကျိုးသက်ရောက်မှုကြောင့် ဖြစ်သည်ကို သူမ သိသည်။

"မစ္စဖန်း မင်းရဲ့မောင်လေး ခွဲစိတ်ဖို့ အခုပဲ စာရင်းသွင်းလို့ရပါပြီ" ကုနင်းသည် ဖန်းရှောင်မန်ကိုထိုသို့ ပြောပြီး သူမ၏လက်ကို ရုတ်လိုက်သည်။

ကုနင်းသည် ဖန်းရှင်းဟောက် အသက်ရှင်ရန်သာ ကူညီပေးခဲ့သော်လည်း သူ၏ခေါင်းမှ ဓားကို ဖယ်ရှားရန် ခွဲစိတ်မှုတစ်ခု လိုအပ်နေသေးသည်။

သူမသည် သစ်သီးခွဲသည့်ဓားကို လူရှေ့သူရှေ့တွင် တိုက်ရိုက်ဖြုတ်လိုက်လျှင် ဆန်းပြားပြီး မည်သူမျှ ယုံကြည်မည်မဟုတ်ပေ။

ဖန်းရှင်းဟောက်သည် သူ့ကိုကုသရန် ဆရာဝန်တစ်ဦး လိုအပ်နေသေးသည်။

ကုနင်းသည် သူ ခွဲစိတ်ပြီးလျှင် မြန်မြန်ပြန်ကောင်းလာစေရန် စွမ်းအင်သလင်းကျောက် အချို့ ပေးမည်။

"ဟုတ်ကဲ့၊ ဟုတ်ကဲ့။" ဖန်းရှောင်မန် ချက်ချင်းစာရင်းသွင်းရန် ပြေးသွားသည်။ သူမတွင် ခွဲစိတ်မှုအတွက် ငွေအလုံအလောက်မရှိသော်လည်း မှတ်ပုံတင်ကြေးကို တတ်နိုင်သေးသည် ။

ဖန်းရှောင်မန် စာရင်းသွင်းဖို့ ထွက်သွားချိန်တွင် အမျိုးသားဆရာဝန်သည် မဆိုင်သူများကိုအပြင်ထွက်ရန် ပြောခဲ့ပြီး ကုနင်းကို စူးစမ်းချင်စိတ်ဖြင့်မေးလိုက်သည်။ “မစ္စကု၊ ဒီဆေးက ဘယ်လိုဆေးမျိုးလဲ?”

"တောင်းပန်ပါတယ် ကျွန်မ, မပြောနိုင်ဘူး"

ကုနင်း သူ့ကို မပြောလိုကြောင်း သိသောကြောင့် အမျိုးသားဆရာဝန်သည် အတင်းအကျပ် မတောင်းဆိုခဲ့ပေ။

ဖန်းရှင်းဟောက်ကို ခွဲစိတ်ခန်းထဲသို့ မပို့မီ ရှားယီချူး ရောက်ရှိလာသည်။ စင်စစ် ရှားယီချူးသည် ပြင်းထန်စွာ ဒဏ်ရာမရရှိခဲ့ပေ။ ခြေထောက်ကျိုးရုံသာ ဖြစ်သည်။ သူမ၏အရိုးများကို ပုံမှန်အနေအထားအတိုင်းပြန်တည့်ပြီးနောက် ရက်အနည်းငယ်မျှ အနားယူရန်သာ လိုအပ်သည်။

လုရှောင်းသည် အရမ်းစိုးရိမ်နေသောကြောင့် ကြီးကြီးမားမား ထိခိုက်မှုတစ်ခုဟု ထင်ရသည်၊ ရှားယီချူး ရောက်သည်နှင့် လုရှောင်းသည် ကုနင်း ပေးခဲ့သည့် ဆေးပြားကို သောက်ဖို့ ပြောခဲ့သည်။

ကုနင်း၏ စွမ်းအင်သလင်းကျောက် အကူအညီဖြင့် ရှားယီချူးသည် တစ်ရက်အတွင်း လှုပ်ရှားနိုင်တော့မည်ဖြစ်သည်။

သိပ်မကြာခင်မှာပင် ဖန်းရှင်းဟောက် ခွဲစိတ်မှုလုပ်တော့မည်ဖြစ်သည်။

ကုနင်း ဖန်းရှောင်မန်ကို သူတို့၏ပတ်ဝန်းကျင်မှာ တစ်ယောက်မှမရှိချိန်တွင်မေးလိုက်သည်။ "မစ္စဖန်း ၊ မင်းရဲ့မောင်လေး ဘာဖြစ်သွားတာလဲ ပြောပြပေးနိုင်မလား?"

ထိုစကားကိုကြားသော် ဖန်းရှောင်မန်သည် ဒေါသထွက်သွားပုံရသည်။ “ကျွန်မ မောင်လေးရဲ့ ကောလိပ်မှာ မေဂျာက အဝတ်အစားဒီဇိုင်းပါ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကုမ္ပဏီတစ်ခုမှာ အင်တာဗျူးတစ်ခု သွားဖြေပြီး ဒီဇိုင်းမူကြမ်းတွေအများကြီး ပေးခဲ့တယ်။ ကုမ္ပဏီက သူ့မူကြမ်းတွေကို သိမ်းဆည်းထားပြီး အကြောင်းပြန်မှာကို စောင့်ပြောတယ်။ မောင်လေးလည်း ရလဒ်ကို အတော်ကြာ စောင့်နေပြီး နောက်ဆုံး အင်တာနက်ပေါ်မှာ အထည်ဒီဇိုင်းပြိုင်ပွဲတစ်ခုကို မတော်တဆတွေ့လိုက်ရတယ်။ သူ့ဒီဇိုင်းကိုထိပ်တန်းသုံးခုမှာတွေ့လိုက်ရပေမယ့် သူ့နာမည်ကတော့ ပါမလာဘူး။ အဲ့ဒါနဲ့ မောင်လေးက ကုမ္ပဏီကို မေးဖို့ဆိုပြီးထွက်သွားတယ်။ နောက်တော့ ဘာဖြစ်သွားမှန်း မသိဘူး မောင်လေး အသက်အန္တရာယ်ရှိနေပြီလို့ ဆေးရုံက ဖုန်းဆက်လာတယ်။ ဆေးရုံကို အမြန်ပြေးပြီး ရဲစခန်းကို ဖုန်းဆက်ခဲ့ပေမယ့် ရဲက တရားခံကို ရှာဖို့မကူညီဘူး။”

ဖန်းရှောင်မန်သည် လက်ရှိတွင် ရဲများကို စိတ်ပျက်နေမိသည်။

အမှန်တရားကိုသိပြီးနောက် ကုနင်းလည်း ဒေါသထွက်သွားသည်။ တစ်ချိန်တည်းမှာပင် အင်အားကြီးသူများသည် ဆင်းရဲသူများကို ၎င်းတို့၏ သြဇာအာဏာဖြင့် အမြဲတမ်း အနိုင်ကျင့် ရက်စက်ခဲ့ကြောင်း သူမ သတိပြုမိခဲ့သည်။

ကုနင်းနှင့် ကုမန့်တို့သည် ခက်ခက်ခဲခဲ ဘဝကို ဖြတ်သန်းနေစဥ်က တခြား ကုမိသားစုဝင်များသည် သူတို့ကို အနိုင်ကျင့်ရသည်ကို နှစ်သက်ကြသည်။ ထန်အိုက်နင်းသည် နောက်ပိုင်းတွင် ကုနင်း၏ ခန္ဓာကိုယ်တွင် လူပြန်ဝင်စားခဲ့ပြီး သူတို့ကို ထပ်မံ အနိုင်ကျင့်ရန် မည်သူမျှ သတ္တိမရှိကြတော့ပေ။

ဆင်းရဲသားတွေအနေနှင့် တစ်ချိန်လုံး အနိုင်ကျင့်မခံချင်လျှင် အင်အားကြီးလာအောင်ကြိုးစားရမည်။ ကံမကောင်းစွာနှင့် ဆင်းရဲသောသူတိုင်းသည် တစ်နေ့တွင် သန်မာလာနိုင်မည် မဟုတ်သောကြောင့် အနိုင်ကျင့်မှုများမှာ ပုံမှန်အတိုင်း ရှိနေမည်ဖြစ်သည်။

ဖန်းရှင်းဟောက်၏မေဂျာသည် အဝတ်အစားဒီဇိုင်းဖြစ်ပြီး အရေးကြီးသော ဒီဇိုင်းပြိုင်ပွဲတွင် နေရာတစ်နေရာရနိုင်သောကြောင့် ကုနင်းသည် သူမ၏အထည်ချုပ်လုပ်ငန်းတွင် သူမအတွက် အလုပ်ခန့်ရန် ငှားရမ်းနိုင်မည်ဟု တွေးလိုက်သည်။

သူမ၏ အထည်ချုပ်လုပ်ငန်းသည် လူလိုနေသည်မဟုတ်သော်လည်း ကျွမ်းကျင်သူများကို ခန့်ထားရန် ကိစ္စမရှိပေ။ မည်သို့ပင်ဖြစ်စေ ကုနင်းသည် ဖန်းရှင်းဟောက်ကို ကူညီရန် စိတ်ပိုင်းဖြတ်ထားသည်။

ကုနင်း တစ်ခုခုပြောခါနီးတွင် ဖန်းရှောင်မန်က အရင်ပြောလိုက်သည်။

“မစ္စကု၊ မင်းမှာ အထည်ချုပ်ကုမ္ပဏီတစ်ခုရှိတယ်မလား.. မောင်လေးက ထူးချွန်တဲ့ အထည်ဒီဇိုင်နာတစ်ယောက်ဆိုတာ ငါသိတယ်။ သူက အရည်အချင်းပြည့်မီတယ်လို့ မင်းထင်ရင် မင်းအတွက် သူ အလုပ်လုပ်ပေးနိုင်ပြီး ငါတို့ မင်းကို လစာနဲ့ ပြန်ဆပ်ပေးမယ်။ သေချာပေါက်...မင်း သူ့ကို ထုတ်ချင်တဲ့အချိန်တိုင်း ထုတ်နိုင်တယ်”

သူတို့၏မိဘများသည် စောစောစီးစီး ဆုံးသွားသည့်အတွက် သူမသည် ကျောင်းထွက်ခဲ့ရပြီး သူမမှာ အရည်အချင်းအများကြီးမရှိပေ။ သို့သော် သူမ၏မောင်လေးကမူ အလွန်ထူးချွန်သည်။

ကုနင်းသည် ဖန်းရှင်းဟောက်သာ အဝတ်အစားဒီဇိုင်းပိုင်းကို အမှန်တကယ်ကျွမ်းကျင်ပါက ငှားရမ်းလိုသည်။ သို့သော် သူ ဆိုးရွားသောအမှားတစ်ခုမပြုလုပ်လျှင် သူ့ကို ထုတ်ပစ်မည်မဟုတ်ပေ။

ဖန်းရှင်းဟောက်သည် အောင်မြင်သော အဝတ်အစား ဒီဇိုင်နာတစ်ဦး ဖြစ်လာပါက ဆေးဖိုးထက်ပိုသော ငွေများစွာ ရလာနိုင်သည်။ ကုနင်းသည် ဖန်းရှင်းဟောက်ကို အခွင့်အရေးပေးရန် ဆုံးဖြတ်လိုက်သည်။

***

အပိုင်း ၁၃၄၁ သူတို့အတွက် တရားမျှတမှုရှာပေးခြင်း...

ကုနင်း၏ အထည်ချုပ်ကုမ္ပဏီမှာ အလုပ်ရနိုင်မလားဆိုသည်က ဖန်းရှင်းဟောက်၏ ကျွမ်းကျင်မှုအပေါ် လုံးဝမူတည်သည်။

ကုနင်းသည် ကြင်နာတတ်သော်လည်း မအပေ။

"မင်းရဲ့မောင်လေးက ကျွမ်းကျင်တဲ့ ဒီဇိုင်နာတစ်ယောက်ဆိုရင် သူ့ကို ငှားဖို့အခွင့်အရေးကို ငါလက်လွတ်မခံဘူး၊ ဒါပေမယ့် ငါက စီးပွားရေးသမားဆိုတော့ သူနဲ့ အရင်အင်တာဗျူးလုပ်ရမယ်။"

"ဒါပေါ့ ကျွန်မနားလည်ပါတယ်" ဖန်းရှောင်မန် ပျော်ရွှင်သွားသည်။

ဖန်းရှင်းဟောက်သာ အမှန် တကယ်အဝတ်အစား ဒီဇိုင်နာတစ်ယောက်ဖြစ်လာနိုင်လျှင် သူမသည် သူ့အတွက် အလွန်ပျော်နေလိမ့်မည်။ စင်စစ် သူမသည် ဖန်းရှင်းဟောက်အပေါ် ယုံကြည်မှုရှိသည်။ ထို့အပြင်၊ သူတို့သည် ဤနည်းဖြင့် ငွေပြန်ဆပ်နိုင်မည်ဟုလည်း မျှော်လင့်သည်။

ဖန်းရှောင်မန်သည် အလွန်ကြင်နာတတ်ပြီး သူမအား ကျေးဇူးတင်နေကြောင်း ကုနင်း နားလည်သည်။

"မစ္စဖန်း မင်းမောင်လေးရဲ့ ဓါတ်ပုံတွေ မင်းဖုန်းထဲမှာ ရှိလား?" နောက်တော့ ကုနင်း ဖန်းရှောင်မန်ကို မေးလိုက်သည်။

“ရှိပါတယ်”

ကုနင်း ဘာကြောင့်များ ဖန်းရှင်းဟောက်၏ ဓာတ်ပုံတွေကို တောင်းဆိုလဲ သူမ,မသိပေမည့် ကုနင်းသည် သူတို့ကို ထိခိုက်စေမည်မဟုတ်ကြောင်း သူမယုံကြည်သည်။ ဒါကြောင့် ချက်ချင်း သူမမောင်လေး၏ဓာတ်ပုံကို ကုနင်းထံ ပေးပို့လိုက်သည်။

ကုနင်းသည်လည်း အချိန်မဆွဲပဲ ကေကို ဖုန်းဆက်လိုက်သည်။

သူမသည် ရှောင်ဖယ်မသွားဘဲ ဖန်းရှောင်မန်၏ ရှေ့တွင် ကေနှင့် ဖုန်းပြောသည်။ “လူငယ်တစ်ယောက်ရဲ့ ဓာတ်ပုံကို မင်းကို ပို့ပေးမယ်။ နေ့လည် ၁၂ နာရီမှာ လူငယ်လေး ဘာဖြစ်သွားလဲဆိုတာ သိနိုင်ဖို့ XX ကုမ္ပဏီကို စုံစမ်းနိုင်မလား?”

ထိုစကားကိုကြားပြီး ဖန်းရှောင်မန်သည် ကုနင်းက သူတို့ကို အထောက်အထားတွေ စုဆောင်းရန် ကူညီပေးနေသည်ကို သဘောပေါက်သွားသည်။

ကုနင်းသည် သူတို့အတွက် တရားမျှတမှုကို ရှာဖွေပေးရန် လုပ်နေသည်။

ထိုသို့တွေးပြီး ဖန်းရှောင်မန် မေးလိုက်သည် “မစ္စကု မင်း...…”

"မင်းက ငါ့အတွက် အလုပ်လုပ်တော့မှာဆိုတော့ ငါမင်းအတွက် အမှန်တရားကို သိအောင် ငါကူညီပေးသင့်တယ်ထင်လို့..."

ဖန်းရှောင်မန် ငိုလုမတတ်ဖြစ်သွားသည်။

."မစ်-မစ္စကု ကျေးဇူးတင်ပါတယ်၊ ကျေးဇူးအများကြီးတင်ပါတယ်"

ရှားယီချူး၏ကုသမှုကိုလည်း ပြီးမြောက်ခဲ့ပြီးဖြစ်၍ သူမ ဆေးရုံတွင်ထပ်နေရန် မလိုအပ်တော့ပေ။

သူမထွက်သွားသောအခါ လုရှောင်းသည် ကုနင်းကိုဖုန်းဆက်ပြီး ရှားယီချူး၏အခြေအနေကိုပြောပြသည်။

ကုနင်းသည် ဖန်းရှင်းဟောက်အတွက် ကောင်းမွန်သော အစီအစဉ်များ စီစဉ်ပေးပြီးဖြစ်၍ သူမ ဤနေရာတွင် ထပ်နေရန် မလိုအပ်တော့ပေ။ ဖန်းရှောင်မန်သည် ဖန်းရှင်းဟောက်ကို ကောင်းစွာ ဂရုစိုက်လိမ့်မည် ။ မည်သို့ပင်ဆိုစေကာမူ သူမမထွက်ခွာမီတွင် စွမ်းအင်သလင်းကျောက်နှစ်လုံးကို ဖန်းရှောင်မန်ကို ပေးခဲ့ပြီး ခွဲစိတ်ခန်းမှ ထွက်သည်နှင့် ဖန်းရှင်းဟောက်ကို တိုက်ရန် ပြောခဲ့သည်။

ဆေးလုံးသည် ဖန်းရှင်းဟောက်၏ပါးစပ်ထဲသို့ထည့်လိုက်သည်နှင့် အရည်ပျော်သွားမည်ဖြစ်ပြီး သတိလစ်နေသေးသည့်တိုင် သောက်သုံးနိုင်ပါသည်။

သူမအားလျှင် သူတို့ကိုလာတွေ့မည်ဖြစ်ပြီး ဖန်းရှင်းဟောက် နောက်တစ်ကြိမ် အန္တရာယ်ကြုံလာပါက ဖန်းရှောင်မန်အနေနှင့် သူမကို ဖုန်းဆက်နိုင်သည်။

ဖန်းရှင်းဟောက် နိုးလာသောအခါမှ သူတို့ အလုပ်အကြောင်း ပြောဆိုကြမည်။

ဖန်းရှောင်မန်သည် ကုနင်းကို ထပ်ခါတလဲလဲ ကျေးဇူးတင်နေသည်။

ကုနင်း ထွက်သွားသောအခါ ရှားယီချူးသည် လုရှောင်း၏ကားထဲတွင် ထိုင်နေပြီဖြစ်သည်။ သူမ၏ အေးဂျင့်နှင့် လက်ထောက်လည်း သူမနှင့်အတူ ရှိနေခဲ့သည်။

တီဗီရှိုးအသစ်အတွက် ရှားယီချူး သီဆိုထားသည့် ဇာတ်ဝင်သီချင်းသည် မကြာသေးမီက ထုတ်လွှင့်ခဲ့ပြီး သုံးရက်အတွင်း လူကြိုက်အများဆုံး တေးဂီတစာရင်းတွင်ဝင်ခဲ့သည်။ အဖွင့်သီချင်းနဲ့ အဆုံးသတ်သီချင်းထက်ပင် ပိုနာမည်ကြီးခဲ့သည်။

ထို့ကြောင့် ရှားယီချူးသည် ပို၍ကျော်ကြားလာခဲ့သည်။

ရှားယီချူးသည် ပွဲဦးမထွက်ခင်မှာပင် အင်တာနက်ပေါ်တွင် အကြိမ်ပေါင်းများစွာ အာရုံစိုက်ခံခဲ့ရသည်မို့ လူအများ၏မျက်လုံးထဲတွင်စိမ်းမနေပေ။

ဖုန့်ဟွာအင်တာတိန်းမန့်သည် ယခုအခါတွင် နာမည်ကြီး ဖျော်ဖြေရေးကုမ္ပဏီတစ်ခုဖြစ်လာသောကြောင့် ထိုအင်တာတိန်းမန့်၏ အနုပညာရှင်များအားလုံးသည် ကျော်ကြားမှုကို မျှဝေခံစားခဲ့ကြသည်။ ထို့အပြင် ဖေ့ဟဲနာ၏ပရိသတ်များသည် နောက်ပိုင်းတွင် ရှားယီချူး၏ပရိသတ်များဖြစ်လာခဲ့သည်။

ရှားယီချူးသည် ဖေ့ဟဲနာထက် ပိုလှသောကြောင့် သူမသည် နာမည်ကြီးအဆိုတော်ဖြစ်ရန် အလားအလာပိုများသည်။

ရှားယီချူး ရိုက်ကူးနေသည့် ဂီတဗီဒီယိုသည် ၎င်း၏သီချင်းသစ် သူမ၏ သီချင်းအသစ် ‘အရှုံး’ အတွက် ဖြစ်သည်။

ဤသည်မှာ ရှားယီချူး၏ ပထမဆုံးသီချင်းဖြစ်ပြီး ထွက်ဖို့ စောင့်ဆိုင်းနေသည့် တခြားသီချင်းသုံးပုဒ်လည်း ရှိသည်။ ရှားယီသုန့်သည် ထိုထဲမှ တစ်ပုဒ်ကို ရေးခဲ့ပြီး နာမည်ကြီး တေးရေးဆရာတစ်ဦးက ကျန်နှစ်ပုဒ်ကို ရေးခဲ့သည်။

ရှားယီချူး၏ ‘အရှုံး’ သီချင်း ပိုမိုကျော်ကြားလာသောအခါတွင် အခြားသောသီချင်းသုံးပုဒ်ကို ထုတ်လွှင့်မည်ဖြစ်သည်။

ရှားယီသုန့်သည် ရှားယီချူးအတွက် သီချင်းများရေးသားခဲ့ပြီး ဖုန့်ဟွာအင်တာတိန်းမန့်မှ ငွေကြေးပေးချေခဲ့သော်လည်း ယခုအချိန်တွင် ရှားယီသုန့်သည် အောင်မြင်မှုမရရှိသေးသောကြောင့် ပေးငွေမှာ မြင့်မားခြင်းမရှိပေ။

မည်သို့ပင်ဆိုစေကာမူ ရှားယီသုန့်သည် သူ့အစ်မအတွက် သီချင်းရေးရသောကြောင့် ငွေကြေးကို ဂရုမစိုက်ခဲ့ပေ။ သို့သော် ရှားယီချူးသည် ဖုန့်ဟွာအင်တာတိန်းမန့်နှင့် စာချုပ်ချုပ်ခဲ့သော်လည်း ရှားယီသုန့်သည်တော့ ယခုထိ မချုပ်ရသေးပေ။

ရှားယီချူး၏လွှမ်းမိုးမှုအကူအညီဖြင့် ရှားယီသုန့်သည် Weibo တွင် ဖောလိုးဝါ များစွာရှိခဲ့သည်။ ရှားယီသုန့်သည် သူ၏ကိုယ်ပိုင်ဓာတ်ပုံကို ပရိုဖိုင်ဓာတ်ပုံအဖြစ် အသုံးပြုခဲ့သည်။ ရှားယီချူးသည် အလွန်လှပပြီး ရှားယီသုန့်သည်လည်း ဆွဲဆောင်မှုရှိသည်။

"မင်္ဂလာပါ ဘော့စ်။" ကုနင်း လမ်းလျှောက်လာသောအခါ အားလုံးက သူမကို လေးလေးစားစား နှုတ်ဆက်ကြသည်။

ကုနင်း ခေါင်းညိတ်လိုက်ပြီး သူမ၏ အကြည့်များသည် ရှားယီချူးအပေါ် ကျရောက်သွားသည်။

"အခု ဘယ်လိုနေသေးလဲ?"

“အခု မနာတော့ဘူး။ ကျေးဇူးတင်ပါတယ် ဘော့စ်" ရှားယီချူး ပြုံးပြီးပြောသည် ။ ကုနင်း၏ဆေးလုံးကြောင့်သာမဟုတ်ပါက၊ သူမသည် လူနာခုတင်ပေါ်တွင် ရက်ပေါင်းများစွာ နေရဦးမည်ဖြစ်သည်။

"ကောင်းပါပြီ၊ လုရှောင်း က မင်းကို အိမ်ပြန်ပို့ပေးလိမ့်မယ် အပြည့်အဝ ပြန်လည်ကျန်းမာလာရင် မင်းပြန်အလုပ်လုပ်နိုင်မှာပါ"

“ဟုတ်ကဲ့ပါ”

ထို့နောက် လုရှောင်းသည် ရှားယီချူးကို အိမ်သို့ ပို့ပေးပြီး ကုနင်းသည် သူမ၏ ကုမ္ပဏီသို့ ပြန်သွားသည်။

လမ်းတွင် ကေသည် ကုနင်းကိုဖုန်းဆက်ပြီး စီစီတီဗီရထားပြီးဖြစ်ကြောင်း သူမကိုပြောခဲ့ပါသည်။

ကုနင်းသည် သူမ ကုမ္ပဏီကို သွားနေတုန်းဖြစ်ပြီး၊ ရောက်လျှင် ကြည့်လိုက်မည်ဟုပြောလိုက်သည်။

သူမ၏ရုံးခန်းရောက်သည်နှင့် ကေကို ခေါ်လိုက်ပြီး ကေ၏ကွန်ပြူတာမှ သွားကြည့်သည်။

***

အပိုင်း ၁၃၄၂ ထန်လုပ်ငန်းစု၏ လူသိမခံနိုင်သော လျှို့ဝှက်ချက်များ

ကေသည် ကုနင်းကို စောင့်ကြည့်ကင်မရာမှတ်တမ်း ဗီဒီယိုနှင့် ထန်လုပ်ငန်းစု၏ စီမံခန့်ခွဲမှုဌာနအထူးသဖြင့် ချီကျီယွဲ့ နှင့် ထန်ယရှင်းတို့၏ မကောင်းမှုများ၏ သက်သေများကို ပြသည်။

ကုနင်းသည် စောင့်ကြည့်ကင်မရာမှတ်တမ်း ဗီဒီယိုကို ဦးစွာကြည့်သည်။ နေ့လည် ၁၂နာရီ၁၅ မိနစ် တွင် ဖန်းရှင်းဟောက်သည် XX ကုမ္ပဏီ အဆောက်အဦးထဲသို့ ၀င်သွားသည် ။

သူသည် ကြိုတင်ချိန်းဆိုထားမှုမရှိသောကြောင့် ကုမ္ပဏီထဲသို့ ဝင်ခွင့်မပြုပေ။ ထို့ကြောင့် အဆောက်အဦးအတွင်းရှိ ဝန်ထမ်းအချို့နှင့် ငြင်းခုံခဲ့သည်။

ငါးမိနစ်ခန့်အကြာတွင် ဧည့်ကြိုကောင်တာ၌ ဖုန်းဝင်လာပြီး ဖန်းရှင်းဟောက်ကို ဝင်ခွင့်ပြုလိုက်သည်။

ဖန်းရှင်းဟောက်သည် HR ဌာနကိုဝင်သွားပြီး တစ်ခုခုပြောခဲ့သော်လည်း စောင့်ကြည့်ကင်မရာတွေမှာ အသံမပါပဲ ဓါတ်ပုံတွေကိုသာ ဖမ်းယူနိုင်ခဲ့သောကြောင့် ကုနင်း မကြားနိုင်ပေ။

အစပိုင်းတွင် HR မန်နေဂျာသည် ဖန်းရှင်းဟောက်ကို မျက်နှာချင်းဆိုင်ကာ တည်ငြိမ်နေသည်။ သို့သော် သူတို့၏ ညှိနှိုင်းမှု အောင်မြင်ပုံမရပေ။ HR မန်နေဂျာသည် သူ၏မျက်နှာထားကို ပြောင်းလိုက်ပြီး ဖန်းရှင်းဟောက်ကို ခြိမ်းခြောက်နေပုံရသည်။

ဖန်းရှင်းဟောက် ဒေါသထွက်ကာ လှည့်ထွက်သွားသည်။

ထိုအခိုက်အတန့်တွင် လူငယ်တစ်ယောက်သည် အတွင်းထဲသို့ ဝင်လာပြီး ဖန်းရှင်းဟောက်ကို လက်ညှိုးထိုးကာ ဒေါသတကြီး ဝေဖန်သည်။ တစ်မိနစ်ခန့် ငြင်းခုံပြီးနောက် လူငယ်သည် ကော်ဖီစားပွဲပေါ်မှ သစ်သီးလှီးဓားတစ်ချောင်းကို ဆွဲယူပြီး ဖန်းရှင်းဟောက်၏ ဦးခေါင်းကို ဓားဖြင့်ထိုးခဲ့သည်။

ဖန်းရှင်းဟောက်သည် အငိုက်မိပြီး ဒဏ်ရာအပြင်းအထန်ရသွားသည်။

လူငယ်သည်လည်း ကြောက်လန့်ပြီး သူ၏လက်ကို ချက်ချင်းလွှတ်လိုက်သည်။ HR မန်နေဂျာသည် သူနှင့် ခဏလောက် စကားပြောခဲ့ပြီး နောက်မှ ဖုန်းဆက်သည်။

မိနစ် ၂၀ ခန့်ကြာသော် လူနာတင်ကားရောက်လာပြီး ဖန်းရှင်းဟောက်ကို ဆေးရုံပို့လိုက်သည်။ ထို့နောက် ဆေးရုံက ဖန်းရှင်းဟောက်၏ အစ်မ ဖန်းရှောင်မန်ကို ဖုန်းခေါ်သည်။

လူငယ်သည် ဤကုမ္ပဏီ၏ အမွေဆက်ခံသူဖြစ်သည်။ သူ့အဖေက ချက်ချင်း ပြဿနာကို ဖြေရှင်းခဲ့သည့်အတွက် ဖန်းရှောင်မန်၏ အကူအညီတောင်းခြင်းကို ရဲတွေက လျစ်လျူရှုခဲ့သည်။

"မင်းရထားတာတွေကို ငါ့ကိုအီးမေးလ် ပို့လိုက်" ကုနင်း ကေကို ပြောလိုက်သည်။

ကုနင်းသည် ထန်မိသားစု၏ လူသိမခံနိုင်သောလျှို့ဝှက်ချက်များ၏ သက်သေများကို ဖြည်းဖြည်းချင်းဖတ်ချင်သည်။

“ကိစ္စမရှိပါဘူး”

ဖိုင်များစွာရှိသောကြောင့် ကေသည် ကုနင်း ဆီသို့ အောင်မြင်စွာပေးပို့ရန် အချိန်အတော်ကြာခဲ့သည်။

ထို့နောက် ကုနင်းသည် ကေကို ထွက်လို့ရပြီဟု ပြောပြီး ထန်မိသားစုအကြောင်း ဖိုင်တွေကို စတင်ဖတ်သည်။

မည်သည့်စီးပွားရေးသမားမှ အပြစ်မကင်းပေ။ ကုနင်းပင်လျှင် တစ်ခါတရံ ဥပဒေကို ချိုးဖောက်ခဲ့ဖူးသည်။ သူမသည် ယခင်က ရှေးဟောင်းသင်္ချိုင်းများစွာကို တူးဖော်ခဲ့ပြီး ထိုလုပ်ရပ်သည် တရားမဝင်သော်လည်း အခြားသူများကို မထိခိုက်စေခဲ့ပေ။ လာဘ်ပေးလာဘ်ယူ နှင့် အခွန်ရှောင်ခြင်း ကဲ့သို့သော အရာများကို သူမ,မလုပ်ပေ။

ကုနင်းသည် သြဇာအာဏာရှိသော အဆက်အသွယ်များစွာရှိပြီး သူမအနေနှင့် တစ်စုံတစ်ယောက်ကို လာဘ်ထိုးရန် မလိုအပ်ပေ။ သူမသည် ပိုက်ဆံများစွာဝင်သည့်အတွက် အခွန်ရှောင်ဖို့ စိတ်မ၀င်စားပေ။

စောင့်ကြည့်ကင်မရာမှတ်တမ်း ဗီဒီယိုဟောင်းများကို ပုံမှန်ဖျက်ပြီး နှစ်စဉ်အသစ်များဖြင့် အစားထိုးသောကြောင့် ကေသည် ယခုနှစ် စောင့်ကြည့်ဗီဒီယိုမှတ်တမ်းများဖြင့်သာ စုံစမ်းစစ်ဆေးမှုကို လုပ်ဆောင်နိုင်မည်ဖြစ်သည်။

ယခုနှစ် မတိုင်ခင်က ထိုသူတွေ ဘာတွေ လုပ်ခဲ့သည်လဲ ဆိုတာ သူ မသိနိုင်ပေ။ ဖျက်ထားသော စောင့်ကြည့်ကင်မရာမှတ်တမ်းများကို ကေသည်လည်းပြန်ရအောင်မလုပ်နိုင်ပေ။

အကယ်၍ ကုနင်းသည် ဖန်းရှင်းဟောက်နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးရန် ကေကို ယခုထက် နောက်ကျမှပြောခဲ့လျှင် စောင့်ကြည့်ကင်မရာမှတ်တမ်းကို ဖျက်ထားနိုင်သည်။ သိမ်းထားလျှင် ထိုသူတို့အတွက် အန္တရာယ်များသည်ဖြစ်သောကြောင့်ပင်။

ကေသည် ထန်ပင်းစန်နှင့် ပတ်သက်သည့် ညစ်ပတ်သောလျှို့ဝှက်ချက်အများအပြားကို ရှာမတွေ့ပေ။

ထန်ပင်းစန်သည် ကောက်ကျစ်စဉ်းလဲသော စီးပွားရေးသမားတစ်ဦးဖြစ်ပြီး သူ၏ ညစ်ပတ်သောလျှို့ဝှက်ချက်များကို ရှာဖွေရန်မှာ မလွယ်ကူပေ။ ထို့အပြင်၊ ထန်ပင်းစန်သည် နောက်ကွယ်တွင် များစွာသော ကိစ္စများကို ကိုင်တွယ်ဖြေရှင်းပေးမည့် ဂိုဏ်းတစ်ခုရှိသောကြောင့် ညစ်ပတ်သည့် လုပ်ရပ်များကို လူကိုယ်တိုင် ပြုလုပ်ရန် မလိုအပ်ပေ။

ထန်အိုက်နင်း အသက်ရှင်စဉ်က ထန်ပင်းစန်အတွက် ပြဿနာများစွာကို ဖြေရှင်းပေးခဲ့သည်။ သို့သော် ထန်အိုက်နင်းသည် သေဆုံးသွားခဲ့ပြီဖြစ်သောကြောင့် ယခင်က ဖြစ်ပျက်ခဲ့သမျှကို မည်သူမျှ မသိနိုင်ပေ။

ကုနင်းသည် ထိုညစ်ပတ်သည့်လုပ်ရပ်များကို ရှင်းရှင်းလင်းလင်း သိသော်လည်း သူမတွင် သက်သေမရှိပေ။

ထန်ပင်းစန်သည် လာဘ်ပေးလာဘ်ယူမှုနှင့် အကျင့်ပျက်ခြစားမှုများအတွက် အပြစ်ရှိကြောင်း မတွေ့ရှိရပေ။

ကေသည် ထန်ပင်းစန်၏ မယားငယ် ထျန်းဖေးဖေးနှင့် ထန်းပင်းစန်၏တိတ်တိတ်ပုန်းကလေး အကြောင်းကိုသာ သိရှိခဲ့သည်။

ကုနင်းသည် ထန်ပင်းစန်တွင် မယားငယ်နှင့် ကလေးရှိကြောင်း သူမ သိထားပြီးဖြစ်သောကြောင့် မအံ့သြသော်လည်း မည်သူမည်ဝါဖြစ်သည်ကို သူမမသိပေ။

ထန်ပင်းစန်၏မယားငယ်သည် ထန်လုပ်ငန်းစု လက်အောက်ရှိ ကုမ္ပဏီတစ်ခု၏ HR မန်နေဂျာ ဖုန်းလင် ဖြစ်သည်။ သူတို့၏သားမှာ ဖုန်းချီလဲ့ဖြစ်ပြီး ယခုနှစ်တွင် ၁၅ နှစ်ဖြစ်ပြီး ဆယ်တန်းဖြစ်သည်။

ကေသည် ဖုန်းလင်နှင့် ထန်ပင်းစန်တို့၏ တွေ့ဆုံသည့် ဗီဒီယိုများကို ရရှိသော်လည်း သူတို့သည် အမြဲတစေ လူအများနှင့် စုစည်းနေပြီး သီးသန့်တွေ့ဆုံမှု သုံးကြိမ်သာ ရှိခဲ့သည်။

ဖုန်းချီလဲ့ သည် ထိုသီးသန့်တွေ့ဆုံမှု (၃) ခုတွင် မတော်တဆ ပေါ်လာခဲ့သည်။

ထန်ပင်းစန်သည် သူ၏ဖခင်အရင်းဖြစ်ကြောင်း ဖုန်းချီလဲ့ သိသည်လားမသိသည်လားကို ကုနင်း မသိပေ။

ထန်လုပ်ငန်းစု၏ ဒါရိုက်တာအဖွဲ့ဝင် အများစုသည် လာဘ်ပေးလာဘ်ယူမှု ကျူးလွန်ခဲ့ကြသည်။ ထို့အပြင် ထန်လုပ်ငန်းစုတွင်လည်း အဖွဲ့များကွဲနေပြီး ပဋိပက္ခများ ရှိသည်။ ဥက္ကဌဖြစ်လိုသောကြောင့် ပဋိပက္ခများရှိကာ အဖွဲ့နှစ်ဖွဲ့ကွဲနေသည်။

ဥက္ကဌဖြစ်လိုသော ဒါရိုက်တာသည် အလွန်ထူးချွန်ပြီး ထန်လုပ်ငန်းစု၏ရန်သူဖြစ်သည့် အခြားစီးပွားရေးအုပ်စုကြီး၏ဥက္ကဋ္ဌနှင့် လျှို့ဝှက်ဆက်ဆံရေးရှိသည်။

ထန်လုပ်ငန်းစု၏ အဓိကဒါရိုက်တာတစ်ဦးအနေဖြင့် သူသည် ၎င်း၏စီးပွားရေးရန်သူဥက္ကဌနှင့် အဆက်အသွယ်ရှိပြီး တူညီသောပြိုင်ဘက်ကို ရင်ဆိုင်နေသည်ဟု ဆိုလိုသည်။ တစ်နည်းဆိုရသော် ဤဒါရိုက်တာသည် ထန်ပင်းစန်ကို ဖြုတ်ချရန် ဥက္ကဌနှင့် ပူးပေါင်းရန် စီစဉ်ခဲ့သည်။

သို့သော်လည်း ထိုပဋိပက္ခများမှ မည်သူက အကျိုးအမြတ်အများဆုံး ရရှိမည်ကို မည်သူမျှ မသိပေ။

ထန်ပင်းစန်သည် ဂိုဏ်းတစ်ခု၏ ပံ့ပိုးကူညီမှုရှိသောကြောင့် သူတို့အောင်မြင်နိုင်မည်ဟု ကုနင်း မထင်ပေ။

ဤဂိုဏ်းသည် ထန်ပင်းစန်ကို ကိုင်တွယ်ရန်အတွက် ကုနင်း၏ ပထမဆုံးပစ်မှတ် ဖြစ်သည်။

ကုနင်းသည် ဂိုဏ်း၏အခြေချသည့်နေရာကို မသိသော်လည်း ထိုဂိုဏ်း၏အဖွဲ့ဝင်အချို့သည် ထန်ပင်းစန်အနားတွင် သက်တော်စောင့်များအဖြစ်နေသည်ကိုတော့ သူမသိသည်။

ထို့ကြောင့် ကုနင်းသည် သူမ သိလိုသည်ကို စုံစမ်းရန် သူတို့ကို ထောက်လှမ်းမည်ဟုဆုံးဖြတ်ခဲ့သည်။

ချီကျီယွဲ့နှင့် ထန်ယရှင်း၏ ညစ်ပတ်သောလျှို့ဝှက်ချက်များသည် ထန်ပင်းစန်နှင့် အဓိကဒါရိုက်တာများ၏ လျို့ဝှက်ချက်များထက် များစွာပို၍ စိတ်လှုပ်ရှားစရာကောင်းသည်။

ချီကျီယွဲ့ သည် ထန်လုပ်ငန်းစုနှင့် ထန်ယရှင်း အပေါ် သစ္စာရှိသူမဟုတ်ကြောင်း ကုနင်း သိသည်။

***

အပိုင်း ၁၃၄၃ ချီကျီယွဲ့ နှင့် ထန်ယရှင်း၏ ဆက်ဆံရေး

ချီကျီယွဲ့သည် ထန်လုပ်ငန်းစုကို အရယူရန်ရည်မှန်းချက်အမြဲတမ်းရှိသည်။ ကုနင်းသည် သူမ၏ ပြန်လည်မွေးဖွားပြီးနောက် ထိုအချက်ကို ရှင်းရှင်းလင်းလင်း သိလာသည်။

ထန်ယရှင်းအပေါ် ချီကျီယွဲ့၏ သစ္စာမဲ့မှုကို သူမ မအံ့သြပေ။ ချီကျီယွဲ့သည် သာလွန်ထူးကဲသော ရည်မှန်းချက်ရှိပြီး အာဏာနှင့် စည်းစိမ်ဥစ္စာကို ရရှိရန် တောင့်တသည်။ သူသည် သူ့အတွက်သူသာ ဂရုစိုက်ပြီးတစ်ကိုယ်ကောင်းဆန်လွန်း၍ တခြားလူအပေါ် သစ္စာရှိဖို့ မဖြစ်နိုင်ပေ။

ချီကျီယွဲ့သည် သာမန်မိသားစုတွင်မွေးဖွားလာခဲ့ပြီး ထန်ယရှင်း၏ချစ်သူဖြစ်လာသောအခါတွင် ချူစားသည်ဟု လူအများက ထင်မြင်ခဲ့ကြသည်။

ဤသည်မှာ ငြင်းလို့မရသော အမှန်တရားတစ်ခုဖြစ်သော်လည်း ချီကျီယွဲ့သည် ထိုအရာကို လက်မခံချင်ပေ။ သူသည် တစ်နေ့တွင် သူ့အရည်အချင်းကို လူတိုင်းကို သက်သေပြနိုင်ရန် စိတ်အားထက်သန်နေသည်။ သို့သော် သူ နောက်ပိုင်းတွင် မည်မျှအောင်မြင်လာသည်ဖြစ်စေ အောင်မြင်ရန် ထန်ယရှင်းကို အားကိုးခဲ့သည်ဟု လူများက ယုံကြည်နေကြဦးမည်ပင်။

ထန်ယရှင်း၏အကူအညီမပါပဲ ထန်လုပ်ငန်းစုထဲသို့မ၀င်နိုင်ပေ။ ချီကျီယွဲ့သည် ထန်ယရှင်းကိုလက်ထပ် ပြီး ထန်မိသားစုဝင်ဖြစ်ရန် မျှော်လင့်ခဲ့သည်၊ ဤနည်းဖြင့် သူသည် ထန်အဖွဲ့ကို အမှန်တကယ် ထိန်းချုပ်နိုင်ရန် ရည်ရွယ်ခဲ့သည်။

ချီကျီယွဲ့သည် အခြားလူများက သူ့ကို ချူစားသူ အဖြစ် အမြဲမှတ်ယူကြောင်း သိရသောကြောင့် သူ စိတ်မသက်မသာ ခံစားခဲ့ရသည်။ ထို့အပြင်၊ ထန်ယရှင်းသည် သူ့အပေါ် သစ္စာမရှိကြောင်း ချီကျီယွဲ့ သိသော်လည်း ထန်မိသားစုတွင် သူ့ရာထူးကို ဆက်ထိန်းထားရန်အတွက် သူမကို တဲ့တိုးမမေးနိုင်ပေ။

ထို့ကြောင့် ချီကျီယွဲ့သည်လည်း ထန်ယရှင်းအပေါ် ဖောက်ပြန်ခဲ့သည်။

ချီကျီယွဲ့၏မျက်လုံးထဲတွင် ဆက်ဆံရေးထက် အာဏာက ပိုအရေးကြီးသည်။ ထန်ယရှင်းသည် ချီကျီယွဲ့ကို နက်နက်ရှိုင်းရှိုင်း ချစ်မြတ်နိုးသော်လည်း သူ့အပေါ် သူမ သစ္စာမစောင့်သိနိုင်ပေ။

ချီကျီယွဲ့ ထိုအကြောင်းကိုမသိစေရန် သူ မြို့တော်မှာ မရှိသည့် အချိန်တွင်သာ သူမ ပွေရှုပ်သည်။ ချီကျီယွဲ့သည်လည်း စုံစမ်းခြင်း မလုပ်ချင်သောကြောင့် သက်သေမရှိပေ။

ချီကျီယွဲ့နှင့်အခြားအမျိုးသမီးများ၏ လိင်ဆက်ဆံသည့်ဗီဒီယိုများနှင့် ထန်ယရှင်းနှင့် အခြားအမျိုးသားများ၏ လိင်ဆက်ဆံသည့်ဗီဒီယိုများကို ကေရှာတွေ့ခဲ့သောကြောင့် သူတို့၏ ညစ်ညမ်းသည့်လျို့ဝှက်ချက်များကို သိလိုက်ရသည်။

ကေသည် ယခုနှစ်၏ မှတ်တမ်းများသာရှိသောကြောင့် သူတို့၏ လိင်ဆက်ဆံဖော် နှစ်ယောက် သုံးယောက်ကိုသာ ရှာတွေ့သည်။

ကုနင်းသည် ဤညစ်ညမ်းသောလျှို့ဝှက်ချက်ကို သူတို့၏ မင်္ဂလာဆောင်ကို လက်ဖွဲ့ရန်ဆုံးဖြတ်ခဲ့သည်။

ချီကျီယွဲ့တွင် အသုံးဝင်သော အဆက်အသွယ်မှုများစွာရှိသော်လည်း ထန်ပင်းစန်၏မျက်လုံးထဲတွင် ထိုအရာများသည် မပြောပလောက်ပေ။

ထန်ပင်းစန်သည် အလွန်ယုံကြည်မှုရှိသော်လည်း သူမကျရှုံးဘူးဟု မဆိုလိုပေ။ ထန်အိုက်နင်းသည် အရင်ဘဝတွင် ချီကျီယွဲ့နှင့် ကစားပွဲတွင် ရှုံးနိမ့်ခဲ့သည်။

တိုက်ခိုက်ရာတွင် သူမသည် ချီကျီယွဲ့ထက် များစွာသာလွန်သော်လည်း ချီကျီယွဲ့သည် သူမအား အနိုင်ယူနိုင်ခဲ့သည်။ ထို့ကြောင့်၊ ဤဘဝတွင် ကုနင်းသည် ထင်ထင်ရှားရှားမနေပဲ ပို၍သတိထားတတ်လာသည်။

သူမသည် အင်အားကြီးမားသော မိသားစုနောက်ခံရှိပြီး ကွန်ဖူးတော်သော်လည်း သူမလုပ်ချင်သည့်အရာများကို လုပ်၍ရသည်ဟု သူမထင်ခဲ့ပေ။ ဒီကမ္ဘာတွင် သူမထက်သာသောသူတစ်ယောက် အမြဲရှိမှာပင်ဖြစ်သည်။

ကျင့်ကြံသူများ၊ အဆင့်မြင့် မျိုးကွဲများနှင့် အခြားသော သတ္တဝါမျိုးစိတ်များသည် သူမထက် များစွာ အားကောင်းကြသည်။ မနေ့က သူတွေ့ခဲ့သည့် အဖိုးအိုဆိုလျှင် သူမ၏ ကံကြမ္မာကို ပြောပြနိုင်သည်။

ထိုအခြေအနေမျိုးတွင် သူမသည် ပို၍ပင် သတိထားရမည်။

ကုနင်း ထိုဖိုင်များကို သူမ၏ ယူအက်စ်ဘီထဲတွင် သိမ်းဆည်းထားသည်။

သူမ၏ကွန်ပြူတာသည် တစ်ခုခုမဖြစ်ဟု သူမ မသေချာသောကြောင့်၎င်းတို့ကို ယူအက်စ်ဘီထဲတွင် သိမ်းဆည်းထားသည်မှာပိုမိုလုံခြုံသည်။ ထို့အပြင် ထိုဖိုင်များကို ကော်ပီကူးပြီး သူမ၏ စိတ်စွမ်းအင်အာကာပြင်ထဲတွင် ထည့်သိမ်းထားလိုက်သည်။

ထို့နောက် သူမသည် ဖန်းရှင်းဟောက်၏အမှုကို ကိုင်တွယ်ဖြေရှင်းရန် လိုအပ်လာသည်။

ကုနင်း ဖန်းရှောင်မန်ကို ဖုန်းဆက်ပြီး ခွဲစိတ်ပြီးပြီလားဟု မေးသည်။ ဖန်းရှင်းဟောက်၏ ခွဲစိတ်မှုမှာ နှစ်နာရီကြာ ကြာမြင့်ခဲ့ပြီး ယခု သူသည် လူနာဆောင်အတွင်း ပြန်ရောက်ကာ သက်သာနေပုံပေါ်သည်။

ဖန်းရှင်းဟောက်၏ လက်ရှိအခြေအနေကြောင့် ဆရာဝန်များအားလုံး အံ့အားသင့်သွားကြသည် ။ သူတို့သည် ကုနင်း၏ဆေးလုံးများအကြောင်း မသိသောကြောင့် ဆေးလောက၏ အံ့ဖွယ်တစ်ခုဖြစ်သည်ဟု ယုံကြည်နေကြသည်။

ဖန်းရှောင်မန်သည် ကုနင်းကို ဒုက္ခမဖြစ်စေလိုသောကြောင့် ထိုအကြောင်းကို မပြောခဲ့ပေ။

ဤလျှို့ဝှက်ချက်ကို မထုတ်ဖော်မိစေရန် ဖန်းရှောင်မန်သည် ဆေးလုံးကို အားလုံးထွက်သွားမှသာ ဖန်းရှင်းဟောက်ကို တိုက်လိုက်သည်။

ဖန်းရှင်းဟောက် စိတ်ချရပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် ကုနင်းသည် သူမ၏လက်ထဲတွင် အထောက်အထားရှိနေပြီဟု ဖန်းရှောင်မန်အား ပြောပြခဲ့သည်။ သူမသည် အလွန်အသုံးဝင်မည်ဖြစ်သည့် ဖန်းရှင်းဟောက်၏ဆေးစစ်ချက်ကို ပြင်ဆင်ရန် ဖန်းရှောင်မန်ကိုပြောခဲ့သည်။

ဖန်းရှောင်မန်သည် ထိုစကားကြားရသည့်အတွက် စိတ်လှုပ်ရှားသွားပြီး ကုနင်း၏ အရည်အချင်းကြောင့် သူမ အံ့အားသင့်သွားသည်။

ဖန်းရှင်းဟောက်ကို ဒဏ်ရာရစေခဲ့သည့် ကောင်လေးသည် သူတို့ထက် အများကြီး ပိုအင်အားရှိသော်လည်း ကုနင်းကို မယှဉ်နိုင်ပေ။

မည်သို့ပင်ဆိုစေကာမူ ထိုသူတို့ကို အရေးယူခြင်းမပြုမီတွင် ကုနင်းသည် ဖန်းရှောင်မန်အား ရဲစခန်းသို့ ထပ်မံခေါ်ဆိုရန် ပြောကြားခဲ့သည်။ ကုနင်းသည် ရဲများက ၎င်းကို အလေးအနက်မထားကြောင်း သိသော်လည်း သူမသည် ရဲသား၏စကားများကို သက်သေအဖြစ် လိုအပ်သည်။

မည်သို့ပင်ဖြစ်စေ ရာဇ၀တ်ကောင်များကို ဖမ်းဖို့သည် ရဲတွေ၏ တာဝန်ဖြစ်သည်။

ဖန်းရှောင်မန်သည် ကုနင်း၏ စကားကို နားထောင်ပြီး ရဲကို နောက်တစ်ကြိမ် ထပ်ခေါ်တယ်။

ရဲသားသည် သူမဖုန်းခေါ်သည်ကို ကိုင်လိုက်သည်နှင့် ဖန်းရှောင်မန်သည် အသံသွင်းခလုတ်ကို နှိပ်လိုက်သည်။

XX ကုမ္ပဏီ ပါဝင်ပတ်သက်ကြောင်း ကြားသိရသောအခါ ရဲသားသည် သည်းမခံနိုင်တော့ပေ။ "မိန်းကလေး၊ မင်းလက်လျှော့လိုက်တာ ပိုကောင်းတယ်၊ ကျင့်မိသားစုက မင်းသွားရှုပ်လို့ရတဲ့ မိသားစု မဟုတ်ဘူး။ သူတို့စိတ်ဆိုးရင် မင်း အဲ့ဒီအကျိုးဆက်ကို ခံနိုင်မှာ မဟုတ်ဘူး။”

"ပြစ်ဒဏ်စီရင်ဖို့ ငြင်းဆန်နေသေးတာလား?" ဖန်းရှောင်မန်သည် ရဲသား၏အဖြေကြောင့် မအံ့သြသော်လည်း သူမ ဒေါသထွက်မိဆဲဖြစ်သည်။

"မင်းကို ရိုးရိုးသားသားပြောရရင် ကျင့်မိသားစုက ဖုန်းဆက်ထားပြီးဖြစ်လို့ ငါတို့ ဘာမှလုပ်မှာမဟုတ်ဘူး"

“ရဲတွေအနေနဲ့ အပြစ်မဲ့သူတွေကို ကူညီသင့်တာမဟုတ်ဖူးလား?" ဖန်းရှောင်မန် ဒေါသတကြီးမေးလိုက်သည်။

***

အပိုင်း ၁၃၄၄ အားနည်းတာမင်းအပြစ်ပဲ..

“မိန်းကလေး...သိပ်နုံအမနေပါနဲ့။ ကျွန်တော်တို့ ကူညီချင်ပေမယ့် မင်းက အင်အားကြီးသူတွေရှေ့မှာ အားနည်းလွန်းတယ်။ ငါ့ကို တာဝန်အကြောင်း လာမပြောနဲ့။ အမှန်တရားဆိုတာ အာဏာရှိတဲ့သူတွေက ဆုံးဖြတ်ချက်ချတာပဲ။” ရဲအရာရှိက ပြန်ပြောသည်။

ဤရဲအရာရှိသည် လုံးဝမပါးနပ်ပဲ၊ သူ၏ပြောစကားများသည် ဖန်းရှောင်မန်အတွက် သက်သေများစုဆောင်းရန် အခွင့်ကောင်းဖြစ်သည်။ သို့သော်လည်း ဤရဲအရာရှိသည် အလွန်ပွင့်လင်းပြီး သူ၏သဘောထားသည် အဆန်းမဟုတ်ကြောင်း ပြောပြခဲ့သည်။

ပျော့ညံ့ခြင်းသည် အပြစ်တစ်ခုဖြစ်သည်။

"ဒါဆို ရှင်တို့က ပိုအင်အားကြီးတဲ့ လူဘက်လိုက်မယ်လို့ ဆိုလိုတာလား?" ဖန်းရှောင်မန် မေးလိုက်သည်။

သူမသည် ရဲများကို အမြဲအထင်ကြီးခဲ့သော်လည်း သူမ၏မောင်ဖြစ်သူကိုဖြစ်ခဲ့သမျှကြောင့် ထိုအတွေး ပျက်ဆီးသွားခဲ့သည်။ အုပ်စုတိုင်းတွင် စုန်းပြူးများရှိပြီး ဤရဲသည် ရဲသားတိုင်းကို ကိုယ်စားမပြုကြောင်း သူမယုံကြည်သည်။

“ဟုတ်တယ်၊ အဲ့တာ မှန်တယ်” ရဲအရာရှိက မဆိုင်းမတွပြောသည်။ သူ၏အတွေးအမှန်တွေကို ဖုံးကွယ်ဖို့ မကြိုးစားပေ။

"ကောင်းတယ်၊ အရမ်းကောင်းတယ်၊ စောင့်ကြည့်တာပေါ့!" ဖန်းရှောင်မန် ပြောပြီးသည်နှင့် ဖုန်းချလိုက်သည်။ ထို့နောက် သူမသည် အသံဖိုင်ကို ကုနင်း သို့ ပေးပို့ခဲ့သည်။

ကုနင်းသည်လည်း ဤရဲကို ဒေါသထွက်သော်လည်း ဤသည်မှာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုမှန်း သူမနားလည်သည်။

အကယ်၍ ဖန်းရှောင်မန် သည် သူမကို မတွေ့ဆုံခဲ့ပါက ဖန်းရှောင်မန်သည် ထိုအရာကို သည်းခံပြီး သူမ၏ဒေါသကို မျိုချရမည်ဖြစ်သည်။

စင်စစ် ကုနင်းသည် ယခုလောက် မအောင်မြင်ခဲ့ဘူးဆိုရင် သူမသည်လည်း အဲဒါကို ဘာမှလုပ်နိုင်မှာ မဟုတ်ပေ။ ထို့ကြောင့် သတ္တိရှိသော၊ အာဏာရှိသော၊ သို့မဟုတ် ချမ်းသာကြွယ်ဝသူများသာ မကောင်းမှုကို တိုက်ဖျက်ဝံ့ကြသည်။

ထို့နောက် ကုနင်းသည် ဖန်းရှင်းဟောက်၏ဆေးစစ်ချက် ယူရန် ချောင်ယအား ပြောခဲ့သည်။

ထိုအချိန်တွင် ကုနင်းသည်တော့ တောင်ပိုင်းခရိုင်ရှိ ပြည်သူ့လုံခြုံရေးဗျူရို၏ ဌာနခွဲဒါရိုက်တာနှင့် ကျင့်မိသားစုအား စုံစမ်းစစ်ဆေးရန် ကေကို ပြောခဲ့သည်။

သူတို့သည် အလျင်စလိုလုပ်ရန် မလိုအပ်သောကြောင့် သူမသည် ထိုသူတို့နှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို စုဆောင်းရန်သာ ကေအား ပြောခဲ့သည်။

သူသည် မနက်ဖြန်မနက်တွင် ရလဒ်ကို ပေးနိုင်သည်။ ယခု ညနေ ၆ နာရီထိုးခါနီးနေပြီဖြစ်၍ သူမ၏ဌာနခွဲသို့ သွားရန် အရမ်းနောက်ကျနေပြီဖြစ်သည်။

ကောင်းယိနှင့် ချောင်ယတို့သည် သူတို့၏ညစ်ပတ်သောလျှို့ဝှက်ချက်များအကြောင်း အထောက်အထားများရယူရန် အိမ်ထဲသို့ ခိုးဝင်ရန်လိုသောကြောင့် ကုနင်းသည် ဒါရိုက်တာနှင့် ကျင့်မိသားစု၏လိပ်စာများကို သိချင်ခဲ့သည်။

ကေသည် ကွန်ပျူတာများနှင့် စောင့်ကြည့်ကင်မရာများကိုသာ ဟက်နိုင်သောကြောင့် ဟက်ကာတစ်ဦးအနေနှင့် မရရှိနိုင်သော အထောက်အထားများစွာရှိသည်။ လူများစွာသည် သူတို့၏ လျှို့ဝှက်စာရွက်စာတမ်းများကို လုံခြုံစွာသော့ခတ်ထားတတ်သည်။

သိပ်မကြာခင်မှာပင် ကေသည် ဒါရိုက်တာနှင့် ကျင့်မိသားစု၏ အခြေခံအချက်အလက်နှင့် လိပ်စာတွေကို ရှာဖွေတွေ့ရှိခဲ့သည်။

ဒါရိုက်တာ၏နာမည်သည် ချန်းပင်းကျန်း ဖြစ်သည်။ သူသည် မြို့တော်တွင် သြဇာအရှိဆုံး မိသားစုလေးခု၏ တစ်ခုဖြစ်သော ချန်းမိသားစုတွင် မွေးဖွားခဲ့သည်။

မြို့တော်တွင် အာဏာအရှိဆုံး မိသားစုလေးစုရှိသည်။ Leng မိသားစုသည် အကြီးဆုံးဖြစ်ပြီး ၎င်း၏နောက်တွင် ယွင်မိသားစု၊ ရုန်မိသားစုနှင့် ချန်းမိသားစုတို့ဖြစ်ကြသည်။

သူတို့အားလုံးသည် နိုင်ငံရေး၊ စီးပွားရေးနှင့် စစ်တပ်တွေမှာ အရေးပါသော ရာထူးတွေကို ကိုင်စွဲထားကြသည်။

အာဏာကြီးသော မိသားစုလေးစုသည် မတူညီသော လူများကို ပံ့ပိုးပေးနေသောကြောင့် အချင်းချင်း ပြိုင်ဆိုင်နေကြသည်။

ဤနိုင်ငံ၏ သြဇာအာဏာအရှိဆုံးပုဂ္ဂိုလ်ကို သုံးနှစ်တစ်ကြိမ် ပြောင်းပြီး ထိုမိသားစုလေးစုသည် သူတို့ မိသားစုထဲမှ ရွေးချယ်ရန် မျှော်လင့်ကြသည်။

လင်မိသားစုသည် မြို့တော်ရှိ သြဇာအရှိဆုံး မိသားစုလေးခုတွင် ထိပ်တန်းမိသားစုဖြစ်ရသည့်အကြောင်း နိုင်ငံ၏အမြင့်ဆုံးရာထူးတွင်ရှိသော အမျိုးသားကို လင်မိသားစုက ပံ့ပိုးပေးသောကြောင့် ဖြစ်သည်။ သို့သော်လည်း ထိုရာထူးရှိ အမျိုးသားသည် လင်မိသားစုထံမှ ပံ့ပိုးမှုမရှိလျှင်ပင် လင်မိသားစုသည် မိသားစုလေးခုတွင် သြဇာအရှိဆုံးဖြစ်နေဆဲဖြစ်သည်။

လင်မိသားစု၏ အဆက်အသွယ်များသည် လူတိုင်းသိသော အဆက်အသွယ်များအပြင် မည်သူမှမသိရှိသော အင်အားစုတစ်ခုလည်းရှိသည် ။

လင်မိသားစုဝင် အများစုပင် ထိုအကြောင်းကိုတောင် မသိကြပေ။ သခင်ကြီးလင်ပင် လင်ရှောင်းထင် ပြောပြသောကြောင့်သာ ထိုအကြောင်းကို အနည်းငယ် သိသည်။

လင်ရှောင်းထင်သည် မီးတောက်နီ၏ အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး ရှန်းရှစ်၏ တကယ့်သူဌေးဖြစ်ကြောင်းကို သခင်ကြီးလင် သိသော်လည်း လင်ရှောင်းထင်၏ အခြားဆက်နွှယ်မှုများကို သူမသိပေ။

မီးတောက်နီသည် အခြားတပ်များထက် ရာထူးပိုမြင့်သောကြောင့် လင်ရှောင်းထင်သည် ဗိုလ်ချုပ်တစ်ဦးသာဖြစ်သော်လည်း ဗိုလ်ချုပ်ကြီးတစ်ဦးထက် ပါဝါပိုကြီးသည်။

မီးတောက်နီသည် ဤတိုင်းပြည်၏ သြဇာအာဏာအရှိဆုံး ရာထူးရှိသူ တစ်ဦးတည်း၏ အမိန့်များကိုသာ နာခံသည်။

တစ်ချိန်တည်းမှာပင် လင်ရှောင်းထင်သည်လည်း ဘာလုပ်ရမည်နှင့် မလုပ်သင့်သည်ကို ရွေးချယ်ပိုင်ခွင့်ရှိသည်။ မလုပ်ချင်သည့်အရာကို ငြင်းဆန်နိုင်သည်။ အာဏာအရှိဆုံးလူသည်သာဘာမဆိုလုပ်ဖို့ သူ့ကို အမိန့်ပေးပိုင်ခွင့်ရှိသည်။

ခြုံပြောရလျှင် လင်ရှောင်းထင်သည် ဤတိုင်းပြည်တွင် ကြီးမားသော သြဇာအာဏာရှိသည်။

ကျင့်မိသားစုသည် မြို့တော်တွင် သာမန် ချမ်းသာသော မိသားစုတစ်ခုမျှသာ ဖြစ်သည်။

ဖန်းရှင်းဟောက်ကို အပြင်းအထန် ဒဏ်ရာရသွားစေသည့် လူငယ်ကို ကျင့်ခိုင် ဟုခေါ်သည်။ သူ၏အဖေသည် ကျင့်လီချန်း ဖြစ်ပြီး XX ကုမ္ပဏီရဲ့ ဥက္ကဌ ဖြစ်သည်။

ကုနင်းသည် ချန်းပင်းကျန်းနှင့် ကျင့်လီချန်းတို့၏လိပ်စာများကိုရရှိပြီးသည်နှင့် ကောင်းယိနှင့် ချောင်ယတို့အားတာဝန်ပေးအပ်ခဲ့သည်။

ထိုအချိန်တွင် ကေသည် အခြားအသုံးဝင်သော အချက်အလက်များကို ဆက်လက်ရှာဖွေသည်။

ကုနင်း သူမ ကုမ္ပဏီမှ ထွက်ခွာသွားသောအခါ ရှုချင်ယင်းထံမှ ထမင်းအတူတူစားရန် ဖိတ်ခေါ်သည့် ဖုန်းလက်ခံရရှိသည်။

ကုနင်းလည်း အားလပ်သောကြောင့် သူမ သဘောတူလိုက်သည်။ ရှုချင်ယင်းသည် ဤညသောက်မည်ဟုပြောသောကြောင့် ကုနင်း ကားမမောင်းဘဲ သတ်မှတ်ထားသည့် ယာဉ်မောင်းကို ငှားမည်လို့ ဆုံးဖြတ်လိုက်သည်။

ကူအန်းနာသည်လည်း ရှုချင်ယင်းနှင့်အတူ ရောက်လာပြီး သူတို့ နှစ်ယောက်သည် တစ်ချိန်လုံးနီးပါး အတူတူရှိကြသည်။

ရှုချင်ယင်းသည် သူငယ်ချင်းများစွာရှိသော်လည်း ကုနင်း စိတ်ညစ်မည်ဆိုး၍ အခြားသူငယ်ချင်းများကို ခေါ်မလာခဲ့ပေ။

အတူတူထမင်းစားပြီးနောက် စုန့်နန်၏ဘားသို့သွားကြသည်။ တိုက်ဆိုင်စွာပင် ကျန်းယွေ့ချင်နှင့် ထန်ချင်းယန်လည်း ထိုနေရာတွင် ရှိနေခဲ့သည်။

ကျန်းယွေ့ချင်သည် ကုနင်းကို အရင်က ကြိုက်ခဲ့သောကြောင့် ကုနင်းကို တွေ့လိုက်ရသောအခါ အနည်းငယ် နေရခက်သွားသည်။ သူတို့နှစ်ယောက်တွဲရန် မဖြစ်နိုင်မှန်း သိ၍ သူမအပေါ်ထားသည့် သူ့၏ချစ်ခြင်းတွေ မှေးမှိန် ပျောက်ကွယ်သွားခဲ့ပြီးဖြစ်သည်။

ကုနင်းနှင့် အကြိမ်အနည်းငယ်သာ တွေ့ဖူးသည်မို့ သူမကို မေ့ဖို့ရန် မခက်လိုက်ပေ။

All Chapters