← Chapters

အခန်း (၁၃၄၅-၁၃၅၀)

Vol. 87 Ch. 1345-1350

အခန်း (၁၃၄၅-၁၃၅၀)

Vol. 87 Ch. 1345-1350

အပိုင်း ၁၃၄၅ သူတို့ကြားတွင် ရန်ငြှိုးသာရှိသည်

သူတို့ စုံတွဲတွေမဖြစ်နိုင်သော်လည်း သူငယ်ချင်းဖြစ်နိုင်သေးသည်။

"တိုက်ဆိုင်လိုက်တာ ဒီကိုလာ၊ စားပွဲမျှသုံးကြရအောင်” ကျန်းယွေ့ချင် ခပ်ကျယ်ကျယ် ပြုံးပြသည်။

"ရတာပေါ့...နင်ရှင်းလေ" ရှုချင်ယင်းက ချက်ချင်းသဘောပြန်တူလိုက်သည်။

ကုနင်းသည်လည်း စိတ်ထဲမထားပေ။

"ပြဿနာမရှိပါဘူး"

"ပါးထျန်းယန် ဘယ်မှာလဲ?" ပါးထျန်းယန် မပါ၍ ကုနင်း ထန်ချင်းယန်ကို မေးသည်။

“အိုး၊ ငါ သူ့ကို တစ်ခုလုပ်ခိုင်းထားလို့ ခဏနေရင်ရောက်မယ်။"

ကုနင်း ခေါင်းညိတ်လိုက်သည်။

ခဏကြာသော် လင်ရှောက်ကျား ရောက်လာသည်။

သူမသည် သူမ၏သူငယ်ချင်းများစွာနှင့် လာခဲ့ခြင်းပင်။

ကုနင်း လင်ရှောက်ကျားကိုမြင်သည်နှင့် မျက်မှောင်ကြုတ်လိုက်သော်လည်း ချက်ချင်း ပြန်ပြင်လိုက်သည်။ သူမ၏ အရက်ကိုသာသောက်နေပြီး လင်ရှောက်ကျားကို လျစ်လျူရှုလိုက်သည်။

ကုနင်းသည် လင်ရှောက်ကျား နှင့် မပတ်သက်ချင်သော်လည်း လင်ရှောက်ကျားမှာတော့ အတွေးမတူပေ။

လင်ရှောက်ကျားသည် ကျန်းယွေ့ချင်ကို သတိထားမိပြီးသည်နှင့် တပြိုင်နက် မျက်လုံးများ လင်းလက်သွားသော်လည်း ကျန်းယွေ့ချင်၏ တစ်ဖက်ခြမ်းတွင် ထိုင်နေသော ကုနင်းကို မြင်လိုက်ရသောအခါတွင် သူမ၏ အမူအရာ ပြောင်းလဲသွားသည်။

ကုနင်း မသေသေးသည်ကို သူမ မယုံနိုင်ဖြစ်မိသည်။ သူမ ငှားထားသည့် လူသတ်သမားသည် လုပ်ဆောင်သင့်နေပြီဖြစ်သည်။

လင်ရှောက်ကျားသည် လူသတ်သမား၏အမည်မှာ လူကာ ဖြစ်သည်ကို မသိသောကြောင့် သူ့ကို "လူသတ်သမား" ဟု သာခေါ်ဆိုခဲ့သည်။ ထို့အပြင် သူမ မသိသည်မှာ လူကာ သေပြီးပြီဖြစ်သည်ကိုပင်။

လင်ရှောက်ကျားသည် ကုနင်းကိုမုန်းတီးသော်လည်း ကျန်းယွေ့ချင်ရှိနေခြင်းကြောင့် သူမ ဘာကိုမှ မလုပ်ရဲသဖြင့် သူမ၏သူငယ်ချင်းများနှင့်အတူထွက်ခွာပြီးအခြားစားပွဲသို့သွားခဲ့သည်။

ကုနင်းသည် လင်ရှောက်ကျားနှင့် ဆက်ဆံရေးအဆင်မပြေသည်မှာ လျှို့ဝှက်ချက်မဟုတ်သည့်အတွက် သူမ၏သူငယ်ချင်းများသည် ဘာကြောင့် သူမ စိတ်ရှုပ်နေပုံရသည်ကို နားလည်သည်။

လင်ရှောက်ကျား ထွက်သွားသော်လည်း၊ သူမ၏အကြည့်သည် သူတို့ကို တခါတရံ ကျရောက်နေဆဲဖြစ်သည်။ သူမ၏အကြည့်က ကုနင်း ပေါ်ရောက်သွားပြီးနောက် ကျန်းယွေ့ချင်သို့ပြောင်းသွားသည်။

"ယွေ့ချင်၊ လင်ရှောက်ကျားက မင်းကို တချိန်လုံးလိုက်ကြည့်နေတာ... မင်းကိုကြိုက်နေပုံပဲ။" ကုနင်း ကပြောသည်။

ကျန်းယွေ့ချင်သည် နှုတ်ခမ်းတွန့်၍သာ ပြုံးပြလိုက်သည်။ ဤသည်ကို သူသိသော်လည်း လင်ရှောက်ကျားကို သူမကြိုက်ပေ။ “ငါ ဂရုမစိုက်ဘူး။ ဒါက သူ့ကိစ္စပဲ”

"လင်ရှောက်ကျားက ယုတ်မာပြီး အကြင်နာမဲ့လွန်းတယ်။ သူမက ယွေ့ချင်နဲ့ မထိုက်တန်ဘူးလို့ ထင်တယ်” ရှုချင်ယင်းသည်လည်း လင်ရှောက်ကျား အပေါ် သိသာစွာအမုန်းတရားအပြည့်နှင့်ပြောသည်။

လင်ရှောက်ကျားကို ဂရုမစိုက်ချင်သောကြောင့် မကြာမီ ထိုအကြောင်းအရာကို ဆက်မပြောကြတော့ပေ။

ခဏကြာအောင်သောက်ပြီးနောက် ကုနင်း ထလိုက်ပြီး အမျိုးသမီးသန့်စင်ခန်းထဲသို့ လျှောက်သွားသည် လင်ရှောက်ကျားပါ ကုနင်း၏နောက်မှ လိုက်သွားသည်။

ထို့ကြောင့် ကုနင်းသည် သန့်စင်ခန်းမှ ပြန်ထွက်သွားသောအခါ လင်ရှောက်ကျား သူမအား စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

လင်ရှောက်ကျားသည် သူမ၏လမ်းတွင် ရည်ရွယ်ချက်ရှိရှိ ပိတ်ရပ်နေသည်မှာ ထင်ရှားသည်။

ကုနင်း လင်ရှောက်ကျားကို တစ်ချက်စောင်းကြည့်ကာ တိတ်ဆိတ်နေသည်။

လင်ရှောက်ကျားကို သင်ခန်းစာပေးရမည့်အချိန်မဟုတ်သေးသောကြောင့် ကုနင်း ဘာမှမလုပ်ဘဲ ထွက်သွားချင်သည်။

သို့သော်လည်း လင်ရှောက်ကျားက သူမကို တားလိုက်သည်။ "ကုနင်း၊ နင် လင်မိသားစုနဲ့ လက်ထပ်တော့မှာမို့ အပြင်မှာ ကစားတာကို ရပ်သင့်တယ်။ လင်မိသားစုကို အရှက်မကွဲစေနဲ့။"

လင်ရှောက်ကျားသည် ကုနင်း၏အပြုအမူသည် လင်မိသားစုကို အရှက်ရစေသည်ဟု ကုနင်းကို ဝေဖန်ခဲ့သည်။

"လျှောက်ကစားတယ်လား?" ကုနင်း ရယ်မောလိုက်သည်။ "ငါ...မသင့်တော်တာ တစ်ခုခုလုပ်နေတာမင်းတွေ့လို့လား? ရှောင်းထင်နဲ့ တွဲတာနဲ့ ငါက ယောက်ျားလေးသူငယ်ချင်းများ မထားရတော့ဘူးလား? မင်းကိုယ်မင်းဘယ်သူလို့ထင်နေတာလဲ?"

"ငါက လင်မိသားစုမှာ မွေးဖွားလာခဲ့ပေမယ့် နင်ကတော့ မဟုတ်ဘူးလေ။ နင် လင်မိသားစုဝင်နဲ့ လက်ထပ်နိုင်ရင်တောင် အပြင်လူတစ်ယောက်ပဲ။” လင်ရှောက်ကျား ကုနင်းကို အထင်အမြင်သေးစွာ ပြောလိုက်သည်။

ကုနင်း ရယ်မောလိုက်သည်။ သူမသည်လည်း လင်ရှောက်ကျားကို သူမ၏မိသားစုဝင်အဖြစ် မမှတ်ယူပေ။ သူတို့ကြားတွင် အမုန်းတရားများသာ ရှိသည်။

"လင်ရှောက်ကျား မင်း ဉာဏ်ကောင်းရင် ငါ့နဲ့ ခပ်ဝေးဝေးနေသင့်တယ်။ မင်းမှာ ငါ့ကို ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး နားလည်လား?" ကုနင်း အေးစက်စွာပြောသည်။

“နင်…” လင်ရှောက်ကျား ဒေါသထွက်ပြီး ကုနင်းကို ပါးရိုက်ချင်သွားသည်။

“မင်းငါ့ကို တိုက်ခိုက်ချင်ရင် နှစ်ခါပြန်စဉ်းစားရင် ပိုကောင်းမယ်။ မင်းက ငါ့ကို မယှဉ်နိုင်ဘူး။" ကုနင်း လင်ရှောက်ကျားကို တည့်တည့်စိုက်ကြည့်ပြီး ပြောလိုက်သည်။

လင်ရှောက်ကျား အံကြိတ်ထားမိသည်။ သူမ ကုနင်းနှင့် မယှဉ်နိုင်သည်မှာ အမှန်ပင်။ သူမသည် အားနည်းလွန်းသော်လည်း ကုနင်းသည်တော့ ကွန်ဖူးကျွမ်းကျင်သူဖြစ်သည်။

များစွာသောကိစ္စများဖြစ်ပြီးနောက် လင်မိသားစုကို ထောက်ထားသော်လည်း ကုနင်းအနေနှင့် သူမကိုရိုက်ရန် တွန့်ဆုတ်မည်ဟု မထင်ပေ။

အဆုံးတွင်တော့ ကုနင်း စိတ်ရှည်သည်းခံမှု ပျောက်ဆုံးကာ ထွက်လာခဲ့သည်။

လင်ရှောက်ကျားလည်း ကုနင်းကို ထပ်မတားရဲတော့ပဲ သူမထွက်သွားသည်ကို ကြည့်နေလိုက်သည်။

အကယ်၍ အကြည့်ဖြင့်သာ သတ်နိုင်ခဲ့ပါက လင်ရှောက်ကျားသည် ကုနင်း ကို ထိုနေရာတွင်ပင် သတ်လိုက်ပေလိမ့်မည်။

တစ်ချိန်တည်းမှာပင် လင်ရှောက်ကျားသည် လူသတ်သမားက ဘာ့ကြောင့် မလှုပ်ရှားသေးသည်ကို နားမလည်ပေ။ လူသတ်သမားသည် လုပ်ဆောင်ပြီးပြီဆိုရင် ရလဒ်ကို ပြောပြရန် မက်ဆေ့ခ်ျပို့လိမ့်မည်။

လင်ရှောက်ကျား သည် လူသတ်သမားကို မေးချင်သော်လည်း အခြားဖုန်းမှာ သူမ၏အိမ်တွင် ကျန်ခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ၊ သူမသည် စမစ်ကို အကျိုးအကြောင်းလှမ်းမေးနိုင်သည်။ ထို့ကြောင့် ကုနင်း မရှိတော့သည်နှင့်တစ်ပြိုင်နက် လင်ရှောက်ကျား သူမ၏ဖုန်းကိုထုတ်ပြီး စမစ် သို့ဖုန်းဆက်သည်။

"ချစ်လေး၊ မင်းငါ့ကို လွမ်းနေတာလား?" စမစ်သည် သူမဖုန်းဆက်သည်နှင့် တပြိုင်နက် ပရောပရည်လုပ်သည်။

"ငါ အခု နောက်ချင်စိတ်မရှိဘူး.. ငါ့အိမ်မှာ ငါ့ဖုန်းကျန်ခဲ့တယ် လူသတ်သမားကို မေးကြည့်ပေးဦး။ သူဘာကြောင့် အခုထိ မလှုပ်ရှားသေးတာလဲ? ငါအခုပဲ ကုနင်း ကို ဘားတစ်ခုမှာ တွေ့ခဲ့တယ်။”

အချိန်ယူရမည်မှန်း သူမသိသော်လည်း သူမ ယခု မစောင့်နိုင်တော့ပေ။ ကုနင်း အဆင်ပြေနေသရွေ့ သူမ စိတ်မသက်မသာ ခံစားရသည်။

"စိတ်လျှော့ပါ..ငါမင်းအတွက်မေးပေးမယ်။"

***

အပိုင်း ၁၃၄၆ ထန်ချင်းရန် ဒဏ်ရာရသွားတယ်

ကုနင်း ပြန်ရောက်လာသောအခါ သူတို့၏ဘေးနားက စားပွဲမှာ လူတစ်စု ရန်ဖြစ်နေကြသည်ကို သူမတွေ့လိုက်ရသည်။

ရှုချင်ယင်းနှင့် ကူအန်းနာတို့သည် ကြောက်ရွံ့နေကြပြီး ထန်ချင်းယန်နှင့် ကျန်းယွေ့ချင်တို့ကတော့ ချက်ချင်းပင် ရွှေ့ပြောင်းသွားပြီး မိန်းကလေးနှစ်ဦး ဘေးကင်းစွာ ထွက်ခွာရန် ကူညီပေးခဲ့သည်။

သို့သော် ဤအခိုက်အတန့်တွင် ပုလင်းတစ်လုံးသည် ရှုချင်ယင်းဆီသို့ တန်းတန်းမတ်မတ် ပျံဝဲလာသည်။ ကုနင်းသည် လန့်ဖျတ်ပြီး ပုလင်းကို ရပ်တန့်ဖို့ ကြိုးစားရန် သူမဆီ ချက်ချင်း ပြေးသွားသည်။ ကံမကောင်းစွာပင် သူမသွားရာလမ်းတွင် လူများပိတ်နေသဖြင့် ကုနင်း ကောင်းကောင်းမလှုပ်ရှားနိုင်ပေ။

ထန်ချင်းယန်သည် ရှုချင်ယင်းကို သူ၏ရင်ဘတ်နှင့် ဖိထားပြီး ပုလင်းကို သူ၏ ကိုယ်နှင့် ကာလိုက်သည်။

ပျံဝဲလာသော ဘီယာပုလင်းသည် ထန်ချင်းယန်၏ ခေါင်းနောက်ဘက်သို့ တိုက်ရိုက်ထိမှန်သွားသည်။ ထန်ချင်းယန်သည် နာကျင်စွာ ညည်းညူရင်း သူ၏လည်ပင်းတွင် ပူနွေးသည့် သွေးများ စီးကျလာသည်ကို ခံစားလိုက်ရသည်။

သို့သော်လည်း ယခုအချိန်တွင် ထန်ချင်းယန်သည် သူ၏ဒဏ်ရာကို ကိုင်တွယ်ရန် အချိန်မရှိပေ။ ထို့ကြောင့် ရှုချင်ယင်းကို အန္တရာယ်မှ လွတ်မြောက်စေရန်သာ အာရုံစိုက်ခဲ့သည်။

ရှုချင်ယင်းသည် ကြောင်အနေသဖြင့် ထန်ချင်းယန် သူမကြောင့် ဒဏ်ရာရသွားသည်ကို သူမမသိလိုက်ပေ။

ကုနင်း စွမ်းအင်သလင်းကျောက်ကို ချက်ချင်းထုတ်လိုက်ပြီး ထန်ချင်းယန်အား ပေးလိုက်သည်၊ "သောက်လိုက်"

သို့သော် ထန်ချင်းယန်သည် ရှုချင်ယင်းကို သူ၏လက်နှစ်ဖက်ဖြင့် ကာထားသောကြောင့် ဆေးကို သူ၏လက်နှင့်ကိုင်ရန် အဆင်မပြေပေ။

ကုနင်း၏ဆေးလုံးသည် မည်မျှထိရောက်သည်ကို သူမသိသော်လည်း ထိုဆေးကိုရန် တွေဝေမနေပေ။

ထို့နောက် ကုနင်းသည် ရုန်းရင်းဆန်ခတ်ဖြစ်နေသော လူအုပ်စုဆီသို့ ပြေးသွားခဲ့သည်။ သူမသည် တစ်စုံတစ်ဦးအား ဘီယာပုလင်းဖြင့် ရိုက်ချင်နေသော အမျိုးသား၏လက်ကို ဖမ်းကိုင်လိုက်ပြီး သူ၏လက်ကောက်ဝတ်ကို အင်အားသုံး၍ လိမ်လိုက်သည်။

"ဖာ့ခ်…” ထိုလူက ဒေါသထွက်ပြီး ကုနင်းကို သူ၏လက်တစ်ဖက်နှင့် ရိုက်ချင်သော်လည်း ကုနင်းကအရင် သူ့ကို ဆိုဖာပေါ်ကို ကန်ပစ်လိုက်သည်။ သူ လဲကျပြီး နောက်လူနှစ်ယောက်ပါ လဲသွားသည်။

ကုနင်း သူ့ကို ဒဏ်ရာရစေခဲ့သော်လည်း ပြင်းပြင်းထန်ထန် မဟုတ်ပေ။

လူများစွာသည် အရှုပ်အထွေးကြားတွင် ထွက်ပြေးခဲ့သော်လည်း အချို့မှာ ဘေးမှနေ၍ ရန်ပွဲကို စောင့်ကြည့်နေကြဆဲဖြစ်ပြီး ကုနင်း၏ အင်အားကြောင့် အားလုံး အံ့အားသင့်နေကြသည်။

“ဘုရားသခင်၊ သူမက ယောကျ်ားလေးတစ်ယောက်ကို ကန်ပစ်လိုက်တာပဲ!”

"သူမက ဟိုလူထက် ပိုသန်မာတယ်"

“…”

လူတွေက ကုနင်းကို လေးစားစွာ ချီးမွမ်းကြသည်။

ကျန်းယွေ့ချင်နှင့် အခြားသူများသည် ဤဖရိုဖရဲနေရာမှ ထွက်သွားပြီဖြစ်သော်လည်း ကုနင်းသည် ထိုနေရာတွင် ကျန်ရှိနေဆဲဖြစ်သည်။

ကုနင်းသည် ပျော့ညံ့သည်မဟုတ်ကြောင်း သူတို့သိသော်လည်း သူမ၏လုံခြုံရေးအတွက် စိုးရိမ်နေကြဆဲဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ၊ သူတို့သည် သူမကို သွား၍ မကူညီနိုင်ကြပေ၊ အကြောင်းမှာ သူတို့သွားလျှင်ပင် ကုနင်းအတွက် ဝန်ထုပ်ဝန်ပိုးသာ ဖြစ်နိုင်သောကြောင့်ဖြစ်သည်။

စုန့်နန်ကတော့ သွားချင်ပေမယ့် တခြားသူများက လမ်းပိတ်ထားသည်။

ကုနင်း သူမတစ်ယောက်တည်း ကိုင်တွယ်နိုင်သောကြောင့် ဘား၏လုံခြုံရေးအစောင့်ကို မလာရန် တားမြစ်ခဲ့သည်။

လုံခြုံရေးအစောင့်များသည် ကုနင်း၏ စကားကို နားထောင်ပြီး အပြင်မှာ နေသည်။

"အိုး... မင်း သွေးထွက်နေတယ်.. " ထန်ချင်းယန်၏ ဒဏ်ရာကို မြင်လိုက်ရသောအခါ စုန့်နန် အံ့သြသွားသည်။ "အခုချက်ချင်း ဆေးရုံသွားတော့"

"ဘာ နင်သွေးထွက်နေတာလား?" ရှုချင်ယင်းသည် သူမကြောင့် ထန်ချင်းယန် ဒဏ်ရာရရှိခဲ့သည်ကို မတိုင်ခင်အထိ မသိခဲ့ပေ။

"အဆင်ပြေပါတယ်"

"အခု အနီးနားက ဆေးခန်းသွားရအောင်" ရှုချင်ယင်း ပြောလိုက်သည် ။

“ကုနင်း ကရော…” ထန်ချင်းယန်သည် ယခု ထွက်မသွားချင်ပေ။

"သူမ အဆင်ပြေတယ်..." ရှုချင်ယင်း စိုးရိမ်စိတ်ဖြင့် ပြောလိုက်သည်။ ကုနင်းသည် ထိုအမျိုးသားအားလုံးကို သူမတစ်ယောက်တည်းနှင့် အနိုင်ယူနိုင်သည်ဟု ယုံကြည်သည်။

"ချင်းယန်၊ မင်းသွားလို့ရတယ်၊ ငါတို့ဒီမှာနေမယ်"ကျန်းယွေ့ချင် ပြောလိုက်သည်။

ထန်ချင်းယန် ခေါင်းညိတ်လိုက်ပြီး ရှုချင်ယင်းနှင့်အတူ ထွက်သွားသည်။

တစ်ချိန်တည်းမှာပင် ကုနင်း သည် ထိုလူများကို တစ်မိနစ်အတွင်း တစ်ယောက်ပြီးတစ်ယောက် ရိုက်နှက်ခဲ့သည်။

ထိုသူတို့သည် စားပွဲ၊ ဆိုဖာနှင့် မြေပြင်ပေါ်တွင် လဲကျရင်း နာကျင်စွာ အော်ကြသည်။ အချို့မှာ ကုနင်းကြောင့် ဒဏ်ရာရခဲ့သော်လည်း အချို့မှာ သူတို့၏ အဖော်များကြောင့် ဒဏ်ရာရခဲ့သည်။

ကုနင်း၏ တိုက်ခိုက်မှုစွမ်းရည်နှင့် မယုံနိုင်လောက်စရာ ခွန်အားများသည် ကြည့်ရှုသူအားလုံးကို ထိတ်လန့်စေသည်။

"မဖြစ်နိုင်တာ.."

"သူမက အရမ်းမိုက်တယ်။"

“…”

စုန့်နန်သည် ထိုရန်ပွဲပြီးဆုံးသွားသောအခါ ကုနင်းဆီသို့ လျှောက်သွားသည်။

လင်ရှောက်ကျားသည် ထိုမြင်ကွင်းကို မြင်လိုက်ရသဖြင့် စိတ်ပျက်သွားသည်။ ဤနေရာ၌ ဒုက္ခရောက်စေသော လူအုပ်စုသည် သူမနှင့် ဘာမှမဆိုင်သော်လည်း ကုနင်း သန်မာနေစည်ကိုမြင်ရခြင်းကို သူမ မုန်းတီးသည်။

"မင်းကဘယ်သူလဲ? ဖာ့ခ် မင်း ငါတို့ရဲ့ ကိုယ်ရေးကိုယ်တာ ရန်ငြှိုးကို ဝင်စွက်ဖက်ရအောင် ဘယ်လောက်တောင် သတ္တိရှိသလဲ?” လူတစ်ယောက်က ကုနင်းကို အော်ပြောလိုက်သည်။

"ဒါက ငါ့သူငယ်ချင်းရဲ့ ဘား..ပြီးတော့ မင်းက ငါ့သူငယ်ချင်းကို ဒဏ်ရာရစေခဲ့တာပဲ" ကုနင်း အေးစက်စွာပြောသည်။

ထိုလူသည် စက္ကန့်ပိုင်းမျှ ကြောင်အသွားပြီး ပါးစပ်ကို ပိတ်လိုက်သည်။ အစပိုင်းတွင် သူသည် အနည်းငယ်မူးနေသော်လည်း နာကျင်မှုကြောင့် ပြေသွားသည်။

မည်သို့ပင်ဆိုစေကာမူ တစ်စုံတစ်ယောက်သည် အမူးမပြေသေးပေ။

"ဖာ့ခ် .မင်း...မင်းရဲ့သူငယ်ချင်းက ဘယ်သူလဲ? ငါ ဂရုမစိုက်ဘူး.." ထိုလူသည် အလွန်ကြမ်းတမ်းသည်။

သူသည် ကျိုးကြောင်းဆီလျော်စွာ မတွေးနိုင်အောင် မူးနေ၍ ကုနင်း သူ့ကို တိုက်ရိုက် လျစ်လျူရှုလိုက်သည်။

"မင်း ရဲကိုခေါ်ထားလား?" ကုနင်း စုန့်နန်ကိုမေးလိုက်သည်။

“အင်း၊ ရဲတွေ မကြာခင် ရောက်မယ်”

ရဲတွေ မရောက်ခင်တွင် ရန်ဖြစ်ရသည့် အကြောင်းရင်းကို ကုနင်း ရှာဖွေခဲ့သည်။

လူတစ်စုသည် ကုနင်းနှင့် သူမ၏ သူငယ်ချင်းများဘေးရှိ စားပွဲကြီးတွင် အတူထိုင်ကြသည်။

တစ်ချို့သည် သူငယ်ချင်းမိတ်ဆွေတွေဖြစ်သော်လည်း တစ်ချို့သည် တစ်ယောက်နဲ့တစ်ယောက် မသိကြပေ။ သူတို့အားလုံးသည် အရက်မူးပြီး ကျယ်လောင်စွာ ငြင်းခုန်ကြသည်။ သူတို့အားလုံးသည် စိတ်အလိုလိုက်သည့် လူငယ်တွေဖြစ်တာကြောင့် မကြာခင်မှာပဲ စတင်တိုက်ခိုက်ကြတော့သည်။

သိပ်မကြာခင်ပင် ရဲတွေရောက်လာပြီး သူတို့ကို ဖမ်းသွားသည်။

ဘားဆိုင် ပျက်စီးမှုနှင့်ပတ်သက်၍ စုန့်နန်အား ပျက်စီးဆုံးရှုံးမှုများကို တွက်ပြီး လူငယ်များနှင့် ညှိနှိုင်းရန် ရဲက ပြောကြားခဲ့သည်။

လူငယ်လူရွယ်များသည် ဘားတွင် ပြဿနာရှာခဲ့သော်လည်း အခြားလူများသည် ထိုရန်ပွဲ တွင်မပါဝင်ခဲ့ကြသောကြောင့် အထဲတွင် ဆက်လက်ပျော်မြူးနေကြသည်။

ထို့ကြောင့် စုန့်နန်သည် ဆက်နေပါက စားပွဲတစ်ခုစီတွင် ဘီယာတစ်ဗူး အခမဲ့ရနိုင်သည်ဟု ကြေညာခဲ့သည်။

စင်စစ် ဘားတစ်ခုတွင် လူတွေ ရန်ဖြစ်သည်ကို တွေ့ရတာ မဆန်းပေ။ ထို့ကြောင့် ဘီယာတစ်ဘူး အလကားမရနိုင်လျှင်ပင် လူအများစုသည် ဆက်နေချင်ကြမည်ဖြစ်သည်။

ရလဒ်အနေနဲ့ သူတို့အားလုံး ဆက်နေခဲ့ကြသည်။

***

အပိုင်း ၁၃၄၇ လင်ရှောက်ကျားကိုပြန်ပေးဆပ်ခိုင်းမယ်..

လင်ရှောက်ကျားနှင့် သူမ၏ သူငယ်ချင်းများလည်း ဆက်နေခဲ့ကြသည်။ အချိန်မှာ အရမ်းမိုးမချုပ်သေး၍ စားပွဲအလွတ်များစွာရှိသေးသည်။

ကုနင်းသည် စုန့်နန်၏ဘားသို့ရောက်တိုင်း အမြဲတမ်း ရန်ပွဲနှင့် ရင်ဆိုင်ရသည်ဟု တွေးမိကာ သက်ပြင်းချမိသည်။

"ချင်းရန်နဲ့ ချင်ယင်း ဘယ်မှာလဲ?" ထန်ချင်းယန်နှင့် ရှုချင်ယင်းတို့ကို မတွေ့သောကြောင့် ကုနင်းမေးမိသည်။

"ချင်းရန် ဒဏ်ရာရသွားလို့ ချင်ယင်းက သူ့ကို အနီးနားက ဆေးခန်းမှာ ဆေးကုသမှုခံယူဖို့ ခေါ်သွားတယ်။" ကျန်းယွေ့ချင် ပြန်ဖြေလိုက်သည်။

“အိုး။” ကုနင်း ခေါင်းညိတ်လိုက်သည်။ ထန်ချင်းယန်သည် စွမ်းအင်သလင်းကျောက်ကို သောက်ပြီးနောက် သက်သာနေပြီဖြစ်သော်လည်း ဒဏ်ရာကို ဂရုတစိုက်သန့်စင်ရန် လိုအပ်နေသေးသည်။

သန့်ရှင်းသော စားပွဲတစ်ခုသို့ ပြောင်းရွှေ့ပြီးနောက် မကြာမီ ထန်ချင်းယန်နှင့် ရှုချင်ယင်း ပြန်ရောက်လာသည်။

ထန်ချင်းယန် ဒဏ်ရာရသွားသောကြောင့် အပျော်အပါးကို စိတ်မ၀င်စားတော့သော်လည်း ထန်ချင်းယန်ကို အိမ်ပြန်ပို့ရန် ပါးထျန်းယန်ကို စောင့်ရဦးမည်ဖြစ်သည်။

ပါးထျန်းယန် ရောက်လာသောအခါ ကုနင်းကို လေးစားမှုပြရန် တချက်သာကြည့်လိုက်သည် အကြောင်းမှာ ကုနင်းသည် သူတို့၏ ဆက်နွယ်မှုကိုမဖော်ပြလို၍ပင်။

"ဘာဖြစ်တာလဲ?" ထန်ချင်းယန်၏ ဦးခေါင်းတစ်ဝိုက်ရှိ ပတ်တီးများကိုမြင်သောအခါ ပါးထျန်းယန် အံ့သြသွားသည်။

“ကြီးကြီးမားမားတော့ မဟုတ်ပါဘူး။ လူတစ်စု ဒီမှာ ရန်ဖြစ်ကြလို့ မတော်တဆ ဒဏ်ရာရသွားတယ်” ထန်ချင်းယန်က ပြောသည်။

ထို့နောက် ပါးထျန်းယန်သည် ထန်ချင်းယန်ကို အိမ်သို့ ကားမောင်းပို့ခဲ့ပြီး အခြားသူများလည်း ဘားမှ ထွက်လာခဲ့သည်။

ကုနင်းသည် ဤညတွင် လင်ရှောက်ကျားကို ပြန်ပေးဆပ်ခိုင်းရန် စီစဉ်ထားသောကြောင့် အဝေးကို ထွက်မသွားခဲ့ပေ။

သို့သော်လည်း သူမထိုသို့မလုပ်ခင် သူမကိုယ်သူမ တခြားလူတစ်ယောက်အဖြစ် အသွင်ပြောင်းဖို့ လိုသည်။ ထို့ကြောင့် သူမသည် စောင့်ကြည့်ကင်မရာများ မရှိသည့် နေရာတစ်ခုကို ရှာဖွေပြီး ဘေ့စ်ဘောဦးထုပ်နှင့် မျက်နှာဖုံးနှင့်အတူ အားကစားဝတ်စုံကို ၀တ်ဆင်ခဲ့သည်။

ထို့နောက် သူမသည် စောင့်ကြည့်ကင်မရာများမရှိသည့် စုန့်နန်၏ဘားအပြင်ဘက်ထောင့်တစ်နေရာ၌ စောင့်ဆိုင်းရန် ပြန်သွားခဲ့သည်။

နေရာတိုင်းတွင် စောင့်ကြည့်ကင်မရာများ ရှိသော်လည်း ထောင့်တိုင်းကို ကြည့်၍မရပေ။

ကုနင်း မိနစ် ၂၀ ခန့် စောင့်ခဲ့ပြီး လင်ရှောက်ကျား တစ်ယောက်တည်း အပြင်ထွက်လာသည်။

စမစ်သည် လူသတ်သမားနှင့် ဆက်သွယ်၍မရဘူးဟုပြောသောကြောင့် သူမသည် စိတ်အခြေအနေအလွန်ဆိုးရွားနေသည်။

လင်ရှောက်ကျားမှာ ဘားကို အရက်သောက်ရန်လာခဲ့သည့် ကားမောင်းမလာဘဲ တက္ကစီစီးလာသည်။ ထို့ကြောင့် အိမ်ပြန်ဖို့ တက္ကစီစီးဖို့ လိုအပ်သည်။

ကုနင်းသည် အခြားတက္ကစီဖြင့် သူမနောက်သို့ လိုက်မည့်အစား သူမ ပြေးလိုက်သည်။ ညဘက်တွင် ပြေးလွှားနေသော လူတွေရှိ၍ သူမ၏အမူအရာသည် လုံးဝ မထူးဆန်းပဲ လူတွေ၏ အာရုံစိုက်မှုကိုလည်း မရပေ။

ကုနင်းသည် လင်ရှောက်ကျား သွားမည့်နေရာကို သေချာသွားသောအခါတွင် သူမသည် တက္ကစီတစ်စီးကို ငှားလိုက်ပြီး မြို့နေရာတစ်ခု၏အမည်ကို ပြောလိုက်သည်။

လင်ရှောက်ကျား၏တိုက်ခန်းသည် ထိုနေရာတွင်ရှိပြီး ကုနင်း ထိုအကြောင်းကို သိခဲ့သည်မှာကြာပြီဖြစ်သည်။

ကုနင်းသည် လင်ရှောက်ကျား ထက်စောပြီး ထိုနေရာသို့ ရောက်လိုသောကြောင့် တက္ကစီဒရိုင်ဘာကို မြန်မြန်မောင်းရန် ပြောလိုက်သည်။

တက္ကစီသမားသည် သူမ၏စကားကို နားထောင်ပြီး မကြာမီတွင် လင်ရှောက်ကျားပါသည့် တက္ကစီကို ကျော်တက်သွားသည်။

ထို့ကြောင့် ကုနင်းသည် လင်ရှောက်ကျားထက်အရင် နေထိုင်သည့်နေရာကို ရောက်လာသည်။ ထိုရပ်ကွက်တွင် နေထိုင်သည့်အဆောက်အဦးငယ်များစွာရှိသောကြောင့် ပြင်ပမှကားများ ဝင်ရောက်မောင်းနှင်ခွင့် ပေးထားသည်။

ကုနင်းသည် လင်ရှောက်ကျား နေထိုင်ရာနေရာတွင် တက္ကစီပေါ်မှဆင်းခဲ့သည်။ သို့သော်လည်း အဆောက်အအုံအတွင်း နေထိုင်သူများကိုသာ သွားလာခွင့်ပြုထားသောကြောင့် ကုနင်း အပြင်တွင် စောင့်ဆိုင်းနေရသည်။

မည်သို့ပင်ဆိုစေကာမူ ကုနင်းသည် သူ့ကိုယ်သူ အခြားလူတစ်ဦးအဖြစ် အသွင်ပြောင်းထားသောကြောင့် သူမ ပုန်လျှိုးကွယ်လျှိုးလုပ်ရန် စိတ်မ၀င်စားပေ။

နှစ်မိနစ်ခန့်ကြာသောအခါ လင်ရှောက်ကျား ရောက်ရှိလာပြီး တံခါးဆီသို့ လျှောက်သွားရင်း သော့တစ်ခုကို ထုတ်ယူလိုက်သည်။

သို့သော်လည်း ကုနင်း သူမဆီ ရုတ်တရတ် ပြေးဝင်သွားပြီး လက်သီးနှင့်ထိုးကာ ပါးရိုက်လိုက်သည်။

လင်ရှောက်ကျား မည်သို့ဖြစ်ပျက်သွားသည်ကို နားမလည်တော့ပဲ ခံလိုက်ရသည်။

သူတို့ပတ်ဝန်းကျင်ရှိ လူများသည် လန့်သွားကြသော်လည်း ကုနင်းကို မည်သူမှ မတားရဲကြပေ။

လုံခြုံရေးအစောင့်များသည် ချက်ချင်းသိပြီး မနှောင့်နှေးဘဲ ထိုနေရာသို့ ပြေးလာသည်။

ကုနင်းသည် တခြားလူများ ဝင်ပါမည်ကို မလိုလား၍ ချက်ချင်း လက်စသတ်လိုက်သည်။ သူမသည် လင်ရှောက်ကျား ကို လုံးလုံးလျားလျား မကျိုးကန်းစေပဲ ပြင်းထန်စွာ ဒဏ်ရာရစေသည်။ လင်ရှောက်ကျားသည် ဆေးရုံခုတင်ပေါ်တွင် လအတော်ကြာအောင် အိပ်ရပေလိမ့်မည်။

လင်ရှောက်ကျားကို ခဏလောက် ထိုးပြီးနောက်၊ ကုနင်းသည် လင်ရှောက်ကျား၏ခါးကို နင်းပြီး သူမ၏ မှော်အစွမ်းကို လင်ရှောက်ကျား၏ ခန္ဓာကိုယ်ထဲသို့ တိတ်တဆိတ် ထိုးထည့်လိုက်သည်။ ထိုအခြေအနေမျိုးတွင် လင်ရှောက်ကျား၏ခါးသည် အချိန်အတော်ကြာ နာကျင်နေပေလိမ့်မည်။

လုံခြုံရေးအစောင့်တွေ မရောက်လာခင် ကုနင်း ထွက်သွားသည်။ သူမသည် စက္ကန့်ပိုင်းအတွင်း ပျောက်ကွယ်သွားသောကြောင့် လုံခြုံရေးအစောင့်များက သူမကို မဖမ်းနိုင်ခဲ့ပေ။

“ဖာ့ခ်…”

လင်ရှောက်ကျားသည် ရှုပ်ပွနေသော ဆံပင်များဖြင့် မြေပြင်ပေါ်တွင် ဒူးထောက်လိုက်သည်။ လှုပ်လိုက်သည်နှင့် ပြင်းထန်သော နာကျင်မှုကို ခံစားရသောကြောင့် လုံးဝမလှုပ်ရှားနိုင်ပေ။ သူမသည် နာကျင်စွာ ငိုကြွေးရုံသာ တတ်နိုင်သည်။

လင်ရှောက်ကျားသည် သူမ၏ဘဝတွင် လူပေါင်းများစွာကို စော်ကားခဲ့သဖြင့် ကုနင်းကို ချက်ချင်းမတွေးမိပေ။

ထို့အပြင် ကုနင်းသည် သူမကို လုံးဝ မကြောက်သောကြောင့် ကုနင်း သူမကို ခြုံခိုတိုက်ခိုက်မည်ဟု သူမထင်ခဲ့ပေ။ ကုနင်းသည် သူမကို အမှန်တကယ်နာကျင်စေချင်ရင် သူမကို မျက်နှာချင်းဆိုင် တိုက်ခိုက်လိမ့်မယ်ဟု သူမထင်ခဲ့သည်။

သူမကို ကြောက်ရွံ့သောသူများသာ ခြုံခိုတိုက်ခိုက်ကြသော်လည်း မည်သို့ပင်ဖြစ်စေ လင်ရှောက်ကျားတွင် သက်သေမရှိပေ။

“ဘုရားသခင်...အချင်းချင်း ရန်ငြိုးရှိကြတာလား.. တော်တော်ပြင်းထန်ပုံရတယ်။”

"ဘယ်သူသိနိုင်မလဲ? ဒီအမျိုးသမီးက တခြားအမျိုးသမီးရဲ့ ရည်းစား ဒါမှမဟုတ် ခင်ပွန်းကို ခိုးသွားတာ ဖြစ်နိုင်တယ်။”

“အာ့မျိုးက မကြာမကြာဖြစ်တယ်"

"ကျွန်မက မယားငယ်တွေကို မုန်းတယ်၊ သူတို့ကသင်ခန်းစာပေးသင့်တယ်။"

“ဟုတ်တယ်၊ အိမ်ထောင်သည်ယောက်ျားက သူ့ကို ဒီမှာ တိုက်ခန်းဝယ်ပေးတာ ဖြစ်နိုင်တယ်”

“သူမသာ ဒီမှာ တိုက်ခန်းတစ်ခု တတ်နိုင်ရင်..မယားငယ်ဖြစ်စရာမလိုဘူး.."

"ဟုတ်တယ်"

"..."

ကြည့်ရှုသူများသည် လင်ရှောက်ကျား ကို မယားငယ်ဟုထင်နေကြသော်လည်း သူမလုပ်နိုင်တာ ဘာမှမရှိပေ။..

***

အပိုင်း ၁၃၄၈ ကျန်းရှူးယွမ် ငိုတယ်...

တကယ်တော့ လင်ရှောက်ကျားသည် နာကျင်မှုကို မခံစားနိုင်စေရန်နှင့် ကြည့်ရှုသူများ၏ ဝေဖန်သံများကို မကြားမိစေရန် ယခုအချိန်တွင် မူးမေ့သွားချင်နေသည်။

လင်ရှောက်ကျားသည် အငယ်အနှောင်းဖြစ်ကြောင်း ထိုလုံခြုံရေးအစောင့်များကပင် ယုံကြည်လာကြသည်။ သူတို့သည် ဘေးတွင် ရပ်ကာ လင်ရှောက်ကျားအား အထင်အမြင်သေးစွာဖြင့် ကြည့်နေကြသည်။ သို့သော်လည်း သူတို့သည် ရဲနှင့် လူနာတင်ယာဉ်ကို ခေါ်ပေးသေးသည်။

“မစ္စ၊ မင်းရဲ့ မိသားစုဝင်တွေရဲ့ နံပါတ်တွေကို ပြောပြပေးနိုင်မလား? ငါသူတို့ကိုဆက်သွယ်ဖို့ကူညီပေးနိုင်ပါတယ်” ဟုလုံခြုံရေးအစောင့်တစ်ဦးက လင်ရှောက်ကျားကိုမေးမြန်းခဲ့သည်။

ကံမကောင်းစွာဖြင့်၊ လင်ရှောက်ကျားသည် မလှုပ်ရှားနိုင်သလို စကားလည်းလုံးဝမပြောနိုင်ပေ။

ထိုသို့ဆိုလျှင် သူတို့ ရဲကို စောင့်ရတော့မည်။

ငါးမိနစ်လောက်ကြာသောအခါ ရဲတွေရောက်လာသည်။

လင်ရှောက်ကျားသည် မလှုပ်ရှားနိုင်၊ စကားမပြောနိုင်သောကြောင့် ရဲမေတစ်ဦးသည် သူမ၏အိတ်ထဲမှ အချက်အလက်များကို ရှာဖွေလိုက်သည်။ သူမသည် လင်ရှောက်ကျား၏ ID ကတ်ကိုတွေ့ရှိခဲ့ပြီး လင်ရှောက်ကျား၏မိသားစုထံ ဆက်သွယ်ရန်ကြိုးစားသည်။

ထိုအချိန်တွင် လင်ရှောက်ကျား၏ဖုန်းမြည်လာပြီး ဖုန်းခေါ်ဆိုသူမှာ ရှီယန်ယန်ဖြစ်သည်။ ရှီယန်ယန်သည် လင်ရှောက်ကျားကို ဖုန်းဆက်ပြီး သူမအိမ်ကို ဘေးကင်းကင်း ပြန်ရောက်ရဲ့လားဟု မေးမြန်းဖို့ပင်။

ရဲမေသည် ချက်ချင်း ဖုန်းဖြေလိုက်သည်။

"ဟယ်လို...ရဲတစ်ဦးပြောနေတာပါ...၊ ဒီဖုန်းပိုင်ရှင်နဲ့ မင်းရဲ့ဆက်ဆံရေးကို သိလို့ရမလား?"

ရှီယန်ယန်သည် လင်ရှောက်ကျား၏ဖုန်းပျောက်သွားသည်ဟု တွေးမိပြီး “ကျွန်မက သူ့သူငယ်ချင်းပါ။ သူဖုန်းပျောက်သွားတာလား?"

“မဟုတ်ဘူး၊ သူက အပြင်မှာ ဒဏ်ရာအပြင်းအထန်ရနေတယ်။ သူ့မိသားစုကို ဆက်သွယ်ဖို့ လိုအပ်ပေမယ့် သူ အခု လှုပ်လည်းမလှုပ်နိုင်၊ စကားလည်းမပြောနိုင်တော့ဘူး။ အဲဒါ မင်း ငါတို့ကို ကူညီပေးနိုင်မလား?" ရဲမေကမေးသည်။

"ဘာ...ရှောက်ကျား ဒဏ်ရာ အပြင်းအထန်ရနေတယ်လား.." ရှီယန်ယန် အံ့သြသွားသည်။

"မစ္စလင်ရဲ့ မိသားစုကို ဆက်သွယ်ဖို့ ကူညီပေးနိုင်မလား?" ရဲမေက ထပ်မေးသည်။

“ကျွန်မမှာ သူ့မိသားစုရဲ့ ဖုန်းနံပါတ်တော့ မရှိဘူး၊ ဒါပေမယ့် သူ့ဖုန်းရဲ့ စကားဝှက်ကို ကျွန်မ သိတယ်”

ထို့နောက်တွင် ရှီယန်ယန်သည် လင်ရှောက်ကျားကို လာတွေ့ချင်သောကြောင့် ဆေးရုံကို ရောက်ပြီလားဟုမေးလိုက်သည်။

ရဲမေသည် လင်ရှောက်ကျားကို မကြာခင် အနီးနားက ဆေးရုံကို ပို့တော့မည်ဟု ပြောသည်။

ရဲမေသည် လင်ရှောက်ကျား၏အမေကို ဖုန်းဆက်သည့်အချိန်သည် ၁၁ နာရီထိုးနေပြီဖြစ်ပြီး ကျန်းရှူးယွမ်သည် ခုတင်ပေါ်လှဲကာစဖြစ်သည်။

လင်ရှောက်ကျားသည် ကလေးမဟုတ်တော့ပဲ သူမ၏ ကိုယ်ပိုင်ဘဝရှိသောကြောင့် ကျန်းရှူးယွမ်သည် သူမ အိမ်ပြန် အိပ်သည် မအိပ်သည် ဂရုမစိုက်ပေ။ လင်ရှောက်ကျားတွင် သူမ၏ ကိုယ်ပိုင်တိုက်ခန်းရှိသောကြောင့် သူမနေချင်သည့်နေရာတွင် နေထိုင်နိုင်သည်။

"ဟေး ဘေဘီ" ကျန်းရှူးယွမ်သည် လင်ရှောက်ကျား၏ ဖုန်းခေါ်ဆိုမှုကို ထိုသို့ ဖြေကြားလိုက်သည်။

“ဟယ်လို အခုပြောနေတာ ရဲပါ။ လင်ရှောက်ကျား ရဲအမေပါလား?" ရဲမေက မေးသည်။

ထိုစကားကိုကြားသော် ကျန်းရှူးယွမ် လန့်သွားပြီး ကုတင်ပေါ် ချက်ချင်းထထိုင်လိုက်သည်။ "ဟုတ်တယ်၊ ငါက လင်ရှောက်ကျား ရဲ့အမေပဲ။ ငါ့သမီး ဘာဖြစ်တာလဲ?" ကျန်းရှူးယွမ် က စိုးရိမ်နေမိသည်။

“မစ္စလင်ကသူမနေတဲ့နေရာ အပြင်မှာ ဒဏ်ရာအပြင်းအထန်ရခဲ့တယ်။ လူနာတင်ယာဉ်က မကြာခင် ရောက်လာတော့မှာ ဖြစ်ပြီး သူ့ကို အနီးနားက ဆေးရုံကို ပို့လိုက်တော့မှာ”

"ဘာ..." ကျန်းရှူးယွမ် သည် သူမ၏နားများကို မယုံနိုင်ဖြစ်ခဲ့သည်။

"ဘယ်သူလုပ်တာလဲ? အရမ်းပြင်းထန်သလား?"

တစ်ချိန်တည်းမှာပင် သူမသည် ကုတင်ပေါ်မှ ခုန်ဆင်းကာ ဖိနပ်စီးလိုက်သည်။

လင်ယွမ်ချန်သည် သူတို့၏ အိပ်ခန်းတံခါးကို တွန်းဖွင့်လိုက်ဝင်လာချိန်မှာပဲ ကျန်းရှူးယွမ်၏ ဒေါသထွက်နေသော အသံကို ကြားလိုက်ရတာကြောင့်၊ "ဘာမှားလို့လဲ?"

သို့သော် ကျန်းရှူးယွမ်သည် သူ၏မေးခွန်းကို ဖြေရန် စိတ်မ၀င်စားပေ။

“ဘယ်သူလုပ်တယ်ဆိုတာ ကျွန်မတို့ မသိသေးပါဘူး၊ မစ္စလင်ကို ဆေးရုံမှာ စစ်ဆေးဖို့ လိုအပ်ပေမယ့် အခု သူမ မလှုပ်ရှားနိုင်သလို စကားလည်းမပြောနိုင်သေးဘူး” ရဲမေက ပြန်ပြောသည်။

"ငါအဲ့ဒီကိုချက်ချင်းလာမယ်"

ကျန်းရှူးယွမ် အချိန်မဆွဲပဲ အဝတ်အစားလဲလိုက်သည်။

"ဘာဖြစ်တာလဲ?" လင်ယွမ်ချန် က ထပ်မေးသည်။

"ရှောက်ကျား ဒဏ်ရာအပြင်းအထန်ရပြီး ခဏနေရင် XX ဆေးရုံကို ရောက်မယ်။ အခုသွားရအောင်" ကျန်းရှူးယွမ် အလျင်စလိုပြောလိုက်သည်။

"သေစမ်း...ရှောက်ကျားကို လုပ်တာ..ဘယ်သူ့လက်ချက်ဖြစ်ဖြစ် ငါပြန်ပေးဆပ်ခိုင်းမယ်။"

"ဘာ ..ရှောက်ကျား ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားတယ်လား?" လင်ယွမ်ချန်လည်း အံ့သြသွားသည်။

လင်ရှောက်ကျားသည် စိတ်ထားမောက်မာပြီး ရန်သူများစွာရှိသည်ကို သူသိသော်လည်း သူမသည် သူ၏သမီးဖြစ်ပြီး သူ့သမီးကို သေချာစွာ ကာကွယ်ပေးရမည်။ ကျန်းရှူးယွမ် အဝတ်လဲပြီးသောအခါ သူတို့သည် အလျင်အမြန် အိမ်မှ ထွက်သွားကြသည်။

လင်မိသားစု၏အိမ်ရှိ အခန်းများသည် တစ်ခုနှင့်တစ်ခု ဝေးကွာသောကြောင့် သခင်ကြီးလင်နှင့် လင်ယွမ်ကျန်းတို့ဇနီးမောင်နှံသည် သူတို့၏လှုပ်ရှားမှုများကို မကြားရပေ။

သို့သော် သူတို့ အမြန်ထွက်သွားသောအခါ အိမ်အကူအချို့က မြင်လိုက်သော်လည်း ထိုအကြောင်းကို ဘာမှ မမေးရဲကြပေ။

ခဏအကြာတွင် လင်ရှောက်ကျားကို ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။

ရဲသားတစ်ဦးသည် စောင့်ကြည့်ကင်မရာများကို စစ်ဆေးရန် နေခဲ့ပြီး ရဲမေသည်တော့ လင်ရှောက်ကျားနှင့်အတူ ဆေးရုံသို့ လိုက်ပါသွားခဲ့သည်။

လင်ရှောက်ကျား ဆေးရုံသို့ရောက်သောအခါ လင်ယွမ်ချန်နှင့် ကျန်းရှူးယွမ်တို့သည် လမ်းတွင်သာရှိသေးသည်။ လင်ရှောက်ကျား ဆေးစစ်ပြီးမချင်း သူတို့ မရောက်သေးပေ။

ရဲမေသည် လင်ယွမ်ချန် ကိုတွေ့သောအခါ သူမ အံ့အားသင့်သွားသည်။

"ကော်မရှင်နာလင်" သူမသည် လင်ယွမ်ချန်ကို မှတ်မိသည်။

လင်ယွမ်ချန်သည် တိုင်းပြည်၏ အရေးပါသော အရာရှိတစ်ဦးဖြစ်ပြီး သူ၏မျက်နှာကို TV တွင် မကြာခဏ တွေ့ရလေ့ရှိသည်။

ရဲမေ အံ့သြသည်မှာ လင်ရှောက်ကျား၏ဖခင်မှာ လင်ယွမ်ချန် ဖြစ်နေသည်ကိုပင်။

လင်ရှောက်ကျားသည် သူမ၏မိဘများကို တွေ့သည်နှင့်တပြိုင်နက် ကျယ်လောင်စွာ ငိုသည်။ သူမသည် စကားတစ်ခွန်းမှ မပြောနိုင်ဘဲ ညည်းတွားရုံသာ တတ်နိုင်သည်။

"ငါ့သမီး၊ ငါ့သမီးလေး.. မင်းကို ဘယ်သူက ဒီလိုလုပ်တာလဲ?" ကျန်းရှူးယွမ် ချက်ချင်း ငိုတော့သည်။

"မစ္စလင် ကျွန်မတို့ တတ်နိုင်သမျှ မြန်မြန်ရှာပေးပါ့မယ်။" ရဲမေသည် ချက်ချင်း ကတိပေးလိုက်သည်။

လင်ရှောက်ကျား သည် လင်မိသားစုတွင် မွေးဖွားလာသောကြောင့် ရဲမေသည် ဤကိစ္စမှာ လေးနက်သောကိစ္စဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

***

အပိုင်း ၁၃၄၉ မှုခင်းသက်သေ

"သူ ဘယ်လိုနေသေးလဲ?" လင်ယွမ်ချန် မေးလိုက်လိုက်သည်။ သူသည် အာဏာရှိသူတစ်ယောက်မို့ လူတိုင်းသည် သူ၏ဘေးနား မတ်တပ်ရပ်ပြီး ဖိအားပေးခံရသလို ခံစားရသည်။

“သူ့မှာ ပြင်ပဒဏ်ရာတွေပဲ ရှိတာဆိုတော့ တစ်ပတ် နှစ်ပတ်လောက် အနားယူပြီးရင် ကောင်းသွားမှာပါ။” ဆရာဝန်တစ်ဦးက ပြန်ဖြေလိုက်သည်။

ရဲအရာရှိဘက်က လင်ယွမ်ချန်ကို ကော်မရှင်နာလင်ဟု ခေါ်သည်ကိုကြားသော်လည်း သူမည်မျှအင်အားကြီးသည်ကိုမသိ၍ သူ့ကို မကြောက်ပေ။

ကုနင်း လင်ရှောက်ကျားကို ဘာလုပ်ခဲ့သည်လဲ ဆရာဝန်က ရှာမတွေ့ပေ။

လင်ယွမ်ချန်နှင့် ကျန်းရှူးယွမ်တို့မှာ ဆရာဝန် ထိုသို့ပြောသောအခါ စိတ်သက်သာရာရသော်လည်း ရာဇ၀တ်ကောင်ကို ရှာဖွေရန် ဆုံးဖြတ်ခဲ့သည်။

ကုနင်း အိမ်ပြန်ရောက်သောအခါ ကောင်းယိနှင့် ချောင်ယ ပြန်ရောက်နေပြီဖြစ်သည်။ ချောင်ယသည် ကျင့်မိသားစု၏အိမ်တွင် အသုံးဝင်သောအထောက်အထားကိုမတွေ့ခဲ့ရသော်လည်း ကောင်းယိသည်တော့ ချန်းပင်းကျန်း၏အိမ်တွင် အသုံးဝင်သော သက်သေ အများအပြားတွေ့ရှိခဲ့သည်။

ချန်းပင်းကျန်းသည် ရိုးဖြောင့်မှု လုံးဝမရှိပေ။

ဥပမာအားဖြင့်၊ ချန်းပင်းကျန်းသည် ကျင့်မိသားစုထံမှ လာဘ်ထိုးမှုကို လက်ခံခဲ့ပြီး ဖန်းရှင်းဟောက်၏အမှုကို ဖြေရှင်းရန် ငြင်းဆိုခဲ့သည်။

ဖန်းရှင်းဟောက်သည် ကျော်ကြားမှု၊ ချမ်းသာမှု၊ အာဏာစသည်တို့ မရှိသော သာမန်လူတစ်ဦးဖြစ်သည်ဟု အပြည့်အဝ ယုံကြည်သောကြောင့် သူ့ကို လျစ်လျူရှုထားသရွေ့ သူဘာမှမလုပ်ဘူးဟုတွေးထားသည်။ သို့သော် ကုနင်း ပေါ်လာခဲ့သည်။

ကုနင်း၏အကူအညီဖြင့် ဖန်းရှင်းဟောက်သည် သူတို့ကို အပြစ်ပေးနိုင်သည်။

ကောင်းယိသည် ချန်းပင်းကျန်း၏အိမ်ရှိ မီးခံသေတ္တာထဲမှ မှတ်စုစာအုပ်တစ်အုပ်ကို တွေ့ရှိခဲ့ပြီး သူလက်ခံခဲ့သော လာဘ်ငွေများနှင့် မည်သည့်အကြောင်းကြောင့် ဖြစ်သည်ဆိုသော မှတ်တမ်းများရှိသည်။ ဤမှတ်စုစာအုပ်သည် ချိန်ကိုက်ဗုံးတစ်လုံးလိုဖြစ်ပြီး လူပေါင်းများစွာ၏ ဘဝကို ဖျက်စီးနိုင်သည်။

ကုနင်း ထိုမှတ်စုစာအုပ်ကိုဖတ်ကြည့်ရာ ချန်းပင်းကျန်းသည် ယွမ်သန်းနှစ်ရာနီးပါး လာဘ်ငွေလက်ခံခဲ့ကြောင်း တွေ့ရှိခဲ့သည်။ ပိုက်ဆံအပြင် အိမ်ခြံမြေတော်တော်များများကိုလည်း လက်ခံထားသေးသည်။

ဤမှတ်စုစာအုပ်ကို ဖော်ထုတ်လိုက်သည်နှင့် ချန်းပင်းကျန်း ထောင်ကျမှာ သေချာပေသည်။

သူ့ကို လာဘ်ထိုးခဲ့သူတွေကိုလည်း ဥပဒေနဲ့အညီ ပြစ်ဒဏ်ပေးနိုင်မည်။

ထို့ကြောင့် ကုနင်းသည် ဤမှတ်စုစာအုပ်ကို အပြည့်အဝ အသုံးချဖို့ ဆုံးဖြတ်လိုက်တော့သည်။

နောက်တစ်နေ့တွင် ကေသည် ကုမ္ပဏီသို့ရောက်သည်နှင့် သူတွေ့ရှိခဲ့သောအရာကို ကုနင်းအား တင်ပြလာသည်။

ကေသည် အသုံးဝင်သော အချက်အလက်များစွာကို ရှာမတွေ့သော်လည်း ကောင်းယိ ရရှိခဲ့သော မှတ်စုစာအုပ်သည် ချန်းပင်းကျန်းကို ထိုင်ခုံမှဖြုတ်ချရန် ကုနင်း အတွက် လုံလောက်သည်။

စောင့်ကြည့်ဗီဒီယိုတစ်ခုတွင် ချန်းပင်းကျန်းသည် ကျင့်လီချန်း ၏အတွင်းရေးမှူးနှင့်တွေ့ဆုံခဲ့ပြီး အတွင်းရေးမှူးက သူ့ကို ဆေးလိပ်တစ်ပုံးပေးခဲ့သည်။

သာမာန်အားဖြင့် အကျင့်ပျက်ခြစားသောအရာရှိများသည် ပို၍ လုံခြုံမှုရှိစေရန် လာဘ်ငွေကို ငွေသားဖြင့်သာလက်ခံသည်။

ထို့အပြင် သူတို့သည် ငွေသားကို မဖော်ပြပဲ သေတ္တာ သို့မဟုတ် အခြားအရာတစ်ခုခုတွင် ထည့်ထားကာပေးတတ်သည်။

အပေါ်ယံတွင် ချန်းပင်းကျန်းသည် သက်သေမဖြစ်နိုင်သော စီးကရက်ပုံးတစ်ပုံးကို လက်ခံလိုက်သည်။ သို့သော်လည်း ကေသည် ကျင့်လီချန်းနှင့် ချန်းပင်းကျန်း၏ဖုန်း ခေါ်ဆိုမှုမှတ်တမ်းများကို ရရှိခဲ့သည်။

ကျင့်လီချန်းသည် ဖန်းရှောင်မန်၏တိုင်တန်းမှုကိုလျစ်လျူရှုရန် ချန်းပင်းကျန်း အားပြောခဲ့သည်မှာအမှန်ပင်။

ထို့အပြင်၊ ကုနင်းသည် ဖုန်းထဲတွင် မာနကြီးသော ရဲသား၏ စကားပြောဆိုမှုကို ဖန်းရှောင်မန်မှ အသံဖမ်းယူထားသည်။ ကျင့်မိသားစုသည် ဤကိစ္စကို မဖြေရှင်းဖို့ သူတို့၏ ဒါရိုက်တာကို ဖုန်းဆက်ခဲ့သည်ကို ရဲသားက အသံဖိုင်တွင် ရှင်းရှင်းလင်းလင်း ပြောထားသည်။

ချန်းပင်းကျန်းသည် အငယ်အနှောင်းနှင့် သားတစ်ယောက်လည်းရှိသည်။

သူသည် စီးပွားရေးသမားတစ်ယောက်သာဆိုလျှင် ကြီးလေးသောပြဿနာမဟုတ်သော်လည်း အစိုးရအရာရှိတစ်ယောက်ဖြစ်နေသည်။

ယခုတစ်ကြိမ်တွင် ချန်းပင်းကျန်းသည် ထောင်ကျမည်မှာ အသေအချာပင်။။

တကယ်တမ်း သူသာ သူ့အလုပ်သူလုပ်လျှင် ကုနင်းအနေနှင့် သူ၏ညစ်ပတ်သောလျှို့ဝှက်ချက်တွေကို စုဆောင်းဖို့ စိတ်မ၀င်စားသော်လည်း အခြေအနေတွေက ထိုသို့မဟုတ်ခဲ့ပေ။

အထောက်အထားများနှင့် ဆေးစစ်ချက်နှင့်အတူ ကုနင်းသည် တောင်ပိုင်းခရိုင်ရှိ ပြည်သူ့လုံခြုံရေးဗျူရိုဌာနခွဲသို့ သွားခဲ့သည်။

ထိုကိစ္စကို အလွယ်တကူကိုင်တွယ်ဖြေရှင်းရန် သူမ၏ပါဝါကို အသုံးချနိုင်သော်လည်း ဤဌာနခွဲသည် ကျင့်မိသားစုကို အမှန်တကယ် ကာကွယ်ပေးခြင်းရှိမရှိကို သူမ သိချင်သေးသည်။

သူမသည် ဖန်းရှင်းဟောက်အတွက် တရားမျှတမှုကို ရှာဖွေရန် ဆုံးဖြတ်ခဲ့သောကြောင့် ထိုကိစ္စကို လူကိုယ်တိုင် ကိုင်တွယ်ရမည်။

မြို့တော်သည် ခရိုင် ၁၀ ခုရှိသော အလွန်ကြီးမားသော မြို့ဖြစ်သည်။ အကြီးဆုံးခရိုင်မှာ ဗဟိုခရိုင်ဖြစ်ပြီး မြောက်၊ အရှေ့၊ တောင်နှင့် အနောက်တို့တွင် အဓိကခရိုင်လေးခုရှိသည် အနောက်ခရိုင်သည် မြို့လယ်နှင့် နီးသည်။

ယခု ကုနင်းသည် တောင်ပိုင်းခရိုင်တွင် နေထိုင်သည်။

မြို့တော်ရှိ ခရိုင်တစ်ခုသည် တတိယအဆင့်မြို့တစ်ခုနီးပါး ကြီးမားသောကြောင့် ကုနင်းသည် သူမ၏ကုမ္ပဏီမှ ထိုဌာနခွဲသို့ ကားဖြင့်ရောက်ရှိရန် နာရီဝက်နီးပါးကြာခဲ့သည်။

ထို့နောက် ကုနင်းသည် ကောင်းယိကို ကားထဲတွင် စောင့်ခိုင်းပြီး ချောင်ယကိုသာ သူမနောက်သို့ လိုက်လာစေသည်။

ကုနင်း၏ ထင်ရှားချောမောလှသည့်ရုပ်ရည်ကြောင့် ရဲတပ်သားများစွာ၏ အာရုံစိုက်မှုကို ရရှိလာသည်။

"မစ္စ၊ ဘာများကူညီပေးရမလဲ?" အသက် ၃၄ နှစ်ခန့်ရှိ ရဲတစ်ဦးသည် ကုနင်းထံသို့ လျှောက်လာသည်။

“ကျမ တိုက်ခိုက်ခံရမှုကို တိုင်ကြားမလို့ပါ။”

"ဘာတိုက်ခိုက်ခံရမှုလဲ?"

“မနေ့က နေ့လည် ၁၂ နာရီလောက်မှာ ကျွန်မသူငယ်ချင်းရဲ့ မောင်ဖြစ်သူက သစ်သီးလှီးဓားနဲ့ ဒဏ်ရာရသွားတယ်။ သူ ဒဏ်ရာအပြင်းအထန်ရခဲ့ပေမယ့် ကျွန်မသူငယ်ချင်းက ဖုန်းအကြိမ်ကြိမ်ဆက်ပြီးတိုင်တာတောင် ရဲက အရေးယူဖို့ ငြင်းဆိုတဲ့အတွက် ကျွန်မ ဒီကို လူကိုယ်တိုင်လာခဲ့တတာပါ” ကုနင်း ယဉ်ကျေးစွာပြောလိုက်သည်။

"ဘာ... ဘယ်လိုဖြစ်နိုင်မှာလဲ? ကျေးဇူးပြုပြီး ခဏစောင့်ပါ။” ရဲအရာရှိမှာ ဒေါသတကြီးပြောလိုက်ပြီးနောက် တာဝန်ခန်းထဲသို့ ထွက်သွားသည်။

အပတ်စဉ် တာဝန်ကျ ရဲတပ်ဖွဲ့ဝင် နှစ်ဦးရှိပြီး ဖုန်းပြန်ဖြေဖို့ တာဝန်ယူသည်။

"မနေ့က နေ့လယ်က ဖုန်းပြန်ဖြေတာ ဘယ်သူလဲ?" ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို မေးမြန်းသည်။

“ကျွန်တော်ပါ။” ရဲလူငယ်တစ်ဦးက ဖြေလိုက်သည်။

လူလတ်ပိုင်း ရဲအရာရှိက ထိုအကြောင်းကို ဆက်မမေးမီ ရဲလူငယ်က ဆက်လက်၍ ပြောသည်။ “ခေါင်းဆောင်ကျူး... ဒီကိစ္စမှာ ကျင့်မိသားစု ပါဝင်ပတ်သက်နေပါတယ်တယ်. စောစောကတင် ဖုန်းဆက်သေးတယ်။ ဒါရိုက်တာက ကျွန်တော်တို့ကို လျစ်လျူရှုထားဖို့ ပြောတယ်... အဲဒါကို ကျွန်တော်တို့ ဝင်မစွက်ဖက်တာ ကောင်းမယ်။”

***

အပိုင်း ၁၃၅၀ သီးသန့်စကားပြောမယ်

"ဘာ... ကျင့်မိသားစု.. ဒါရိုက်တာကိုယ်တိုင်က ဒီကိစ္စကို လျစ်လျူရှုဖို့ ပြောခဲ့တာလား?” ကျူးအန်းရုန် အံ့သြသွားကာ ဒေါသလည်းထွက်သွားသည်။

"အဲ့တော့ ဘာဖြစ်လဲ? မင်းကိုယ်မင်း..ရဲတစ်ယောက်ဆိုတာ မမေ့နဲ့!" ကျူးအန်းရုန် သူ့ကို လှမ်းအော်လိုက်သောကြောင့် ရဲလူငယ်က ကြောက်သွားသည်။ "ခေါင်းဆောင်ကျူး၊ ခင်ဗျား ..ဒါရိုက်တာကို မကြောက်ရင် ဒီကိစ္စကို ခင်ဗျားကိုယ်တိုင်ဖြေရှင်းနိုင်တယ်။ ဒါပေမယ့် ကျွန်တော်ကတော့ လုပ်မှာမဟုတ်ဘူး။" သူသည် ငယ်ရွယ်သော ရဲသားတစ်ဦးသာဖြစ်ပြီး ဒါရိုက်တာကို ဆန့်ကျင်ရန် သတ္တိမရှိပေ။

"ငါလုပ်မယ်။" ကျူးအန်းရုန်က ထိုသို့ပြောပြီး ထွက်သွားသည်။ သူသည်လည်း ဒါရိုက်တာကို ကြောက်ပေမည့် ရဲတွေအနေနှင့် အပြစ်မဲ့ ဆင်းရဲနွမ်းပါးသူတွေကို ဆန့်ကျင်ကာ ဆိုးသွမ်းသော အင်အားကြီးလူတွေအပေါ် ဘက်လိုက်ဖို့ ရွေးချယ်လျှင် သူမုန်းသည်။ ဤသည်မှာ လက်ရှိ လူ့အဖွဲ့အစည်း၏ ဖြစ်ရိုးဖြစ်စဉ်တစ်ခုဖြစ်သည်ကိုသိပြီး သူနားလည်သည်။

ကျူးအန်းရုန် ထွက်သွားပြီးသည်နှင့် ရဲလူငယ်သည် ချန်းပင်းကျန်းကို ဖုန်းဆက်ပြီး သတင်းပို့သည်။

ကျူးအန်းရုန် ကုနင်းဆီ ပြန်လျှောက်လာပြီး ပြောလိုက်သည် “မစ္စ၊ ခဏလောက်စောင့်ပါ။ ငါကိုယ်တိုင်ဖြေရှင်းပါ့မယ်။"

တာဝန်ခန်းရှိ ရဲသားငယ်နှင့် ကျူးအန်းရုန်၏ ငြင်းခုံမှုကို ကုနင်း ကြားလိုက်ရပြီး သူမသည် ထိုသူ၏အပြုအမူအတွက် အလွန်ကျေနပ်နေမိသည်။ လောကတွင် အမှန်တကယ်ကောင်းမွန်သော ရဲတွေ ရှိနေသေးသည်ပဲ။

ကုနင်းသည် ရဲဌာနတွင် ကျူးအန်းရုန်၏ရာထူးကို မသိသော်လည်း သူ၏အပြုအမူတွေက ရဲကောင်းတစ်ဦးဖြစ်ကြောင်း သက်သေပြနေသည်။

"ရှင် ဒါကို ကိုင်တွယ်နိုင်တာ သေချာရဲ့လား? ရှင့်ရဲ့ဒါရိုက်တာက ရှင့်ကို စုံစမ်းစစ်ဆေးခွင့်ပြုမယ်လို့ ကျွန်မမထင်ဘူး။”

“ကျွန်တော်က အရေးမပါတဲ့ ရဲသားတစ်ယောက်ပါ။ ဒါရိုက်တာနဲ့ မယှဉ်နိုင်ဘူး၊ ဒါပေမယ့် ကျွန်တော် .လက်ထောက်ဒါရိုက်တာကိုတော့ သတင်းပို့နိုင်တယ်။” ကျူးအန်းရုန်သည် ထိုအတွက် လုံးဝ စိတ်မပူပုံရသည်။

မည်သည့်အဖွဲ့အစည်းတွင်မဆို အာဏာအတွက် ပြိုင်ဆိုင်မှုတွေ အမြဲရှိသည်။ ဤဌာနခွဲတွင် ဒါရိုက်တာနှင့် လက်ထောက်ဒါရိုက်တာသည် တစ်ယောက်နှင့်တစ်ယောက် ဘယ်တော့မှ မတည့်ပေ။ လက်ထောက်ဒါရိုက်တာသည် ဒါရိုက်တာနေရာကို အစားထိုးရန် ရည်မှန်းချက်ရှိသော်လည်း သူ့တွင် လုပ်နိုင်စွမ်းမရှိပေ။

သူသည် ဒါရိုက်တာနှင့် ပတ်သက်ပြီး ဘာမှ ရှာမတွေ့ပေ။

ချန်းပင်းကျန်းသည် ချန်းမိသားစု၏ ပံ့ပိုးကူညီမှုရှိပြီး လက်ထောက်ဒါရိုက်တာတွင်လည်း မြို့တော်ရှိ အကြီးတန်းခေါင်းဆောင်တစ်ဦးထံမှ ပံ့ပိုးမှုရှိသည်။

လက်ထောက်ဒါရိုက်တာသည် ချန်းပင်းကျန်းနှင့်ပတ်သက်သည့် ရာဇ၀တ်မှုဆိုင်ရာ အထောက်အထားများကို ရှာတွေ့နိုင်သရွေ့ သူ၏ပံ့ပိုးများသည် ချန်းပင်းကျန်းအား ထိုင်ခုံမှ ဆွဲချရန် ကူညီပေးမည်ဖြစ်သည်။ ဤကိစ္စသည် သူတို့အတွက် အခွင့်ကောင်းတစ်ခု ဖြစ်သွားနိုင်သည်။

ကျူးအန်းရုန်သည် ဒါရိုက်တာနှင့် လက်ထောက်ဒါရိုက်တာကြား သဘောထားကွဲလွဲမှုကို သတိပြုမိသည်။ တစ်ယောက်နှင့်တစ်ယောက် အကွက်ဆင်နေကြသည်ကို သူသိသော်လည်း သူသည် မည်သည့်အဖွဲ့တွင်မှ မပါပေ။ သူသည် ရိုးရှင်းစွာ မကောင်းသည့်လူများကို မုန်းတီးခြင်းသာဖြစ်သည်။

ဒါရိုက်တာသည် ဤကိစ္စကို ကိုင်တွယ်ဖြေရှင်းရန် မလိုလားသည့်အတွက် လက်ထောက်ဒါရိုက်တာကို တင်ပြမည်။

ကျူးအန်းရုန်၏ရှင်းပြချက်ကိုကြားပြီးနောက် ချန်းပင်းသည် လက်ထောက်ဒါရိုက်တာနှင့် သဘောထားကွဲလွဲမှုရှိရမည်ကို ကုနင်း နားလည်သောကြောင့် ထိုအရာသည် မကောင်းသောအကြံမဟုတ်သည်ကို သူမသိလိုက်သည်။

“ကောင်းလိုက်တာ။” ကုနင်း ကျေနပ်စွာ ခေါင်းညိတ်သည်။

သို့သော်လည်း သူမသည် အခြားတစ်ခုခုကို ပြောရန်ကြံနေစဉ်တွင် ယောက်ျားတစ်ဦး၏အသံက သူမကို နှောင့်ယှက်လိုက်သည်။ “ကျူးအန်းရုန်…” အသံကိုကြားသောအခါ အားလုံးက လှည့်ကြည့်လိုက်ပြီး ချန်းပင်းကျန်း ပေါ်လာသည်။

ချန်းပင်းကျန်းသည် ကျူးအန်းရုန်ကိုရပ်တန့်ရန် အလျင်အမြန်လာခဲ့သည်။ ကျူးအန်းရုန်သည် ဤအမှုကို လက်ထောက်ဒါရိုက်တာထံ အစီရင်ခံမည်ဟု ကြားသောအခါ သူ ဒေါသထွက်သွားသည်။

တခြားရဲတပ်သားများသည် ဒါရိုက်တာ သူတို့အပေါ် ဒေါသပုံချမည်စိုး၍ ချက်ခြင်းနေရာရွှေ့သွားကြသည်။

“ဒါရိုက်တာချန်း” ကျူးအန်းရုန်သည် ချန်းပင်းကျန်းကို ထုံးစံအတိုင်း နှုတ်ဆက်လိုက်သော်လည်း ဤတစ်ကြိမ်တွင် လေးစားမှုမပြပေ။ စင်စစ် ချန်းပင်းကျန်းသည် ကျူးအန်းရုန်၏ လုပ်ရပ်ကို လုံးဝလက်မခံနိုင်ပေ။ သို့သော် သူသည်ရဲအဖွဲ့ငယ်တစ်ခု၏ ခေါင်းဆောင်တစ်ဦးသာဖြစ်ပြီး ချန်းပင်းကျန်းသည် ဒါရိုက်တာဖြစ်နေသဖြင့် ဒေါသကို ထိန်းထားရသည်။

"မင်းကို အခုချက်ချင်း ကိစ္စတစ်ခု ကိုင်တွယ်ဖြေရှင်းခိုင်းမလို့။" ချန်းပင်းကျန်း တမင် ပြောလိုက်သည်။

ကျူးအန်းရုန်သည် ထိုအရာကို ကောင်းကောင်းနားလည်သော်လည်း ဒါရိုက်တာကို မဆန့်ကျင်နိုင်သည့်အတွက် သူက လက်ခံလိုက်သည် “ဟုတ်ကဲ့ပါ ဆရာ”

ထို့နောက် ချန်းပင်းကျန်းသည် ကုနင်းကို လှည့်ကြည့်လိုက်သည်။ "မစ္စ၊ အဲဒါနဲ့ ပတ်သက်ပြီး သီးသန့် ဆွေးနွေးလို့ရမလား?" သူသည် ကုနင်းကို ခြိမ်းခြောက်ရန် ကြံစည်နေခြင်းပင်။

ထိုစကားကိုကြားပြီး ကျူးအန်းရုန်သည် ကုနင်းကို စိုးရိမ်တကြီး ကြည့်လိုက်သော်လည်း ကုနင်းသည်တော့ အလွန်တည်ငြိမ်နေသည်။ သူမ ကောင်းကောင်း ကိုင်တွယ်ဖြေရှင်းနိုင်သောကြောင့် အန္တရာယ်ရှိသည်ဟု မထင်ပေ။ ထို့အပြင် ချန်းပင်းကျန်း မည်ကဲ့သို့ပြောမည်ကို ကုနင်း သိချင်နေသည်။

"ပြဿနာမရှိပါဘူး။" ကုနင်းနှင့် ချောင်ယတို့ ချန်းပင်းကျန်း၏ရုံးခန်းသို့ လိုက်သွားသည်။

ကျူးအန်းရုန်သည် စိုးရိမ်သော်လည်း လက်ရှိအခြေအနေတွင် သူ ဘာမှ မပြောနိုင်ပေ။

လက်ထောက်ဒါရိုက်တာသည် အလုပ်ကိစ္စနှင့် ခရီးထွက်နေပြီး ဘယ်အချိန်ပြန်လာမယ်မှန်း မည်သူမှ မသိပေ။ ထို့ကြောင့် မည်သို့ဖြစ်လာမည်ကို သူစောင့်ကြည့်ရုံသာတတ်နိုင်သည်။ …

ချန်းပင်းကျန်းသည် ရုံးခန်းထဲတွင် ထိုင်လိုက်ပြီး ကုနင်းနှင့် ချောင်ယကို သူ့အရှိန်အဝါသုံးကာ ဖိနှိပ်ဖို့ ကြိုးစားလိုက်သည်။ သို့သော်၊ ကုနင်းနှင့် ချောင်ယသည် ထိုအတွက်ကြောင့် ထိတ်လန့်ခြင်းမရှိပေ။

ချန်းပင်းကျန်းသည် သူတို့၏ တုံ့ပြန်မှုတွေကို ကြည့်ပြီး နှစ်ယောက်လုံးက သူ့ကို မကြောက်သည့်အတွက် အံ့သြသွားသည်။

"ဘာဖြစ်ခဲ့တာလဲ ငါ့ကိုပြောပြ။" ချန်းပင်းကျန်းသည် သူသိပြီးဖြစ်သော်လည်း ကုနင်းကို ရည်ရွယ်ချက်ရှိရှိ မေးလိုက်သည်။

All Chapters