← Chapters

အခန်း (၁၃၅၁-၁၃၅၆)

Vol. 87 Ch. 1351-1356

အခန်း (၁၃၅၁-၁၃၅၆)

Vol. 87 Ch. 1351-1356

အပိုင်း ၁၃၅၁ ငါတို့ရဲကို တိုက်ခိုက်ခဲ့တယ်ဆိုတာ မင်းသေချာလား...

ချန်းပင်းကျန်းသည် သူ မသိသေးသလို ဟန်ဆောင်နေသောကြောင့် ကုနင်းသည် သူနှင့်အတူ သရုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့သည်။

“ကျွန်မသူငယ်ချင်းရဲ့ မောင်လေး ဖန်းရှင်းဟောက်က မနေ့က XX ကုမ္ပဏီမှာ သစ်သီးလှီးဓားနဲ့ တစ်စုံတစ်ယောက်ရဲ့ တိုက်ခိုက်တာခံရတယ်။ သူအသက်အန္တရာယ် ကြီးကြီးမားမားရှိခဲ့ပြီး ကျွန်မသူငယ်ချင်းက ရဲကို အကြိမ်ကြိမ်ဖုန်းခေါ်ဆိုပြီးတိုင်ခဲ့ပေမယ့် ရဲတွေက အဲ့တာကို စုံစမ်းစစ်ဆေးရန် ငြင်းဆိုခဲ့တယ်။ ကျွန်မသူငယ်ချင်းက ဆေးဖိုးမတတ်နိုင်လို့ အကူအညီတောင်းလာတယ်။ ဒါနဲ့ပဲ ကျွန်မလည်း ခွဲစိတ်မှုအတွက် သူ့ကို ပိုက်ဆံနည်းနည်း ချေးလိုက်တယ်။ သူက အခု သူ့မောင်လေးကို ပြုစုစောင့်ရှောက်နေရလို့ ကျွန်မက သူ့အစား ထပ်ပြီး သတင်းပို့ဖို့ လာခဲ့တာပါ။”

"မင်းနာမည်ဘယ်လိုခေါ်လဲ? မင်းဘယ်ကလာတာလဲ?" ရုတ်တရက် ချန်းပင်းကျန်း ကုနင်းကို မေးလိုက်သည်။ ကုနင်း၏တိုင်ကြားမှုကိုတော့ လုံးဝအလေးအနက်မထားပေ။

ကုနင်းသည် ချန်းပင်းကျန်း၏ သဘောထားကို နားလည်ပြီး သူဖြစ်စေချင်သလို ဖြေပေးလိုက်သည်။ "ကျွန်မနာမည်က ကုနင်း ၊ Fမြို့ ကပါ။"

ထိုစကားကိုကြားသော် ချန်းပင်းကျန်း၏မျက်နှာတွင် သိသာထင်ရှားသော အထင်အမြင်သေးမှုကို ဖော်ပြလာသည်။ F မြို့သည် မြို့တော်နှင့် နှိုင်းယှဉ်လျှင် သိသိသာသာ သေးငယ်သော မြို့ဖြစ်သည်။ ကုနင်းသည် သူ့ထက်ပို၍ အင်အားရှိသည်ဟုမထင်ပေ။

"မင်း ဘာအလုပ်လုပ်လဲ?" ချန်းပင်းကျန်း ဆက်မေးသည် ။

“ငါက တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေပြီးကာစ ကျောင်းသားတစ်ယောက်ပါ။ မြို့တော်မှာ တက္ကသိုလ်တစ်ခု လျှောက်ဖို့ စီစဉ်ထားတာကြောင့် ဒီမှာ အားလပ်ရက် အနားယူနေတာ။”

ချန်းပင်းကျန်း သရော်လိုက်သည်။

“မင်းက မြို့တော်ကို ရောက်လာခါစ သာမန်ကျောင်းသူတစ်ယောက်ပဲ။ တခြားသူတွေရဲ့ အရေးကို ဘယ်လို သတ္တိရှိရှိ ဝင်ပါရဲတာလဲ?” ချန်းပင်းကျန်း မောက်မာစွာဖြင့် မေးလိုက်သည်။

"ဒါဆို... သာမန်ကျောင်းသူတစ်ယောက်အနေနဲ့ တခြားအပြစ်မဲ့ပြည်သူတွေကို မကူညီရဘူးလား? အပြစ်မဲ့သူတွေကိုကူညီပြီး ဒုစရိုက်မှုကိုအပြစ်ပေးဖို့က ရဲတွေရဲ့ တာဝန်မဟုတ်ဖူးလား?” ကုနင်း ဒေါသတကြီးနှင့် မေးလိုက်သည်။

ကုနင်း မည်မျှပင် ဒေါသထွက်နေပါစေ သူမသည် ချန်းပင်းကျန်း၏ မျက်လုံးထဲတွင် မည်သူမျှ မဟုတ်ပေ။

"ကလေးက ကလေးပဲ၊ ဒီလူ့အဖွဲ့အစည်းရဲ့ စည်းကမ်းတွေအကြောင်း မင်းဘာမှမသိဘူး။" ချန်းပင်းကျန်း သရော်လိုက်သည်။

“မင်းကို ပြောပါရစေ၊ မြို့တော်မှာ မရေမတွက်နိုင်တဲ့ အင်အားရှိသူတွေ ရှိပြီး မင်းသူတို့ထဲကတစ်ယောက်ကို မတော်တဆ စော်ကားမိရင် မင်းရဲ့ဘဝ ပျက်စီးသွားနိုင်တယ်ဆိုတာကော သိရဲ့လား?”

"ဒီတော့ အင်အားကြီးတဲ့သူက အနိုင်ကျင့်လာရင် သည်းခံရမယ်လို့ ဆိုလိုတာလား?"

ချန်းပင်းကျန်း နှုတ်ဆိတ်နေသော်လည်း သူ၏အမူအရာသည် ထိုစကားကို သဘောတူကြောင်း ပြသနေသည်။

"ဒါရိုက်တာချန်း ရှင့်ကို ရှင့်ထက် ပိုအင်အားကြီးတဲ့သူတစ်ယောက်က သတ်ပစ်ရင် ဒါမှမဟုတ် မသန်မစွမ်းဖြစ်အောင်လုပ်ရင်ရော..." ကုနင်း က ထပ်မေးသည်။

"ပါးစပ်ပိတ်ထား!" ကုနင်း က ထိုသို့ပြောသောအခါ ချန်းပင်းကျန်း ဒေါသထွက်သွားသည်။

"မင်းက ကလေးမလေးပဲရှိသေးတယ်၊ ငါက မင်းကို သနားလို့ အကြံဉာဏ်ပေးတာ ကျေးဇူးတင့်တယ်။ ဘယ်သူက ငါ့ကို သတ်ချင်တာလည်း အဲ့လူကို ငါ သတ်ပစ်မယ်?"

ကုနင်း သရော်လိုက်သည်။ “ဒါက မမျှတတဲ့ဥပဒေပဲ။ တစ်ယောက်က ခြံကို မကြည့်နေဘူး။ တခြားတစ်ယောက်က မြင်းတစ်ကောင်ကို ခိုးယူနိုင်တယ်..အဲ့တာ မတရားဘူး။"

"အဲ့တော့ ဘာဖြစ်လဲ ငါ့ကို တရားစွဲလေ။” ချန်းပင်းကျန်း မာနကြီးသည့် လေသံနှင့် ပြောသည်။

"ကောင်းပြီ၊ ကြည့်ကြတာပေါ့!" ကုနင်း ပြုံးပြီး ထွက်သွားလေသည် ။

ချန်းပင်းကျန်းသည် ကုနင်း၏ နောက်ကျောကို စိုက်ကြည့်နေသည်။ မတ်တပ်ထရပ်ပြီး အပြင်ဘက်သို့ လိုက်လာသည်။

"သူတို့ကို ဖမ်း..သူတို့.. ရဲကိုတိုက်ခိုက်ခဲ့တယ်” အားလုံးအံ့အားသင့်သွားစေရန် သူက အမိန့်ပေးလိုက်သည်။

ရဲအများအပြားသည် ကုနင်းနှင့် ချောင်ယတို့ကို ချက်ချင်းဖမ်းဆီးရန် ဝိုင်းရံလိုက်သည်။ ချန်းပင်းကျန်းသည် သူတို့၏ခေါင်းဆောင်ဖြစ်ပြီး သူပြောတာမှားလျှင်ပင် နားထောင်ရမည်ဖြစ်သည်။

ကုနင်းနှင့် ချောင်ယတို့သည် တည်ငြိမ်နေကြသော်လည်း သူတို့ကို ဖမ်းဆီး လျှင် ငြိမ်ခံနေမည်မဟုတ်ပေ ။

"ခဏနေဦး" ကုနင်း ကျယ်လောင်စွာပြောသည်။ ထိုရဲများသည် ချက်ချင်းရပ်ပြီး သူမကို အာရုံစိုက်လိုက်သည်။

ထို့နောက် ကုနင်းသည် ချန်းပင်းကျန်းကို လှည့်ကြည့်လိုက်သည်။ "ဒါရိုက်တာချန်း၊ ကျွန်မတို့က ရဲတွေကို တိုက်ခိုက်ခဲ့တာ သေချာလား?" ကုနင်း အေးစက်စက်မေးသည်။

"ဒါပေါ့..မင်းတို့လုပ်ခဲ့တယ်...အခု ဖမ်းလိုက်။”

သူက အမိန့်ပေးပြန်သည်။

"ကောင်းပြီ၊ ဒီလိုဆိုမှတော့ ရှင့်စကားကိုအမှန်ဖြစ်အောင်လုပ်ပေးဖို့ ပြသနာမရှိပါဘူး.." ကုနင်း ထိုသို့ပြောပြီး ရဲတွေကို တိုက်ခိုက်တော့သည်။ ချောင်ယသည်လည်း ထိုသို့လုပ်ဖို့ တွန့်ဆုတ်မနေပေ။

ထိုရဲများသည် သူတို့ကို မယှဉ်နိုင်၍ မကြာခင် အရိုက်ခံရသည်။

“မင်း…” ချန်းပင်းကျန်းသည် ချောင်ယနှင့် ကုနင်းတို့၏ တိုက်ခိုက်ရေးစွမ်းရည်ကြောင့် ထိတ်လန့်သွားပြီး ကြောက်လန့်တကြား နောက်ပြန်ဆုတ်သွားသည်။

သူတို့သည် ပြည်သူ့လုံခြုံရေးဗျူရိုတွင် တိုက်ခိုက်ရဲကြောင်း သူမယုံနိုင်ပေ။

"ဘာလဲ?" ကုနင်းသည် သူမ၏မျက်နှာပေါ်တွင် ကြောက်စရာကောင်းသော အပြုံးအတုကို ဆင်မြန်းကာ ချန်းပင်းကျန်းဆီသို့ လျှောက်သွားသည်။

ချန်းပင်းကျန်း ထိတ်လန့်ပြီး နောက်ဆုတ်သွားရသည်။

ရုတ်တရက်ပင် သူသည် သေနတ်တစ်လက်ကို ထုတ်ကာ ကုနင်းကို ချိန်ရွယ်လိုက်သည်။ "အဲဒီမှာ ရပ်လိုက်၊ ဒါမှမဟုတ် ငါပစ်လိုက်မယ်။"

"ကြောက်မယ်များထင်နေလား?" ကုနင်း အထင်အမြင်သေးစွာဖြင့် ပြုံးလိုက်သည်။

ချန်းပင်းကျန်းက သူမကို ပစ်ခတ်လျှင်ပင် ကျည်ဆန်ကို အလွယ်တကူ ရှောင်နိုင်သည် ။

ချောင်ယသည်လည်း ကုနင်း ကောင်းကောင်း ကိုင်တွယ်ဖြေရှင်းနိုင်သည်ကို နားလည်၍ သူမ လုံးဝ စိတ်မပူပေ။

***

အပိုင်း ၁၃၅၂ ဘယ်သူအရင်ပစ်တာလဲ...

သို့သော် ကုနင်းသည် ရပ်ပြီး ပြောလိုက်သည်။ "ဒါရိုက်တာချန်း ပြည်သူ့လုံခြုံရေးဗျူရိုဌာနခွဲရဲ့ ဒါရိုက်တာအနေနဲ့၊ အပြစ်မဲ့သူကို အပြစ်ပေးဖို့ ငြင်းဆန်ပြီး လာဘ်ငွေကို လက်ခံတာ..မင်း... ထောင်ထဲရောက်မှာ မကြောက်ဘူးလား?"

"မင်းမှာ သက်သေရှိလား?" ချန်းပင်းကျန်း ဟစ်အော်လိုက်သည်။ ကုနင်း၏ တိုက်ခိုက်ရေးစွမ်းရည်ကြောင့် သူ ထိတ်လန့်သွားသော်လည်း ယခု သူ၏လက်ထဲတွင် သေနတ်တစ်လက်ရှိသည်။ "ငါ့မိသားစုက မြို့တော်မှာ နာမည်ကြီးချန်းမိသားစုပဲ၊ ..မင်းလိုဘာမဟုတ်တဲ့သူက...ဘာလုပ်နိုင်မှာမလို့လဲ?"

"မင်းဒုက္ခအကြီးအကျယ်ရောက်တဲ့အခါ ချန်းမိသားစုက ရှင့်ကို ကာကွယ်ပေးမယ်လို့ ထင်နေတာလား? ရှင်အသုံးမဝင်တော့တာနဲ့ သူတို့ကိုထိခိုက်မှာကြောက်လို့ စွန့်ပစ်ကြလိမ့်မယ်”

"ဗရမ်းဗတာတွေ..." ချန်းပင်းကျန်းသည် ငြင်းဆန်လိုက်သော်လည်း ကုနင်း ပြောသည်မှာ မှန်ကန်သောကြောင့် သူ ယုံကြည်ချက် သိပ်မရှိပေ။ ချန်းမိသားစုသည် သူတို့အတွက် အသုံးဝင်သောလူများကိုသာ အလိုရှိသည်။ ထို့ကြောင့် ချန်းမိသားစုသည် သူ့အား အခြားလူများကို ဓါးရိုးမကမ်းမိစေဖို့ သတိထားရန် အမြဲပြောခဲ့သည်။

သူဒုက္ခရောက်ခဲ့သည်ရှိသော် ချန်းမိသားစုသည် ကယ်တင်၍ရလျှင် သူ့ကို ကူညီပေးလိမ့်မယ်၊ ထိုသို့မဟုတ်ပဲ မျှော်လင့်ချက်မရှိလျှင် သူ့ကို တိုက်ရိုက်စွန့်ပစ်လိမ့်မည်။

သို့သော်၊ ချန်းပင်းကျန်းမှာ သူ၏မိသားစုသည် အလွန် အင်အားကြီးလွန်းသည်ဟု ထင်သောကြောင့် အချို့သောအရာများကို ပြုလုပ်သောအခါတွင် သူ၏အပြုအမူကို မထိန်းချုပ်ခဲ့ပေ။ သူသည် အရင်က တစ်ခါမှ ဒုက္ခမရောက်ဖူးသည့်အတွက် အနေအထိုင်ဆင်ခြင်ရန် အလုပ်ရှုပ်မခံပေ။

ဥပမာအားဖြင့် သူလက်ခံခဲ့သော လာဘ်ပေးလာဘ်ယူမှတ်တမ်းများကို မှတ်စုစာအုပ်တွင် ချရေးထားသည်။

သူသည် ထိုစာအုပ်ကို လုံခြုံသည့် နေရာတွင် သော့ခတ်သိမ်းထားပြီး သာမန်လူများ ရှာမတွေ့နိုင်သော်လည်း ကောင်းယိအတွက်မူ ရှာဖွေရန် ပြဿနာ မရှိပေ။

ချန်းပင်းကျန်းသည် သူ့ကိုယ်သူ အလွန်ထက်မြက်သည်ဟု ယုံကြည်ခဲ့သော်လည်း အမှန်တကယ်တွင် သူ့ထက် ထက်မြက်သူ အများအပြားရှိသေးသည်။

"ကြည့်ရသေးတာပေါ့!" ကုနင်းသည် စိတ်မရှည်တော့သောကြောင့် ချန်းပင်းကျန်းဆီသို့ လျပ်စီးအလျင်ဖြင့် အလျင်အမြန်ပြေးသွားလိုက်သည်။

ချန်းပင်းကျန်းသည် မည်သို့ဖြစ်သွားသည်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ခင်မှာပင် ကုနင်းသည် သူ၏လက်ထဲက သေနတ်ကို ဆွဲယူလိုက်ပြီးဖြစ်သည်။

ချန်းပင်းကျန်း အံ့အားသင့်သွားသည်။ “မင်း…”

သူ၏မျက်လုံးများကိုပင် မယုံနိုင်တော့ချေ။

ကုနင်းသည် သူ့ကို သေနတ်နှင့် ချိန်ထားသည်။

ချန်းပင်းကျန်းသည် ကုနင်း သူ့ကို ပစ်သတ်မည်ကို ကြောက်ရွံ့သော်လည်း ကုနင်းသည် မဆိုင်းမတွပင် သေနတ်ကို တစ်စစီ ဖြုတ်လိုက်သည်။

သူမအနေနှင့် ချန်းပင်းကျန်းကို သေနတ်သုံးပြီး ကိုင်တွယ်ရန် မလိုအပ်ပေ။

ချန်းပင်းကျန်း စိတ်သက်သာရာရပြီးသူမ၏ လုပ်နိုင်စွမ်းကြောင့် အံ့သြသွားသည်။

"မင်းဘယ်သူလဲ?" ချန်းပင်းကျန်း က မေးသည်။ ကုနင်းသည် သာမန်မိန်းကလေးမဟုတ်ကြောင်း သူသေချာသည်။ သူမသည် သူ့ထက် အင်အားကြီးသော မိသားစုတစ်မှ ဖြစ်ပုံရသည်။

"ငါ...အစကတည်းက မိတ်ဆက်ပြီးပြီလေ.." ကုနင်း ထိုသို့ ပြောကာ ချန်းပင်းကျန်းကို လျစ်လျူရှုပြီး ထွက်သွားသည်။

သူတို့သည် ဒုတိယထပ်တွင်ဖြစ်၍ သူတို့ဖြစ်ပျက်နေသည်ကို လူတော်တော်များများ သတိမထားမိကြပေ။ သို့သော် ကုနင်းနှင့် ချောင်ယ လှည့်ထွက်သွားသည့်အချိန်တွင် ချန်းပင်းကျန်းသည် အရိုက်ခံထားရပြီး မြေပြင်ပေါ်တွင် လဲနေသည့် ရဲသား၏ အိတ်ကပ်ထဲမှ နောက်ထပ် သေနတ်တစ်လက်ကို ဆွဲထုတ်ပြီး ကုနင်းကို ပစ်လိုက်သည်။

ကျည်ဆန်သည် ကုနင်းဆီသို့ တည့်တည့် မတ်မတ် လာနေသည် ။

ချန်းပင်းကျန်း၏မျက်နှာ သည် မကောင်းဆိုးဝါးဆန်နေသည်။ မည်သူက သူ့ကို ခြိမ်းခြောက်ရန် သတ္တိရှိသည် ဖြစ်စေ သူထိုသူကို သေချာပေါက်သင်ခန်းစာ ပြန်ပေးမည်။

ချန်းပင်းကျန်းသည် ကုနင်း၏ တခြား ခန္ဓာကိုယ် အစိတ်အပိုင်းများကို မပစ်ပဲ သူမ၏ ခြေထောက်ကိုသာ ပစ်ခဲ့သည်။ သူမကို သတ်မည့်အစား သင်ခန်းစာတစ်ခုသာ ပေးချင်ရုံပင်။

မည်သို့ပင်ဆိုစေကာမူ ကုနင်းသည် ကျည်ဆန်ကို အလွယ်တကူ ရှောင်ရှားလိုက်သည်။

စက္ကန့်ပိုင်းအတွင်း ကျည်ဆန်သည် ပြတင်းပေါက်ကို ထိမှန်ပြီး အပိုင်းပိုင်းကွဲသွားစေသည်။

ဤမြင်ကွင်းသည် ချန်းပင်းကျန်းကို ထိတ်လန့်သွားစေပြန်သည်။ ကုနင်းသည် ကျည်ဆန်ကို ရှောင်လိုက်နိုင်သည်ကို သူ မယုံကြည်နိုင်ပေ။

ကုနင်းသည် ချန်းပင်းကျန်းကို ခြိမ်းခြောက်မှုအပြည့်ဖြင့် စိုက်ကြည့်လိုက်သည်။ ထိုလူသည် သူမကို အနောက်ကနေ သေနတ်နှင့် ပစ်ခဲ့ခြင်းဖြစ်သည်။

ကုနင်းသည် ချန်းပင်းကျန်းနှင့် ခုနစ်မီတာအကွာတွင် ရှိနေရာမှ တစ်စက္ကန့်အတွင်း သူ့ထံသို့ ပြေးလာပြီး သူ၏လက်ကို ဆွဲလိုက်သည်။

ချက်ချင်းပင် ချန်းပင်းကျန်း ၏လက်ကို လိမ်ချိုးကာ သေနတ်ကို မြေပြင်ပေါ်သို့ ပြုတ်ကျသွားစေသည်။

ချန်းပင်းကျန်း နာကျင်စွာအော်လိုက်သည်။

ကုနင်းမှာ သူ့ကို ရွံရှာသောကြောင့် သူ၏ဗိုက်ကို ကန်ထုတ်လိုက်သည်။ သူမသည် အင်အားများများ အသုံးမပြုခဲ့သော်လည်း ချန်းပင်းကျန်းသည် ကြမ်းပြင်ပေါ် လွင့်ထွက်သွားလေသည်။

ကြမ်းပြင်ပေါ်တွင် ကြွေပြားများ ရှိနေသဖြင့် ချော်ပြီး ချန်းပင်းကျန်း၏ကိုယ်သည် လိမ့်သွားကာ နံရံကို ထိမှသာ ရပ်တန့်သွားသည်။

ချန်းပင်းကျန်းသည် အဆက်မပြတ်ထိခိုက်မှုကြောင့် သူ၏အရိုးများအားလုံးကျိုးသွားသည်ဟု ခံစားနေရသည်။

သေနတ်သံသည် ဤဌာနခွဲရှိ ရဲသားတိုင်းကို ထိတ်လန့်စေကာ သူတို့သည် ချက်ချင်း အပေါ်ထပ်သို့ ပြေးတက်လာသည်။

၁၀ စက္ကန့်အတွင်း ရဲတပ်ဖွဲ့ဝင် ခုနစ်ဦးသည် ဒုတိယထပ်တွင် စုရုံးရောက်ရှိလာသည်။ သူတို့သည် မြင်ကွင်းကြောင့် အံ့အားသင့်သွားပြီး ကျူးအန်းရုန်မှလွဲ၍ အခြားလူများသည် သူတို့၏ သေနတ်ကို ဆွဲထုတ်လိုက်သည်။

"လက်မြှောက်..." ဦးဆောင်သူ ရဲသားသည် ကုနင်းနှင့် ချောင်ယ တို့ကို လှမ်းအော်လိုက်သည်။

ကုနင်းနှင့် ချောင်ယတို့သည် သေနတ်ခုနစ်လက်နှင့် ထိပ်တိုက်ရင်ဆိုင်နေရသော်လည်း လုံးဝမကြောက်ကြပေ၊ သို့သော် သူတို့ သတိထားရမည်ဖြစ်သည်။

"ပြည်သူ့လုံခြုံရေးဗျူရိုကရဲတွေကို မင်းဘယ်လိုတောင် တိုက်ခိုက်ရဲတာလဲ?" ရဲတစ်ယောက်က ကုနင်းကို လှမ်းအော်သည်။

"ဒါဆိုရင်.. မင်းရဲ့ ဒါရိုက်တာက ငါ့ကို အရင်ပစ်တာဆိုတော့.. သူ ငါ့ကိုသတ်တာ ငါက..စောင့်နေရမှာလား?" ကုနင်း သရော်လိုက်သည်။

ထိုစကားကိုကြားပြီး အားလုံး အံ့သြသွားသည်။ သူတို့၏ ဒါရိုက်တာက အရင်ပစ်သည်ကို သူတို့ မယုံနိုင်ကြပေ။

စင်စစ်၊ ကုနင်းနှင့် ချောင်ယတို့ နှစ်ယောက်စလုံး ဝင်လာစက သေနတ်တစ်လက်မှမပါပေ။ သူတို့၏ဒါရိုက်တာနှင့် ရဲတွေဆီမှာသာ သေနတ်ရှိကြပေသည်။

***

အပိုင်း ၁၃၅၃ စောင့်ကြည့်ကင်မရာတွေအကုန်ပျက်နေတယ်...

သို့သော် သူတို့အထဲမှ ရဲလေးဦးသည် သူတို့၏ ဒါရိုက်တာက အရင်ပစ်သည်ဟု မထင်ပေ။ အကြောင်းမှာ သူတို့သည် ချန်းပင်းကျန်း၏လူများဖြစ်သောကြောင့်ပင်။

ကျူးအန်းရုန်နှင့် အခြားရဲနှစ်ဦးတို့သည် ချန်းပင်းကျန်း၏အပြုအမူကို မကျေမနပ်ဖြစ်သွားသော်လည်း အသေးစိတ် မသိခင် သူတို့ဘာမှမပြောချင်ကြပေ။

"ငါတို့ ဒါရိုက်တာက မင်းကို အရင်ပစ်တယ်ဆိုရင် မင်း တစ်ခုခု မသင့်တော်တာ လုပ်ထားလို့နေမှာပေါ့။” ရဲတစ်ဦးကဦးဆောင်ကာ ပြောလိုက်သည်။ သူ၏နာမည်သည် ရန်ခယ် ဖြစ်ပြီး သူသည် ဤဌာနခွဲတွင် ကပ္ပတိန်လည်း ဖြစ်သည်။

"ဘယ်သူအရင်ပစ်လဲဆိုတာသိရဖို့ စောင့်ကြည့်ကင်မရာတွေကို စစ်ဆေးကြည့်နိုင်တယ်။" ကုနင်း ပြောလိုက်ရာ ကပ္ပတိန်ရန်က၊

“ကောင်းပြီ၊ ငါတို့ စောင့်ကြည့်ကင်မရာတွေကို စစ်ဆေးမယ်၊ ဒါပေမယ့် အမှန်တရား မပေါ်ပေါက်ခင် မင်းတို့နှစ်ယောက် ဒီမှာနေရမယ်။”

"ပြဿနာမရှိပါဘူး။" ကုနင်း သဘောတူလိုက်သည်။

အပြစ်ရှိသူမှာ ချန်းပင်းကျန်းဖြစ်ပြီး သူမသည် အမှန်တကယ် အပြစ်ကင်းသောကြောင့် သူတို့သည် အမှန်တရားကို ထုတ်ဖော်လိမ့်မည်ဟု သူမ မထင်ပေ။ သို့သော် ယနေ့ ဤနေရာသို့ လာရခြင်းကိစ္စ မပြီးသေးသည့်အတွက် သူမဆက်နေရဦးမည်။

“သူတို့ကို စစ်ကြောရေးခန်းထဲ ခေါ်သွား။” ကပ္ပတိန်ရန်က ထိုသို့ အမိန့်ပေးလိုက်သောအခါ ရဲနှစ်ယောက်သည် ကုနင်း နဲ့ ချောင်ယ ဆီကို ချက်ချင်း လျှောက်လာသည်။

“ခဏနေပါဦး။” ကုနင်း မကျေမနပ်ဖြစ်သွားသည်။ “ငါတို့က သံသယရှိသူတွေလည်းမဟုတ်၊ ရာဇ၀တ်သားလည်းမဟုတ်ပဲနဲ့ ဘာလို့ စစ်ကြောရေးအခန်းမှာ ထိုင်ရမှာလဲ။ ငါတို့ ရုံးခန်းတစ်ခုလိုတယ်။”

ကုနင်းသည် ထိုကဲ့သို့ အရှက်ခွဲသည်အား ခေါင်းငုံ့မခံနိုင်ပေ။

“မင်းက ရဲကို တိုက်ခိုက်ခဲ့တယ်။ အဲ့တာကြောင့် မင်းက သံသယရရှိသူပဲ။” အခြားရဲအရာရှိကပါ ဝင်ပြောလာသည်။

"ငါတို့က ခုခံကာကွယ်လိုက်ရုံပဲလေ။"

“မင်း…” ရဲသားက တစ်ခုခု ပြောချင်သေးသော်လည်း ကျူးအန်းရုန် သည် သူ၏စကားကို ဖြတ်ပြီး ကပ္ပတိန်ရန်ကို ပြောလိုက်သည်။ “ကပ္ပတိန်ရန် သူတို့ အစည်းအဝေးခန်းထဲမှာ နေလို့ရတယ်.. ပြီးတော့ ငါတို့ စောင့်ကြည့်ကင်မရာတွေ စစ်ဆေးဖို့ လူနှစ်ယောက်ကို စေလွှတ်လိုက်မယ်။”

ဤဌာနခွဲတွင် လက်ရှိ ရဲဝန်ထမ်း အလုံအလောက်ရှိသည်။

ကျူးအန်းရုန်သည် ကုနင်းကို ယုံကြည်သော်လည်း သူမကို ကယ်တင်ရန် ခိုင်လုံသော အထောက်အထား လိုအပ်သည်။ ရှင်းရှင်းလင်းလင်း သက်သေမပြနိုင်လျှင် ကုနင်းကို ဥပဒေနှင့်အညီ ပြင်းထန်စွာ အပြစ်ပေးနိုင်သည်။

ကပ္ပတိန်ရန်သည် ခဏတုံ့ဆိုင်းသွားပြီးနောက် သဘောတူလိုက်သည်။

အစည်းအဝေးခန်းသည် ကပ်လျက်အခန်းဖြစ်ပြီး ကျူးအန်းရုန်သည် တံခါးကိုဖွင့်ပြီး ကုနင်းနှင့် ချောင်ယကို အထဲဝင်ဖို့ ဖိတ်လိုက်သည်။

သူသည် တခြားရဲခြောက်ဦးနှင့်အတူ ကုနင်းနှင့် ချောင်ယကို စောင့်ကြပ်သည်။

ကုနင်း ထိုင်လိုက်ပြီး ဖုန်းကြည့်ရန် သူမ၏ ဖုန်းကိုထုတ်လိုက်သည်။ သို့သော် ရဲသားတစ်ဦးက သူမကို လှမ်းဟောက်သည်။ "မင်းဒီမှာ ဖုန်းမကစားရဘူး။"

"ဖုန်း ကစားတာတရားမဝင်ဘူးလား?" ကုနင်း သူ့ကို အေးစက်စက် တချက်ကြည့်လိုက်သော် ရဲသားသည် ပါးစပ် ပိတ်သွားသည်။

ထို့နောက် ကုနင်းက ကျူးအန်းရုန်ကို "ကပ္ပတိန်ကျူး ၊ မင်းရဲ့ဒါရိုက်တာက ဒဏ်ရာရနေပြီ.. သူအခု သေချာ အလုပ်လုပ်နိုင်မယ်လို့ ငါမထင်ဘူး။ မင်းလက်ထောက်ဒါရိုက်တာကို ဘာလို့မခေါ်တာလဲ?"

ကျူးအန်းရုန်သည် ကုနင်းပြောသည့်စကား၏ အဓိပ္ပါယ်ကို နားလည်သည်။ သူတို့သည် လက်ထောက်ဒါရိုက်တာ၏ အမိန့်ကို လက်ရှိတွင် လိုအပ်နေသည်မှာ အမှန်ဖြစ်၍ သူ၏ လက်ထောက်ဒါရိုက်တာကို ဖုန်းခေါ်လိုက်သည်။

သူတို့၏လက်ထောက်ဒါရိုက်တာသည် အလုပ်ကိစ္စနှင့် ခရီးထွက်နေသော်လည်း သူ့ဆီ အစီရင်ခံရန် လိုအပ်နေသေးသည်။

အခန်းတွင်းရှိ ရဲအများစုသည် ချန်းပင်းကျန်း၏လူများဖြစ်သော်လည်း သူတို့သည် လက်ထောက်ဒါရိုက်တာနှင့် ချန်းပင်းကျန်း၏ဆက်ဆံရေးကို မသိကြပေ။ ထို့ကြောင့် သူတို့၏ လက်ထောက်ဒါရိုက်တာကို ဖုန်းခေါ်မည့် အကြံကို မကောင်းဘူးဟုမထင်ကြပေ။

ကျူးအန်းရုန်သည် ဒါရိုက်တာ ဒဏ်ရာရနေသောကြောင့် ဌာနခွဲတွင် စီမံခန့်ခွဲရန် လိုအပ်နေကြောင်း သူတို့၏ လက်ထောက်ဒါရိုက်တာကို ပြောလိုက်သည်။

တိုက်ဆိုင်စွာပင်၊ လက်ထောက်ဒါရိုက်တာသည် ခရီးမှပြန်ရောက်နေပြီဖြစ်၍ ဌာနခွဲသို့လာသည့်လမ်းတွင်ဖြစ်နေသည်။

လက်ထောက်ဒါရိုက်တာသည် ချန်းပင်းကျန်း ဒဏ်ရာရသွားကြောင်း ကြားသောအခါ သူအလွန်စိတ်လှုပ်ရှားသွားသော်လည်း သူ၏မျက်နှာတွင် မဖော်ပြပေ။ ချန်းပင်းကျန်း၏ ဒဏ်ရာ မည်မျှပြင်းထန်သည်ကို သိရန် လိုအပ်သောကြောင့် ကားကိုအရှိန်မြှင့်မောင်းရန် ကားမောင်းသူကို ပြောလိုက်သည်။

ချန်းပင်းကျန်း ဒဏ်ရာမှာ တတ်နိုင်သမျှ ပြင်းထန်စေဖို့ သူမျှော်လင့်မိသည်။

သိပ်မကြာခင်ပင် ကပ္ပတိန်ရန်နှင့် သူ၏လူတွေ ပြန်ထွက်လာသည်။

"ဆောရီး..၊ ဒုတိယထပ်နဲ့ တတိယထပ်မှာရှိတဲ့ စောင့်ကြည့်ကင်မရာတွေ ပျက်စီးနေတဲ့အတွက် ဘာမှရှာမတွေ့ဘူး။" ကပ္ပတိန်ရန်က ကုနင်း ကို ပြောသည်။

"ဘာ...ဘယ်လိုဖြစ်နိုင်မှာလဲ?" ကျူးအန်းရုန် ထိုစကားကို မယုံပေ။

ထို့နောက် သူသည် စောင့်ကြည့်ကင်မရာများကို ကပ္ပတိန်ရန် ဖျက်ပစ်လိုက်ခြင်းဖြစ်ရမည်ကို ကျူးအန်းရုန် သဘောပေါက်သွားသည်။

ထိုသို့ တွေးမိပြီး ကျူးအန်းရုန်သည် ဤအမှားအတွက် သူ့ကိုယ်သူ အပြစ်တင်လိုက်သည်။ သူသည် ကုနင်းကို ကာကွယ်ချင်၍ ကပ္ပတိန်ရန်သည် ချန်းပင်းကျန်း၏လူဖြစ်သည်ကို လုံးလုံးမေ့နေခဲ့သည်။

ကပ္ပတိန်ရန်သည် ချန်းပင်းကျန်းအတွက် ထိုသို့ လုပ်ပေးခဲ့ခြင်း ဖြစ်ရမည်။

တစ်ဖက်တွင် ကုနင်းနှင့် ချောင်ယသည် နည်းနည်းမှ မအံ့သြပေ။ ကပ္ပတိန်ရန်ဆိုသူ သက်သေအထောက်အထားများကို ဖျက်ဆီးပစ်မည်ကို သူတို့ကြိုသိခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ၊ ကုနင်းသည် ကောင်းကောင်းပြင်ဆင်လာသောကြောင့် ထိုအတွက် စိတ်ကူခြင်းမရှိပေ။ သူမသည် ချန်းပင်းကျန်းနောက်မှ ဒုတိယထပ်ကို လိုက်သွားခဲ့စဉ်က ကင်မရာအသေးလေးတစ်ခုဖြင့် ဖြစ်ပျက်ခဲ့သမျှကို မှတ်တမ်းတင်ထားသည်။

ထို့ကြောင့် သူတို့သည် အစည်းအဝေးခန်းထဲတွင် အေးဆေးနေခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ထိုရဲများသည် ချန်းပင်းကျန်း ဘက်မှရပ်တည်ရန် ရွေးချယ်ခဲ့သောကြောင့် ကုနင်းသည် သူတို့ကိုလည်း သင်ခန်းစာတစ်ခု ပေးရန် စိတ်ပိုင်းဖြတ်ထားသည်။

"ဒါဆို ငါတို့က ရဲကို တိုက်ခိုက်ခဲ့တဲ့ ပြစ်မှုမြောက်တယ်လို့ ဆိုလိုတာလား?" ကုနင်း မေးလိုက်သည်။

ကပ္ပတိန်ရန်က ချက်ချင်းထောက်ခံလာသည်။ “မင်းပြောတာမှန်တယ်။”

"ကောင်းတာပေါ့၊ ဒါပေမယ့် မင်းရဲ့လက်ထောက်ဒါရိုက်တာက ဒီကိုလာနေပြီ၊ ငါတို့ သူ့ကို ခဏစောင့်ရအောင်။" ဟု ကုနင်း က ပြောသည်။ သူမသည် သူတို့အပေါ် အချိန်မဖြုန်းချင်ပေ။

လက်ထောက်ဒါရိုက်တာကို သူမ မသိသော်လည်း သူမကို ကူညီပေးမည်မှန်းတော့ သိသည်။

***

အပိုင်း ၁၃၅၄ ကုနင်း စစ်မေးခံရတယ်...

"ဘာ.." ကပ္ပတိန်ရန် စက္ကန့်ပိုင်းမျှ ကြောင်အသွားကာ ရုတ်တရက် ကျူးအန်းရုန်ကို လှည့်ကြည့်လိုက်သည်။ "ကျူးအန်းရုန်၊ လက်ထောက်ဒါရိုက်တာကို ခေါ်လိုက်တာလား?"

"အင်းလေ...ဘာလို့မခေါ်ရမှာလဲ? ဒါရိုက်တာ ဒဏ်ရာရနေတာကို လက်ထောက်ဒါရိုက်တာကို သတင်းပို့ဖို့ လိုတယ်လေ။” ကပ္ပတိန်ရန် ဘာတွေးနေသည်ကို သူသိသည်။

“မင်း…” ကပ္ပတိန်ရန် မည်သို့ ပြန်ပြောရမည်ကို မသိတော့ပေ။

ဒါရိုက်တာသည် ဒဏ်ရာရပြီး စီမံခန့်ခွဲမှုမလုပ်နိုင်တော့သောကြောင့် လက်ထောက်ဒါရိုက်တာကို သတင်းပို့ရချင်းမှာ အပြည့်အဝ ကျိုးကြောင်းဆီလျော်သည်။ သို့သော် ဒါရိုက်တာသည် လက်ထောက်ဒါရိုက်တာနှင့် ဆက်ဆံရေးမကောင်းသဖြင့် လက်ထောက်ဒါရိုက်တာသည် အခြေအနေကို ပိုဆိုးသွားအောင်လုပ်နိုင်သည်။

ကပ္ပတိန်ရန်သည် အစပိုင်းတွင် စိုးရိမ်နေခဲ့သော်လည်း အထောက်အထားများ ပျက်စီးသွားပြီဖြစ်ကြောင်း သတိရသွားကာ စိတ်လျှော့လိုက်သည်။ အထောက်အထားမရှိလျှင် လက်ထောက်ဒါရိုက်တာ ကိုယ်တိုင် ရောက်လာလျှင်ပင် ပြသနာဖြစ်စရာမရှိပေ။ သို့သော် ကုနင်းသည် အခြားအမှုတစ်ခုအတွက် ဤနေရာသို့ ရောက်လာသည်ကို သူမေ့သွားသည်။

"ကောင်းပြီ ငါတို့စောင့်နိုင်ပါတယ်။" ကပ္ပတိန်ရန် ထိုသို့ ပြောပြီး သူ၏လူများနှင့်အတူ အပြင် ထွက်သွားသည်။

"မစ္စကု၊ မင်းကိုကြည့်ရတာ လုံးဝစိုးရိမ်နေပုံမပေါ်ဘူးပဲ။" ကုနင်း အလွန်တည်ငြိမ်နေပုံရသည်ကို တွေ့လိုက်ရသောအခါ ကျူးအန်းရုန် အလွန်သိချင်လာသည်။ သူသည် သူမအတွက် စိုးရိမ်နေသော်လည်း သူမကတော့ဖြင့် နည်းနည်းလေးမှ စိတ်ပူပုံမပေါ်ပေ။

ကုနင်းသည် ကျူးအန်းရုန်က သူမဘက်ကဖြစ်ကြောင်းကို သိပြီးဖြစ်၍ သူ့အပေါ် အမြင်ကောင်းရှိထားပြီဖြစ်သည်။

"လက်ထောက်ဒါရိုက်တာက ကျွန်မ နာမည်ကို ရှင်းပေးမယ်လို့ ယုံတယ်လေ။" လက်ထောက်ဒါရိုက်တာသည် အမှန်တရားကို ရှာတွေ့ရန် ကူညီပေးမည့်သဖွယ် ပြောလိုက်သည်။

ကျူးအန်းရုန်ကတော့ ကိစ္စမှာ ထိုမျှရိုးရှင်းသည်ဟုမထင်ပေ။

မိနစ် ၂၀ ခန့်ကြာသော် လက်ထောက်ဒါရိုက်တာရောက်လာသည်။

ချန်းပင်းကျန်းကို ဆေးရုံပို့ထားပြီးဖြစ်၍ ချန်းပင်းကျန်း၏ဒဏ်ရာကို မတွေ့မြင်ရသော်လည်း သူစိတ်မပျက်ပေ။ သံသယရှိသူကို ဦးစွာ စစ်ဆေးမေးမြန်းရန် လိုအပ်သောကြောင့် သူသည် ချန်းပင်းကျန်းကို နောက်မှ ဆေးရုံတွင်သွားတွေ့မည်ဖြစ်သည်။

ကျူးအန်းရုန်သည် ဖုန်းထဲတွင် အများကြီး ပြောမထားသောကြောင့် လက်ထောက်ဒါရိုက်တာသည် ယနေ့ သူ ရာထူးတိုးရန် အခွင့်ကောင်းရှိသည်ဆိုသည်ကို မသိပေ။

ကုနင်းနှင့် ချောင်ယတို့သည် အပြစ်ကင်းကြောင်း သက်သေမပြနိုင်၍ သံသယရှိသူဖြစ်လာကြပြီး စစ်ဆေးမေးမြန်းသည့်အခန်းထဲသို့ ခေါ်ဆောင်သွားခံရသည်။

ကုနင်း ဂရုမစိုက်ပဲ သဘောတူလိုက်သည်။ လက်ထောက်ဒါရိုက်တာ ရောက်နေပြီဖြစ်၍ သူမတို့အဆင်ပြေမည်ဟု ယုံကြည်သည်။

လက်ထောက်ဒါရိုက်တာ၏အမည်မှာ ထန်ချွမ်ကျွင်း ဖြစ်သည်။ သူသည် အသက် ၄၀ ခန့်ရှိပြီး ခန္ဓာကိုယ် ကျစ်လစ်သည်။ ချန်းပင်းကျန်းသည်တော့ သူ့ထက် အများကြီး ပိုဝသည်။ ထန်ချွမ်ကျွင်းသည် ချန်းပင်းကျန်းထက် ပိုပြီးလည်း ကြည့်ကောင်းသည်။

စစ်ဆေးမေးမြန်းသည့်အခန်းသည် အလွန်ကျယ်ဝန်းပြီး စစ်မေးသည့် စားပွဲရှေ့တွင် ထိုင်ခုံနှစ်ခုံရှိသည်။ ညာဘက်တွင် ကွန်ပြူတာတစ်လုံးပါသည့် စားပွဲအသေးလေးတစ်လုံးရှိသည်။ မှတ်တမ်းတင်ရန် ရဲမေတစ်ဦး ထိုင်နေသည်။ စားပွဲအသေးပေါ်တွင် ကင်မရာတစ်လုံးကိုလည်း တင်ထားသည်။

စစ်ဆေးမေးမြန်းသည့်အခန်း၏ ဘယ်ဘက်ထောင့်တွင် အခြားလူများထိုင်ရန် ကုလားထိုင်သုံးလုံးရှိသည်။

"လက်ထောက်ဒါရိုက်တာထန်၊ သူတို့က ဒါရိုက်တာနဲ့ ရဲသုံးယောက်ကို ဒဏ်ရာရစေခဲ့တဲ့ သံသယရှိသူတွေပဲ။" ကပ္ပတိန်ရန်သည် ကုနင်း နှင့် ချောင်ယ တို့ကို အခန်းထဲခေါ်လာကာ ပြောလိုက်သည်။

ထန်ချွမ်ကျွင်းသည် သံသယရှိသူနှစ်ဦးမှာ အမျိုးသမီးတစ်ဦးနှင့် မိန်းကလေးငယ်တစ်ဦးဖြစ်ကြောင်း တွေ့ရှိသောအခါ အံ့အားသင့်သွားသည်။

ထန်ချွမ်ကျွင်းသည် ထိုမိန်းကလေးနှစ်ဦးအနေနှင့် အကြောင်းမရှိပဲတိုက်ခိုက်လောက်မည်မဟုတ်ကြောင်း သူသဘောပေါက်သည်၊ အထူးသဖြင့် ပြည်သူ့လုံခြုံရေးဗျူရိုလို နေရာမျိုးတွင်။ ရဲကိုတိုက်ခိုက်ခြင်းသည် ကြီးလေးသောရာဇ၀တ်မှုဖြစ်သည်။ထို့အပြင် သူတို့တိုက်ခိုက်ခဲ့သည်မှာ ဒါရိုက်တာပင်။ ချန်းပင်းကျန်းသည် လက်မခံနိုင်စရာ တစ်ခုခုကို လုပ်ခဲ့ခြင်းဖြစ်ရမည်။

“ထိုင်ပါဦး။” ထန်ချွမ်ကျွင်း ပေါ့ပေါ့ပါးပါး ပြောလိုက်သော်လည်း လူတွေကို စိတ်ဖိစီးစေသည်။

ထို့နောက် ကပ္ပတိန်ရန်သည် ကုနင်းနှင့် ချောင်ယကို စစ်ကြောရေး စားပွဲရှေ့က ကုလားထိုင်ပေါ်တွင် ထိုင်ခိုင်းပြီး လက်ထိတ်ခတ်သည်။

“နေပါဦး.. ငါတို့က ရာဇ၀တ်သားတွေ မဟုတ်ဘူး။ ဘာလို့ ငါတို့ကို လက်ထိပ်ခတ်မှာလဲ?" ကုနင်း သူ့ကို ချက်ချင်းတားလိုက်သည်။

"မင်းက ရာဇ၀တ်သားမဟုတ်ဘူးလား? မင်းက ဒါရိုက်တာကို ဒဏ်ရာရစေခဲ့ပြီး မင်းမှာ အပြစ်ကင်းကြောင်းလည်း သက်သေမပြနိုင်ခဲ့ဘူးလေ။" ကပ္ပတိန်ရန်က သရော်လိုက်သည်။

"ကပ္ပတိန်ရန်၊ ငါတို့ဘာလို့ဒီကိုလာခဲ့တာလဲဆိုတာ မမေ့နဲ့"

“မင်း…” ကပ္ပတိန်ရန် အနည်းငယ် ထိတ်လန့်သွားသည်။

ထန်ချွမ်ကျွင်းသည် ကုနင်းကို သေချာကြည့်လိုက်သည်။ ဤကိစ္စသည် လုံးဝ မရိုးရှင်းပေ။

"ကောင်းပြီ၊ ထားလိုက်ပါ။" ထန်ချွမ်ကျွင်း ဝင်ပြောလိုက်သည်။

ကပ္ပတိန်ရန်သည် ချန်းပင်းကျန်း၏လူဖြစ်သော်လည်း ထန်ချွမ်ကျွင်း၏စကားကို နားထောင်ရဆဲဖြစ်သည်။

ထို့နောက် စစ်ဆေးမေးမြန်းမှု စတင်ခဲ့သည်။

ထန်ချွမ်ကျွင်းကိုယ်တိုင် စစ်မေးမည်ဖြစ်ပြီး ကျူးအန်းရုန်နှင့် ကပ္ပတိန်ရန်သည်က ဘေးတွင် ထိုင်နေသည်။

"အမည်၊ အသက်၊ မွေးရပ်မြို့၊" ထန်ချွမ်ကျွင်း ကုနင်းကို စမေးလိုက်သည်။

"ကုနင်း, ၁၉နှစ်, Fမြို့"

ချောင်ယသည်လည်း ပြန်ဖြေသည်။ "ချောင်ယ, ၂၇နှစ်, Kမြို့"

ချောင်ယသည် မြို့ငယ်လေးမှဖြစ်သည်။

"မင်းဘာလို့ ဒါရိုက်တာချန်းကို ထိခိုက်စေတာလဲ?" ထန်ချွမ်ကျွင်းက အေးအေးဆေးဆေးပင် မေးသည်။ သူ၏အသံသည် ဒေါသသံ လုံးဝမပါပေ။ စင်စစ် သူသည် ထိုသတင်းကြားရသည်ကို အလွန် ပျော်နေသည်။

"အင်း၊ ဇာတ်လမ်းက မနေ့ကစတာ..." ကုနင်းဟပြောသော်လည်း ကပ္ပတိန်ရန်သည် သူမကို ချက်ချင်း နှောင့်ယှက်လိုက်သည်။

“အတိုချုံးပြီးပြောလိုက်...။ မင်း ငါတို့ဒါရိုက်တာကို ဘာကြောင့် ထိခိုက်စေတာလဲ? ငါတို့ရဲ့ လက်ထောက်ဒါရိုက်တာကို ပြောပြလိုက်။" ကပ္ပတိန်ရန်သည် ကုနင်းကို ဖန်းရှင်းဟောက် အကြောင်း ထုတ်မပြောစေချင်ပေ။

"ရန်ခယ် မင်းငါ့နေရာလာလုပ်မလား .."ထန်ချွမ်ကျွင်း စိတ်အနှောင့်အယှက်ဖြစ်သွားသည်။

***

အပိုင်း ၁၃၅၅ ကုနင်း မှာသက်သေရှိတယ်...

ကပ္ပတိန်ရန် တစ်စုံတစ်ခုကို ဖုံးကွယ်ထားခြင်းဖြစ်ရမည်ဟု ထန်ချွမ်ကျွင်း သဘောပေါက်လိုက်သည်။

ကပ္ပတိန်ရန်သည်လည်း ကြောက်လန့်ပြီး ပါးစပ်ကို ချက်ချင်းပိတ်လိုက်သည်။ သူ မတော်မလျော်ပြုမူခဲ့ကြောင်းကိုလည်း သူသတိပြုမိလိုက်သည်။ ဤကိစ္စသည် ချန်းပင်းကျန်းကို ထိခိုက်နိုင်သော်ငြား ချန်းပင်းကျန်းတွင် ချန်းမိသားစုနောက်ခံရှိသောကြောင့် သူ ဒုက္ခရောက်လိမ့်မည် မဟုတ်ပေ။

“ဆက်ပြော..” ထန်ချွမ်ကျွင်း ကုနင်းကို စကားပြန်ထောက်ပေးလိုက်သည်။

ထို့နောက် ကုနင်း ဆက်ပြီး၊ “ဇာတ်လမ်းက မနေ့က စတာ။ မနေ့က နေ့လည် ၁၂ နာရီမှာ ကျွန်မသူငယ်ချင်းရဲ့ မောင်ဖြစ်သူက သစ်သီးလှီးဓားနဲ့ထိုးခံရလို့ ဒဏ်ရာရသွားပါတယ်။ သူ ဒဏ်ရာအပြင်းအထန်ရခဲ့ပေမယ့် ရဲတပ်ဖွဲ့က ကျွန်မသူငယ်ချင်း အကြိမ်ကြိမ်ဖုန်းဆက်ပြီးတိုင်တာတောင် ဖြေရှင်းပေးဖို့ ငြင်းဆိုခဲ့ပါတယ်။ ကျွန်မသူငယ်ချင်းကပြောတာ.. ကျင့်မိသားစုက ဒီကိစ္စမှာ ပါဝင်ပတ်သက်လို့ ဒါရိုက်တာချန်းကို ဖုန်းဆက်ပြီး ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှမလုပ်ရဘူးလို့ ပြောထားတာကြောင့်တဲ့..။”

"ဘာ...ဘာလို့... ကျင့်မိသားစုက ဖုန်းဆက်ထားတာအတွက်နဲ့တဲ့လား?" ထန်ချွမ်ကျွင်း စိတ်တိုသွားသည်။ ထန်ချွမ်ကျွင်းသည် ထိုကိစ္စအတွက် အမှန်တကယ် ဒေါသထွက်သွားခြင်းဖြစ်သည်။ ချန်းပင်းကျန်း နေရာတွင် အစားထိုးရန် သူ့တွင် ရည်မှန်းချက်ရှိသော်လည်း သူသည် သူ၏တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်လိုစိတ်ရှိသည်။ အပြစ်မဲ့သူတွေအတွက် မကောင်းမှုကျူးလွန်သူများကို သူအချိန်တိုင်း အပြစ်မပေးနိုင်သော်လည်း သူ့ဘက်ကနေ ဥပဒေကို ဘယ်တုန်းကမှ မချိုးဖောက်ခဲ့ပေ။ တစ်ခါတစ်ရံတွင် အာဏာအောက် ဦးညွှတ်ရသည်ရှိသော်လည်း လေးနက်သည့်ပြစ်မှု မဟုတ်သည့် အခါတွင်သာ ဖြစ်သည်။ အကယ်၍ ဥပဒေနဲ့မညီလျှင် သူ ကူညီဖို့ ငြင်းဆန်လိမ့်မည်။

စင်စစ် ချန်းပင်းကျန်းသည် ဥပဒေကို အကြိမ်ပေါင်းများစွာ ချိုးဖောက်ခဲ့သည်ကို သူသိထားသော်လည်း ယခုအချိန်အထိ သူ သက်သေမပြသေးပေ။ ချန်းပင်းကျန်းဆီမှ တစ်စုံတစ်ခု တူးဆွနိုင်လျှင် သူ့ကို သေချာပေါက် ဖြုတ်ချနိုင်မည်ဖြသ်သည်။

ထန်ချွမ်ကျွင်း အမှန်တကယ်ဒေါသထွက်နေသည်ကို ကုနင်း တွေ့ပြီး သူ့အပေါ်တွင် အထင်ကြီးမိသွားသည်။

"ဘာဆက်ဖြစ်သေးလဲ?" ထန်ချွမ်ကျွင်း ဆက်မေးလိုက်သည်။

“လွန်ခဲ့တဲ့ နာရီဝက်လောက်က ကျွန်မသူငယ်ချင်းကိုယ်စား လူကိုယ်တိုင် တိုင်ကြားဖို့ ရောက်လာခဲ့တာပါ။ ကပ္ပတိန်ကျူးက ကျွန်မတို့ကို ကူညီဖို့ လုပ်ခဲ့ပေမယ့် ဒါရိုက်တာချန်းက သူ့ကို တားခဲ့ပါတယ်။ သူက ကပ္ပတိန်ကျူးကို တခြားအရာတစ်ခုကိုင်တွယ်ဖို့ ပြောပြီး ကျွန်မနဲ့ သီးသန့်စကားပြောချင်တယ်လို့ ပြောခဲ့တယ်။ နောက်ဘာတွေဖြစ်ခဲ့လဲဆိုတာကိုတော့ ဒီဗီဒီယိုထဲမှာ ကိုယ်တိုင်ကြည့်ရှုနိုင်ပါတယ်။” ကုနင်း ကပြောပြီး သူမ၏ အိတ်ကပ်ထဲမှ ကင်မရာအသေးစားလေးကို ထုတ်ယူလိုက်သည်။

ကုနင်းသည် ထန်ချွမ်ကျွင်း သူမ ဘက်ကဖြစ်ကြောင်း သေချာသောကြောင့် ကင်မရာကို ထုတ်ပြခဲ့ခြင်းဖြစ်သည်။ အခြေခံအားဖြင့် သူတို့၏ ရန်သူသည် တစ်ယောက်တည်းဖြစ်သည်။

တခြားသူများသည် သေးငယ်သည့် ကင်မရာကို မြင်ပြီး အံ့အားသင့်သွားကြသည်။

ထန်ချွမ်ကျွင်းသည်ပင် ကုနင်း၏ပါးနပ်မှုကြောင့် အံ့သြသွားသည်။ သူမသည် အလွန်ငယ်သော်လည်း၊ ထူးထူးခြားခြား ထက်မြက်သည်။ သူမသည် ဒီကိုမလာခင်ကတည်းက ကောင်းကောင်းပြင်ဆင်ထားသည်ဆိုတာ ထင်ရှားသည်။

ကျူးအန်းရုန်နှင့် ကပ္ပတိန်ရန်တို့သည်လည်း အံ့သြသွားကြသည်။ ကျူးအန်းရုန် ယခုမှသာ ကုနင်း အဘယ်ကြောင့် တည်ငြိမ်နေသည်ကို နားလည်သွားသည်။ ကုနင်းသည် အမှန်တကယ် ထက်မြက်သည့် မိန်းကလေးပင်။

သို့သော် ကပ္ပတိန်ရန်သည်တော့ မကောင်းတော့ဘူးဟု ခံစားမိနေသည်။ ထိုအချိန်က အခြားလူများ မကြည့်ရှုစေရန် စောင့်ကြည့် ကင်မရာများကို ဖျက်ဆီးခဲ့သည်။ အံ့ဩဖွယ်ကောင်းစွာ ကုနင်းတွင် သူမ၏အိတ်ကပ်ထဲ၌ ကင်မရာအသေးလေးတစ်လုံးရှိနေသည်။

"ကပ္ပတိန်ကျူး၊ ငါ့ကိုပေး" ထန်ချွမ်ကျွင်း အလျင်စလိုတောင်းလိုက်သည်။

ထန်ချွမ်ကျွင်းသည် ကျူးအန်းရုန်က ဖြောင့်မတ်သူဖြစ်သည်ကို သိသောကြောင့် ကျူးအန်းရုန်အား ခိုင်းခြင်းဖြစ်သည်။ မဟုတ်လျှင် ကပ္ပတိန်ရန်သည် ကင်မရာကို ထပ်မံပျက်စီးစေနိုင်သည်။

“ဟုတ်ကဲ့” ကျူးအန်းရုန် ပြောပြီး ကင်မရာအသေးလေးကို ကုနင်း၏ လက်ထဲကနေတဆင့် ထန်ချွမ်ကျွင်းကို ပေးလိုက်သည်။

ထန်ချွမ်ကျွင်း ဗီဒီယိုကို ချက်ချင်းဖွင့်လိုက်သည်။

ထိုအချိန်တွင် ကပ္ပတိန်ရန်သည် ထန်ချွမ်ကျွင်း၏အနောက်ဘက်သို့ ရွှေ့ကာ ဗီဒီယိုကို အတူတူကြည့်ကြသည်။ ရုံးခန်းထဲတွင် ချန်းပင်းကျန်းက ကုနင်း ကို စကားပြောသည်ကို တွေ့လိုက်ရသည်။ ကင်မရာသည် အနည်းငယ်လှုပ်သော်လည်း ဗီဒီယိုကို ကြည်လင်ပြတ်သားစွာ ကြည့်ရှုနိုင်သေးသည်။

ကုနင်းသည် ရုံးတွင် မသင့်လျော်သော မည်သည့်အရာကိုမျှ မလုပ်ခဲ့ဘဲ ချန်းပင်းကျန်းသည်သာ ကုနင်း ကို အကြိမ်ကြိမ် ခြိမ်းခြောက်ခဲ့သည်။ စကားပြောပြီးသောအခါ၊ ကုနင်းနှင့် ချောင်ယတို့ အပြင်ဘက်သို့ ထွက်လာပြီး ချန်းပင်းကျန်း နောက်မှ လိုက်လာသည်။

သို့သော် သူတို့အခန်းထဲက ထွက်သည်နှင့် ချန်းပင်းကျန်းသည် ရဲတွေကို တိုက်ခိုက်သည်ဟုဆိုကာ သူတို့ကို ဖမ်းဆီးဖို့ ရုတ်တရက် အမိန့်ပေးခဲ့သည်။

ကုနင်းက သူမကိုယ်သူမ ခုခံကာကွယ်ပြီး ရဲတပ်ဖွဲ့ဝင်များစွာနှင့် တိုက်ခိုက်ခဲ့သော်လည်း ချန်းပင်းကျန်းသည် ကုနင်းကို သေနတ်ကိုဆွဲထုတ်ကာ ကုနင်းကို ချိန်လိုက်သည်။

ထို့နောက် ကုနင်းသည် လျှပ်စီးသဖွယ် ထိုသေနတ်ကို လုယူပြီး လူတိုင်းကို ထိတ်လန့်စေသည်။

သေးငယ်သောကင်မရာသည် ကုနင်း၏ကော်လာနောက်တွင်ဝှက်ထားသောကြောင့် သူမ၏လှုပ်ရှားမှုကိုရှင်းလင်းစွာမှတ်တမ်းတင်ထားသည်။

သူတို့သည် ကုနင်းကို အံ့သြတကြီးနှင့် လှည့်ကြည့်ကာ စူးစမ်းလိုက်သည်။ သို့သော် ဗီဒီယိုကို အပြီးကြည့်ရန် လိုအပ်နေသေးသောကြောင့် ဘာမှ မမေးကြပေ။

ကုနင်းနှင့် ချောင်ယသည် ချန်းပင်းကျန်းကို မထိခိုက်စေပဲ ထွက်သွားချင်သော်လည်း ချန်းပင်းကျန်းသည် မြေပြင်ပေါ်တွင် လဲနေသည့် ရဲတစ်ယောက်ဆီက သေနတ်ကို ဆွဲထုတ်လိုက်ပြီး ကုနင်းကို ပစ်လိုက်သည်။

ကုနင်း ထွက်သွားသောအခါ သေးငယ်သော ကင်မရာသည် အခြားထောင့်သို့ လှည့်သွားသောကြောင့် လူတိုင်းက ချန်းပင်းကျန်း၏ လုပ်ရပ်များကို ဗီဒီယိုထဲတွင် ရှင်းရှင်းလင်းလင်း မြင်လိုက်ရပေသည်။

***

အပိုင်း ၁၃၅၆ ကုနင်းမှာ သက်သေ အလုံအလောက်ရှိတယ်

သေနတ်သံကြားပြီး အားလုံးက ထိတ်လန့်သွားကြသည်။

ဗီဒီယိုထဲတွင် ကုနင်းသည် ကျည်ဆန်ကို အလွယ်တကူ ရှောင်နိုင်ခဲ့ပြီး လူတိုင်းကို ထပ်မံတုန်လှုပ်စေခဲ့သည်။ ကုနင်းသည် ကျည်ဆန်ကို လွယ်လွယ် ရှောင်နိုင်ခဲ့သည်ကို သူတို့ မယုံနိုင်ကြပေ။ စင်စစ် တစ်စုံတစ်ယောက်က ထိုသို့လုပ်နိုင်သည်ကိုမယုံကြည်နိုင်ကြခြင်းသာဖြစ်သည်။ မလှမ်းမကမ်းသာ ကွာဝေးပြီး ကျည်ဆန်သည် အနောက်မှပစ်ခြင်းဖြစ်သည်။

ထန်ချွမ်ကျွင်းသည် စစ်ကျောင်းတက်ခဲ့ပြီး ကိုယ်ခံပညာတွင် ထူးချွန်သည်ဟု သူထင်ခဲ့သော်လည်း ကုနင်းကဲ့သို့ သူလုပ်နိုင်မည်ဟု မထင်ပေ။ အကွာအဝေးပိုဝေးခဲ့လျှင်ပင် သူ့အတွက် မဖြစ်နိုင်ပေ။

ထိပ်တန်း အထူးလေ့ကျင့်ထားသောတပ်ဖွဲ့များသာ လုပ်နိုင်မည်ဖြစ်သည်။

ကုနင်းသည် သူမနှင့် ငါးမီတာသာဝေးသော ကျည်ဆန်ကိုရှောင်ခဲ့ပြီး ထိပ်တန်း အထူးတပ်ဖွဲ့ဝင်များအတွက်ပင်လျှင် အလွန်ခက်ခဲနိုင်သည်။

ကုနင်းသည် လုံးဝ မရိုးရှင်းကြောင်း ထန်ချွမ်းကျွင်းခံစားမိလိုက်သည်။

နောက်တစ်စက္ကန့်တွင်တော့ ကုနင်းသည် ချန်းပင်းကျန်းဆီသို့ ပြေးသွားကာ ထိုသူ၏ လက်ကောက်ဝတ်ကို ချိုးပြီး ဗိုက်ကို ကန်ထုတ်လိုက်သည်။

ထိုအခိုက်အတန့်တွင် အခြားရဲတပ်သားအားလုံးက ကုနင်းနှင့် ချောင်ယကို သေနတ်ဖြင့်ချိန်လိုက်သည်။

ထို့နောက်တွင် အချင်းချင်း ငြင်းခုံကြပြီး စောင့်ကြည့်ကင်မရာအကြောင်း ပြောကြသည်။

ထန်ချွမ်ကျွင်းသည် ဗီဒီယိုကို ကြည့်ပြီးနောက် ကွန်ပျူးတာကို ပြင်းပြင်းထန်ထန် ရိုက်လိုက်သည်။ " ချန်းပင်းကျန်းက ဒါကို ဘယ်လိုလုပ်ရဲရတာလဲ? သူလုပ်ခဲ့တာတွေက လုံးဝလက်ခံနိုင်စရာမရှိဘူး။"

ထို့နောက် ထန်ချွမ်ကျွင်းသည် ကပ္ပတိန်ရန်ကို မေးပြန်သည်။ “စောင့်ကြည့်ကင်မရာတွေ ဘာကြောင့် ရုတ်တရက် ပျက်သွားတာလဲ? မင်းရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာလား?"

ထန်ချွမ်ကျွင်းသည် ကပ္ပတိန်ယန်ကို သံသယဖြစ်နေသည်မှာ အထင်အရှားပင်။

"ကျွန်တော်... မဟုတ်ဘူး" ကပ္ပတိန်ရန် ချက်ချင်းငြင်းလိုက်သည်။

"မင်း မဟုတ်ဘူးပေါ့? သေချာလား?" ထန်ချွမ်ကျွင်း သူ့ကို မယုံကြည်ပေ။ ထန်ချွမ်ကျွင်းသည် သက်သေပြရန် အထောက်အထားမရှိသော်လည်း ကပ္ပတိန်ရန်သည် ချန်းပင်းကျန်း၏လူဖြစ်ကြောင်း သူသိသည်။

ပြည်သူ့လုံခြုံရေးဗျူရိုတွင် အရေးကြီးစာရွက်စာတမ်းများစွာရှိသောကြောင့် စောင့်ကြည့်ကင်မရာများကို နေ့စဉ်စစ်ဆေးလေ့ရှိသည်။ ပျက်စီးခဲ့လျှင် ချက်ချင်း ပြုပြင်လိမ့်မည်။

ကပ္ပတိန်ရန်သည် မဆိုင်းမတွ ငြင်းဆိုခဲ့သော်လည်း သူ၏ပုံစံသည် အပြစ်ရှိပုံပေါ်သည်။ သူသည် ခုခံဖို့ကြိုးစားသော်လည်း ထန်ချွမ်ကျွင်း၏ မျက်လုံးများကို စေ့စေ့မကြည့်ရဲပေ။ အကယ်၍ သူသာ တကယ် ထိုသို့ မလုပ်ခဲ့လျှင် ထန်ချွမ်ကျွင်း သူ့ကို မေးခွန်းထုတ်သည့်အခါမှာ သူ ဤမျှ ထိတ်လန့်နေမည် မဟုတ်ပေ။

“ကျွန်တော်..…” ကပ္ပတိန်ရန် ယခု ဘာပြန်ပြောရမည်ကို မသိတော့ပေ။ သူ့ကိုယ်သူ ကာကွယ်ရန် ကြိုးစားချင်သော်လည်း ကျိုးကြောင်းဆီလျော်သော ဆင်ခြေကို ရှာမတွေ့ပေ။

ထန်ချွမ်ကျွင်းလည်း သူ့ကို လျစ်လျူရှုလိုက်ပြီး ကုနင်းကို ပြောလိုက်သည် "မစ္စကု အမှန်တရားကို ငါကိုယ်တိုင် ရှာပေးပါ့မယ်လို့ ကတိပေးတယ်။"

ကုနင်းသည် သူမ၏အသက်အန္တရာယ်နှင့်ရင်ဆိုင်ရသောအခါမှသာ ချန်းပင်းကျန်းနှင့် ရဲတပ်ဖွဲ့ဝင်သုံးဦးကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ ၎င်းသည် နားလည်ပေးနိုင်ပြီး ဥပဒေနှင့်ညီသည်။

ထို့အပြင် ကုနင်းက သူ့ကို ခိုင်လုံသော အထောက်အထား ပေးသောကြောင့် သူမကို ကျေးဇူးတင်သင့်သည်။

"ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ကျွန်မသူငယ်ချင်းရဲ့ မောင်လေး ဘာဖြစ်သွားလဲဆိုတာကိုပါ စုံစမ်းသင့်တယ်။" ဤသည်မှာ သူမ ဤနေရာသို့ လာရသည့် တကယ့်ရည်ရွယ်ချက်ပင်ဖြစ်သည်။

"အဲ့တာကို စုံစမ်းစစ်ဆေးဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်ပါ့မယ်။" ကုနင်းကို ယုံကြည်သော်လည်း လုံလောက်သည့် သက်သေ အထောက်အထားတွေ စုဆောင်းရန် လိုအပ်နေသေးသည်။

လုံလောက်သည့် အထောက်အထားမရှိလျှင် ရဲတွေအနေနှင့် တရားခံကို မဖမ်းနိုင်ပေ။

"ဒုက္ခမရှာပါနဲ့၊ ကျွန်မသက်သေတွေပေးနိုင်တယ်။"ကုနင်း ကပြောပြီး ယူအက်စ်ဘီကိုထုတ်လိုက်သည်။ “ဒါက အခင်းဖြစ်ပွားရာနေရာရဲ့ စောင့်ကြည့်ကင်မရာ ဗီဒီယိုပါ။ XX ကုမ္ပဏီမှာတော့ ရှိနေဦးမယ် မထင်ဘူး။”

ထိုစကားကို ကြားပြီး အားလုံး အံ့သြသွားသည်။ ကုနင်းသည် XX ကုမ္ပဏီမှ ဖျက်ပြီးသား စောင့်ကြည့်ကင်မရာဗီဒီယိုကို ရနိုင်သည်ကို မယုံနိုင်ကြပေ။

ဗီဒီယိုကို သူမကိုယ်တိုင် ရရှိခဲ့ခြင်းမဟုတ်လျှင်ပင် သူမမှာ ဤဗီဒီယိုကို လက်ဝယ်ရရှိခဲ့သည့်အတွက် သူမသည် လုံးဝ မရိုးရှင်းကြောင်း သက်သေပြနေသည်။

"ကပ္ပတိန်ကျူး ၊ ငါ့အတွက် သွားယူပေးပါ။" ထန်ချွမ်ကျွင်း ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ ဆရာ” ကပ္ပတိန်ကျူး ကုနင်းဆီကို လျှောက်သွားပြီး ယူအက်စ်ဘီကို ယူလိုက်သည်။

ထို့နောက် ကုနင်းက၊ “ပထမဖိုင်ကတော့ မှုခင်းဖြစ်ပွားရာနေရာရဲ့ စောင့်ကြည့်ကင်မရာဗီဒီယိုပါ။ ဒုတိယဖိုင်မှာ ကျင့်လီချန်းနဲ့ ချန်းပင်းကျန်း အကြားဖုန်းခေါ်ဆိုမှုမှတ်တမ်းတွေပါ။ တတိယဖိုင်မှာက ကျင့်လီချန်းရဲ့အတွင်းရေးမှူးနဲ့ ချန်းပင်းကျန်းတို့ကြား လျှို့ဝှက်တွေ့ဆုံမှုရဲ့ အထောက်အထားပါ။”

"ကျင့်လီချန်းရဲ့ အတွင်းရေးမှူးက ချန်းပင်းကျန်းကို စီးကရက်ပုံးတစ်ပုံးပဲ ပေးလိုက်ပေမယ့် အထဲမှာ ဘာတွေပါလဲ အားလုံးသိမယ်ထင်တယ်။" ထန်ချွမ်ကျွင်းသည် ရဲဌာနတွင် အရေးပါသော အရာရှိတစ်ဦးဖြစ်သောကြောင့် လာဘ်ပေးလာဘ်ယူမှုနှင့် အကျင့်ပျက်ခြစားမှုသည် သူ့အတွက် မထူးဆန်းပေ။

ကုနင်း ထိုသို့ပြောသောအခါ အခန်းထဲရှိ တခြားလူတွေအားလုံး အံ့သြသွားသည်။

ကုနင်း တစ်ဦးတည်းနှင့် ဤမျှ အထောက်အထားများကို စုဆောင်းနိုင်ခဲ့သည်။

ထန်ချွမ်ကျွင်းသည် ယူအက်စ်ဘီကိုယူကာ ကွန်ပြူတာထဲသို့ ထည့်လိုက်သည်။ ဖိုင်အားလုံးကို ဖတ်ကြည့်သည်။

ကုနင်း ပြောသည့် အရာတိုင်း အမှန်အကန်ပင်။

နစ်နာသူသည် HR မန်နေဂျာနှင့် ခိုက်ရန်ဖြစ်ပွားခြင်း မရှိသော်လည်း သူထွက်ခါနီးတွင် လူငယ်တစ်ဦး ရုံးခန်းထဲသို့ ရုတ်တရက် ပြေးလာပြီး ရန်ဖြစ်ခဲ့သည်။

All Chapters