အခန်း (၁၃၉၃-၁၃၉၈)
Vol. 89 Ch. 1393-1398
အခန်း ၁၃၉၃ ကျင့်ခိုင်၏မိခင်
လင်ယွမ်ကျင်းသည် လင်ရှောင်းထင်ကို ကုနင်းသည်လည်း နှစ်နှစ်ကာကာချစ်ကြောင်း သိလိုက်ရသောအခါ ကျေနပ်ပျော်ရွှင်သွားလေသည်။
သူတို့အားလုံး ပျော်ရွှင်စွာ စားသောက်လိုက်ကြသည်။
စားသောက်ပြီးသောအခါ လင်ယွမ်ကျင်းနှင့် ယွီယင်တို့ အတူတကွ ပြန်သွားကြသည်။ သူတို့ မပြန်ခင်တွင် လင်ရှောင်းထင်ကို လင်မိသားစု အိမ်သို့ ပြန်လိုက်တွေ့ရန် မေးလိုက်သော်လည်း သူသည် ငြင်းဆန်လိုက်သည်။ သူသည် နောက်တစ်နေ့တွင် ပြန်ရတော့မည် ဖြစ်သောကြောင့် သူတို့ကလည်း အတင်းမခေါ်တော့ပါချေ။
နောက်တစ်နေ့သည် တနင်္လာနေ့ ဖြစ်သောကြောင့် လင်ရှောင်းထင်သည် စစ်အခြေစိုက်စခန်းသို့ ပြန်သွားရမည် ဖြစ်ရာ ကုနင်းနှင့် အချိန်ကြာကြာနေချင်သေးသည်ပင်။
ကုနင်းနှင့် လင်ရှောင်းထင်တို့သည် ဖန်းရှင်းဟောက်ကို ဆေးရုံတွင် သွားတွေ့လိုက်ကြသည်။
ဖန်းရှင်းဟောက်သည် ထိုနေ့တွင် လျော်ကြေးရမည် ဖြစ်သော်ကြောင့် သူ၏ ရှေ့နေနှင့်အတူ ထိုကိစ္စကို သွားလုပ်ဆောင်ပေးရမည် ဖြစ်သည်။ သူတို့သည် နောက်တစ်နေ့မှ လုပ်လို့ရသော်လည်း ကုနင်းသည် ဆိုင်းငံ့ရွှေ့ဆိုင်း မနေချင်သောကြောင့် ချက်ချင်း လုပ်ပေးလိုက်ခြင်း ဖြစ်သည်။
ရှေ့နေသည် ကုနင်းကို ထိုအကြောင်းများအား ပြောထားပြီး ဖြစ်သော်လည်း ဖန်းရှောင်မန်နှင့် ဖန်းရှင်းဟောက်တို့မှာ မသိကြသေးသောကြောင့် ကုနင်းသည် ဖန်းရှင်းဟောက်ကို သွားတွေ့ရင်း ပြောလိုက်ဖို့ စီစဉ်ထားတာ ဖြစ်သည်။
ကုနင်းနှင့် လင်ရှောင်းထင်တို့သည် ဆေးရုံနှင့် သိပ်အဝေးကြီးတွင် မရှိကြသောကြောင့် သူတို့ရောက်သွားချိန်တွင် ရှေ့နေပင် မရောက်သေးပါချေ။
သူတို့ ရောက်သွားသောအခါ ကုနင်းသည် ဖန်းရှောင်မန်နှင့် ဖန်းရှင်းဟောက်တို့ကို ပြောပြလိုက်သည်။ ကျင့်ခိုင်၏ပြစ်ဒဏ်များအကြောင်း သိလိုက်ရသောအခါ သူတို့နှစ်ယောက်သည် အလွန်ပျော်ရွှင်သွားကြသည်။ လျော်ကြေးကိုတော့ ဖန်းရှောင်မန်သည် ယူသင့်မယူသင့် ချိန်ဆနေလေသည်။ ကုနင်း၏ အကူအညီကြောင့်သာ မဟုတ်လျှင် သူတို့သည် တစ်ပြားမှပင် ရမည် မဟုတ်ချေ။ ထို့ကြောင့် ထိုပမဏကို သူတို့ရခြင်းမှာ ကုနင်း၏ အားထုတ်မှုကြောင့်သာ ဖြစ်သည်။ သို့သော် ဖန်းရှင်းဟောက်သည် အမှန်တကယ်ပင် ကျင့်ခိုင်ကြောင့် ပြင်းထန်စွာ ထိခိုက်ထားသူ ဖြစ်နေလေရာ ထိုပိုက်ဆံကို လက်ခံဖို့ သင့်တော်လေသည်။
ကုနင်းသည် ဖန်းရှောင်မန်၏ ခံစားချက်ကို နားလည်သော်လည်း သူမတွင် အကြံရှိထားပြီး ဖြစ်သည်။
“ကျွန်မ ဖန်းရှင်းဟောက် ရဲ့ ဆေးကုသစရိတ်အတွက် ယွမ် ၂ သိန်းကို ကျခံထားခဲ့တော့ အဲဒါကို လျော်ကြေးထဲက နှုတ်လိုက်ပါမယ်.. ကျန်တာကို ယူလိုက်ပါ။”
“ကျွန်မဆီမှာ အလုပ်လုပ်ချင်တယ်ဆိုရင်လည်း ကျွန်မရှင့်ကို ပြန်ရွေးပေးမှာပါ.. ကျွန်မဆီမှာ လုပ်မယ်ဆိုရင် ရှင်လည်း တခြား၀န်ထမ်းတွေလိုပဲ ခံစားခွင့် အပြည့်အ၀ ရမှာပါ.. ဒါပေမယ့် ကျွန်မရှင့်လစာထဲက ယွမ် ၃ သိန်းကို ဖြတ်လိုက်ပါမယ်.. ဒါဆိုရင် လျော်ကြေး ၅ သိန်းကို ကျွန်မရသလို ဖြစ်သွားပြီပေါ့။”
ကုနင်းသည် သူတို့ကို စိတ်ပြောင်းသွားမလားဟု စမ်းသပ်လိုက်ခြင်း ဖြစ်သလို ဒုတိယအကြိမ် အခွင့်အရေး ထပ်ပေးလိုက်ခြင်းလည်း ဖြစ်သည်။ အကယ်၍ သူတို့သာ ငြင်းခဲ့မည် ဆိုလျှင် သူမသည်လည်း သူမအတွက် အလုပ်လုပ်ဖို့ တိုက်တွန်းတော့မည် မဟုတ်ပေ။ သို့သော် သူမသည် သူတို့ကိုလည်း မထိခိုက်စေချင်သောကြောင့် ယွမ် ၃ သိန်းကို ပေးလိုက်မည်သာဖြစ်သည်။
သူမအတွက် သစ္စာရှိသည် ၀န်ထမ်းတစ်ယောက်ရဖို့ အခွင့်အရေး မဟုတ်ပါလား။
ဖန်းရှောင်မန်နှင့် ဖန်းရှင်းဟောက်တို့သည် ကုနင်း၏ စကားကို နားလည်သောကြောင့် သူတို့၏ သဘောထားကို ပြောပြလိုက်သည်။
“မစ္စကု ကျွန်တော်တို့ စိတ်မပြောင်းပါဘူး.. ခင်ဗျားဆီမှာ ဂုဏ်ယူ၀မ်းမြောက်စွာ အလုပ်လုပ်ပါမယ်။”
“ဟုတ်ပါတယ် မစ္စကု .. ဒီလျော်ကြေးတွေအားလုံး ယူသွားမယ်ဆိုရင်တောင် ဘာမှအထွန့်မတက်ချင်ပါဘူး.. မင်းရဲ့ အကူအညီနဲ့ ကြင်နာပေးမှုကို တကယ် အသိအမှတ်ပြုပါတယ်”
ဖန်းရှင်းဟောက်သည် ကုနင်း၏ အကူအညီကြောင့် အသက်ရှင်ခဲ့ရခြင်းဖြစ်သည်။ သူသာ အသက်ရှင်နေသရွေ့ ပိုက်ဆံရှာလို့ ရသေးသည် မဟုတ်ပါလား။
“ကောင်းပြီလေ.. အဲဒါဆို အလုပ်ကိစ္စ စီစဉ်ထားလိုက်မယ်.. ရှင်တခြား လုပ်ချင်တာရှိရင်လည်း ပြောလို့ရပါတယ်.. ကျွန်မလက်အောက်မှာဆိုရင်တော့ ကျွန်မစကား နားထောင်ရလိမ့်မယ်” ကုနင်း သူတို့၏ တုံ့ပြန်ချက်ကို ကျေနပ်နေလေသည်။
“ကောင်းပါပြီ” ဖန်းရှောင်မန်နှင့် ဖန်းရှင်းဟောက်တို့ကလည်း သဘောတူလိုက်ကြသည်။
ခဏကြာသောအခါ ရှေ့နေရောက်လာပြီး လျော်ကြေးကိစ္စ ဆွေးနွေးကာ ဖန်းရှောင်မန်ထံသို့ မြောက်မြားစွာသော ငွေကြေးပမာဏကို လွှဲပေးလိုက်သည်။
“ကဲပါ.. ဖန်းရှင်းဟောက် အပြည့်အ၀ပြန်ကောင်းသွားတော့မှ ဆက်ပြောကြတာပေါ့.. ကျိုးဝေ့ဖန်းကတော့ ကျင့်မိသားစုက ဘာလုပ်မလဲမသိနိုင်လို့ ဒီမှာ ခဏနေပါဦးမယ်။” ကုနင်း ပြောလိုက်သည်။
“ရပါတယ်” သူတို့ကပြောလိုက်သည်။
ထို့နောက် ကုနင်းနှင့် လင်ရှောင်းထင်တို့ ထွက်သွားလိုက်ကြသည်။
ကုနင်းသည် ကျင့်ခိုင်၏ အမေသည် ထိုနေ့ည ၁၀ နာရီတွင် ဖန်းရှင်းဟောက်ကို လက်စားပြန်ချေမည်ကို မသိထားပေ။ သူမသည် သူ့သားထောင်ကျသည့် ကိစ္စနှင့် ပတ်သက်သည့် ရလဒ်ကို လက်မခံနိုင်သောကြောင့် ကြံမိကြံရာ ကြံနေခြင်းဖြစ်သည်။
သူမသည် ဖန်းရှင်းဟောက်၏ အခန်းအပြင်သို့ရောက်သောအခါ တံခါးကို ခေါက်လိုက်ပြီး ကျိုးဝေ့ဖန်းက ဖွင့်ပေးလိုက်သည်။
သူမသည် တုံ့ဆိုင်းနေခြင်း မရှိပဲ ဆာလဖျူရစ် အက်ဆစ်ထည့်ထားသော ပုလင်းကို ကျိုးဝေ့ဖန်းထံသို့ လှမ်းပက်လိုက်သည်။ ကျိုးဝေ့ဖန်းသည် သူမဦးတည်ထားသော သူမဟုတ်သော်လည်း ဘာမှမစဉ်းစားနိုင်တော့ပါချေ။
ကျိုးဝေ့ဖန်း လန့်ဖျပ်သွားပြီး ရှောင်လိုက်သော်လည်း တချို့ အက်ဆစ်ရည်များသည် အိပ်ယာပေါ်သို့ကျသွားကာ အိပ်ယာခင်းများ ပျက်ဆီးသွားလေသည်။ ထိုအရာကိုကြည့်ပြီး ကျိုးဝေ့ဖန်းသည် ပုလင်းထဲရှိ အရာကို သိလိုက်ရသောအခါ ဒေါသအလွန်ထွက်သွားသည်။
ဖန်းရှောင်မန်နှင့် ဖန်းရှင်းဟောက်တို့သည်လည်း ထိတ်လန့်သွားကြပြီး ကုတင်ဘေးသို့ သွားလိုက်သည်။
ကျင့်ခိုင်၏မိခင်ကတော့ သူတို့ကို ကျိန်ဆဲနေလေသည်။ “သေလိုက်ကြ သေလိုက်ကြ!”
ကျိုးဝေ့ဖန်းသည် ဤတစ်ကြိမ်တွင်တော့ သေချာပြင်ဆင်ထားပြီ ဖြစ်သောကြောင့် အက်ဆစ်ဖြင့် ထပ်အပက်မခံတော့ပါချေ။
သူမ တစ်ချက်လှုပ်ရှားလိုက်သည်နှင့် ကျိုးဝေ့ဖန်းသည် အိပ်ယာခင်းစကို ဆွဲကာ သူမတစ်ကိုယ်လုံးကို ရစ်ပတ်လိုက်သည်။
***
အခန်း ၁၃၉၄ သားကလုပ်ခိုင်းခြင်း
ကျင့်ခိုင်၏ မိခင်သည် အက်ဆစ်များ ရွှဲနေသည့် အိပ်ယာခင်းစနှင့် အပတ်ခံလိုက်ရသောအခါ နာကျင်စွာ အော်ဟစ်လိုက်သည်။
သူမအော်သံကို အပြင်မှ လူနာများနှင့် သူနာပြုများ ကြားလိုက်သောအခါ အခန်းထဲသို့ ပြေးလာကြပြီး အိပ်ယာခင်းစနှင့် လူးလိမ့်နေသော သူမကို တွေ့လိုက်ရသည်။
အိပ်ယာခင်းစသည် ခေါင်းမှစ၍ ပတ်ထားသောကြောင့် အက်ဆစ်ရည်သည် သူမခေါင်းပိုင်းကို ထိနေလေသည်။
“ဘာတွေဖြစ်နေတာလဲ?” သူနာပြုကမေးလိုက်သည်။ သို့သော် အထဲတွင် မည်သူရှိမှန်း မသိသောကြောင့် အိပ်ယာခင်းစကိုတော့ ဆွဲမဖယ်သေးပါချေ။
“မိန်းမတစ်ယောက်က ဆာလဖျူရစ်အက်ဆစ်နဲ့ ပြေးလာပြီး ပက်နေလို့ အိပ်ယာခင်းစကို သုံးပြီး သူ့ကို ချုပ်ထားတာ.. သူအခုတော့ သူ့အက်ဆစ်နဲ့သူ ခံစားနေရပြီ။” ကျိုးဝေ့ဖန်း တည်ငြိမ်စွာပင် ရှင်းပြလိုက်သည်။
သူသည် သူ့ကိုယ်သူ ကာကွယ်လိုက်ခြင်း ဖြစ်သော်လည်း ကျင့်ခိုင်၏ မိခင်သည် ပြင်းထန်စွာ ဒဏ်ရာရသွားသောကြောင့် လျော်ကြေးပေးရကောင်း ပေးရနိုင်လေသည်။ သို့သော် ကံကောင်းစွာပင် တည်ဆဲဥပဒေအရ အရေးယူခြင်း မခံလိုက်ရပါပေ။
ဘေးမှကြည့်နေသူများသည် အံ့ဩထိတ်လန့်သွားပြီး သူတို့ပါ ထိခိုက်မည်စိုးကာ ဘေးသို့ ရှဲသွားကြသည်။
ဖန်းရှောင်မန်နှင့် ဖန်းရှင်းဟောက်သည်လည်း အလွန် အံ့ဩနေကြလေသည်။ ထိုအမျိုးသမီးသည် သူတို့ဆီ လာခြင်း မဟုတ်ပါလား။ ကျိုးဝေ့ဖန်းသာ မရှိလျှင် သူတို့လည်း အက်ဆစ်ကြောင့် ဒုက္ခရောက်နေလောက်ပြီ ဖြစ်သည်။
ကျင့်ခိုင်၏ မိခင်သည် အပြစ်ကျူးလွန်သူ ဖြစ်သော်လည်း ဆေးရုံတွင် ထိခိုက်နေသူ ဖြစ်သောကြောင့် သူနာပြုများ အလုပ်ရှုပ်သွားကြလေသည်။ ထို့ကြောင့် သူနာပြုသည် သူမပေါ်မှ အိပ်ယာခင်းကို ဆွဲဖယ်လိုက်သည်။ သို့သော် သူမသည် လှုပ်ပင် မလှုပ်နိုင်တော့သောကြောင့် ကျိုးဝေ့ဖန်းကပင် ကူညီပေးလိုက်ရသည်။
ကျိုးဝေ့ဖန်းသည် အိပ်ယာခင်းကို ဆွဲဖယ်ပေးလိုက်ပြီးနောက် ကျင့်ခိုင်၏ မိခင်သည် လွတ်လွတ်ကျွတ်ကျွတ် ထွက်လာသောသော်လည်း သူမ၏ မျက်နှာသည် အက်ဆစ်များဖြင့် လောင်နေပြီ ဖြစ်သည်။ ဒဏ်ရာများသည် အလွန်မပြင်းထန်သော်လည်း သူမမျက်နှာကတော့ ပျက်စီးသွားပြီ ဖြစ်သည်။
“အား ငါ့မျက်နှာ ငါ့မျက်နှာ!!” သူမသည် သူမမျက်နှာကို လက်ဖြင့်ကာလိုက်သည်။ သို့သော် သူမ၏ လောင်ကျွမ်းနေသော မျက်နှာကို ထိမိလိုက်သည်နှင့် နာကျင်စွာ အော်ဟစ်လိုက်သည်။
“ဆရာ၀န်ကို သွားခေါ်!” သူနာပြုသည် အခြားသူနာပြုနောက်တစ်ယောက်ကို ပြောလိုက်ပြီး ထိုတစ်ယောက်သည် ချက်ချင်းပြေးထွက်သွားသည်။ သူတို့သည် သူနာပြုများသာ ဖြစ်သောကြောင့် သူမကို ကုသပေးရန် ဆရာ၀န်လိုအပ်သည် မဟုတ်ပါလား။
ဘေးမှ ကြည့်နေသူများသည် သူမမျက်နှာကို မြင်လိုက်သောအခါ ထိတ်လန့်သွားကြသည်။
“ဘုရားရေ သူ့မျက်နှာက ကြောက်စရာကောင်းလိုက်တာ!”
“သူက အက်ဆစ်ရည်တွေကို ဗူးနဲ့ယူလာပြီး အခန်းထဲကို လာပက်တာတ~ဲ့”
“ရူးနေတာလားမသိဘူး၊”
“ဘာလို့ လုပ်တာပါလိမ့်?”
“…”
လူများသည် ကျယ်လောင်စွာဝေဖန်နေကြသော်လည်း အများစုကတော့ သူမကို သနားနေကြလေသည်။
ကျိုးဝေ့ဖန်း သည်းမခံနိုင်တော့ပဲ ပြန်ပြောလိုက်သည်။ “သူ့ကို ရိုးသားတယ်ထင်မနေကြနဲ့ ကြိုတင်ကြံစည်ပြီး တကယ်လာပက်သွားတာ။”
“ဒါဆို သူကဘာလို့ မင်းအခန်းထဲ လာပက်တာလဲ သူ့မှာ အကြောင်းရှိမှာပေါ့”
“ဟုတ်တယ်။”
ကျိုးဝေ့ဖန်းသည် ဘေးမှကြည့်နေသူများသည် အမှန်တရားကို မသိကြမှန်း သိသောကြောင့် ကျင့်ခိုင်၏ မိခင်အား “ခင်ဗျားက ကျင့်မိသားစု၀င်လား။” ဟု မေးလိုက်သည်။
သူသည် အဖြေကို သိပြီးဖြစ်သော်လည်း တမင်မေးလိုက်ခြင်း ဖြစ်သည်။
ကျင့်ခိုင်၏ မိခင်သည် ကျင့်မိသားစုဆိုသည့်အသံကို ကြားလိုက်ရသောအခါ အော်ဟစ်လိုက်ရင်း “ငါ့သား ထောင်ကျသွားတာ နင်တို့ကြောင့်.. နင်တို့တွေ သေလိုက်ကြ သေကြ!” သူမသည် လက်စားချေဖို့ပင် အင်အားမရှိတော့ပါချေ။
ထိုစကားကိုကြားသောအခါ ကြည့်နေသူများသည် အံ့ဩသွားကြသည်။
“သူ့သားကို ထောင်ကျအောင်လုပ်တာတဲ့။”
“အဲဒါကြောင့် ဒီလိုလာလုပ်တာကိုး။”
“…”
ဖန်းရှောင်မန်နှင့် ဖန်းရှင်းဟောက်တို့သည် ကြားရသောစကားများကို စိတ်မသက်မသာ ဖြစ်နေကြသည်။
“တော်ကြတော့” ကျိုးဝေ့ဖန်းသည် အေးစက်သောအသံဖြင့် တားမြစ်လိုက်သောအခါ အားလုံး ပါးစပ်ပိတ်သွားကြလေသည်။
“သူ့သားက လုပ်ခိုင်းတာ ဘာလို့လဲဆိုတော့ သူ့သားက…” ကျိုးဝေ့ဖန်းသည် ကုတင်ပေါ်တွင်ထိုင်နေသော ဖန်းရှင်းဟောက်ကို ညွှန်ပြလျက် “သူ့ရဲ့သားက အသီးလှီးတဲ့ဓားနဲ့ ခေါင်းကို ထိုးခဲ့လို့ သေမလိုဖြစ်ခဲ့တာ.. အဲဒါကို သူတို့ မိသားစုက သူ့သား အဖမ်းခံရမှာစိုးလို့ ရဲတွေကိုပါ လာဘ်ထိုးပြီး အပြစ်ရှောင်ခဲ့တယ်.. ဒါတောင် သူ့ကို သနားနေကြသေးလား?”
ကြည့်နေသူများသည် ထိတ်လန့်သွားကြပြန်သည်။ ဦးခေါင်းတွင် ထိုကဲ့သို့ ဓားထိုးခံရခြင်းသည် အသက်ရှင်နိုင်ချေပင် နည်းလှသည် မဟုတ်ပါလား။ ထို့အပြင် လာဘ်ပါထိုးခဲ့သည် ဆိုသောကြောင့် လက်ခံနိုင်စရာအကြောင်း မရှိတော့ပါချေ။
သို့သော် အကုန်လုံးမှာ မယုံကြသေးပဲ အချို့သည် သံသယ၀င်နေကြဆဲ ဖြစ်သည်။
ကျိုးဝေ့ဖန်း သူတို့ကို သတိထားမိလိုက်သောကြောင့် “မယုံဘူးဆိုရင် သတင်းအပြည့်အစုံကို အင်တာနက်မှာ ကိုယ်တိုင်သွားရှာလိုက်ကြ။”
ထိုအခါကျမှ သူ့စကားကို ယုံသွားကြလေသည်။ တစ်ချိန်တည်းမှာပင် သူမအပေါ် ညှာတာသနားစိတ်မရှိကြတော့ပေ။
ခဏကြာသောအခါ ဆရာ၀န် ၂ ယောက်ရောက်လာပြီး ကျိုးဝေ့ဖန်းကို အကြောင်းစုံ မေးမြန်းနေသည်။
ကျိုးဝေ့ဖန်း၏ ရှင်းပြချက်ကို ကြားပြီးသောအခါ ထိုအမျိုးသမီးသည်သာ အပြစ်ရှိသူအကြောင်း သိသွားပြီး ရဲကို ခေါ်လိုက်ကြသည်။
ကျိုးဝေ့ဖန်းကလည်း ကြောက်လန့်နေခြင်း မရှိပါပေ။ ကျင့်ခိုင်၏ မိခင်သည်သာ အပြစ်ကျူးလွန်သူဖြစ်ပြီး စီစီတီဗီများကလည်း သက်သေအဖြစ် ရှိနေသည် မဟုတ်ပါလား။
***
အခန်း ၁၃၉၅ ဖန်းရှောင်မန်နှင့်ကျိုးဝေ့ဖန်း
ထို့နောက် ဆရာ၀န်သည် ကျင့်ခိုင်၏ မိခင်ကို ခေါ်သွားပြီး ဆေးကုသပေးလိုက်သည်။
ကျိုးဝေ့ဖန်းသည် ကုနင်းကို ချက်ချင်းပင် ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်သည်။
ကုနင်းကတော့ ကျိုးဝေ့ဖန်းနှင့်သာ လက်လွှဲထားသည်။ သူ မကိုင်တွယ်နိုင်တော့မှသာ သူမလက်လွှဲကိုင်တွယ်မည် ဖြစ်သည်။ ထို့အပြင် ထိုကဲ့သို့ ကိစ္စများ ဖြစ်ခဲ့သောကြောင့် သူတို့သည် အခန်းပြောင်းရတော့မည်ဖြစ်ကာ ကုနင်းသည် ဧည့်ကြိုကောင်တာကို ထိုအကြောင်းအား လျှို့ဝှက်ခိုင်းထားလိုက်သည်။ သူတို့ မိတ်ဆွေများ လာတွေ့ချင်ပါကလည်း တိတ်တဆိတ်လာတွေ့ရမည် ဖြစ်သည်။
ထို့နောက် ကျိုးဝေ့ဖန်းသည် ဖန်းရှင်းဟောက်၏ ဆရာ၀န်အား အခန်းပြောင်းပေးဖို့ ပြောလိုက်သည်။ ဆရာ၀န်သည် ကုနင်း၏ သရုပ်မှန်ကို မသိသော်လည်း သူမသည် သာမာန်မဟုတ်ကြောင်းတော့ သိလေသည်။ သူသည် သူမ၏ အံ့ဖွယ်ဆေးများကြောင့်လည်း အထင်ကြီး လေးစားထားပြီးဖြစ်သောကြောင့် သဘောတူပေးလိုက်သည်။ သို့သော် ဆေးရုံတွင်း အခြားအခန်းများ အားမအားကိုတော့ လိုက်လံ စစ်ဆေးရဦးမည်ပင်။
မကြာခင်တွင် ဆရာ၀န်ပြန်ရောက်လာပြီး ကျိုးဝေ့ဖန်းကို ဗီအိုင်ပီခန်းများသာ လွတ်တော့ကြောင်း ပြောလိုက်သည်။ ဗီအိုင်ပီခန်းသည် ဈေးကြီးသော်လည်း ဖန်းရှောင်မန်သည် ချက်ချင်းပင် လက်ခံလိုက်သည်။ သူတို့တွင် ပိုက်ဆံအလုံအလောက် ရှိနေပြီ မဟုတ်ပါလား။ ထို့အပြင် မကြာခင်တွင် သူဆေးရုံက ဆင်းရတော့မည်ဖြစ်သည်။
နာရီ၀က်ခန့်ကြာသောအခါ ရဲများရောက်လာကြသည်။
ဖြစ်ကြောင်းကုန်စင် စုံစမ်းပြီးသောအခါ ရဲများသည် ကျိုးဝေ့ဖန်းအား သူ့ကိုယ်သူ ကာကွယ်သည်ဟုသာ သုံးသပ်လိုက်ကြပြီး အပြစ်ကင်းလွတ်ခွင့် ပေးလိုက်သည်။ ရဲများသည် ဤ တစ်ကြိမ်တွင်တော့ ကျင့်ခိုင်၏မိခင်ဘက်မှ မလိုက်ပေးတော့ပါချေ။ ဖန်းရှင်းဟောက်၏ နောက်တွင် ပို၍ အရှိန်အဝါကြီးသူ ရှိနေပြီ မဟုတ်ပါလား။ ကျင့်မိသားစုကလည်း ကျင့်ခိုင် ဘက်မှ ရပ်တည်ခြင်း မရှိတော့သည်ပင်။
ကျင့်လီချန်းသည်လည်း ကျိုးဝေ့ဖန်းကို တရားစွဲဖို့ အစီအစဉ် မရှိတော့ပါချေ။ သူ၏ ဇနီးသည်အမှားပင် မဟုတ်ပါလား။ ထို့အပြင် ဖန်းရှင်းဟောက်၏နောက်တွင် ပို၍ အရှိန်အဝါကြီးသူ ရှိနေသောကြောင့် သွားမထိရဲတော့ခြင်းလည်း ဖြစ်သည်။ ထို့ကြောင့် ရလဒ်ကို လက်ခံလိုက်ရခြင်း ဖြစ်သည်။ သူသည် သူ့ဇနီး၏ ပျက်စီးနေသော ပုံစံကို မမြင်ချင်သော်လည်း သူ့အမှားနှင့်သူပင် မဟုတ်ပါလား။
ထိုသို့ဖြင့် ပြဿနာသည် အေးအေးဆေးဆေးပင် ပြီးသွားသည်။ ဖန်းရှင်းဟောက်သည်လည်း အခန်းပြောင်းလိုက်သည်။ သူသည် အပြည့်အ၀ပြန်ကောင်းတော့မည် ဖြစ်သော်လည်း ဆေးရုံတွင် ရက်အနည်းငယ်တော့ နေရဦးမည်ပင်။
ဖန်းရှောင်မန်သည် ကျိုးဝေ့ဖန်းကိုတော့ အကြိမ်ကြိမ် ကျေးဇူးတင်နေလေသည်။ “မစ္စတာကျိုးကို ကျွန်မဘယ်လို ကျေးဇူးတင်ရမလဲတောင် မသိတော့ပါဘူး.. ကျွန်မတို့ကို ရှင်ကယ်ပေးခဲ့တာပါ။” သူမအခုထိ ထိတ်လန့်နေမိတုန်းပင်။
“ရပါတယ် ဒါက ကျွန်တော့်အလုပ်ပါပဲ။”
“အဲဒါကို သိပေမယ့် ကျွန်မတို့ကို ကယ်ခဲ့တယ်ဆိုတဲ့ အချက်ကတော့ အမှန်ပါပဲရှင်။” ဖန်းရှောင်မန် စိတ်ရင်းမှန်နှင့် ပြောလိုက်သည်။
ကျိုးဝေ့ဖန်းသည် အနည်းငယ် ရှက်ရွံ့အနေခက်နေသော်လည်း ဆိတ်ဆိတ်သာ နေလိုက်သည်။
“ကျွန်တော့်မှာ ခင်ဗျားလို ယောက်ဖ ရှိရင် သိပ်ကောင်းမှာပဲ။” ဖန်းရှင်းဟောက် ရုတ်တရတ်ထပြောလိုက်သည်။ ဖန်းရှောင်မန်ကတော့ ချက်ချင်း ထဟန့်လိုက်သည်။ “ရှင်းဟောက် လျှောက်မပြောနဲ့။”
တကယ်တော့ ဖန်းရှင်းဟောက်အတွက် ထိုသို့ပြောခြင်းမှာ ပုံမှန်ပင် ဖြစ်သော်လည်း ဖန်းရှောင်မန်ကတော့ ရှက်နေလေသည်။
“ဘာလို့လဲ ပြောလို့မရဘူးလား.. ကျွန်တော်လည်း ဝေ့ဖန်းလိုမျိုး အားကိုးရတဲ့ ယောက်ဖ လိုချင်တယ်။”
တကယ်တော့ သူသည် ရည်ရွယ်ချက်ရှိရှိ ပြောလိုက်ခြင်း ဖြစ်သည်။ ဖန်းရှောင်မန်၏ မောင်တစ်ယောက်အနေဖြင့် သူမ၏ ကျိုးဝေ့ဖန်းအပေါ် အပြုအမူများကို သတိထားမိနေသည်ပင်။ သူသည် ကျိုးဝေ့ဖန်း နှင့် မကြာခဏ စကားပြောလေ့ရှိသောကြောင့် လူလွတ်တစ်ယောက်မှန်းလည်း သိလေသည်။
ထို့ကြောင့် ကျိုးဝေ့ဖန်းကို သူ၏ ယောက်ဖအဖြစ် တော်ချင်နေခြင်းပင်။
ကျိုးဝေ့ဖန်းနှင့် ဖန်းရှောင်မန်တို့သည် လိုက်ဖက်လည်း ညီကြလေသည်။ သူသည် ကျိုးဝေ့ဖန်းနှင့်ထိုရက်ပိုင်း အတူနေလိုက်ပြီးနောက် သူ၏ စိတ်နေစိတ်ထားကိုလည်း သဘောကျမိလေသည်။
သူ့အစ်မသည် ဘွဲ့ပညာများ ကောင်းစွာ မရထားသော်လည်း ဇနီးကောင်း မိခင်ကောင်းတစ်ယောက် ဖြစ်နိုင်လေသည်။
ဖန်းရှင်းဟောက်သည် ကျိုးဝေ့ဖန်း၏ ပညာရေးအကြောင်း မသိသော်လည်း သူတို့နှစ်ယောက် အချင်းချင်း သဘောကျပါက အခြားအရာများသည် အရေးမကြီးပါချေ။
သို့သော် ထိုအရာများသည် ဖန်းရှင်းဟောက်၏ အတွေးသာဖြစ်ပြီး ကျိုးဝေ့ဖန်းက သူ့အစ်မကို မည်သို့သဘောထားမှန်း မသိပါချေ။ ကျိုးဝေ့ဖန်းသာ မကြိုက်ပါက ဘာမှဆက်လုပ်၍ ရမည် မဟုတ်ပေ။
ဖန်းရှောင်မန်သည် ရှက်နေပြီး ဘာပြောရမည်မှန်း မသိတော့ပေ။ ထို့ကြောင့် တစ်ဖက်သို့လှည့်နေလိုက်သည်။
တစ်ဖက်တွင်တော့ ကျိုးဝေ့ဖန်းသည် ကျွမ်းကျင်အဆင့် လူသတ်သမား ဖြစ်သောကြောင့် အချစ် မေတ္တာများအကြောင်းကို သေချာမသိပေ။ ထို့ကြောင့် ဖန်းရှောင်မန် သူ့အပေါ် မည်သို့သဘောထားသည်ကိုလည်း မသိသလို ဖန်းရှင်းဟောက်၏ စကားအသွားအလာကိုလည်း နားမလည်ပါချေ။
…
ကျင့်ခိုင်၏ မိခင်သည် ဆေးရုံတွင် ၀န်ခံခဲ့ပြီး ကျင့်မိသားစု၏ ကြွယ်၀မှုကြောင့် ဗီအိုင်ပီခန်းတွင်တော့ နေနေရသည်။
ကျင့်လီချန်းသည် သူမ၏ လုပ်ရပ်ကို အလွန်ဒေါသထွက်နေသော်လည်း ဒဏ်ရာရနေသူဖြစ်သောကြောင့် ဘာမှမပြောသာပါချေ။ ထို့အပြင် သူမမျက်နှာမှာ ပျက်စီးလောင်ကျွမ်းနေသောကြောင့် စေ့စေ့ပင် မကြည့်ရဲပါပေ။
သူသည် သူ့ဇနီးအတွက် လိုအပ်သည်များကို စီစဉ်ပေးပြီးနောက် ချက်ချင်း ထွက်သွားလိုက်သည်။
***
အခန်း ၁၃၉၆ သူတို့က မိသားစုလား
ကျင့်ခိုင်၏ မိခင်သည် သူမမျက်နှာကို ပြန်ကောင်းသွားစေရန် ပလတ်စတစ် ဆာဂျရီ လုပ်ရမည်ဖြစ်သော်လည်း သူမစိတ်အခြေအနေ တည်ငြိမ်သွားမှသာ လုပ်နိုင်မည် ဖြစ်သည်။
…
လင်ရှောက်ကျား ထိုညက အိပ်မပျော်နိုင်ခဲ့ချေ။
သူမသည် ရက်အတန်ကြာ မေ့ဆေး အထိုးခံထားရသည်ဖြစ်ရာ ကြာလာလျှင် သူမခန္ဓာကိုယ်တွင် ထိခိုက်လာနိုင်သည် ဖြစ်သောကြောင့် သူမဘာသာအိပ်ပျော်နိုင်အောင် ကြိုးစားနေခြင်း ဖြစ်သည်။ သို့သော် မလွယ်ကူသောကြောင့် ခဏသာအိပ်ပျော်နိုင်ပြီး နာကျင်မှုကြောင့် ပြန်နိုးလာရပြန်သည်။
ကျန်းရှူးယွမ်သည် ကုနင်းအား ဆေးနှင့်ပတ်သက်၍ ထပ်မမေးရဲတော့ပါချေ။ ကားမတော်တဆမှုအတွက် အပြစ်မကင်းစိတ် ဖြစ်နေရပြီ မဟုတ်ပါလား။ ကုနင်းသည် ထိုကိစ္စကို မသိဘူးဆိုလျှင်တောင် သူတို့ကတော့ စိတ်မသက်မသာ ဖြစ်နေရတော့မည်ပင်။
“အမေ သမီးမရတော့ဘူး ဆရာ၀န်ကို မေ့ဆေးပေးခိုင်းပါတော့။” လင်ရှောက်ကျား ကျန်းရှူးယွမ်အား ငိုယိုပြီး ပြောလိုက်သည်။
“သမီး ခန္ဓာကိုယ်အတွက် မကောင်းဘူးလေ။”
“မကောင်းလည်း နေပါစေ။” လင်ရှောက်ကျား ပြန်အော်ပြောလိုက်သည်။
မည်သို့ပင်ဆိုစေ ကျန်းရှူးယွမ်သည် မလုပ်ပေးသောကြောင့် လင်ရှောက်ကျားသည် အကုန်လုံးကို လိုက်ကျိန်ဆဲနေတော့သည်။ သူမသည် ကျန်းရှူးယွမ်ကိုလည်း ကုနင်းဆီမှ ဆေးမတောင်းပေးခြင်းကို အပြစ်တင်နေလေသည်။ ကျန်းရှူးယွမ်အား သူမကို ဂရုမစိုက်ဘူးဟူ၍ပင် ပြောဆိုနေလေသည်။
ကျန်းရှူးယွမ်သည် စိတ်ထိခိုက်နေသော်လည်း လင်ရှောက်ကျားကို ဘာမှမပြောပါပေ။ လင်ရှောက်ကျားသည် နာကျင်ခံစားနေရသူ မဟုတ်ပါလား။ ထို့အပြင် သူမ၏ သမီးလည်း ဖြစ်နေလေသည်။
လင်ရှောက်မင်သည် အလုပ်ရှိသောကြောင့် မြို့တော်မှ နေ့လည်တွင် ပြန်ထွက်လာသည်။ သူသည် လင်ရှောက်ကျားနှင့် ကုနင်းတို့ကြားမှ အရှုပ်အထွေးများကို မည်သို့ဖြေရှင်းရမှန်း မသိတော့ပါချေ။
…
ညသန်းခေါင်အချိန်တွင် လင်ရှောင်းထင်သည် အိပ်မက်ဆိုးများမက်နေသောကြောင်း ကောင်းကောင်း အိပ်မရပေ။
မိစ္ဆာကျင့်ကြံသူသည် ချောက်ကမ်းပါးစွန်းတွင် သူ့၀မ်းဗိုက်ကို ထိုးနေသည့်မြင်ကွင်းကို အိပ်မက်တွင် မြင်နေရခြင်း ဖြစ်သည်။ သူသည် ထိုအိပ်မက် မက်နေစဉ်တွင် နွေးထွေးသောအရာတစ်ခု သူ၏ ခန္ဓာကိုယ်ထဲတွင် လှုပ်ရှားနေသည်ဟု ခံစားမိနေလေသည်။ ထိုအရာသည် သူ့ခန္ဓာကိုယ်ထဲမှ တစ်စုံတစ်ခုကြောင့် ရပ်တန့်သွားပြီး ၀မ်းဗိုက်ကို ခွဲကာ ထွက်လာတော့မည်ဟု ခံစားနေရသည်။
ကုနင်းသည် အအိပ်ဆတ်သူ ဖြစ်သောကြောင့် လင်ရှောင်းထင်၏ အသံကို ကြားလိုက်ရသောအခါ ချက်ချင်းနိုးလာသည်။
သူမသည် သူ့ကို အိပ်မက်ဆိုးမက်နေသည်ဟု ထင်သောကြောင့် တည်ငြိမ်သွားအောင် မှော်စွမ်းအင်အချို့ကို ထည့်ပေးလိုက်သည်။
မှော်စွမ်းအင်သည် လင်ရှောင်းထင်၏ ခန္ဓာကိုယ်ထဲရောက်သွားသည်နှင့် ၀မ်းဗိုက်မှ စုပ်ယူခြင်းကို ခံလိုက်ရပြီး နေလို့ထိုင်လို့ ကောင်းသွားလေသည်။
ထိုသို့ဖြင့် လင်ရှောင်းထင် သည် စိတ်အေးလက်အေး အိပ်ပျော်သွားတော့သည်။ သူသည် ထိုအခြင်းအရာကို တကယ်ဖြစ်နေသည်မှန်း မသိပဲ အိပ်မက်ဟုသာ ထင်နေလေသည်။
နောက်တစ်နေ့တွင် ကုနင်းသည် လင်ရှောင်းထင် နိုးလာသောအခါ ထိုအကြောင်းကို မပြောဖြစ်ပဲ အိပ်မက်ဟုသာ ထင်နေကြလေသည်။
ထို့နောက် သူတို့သည် အပြေးလေ့ကျင့်လိုက်ကြသည်။ သူတို့ပြေးနေရင်း လမ်းတစ်၀က်အရောက်တွင် ကုနင်းသည် ကျင့်ကြံသူနှစ်ယောက်ကို အာရုံခံမိလိုက်သော်လည်း လိုက်ရှာမနေဖြစ်ပါချေ။ သူမသည် ထိုနှစ်ယောက်၏ တည်နေရာကိုသာ တစ်ချက်ကြည့်လိုက်ပြီး ပိုင်လီကျုံးယန်နှင့်အတူ အသက် ၁၇ နှစ်အရွယ် မိန်းကလေးတစ်ယောက်ကို သတိထားမိလိုက်သည်။
ကုနင်း တစ်ချက်သာကြည့်လိုက်သော်လည်း သူတို့ကို သတိထားမိလိုက်သည်။ သူမသည် ထိုမိန်းကလေးနှင့် တောင်တန်းဗီလာမှ အဖိုးအိုတို့၏ ပြောစကားကို ကြားမိလိုက်သည်။ သူမ၏ အမည်မှာ ကျုံးရွှယ် ဖြစ်သည်။
ထိုအချက်ကို တွေးမိသောကြောင့် ကုနင်းသည် ပိုင်လီကျုံးယန် နှင့် ပိုင်လီကျုံးရွှယ် တို့ကို မိသားစုတော်စပ်သည်ဟု အတွေး၀င်သွားလိုက်သည်။
သူမသည် သူမအတွေး မှန်မမှန် မသိသော်လည်း ပိုင်လီကျုံးယန်နှင့် ပိုင်လီကျုံးရွှယ်တို့သည် ရုပ်ချင်းဆင်သည်ဟု ခံစားမိသည်။
ဤတစ်ကြိမ်တွင် ကုနင်းကို သူတို့သည် ရည်ရွယ်ချက်ရှိရှိ ရှောင်နေကြသောကြောင့် သူမသည်လည်း အထူးတလည် သွားမတွေ့တော့ပဲ လင်ရှောင်းထင်နှင့်သာ အိမ်အတူပြန်လိုက်သည်။
ချောင်ယသည် မနက်စာကို ပြင်ဆင်ထားသောကြောင့် ကုနင်းနှင့် လင်ရှောင်းထင်တို့သည် အိမ်မပြန်ခင် သူမအိမ်၌ ၀င်စားလိုက်ကြသည်။
သူတို့သည် အပြေးလေ့ကျင့်ပြီးသောအခါ ရေချိုးဖို့ပြင်လိုက်ကြပြီး လင်ရှောင်းထင်သည် ရေချိုးခန်းထဲ၀င်နေသော ကုနင်း နောက်သို့လိုက်သွားသည်။ ကုနင်း တစ်ခုခုပြောကာ တားမည်ကြံသော်လည်း ဘာပြောရမှန်း မသိတော့ပါချေ။ သူတို့နှစ်ယောက်သည် အချင်းချင်း ခန္ဓာကိုယ်များကို ရင်းနှီးနေကြပြီး မဟုတ်ပါလား။
သူတို့သည် ရေချိုးခန်းထဲတွင် တစ်နာရီနီးပါးအချိန်ဖြုန်းလိုက်ကြပြီး ပြန်ထွက်လာသော အချိန်တွင် လင်ရှောင်းထင်သည် အလွန်ပင် ကျေနပ်နေလေသည်။
သူသည် ၉ နာရီတွင် ပြန်သွားလိုက်ပြီး နောက်အပတ်ပိတ်ရက် မရောက်မချင်း တွေ့ဖြစ်ကြဦးမည် မဟုတ်ချေ။ သူသည် ကုနင်းနှင့် မခွဲချင်သေးသော်လည်း အလုပ်ကိစ္စ ရှိသေးသည်။
လင်ရှောင်းထင် ထွက်သွားသောအခါ ကုနင်းသည် ကောင်းယိနှင့် ချောင်ယတို့နှင့်အတူ ကုမ္ပဏီကို ထွက်သွားလိုက်သည်။
…
ရှေးဟောင်းအဆောင်ပိုင်ရှင်သည် ရှန်းယွင် ရှေးဟောင်းပစ္စည်းဆိုင်၏ သတင်းဆိုးများကို စောင့်မျှော်နေသော်လည်း ထိုဆိုင်တွင်ရှိသော မည်သည့်၀န်ထမ်းမှ ယင်စွမ်းအင်၏ အကျိုးသက်ရောက်မှုကို မခံစားနေရပါချေ။
ရှေးဟောင်းအဆောင်ဆိုင်ပိုင်ရှင်သည် စိတ်ရှုပ်ထွေးသွားပြီး အမည်းရောင်၀တ်စုံနှင့်သူသည် သူ့အားလှည့်ဖျားသွားသည်ဟု တွေးလိုက်မိသည်။ အကယ်၍သာ ထိုကြွေထည်သည် ပုံမှန်ပစ္စည်းသာဆိုပါလျှင် သူသည် ပိုက်ဆံအမြောက်အများ ဆုံးရှူံးလိုက်ရပြီ မဟုတ်ပါလား။ သူသည် ဈေးနည်းနည်းဖြင့် ရောင်းချခဲ့သည်ပင်။
သူသည် ပိုက်ဆံမြောက်များစွာရှိသော်လည်း ထိုကြွေထည်ကို ရောင်းချချင်နေသေးလေသည်။ သို့သော် မည်သို့ ပြန်ရှာရမှန်း မသိတော့ပါချေ။
အမည်းရောင်၀တ်စုံနှင့်သူကို မည်သို့ ပြန်ရှာရမှန်း မသိသလို ရှန်းယွင်ဆိုင်မှ ၀န်ထမ်းများကိုလည်း တိုက်ရိုက်သွားမမေးရဲပါချေ။
ရှန်းယွင်ဆိုင်သည် ထိုကြွေထည်ကို ရောင်းချပြီး ယွမ်သန်းပေါင်းများစွာ ရရှိနိုင်မည် မဟုတ်ပါလား။
ရှေးဟောင်းအဆောင် ဆိုင်ပိုင်ရှင်သည် ရှန်းယွင်ဆိုင်သို့ မယောင်မလည်နှင့် လျှောက်သွားလိုက်သည်။ ချန်တရုန်ကို တံခါးတွင် တွေ့လိုက်ရသောအခါ စိတ်မလုံစွာဖြင့် ခေါင်းကို ၀ပ်လိုက်သည်။
ချန်တရုန်ကတော့ ပုံမှန်အတိုင်းပင် နှုတ်ဆက်လိုက်သည်။ “မောနင်း မစ္စတာဖန်း!” ချန်တရုန်သည် သူ့ကို စူးစမ်းသလိုကြည့်နေပြီး တစ်ခုခုကို သိထားသလို ပုံစံမျိုး ပေါက်နေလေသည်။
ချန်တရုန် သူ့ကို မြင်သွားပြီ ဖြစ်သောကြောင့် တိမ်းရှောင်လို့ မရတော့ပဲ “မောနင်း မန်နေဂျာချန်!” ဟု ပြန်နှုတ်ဆက်လိုက်ရသည်။
***
အခန်း ၁၃၉၇ ဖြူပြာရောင် ကြွေထည်
မစ္စတာဖန်းသည် အပြစ်မကင်းစိတ် ဖြစ်နေသောကြောင့် ချန်တရုန်ကို တည့်တည့်ရင်မဆိုင်ရဲပါချေ။
“မစ္စတာဖန်း ဒီနေ့ကြည့်ရတာ နေမကောင်းသလိုပဲ.. အလုပ်တွေ ပင်ပန်းနေတာလား.. အထဲ၀င်ပြီး လက်ဖက်ရည် တစ်ခွက်လောက် သောက်သွားပါဦး” ချန်တရုန် ရည်ရွယ်ချက်ရှိရှိ ဖိတ်ခေါ်လိုက်သည်။ သူသည် မစ္စတာဖန်းမှာ သူ၏ လုပ်ရပ်အတွက် အပြစ်မကင်းစိတ် ဖြစ်နေသည်ဟု ထင်နေသည် မဟုတ်ပါလား။
သူ့အတွေးလည်း မှန်ကန်လေသည်။
မစ္စတာဖန်းသည် ချန်တရုန်က သူ့ကို အထဲ၀င်ဖို့ ခေါ်သောအခါ ကြွေထည်အကြောင်းကို စဉ်းစားမိလိုက်သောကြောင့် ချက်ချင်းငြင်းဆန်လိုက်သည်။ “မ၀င်ဘူး မ၀င်တော့ပါဘူး ကျေးဇူးပါ ဒီနေ့အလုပ်များနေလို့။” သူသည် ထိုသို့ပြောပြီး ချက်ချင်း ထွက်သွားလိုက်သည်။
ချန်တရုန် ရယ်ချင်သွားပြီး ဆိုင်ထဲသို့ ပြန်၀င်လာလိုက်သည်။ ကုနင်းသည် နောက်ကွယ်မှသူကို အပြစ်ပေးဖို့ အစီအစဉ်မရှိသောကြောင့် သူသည်လည်း ဘာမှမတတ်သာပါချေ။
မစ္စတာဖန်းသည် အမည်းရောင်၀တ်စုံနှင့်လူက သူ့အားလှည့်ဖျားသည်ဟု ထင်သော်လည်း ထိုကြွေထည်ကို မကောင်းဆိုးဝါး ကပ်ငြိနေသည်ဟုလည်း ထင်နေသေးသည်။ သို့သော် သိပ်တော့မသေချာပါချေ။ အမည်းရောင်၀တ်စုံနှင့်သူက ပြောပုံအရဆိုလျှင် ထိုပစ္စည်းကို ထိလိုက်သူသည် အေးစက်သော အထိအတွေ့ကို ခံစားရမည် ဖြစ်ပြီး လွှတ်လိုက်လျှင်တော့ ပုံမှန်ပြန်ဖြစ်သွားမည် ဖြစ်သည်။
မစ္စတာဖန်းသည် ထိုကြွေထည်ကို ကိုင်လိုက်စဉ်က အမှန်ပင် ထိုကဲ့သို့ ခံစားသွားခဲ့ရသည်ပင်။ ထိုပစ္စည်းသည် မလေးသော်လည်း ကိုင်ထားစဉ်တွင် စိတ်မသက်သာစွာ ခံစားရသောကြောင့်လည်း ထိုသူအပြောကို ယုံလိုက်ခြင်း ဖြစ်သည်။
ရုတ်တရတ် မစ္စတာဖန်းသည် ချန်တရုန်တစ်ယောက် ထိုကြွေထည်ကို ရောင်းချလိုက်ပြီးပြီလားဟု အတွေး၀င်သွားသည်။
သူ့ဆိုင်သည် သိပ်နာမည်မကြီးသော်လည်း ရှန်းယွင် ရှေးဟောင်းပစ္စည်းဆိုင်မှာ နာမည်ကြီးသောကြောင့် ထိုပစ္စည်းကို ရောင်းပြီးတာလည်း ဖြစ်နိုင်လေသည်။
ထိုအတွေးဖြင့် မစ္စတာဖန်း ထပ်သွားကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။
မကြာခင်တွင် သူသည် ရှန်းယွင်ဆိုင်တွင် သွား၀ယ်ဖို့ သူ့မိတ်ဆွေတစ်ယောက်ကို လွှတ်ရန် စီစဉ်လိုက်သည်။
သူ့အကြံကို ချန်တရုန် မသိသွားစေရန် သူသည် သူ့၀န်ထမ်းကို မလွှတ်လိုက်ပေ။ ထို့နောက် သူ့မိတ်ဆွေ ပြန်ရောက်လာပြီး ရှန်းယွင်ဆိုင်တွင် ထိုကြွေထည်မရှိကြောင်း ပြောလိုက်သည်။
ထိုအခါမှ မစ္စတာဖန်းသည် ရှန်းယွင်ဆိုင်ကို အကောက်ကြံသည့်အစီအစဉ် မအောင်မြင်သည့်အပြင် အဖိုးတန်ပစ္စည်းကိုပါ ဆုံးရှူံးလိုက်ရကြောင်း သိလိုက်လေသည်။
…
ကျင့်ခိုင်သည် ထောင်ဒဏ်ချမှတ်ခံလိုက်ရပြီ ဖြစ်သော်လည်း အမှုမှာ မပြီးပြတ်သေးပါချေ။ သူသည် ပြိုင်ပွဲ၀င်ပြိုင်ရန် ဖန်းရှင်းဟောက်၏ ဒီဇိုင်းများကို ခိုးခဲ့ကြောင်း ၀န်ခံခဲ့သောကြောင့် ထိုဒီဇိုင်းသည် သူ့နာမည်နှင့် မဟုတ်တော့ပါချေ။
အစပိုင်းတွင် ပြိုင်ပွဲစီစဉ်သူသည် သတင်းများမှာ မကောင်းသောကြောင့် ဖန်းရှင်းဟောက်၏ ဒီဇိုင်းများကို ပယ်ချဖို့ စီစဉ်ခဲ့သော်လည်း အကဲဖြတ်ဒိုင်အချုပ်မှာ ထိုဒီဇိုင်းများကို ကြိုက်နှစ်သက်သွားခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ပွဲစီစဉ်သူသည် နောက်ဆုံးတွင် ကျင့်ခိုင်၏ နာမည်နေရာတွင် ဖန်းရှင်းဟောက်ကို အစားထိုးလိုက်သောကြောင့် ဖန်းရှင်းဟောက်သည် ဆုလက်ခံရရှိသွားလေသည်။ ပြိုင်ပွဲ၏ နောက်ဆုံးရလဒ်သည် ကြေညာပြီးဖြစ်သောကြောင့် ကျင့်ခိုင်သည် ဆုမရရှိတော့ပါချေ။
ပွဲစီစဉ်သူသည် ဖန်းရှင်းဟောက်ကို ဆက်သွယ်လိုက်ပြီး ဆေးရုံကိုလိုက်သွားကာ ဆုသွားပေးလိုက်သည်။ သူတို့၏ ကုမ္ပဏီကိုလည်း ဖန်းရှင်းဟောက်အား ကမ်းလှမ်းလိုက်သည်။
ထိုကုမ္ပဏီသည် ဒီဇိုင်းလောကတွင် နာမည်ကြီးပြီး ကမ္ဘာအရပ်ရပ်မှ ကျွမ်းကျင် ဒီဇိုင်နာများ စုစည်းတည်ရှိလေသည်။ ဖန်းရှင်းဟောက်သည် နာမည်ကြီးဘရန်းများကိုတော့ မကိုင်ရသေးသော်လည်း သူ၏ အလုပ်အကိုင်အခွင့်အလမ်းမှာ ကောင်းမွန်သွားပြီ ဖြစ်သည်။
ဖန်းရှင်းဟောက်သည် ထိုအလုပ်ကို စိတ်၀င်စားသော်လည်း ငြင်းဆန်လိုက်သည်။ ကုနင်းသည် သူ၏ အသက်ကို ကယ်ထားသောကြောင့် သူ့ကတိအတိုင်း ပြန်ပေးဆပ်ရမည် မဟုတ်ပါလား။ ထို့အပြင် သူသည် ကုနင်းနှင့်အတူ အလုပ်လုပ်လျှင် ပိုတိုးတက်အောင်မြင်မည်ဟုလည်း ခံစားမိနေလေသည်။
ကုနင်း၏ အ၀တ်အထည်ကုမ္ပဏီသည် တည်ထောင်ခါစဖြစ်သော်လည်း အောင်မြင်မှုများစွာ ရရှိနေပြီဖြစ်သည်။
ပွဲစီစဉ်သူသည် ဖန်းရှင်းဟောက်က သူ၏ ကမ်းလှမ်းချက်ကို ငြင်းလိုက်သောကြောင့် အံ့ဩသွားသော်လည်း ဖန်းရှင်းဟောက်သည် အလွန်ထူးချွန်ထက်မြက်သူ မဟုတ်သောကြောင့် စိတ်မပျက်သွားပါချေ။ အခြား ထူးချွန်သူများလည်း ရှိသေးသည် မဟုတ်ပါလား။
…
၃ နာရီခန့်တွင် ကုနင်းသည် လင်ယွမ်ကျင်းထံမှ ဖုန်းခေါ်ဆိုမှုကို ရရှိပြီး လင်ယွမ်ကျင်းတစ်ယောက် အိမ်ပြန်တော့မည် ဖြစ်ကြောင်း သိလိုက်ရသည်။ သူမသည် ကုနင်းအား Cမြို့သို့ အချိန်မရွေးလာလည် ခိုင်းလိုက်ကာ ကုနင်းကလည်း သဘောတူလိုက်သည်။
လင်ယွမ်ကျင်းနှင့် ယွီယင်တို့သည် လင်မိသားစု အိမ်သို့ ပြန်ရောက်သောအခါ သခင်ကြီးလင်အား သူတို့သည် ကုနင်းနှင့် လင်ရှောင်းထင်တို့နှင့်အတူ စားသောက်ခဲ့ကြောင်း ပြောပြလိုက်သည်။ သခင်ကြီးလင် အနည်းငယ်တော့ မကျေမနပ် ဖြစ်သွားသည်။ အိမ်လာပြီး အတူစားသင့်သည် မဟုတ်လား။
သခင်ကြီးလင်သည် လင်ရှောင်းထင်ကိုလည်း ကုနင်းနှင့် တွေ့သောအခါ သူ့ကို မေ့နေခြင်းကို မကျေမနပ် ဖြစ်နေသေးသည်။ သို့သော် သခင်ကြီးလင်သည် သူ့မြေးကို ဒီတိုင်း တွေ့ချင်နေခြင်းသာ ဖြစ်သည်။
…
နောက်ရက်များတွင် ကုနင်းသည် ပုံမှန်အတိုင်းပင် အလုပ်သွားနေသော်လည်း လင်ရှောင်းထင်ကတော့ အိပ်မက်တစ်ခုတည်းကိုသာ ထပ်တလဲလဲ မက်နေလေသည်။ ၀မ်းဗိုက်တွင်လည်း မကြာခဏ မသက်မသာ ခံစားနေရလေသည်။
သူသည် အိပ်မက်ဟုသာ ထင်သောကြောင့် စိတ်ထဲတော့ သိပ်မထားပါချေ။ ကုနင်းကိုလည်း စိတ်မပူစေချင်သောကြောင့် ဘာမှ မပြောထားပေ။
…
ဆေးရုံတွင် ရက်အတန်ကြာနေပြီးနောက် ဖန်းရှင်းဟောက်သည် အပြည့်အ၀ ပြန်ကောင်းသွားသည်။
ကုနင်းသည် ဖန်းရှောင်မန်နှင့် ဖန်းရှင်းဟောက်တို့ကို ကိုယ်တိုင်သွားကြိုပေးသောကြောင့် ကျေးဇူးတင်နေကြသည်။
***
အခန်း ၁၃၉၈ ထူးဆန်းသော အရာများ
ကုနင်းသည် ထူးထူးထွေထွေ စဉ်းစားမနေပါချေ။ သူတို့သည် ကုမ္ပဏီတွင် လုပ်ဖော်ကိုင်ဖက်များ ဖြစ်သလို အပြင်တွင်လည်း မိတ်ဆွေများ မဟုတ်ပါလား။
ကုနင်းသည် သူတို့နေသည့် နေရာကို လိုက်ပို့ပေးလိုက်သော်လည်း သူတို့နေရာသည် နေရာကောင်း မဟုတ်သလို မြို့တော်နှင့်လည်း အလှမ်းဝေးလေသည်။ သို့သော် သူတို့ အိမ်ပြောင်းတော့မည် ဖြစ်သောကြောင့် ကုနင်း ဘာမှမပြောပါပေ။
သူမသည် သူတို့ကို ၃ ရက်ခန့်တော့ အိမ်တွင် နားနေခိုင်းလိုက်သည်။ ထို ၃ ရက်အတွင်းတွင် ဖန်းရှင်းဟောက်သည် ကုနင်း၏ ကုမ္ပဏီ အင်တာဗျူးအတွက် ဒီဇိုင်းများ ကြိုပြင်ဆင်ထားရမည် ဖြစ်သည်။
သူမ၏ အ၀တ်အစား ကုမ္ပဏီသည် Bမြို့ တွင် ရှိသောကြောင့် သူတို့သည် Bမြို့သို့ လေယာဉ်စီးသွားရမည် ဖြစ်သည်။
ဖန်းရှောင်မန်နှင့် ဖန်းရှင်းဟောက်သည်လည်း မြို့အသစ် ပတ်၀န်းကျင် အသစ်တွင် နေချင်ကြသည်ကြောင့် အဆင်ပြေကြသည်ပင်။ သို့သော် ဖန်းရှောင်မန်သည် ကျိုးဝေ့ဖန်းနှင့် ခွဲခွာရမည်ကိုတော့ စိတ်မချမ်းမသာ ဖြစ်နေလေသည်။ သူမသည် ကျိုးဝေ့ဖန်းမှာ သူမအပေါ် မရိုးမသားစိတ်များ မရှိကြောင်းကို သိသောကြောင့် မြို့ပြောင်းနေလိုက်လျှင်တော့ တဖြည်းဖြည်း မေ့သွားမည်ဟု တွေးလိုက်သည်။
ကျိုးဝေ့ဖန်းသည် ဖန်းရှောင်မန်က သူ့ကို ကြိုက်နေကြောင်းကို မသိသော်လည်း သူတို့ Bမြို့သို့ ပြောင်းရွှေ့မည်ဟု ကြားသောအခါ တစ်စုံတစ်ရာ လစ်ဟာသွားသကဲ့သို့ ခံစားလိုက်ရသည်။ ဖန်းရှင်းဟောက် ဆေးရုံမှ ဆင်းသွားချိန်မှစ၍ သူ၏ တာ၀န်သည် ပြီးသွားပြီ ဖြစ်သောကြောင့် သူတို့ ဘယ်မှာနေနေ သူနှင့်တော့ မဆိုင်ပါချေ။
စီစဉ်စရာများ ပြီးသောအခါ ကုနင်းသည် ကျိုးဝေ့ဖန်းနှင့်အတူ သူမကုမ္ပဏီသို့ ပြန်သွားလိုက်သည်။
ဖန်းရှောင်မန်နှင့် ဖန်းရှင်းဟောက်တို့သည် သူတို့ပြန်သွားသည်ကို ကြည့်နေပြီး ဖန်းရှောင်မန်ကတော့ ၀မ်းနည်းပုံပေါက်နေသည်။
“ရှောင်မန် သူ့ကို ကြိုက်တယ်ဆိုရင် ပွင့်ပွင့်လင်းလင်း ပြောလိုက်ပါလား?” ဖန်းရှင်းဟောက် ပြောလိုက်သည်။
“ပေါက်ကရတွေ!” ဖန်းရှောင်မန် ရှက်သွားပြီး ပိတ်ဟောက်လိုက်သည်။
“နင်က ငါ့အစ်မပါ.. ငါနင့်အကြောင်း ကောင်းကောင်း သိတယ်.. နင်သူ့ကို ကြိုက်နေတာကို အတိုင်းသားမြင်နေရတယ်” ဖန်းရှင်းဟောက် မကျေမနပ်ပြောလိုက်သည်။ သူသည် သူ့အစ်မက အရာအားလုံးကို ပုခုံးထမ်းထားရသည်ကို မကြိုက်ပါချေ။ သူသည် ကလေးမဟုတ်တော့သည်မို့ သူမအကူအညီလိုလျှင် ပေးချင်သည်ပင်။
သူ၏ အစ်မတွင် ပညာရေး ဘွဲ့လက်မှတ်များ မရှိသော်လည်း သူ့ထက်ပင် လူမှုရေး သိတတ်သူဖြစ်သည်။ သူ့အတွက်နှင့် အစ်မဖြစ်သူမှာ ၂၈ နှစ်တိုင်အောင် တစ်ယောက်တည်း နေခဲ့ရသည်။ သူသည် ဘွဲ့ရပြီးပြီလည်း ဖြစ်သောကြောင့် သူ့အစ်မကိုပဲ အားမကိုးချင်တော့ပါချေ။ သူ့အစ်မကို ကိုယ်ပိုင်ဘ၀နှင့် ပျော်ရွှင်စွာ နေစေချင်လေသည်။
သူသည် သူ့အစ်မအတွက် ၀န်ထုပ်၀န်ပိုးလို ဖြစ်နေသည်ကို သိသောကြောင့် အပြစ်မကင်းသလို ခံစားရပြီး စာကို ကြိုးစားကာ သူမကို ကာကွယ်ပေးချင်ခဲ့လေသည်။
“သူ့ကို ဘယ်လိုပြောရမှာလဲ.. ငါ့ကို ပြန်ကြိုက်မယ်လည်း မထင်ပါဘူး။” ဖန်းရှောင်မန် အပြုံးယဲ့ယဲ့ဖြင့် ပြောလိုက်သည်။ သူမသည် ချစ်မှုရေးရာတွင် ရှေးရိုးဆန်သောကြောင့် ယောင်္ကျားလေးဘက်မှသာ စတင်သင့်သည်ဟု တွေးနေလေသည်။
“သူ့ကို ကိုယ့်ဘက်က စပြီး ဖွင့်ပြောပေါ့.. အခုခေတ်က အရင်လို မဟုတ်တော့ပါဘူး.. ဘာမှမဖြစ်ဘူး” ဖန်းရှင်းဟောက်ကတော့ သူ့အစ်မထက်ပင် တက်ကြွနေလေသည်။
သူပြောသည်မှာ မှန်သော်လည်း ဖန်းရှောင်မန်သည် တွေဝေနေလေသည်။ သူမသည် ကျိုးဝေ့ဖန်းက သူမအား အထင်ကြီး လေးစားမှု ရှိသည်ကို သိထားသောကြောင့် ဖြစ်သည်။
“အေးပါ.. အဲဒါငါ့ကိစ္စပါ.. နင်လည်း နင့်အလုပ်သာလုပ်။” ဖန်းရှောင်မန် ထိုသို့ပြောပြီး ထွက်သွားသည်။
ဖန်းရှင်းဟောက် မကျေမနပ်ဖြစ်နေသော်လည်း သူ့အစ်မကို တွန်းအားမပေးချင်ပါချေ။ သူတို့၏ ကိစ္စပင် မဟုတ်ပါလား။ တစ်နေ့နေ့တွင်တော့ ကံပါလျှင် အကြောင်းဖန်လာနိုင်သည်ပင်။
…
နောက်တစ်နေ့တွင် ကုနင်းသည် မနက်ပိုင်းတွင် ကုမ္ပဏီသို့ မသွားပဲ ၉ နာရီခန့်တွင် သူမထံသို့ လီမြောင်စုန့်ဆီမှ ဖုန်းဝင်လာသည်။
သူဖုန်းဆက်တိုင်း သူမသည် ဂူများဆီမှ ရှေးဟောင်းပစ္စည်းများအကြောင်း ပြောမည်ဟု ယောင်ပြီး ထင်နေမိသည်။ လီမြောင်စုန့် သည် ဂူဖောက်ခြင်း အလုပ်ကို ရပ်နားပြီး ‘ဘုရင်မတစ်ပါး၏ စစ်သွေးစစ်မာန်’ တွင် အဖွဲ့၀င် ဖြစ်နေပြီ မဟုတ်ပါလား။
တကယ်တော့ လီမြောင်စုန့်သည် အလွန်ထူးဆန်းသော အကြောင်းတစ်ခုပြောရန် သူမကို ဖုန်းခေါ်ခြင်း ဖြစ်သည်။ သူတို့သည် မနေ့ညက ဇာမဏီတောင်တွင် ရိုက်ကူးရေးလုပ်ခဲ့ရာ ထူးဆန်းသော အရာများ ကြုံတွေ့ခဲ့ခြင်း ဖြစ်သည်။
ဇာမဏီတောင်ဟု ကြားလိုက်သောအခါ ကုနင်း သည် စိတ်လှုပ်ရှားသွားသည်။ ထိုနေရာတွင် မိစ္ဆာကျင့်ကြံသူ ပြုတ်ကျခဲ့သည် မဟုတ်ပါလား။ ထိုလူမသေသေးခြင်းလည်း ဖြစ်နိုင်ပေသည်။
ကုနင်း စိတ်ရှုပ်သွားသော်လည်း လီမြောင်စုန့်ကို စကားဖြတ်မမေးလိုက်ပါချေ။
လီမြောင်စုန့်က ဆက်ပြောလိုက်သည်။ “ကျီးကန်းတွေက ကြောက်စရာကောင်းအောင် ခဏခဏ အာနေတာ.. ပြောရရင် အဲဒါက မကောင်းမှုရဲ့ နိမိတ်လေ.. အခုနောက်ပိုင်းတော့ အယုံအကြည်မရှိကြတော့ဘူးဆိုပေမယ့် ကျုပ်ကတော့ တစ်ခုခု မှားနေတယ်လို့ ထင်တယ်.. ပြီးတော့ တစ်ယောက်ယောက်က အမည်းရောင်အရာတစ်ခုခုက ဖြတ်သွားတယ်လို့လည်း အော်တယ်.. တိရိစ္ဆာန်အော်သံတွေလည်း ကြားနေရတော့ လူတွေက ကြောက်လာကြတာပေါ့.. အဲဒီလိုနဲ့ ရိုက်ကွင်းကို ဖျက်ပြီး ပြန်လာကြတာပဲ။”
ထိုစကားကို ကြားသောအခါ ကုနင်း သည် ပြဿနာတစ်ခုခု ရှိမှန်း သေချာသွားလေသည်။ ထိုအမည်းရောင် အရာဆိုသည်မှာ မိစ္ဆာကျင့်ကြံသူ ဖြစ်ပေမည်။
သူပြုတ်ကျသွားသည်မှာ ရက်အတန်ကြာပြီ ဖြစ်သော်လည်း ထိုနေ့ညမတိုင်ခင်အထိ သတိပြန်မရသေးတာ ဖြစ်နိုင်လေသည်။
ကုနင်း က မေးလိုက်သည်။ “ရိုက်ဖို့ ဘယ်နှခန်းကျန်သေးလဲ?”
“အဲဒီမှာ ကျုပ်တို့ရောက်နေတာ ၃ ရက်လောက်ရှိပြီ.. မနေ့က အဲလိုတွေသာ မဖြစ်ရင် အကုန်ရိုက်လို့ ပြီးလောက်ပြီ.. အဲဒါကြောင့် အဲဒီမှာပဲ ဆက်ရိုက်ရမလား နေရာအသစ် ပြောင်းရိုက်ရင် ကောင်းမလား စဉ်းစားနေတာ”
ရိုက်ကူးရေးသည် လွယ်ကူလှသည် မဟုတ်ကြောင်းကို လီမြောင်စုန့် ကိုယ်တိုင် တွေ့ကြုံခံစားဖူးပြီ ဖြစ်သည်။