← Chapters

အခန်း (၁၃၉၉-၁၄၀၄)

Vol. 90 Ch. 1399-1404

အခန်း (၁၃၉၉-၁၄၀၄)

Vol. 90 Ch. 1399-1404

အခန်း ၁၃၉၉ ဒဏ်ရာရထားသည့် မိစ္ဆာကျင့်ကြံသူ

ရိုက်ကူးမှုတစ်ခုလုပ်ရန်အတွက် ရှုထောင့်အမျိုးမျိုးမှ ရိုက်ရသောကြောင့် တစ်ခန်းတစ်ခန်းကိုပင် အချိန်ကြာကြာ ရိုက်ကူးမှု လုပ်ရလေသည်။ ထို့ကြောင့် ထိုရိုက်ကူးမှုများအတွက် အစကနေ ပြန်လည်ရိုက်ကူး ရမည်ဖြစ်သည်။ သို့သော် သူတို့သည် ညမှအဖြစ်အပျက်ကြောင့် ကြောက်လန့်နေကြသည် ဖြစ်သည်။ အဆိုးဆုံးမှာ ထပ်ဖြစ်မည်ကို စိုးရိမ်နေကြခြင်းပင်။

“ရပါတယ်.. ဒီည လိုက်ခဲ့ပေးပြီး တစ်ခုခု ဖြေရှင်းကြည့်တာပေါ့။” ကုနင်း ပြောလိုက်သည်။ ရိုက်ကူးရေးသမားများအနေနှင့် ထပ်ရိုက်ရဲကြတော့မည် မဟုတ်သလို သူမလည်း ထပ်အဖြစ်ခံတော့မည် မဟုတ်ပါချေ။

ကုနင်းက ထိုသို့ ပြောလိုက်သောကြောင့် လီမြောင်စုန့်ကလည်း သဘောတူလိုက်သည်။

“ဟုတ်ပြီ..ကျွန်မ ဒါရိုက်တာလုကို ဖုန်းခေါ်လိုက်ဦးမယ်။”

“ကောင်းပါပြီ” လီမြောင်စုန့်လည်း ဖုန်းချလိုက်သည်။

ထို့နောက် ကုနင်းသည် လုကျန်းကို ဖုန်းခေါ်လိုက်သည်။

လုကျန်းနှင့် လုရှောင်းတို့သည်လည်း ထိုအကြောင်းကိုပင် ပြောနေကြခြင်းဖြစ်ရာ သူတို့လည်း အဖြေရှာမရသေးပါချေ။ လုကျန်းနှင့် လုရှောင်းတို့သည် ရိုက်ကူးရေးကုမ္ပဏီတွင် အလုပ်လုပ်ဖူးကြသောကြောင့် ပိုက်ဆံအမြောက်အမြား မကုန်ချင်ကြပေ။ ကုနင်းတွင် ပိုက်ဆံများစွာ ချမ်းသာသည် ဆိုသော်လည်း အကုန်အကျ သက်သာစွာနှင့် လုပ်ပေးချင်ခြင်း ဖြစ်သည်။

လုကျန်းသည် ကုနင်း၏ နာမည်ကို ဖုန်းတွင် တွေ့လိုက်သောအခါ အလျင်အမြန်ကောက်ကိုင်လိုက်သည်။

ကုနင်းသည် ညကအကြောင်းကို သိထားကြောင်း ပြောလိုက်ပြီး အခြားနေရာကို ရွှေ့စရာမလိုကြောင်းပြောလိုက်သည်။ သူမသည် သူတို့နှင့် အတူလိုက်ပြီး ပြဿနာကို ဖြေရှင်းမည် ဖြစ်သည်။

လုကျန်းသည် ကုနင်း ထိုသို့ ပြောသောအခါ စိတ်သက်သာရာ ရသွားသည်။ သူမသည် ဇွန်ဘီးများကိုပင် နှိမ်နင်းနိုင်သူ ဖြစ်လေရာ ထိုပြဿနာသည် သူမအတွက် ပမွှားပင် ဖြစ်လေသည်။

ကုနင်းနှင့် ဖုန်းပြောပြီးသောအခါ လုကျန်းသည် သတင်းကောင်းအား လုရှောင်းကို ပြောလိုက်သည်။ ကုနင်းလိုက်လာမည်ဆိုသောကြောင့် အားလုံး အဆင်ပြေသွားမည်ကို ယုံကြည်ကြလေသည်။

တကယ်တော့ သူတို့သည် ပြဿနာကို ကိုယ်တိုင်ဖြေရှင်းလိုက်ချင်သောကြောင့် ကုနင်းကို ဖုန်းခေါ်ရန် တွေဝေနေကြခြင်း ဖြစ်သည်။ ကုနင်းသည် သူတို့၏ သူဌေးဖြစ်သောကြောင့် ပြဿနာဖြစ်တိုင်း သူမကို အကူအညီမတောင်းချင်ပါပေ။

…

သူတို့တွေ အဖွဲ့အေနှင့် အဖွဲ့ဘီဟူ၍ အဖွဲ့ ၂ ခုရှိပြီး အတူတူ အလုပ်လုပ်ကြသည်။ ဇာမဏီတောင်တွင် ရိုက်ရသောအခန်းသည် ဇာတ်ဆောင်မင်းသမီးနှင့် ဇာတ်ပို့မင်းသားတို့ ပါ၀င်သရုပ်ဆောင်ရမည်ဖြစ်ပြီး သူတို့နှစ်ယောက်လုံးသည် အဖွဲ့ဘီမှ ဖြစ်ကြသည်။ သူတို့သည် ကြာမြင့်စွာရိုက်ကူးရေးလုပ်ကြပြီး အဖွဲ့အေရိုက်ကူးရေး လုပ်နေသည့်အချိန်တွင် အနားယူနေကြသည်။ ကုနင်း ရောက်လာချိန်တွင်တော့ ပြန်အလုပ်လုပ်ကြရမည် ဖြစ်သည်။

အဖွဲ့ဘီသည် ညစာကို ၅ နာရီတွင် စားပြီးသည့်နောက် ဇာမဏီတောင်သို့ နာရီ၀က်ခန့်တွင် ရောက်သွားကြသည်။ သူတို့သည် ရိုက်ကူးရေးပစ္စည်းများ ပြင်ဆင်ရန်အတွက် စောရောက်ထားမှ အဆင်ပြေမည်ပင်။

သူတို့သည် ထိုည ဇာမဏီတောင်ကို သွားရောက်ရိုက်ကူးရမည်ဟု ကြားသောအခါ စိတ်ညစ်သွားကြသည်။ သူတို့သည် သရဲများကို မယုံကြည်ကြသော်လည်း ညက အဖြစ်အပျက်ကြောင့် ကြောက်လန့်နေကြခြင်းပင်။

လုကျန်းသည် သူတို့အား ကုနင်း ထိုညလာမည် ဖြစ်ကြောင်း ပြောလိုက်သောအခါမှ အားလုံး စိတ်အေးသွားကြသည်။

သူတို့သည် ကုနင်း ရောက်လာမည်ဖြစ်သောကြောင့် ပျော်ရွှင်သွားကြသည်။ သူတို့သည် ထိုအရာကို ကိစ္စကြီးဟုတော့ မထင်သော်လည်း ညဖက်မို့လို့သာ ကြောက်ကြခြင်း ဖြစ်သည်။

မကြာလိုက်ပါဘဲ ကုနင်းသည် ကောင်းယိနှင့် ချောင်ယတို့နှင့်အတူ ရောက်လာခဲ့သည်။

တောင်တွင် ကားလမ်းမရှိသောကြောင့် ကားများသည် တောင်ကြားထဲသို့ ၀င်လို့မရပေ။ ထို့ကြောင့် သူတို့သည် ကားထဲမှထွက်ပြီး ကီလိုမီတာပေါင်းများစွာ ခြေကျင်လျှောက်ကြရသည်။ သူတို့သည် ရုပ်ရှင်ရိုက်ကူးသည့် ပစ္စည်းများကို လက်ထဲတွင်တစ်မျိုး၊ နောက်ကျောတွင်တစ်ဖုံ၊ လက်တွန်းလှည်းများနှင့်ပါ သယ်ကြရသည်။

သရုပ်ဆောင်များသည် ကင်မရာထဲတွင်တော့ ကြည့်ကောင်းနေကြသော်လည်း ပင်ပန်းနွမ်းနယ်နေကြသည်။ သရုပ်ဆောင်များသာမက အလုပ်သမားများသည် အလုပ်ကြိုးစားကြသူများ ဖြစ်သည်။

အလုပ်သမားများသည် ကုနင်း မရောက်ခင် စောပြီး ရောက်နှင့်နေကြသောကြောင့် ရိုက်ကွင်းနေရာသို့ ရောက်သောအခါ ကြောက်စရာညကို ပြန်အမှတ်ရလိုက်သည်။ တချို့ သူများသည် စိတ်ခြောက်ခြားနေကြသောကြောင့် အချင်းချင်း အားပေးနေကြသည်။ ကံကောင်းစွာပင် သူတို့သည် စိတ်ကိုတည်ငြိမ်အောင်ထားပြီး ပုံမှန်အတိုင်း အလုပ်လုပ်လိုက်ကြသည်။

သူတို့သည် တုံ့ဆိုင်းမနေပဲ ပစ္စည်းများကို နေရာချလိုက်သည်။ ခဏကြာသောအခါ တဲများ အဆင်သင့်ဖြစ်သွားပြီး သရုပ်ဆောင်များသည် မိတ်ကပ်ပြင်နေလိုက်ကြသည်။

အချိန်မှာ ၆ နာရီခွဲပင် ရှိသေးသော်လည်း လင်းနေတုန်းပင် ဖြစ်သောကြောင့် မမှောင်ခင် ပြင်စရာရှိသည်များကို ပြင်ဆင်လိုက်သည်။

ကုနင်းသည် ကောင်းယိ၊ ချောင်ယတို့နှင့်အတူ မကြာခင် ရောက်လာသောကြောင့် အားလုံးသည် သူမကို လေးစားသမှုဖြင့် နှုတ်ဆက်လိုက်ကြသည်။

ကုနင်းသည် စိတ်ထားကောင်းသူဖြစ်သောကြောင့် သူတို့ အနေရမခက်အောင် ပြုံးပြနှုတ်ဆက်နေလိုက်သည်။

ကုနင်းသည် ငယ်ရွယ်ပြီး ကြင်နာတတ်သူဖြစ်သော်လည်း သူတို့၏ သူဌေးဖြစ်နေသည်ကို တွေ့မိတိုင်း အံ့ဩဆဲဖြစ်လေသည်။

နှုတ်ဆက်ပြီးနောက်တွင် ကုနင်းသည် အနီးအနားပတ်၀န်းကျင်ကို လေ့လာလိုက်သည်။ သူမသည် ကောင်းယိနှင့် ချောင်ယတို့ကို ရိုက်ကွင်းတွင်သာ နေခဲ့ခိုင်းပြီး ၀န်ထမ်းများကို ကာကွယ်စေလိုက်သည်။ ထို့နောက်သူမသည် ကျောက်စိမ်းမျက်လုံးကို အသုံးပြုကာ တောအုပ်ထဲသို့ ကြည့်လိုက်သည်။

မီတာနှစ်ရာခန့်တွင် တောင်မှထွက်နေသော ဂူတစ်ခုရှိနေပြီး အမည်းရောင်၀တ်ထားသော သူတစ်ယောက်သည် အထဲတွင် ထိုင်နေသည်။ သူသည် ဒဏ်ရာပြင်းထန်စွာ ရထားပြီး သူ့ကိုယ်သူ ကုသနေလေသည်။

ကုနင်းသည် ထိုသူကို လင်ရှောင်းထင်နှင့်တိုက်ခိုက်ပြီး ပြုတ်ကျထားသူမှန်း သိလိုက်သည်။ ကျင့်ကြံသူများသည် သန်မာသူများ ဖြစ်ကြသောကြောင့် ကမ်းပါးမှ ပြုတ်ကျလည်း အသက်ရှင်နိုင်သည် မဟုတ်ပါလား။

သို့သော် ကုနင်းသည် ထိုသူမှာ လင်ရှောင်းထင်၏ ခန္ဓာကိုယ်တွင်းမှ စွမ်းအားကြောင့် ဒဏ်ရာရမှန်း မသိပါချေ။ လင်ရှောင်းထင်၏ စွမ်းအားကြောင့်သူမဟုတ်လျှင် ထိုသူသည် ပြင်းထန်စွာ ဒဏ်ရာရမည် မဟုတ်ပေ။

***

အခန်း ၁၄၀၀ ပိုင်လီကျုံးရွှယ်

သူသည် ကျင့်ကြံသူဖြစ်သောကြောင့် လွယ်လွယ်နှင့် မသေနိုင်ပါချေ။ သို့သော် ကုနင်းနှင့် ကျောင်းလုံ(နတ်ဆိုးကျောင်း)တို့ကို ရင်ဆိုင်ရမည် ဆိုလျှင်တော့ လွယ်တော့မည် မဟုတ်ပေ။

ကုနင်းသည် သူမရှာနေသည့်လူကို တွေ့ပြီဆိုသော်လည်း ကောင်းကင်မှ အလင်းရောင်ရှိနေသေးတာကြောင့် ချက်ချင်းမလှုပ်ရှားသေးပေ။

မိစ္ဆာကျင့်ကြံသူများသည် ရက်စက်ကြသော်လည်း လူတိုင်းကိုတော့ လိုက်မတိုက်ခိုက်ကြပေ။ သူသည် အပျိုစင်မိန်းကလေးများကိုသာ လိုက်ဖမ်းကာ ကျင့်စဉ်တွင် အသုံးချကြခြင်းဖြစ်သည်။ ထို့ကြောင့် သူသည် လုကျန်းနှင့် အခြားသူများအတွက်တော့ အန္တရာယ်ရှိသူ မဟုတ်ပါချေ။

သူသည် အန္တရာယ်မရှိသူဆိုသော်လည်း ကုနင်းကတော့ သူ့ကို အလွတ်ပေးမည် မဟုတ်ပေ။ သို့သော် လက်ရှိအချိန်မှာတော့ သူမ လုပ်နိုင်တာလည်း မရှိသေးသောကြောင့် ရိုက်ကွင်းသို့ ပြန်သွားလိုက်သည်။

ဒီလိုနှင့် ညမှောင်လာသောအခါ ရိုက်ကူးရေးကို စလိုက်ကြသည်။

သူတို့သည် တောင်ကြားထဲတွင် ရိုက်မည့်အခန်းအတွက် သရုပ်ဆောင် ၃ ဦးလိုအပ်သည်။ ဇာတ်ဆောင်မင်းသမီး၊ ဇာတ်ပို့မင်းသားနှင့် အဖိုးအိုတစ်ယောက် ဖြစ်သည်။

ဇာတ်ကြောင်းမှာ ဇာတ်ဆောင်မင်းသမီးနှင့် ဇာတ်ပို့မင်းသားတို့သည် လူဆိုးများရန်မှ ထွက်ပြေးရင်း ချောက်ကမ်းပါးမှ ပြုတ်ကျလာကြရာ ချောက်ကမ်းပါးအောက်တွင် နေထိုင်သော အဖိုးအိုက ကယ်တင်ခဲ့သည်။ ထိုအဖိုးအိုသည် တကယ်တော့ ကွန်ဖူးနှင့် ဆေးဝါးပိုင်းတွင် အလွန်ကျွမ်းကျင်သူ ဖြစ်နေသည်။ ထို့ကြောင့် သူသည် ဇာတ်ဆောင်မင်းသမီးနှင့် ဇာတ်ပို့မင်းသားတို့ကို ကယ်တင်ကုသပေးခဲ့သည်။

ထို့သို့ဖြင့် အမှောင်အတိကျသွားသောအခါ စတင်ရိုက်ကူးကြတော့သည်။

ကုနင်းသည် ခေတ္တခွင့်တောင်းပြီး ထွက်လာလိုက်သည်။ သူမအနားတွင် ဘယ်သူမှ မရှိတော့သောအခါ ကျောင်းလုံကို လွှတ်လိုက်ပြီး မိစ္ဆာကျင့်ကြံသူကို တိတ်တဆိတ် သတ်ဖြတ်စေလိုက်သည်။

ထိုသူသည် အလွန်ဒဏ်ရာရထားပြီး အားနည်းနေသောကြောင့် ကျောင်းလုံကို လွယ်ကူစွာ စေလွှတ်လိုက်နိုင်လေသည်။ ကျောင်းလုံသည် တိတ်တဆိတ်ပင် ထိုသူကို သူ့၀မ်း‌ဗိုက်ထဲသို့ မျိုလိုက်သည်။

မိစ္ဆာကျင့်ကြံသူသည် အခက်အခဲများကို ကျော်လွှားနိုင်ပြီဟု ထင်ခဲ့သော်လည်း ကျောင်းလုံသည် ရုတ်တရတ်တိုက်ခိုက်လာသောကြောင့် အငိုက်မိသွားခြင်းဖြစ်သည်။

ထိုရက်ပိုင်းတွင် ကုနင်းသည် မိစ္ဆာကျင့်ကြံသူများနှင့် မကြာခဏတွေ့လာရသည်။ သူမသည် သူတို့အဖွဲ့၀င်မည်မျှရှိမှန်းတော့ မသိပါချေ။

…

ရိုက်ကူးရေးသည် ဤတစ်ကြိမ်တွင်တော့ ချောမွေ့စွာ ပြီးသွားလေသည်။ ထို့ကြောင့် အားလုံးသည် မနေ့ညက အဖြစ်အပျက်ကို မတော်တဆဟုသာ တွေးလိုက်ကြသည်။ လီမြောင်စုန့်ကတော့ ကုနင်းသည် သူတို့မသိအောင် တစ်ခုခုဖြေရှင်းလိုက်မှန်း သိလိုက်သည်။ သို့သော် အရာအားလုံး ပုံမှန်ဖြစ်နေသောကြောင့် အားလုံးပျော်ရွှင်နေကြသည်။

ရိုက်ကူးရေးပြီးသောအခါ ည ၂ နာရီခန့်ပင် ရှိပြီဖြစ်ရာ သူတို့သည် အောင်မြင်စွာရိုက်ကူးပြီးကြသည်နှင့် ပြန်ဖို့ ပြင်ဆင်လိုက်ကြသည်။ ကုနင်းသည် ကောင်းယိနှင့် ချောင်ယတို့ကို အထုပ်အပိုးများ ကူသိမ်းခိုင်းလိုက်သည်။

သူမအိမ်ပြန်ရောက်ချိန်တွင် ၃ နာရီပင် ရှိပြီဖြစ်သည်။ သူမသည် မျက်နှာကို အလျင်အမြန်သစ်ပြီး အိပ်လိုက်သည်။ မနက်ရောက်သောအခါ သူမသည် ၃ နာရီမှသာ အိပ်ခဲ့သော်လည်း ၅ နာရီခွဲတွင် နိုးလာကာ ထပြေးလိုက်သည်။ သူမသည် ခဏသာအိပ်စက်ထားသော်လည်း မှော်အစွမ်းကြောင့် အားအင်ပြည့်၀နေလေသည်။

ကုနင်း ပြေးနေချိန်တွင် ပိုင်လီကျုံးယန်နှင့် ပိုင်လီကျုံးရွှယ်တို့ကို ထပ်တွေ့လိုက်သည်။ ကျင့်ကြံသူများ ဖြစ်သောကြောင့် လေ့ကျင့်ခန်းလုပ်ဖို့ လိုအပ်သည်ပင်။ သူတို့သည် မနက်ပိုင်း ပြေးရသည့်အပြင် တရားထိုင်ဖို့လည်း လိုအပ်လေသည်။ မနက်ပိုင်းလေသည် သန့်စင်ပြီး မှော်စွမ်းအင် အနည်းငယ်ပါ၀င်သောကြောင့် သူတို့သည် အပြင်ထွက်ပြီး မှော်စွမ်းအင်ကို ခံယူပြီးမှ အပြေးလေ့ကျင့်ကြသည်။

လင်ရှောင်းထင် မပါသောကြောင့် ပိုင်လီကျုံးယန် နှင့် ပိုင်လီကျုံးရွှယ် တို့သည် ကုနင်း ဆီသို့ လျှောက်လာပြီး စကားလာပြောကြသည်။

ပိုင်လီကျုံးယန်သည် ကုနင်းနားသို့ သတိကြီးစွာဖြင့် ချဉ်းကပ်လိုက်သည်။ သူသည် ကိုလိန်း၏ဆေးတွင် အဘယ်ကြောင့် မှော်စွမ်းအင်ပါနေကြောင်းကို မသိသေးပေ။ သို့သော် ကုနင်းသည် သူမကို မထိမချင်း ဘာမှအန္တရာယ်ပေးမည် မဟုတ်ကြောင်းကိုတော့ သိလေသည်။

“တိုက်ဆိုင်လိုက်တာ မစ္စကု!” ပိုင်လီကျုံးယန် ကုနင်းကို နှုတ်ဆက်လိုက်သည်။

“ထပ်တွေ့ရတာ၀မ်းသာပါတယ် မစ္စတာပိုင်လီ။” ကုနင်းကလည်း ယဉ်ကျေးစွာနှုတ်ဆက်လိုက်သည်။

“အိုး ကျွန်တော့်ညီမနဲ့ မိတ်ဆက်ပေးရပါရစေ.. သူက ပိုင်လီကျုံးရွှယ်ပါ.. ၁၇ နှစ်ရှိပါပြီ။” ပိုင်လီကျုံးယန်က ကုနင်းကို ပြောလိုက်သည်။

“တွေ့ရတာ၀မ်းသာပါတယ် မစ္စကု။” ပိုင်လီကျုံးရွှယ်က ကုနင်းကို အရင်နှုတ်ဆက်လိုက်သည်။

“ကျွန်မလည်း တွေ့ရတာ၀မ်းသာပါတယ် မစ္စပိုင်လီ။” ကုနင်း ပြန်ပြောလိုက်သည်။

“အင်း နည်းနည်းတော့ ထူးဆန်းနေသလိုပဲ.. ကျွန်မကို မစ္စပိုင်လီလို့ မခေါ်လည်း ရပါတယ်.. ကျွန်မက လူကြီးမဟုတ်သေးတော့ ကျုံးရွှယ်လို့ပဲ ခေါ်ပေးပါ” ပိုင်လီကျုံးရွှယ် ပြောလိုက်သည်။ သူမသည် ချစ်စရာကောင်းသော မိန်းကလေးတစ်ဦးပင်။

“ကောင်းပါပြီ ကျွန်မကိုလည်း ကုနင်းလို့ပဲခေါ်ပါ” ကုနင်း ပြုံးပြီး ပြောလိုက်သည်။

သူတို့သည် ပထမဆုံး တွေ့ဆုံကြခြင်း ဖြစ်သောကြောင့် မရင်းနှီးသေးကြပေ။ ပိုင်လီကျုံးရွှယ်သည် ကုနင်းကို အထင်ကြီးအောင် ကြိုးစားနေသော်လည်း ကုနင်း၏ ဆေးအကြောင်းကိုတော့ သိချင်မိလေသည်။ သူတို့သည် သူတို့၏ မှော်အစွမ်းများကို ကုနင်း အာရုံခံမိပြီး သူတို့၏ သရုပ်မှန်များကို သိသွားလျှင် အတိုက်ခိုက်ခံရမည်ကို စိုးရိမ်နေကြသည်။

ထိုဆေးများတွင် မှော်အစွမ်းများပါ၀င်သော်လည်း သူတို့အတွက်အသုံးမ၀င်ပါပေ။ သူတို့သည် ကုနင်း ထိုမှော်အစွမ်းကို မည်ကဲ့သို့ ရကြောင်းနှင့် မည်မျှရှိကြောင်းကို သိချင်နေကြခြင်း ဖြစ်သည်။ သူတို့သည် မှော်အစွမ်းကို လိုရာအသုံးချဖို့ လိုချင်နေကြသော်လည်း ကုနင်းကို ထိခိုက်အောင် လုပ်ဖို့တော့ ရည်ရွယ်ချက်မရှိကြပါချေ။ ဖြစ်နိုင်လျှင် သူမနှင့် မိတ်ဆွေဖွဲ့ချင်နေကြခြင်း ဖြစ်သည်။

“ကုနင်း ကျွန်မရှင့်အကြောင်းတွေ အင်တာနက်မှာတွေ့ဖူးပြီး လေးစားနေတာပါ။” ပိုင်လီကျုံးရွှယ်သည် သူမ၏ ငယ်ရွယ်မှုနှင့်မလိုက် အောင်မြင်မှုများအကြောင်းကို သိထားပြီး ကုနင်းကို ချီးကျူးလိုက်သည်။ ယခင်က သုန်းဖန်းကျီယွီသည် သူမ‌၏အိုင်ဒေါဖြစ်ခဲ့သော်လည်း ယခု ကုနင်းသည် သုန်းဖန်းကျီယွီထက် အပုံကြီးသာနေသည် မဟုတ်ပါလား။

အကယ်၍ ကုနင်းသာ ကျင့်ကြံခြင်းလောကထဲသို့ ၀င်ရောက်ခဲ့ပါလျှင် သူမသည် သုန်းဖန်းကျီယွီထက်ပင် ပိုထူးချွန်မည် ဖြစ်သည်။

“ချီးကျူးပေးလို့ ကျေးဇူးပါ။” ကုနင်း ပြုံးပြီး ပြောလိုက်သည်။

“အိုး ကျွန်မလည်း အမျိုးသားကောလိပ်၀င်ခွင့် စာမေးပွဲကို ဒီနှစ်ဖြေရတော့မှာ.. ရှင် ဘယ်ကောလိပ်ကိုရွေးခဲ့တာလဲ.. ကျွန်မလည်း ရှင်ရွေးတဲ့ ကောလိပ်ကိုပဲ လိုက်ရွေးတက်ချင်လို့ပါ ရတယ်မလားဟင်?” ပိုင်လီကျုံးရွှယ် မေးလိုက်သည်။

“ရတာပေါ့” ကုနင်း ခပ်မြူးမြူးပင် ပြန်ဖြေလိုက်သည်။ “ကျွန်မက မြို့တော်တက္ကသိုလ်ကို လျှောက်ထားခဲ့တာပါ။”

ကုနင်း ဘယ်လိုမှ သဘောမထားသလို လျှို့ဝှက်ထားစရာအကြောင်းလည်း မရှိပါချေ။ သူမ‌အကြောင်း သိချင်နေကြသောကြောင့် သူမကလည်း ဖုံးကွယ်ထားစရာ မလိုပေ။

“ဘယ်မေဂျာကို ရွေးခဲ့တာလဲ။” ပိုင်လီကျုံးရွှယ်က ထပ်မေးလိုက်သည်။

“စီးပွားရေး စီမံခန့်ခွဲမှုပါ။”

“အင်း.. ကျွန်မကတော့ အဲဒါကို သင်နိုင်မယ်မထင်ဘူး.. ကျွန်မက သမိုင်းကြိုက်တော့ သမိုင်းမေဂျာပဲ ယူဖြစ်လောက်တယ်။”

ပိုင်လီကျုံးရွှယ်သည် ကုနင်းနှင့် ရင်းနှီးချင်သော်လည်း စီးပွားရေးအမြင်တော့ မရှိပါချေ။

***

အပိုင်း ၁၄၀၁ ဖုန်းချီလဲ့ ဒဏ်ရာရသွားတယ်...

"ငါတို့သူငယ်ချင်းဖြစ်လို့ရမလား? ငါ့မှာ သူငယ်ချင်းအများကြီး မရှိဘူး၊ အမြဲတမ်း ပျင်းနေရတာ။” ပိုင်လီကျုံးရွှယ်သည် ကုနင်းကို သနားချင့်စဖွယ်ပုံစံနှင့် မေးသည်။

ကုနင်းအနေနှင့် သူမကို ရည်ရွယ်ချက်ရှိရှိ ချဉ်းကပ်နေမှန်း သိနေတာတောင်မှ ပိုင်လီကျုံးရွှယ် မုန်းဖို့က ခဲယဉ်းသည်။ ထို့အပြင် ကုနင်းသည် သူမ၏ ရိုးသားမှုကို ခံစားနိုင်သည်။ အကယ်၍ သူမအကြောင်း ပိုသိလာသည့်အခါ သူမနှင့် အမှန်တကယ် သူငယ်ချင်းဖြစ်ချင်ဖြစ်လာနိုင်သည်။

“ရတာပေါ့။” ကုနင်း ပိုင်လီကျုံးရွှယ်နှင့် သူငယ်ချင်းဖြစ်ရန် ဆန္ဒရှိသည်။

"ကောင်းလိုက်တာ ..ဖုန်းနံပါတ်ရော ဖလှယ်လို့ရလား။ မင်းကို ငါ WeChat မှာ ဖရန့်အပ်လို့ရမလား?" ပိုင်လီကျုံးရွှယ် စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

"ပြဿနာမရှိပါဘူး။"

ထို့နောက် သူတို့ အတူတူ ပြေးကြသည်။

လေ့ကျင့်ခန်းပြီးသောအခါတွင် ပိုင်လီကျုံးရွှယ်သည် ကုနင်းကို မနက်စာ အတူတူစားရန် ဖိတ်ခေါ်ခဲ့သော်လည်း ကုနင်းက ငြင်းဆိုသဖြင့် သူမသည်လည်း အတင်းမတိုက်တွန်းပေ။

ကုနင်း မရှိတော့သည်နှင့် တက်ကြွပြီး ချစ်စရာကောင်းသည့် ပိုင်လီကျုံးရွှယ်က ပျောက်ကွယ်သွားပြီး သူမ၏ အေးဆေးတည်ငြိမ်သည့်အမူအရာ ပြန်လည်ရောက်ရှိလာသည်။ "အဆင်ပြေပုံရပါတယ်။"

"ဘာပဲဖြစ်ဖြစ် မင်းသတိထားသင့်တယ်။" ပိုင်လီကျုံးယန်က ပြောလိုက်သည်။

"ငါနားလည်ပါတယ်။" ပိုင်လီကျုံးရွှယ် ခေါင်းညိတ်လိုက်သည်။

ကုနင်း နောက်တော့ သူမ၏အိမ်ကို ပြန်သွားသည်။ သူမသည် မနက်စာမစားခင် ရေချိုးပြီး အဝတ်အစားလဲကာ ခဏတာ အနားယူပြီးနောက် သူမသည် ကုမ္ပဏီသို့ ထွက်လာခဲ့သည်။

လမ်းတွင် ကုနင်းသည် သူမ နောက်ရက်များတွင် ဘာလုပ်သင့်သည်ကို တွေးနေမိသည်။ ကောလိပ်ဝင်ခွင့်စာမေးပွဲ၏ရလဒ်သည် လေးရက်အတွင်း ထွက်လာမည်ဖြစ်သဖြင့် Fမြို့သို့ ပြန်သွားရန် လိုအပ်သည်။

ချီကျီယွဲ့ နှင့် ထန်ယရှင်း၏မင်္ဂလာပွဲသည် တစ်ပတ်သာလိုတော့ပြီး သူမသည် သူတို့အတွက် အထူးမင်္ဂလာလက်ဆောင်ကို ပေးပို့ရန်လိုအပ်သည်။ သို့သော် သူမသည် ကုနင်းအဖြစ် သွားမည်မဟုတ်ပဲ ထန်အိုက်နင်းအဖြစ် သွားမည်။

ယခင်ဘဝက ထန်အိုက်နင်း ရော ယခုဘဝက ထန်အိုက်နင်းပါ သူတို့အပေါ် ရန်ငြိုးရှိကြသောကြောင့် သူတို့၏မင်္ဂလာပွဲသည် သေချာပေါက် အမှတ်ရစရာဖြစ်မည်မှာ သေချာပါသည်။

ကုနင်းသည် ထန်ပင်းစန်၏တရားမ၀င်သားကို ကျီယီယင်းအား လျှို့ဝှက်သိရှိစေပြီး ကျီယီယင်းကို တရားမဝင်သားဖြစ်သူကို ကိုင်တွယ်စေရန် တွေးထားသည်။ ကျီယီယင်းသည် သူမ၏အမေကို အရင်ဘ၀က ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့သည့်အတွက် ထိုလုပ်ရပ်မျိုး နောက်တစ်ကြိမ်ကျူးလွန်ရန် ခက်ခဲမည်မဟုတ်ပေ။ သို့သော်လည်း ထန်ပင်းစန်၏တရားမ၀င်သားဖြစ်သူမှာ အပြစ်မရှိသည့်အတွက် ကုနင်းသည် ထိုအကြံကို မကောင်းဘူးဟုတွေးမိသည်။ ကျီယီယင်းသာသိလျှင် တရားမ၀င်သားကို သတ်မည်မှာ သေချာသည်။

ကုနင်းသည် အပြစ်မဲ့ကောင်လေးတစ်ယောက် သူမကြောင့် သေဆုံးသွားလျှင် သူမ အပြစ်မကင်းဟု ခံစားရမှာမို့ ထိုအကြံကို စွန့်လွှတ်လိုက်သည်။

မည်သို့ပင်ဖြစ်စေ ဖုန်းချီလဲ့သည် ထန်ပင်းစန်၏သားဖြစ်ပြီး၊ သူသည် သူ၏လုပ်ငန်း၏ ပထမဆုံးအမွေဆက်ခံသူဖြစ်သည်။ ကုနင်းသည် ထန်ယရှင်းအား အမွေဆက်ခံသူမွေးထုတ်နိုင်သည့်အရည်အချင်းကို ဆုံးရှုံးသွားစေရန် လုပ်ဆောင်မည်ဖြစ်သည်။ ဖုန်းချီလဲ့သည် သူမ၏ နောက်ပစ်မှတ်ဖြစ်သည်။

အကယ်၍ ထန်ပင်းစန် ဒုက္ခရောက်လျှင်၊ ဖုန်းချီလဲ့သည် ထန်ပင်းစန်၏နေရာတွင် အစားထိုးမည်ဖြစ်ပြီး ထိုသို့ဖြစ်လာလျှင် သူသည် ထန်ချင်းယန် ထန်လုပ်ငန်းစုတွင် အာဏာရရန်ကြိုးပမ်းမှုတွင် အတားအဆီးဖြစ်လာနိုင်သည်။ ထန်ချင်းယန်သည် အဓိကရှယ်ယာရှင်တစ်ဦးဖြစ်ပြီး ထန်မိသားစုဝင်တစ်ဦးလည်းဖြစ်သဖြင့် ထန်ပင်းစန်၏မိသားစု ကုမ္ပဏီကိုမဦးဆောင်နိုင်သရွေ့ သူသည် ထန်လုပ်ငန်းစုကို တာဝန်ယူရမည်ဖြစ်သည်။

ထို့ကြောင့် ကုနင်းသည် ဖုန်းချီလဲ့ကို ပြင်းထန်သော ထန်မိသားစုတွင်း ပြိုင်ဆိုင်မှုမှ လွတ်မြောက်အောင် ကူညီပေးပြီး ထန်မိသားစုနှင့် သူ၏ဆက်ဆံရေးကို ဖြတ်တောက်အောင်ကူညီပေးမည်။

ထန်ချင်းယန်သည် ထန်လုပ်ငန်းစုကို သိမ်းပိုက်ရန်အတွက် အခြားသော အဓိကရှယ်ယာရှင်များ၏ ပံ့ပိုးကူညီမှုကို လိုအပ်သောကြောင့် ကုနင်းသည် ထန်ပင်းစန်ကို မကိုင်တွယ်မီ ထိုရှယ်ယာရှင်များ၏ထောက်ပံ့မှုရဖို့အရင်လုပ်ရန် ဆုံးဖြတ်ထားသည်။

ထန်ချင်းယန်သည် ထန်လုပ်ငန်းစုကို လွှဲပြောင်းယူမည်ဖြစ်သောကြောင့် သူတို့အနေနှင့် ထိခိုက်မှုကို ထိန်းချုပ်၊ လျှော့ချရန် လိုအပ်သည်။ သို့သော် ရှောင်လွှဲ၍မရသော ပျက်စီးမှုများ ရှိသည်။ ထန်လုပ်ငန်းစုသည် ခေါင်းဆောင်အသစ်ပြောင်းမည်ဖြစ်သောကြောင့် ကမောက်ကမများမှာ ရှောင်လွှဲ၍မရပေ။

ကုနင်း ထိုသို့ အတွေးထဲနစ်နေချိန်တွင် ကားက ရုတ်တရတ် ရပ်တန့်သွားသည့်အခါ သူမ လန့်သွားရသည်။

"ဘာမှားလို့လဲ?" ကုနင်း ချက်ချင်းမေးလိုက်သည်။

"ရှေ့မှာ ကားတိုက်မှုရှိတယ်၊ ဘော့စ်။" ကောင်းယိ ပြန်ဖြေလိုက်သည်။ ယာဉ်တိုက်မှုသည် သူတို့နှင့် အကွာအဝေး အနည်းငယ်ခြားနေသည့်အတွက် သူတို့သည် ပြသနာမရှိပေ။

ကုနင်း အချိန်မဆွဲပဲ သူမ၏ ကျောက်စိမ်းမျက်ဝန်းကို အသုံးပြု၍ လှမ်းကြည့်လိုက်သည်။ ကားတစ်စီး၏ ရှေ့မျက်နှာစာသည် ပြင်းထန်စွာ ပျက်စီးနေသည်ကို မြင်လိုက်ရပြီး ယာဉ်မတော်တဆမှုမှာ အလွန်ကြောက်စရာကောင်းပုံရသည်။

ကုနင်းသည် ထန်ပင်းစန်၏တရားမဝင်သားလေးအကြောင်း တွေးနေရင်းပင် တိုက်ဆိုင်စွာ၊ ထိုတရားမဝင်သားကို ဤကားမတော်တဆမှုတွင် တွေ့လိုက်ရသည်။ သူသည် ပြင်းထန်စွာ ဒဏ်ရာရနေပုံရသည်။

ကားမောင်းသူမှာ ထန်ပင်းစန်၏အငယ်အနှောင်းဖြစ်သူ ဖုန်းလင် ဖြစ်ပြီး ဖုန်းချီလဲ့သည် ရှေ့ထိုင်ခုံတွင် ထိုင်နေသူဖြစ်သည်။ သူတို့၏ကားသည် သူတို့၏အရှေ့က ကုန်တင်ကားကြီး၏ နောက်ပိုင်းကို ဝင်တိုက်မိပြီး လေကာမှန်က အပိုင်းပိုင်းကွဲသွားကာ သူ၏ခေါင်းကို စိုက်သွားသည်။ ထို့ကြောင့်၊ ဖုန်းချီလဲ့၏ဦးခေါင်းသည် သွေးများထွက်နေပြီး သူသတိလစ်နေပြီဖြစ်သည်။

ထိုအဖြစ်အပျက်ကိုမြင်ပြီးနောက် ကုနင်းသည် သူမ၏ကားထဲတွင် ဆက်ထိုင်နေခဲ့သည်။ ဤကိစ္စတွင် သူမဝင်ပါဖို့ ရည်ရွယ်ချက်မရှိပေ။ ကုနင်း ဤကဲ့သို့ လျစ်လျူရှုသည်မှာ ပထမဆုံးအကြိမ်ပင်ဖြစ်သည်။

သွေးအေးသည်မှာ သူမ၏အပြစ်မဟုတ်ပေ။ သူမသည် ကြင်နာတတ်ပြီး ကူညီတတ်သော်လည်း မည်သူ့ကိုမဆို ကူညီမည်မဟုတ်ပါ။ ဖုန်းချီလဲ့ သည် ထန်ပင်းစန်၏တရားမ၀င်သားဖြစ်ပြီး၊ သူတို့ကြားတွင် အကျိုးစီးပွား ပဋိပက္ခရှိသည်။

သူမသည် သူ့ကို တမင်ထိခိုက်စေမည်မဟုတ်သလို သူ မတော်တဆ ထိခိုက်ဒဏ်ရာရသောအခါတွင်လည်း ကူညီပေးမည့် အစီအစဉ်မရှိပေ။ ဤတစ်ကြိမ်တွင် ရှင်သန်နိုင်မည်လားဆိုတာ သူ၏ကံအပေါ်မှာပဲမူတည်သည်။

ယာဉ်မတော်တဆမှုကြောင့် ယာဉ်ကြောကျပ်တည်းသည့်အတွက် ယာဉ်ထိန်းရဲများသည် ချက်ချင်းလာရောက်ကာ တာဝန်ယူဖြေရှင်းပေးကြသည်။

ဖုန်းလင်သည် ခေါင်းကို ကား၏ပြတင်းပေါက်နှင့် တိုက်မိခြင်းကြောင့် ဒဏ်ရာရခဲ့သော်လည်း သူမသည် ဖုန်းချီလဲ့ထက် ပို၍ အခြေအနေကောင်းမွန်သည်။ သူမသည် ဖုန်းကို အမြန်ထုတ်ကာ ထန်ပင်းစန်ကို ဖုန်းဆက်သည်။

ထန်ပင်းစန်သည် အလွန် စိတ်ပူသွားကာ သူတို့ဆီ ချက်ချင်းပြေးသွားသည်။ ဖုန်းချီလဲ့သည် သူ၏ တစ်ဦးတည်းသောသားဖြစ်ပြီး ထိုသို့ သေဖို့ ခွင့်မပြုနိုင်ပေ။

ခဏအကြာတွင် လူနာတင်ယာဉ်ရောက်လာပြီး ဒဏ်ရာရသူများကို နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ပေးသည်။ မြို့တော်သည် အလွန်ကြီးမားသောမြို့ဖြစ်သောကြောင့် လူနာတင်ယာဉ်သည် အချိန်အတော်ကြာပြီးနောက်မှ ရောက်လာသည်။ လမ်းမပေါ်ရှိ အခြားကားများ အားလုံး အရေးပေါ်လူနာတင်ယာဉ်သွားရန် လမ်းဖယ်ပေးကြသည်။

ဖုန်းလင်ကအဆင်ပြေသော်လည်း ဖုန်းချီလဲ့၏အခြေအနေမှာ အန္တရာယ်များသည်။

ကုနင်း၏ကား မောင်းမထွက်နိုင်ခဲ့သည့်အချိန်မှာ နာရီဝက်ခန့်သာကြာခဲ့ပြီး သူမသည် သူမ၏ရုံးခန်းသို့ ရောက်သည်နှင့် ကေက သူမအား လာကြိုသည်။သူသည် ဂိမ်းကစားသမားများစွာသည် သူမနှင့် ယှဉ်ပြိုင်လိုသောကြောင့် ဂိမ်းတွင်ဝင်ရောက်ခဲ့ကြောင်း ကုနင်းကိုပြောသည်။

ကုနင်း သည်လည်းအားနေသည့်အတွက် သူမ သဘောတူလိုက်သည်။

***

အပိုင်း ၁၄၀၂ ဗိုင်းရပ်အသေးစားသတိပေးချက်...

ဂိမ်းထဲတွင် ကုနင်းကိုအနိုင်ယူနိုင်သည့်ကစားသမားမရှိသောကြောင့် သူမသည် တစ်ချိန်လုံးအနိုင်ရခဲ့သည်။

‘ကောင်းကင်တိုက်ပွဲ’သည် ယခုအခါ ပို၍ကစားချင်စရာကောင်းလာပြီး ကစားသမားအများအပြားကထိုဂိမ်းကို အကောင်းမြင်သော ကွန်းမန့်များ ပေးကြသည်။ လူတိုင်း ကြိုက်သည်မဟုတ်သော်လည်း အချိန်တိုတိုအတွင်း လူကြိုက်အများဆုံး အွန်လိုင်းဂိမ်းဖြစ်လာသည်။

ထိုအချက်ကြောင့် ဂိမ်းထုတ်လုပ်သူအများအပြားသည် ကောဆုနည်းပညာကို မနာလိုဖြစ်လာကြပြီး အချို့က ချောက်ချရန် ကြံစည်လာကြသည်။

ယခုခေတ်တွင် အွန်လိုင်းဂိမ်းများစွာရှိသော်လည်း ၎င်းတို့ထဲမှ အနည်းငယ်သာ လူကြိုက်များကြကာ အများစုမှာ နှစ်အတော်ကြာပြီးနောက် အစားထိုးခံရမည်ဖြစ်သည်။

ကစားသမားများသည် ရွေးချယ်စရာများလွန်းပြီး အသစ်အဆန်းများကို အမြဲစမ်းကြည့်လိုကြသည်။ ထို့ကြောင့်၊ ‘ကောင်းကင်တိုက်ပွဲ’ သည် အခြားအွန်လိုင်းဂိမ်းများမှ ကစားသမားများစွာကို ခိုးယူသွားခဲ့သည်။ သာမန်လူများထဲမှ အွန်လိုင်းဂိမ်းတွေကိုကြိုက်နှစ်သက်ကာ ကစားသူအရေအတွက်သည် ပုံမှန်အတိုင်းသာဖြစ်သောကြောင့် အွန်လိုင်းဂိမ်းများကြား ပြိုင်ဆိုင်မှုသည် ပြင်းထန်ရက်စက်သည်။

အခြားနာမည်ကြီးအွန်လိုင်းဂိမ်းအချို့သည် သူတို့ဂိမ်းကိုဆော့သည့် သစ္စာရှိပရိသတ်များစွာရှိနေသေးသောကြောင့် ဒုက္ခရောက်မည်မဟုတ်သော်လည်း ကစားသမားများ၏အာရုံစိုက်မှုကိုရရှိရန် ရုန်းကန်နေရသောအွန်လိုင်းဂိမ်းများအတွက်မူ ကြောက်မက်ဖွယ်သတင်းဖြစ်သည်။ သူတို့ဂိမ်းကိုဆက်လက်ဆော့နေဦးမည့် သစ္စာရှိပရိသတ်တွေ မရှိသေးသည့်အတွက် ကစားသမားတွေ၏ လွယ်လွယ်နှင့် စွန့်ပစ်ခြင်းကိုခံရလိမ့်မည်။

စီးပွားရေးသည် မီးခိုးမထွက်သော စစ်မြေပြင်နှင့်တူသည်။

ကုန်သွယ်ရေး ပြိုင်ဆိုင်မှုဆိုသည်မှာ အကျိုးစီးပွား မတူညီသော ကုန်စည် ထုတ်လုပ်သူများ အချင်းချင်း သူ့ထက်ငါအပြိုင် စျေးကွက် ရှယ်ယာများ ပိုမို ရယူရန်နှင့် စီးပွားရေး အကျိုးအမြတ်များ ပိုမိုရရှိရန် ယှဉ်ပြိုင်သည့် လုပ်ငန်းစဉ်ကို ရည်ညွှန်းပါသည်။ ကုမ္ပဏီ၏အမှတ်တံဆိပ်သည် စီးပွားရေး ပြိုင်ဆိုင်မှု၏ အဓိကသော့ချက်ဖြစ်သည်။

စီးပွားရေးပြိုင်ဆိုင်မှု၏ အဓိကအကြောင်းအရာ- 1. ထုတ်ကုန်ယှဉ်ပြိုင်မှု။ 2. စီးပွားရေးအမှတ်တံဆိပ် ယှဉ်ပြိုင်မှု။ 3. ဝန်ဆောင်မှုပြိုင်ဆိုင်မှု။ 4. စျေးနှုန်းယှဉ်ပြိုင်မှု။ ၎င်းတို့အားလုံးသည် ပုံမှန်စီးပွားရေးပြိုင်ဆိုင်မှုများဖြစ်ပြီး စီးပွားရေးလုပ်ငန်းအများစုအချင်းချင်းသည် တရားဝင်ယှဉ်ပြိုင်ကြသည်။

အခြားတစ်ဖက်တွင်မူ ပုံမှန်မဟုတ်သော စီးပွားရေးပြိုင်ဆိုင်မှုသည် တရားနည်းလမ်းမကျသော ပြိုင်ဆိုင်မှုနည်းလမ်းများကို အသုံးပြုခြင်းကိုဆိုလိုသည်၊ 1. စျေးကွက်တွင် အတုအပကိုဖြန့်ဖြူး၍ ပြိုင်ဘက်များကိုထိခိုက်စေခြင်း၊ ၂။ စီးပွားရေး လာဘ်ပေးလာဘ်ယူမှု။ 3. အထင်အမြင်လွဲမှားအောင် ဝါဒဖြန့်ခြင်း။ 4. ကုန်သွယ်မှုလျှို့ဝှက်ချက်များကို ထိပါးခြင်းကဲ့သို့ လုပ်ရပ်များ။ 5.လုပ်ငန်းရှင်များသည် ပြိုင်ဘက်များကို ချေမှုန်းရန် ရည်ရွယ်ချက်ဖြင့် ကုန်ပစ္စည်းများကို စျေးနှုန်းအောက်ဈေးဖြင့် ရောင်းချခြင်း ။ 6. အပေးအယူရှိသော အရောင်းအဝယ်များ။ 7. စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်သော ဝန်ထမ်းများကို ဆုလာဘ်များ ပေးခြင်း။ 8. ပြိုင်ဘက်များ၏ ဂုဏ်သိက္ခာကို ထိခိုက်စေခြင်း။ ၉။ လေလံဆွဲရာတွင် တရားမျှတမှုမရှိသောလုပ်ရပ်များလုပ်ဆောင်ခြင်း၊ 10. ဥပဒေနှင့်အညီ လက်ဝါးကြီးအုပ်ထားသော အများပိုင်ကုမ္ပဏီများ သို့မဟုတ် အခြားအော်ပရေတာများမှ မလုပ်မနေရ စည်းကမ်းများဖြင့် အရောင်းအ၀ယ်ပြုလုပ်ခြင်း။ 11. အစိုးရနှင့် ၎င်း၏လက်အောက်ခံဌာနများ၏ အုပ်ချုပ်မှုအာဏာကို အလွဲသုံးစားလုပ်သည့် ယှဉ်ပြိုင်မှုကို ကန့်သတ်ရန်လုပ်ရပ်များ ။

ပုံမှန်မဟုတ်သော စီးပွားရေးပြိုင်ဆိုင်မှုမှာ တရားမဝင်ကြောင်း ရှင်းရှင်းလင်းလင်း သက်သေအထောက်အထားများ ရှိသရွေ့ ပါဝင်ပတ်သက်နေသည့် စီးပွားရေးလုပ်ငန်းများကို ဥပဒေနှင့်အညီ အရေးယူခြင်းခံရအောင်လုပ်နိုင်မည်ဖြစ်သည်။ မပြင်းထန်ပါက ဒဏ်ကြေး သို့မဟုတ် လျော်ကြေးပေးရန်သာ လိုအပ်သည်။ သို့သော် ပြင်းထန်သောအခါတွင် ချိုးဖောက်သူများသည် ထောင်ဒဏ်နှစ်များ သို့မဟုတ် သေဒဏ်အထိ ချမှတ်ခံရနိုင်သည်။

စီးပွားရေးလုပ်ငန်းရှင်သည် ပိုမို ပိုင်ဆိုင်လေလေ ဆုံးရှုံးရသည်မှာပိုများလေလေဖြစ်သဖြင့် ဒုက္ခကြုံလာသည့်အခါ အရာအားလုံးကို ဆုံးရှုံးနိုင်လို့ ဒုက္ခရောက်မှာကို ပိုကြောက်ကြသည်။ ထို့ကြောင့် ထက်မြက်သော စီးပွားရေးသမားများသည် သူတို့ ဘေးကင်းမည်ဟု ယုံကြည်ချက်မရှိပါက တရားဥပဒေကိုချိုးဖောက် လိုစိတ်မရှိပေ။ သို့သော်လည်း အချို့သော စီးပွားရေးသမားများသည် ငွေရှာတော်သော်လည်း ကျင့်ဝတ်စံနှုန်းများ မရှိကြပေ။

စင်စစ်သော်ကား ဤလောက၌ လူအမျိုးမျိုး စိတ်အထွေထွေပင်။ အချို့က ကျိုးကြောင်းဆီလျော်သော်လည်း အချို့က ကျိုးကြောင်းဆီလျော်မှုမရှိပါ။ တစ်ချို့က စိတ်ထားကောင်းပြီး တစ်ချို့က စိတ်ထားယုတ်ကြသည်။ မည်သို့ပင်ဆိုစေကာမူ မတူညီသော စီးပွားရေးသမားများသည် သူတို့၏ လုပ်ငန်းကို လည်ပတ်ရန် သူတို့၏ ကိုယ်ပိုင် နည်းလမ်းအမျိုးမျိုးသုံးကြသည်။

ဥပမာအားဖြင့်၊ ‘ကောင်းကင်တိုက်ပွဲ’ သည် လူကြိုက်အများဆုံး အွန်လိုင်းဂိမ်းဖြစ်လာပြီး အခြားဂိမ်းဆော့ဖ်ဝဲရေးဆွဲသူအများစုသည် မနာလိုဖြစ်ခဲ့ကြသည်။ အများစုမှာ တရား၀င်ယှဉ်ပြိုင်ရန် စိတ်ကူးထားကြပြီး အချို့မှာ သူတို့အနိုင်မရနိုင်သည်ကို သိသောကြောင့် ယှဉ်ပြိုင်ရန် စွန့်လွှတ်လိုက်ကြပြီး အချို့မှာ တရားနည်းလမ်းမကျစွာ ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့ကြသည်။

တကယ်တမ်း စီးပွားရေးသမားတိုင်းသာ သူ၏စီးပွားပြိုင်ဘက်တွေနှင့် တရားမ၀င်ယှဉ်ပြိုင်လျှင် တစ်ကမ္ဘာလုံး၏ စီးပွားရေးသည် ကမောက်ကမ ဖြစ်သွားလိမ့်မည်။ ဥပဒေနှင့်ဆန့်ကျင့်ပြီး ယှဉ်ပြိုင်ဖို့ဆိုသည်မှာ မလွယ်ကူသလို လုပ်ဆောင်ရန် အလွန်ရှုပ်ထွေးသည်။

ထျန်းဟယ်နည်းပညာသည် ကောဆုနည်းပညာကိုအနိုင်ယူရန် ညစ်ပတ်သောနည်းလမ်းကိုသုံးရန် စိတ်ကူးရှိခဲ့သော်လည်း အောင်မြင်မည်ဟုမထင်သောကြောင့် နောက်ဆုံးတွင် အရှုံးပေးလိုက်သည်။ ထျန်းဟယ်နည်းပညာက အရှုံးပေးလိုက်သော်လည်း ကောဆုနည်းပညာကို ကြံစည်နေသည့် ဂိမ်းကုမ္ပဏီတစ်ခု ရှိသေးသည်။

ဖုန်းလုံနည်းပညာပင်။

ဖုန်းလုံနည်းပညာကုမ္ပဏီသည် ‘ကောင်းကင်တိုက်ပွဲ’ ၏ ပရိုဂရမ်ကို ဖျက်စီးဖို့ ကောဆုနည်းပညာ၏ ကွန်ပျူတာစနစ်ကို ဟက်ရန် ဟက်ကာအား ခိုင်းခဲ့သည်။

ဂိမ်းတစ်ခုသည် ထွက်ရှိလာပြီးနောက် စနစ်ကို ကာကွယ်ထိန်းသိမ်းရန် လိုအပ်သည်။ ဂိမ်းကစားသူ အများအပြား ပျော်ရွှင်နေချိန်တွင် မည်သူမှ ဂိမ်းကို error မဖြစ်စေလိုကြပေ။

ဖုန်းလုံနည်းပညာ၏ ဟက်ကာသည် အလွန်ကျွမ်းကျင်သော်လည်း ကေနှင့် သူ၏သူငယ်ချင်းများကိုတော့ မယှဉ်နိုင်ပေ။ နောက်ဆုံးတွင် ကေနှင့် သူ၏သူငယ်ချင်းများသည် ကမ္ဘာပေါ်တွင် ထိပ်တန်းဟက်ကာများဖြစ်ကြသည်။

ကေတို့အဖွဲ့၏အကူအညီဖြင့် ရှန်းနဉ်လုပ်ငန်းစု၏ကွန်ပျူတာစနစ်သည် ဤနိုင်ငံအတွင်း လုံခြုံဆုံးဖြစ်သည်။

ဟက်ကာတစ်ဦးသည် ၎င်းတို့၏ ကွန်ပျူတာစနစ်ကို ဟက်ခ်လို့ ရကောင်း ရနိုင်သော်လည်း ကေနှင့် သူ၏သူငယ်ချင်းများသည် မကြာမီ ရှာတွေ့သွားမည်ဖြစ်သည်။ ထို့ကြောင့် ကေသည် မူမမှန်သောအရာတစ်ခုကို တွေ့ရှိပြီးနောက် ဟက်ကာသည် ဖုန်းလုံနည်းပညာမှဖြစ်ကြောင်း သိလိုက်သည်။

မဆိုင်းမတွပင် ကေသည် ဖုန်းလုံနည်းပညာ၏ ကွန်ပျူတာစနစ်တွင် ဗိုင်းရပ်စ်အသေးစားတစ်ခုကို ထည့်သွင်းခဲ့ပြီး ထိုဖုန်းလုံနည်းပညာ၏ ကွန်ပျူတာစနစ်သည် တစ်နာရီတိတိ error တက်သွားသည်။ ကေသည် ထိုသူတို့ကို နောက်တစ်ကြိမ်မိုက်မဲသည့်အမှုမကျူးလွန်စေဖို့ သတိပေးရန်အတွက် သူတို့၏ ကွန်ပျူတာဖန်သားပြင်များတွင် စကားလုံးများကိုပင် ရေးသားကာဖော်ပြခဲ့သည်။

ဖုန်းလုံနည်းပညာ မှဝန်ထမ်းများအားလုံး ကြောက်လန့်ပြီး ကောဆုနည်းပညာကို ထပ်မံတိုက်ခိုက်ရန် မဝံ့ရဲကြတော့ပေ။

၎င်းသည် ဗိုင်းရပ်စ်အသေးစားမျှသာဖြစ်သော်ငြား သူတို့၏ကွန်ပြူတာစခရင်များမှသတိပေးချက်ကို ဖယ်ရှားရန် မတတ်နိုင်ကြပေ။

***

အပိုင်း ၁၄၀၃ ကုမန့်မှာ ကိုယ်ဝန်ရှိနေတယ်...

ကံကောင်းထောက်မစွာ သူတို့သည် မည်သည့်ဆုံးရှုံးမှုကိုမှ မခံစားရပဲ သတိပေးချက်တစ်ခုမျှသာရသည်။

ဖုန်းလုံနည်းပညာသည် စိတ်သက်သာရာရမည့်အစား လန့်သည်ဟု ပိုခံစားရသည်။ ကောဆုနည်းပညာသည် ဖုန်းလုံနည်းပညာထက် ပိုမိုမြင့်မားသောနည်းစနစ် ရှိသည်မှာ ထင်ရှားလို့သွားတော့သည်။

နေ့လယ်စာစားချိန်တွင် ကုနင်းသည် ထန်ယွင်ဖန်းနှင့် ထန်ဟိုင်ဖုန်းတို့ဆီမှ ဖုန်းခေါ်ဆိုမှုများကိုလက်ခံရရှိခဲ့သည်။ သူတို့နှစ်ယောက်စလုံးသည် ကုမန့် ကိုယ်ဝန်ရှိနေပြီဆိုသည့် စိတ်လှုပ်ရှားစရာသတင်းတစ်ခုကို သူမကို မျှဝေသည်။

ကုနင်းသည်လည်း ပီတိဖြစ်ကာ ကုမန့်ကို ချက်ချင်းသွားတွေ့ဖို့ ဆုံးဖြတ်လိုက်သည်။ သူမသည် အစောဆုံးလေယာဉ်လက်မှတ်ကို ဝယ်ယူလိုက်ပြီး ယခုတစ်ကြိမ်တွင် သူမနှင့်အတူ ကောင်းယိနှင့် ချောင်ယ မပါဘဲ Bမြို့ သို့ ပြန်သွားမည်ဖြစ်သည်။

လေယာဉ်သည် မွန်းလွဲ ၁ နာရီ ၅၀ တွင် ထွက်ခွာမည်ဖြစ်ပြီး ညနေ ၃ နာရီတွင် B မြို့ သို့ ရောက်ရှိမည်ဖြစ်သည်။ ကုနင်းသည် သူမကို လာကြိုဖို့ ဘယ်သူ့ကိုမှ မပြောဘဲ ထန်မိသားစု၏ အိမ်ဆီ အမြန်သွားမည့် တက္ကစီကို ခေါ်လိုက်သည်။ သူမရောက်လာသည့်အချိန်သည် ညနေ ၄ နာရီကျော်နေပြီဖြစ်သည်။

ကုမန့်သည် ထိုမနက် အိပ်ရာထချိန်တွင် အနည်းငယ် နေလို့မကောင်းဖြစ်သဖြင့် သူမ၏အလှပြင်ဆိုင်သို့ မသွားဖြစ်ပေ။ သူမသည် နေ့လယ်တွင် အစာစားချင်စိတ်မရှိ၍ နေ့လယ်စာကို များများစားစားမစားပဲ အနားယူရန် အခန်းသို့ ပြန်သွားသည်။ သို့သော်၊ သူမသည် အပေါ်ထပ်သို့ တက်ချိန်တွင် ရုတ်တရက် မေ့လဲသွားကာ ထန်မိသားစုဝင်များကို ထိတ်လန့်စေခဲ့သည်။

သူတို့၏မိသားစုဆရာဝန်သည် ချက်ချင်းရောက်လာပြီး ကုမန့် ကို စစ်ဆေးပေးသည်။ ရလဒ်ထွက်လာသောအခါ၊ ထန်မိသားစုသည် ကုမန့် ကိုယ်ဝန်ရှိနေပြီဟု သိလိုက်ရသောကြောင့် စိတ်လှုပ်ရှားသွားကြသည်။

သခင်ကြီးထန်သည် ထန်ယွင်ဖန်းကို ချက်ချင်းဖုန်းဆက်လိုက်ပြီး ထန်ယွင်ဖန်းသည် သူ၏ အစည်းအဝေးကို ချက်ချင်း ဖျက်ကာ အိမ်သို့ အမြန်ပြန်လာသည်။ ချွမ်မင်ခိုင်သည် ကားကို မောင်းပေးပြီး ထန်ယွင်ဖန်းက လမ်းတွင် ကုနင်းကို ဖုန်းခေါ်ခဲ့ခြင်းဖြစ်သည်။

ကုမန့်သည် ခဏတာသာ သတိလစ်ပြီး ပြန်နိုးလာသည့်အတွက် သတင်းကောင်းကို သူမလည်းကြားလိုက်ရသည်။ သူမသည် မငယ်တော့သောကြောင့် အနည်းငယ်ရှက်ရွံ့ကာ စိတ်လှုပ်ရှားသလို ပျော်လည်းပျော်ရွှင်သွားသည်။

ထန်မိသားစုသည် ကုမန့်ကို အလွန်တန်ဖိုးထားပြီး ယခုအခါတွင် သူမ၏ဗိုက်ထဲတွင် ကလေးတစ်ယောက်ရှိနေသည်ကို လူတိုင်းသိသွားသောကြောင့် သူမသည် အရေးအကြီးဆုံးပုဂ္ဂိုလ်ဖြစ်လာသည်။ သူမသည် အလှပြင်ဆိုင်တွင် အလုပ်မလုပ်ဖြစ်တော့မည်မှာ သေချာသည်၊ ထို့ကြောင့် ထန်ယွင်ဖန်းသည် အခြားသူအား သူမကိုယ်စား စီမံခန့်ခွဲရန် စီစဉ်ခဲ့သည်။

ကုမန့်သည် ကိုယ်ဝန်ဆောင်စဉ်အလုပ် လုပ်ရမည်ကို ကိစ္စမရှိပေ။ သူမ ကိုယ်ဝန်ဆောင်သည်မှာ ပထမဆုံးအကြိမ်လည်းမဟုတ်သလို သူမသည် အားနည်းသည့်အမျိုးသမီးလည်း မဟုတ်ပေ။ သို့သော် ထန်မိသားစုသည် အလွန်အလေးအနက်ထားနေသည့်အတွက် သူမသဘောတူလိုက်သည်။

ထန်မိသားစုသည် ကုမန့်ကို ပထမသုံးလ ဘေးကင်းစွာ ကျော်ဖြတ်ပြီးသည်အထိ သူမလုပ်ချင်သမျှကို လုပ်ခွင့်ပြုမည်မဟုတ်ပေ။

ကံကောင်းစွာဖြင့်၊ ထန်မိသားစု၏အိမ်သည် အလွန်ကျယ်ဝန်းပြီး ကုမန့် နှစ်သက်သလို လမ်းလျှောက်ရန် ကျယ်ဝန်းသော ဥယျာဉ်ကြီးတစ်ခုရှိသည်။

ထန်ယွင်ရုန်နှင့် သူမ၏ခင်ပွန်းတို့သည် သတင်းကြားပြီးသည်နှင့် ကုမန့်ထံ အလည်အပတ်လာပြီး ထန်မိသားစုသည် ဘာမှမချို့တဲ့သော်လည်း လက်ဆောင်များစွာယူလာသေးသည်။

တစ်ဖက်တွင် ကုနင်းသည် ကုမန့်၏သမီးဖြစ်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးအတွက် လိုအပ်သည်များကို မသိသောကြောင့် လက်ဗလာဖြင့်သာလာခဲ့သည်။

ထန်မိသားစုသည် ကုမန့်ကို ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ရန် အတွေ့အကြုံရှိ သူနာပြုတစ်ဦးကို ငှားရမ်းမည်ဖြစ်ပြီး ကုမန့်သည် ထန်မိသားစုတွင် သူမလိုချင်သမျှကို တောင်းဆိုနိုင်သည်။

ချမ်းသာသောမိသားစုများ၏ ကိုယ်ဝန်ဆောင်အမျိုးသမီးများသည်သာ ကောင်းစွာဆက်ဆံခံရနိုင်သည်၊ အကြောင်းမှာ သာမန်မိသားစုများတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် ပုံမှန်အတိုင်းအလုပ်လုပ်ရသောကြောင့်ဖြစ်သည်။

ကုနင်း၏ဆေးများအကူအညီဖြင့် ကုမန့်၏ခန္ဓာကိုယ်သည် ယခင်ကထက် ပိုမိုကောင်းမွန်နေပြီဖြစ်သောကြောင့် ဒုတိယကိုယ်ဝန်ရှိရန်သူမအတွက်မခက်ခဲခဲ့ပေ။ ကုမန့်နှင့် ကုနင်းတို့သည် ထန်မိသားစုအိမ်သို့ ရောက်ရှိလာပြီးကတည်းက ထန်မိသားစုသည် ပျော်ရွှင်မှုနှင့် ရယ်မောမှုများဖြင့် ပြည့်နှက်နေခဲ့ပြီး ယခင်က ထိုသို့မဟုတ်ခဲ့ပေ။

ကုနင်းသည် ကောလိပ်ဝင်ခွင့်စာမေးပွဲမှ သူမ၏ရမှတ်များကိုကြည့်ရှုရန် F မြို့ သို့မပြန်ခင် ထန်မိသားစုအိမ်တွင် သုံးရက်နေခဲ့သည်။

“ကောင်းပြီ၊ မင်းက ကလေးမလေး မဟုတ်တော့ဘူး၊ မင်းမှာ ကိုယ်ပိုင် စိတ်ကူးတွေရှိတယ်။ B မြို့မှာလည်း တက္ကသိုလ်ကောင်းကောင်းတွေ အများကြီးရှိပေမယ့် မြို့တော်မှာ ကျောင်းတက်ချင်တုန်းပဲ။ ရှောင်းထင်က ငါတို့ထက် ပိုဆွဲဆောင်မှုရှိတဲ့ပုံပဲ။” ထန်ဟိုင်ဖုန်း ဝမ်းနည်းနေသည့်ပုံစံဖြင့် ညည်းညူလိုက်သည်။

ကုနင်း ရယ်ချင်သွားရက, "အဘိုး၊ သမီးက အရင်ထဲက မြို့တော်မှာ ပညာသွားသင်ချင်တာပါ၊ ရှောင်းထင်နဲ့ ဘာမှမဆိုင်ပါဘူး။"

တကယ်လည်း သူမသည် ပြန်လည်မွေးဖွားစဉ်ကတည်းက လက်စားချေရန် စိတ်ပိုင်းဖြတ်ထားသောကြောင့် သူမသည် မြို့တော်တွင် ပညာသင်ကြားမည်မှာ သေချာနေပြီဖြစ်သည်။ ချီကျီယွဲ့နှင့် ထန်ယရှင်း၏မင်္ဂလာပွဲစတင်သည့်အချိန်တွင်သူမ၏ လက်စားချေမှုလည်း စတင်လိမ့်မည်။

"ငါတော့ မထင်ပါဘူး။" သို့သော် သူသည် နောက်နေခြင်းဖြစ်သည် အဘယ်ကြောင့်ဆိုသော် သူတို့ ထန်မြို့တွင် ပထမဆုံးတွေ့စဥ်ကတည်းက ကုနင်းသည် မြို့တော်မှာ ကျောင်းတက်ချင်သည်ဟု ပြောခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ထန်ဟိုင်ဖုန်းသည် ကုနင်းကို အနာဂတ်တွင် မကြာခဏ တွေ့ရတော့မည်မဟုတ်သည့်အတွက် စိတ်မကောင်းဖြစ်မိသည်။

ကုနင်းကလည်း သူ၏စိုးရိမ်မှုတွေကို နားလည်ကာ ပြုံးပြီးပြောလိုက်သည်။ "အဘိုး၊ စိတ်မပူပါနဲ့၊ သမီး အားတဲ့အခါ လာလည်ပါ့မယ်။"

"တကယ်လား ဒီရက်ပိုင်းမှာတောင် မင်းကို ခဏခဏ မတွေ့ရဘူး။ အနာဂတ်မှာ အားရင် လာလည်မယ်ဆိုတာ သေချာပါ့မလား?"

"သမီးက သမီးရဲ့လုပ်ငန်းနဲ့ ပတ်သတ်ပြီး အလုပ်ရှုပ်နေလို့ပါ။"

"မင်းက ငယ်ငယ်လေးနဲ့ ရည်မှန်းချက်ကြီးလွန်းတယ်။" ကုနင်းသည် ထန်မိသားစုအတွက် ဂုဏ်ယူစရာဖြစ်သော်လည်း ထန်ဟိုင်ဖုန်းသည် သူမကို ဖိအားနည်းကာ ပျော်ရွှင်သောဘဝဖြင့် နေထိုင်နိုင်မည်ဟု မျှော်လင့်နေဆဲဖြစ်သည်။

ထို့နောက် ထန်ဟိုင်ဖုန်းသည် ကုနင်းကို လေဆိပ်သို့ ကားမောင်းပို့ရန် ဒါရိုင်ဘာ စီစဉ်ပေးသည်။

ညနေ ၅ နာရီတွင် ကုနင်း F မြို့ သို့ရောက်ရှိခဲ့သည်။

ယနေ့ည ၁၂ နာရီတွင် အမှတ်များ ထွက်လာမည်ဖြစ်ပြီး သူမ၏ စိတ်ကူးယဉ် တက္ကသိုလ်ကို စတင် လျှောက်ထားနိုင်တော့မည်ဖြစ်သည် ။

သူမသည် အင်တာနက်ကနေ ကြည့်နိုင်သော်လည်း ကျောင်းက နောက်တစ်နေ့တွင် အစည်းအဝေးပြုလုပ်ပြီး ဆုံးဖြတ်ချက်ချရန် မျှော်လင့်နေသည်။

ကျောင်းသားအချို့သည် မည်သည့်တက္ကသိုလ်ကို လျှောက်ထားရမည်ကို မသိကြသည့်အတွက် သူတို့၏ ဆရာများ၏ အကြံဉာဏ်များ လိုအပ်သည်။

***

အပိုင်း ၁၄၀၄ မုခယ်က ယွီမီရှီကို ချစ်ခွင့်ပန်လိုက်ပြီ...

သို့သော် ကုနင်းသည် အခြားကျောင်းသားများနှင့် မတူဘဲ ထူးချွန်လွန်းသောကြောင့် သူမကိုယ်တိုင် ဆုံးဖြတ်ချက်ချနိုင်သည်။

မည်သို့ပင်ဆိုစေကာမူ သူမသည် သူမ၏အတန်းဖော်များကို နောက်ဆုံးအကြိမ်တွေ့နိုင်တော့မည်ဖြစ်သောကြောင့် နောက်တစ်နေ့တွင် သူတို့နှင့်တွေ့ဆုံရန် ဆုံးဖြတ်လိုက်သည်။ သူမသည် အရမ်းအောင်မြင်နေသော်လည်း သူမ၏အတန်းဖော်တွေကို မမေ့ပေ။

ကုနင်း F မြို့သို့ မပြန်ခင်က ဟောင်ရန် နှင့် သူမ၏ အခြားသူငယ်ချင်းများကို အကြောင်းကြားခဲ့သည်။ ထို့ကြောင့် F မြို့ကိုရောက်သည်နှင့် ချိန်းထားသည့် စားသောက်ဆိုင်ကို တိုက်ရိုက်သွား၍ သူတို့ကို သွားတွေ့သည်။

သူမသည် ညနေ ၅:၃၀ တွင် ထိုနေရာသို့ ရောက်ပြီး သူမ၏သူငယ်ချင်းများ အားလုံးလည်းရှိနေပြီဖြစ်သည်။ မုခယ်၊ ဟောင်ရန်၊ ချူးဖေ့ဟန်၊ ယွီမီရှီ၊ စုအန်းယာ၊ အန်းယိနှင့် ကျန်းထျန်ပင်းတို့သည် သူမကို စောင့်မျှော်နေကြသည် သို့သော် သူတို့သည် စောနေသေးသောကြောင့် ကုနင်း မရောက်မချင်း ဟင်းပွဲများကို မမှာယူကြပေ။

ဟင်းပွဲတွေ စားပွဲပေါ်မရောက်ခင် သူတို့သည် အချင်းချင်း ပေါ့ပေါ့ပါးပါး စကားစမြည်ပြောကြသည်။

“ ၁၂ နာရီမှာ အမှတ်တွေ ထွက်တော့မှာဆိုတော့ ငါ အရမ်းစိတ်လှုပ်ရှားနေပြီ။” စုအန်းယာက ပြောသည်။ သူမသည် ထူးချွန်သော ကျောင်းသားတစ်ဦးဖြစ်သော်လည်း ရမှတ်လိုအပ်ချက်မြင့်သော ဥပဒေမေဂျာကို လိုချင်သည်။

စင်စစ် သူမ၏မိသားစုသည် သူမကို နိုင်ငံခြားမှာ ကျောင်းတက်စေချင်သော်လည်း သူမ၏ ဆန္ဒကို လက်ခံရန် သိမ်းသွင်းထားသောကြောင့် သူမသည် လက်ရှိတွင် ရွေးချယ်ပိုင်ခွင့် လုံးဝရှိသည်။

"ငါလည်း စိတ်လှုပ်ရှားနေတယ်။" ယွီမီရှီကလည်း သဘောတူသည်။ သူမသည် မြို့တော်မှာ ပညာသင်ကြားဖို့ စိတ်ပိုင်းဖြတ်ထားသည်။ သူမအား မြို့တော်တက္ကသိုလ်က လက်ခံမည်မဟုတ်ကြောင်း သူမသိသော်လည်း ကုနင်း၏နောက်သို့ လိုက်ရန် စိတ်ပိုင်းဖြတ်ထားသည်။ ဂုဏ်သိက္ခာရှိသော ကောလိပ်သို့ မတက်နိုင်သော်လည်း အနည်းဆုံး အရည်အချင်းပြည့်မီသော တက္ကသိုလ်တစ်ခုတွင် ပညာသင်ကြားချင်သည်။

"ငါကတော့ လုံးဝ စိတ်မဝင်စားပါဘူး။" ချူးဖေ့ဟန်ကတော့ သရုပ်ဆောင် ဘာသာရပ်ကို သင်ယူမှာ ဖြစ်သည်။

"မင်းကတော့ ဟုတ်တာပေါ့...မင်းက စာလည်းတော်ပြီး မင်းရွေးချယ်တဲ့ မေဂျာကလည်း အမှတ်အမြင့်ကြီး မလိုဘူး။” ဟောင်ရန်က ဆိုသည်။ “ငါထင်တာက ငါတို့ ကောလိပ်ကောင်းကောင်းမှာ ဝင်ဖို့ မျှော်လင့်နေစရာ မလိုပါဘူး။ ငါတို့ကို လိုချင်တဲ့ကျောင်းရှိနေသရွေ့ အဆင်ပြေပါတယ်။"

ဟောင်ရန်သည် ချင်ကျီရွှမ်းနှင့် ကျန်းထျန်ပင်းကို တစ်ချက်ကြည့်လိုက်သည်။

စင်စစ် ဟောင်ရန်နှင့် ချင်ကျီရွှမ်းတို့သည် ထက်မြက်သည့် ကောင်လေးတွေ ဖြစ်ကြသော်လည်း သူတို့သည် သူတို့၏ အချိန်နှင့် အားအင် အနည်းငယ်မျှကိုသာ စာလေ့လာဖို့ အကုန်ခံသည်။ ကံကောင်းစွာဖြင့် သူတို့သည် ပြီးခဲ့သည့်စာသင်နှစ်တွင် ကုနင်းနှင့်တွေ့ဆုံခဲ့ကြသောကြောင့် တက္ကသိုလ်တက်ရန်မှာ ပြဿနာမဟုတ်တော့ပေ။

မုခယ်သည် ထူးချွန်သော ကျောင်းသားဖြစ်သောကြောင့် တက္ကသိုလ်ကောင်းတစ်ခုသို့ သေချာပေါက်ရောက်နိုင်သည်။ ထို့အပြင် သူသည် ယွီမီရှီနှင့် တက္ကသိုလ်တစ်ခုတည်းတွင် ကျောင်းတက်ရန် စိတ်ကူးရှိနေသည်။

ကောလိပ်ဝင်ခွင့်စာမေးပွဲပြီးဆုံးပြီး မကြာခင် သူသည် မည်သူမှမသိအောင် ယွီမီရှီကို ချစ်ကြောင်း ဝန်ခံခဲ့သည်။

ယွီမီရှီသည် မုခယ်ကလည်း သူမကို သဘောကျကြောင်း မသိသောကြောင့် သူမ အံ့သြပြီး စိတ်လှုပ်ရှားသွားသည်။ သို့သော် မုခယ်သည် အနာဂတ်တွင် မည်သည့်တက္ကသိုလ်၌ ပညာသင်ကြားမည်ကို သူမသေချာမသိသောကြောင့် သူ့ကိုလက်ခံရန် တွန့်ဆုတ်နေခဲ့သည်။ သူမသည် အနေဝေးချစ်သူဆက်ဆံရေးကို မလိုချင်သော်လည်း မုခယ် ကို သူမနှင့်အတူ မြို့တော်သို့ သွားရန် အတင်းအကြပ် မတိုက်တွန်းချင်ပေ။

ထို့အပြင် သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် သဘောကျသော်လည်း အနာဂတ်တွင် ဘာဖြစ်မည်ဆိုတာ မည်သူမှ မပြောနိုင်ပေ။ သူမသည် သေချာပေါက် ရလဒ်ကောင်းကို လိုချင်သော်လည်း အနာဂတ်တွင်ဖြစ်လာနိုင်သော အခက်အခဲများကို သူမကြောက်သည်။

မုခယ်သည် ယွီမီရှီ၏ခံစားချက်များကို ကောင်းစွာနားလည်သောကြောင့် သူသည် မြို့တော်သို့လိုက်မည်ဟု သူမအား တိုက်ရိုက်ပြောသည်။

မုခယ်သည်လည်း မြို့တော်တွင် ပညာသင်ကြားရန် ဆုံးဖြတ်လိုက်သောကြောင့် ယွီမီရှီသည် ကြီးကြီးမားမားပြသနာ မရှိတော့ဘူးဟု တွေးထင်လိုက်သည်။ ယွီမီရှီသည် ထိုသို့ စဉ်းစားပြီး အမှတ်စာရင်း ထွက်လျှင် သူ့ကို အဖြေပေးမည်ဟုပြောလိုက်သည်။

သူတို့နှစ်ယောက်သည် ချစ်သူရည်းစားမဟုတ်ကြသေးသော်လည်း တခါတရံ အတူဆုံကြပြီး တစ်ယောက်ကိုတစ်ယောက် နီးစပ်သည့်ဆက်ဆံရေးကို ထိန်းသိမ်းထားကြသည်။ ယွီမီရှီသည် ယခု ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းတွင် အလုပ်သင်တစ်ဦးဖြစ်နေပြီး တနင်္လာမှ သောကြာအထိ အလုပ်များသောကြောင့် ပိတ်ရက်တွင်သာတွေ့ကြသည်။

ယွီမီရှီသည် ဆုံးဖြတ်ချက်မချသေးသောကြောင့် သူတို့၏သူငယ်ချင်းတွေက အဲဒါကို သတိမထားမိကြပေ။

ဟောင်ရန်နှင့် အန်းယိတို့သည် သူတို့၏ မိသားစုလုပ်ငန်းကို အမွေဆက်ခံရန် ရည်မှန်းထားသောကြောင့် ကုနင်းကဲ့သို့ စီမံခန့်ခွဲမှု အဓိကဘာသာရပ်ကို ရွေးချယ်ကြသည်။ အကယ်၍ တခုခု အမှားအယွင်း မရှိလျှင် သူတို့သည် Gမြို့ တွင် ပညာသင်ကြားရမည်ဖြစ်သည် G မြို့သည် ပထမအဆင့်မြို့တစ်မြို့ဖြစ်ပြီး ဆိုးဝါးသောရွေးချယ်မှုမဟုတ်ပေ။

ချင်ကျီရွှမ်းသည် နိုင်ငံတာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး နိုင်ငံရေး မေဂျာ ယူမည်ဖြစ်သည်၊ G မြို့တွင်လည်း ဆက်နေမည်။

ကျန်းထျန်ပင်း ၊ ဟောင်ရန်နှင့် ချင်ကျီရွှမ်းတို့သည် အမြဲအတူတကွ ပျော်ပါးနေတတ်ကြပြီး သူတို့သည် နှစ်ပေါင်းများစွာ ရင်းနှီးခဲ့သော ညီအစ်ကိုများဖြစ်သည်။ ထို့ကြောင့် ကျန်းထျန်ပင်းသည် ဟောင်ရန်နှင့် ချင်ကျီရွှမ်းတို့ သွားမည့်ဆီသို့ သွားရောက် သင်ကြားမည်။

ရမှတ်များအကြောင်းပြောပြီးနောက် ကုနင်းက ယွီမီရှီကိုမေးလိုက်သည် "မီရှီ....ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းမှာ အလုပ်သင်လုပ်ရတာ ဘယ်လိုနေလဲ? နေသားကျသွားပြီလား? မင်းအပေါ် ကောင်းကောင်းမွန်မွန် မဆက်ဆံတဲ့ သူရှိလား?"

“ဒါက ငါ့ရဲ့ ပထမဆုံး အလုပ်သင်လုပ်တာ ဆိုတော့ အဲဒါကို ကျင့်သားရဖို့ အချိန်အနည်းငယ်ယူခဲ့ရပေမယ့် အခုတော့ အဆင်ပြေလာပါပြီ။ ဘယ်သူကမှ ငါ့အပေါ် မဆိုးပါဘူး၊ သူတို့က ငါ့အပေါ် အရမ်းဖော်ရွေတယ်”

စင်စစ် အစပိုင်းတွင် ဝန်ထမ်းအချို့က ယွီမီရှီကို မကြာခဏဆိုသလို အသစ်လေးဆိုပြီး အနိုင်ကျင့်ခဲ့ကြသည်။ ကုမ္ပဏီတစ်ခုမှာ ဝန်ထမ်းဟောင်းတွေက အသစ်ဝင်လာသူတွေကို အနိုင်ကျင့်တာ မဆန်းပေ။ ကံကောင်းထောက်မစွာ အနိုင်ကျင့်မှုဟာ မပြင်းထန်ပေ၊ သူတို့အတွက် စာရွက်တွေ ကော်ပီကူးရန်နှင့် ကော်ဖီဝယ်ခိုင်းခြင်းတို့မျှသာဖြစ်သည်။

ငွေကြေးစီမံခန့်ခွဲရေး မန်နေဂျာက ထိုအရာကို သတိပြုမိပြီး ထိုသူတို့ကို ဆူသည်။ ယွီမီရှီသည် အလုပ်သင်တစ်ဦးသာဖြစ်ပြီး အသစ်ဝင်လာသူမဟုတ်ကြောင်း သူကပြောသည်။

ထိုအခြေအနေသည် မရိုးရှင်းပေ။ ငွေရေးကြေးရေးဌာနသည် ကုမ္ပဏီကြီးတစ်ခုတွင် အလွန်အရေးကြီးသောဌာနဖြစ်သောကြောင့် သာမာန်လူများသည် အလုပ်သင်လုပ်ခွင့်ရမည်မဟုတ်ပေ။

ထို့ကြောင့် ယွီမီရှီသည် နောက်ခံကောင်းကောင်း ရှိရမည်ဟု လူတိုင်းက စတင်ယုံကြည်လာခဲ့ကြပြီး နောက်ပိုင်းတွင် သူမအား မည်သူမျှ အခွင့်အရေးမယူဝံ့ကြတော့ပေ။ သူတို့သည် ယွီမီရှီကို ထိုနေရာမှာ အလုပ်လုပ်ဖို့ ဘယ်သူက ကူညီပေးခဲ့လဲ ဆိုတာကိုလည်း စုံစမ်းခဲ့ကြသော်လည်း ယွီမီရှီက သူတို့ကို မပြောပြပေ။

ယွီမီရှီ၏နောက်ကွယ်လူကို စိတ်အနှောင့်အယှက်ဖြစ်စေမည်စိုး၍ သူမအပေါ် ဆက်ဆံမှုများပြောင်းသွားကြသည်။

လုပ်ငန်းခွင်တွင် အာဏာရှိသူကို မည်သူကမှ မစော်ကားရသည်မှာ ထုတ်မပြောသည့် စည်းကမ်းချက်တစ်ခုပင်ဖြစ်သည်။

All Chapters