← Chapters

အခန်း (၂၁)

Vol. 3 Ch. 21

အခန်း (၂၁)

Vol. 3 Ch. 21

ဟန်ကျာလင်းသည် ရှချန်းချန်းအား ငြင်းဆန်နိုင်စရာအကြောင်းမရှိခဲ့ပေ။

ကိုယ်ရေးကိုယ်တာအရ၊ ဩဇာအာဏာကြီးမားသော CEO တစ်ဦးသည် သူ၏ငွေကြေးအရင်းအမြစ်နှင့် အာဏာကို အသုံးပြု၍ သူ၏ဇနီးကို အစဉ်ကာကွယ်ပေးနေသူဖြစ်သည်။ ဟန်ကျာလင်းသည် ဇနီးကိုကာကွယ်ရန် ငွေကြေးအမြောက်အမြားသုံးစွဲရသည့် ထိုရှင်းလင်းသောမြင်ကွင်းကို မည်သို့လွဲချော်နိုင်မည်နည်း။

ဟန်ကျာလင်းသည် မတွန့်မဆုတ်ဘဲ လက်ဝါးကို မြှောက်ပြလိုက်ကာ "၁၀ သန်း ဆိုလည်း ၁၀ သန်း ပေါ့" ဟု ပြောလိုက်သည်။

ရှီဝမ်သည် ဤအရာကိုကြားလိုက်ရပြီး ဟန်ကျာလင်းအား စိတ်လှုပ်ရှားဖွယ်အကြည့်ဖြင့် ကြည့်လိုက်သည်။နှစ်ဦးနှစ်ဖက် မျက်လုံးချင်းဆုံကြည့်မိသောအခါ ရှချန်းချန်းသည် လေထဲတွင် ပန်းရောင်ပူဖောင်းများပြည့်နေသည်ဟု ခံစားရလေသည်။

သူတို့သည် ဝတ္ထုထဲက အမျိုးသားနှင့် အမျိုးသမီးဇာတ်လိုက်များ ဖြစ်ထိုက်လေသည်။

သို့သော် တျန်းကျင်းယိသည် သူ(မ)၏ အနုပညာရှင်နှင့် သူဌေးကို ကြည့်ရင်း ဉာဏ်မမီနိုင်သူများအဖြစ် မြင်နေရသည်။

ကျေးဇူးပြု၍! ရှချန်းချန်းသည် ဗီဒီယိုကို ထုတ်ပြဖို့အတွက် သဘောတူထားပြီးဖြစ်သောကြောင့် ရှချန်းချန်းသည် ကျိုးရှန်းနန်အား တိုက်ရိုက်အမိန့်ပေးနိုင်သည်မဟုတ်လား၊၊ဘာကြောင့် သူဌေးဟန်သည် သူ့ဇနီးအတွက် ဇာတ်ကွက်ထပ်ဖြည့်ဖို့ အလျင်အမြန်ထွက်လာခဲ့ရတာလဲ။

ပြီးတော့ ၁၀သန်း၊ လုံးဝမဖြစ်နိုင်။

သို့သော် ထိုနှစ်ဦးသည် အလွန်ထူးဆန်းသည်ဟု မခံစားမိကြပဲ ဇနီးကိုကာကွယ်ရန် ပျော်ရွှင်မှုထဲတွင် နှစ်မြုပ်နေကြသည်။

ဆယ်မိနစ်အကြာတွင် ဟန်ကျာလင်းသည် ရှချန်းချန်းထံသို့ ၁၀ သန်း လွှဲပြောင်းပေးခဲ့ပြီး၊ ကျိုးရှန်းနန်သည်လည်း "ရှန်းကျွယ်" ၏ တရားဝင် Weibo ကို အသုံးပြု၍ အမျိုးသမီးဇာတ်ဆောင်အတွက် စမ်းသပ်ရိုက်ကူးထားသော ဗီဒီယိုအားလုံးကို လူအများရှေ့တွင် ထုတ်ပြခဲ့သည်။

ဟန်ကျာလင်း၏စကားသည် နှိုင်းယှဉ်မှုမရှိလျှင် ကွာဟချက်မရှိ။

လုယန်ရန် ၊ရှုကျစ်ချင်း ၊မိန်းရူယန် တို့၏တည်ရှိမှုသည် ရှီဝမ်၏သရုပ်ဆောင်မှုကို ပိုမိုကောင်းမွန်စွာ ဖော်ပြနိုင်ဖို့အတွက် ဖြစ်လာခဲ့သည်။

သို့သော် တစ်ချိန်တည်းတွင် ကျိုးရှန်းနန်သည် စမ်းသပ်ရိုက်ကူးမှု VCR ၏ အပိုဇာတ်လမ်းများကိုလည်း ထုတ်ပြန်ခဲ့ပြီး အဖွဲ့သည် ရှီဝမ်နှင့် စာချုပ်သက်တမ်းကုန်ဆုံးရသည့် အကြောင်းရင်းကို ထပ်မံရှင်းလင်းခဲ့သည်။

ဗီဒီယိုထုတ်ပြန်ပြီးနောက် အချိန်တိုအတွင်း အင်တာနက်ပေါ်တွင် လှိုင်းလုံးများကဲ့သို့ ဆူညံပွက်လောရိုက်နေကြသည်။

[ဒါက ရှန်းကျွယ် ရဲ့ စမ်းသပ်ရိုက်ကူးမှုဗီဒီယိုလား ၊ပွင့်ပွင့်လင်းလင်းပြောရရင်၊ ရှီဝမ် သရုပ်ဆောင်ထားတာ တကယ် ကောင်းတယ် ]

[ဟုတ်တယ်၊ ရှုကျစ်ချင်းကို အရင်က ထိပ်တန်းလေးယောက်ရဲ့ နံပါတ် တစ်အဖြစ် ချီးကျူးခံရပေမယ့် ဒီအပိုင်းမှာတော့ ရှီဝမ်ရဲ့ သရုပ်ဆောင်မှုကို အပြတ်အသတ်ရှုံးနိမ့်သွားပြီ ]

[တကယ်တော့ ရှုကျစ်ချင်းက သရုပ်ဆောင်အရမ်းကောင်းတယ်၊ ဒါပေမဲ့ ရှီဝမ်ရဲ့ ဒီအပိုင်းမှာ သရုပ်ဆောင်မှုက တကယ့်ကို အဆင့်မြင့်သွားပြီး၊ ငါငိုချင်လာပြီ၊ သူ(မ)က စိတ်ခံစားမှုတိုင်းနဲ့ အသေးစိတ်လှုပ်ရှားမှုတိုင်းကို တိတိကျကျသရုပ်ဆောင်ခဲ့ပြီး ငါ့ကို ဖမ်းစားနိုင်ခဲ့တယ်]

[ဒါပေမယ့် VCR မှာ ယဲ့ရှီဝမ်ရဲ့ အပိုင်းကို ကြည့်ဖူးလား ၊ သူ့သရုပ်ဆောင်မှုက အရမ်းညံ့တယ်]

[အရမ်းညံ့တာတော့ မဟုတ်ဘူး၊ သာမန်လေးပါ၊ ရှုရှောင်ယန်ရဲ့ ဇာတ်ကောင်နဲ့ မလိုက်ဖက်ဘူး၊ စမ်းသပ်ရိုက်ကူးမှုမှာလောက် မကောင်းဘူး]

[ကျွန်တော် စျေးကွက်ရှာဖွေရေးဆိုင်ရာ သတင်းတစ်ပုဒ်မှာ ဖတ်ဖူးတယ်၊ ရှချန်းချန်းဟာ သူ့အဖေနဲ့ အဆင်မပြေဖြစ်ပြီး ဒီကာလအတွင်း အိမ်ကနေ ထွက်ပြေးခဲ့တယ်လို့ ကြားတယ်၊ ရှီဝမ်က ရှချန်းချန်းကို အိမ်ပြန်ဖို့ အမြဲတမ်းတိုက်တွန်းနေခဲ့တယ် ၊သူမရဲ့ စိတ်အခြေအနေလည်း သိပ်မကောင်းဘူး၊ အဲတာကြောင့် မိတ်ကပ်ဓာတ်ပုံရိုက်တဲ့အချိန်မှာ ရှချန်းချန်းကို အကြီးအကဲထုတ်လုပ်သူအဖြစ် မြင်လိုက်တော့ ရှီဝမ်ရဲ့ စိတ်ခံစားမှုတွေ ထိန်းချုပ်မရဖြစ်ပြီး ပုံမှန်မဟုတ်တဲ့ သရုပ်ဆောင်မှုတွေ ဖြစ်သွားတာ]

[ဝမ်ဝမ်က ရှချန်းချန်းကို အိမ်ပြန်စေချင်တာ အမြဲတမ်းပဲ၊ သူ(မ)ကို သိပ်စိတ်ပူနေတာ၊ အဲတာကြောင့် သရုပ်ဆောင်တာ အမှားပါသွားတာပဲ၊ ဝမ်ဝမ်က တကယ့်ကို ညီမကောင်းတစ်ယောက်ပါ]

[ဒါဆို ရှချန်းချန်း အကြီးအကဲထုတ်လုပ်သူဖြစ်လာတာက ဝမ်ဝမ်ကို အခက်ခဲဖြစ်စေဖို့ပဲလား၊ ဝမ်ဝမ်က သူ(မ)ကို အခုထိ ဂရုစိုက်နေတုန်း၊ ကျေးဇူးမသိတတ်တဲ့ ဝံပုလွေမ]

[သေချာပေါက် ဝမ်ဝမ်ကို အခက်ခဲဖြစ်စေဖို့ပဲ ၊ ဝမ်ဝမ်ရဲ့ အခြေအနေမကောင်းတာကို သူ မသိဘူးလား၊ တကယ့်ကို ဆိုးရွားလွန်းတယ်]

...

အင်တာနက်ပေါ်က လူထုအမြင်ဟာ ရှီဝမ်နဲ့ တျန်းကျင်းယိမျှော်လင့်ထားတဲ့အတိုင်း ဖြစ်လာသည်။ ရှီဝမ်ကို မထိုက်တန်ဘူးလို့ စွပ်စွဲသူ မရှိဘဲ လူတိုင်းက သူ(မ)ရဲ့စမ်းသပ်ရိုက်ကူးမှုမှ သရုပ်ဆောင်မှုတွေကို ချီးကျူးနေကြသည်။မားကတ်တင်းအကောင့်တွေနဲ့ ပရိသတ်တွေရဲ့ လမ်းလွဲပြသမှုကြောင့် လူတိုင်းက အပြစ်ကို ရှချန်းချန်းအပေါ် လွှဲချနေကြသည်။

ကျိုးရှန်းနန်၏ စတူဒီယိုမှ ထွက်ခွာပြီး မကြာခင်မှာပဲ D က ရှီဝမ်ကို စာချုပ်ဖိတ်ခေါ်ချက်တစ်ခု ပို့ခဲ့ပြီး ရှီဝမ်ကို ကုမ္ပဏီသို့လာရောက်၍ အဆင့်မြင့်လက်ဝတ်ရတနာလိုင်း၏ ကိုယ်စားလှယ်အဖြစ် စာချုပ်ချုပ်ဆိုရန် ဖိတ်ခေါ်ခဲ့သည်။

တစ်ဖက်တွင်လည်း ကျိုးရှန်းနန်သည် အင်တာနက်ပေါ်မှ မှတ်ချက်များကို မြင်နေရပြီး ထိုမမှန်ကန်သော မှတ်ချက်များသည် သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေသည်။

သူက ရှချန်းချန်းကိုလည်း မကြိုက်ပေမယ့် နှစ်ရက်လောက်ဆက်ဆံပြောဆို ပြီးနောက် ရှချန်းချန်းဟာ အင်တာနက်ပေါ်မှ လူတွေ ပြောသလောက် မဆိုးရွားဘူးဆိုတာ သိလိုက်ရသည်။

သူမက အဖွဲ့ကို ပြင်ဆင်ချိန်ပိုရစေဖို့ လိုလားခဲ့ပြီး လူတိုင်းကို ဒီလက်ရာကို ပိုမိုကောင်းမွန်အောင် အချိန်ပိုပေးခဲ့သည်။

အထူးသဖြင့် ရှီဝမ်အား အလုပ်မှထုတ်ပယ်ခံရသည့်ကိစ္စတွင် ကျိုးရှန်းနန် သည် ဖြစ်စဉ်တစ်ခုလုံးတွင် ပါဝင်ခဲ့ပြီး ရှချန်းချန်းအား ရှီဝမ်နေရာတွင် အစားထိုးခြင်းသည် အလွန်သင့်တော်သည်ဟု ယုံကြည်ခဲ့သည်။အကြောင်းမှာ ရှီဝမ်၏သရုပ်ဆောင်မှုသည် စံနှုန်းမီခြင်းမရှိသောကြောင့်ဖြစ်သသည်။

သို့သော် အဆုံး၌မူ အားလုံးအပြစ်ကို ရှချန်းချန်းအပေါ် လွှဲချခံခဲ့ ရသည်။

တစ်ခဏအတွင်း ကျိုးရှန်းနန်သည် ဤကမ္ဘာကို နားမလည်သလို ခံစားခဲ့ရသည်။

ကျိုးရှန်းနန်သည် စဉ်းစားပြီး လက်‌ထောက်ဒါရိုက်တာကို ဖုန်းဆက်လိုက်သည်၊

"ငါတို့ ထုတ်လုပ်ရေးအဖွဲ့နဲ့ အရင်က အမျိုးသမီးဇာတ်ဆောင်ရွေးချယ်ရေးအချက်တွေ ဆွေးနွေးခဲ့တယ်ဆိုတာ မှတ်မိတယ်မဟုတ်လား"

"ဟုတ်ကဲ့၊ ဇာတ်ကောင်ရဲ့စိတ်ပညာ၊ စိတ်ခံစားမှုနှင့် စမ်းသပ်ရိုက်ကူးမှုအပိုင်းရဲ့ အခက်အခဲတွေကိုလည်း ဆွေးနွေးခဲ့ပါတယ်"

လက်ထောက်ဒါရိုက်တာလည်း မှတ်မိနေသည်။

"အဲဒီအချိန်က ဆရာ့ရဲ့ ဇာတ်ညွှန်းပုံစံတွေကိုလည်း ပြသခဲ့တယ်"

"အဲဒီအစည်းအဝေးရဲ့ မှတ်တမ်းနဲ့ ဇာတ်ညွှန်းပုံစံတွေကို ရှာပြီး ဥက္ကဌ ရှ ဆီ ပို့ပေးပါ"

"ဥက္ကဌရှဆီ ပို့မှာလား"

လက်ထောက်ဒါရိုက်တာ အနည်းငယ်ရှုပ်ထွေးသွားသည်။

"ဒါပေမယ့် မနေ့က ကျွန်တော်သွားတဲ့အချိန် 'ရှန်းကျွယ်’ ရဲ့ အချက်အလက်အားလုံးကို ဥက္ကဌရှ ဆီ ပို့ပြီးသား"

ကျိုးရှန်းနန် အံ့အားသင့်သွားရင်း

"ပို့ပြီးသားလား”

"ဥက္ကဌရှ က 'ရှန်းကျွယ်' အကြောင်း အချက်အလက်တချို့ သိဖို့လိုတယ်လို့ ပြောတယ်"

လက်ထောက်ဒါရိုက်တာက ရှင်းပြလိုက်သည်။

"သူ(မ)က အကြီးအကဲထုတ်လုပ်သူဖြစ်နေတော့ မပေးဘူးဆိုတဲ့ အကြောင်းမရှိဘူးလို့ ထင်မိလို့ပါ”

အင်တာနက်ပေါ်တွင် ရှချန်းချန်းအား ဝေဖန်မှုများ ဆက်တိုက်ကျရောက်နေစဉ် "လိမ်လည်မှုဖော်ထုတ်သူ" သည် ရုတ်တရက် Weibo တွင် post တစ်ခုတင်လိုက်သည်။

Weibo post တွင် ဓာတ်ပုံနှစ်ပုံပါရှိသည် ။

တစ်ပုံမှာ "ရှန်းကျွယ်” အမျိုးသမီးဇာတ်ဆောင်စမ်းသပ်မှုဇာတ်ညွှန်းဖြစ်ပြီး နောက်တစ်ပုံမှာ "ရှန်းကျွယ်" အမျိုးသမီးဇာတ်ဆောင်စမ်းသပ်မှုအတွက် ဇာတ်ညွှန်းပုံစံ ဖြစ်သည်။

စာရေးဆရာ၏ ဇာတ်ညွှန်းတွင် ဇာတ်ကွက်၊ ပတ်ဝန်းကျင်ဖော်ပြချက်၊ ဇာတ်ကောင်စကားပြောနှင့် လှုပ်ရှားမှုများသာ မှတ်သားထားသော်လည်း ကျိုးရှန်းနန်သည် ဇာတ်ညွှန်းပုံစံတွင် ဇာတ်ကောင်၏စိတ်နှင့်ခံစားမှုပြောင်းလဲမှုများကို အသေးစိတ်ခွဲခြမ်းပြီး ဇာတ်ကောင်၏လှုပ်ရှားမှုများကိုလည်း ဖြည့်စွက်ကာ မွမ်းမံထားသည်။

ဆိုလိုသည်မှာ - စံအနည်းငယ်သာရှိသော မည်သည့်သရုပ်ဆောင်မဆို ကျိုးရှန်နန်၏ဇာတ်ညွှန်းပုံစံကိုကြည့်ပါက ယုစူစူ အဖြစ် အလွန်ကောင်းမွန်စွာ သရုပ်ဆောင်နိုင်သည်။

ဇာတ်ညွှန်းနှင့် ဇာတ်ညွှန်းပုံစံအပြင်၊ လိမ်လည်မှုဖော်ထုတ်သူ သည် အမျိုးသမီးဇာတ်ဆောင်ရွေးချယ်ရေးအဓိကအချက်များကို ကျိုးရှန်းနန်ရှင်းပြသည့် အစည်းအဝေးမှတ်တမ်းတစ်ခုကိုလည်း ထုတ်ပြန်ခဲ့သည်။

အစတွင် ဖရဲသီးပရိသတ်များသည် လိမ်လည်မှုဖော်ထုတ်သူ ၏ရည်ရွယ်ချက်ကို နားမလည်ခဲ့သော်လည်း မကြာမီ ဉာဏ်ရည်ထက်မြက်သည့် ဖရဲသီးစားသူများက အလိမ်အညာကို နားလည်သွားကြသည်။

[ကျွန်တော်သိသလောက်ဆို သရုပ်ဆောင်တွေက စမ်းသပ်ရိုက်ကူးမှုတုန်းက ဇာတ်ညွှန်းပဲမြင်ရတယ်၊ ဇာတ်ညွှန်းပုံစံမမြင်ရဘူး ၊ ဒါရိုက်တာက ရှင်း မပြထားဘူးလား]

[ဟုတ်တယ်၊ ဒါပေမယ့် ရှီဝမ်က ဇာတ်ညွှန်းမှာမပါတဲ့ စိတ်ခံစားမှုနဲ့ လှုပ်ရှားမှုတွေကို သရုပ်ဆောင်ခဲ့တယ်၊ ဒီလှုပ်ရှားမှုတွေအားလုံးကို ဒါရိုက်တာကျိုးက အစည်းအဝေးမှာ ပြောခဲ့တာနဲ့ တူနေတယ်]

[လုယန်ရန်နဲ့ ရှဲ့ကျစ်ချင်းတို့က ဇာတ်ညွှန်းအတိုင်းသရုပ်ဆောင်နေချိန်မှာ၊ ရှီဝမ်ကတော့ ဒါရိုက်တာကျိုးပြောသလို အံဝင်ခွင်ကျဖြစ်အောင် သရုပ်ဆောင်နေတယ်! ဇာတ်ညွှန်းအဆုံးသတ်မှာ "မျက်ရည်မိုးရွာသလို ကျလာသည်" လို့ပါပေမယ့်၊ ဇာတ်ညွှန်းပုံစံမှာ "မျက်ရည်ကို သည်းခံပြီး မျက်လုံးထဲထိန်းထားရမည်" လို့ပါတယ်၊ ရှီဝမ်က ဇာတ်ညွှန်းပုံစံအတိုင်း သရုပ်ဆောင်နေတယ်၊ သူ(မ)က ဒါရိုက်တာကျိုးရဲ့ ဗိုက်ထဲက သန်ကောင်များလား]

[လူတိုင်းသိပါတယ် - ဇာတ်ညွှန်းဖတ်ပြီးနောက် လူတိုင်း၏စိတ်ထဲတမှာ မြင်ကွင်းများကွဲပြားပြီး၊ အသေးစိတ်စိတ်ခံစားမှုများ၊ လှုပ်ရှားမှုတွေနဲ့ ထောင့်တွေလည်း ကွဲပြားကြတယ်၊ အဲဒါကြောင့် ဒါရိုက်တာမတူရင် တူညီတဲ့ဇာတ်ညွှန်းကို အခြေခံပြီး ကွဲပြားတဲ့ဇာတ်ကွက်တွေ ရိုက်ကူးကြတယ်။ ဒါဆို ရှီဝမ်က ဒါရိုက်တာကျိုးရဲ့စိတ်ထဲက ပုံရိပ်အတိုင်း အလုံးစုံတူအောင် ဘယ်လိုသရုပ်ဆောင်နိုင်တာလဲ]

[ညီမတို့ရေ၊ အခုပဲ အစည်းအဝေးမှတ်တမ်းထဲမှာ ချန်းမင်ကျယ်ရဲ့အသံကို ကြားလိုက်ရတယ်၊ ချန်းမင်ကျယ်က ဒီအစည်းအဝေးကို တက်ရောက်ခဲ့တယ်ဆိုတဲ့အထောက်အထား ရှိနေတယ်]

[ချန်းမင်ကျယ်က လက်ထောက်ဒါရိုက်တာ‌လေ၊ သရုပ်ဆောင်ရွေးချယ်ရေးမှာ တာဝန်ရှိတယ်၊ ဒီလိုအစည်းအဝေးမျိုးကို တက်ရောက်တာက ပုံမှန်ပါပဲ!]

[ဒါဆို ရှီဝမ်က ဒါရိုက်တာကျိုးရဲ့ ဇာတ်ညွှန်းပုံစံအတိုင်း သရုပ်ဆောင်နေတယ်ဆိုတာ... ချန်းမင်ကျယ်က သူ(မ)ကို ဇာတ်ညွှန်းပုံစံ ဒါမှမဟုတ် မှတ်တမ်းကို ပြခံ့တယ်ဆိုတဲ့ သဘောလား]

[ဒီလိုဆိုရင် အဓိပ္ပါယ်ရှိပါတယ်၊ အရင်က ရှီဝမ်က "ရှန်းကျွယ်” ဇာတ်ကောင်ကို ချန်းမင်ကျယ် ကမိတ်ဆက်ပေးခဲ့တယ်လို့ ပြောခဲ့ပြီး ချန်းမင်ကျယ်ကိုလည်း ကျေးဇူးတင်ကြောင်း ပြောခဲ့တယ်၊ ဒါပေမယ့် "ရှန်းကျွယ်" က သရုပ်ဆောင်ရွေးချယ်ရေးအတွက် လူထုဖိတ်ခေါ်မှုနဲ့ လုပ်ခဲ့တာ၊ ဘယ်လိုမိတ်ဆက်မှုရှိနိုင်မှာလဲ၊ အဲဒါကြောင့် ချန်းမင်ကျယ် က သူ(မ)ကို ဇာတ်ညွှန်းပုံစံ ဒါမှမဟုတ် မှတ်တမ်းကိုကြို‌ပေးခဲ့တာကြောင့် ဇာတ်ကောင်ရခဲ့တာ၊ အဲဒါကြောင့် ချန်းမင်ကျယ် ကို ကျေးဇူးတင်တာလား]

“အဲ့လိုဖြစ်ရမှာမဟုတ်ဘူးလား၊ အာ…စျေးကွက်ရှာဖွေရေးဆိုင်ရာစာမျက်နှာတွေက ရှချန်းချန်က ရှီဝမ်ရဲ့အခြေအနေကို ထိခိုက်စေခဲ့တယ်လို့ ပြောနေကြတယ်၊ ကျေးဇူးပြုပြီး၊ သူ(မ)ရဲ့ စမ်းသပ်ရိုက်ကူးမှုက အရမ်းနူးညံ့သိမ်မွေ့ပြီး နတ်သမီးတစ်ပါးလို ကောင်းနေတာ၊ သူ(မ)အခြေအနေမကောင်းခဲ့ရင်တောင် VCR ထဲမှာ ဒီလောက်ကြီး အဆင့်ကျမသွားနိုင်ဘူး”

[VCR ထဲက ဇာတ်ညွှန်းအပိုင်းမှာ ဇာတ်ညွှန်းပုံစံမရှိဘူး၊ ဒါရိုက်တာရှင်းပြချက်မရှိတော့ တကယ့်အဆင့်ကို ထုတ်ဖော်ပြလိုက်တာပဲ]

[ဖာ့ခ်၊ VCR ထဲက ယဲ့ရှီဝမ်ရဲ့ တကယ့်အဆင့်ဆိုရင် သူ(မ)က ရှုကျစ်ချင်း လောက်တောင် မကောင်းဘူး]

[အပေါ်ကတစ်ယောက် မှာနေတယ်၊ ရှုကျစ်ချင်းရဲ့ စမ်းသပ်ရိုက်ကူးမှုက ယဲ့ရှီဝမ်ထက် အများကြီးသာတယ်၊ VCR ထဲက ရှီဝမ်ရဲ့သရုပ်ဆောင်မှုက အမှိုက်သာသာပဲ၊ ရှန်းကျွယ် လိုကောင်းတဲ့ IP အတွက် သူ(မ)က မထိုက်တန်ဘူး]

[ထောက်ခံတယ်၊ ရှီဝမ်က လျှို့ဝှက်နှောင့်ယှက်ခံရတာမဟုတ်ပေမယ့် ချန်းမင်ကျယ် ဆီကအကူအညီရခဲ့တာ အမှန်ပဲ၊ ဇာတ်ကောင်ရတာက တရားဘူး၊ အလုပ်ကထုတ်ခံရတာ သင့်လျော်တယ်]

[မနေ့ညက Weibo မှာ post တင်ပြီး ရှချန်းချန်းက သူ့ကိုအစားထိုးတယ်လို့ အရိပ်အမြွက်ပြခဲ့တယ်၊ သေချာတာကတော့ သူ့အပြစ်ပဲ ၊ သူ့သရုပ်ဆောင်တဲ့ အဆင့်ကို သူမသိဘူးလား၊ ဘယ်လိုတောင် မျက်နှာပြောင်တိုက်ရတာလဲ]

...

တစ်ချိန်တည်းမှာပဲ #ရှီဝမ်အရှက်မရှိ#၊ #ရှီဝမ်သရုပ်ဆောင်မှုညံ့#၊ #ရှီဝမ်မထိုက်တန်# စသည့် အကြောင်းအရာများ အဟော့ဆုံးရှာဖွေမှု သို့ တက်သွားသည်။

ရှီဝမ်၏ဂုဏ်သတင်းသည် ရုတ်တရက်ထိုးကျသွားသည်။

သို့သော် သူ(မ)သည် ဤအရာကို မသိရှိဘဲ ပျော်ရွှင်စွာဖြင့် တျန်းကျင်းယိအား D၏ ကုမ္ပဏီသို့ စာချုပ်လက်မှတ်ရေးထိုးရန် ခေါ်ဆောင်သွားခဲ့သည်။

D ၏ ထောက်ခံချက်ဖြင့် သူ(မ)သည် ထိပ်ဆုံးလေးယောက်တွင် နံပါတ်တစ်ဖြစ်လာလိမ့်မည်။ ဖျော်ဖြေရေးလောကတွင် တန်းဖိုးအရှိဆုံးနှင့် ရောင်းအားအကောင်းဆုံး ပန်းတစ်ပွင့် ဖြစ်လာလိမ့်မည်။

နှစ်ဦးသဘောတူလက်မှတ်ရေးထိုးရန် အချိန်ရောက်သောအခါ D ၏လက်ထောက်သည် ဖုန်းကိုင်ကာ အစည်းအဝေးခန်းမသို့ အလျင်အမြန်ဝင်လာပြီး တာဝန်ရှိသူ၏ဘေးနားတွင် တိုးတိုးပြောလိုက်သည်။ လက်မှတ်ထိုးရန်ပြင်ဆင်နေသော တာဝန်ရှိသူသည် လက်ကို ရုတ်တရက်ရပ်တန့်လိုက်ပြီး Weibo ၏ လက်ရှိရှာဖွေမှု ကို ချက်ချင်းကြည့်လိုက်သည်။

"မစ္စ ယဲ့၊ ဒီစာချုပ်ကို ကျွန်တော်တို့ ထပ်စဉ်းစားဖို့လိုပါတယ်”

တာဝန်ရှိသူက လိမ္မာပါးနပ်စွာပြောသော်လည်း ရှီဝမ်သည် ပူးပေါင်းဆောင်ရွက်မှုရပ်ဆိုင်းသည့် အဓိပ္ပါယ်ကို နားလည်လိုက်ရသည်။

စာချုပ်လက်မှတ်ရေးထိုးရန် အကြိမ်ကြိမ်ပြင်ဆင်ပြီးမှ ရုတ်တရက်စိတ်ပြောင်းသွားသည်။

ရှီဝမ်က သည်းခံရင်း နူးညံ့သောအသံဖြင့် မေးမြန်းလိုက်သည်။

"ကျေးဇူးပြုပြီး ၊ ကျွန်မ မေးချင်တာက ဘာ‌တွေဖြစ်နေတာလဲ"

"မစ္စ ယဲ့၊ ခင်ဗျား အနေနဲ့ Weibo ကိုကြည့်သင့်ပါတယ်"

တာဝန်ရှိသူက ကြင်နာစွာသတိပေးလိုက်သည်။

ထိုအချိန်တွင် Weibo ပေါ်ရှိ လူတိုင်းသည် ရှီဝမ်အကြောင်း ပြောနေကြသည်။ အဟော့ဆုံးရှာဖွေမှု အကြောင်းအရာများစွာသည် ရှီဝမ်နှင့်သက်ဆိုင်နေသည်။

ရှီဝမ်သည် အင်တာနက်ပေါ်တွင် ကျော်ကြားလာမည့်အကြိမ်ပေါင်းများစွာကို စိတ်ကူးယဉ်ခဲ့ဖူးသော်လည်း သူ(မ)သည် မကောင်းသောသတင်းဖြင့် ကျော်ကြားလာမည်ကို မည်သည့်အခါမျှ မစဉ်းစားမိခဲ့ချေ။

ဤသတင်းများသည် ရှီဝမ်၏ဂုဏ်သတင်းကို အပြီးတိုင်ဖျက်ဆီးနိုင်သည်မဟုတ်သော်လည်း သူ(မ)အချိန်ကြာမြင့်စွာ ထိန်းသိမ်းထားသော ကောင်းသည့်ဂုဏ်သတင်းမှာ ပြိုလဲသွားခဲ့သည်။

ဤကဲ့သို့ကျယ်ပြန့်သော ထုတ်ဖော်ပြသမှုဖြင့် ရှီဝမ်သည် နောင်တွင်မည်မျှပင် ကြိုးစားခဲ့ပါစေ ဤသတင်းသည် အမြဲတမ်း သူ(မ)နှင့်အတူရှိနေမည်ဖြစ်သည်။

ဟန်ထျန်း အမ်တာတိန်းမန့် သည် အရေးပေါ်အခြေအနေကိုင်တွယ်မှုများကို ချက်ချင်းစတင်ခဲ့သော်လည်း မနေ့က ချန်းမင်ကျယ်၏ ပြည့်တန်ဆာလုပ်ငန်းအကြောင်းသတင်းများမှာ မပျောက်သေးဘဲ တွန်းပို့သလို ဖြစ်ကာ ယနေ့သတင်းများကို လူများ ပိုမိုအာရုံစိုက်စေခဲ့သည်။

ထို့အပြင်၊ သတင်းထုတ်ပြန်သူမှာလည်း "လိမ်လည်မှုဖော်ထုတ်သူ" ဖြစ်နေသည်။weibo ပို့စ်အနည်းငယ်ဖြင့် စီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ ဖျော်ဖြေရေးလောကမှကျော်ကြားသူများနှင့် နာမည်ကြီးဒါရိုက်တာများကို ထောင်ချခဲ့သော စျေးကွက်ရှာဖွေရေးအကောင့်တစ်ခုဖြစ်သည်။

ဟန်တျန်း အမ်တာတိန်းမန့် သည် ရေတပ်နှင့် စျေးကွက်ရှာဖွေရေးအကောင့်များစွာကို အသုံးပြုခဲ့သော်လည်း ရှင်းလင်းချက်အားလုံးသည် အာရုံမစိုက်မခံရဘဲ ကျန်ရစ်ခဲ့ပြီး ယဲ့ရှီဝမ်၏အပြစ်ကင်းစင်မှုကို မပြသနိုင်ခဲ့ပေ။

ယခုအခါတွင် ဟန်တျန်း အမ်တာတိန်းမန့် ၏ ပြန်ကြားရေးဌာနပင် အကူအညီမဲ့နေခဲ့သည်။နောက်ဆုံးတွင် သူတို့အဆိုပြုသော အဖြေမှာ အေးဆေးစွာကိုင်တွယ်ပြီး အင်တာနက်သုံးစွဲသူများ ဤသတင်းကို တဖြည်းဖြည်းမေ့သွားစေရန်ဖြစ်သည်။

ကုမ္ပဏီသို့ပြန်ရောက်သောအခါ ယဲ့ရှီဝမ်၏မျက်နှာသည် စိတ်ထိခိုက်မှုဖြင့် ပျက်စီးသွားခဲ့ပြီး သူ(မ)သည် အော်ဟစ်လိုက်သည်။

"တရားစွဲမယ် ၊လိမ်လည်မှုဖော်ထုတ်သူ ကို စွပ်စွဲချက်တင်ပြီး ငါ့ဂုဏ်သတင်းကို ဖျက်ဆီးတာလို့ တရားစွဲမယ်၊ ဘာလို့ အေးဆေးကိုင်တွယ်ရမှာလဲ"

ယဲ့ရှီဝမ်သည် နားမလည်နိုင်ခဲ့ပေ။

ဟန်တျန်း အမ်တာတိန်းမန့် သည် ဖျော်ဖြေရေးလောကတွင် ထိပ်တန်း နံပါတ် ၂ ကုမ္ပဏီဖြစ်သည်။ ဒါရိုက်တာ၏ဇာတ်ညွှန်းပုံစံကို ကြိုတင်ကြည့်ရှုခွင့်ရခြင်းကို မည်သို့မဖြေရှင်းနိုင်မည်နည်း။

"ဒါပေမယ့် လိမ်လည်မှုဖော်ထုတ်သူ က မင်းနာမည်ကို အစကနေအဆုံးထိ မှတ်ချက်မပြုခဲ့ဘူး"

ထန်ကျင်းယိသည် အေးဆေးစွာဖြင့် ပြောလိုက်သည်။

"လိမ်လည်မှုဖော်ထုတ်သူ" သည် "ရှန်းကျွယ်" ၏ အတွင်းပိုင်းအချက်အလက်အချို့ကိုသာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ယခုကဲ့သို့ စိတ်လှုပ်ရှားဖွယ်ဖြစ်ရပ်ကြီး ဖြစ်ပေါ်လာရခြင်းမှာ ထိုအချက်အလက်များသည် "ရှန်းကျွယ်" ခေါင်းစဉ်ဖြင့် တရားဝင်ထုတ်ပြန်ထားသော ဝင်ခွင့် ဗီဒီယို နှင့် ပေါင်းစပ်မိသောကြောင့်ပင် ဖြစ်သည်။တစ်နည်းဆိုရသော် သူတို့သည် ကျိုးရှန်းနန် အား မှတ်တမ်းတင်ထားသည့်ဗီဒီယိုကို ယခင်ကတည်းက မထုတ်ပြန်ခဲ့ပါက ယခုကဲ့သို့သော အခြေအနေမျိုး ဖြစ်နိုင်ခြေမရှိပေ။ သူတို့အနေဖြင့် ရှင်းလင်းနိုင်မည်ဟု ထင်မြင်ခဲ့သော ကျိုးရှန်းနန် သည် နောက်ဆုံးတွင် သူတို့ကိုယ်တိုင် ခြေချုပ် မိသွားခြင်းဖြစ်သည်။

ယဲ့ရှီဝမ် ၏ မျက်လုံးများ‌ မှေးသွားကာ သူ(မ)သည် မတ်တပ်မရပ်နိုင်သလောက် ဖြစ်သွားခဲ့သည်။ ဟန်ကျာလင်း သည် လျင်မြန်စွာ ယဲ့ရှီဝမ် အား ကူတွဲပေးခဲ့ပြီး

"အဆင်ပြေပါတယ် ဝမ်ဝမ်၊ ကိုယ် ဒီမှာရှိနေတယ်၊ မင်းရဲ့အောင်မြင်မှုကို လူတွေမေ့သွားအောင် နောက်ထပ် လူကြိုက်များတဲ့ လက်ရာတစ်ခုကို ဖန်တီးလိုက်ရုံပါပဲ"

ဟု အားပေးစကားပြောခဲ့သည်။

"နောက်ထပ် လူကြိုက်များတဲ့ လက်ရာလား"

“ယူကွမ်း” ဟန်ကျာလင်း ၏ မျက်လုံးများ တောက်ပလာသည်၊

"ဒါက ကိုယ်တို့ကုမ္ပဏီရဲ့ရင်းနှီးမြှုပ်နှံမှုနဲ့ ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပြီး သရုပ်ဆောင်တွေအားလုံးကလည်း S-level အဆင့်ရှိတယ်၊ ဒီရုပ်ရှင်က မင်းကို ထိပ်ဆုံးနေရာပြန်ရောက်အောင် ခေါ်ဆောင်သွားမှာသေချာတယ်”

ယဲ့ရှီဝမ် သည် ယုဂွမ် ကို သိရှိပြီးဖြစ်သည်။

ပြီးခဲ့သော ရုပ်ရှင်ပွဲတော်တွင် ယူကွမ်းနှင့် ရှန်းကျွယ် တို့အကြား ပြိုင်ဆိုင်မှုဖြစ်ခဲ့ပြီး နောက်ဆုံးတွင် ယူကွမ်း ရှုံးနိမ့်ကာ နှစ်စဉ်အမြတ်အစွန်းအများဆုံး ရုပ်ရှင်စာရင်းတွင် ဒုတိယနေရာသို့ ရောက်ရှိခဲ့သည်။ ယူကွမ်းသည် ရှန်းကျွယ် လောက် မကောင်းသော်လည်း သူ(မ)အနေဖြင့် ယခုနေမှာ ရနိုင်သည့် အကောင်းဆုံးဇာတ်ကောင်ဖြစ်သည်။ ယဲ့ရှီဝမ် သည် စိတ်မပါဖြစ်နေသော်လည်း နူးညံ့သိမ်မွေ့ပြီး သနားစဖွယ်ဖြစ်နေသော မျက်နှာအမူအရာဖြင့် ဟန်ကျာလင်း ကို ချီးကျူးစကားပြောလိုက်သည်။

"ကျာလင်း၊ ရှင်က ကျွန်မအပေါ် အရမ်းကောင်းတာပဲ၊ ရှင်တစ်ယောက်တည်းကပဲ ကျွန်မဘေးမှာ အမြဲရှိနေတာ”

ဟန်ကျာလင်း ကလည်း ယဲ့ရှီဝမ် ကို တင်းကြပ်စွာ ဖက်ထားကာ

"စိတ်မပူနဲ့ ဝမ်ဝမ်၊ ကမ္ဘာကြီးတစ်ခုလုံးက မင်းကို ဆန့်ကျင်သွားရင်တောင် ကိုယ်ကတော့ မင်းဘေးမှာ အမြဲရှိနေမှာပါ"

ဘေးနားမှာ ခွေးစာစားနေရတဲ့ ထန်းကျင်းယီ “.....”

ဒီအချိန်မှာ သူတို့ ချစ်ကြည်နူးနေနိုင်သေးတာလား။စိတ်ညစ်စရာပဲ။

ပန်းရောင်ဖြင့်တင့်တယ်စွာ အလှဆင်ထားသော ဖယ်ရာရီ စူပါကားအတွင်း ရှချန်းချန်းသည် သူ(မ)၏ လက်ပ်တော့ ကို စိတ်ကျေနပ်စွာ ပိတ်လိုက်သည်။

"ရှန်းကျွယ်" ၏ တရားဝင် Weibo အကောင့်မှ ဝင်ခွင့် ဗီဒီယို ထုတ်ပြန်ပြီးနောက် နာရီဝက်အကြာတွင် သူ(မ)သည် ဘလော့ ပို့စ် တစ်ခုကို တင်ခဲ့ပြီး "ရှန်းကျွယ်" နှင့် ယဲ့ရှီဝမ် တို့၏ ကျော်ကြားမှုကို အခွင့်ကောင်းယူကာ "လိမ်လည်မှုဖော်ထုတ်သူ" အား အဟော့ဆုံးရှာဖွေမှု စာရင်းသို့ ရောက်ရှိအောင် အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည်။ဤတစ်ကြိမ်တွင် ရှောင်ကျီကျီသည် ပရိသတ်များကို ဆွဲဆောင်နိုင်ခဲ့ပြီး ယဲ့ရှီဝမ် သည်လည်း ကောင်းမွန်သော သားကောင်တစ်ဦးဖြစ်ကြောင်း သက်သေပြနေသည်။

“[ရှန်းကျွယ် ရုပ်ရှင်ကားတွင် ဖြစ်ပွားမှုတစ်ခုကို ဖန်တီးကာ ဆက်စပ်သော မကောင်းသတင်းများကို ရှာဖွေပြီး ပေါ်ထွက်လာစေရန်တာဝန်ကို အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ်]”

စနစ် ၏ အသံသည် ပေါ့ပေါ့တန်တန် ဖြစ်နေပြီး ကျေနပ်မှုမရှိဟု ထင်ရသည်။

"မင်းက အရမ်းကံကောင်းနေတယ်၊ မူလတာဝန်က မင်းကိုယ်တိုင် ရုပ်ရှင်ကားထဲမှာ ဖြစ်ပွားမှုဖန်တီးပြီး မင်းရဲ့ မကောင်းသတင်းကို ရှာဖွေမှုရမှာ၊ဒါပေမယ့် အမှားအယွင်းဖြစ်ပြီး ယဲ့ရှီဝမ်ရဲ့ ပရိသတ်တွေက ရုပ်ရှင်ကားမှာ ဖြစ်ပွားမှုဖန်တီးခဲ့ပြီး နောက်ဆုံးတော့ ယဲ့ရှီဝမ်ရဲ့ မကောင်းသတင်းတွေက ရှာဖွေမှုမှာ တက်သွားခဲ့တယ်"

စနစ်သည် စကားပြောနေရင်း ရုတ်တရက် အရေးကြီးသော အချက်တစ်ခုကို သတိထားမိသွားသည်။

" မဟုတ်သေးပါ၊ မင်းက ယဲ့ရှီဝမ်ရဲ့ ပရိသတ်‌တွေကို အတင်းအကျပ် ဖိအား ပေးပြီး ယဲ့ရှီဝမ်ရဲ့ မကောင်းသတင်းတွေကို ရှာဖွေမှုမှာ တက်အောင် တမင်တကာ စီစဉ်ခဲ့တာလား"

ရှချန်းချန်း သည် လက်ပ်တော့ ကို ခရီးသည်ထိုင်ခုံပေါ် တွင် ထားကာ သူ(မ)၏ ထူထဲသော ဆံပင်များကို ပျင်းပျင်းရိရိနှင့် ခါလိုက်ရင်း

"Congratulations နောက်ဆုံးတော့ မင်းရဲ့ ခေါင်းသေးသေးလေးက တွေးတတ်လာပြီပဲ ၊ ဒါဆို ငါကဘာလို့ တာဝန်ပြီးမြောက်ဖို့အတွက်ဆိုရင် ခေါင်းဆောင် ထုတ်လုပ်သူ ဖြစ်နေရမှာလဲ"

သူ(မ)က မေးခွန်းထုတ်ခဲ့သည်။

သူ(မ)သည် အလုပ်မှ ထွက်ရန် ရည်ရွယ်ထားခဲ့သည်။ သူ(မ) အမျိုးသား၏ ကုမ္ပဏီဖြစ်သည့်အတွက် ပျက်ကွက်ကြေးမှာ ဘယ်ဘက်အိတ်မှ ညာဘက်အိတ်သို့ ပြန်လည်ရောက်ရှိမည်သာ ဖြစ်သည်။

ခေါင်းဆောင်ထုတ်လုပ်သူ ဖြစ်ခြင်းမှာ သူ(မ)၏ အလုပ်ကို ပိုမိုလွယ်ကူစေရန် ဖြစ်သည်။ ဥပမာ - ယဲ့ရှီဝမ်ကို အစားထိုးရန်။

စနစ် သည် သူ၏ လက်ကိုင်ပုဝါကို ကိုက်ကာ မကျေနပ်စွာဖြင့်

"မင်းက ဇာတ်လမ်းအဓိကဇာတ်ကြောင်းကို သွေဖယ်အောင် လုပ်‌နေတာပဲ”

ဟု ပြောဆိုခဲ့သည်။

"အဓိပ္ပာယ်မရှိဘူး!"

ရှချန်းချန်းသည် သူ(မ)၏ လက်များကို ခါးတွင်တင်ကာ တရားမျှတစွာ ပြောဆိုခဲ့သည်၊

"မင်းက ရိုမန်စ်ဇာတ်လမ်းတာပဲကြိုက်တဲ့လူဆိုတာ ရှင်းရှင်းလင်းလင်း မြင်နိုင်တယ်၊ ငါ့ရဲ့ ချဉ်းကပ်မှုက ဇာတ်လိုက်နဲ့ ဇာတ်လိုက်မတို့ရဲ့ ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေတယ်ဆိုတာ မင်းသတိမထားမိဘူးလား"

စနစ်: ? ? ?

စနစ် သည် ပြီးခဲ့သော နှစ်ရက်အတွင်း ဖြစ်ပျက်ခဲ့သော အရာများကို ပြန်လည်သုံးသပ်ခဲ့သည်။ မူလဇာတ်လမ်းတွင် ဟန်ကျာလင်း သည် "ရှန်းကျွယ်" ၏ အပိုင်းတွင် မပါဝင်ခဲ့ပေ။ သို့သော် ရှချန်းချန်း ၏ လှည့်ကွက်ကြောင့် ယဲ့ရှီဝမ် သည် မကောင်းသတင်းများဖြင့် ညစ်ညမ်းသွားခဲ့ပြီး ဟန်ကျာလင်း သည် သူ၏ဇနီးကို ကာကွယ်ရန် ထွက်ပေါ်လာခဲ့သည်။ နှစ်ဦးနှစ်ဖက် ချစ်ခြင်းမေတ္တာဖြင့် အပြန်အလှန် ကြည့်ရှုခဲ့ကြပြီး သူတို့၏ ခံစားချက်များ ပိုမိုနက်ရှိုင်းလာခဲ့သည်။

"ဒါကြောင့် ငါဇာတ်လမ်းကို မဖျက်ဆီးမိဘူး၊ ဇာတ်လိုက်နဲ့ ဇာတ်လိုက်မတို့ရဲ့ ဆက်ဆံရေးကို မြှင့်တင်ဖို့ ငါကူညီနေတာ”

ရှချန်းချန်း က သူ(မ)၏ရင်ဘတ်ကို ပုတ်ပြီး သက်ပြင်းချလိုက်ကာ စိုးရိမ်ပူပန်မှုနှင့် ပြည့်နေသော မျက်နှာအမူအရာဖြင့်

"ဇာတ်လိုက်နဲ့ ဇာတ်လိုက်မတို့ရဲ့ ဆက်ဆံရေးက အရမ်းနှေးနေရင် စာဖတ်ပရိသတ်တွေ ဒေါသထွက်လာမှာပဲ"

စနစ် က အနည်းငယ် သံသယဝင်နေသည်။

"သူပြောနေတာက ဒီဟာလား၊ ဒါပေမယ့် ဒီအခြေအနေက... သူ အနည်းငယ် ရင်းနှီးနေသလို ဘာကြောင့်ခံစားရတာလဲ"

စနစ်သည် အရမ်းနုံးနေတုန်း ရှချန်းချန်းက ဖယ်ရာရီ ကို စက်နှိုးပြီး ယုလင် ကို ပြန်ဖို့ အဆင်သင့်ဖြစ်နေသည်။

ရုတ်တရက် ပြတင်းပေါက်ကို တံခါးခေါက်သံကြားလိုက်ရသည်။

ရှချန်းချန်း လန့်သွားသည်။ ယဲ့ရှီဝမ်၏ ပရိသတ်တွေက ယဲ့ရှီဝမ် ကို သူ(မ)ထုတ်ဖော်ပြောကြားခဲ့တာကို သိသွားကြပြီလား။သူ(မ)သည် မကောင်းတဲ့အရာတစ်ခုခု လုပ်လိုက်မိပြီး စိတ်မသက်သာဖြစ်နေသည်။

သူ(မ) ချက်ချင်းပဲ ဦးထုပ်နှင့် နှာခေါင်းစည်းတွေကို တပ်လိုက်ပြီး စိုးရိမ်စိတ်နှင့် ခေါင်းလှည့်ကြည့်လိုက်ရာ ဖယ်ရာရီ အပြင်ဘက်မှာ ရပ်နေသူသည် လင်းရှီချန် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

ရှချန်းချန်း က နှစ်စက္ကန့်စောင့်ပြီး ကားထဲမှထွက်လာခဲ့သည်။

"လင်းရှီချန်၊ ကျွန်မကို တစ်ခုခုပြောချင်လို့လား”

လင်းရှီချန် ၏ မျက်နှာက ရှက်ရွံ့မှုနှင့်နီမြန်းနေပြီး milk teaတစ်ခွက်ကို ရှချန်းချန်း၏ လက်ထဲ ထည့်ပေးလိုက်ကာ ရှချန်းချန်း ကို ၉၀ ဒီဂရီ ကိုင်းညွှတ်ပြီး ကျေးဇူးတင်လိုက်သည်။

"မနေ့ကဖြစ်ခဲ့တာတွေအတွက် ကျေးဇူးတင်ပါတယ်”

သူ+မ)က မျက်လုံးတွေနီရဲနေပြီး ပြောလိုက်သည်၊

"ရှင်သာမရှိရင် ကျွန်မ ဘယ်လိုမှ ဟိုတယ်ကနေ မလွတ်နိုင်ဘူး၊ ချန်းမင်ကျယ်ရဲ့လက်ထဲကနေလည်း မလွတ်နိုင်ဘူး"

ရှချန်းချန်း ရုတ်တရက် နားလည်သွားသည်။ သူ(မ) သိသွားပြီ။

သူ(မ)သိသွားတာသည် မနေ့ညက ပလက်တီနမ်ဟိုတယ်၏ မီးသတ်သတိပေးချက်ကို ဖွင့်ပေးခဲ့တာနှင့် ချန်းမင်ကျယ်၏ ရှက်စရာဗီဒီယိုတွေတင်ခဲ့တာဟာ ရှချန်းချန်းပဲဆိုတာကို သိသွားခဲ့သည်။

သူ(မ)သိသွားသည်က ရှချန်းချန်းသည် လိမ်လည်မှုဖော်ထုတ်သူ ဆိုတာပင်။

သို့သော် သူတို့နှစ်ယောက်သည် တစ်ယောက်နဲ့တစ်ယောက် အလိုအလျောက်နားလည်မှုရှိနေပြီး ဒီအကြောင်းကို ဘယ်သူမှ ဖော်မပြောကြပါ။

ရှချန်းချန်းက ပြုံးပြီး လင်းရှီချန်၏ ပခုံးကို ညင်သာစွာ ပုတ်ပေးလိုက်ကာ

"ဘာမှမဖြစ်ပါဘူး၊ ဇာတ်ကားရဲ့အလုပ်တွေက နောက်ပိုင်းမှာ အရမ်းပင်ပန်းမယ်၊ မင်းကြိုးစားရမယ်”

လင်းရှီချန် က ပြင်းပြင်းထန်ထန် ခေါင်းညိတ်လိုက်ပြီး

"ဟုတ်ကဲ့၊ ကျွန်မကြိုးစားပါ့မယ်"

သူ(မ)က ရှချန်းချန်း ကို မျက်လုံး‌ တောက်တောက်များနှင့် ကြည့်နေသည်။

လင်းရှီချန် နဲ့ လမ်းခွဲပြီးနောက် ရှချန်းချန်း က ယုလင်သို့ ကားမောင်းပြန်လာခဲ့သည်။

အန်တီလျူ က အိမ်ရဲ့တံခါးဝမှာရှိနေပြီး ရှချန်းချန်း ၏ ဦးထုပ်နှင့်နှာခေါင်းစည်းကို ရိုသေစွာယူလိုက်ကာ

"သခင်မလေး ပြန်ရောက်ပြီလား၊ မာစတာက ဒီနေ့အိမ်မှာပါ"

ဒီနေ့က တနင်္ဂနွေနေ့၊ ရှဲ့ကျစ်ရှင်း မှာ အလုပ်မရှိ‌ပေ၊ အကြောင်းကြားစာလည်း မရှိ။

"သိပြီ၊ အလှပြင်ဆရာနဲ့ အချိန်ထား‌ပေးပါ ၊ ပြီးတော့ ရာသီအလိုက်အသီးအနှံတွေကို ကျွန်မအခန်းထဲကို ပို့ပေးပါ”

ဒုက္ခအခက်အခဲတွေ ပြီးဆုံးသွားပြီဖြစ်၍ တစ်ချိန်လုံး အမျိုးသမီးလေးတစ်ယောက်၏ဘဝကို ခံစားဖို့ပင်။

"ဟုတ်ကဲ့၊ ချက်ချင်းပို့ပေးပါမယ်"

တစ်ချိန်တည်းမှာပဲ စာကြည့်ခန်းထဲရှိ ရှဲ့ကျစ်ရှင်းသည် လက်ထောက်ကျိုး နှင့် ဗီဒီယိုကောလ်ပြောပြီး "ရှန်းကျွယ်" ၏ အခြေအနေတွေကို အစီရင်ခံနေသည်ကို နားထောင်နေသည်။

"အခုအင်တာနက်ပေါ်မှာ ယဲ့ရှီဝမ်ကို ဝေဖန်တဲ့အသံတွေနဲ့ ပြည့်နေတယ်။ချန်းမင်ကျယ်နဲ့ ယဲ့ရှီဝမ် တို့က ကျွန်တော်တို့ကို အခမဲ့ကြော်ငြာပေးခဲ့တယ်လို့ ပြောလို့ရတယ်။ မားကပ်တင်းအကောင့် တစ်ခုက အများဆုံးမျှော်လင့်ထားတဲ့ ရုပ်ရှင်တွေကို စုစည်းပြီး "ရှန်းကျွယ်" က ပထမနေရာမှာ ရောက်ရှိနေပါတယ်”

"လိမ်လည်မှုဖော်ထုတ်သူက ရော" ရှဲ့ကျစ်ရှင်းက မေးလိုက်သည်။

"ဒီ မားကပ်တင်းအကောင့် ရဲ့ နောက်ကွယ်က ဘယ်သူလဲ”

"ဒါ..."

လက်ထောက်ကျိုးက ခဏရပ်လိုက်ပြီး

"Weibo ကို ဆက်သွယ်ပြီး စုံစမ်းတဲ့အခါ IP က နိုင်ငံခြားတက္ကသိုလ်တစ်ခုကနေ ဖြစ်နေတယ်ဆိုတာ တွေ့ရတယ်၊ ကျောင်းရဲ့ အများသုံး နက်ဝေါ့ ကိုသုံးထားတာကြောင့် တစ်ဦးချင်းစီရဲ့ တည်နေရာကို အတိအကျ မသိနိုင်ဘူး၊ ဒါပေမယ့် ကျွန်တော်ဆက်လက်စုံစမ်းပါ့မယ်”

"ဒီတစ်ခါတော့ ဒီလောက်ပဲ၊ သူ့မှာ ငါတို့ကို မကောင်းတဲ့အကြံမရှိလောက်ဘူး”

ရှဲ့ကျစ်ရှင်းက အနည်းငယ်ပင်ပန်းနေပြီး လက်ပ်တော့ ကို ပိတ်လိုက်သည်။

သူက ထပြီး ခြေထောက်ကို အနည်းငယ်ဆန့်လိုက်တယ်။

ရုတ်တရက် သူ့ခြေထောက်မှာ အမွေးနုနုလေးတစ်ခု ပွတ်တိုက်နေတာကို ခံစားလိုက်ရတယ်။

ရှီးကျင့်ရှင်း က အောက်ကိုကြည့်လိုက်တော့ ကွမ်ကျုံ က သူ့ဘောင်းဘီကို ပွတ်နေတာကို တွေ့လိုက်ရသည်။သူ့၏ မျက်လုံးကြီးတွေမှာ မကျေနပ်မှုတွေနဲ့ ပြည့်နေပြီး

"မြှောင် မြှောင် မြှောင်" လို့ ညည်းနေတယ်။

ကွမ်ကျုံက အသက်တစ်နှစ်သာရှိသေးသည့် ကြောင်လေးတစ်ကောင်ဖြစ်သည်။ ရှချန်းချန်း က အိမ်မွေးတိရစ္ဆာန်ဆိုင်ကို ခွေးဝယ်ဖို့သွားတုန်းက ကွမ်ကျုံ ကိုတွေ့ခဲ့သည်။ကွမ်ကျုံ၏ ပိုင်ရှင်က နိုင်ငံခြားသွားမည့်အတွက် ကွမ်ကျုံးကို အိမ်မွေးတိရစ္ဆာန်ဆိုင်၌ အပ်နှံထားခဲ့သည်။ရှချန်းချန်း၏ နှလုံးသားမှာ နူးညံ့သွားပြီး ကွမ်ကျုံကို ဝယ်ယူခဲ့သည်။

ယခုအချိန်တွင် ဤကြောင်လေးသည် ပေါင် (၇) ပေါင်မှ (၈) ပေါင်အထိ အလေးချိန်ရှိ၍ ရှဲ့ကျစ်ရှင်း ၏ ချည်သားဖိနပ်ပေါ်တွင် ထိုင်နေသည်။ ရှဲ့ကျစ်ရှင်း သည် ကြောင်လေး၏ မကျေမနပ်ဖြင့် ကြည့်ရှုနေသော မျက်လုံးများကို လိုက်ကြည့်ရာတွင် စားပွဲပေါ်ရှိ ကြောင်ကစားစရာကို တွေ့မြင်လိုက်ရသည်။ သူက ထိုအရုပ်ကို ကောက်ယူလိုက်သည်။

မူလက ပျင်းရိပျင်းတွဲဖြစ်နေသော ကြောင်ကလေးသည် ချက်ချင်းပင် စွမ်းအင်ပြည့်လာပြီး သူ၏မျက်လုံးများက အရုပ်ကို မပြတ်စိုက်ကြည့်နေလေသည်။

ရှဲ့ကျစ်ရှင်း က အရုပ်ကို မည်သို့ပင် လှုပ်ရှားစေကာမူ ဤခြေတိုကလေး "ကွမ်ကျုံ" သည် အမြဲတမ်း ပစ်မှတ်ကို အတိအကျ ခုန်ဖမ်းနိုင်ခဲ့သည်။

ရှဲ့ကျစ်ရှင်း သည် မိမိရှေ့တွင် လှုပ်ရှားနေသော အမွေးထူထူကလေးကို ကြည့်ရင်း နှုတ်ခမ်းထောင့်များ မသိစိတ်တွင် ပြုံးလာမိသည်။ သူသည် အရုပ်ကို မြှောက်လိုက်သည်နှင့် ကွမ်ကျုံ လည်း ခုန်ပြီး ရှီးကျင့်ရှင်း ၏ ရင်ခွင်ထဲသို့ ဝင်ရောက်လာခဲ့သည်။

ရှဲ့ကျစ်ရှင်း ၏ မျက်နှာတွင် အောင်မြင်မှုအပြုံးပေါ်နေသည်။ သူသည် နူးညံ့ပျော့ပျောင်းသော အမွေးထူထူလေးတွေကို ဖြေးညင်းစွာ ပွတ်သတ်ပေးရင်း သဘောကျသလို ခံစားလာရသည်။

ကွမ်းကျုံသည်လည်း ဤနို့ဘူးအသစ်ကို ကြိုက်နှစ်သက်သွားသဖြင့် ရှဲ့ကျစ်ရှင်း၏ လက်ထဲတွင် လှဲနေရင်းကြောင်များ နို့စို့ဟန် လုပ်နေသည်။

သို့သော် နို့စို့ဟန်လုပ်ရင်း သူသည် ရင်သားများက အနည်းငယ်မာနေသည်ဟု ခံစားမိလေသည်။

ထိုအချိန်တွင် တံခါးဖွင့်သံနှင့်အတူ ရှချန်းချန်း၏‌ ခေါ်သံ ကြားလိုက်ရသည်။

"ကွမ်းကျုံ"

စာကြည့်ခန်းတံခါးသည် တစ်ဝက်ပွင့်နေပြီး ရှချန်းချန်း သည် ရှဲ့ကျစ်ရှင်းက ဂွမ်ဇုံး ကို ရင်ခွင်ထဲထည့်ကာ ပြုံးရယ်နေပုံကို တွေ့မြင်လိုက်ရသည်။

သူ့ကို နို့စို့ဟန်လုပ်စေနေခြင်းဖြစ်သည်။

ရှချန်းချန်း သည် တိတ်ဆိတ်စွာနေသွားသည်။ရှဲ့ကျစ်ရှင်းလည်း တိတ်ဆိတ်သွားသည်။ကွမ်းကျုံသာလျှင် နို့စို့ဟန်လုပ်နေဆဲဖြစ်သည်။

ချက်ချင်းပင် ရှချန်းချန်း သည် မမြင်ဟန်ပြုကာ တံခါးကို ဖြည်းညင်းစွာပိတ်လိုက်ပြီး အခြားနေရာသို့ လှည့်ကာ အော်ဟစ်လိုက်သည်။

"ကွမ်ကျုံ ၊‌မေမေ့ရဲ့ ကွမ်ကျုံ ကလေးရေ၊ ဘယ်လို လူရဲ့ ရင်ခွင်ထဲမှာရှိနေပါလိမ့်"

ရှဲ့ကျစ်ရှင်း: "..."

သူ(မ)သည် မမြင်သကဲ့သို့လုပ်နေသော်လည်း အပြည့်အဝမဟုတ်ပေ။

အခန်းထဲသို့ ပြန်ရောက်မှသာ ရှချန်းချန်း သည် အော်ဟစ်ခြင်းကို ရပ်လိုက်ပြီး စနစ်ကို စိတ်လှုပ်ရှားစွာမေးလိုက်သည်။

"ရှဲ့ကျစ်ရှင်းရဲ့ ရင်ဘတ်ကို ကွမ်ကျုံ နို့စို့ဟန်လုပ်နေတဲ့ပုံ ရိုက်ထားတယ်မလား"

သူ(မ)၏ အသံထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်နေပြီး ကြက်သွေးရောင်အရည်ထိုးထားသကဲ့သို့ ဖြစ်နေသည်။

"Host, မင်းလည်ပင်းမှာ ဆွဲထားတဲ့ လည်ဆွဲက မှီခိုကင်မရာလေးဖြစ်ပြီး တစ်နေ့လုံး အရာအားလုံးကို မှတ်တမ်းတင်နေတာ၊ မှတ်တမ်းတင်ထားလား မတင်ထားဘူးလားဆိုတာ သတိမထားမိဘူးလား”

"အိုး အိုး၊ စိတ်လှုပ်ရှားသွားလို့၊ ခဏမေ့သွားတယ်"

ရှဲ့ကျစ်ရှင်း နို့စို့ဟန်လုပ်စေခံရသည့်အပြင် ရှုထောင့်လည်း အလွန်ကောင်းနေသည်။ သူသည် ယနေ့ အနီရောင်ပိုးထည်အင်္ကျီကို ဝတ်ဆင်ထားပြီး ကွန်ကျုံကို ရင်ခွင်ထဲထည့်ထားစဉ်က အင်္ကျီကျပ်သွားကာ သူ၏ ကြံ့ခိုင်သော ရင်အုပ်ကြွက်သားများကို ပို၍ထင်ရှားစေသည်။

ပြီးတော့ ကွမ်ကျုံး ၏ ပန်းရောင်ဖျော့ဖျော့ခြေချောင်းလေးများက သူ၏ တင်းကျပ်နေသော ရင်အုပ်ကြွက်သားများပေါ်တွင် နို့စို့ဟန်လုပ်နေခြင်း။

နူးညံ့ပျော့ပျောင်းသော ကြောင်ကလေး။ကြည့်ကောင်းသော ရင်အုပ်ကြွက်သားပြည့်နေသည့် လူ။ ချစ်စရာကောင်းလိုက်တာ!

"စနစ်၊ ငါက ရှဲ့ကျစ်ရှင်း ရဲ့ လျှို့ဝှက်ချက်တွေကို အများဆုံးသိထားတဲ့သူဖြစ်မယ်ထင်တယ်"

ရှချန်းချန်း သည် သူ(မ)၏လက်ချောင်းများကို ရေတွက်ရင်း

"လျှို့ဝှက်လက်ထပ်ထားတာ၊ သူရဲ့ လျှို့ဝှက်အကောင့် ၊ကြောင်ချစ်တတ်တာ၊ ရှဲ့ကျစ်ရှင်းက ရတနာသိုက်လိုလူတစ်ယောက်လား၊ ငါမသိသေးတဲ့ အချက်တွေရှိသေးလား”

စနစ်က အေးဆေးစွာပြောသည်။

"အဲလောက်များများသိထားတော့ သူက မင်းကို သတ်ပြစ်မှာ မကြောက်ဘူးလား"

ရှချန်းချန်း သည် လန့်သွားမိသည်။ထိုလူဟာ ဗီလိန်တစ်ယောက်ဖြစ်သည်။ ဖြစ်နိုင်ချေရှိတယ်... မဖြစ်နိုင်ဘူးလို့ မဆိုနိုင်ဘူး။

ရုတ်တရက် ဖုန်းအသံကြားလိုက်ရသည်။

ရှချန်းချန်းသည် စိတ်ရှုပ်ထွေးစွာဖြင့် ဖုန်းဖွင့်ကြည့်ရာ ကျူက ကြောင်ချစ်သူများအုပ်စုတွင် ဝေဘို ပိုစ့် တစ်ခုတင်ထားသည်ကို တွေ့ရသည်။

ကျူ: [မနေ့က ကြောင်ကို ငါနမ်းနေတာ ငါ့ မိန်းမက မြင်သွားတယ်၊ ငါ့ကို ဖောက်ပြန်နေတဲ့ စားမျိုးလို့ ထင်သွားမှာများ စိုးရိမ်တယ် TAT]

အောက်တွင် ကြောင်ချစ်သူများ၏ မှတ်ချက်များ ရှိသည်။

[ဒါပုံမှန်ပဲမလား၊ ဘာလို့ ဖောက်ပြန်တဲ့လူစားမျိုးလို့ ထင်ရတာလဲ၊ ငါတို့လည်း မိန်းမရှေ့မှာ ကြောင်ကို အမြဲနမ်းတယ်]

[မင်းမိန်းမက သူ့ကိုမချစ်ဘဲ ကြောင်ကိုပဲချစ်နေလို့ စိတ်ဆိုးနေတာဖြစ်မယ်]

[ဟားဟား၊ OP နဲ့ သူ့မိန်းမက အရမ်းချစ်စရာကောင်းတယ်လို့ ငါထင်တယ်၊ ငါအရမ်းကြိုက်သွားပြီ!]

[စိတ်မပူနဲ့၊ မင်းမိန်းမက မင်းနဲ့အတူ ကြောင်ချစ်တဲ့အဖွဲ့ဝင်ဖြစ်ဖို့ လက်လွတ်ဆုံးရှုံးမှုကိုပဲ နောင်တရနေမှာ!]

အဖြေရှာတွေ့ပြီ။

ရှချန်းချန်း သည် စိတ်သက်သာရာရသည့်အလျှောက် ဖုန်းကိုချလိုက်သည်။

သူ(မ)၏ခင်ပွန်းသည် ဗီလိန်နှင့်တူသော်လည်း တကယ်တော့ ကြောင်ကိုချစ်ပြီး အွန်လိုင်းတွင် မေးခွန်းများမေးတတ်သော ကလေးဆန်သည့်လူတစ်ယောက်သာဖြစ်သည်။

ဘာမှ စိုးရိမ်စရာမလိုပါ။

All Chapters